65 01
အပိုင်း (၆၅)
ယင်ညန်က မိုးကြိုးအဖွဲ့နောက်သို့ လိုက်ကာ အခြေစိုက်စခန်းအထိ တောက်လျှောက် ပြန်ပါလာခဲ့သည်။ ရှောင်ကျင်းနှင့် အားခုန်းတို့ကလည်း သူတို့၏ ခေါင်းဆောင်နှင့် ယင်ညန်ကြားမှ ထူးဆန်းသော ဆက်ဆံရေးအခြေအနေကို အချင်းချင်း အပြန်လမ်းတစ်လျှောက် ပြောဆိုဆက်ဆံပုံမှ တစ်ဆင့် သတိထားမိလာကြသည်။ ခေါင်းဆောင်နှင့် ဒေါက်တာယင်တို့က အတူလမ်းလျှောက်နေသောအခါ လေထုအခြေအနေက ထူးဆန်းသွားသည်။
ရှောင်ကျင်းက သိချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ရှက်ရွံ့နေသော လေသံဖြင့်မေးလိုက်သည်။
"ခေါင်းဆောင်၊ ခေါင်းဆောင် အရင်က ဒေါက်တာယင်နဲ့ သိခဲ့လား၊ ငါဆိုလိုတာက မျှော်လင့်ချက် ဌာနချုပ်ကို မရောက်ခင်ပြောတာ"
ကျန်းကျီရင်က မည်သို့ပြန်ဖြေရမည့်အကြောင်း တွေးတောနေစဥ် ယင်ညန်က ဉာဏ်ကောင်းသူပီပီ တိုက်ရိုက်ပင်ဖြေသည်။
"ဟုတ်တယ် ငါက မင်းတို့ခေါင်းဆောင်နဲ့ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့တာ၊ ကမ္ဘာကပ်ဘေးမှာ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပြီး ငါ သူ့ကို ပျောက်သွားတယ်၊ ငါ မျှော်လင့်ချက် ဌာနချုပ်ကို ပြန်ရောက်တော့ သူက သိပ်မပျော်နေဘူး၊ ဒါကြောင့် သူက ငါ့ကို မသိချင်ယောင်ဆောင်နေခဲ့တာ"
ထိုမှတ်ချက်က အတော်လေး အဓိပ္ပါယ်အပြည့် ပါသည်။ အလယ်တွင် ရပ်သွားသော တစ်ခဏကပင် လျှို့ဝှက်ချက်များစွာကို သယ်ဆောင်ထားလေသည်။
ရှောင်ကျင်းက ရုတ်တရက် ဒေါက်တာယင်ကလည်း နေရာလှပ် စွမ်းရည် အသုံးပြုသူဖြစ်ကြောင်း သတိရသွားသည်။ ထိုသို့ဖြင့် သူက တစ်စုံတစ်ရာကို နားလည်လိုက်သလိုမျိုး ခံစားလိုက်ရသည်။
ထိုနှစ်ရက်အတောအတွင်း လူတိုင်းက လျှို့ဝှက်အမိန့်တစ်ခုကို လက်ခံရရှိခဲ့သည်။ တစ်နည်းအားဖြင့် မိုးကြိုးအဖွဲ့မှ ခေါင်းဆောင်ကို နေရာရွှေ့ပြောင်းပေးပြီး လက်ရွေးစင်အဖွဲ့ဝင် ၁၂ ယောက်ကို ရွေးချယ်ကာ မဟာမိတ်ဌာနချုပ်သို့ ပို့ပေးရခြင်းဖြစ်သည်။ လက်ထောက်တာဝန်ခံကလည်း ကိစ္စများအားလုံးကို ကိုင်တွယ်ရန် နေခဲ့ရလေသည်။
တခြားသူများကမူ အခြေအနေက မည်သို့ဖြစ်ပျက်သွားကြောင်း တွေးတောကြပြီး အောင်မြင်စွာ ခန့်မှန်းနိုင်ကြသည့်တိုင်အောင် ကျန်းကျီရင်ကမူ မူလဇာတ်ကြောင်းက ထိုအခြေအနေထိ ရောက်သွားပြီဖြစ်ကြောင်း ရုတ်တရက် သတိရလိုက်သည်။ ယွမ်လဲ့ထျန်းက သေသွားလောက်လေပြီ။
