အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

Galing kay Autumn260103

133K 28.6K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... Higit pa

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 22- Cover your ears

1.4K 290 47
Galing kay Autumn260103

Unicode

ကျိမင်ရွေ့ထံမှ စာဝင်လာသည်။
" ဘယ်လိုလဲ"

ချီချင်း : " ဘာက ဘယ်လိုရမှာလဲ"

" မင်းရဲ့အိမ်လေ.. ‌ဒီနေ့ပြောင်းတယ်ဆို အဆင်ပြေလားလို့"

" ကျန်းယွီရဲ့ အိုင်ဒေါက သူ့မှာ အိမ်အလွတ်တစ်လုံးရှိတယ်.. အဲ့ဒါ ဘယ်သူမှမငှားကြလို့ စိုးရိမ်နေတာတဲ့... ငါလဲ တိုက်တိုက်ဆိုင်ဆိုင် အဲ့အကြောင်းကြားထားလို့ မင်းတို့နှစ်ယောက် အဆင်ပြေတယ်မလား.. မင်းလဲ ငှားစရာအိမ်ရတယ် သူလဲ အိမ်ငှားလို့ရတယ်"

ကျိမင်ရွေ့နှင့် အဆက်အသွယ်ဖြတ်ပစ်ချင်သည့် အကြိမ်ပေါင်းများစွာရှိသော်လဲ ဒီလောက်ထိ သူ စိတ်မတိုဖူးခဲ့။

ထို့ကြောင့် လက်အိတ်တစ်ဖက်ချွတ်ကာ စာပြန်ရိုက်သည်။
" မင်းနဲ့ငါ သိလာတာ နှစ်တွေကြာပြီနော်"

ကျိမင်ရွေ့ : " အင်းလေ ကြာပြီပေါ့.. အထက်တန်းကျောင်းထဲကဆိုတော့"

ခဏအကြာတွင် ဖြူဆွတ်နေသော လက်ချောင်းများက စာတစ်စောင်ကို ရိုက်နေသည်။
" အဲ့ဒါဆို ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ဒီမှာရပ်လိုက်လဲ ရတာပဲ"

ကျိမင်ရွေ့ : "??"

တစ်ချိန်ထဲတွင် ရှဲ့လင်က တံခါးကိုမှီ၍ သူ့ကိုစိုက်ကြည့်နေ၏။
" အကူအညီလိုသေးလား.. ကိုယ် မနက်စာပိုလုပ်ထားတယ်... အထဲဝင်ပြီး ခဏထိုင်ဦးမလား"

ချီချင်းက ဖုန်းကိုဘေးချလိုက်သည်။
" ဒီအခန်းမှာ ခင်ဗျားနေတယ်ဆိုတာ ဘာလို့မပြောတာလဲ"

မေးခွန်းကို ကြိုသိနေသော ရှဲ့လင်က အရှက်လုံးဝမရှိပဲ ပြန်‌ဖြေသည်။
" ကိုယ်ပြောလိုက်ရင် မင်း ငှားဦးမှာမို့လို့လား"

ချီချင်း : " မငှားဘူး"

ရှဲ့လင် : " အဲ့ဒါပဲလေ"

"..."

" ကိုယ်တို့လို စီးပွားရေးသမားတွေဆိုတာ"
ရှဲ့လင်က ‌ဆက်ပြောသည်။
" ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ လိုအပ်တာလေးတွေ လုပ်ရတယ်.. ကိုယ်မင်းကို လိမ်ပြောခဲ့တာမှ မဟုတ်တာ... မျက်နှာချင်းဆိုင်အခန်းမှာနေတဲ့သူက တကယ်ကောင်းတာပဲလေ... အိမ်နီးချင်းတွေဆိုတာ သွေးဝေးတဲ့ဆွေမျိုးတွေထက်တောင်ကောင်းသေးတယ်.. တစ်ယောက်နဲ့တစ်ယောက် အမှီပြုပြီး နေကြရမှာပဲကို"

ရှဲ့လင်၏မိသားစုတွင် ကြီးမားသော စီးပွားရေးနောက်ခံရှိသော်လဲ ရှဲ့လင်ကိုယ်တိုင်က အောင်မြင်သော စီးပွားရေးတစ်ယောက် မဖြစ်ချင်ဟု ကျိမင်ရွေ့က ချီချင်းကို ပြောပြဖူးသည်။ သူတို့အိမ်အလုပ်များကို တစ်ယောက်ယောက်ကို လွှဲထားကာ သူကိုယ်တိုင်ကတော့ ဇိမ်ခံကားလေးမောင်း၍ ဟိုဒီ လျှောက်သွားလိုက် ဆေးခန်းသွားပြလိုက် လုပ်နေသည်ဟု ဆိုသည်။ ထို့အပြင် လူသတ်မှုဖြစ်သည့်နေရာများကိုလဲ လိုက်ကြည့်တတ်သည်တဲ့။

ချီချင်း၏ ဆရာဝန်က သူ့ကို လူများများနှင့် ပြောဆိုဆက်ဆံရန် ညွှန်ကြားခဲ့သည်။

သို့သော် လူနှင့် အရူးကြားတွင် ကွာခြားချက်အကြီးကြီးရှိ၏။ အရူးက လူတော့မဟုတ်။ သူ့စိတ်ကျန်းမာရေးအတွက် ရှဲ့လင်လိုအရူးနှင့်တော့ သူ ဝေးဝေးနေသင့်သည်။

" ကျွန်တော့်အခန်းကို တံခါးလာမခေါက်နဲ့.. ကျွန်တော့်အတွက် အိမ်နီးချင်းမလိုဘူး...အိမ်နီးချင်းကောင်းဆိုတာ လူသေလို တိတ်တိတ်လေး နေပေးရမယ်"
လက်နှင့်မထိပဲ အတွေးများကို ကြားနေရသော်လဲ လက်အိတ်ဝတ်သည့်အကျင့်ကိုဖျောက်လို့မရ။
" မဟုတ်ရင် စာချုပ်ဖျက်သိမ်းဖို့ ကျွန်တော်ကြိုးစားရလိမ့်မယ်"

ပစ္စည်းရွှေ့ပြောင်းသူများက နောက်ဆုံးသေတ္တာကို ရွှေ့နေကြ၏။ ချီချင်း အခန်းထဲပြန်မဝင်ခင် ရှဲ့လင်ကို ပြောခဲ့သေးသည်။
" ခင်ဗျားရဲ့ မနက်စာကိုတော့ ကိုယ့်ဟာကိုယ်ပဲ စားလိုက်ပါ"

ချီချင်းက အိမ်ထဲတွင် ပုံထားသော ပစ္စည်းများကို သေချာကြည့်ကာ လက်အိတ်အမည်းချွတ်၍ ဆေးရုံသုံးရာဘာလက်အိတ်ကို စွပ်သည်။ ထို့နောက် ပြင်ထားသော ပိုးသတ်ဆေးရည်များနှင့် ဖြန်း၏။

သို့သော် အများကြီးသုံးလိုက်ရသောကြောင့် ပိုးသတ်ဆေးရည်သိပ်မကျန်တော့။ ကုန်ခါနီး ဆေးဘူးကို လှုပ်ကြည့်ရင်း အနီးဆုံးပိုးသတ်ဆေးရောင်းသည့်ဆိုင်ကို ရှာကြည့်ရသည်။

ဒီအိမ်၏ ပတ်ဝန်းကျင်မှာ အတော်လေးသန့်၏။ သို့သော် သန့်သည်ဆိုသည့်နေရာတွင် အိမ်အသုံး‌အဆောင်ပစ္စည်းဆိုင်များက အတော်ဝေးဝေးတွင် ရှိနေသည်။အိမ်တိုင်ရာရောက် ပစ္စည်းပို့ပေးသည့် ဆိုင်များတွင်လဲ ပိုးသတ်ဆေးမရှိ။

ချီချင်းလဲ ဘာမှမတတ်နိုင်တော့ပဲ အပြင်ထွက်ဝယ်ရန် ပြင်ရတော့သည်။

သူ့ဖုန်း GPS  မှ ပြသော အနီးဆုံးဆိုင်မှာ နှစ်ကီလိုမီတာကျော်ဝေးကာ အများသုံးရေချိုးကန်နှင့် ကပ်လျက်တည်ရှိ၏။

ကျိမင်ရွေ့က ချီချင်းဘာတွေဖြစ်နေမှန်းမသိရှာ။ ကျိုးပိုဟောက်ပုန်းနေနိုင်မည့်နေရာများကို လိုက်ရှာရ၏။ သူ့အတွက် ပထမဆုံးစုံစမ်းရသည့်လူသတ်မှုဖြစ်သည့်အတွက် ဘာမှသိပ်မကူနိုင်သော်လဲ အားအင်များတက်ကြွနေသည်။

ဖုန်းပြန်ချကာ လက်ထဲမှ အသင့်စားခေါက်ဆွဲဘူးကိုယူ၍ ကားထဲထိုင်စားလေသည်။ စားနေရင်း ကျိုးပိုဟောက်၏ကိုယ်ရေးအကျဉ်းကို ထိုင်ဖတ်သည်။
" သူက ဒီနယ်ခံ... မနေ့က အစစ်ခံလိုက်ရတဲ့ သူ့ရည်းစားကောင်မလေးအသစ် ပြောတာကတော့ ရှကျင်းမြို့ကို ထွက်ပြေးသွားတယ်တဲ့.. တစ်ခုခုတော့ မှားနေသလိုပဲ.. "

သံသယရှိသူ၏ ရည်းစားအသစ်မှာ သေဆုံးသူ၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်၏။

မနေ့ညက တစ်ညလုံးစစ်မေးခန်းထဲထိုင်ကာ မသိဘူးဟု ပြောခဲ့သည်။
" ကျွန်မ သူနဲ့ ပြတ်သွားပါပြီ ..  သူနဲ့အတူရှိနေရင် ကျန်းကျန်းကို အားနာလာလို့"

" ဒါပေမဲ့ အရင်က‌ ဘာလို့ သူ့ဆီက လုယူခဲ့တာလဲ"

" ကျွန်မ ရုန်းကန်နေခဲ့ရတာ ကြာပါပြီ"
သူမ ခေါင်းငုံ့၍ ပြန်ဖြေသည်။
" တောင်ပိုင်းကို ကျွန်မရောက်လာတော့ ဒီနေရာနဲ့ သိပ်အသားမကျလို့ အလုပ်မှာဖိအားတွေ တအားများခဲ့တယ်.. သူကပြောတယ် ကျွန်မက ကျန်းကျန်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်းမို့လို့ သူ ကူညီပေးမယ်တဲ့.  ကျွန်မလဲ ဘာမှမလုပ်တတ်တာနဲ့ လက်ခံလိုက်မိတာပါ"

" သူ ဘယ်သွားလဲ မသိဘူးပေါ့.. မနေ့ညက မင်းနဲ့ ဖုန်းပြောကြသေးတယ်မဟုတ်ဘူးလား"

"..."

.....

ကျိမင်ရွေ့မှာ  ကားအပြင်မှ သွားလာနေသော လူအုပ်ကြီးကိုကြည့်ရင်း သက်ပြင်းချသည်။
" သူ ဘယ်ကိုသွားတာ ဖြစ်နိုင်မလဲ"

.....

" သံသယတရားခံကို အခုထိ မမိသေးဘူး"
ဝူကျီပင်းက ပြတင်းပေါက်နားတွင်ရပ်၍ ရှဲ့လင်ကို ဖုန်းခေါ်သည်။

ရှဲ့လင်မှာ သူကိုယ်တိုင်ပြင်ထားသော မနက်စာနှစ်ခုကိုကြည့်၍ တစ်ခုကိုရွေးကာ ဝူကျီပင်းကို ‌ပြန်‌ဖြေသည်။
" သူ့လိုအခြေအနေမျိုးမှာ ပြေးမယ်ဆိုရင် သူကျွမ်းကျွမ်းကျင်ကျင် သွားလာနိုင်တဲ့နေရာ ဒါမှမဟုတ် ချက်ချင်းရနိုင်တဲ့ လေယာဉ်နဲ့ ပြေးမှာပဲ .. အချိန်က အရမ်းအရေးကြီးတာကိုး"

" ဒါပေမဲ့ သူ တစ်ခုမှ လုပ်နိုင်မှာမဟုတ်ဘူး.. ရှကျင်းမြို့မှာ သူသိတဲ့လူတွေ မရှိဘူး.. ပြီးတော့ ရှကျင်းမြို့ကို သွားမဲ့လေယာဉ်က ‌လေးငါးနာရီလောက်စောင့်ရမှာ"

ဝူကျီပင်း : " မင်းပြောချင်တာက..."

ရှဲ့လင်က ပေါင်မုန့်ကိုတစ်ဝက်ပိုင်း၍ သူ့အတွေးကို ဆက်ပြောနေသည်။
" ရှကျင်းမြို့ဆိုတာက သူ့အတွက်စိမ်းသက်‌တဲ့နေရာတစ်ခု.. သူ ထွက်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး"

" လူတစ်ယောက်က ပိုကြောက်နေလေလေ မရင်းနှီးတဲ့နေရာကို သွားဖို့ တွန့်ဆုတ်လေလေပဲ.. သူ့မှာ မှတ်ပုံတင်မရှိတဲ့အတွက် မှတ်ပုံတင်မလိုပဲ ညအိပ်နိုင်တဲ့နေရာတွေမှာ ပုန်းချင် ပုန်းနေနိုင်တယ်"

" ဥပမာ.. အင်တာနက်ဆိုင်တို့..  ဆံပင်ဆိုင်တို့.. ညလုံးပေါက် စစ်တုရင်ဆော့တဲ့နေရာ.."
ရှဲ့လင်က မနက်စာစားပြီးနောက် ဝရန်တာသို့ လျှောက်လာသည်။ ရာသီဥတုကောင်းသောကြောင့် နေသာနေသည်။ သို့သော် ရှဲ့လင်က သံသယတရားခံ၏ အတွင်းစိတ်ထဲရောက်ရှိနေသည်။ နွေးထွေးသော နေရောင်ခြည်အောက်တွင် မျက်လုံးကျုံ့ကာ ဆက်ပြော၏။
" ဒါမှမဟုတ် အများသုံးရေချိုးကန်"
......

" သူ ဘယ်ကို သွားနိုင်မလဲ"
ကျိမင်ရွေ့ တွေးနေရင်း သူ့ကားမှန်ကို လူတစ်ယောက် လာခေါက်သည်။

ဆုရှောင်းလန်မှာ စောစောကမှ ဝယ်ခဲ့သော ပေါင်မုန့်ကိုင်၍ ကျန်လက်တစ်ဖက်နှင့် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်သည်။ ကျိမင်ရွေ့ ကားမှန်ချသည့်အချိန် ဆုရှောင်းလန်က ပြောနေသည်။
" ပင်းကောကပြောတယ် အင်တာနက်ဆိုင် စားသောက်ဆိုင် အများသုံးရေချိုးကန်တို့မှာ ရှာရမယ်တဲ့.. အတိုချုပ်ပြောရရင် မှတ်ပုံတင်မပြပဲ ညအိပ်လို့ရတဲ့နေရာမျိုး"

......

ချီချင်းရောက်နေသည့် ကုန်တိုက်မှာ ပစ္စည်းအမျိုးပေါင်းများစွာ စုံသော ကုန်တိုက်ကြီးတစ်ခုဖြစ်၏။ ကုန်တိုက်ထဲ လူများသွားလာနေကြသောကြောင့် ကပ်လျက်တွင်ရှိသော ရေချိုးကန်မှာ အနည်းငယ်ခြောက်ကပ်နေပုံပေါ်သည်။ ရေချိုးကန်ရှေ့မှ ဆိုင်းဘုတ်တွင် မီးထွန်းမထား လူလဲသိပ်မရှိ။ ရေချိုးကန်ဖွင့်ရန် အချိန်မကျသေးပုံပေါ်သည်။

ကုန်တိုက်ထဲတွင် လူစုံနေသောကြောင့် ချီချင်းနားထဲ အတွေးပေါင်းစုံ အသံပေါင်းစုံ ကျပ်သိပ်နေအောင် ကြားရ၏။

" အိုး.. နင် ဒါ ဝယ်မလို့လား"
အဒေါ်ကြီးတစ်ယောက်က ပြောနေသည်။
" နိုင်ငံခြားက တင်ပို့ထားတာလေ..  ငါလဲ အိမ်မှာသုံးနေတာ"

" ဟုတ်လား.. သုံးလို့ကောင်းလားရှင့်"
တခြားတစ်ယောက်က ဝင်ပြော၏။

~~~ဟွန့်.. တစ်ချိန်လုံး ကြွားနေတာပဲ.. နိုင်ငံခြားက တင်သွင်းတာပဲ သုံးတယ် ဘာညာနဲ့ .. သူတို့တစ်မိသားစုလုံး အထည်ကြီးပျက်ဖြစ်နေတာ လူတိုင်းသိတယ်~~~

သူတို့နားတွင် လူငယ်စုံတွဲတစ်တွဲ ရပ်နေသည်။ တစ်စုံတစ်ယောက်က ထိုစုံတွဲကို လာနှုတ်ဆက်သည်။
" မင်းတို့နှစ်ယောက်ကို မတွေ့ရတာတောင် အတော်ကြာပြီ.. ငါလဲ ငါ့မိန်းမနဲ့ ဈေးလာဝယ်တာ.. မင်းကို အရမ်းအားကျတယ်ကွာ.. မိန်းမက ‌အိမ်မှုကိစ္စပိုင်နိုင်တော့ အပြင်အလုပ် အာရုံစိုက်လို့ရတယပေါ့.. အိမ်ထောင်ဆိုတာ ဒီလိုပဲဖြစ်ရမယ်လေ"

" အဲ့လောက်အားကျနေရင် မင်းလဲ ငါ့မိန်းမလိုမျိုး ရှာယူလေ"

~~~ ဘာအားကျစရာကောင်းလို့လဲ.... သူက အရင်ကလို ပြင်ပြင်ဆင်ဆင်နေတာမဟုတ်တော့ဘူး.. တစ်နေ့တစ်နေ့ ပြောလိုက်ရင်လဲ ဈေးဖိုးအကြောင်း ကလေးတွေအကြောင်းပဲ.. သူနဲ့နေရတာ တနေ့တခြား ငြီးငွေ့လာတယ်~~~

ချီချင်းက အင်္ကျီဇစ်ကို အပြည့်ဆွဲတင်ကာ ဘာမှမကြားချင်ယောင်ဆောင်၍ သက်ပြင်းချရင်း ရှေ့ဆက်လျှောက်လာသည်။

နောက်ကျကျန်ခဲ့သော အသံများ မှေးမှိန်လာချိန်တွင် အသံအသစ်တို့က သူ့နားထဲ အနီးကပ်ဝင်ရောက်လာပြန်၏။

" မေမေ.. မေမေ"
အသံစူးစူးလေးဖြစ်သည်။

မုန့်များတင်ထားသည့် စင်အစွန်းနားတွင် ဂျင်းဝမ်းဆက်ဝတ်ထားသော ကောင်လေးက ခုန်ဆွခုန်ဆွလုပ်နေသော်လဲ စင်ပေါ်က ဂျယ်လီဘူးကို မမှီသေး။

သူ့မိခင်က သားဖြစ်သူကို လျစ်လျှူရှုကာ တခြားတစ်ယောက်နှင့် စကားပြောနေသည်။
" သား ကိုယ့်ဟာကိုယ်ဆော့နေနော်... အမေ အန်တီဝမ်နဲ့ စကားပြောစရာလေးရှိလို့"

~~~ ဒါပေမဲ့ စတော်ဘယ်ရီဂျယ်လီကို တကယ်စားချင်တဲ့ဟာကို~~~

ကလေးလေး၏ အသံမှာ သနားစရာကောင်းလွန်းပြီး အက်ကွဲကွဲအသံကတောင် ကြေကွဲစရာကောင်းနေသည်။ ခဏအကြာတွင် ငိုတော့မည့်အလား။

ချီချင်းက ထိုကောင်လေးကို ကြည့်ပင်မကြည့်။ သို့သော် အနားရောက်တော့ ခဏရပ်ကာ အင်္ကျီအိတ်ထဲ ထည့်ထားသော လက်ကိုအပြင်ထုတ်၍ စင်ပေါ်မှ ဂျယ်လီကိုလှမ်းယူပြီး အောက်ထပ်တွင် တင်ပေးထားလိုက်သည်။

ကလေးငယ်လေးမှာ ကြောင်အသွားသည်။ သို့သော် ထိုအစ်ကိုကြီး၏ နဖူးပေါ်ကျနေသော ဆံပင်အချို့နှင့် သူ့ခေါင်းပေါ် ဖြတ်သွားသည့် လက်အိတ်အမည်းတစ်ဖက်ကိုသာ မြင်လိုက်ရသည်။

ကလေးလေးက ဂျယ်လီလက်ထဲဆုပ်ရင်း ပြောလိုက်သည်။
" ကျေးဇူးပါ ကိုကို"

" ငါ့ကိုကျေးဇူးတင်စရာမလိုဘူး"
ချီချင်းက ရှေ့ကိုသာ ဆက်လျှောက်သွားသည်။
" နားငြီးလွန်းလို့ ကူညီပေးတာ"

နောက်ဆုံးတော့ ဆူညံသံများကြားမှ ပိုးသတ်ဆေးများတင်ထားသည့်စင်ကို ‌‌တွေ့လိုက်ရ၍ နှစ်ဘူး ယူလိုက်သည်။ ထို့နောက် ပိုက်ဆံရှင်းနေသည့်အချိန် ဆူညံသော ဥဩသံနှင့်အတူ ရင်းနှီးနေသော အသံကိုပါ ကြားလိုက်ရသည်။

~~~ ဒီရေချိုးကန်ဆိုရင် မှတ်ပုံတင်ပြစရာမလိုဘူး.. အထဲဝင်ပြီး ရှာကြည့်ရမယ်.. ငါ ဖမ်းမိရင် သူ အသေပဲ.. ငါ ကျိမင်ရွေ့ ဒီရေချိုးကန်ကို ‌သုံးပေအနက်တူးရရင်တောင် တရားခံမမိမချင်း လုံးဝမပြန်ဘူး~~~

ချီချင်း : "..."

