လွမ်းပျက်ပြယ်

Galing kay Stella_Rela

647K 61K 3.3K

ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးန... Higit pa

အပိုင်း {၁} [က]
အပိုင်း {၁} [ခ]
အပိုင်း {၁} [ဂ]
အပိုင်း {၂} [က]
အပိုင်း {၂} [ခ]
အပိုင်း {၂} [ဂ]
အပိုင်း {၃} [က]
အပိုင်း {၃} [ခ]
အပိုင်း {၃} [ဂ]
အပိုင်း {၄} [က]
အပိုင်း {၄} [ခ]
အပိုင်း {၄} [ဂ]
အပိုင်း {၅} [က]
အပိုင်း {၅} [ခ]
အပိုင်း {၅} [ဂ]
အပိုင်း {၆} [က]
အပိုင်း {၆} [ခ]
အပိုင်း {၆} [ဂ]
အပိုင်း {၇} [က]
အပိုင်း {၇} [ခ]
အပိုင်း {၇} [ဂ]
အပိုင်း {၈} [က]
အပိုင်း {၈} [ခ]
အပိုင်း {၈} [ဂ]
အပိုင်း {၉} [က]
အပိုင်း {၉} [ခ]
အပိုင်း {၉} [ဂ]
အပိုင်း {၁၀} [က]
အပိုင်း {၁၀} [ခ]
အပိုင်း {၁၀} [ဂ]
အပိုင်း {၁၁} [က]
အပိုင်း {၁၁} [ခ]
အပိုင်း {၁၁} [ဂ]
အပိုင်း {၁၂} [က]
အပိုင်း {၁၂} [ခ]
အပိုင်း {၁၂} [ဂ]
အပိုင်း {၁၃} [က]
အပိုင်း {၁၃} [ခ]
အပိုင်း {၁၃} [ဂ]
အပိုင်း {၁၄} [က]
အပိုင်း {၁၄} [ခ]
အပိုင်း {၁၄} [ဂ]
အပိုင်း {၁၅} [က]
အပိုင်း {၁၅} [ခ]
အပိုင်း {၁၅} [ဂ]
အပိုင်း {၁၆} [က]
အပိုင်း {၁၆} [ခ]
အပိုင်း {၁၆} [ဂ]
အပိုင်း {၁၇} [က]
အပိုင်း {၁၇} [ခ]
အပိုင်း {၁၇} [ဂ]
အပိုင်း {၁၈} [က]
အပိုင်း {၁၈} [ခ]
အပိုင်း {၁၈} [ဂ]
အပိုင်း {၁၉} [က]
အပိုင်း {၁၉} [ခ]
အပိုင်း {၁၉} [ဂ]
အပိုင်း {၂၀} [က]
အပိုင်း {၂၀} [ခ]
အပိုင်း {၂၀} [ဂ]
အပိုင်း {၂၁} [က]
အပိုင်း {၂၁} [ခ]
အပိုင်း {၂၁} [ဂ]
အပိုင်း {၂၂} [က]
အပိုင် {၂၂} [ခ]
အပိုင်း {၂၂} [ဂ]
အပိုင်း {၂၃} [က]
အပိုင်း {၂၃} [ခ]
အပိုင်း {၂၃} [ဂ]
အပိုင်း {၂၄} [က]
အပိုင်း {၂၄} [ခ]
အပိုင်း {၂၄} [ဂ]
အပိုင်း {၂၅} [က]
အပိုင်း {၂၅} [ခ]
အပိုင်း {၂၅} [ဂ]
အပိုင်း {၂၆} [က]
အပိုင်း {၂၆} [ခ]
အပိုင်း {၂၆} [ဂ]
အပိုင်း {၂၇} [က]
အပိုင်း {၂၈} [က]
အပိုင်း {၂၈} [ခ]
အပိုင်း {၂၉} - ဇာတ်သိမ်းပိုင်း
Hello 📚
အပိုင်းပို {၁}
အပိုင်းပို {၂}
အပိုင်းပို {၃} + {၄}
အပိုင်းပို {၅}+{၆}

အပိုင်း {၂၇} [ခ]

6.9K 712 35
Galing kay Stella_Rela

ညွှန်း အိပ်ရာနိုးလာတော့ အရာအားလုံးကပုံမှန်ဖြစ်နေသည်။ ညတုန်းက မမလွမ်းစကားတွေကြောင့် ပူလောင်ငိုကြွေးရတာနှင့် ဘယ်အချိန်အိပ်ပျော်သွားလဲမသိ။ မမလွမ်းဟာတော့ နိုးတော့ အနားမှာမရှိပဲ မနက်စာစားနေသည်။

"ချိုကိုပိုင်းလေး နိုးပြီလား။ ခဏ လွမ်း မနက်စာပြင်ပေး..."

စားနေရင်း ထရပ်ဖို့လုပ်သည့် မမလွမ်းကြောင့် မမလွမ်းရဲ့ ပခုံးလေးကိုမထရန်ဖိထားလိုက်သည်။

"ညွှန်း ဘာသာလုပ်လိုက်ပါ့မယ် မမလွမ်း စားပါ"

"ဟင့်အင်း လွမ်း..."

"မဟင့်အင်းဘူး မမလွမ်းရဲ့ ချိုကိုပိုင်းလေးက ဘာလဲဆိုတာမေ့နေပြီလား"

ညွှန်း လက်ကိုဖယ်ဖို့လုပ်ပြီး အတင်းပြင်ဆင်ပေးချင်နေတဲ့ မမလွမ်းကြောင့် သတိပေးလိုက်ရသည်။ ညွှန်းက စာဖိုမှူးဖြစ်တဲ့အပြင် Bakery ပိုင်းလည်းကိုယ့်ဘာသာလေ့လာနေတဲ့သူပါလေ။ တကယ်ဆို ညွှန်းကတောင် ပြန်လုပ်ပေးရမှာကို။

"အွန်ပါ လွမ်းကိုဖိမထားနဲ့တော့"

မမလွမ်း စကားကြောင့် ညွှန်းပြုံးလိုက်မိပြီး မမလွမ်း ပခုံးပေါ်မှလက်လေးကိုဖယ်ပေးလိုက်သည်။ မေမေ သူ့ဆီကို ဖုန်းဆက်မလာခင်ထိတော့ အရာအားလုံးကိုခေတ္တမေ့ထားပြီး မမလွမ်းနှင့်ပျော်အောင်နေမည်။

"ဒါနဲ့ အစ်မဟေသာရော"

ရေခဲသေတ္တာကို ဖွင့်ရင်းမေးလိုက်သည်။ ရေခဲသေတ္တာထဲတွင် ပေါင်မုန့်အပါဝင် စားစရာအတော်အများရှိနေသဖြင့် တစ်ယောက်ယောက်စျေးသွားထားပုံပင်။ ညွှန်း Butter Cake လေးကိုသာခွဲစားဖို့ထုတ်လိုက်သည်။

"ဟေသာက ခုနလေးတင် စျေးသွားပြီးပြန်လာတာ။ အသားငါးလည်း ဝယ်လာတာဆိုတော့ အခု ရေချိုးနေတယ်ထင်တယ်"

"ဒါဆို ငယ်ရော ပြန်ပြီလား"

"လေပြေငယ်က မနိုးသေးဘူးပြောတာပဲ"

ခရီးပန်းတာကိုနားလည်တဲ့အတွက် ညွှန်း ခေါင်းလေးတစ်ညိတ်ညိတ်လုပ်ရင်း လက်ထဲက Cake ကို နှစ်စိတ်လောက်ပိုင်းကာ ပန်းကန်ထဲထည့်လိုက်ပြီးမှ ရေခဲသေတ္တာထဲကျန်တာတွေကိုထည့်လိုက်သည်။ ဗိုက်ဆာနေပြီမို့ Coffee ကိုလည်း 3 In 1 အထုတ်ကိုသာ ဖျော်နိုင်တော့သည်။ ညွှန်း ပြင်တာဘယ်လောက်မှမကြာတာမို့ မမလွမ်းစားနေတာကလည်း မပြီးသေးပါ။

ဒီအချိန်လောက်ဆို မမလွမ်းနှင့် ဟေသာ စကားပြောပြီးလောက်ပြီလား။ ဟေသာက စောစောစီးစီးစျေးသွားပြီး မအားတာမို့ မပြောဖြစ်ကြဘူးလား။

"စားလေးကွယ် လွမ်းမျက်နှာမှာ စားစရာတွေမရှိဘူးနော်"

စားပွဲပေါ်စထိုင်တည်းက မမလွမ်း မျက်နှာလေးကိုငိုင်ကြည့်နေမိပြီး အတွေးလွန်နေသည့်သူ့ကို မမလွမ်းဟာ ပြောလာသည်။

"ဟုတ်လို့လား မမလွမ်းရယ် ညွှန်းတစ်ခါတော့စားခဲ့ပြီးသားပါ"

ညွှန်း စကားအဆုံးမှာ မမလွမ်းပါးလေးဟာ သိသိသာသာရဲတက်သွားသည်။

"ဟားဟား ချစ်ဖို့ကောင်းလိုက်တာ မမလွမ်းရယ်"

"မင်းနော်! တစ်ယောက်ယောက်ကြားသွားမယ် မရှက်ဘူးလား"

"မရှက်ပါဘူး ညွှန်းကအောင်နိုင်သူပဲဟာ ရှက်စရာလား"

ညွှန်းစကားကြောင့် မမလွမ်း လက်သီးဆုပ်လေးဟာ ညွှန်း လက်မောင်းကြွက်သားအဖုလေးပေါ် ခပ်နာနာထုလာသည်။

"မနက်စောစောနော် ဘယ်လိုဖြစ်နေတာလဲ ညွှန်းရာ"

ရှက်ပြီး ဆူရမ်းဖို့လုပ်နေသည့် မမလွမ်းကြောင့် ညွှန်းဆက်ရယ်နေမိသည်။ ဒါပေမဲ့ ဒီရယ်ခြင်းတွေက အစစ်အမှန်ဟုတ်ပါ့မလား။ မမလွမ်း ပါးပြင်ပေါ်က လက်ချောင်းရာတွေမကျန်တော့ပေမဲ့ နှုတ်််ခမ်းပေါ်လေးက ကွဲသွားတဲ့အနာလေးကတော့ ကျန်နေခဲ့သည်။ အခုလိုခေါင်းအေးသွားတဲ့အချိန်မှာလည်း ညွှန်း ဘာမှမစဉ်းစားနိုင်သေးဘူး။ စဉ်းစားမိတဲ့တစ်ခုတည်းသောအရာကလည်း ပြဿနာတွေဖြစ်မလာခင်ထိ အရာအားလုံးကိုမေ့ပြီး မမလွမ်းနဲ့အတူနေဖို့တဲ့လေ။ တကယ်လို့ ပြဿနာတွေဖြစ်လာရင် ဘာဆက်လုပ်မလဲ။ ဒါကိုတော့ ညွှန်း မသိပါ။

