✿︎ 6 ✿︎

83 8 0
                                    

Part-6
~~~~~~

အတန်းထဲရောက်သော်ဖူးဖူးမရောက်သေးပေ။ရောက်နေသောလူတစ်ချို့ကလည်းမိမိကိုကြည့်ပြီးအံ့သြသလိုရုပ်တွေဖြစ်နေလေရဲ့။သူတို့ကိုကြည့်ပြီး...

"ငါ့မျက်နှာမှာဘာပေနေလို့တုန်း"

"မပေပါဘူး နင်ဒီနေ့စောနေလို့ထူးဆန်းနေလို့ ကြည့်တာပါဟ"

အရှေ့တန်းကသူငယ်ချင်းတစ်ယောက်ပြောသည်ကိုကျန်သည့်သူများကထောက်ခံသည့်နှယ် ခေါင်းညိတ်နေလေရဲ့။

ပန်ပန်မျက်နှာဆူပုတ်ပုတ်နှင့်

" နောက်နေ့တွေလည်း စောလာမှာ အံ့သြမနေကြနဲ့"

ပြောပြီး ကိုယ့်နေရာကိုယ်ထိုင်ပြီး စောနကအဖြစ်အပျက်ကို ပြန်တွေးနေလေသည်။

<<<<<

" ကိုယ်ခေါ်နေတာကိုဘာလို့ဆက်သွားနေတာတုန်း ခလေးရဲ့"

"ရှင်.. ပန်ပန့်ကိုခေါ်တာလား"

" ဟုတ်ပါ့ဗျာ... ဒီနားမှာ ခလေးဘဲရှိတာကို ခလေးကိုမခေါ်ဘဲ ဘယ်သူ့ကိုခေါ်ရမှာတုန်း ခလေးရဲ့ "

ခလေးချင်းထပ်အောင်ပြောနေသောအကိုကိုကြည့်ပြီး.....

" ခလေးမဟုတ်တော့ပါဘူးနော် ပန်ပန်၇တန်းတက်နေပြီ ဟွန့် "

" ဟား ဟား ဟုတ်ပါပြီဗျာ.."

"ဒါနဲ့ဘာကိစ္စရှိလို့လဲဟင်.."

"မရှိပါဘူး မနေ့က အော်မိလို့တောင်းပန်ချင်တာရယ် ခလေးနဲ့ခင်ချင်တာရယ်..ပြီးတော့ ကိုယ့်နာမည်ဇိုင်းကောင်းကင်မာန် သူများတွေက skyလို့ခေါ်တယ် ခလေးက ကိုကိုလို့ခေါ်ပေါ့....ခလေးနာမည်ကရော.."

ပန်ပန်မျက်စောင်းထိုးလိုက်ပြီး

"တောင်းပန်တာကမလိုပါဘူးနော် ပန်ပန်လည်းမှားတာဘဲလေ... ပန်ပန့်နာမည်ကရှင်ကောင်းပန်း သူငယ်ချင်းတေနဲ့ ပါပါးမားမားတို့အကုန် ပန်ပန်လို့ခေါ်ကြတယ် ဒီကအကိုလည်း ပန်ပန်လို့ခေါ်လို့ရတယ်"

"ခလေးလို့ဘဲခေါ်မယ်ကွာ ၇တန်းသာရောက်တယ် ခလေးလိုချစ်ဖို့ကောင်းတယ်"

"ဟီးဟီးးကျေးဇူးပါရှင့် "

"ရှေ့က နှစ်ယောက် ဝင်မှာဖြင့်လည်းဝင် မဝင်ရင်ဖယ်လေ လမ်းမှာပိတ်မနေနဲ့..."

Unlimited LoveWhere stories live. Discover now