ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.4K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-243

508 73 0
By Miracle_Phyu97

Unicode

အခန်း (၂၄၃) - တစ်စုံတစ်ယောက်က ဖန့်ကျွင်းရုံရဲ့ အလှအပဆေးလုံးတွေကို ရောင်းချနေတာလား (၃)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ခုနစ်ရက်မြောက်နေ့မှာတော့ သူမ ဆိုင်သို့ ပြန်လာကြည့်ခဲ့သည်။ ဒီတစ်ခါမှာတော့ သူမကိုယ်သူမ ဦးထုပ်၊ နေကာမျက်မှန်တို့ဖြင့် ဖုံးကွယ်ထားဖို့ သတိရမိသည်။ သူမ ဒီအကြောင်းကို နည်းနည်းလောက် စဥ်းစားမိပြီး ပဝါတစ်ထည်လောက် ထပ်ထည့်လိုက်သည်။ သူမကိုယ်သူမ မှန်ထဲ ပြန်ကြည့်လိုက်သည်။ အရမ်းကောင်းတယ်၊ ဒီလိုမျိုးဆို သူမကို ဘယ်သူမှ မှတ်မိတော့မှာ မဟုတ်ဘူး။

ဖန့်ကျွင်းရုံ ဆိုင်သို့ တဖန် ပြန်သွားသောအခါတွင် လူအုပ်ကြီးဟာ အရင်ကထက် ပိုမိုများပြားလာသည်ကို တွေ့ရှိခဲ့ရသည်။ သူမ အနည်းငယ် စဥ်းစားကြည့်ပြီးနောက် ဒီအကြောင်းရင်းကို သူမ နားလည်သွားသည်။ တကယ်တော့ အလှအပဆေးလုံးတွေဟာ စျေးကွက် အခြားအလှကုန်တွေနဲ့ မတူပါဘူး။ အခြားအလှကုန်တွေက အကျိုးအာနိသင်ကို မြင်ရန် တစ်လခန့် အနည်းဆုံး ကြာမြင့်သော်လည်း အလှအပဆေးလုံးတွေကတော့ ရက်အနည်းငယ်အတွင်း အသားအရေ ပြောင်းလဲမှုများကို သိသိသာသာ မြင်တွေ့နိုင်သည်။ ဒီခုနစ်ရက်အတွင်းမှာပင် ဒီရလဒ်က စျေးဝယ်သူတွေကို အံ့အားသင့်စေဖို့ လုံလောက်နေခဲ့ပြီ။
ဖန့်ကျွင်းရုံဟာ လူတန်းရှည်ကြီးကို တိတ်တဆိတ် ကြည့်နေခဲ့သည့် အချိန်တွင် သူမဘေးနားက တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သံကို ကြားလိုက်ရသည်။
"ကောင်မလေး၊ ဒီကို မြန်မြန်လာတန်းစီလှည့်။ အခု တန်းစီမနေဘူးဆိုရင် ဒီနေ့ နင့်အတွက် ဘာပစ္စည်းမှ ရနိုင်တော့မှာ မဟုတ်ဘူး။" လူတန်းရှည်အဆုံးမှ ဆံပင်အညိုရောင်ရှိသည့် မိန်းကလေးက သူမကို ပြောလိုက်သည်။ သူမမျက်နှာပေါ်ရှိ အစက်အပြောက်တွေက သူမကို ရယ်ရွှင်မြူးစရာ အသွင်ကို ဖော်ဆောင်နေခဲ့သည်။