"တေးသံ အခုထိစားလို့မပြီးသေးဘူးလား"

ခေါင်းလေးသုတ်ပြီး အပြင်ထွက်လာသည့် ဟေသာသည် မမလွမ်းစားလို့မပြီးသေးတာကိုကြည့်ရင်းပြောလာသည်။ အနောက်မှလည်း အခုမှ အိပ်ရာနိုးပြီးထွက်လာသည့် စုတ်ဖွားငယ့်ကိုတွေ့ရသည်။ အင်္ကျီတွေက ညွှန်း အင်္ကျီတွေလေ။ ခရီးဆောင်အိတ်တွေက အောက်မှထားခဲ့တာမို့ ငယ် မနေ့ကရေချိုးပြီး ဝတ်စရာမရှိတာမို့ ငှါးရမ်းထားတာ။ မမလွမ်းနဲ့ ဟေသာ့ အင်္ကျီတွေကလည်း ငယ်နှင့်တော်မည်မဟုတ်ဘူးမဟုတ်လား။ တော်သေးသည်က ညွှန်း ဒီအိမ်မှာထားထားတဲ့အဝတ်တွေရှိနေသေးလို့ပဲ။

"ဘာရှိလဲဟင် ဗိုက်ဆာ"

ငယ်က အားလုံးထဲမှာကလေးအဖြစ်ဆုံးလေ။ အခုလည်း ဗိုက်လေးကိုကိုင်ကာ ဗိုက်ဆာတယ်ပြောသည်က ကလေးတွေပြောနေသလိုပဲ။

"ဘာစားချင်လဲ မမလုပ်ပေးမယ်လေ။ အသင့်စားချင်ရင်တော့ SP Bakery ကဝယ်ထားတဲ့ Cheese Cake အတုံးလေးတွေရှိတယ်"

အခုချိန် ဒီနှစ်ယောက်ကိုကြည့်ပြီး ဟေသာက အမေနေရာလိုဖြစ်နေပြီး ငယ်က သမီးလိုဖြစ်နေသည်မို့ ညွှန်း ပြုံးလိုက်မိသည်။

"ဟုတ် မမ ရတယ် ငယ်အကုန်စားတယ်"

သူများအိမ်လာပြီး အားမနာပဲဗိုလ်လာကျနေတဲ့ပုံပေါက်နေပေမဲ့ ငယ်က ချစ်ဖို့ကောင်းသည်မို့ မမလွမ်းလည်း ပြုံးလိုက်မိသည်ကို ခပ်ရေးရေးမြင်လိုက်သည်။ ဒါမှမဟုတ် အနာဂတ်မှာ ဟေသာ ကလေးထိန်းနေရမှာကို မြင်၍များပြုံးလိုက်မိလေသလား။

"ဒါဆို မမလုပ်ထားပေးမယ် မနက်သွားသစ်တော့"

"ဟင်! စားပြီးမှ သစ်တော့မယ်လေ မမ"

ထိုင်ခုံမှာ ဝင်ထိုင်ပြီးပြောတဲ့ ငယ့်ကြောင့် အားလုံးအကြည့်ဟာ ငယ့်ဆီရောက်သွားသည်။

"ညစ်ပတ်လိုက်တာ အရင်သွားသစ်စမ်းပါ ငယ်ရယ်"

"မညစ်ပတ်ပါဘူး အိမ်မှာလဲ ဒီလိုပဲဟာကို ဖွဲ့ရာကလည်း ဗိုက်ဆာပြီ"

ရှုံ့မဲ့စွာပြောသည့် ငယ့်ကြောင့် ညွှန်း နှာခေါင်းရှုံ့လိုက်မိတော့ မမလွမ်းဟာပြုံးပြန်သည်။ ဟေသာကတော့ သူ့ကလေးဗိုက်ဆာတယ်ဆိုတည်းက သွားတိုက်ခိုင်းဖို့ အစီစဉ်မရှိတော့ဟန်နှင့် ရေခဲသေတ္တာထဲက မုန့်တွေကိုထုတ်နေသည်။

"တစ်ကိုယ်ရေး သန့်ရှင်းရေးမှာ..."

"သိပါတယ် ဖွဲ့ရာရယ်... အခုတော့ မမြင်ချင်ယောင်ဆောင်လိုက်နော်။ နောက်တစ်ခါ နင့်ရှေ့မှာဆို သွားတိုက်ပြီးမှစားမယ်"

ညွှန်း ကိုယ့်မျက်နှာကိုယ် စိတ်ပျက်စွာလက်နှင့်အုပ်လိုက်မိသည်။ မမလွမ်းဟာ မထင်မှတ်ပဲ တခစ်ခစ်ရယ်သည်။ ငယ့်ရဲ့ အိပ်ချင်မူးတူးနဲ့ အပျင်းတစ်နေတဲ့ ဂျစ်ကန်ကန်ပုံကြောင့်လား။ အသန့်ကြိုက်တဲ့ ညွှန်းဟာ ငယ့်ကိုကြည့်ပြီး သွေးတက်နေတဲ့ပုံကြောင့်လား။ ဒါပေမဲ့ မမလွမ်း ထိုသို့ရယ်နေတာလေးကိုကြည့်ပြီး ညွှန်း သဘောကျမိပါသည်။ စိတ်သက်သာရာလည်း ရပါသည်။ ရှေ့လျောက်လည်း မမလွမ်းရဲ့ လှပတဲ့မျက်နှာလေးထက်မှာ ထိုသို့ အပြုံးအရယ်လေးပဲတွေ့ချင်သည်။

"အဲ့လိုပဲရယ်ပါ။ အဲ့လိုပဲရယ်နေတာက အစ်မလွမ်းတေးနဲ့ လိုက်တယ်... ရုပ်တည်ကြီးနဲ့နေတာထက်စာရင်"

မမလွမ်းကို ငေးကြည့်နေမိတဲ့ ညွှန်းဟာ ငယ့်စကားလေးအကြားမှာလှည့်ကြည့်လိုက်မိသည်။ မမလွမ်းရယ်နေတာလေးလည်း ငယ့်စကားကြောင့်ရပ်တန့်သွားသည်။ ငယ်ကတော့ သူ့စကားနဲ့သူ နေရခက်ပြီး ဟေသာ့ဘက်ကိုလှည့်သွားသည်။ ဒါဟာ မမလွမ်းကို နှစ်သိမ့်ပေးတဲ့စကားလို့ ညွှန်း ထင်ရင်မမှားဘူးမဟုတ်လား။ မမလွမ်းဟာလည်း နားလည်ပုံပဲ။ သဘောကျဟန် ခပ်ဖျော့ဖျော့လေးပြုံးသည်။

တကယ်လို့သာ မနေ့ညကပြဿနာတွေမရှိခဲ့လျှင် ညွှန်းတို့ ဒီအချိန်ပိုပျော်နေရလောက်မလား။ ဘာကြောင့် နည်းနည်းလေးပိုပြီးတောင် ပျော်ရွှင်ခွင့်မပေးရတာလဲ။ ညွှန်း ဒီကံကြမ္မာကိုနာကျည်းချင်မိတယ်လေ။

...

"အဲ့တော့ ဘာဆက်လုပ်မှာလဲ တေးသံ"

ဟေသာ့အမေးကို လွမ်းဟာ ပြန်မဖြေပဲ မီးဖိုချောင်ဘက်ကိုကြည့်နေသည်။ ညွှန်းက ဟင်းချက်နေပြီး ငယ်က ထမင်းတည်ဖို့အတွက် ဆန်ဆေးနေသည်လေ။ နေ့လည် စားချိန်တောင်ကျော်နေပေမဲ့ ငယ်ဟာ မပြန်သေးပဲ ကူညီနေသည်။

"ဘာဆက်လုပ်ရမှာလဲ ဟေသာရယ်"

"လွမ်းတေးသံ! အခုလိုအချိန်ထိရောက်လာပြီးတော့မှ ထပ်ပြီးလက်လျော့ဖို့ မကြံနဲ့နော်"

ဟေသာ စိတ်တိုလာစွာနှင့် ပြောမိတော့မှ လွမ်းဟာ သူ့ဘက်လှည့်လာသည်။ ပြီးတော့ လွမ်းဆီမှ ဖျော့တော့သော အပြုံးလေးကိုလက်ခံရရှိလိုက်သည်။

"တေးသံ လက်မလျော့ပါဘူး ဟေသာရယ်... ဖေဖေ့လက်ထဲကိုတော့ ချိုကိုပိုင်းလေးကို ထည့်လိုက်ဖို့ စိတ်ကူးမရှိပါဘူး"

"ဒါဆို ဘာလို့ ဒီလောက်အားပျက်တဲ့ပုံစံဖြစ်နေရတာလဲ ဟမ်!"

ဟေသာ ထပ်ပြောတော့ လွမ်းဟာ အကြည့်လေးပြန်လွှဲသွားသည်။ ထို့နောက် နှုတ်မှ ခပ်တိုးတိုးလေးထွက်လာသောအသံလေး။

"အဲ့လောက်သိသာနေပြီလား ဟေသာ"

"သိသာတာပေါ့ အဲ့ဒါကြောင့် ဖွဲ့ရာကို တေးသံဒက်ဒီကိစ္စတွေကို ပြောပြလိုက်သင့်တယ်။ ဘယ်လောက်ပဲ ရှက်စရာကိစ္စဖြစ်နေပါစေဦး ဒါကို ဖွဲ့ရာလည်း သိသင့်တယ်... ယူ့ဒက်ဒီ ဘယ်လောက်ယုတ်မာလဲဆိုတာကိုရော ပြီးတော့ ဖွဲ့ရာရဲ့ အဲ့အကောင် ဘယ်လောက်တောင် ရွံဖို့ကောင်းလဲဆိုတာကိုရော"

ဟေသာ တျောက်လျောက်စကားတွေအများကြီးပြောလိုက်ပေမဲ့ လွမ်းတေးသံဆီကတော့ အသံတိတ်ခေါင်းခါခြင်းကိုသာ ပြန်ရသည်။ သူ့ကလေးကို နည်းနည်းလေးမှ စိတ်အထိခိုက်မခံချင်တာ ဟေသာ နားလည်ပါသည်။ ဟေသာလည်း ကိုယ်မဟုတ်လို့သာ ဒီလိုပြောနိုင်တာလေ။ ညွှန်းနေရာမှာ ငယ်ဖြစ်နေလျှင် ဟေသာလည်း ဒီလိုဖြစ်နေမှာပဲ။

"ဒါဆိုရင် သူ့အမေကိုပြောလိုက် တေးသံ... အနည်းဆုံးတော့ သူ့သမီးကို ဒီလိုလုပ်တာသိရင်..."