ကျိမင်ရွေ့မှာ ယုံကြည်မှုအပြည့်နှင့် ကားတံခါးပိတ်ကာ ပြန်အလှည့် ပိုက်ဆံရှင်း၍ ပြန်ထွက်လာသော သူ့အချစ်ဆုံးသူငယ်ချင်းနှင့် မျက်နှာချင်းဆိုင် တွေ့မိလေသည်။

ထို့နောက် အနက်ရောင်ကားတစ်စီး ဖြည်းညင်းစွာနှင့် သူတို့အနားလာရပ်သည်။ ကားမှန်ဖြည်းဖြည်းချင်းကျလာတော့ နေကာမျက်မှန်တပ်ထားသည့် ရှဲ့လင်က သူတို့ကို နှုတ်ဆက်သည်။
" တိုက်ဆိုင်လိုက်တာ... အကုန်လုံး ရှိနေကြတာပဲ"

ကျိမင်ရွေ့သည်လဲ ထိုမေးခွန်းကို မေးချင်နေသည်။ ရှဲ့လင်နှင့် ချီချင်းကိုကြည့်ကာ သံသယတရားခံရှိနိုင်သည့်နေရာတိုင်းတွင် ဘာလို့သူတို့နှစ်ယောက် အမြဲရှိနေသည်ကို သိချင်နေသည်။

သံသယတရားခံ‌တွေကြားထဲမှာများ လျှောက်ပြေးနေကြတာလား...

သူတို့နှစ်ယောက်က သံသယတရားခံထက် ပိုသံသယဝင်စရာကောင်းနေတယ်ဆိုတာ သူတို့ကိုယ်သူတို့ရော သိရဲ့လား....

ကျိမင်ရွေ့ : " မင်းတို့နှစ်ယောက် ရေအတူချိုးကြမလို့လား"

ရှဲ့လင်က ကားရပ်ကာ ပြုံးလိုက်သည်။
" ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး.. သူ့ကိုမေးကြည့်လေ.. အတူချိုးချင်လားလို့"

ချီချင်းက လက်ထဲမှ ပလတ်စတစ်အိတ်ကို မြှောက်ပြသည်။
" ဖြစ်နိုင်တယ်လို့ထင်လား"

ထို့နောက် ချီချင်း ဆက်မေးသည်။
" မင်း ဒီမှာဘာရပ်လုပ်နေတာလဲ.. ငါ့ကို ကြည့်မနေနဲ့ တရားခံဖမ်းစရာရှိ သွားဖမ်းလေ"

ကျိမင်ရွေ့ : " ဖမ်းရမှာပေါ့.. သေချာပေါက် ဖမ်းရမယ်"

ရှဲ့လင်လဲ ကျိမင်ရွေ့နောက်သို့ လိုက်သွားသည်။ သို့သော် ချီချင်းနားမှ အဖြတ် ခဏရပ်ကာ လူကိုမထိပဲ လက်ထဲမှ ပလတ်စတစ်အိတ်ကိုကိုင်၍ သူ့နားရောက်အောင် ဆွဲလိုက်သည်။
" မင်းလဲ ဒီအထိရောက်နေပြီပဲကို.. ကူပြီး ရှာပေးပါလား... ခဏနေရင် ဒီနားတဝိုက်လိုက်ပြမယ်လေ"

ပလတ်စတစ်အိတ်ကို လွှတ်မပေးပဲ ပြောချင်ရာပြောနေသော ထိုသူမှာ အရှက်မရှိ။

ချီချင်း လက်ရှိရပ်နေသောနေရာမှာ ကုန်တိုက်မှ ထွက်လာပြီဖြစ်၍ ရေချိုးကန်နှင့် ပိုနီး၏။ ထို့ကြောင့် ကုန်တိုက်မှ အသံများကို သိပ်မကြားရတော့ပဲ ရေချိုးကန်ဘက်မှ အသံများကို ကြား‌လာရသည်။

~~~သေစမ်း.. ရဲတွေ ဘာလို့ရောက်လာရတာလဲ.. ငါ သူနဲ့ လမ်းခွဲစကားလေး ပြောရုံပဲကို.. ငါ သူ့ကို တကယ်သတ်ချင်တာ မဟုတ်ဘူးလေ~~~

ဘားထဲတွင် တွေ့ခဲ့သော ကောင်မလေး၏ မျက်နှာက ချီချင်းမျက်လုံးထဲ ပြန်ပေါ်လာ၏။ ထို့အပြင် အနာဂတ်မရှိတော့သော သူမ၏ စကားတချို့...

နောက်ဆုံးတွင်တော့ သူ့နားထဲမှ အသံများကို သည်းခံကာ ရှဲ့လင်လက်ထဲမှ သူ့အိတ်ကိုပြန်ဆွဲမလုဖြစ်။

ရေချိုးကန်မှာတော့ လမ်းဘေးတွင် ‌တွေ့နိုင်သည့် သာမန်ရေချိုးကန်များအတိုင်း အပေါ်ထပ်နှင့် အောက်ထပ် ခွဲထားသည်။ ပထမထပ်တွင် နားနေခန်းနှင့် ချွေးထုတ်ခန်း ရေချိုးခန်းများရှိသည်။ သို့သော် အခုချိန်တွင် ရေချိုးမည့်သူမရှိ၍ ပထမထပ်တွင် လူမရှိ။ သေချာမပိတ်ထား၍ တစက်စက်ကျနေသော ရေပိုက်များမှလွဲ၍ အရာအားလုံးတိတ်ဆိတ်နေသည်။ နံရံနှင့် ကြမ်းပြင်များတွင် ထင်နေသောအရာများက ဘယ်လောက်ဟောင်းနွမ်းနေပြီကို ပြနေသည်။

" ဘယ်သူမှမရှိဘူး"
ကျိမင်ရွေ့က လိုက်ကာဖွင့်၍ ပြန်ထွက်လာသည်။

" အမျိုးသမီးရေချိုးခန်းထဲမှာလဲ လူမရှိဘူး"
ဆုရှောင်းလန်လဲ ပြန်ထွက်လာသည်။

"ငါ အပေါ်ထပ်ကို တစ်ချက်သွားကြည့်မယ်.. ဓာတ်ပုံပြပြီး မေးထားနှင့်"

ဆုရှောင်းလန်က ဓာတ်ပုံများကိုယူကာ ဘာမှမပြောနိုင်ခင် သူတို့ဝင်လာကတည်းက သူတို့ကိုစောင့်ကြည့်နေသော ရေချိုးကန်မန်နေ‌ဂျာမှ စကားလာပြောသည်။
" ကျွန်တော်တို့ရေချိုးကန်က ဥပဒေအတိုင်း လိုက်နာပါတယ်.. ပြဿနာလုံးဝမရှိပါဘူး"

ဆုရှောင်းလန် : "ကျွန်မတို့ လူလာရှာတာပါ.. ဒီရက်ပိုင်း ဒီလူ ရောက်လာသေးလား"

မန်နေ‌ဂျာက ဓာတ်ပုံကို တစ်ချက်ကြည့်သည်။
" တစ်ခါမှ မမြင်ဖူးပါဘူး.. မေးပြီးပြီမလား.. ပြန်ပါတော့"

ဒုတိယထပ်တွင် သွားရှာသော ကျိမင်ရွေ့လဲ ပြန်ရောက်လာကာ ဆုရှောင်းလန်ကို ခေါင်းခါပြ၏။

ဆုရှောင်းလန်က လက်ထဲမှ ‌ဓာတ်ပုံကို ပြန်သိမ်းလိုက်သည်။
" အမှုတစ်ခုရဲ့ သံသယရှိသူတစ်ယောက်မို့လို့ပါ.. သူ့ကိုတွေ့မိရင် ကျွန်မတို့ကို ဆက်သွယ်ပေးပါ"

ဆုရှောင်းလန် စကားဆုံးတော့ ချီချင်းနှင့် ရှဲ့လင်တို့က တစ်နေရာကို လိုက်ကြည့်နေကြသည်။

ရေချိုးကန်အဝင်ဝတွင်သာ တံခါးရှိသည်။ အနောက်ဘက်ထွက်ပေါက် သက်သက်မရှိ။ သို့သော် အထဲရောက်လာလေလေ အသံက ပိုပိုနီးလာသည်။

~~~ ငါ သူ့ကို သတ်ဖို့ မရည်ရွယ်ပါဘူး~~~

~~~ ငါ သူ့ကို မသတ်ချင်ပါဘူး~~~

ချီချင်းထံမှ စကားသံ ရုတ်တရက် ထွက်လာသည်။
" ဒီမှာ နောက်ထပ် ထွက်ပေါက်ရှိသေးလား"

ရေချိုးကန်မန်‌နေဂျာမှာ ပျာယာခတ်နေ၍ ချီချင်းကို တည့်တည့်မကြည့်နိုင်။
" မရှိပါဘူး.. ရှိလို့လား.. ခင်ဗျားတို့လဲ မြင်တာပဲ.. အဝင်အထွက်ပေါက်က ရှေ့မှာပဲ ရှိတာကို.. "

ရှဲ့လင်က သူတို့ဘေးမှ ဝန်ထမ်းနားနေခန်းထဲသို့ အကြည့်ရောက်သွားသည်။ အထဲတွင် လော့ကာနှစ်တန်းရှိ၏။ အတွင်းဘက်တွင် စားပွဲတစ်လုံးနှင့် ပလတ်စတစ်ခုံအသေးလေးများလဲ ရှိသေး၏။
" စားပွဲပေါ်က မနက်စာ ပူတုန်းပဲရှိသေးတယ်.. တစ်လုပ်မှတောင် မစားရလောက်သေးဘူး. ဒါပေမဲ့ လူတစ်ယောက်မှ မရှိဘူး.. လူတွေ ဘယ်ရောက်သွားလဲ "

မန်နေ‌ဂျာ: "..."

ရေချိုးကန်တွင် ငယ်ရွယ်လှပသော အနှိပ်သမ မိန်းကလေးအမြောက်အမြားရှိသည့်အတွက် မန်နေဂျာက ရဲများ လာစစ်သည်ကို သဘောမကျ။ အခန့်မသင့်ပါက ရေချိုးကန် ပိတ်ရနိုင်သည်အထိ ဒုက္ခရောက်လိမ့်မည်။

မန်နေဂျာက စားပွဲရှေ့တွင် ရပ်နေသည်။ အနောက်မှ ‌နံရံတွင်ဘအဝါရင့်ရောင် ကတ္တီပါစတစ်ခုကို ချိတ်ဆွဲထား၏။

မန်နေဂျာ စကားပြောနေတုန်း ထိုကတ္တီပါစကို ကာနေသလိုလို ကိုယ်မတ်ထားသည်။
" သူတို့ အပြင်သွားတာ ဖြစ်ပါလိမ့်မယ်.. စိတ်မပူပါနဲ့ အကုန်လုံးက ပုံမှန်ဝန်ထမ်းတွေပါ"

မန်နေဂျာပုံစံက သူ့ကိုယ်သူ အတော်ထိန်းချုပ်ထားသောကြောင့် ချီချင်း အတွေးများကို မကြားရ။ သို့သော် စကားမဆုံးမီ အက်ကွဲသံတစ်ခု နားထဲဝင်လသည်။
~~~ ငါ့နောက်မှာ လျှို့ဝှက်တံခါးရှိတာကို သူတို့မရိပ်မိလောက်ပါဘူး~~~

" လူကြီးမင်း ကျေးဇူးပြုပြီး ဟိုဘက်နည်းနည်းလောက် ရွှေ့ပေးပါ"
ရှဲ့လင်သည်လဲ ချိတ်ထားသော ကတ္တီပါစကို သတိထားမိသည်။
" အဝတ်စကို ဖယ်လိုက်"

" ဒီအဝတ်က အလှဆင်ထားတာပါ.. ကျွန်တော်တို့ရေချိုးကန်က ဒီလိုပုံစံနဲ့ အလှဆင်ရတာ ထုံးစံ..."
မန်နေဂျာစကားမဆုံးခင် ရှဲ့လင်က သူကိုယ်တိုင် ကတ္တီပါစကို ဖယ်လိုက်တော့ အနောက်တွင် ဝှက်ထားသော တံခါးလက်ကိုင် ပေါ်လာသည်။

ရှဲ့လင်က မျက်ခုံးပင့်ကြည့်၏။
" အလှဆင်တာ??"

မန်နေဂျာ : " ဗေဒင်ဆရာက ဒီနေရာမှာ တံခါးတပ်ထားရင် ဖုန်းရွှေကောင်းပြီး ဧည့်သည်များများလာမယ်လို့ ဟောထားလို့ပါ.. တကယ်တော့ ဖွင့်လို့မရဘူး ဆိုရင် ယုံမလားမသိဘူး"

ရှဲ့လင် ပြုံးနေသည်။
" ယုံတာမယုံတာကတော့ တွန်းမကြည့်ပဲ‌ ပြောဖို့ခက်တယ်.. ဒါပေမဲ့ မန်နေဂျာဖြစ်ပြီး ပါးစပ်က ပေါက်ကရပြောနေတာ ခင်ဗျားမရှက်ဘူးလား"

လျှို့ဝှက်တံခါးမှထွက်ပါက အနောက်ဘက်လမ်းကြားထဲသို့ ရောက်သည်။ စကတ်တိုတိုဝတ်ထားသော မိန်းကလေးတစ်အုပ်မှာ နံရံကို မှီ၍ ထိုင်သူထိုင် ရပ်သူရပ်နေကြသည်။ အထဲတွင် ဘာဖြစ်နေသည်ကို သူတို့မသိ။ တံခါးဖွင့်လိုက်တော့ သူတို့ ဘာလုပ်ရမှန်းမသိပဲ မတ်တပ်ရပ်ကြရသည်။

ကျိမင်ရွေ့ : " ဒီကနေ ထွက်ပြေးသွားတဲ့သူ ရှိလား"

မိန်းကလေးတစ်ယောက်က ခေါင်းညိတ်သည်။

" ဘယ်ဘက်ကို ပြေးသွားတာလဲ"

မိန်းကလေးက တုန်ယင်နေသော လက်နှင့် ညွှန်ပြသည်။
" အခုလေးတင်ပဲ ထွက်သွားတာ"

ချီချင်းရော ကျိမင်ရွေ့ပါ ဒီတဝိုက်ကို သိပ်မကျွမ်းကျင်။ ဒေသခံဖြစ်သည့် ရှဲ့လင်ကသာ အေးဆေးနေသည်။
" ဒီလမ်းကြားထဲကထွက်ရင် လမ်းနှစ်လမ်းပဲရှိတယ်.. သူ အဝေးကြီးတော့ မရောက်လောက်သေးဘူး"

ကျိမင်ရွေ့ : "‌ ကောင်းပြီလေ .. ကျွန်တော်တို့လေးယောက် လူစုခွဲကြတာပေါ့"

ကျိုးပိုဟောက်မှာ ရေချိုးခန်းဝတ်စုံနှင့် တစ်ခါသုံးရေချိုးခန်းစီးဖိနပ်ကိုစီးကာ လမ်းပေါ် ထွက်ပြေးနေသည်။ ‌‌ချမ်းစီးနေသော ဆောင်းရာသီတွင် အဝတ်အစားမပါသောကြောင့် အသားထဲထိ လေတိုးကာ ချမ်းနေသည်။ သူ့ကို လိုက်နိုင်မည့် ခြေရာလက်ရာ တစ်ခုမှ မကျန်ခဲ့တာတောင် ရဲတွေ သူ့ကို ဘယ်လိုရှာတွေ့မှန်း သူ မသိ။

လမ်းဘေးဝဲယာတွင် မနက်စာရောင်းသည့်ဆိုင်များနှင့် ပြည့်နှက်နေသည်။

ဈေးလာဝယ်သူများနှင့် ဈေးသည်များ အော်ဟစ်ဆူညံကာ ရောင်းဝယ်နေကြသည်။ သို့သော် လမ်းကြားထဲမှ ပြေးထွက်လာသော ထိုသူကတော့ လူများကို ဂရုမစိုက်ပဲ အတင်းပြေးဝင်ရာ ဈေးသည်တစ်ဦး၏ တွန်းလှည်းကို ဝင်တိုက်မိသည်။

ကျိမင်ရွေ့က အနောက်မှ ပြေးလိုက်လာသည်။
" မပြေးနဲ့"

ကျိုးပိုဟောက်က ပြေးသည့်နေရာတွင် အာရုံစိုက်နေသောကြောင့် လမ်းပေါ်မှ လူများကိုပင် သတိမထားမိ။ ထိုလမ်းမှ ပြန်ထွက်ကာ တခြားလမ်းကို ထပ်ပြေးသည်။ ညာဘက်လမ်းမှ တိုက်ခန်းတစ်ခုပေါ် တက်မည်အလုပ် လမ်းထောင့်မှ လူတစ်ယောက်နှင့် ဝင်တိုက်မိ၏။

" ချီးပဲ"
သူ ဆဲဆိုလိုက်သည်။

ခေါင်းမော့ကြည့်လိုက်တော့ သူနှင့် ဝင်တိုက်မိသူကို နေရောင်အောက်တွင် ထင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။

ရှဲ့လင်က တရားခံလိုက်ဖမ်းသည့်နေရာတွင် အနည်းငယ်ပင် စိတ်လှုပ်ရှားခြင်းမရှိ။ အညောင်းပြေလမ်းလျှောက်နေသည်ဟုပင် ခံစားမိသည်။
" မပြေးနဲ့.. အားကုန်ရုံပဲ ရှိမယ်.. ရဲတွေနဲ့ ပြန်လိုက်သွားပြိး အဲ့ဒီ့ညက ဘာဖြစ်ခဲ့လဲ ပြောပြလိုက်"

ကျိုးပိုဟောက်မှာ မောဟိုက်စွာ အသက်ရှူနေရသည်။ ချမ်းနေရာမှ တစ်ကိုယ်လုံး ချွေးများပြန်လာကာ နောက်ခြေနှစ်လှမ်းဆုတ်လိုက်၏။ သို့သော် ကျိမင်ရွေ့နှင့် ဆုရှောင်းလန်က သူနှင့် လမ်းတစ်ဖက်သာ ခြားသည်။ သူ ဒီနားမှာ ပုန်းနေခဲ့တာ ရက်အနည်းငယ်တော့ရှိပြီ။ ချောင်ပိတ်ခံရသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ သူ ဒီအနီးတဝိုက်မှ လမ်းများအားလုံးကို လိုက်မှတ်ထားခဲ့သည်။ လက်သီးတင်းတင်းဆုပ်ကာ အော်ဟစ်၍ ချီချင်းရှိရာသို့ ပြေးလာသည်။

ချီချင်းရပ်နေသော နေရာမှာ ဖျက်ဝင်ရ အလွယ်ဆုံးဖြစ်နေ၏။

ချီချင်းက မျက်နှာနားရောက်လာသော လက်သီးကို မျက်တောင်မခတ်ပဲ အထိုးခံရန် စောင့်နေသော်လဲ အဆိုပါလက်သီးက လမ်းတစ်ဝက်တွင် ရပ်သွားသည်။