"ဟုတ်တယ်၊ နင်လည်း ဒီကို သူတို့ရဲ့ ထုတ်ကုန်တွေ ဝယ်ဖို့ ရောက်လာတာမလား။ ဒါမှမဟုတ် နင် စျေးနှုန်းနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမလို့လား။ ဒီအလှအပဆေးလုံးတွေက အခုအချိန်အထိ ငါ သုံးစွဲဖူးသမျှ ထုတ်ကုန်တွေအထဲမှာ အကောင်းဆုံး အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်တစ်ခုပဲ။ ငါ ဒါကို သုံးစွဲခဲ့တာ ရက်အနည်းငယ်သာ ကြာမြင့်သေးပေမယ့် အကျိုးရလဒ်ကတော့ အံ့အားသင့်စရာပါပဲ။"
"ကြည့်ပါလား။ ဒါက ငါ့ရဲ့ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ဓာတ်ပုံပဲ။" ဒီမိန်းကလေးက လူတိုင်းကို နွေးထွေးသွားစေနိုင်သည့် မိန်းကလေးပင်။ ဓာတ်ပုံထဲက သူမရဲ့ ရုပ်ပုံတွင် ပါးပြင်ပေါ်မှာ ဝက်ခြံ အများကြီး ပေါက်နေပြီး အများစုကတော့ ပျောက်ကင်းလုနီးပါး ဖြစ်နေခဲ့သည်။ ယခု မြင်တွေ့နေရသည့် သူမရဲ့ အပြုံးတွေဟာ ဓာတ်ပုံထဲက အပြုံးတွေထက် အများကြီး ယုံကြည်မှု ရှိနေခဲ့သည်။

"အရင်က ငါလည်း နင်နဲ့ အရမ်းတူတယ်၊ ပဝါတို့ မျက်နှာကာတို့ မပါပဲ အပြင်မသွားရဲဘူး။ အခု ငါ နင့်ကို မြင်နေရတာ အတိတ်တုန်းက ငါ့ပုံရိပ်ကို မြင်တွေ့နေရသလိုပဲ။"
"ဒါကို နင် တကယ် စမ်းသုံးကြည့်သင့်တယ်။ ငါ နောက်ပြောင်ပြောဆိုနေတာ မဟုတ်ဘူး။ တစ်ဗူးလောက် သုံးစွဲပြီးတာနဲ့တင် အကျိုးသက်ရောက်မှုကို နင် မြင်တွေ့နိုင်တယ်။ ကံဆိုးတာက တစ်ကြိမ်မှာ တစ်ဗူးပဲ ဝယ်လို့ရတယ်။ တစ်ပတ်လောက် အချိန်ယူပြီး ငါ ဒီမှာ လာတန်းစီနေတာပဲ။"

ဒီမိန်းကလေးသည် အလွန်အကျူး ချီးကျုးသည့်စကားများကို အဆက်မပြတ် ပြောပြနေခဲ့သည်။ ဒါက အရမ်းစိတ်အားထက်သန်တာပဲ၊ ကောင်းပြီလေ။

ဖန့်ကျွင်းရုံသည် သူမကို အလွန် စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ တစ်နေ့မှာ သူမကို အလှအပဆေးလုံး ဝယ်ယူရန်အတွက် တစ်စုံတစ်ယောက်က ဆွဲခေါ်သွားမည့်နေ့ရက် ရောက်လာလိမ့်မည်ဟု မည်သူ ထင်ပါလိမ့်မည်နည်း။

သို့သော်လည်း သူမသည် ဒီိစတ်အားထက်သန်နေသည့် မိန်းကလေးကို အလွန်သဘောကျမိသည်။ သူမလေးက နေ့တိုင်း ခက်ခက်ခဲခဲ တန်းစီစောင့်ဆိုင်းပြီး အလုပ်ကနေတောင် ခွင့်ယူပြီး လာရောက်ဝယ်ယူသည့် ဒီထုတ်ကုန်အပေါ် သစ္စာရှိသည့် အမာခံ ပရိတ်သတ်လေး ဖြစ်သည်။