"ပြီးပြီ တေးသံ အဲ့ကိစ္စရဲ့ သက်သေအကုန်လုံးကို ချိုကိုပိုင်းလေး အမေလက်ထဲရောက်အောင် ပို့ခဲ့ပြီးပြီ"

ဟေသာ အံ့ဩသွားမိသည်။ ဘယ်တုန်းက လွမ်းဟာ ဒီလိုလုပ်လိုက်တာလဲ။

"သိပ်မကြာသေးပါဘူး ခရီးမသွားခင်ကပါ..."

ဟေသာ မေးချင်နေတာကို သိဟန်နှင့် လွမ်းကဖြေလာသည်။ လွမ်းမှာလည်း အစီစဉ်တွေရှိနေခဲ့တာကို ဟေသာ အခုမှသိတော့သည်။

"အဲ့တော့ သူ့အမေက ဘာပြောလဲ။ ဘာအကြောင်းပြန်လဲ... မနေ့ညကကိစ္စက အဲ့ကိစ္စကိုသိလို့ တေးသံဒက်ဒီ လာပြဿနာရှာတာလား"

ဟေသာ့စကားအဆုံးမှာ တေးသံက ခပ်သဲ့သဲ့ပြုံးသည်။

"ဟင့်အင်း ဒက်ဒီမသိဘူး။ ဒက်ဒီ ဒီကိုရောက်လာတယ်ဆိုတာ မသိလို့လေ..."

"ဘယ်လို! တို့ မရှင်းဘူး တေးသံ"

လွမ်းသည် သက်ပြင်းလေးသဲ့သဲ့ချပြီး ဟေသာ့ကိုကြည့်လာပြန်သည်။

"မနေ့က ပြောပုံတွေအရ အဲ့လူလုပ်ရက်တွေကို ချိုကိုပိုင်းလေးအမေသိနေတာ အဲ့လူမသိဘူး ဟေသာ... အဲ့တည်းက ဒေါ်ဟေမာထွန်းရဲ့ သဘောထားက ပေါ်နေပြီလေ"

ဟေသာ ပိုနားမလည်နိုင်ဖြစ်သွားသည်။ ကိုယ့်သမီးအပေါ် လုပ်ရက်တဲ့ သူ့ယောကျ်ားအကြောင်းကို သိသွားတာတောင် ရေငုံနှုတ်ပိတ်နေတယ်တဲ့လား။ ဘယ်လို အမေမျိုးလဲ။ ဘာလို့ အတ္တဒီလောက်ကြီးနေကြရတာလဲ။

"တေးသံရယ် အဲ့လိုအတ္တကြီးတဲ့ မိဘတွေအတွက်နဲ့တော့ ဖွဲ့ရာကို လက်မလွှတ်ပါနဲ့... ဘာခြိမ်းခြောက်မှုတွေကြောင့်နဲ့ဖြစ်ဖြစ် ဖွဲ့ရာကို မိဘတွေလက်ထဲပြန်မထည့်ပါနဲ့နော်"

"ဟေသာက တို့ ချိုကိုပိုင်းလေးကို စိတ်ပူနေတာပဲ"

လွမ်းသည် ဟေသာ့စကားကိုကြားပြီး သဘောတကျလေးရယ်လာသည်။ မရယ်နိုင်သူဟာတော့ ဟေသာပါ။ နှစ်ယောက်လုံးကို စိတ်ပူနေတာသိရက်နဲ့ လွမ်းဟာ အရွှန်းဖောက်နိုင်နေသည်။ ဘာမှမဖြစ်သလို၊ ဘာမှမခံစားရသလို နေပြနေသည်။

"အဲ့လောက်စိတ်မပူပါနဲ့ ဟေသာရယ်... တေးသံ အားလုံးကို တွက်ချက်ခဲ့ပြီးသားပါ။ ချိုကိုပိုင်းလေးကို အဲ့လူလက်ထဲတကယ်ထည့်တော့မလို့လားလို့ ဟေသာပြောခဲ့တဲ့ နေ့တည်းက တေးသံ အားလုံးစဉ်းစားပြီးသားပါ"

ဟေသာ့ လက်လေးပေါ် လက်နှစ်ဖက်ဖြင့်နှစ်သိမ့်ဆုပ်ကိုင်စွာတင်ရင်းပြောလာသည့် လွမ်းကို ဟေသာယုံပါသည်။ ထို့ကြောင့် ရင်လေးစွာနှင့် ခေါင်းညိတ်ပြမိသည်။

"ဒါနဲ့ ညတုန်းက ဘာတွေဖြစ်ခဲ့တာလဲ"

"ဒီတိုင်းပါပဲ ခါတိုင်းလိုပေါ့ သူလုပ်နိုင်တာ အာဏာသုံးတာပဲလေ။ ဒါပေမဲ့ တေးသံက မကြောက်တော့..."

လွမ်းသည် သူ့လိမ္မော်ရောင်ဆံနွယ်လေးတွေကို လက်နှင့်တစ်ချက်ခါလိုက်ပြီး ပခုံးတွန့်ပြသည်။

"နင့်ကို ထပ်ပြီးပင်ပန်းတာမျိုးနဲ့ တွဲမမြင်ချင်ဘူး တေးသံရယ်"

"အဟင်း"

ဟေသာ အလေးနက်ပြောနေပေမဲ့ လွမ်းတေးသံဟာ ရယ်သည်။ ဟေသာမကြိုက်ဘူး။ ဒါဟာ လွမ်းတေးသံ ဟန်ဆောင်လွန်းနေတယ်။ အချင်းချင်းကိုတောင် ဟန်ဆောင်နေတာကို ဟေသာ နားမလည်နိုင်ဘူး။

"ဆောရီး ဟေသာစိတ်ပူတာကို တေးသံ သဘောကျလို့ပါ... တေးသံလည်း တူတူပါပဲ လေပြေငယ်နဲ့ ဟေသာ့ကို ဒီထက်ပိုပြီး အဆင်ပြေတာလေး မြင်ချင်တာပါနော်။

အခုပဲ လေပြေငယ်ကိုကြည့်ဦး ပြန်တည့်တာနဲ့ သူ့မမနားက မခွါတော့ဘူး... ပြီးတော့ စောစောပြန်မယ်ဆိုပြီး တေးသံ ထင်တာမမှားရင် ဒီညလည်း ပြန်ပါ့မလား"

ဟေသာ့မျက်နှာလေးကို ပွတ်သပ်ရင်း စနောက်ကာပြောလာသည့် လွမ်းတေးသံကြောင့် ထိုလက်ကိုပုတ်ချလိုက်မိသည်။ ခန္ဓာကိုယ်က ချက်ချင်းပူလောင်လာသဖြင့် ကိုယ့်ကိုယ်ကို ရှက်သွားတာမှန်းသိလိုက်သည်။ ဒါဟာ စကားလမ်းကြောင်းလွှဲဖို့လုပ်တဲ့ လွမ်းရဲ့ လုပ်ရက်သာဆိုရင် လွမ်းလုပ်ရက်က အောင်မြင်ပါသည်။ အခု မနေ့ညက အကြောင်းတွေခေါင်းထဲအစီလိုက်ပြန်ဝင်လာပြီလေ။

"မမ ဘာလို့ နံရံကိုအရမ်းကပ်နေတာလဲ"

"မကပ်ပါဘူး လေပြေရဲ့... လေပြေ အစွန်မှာဆိုတော့ ပြုတ်ကျမှာစိုးလို့ပါ"

ဟေသာထိုသို့ပြောလိုက်ပေမဲ့ နံရံနှင့်တိုက်မိနေသည့်လက်လေးတွေနဲ့ နဖူးဟာအေးမြမြဖြစ်နေသည်။

"အို!..."

အနောက်ခါးကနေ လှမ်းဆွဲလိုက်တဲ့ လေပြေငယ်ကြောင့် ဟေသာ့ကိုယ်လေးဟာ စာရွက်လေးနယ် နောက်သို့ပါသွားပြီး ငယ့် ရင်ဘတ်လေးနှင့်ထိကပ်သွားသည်။

"ကားပေါ်မှာထဲက အဲ့လိုလုပ်နေတာကို အမြင်ကပ်နေတာ။ အဲ့လို ဇွတ်ခွါချင်နေရင် နောက်တစ်ခါ ဒီလို ပူးကပ်နေအောင်အဖက်ခံရမယ်"

ငယ်ဟာ စနောက်နေတာမဟုတ်။ တကယ်လည်းပူးကပ်နေသည်ပါ။ ပူကပ်နေရုံမကပဲ ဟေသာ မရုန်းနိုင်အောင်ကို ခွပါခွထားသည်ပါ။ ထိုအခိုက်တန့်မှာ ဟေသာ့မှာ ငယ့်အတွက် လူသားဖက်လုံးများဖြစ်သွားလေသလား။ အသက်ပင် မရူနိုင်တော့ချေ။ Hotel ခန်းထဲက တစ်ညနဲ့တင်လုံလောက်နေပြီကို။

"မမ နောက်မခွါတော့ပါဘူး အခု ဖယ်ပေးပါလား လေပြေ။ အသက်ရှူကျပ်လာ... လို့"

"အိုး ဆောရီး မမ"

ငယ် ဟာပြောပြီးတာနှင့် တင်းနေအောင်ဖက်ထားတာလေးကို ဖြေလျော့ပေးလိုက်သည်။ သို့သော် လွှတ်တော့မပေးချေ။

"လေပြေ!"