" ရန်ဖြစ်ချင်ရင် ကျွန်တော်နဲ့ ဖြစ်ပါလား"
ရှဲ့လင်က ကျိုးပိုဟောက်လက်သီးကို သူ့လက်ဝါးနှင့်ကာ၍ စကားပြောရန် ကြိုးစားနေသေးသည်။ အပြုံးက ချိုသာသော်လဲ လက်ဝါးမှ အားကိုတော့ နည်းနည်းလေးမှ မလျှော့။
" သူ့ကိုတော့ လုံးဝမထိနဲ့"

ကျိုးပိုဟောက်က လက်ပြန်ရုတ်သော်လဲ ဘယ်လိုမှ လှုပ်မရ။

ရှဲ့လင် : " ဒီဦးလေးကြီးက အသန့်ကြိုက်ရောဂါရှိတယ်.. လူနာကို ဂရုစိုက်ရမှာပေါ့"

ချီချင်းက ပြန်ချေပချင်သော်လဲ သူ့ဘက်က ဘာမှပြန်မပြောနိုင်။ အသန့်ကြိုက်ရောဂါက ရန်ဖြစ်သည့်နေရာတွင် တကယ့်ကို အားနည်းချက်ဖြစ်နေ၏။

အခြေအနေကို လျှင်မြန်စွာပင် ထိန်းချုပ်နိုင်ခဲ့သည်။ အပြေးရောက်လာသော ကျိမင်ရွေ့က ခါးကြားမှ လက်ထိပ်ထုတ်၍ ကျိုးပိုဟောက်ကို ဖမ်းဆီးလိုက်သည်။

ထို့နောက် ချီချင်းကို တစ်ချက်ကြည့်၏။
" မင်း အဆင်ပြေရဲ့လား"

အနီးအနားတွင် တိုက်ခန်းများသောကြောင့် လူသံများနှင့် ဆူညံနေသည်။ နားထဲ တိုးဝင်နေသော အသံများကြောင့် ချီချင်းအတော်လေး မသက်မသာဖြစ်နေသည်ကတော့ အမှန်ပင်။

သူ့အတွက် တကယ်ကျင့်သားမရသော ခံစားချက်ဖြစ်နေသည်။ ဘယ်နားက နေရခက်လို့ နေရခက်နေမှန်းမသိ။ စောစောက ရှဲ့လင်ပြောလိုက်သော "သူ့ကိုတော့ လုံးဝမထိနဲ့ " ဆိုသော စကားကြောင့်လဲ ဖြစ်နိုင်သည်။

နောက်ဆုံးတော့ ချီချင်းသံမှ စကားသံထွက်လာသည်။
" ပြေပါတယ်"

" လန့်သွားတာပဲ"
အပြန်လမ်းတွင် ကျိမင်ရွေ့က ချီချင်းကို ပြောနေသည်။
" သူ မင်းကို လက်သီးနဲ့ထိုးလိုက်မှာ ငါ စိုးရိမ်နေတာ.. မင်းက ညစ်ပတ်မှာစိုးလို့ သူ့ကို ပြန်ထိုးမှာ မဟုတ်ဘူးလေ"

ချီချင်း ဘာမှမတုံ့ပြန်သော်လဲ ရှဲ့လင်က ‌ဝင်မေးလိုက်သည်။
" သူ အရင်က ရန်ဖြစ်ဖူးလို့လား"

ကျိမင်ရွေ့ : "ဖြစ်ဖူးတာပေါ့.. ကျောင်းမှာတုန်းက လူတိုင်းကို လျစ်လျှူရှုပြီး အရမ်းမောက်မာလို့ သူ့ကို တချို့က သင်ခန်းစာ ပေးချင်ကြတာ.. အဲ့ဒါနဲ့ ကျောင်းပြီးရင် အိမ်မပြန်ပဲ စောင့်နေဖို့ပြောတယ်"

ရှဲ့လင်က ကျိမင်ရွေ့စကားကို စောင့်နေသည်။

" ဒါပေမဲ့ ကျောင်းဆင်းတာနဲ့ ချက်ချင်း အိမ်ပြန်သွားတာ"

ချီချင်း ဘာတစ်ခုမှ မမှတ်မိ။
" ဟုတ်လို့လား"

" ဟုတ်တယ်လေ.. နောက်နေ့ကျတော့ သူတို့‌ ဒေါသတကြီးနဲ့ရောက်လာပြီး မင်းကို ဘာသဘောလဲလို့ မေးတယ်.. မင်းကို ကျောင်းပြီးရင် စောင့်နေလို့ ‌ပြောတယ်လေဆိုတော့"

ကျိမင်ရွေ့က ချီချင်း၏ အေးစက်စက်လေသံအတိုင်း လိုက်ပြောသည်။
" မင်းတို့ကို ငါ့ရှေ့က ဖယ်လို့ပြောရင် ဖယ်မှာလား"

ချီချင်း : "..."

ကျိမင်ရွေ့ : " အဲ့မှာ ဟိုတစ်ယောက်က လက်သီးဆုပ်ပြီးအနားကပ်လာတော့ မင်း ဘာပြောလိုက်လဲ မှတ်မိလား"
ကျိမင်ရွေ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ခဏရပ်ပြီးမှ ဆက်ပြောသည်။
" ခဏလေး.. ငါ လက်အိတ်ဝတ်လိုက်ဦးမယ် တဲ့"

.......

ယုံအန်ရဲစခန်းထဲတွင်

ကျန်းယွီက အပြင်ထွက်စုံစမ်းရာတွင် မလိုက်ပဲ ဝူကျီပင်းအတွက် တင်ပြချက်ရေးရန် စခန်းတွင်သာ နေခဲ့သည်။ သံသယတရားခံကို ဖမ်းလာသည်လဲကြားရော စစ်မေးခန်းထဲသို့ ဒရောသောပါး ပြေးလာသည်။ သို့သော် အပြင်ထွက်ထွက်ချင်း ချီချင်းနှင့် ရှဲ့လင်တို့ကို တွေ့လိုက်ရသည်။ အမှုနှင့် လုံးဝမဆိုင်သူနှစ်ယောက်ဖြစ်သော်လဲ တစ်နည်းနည်းနှင့် ရောပါနေသူများဖြစ်ကြသည်။

" အာ.. ခင်ဗျားတို့လဲ ရောက်နေတာကိုး"

ထပ်ခါတလဲလဲ ဖြစ်နေသော မြင်ကွင်းနှင့် သူတို့နှစ်ယောက်။

ကျန်းယွီမှာ မှတ်တမ်းစာအုပ်ကိုယူ၍ သူတို့နှစ်ယောက်ထံမှ မှတ်တမ်းယူရသည်။

ကျိုးပိုဟောက်မှာ ဘားထဲတွင်ရှိစဉ်က နားကွင်းများ လည်ဆွဲများနှင့် ရှုပ်ယှက်ခတ်နေအောင် ဝတ်စားထားသော်လဲ အဖမ်းခံလာရသောအချိန်တွင် ရေချိုးကန်မှ ပြေးလာရသည်ဖြစ်၍ ရေချိုးဝတ်စုံသာရှိသည့်အတွက် အတော်လေး ကွဲပြားနေသည်။

ကျိုးပိုဟောက်၏ နှာခေါင်းဖျား ခြေဖျားလက်ဖျားများအားလုံး အအေး‌ဒဏ်ကြောင့် နီရဲနေသည်။ ထို့နောက် ခေါင်းငုံ့ရင်း ပြောနေ၏။
" ကျွန်တော် ဝန်ခံပါတယ်.. ထွက်ပြေးဖို့လဲ တကယ် ကြံစည်ခဲ့တာ မဟုတ်ပါဘူး"

" ကျန်းကျန်းနဲ့ ကျွန်တော်စသိတုန်းက သူ့ကို တကယ်ချစ်ခဲ့တာပါ.. ဒါပေမဲ့ သူနဲ့အဝေးကြီးမှာလဲနေရတယ် တွေ့လဲမတွေ့ဖြစ်တော့ဘူးဆိုတော့.. ဒီလိုဖြစ်လာတာ ကျွန်တော်လဲ ထိန်းလို့ရတာမှ မဟုတ်ပဲ.. ကျွန်တော့်ကိုယ်ကျွန်တော် မကောင်းဘူးဆိုတာ သိပါတယ်.. ဒါပေမဲ့ ယောက်ျားတိုင်း လုပ်မိတဲ့အမှားမျိုးပဲ လုပ်မိတာပါ"

ကျိမင်ရွေ့ : " ယောက်ျားတိုင်းလို့မပြောနဲ့လေ.. မင်းကိုယ်မင်း လူလို့ မသတ်မှတ်နဲ့ အမှိုက်ပုံးထဲပဲ နေရမှာ"

ကျိုးပိုဟောက်က တောင်းဆိုသည်။
" ရေလေးတစ်ခွက်လောက် သောက်လို့ရမလား"

ရေနွေးခွက်ကို ကိုင်၍ နှာခေါင်းတရှုံ့ရှုံ့လုပ်နေသည်။
" အဲ့ဒီ့ညက ကျန်းကျန်း ကျွန်တော့်ကို လာတွေ့ပြီး ဘားမှာ ရှက်စရာဖြစ်အောင် လုပ်သွားတာ..  အဲ့ဒါ မန်နေဂျာနဲ့ ကျွန်တော်စကားများပြီး မန်နေဂျာက အလုပ်ထုတ်လိုက်တယ်.. ကျွန်တော် အလုပ်ပြုတ်သွားတာပေါ့.. သူ့အပေါ် အားတော့နာပေမဲ့ အလုပ်လုပ်နေတဲ့နေရာကို ဒီလိုပြဿနာလာရှာတာတော့ မဖြစ်သင့်ဘူးလေ"

....

ချီချင်းစိတ်ထဲ ထိုသူ၏ တခြားအတွေး ဝင်မလာ။ ကြည့်ရတာ သူ အမှန်တွေသာ ပြောနေပုံရ၏။

ကျိုးပိုဟောက်က ဆက်ပြောသည်။
" စိတ်ထဲကနေ သူ့ကိုအပြစ်တင်နေတာ.. ပြီးတော့ သူ့ကို ပြောစရာတွေလဲ ရှိသေးတယ်.. သူ့အပေါ်မှာလဲ စိတ်ရင်းရှိသေးတော့ တောင်းပန်ချင်တာလဲ ပါတယ်"

"စိတ်ရင်းရှိသေးတယ်??"
ဆုရှောင်းလန်က အေးစက်စက်ပြောသည်။
" မထင်ပါဘူး"

ကျိုးပိုဟောက်က ဆုရှောင်းလန်ကို မော့ကြည့်ကာ ဆက်ပြောသည်။
" ခင်ဗျား သူ့ကို ပြန်လိုက်ပို့တာ တွေ့လိုက်တယ်.. ခင်ဗျားကား ပြန်ထွက်သွားတာကိုစောင့်ပြီးမှ သူ့နောက် လိုက်သွားတာ.. သူ တော်တော်လေးဒေါသထွက်နေပေမဲ့ ကျွန်တော့်ကို တံခါးတော့ ဖွင့်ပေးသေးတယ်.. ဒါပေမဲ့ ကျွန်တော်တို့ မပြေလည်ခဲ့ဘူး... သူ စိတ်မတည်ငြိမ်သေးတော့ ကျွန်တော့်ကို တစ်ခုခုနဲ့ရိုက်ပြီး ထွက်သွားခိုင်းတယ်.. နောက်လဲ ကျွန်တော်ဘယ်မှာလုပ်လုပ် အရှက်လိုက်ခွဲပြီး မနေနိုင်အောင် လုပ်မှာတဲ့"

အခန်းထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ခြေရာလက်ရာများရှိနေသည်က အမှန်ပင်။

သို့သော် ရှဲ့လင် ‌နားထောင်ရင်း တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားလာရသည်။

" မင်း ထင်လား"
ရှဲ့လင် ဝင်ပြောလိုက်သည်။
" ဒီလိုအခြေအနေမျိုးဆို သူ့မှာ ဘယ်လောက်ပဲ လူသတ်ချင်စိတ်ရှိရှိ သူ့ကိုမချစ်ပဲ ဒုက္ခလိုက်ပေးမယ်လို့ ခြိမ်းခြောက်နေတဲ့ မိန်းကလေးမျိုးကို အတင်းလိင်အကြမ်းဖက်ပြီး သတ်ပစ်ဖို့ ရွေးမယ်လို့လေ"

ချီချင်းက မိန်းကလေး သေသွားသည်ဆိုတာကလွဲပြီး တခြားအချက်အလက်များကို မသိ။
" ဘာ"

" သူ့ပုံစံက ဒီလိုမျိုးနဲ့ ကျေနပ်မဲ့သူမျိုးမဟုတ်ဘူး.. သူ့ရည်းစားက သူ့အပေါ်ဖောက်ပြန်သွားတာလဲ မဟုတ်ဘူး.. ယောက်ျားမာနထိခိုက်လို့ သူ မကျေနပ်တာ... တခြားဥပမာတွေလဲ အများကြီးရှိတာပေါ့.. တိုတိုပြောရရင် သူက အဲ့ဒီ့အပေါ်မှာ သာယာမှုယူစရာမလိုဘူး..  ဒီလိုသတ်ဖြတ်မှုမျိုးက သာယာမှုကြောင့် ဖြစ်ထားတာ.. သူ့အတွက်က သာမန်လမ်းခွဲမှုမျိုးပဲလေ.. အလွန်ဆုံးသတ်မိရင် စိတ်မထိန်းနိုင်လို့ မတော်တဆ သတ်မိတာပဲ.. "
ထို့နောက် ရှဲ့လင်က ချီချင်းကို စိုက်ကြည့်သည်။
" မိန်းကလေး လိင်အကြမ်းဖက်ခံရတာ မင်း မသိဘူးလား"