ဂိမ်းပွဲ၏ အဓိက ဇာတ်ကြောင်းအရဆိုလျှင် ယွမ်လဲ့ထျန်းက သူ၏အသင်းကို အနောက်ဘက်အပိုင်းတွင်ရှိသည့် ဖုတ်ကောင်များဝိုင်းထားသည့် စွန့်ပစ်မြို့သို့ ခေါ်သွားပြီး တစ်စုံတစ်ရာကို သွားရှာပေလိမ့်မည်။ ထိုသို့ဖြင့် သေသွားရခြင်းဖြစ်သည်။ ထိုအချိန်က တိမ်ကောင်းကင်မဟာမိတ်မှ ခေါင်းဆောင် ယွမ်လဲ့ထျန်းက လူသားမဟာမိတ်များထဲတွင် အင်အားအကြီးမားဆုံး လူသားတစ်ယောက် ဖြစ်နေခဲ့သေးသည်။ သူကိုယ်တိုင်ကလည်း အဆင့်၉နီးပါး စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီး သူ၏နောက်လိုက်များကလည်း အဆင့်၇ စွမ်းရည်သုံးသူများဖြစ်သောကြောင့် စွမ်းအားကြီးကြ၏။ ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သောမြို့ကို နောက်ပိုင်းတွင် ကျဆုံးသောမြို့ဟု ခေါ်ကြသည်။ ကစားသမားများကလည်း ကျဆုံးသောမြို့၏ မြေပုံကို ခန့်မှန်းကြည့်ကြပြီး တည်ရှိသော နဂါးချိုင့်ဝှမ်းအနောက်ဘက်ခြမ်းတွင် ပုန်းအောင်းနေသည့် နေရာတစ်ခုကလည်း ရုတ်တရက်ပွင့်လာကြောင်း သိသွားကြသည်။
ထို့နောက် လူသားမဟာမိတ်အဖွဲ့မှ ဆက်ခံသည့် ယွမ်လဲ့ထျန်း၏သား ယွမ်ချူက နဂိုအဆင့်၇ အထွတ်အထိပ် မူလစွမ်းအားမှတစ်ဆင့် အင်အားကို အပြည့်အဝ အသုံးချပြီး မဟာမိတ်ကို တည်ငြိမ်အောင် ထိန်းခဲ့သည်။ ပထမဦးဆုံး သူလုပ်ခဲ့သည့်အရာက အဖွဲ့ဆယ့်နှစ်ဖွဲ့မှ လက်ရွေးစင်အင်အားစုကို လျှို့ဝှက်စွာပင် ပြန်ခေါ်ခဲ့ပြီး သူ့လက်ထဲတွင် ကိုင်ထားသည့် ထက်ရှသော ဓားများအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
သတင်းကို ရပြီးနောက် ကျန်းကျီရင်က လူဆယ့်နှစ်ယောက်ကို ရွေးချယ်ကာ အတူထွက်သွားကြသည်။ အခြားသူများကိုမူ ချန်းကွမ်းက ဦးဆောင်ပြီး ထိုနေရာတွင် ကျန်နေရစ်ခဲ့၏။ ယင်ညန်ကမူ သဘာဝအလျောက်ပင် သူ့နောက် လိုက်ခဲ့လေသည်။
ထိုညတွင် ကျန်းကျီရင်က အခန်းကို သန့်ရှင်းရေးလုပ်နေသည်။ ယင်ညန်က ရုတ်တရက် ထွက်ပေါ်လာပြီးနောက် သူ့ကို မှီလာသည်။
"ကျစ်ရင် အခုပြန်ပြီး ညနေပိုင်းအတွက် ဖရုံသီး ဖျော်ရည်သောက်ရမဲ့အချိန်ပဲ"
ကျန်းကျီရင်က ပြန်မဖြေနိုင်သေးခင် အလွန်အမင်း အိပ်ချင်စိတ်က သူ့ကို လွှမ်းခြုံလိုက်သည်။ သူသည် မျက်လုံးကို မှိတ်လိုက်ပြီးနောက် အိပ်မောကျသွားသည်။ သူပြန်လည် မျက်လုံးဖွင့်လိုက်သောအခါ တောက်ပနေလေပြီ။
65 02
ယင်ညန်က သူ့ကို ငုံ့ကိုင်းမှီကာ ခပ်တိုးတိုးပြောသည်။
"မင်္ဂလာမနက်ခင်းပါ၊ မင်းနိုးလာတဲ့ အချိန်မှာလည်းပဲ ငါရှိနေတုန်းပဲ၊ လောကက ဘယ်လိုပဲပြောင်းပြောင်း မင်းငါ့ကိုပဲ အမြဲတမ်း မြင်ရမှာ"