"ဘာတုန်း မမရဲ့"

"မ... မဖယ်ပေးဘူးလား"

"အသက်ရှူကျပ်လို့ဆို ဒီလောက်ဆို မကျပ်တော့ဘူးလေ။ အိပ်တော့နော်... လေပြေ မရတော့ဘူး အိပ်ချင်နေပြီ"

ငယ်ဟာ မချစ်တဲ့သူမို့ ဒီအခိုက်တန့်ဟာ ဘာမှမခံစားရလောက်ဘူးဆိုပေမဲ့ ဟေသာ့အတွက်တော့ ခရီးပန်းနေလည်း နာရီအတော်ကြာအိပ်မရနိုင်အောင်ကိုဖြစ်ရသည်လေ။ ငယ်သည် မထင်ထားရင် မထင်ထားသလိုရက်စက်တတ်သည်။ သို့သော် ဟေသာချစ်သည်လေ။

...

Restaurant VIP အခန်းထဲဝင်ဝင်ခြင်းစကားဆိုလာသည့် အမျိုးသမီးကြီးကိုကြည့်ပြီး မပြုံးပြမိသလို စကားလည်းမပြောမိပါ။ တစ်ရက်တောင်မကူးသေးပဲ ဆက်သွယ်လာသည့် နံပါတ်စိမ်းဝင်လာတုန်းက သူမမှာခပ်မဲ့မဲ့သာပြုံးနိုင်သည်။ ဒီနံပါတ်စိမ်းကတော့ သူ့ဒက်ဒီမဟုတ်မှန်း ဖုန်း Screen ရိပ်မိနေမိသားလေ။

"ရောက်နေပြီပဲ ဒီလိုစောအောင်လာမယ်မထင်ထားဘူး"

"အန်တီကတော့ နောက်ကျသားနော်"

သူမ အပြောကြောင့် ထိုင်ခုံမှာဝင်ထိုင်ရာကနေ မျက်ခုံးတစ်ဖက်ပင့်သွားသည် အမျိုးသမီးကိုနည်းနည်းလေးမှ မလန့်မိပါ။ ခါတိုင်းစိတ်နဲ့ဆိုလျှင် 'အန်တီ' လို့ခေါ်မည့်အစား 'ရှင်' လို့ပဲ သုံးနှုန်းမိမှာ။ ဒါပေမဲ့ ညွှန်း၏ အမေဖြစ်နေတာမို့ လွမ်း တစ်ထစ်လျော့လိုက်သည်။

"ဒီမှာ လွမ်းတေးသံ ဘာကြောင့် ဒီကိုခေါ်လိုက်လဲဆိုတာ..."

"ကျွန်မ သိပါတယ် အန်တီ အဲ့ဒါကြောင့်လည်းလာတွေ့တာပေါ့"

လွမ်းရဲ့ မလေးစားတဲ့အပြုမူတွေကြောင့် ညွှန်းမေမေဟာ ဒေါသထွက်လာဟန်ရှိသည်။ သို့ပေမဲ့လည်း လွမ်း ဂရုမစိုက်ပါ။

"ဒါဆို ဘာကိစ္စလဲဆိုတာ မင်း..."

"အန်တီဘာမှမပြောခင် ကျွန်မ အရင်ပြောပါရစေ"

စကားဖြတ်ပြောပြောနေသည့် လွမ်းကြောင့် ဒေါ်ဟေမာထွန်းမျက်နှာဟာ ဒေါသကြောင့်ပို နီရဲလာသည်။ သို့သော် ဟေမာထွန်းသည် ဒေါသနှင့်မတုန့်ပြန်သေးပါ။

"တစ်မျိုးတော့ မထင်ပါနဲ့ အန်တီပြောမယ့်စကားတွေကို ကျွန်မသိပြီးသားပါလေ။ ချိုကို... ညွှန်းရာကို လက်တွဲဖြုတ်ခိုင်းဖို့ပဲမလား။ အဲ့ဒါထက် အန်တီ ဘာမှပြောစရာမရှိဘူးလေ... ဒါပေမဲ့ ကျွန်မ မှာတော့ရှိတယ်"

လွမ်းပြောလိုက်တော့ ဟေမာ၏ တင်းနေသော မေးရိုးအနည်းငယ်ပြေလျော့သွားပြီး ဘာမှမပြောပဲ လွမ်းကို စိုက်ကြည့်နေသည်။ ဒီလောက်ဆို လွမ်းကို ဆက်ပြောခိုင်းနေတာပဲလေ။

"ကျွန်မဖို့လိုက်တာတွေကို ရခဲ့တယ်မလား"

ဟေမာ့၏ မျက်ဝန်းကို ခပ်စူးစူးစိုက်ကြည့်ရင်းပြောလာသည့် ဒီရိုင်းစိုင်းတဲ့ကလေးကြောင့် ဟေမာ မလုံမလဲဖြစ်သွားသည်။

"ရခဲ့တာသေချာတာပဲ"

ခပ်မဲ့မဲ့ ပြုံးပြီး အဓိပ္ပာယ်ပါစွာပြောသည့် အပြောကြောင့် ဟေမာ စကားပြောဖို့စလိုက်သည်။

"ရခဲ့တယ် အဲ့အတွက်လည်း မင်းကို ကျေးဇူးတင်ပါတယ်... အန်တီ့ သမီးလေးကို အဲ့လိုလူမျိုးလက်ထဲကနေ ဆွဲထုတ်ပေးနိုင်လို့ မိဘတစ်ယောက်အနေနဲ့ စိတ်ရင်းနဲ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲ့အတွက်နဲ့တော့ မင်းနဲ့ သဘောမတူနိုင်ဘူး လွမ်းတေးသံ"

ဟေမာ့ စကားအဆုံးမှာ လွမ်းတေးသံဟာ ပြုံးပြန်သည်။ ဒီအပြုံးတွေက ဟေမာ့ဒေါသကိုစွနေသလိုပဲ။

"ညွှန်းဖွဲ့ရာမှူး ချစ်တဲ့သူဟာ ယောကျ်ားတစ်ယောက်မဖြစ်လည်းရတယ်!... ညွှန်းဖွဲ့ရာမှူး ရွေးချယ်မယ့်သူက မိန်းမတစ်ယောက်ဖြစ်နေလည်း ညွှန်းလေးသာချစ်တယ်ဆိုရင် အန်တီ သဘောတူနိုင်တယ်။ ဒါပေမဲ့ အဲ့သဘောတူတဲ့ သူက လွမ်းတေးသံတော့မဟုတ်ဘူး။ လွမ်းတေးသံတော့ ဖြစ်လို့မရဘူး"

ဟေမာ ပြောတာကို ခေါင်းလေးတညိတ်ညိတ်လုပ်ရင်း နားထောင်နေသည့် လွမ်းတေးသံဟာ မျက်နှာတစ်ချက်လေးပင် ပျက်မသွား။ အမှန်ဆို လူတိုင်းနဲ့သဘောတူပြီး သူနဲ့မှ သဘောမတူတာကိုခံပြင်းသွားရမည်မဟုတ်လား။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကိုမေးသင့်သည်မဟုတ်လား။ အဲ့အတွက် ဟေမာထွန်းမှာ ဖြေစရာအဖြေတွေလည်းရှိပြီးသားပါ။ သို့သော် လွမ်းဟာတော့ မေးမလာချေ။

"ဒက်ဒီက ညွှန်းရာအခြေနေကို သိနေရက်နဲ့ မတားတာကိုရော ကျွန်မပေးတာကိုရပြီဆိုရင် အန်တီသိပြီးလောက်ရောပေါ့"

ဒီအကြောင်းပြောလာမည်ဆိုတာကို ဟေမာထွန်း သိပါသည်။ အဲ့အတွက်တော့ တကယ်ဖြေစရာမရှိပါ။ အခုချိန်ထိ အဲ့ကိစ္စကိုမယုံကြည်နိုင်ဖြစ်နေတုန်း။ ဘာလုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်လည်းချမရသေးဘူး။ အဲ့ကိစ္စကို ဟေမာ မေ့လျော့ပစ်ဖို့တောင်လုပ်ခဲ့တာ။ ဒါပေမဲ့ အခုချိန်ထိ ဟေမာမေ့မရ။ အစ်ကိုနဲ့ ဒီကိစ္စကိုရှင်းဖို့အတွက်လည်း ဟေမာ မလုပ်နိုင်သေးဘူး။

"သိတော့ရော ဘာဆက်ဖြစ်မှာလဲ... အခု အန်တီ့သမီးက မကောင်းတဲ့ကောင်နဲ့ပျက်သွားပြီလေ။ အဲ့ဒါ အဓိကပဲမလား!"

"အန်တီဒီလိုပြောတာကို ညွှန်းရာသိရင် တော်တော်လေးစိတ်ပျက်သွားလောက်မယ်"

လွမ်းရဲ့ စိတ်ပျက်စွာထွက်ပေါ်လာသည့် စကားကြောင့် ဟေမာထွန်းကြောက်ရွံ့သွားသည်။

"ဘာရယ်! မင်းက အဲ့လိုမျိုး တို့နဲ့ သမီးကိုရန်တိုက်ပေးမယ်ပေါ့"

"အဲ့လိုလုပ်ချင်မှတော့ ကျွန်မ အစတည်းကလုပ်ရောပေါ့။ ဘာကြောင့် အချိန်တွေကိုစောင့်နေရမှာလဲ"

မှန်သလိုရှိတာကြောင့် ဟေမာထွန်း ငြိမ်သက်သွားမိသည်။ သို့သော်လည်း မျက်မှောင်ကြုတ်မိသည်။ သူတို့စကားပြောခန်းက တကယ်ဆို လွမ်းတေးသံကို သူ့သမီးအနားက ထွက်သွားခိုင်းရုံလေ။ ဒါပေမဲ့ လွမ်းတေးသံကတော့ ပြောစရာတွေရှိသေးပုံပဲ။

"ဒါဆို ဘာလို့လဲ တစ်ခုခုလိုချင်လို့လား!... ဟိုတစ်ခါက တောင်းဆိုပြီးမှ စိတ်ပြောင်းသွားတာကဘာလို့လဲ။ အဲ့ထက်ပိုကောင်းတဲ့ တောင်းဆိုချက်မျိုးလိုချင်လို့လား"

"အန်တီက ညဏ်ကောင်းတာပဲ။ ဟုတ်ပါတယ် ကျွန်မ အဲ့ထက်ပိုကောင်းတဲ့ တောင်းဆိုချက်ကိုတောင်းချင်တယ်"

"ညွှန်းဖွဲ့ရာမှူးဆိုတဲ့ တောင်းဆိုချက်ကလွဲရင် အကုန်လိုက်ရောနိုင်တယ်"

ဟေမာထွန်း စကားကြောင့် လွမ်းဟာ ထပ်ပြီးပြုံးပြန်သည်။ သဘောမကျလိုက်တာ။ သူ့သမီးဟာ ဒီလိုမိန်းမမျိုးကို ဘာလို့ချစ်ခဲ့တာပါလဲ။

"ကျွန်မဒက်ဒီနဲ့ ကွာရှင်းလိုက်ပါ"

လွမ်းရဲ့ စကားအဆုံးမှာ ဟေမာထွန်းနားလည်အောင် အချိန်အတော်ကြာယူလိုက်ရသည်အထိ ဆွံ့အသွားရသည်။

"ဘာ! ဘာပြောတယ်"

အသိပြန်ဝင်လာတော့လည်း ပြောနိုင်တာဒါလေးပဲရှိသည်တဲ့လေ။

"ကျွန်မ ဒက်ဒီနဲ့ ကွာရှင်းပြီး အဝေးကိုထွက်သွားပေးပါလို့လေ... အန်တီသေချာကြားမှာပါ"

"အဟက် နောက်ဆုံးတော့ မင်းရဲ့ရည်ရွယ်ချက်က ဒါကို မင်းက ငါတို့ကို အိမ်ကပထုတ်ချင်နေတာပဲ။ ဘာလဲ မင်းမရတဲ့ အချစ်တွေကို ငါတို့တွေက ရထားလို့လား... ဒါက မနာလိုခြင်းပေါ့လေ။ အိုး ညွှန်းလေးကိုတောင် မင်း ချစ်ရဲ့လား!"