ဖန့်ကျွင်းရုံက နည်းနည်းလောက် စဥ်းစားကြည့်ပြီး သူမရဲ့လက်ထောက် ယွီဟွေ့ကျန်းကို လက်ဟန်ပြပြီး အလှအပဆေးလုံး တစ်ဗူးကို သွားပြန်ယူခိုင်းလိုက်သည်။ သူမသည် စတိုးဆိုင်မှ တင်ထားသော ဗူးများကို သွားယူလိုက်လျှင် တန်းစီစောင့်ဆိုင်းနေသူများအတွက် တစ်ဗူး လျှော့နည်းသွားလိမ့်မည်ဟု ဆိုလိုလေသည်။ တန်းစီစောင့်ဆိုင်းနေသည့် လူတိုင်းက သူမတို့ထုတ်ကုန်ရဲ့ စျေးဝယ်သူများ ဖြစ်ကြပြီး သူမသည် သူတို့အား ထိုသို့ မလုပ်နိုင်ပါ။ သူမမှာ လက်ဆောင်ပေးဖို့ ယူလာခဲ့သည့် ဗူးရေးအချို့ ပါလာခဲ့သည်။ တစ်ဗူးလောက် လျော့နည်းသွားတာက ပြဿနာ မဟုတ်ပါဘူး။

သူမရဲ့ လက်ထောက်က မိနစ် ၂၀ခန့်အကြာတွင် အလှအပဆေးဗူး တစ်ဗူးဖြင့် ပြန်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကောင်မလေးက သူမရဲ့ အလှအပဆေးဗူးကို ဝယ်ယူရရှိခဲ့ပြီးဖြစ်ကာ သူမလက်ထဲတွင် ကြော့ရှင်းသောအိတ်လေးကို ကိုင်ဆောင်ထားပြီး ပျော်ရွှင်နေပုံရသည်။

ဖန့်ကျွင်းရုံက သူမပုခုံးကို အသာပုတ်လိုက်သည်။ ထိုမိန်းကလေး နောက်သို့ ပြန်လှည့်ပြီး မေးလိုက်သည်၊ "နင် အခုထိ မဝယ်ရသေးဘူးလား။"

ဖန့်ကျွင်းရုံက သူမရဲ့ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သစ်တောအတွင်းမှာ ဖြတ်တိုက်သွားတဲ့ လေညှင်းလေးကဲ့သို့ နွေးထွေးသောအသံဖြင့် "ငါတို့ကုမ္ပဏီကို ပံ့ပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ၊ ဒီအလှအပဆေးဗူးက မင်းအတွက် လက်ဆောင်ပါ။" ဟု ပြောကာ သူမလက်ထဲသို့ အလှအပဆေးဗူးကို ထည့်ပေးလိုက်သည်။

ထို့နောက် ဖန့်ကျွင်းရုံသည် သူမရဲ့ နေကာမျက်မှန်ကို ပြန်တပ်ကာ နောက်သို့ လှည့်ထွက်သွားသည်။

ကောင်မလေးသည် သူမရဲ့ သွယ်လျလျ နောက်ကျောကို ကြည့်နေပြီး သူမရဲ့ အတွေးဝယ် ညကောင်းကင်နှင့် တူတဲ့ မျက်ဝန်းနက်လေးတွေရယ် ပြီးပြည့်စုံတဲ့ မျက်ခုံးလေးတွေကို ပြန်ပုံဖော်ကြည့်ရင်း သူမ စိတ်ဝယ် ထာဝရ စွဲထင်ကျန်ရစ်ခဲ့သည်။

အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်တစ်ခု သူမနှလုံးသားကို ဖမ်းဆုပ်ထားသည်။

နှေးကွေးစွာဖြင့်၊ သူမဖုန်းကို ဖွင့်ကြည့်လိုက်သောအခါဝယ် ဖန့်ကျွင်းရုံနှင့် မာတီရာတို့၏ ဗီဒီယိုဖိုင်ကို ကြည့်လိုက်မိသည်။ သေချာတယ်၊ ဒီမျက်ဝန်း ဒီမျက်လုံးတွေက ဗီဒီယိုထဲက အတိုင်း မဟုတ်ပါလား။ မဟုတ်ဘူး၊ ဗီဒီယိုထဲကထက်တောင် ပိုကြည့်ကောင်းနေပါသေးသည်။ အထူးသဖြင့် သူမရဲ့ အသားအရေက အလွန်ဖြူစင်ပြီး ချောမွေ့လွန်းနေတာကြောင့် အစစ်အမှန်လို့တောင် မထင်ရဘူး။
"အိုး..."

သူမသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပဲ အသံထွက် အော်လိုက်မိသည်။ သူမ ပါးစပ်ကို လက်ဖြင့် အုပ်ထားပြီး မယုံကြည်နိုင်သော အကြည့်ဖြင့် ဖန့်ကျွင်းရုံ ထွက်သွားရာနောက်သို့ ကြည့်နေခဲ့သည်။

**********************************

Zawgyi

အခန္း (၂၄၃) - တစ္စုံတစ္ေယာက္က ဖန္႔ကြၽင္း႐ုံရဲ႕ အလွအပေဆးလုံးေတြကို ေရာင္းခ်ေနတာလား (၃)
စာေရးသူ - Zhái Miāo (宅喵)
ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

ခုနစ္ရက္ေျမာက္ေန႔မွာေတာ့ သူမ ဆိုင္သို႔ ျပန္လာၾကည့္ခဲ့သည္။ ဒီတစ္ခါမွာေတာ့ သူမကိုယ္သူမ ဦးထုပ္၊ ေနကာမ်က္မွန္တို႔ျဖင့္ ဖုံးကြယ္ထားဖို႔ သတိရမိသည္။ သူမ ဒီအေၾကာင္းကို နည္းနည္းေလာက္ စဥ္းစားမိၿပီး ပဝါတစ္ထည္ေလာက္ ထပ္ထည့္လိုက္သည္။ သူမကိုယ္သူမ မွန္ထဲ ျပန္ၾကည့္လိုက္သည္။ အရမ္းေကာင္းတယ္၊ ဒီလိုမ်ိဳးဆို သူမကို ဘယ္သူမွ မွတ္မိေတာ့မွာ မဟုတ္ဘူး။
ဖန္႔ကြၽင္း႐ုံ ဆိုင္သို႔ တဖန္ ျပန္သြားေသာအခါတြင္ လူအုပ္ႀကီးဟာ အရင္ကထက္ ပိုမိုမ်ားျပားလာသည္ကို ေတြ႕႐ွိခဲ့ရသည္။ သူမ အနည္းငယ္ စဥ္းစားၾကည့္ၿပီးေနာက္ ဒီအေၾကာင္းရင္းကို သူမ နားလည္သြားသည္။ တကယ္ေတာ့ အလွအပေဆးလုံးေတြဟာ ေစ်းကြက္ အျခားအလွကုန္ေတြနဲ႔ မတူပါဘူး။ အျခားအလွကုန္ေတြက အက်ိဳးအာနိသင္ကို ျမင္ရန္ တစ္လခန္႔ အနည္းဆုံး ၾကာျမင့္ေသာ္လည္း အလွအပေဆးလုံးေတြကေတာ့ ရက္အနည္းငယ္အတြင္း အသားအေရ ေျပာင္းလဲမႈမ်ားကို သိသိသာသာ ျမင္ေတြ႕ႏိုင္သည္။ ဒီခုနစ္ရက္အတြင္းမွာပင္ ဒီရလဒ္က ေစ်းဝယ္သူေတြကို အံ့အားသင့္ေစဖို႔ လုံေလာက္ေနခဲ့ၿပီ။

ဖန္႔ကြၽင္း႐ုံဟာ လူတန္း႐ွည္ႀကီးကို တိတ္တဆိတ္ ၾကည့္ေနခဲ့သည့္ အခ်ိန္တြင္ သူမေဘးနားက တစ္စုံတစ္ေယာက္က တီးတိုးေျပာလိုက္သံကို ၾကားလိုက္ရသည္။