ရေချိုးကန်တွင် ကြားလိုက်ရသော စကားများကို ချီချင်း ပြန်တွေးနေသည်။

~~~ ငါ သူ့ကို သတ်ဖို့ မရည်ရွယ်ပါဘူး~~~

တမင်ရည်ရွယ်တာ မဟုတ်ဘူး...

တကယ်လို့ လိင်အကြမ်းဖက်ပြီးမှ သတ်မယ်ဆိုရင် ဘာလို့ မရည်ရွယ်ဘူးလို့ ပြောရတာလဲ

မတော်တဆဆိုသော အဓိပ္ပါယ်က အမှတ်တမဲ့ လက်လွန်သွားတာကို ပြောတာမဟုတ်ဘူးလား...

စစ်မေးခန်းထဲတွင် ကျိုးပိုဟောက်က ဆက်ပြောနေသည်။
" ဒီလို လူသတ်မိတာကို ကျွန်တော့်မိသားစုတွေ သိသွားမှာလဲ ရှက်မိပါတယ်.. ကျွန်တော့်ဘက်က ဝန်ခံတာဆိုတော့ အပြစ်နည်းနည်းလျော့မှာပေါ့.. ဥပဒေက ကျွန်တော့်အမှားကို နည်းနည်းကြည့်ပေးဖို့ မျှော်လင့်..."

" လိုရင်းကိုသာ ပြောစမ်းပါ"
ဆုရှောင်းလန်က စားပွဲကို ခေါက်လိုက်သည်။

" အာ.. အဲ့ဒီ့တုန်းက ကျွန်တော့်စိတ်အခြေအနေ အရမ်းမကောင်းပါဘူး"
ကျိုးပိုဟောက်က ဆက်ပြောသည်။
" ဒေါသထွက်လွန်းလို့‌ ခေါင်းထဲ သေချာမတွေးနိုင်တော့လို့. သူနဲ့ ရန်ဖြစ်ဖို့ တကယ်မရည်ရွယ်ပါဘူး.. ဒါပေမဲ့ သူ့စကားတွေက တဖြည်းဖြည်း လွန်လာတာနဲ့..."

ဆုရှောင်းလန်က မျက်လုံးများရဲကာ ဝင်ပြောလိုက်သည်။
" အဲ့ဒါနဲ့ပဲ မုဒိမ်းကျင့်ပြီး သတ်လိုက်တယ်ပေါ့"

" ကျွန်တော်"
ကျိုးပိုဟောက် အတန်ကြာသည်အထိ စကားမပြောနိုင်ပဲ ကြောင်ကြည့်နေသည်။
" မုဒိမ်းကျင့်တယ်??"

ကျိုးပိုဟောက်မှာ အရင်နှစ်ရက်သုံးရက်အတွင်း ရဲလက်မှ ထွက်ပြေးနေရ၍ မူးနောက်နေသည်။ ရဲကားနှင့် စခန်းအထိ ရောက်လာချိန်တွင်တော့ သူ့တစ်ဘဝလုံး ထောင်ထဲကုန်ဆုံးရမည်ဟုတွေးကာ ငိုနေသော သူ့အမေမျက်နှာကိုပါ မြင်ယောင်လာသည်။
" ကျွန်တော် သူ့ကို တွန်းပဲ တွန်းလိုက်တာပါ.. ဗီရိုစောင်းနဲ့ ထိလို့ သူ သတိလစ်သွားတာနဲ့ ထွက်ပြေးလာတာ.. နောက်နေ့ရောက်တော့ သူ သေပြီဆိုတဲ့သတင်းကို ကြားလိုက်ရတာပဲ.. ဘာမုဒိမ်းကျင့်တာလဲ"
ကျိုးပိုဟောက် ရုတ်တရက် အသံမြှင့်လိုက်သည်။
" ကျွန်တော် သူ့ကို မုဒိမ်းမကျင့်ပါဘူး"

ရဲအသစ်လေးသုံးယောက် ကြောင်သွားကြသည်။

ဆုရှောင်းလန် : "??"

ကျန်းယွီ : "ဟမ်"

ကျိမင်ရွေ့ : "မင်း ဘာပြောလိုက်တာ"

" သူ့ ရည်းစားအသစ်ကို ထပ်ခေါ်"

နာရီဝက်အကြာတွင် ဆံပင်ရှည်နှင့် မိန်းကလေးက အရင်တစ်ခါ ထိုင်သည့်နေရာတွင် ထိုင်နေသည်။

" ကျွန်မကို သူ ဖုန်းခေါ်တုန်းက အသံတွေ အရမ်းတုန်နေတာ"
မိန်းကလေးက ဆက်ပြောသည်။
" သူက ကျန်းကျန်းကို တွန်းလိုက်မိတယ်တဲ့.. နောက်တစ်နေ့ ရဲ‌တွေရောက်လာပြီး ကျန်းကျန်းသေသွားပြီဆိုတဲ့ သတင်းထွက်လာတယ်.. သူ မတော်တဆ သတ်လိုက်မိပြီထင်တယ်တဲ့.. "

"..."

ကျိုးပိုဟောက်၏ စစ်ချက်အပြီးတွင် အလောင်းစစ်ဆေးချက်ရလဒ်လဲ ထွက်လာသည်။
" သူပြောတာ မှန်တယ်.. မသေခင် ဦီးခေါင်းဒဏ်ရာရထားတာ တစ်ခုရှိတယ်.. သေစေလောက်တဲ့ ဒဏ်ရာတော့ မဟုတ်ဘူး.. ခဏအကြာမှာ ပြန်သတိရနိုင်လောက်တယ်"

" ကျိုးပိုဟောက်က သူ့ကိုယ်သူ လူသတ်တယ်ထင်ပြီး ထွက်ပြေးနေတာ.. အဲ့ဒါဆို တရားခံက သေဆုံးသူ လုံးဝမသိတဲ့သူလဲ ဖြစ်နိုင်တာပဲ"
ကျိမင်ရွေ့က စာရွက်များလှန်လှောရင်း ပြောနေသည်။
" ဒါပေမဲ့ အဲ့ဒါကလဲ မဖြစ်နိုင်ပြန်ဘူး.. အတင်းအကြပ်ဝင်ရောက်ထားတဲ့ ခြေရာလက်ရာမှ မရှိတာ.. သေဆုံးသူက အပြင်ကနေ မှာစားတာလဲမဟုတ်ဘူး.. ပါဆယ်လဲ မမှာထားဘူး.. သတင်းစာယူတာ ဘာညာလဲ မရှိဘူး.. သိတဲ့သူမဟုတ်ရင် ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ"

ထိုအချိန်မှစ၍ လူသတ်မှုသည် အိမ်ဖောက်ထွင်းဝင်ရောက်မှုနှင့် သတ်ဖြတ်မှုအဖြစ် ပြောင်းလဲသွားတော့သည်။

အရင်က ကောက်ချက်ချထားသည်များအားလုံး ပြန်လည်ပြင်ဆင်ရတော့၏။

မိန်းကလေးတစ်ယောက်ဖြစ်သော ဆုရှောင်းလန်သည်ပင် တစ်ယောက်ထဲနေရင်း သူ့အိမ်ထဲ တခြားသူတစ်ယောက် ဝင်နေ‌နိုင်သည်ကို တွေးမိတော့ ကျောချမ်းလာသည်။

.....

ပိုးသတ်ဆေးနှစ်ဘူးဝယ်ရာမှ တစ်နေကုန်သွားမည်ကို ချီချင်းမမျှော်လင့်ထား။

ပလတ်စတစ်အိတ်ကိုင်ရင်း လမ်းလျှောက်လာစဉ် အနောက်မှ ကားဟွန်းသံနှစ်ချက်ကို ကြားလိုက်ရသည်။ အရင်တစ်ခေါက်က သူ့ကိုအိမ်ပြန်ပို့ပေးရန် ကားမောင်းသည့် ‌app ထဲပင် ဝင်ခဲ့သည့်အဖြစ်ကို ပြန်စဉ်းစားမိတော့ ချီချင်းလဲ အချိန်ကုန်ခံ၍ အတိုက်အခံမလုပ်တော့ပဲ ရေလိုက်ငါးလိုက် လုပ်ရန်သာ ‌တွေးထား၏။

ဘာပဲဖြစ်ဖြစ် အချိန်ကုန် သက်သာတာလဲ ကောင်းတာပဲလေ။

ချီချင်းက စီးပွားရေးဆန်ဆန် ပြောသည်။
" အော်ဒါအရင် လက်ခံလိုက်"

ရှဲ့လင်သည်လဲ ဖုန်းထုတ်၍ ဒုတိယအကြိမ် ကားအော်ဒါလက်ခံလိုက်သည်။
" အိုခေ"

ဒီတစ်ခါတော့ သူတို့နှစ်ယောက် လမ်းတွင် ဘာစကားမှ မပြောကြ။ ချီချင်းက လမ်းတစ်လျှောက်လုံးမှ ဆူညံသံများကို တောင့်ခံကာ သူတို့နေထိုင်ရာ ရပ်ကွက်ရှိ ကားပါကင်အထိပင် ရောက်လာသည်။

ကားရပ်ပြီး ဓာတ်လှေကားစောင့်နေချိန် ရှဲ့လင်က သွားနေသော ဓာတ်လှေကားအထပ်နံပါတ်များကို ကြည့်၍ ရုတ်တရက် စကားစသည်။
" ခုနက ရေချိုးကန်ရှေ့မှာ မင်းသူငယ်ချင်းက တရားခံလာဖမ်းတာလို့ မပြောမိပါဘူး"

ချီချင်းမှာ အစကတော့ ဓာတ်လှေကားကို ကျောမီ၍  ပလတ်စတစ်အိတ်ကိုင်ထားသော လက်ကို ဘေးချရင်း ရပ်နေခြင်းဖြစ်၏။ နက်မှောင်နေသော မျက်ဆံလေးများမှာ နဖူးပေါ်မှာ ဆံပင်နက်လေးများနှင့် ရောထွေးနေသည်။ ထိုစကားကြောင့် တစ်ဖက်လှည့်သွား၏။

ချီချင်း စိတ်ထဲမှ တွေးနေသည်က
.. ကျိမင်ရွေ့ ဘာမှမပြောလိုက်ဘူးလား...

အခု‌တလော သူ့နားထဲ အသံများရောထွေးနေသောကြောင့် စိတ်ထဲမှ စကားသံလား အပြင်ကအသံလားဆိုသည်ကို ခွဲရခက်နေသည်။ ထို့အပြင် မေ့လဲ မေ့ကုန်သည်။

" မှန်းကြည့်တာလေ"

ရှဲ့လင်က ဒီလောက်ထိ အသေးစိတ်လေးများကို သတိထားမိနေမည်ဟု ချီချင်း မထင်ထား။ ကြောင်သတ်မှုကို ဖော်ထုတ်သော အချိန်မှ စ၍ ချီချင်း သတိထားမိခဲ့သည်က ရှဲ့လင်မှာ အပေါ်ယံတွင် ပြုံးရယ် စကားပြောနေသော်လဲ အရူးလုပ်ရန် ခက်သူတစ်ယောက် ဖြစ်၏။
" သူ လူသတ်မှုနောက် လိုက်နေတယ်ဆိုတာ ကျွန်တော် သိထားတယ်လေ.. အဲ့ဒီ့လိုအချိန်မှာ တရားခံဖမ်းဖို့လာတယ်ဆိုတာ ခန့်မှန်းရမခက်ပါဘူး"

ဓာတ်လှေကားက အပေါ်ဆုံးထပ်မှနေ၍ တစ်ထပ်ချင်း ဆင်းလာနေသည်။

" တကယ်တိကျတဲ့ ခန့်မှန်းချက်ပဲ"
ရှဲ့လင်၏ စမ်းသပ်မှုက ချက်ချင်းပြီးဆုံးသွားသည်။ သူသိချင်သည့် အဖြေရပြီးပြီးချင်း သဲလွန်စမကျန်ပဲ စကားလမ်းကြောင်းလွှဲလိုက်၏။
" ဓာတ်လှေကားတောင် ရောက်ပြီ"

သူတို့ရှေ့ရောက်လာသော ဓာတ်လှေကားတံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။

ချီချင်းလဲ အသစ်စက်စက် ငှားထားသော အခန်းထဲ ပြန်ရောက်တော့ ပရိဘောဂများကို ပိုးသတ်ဆေး လိုက်ဖြန်းရသည်။

ထုံးစံအတိုင်း မီးမဖွင့်ပဲ TV ကိုသာ ဖွင့်ထားသည်။ တစ်အိမ်လုံးကို TV မှလာသော အပြာရောင်အလင်းနှင့်သာ လွှမ်းခြုံ့ထား၏။

အခန်းပြောင်းပြီးတာ‌တောင်မှ နားဆူနေသည်ကို ခံစားနေရသည်။ တစ်နေ့လုံး ဆူဆူညံညံ ဖြတ်သန်းခဲ့ရ၍လားမသိ။ အသံတို့က သူ့နားထဲ ပြည့်ကျပ်နေကာ ခေါင်းကိုက်နေ၏။

ဒီနေ့ကိုပါ တွက်ကြည့်လျှင် သူ ခေါင်းကိုက်နေတာ ရက်အတော်ကြာပြီ။

ပရိဘောဂများ ပိုးသတ်ဆေးဖြန်းပြီးနောက် ရာဘာလက်အိတ်ချွတ်ကာ သူ့နဖူးသူ ပြန်စမ်းမိသည်။ ထိုအခါမှသာ ဟိုအရင်တစ်ခါက မိုးမိခဲ့သည်က မပျောက်သေးသည့်အပြင် တစ်နေကုန် လျှောက်သွားနေခဲ့သည့်အတွက် ဖျားနေသည်ကို သိလိုက်ရ၏။

ချီချင်းလဲ TV အလင်းရောင်အကူအညီနှင့် ဆေးသေတ္တာထုတ်ကာ အဖျားပျောက်ဆေးကို ဖတ်ကြည့်သည်။

ဒိတ်လွန်နေသည်မှာ အတော်လေးပင် ကြာနေပြီ။

ချီချင်းလဲ ဆေးမသောက်တော့ပဲ ဆိုဖာပေါ်တွင်သာ အိပ်ပျော်သွားလေရာ ဖုန်းမြည်သံကြောင့် လန့်နိုးလာ၏။

.. ရှဲ့လင်မှ လူကြီးမင်းကို ဖုန်းခေါ်နေပါသည်....

" အရာရှိကျိက သူ ဟိုတစ်ခါငှားထားတဲ့ အင်္ကျီ ကိုယ်နဲ့ ထည့်ပေးလိုက်တယ်.. မင်းကို ပြန်ပေးပေးပါတဲ့"
ဖုန်းကိုင်ကိုင်ချင်း ကြည်လင်ချိုသာသော ရှဲ့လင်၏ အသံများ သူ့နားထဲ တဖြည်းဖြည်းချင်း စီးဝင်လာသည်။
" ခုနက ကားပေါ်မှာ ပေးဖို့မေ့သွားလို့.. မင်း အခု အိမ်မှာရှိတယ်မလား"

ရှဲ့လင်က စကားနည်းနည်းသာ ပြောရသေးသော်လဲ ဆွဲဆောင်မှု အပြည့်ပင်။

သို့သော် ချီချင်းက ထိုခံစားချက်များကို လက်ခံနိုင်သည့် အခြေအနေမရှိ။

အဖျားက လူအများ၏ အာရုံခံစားမှုကို ပြောင်းလဲစေနိုင်သည်။ ဖျားနေသောကြောင့် တချို့အာရုံများ အားနည်းနေသော်လဲ ရက်ပိုင်းအတော်ကြာသည်အထိ အလုပ်လုပ်ထားရသော သူ့နားထဲတွင်တော့ အသံတို့က ပိုပိုစူးရှလာသည်။

ဘယ်လောက်ပဲ တိုက်ခန်းထဲတွင် လူသိပ်မရှိဘူးပြောပြော လူမနေသည့် တိုက်အပျက်ကြီးမှ မဟုတ်ပဲ။

ချီချင်းမှာ အသံများ ဆူညံနေသောကြောင့် သူ ကြားနေရသည့်အသံမှာ ဖုန်းထဲကလား အပြင်ကလား မခွဲခြားနိုင်တော့။

တစ်ဖက်မှ ရှဲ့လင်မှာ စကားအနည်းငယ် ထပ်ပြောသော်လဲ ချီချင်းထံမှ တုံ့ပြန်ခြင်းမရှိ။

" ကိုယ်ပြောတာ ကြားလား.. ပြန်ဖြေလေ"

"..."

" ခေါင်းမူးနေလို့လား"

"..."

နောက်ဆုံးတွင်တော့ ရှဲ့လင်ဘက်မှ တိတ်ဆိတ်သွားသည်။ ထို့နောက် စကားပြန်ပြောသည့်အချိန် ချီချင်းအိမ်ရှေ့ရောက်နေသည်။
" တံခါးဖွင့်"

" မင်း တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ပါ.. တံခါးလေးတောါ ထဖွင့်.. မျက်နှာခဏလေးပဲ ကြည့်ပြီး အင်္ကျီပြန်ပေးပြီးရင် ပြန်မယ်"

ထိုအင်္ကျီကို ချီချင်း လွှင့်ပစ်ချင်နေသည်။

သို့သော် ဘယ်လောက်ပြောပြော တစ်ဖက်လူက လက်လျှော့မည့်ပုံမပေါ်သောကြောင့် သူကပဲ စိတ်လျှော့လိုက်ရသည်။
" တစ်ခါကြည့်ရုံပဲလား"

နောက်ဆုံးတော့ တစ်ဖက်မှ စကားသံကြားရသဖြင့် ရှဲ့လင် သက်ပြင်းချသွား၏။
" မင်းသာ သဘောကျမယ်ဆိုရင် အကြာကြီးကြည့်လဲ ရပါတယ်"

"..."

ချီချင်း တံခါးထဖွင့်သည့်အချိန်တွင် ရှဲ့လင်က ဖုန်းကိုင်ထားဆဲ။ ဆွယ်တာပါးပါးလေးတစ်ထည် လဲထားသည့်အတွက် စောစောက ပုံစံနှင့် ကွဲပြားနေသည်။ နဂိုထဲက လူအများကို စိတ်ယိုင်စေနိုင်သော ရှဲ့လင်မှာ အိမ်နေရင်း အသွင်အပြင်ကြောင့် ပို နူးညံ့နေပုံရသည်။

မျှော်လင့်ထားသည့်အတိုင်း ချီချင်းက တစ်ချက်ကြည့်ပြီးသည်နှင့် အင်္ကျီအိတ်ကို တံခါးကြားမှ ယူကာ တံခါးပိတ်ရန် ပြင်သည်။

" ခဏလေးပါ"
ရှဲ့လင်က တံခါးကြားထဲ လက်ထိုးထည့်ကာ တံခါးပိတ်မည်ကို တားလိုက်သည်။
" မင်း နေရတာ သက်သာရဲ့လား"

~~~ မင်းကို သူဌေးသမီးမို့လို့သာ ယူခဲ့တာ.. ဘယ်သူမှ မင်းလို မောက်မာတဲ့သူကို သည်းခံနိုင်မှာမဟုတ်ဘူး~~~

ဘယ်အထပ်က ဒရာမာခင်းနေလဲတော့ သူကိုယ်တိုင်လဲ မသိ။ ချီချင်းမှာ အတော်လေးခံရခက်နေသောကြောင့် တုံ့ပြန်မှုများ နှေးကွေးလာသည်။ ရှဲ့လင်စကားကို ပြန်ဖြေရန်ပင် အတော်အားယူလိုက်ရ၏။
" ဆူညံနေလို့"

" ဆူ‌ညံနေတယ်??"
ရှဲ့လင်မှာ သူ့စကားကို နားငြီးသည်ဟု ပြောတာမဟုတ်မှန်း သဘောပေါက်သည်။

လက်ရှိအချိန်တွင် တိုက်ခန်းထဲ သူ ဘာသံမှ မကြားရ။ ကြားနေရသည့် တစ်ခုတည်းသော အသံမှာ အပေါ်ထပ်မှ ပစ္စည်းများ ရွှေ့နေသော အသံသာဖြစ်သည်။ သို့သော် ဆူညံသည်ဟု ဆိုရလောက်အောင် မကျယ်။

ရှဲ့လင်မှာ ချီချင်းတွင်အသန့်ကြိုက်ရောဂါရှိသည်ကို ခေတ္တမျှ မေ့လျော့သွား၏။ တံခါးရှေ့ တားထားသည့် လက်ကို လွှတ်ကာ ချီချင်း၏ နားနှစ်ဖက်ကို တင်းတင်း အုပ်ကိုင်လိုက်သည်။
" အပေါ်မှာ ပစ္စည်းတွေ ရွှေ့နေတာနဲ့တူတယ်... မင်းအတွက် အရမ်းဆူနေတယ်ဆိုရင် ကိုယ် အပေါ်တက်ပြီး သွားပြောပေးမယ်လေ"

ချီချင်း အလန့်တကြားဖြစ်သွားသည်။ အိမ်တွင် တစ်ယောက်ထဲ ရှိနေသောကြောင့် လက်အိတ်ဝတ်မထား။ ထို့ကြောင့် ရှဲ့လင်လက်ကို ပြန်ဖြုတ်ရန် သူ့လက်နှင့် ကိုင်မိသွား၏။ သို့သော် လက်ချင်း ထိမိသွားသည့်ခဏတွင် သူ့နားထဲမှ အသံအားလုံး တိတ်ဆိတ်သွားလေသည်။

ဘယ်တိုက်ခန်းက ဖြစ်နေသည်မသိသော ဒရာမာရော.. ဘယ်အချိန်ထဲက သူ့နားထဲ ဝင်နေသည်မသိသော အသံပေါင်းစုံသည်ရော အက်ကွဲကွဲ အသံမျိုးစုံပါ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

........
End of part 22
Thank you all

ဒီတစ်ပိုင်း တော်တော်လေးရှည်တာ

Zawgyi

က်ိမင္ေ႐ြ႕ထံမွ စာဝင္လာသည္။
" ဘယ္လိုလဲ"

ခ်ီခ်င္း : " ဘာက ဘယ္လိုရမွာလဲ"

" မင္းရဲ႕အိမ္ေလ.. ‌ဒီေန႕ေျပာင္းတယ္ဆို အဆင္ေျပလားလို႔"

" က်န္းယြီရဲ႕ အိုင္ေဒါက သူ႕မွာ အိမ္အလြတ္တစ္လုံးရွိတယ္.. အဲ့ဒါ ဘယ္သူမွမငွားၾကလို႔ စိုးရိမ္ေနတာတဲ့... ငါလဲ တိုက္တိုက္ဆိုင္ဆိုင္ အဲ့အေၾကာင္းၾကားထားလို႔ မင္းတို႔ႏွစ္ေယာက္ အဆင္ေျပတယ္မလား.. မင္းလဲ ငွားစရာအိမ္ရတယ္ သူလဲ အိမ္ငွားလို႔ရတယ္"

က်ိမင္ေ႐ြ႕ႏွင့္ အဆက္အသြယ္ျဖတ္ပစ္ခ်င္သည့္ အႀကိမ္ေပါင္းမ်ားစြာရွိေသာ္လဲ ဒီေလာက္ထိ သူ စိတ္မတိုဖူးခဲ့။

ထို႔ေၾကာင့္ လက္အိတ္တစ္ဖက္ခြၽတ္ကာ စာျပန္ရိုက္သည္။
" မင္းနဲ႕ငါ သိလာတာ ႏွစ္ေတြၾကာၿပီေနာ္"

က်ိမင္ေ႐ြ႕ : " အင္းေလ ၾကာၿပီေပါ့.. အထက္တန္းေက်ာင္းထဲကဆိုေတာ့"

ခဏအၾကာတြင္ ျဖဴဆြတ္ေနေသာ လက္ေခ်ာင္းမ်ားက စာတစ္ေစာင္ကို ရိုက္ေနသည္။
" အဲ့ဒါဆို ငါတို႔ရဲ႕ သူငယ္ခ်င္းဆက္ဆံေရးကို ဒီမွာရပ္လိုက္လဲ ရတာပဲ"

က်ိမင္ေ႐ြ႕ : "??"

တစ္ခ်ိန္ထဲတြင္ ရွဲ႕လင္က တံခါးကိုမွီ၍ သူ႕ကိုစိုက္ၾကည့္ေန၏။
" အကူအညီလိုေသးလား.. ကိုယ္ မနက္စာပိုလုပ္ထားတယ္... အထဲဝင္ၿပီး ခဏထိုင္ဦးမလား"

ခ်ီခ်င္းက ဖုန္းကိုေဘးခ်လိဳက္သည္။
" ဒီအခန္းမွာ ခင္ဗ်ားေနတယ္ဆိုတာ ဘာလို႔မေျပာတာလဲ"

ေမးခြန္းကို ႀကိဳသိေနေသာ ရွဲ႕လင္က အရွက္လုံးဝမရွိပဲ ျပန္‌ေျဖသည္။
" ကိုယ္ေျပာလိုက္ရင္ မင္း ငွားဦးမွာမို႔လို႔လား"

ခ်ီခ်င္း : " မငွားဘူး"

ရွဲ႕လင္ : " အဲ့ဒါပဲေလ"

"..."