သူက ဂုဏ်ယူသော မျက်နှာထားပင် ဖြစ်နေသေး၏။ ကျန်းကျီရင်ကို ခိုးနမ်းလိုက်ပြီးနောက် အိပ်ရာထဲမှ ခုန်ထွက်ကာ သွား၍ သန့်ရှင်းဆေးကြောသည်။
ဒီနေ့က စနေနေ့ဖြစ်သည်။ ကျန်းကျီရင်က အနားယူနိုင်၏။ ယင်ညန်က နေ့တစ်ဝက်ခန့် အချိန်ပို သွားလုပ်ရဦးမည်ဖြစ်သည်။ ထို့ကြောင့်သူက နေ့လယ်၃နာရီမှသာ ပြန်လာမည်ဖြစ်သည်။
ကျန်းကျီရင်က ယင်ညန်က မနက်ဖြန်ဆိုလျှင် ဖရုံသီးဖျော်ရည်သောက်ချင်နေကြောင်း ပြောထားသည့် အကြောင်းအရာကို မမေ့သေးချေ။ ထို့ကြောင့်သူက အိပ်ရာထလိုက်ပြီးနောက် အနီးနားရှိ စူပါမားကတ်သို့သွားကာ လတ်ဆတ်သော ဖရုံသီးများကို ဝယ်သည်။ ထို့နောက် သူ၏အိမ်တွင် လိုအပ်နေသော နေ့စဥ်သုံးပစ္စည်းများကိုလည်း ဝယ်လိုက်သည်။
သူက ငွေပေးချေနေသည့်အချိန်တွင် ရုတ်တရက် တာ့ယိထံမှ နေ့လယ်စာအတူစားချင်ကြောင်း ဖုန်းကို လက်ခံရရှိခဲ့သည်။
ကျန်းကျီရင်က ခေါင်းငုံ့လိုက်ပြီး တစ်ချက် တွေးတောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယင်ညန်ကလည်း နေ့လယ်ပြီးမှ ပြန်ရောက်လာမည်ဖြစ်သည်။ ယခုတလော သူဌေးကြောင့် သူကလည်း မိတ်ဆွေများနှင့် မတွေ့နိုင်ခဲ့ချေ။ ထို့ကြောင့် ပျော်ရွှင်စွာဖြင့် သဘောတူလိုက်သည်။
တာ့ယိက သူ၏အိမ်နားတွင် သီးသန့်စားသောက်ဆိုင်တစ်ဆိုင် ရှိကြောင်း မေးမြန်းလာသဖြင့် သူတို့က ထိုနေရာတွင်သာ သီးသန့်အခန်းတစ်ခန်းကို ဘိုကင်ယူလိုက်သည်။ ထိုအခန်း၏ လေထုအခြေအနေကလည်း တိတ်ဆိတ်၏။
သူလာကြောင်း မြင်သောအခါ တာ့ယိက ရေနွေးကြမ်းကို ထည့်ပေးပြီးနောက် အော်ဒါမှာခိုင်းသည်။ သူက စကားအများကြီး ပြောတတ်လေ့မရှိချေ။ သူ၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ရှိနေသည့်တိုင်အောင် အမြဲတစေ တိတ်ဆိတ်တည်တံ့နေတတ်သည်။
ဟင်းပွဲများချလာပြီးနောက် သူက တူကိုချကာ ကျန်းကျီရင်ကို ကြည့်ကာ တဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အဲဒီ မင်းရဲ့ဘက်က ယင်ညန်ဆိုတဲ့သူက လူမဟုတ်ဘူး ကျစ်ရင်၊ ငါတို့ရဲ့နှစ်ပေါင်းများစွာ ရင်းနှီးမှုကို ကြည့်ပြီး ငါကမင်းကို သစ္စာမရှိခဲ့ဘူး၊ မင်းကိုမသနားခဲ့ဘူးလို့ မင်းစဥ်းစားသတ်မှတ်နိုင်ပါတယ်၊ မင်းကြိုက်သလောက်ငါ့ကို အပြစ်တင်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ် မင်းလက်လွှတ်ပေးရမယ်၊ ဒီကိစ္စကို မြန်မြန်အဆုံးသတ်လိုက်ပါတော့"