"ေကာင္မေလး၊ ဒီကို ျမန္ျမန္လာတန္းစီလွည့္။ အခု တန္းစီမေနဘူးဆိုရင္ ဒီေန႔ နင့္အတြက္ ဘာပစၥည္းမွ ရႏိုင္ေတာ့မွာ မဟုတ္ဘူး။" လူတန္း႐ွည္အဆုံးမွ ဆံပင္အညိဳေရာင္႐ွိသည့္ မိန္းကေလးက သူမကို ေျပာလိုက္သည္။ သူမမ်က္ႏွာေပၚ႐ွိ အစက္အေျပာက္ေတြက သူမကို ရယ္႐ႊင္ျမဴးစရာ အသြင္ကို ေဖာ္ေဆာင္ေနခဲ့သည္။

ဖန္႔ကြၽင္း႐ုံက ခဏေလာက္ ရပ္သြားၿပီး သူမဆီသို႔ လမ္းေလွ်ာက္သြားခဲ့သည္။ သူမက စိတ္ဝင္တစား ေမးျမန္းမိသည္၊ "မင္း ငါ့ကို ေျပာေနတာလား။"

"ဟုတ္တယ္၊ နင္လည္း ဒီကို သူတို႔ရဲ႕ ထုတ္ကုန္ေတြ ဝယ္ဖို႔ ေရာက္လာတာမလား။ ဒါမွမဟုတ္ နင္ ေစ်းႏႈန္းနဲ႔ ပတ္သက္ၿပီး ေဝဖန္ေဆြးေႏြးမလို႔လား။ ဒီအလွအပေဆးလုံးေတြက အခုအခ်ိန္အထိ ငါ သုံးစြဲဖူးသမွ် ထုတ္ကုန္ေတြအထဲမွာ အေကာင္းဆုံး အသားအေရ ထိန္းသိမ္းမႈ ထုတ္ကုန္တစ္ခုပဲ။ ငါ ဒါကို သုံးစြဲခဲ့တာ ရက္အနည္းငယ္သာ ၾကာျမင့္ေသးေပမယ့္ အက်ိဳးရလဒ္ကေတာ့ အံ့အားသင့္စရာပါပဲ။"

"ၾကည့္ပါလား။ ဒါက ငါ့ရဲ႕ လြန္ခဲ့တဲ့ တစ္ပတ္တုန္းက ဓာတ္ပုံပဲ။" ဒီမိန္းကေလးက လူတိုင္းကို ေႏြးေထြးသြားေစႏိုင္သည့္ မိန္းကေလးပင္။ ဓာတ္ပုံထဲက သူမရဲ႕ ႐ုပ္ပုံတြင္ ပါးျပင္ေပၚမွာ ဝက္ျခံ အမ်ားႀကီး ေပါက္ေနၿပီး အမ်ားစုကေတာ့ ေပ်ာက္ကင္းလုနီးပါး ျဖစ္ေနခဲ့သည္။ ယခု ျမင္ေတြ႕ေနရသည့္ သူမရဲ႕ အျပဳံးေတြဟာ ဓာတ္ပုံထဲက အျပဳံးေတြထက္ အမ်ားႀကီး ယုံၾကည္မႈ ႐ွိေနခဲ့သည္။
"အရင္က ငါလည္း နင္နဲ႔ အရမ္းတူတယ္၊ ပဝါတို႔ မ်က္ႏွာကာတို႔ မပါပဲ အျပင္မသြားရဲဘူး။ အခု ငါ နင့္ကို ျမင္ေနရတာ အတိတ္တုန္းက ငါ့ပုံရိပ္ကို ျမင္ေတြ႕ေနရသလိုပဲ။"

"ဒါကို နင္ တကယ္ စမ္းသုံးၾကည့္သင့္တယ္။ ငါ ေနာက္ေျပာင္ေျပာဆိုေနတာ မဟုတ္ဘူး။ တစ္ဗူးေလာက္ သုံးစြဲၿပီးတာနဲ႔တင္ အက်ိဳးသက္ေရာက္မႈကို နင္ ျမင္ေတြ႕ႏိုင္တယ္။ ကံဆိုးတာက တစ္ႀကိမ္မွာ တစ္ဗူးပဲ ဝယ္လို႔ရတယ္။ တစ္ပတ္ေလာက္ အခ်ိန္ယူၿပီး ငါ ဒီမွာ လာတန္းစီေနတာပဲ။"