" ကိုယ္တို႔လို စီးပြားေရးသမားေတြဆိုတာ"
ရွဲ႕လင္က ‌ဆက္ေျပာသည္။
" ကိုယ္လိုခ်င္တဲ့ပန္းတိုင္ကိုေရာက္ဖို႔ လိုအပ္တာေလးေတြ လုပ္ရတယ္.. ကိုယ္မင္းကို လိမ္ေျပာခဲ့တာမွ မဟုတ္တာ... မ်က္ႏွာခ်င္းဆိုင္အခန္းမွာေနတဲ့သူက တကယ္ေကာင္းတာပဲေလ... အိမ္နီးခ်င္းေတြဆိုတာ ေသြးေဝးတဲ့ေဆြမ်ိဳးေတြထက္ေတာင္ေကာင္းေသးတယ္.. တစ္ေယာက္နဲ႕တစ္ေယာက္ အမွီျပဳၿပီး ေနၾကရမွာပဲကို"

ရွဲ႕လင္၏မိသားစုတြင္ ႀကီးမားေသာ စီးပြားေရးေနာက္ခံရွိေသာ္လဲ ရွဲ႕လင္ကိုယ္တိုင္က ေအာင္ျမင္ေသာ စီးပြားေရးတစ္ေယာက္ မျဖစ္ခ်င္ဟု က်ိမင္ေ႐ြ႕က ခ်ီခ်င္းကို ေျပာျပဖူးသည္။ သူတို႔အိမ္အလုပ္မ်ားကို တစ္ေယာက္ေယာက္ကို လႊဲထားကာ သူကိုယ္တိုင္ကေတာ့ ဇိမ္ခံကားေလးေမာင္း၍ ဟိုဒီ ေလွ်ာက္သြားလိုက္ ေဆးခန္းသြားျပလိုက္ လုပ္ေနသည္ဟု ဆိုသည္။ ထို႔အျပင္ လူသတ္မႈျဖစ္သည့္ေနရာမ်ားကိုလဲ လိုက္ၾကည့္တတ္သည္တဲ့။

ခ်ီခ်င္း၏ ဆရာဝန္က သူ႕ကို လူမ်ားမ်ားႏွင့္ ေျပာဆိုဆက္ဆံရန္ ၫႊန္ၾကားခဲ့သည္။

သို႔ေသာ္ လူႏွင့္ အ႐ူးၾကားတြင္ ကြာျခားခ်က္အႀကီးႀကီးရွိ၏။ အ႐ူးက လူေတာ့မဟုတ္။ သူ႕စိတ္က်န္းမာေရးအတြက္ ရွဲ႕လင္လိုအ႐ူးႏွင့္ေတာ့ သူ ေဝးေဝးေနသင့္သည္။

" ကြၽန္ေတာ့္အခန္းကို တံခါးလာမေခါက္နဲ႕.. ကြၽန္ေတာ့္အတြက္ အိမ္နီးခ်င္းမလိုဘူး...အိမ္နီးခ်င္းေကာင္းဆိုတာ လူေသလို တိတ္တိတ္ေလး ေနေပးရမယ္"
လက္ႏွင့္မထိပဲ အေတြးမ်ားကို ၾကားေနရေသာ္လဲ လက္အိတ္ဝတ္သည့္အက်င့္ကိုေဖ်ာက္လို႔မရ။
" မဟုတ္ရင္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ကြၽန္ေတာ္ႀကိဳးစားရလိမ့္မယ္"

ပစၥည္းေ႐ႊ႕ေျပာင္းသူမ်ားက ေနာက္ဆုံးေသတၱာကို ေ႐ႊ႕ေနၾက၏။ ခ်ီခ်င္း အခန္းထဲျပန္မဝင္ခင္ ရွဲ႕လင္ကို ေျပာခဲ့ေသးသည္။
" ခင္ဗ်ားရဲ႕ မနက္စာကိုေတာ့ ကိုယ့္ဟာကိုယ္ပဲ စားလိုက္ပါ"

ခ်ီခ်င္းက အိမ္ထဲတြင္ ပုံထားေသာ ပစၥည္းမ်ားကို ေသခ်ာၾကည့္ကာ လက္အိတ္အမည္းခြၽတ္၍ ေဆး႐ုံသုံးရာဘာလက္အိတ္ကို စြပ္သည္။ ထို႔ေနာက္ ျပင္ထားေသာ ပိုးသတ္ေဆးရည္မ်ားႏွင့္ ျဖန္း၏။

သို႔ေသာ္ အမ်ားႀကီးသုံးလိုက္ရေသာေၾကာင့္ ပိုးသတ္ေဆးရည္သိပ္မက်န္ေတာ့။ ကုန္ခါနီး ေဆးဘူးကို လႈပ္ၾကည့္ရင္း အနီးဆုံးပိုးသတ္ေဆးေရာင္းသည့္ဆိုင္ကို ရွာၾကည့္ရသည္။

ဒီအိမ္၏ ပတ္ဝန္းက်င္မွာ အေတာ္ေလးသန႔္၏။ သို႔ေသာ္ သန႔္သည္ဆိုသည့္ေနရာတြင္ အိမ္အသုံး‌အေဆာင္ပစၥည္းဆိုင္မ်ားက အေတာ္ေဝးေဝးတြင္ ရွိေနသည္။အိမ္တိုင္ရာေရာက္ ပစၥည္းပို႔ေပးသည့္ ဆိုင္မ်ားတြင္လဲ ပိုးသတ္ေဆးမရွိ။

ခ်ီခ်င္းလဲ ဘာမွမတတ္နိုင္ေတာ့ပဲ အျပင္ထြက္ဝယ္ရန္ ျပင္ရေတာ့သည္။

သူ႕ဖုန္း GPS  မွ ျပေသာ အနီးဆုံးဆိုင္မွာ ႏွစ္ကီလိုမီတာေက်ာ္ေဝးကာ အမ်ားသုံးေရခ်ိဳးကန္ႏွင့္ ကပ္လ်က္တည္ရွိ၏။

က်ိမင္ေ႐ြ႕က ခ်ီခ်င္းဘာေတြျဖစ္ေနမွန္းမသိရွာ။ က်ိဳးပိုေဟာက္ပုန္းေနနိုင္မည့္ေနရာမ်ားကို လိုက္ရွာရ၏။ သူ႕အတြက္ ပထမဆုံးစုံစမ္းရသည့္လူသတ္မႈျဖစ္သည့္အတြက္ ဘာမွသိပ္မကူနိုင္ေသာ္လဲ အားအင္မ်ားတက္ႂကြေနသည္။

ဖုန္းျပန္ခ်ကာ လက္ထဲမွ အသင့္စားေခါက္ဆြဲဘူးကိုယူ၍ ကားထဲထိုင္စားေလသည္။ စားေနရင္း က်ိဳးပိုေဟာက္၏ကိုယ္ေရးအက်ဥ္းကို ထိုင္ဖတ္သည္။
" သူက ဒီနယ္ခံ... မေန႕က အစစ္ခံလိုက္ရတဲ့ သူ႕ရည္းစားေကာင္မေလးအသစ္ ေျပာတာကေတာ့ ရွက်င္းၿမိဳ႕ကို ထြက္ေျပးသြားတယ္တဲ့.. တစ္ခုခုေတာ့ မွားေနသလိုပဲ.. "

သံသယရွိသူ၏ ရည္းစားအသစ္မွာ ေသဆုံးသူ၏ အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္၏။

မေန႕ညက တစ္ညလုံးစစ္ေမးခန္းထဲထိုင္ကာ မသိဘူးဟု ေျပာခဲ့သည္။
" ကြၽန္မ သူနဲ႕ ျပတ္သြားပါၿပီ ..  သူနဲ႕အတူရွိေနရင္ က်န္းက်န္းကို အားနာလာလို႔"

" ဒါေပမဲ့ အရင္က‌ ဘာလို႔ သူ႕ဆီက လုယူခဲ့တာလဲ"

" ကြၽန္မ ႐ုန္းကန္ေနခဲ့ရတာ ၾကာပါၿပီ"
သူမ ေခါင္းငုံ႕၍ ျပန္ေျဖသည္။
" ေတာင္ပိုင္းကို ကြၽန္မေရာက္လာေတာ့ ဒီေနရာနဲ႕ သိပ္အသားမက်လိဳ႕ အလုပ္မွာဖိအားေတြ တအားမ်ားခဲ့တယ္.. သူကေျပာတယ္ ကြၽန္မက က်န္းက်န္းရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္းမို႔လို႔ သူ ကူညီေပးမယ္တဲ့.  ကြၽန္မလဲ ဘာမွမလုပ္တတ္တာနဲ႕ လက္ခံလိုက္မိတာပါ"

" သူ ဘယ္သြားလဲ မသိဘူးေပါ့.. မေန႕ညက မင္းနဲ႕ ဖုန္းေျပာၾကေသးတယ္မဟုတ္ဘူးလား"

"..."

.....

က်ိမင္ေ႐ြ႕မွာ  ကားအျပင္မွ သြားလာေနေသာ လူအုပ္ႀကီးကိုၾကည့္ရင္း သက္ျပင္းခ်သည္။
" သူ ဘယ္ကိုသြားတာ ျဖစ္နိုင္မလဲ"

.....

" သံသယတရားခံကို အခုထိ မမိေသးဘူး"
ဝူက်ီပင္းက ျပတင္းေပါက္နားတြင္ရပ္၍ ရွဲ႕လင္ကို ဖုန္းေခၚသည္။

ရွဲ႕လင္မွာ သူကိုယ္တိုင္ျပင္ထားေသာ မနက္စာႏွစ္ခုကိုၾကည့္၍ တစ္ခုကိုေ႐ြးကာ ဝူက်ီပင္းကို ‌ျပန္‌ေျဖသည္။
" သူ႕လိုအေျခအေနမ်ိဳးမွာ ေျပးမယ္ဆိုရင္ သူကြၽမ္းကြၽမ္းက်င္က်င္ သြားလာနိုင္တဲ့ေနရာ ဒါမွမဟုတ္ ခ်က္ခ်င္းရနိုင္တဲ့ ေလယာဥ္နဲ႕ ေျပးမွာပဲ .. အခ်ိန္က အရမ္းအေရးႀကီးတာကိုး"

" ဒါေပမဲ့ သူ တစ္ခုမွ လုပ္နိုင္မွာမဟုတ္ဘူး.. ရွက်င္းၿမိဳ႕မွာ သူသိတဲ့လူေတြ မရွိဘူး.. ၿပီးေတာ့ ရွက်င္းၿမိဳ႕ကို သြားမဲ့ေလယာဥ္က ‌ေလးငါးနာရီေလာက္ေစာင့္ရမွာ"

ဝူက်ီပင္း : " မင္းေျပာခ်င္တာက..."

ရွဲ႕လင္က ေပါင္မုန႔္ကိုတစ္ဝက္ပိုင္း၍ သူ႕အေတြးကို ဆက္ေျပာေနသည္။
" ရွက်င္းၿမိဳ႕ဆိုတာက သူ႕အတြက္စိမ္းသက္‌တဲ့ေနရာတစ္ခု.. သူ ထြက္သြားတယ္ဆိုတာ မျဖစ္နိုင္ဘူး"

" လူတစ္ေယာက္က ပိုေၾကာက္ေနေလေလ မရင္းႏွီးတဲ့ေနရာကို သြားဖို႔ တြန႔္ဆုတ္ေလေလပဲ.. သူ႕မွာ မွတ္ပုံတင္မရွိတဲ့အတြက္ မွတ္ပုံတင္မလိုပဲ ညအိပ္နိုင္တဲ့ေနရာေတြမွာ ပုန္းခ်င္ ပုန္းေနနိုင္တယ္"

" ဥပမာ.. အင္တာနက္ဆိုင္တို႔..  ဆံပင္ဆိုင္တို႔.. ညလုံးေပါက္ စစ္တုရင္ေဆာ့တဲ့ေနရာ.."
ရွဲ႕လင္က မနက္စာစားၿပီးေနာက္ ဝရန္တာသို႔ ေလွ်ာက္လာသည္။ ရာသီဥတုေကာင္းေသာေၾကာင့္ ေနသာေနသည္။ သို႔ေသာ္ ရွဲ႕လင္က သံသယတရားခံ၏ အတြင္းစိတ္ထဲေရာက္ရွိေနသည္။ ေႏြးေထြးေသာ ေနေရာင္ျခည္ေအာက္တြင္ မ်က္လုံးက်ဳံ႕ကာ ဆက္ေျပာ၏။
" ဒါမွမဟုတ္ အမ်ားသုံးေရခ်ိဳးကန္"
......

" သူ ဘယ္ကို သြားနိုင္မလဲ"
က်ိမင္ေ႐ြ႕ ေတြးေနရင္း သူ႕ကားမွန္ကို လူတစ္ေယာက္ လာေခါက္သည္။

ဆုေရွာင္းလန္မွာ ေစာေစာကမွ ဝယ္ခဲ့ေသာ ေပါင္မုန႔္ကိုင္၍ က်န္လက္တစ္ဖက္ႏွင့္ ဖုန္းကို အိတ္ကပ္ထဲ ျပန္ထည့္သည္။ က်ိမင္ေ႐ြ႕ ကားမွန္ခ်သည့္အခ်ိန္ ဆုေရွာင္းလန္က ေျပာေနသည္။
" ပင္းေကာကေျပာတယ္ အင္တာနက္ဆိုင္ စားေသာက္ဆိုင္ အမ်ားသုံးေရခ်ိဳးကန္တို႔မွာ ရွာရမယ္တဲ့.. အတိုခ်ဳပ္ေျပာရရင္ မွတ္ပုံတင္မျပပဲ ညအိပ္လို႔ရတဲ့ေနရာမ်ိဳး"

......

ခ်ီခ်င္းေရာက္ေနသည့္ ကုန္တိုက္မွာ ပစၥည္းအမ်ိဳးေပါင္းမ်ားစြာ စုံေသာ ကုန္တိုက္ႀကီးတစ္ခုျဖစ္၏။ ကုန္တိုက္ထဲ လူမ်ားသြားလာေနၾကေသာေၾကာင့္ ကပ္လ်က္တြင္ရွိေသာ ေရခ်ိဳးကန္မွာ အနည္းငယ္ေျခာက္ကပ္ေနပုံေပၚသည္။ ေရခ်ိဳးကန္ေရွ႕မွ ဆိုင္းဘုတ္တြင္ မီးထြန္းမထား လူလဲသိပ္မရွိ။ ေရခ်ိဳးကန္ဖြင့္ရန္ အခ်ိန္မက်ေသးပုံေပၚသည္။

ကုန္တိုက္ထဲတြင္ လူစုံေနေသာေၾကာင့္ ခ်ီခ်င္းနားထဲ အေတြးေပါင္းစုံ အသံေပါင္းစုံ က်ပ္သိပ္ေနေအာင္ ၾကားရ၏။

" အိုး.. နင္ ဒါ ဝယ္မလို႔လား"
အေဒၚႀကီးတစ္ေယာက္က ေျပာေနသည္။
" နိုင္ငံျခားက တင္ပို႔ထားတာေလ..  ငါလဲ အိမ္မွာသုံးေနတာ"

" ဟုတ္လား.. သုံးလို႔ေကာင္းလားရွင့္"
တျခားတစ္ေယာက္က ဝင္ေျပာ၏။

~~~ဟြန႔္.. တစ္ခ်ိန္လုံး ႂကြားေနတာပဲ.. နိုင္ငံျခားက တင္သြင္းတာပဲ သုံးတယ္ ဘာညာနဲ႕ .. သူတို႔တစ္မိသားစုလုံး အထည္ႀကီးပ်က္ျဖစ္ေနတာ လူတိုင္းသိတယ္~~~

သူတို႔နားတြင္ လူငယ္စုံတြဲတစ္တြဲ ရပ္ေနသည္။ တစ္စုံတစ္ေယာက္က ထိုစုံတြဲကို လာႏႈတ္ဆက္သည္။
" မင္းတို႔ႏွစ္ေယာက္ကို မေတြ႕ရတာေတာင္ အေတာ္ၾကာၿပီ.. ငါလဲ ငါ့မိန္းမနဲ႕ ေဈးလာဝယ္တာ.. မင္းကို အရမ္းအားက်တယ္ကြာ.. မိန္းမက ‌အိမ္မႈကိစၥပိုင္နိုင္ေတာ့ အျပင္အလုပ္ အာ႐ုံစိုက္လို႔ရတယေပါ့.. အိမ္ေထာင္ဆိုတာ ဒီလိုပဲျဖစ္ရမယ္ေလ"

" အဲ့ေလာက္အားက်ေနရင္ မင္းလဲ ငါ့မိန္းမလိုမ်ိဳး ရွာယူေလ"

~~~ ဘာအားက်စရာေကာင္းလို႔လဲ.... သူက အရင္ကလို ျပင္ျပင္ဆင္ဆင္ေနတာမဟုတ္ေတာ့ဘူး.. တစ္ေန႕တစ္ေန႕ ေျပာလိုက္ရင္လဲ ေဈးဖိုးအေၾကာင္း ကေလးေတြအေၾကာင္းပဲ.. သူနဲ႕ေနရတာ တေန႕တျခား ၿငီးေငြ႕လာတယ္~~~

ခ်ီခ်င္းက အကၤ်ီဇစ္ကို အျပည့္ဆြဲတင္ကာ ဘာမွမၾကားခ်င္ေယာင္ေဆာင္၍ သက္ျပင္းခ်ရင္း ေရွ႕ဆက္ေလွ်ာက္လာသည္။

ေနာက္က်က်န္ခဲ့ေသာ အသံမ်ား ေမွးမွိန္လာခ်ိန္တြင္ အသံအသစ္တို႔က သူ႕နားထဲ အနီးကပ္ဝင္ေရာက္လာျပန္၏။

" ေမေမ.. ေမေမ"
အသံစူးစူးေလးျဖစ္သည္။

မုန႔္မ်ားတင္ထားသည့္ စင္အစြန္းနားတြင္ ဂ်င္းဝမ္းဆက္ဝတ္ထားေသာ ေကာင္ေလးက ခုန္ဆြခုန္ဆြလုပ္ေနေသာ္လဲ စင္ေပၚက ဂ်ယ္လီဘူးကို မမွီေသး။

သူ႕မိခင္က သားျဖစ္သူကို လ်စ္လ်ႉရႈကာ တျခားတစ္ေယာက္ႏွင့္ စကားေျပာေနသည္။
" သား ကိုယ့္ဟာကိုယ္ေဆာ့ေနေနာ္... အေမ အန္တီဝမ္နဲ႕ စကားေျပာစရာေလးရွိလို႔"

~~~ ဒါေပမဲ့ စေတာ္ဘယ္ရီဂ်ယ္လီကို တကယ္စားခ်င္တဲ့ဟာကို~~~

ကေလးေလး၏ အသံမွာ သနားစရာေကာင္းလြန္းၿပီး အက္ကြဲကြဲအသံကေတာင္ ေၾကကြဲစရာေကာင္းေနသည္။ ခဏအၾကာတြင္ ငိုေတာ့မည့္အလား။

ခ်ီခ်င္းက ထိုေကာင္ေလးကို ၾကည့္ပင္မၾကည့္။ သို႔ေသာ္ အနားေရာက္ေတာ့ ခဏရပ္ကာ အကၤ်ီအိတ္ထဲ ထည့္ထားေသာ လက္ကိုအျပင္ထုတ္၍ စင္ေပၚမွ ဂ်ယ္လီကိုလွမ္းယူၿပီး ေအာက္ထပ္တြင္ တင္ေပးထားလိုက္သည္။

ကေလးငယ္ေလးမွာ ေၾကာင္အသြားသည္။ သို႔ေသာ္ ထိုအစ္ကိုႀကီး၏ နဖူးေပၚက်ေနေသာ ဆံပင္အခ်ိဳ႕ႏွင့္ သူ႕ေခါင္းေပၚ ျဖတ္သြားသည့္ လက္အိတ္အမည္းတစ္ဖက္ကိုသာ ျမင္လိုက္ရသည္။

ကေလးေလးက ဂ်ယ္လီလက္ထဲဆုပ္ရင္း ေျပာလိုက္သည္။
" ေက်းဇူးပါ ကိုကို"

" ငါ့ကိုေက်းဇူးတင္စရာမလိုဘူး"
ခ်ီခ်င္းက ေရွ႕ကိုသာ ဆက္ေလွ်ာက္သြားသည္။
" နားၿငီးလြန္းလို႔ ကူညီေပးတာ"

ေနာက္ဆုံးေတာ့ ဆူညံသံမ်ားၾကားမွ ပိုးသတ္ေဆးမ်ားတင္ထားသည့္စင္ကို ‌‌ေတြ႕လိုက္ရ၍ ႏွစ္ဘူး ယူလိုက္သည္။ ထို႔ေနာက္ ပိုက္ဆံရွင္းေနသည့္အခ်ိန္ ဆူညံေသာ ဥဩသံႏွင့္အတူ ရင္းႏွီးေနေသာ အသံကိုပါ ၾကားလိုက္ရသည္။

~~~ ဒီေရခ်ိဳးကန္ဆိုရင္ မွတ္ပုံတင္ျပစရာမလိုဘူး.. အထဲဝင္ၿပီး ရွာၾကည့္ရမယ္.. ငါ ဖမ္းမိရင္ သူ အေသပဲ.. ငါ က်ိမင္ေ႐ြ႕ ဒီေရခ်ိဳးကန္ကို ‌သုံးေပအနက္တူးရရင္ေတာင္ တရားခံမမိမခ်င္း လုံးဝမျပန္ဘူး~~~

ခ်ီခ်င္း : "..."

က်ိမင္ေ႐ြ႕မွာ ယုံၾကည္မႈအျပည့္ႏွင့္ ကားတံခါးပိတ္ကာ ျပန္အလွည့္ ပိုက္ဆံရွင္း၍ ျပန္ထြက္လာေသာ သူ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕မိေလသည္။

ထို႔ေနာက္ အနက္ေရာင္ကားတစ္စီး ျဖည္းညင္းစြာႏွင့္ သူတို႔အနားလာရပ္သည္။ ကားမွန္ျဖည္းျဖည္းခ်င္းက်လာေတာ့ ေနကာမ်က္မွန္တပ္ထားသည့္ ရွဲ႕လင္က သူတို႔ကို ႏႈတ္ဆက္သည္။
" တိုက္ဆိုင္လိုက္တာ... အကုန္လုံး ရွိေနၾကတာပဲ"

က်ိမင္ေ႐ြ႕သည္လဲ ထိုေမးခြန္းကို ေမးခ်င္ေနသည္။ ရွဲ႕လင္ႏွင့္ ခ်ီခ်င္းကိုၾကည့္ကာ သံသယတရားခံရွိနိုင္သည့္ေနရာတိုင္းတြင္ ဘာလို႔သူတို႔ႏွစ္ေယာက္ အၿမဲရွိေနသည္ကို သိခ်င္ေနသည္။

သံသယတရားခံ‌ေတြၾကားထဲမွာမ်ား ေလွ်ာက္ေျပးေနၾကတာလား...