အစကတော့ လွမ်းဆီက စကားကြောင့် ဟေမာရယ်ချင်မိသွား၍ ရယ်မိကာပြောလိုက်ခြင်းပေမဲ့ ပြောလာရင်းနဲ့ ညွှန်းအကြောင်းကို တွေးမိသွားသည်။ ကိုမြတ်မဟာနဲ့ ကွာရှင်းရင် ညွှန်းကို စွန့်ပစ်ပေးမယ်ပေါ့။ လွယ်လိုက်တာ ချစ်တဲ့သူတစ်ယောက်အနေနဲ့ဆို ဒါကလွယ်မှာမဟုတ်ဘူး။ အစတည်းက ညွှန်းအနားကို ဒီကောင်မ ချည်းကပ်ခဲ့တာပဲ။ သူ့သမီးဟာ သိပ်တုံးတာပဲ။ ဟေမာခံပြင်းပြီး ဒေါသတို့ဟာ ထိန်းမရဖြစ်လာသည်။

"ဒါက သိပ်ချစ်လို့ ဒီလိုလုပ်ခိုင်းတာပေါ့ အန်တီ။ ကျွန်မက ညွှန်းရာကို သိပ်ချစ်တာပေါ့"

"မင်း ပလီပလာတွေပြောမနေနဲ့... တကယ်ချစ်ရင် ဒီလိုစကားတွေပြောဖို့ မပြောနဲ့ သူ့အနားက ခွါနိုင်မှာတောင် မဟုတ်ဘူး။ အခုတော့ မင်းက အကြံနဲ့ချည်းကပ်ခဲ့တဲ့ မိန်းမပဲ"

"အဲ့လိုထင်ရင်တော့ အန်တီ ဒီအသက်ရွယ်ထိ ချစ်ခြင်းမေတ္တာတွေအကြောင်းကို နားမလည်သေးဘူးလို့ယူဆပါရစေ"

"ဘာပြောတယ်!"

လွမ်းသည် မောသွားဟန်နှင့် သူ့ရှေ့က ကော်ဖီခွက်ကိုကိုင်ကာ သောက်လိုက်သည်။ ဘယ်လောက်တောင် မယဉ်ကျေးတဲ့ မိန်းမလဲ။

"ဦးမြတ်မဟာအကြောင်းကို အန်တီ ကောင်းကောင်းသိတယ်မလား"

လွမ်း အမေးမှာ ဟေမာထွန်း မျက်ခုံးများတွန့်ခေါ်သွားသည်။ သိတာပေါ့ သူ့ယောကျ်ားအကြောင်းကို မသိစရာလား။

"ကျွန််မနဲ့ အဲ့လူကြားက ဆက်ဆံရေးကိုလည်းသိတယ်မလား"

ဟေမာ ခေါင်းမညိတ်မိသော်လည်း အိမ်ပေါ်စမရောက်ခင်ကတည်းက သိခဲ့ပါသည်။ သမီးအရင်းပေါ် မုန်းတီးနေတဲ့ အဖေတစ်ယောက်ရဲ့စိတ်ကို ဟေမာနားမလည်ခဲ့ပါ။ ငယ်ရွယ်တဲ့အချိန်တည်းက အဖေ့ရဲ့ မုန်းတီးမှုတွေကိုခံခဲ့ရသည့် လွမ်းတေးသံကို သနားမိပေမဲ့ တွယ်တာတတ်တဲ့ ညွှန်းနှင့် ဝေးအောင် အတက်နိုင်ဆုံးလျောက်ပြောခဲ့ရသည်။ ဒါဟာ ယုတ်မာစိတ်ကြောင့်လို့ဆိုချင်လည်းဆိုလို့ရသည်။ ဒါပေမဲ့ ဟေမာ့လုပ်ရက်တွေက အခုချိန်ပြန်စဉ်းစားတိုင်း အမေတစ်ယောက်အနေနဲ့မမှားပါ။

ညွှန်းနဲ့ လွမ်းသာ ခင်မင်သွားခဲ့လျှင် ညွှန်းအပေါ် ကိုမြတ်မဟာရဲ့ ချစ်စိတ်လေးလျော့သွားမှာကို ကြောက်ရွံ့ခဲ့သည်။ သူ့သမီးလေးအပေါ် စိတ်ပျက်သွားမှာကို မဖြစ်စေချင်ခဲ့တဲ့ အတ္တမို့ သားသမီးချင်းကိုယ်ချင်းမစာနိုင်ခဲ့ပေ။ အခုလည်း လွမ်းတေးသံရဲ့ အမေးကိုမဖြေနိုင်ပါ။

"ကျွန်မက သူ့သမီးအရင်းပါ အန်တီ... သွေးသားရင်းပါ။ ဒီအချက်ကို ဦးမြတ်မဟာရဲ့ သမီးဖြစ်ပါတယ်လို့ ဂုဏ်ယူပြီးပြောနေတယ်လို့တော့ အထင်မမှားစေချင်ဘူး။

သမီးအရင်းကိုတောင် ရန်သူလိုဆက်ဆံနေတဲ့ ဦးမြတ်မဟာကိုပဲ မြင်စေချင်တယ်။ အန်တီ!... သူစိမ်းဖြစ်တဲ့ အန်တီတို့ကို သူက ငဲ့ညှာမယ်ထင်နေတာသလား"

ခြိမ်းခြောက်စကားမဟုတ်တာသိသော်လည်း ဟေမာထွန်းရင်ထဲ ခြိမ်းခြောက်စကားကဲ့သို့ပဲ့တင်သွားသည်။

"ညွှန်းရာကို အဲ့လူလက်ထဲမှာတော့ မထားခဲ့နိုင်ဘူး။ ဘယ်လိုနည်းနဲ့မှ မထားခဲ့နိုင်ဘူး ဒါကြောင့် အန်တီသာ  ကိုယ့်ကိုယ်ကိုထက် ညွှန်းရာကို တကယ်ချစ်တယ်ဆိုရင် အဲ့လူနဲ့ ကွာရှင်းပေးပါ။ ညွှန်းရာကို အဲ့လူနဲ့အဝေးမှာထားပေးပါ..."

လွမ်း ဘာတွေပြောနေလဲဆိုတာ ဟေမာ နားလည်သွားပေမဲ့ ဘာမှမပြောထွက်သေးပေ။

"ဒါက ကျွန်မ နှလုံးသားကဖြစ်စေချင်တဲ့ဆန္ဒပါ။ ဒါကို အန်တီလိုက်လျောပေးရင် ကျွန်မရဲ့အချစ်တွေကို နောက်ဆုတ်ပေးမယ်။ ကျွန်မ ညွှန်းရာကို လက်လျော့ပေးမယ်"

ဟေမာဘာလို့ ဒီအချိန်ကျမှ လွမ်းရဲ့ အပြုံးတွေကြားက နာကျင်မှုကိုရှာတွေ့သွားရသလဲ။

"ကွာရှင်းမပေးဘူးဆိုရင် မင်းက ညွှန်းရာကို လက်လွှတ်မပေးဘူးပေါ့"

"ကျွန်မ ပြောတာကို အန်တီနားမလည်ဘူးလား"

"နားလည်တယ် ကောင်းကောင်းကြီး နားလည်တယ်။ ဒါပေမဲ့ အစ်ကိုက ညွှန်းလေးကိုချစ်တယ်... တို့ကြောင့်သာ အဲ့လိုလုပ်... ဟင့်အင်း သူလုပ်တာတောင်မဟုတ်ပါဘူး မသိချင်ယောင်ပဲဆောင်မိတာပါ။ အဲ့တော့ ဒီအပြစ်လောက်လေးနဲ့ မင်းပြောသလိုမလုပ်ပေးနိုင်ဘူး။ မင်းက လက်မလျော့လည်း လက်လျော့အောင်လုပ်ဖို့ တခြားနည်းလမ်းတွေသုံးရမှာပဲ"

မျက်နှာတစ်ချက်မှ မပျက်သေးသည့် လွမ်းတေးသံဟာ အခုချိန်မှာတော့ လုံးဝပျက်ယွင်းသွားသည်။ ပျက်ယွင်းသွားတယ်ဆိုတာထက် ဟေမာ့စကားအပေါ် မယုံကြည်နိုင် စိတ်ပျက်အံ့ဩသွားပုံ။

"မနေ့ညက ရှင့်ယောကျ်ားဆီကနေ ညွှန်းရာ ခြိမ်းခြောက်ခံထားရတယ်လို့ပြောရင်ရော ရှင် ဒီလိုပဲပြောမှာလား"

"ဘယ်လို!"