ဖန္႔ကြၽင္း႐ုံသည္ သူမကို အလြန္ စိတ္႐ႈပ္ေထြးေသာ အၾကည့္ျဖင့္ ၾကည့္ေနခဲ့သည္။ တစ္ေန႔မွာ သူမကို အလွအပေဆးလုံး ဝယ္ယူရန္အတြက္ တစ္စုံတစ္ေယာက္က ဆြဲေခၚသြားမည့္ေန႔ရက္ ေရာက္လာလိမ့္မည္ဟု မည္သူ ထင္ပါလိမ့္မည္နည္း။

သို႔ေသာ္လည္း သူမသည္ ဒီိစတ္အားထက္သန္ေနသည့္ မိန္းကေလးကို အလြန္သေဘာက်မိသည္။ သူမေလးက ေန႔တိုင္း ခက္ခက္ခဲခဲ တန္းစီေစာင့္ဆိုင္းၿပီး အလုပ္ကေနေတာင္ ခြင့္ယူၿပီး လာေရာက္ဝယ္ယူသည့္ ဒီထုတ္ကုန္အေပၚ သစၥာ႐ွိသည့္ အမာခံ ပရိတ္သတ္ေလး ျဖစ္သည္။

ဖန္႔ကြၽင္း႐ုံက နည္းနည္းေလာက္ စဥ္းစားၾကည့္ၿပီး သူမရဲ႕လက္ေထာက္ ယြီေဟြ႕က်န္းကို လက္ဟန္ျပၿပီး အလွအပေဆးလုံး တစ္ဗူးကို သြားျပန္ယူခိုင္းလိုက္သည္။ သူမသည္ စတိုးဆိုင္မွ တင္ထားေသာ ဗူးမ်ားကို သြားယူလိုက္လွ်င္ တန္းစီေစာင့္ဆိုင္းေနသူမ်ားအတြက္ တစ္ဗူး ေလွ်ာ့နည္းသြားလိမ့္မည္ဟု ဆိုလိုေလသည္။ တန္းစီေစာင့္ဆိုင္းေနသည့္ လူတိုင္းက သူမတို႔ထုတ္ကုန္ရဲ႕ ေစ်းဝယ္သူမ်ား ျဖစ္ၾကၿပီး သူမသည္ သူတို႔အား ထိုသို႔ မလုပ္ႏိုင္ပါ။ သူမမွာ လက္ေဆာင္ေပးဖို႔ ယူလာခဲ့သည့္ ဗူးေရးအခ်ိဳ႕ ပါလာခဲ့သည္။ တစ္ဗူးေလာက္ ေလ်ာ့နည္းသြားတာက ျပႆနာ မဟုတ္ပါဘူး။

သူမရဲ႕ လက္ေထာက္က မိနစ္ ၂၀ခန္႔အၾကာတြင္ အလွအပေဆးဗူး တစ္ဗူးျဖင့္ ျပန္ေရာက္လာခဲ့သည္။ ထိုအခ်ိန္တြင္ ေကာင္မေလးက သူမရဲ႕ အလွအပေဆးဗူးကို ဝယ္ယူရ႐ွိခဲ့ၿပီးျဖစ္ကာ သူမလက္ထဲတြင္ ေၾကာ့႐ွင္းေသာအိတ္ေလးကို ကိုင္ေဆာင္ထားၿပီး ေပ်ာ္႐ႊင္ေနပုံရသည္။

ဖန္႔ကြၽင္း႐ုံက သူမပုခုံးကို အသာပုတ္လိုက္သည္။ ထိုမိန္းကေလး ေနာက္သို႔ ျပန္လွည့္ၿပီး ေမးလိုက္သည္၊ "နင္ အခုထိ မဝယ္ရေသးဘူးလား။"