သူတို႔ႏွစ္ေယာက္က သံသယတရားခံထက္ ပိုသံသယဝင္စရာေကာင္းေနတယ္ဆိုတာ သူတို႔ကိုယ္သူတို႔ေရာ သိရဲ႕လား....

က်ိမင္ေ႐ြ႕ : " မင္းတို႔ႏွစ္ေယာက္ ေရအတူခ်ိဳးၾကမလို႔လား"

ရွဲ႕လင္က ကားရပ္ကာ ၿပဳံးလိုက္သည္။
" ကြၽန္ေတာ့္အတြက္ ျပႆနာမရွိပါဘူး.. သူ႕ကိုေမးၾကည့္ေလ.. အတူခ်ိဳးခ်င္လားလို႔"

ခ်ီခ်င္းက လက္ထဲမွ ပလတ္စတစ္အိတ္ကို ျမႇောက္ျပသည္။
" ျဖစ္နိုင္တယ္လို႔ထင္လား"

ထို႔ေနာက္ ခ်ီခ်င္း ဆက္ေမးသည္။
" မင္း ဒီမွာဘာရပ္လုပ္ေနတာလဲ.. ငါ့ကို ၾကည့္မေနနဲ႕ တရားခံဖမ္းစရာရွိ သြားဖမ္းေလ"

က်ိမင္ေ႐ြ႕ : " ဖမ္းရမွာေပါ့.. ေသခ်ာေပါက္ ဖမ္းရမယ္"

ရွဲ႕လင္လဲ က်ိမင္ေ႐ြ႕ေနာက္သို႔ လိုက္သြားသည္။ သို႔ေသာ္ ခ်ီခ်င္းနားမွ အျဖတ္ ခဏရပ္ကာ လူကိုမထိပဲ လက္ထဲမွ ပလတ္စတစ္အိတ္ကိုကိုင္၍ သူ႕နားေရာက္ေအာင္ ဆြဲလိုက္သည္။
" မင္းလဲ ဒီအထိေရာက္ေနၿပီပဲကို.. ကူၿပီး ရွာေပးပါလား... ခဏေနရင္ ဒီနားတဝိုက္လိုက္ျပမယ္ေလ"

ပလတ္စတစ္အိတ္ကို လႊတ္မေပးပဲ ေျပာခ်င္ရာေျပာေနေသာ ထိုသူမွာ အရွက္မရွိ။

ခ်ီခ်င္း လက္ရွိရပ္ေနေသာေနရာမွာ ကုန္တိုက္မွ ထြက္လာၿပီျဖစ္၍ ေရခ်ိဳးကန္ႏွင့္ ပိုနီး၏။ ထို႔ေၾကာင့္ ကုန္တိုက္မွ အသံမ်ားကို သိပ္မၾကားရေတာ့ပဲ ေရခ်ိဳးကန္ဘက္မွ အသံမ်ားကို ၾကား‌လာရသည္။

~~~ေသစမ္း.. ရဲေတြ ဘာလို႔ေရာက္လာရတာလဲ.. ငါ သူနဲ႕ လမ္းခြဲစကားေလး ေျပာ႐ုံပဲကို.. ငါ သူ႕ကို တကယ္သတ္ခ်င္တာ မဟုတ္ဘူးေလ~~~

ဘားထဲတြင္ ေတြ႕ခဲ့ေသာ ေကာင္မေလး၏ မ်က္ႏွာက ခ်ီခ်င္းမ်က္လုံးထဲ ျပန္ေပၚလာ၏။ ထို႔အျပင္ အနာဂတ္မရွိေတာ့ေသာ သူမ၏ စကားတခ်ိဳ႕...

ေနာက္ဆုံးတြင္ေတာ့ သူ႕နားထဲမွ အသံမ်ားကို သည္းခံကာ ရွဲ႕လင္လက္ထဲမွ သူ႕အိတ္ကိုျပန္ဆြဲမလုျဖစ္။

ေရခ်ိဳးကန္မွာေတာ့ လမ္းေဘးတြင္ ‌ေတြ႕နိုင္သည့္ သာမန္ေရခ်ိဳးကန္မ်ားအတိုင္း အေပၚထပ္ႏွင့္ ေအာက္ထပ္ ခြဲထားသည္။ ပထမထပ္တြင္ နားေနခန္းႏွင့္ ေခြၽးထုတ္ခန္း ေရခ်ိဳးခန္းမ်ားရွိသည္။ သို႔ေသာ္ အခုခ်ိန္တြင္ ေရခ်ိဳးမည့္သူမရွိ၍ ပထမထပ္တြင္ လူမရွိ။ ေသခ်ာမပိတ္ထား၍ တစက္စက္က်ေနေသာ ေရပိုက္မ်ားမွလြဲ၍ အရာအားလုံးတိတ္ဆိတ္ေနသည္။ နံရံႏွင့္ ၾကမ္းျပင္မ်ားတြင္ ထင္ေနေသာအရာမ်ားက ဘယ္ေလာက္ေဟာင္းႏြမ္းေနၿပီကို ျပေနသည္။

" ဘယ္သူမွမရွိဘူး"
က်ိမင္ေ႐ြ႕က လိုက္ကာဖြင့္၍ ျပန္ထြက္လာသည္။

" အမ်ိဳးသမီးေရခ်ိဳးခန္းထဲမွာလဲ လူမရွိဘူး"
ဆုေရွာင္းလန္လဲ ျပန္ထြက္လာသည္။

"ငါ အေပၚထပ္ကို တစ္ခ်က္သြားၾကည့္မယ္.. ဓာတ္ပုံျပၿပီး ေမးထားႏွင့္"

ဆုေရွာင္းလန္က ဓာတ္ပုံမ်ားကိုယူကာ ဘာမွမေျပာနိုင္ခင္ သူတို႔ဝင္လာကတည္းက သူတို႔ကိုေစာင့္ၾကည့္ေနေသာ ေရခ်ိဳးကန္မန္ေန‌ဂ်ာမွ စကားလာေျပာသည္။
" ကြၽန္ေတာ္တို႔ေရခ်ိဳးကန္က ဥပေဒအတိုင္း လိုက္နာပါတယ္.. ျပႆနာလုံးဝမရွိပါဘူး"

ဆုေရွာင္းလန္ : "ကြၽန္မတို႔ လူလာရွာတာပါ.. ဒီရက္ပိုင္း ဒီလူ ေရာက္လာေသးလား"

မန္ေန‌ဂ်ာက ဓာတ္ပုံကို တစ္ခ်က္ၾကည့္သည္။
" တစ္ခါမွ မျမင္ဖူးပါဘူး.. ေမးၿပီးၿပီမလား.. ျပန္ပါေတာ့"

ဒုတိယထပ္တြင္ သြားရွာေသာ က်ိမင္ေ႐ြ႕လဲ ျပန္ေရာက္လာကာ ဆုေရွာင္းလန္ကို ေခါင္းခါျပ၏။

ဆုေရွာင္းလန္က လက္ထဲမွ ‌ဓာတ္ပုံကို ျပန္သိမ္းလိုက္သည္။
" အမႈတစ္ခုရဲ႕ သံသယရွိသူတစ္ေယာက္မို႔လို႔ပါ.. သူ႕ကိုေတြ႕မိရင္ ကြၽန္မတို႔ကို ဆက္သြယ္ေပးပါ"

ဆုေရွာင္းလန္ စကားဆုံးေတာ့ ခ်ီခ်င္းႏွင့္ ရွဲ႕လင္တို႔က တစ္ေနရာကို လိုက္ၾကည့္ေနၾကသည္။

ေရခ်ိဳးကန္အဝင္ဝတြင္သာ တံခါးရွိသည္။ အေနာက္ဘက္ထြက္ေပါက္ သက္သက္မရွိ။ သို႔ေသာ္ အထဲေရာက္လာေလေလ အသံက ပိုပိုနီးလာသည္။

~~~ ငါ သူ႕ကို သတ္ဖို႔ မရည္႐ြယ္ပါဘူး~~~

~~~ ငါ သူ႕ကို မသတ္ခ်င္ပါဘူး~~~

ခ်ီခ်င္းထံမွ စကားသံ ႐ုတ္တရက္ ထြက္လာသည္။
" ဒီမွာ ေနာက္ထပ္ ထြက္ေပါက္ရွိေသးလား"

ေရခ်ိဳးကန္မန္‌ေနဂ်ာမွာ ပ်ာယာခတ္ေန၍ ခ်ီခ်င္းကို တည့္တည့္မၾကည့္နိုင္။
" မရွိပါဘူး.. ရွိလို႔လား.. ခင္ဗ်ားတို႔လဲ ျမင္တာပဲ.. အဝင္အထြက္ေပါက္က ေရွ႕မွာပဲ ရွိတာကို.. "

ရွဲ႕လင္က သူတို႔ေဘးမွ ဝန္ထမ္းနားေနခန္းထဲသို႔ အၾကည့္ေရာက္သြားသည္။ အထဲတြင္ ေလာ့ကာႏွစ္တန္းရွိ၏။ အတြင္းဘက္တြင္ စားပြဲတစ္လုံးႏွင့္ ပလတ္စတစ္ခုံအေသးေလးမ်ားလဲ ရွိေသး၏။
" စားပြဲေပၚက မနက္စာ ပူတုန္းပဲရွိေသးတယ္.. တစ္လုပ္မွေတာင္ မစားရေလာက္ေသးဘူး. ဒါေပမဲ့ လူတစ္ေယာက္မွ မရွိဘူး.. လူေတြ ဘယ္ေရာက္သြားလဲ "

မန္ေန‌ဂ်ာ: "..."

ေရခ်ိဳးကန္တြင္ ငယ္႐ြယ္လွပေသာ အႏွိပ္သမ မိန္းကေလးအေျမာက္အျမားရွိသည့္အတြက္ မန္ေနဂ်ာက ရဲမ်ား လာစစ္သည္ကို သေဘာမက်။ အခန႔္မသင့္ပါက ေရခ်ိဳးကန္ ပိတ္ရနိုင္သည္အထိ ဒုကၡေရာက္လိမ့္မည္။

မန္ေနဂ်ာက စားပြဲေရွ႕တြင္ ရပ္ေနသည္။ အေနာက္မွ ‌နံရံတြင္ဘအဝါရင့္ေရာင္ ကတၱီပါစတစ္ခုကို ခ်ိတ္ဆြဲထား၏။

မန္ေနဂ်ာ စကားေျပာေနတုန္း ထိုကတၱီပါစကို ကာေနသလိုလို ကိုယ္မတ္ထားသည္။
" သူတို႔ အျပင္သြားတာ ျဖစ္ပါလိမ့္မယ္.. စိတ္မပူပါနဲ႕ အကုန္လုံးက ပုံမွန္ဝန္ထမ္းေတြပါ"

မန္ေနဂ်ာပုံစံက သူ႕ကိုယ္သူ အေတာ္ထိန္းခ်ဳပ္ထားေသာေၾကာင့္ ခ်ီခ်င္း အေတြးမ်ားကို မၾကားရ။ သို႔ေသာ္ စကားမဆုံးမီ အက္ကြဲသံတစ္ခု နားထဲဝင္လသည္။
~~~ ငါ့ေနာက္မွာ လွ်ို႔ဝွက္တံခါးရွိတာကို သူတို႔မရိပ္မိေလာက္ပါဘူး~~~

" လူႀကီးမင္း ေက်းဇူးျပဳၿပီး ဟိုဘက္နည္းနည္းေလာက္ ေ႐ႊ႕ေပးပါ"
ရွဲ႕လင္သည္လဲ ခ်ိတ္ထားေသာ ကတၱီပါစကို သတိထားမိသည္။
" အဝတ္စကို ဖယ္လိုက္"

" ဒီအဝတ္က အလွဆင္ထားတာပါ.. ကြၽန္ေတာ္တို႔ေရခ်ိဳးကန္က ဒီလိုပုံစံနဲ႕ အလွဆင္ရတာ ထုံးစံ..."
မန္ေနဂ်ာစကားမဆုံးခင္ ရွဲ႕လင္က သူကိုယ္တိုင္ ကတၱီပါစကို ဖယ္လိုက္ေတာ့ အေနာက္တြင္ ဝွက္ထားေသာ တံခါးလက္ကိုင္ ေပၚလာသည္။

ရွဲ႕လင္က မ်က္ခုံးပင့္ၾကည့္၏။
" အလွဆင္တာ??"

မန္ေနဂ်ာ : " ေဗဒင္ဆရာက ဒီေနရာမွာ တံခါးတပ္ထားရင္ ဖုန္းေ႐ႊေကာင္းၿပီး ဧည့္သည္မ်ားမ်ားလာမယ္လို႔ ေဟာထားလို႔ပါ.. တကယ္ေတာ့ ဖြင့္လို႔မရဘူး ဆိုရင္ ယုံမလားမသိဘူး"

ရွဲ႕လင္ ၿပဳံးေနသည္။
" ယုံတာမယုံတာကေတာ့ တြန္းမၾကည့္ပဲ‌ ေျပာဖို႔ခက္တယ္.. ဒါေပမဲ့ မန္ေနဂ်ာျဖစ္ၿပီး ပါးစပ္က ေပါက္ကရေျပာေနတာ ခင္ဗ်ားမရွက္ဘူးလား"

လွ်ို႔ဝွက္တံခါးမွထြက္ပါက အေနာက္ဘက္လမ္းၾကားထဲသို႔ ေရာက္သည္။ စကတ္တိုတိုဝတ္ထားေသာ မိန္းကေလးတစ္အုပ္မွာ နံရံကို မွီ၍ ထိုင္သူထိုင္ ရပ္သူရပ္ေနၾကသည္။ အထဲတြင္ ဘာျဖစ္ေနသည္ကို သူတို႔မသိ။ တံခါးဖြင့္လိုက္ေတာ့ သူတို႔ ဘာလုပ္ရမွန္းမသိပဲ မတ္တပ္ရပ္ၾကရသည္။

က်ိမင္ေ႐ြ႕ : " ဒီကေန ထြက္ေျပးသြားတဲ့သူ ရွိလား"

မိန္းကေလးတစ္ေယာက္က ေခါင္းညိတ္သည္။

" ဘယ္ဘက္ကို ေျပးသြားတာလဲ"

မိန္းကေလးက တုန္ယင္ေနေသာ လက္ႏွင့္ ၫႊန္ျပသည္။
" အခုေလးတင္ပဲ ထြက္သြားတာ"

ခ်ီခ်င္းေရာ က်ိမင္ေ႐ြ႕ပါ ဒီတဝိုက္ကို သိပ္မကြၽမ္းက်င္။ ေဒသခံျဖစ္သည့္ ရွဲ႕လင္ကသာ ေအးေဆးေနသည္။
" ဒီလမ္းၾကားထဲကထြက္ရင္ လမ္းႏွစ္လမ္းပဲရွိတယ္.. သူ အေဝးႀကီးေတာ့ မေရာက္ေလာက္ေသးဘူး"

က်ိမင္ေ႐ြ႕ : "‌ ေကာင္းၿပီေလ .. ကြၽန္ေတာ္တို႔ေလးေယာက္ လူစုခြဲၾကတာေပါ့"

က်ိဳးပိုေဟာက္မွာ ေရခ်ိဳးခန္းဝတ္စုံႏွင့္ တစ္ခါသုံးေရခ်ိဳးခန္းစီးဖိနပ္ကိုစီးကာ လမ္းေပၚ ထြက္ေျပးေနသည္။ ‌‌ခ်မ္းစီးေနေသာ ေဆာင္းရာသီတြင္ အဝတ္အစားမပါေသာေၾကာင့္ အသားထဲထိ ေလတိုးကာ ခ်မ္းေနသည္။ သူ႕ကို လိုက္နိုင္မည့္ ေျခရာလက္ရာ တစ္ခုမွ မက်န္ခဲ့တာေတာင္ ရဲေတြ သူ႕ကို ဘယ္လိုရွာေတြ႕မွန္း သူ မသိ။

လမ္းေဘးဝဲယာတြင္ မနက္စာေရာင္းသည့္ဆိုင္မ်ားႏွင့္ ျပည့္ႏွက္ေနသည္။

ေဈးလာဝယ္သူမ်ားႏွင့္ ေဈးသည္မ်ား ေအာ္ဟစ္ဆူညံကာ ေရာင္းဝယ္ေနၾကသည္။ သို႔ေသာ္ လမ္းၾကားထဲမွ ေျပးထြက္လာေသာ ထိုသူကေတာ့ လူမ်ားကို ဂ႐ုမစိုက္ပဲ အတင္းေျပးဝင္ရာ ေဈးသည္တစ္ဦး၏ တြန္းလွည္းကို ဝင္တိုက္မိသည္။

က်ိမင္ေ႐ြ႕က အေနာက္မွ ေျပးလိုက္လာသည္။
" မေျပးနဲ႕"

က်ိဳးပိုေဟာက္က ေျပးသည့္ေနရာတြင္ အာ႐ုံစိုက္ေနေသာေၾကာင့္ လမ္းေပၚမွ လူမ်ားကိုပင္ သတိမထားမိ။ ထိုလမ္းမွ ျပန္ထြက္ကာ တျခားလမ္းကို ထပ္ေျပးသည္။ ညာဘက္လမ္းမွ တိုက္ခန္းတစ္ခုေပၚ တက္မည္အလုပ္ လမ္းေထာင့္မွ လူတစ္ေယာက္ႏွင့္ ဝင္တိုက္မိ၏။

" ခ်ီးပဲ"
သူ ဆဲဆိုလိုက္သည္။

ေခါင္းေမာ့ၾကည့္လိုက္ေတာ့ သူႏွင့္ ဝင္တိုက္မိသူကို ေနေရာင္ေအာက္တြင္ ထင္းလင္းျပတ္သားစြာ ျမင္လိုက္ရ၏။

ရွဲ႕လင္က တရားခံလိုက္ဖမ္းသည့္ေနရာတြင္ အနည္းငယ္ပင္ စိတ္လႈပ္ရွားျခင္းမရွိ။ အေညာင္းေျပလမ္းေလွ်ာက္ေနသည္ဟုပင္ ခံစားမိသည္။
" မေျပးနဲ႕.. အားကုန္႐ုံပဲ ရွိမယ္.. ရဲေတြနဲ႕ ျပန္လိုက္သြားၿပိး အဲ့ဒီ့ညက ဘာျဖစ္ခဲ့လဲ ေျပာျပလိုက္"

က်ိဳးပိုေဟာက္မွာ ေမာဟိုက္စြာ အသက္ရႉေနရသည္။ ခ်မ္းေနရာမွ တစ္ကိုယ္လုံး ေခြၽးမ်ားျပန္လာကာ ေနာက္ေျခႏွစ္လွမ္းဆုတ္လိုက္၏။ သို႔ေသာ္ က်ိမင္ေ႐ြ႕ႏွင့္ ဆုေရွာင္းလန္က သူႏွင့္ လမ္းတစ္ဖက္သာ ျခားသည္။ သူ ဒီနားမွာ ပုန္းေနခဲ့တာ ရက္အနည္းငယ္ေတာ့ရွိၿပီ။ ေခ်ာင္ပိတ္ခံရေသာ တိရစာၦန္တစ္ေကာင္ကဲ့သို႔ သူ ဒီအနီးတဝိုက္မွ လမ္းမ်ားအားလုံးကို လိုက္မွတ္ထားခဲ့သည္။ လက္သီးတင္းတင္းဆုပ္ကာ ေအာ္ဟစ္၍ ခ်ီခ်င္းရွိရာသို႔ ေျပးလာသည္။

ခ်ီခ်င္းရပ္ေနေသာ ေနရာမွာ ဖ်က္ဝင္ရ အလြယ္ဆုံးျဖစ္ေန၏။

ခ်ီခ်င္းက မ်က္ႏွာနားေရာက္လာေသာ လက္သီးကို မ်က္ေတာင္မခတ္ပဲ အထိုးခံရန္ ေစာင့္ေနေသာ္လဲ အဆိုပါလက္သီးက လမ္းတစ္ဝက္တြင္ ရပ္သြားသည္။

" ရန္ျဖစ္ခ်င္ရင္ ကြၽန္ေတာ္နဲ႕ ျဖစ္ပါလား"
ရွဲ႕လင္က က်ိဳးပိုေဟာက္လက္သီးကို သူ႕လက္ဝါးႏွင့္ကာ၍ စကားေျပာရန္ ႀကိဳးစားေနေသးသည္။ အၿပဳံးက ခ်ိဳသာေသာ္လဲ လက္ဝါးမွ အားကိုေတာ့ နည္းနည္းေလးမွ မေလွ်ာ့။
" သူ႕ကိုေတာ့ လုံးဝမထိနဲ႕"