ရလာသော သတင်းအချက်လက်များ အားလုံးက ကြီးမားလွန်းအားကြီးသဖြင့် ကျန်းကျီရင်ကိုယ်တိုင်ကလည်း အချိန်အတော်ကြာ မတုံ့ပြန်နိုင်ခဲ့ပေ။
ယင်ညန်က လူမဟုတ်မှန်း သူသိသည်။ သို့သော် တာ့ယိက မည်သို့သိသွားကြောင့် သူမသိပေ။ ထို့အပြင် သနားညှာတာမှုများက မည်သည့်နေရာက ထွက်လာပြီး ထိုကိစ္စကို အဆုံးသတ်ခိုင်းခြင်း ဆိုသော အခြေအနေက မည်သည့်နေရာမှ ပေါ်လာမှန်းလည်း နားမလည်နိုင်ချေ။
တာ့ယိက အရက်ကို ပါးစပ်ဖြင့် တစ်ငုံငုံလိုက်ပြီးနောက် ကျန်းကျီရင်ကို ကြည့်ကာ ခါးသည်းစွာ ရယ်သည်။
"မင်းရဲ့ ယင်ညန်က ထူးခြားတဲ့ဉာဏ်ရည်မြင့် အသိစိတ်တစ်ခုဆိုတဲ့အကြောင်း ငါမင်းကို မပြောနိုင်ခဲ့ဘူး၊ ငါကအဲဒီအရာနဲ့ ပတ်သက်တဲ့ သုတေသနအဖွဲ့ကလေ၊ ငါ့ရဲ့ကြီးကြပ်သူက ဒီပရောဂျက်ကို အဓိက တာဝန်ယူထားတဲ့ အဓိကလူပဲ"
တာ့ယိက ယင်ညန်နှင့်ပတ်သက်သည့် မူလဇစ်မြစ်အကြောင်းအရာကို ကျန်းကျီရင်ကို အကြမ်းဖျင်း ရှင်းပြသည်။ ထို့ကြောင့်ယင်ညန်က ကျန်းကျီရင်ကို အစောပိုင်းကတည်းက ပြောထားသည့် အခြေအနေ အများစု ဖြစ်နေလေသည်။
"ပြောရရင် ငါတို့ym427ကို ခြေရာကောက်မိတော့ ဒါက မင်းရဲ့ ယင်ညန်ဆိုတာကို တွေ့ခဲ့ရတယ်၊ သူက ဒေါက်တာဝိုင် တည်ရှိတဲ့ ဂိမ်းထဲမှာ တအား activeဖြစ်နေတာကို တွေ့ခဲ့ရတယ်၊ သူက တော်တော်လေးကို over activeလုပ်နေခဲ့ပြီး လူသားတွေက ချစ်မိသွားတဲ့အခါ သူတို့ရဲ့ ဟော်မုန်းတွေက အထုတ်များလာတဲ့ ပုံစံမျိုးလိုပဲ၊ အဲဒီနောက် မင်းနဲ့သူ့ရဲ့ ဆက်သွယ်မှုကို ငါတွေ့ခဲ့ရတယ်"
"ကျန်းကျီရင်က ထိုစကားကြောင့် အံ့အားသင့်သွားသည်။ သူကိုယ်တိုင်ကလည်း သူလျစ်လျူရှုခဲ့သည့် အခြေအနေများစွာကို တွေးမိသွားသည်။
65 03
သူ၏အနီးပတ်ဝန်းကျင်၏ အရင်းနှီးဆုံး မိတ်ဆွေနှစ်ယောက်သာလျှင် ရှိသည်။ ထိုနှစ်ယောက်က တာ့ကျားနှင့် တာ့ယိတို့ဖြစ်သည်။ နှစ်ယောက်လုံးကလည်း သူက မနက်ဖြန်ကို ကစားကြောင်းသိထားကြသည်။ သူက ခေါင်းဆောင်ကို ရူးရူးမူးမူး သဘောကျနေကြောင်းကိုလည်း သိထားကြသည်။ သဘာဝအလျောက်ပင် သူ၏အလုပ်မှ လုပ်ဖော်ကိုင်ဖက် များကပင် သူက အိမ်တွင် ဂိမ်းကစားတတ်ကြောင်း မသိကြချေ။