ဖန္႔ကြၽင္း႐ုံက သူမရဲ႕ ေနကာမ်က္မွန္ကို ခြၽတ္လိုက္ၿပီး သစ္ေတာအတြင္းမွာ ျဖတ္တိုက္သြားတဲ့ ေလညႇင္းေလးကဲ့သို႔ ေႏြးေထြးေသာအသံျဖင့္ "ငါတို႔ကုမၸဏီကို ပံ့ပို႔ေပးတဲ့အတြက္ ေက်းဇူးပါပဲ၊ ဒီအလွအပေဆးဗူးက မင္းအတြက္ လက္ေဆာင္ပါ။" ဟု ေျပာကာ သူမလက္ထဲသို႔ အလွအပေဆးဗူးကို ထည့္ေပးလိုက္သည္။

ထို႔ေနာက္ ဖန္႔ကြၽင္း႐ုံသည္ သူမရဲ႕ ေနကာမ်က္မွန္ကို ျပန္တပ္ကာ ေနာက္သို႔ လွည့္ထြက္သြားသည္။

ေကာင္မေလးသည္ သူမရဲ႕ သြယ္လ်လ် ေနာက္ေက်ာကို ၾကည့္ေနၿပီး သူမရဲ႕ အေတြးဝယ္ ညေကာင္းကင္ႏွင့္ တူတဲ့ မ်က္ဝန္းနက္ေလးေတြရယ္ ၿပီးျပည့္စုံတဲ့ မ်က္ခုံးေလးေတြကို ျပန္ပုံေဖာ္ၾကည့္ရင္း သူမ စိတ္ဝယ္ ထာဝရ စြဲထင္က်န္ရစ္ခဲ့သည္။

အလြန္တရာ ရင္းႏွီးကြၽမ္းဝင္ေနေသာ ခံစားခ်က္တစ္ခု သူမႏွလုံးသားကို ဖမ္းဆုပ္ထားသည္။

ေႏွးေကြးစြာျဖင့္၊ သူမဖုန္းကို ဖြင့္ၾကည့္လိုက္ေသာအခါဝယ္ ဖန္႔ကြၽင္း႐ုံႏွင့္ မာတီရာတို႔၏ ဗီဒီယိုဖိုင္ကို ၾကည့္လိုက္မိသည္။ ေသခ်ာတယ္၊ ဒီမ်က္ဝန္း ဒီမ်က္လုံးေတြက ဗီဒီယိုထဲက အတိုင္း မဟုတ္ပါလား။ မဟုတ္ဘူး၊ ဗီဒီယိုထဲကထက္ေတာင္ ပိုၾကည့္ေကာင္းေနပါေသးသည္။ အထူးသျဖင့္ သူမရဲ႕ အသားအေရက အလြန္ျဖဴစင္ၿပီး ေခ်ာေမြ႕လြန္းေနတာေၾကာင့္ အစစ္အမွန္လို႔ေတာင္ မထင္ရဘူး။
"အိုး..."

သူမသည္ စိတ္လႈပ္႐ွားမႈကို မထိန္းႏိုင္ပဲ အသံထြက္ ေအာ္လိုက္မိသည္။ သူမ ပါးစပ္ကို လက္ျဖင့္ အုပ္ထားၿပီး မယုံၾကည္ႏိုင္ေသာ အၾကည့္ျဖင့္ ဖန္႔ကြၽင္း႐ုံ ထြက္သြားရာေနာက္သို႔ ၾကည့္ေနခဲ့သည္။

Continue Reading

You'll Also Like

26.1K 2.1K 15
ပိုင်ဖုမေ့ဆိုသည်မှာ ပိုင် (ဖြူစင်သော) ဖု (ချမ်းသာသော) မေ့ (လှပသော) ဆိုပြီး အဓိပ္ပါယ်ရပါတယ်ရှင့်။ ပြောရရင် ဖြူစင်သည့် မိချမ်းသာ မိန်းမလှလေး ဟု အဓိပ္ပါ...
78.4K 9.3K 121
Name - Jiǎn méi shā shǒu zuò nóng fū English Name - Assassin Farmer Author - Xi Zhen Genre - Fantasy, Martial Arts, Romance, Slice of Life Chapters...
14.7K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
77.7K 7.4K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...