ဒီကိစ္စကိုရှင်းချင်နေတာမို့ ဟေမာထွန်းတို့ ဟိုတစ်လောကပဲ ရန်ကုန်ရောက်ဆင်းလာကြသည်လေ။ မနေ့က ညွှန်းတို့ ခရီးပြန်လာမှာသိလို့ မြတ်မဟာသည် လွမ်း အိမ်ရှေ့မှာ တစ်ချိန်လုံးသွားစောင့်နေတာကို ဟေမာသိသည်။ ဟေမာလိုက်ချင်သော်လည်း မလိုက်ခိုင်းပါ။ ပြန်လာတော့ ဒေါသတကြီးပြန်လာပြီးဖြစ်သမျှ ဘာမှမပြောပါ။ နောက််နေ့ကျရင် လွမ်းကို ဆက်သွယ်ပြီး နောက်ဆုတ်ဖို့ကိုသာပြောဖို့ မြတ်မဟာက ဟေမာ့ကိုမှာသည်။

ဟေမာလည်း မြတ်မဟာစကားကြောင့် ဒီနေ့ကို ချက်ချင်းဆက်သွယ်ပြီး လွမ်းနဲ့တွေ့ဖို့ပြောခဲ့တာ။ လွမ်းဟာ ငြင်းမယ်၊ ဒါမှမဟုတ် ရက်ကိုနောက်ကျမှ ချိန်းမယ်ထင်ထားသော်လည်း ချက်ချင်းတွေ့ဖို့ပြောသည်မို့ ဟေမာတို့အခုလိုတွေ့ဖြစ်ကြတာ။ ထို့ကြောင့် ဘာတွေဖြစ်ခဲ့လဲ ဟေမာ ဘာမှမသိချေ။

"ဒါတော့မသိသေးဘူးကို"

"ဘာကိုခြိမ်းခြောက်တာလဲ!... အစ်ကိုက ညွှန်းလေးကို ခြိမ်းခြောက်တာလား"

စိတ်ပူစွာမေးမိတော့ လွမ်းသည် ဟေမာထွန်းကို စိတ်ပျက်စွာကြည့်သည်။

"ညွှန်းရာက ကျွန်မနဲ့ အန်တီ့ဘဝကိုဆို ဘယ်သူ့ကိုရွေးလိမ့်မယ်ထင်လဲ အန်တီ"

"အိုး"

လွမ်း စကားရဲ့ အဓိပ္ပာယ်ကို ဟေမာချက်ချင်းနားလည်သွားသည်။ မထင်မှတ်ထားသည့်စကားမို့ ရင်ထဲလည်း တစစ်စစ်ဖြစ်သွားသည်။

"ညွှန်းရာ မရွေးချယ်စေချင်ဘူး။ သူ့ကိုယ်တိုင်ရွေးပြီး သူ့ကိုယ်သူနှိပ်စက်သလိုဖြစ်သွားမယ့် ရွေးချယ်မှုမျိုးကို လွမ်း မလုပ်ခိုင်းနိုင်ဘူး အန်တီ"

ပြတ်သားစွာပြောလာသည့် သူ့ရှေ့ကကောင်မလေးဟာ စတွေ့တုန်းကလို ရိုင်းတယ်လို့မခံစားရတော့။

"အဲ့ဒါကြောင့် လွမ်းစွန့်လွှတ်ပေးမယ် အန်တီလည်း ဒက်ဒီ့ကို စွန့်လွှတ်ပေးနိုင်မလား"

မျက်ဝန်းထဲ မျက်ရည်ကြည်လေးတွေဝဲတက်လာသည့် ကောင်မလေးကိုကြည့်ရင်း ဟေမာဘာပြန်ပြောရမလဲမသိတော့။ လွမ်းတေးသံဟာ ညွှန်းကို ဘယ်လောက်ချစ်မိခံစားမိလိုက်ပေမဲ့ သူတို့နှစ်ယောက်ဟာ ဘယ်လိုမှမဖြစ်နိုင်ကြဘူး။ ဟေမာ လက်ခံပေးလို့မရဘူးလေ။

"အန်တီ..."

"ဟင့်အင်း အခုမပြောပါနဲ့ဦး အန်တီ။ တစ်ပတ်..."

'တစ်ပတ်' ဆိုသည့်စကားကြောင့် ဟေမာထွန်း နားမလည်သလိုကြည့်မိသည်။

"တစ်ပတ် အချိန်ယူစဉ်းစားပေးပါ။ အဖြေကြိုရလာလည်း တစ်ပတ်ပြည့်မှပြောပေးပါ အန်တီ... လွမ်းအတွက် ညွှန်းရာအဝေးသွားပေးဖို့ဆို အချိန်တစ်ပတ်လောက်တော့ ယူဖို့လိုအပ်တာမို့"

အမှန်ဆို ဟေမာထွန်းရဲ့ စိတ်ထဲမှာတောင် အဖြေစဉ်းစားလို့မရသေးခဲ့ပါ။ ဒါပေမဲ့ လွမ်းတေးသံဟာ ဟေမာထွန်းဘာကိုရွေးချယ်မလဲဆိုတာကိုသိနေပုံရသည်။ ဟေမာ ဘာမှဆက်မပြောမိတော့။ ဒီဆုံးဖြတ်ချက်ကိုချဖို့ဟာ လွမ်းတေးသံအတွက်ပဲ မလွယ်ကူတာမဟုတ်ဘူး။ သူ့အတွက်လည်းမလွယ်ကူဘူးလေ။

"ကောင်းပြီ အချိန်တစ်ပတ်ပဲမလား။ တစ်ပတ်ပြည့်ရင်ပြန်စုံကြတာပေါ့"

ပိုက်ဆံအိတ်ကိုဆွဲကိုင်ပြီး ထွက်သွားသည့် အမျိုးသမီးကြီးကိုကြည့်နေပြီး ထိုအမျိုးသမီးအခန်းပြင်ရောက်သွားသည့်အခါမှ လွမ်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ဟေမာထွန်းဆိုသည့် ညွှန်းအမေကို လွမ်း မကြိုက်သော်လည်း ဒီအမျိုးသမီးဟာ သူ့သမီးကိုချစ်မှန်းသိပါသည်။ ချစ်တဲ့သူ နှစ်ယောက်ကြောင့် ဝေခွဲရခက်နေသည့် အခြေနေဟာ ညွှန်းနဲ့ သူ့အမေက တစ်ပုံစံတည်းမဟုတ်လား။

ပူလောင်နေတဲ့ ရင်တွေကြောင့် ကော်ဖီလေးကို တစ်ဝက်ကျိုးသည်အထိ သောက်ချလိုက်သည်။ ထိုအချိန် အမြင်ဝေဝါးစွာနှင့် ပါးပြင်ပေါ်နေရာယူလာသည့် မျက်ရည်စက်များ။

"ကော်ဖီက ခါးလွန်းလို့ ထင်ပါရဲ့"

မျက်ရည်စတို့ကိုခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ရင်းပြောလိုက်သည့် စကားဟာ အစီအလျော်မတည့်။ မျက်ရည်စတွေဟာ ဘယ်လောက်သုတ်သုတ်မတိတ်သောအခါ မျက်နှာပေါ်လက်နှစ်ဖက်အုပ်လိုက်မိသည်။

"ဘာလို့ငိုနေရတာလဲ တကယ်ဆို နင်နိုင်တာလေ လွမ်းတေးသံရယ်"

နှုတ်ခမ်းနားက အနာဟာ စစ်ခနဲနာကျင်လာသည်။ မနေ့ညက ဦးမြတ်မဟာသည်စကားတွေအများကြီးပြောခဲ့သော်လည်း လွမ်းက တစ်ခွန်းသာပြောခဲ့သည်လေ။

'ညွှန်းရာကို လွမ်း လက်လွှတ်ပေးရခဲ့မယ်ဆိုရင် သေချာတာတစ်ခုက ဒက်ဒီလည်း နောက်ဆုံးထွက်သက်ထိ အထီးကျန်ခြင်းတွေနဲ့ တစ်ယောက်တည်းသေဆုံးစေရမယ်လို့ လွမ်း ကတိပေးတယ်'

ညွှန်းရာကို လွမ်း မပိုင်ဆိုင်ရရင်တောင် အဲ့လူလက်ထဲမှာ ညွှန်းကို မထားခဲ့းတော့ဘူးမလား။ ဒါဆို လွမ်းရဲ့ ရည်ရွယ်ချက်ဟာ ပြီးမြောက်သွားပြီ။ အရာအားလုံးဟာလည်း ပြီးဆုံးသွားပြီ။

...

TBC...

အမှားပါရင် ခွင့်လွှတ်ပါ 🧡

5.5 k words



Thanks For Reading 📖

...

Zawgyi....

ၫႊန္း အိပ္ရာႏိုးလာေတာ့ အရာအားလုံးကပုံမွန္ျဖစ္ေနသည္။ ညတုန္းက မမလြမ္းစကားေတြေၾကာင့္ ပူေလာင္ငိုေႂကြးရတာႏွင့္ ဘယ္အခ်ိန္အိပ္ေပ်ာ္သြားလဲမသိ။ မမလြမ္းဟာေတာ့ ႏိုးေတာ့ အနားမွာမရွိပဲ မနက္စာစားေနသည္။

"ခ်ိဳကိုပိုင္းေလး ႏိုးၿပီလား။ ခဏ လြမ္း မနက္စာျပင္ေပး..."

စားေနရင္း ထရပ္ဖို႔လုပ္သည့္ မမလြမ္းေၾကာင့္ မမလြမ္းရဲ႕ ပခုံးေလးကိုမထရန္ဖိထားလိုက္သည္။

"ၫႊန္း ဘာသာလုပ္လိုက္ပါ့မယ္ မမလြမ္း စားပါ"

"ဟင့္အင္း လြမ္း..."