က်ိဳးပိုေဟာက္က လက္ျပန္႐ုတ္ေသာ္လဲ ဘယ္လိုမွ လႈပ္မရ။

ရွဲ႕လင္ : " ဒီဦးေလးႀကီးက အသန႔္ႀကိဳက္ေရာဂါရွိတယ္.. လူနာကို ဂ႐ုစိုက္ရမွာေပါ့"

ခ်ီခ်င္းက ျပန္ေခ်ပခ်င္ေသာ္လဲ သူ႕ဘက္က ဘာမွျပန္မေျပာနိုင္။ အသန႔္ႀကိဳက္ေရာဂါက ရန္ျဖစ္သည့္ေနရာတြင္ တကယ့္ကို အားနည္းခ်က္ျဖစ္ေန၏။

အေျခအေနကို လွ်င္ျမန္စြာပင္ ထိန္းခ်ဳပ္နိုင္ခဲ့သည္။ အေျပးေရာက္လာေသာ က်ိမင္ေ႐ြ႕က ခါးၾကားမွ လက္ထိပ္ထုတ္၍ က်ိဳးပိုေဟာက္ကို ဖမ္းဆီးလိုက္သည္။

ထို႔ေနာက္ ခ်ီခ်င္းကို တစ္ခ်က္ၾကည့္၏။
" မင္း အဆင္ေျပရဲ႕လား"

အနီးအနားတြင္ တိုက္ခန္းမ်ားေသာေၾကာင့္ လူသံမ်ားႏွင့္ ဆူညံေနသည္။ နားထဲ တိုးဝင္ေနေသာ အသံမ်ားေၾကာင့္ ခ်ီခ်င္းအေတာ္ေလး မသက္မသာျဖစ္ေနသည္ကေတာ့ အမွန္ပင္။

သူ႕အတြက္ တကယ္က်င့္သားမရေသာ ခံစားခ်က္ျဖစ္ေနသည္။ ဘယ္နားက ေနရခက္လို႔ ေနရခက္ေနမွန္းမသိ။ ေစာေစာက ရွဲ႕လင္ေျပာလိုက္ေသာ "သူ႕ကိုေတာ့ လုံးဝမထိနဲ႕ " ဆိုေသာ စကားေၾကာင့္လဲ ျဖစ္နိုင္သည္။

ေနာက္ဆုံးေတာ့ ခ်ီခ်င္းသံမွ စကားသံထြက္လာသည္။
" ေျပပါတယ္"

" လန႔္သြားတာပဲ"
အျပန္လမ္းတြင္ က်ိမင္ေ႐ြ႕က ခ်ီခ်င္းကို ေျပာေနသည္။
" သူ မင္းကို လက္သီးနဲ႕ထိုးလိုက္မွာ ငါ စိုးရိမ္ေနတာ.. မင္းက ညစ္ပတ္မွာစိုးလို႔ သူ႕ကို ျပန္ထိုးမွာ မဟုတ္ဘူးေလ"

ခ်ီခ်င္း ဘာမွမတုံ႕ျပန္ေသာ္လဲ ရွဲ႕လင္က ‌ဝင္ေမးလိုက္သည္။
" သူ အရင္က ရန္ျဖစ္ဖူးလို႔လား"

က်ိမင္ေ႐ြ႕ : "ျဖစ္ဖူးတာေပါ့.. ေက်ာင္းမွာတုန္းက လူတိုင္းကို လ်စ္လ်ႉရႈၿပီး အရမ္းေမာက္မာလို႔ သူ႕ကို တခ်ိဳ႕က သင္ခန္းစာ ေပးခ်င္ၾကတာ.. အဲ့ဒါနဲ႕ ေက်ာင္းၿပီးရင္ အိမ္မျပန္ပဲ ေစာင့္ေနဖို႔ေျပာတယ္"

ရွဲ႕လင္က က်ိမင္ေ႐ြ႕စကားကို ေစာင့္ေနသည္။

" ဒါေပမဲ့ ေက်ာင္းဆင္းတာနဲ႕ ခ်က္ခ်င္း အိမ္ျပန္သြားတာ"

ခ်ီခ်င္း ဘာတစ္ခုမွ မမွတ္မိ။
" ဟုတ္လို႔လား"

" ဟုတ္တယ္ေလ.. ေနာက္ေန႕က်ေတာ့ သူတို႔‌ ေဒါသတႀကီးနဲ႕ေရာက္လာၿပီး မင္းကို ဘာသေဘာလဲလို႔ ေမးတယ္.. မင္းကို ေက်ာင္းၿပီးရင္ ေစာင့္ေနလို႔ ‌ေျပာတယ္ေလဆိုေတာ့"

က်ိမင္ေ႐ြ႕က ခ်ီခ်င္း၏ ေအးစက္စက္ေလသံအတိုင္း လိုက္ေျပာသည္။
" မင္းတို႔ကို ငါ့ေရွ႕က ဖယ္လို႔ေျပာရင္ ဖယ္မွာလား"

ခ်ီခ်င္း : "..."

က်ိမင္ေ႐ြ႕ : " အဲ့မွာ ဟိုတစ္ေယာက္က လက္သီးဆုပ္ၿပီးအနားကပ္လာေတာ့ မင္း ဘာေျပာလိုက္လဲ မွတ္မိလား"
က်ိမင္ေ႐ြ႕က အသက္ျပင္းျပင္းတစ္ခ်က္ရွိုက္ကာ ခဏရပ္ၿပီးမွ ဆက္ေျပာသည္။
" ခဏေလး.. ငါ လက္အိတ္ဝတ္လိုက္ဦးမယ္ တဲ့"

.......

ယုံအန္ရဲစခန္းထဲတြင္

က်န္းယြီက အျပင္ထြက္စုံစမ္းရာတြင္ မလိုက္ပဲ ဝူက်ီပင္းအတြက္ တင္ျပခ်က္ေရးရန္ စခန္းတြင္သာ ေနခဲ့သည္။ သံသယတရားခံကို ဖမ္းလာသည္လဲၾကားေရာ စစ္ေမးခန္းထဲသို႔ ဒေရာေသာပါး ေျပးလာသည္။ သို႔ေသာ္ အျပင္ထြက္ထြက္ခ်င္း ခ်ီခ်င္းႏွင့္ ရွဲ႕လင္တို႔ကို ေတြ႕လိုက္ရသည္။ အမႈႏွင့္ လုံးဝမဆိုင္သူႏွစ္ေယာက္ျဖစ္ေသာ္လဲ တစ္နည္းနည္းႏွင့္ ေရာပါေနသူမ်ားျဖစ္ၾကသည္။

" အာ.. ခင္ဗ်ားတို႔လဲ ေရာက္ေနတာကိုး"

ထပ္ခါတလဲလဲ ျဖစ္ေနေသာ ျမင္ကြင္းႏွင့္ သူတို႔ႏွစ္ေယာက္။

က်န္းယြီမွာ မွတ္တမ္းစာအုပ္ကိုယူ၍ သူတို႔ႏွစ္ေယာက္ထံမွ မွတ္တမ္းယူရသည္။

က်ိဳးပိုေဟာက္မွာ ဘားထဲတြင္ရွိစဥ္က နားကြင္းမ်ား လည္ဆြဲမ်ားႏွင့္ ရႈပ္ယွက္ခတ္ေနေအာင္ ဝတ္စားထားေသာ္လဲ အဖမ္းခံလာရေသာအခ်ိန္တြင္ ေရခ်ိဳးကန္မွ ေျပးလာရသည္ျဖစ္၍ ေရခ်ိဳးဝတ္စုံသာရွိသည့္အတြက္ အေတာ္ေလး ကြဲျပားေနသည္။

က်ိဳးပိုေဟာက္၏ ႏွာေခါင္းဖ်ား ေျခဖ်ားလက္ဖ်ားမ်ားအားလုံး အေအး‌ဒဏ္ေၾကာင့္ နီရဲေနသည္။ ထို႔ေနာက္ ေခါင္းငုံ႕ရင္း ေျပာေန၏။
" ကြၽန္ေတာ္ ဝန္ခံပါတယ္.. ထြက္ေျပးဖို႔လဲ တကယ္ ႀကံစည္ခဲ့တာ မဟုတ္ပါဘူး"

" က်န္းက်န္းနဲ႕ ကြၽန္ေတာ္စသိတုန္းက သူ႕ကို တကယ္ခ်စ္ခဲ့တာပါ.. ဒါေပမဲ့ သူနဲ႕အေဝးႀကီးမွာလဲေနရတယ္ ေတြ႕လဲမေတြ႕ျဖစ္ေတာ့ဘူးဆိုေတာ့.. ဒီလိုျဖစ္လာတာ ကြၽန္ေတာ္လဲ ထိန္းလို႔ရတာမွ မဟုတ္ပဲ.. ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ မေကာင္းဘူးဆိုတာ သိပါတယ္.. ဒါေပမဲ့ ေယာက္်ားတိုင္း လုပ္မိတဲ့အမွားမ်ိဳးပဲ လုပ္မိတာပါ"

က်ိမင္ေ႐ြ႕ : " ေယာက္်ားတိုင္းလို႔မေျပာနဲ႕ေလ.. မင္းကိုယ္မင္း လူလို႔ မသတ္မွတ္နဲ႕ အမွိုက္ပုံးထဲပဲ ေနရမွာ"

က်ိဳးပိုေဟာက္က ေတာင္းဆိုသည္။
" ေရေလးတစ္ခြက္ေလာက္ ေသာက္လို႔ရမလား"

ေရေႏြးခြက္ကို ကိုင္၍ ႏွာေခါင္းတရႈံ႕ရႈံ႕လုပ္ေနသည္။
" အဲ့ဒီ့ညက က်န္းက်န္း ကြၽန္ေတာ့္ကို လာေတြ႕ၿပီး ဘားမွာ ရွက္စရာျဖစ္ေအာင္ လုပ္သြားတာ..  အဲ့ဒါ မန္ေနဂ်ာနဲ႕ ကြၽန္ေတာ္စကားမ်ားၿပီး မန္ေနဂ်ာက အလုပ္ထုတ္လိုက္တယ္.. ကြၽန္ေတာ္ အလုပ္ျပဳတ္သြားတာေပါ့.. သူ႕အေပၚ အားေတာ့နာေပမဲ့ အလုပ္လုပ္ေနတဲ့ေနရာကို ဒီလိုျပႆနာလာရွာတာေတာ့ မျဖစ္သင့္ဘူးေလ"

....

ခ်ီခ်င္းစိတ္ထဲ ထိုသူ၏ တျခားအေတြး ဝင္မလာ။ ၾကည့္ရတာ သူ အမွန္ေတြသာ ေျပာေနပုံရ၏။

က်ိဳးပိုေဟာက္က ဆက္ေျပာသည္။
" စိတ္ထဲကေန သူ႕ကိုအျပစ္တင္ေနတာ.. ၿပီးေတာ့ သူ႕ကို ေျပာစရာေတြလဲ ရွိေသးတယ္.. သူ႕အေပၚမွာလဲ စိတ္ရင္းရွိေသးေတာ့ ေတာင္းပန္ခ်င္တာလဲ ပါတယ္"

"စိတ္ရင္းရွိေသးတယ္??"
ဆုေရွာင္းလန္က ေအးစက္စက္ေျပာသည္။
" မထင္ပါဘူး"

က်ိဳးပိုေဟာက္က ဆုေရွာင္းလန္ကို ေမာ့ၾကည့္ကာ ဆက္ေျပာသည္။
" ခင္ဗ်ား သူ႕ကို ျပန္လိုက္ပို႔တာ ေတြ႕လိုက္တယ္.. ခင္ဗ်ားကား ျပန္ထြက္သြားတာကိုေစာင့္ၿပီးမွ သူ႕ေနာက္ လိုက္သြားတာ.. သူ ေတာ္ေတာ္ေလးေဒါသထြက္ေနေပမဲ့ ကြၽန္ေတာ့္ကို တံခါးေတာ့ ဖြင့္ေပးေသးတယ္.. ဒါေပမဲ့ ကြၽန္ေတာ္တို႔ မေျပလည္ခဲ့ဘူး... သူ စိတ္မတည္ၿငိမ္ေသးေတာ့ ကြၽန္ေတာ့္ကို တစ္ခုခုနဲ႕ရိုက္ၿပီး ထြက္သြားခိုင္းတယ္.. ေနာက္လဲ ကြၽန္ေတာ္ဘယ္မွာလုပ္လုပ္ အရွက္လိုက္ခြဲၿပီး မေနနိုင္ေအာင္ လုပ္မွာတဲ့"

အခန္းထဲတြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့သည့္ ေျခရာလက္ရာမ်ားရွိေနသည္က အမွန္ပင္။

သို႔ေသာ္ ရွဲ႕လင္ ‌နားေထာင္ရင္း တစ္စုံတစ္ခုမွားယြင္းေနသည္ကို ခံစားလာရသည္။

" မင္း ထင္လား"
ရွဲ႕လင္ ဝင္ေျပာလိုက္သည္။
" ဒီလိုအေျခအေနမ်ိဳးဆို သူ႕မွာ ဘယ္ေလာက္ပဲ လူသတ္ခ်င္စိတ္ရွိရွိ သူ႕ကိုမခ်စ္ပဲ ဒုကၡလိုက္ေပးမယ္လို႔ ၿခိမ္းေျခာက္ေနတဲ့ မိန္းကေလးမ်ိဳးကို အတင္းလိင္အၾကမ္းဖက္ၿပီး သတ္ပစ္ဖို႔ ေ႐ြးမယ္လို႔ေလ"

ခ်ီခ်င္းက မိန္းကေလး ေသသြားသည္ဆိုတာကလြဲၿပီး တျခားအခ်က္အလက္မ်ားကို မသိ။
" ဘာ"

" သူ႕ပုံစံက ဒီလိုမ်ိဳးနဲ႕ ေက်နပ္မဲ့သူမ်ိဳးမဟုတ္ဘူး.. သူ႕ရည္းစားက သူ႕အေပၚေဖာက္ျပန္သြားတာလဲ မဟုတ္ဘူး.. ေယာက္်ားမာနထိခိုက္လို႔ သူ မေက်နပ္တာ... တျခားဥပမာေတြလဲ အမ်ားႀကီးရွိတာေပါ့.. တိုတိုေျပာရရင္ သူက အဲ့ဒီ့အေပၚမွာ သာယာမႈယူစရာမလိုဘူး..  ဒီလိုသတ္ျဖတ္မႈမ်ိဳးက သာယာမႈေၾကာင့္ ျဖစ္ထားတာ.. သူ႕အတြက္က သာမန္လမ္းခြဲမႈမ်ိဳးပဲေလ.. အလြန္ဆုံးသတ္မိရင္ စိတ္မထိန္းနိုင္လို႔ မေတာ္တဆ သတ္မိတာပဲ.. "
ထို႔ေနာက္ ရွဲ႕လင္က ခ်ီခ်င္းကို စိုက္ၾကည့္သည္။
" မိန္းကေလး လိင္အၾကမ္းဖက္ခံရတာ မင္း မသိဘူးလား"