သူက ပထမဦးဆုံးအကြိမ် ယင်ညန်ကို နေ့တိုင်းလိုလိုကြည့်ပြီး သဘောကျကြောင်း ပြသခဲ့ပြီး ဂိမ်းထဲမှ ပုံရိပ်ယောင်ပုံရိပ်တစ်ခုကို အဆက်အသွယ်များပြနေသည့်အခါ တာ့ကျားက သူ၏ ကျန်းမာရေးနှင့် မသင့်တော်မည့် ပုံမှန်မဟုတ်သည့် အပြုအမူများကို ပြောင်းလဲရန်အလို့ငှာ အပြင်သို့ခေါ်ကာ သီချင်းဆိုခိုင်းခြင်း၊ ရုပ်ရှင်ကြည့်ခိုင်းခြင်း၊ မိတ်ဆွေများနှင့်အတူ စားခိုင်ခြင်း၊ ကောင်မလေးများနှင့် မိတ်ဆက်ပေးခြင်းတို့ကို ပြုလုပ်ပြခဲ့သေးသည်။ သို့သော် တာ့ယိကမူ ထိုအပြုမူကို သဘောမကျကြောင်း ပြခဲ့သည်။ သူက လူတိုင်းတွင် အမြဲတစေ ထူးခြားသော ဝါသနာများရှိသည်မှာ ပုံမှန်သာဖြစ်ကြောင်းဆိုသော ပုံစံမျိုးဖြင့် နှစ်သိမ့်ပေးခဲ့သည်။ အချို့သူများဆိုလျှင် နွားချေးပိုးထိုးကောင်များကို စုဆောင်ရခြင်းအား သဘောကျတတ်သည် ဆိုသော ကျော်ကြားသည့် အခြေအနေများပင် ရှိခဲ့ဖူးကြောင်း ပြောပြတတ်သည်။ ထို့ကြောင့် ကျစ်ရင်၏ ဝါသနာက မကြီးမားကြောင်း၊ ထို့ကြောင့် သူ၏အလုပ်နှင့် ဘဝကိုလည်း အသက်ရောက်ကြောင်း၊ ထို့ပြင် သူက အင်တာနက်အစွဲလမ်းလွန်သူလည်း မဟုတ်ကြောင်း၊ သူက နေ့စဥ်တစ်ရက်မှ နှစ်နာရီခန့်သာ အင်တာနက်သုံးသူဖြစ်ကြောင်း ပြောပြီး နှစ်သိမ့်ပေးခဲ့၏။
သူတို့ထဲတွင် တာ့ယိက အသက်အကြီးဆုံး၊ ဉာဏ်ပညာအထက်ဆုံး၊ အတွေ့အကြုံအရှိဆုံး၊ အချင့်ချိန်တတ်ဆုံး၊ အကျိုးအကြောင်း နားအလည်ဆုံးသူ ဖြစ်သည်။ ရလဒ်အနေဖြင့် အချိန်ကြာလာသောအခါ သူတို့က ကျန်းကျီရင်၏ ဒီဝါသနာကို နားလည်ပေးလာကြပြီး ဘယ်သူကမှလည်း အထူးတလည်အာရုံစိုက်မနေတော့ချေ။ ထို့ကြောင့် ကျန်းကျီရင်ကလည်း ကောင်းကောင်းမွန်မွန် ဆက်လက်လှုပ်ရှားနိုင်နေခြင်းဖြစ်သည်။
"ငါစသိရတဲ့အချိန်က မင်းလုပ်ခဲ့တဲ့ အခြေအနေမျိုးကို တခြားသူတွေကို အတုခိုးခိုင်းခဲ့တယ်၊ အခြားသူတွေနဲ့ အားနည်းနဲ့ AI တွေတောင်မှ မင်းပြောတဲ့ပုံစံမျိုး အလားတူ check လုပ်ခဲ့သလို ဂိမ်းထဲက ဝိုင်ရဲ့ ပုံကိုလည်း ဖတ်ခဲ့သေးတယ်၊ ဒါက ym427က ပေါ်ကို ပေါ်မလာခဲ့တာ၊ သူက ဒီအပြုမူကို အထင်သေးတဲ့ ပုံစံမျိုးတောင် ပြသခဲ့သေးတယ်၊ ဒါက မင်းနဲ့သူ ရင်ဆိုင်နေရတဲ့အခါ ဖြစ်လာတဲ့ activeဖြစ်လွန်းတဲ့ ပုံစံမျိုးနဲ့ မတူညီခဲ့ဘူး၊ ငါ အဲဒီအချိန်ကတော့ ငါက လူအရင်းမြစ်သိပ္ပံအပေါ် အကျိုးပြုမှု အများကြီး လုပ်လိုက်နိုင်ပြီလို့ တွေးမိပြီး နောက်ထပ် လူသားသိပ္ပံသမိုင်းမှာ မယုံနိုင်စရာကောင်းတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်တော့မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ရလဒ်က ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူး"
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။