"မဟင့္အင္းဘူး မမလြမ္းရဲ႕ ခ်ိဳကိုပိုင္းေလးက ဘာလဲဆိုတာေမ့ေနၿပီလား"

ၫႊန္း လက္ကိုဖယ္ဖို႔လုပ္ၿပီး အတင္းျပင္ဆင္ေပးခ်င္ေနတဲ့ မမလြမ္းေၾကာင့္ သတိေပးလိုက္ရသည္။ ၫႊန္းက စာဖိုမႉးျဖစ္တဲ့အျပင္ Bakery ပိုင္းလည္းကိုယ့္ဘာသာေလ့လာေနတဲ့သူပါေလ။ တကယ္ဆို ၫႊန္းကေတာင္ ျပန္လုပ္ေပးရမွာကို။

"အြန္ပါ လြမ္းကိုဖိမထားနဲ႔ေတာ့"

မမလြမ္း စကားေၾကာင့္ ၫႊန္းၿပဳံးလိုက္မိၿပီး မမလြမ္း ပခုံးေပၚမွလက္ေလးကိုဖယ္ေပးလိုက္သည္။ ေမေမ သူ႔ဆီကို ဖုန္းဆက္မလာခင္ထိေတာ့ အရာအားလုံးကိုေခတၱေမ့ထားၿပီး မမလြမ္းႏွင့္ေပ်ာ္ေအာင္ေနမည္။

"ဒါနဲ႔ အစ္မေဟသာေရာ"

ေရခဲေသတၱာကို ဖြင့္ရင္းေမးလိုက္သည္။ ေရခဲေသတၱာထဲတြင္ ေပါင္မုန္႔အပါဝင္ စားစရာအေတာ္အမ်ားရွိေနသျဖင့္ တစ္ေယာက္ေယာက္ေစ်းသြားထားပုံပင္။ ၫႊန္း Butter Cake ေလးကိုသာခြဲစားဖို႔ထုတ္လိုက္သည္။

"ေဟသာက ခုနေလးတင္ ေစ်းသြားၿပီးျပန္လာတာ။ အသားငါးလည္း ဝယ္လာတာဆိုေတာ့ အခု ေရခ်ိဳးေနတယ္ထင္တယ္"

"ဒါဆို ငယ္ေရာ ျပန္ၿပီလား"

"ေလေျပငယ္က မႏိုးေသးဘူးေျပာတာပဲ"

ခရီးပန္းတာကိုနားလည္တဲ့အတြက္ ၫႊန္း ေခါင္းေလးတစ္ညိတ္ညိတ္လုပ္ရင္း လက္ထဲက Cake ကို ႏွစ္စိတ္ေလာက္ပိုင္းကာ ပန္းကန္ထဲထည့္လိုက္ၿပီးမွ ေရခဲေသတၱာထဲက်န္တာေတြကိုထည့္လိုက္သည္။ ဗိုက္ဆာေနၿပီမို႔ Coffee ကိုလည္း 3 In 1 အထုတ္ကိုသာ ေဖ်ာ္ႏိုင္ေတာ့သည္။ ၫႊန္း ျပင္တာဘယ္ေလာက္မွမၾကာတာမို႔ မမလြမ္းစားေနတာကလည္း မၿပီးေသးပါ။

ဒီအခ်ိန္ေလာက္ဆို မမလြမ္းႏွင့္ ေဟသာ စကားေျပာၿပီးေလာက္ၿပီလား။ ေဟသာက ေစာေစာစီးစီးေစ်းသြားၿပီး မအားတာမို႔ မေျပာျဖစ္ၾကဘူးလား။

"စားေလးကြယ္ လြမ္းမ်က္ႏွာမွာ စားစရာေတြမရွိဘူးေနာ္"

စားပြဲေပၚစထိုင္တည္းက မမလြမ္း မ်က္ႏွာေလးကိုငိုင္ၾကည့္ေနမိၿပီး အေတြးလြန္ေနသည့္သူ႔ကို မမလြမ္းဟာ ေျပာလာသည္။

"ဟုတ္လို႔လား မမလြမ္းရယ္ ၫႊန္းတစ္ခါေတာ့စားခဲ့ၿပီးသားပါ"

ၫႊန္း စကားအဆုံးမွာ မမလြမ္းပါးေလးဟာ သိသိသာသာရဲတက္သြားသည္။

"ဟားဟား ခ်စ္ဖို႔ေကာင္းလိုက္တာ မမလြမ္းရယ္"

"မင္းေနာ္! တစ္ေယာက္ေယာက္ၾကားသြားမယ္ မရွက္ဘူးလား"

"မရွက္ပါဘူး ၫႊန္းကေအာင္ႏိုင္သူပဲဟာ ရွက္စရာလား"

ၫႊန္းစကားေၾကာင့္ မမလြမ္း လက္သီးဆုပ္ေလးဟာ ၫႊန္း လက္ေမာင္းႂကြက္သားအဖုေလးေပၚ ခပ္နာနာထုလာသည္။

"မနက္ေစာေစာေနာ္ ဘယ္လိုျဖစ္ေနတာလဲ ၫႊန္းရာ"

ရွက္ၿပီး ဆူရမ္းဖို႔လုပ္ေနသည့္ မမလြမ္းေၾကာင့္ ၫႊန္းဆက္ရယ္ေနမိသည္။ ဒါေပမဲ့ ဒီရယ္ျခင္းေတြက အစစ္အမွန္ဟုတ္ပါ့မလား။ မမလြမ္း ပါးျပင္ေပၚက လက္ေခ်ာင္းရာေတြမက်န္ေတာ့ေပမဲ့ ႏႈတ္္္ခမ္းေပၚေလးက ကြဲသြားတဲ့အနာေလးကေတာ့ က်န္ေနခဲ့သည္။ အခုလိုေခါင္းေအးသြားတဲ့အခ်ိန္မွာလည္း ၫႊန္း ဘာမွမစဥ္းစားႏိုင္ေသးဘူး။ စဥ္းစားမိတဲ့တစ္ခုတည္းေသာအရာကလည္း ျပႆနာေတြျဖစ္မလာခင္ထိ အရာအားလုံးကိုေမ့ၿပီး မမလြမ္းနဲ႔အတူေနဖို႔တဲ့ေလ။ တကယ္လို႔ ျပႆနာေတြျဖစ္လာရင္ ဘာဆက္လုပ္မလဲ။ ဒါကိုေတာ့ ၫႊန္း မသိပါ။

"ေတးသံ အခုထိစားလို႔မၿပီးေသးဘူးလား"

ေခါင္းေလးသုတ္ၿပီး အျပင္ထြက္လာသည့္ ေဟသာသည္ မမလြမ္းစားလို႔မၿပီးေသးတာကိုၾကည့္ရင္းေျပာလာသည္။ အေနာက္မွလည္း အခုမွ အိပ္ရာႏိုးၿပီးထြက္လာသည့္ စုတ္ဖြားငယ့္ကိုေတြ႕ရသည္။ အက်ႌေတြက ၫႊန္း အက်ႌေတြေလ။ ခရီးေဆာင္အိတ္ေတြက ေအာက္မွထားခဲ့တာမို႔ ငယ္ မေန႔ကေရခ်ိဳးၿပီး ဝတ္စရာမရွိတာမို႔ ငွါးရမ္းထားတာ။ မမလြမ္းနဲ႔ ေဟသာ့ အက်ႌေတြကလည္း ငယ္ႏွင့္ေတာ္မည္မဟုတ္ဘူးမဟုတ္လား။ ေတာ္ေသးသည္က ၫႊန္း ဒီအိမ္မွာထားထားတဲ့အဝတ္ေတြရွိေနေသးလို႔ပဲ။

"ဘာရွိလဲဟင္ ဗိုက္ဆာ"

ငယ္က အားလုံးထဲမွာကေလးအျဖစ္ဆုံးေလ။ အခုလည္း ဗိုက္ေလးကိုကိုင္ကာ ဗိုက္ဆာတယ္ေျပာသည္က ကေလးေတြေျပာေနသလိုပဲ။

"ဘာစားခ်င္လဲ မမလုပ္ေပးမယ္ေလ။ အသင့္စားခ်င္ရင္ေတာ့ SP Bakery ကဝယ္ထားတဲ့ Cheese Cake အတုံးေလးေတြရွိတယ္"

အခုခ်ိန္ ဒီႏွစ္ေယာက္ကိုၾကည့္ၿပီး ေဟသာက အေမေနရာလိုျဖစ္ေနၿပီး ငယ္က သမီးလိုျဖစ္ေနသည္မို႔ ၫႊန္း ၿပဳံးလိုက္မိသည္။

"ဟုတ္ မမ ရတယ္ ငယ္အကုန္စားတယ္"

သူမ်ားအိမ္လာၿပီး အားမနာပဲဗိုလ္လာက်ေနတဲ့ပုံေပါက္ေနေပမဲ့ ငယ္က ခ်စ္ဖို႔ေကာင္းသည္မို႔ မမလြမ္းလည္း ၿပဳံးလိုက္မိသည္ကို ခပ္ေရးေရးျမင္လိုက္သည္။ ဒါမွမဟုတ္ အနာဂတ္မွာ ေဟသာ ကေလးထိန္းေနရမွာကို ျမင္၍မ်ားၿပဳံးလိုက္မိေလသလား။

"ဒါဆို မမလုပ္ထားေပးမယ္ မနက္သြားသစ္ေတာ့"

"ဟင္! စားၿပီးမွ သစ္ေတာ့မယ္ေလ မမ"

ထိုင္ခုံမွာ ဝင္ထိုင္ၿပီးေျပာတဲ့ ငယ့္ေၾကာင့္ အားလုံးအၾကည့္ဟာ ငယ့္ဆီေရာက္သြားသည္။

"ညစ္ပတ္လိုက္တာ အရင္သြားသစ္စမ္းပါ ငယ္ရယ္"

"မညစ္ပတ္ပါဘူး အိမ္မွာလဲ ဒီလိုပဲဟာကို ဖြဲ႕ရာကလည္း ဗိုက္ဆာၿပီ"

ရႈံ႕မဲ့စြာေျပာသည့္ ငယ့္ေၾကာင့္ ၫႊန္း ႏွာေခါင္းရႈံ႕လိုက္မိေတာ့ မမလြမ္းဟာၿပဳံးျပန္သည္။ ေဟသာကေတာ့ သူ႔ကေလးဗိုက္ဆာတယ္ဆိုတည္းက သြားတိုက္ခိုင္းဖို႔ အစီစဥ္မရွိေတာ့ဟန္ႏွင့္ ေရခဲေသတၱာထဲက မုန္႔ေတြကိုထုတ္ေနသည္။

"တစ္ကိုယ္ေရး သန္႔ရွင္းေရးမွာ..."