ေရခ်ိဳးကန္တြင္ ၾကားလိုက္ရေသာ စကားမ်ားကို ခ်ီခ်င္း ျပန္ေတြးေနသည္။

~~~ ငါ သူ႕ကို သတ္ဖို႔ မရည္႐ြယ္ပါဘူး~~~

တမင္ရည္႐ြယ္တာ မဟုတ္ဘူး...

တကယ္လို႔ လိင္အၾကမ္းဖက္ၿပီးမွ သတ္မယ္ဆိုရင္ ဘာလို႔ မရည္႐ြယ္ဘူးလို႔ ေျပာရတာလဲ

မေတာ္တဆဆိုေသာ အဓိပၸါယ္က အမွတ္တမဲ့ လက္လြန္သြားတာကို ေျပာတာမဟုတ္ဘူးလား...

စစ္ေမးခန္းထဲတြင္ က်ိဳးပိုေဟာက္က ဆက္ေျပာေနသည္။
" ဒီလို လူသတ္မိတာကို ကြၽန္ေတာ့္မိသားစုေတြ သိသြားမွာလဲ ရွက္မိပါတယ္.. ကြၽန္ေတာ့္ဘက္က ဝန္ခံတာဆိုေတာ့ အျပစ္နည္းနည္းေလ်ာ့မွာေပါ့.. ဥပေဒက ကြၽန္ေတာ့္အမွားကို နည္းနည္းၾကည့္ေပးဖို႔ ေမွ်ာ္လင့္..."

" လိုရင္းကိုသာ ေျပာစမ္းပါ"
ဆုေရွာင္းလန္က စားပြဲကို ေခါက္လိုက္သည္။

" အာ.. အဲ့ဒီ့တုန္းက ကြၽန္ေတာ့္စိတ္အေျခအေန အရမ္းမေကာင္းပါဘူး"
က်ိဳးပိုေဟာက္က ဆက္ေျပာသည္။
" ေဒါသထြက္လြန္းလို႔‌ ေခါင္းထဲ ေသခ်ာမေတြးနိုင္ေတာ့လို႔. သူနဲ႕ ရန္ျဖစ္ဖို႔ တကယ္မရည္႐ြယ္ပါဘူး.. ဒါေပမဲ့ သူ႕စကားေတြက တျဖည္းျဖည္း လြန္လာတာနဲ႕..."

ဆုေရွာင္းလန္က မ်က္လုံးမ်ားရဲကာ ဝင္ေျပာလိုက္သည္။
" အဲ့ဒါနဲ႕ပဲ မုဒိမ္းက်င့္ၿပီး သတ္လိုက္တယ္ေပါ့"

" ကြၽန္ေတာ္"
က်ိဳးပိုေဟာက္ အတန္ၾကာသည္အထိ စကားမေျပာနိုင္ပဲ ေၾကာင္ၾကည့္ေနသည္။
" မုဒိမ္းက်င့္တယ္??"

က်ိဳးပိုေဟာက္မွာ အရင္ႏွစ္ရက္သုံးရက္အတြင္း ရဲလက္မွ ထြက္ေျပးေနရ၍ မူးေနာက္ေနသည္။ ရဲကားႏွင့္ စခန္းအထိ ေရာက္လာခ်ိန္တြင္ေတာ့ သူ႕တစ္ဘဝလုံး ေထာင္ထဲကုန္ဆုံးရမည္ဟုေတြးကာ ငိုေနေသာ သူ႕အေမမ်က္ႏွာကိုပါ ျမင္ေယာင္လာသည္။
" ကြၽန္ေတာ္ သူ႕ကို တြန္းပဲ တြန္းလိုက္တာပါ.. ဗီရိုေစာင္းနဲ႕ ထိလို႔ သူ သတိလစ္သြားတာနဲ႕ ထြက္ေျပးလာတာ.. ေနာက္ေန႕ေရာက္ေတာ့ သူ ေသၿပီဆိုတဲ့သတင္းကို ၾကားလိုက္ရတာပဲ.. ဘာမုဒိမ္းက်င့္တာလဲ"
က်ိဳးပိုေဟာက္ ႐ုတ္တရက္ အသံျမႇင့္လိုက္သည္။
" ကြၽန္ေတာ္ သူ႕ကို မုဒိမ္းမက်င့္ပါဘူး"

ရဲအသစ္ေလးသုံးေယာက္ ေၾကာင္သြားၾကသည္။

ဆုေရွာင္းလန္ : "??"

က်န္းယြီ : "ဟမ္"

က်ိမင္ေ႐ြ႕ : "မင္း ဘာေျပာလိုက္တာ"

" သူ႕ ရည္းစားအသစ္ကို ထပ္ေခၚ"

နာရီဝက္အၾကာတြင္ ဆံပင္ရွည္ႏွင့္ မိန္းကေလးက အရင္တစ္ခါ ထိုင္သည့္ေနရာတြင္ ထိုင္ေနသည္။

" ကြၽန္မကို သူ ဖုန္းေခၚတုန္းက အသံေတြ အရမ္းတုန္ေနတာ"
မိန္းကေလးက ဆက္ေျပာသည္။
" သူက က်န္းက်န္းကို တြန္းလိုက္မိတယ္တဲ့.. ေနာက္တစ္ေန႕ ရဲ‌ေတြေရာက္လာၿပီး က်န္းက်န္းေသသြားၿပီဆိုတဲ့ သတင္းထြက္လာတယ္.. သူ မေတာ္တဆ သတ္လိုက္မိၿပီထင္တယ္တဲ့.. "

"..."

က်ိဳးပိုေဟာက္၏ စစ္ခ်က္အၿပီးတြင္ အေလာင္းစစ္ေဆးခ်က္ရလဒ္လဲ ထြက္လာသည္။
" သူေျပာတာ မွန္တယ္.. မေသခင္ ဦီးေခါင္းဒဏ္ရာရထားတာ တစ္ခုရွိတယ္.. ေသေစေလာက္တဲ့ ဒဏ္ရာေတာ့ မဟုတ္ဘူး.. ခဏအၾကာမွာ ျပန္သတိရနိုင္ေလာက္တယ္"

" က်ိဳးပိုေဟာက္က သူ႕ကိုယ္သူ လူသတ္တယ္ထင္ၿပီး ထြက္ေျပးေနတာ.. အဲ့ဒါဆို တရားခံက ေသဆုံးသူ လုံးဝမသိတဲ့သူလဲ ျဖစ္နိုင္တာပဲ"
က်ိမင္ေ႐ြ႕က စာ႐ြက္မ်ားလွန္ေလွာရင္း ေျပာေနသည္။
" ဒါေပမဲ့ အဲ့ဒါကလဲ မျဖစ္နိုင္ျပန္ဘူး.. အတင္းအၾကပ္ဝင္ေရာက္ထားတဲ့ ေျခရာလက္ရာမွ မရွိတာ.. ေသဆုံးသူက အျပင္ကေန မွာစားတာလဲမဟုတ္ဘူး.. ပါဆယ္လဲ မမွာထားဘူး.. သတင္းစာယူတာ ဘာညာလဲ မရွိဘူး.. သိတဲ့သူမဟုတ္ရင္ ဘယ္လိုလုပ္ ဝင္လာနိုင္မွာလဲ"

ထိုအခ်ိန္မွစ၍ လူသတ္မႈသည္ အိမ္ေဖာက္ထြင္းဝင္ေရာက္မႈႏွင့္ သတ္ျဖတ္မႈအျဖစ္ ေျပာင္းလဲသြားေတာ့သည္။

အရင္က ေကာက္ခ်က္ခ်ထားသည္မ်ားအားလုံး ျပန္လည္ျပင္ဆင္ရေတာ့၏။

မိန္းကေလးတစ္ေယာက္ျဖစ္ေသာ ဆုေရွာင္းလန္သည္ပင္ တစ္ေယာက္ထဲေနရင္း သူ႕အိမ္ထဲ တျခားသူတစ္ေယာက္ ဝင္ေန‌နိုင္သည္ကို ေတြးမိေတာ့ ေက်ာခ်မ္းလာသည္။

.....

ပိုးသတ္ေဆးႏွစ္ဘူးဝယ္ရာမွ တစ္ေနကုန္သြားမည္ကို ခ်ီခ်င္းမေမွ်ာ္လင့္ထား။

ပလတ္စတစ္အိတ္ကိုင္ရင္း လမ္းေလွ်ာက္လာစဥ္ အေနာက္မွ ကားဟြန္းသံႏွစ္ခ်က္ကို ၾကားလိုက္ရသည္။ အရင္တစ္ေခါက္က သူ႕ကိုအိမ္ျပန္ပို႔ေပးရန္ ကားေမာင္းသည့္ ‌app ထဲပင္ ဝင္ခဲ့သည့္အျဖစ္ကို ျပန္စဥ္းစားမိေတာ့ ခ်ီခ်င္းလဲ အခ်ိန္ကုန္ခံ၍ အတိုက္အခံမလုပ္ေတာ့ပဲ ေရလိုက္ငါးလိုက္ လုပ္ရန္သာ ‌ေတြးထား၏။

ဘာပဲျဖစ္ျဖစ္ အခ်ိန္ကုန္ သက္သာတာလဲ ေကာင္းတာပဲေလ။

ခ်ီခ်င္းက စီးပြားေရးဆန္ဆန္ ေျပာသည္။
" ေအာ္ဒါအရင္ လက္ခံလိုက္"

ရွဲ႕လင္သည္လဲ ဖုန္းထုတ္၍ ဒုတိယအႀကိမ္ ကားေအာ္ဒါလက္ခံလိုက္သည္။
" အိုေခ"

ဒီတစ္ခါေတာ့ သူတို႔ႏွစ္ေယာက္ လမ္းတြင္ ဘာစကားမွ မေျပာၾက။ ခ်ီခ်င္းက လမ္းတစ္ေလွ်ာက္လုံးမွ ဆူညံသံမ်ားကို ေတာင့္ခံကာ သူတို႔ေနထိုင္ရာ ရပ္ကြက္ရွိ ကားပါကင္အထိပင္ ေရာက္လာသည္။

ကားရပ္ၿပီး ဓာတ္ေလွကားေစာင့္ေနခ်ိန္ ရွဲ႕လင္က သြားေနေသာ ဓာတ္ေလွကားအထပ္နံပါတ္မ်ားကို ၾကည့္၍ ႐ုတ္တရက္ စကားစသည္။
" ခုနက ေရခ်ိဳးကန္ေရွ႕မွာ မင္းသူငယ္ခ်င္းက တရားခံလာဖမ္းတာလို႔ မေျပာမိပါဘူး"

ခ်ီခ်င္းမွာ အစကေတာ့ ဓာတ္ေလွကားကို ေက်ာမီ၍  ပလတ္စတစ္အိတ္ကိုင္ထားေသာ လက္ကို ေဘးခ်ရင္း ရပ္ေနျခင္းျဖစ္၏။ နက္ေမွာင္ေနေသာ မ်က္ဆံေလးမ်ားမွာ နဖူးေပၚမွာ ဆံပင္နက္ေလးမ်ားႏွင့္ ေရာေထြးေနသည္။ ထိုစကားေၾကာင့္ တစ္ဖက္လွည့္သြား၏။

ခ်ီခ်င္း စိတ္ထဲမွ ေတြးေနသည္က
.. က်ိမင္ေ႐ြ႕ ဘာမွမေျပာလိုက္ဘူးလား...

အခု‌တေလာ သူ႕နားထဲ အသံမ်ားေရာေထြးေနေသာေၾကာင့္ စိတ္ထဲမွ စကားသံလား အျပင္ကအသံလားဆိုသည္ကို ခြဲရခက္ေနသည္။ ထို႔အျပင္ ေမ့လဲ ေမ့ကုန္သည္။

" မွန္းၾကည့္တာေလ"

ရွဲ႕လင္က ဒီေလာက္ထိ အေသးစိတ္ေလးမ်ားကို သတိထားမိေနမည္ဟု ခ်ီခ်င္း မထင္ထား။ ေၾကာင္သတ္မႈကို ေဖာ္ထုတ္ေသာ အခ်ိန္မွ စ၍ ခ်ီခ်င္း သတိထားမိခဲ့သည္က ရွဲ႕လင္မွာ အေပၚယံတြင္ ၿပဳံးရယ္ စကားေျပာေနေသာ္လဲ အ႐ူးလုပ္ရန္ ခက္သူတစ္ေယာက္ ျဖစ္၏။
" သူ လူသတ္မႈေနာက္ လိုက္ေနတယ္ဆိုတာ ကြၽန္ေတာ္ သိထားတယ္ေလ.. အဲ့ဒီ့လိုအခ်ိန္မွာ တရားခံဖမ္းဖို႔လာတယ္ဆိုတာ ခန႔္မွန္းရမခက္ပါဘူး"

ဓာတ္ေလွကားက အေပၚဆုံးထပ္မွေန၍ တစ္ထပ္ခ်င္း ဆင္းလာေနသည္။

" တကယ္တိက်တဲ့ ခန႔္မွန္းခ်က္ပဲ"
ရွဲ႕လင္၏ စမ္းသပ္မႈက ခ်က္ခ်င္းၿပီးဆုံးသြားသည္။ သူသိခ်င္သည့္ အေျဖရၿပီးၿပီးခ်င္း သဲလြန္စမက်န္ပဲ စကားလမ္းေၾကာင္းလႊဲလိုက္၏။
" ဓာတ္ေလွကားေတာင္ ေရာက္ၿပီ"

သူတို႔ေရွ႕ေရာက္လာေသာ ဓာတ္ေလွကားတံခါးက ျဖည္းျဖည္းခ်င္း ပြင့္လာသည္။

ခ်ီခ်င္းလဲ အသစ္စက္စက္ ငွားထားေသာ အခန္းထဲ ျပန္ေရာက္ေတာ့ ပရိေဘာဂမ်ားကို ပိုးသတ္ေဆး လိုက္ျဖန္းရသည္။

ထုံးစံအတိုင္း မီးမဖြင့္ပဲ TV ကိုသာ ဖြင့္ထားသည္။ တစ္အိမ္လုံးကို TV မွလာေသာ အျပာေရာင္အလင္းႏွင့္သာ လႊမ္းၿခဳံ႕ထား၏။

အခန္းေျပာင္းၿပီးတာ‌ေတာင္မွ နားဆူေနသည္ကို ခံစားေနရသည္။ တစ္ေန႕လုံး ဆူဆူညံညံ ျဖတ္သန္းခဲ့ရ၍လားမသိ။ အသံတို႔က သူ႕နားထဲ ျပည့္က်ပ္ေနကာ ေခါင္းကိုက္ေန၏။

ဒီေန႕ကိုပါ တြက္ၾကည့္လွ်င္ သူ ေခါင္းကိုက္ေနတာ ရက္အေတာ္ၾကာၿပီ။

ပရိေဘာဂမ်ား ပိုးသတ္ေဆးျဖန္းၿပီးေနာက္ ရာဘာလက္အိတ္ခြၽတ္ကာ သူ႕နဖူးသူ ျပန္စမ္းမိသည္။ ထိုအခါမွသာ ဟိုအရင္တစ္ခါက မိုးမိခဲ့သည္က မေပ်ာက္ေသးသည့္အျပင္ တစ္ေနကုန္ ေလွ်ာက္သြားေနခဲ့သည့္အတြက္ ဖ်ားေနသည္ကို သိလိုက္ရ၏။

ခ်ီခ်င္းလဲ TV အလင္းေရာင္အကူအညီႏွင့္ ေဆးေသတၱာထုတ္ကာ အဖ်ားေပ်ာက္ေဆးကို ဖတ္ၾကည့္သည္။

ဒိတ္လြန္ေနသည္မွာ အေတာ္ေလးပင္ ၾကာေနၿပီ။

ခ်ီခ်င္းလဲ ေဆးမေသာက္ေတာ့ပဲ ဆိုဖာေပၚတြင္သာ အိပ္ေပ်ာ္သြားေလရာ ဖုန္းျမည္သံေၾကာင့္ လန႔္နိုးလာ၏။

.. ရွဲ႕လင္မွ လူႀကီးမင္းကို ဖုန္းေခၚေနပါသည္....

" အရာရွိက်ိက သူ ဟိုတစ္ခါငွားထားတဲ့ အကၤ်ီ ကိုယ္နဲ႕ ထည့္ေပးလိုက္တယ္.. မင္းကို ျပန္ေပးေပးပါတဲ့"
ဖုန္းကိုင္ကိုင္ခ်င္း ၾကည္လင္ခ်ိဳသာေသာ ရွဲ႕လင္၏ အသံမ်ား သူ႕နားထဲ တျဖည္းျဖည္းခ်င္း စီးဝင္လာသည္။
" ခုနက ကားေပၚမွာ ေပးဖို႔ေမ့သြားလို႔.. မင္း အခု အိမ္မွာရွိတယ္မလား"

ရွဲ႕လင္က စကားနည္းနည္းသာ ေျပာရေသးေသာ္လဲ ဆြဲေဆာင္မႈ အျပည့္ပင္။

သို႔ေသာ္ ခ်ီခ်င္းက ထိုခံစားခ်က္မ်ားကို လက္ခံနိုင္သည့္ အေျခအေနမရွိ။

အဖ်ားက လူအမ်ား၏ အာ႐ုံခံစားမႈကို ေျပာင္းလဲေစနိုင္သည္။ ဖ်ားေနေသာေၾကာင့္ တခ်ိဳ႕အာ႐ုံမ်ား အားနည္းေနေသာ္လဲ ရက္ပိုင္းအေတာ္ၾကာသည္အထိ အလုပ္လုပ္ထားရေသာ သူ႕နားထဲတြင္ေတာ့ အသံတို႔က ပိုပိုစူးရွလာသည္။

ဘယ္ေလာက္ပဲ တိုက္ခန္းထဲတြင္ လူသိပ္မရွိဘူးေျပာေျပာ လူမေနသည့္ တိုက္အပ်က္ႀကီးမွ မဟုတ္ပဲ။

ခ်ီခ်င္းမွာ အသံမ်ား ဆူညံေနေသာေၾကာင့္ သူ ၾကားေနရသည့္အသံမွာ ဖုန္းထဲကလား အျပင္ကလား မခြဲျခားနိုင္ေတာ့။

တစ္ဖက္မွ ရွဲ႕လင္မွာ စကားအနည္းငယ္ ထပ္ေျပာေသာ္လဲ ခ်ီခ်င္းထံမွ တုံ႕ျပန္ျခင္းမရွိ။

" ကိုယ္ေျပာတာ ၾကားလား.. ျပန္ေျဖေလ"

"..."

" ေခါင္းမူးေနလို႔လား"

"..."

ေနာက္ဆုံးတြင္ေတာ့ ရွဲ႕လင္ဘက္မွ တိတ္ဆိတ္သြားသည္။ ထို႔ေနာက္ စကားျပန္ေျပာသည့္အခ်ိန္ ခ်ီခ်င္းအိမ္ေရွ႕ေရာက္ေနသည္။
" တံခါးဖြင့္"

" မင္း တစ္ခုခုျဖစ္မွာ စိုးရိမ္လို႔ပါ.. တံခါးေလးေတာါ ထဖြင့္.. မ်က္ႏွာခဏေလးပဲ ၾကည့္ၿပီး အကၤ်ီျပန္ေပးၿပီးရင္ ျပန္မယ္"

ထိုအကၤ်ီကို ခ်ီခ်င္း လႊင့္ပစ္ခ်င္ေနသည္။

သို႔ေသာ္ ဘယ္ေလာက္ေျပာေျပာ တစ္ဖက္လူက လက္ေလွ်ာ့မည့္ပုံမေပၚေသာေၾကာင့္ သူကပဲ စိတ္ေလွ်ာ့လိုက္ရသည္။
" တစ္ခါၾကည့္႐ုံပဲလား"

ေနာက္ဆုံးေတာ့ တစ္ဖက္မွ စကားသံၾကားရသျဖင့္ ရွဲ႕လင္ သက္ျပင္းခ်သြား၏။
" မင္းသာ သေဘာက်မယ္ဆိုရင္ အၾကာႀကီးၾကည့္လဲ ရပါတယ္"

"..."

ခ်ီခ်င္း တံခါးထဖြင့္သည့္အခ်ိန္တြင္ ရွဲ႕လင္က ဖုန္းကိုင္ထားဆဲ။ ဆြယ္တာပါးပါးေလးတစ္ထည္ လဲထားသည့္အတြက္ ေစာေစာက ပုံစံႏွင့္ ကြဲျပားေနသည္။ နဂိုထဲက လူအမ်ားကို စိတ္ယိုင္ေစနိုင္ေသာ ရွဲ႕လင္မွာ အိမ္ေနရင္း အသြင္အျပင္ေၾကာင့္ ပို ႏူးညံ့ေနပုံရသည္။

ေမွ်ာ္လင့္ထားသည့္အတိုင္း ခ်ီခ်င္းက တစ္ခ်က္ၾကည့္ၿပီးသည္ႏွင့္ အကၤ်ီအိတ္ကို တံခါးၾကားမွ ယူကာ တံခါးပိတ္ရန္ ျပင္သည္။

" ခဏေလးပါ"
ရွဲ႕လင္က တံခါးၾကားထဲ လက္ထိုးထည့္ကာ တံခါးပိတ္မည္ကို တားလိုက္သည္။
" မင္း ေနရတာ သက္သာရဲ႕လား"

~~~ မင္းကို သူေဌးသမီးမို႔လို႔သာ ယူခဲ့တာ.. ဘယ္သူမွ မင္းလို ေမာက္မာတဲ့သူကို သည္းခံနိုင္မွာမဟုတ္ဘူး~~~

ဘယ္အထပ္က ဒရာမာခင္းေနလဲေတာ့ သူကိုယ္တိုင္လဲ မသိ။ ခ်ီခ်င္းမွာ အေတာ္ေလးခံရခက္ေနေသာေၾကာင့္ တုံ႕ျပန္မႈမ်ား ေႏွးေကြးလာသည္။ ရွဲ႕လင္စကားကို ျပန္ေျဖရန္ပင္ အေတာ္အားယူလိုက္ရ၏။
" ဆူညံေနလို႔"

" ဆူ‌ညံေနတယ္??"
ရွဲ႕လင္မွာ သူ႕စကားကို နားၿငီးသည္ဟု ေျပာတာမဟုတ္မွန္း သေဘာေပါက္သည္။

လက္ရွိအခ်ိန္တြင္ တိုက္ခန္းထဲ သူ ဘာသံမွ မၾကားရ။ ၾကားေနရသည့္ တစ္ခုတည္းေသာ အသံမွာ အေပၚထပ္မွ ပစၥည္းမ်ား ေ႐ႊ႕ေနေသာ အသံသာျဖစ္သည္။ သို႔ေသာ္ ဆူညံသည္ဟု ဆိုရေလာက္ေအာင္ မက်ယ္။

ရွဲ႕လင္မွာ ခ်ီခ်င္းတြင္အသန႔္ႀကိဳက္ေရာဂါရွိသည္ကို ေခတၱမွ် ေမ့ေလ်ာ့သြား၏။ တံခါးေရွ႕ တားထားသည့္ လက္ကို လႊတ္ကာ ခ်ီခ်င္း၏ နားႏွစ္ဖက္ကို တင္းတင္း အုပ္ကိုင္လိုက္သည္။
" အေပၚမွာ ပစၥည္းေတြ ေ႐ႊ႕ေနတာနဲ႕တူတယ္... မင္းအတြက္ အရမ္းဆူေနတယ္ဆိုရင္ ကိုယ္ အေပၚတက္ၿပီး သြားေျပာေပးမယ္ေလ"

ခ်ီခ်င္း အလန႔္တၾကားျဖစ္သြားသည္။ အိမ္တြင္ တစ္ေယာက္ထဲ ရွိေနေသာေၾကာင့္ လက္အိတ္ဝတ္မထား။ ထို႔ေၾကာင့္ ရွဲ႕လင္လက္ကို ျပန္ျဖဳတ္ရန္ သူ႕လက္ႏွင့္ ကိုင္မိသြား၏။ သို႔ေသာ္ လက္ခ်င္း ထိမိသြားသည့္ခဏတြင္ သူ႕နားထဲမွ အသံအားလုံး တိတ္ဆိတ္သြားေလသည္။

ဘယ္တိုက္ခန္းက ျဖစ္ေနသည္မသိေသာ ဒရာမာေရာ.. ဘယ္အခ်ိန္ထဲက သူ႕နားထဲ ဝင္ေနသည္မသိေသာ အသံေပါင္းစုံသည္ေရာ အက္ကြဲကြဲ အသံမ်ိဳးစုံပါ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားခဲ့သည္။

........
End of part 22
Thank you all

ဒီတစ္ပိုင္း ေတာ္ေတာ္ေလးရွည္တာ

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

20.8K 968 24
*𝒘𝒉𝒊𝒔𝒕𝒍𝒆* "𝑾𝒐𝒓𝒍𝒅 𝒘𝒉𝒆𝒓𝒆 𝒂𝒓𝒆 𝒚𝒐𝒖 ~" "𝑫𝒐𝒏𝒕 𝒌𝒆𝒆𝒑 𝒎𝒆 𝒘𝒂𝒊𝒕𝒊𝒏𝒈. 𝒚𝒐𝒖 𝒌𝒏𝒐𝒘 𝑰 𝒅𝒐𝒏'𝒕 𝒍𝒊𝒌𝒆 𝒊𝒕 " "𝑾𝑶𝑹...
48.5K 5.1K 24
I'm not own this! ! It's just translation! ! - - - - - - - - - - Title : End Of The World ( AOB ) Type : Web Novel ( CN ) Genre : Adult, Mature, Smut...
14K 736 6
"Let's date." "No." Or The five times Jay asks Jungwon on a date and the one time he doesn't.
94.2K 3.1K 53
𝐒𝐂𝐇𝐎𝐎𝐋 𝐁𝐔𝐒 𝐆𝐑𝐀𝐕𝐄𝐘𝐀𝐑𝐃 "𝚝𝚑𝚎 𝚋𝚎𝚜𝚝 𝚠𝚊𝚢 𝚝𝚘 𝚐𝚘, 𝚒𝚜 𝚒𝚗 𝚜𝚝𝚢𝚕𝚎. 𝚆𝚑𝚊𝚝𝚜 𝚖𝚘𝚛𝚎 𝚜𝚝𝚢𝚕𝚒𝚜𝚑 𝚝𝚑𝚊𝚗 𝚊 𝚖𝚘𝚝...