"သိပါတယ္ ဖြဲ႕ရာရယ္... အခုေတာ့ မျမင္ခ်င္ေယာင္ေဆာင္လိုက္ေနာ္။ ေနာက္တစ္ခါ နင့္ေရွ႕မွာဆို သြားတိုက္ၿပီးမွစားမယ္"

ၫႊန္း ကိုယ့္မ်က္ႏွာကိုယ္ စိတ္ပ်က္စြာလက္ႏွင့္အုပ္လိုက္မိသည္။ မမလြမ္းဟာ မထင္မွတ္ပဲ တခစ္ခစ္ရယ္သည္။ ငယ့္ရဲ႕ အိပ္ခ်င္မူးတူးနဲ႔ အပ်င္းတစ္ေနတဲ့ ဂ်စ္ကန္ကန္ပုံေၾကာင့္လား။ အသန္႔ႀကိဳက္တဲ့ ၫႊန္းဟာ ငယ့္ကိုၾကည့္ၿပီး ေသြးတက္ေနတဲ့ပုံေၾကာင့္လား။ ဒါေပမဲ့ မမလြမ္း ထိုသို႔ရယ္ေနတာေလးကိုၾကည့္ၿပီး ၫႊန္း သေဘာက်မိပါသည္။ စိတ္သက္သာရာလည္း ရပါသည္။ ေရွ႕ေလ်ာက္လည္း မမလြမ္းရဲ႕ လွပတဲ့မ်က္ႏွာေလးထက္မွာ ထိုသို႔ အၿပဳံးအရယ္ေလးပဲေတြ႕ခ်င္သည္။

"အဲ့လိုပဲရယ္ပါ။ အဲ့လိုပဲရယ္ေနတာက အစ္မလြမ္းေတးနဲ႔ လိုက္တယ္... ႐ုပ္တည္ႀကီးနဲ႔ေနတာထက္စာရင္"

မမလြမ္းကို ေငးၾကည့္ေနမိတဲ့ ၫႊန္းဟာ ငယ့္စကားေလးအၾကားမွာလွည့္ၾကည့္လိုက္မိသည္။ မမလြမ္းရယ္ေနတာေလးလည္း ငယ့္စကားေၾကာင့္ရပ္တန္႔သြားသည္။ ငယ္ကေတာ့ သူ႔စကားနဲ႔သူ ေနရခက္ၿပီး ေဟသာ့ဘက္ကိုလွည့္သြားသည္။ ဒါဟာ မမလြမ္းကို ႏွစ္သိမ့္ေပးတဲ့စကားလို႔ ၫႊန္း ထင္ရင္မမွားဘူးမဟုတ္လား။ မမလြမ္းဟာလည္း နားလည္ပုံပဲ။ သေဘာက်ဟန္ ခပ္ေဖ်ာ့ေဖ်ာ့ေလးၿပဳံးသည္။

တကယ္လို႔သာ မေန႔ညကျပႆနာေတြမရွိခဲ့လွ်င္ ၫႊန္းတို႔ ဒီအခ်ိန္ပိုေပ်ာ္ေနရေလာက္မလား။ ဘာေၾကာင့္ နည္းနည္းေလးပိုၿပီးေတာင္ ေပ်ာ္႐ႊင္ခြင့္မေပးရတာလဲ။ ၫႊန္း ဒီကံၾကမၼာကိုနာက်ည္းခ်င္မိတယ္ေလ။

...

"အဲ့ေတာ့ ဘာဆက္လုပ္မွာလဲ ေတးသံ"

ေဟသာ့အေမးကို လြမ္းဟာ ျပန္မေျဖပဲ မီးဖိုေခ်ာင္ဘက္ကိုၾကည့္ေနသည္။ ၫႊန္းက ဟင္းခ်က္ေနၿပီး ငယ္က ထမင္းတည္ဖို႔အတြက္ ဆန္ေဆးေနသည္ေလ။ ေန႔လည္ စားခ်ိန္ေတာင္ေက်ာ္ေနေပမဲ့ ငယ္ဟာ မျပန္ေသးပဲ ကူညီေနသည္။

"ဘာဆက္လုပ္ရမွာလဲ ေဟသာရယ္"

"လြမ္းေတးသံ! အခုလိုအခ်ိန္ထိေရာက္လာၿပီးေတာ့မွ ထပ္ၿပီးလက္ေလ်ာ့ဖို႔ မႀကံနဲ႔ေနာ္"

ေဟသာ စိတ္တိုလာစြာႏွင့္ ေျပာမိေတာ့မွ လြမ္းဟာ သူ႔ဘက္လွည့္လာသည္။ ၿပီးေတာ့ လြမ္းဆီမွ ေဖ်ာ့ေတာ့ေသာ အၿပဳံးေလးကိုလက္ခံရရွိလိုက္သည္။

"ေတးသံ လက္မေလ်ာ့ပါဘူး ေဟသာရယ္... ေဖေဖ့လက္ထဲကိုေတာ့ ခ်ိဳကိုပိုင္းေလးကို ထည့္လိုက္ဖို႔ စိတ္ကူးမရွိပါဘူး"

"ဒါဆို ဘာလို႔ ဒီေလာက္အားပ်က္တဲ့ပုံစံျဖစ္ေနရတာလဲ ဟမ္!"

ေဟသာ ထပ္ေျပာေတာ့ လြမ္းဟာ အၾကည့္ေလးျပန္လႊဲသြားသည္။ ထို႔ေနာက္ ႏႈတ္မွ ခပ္တိုးတိုးေလးထြက္လာေသာအသံေလး။

"အဲ့ေလာက္သိသာေနၿပီလား ေဟသာ"

"သိသာတာေပါ့ အဲ့ဒါေၾကာင့္ ဖြဲ႕ရာကို ေတးသံဒက္ဒီကိစၥေတြကို ေျပာျပလိုက္သင့္တယ္။ ဘယ္ေလာက္ပဲ ရွက္စရာကိစၥျဖစ္ေနပါေစဦး ဒါကို ဖြဲ႕ရာလည္း သိသင့္တယ္... ယူ႔ဒက္ဒီ ဘယ္ေလာက္ယုတ္မာလဲဆိုတာကိုေရာ ၿပီးေတာ့ ဖြဲ႕ရာရဲ႕ အဲ့အေကာင္ ဘယ္ေလာက္ေတာင္ ႐ြံဖို႔ေကာင္းလဲဆိုတာကိုေရာ"

ေဟသာ ေတ်ာက္ေလ်ာက္စကားေတြအမ်ားႀကီးေျပာလိုက္ေပမဲ့ လြမ္းေတးသံဆီကေတာ့ အသံတိတ္ေခါင္းခါျခင္းကိုသာ ျပန္ရသည္။ သူ႔ကေလးကို နည္းနည္းေလးမွ စိတ္အထိခိုက္မခံခ်င္တာ ေဟသာ နားလည္ပါသည္။ ေဟသာလည္း ကိုယ္မဟုတ္လို႔သာ ဒီလိုေျပာႏိုင္တာေလ။ ၫႊန္းေနရာမွာ ငယ္ျဖစ္ေနလွ်င္ ေဟသာလည္း ဒီလိုျဖစ္ေနမွာပဲ။

"ဒါဆိုရင္ သူ႔အေမကိုေျပာလိုက္ ေတးသံ... အနည္းဆုံးေတာ့ သူ႔သမီးကို ဒီလိုလုပ္တာသိရင္..."

"ၿပီးၿပီ ေတးသံ အဲ့ကိစၥရဲ႕ သက္ေသအကုန္လုံးကို ခ်ိဳကိုပိုင္းေလး အေမလက္ထဲေရာက္ေအာင္ ပို႔ခဲ့ၿပီးၿပီ"

ေဟသာ အံ့ဩသြားမိသည္။ ဘယ္တုန္းက လြမ္းဟာ ဒီလိုလုပ္လိုက္တာလဲ။

"သိပ္မၾကာေသးပါဘူး ခရီးမသြားခင္ကပါ..."

ေဟသာ ေမးခ်င္ေနတာကို သိဟန္ႏွင့္ လြမ္းကေျဖလာသည္။ လြမ္းမွာလည္း အစီစဥ္ေတြရွိေနခဲ့တာကို ေဟသာ အခုမွသိေတာ့သည္။

"အဲ့ေတာ့ သူ႔အေမက ဘာေျပာလဲ။ ဘာအေၾကာင္းျပန္လဲ... မေန႔ညကကိစၥက အဲ့ကိစၥကိုသိလို႔ ေတးသံဒက္ဒီ လာျပႆနာရွာတာလား"

ေဟသာ့စကားအဆုံးမွာ ေတးသံက ခပ္သဲ့သဲ့ၿပဳံးသည္။

"ဟင့္အင္း ဒက္ဒီမသိဘူး။ ဒက္ဒီ ဒီကိုေရာက္လာတယ္ဆိုတာ မသိလို႔ေလ..."

"ဘယ္လို! တို႔ မရွင္းဘူး ေတးသံ"

လြမ္းသည္ သက္ျပင္းေလးသဲ့သဲ့ခ်ၿပီး ေဟသာ့ကိုၾကည့္လာျပန္သည္။

"မေန႔က ေျပာပုံေတြအရ အဲ့လူလုပ္ရက္ေတြကို ခ်ိဳကိုပိုင္းေလးအေမသိေနတာ အဲ့လူမသိဘူး ေဟသာ... အဲ့တည္းက ေဒၚေဟမာထြန္းရဲ႕ သေဘာထားက ေပၚေနၿပီေလ"

ေဟသာ ပိုနားမလည္ႏိုင္ျဖစ္သြားသည္။ ကိုယ့္သမီးအေပၚ လုပ္ရက္တဲ့ သူ႔ေယာက်္ားအေၾကာင္းကို သိသြားတာေတာင္ ေရငုံႏႈတ္ပိတ္ေနတယ္တဲ့လား။ ဘယ္လို အေမမ်ိဳးလဲ။ ဘာလို႔ အတၱဒီေလာက္ႀကီးေနၾကရတာလဲ။

"ေတးသံရယ္ အဲ့လိုအတၱႀကီးတဲ့ မိဘေတြအတြက္နဲ႔ေတာ့ ဖြဲ႕ရာကို လက္မလႊတ္ပါနဲ႔... ဘာၿခိမ္းေျခာက္မႈေတြေၾကာင့္နဲ႔ျဖစ္ျဖစ္ ဖြဲ႕ရာကို မိဘေတြလက္ထဲျပန္မထည့္ပါနဲ႔ေနာ္"

"ေဟသာက တို႔ ခ်ိဳကိုပိုင္းေလးကို စိတ္ပူေနတာပဲ"

လြမ္းသည္ ေဟသာ့စကားကိုၾကားၿပီး သေဘာတက်ေလးရယ္လာသည္။ မရယ္ႏိုင္သူဟာေတာ့ ေဟသာပါ။ ႏွစ္ေယာက္လုံးကို စိတ္ပူေနတာသိရက္နဲ႔ လြမ္းဟာ အ႐ႊန္းေဖာက္ႏိုင္ေနသည္။ ဘာမွမျဖစ္သလို၊ ဘာမွမခံစားရသလို ေနျပေနသည္။

"အဲ့ေလာက္စိတ္မပူပါနဲ႔ ေဟသာရယ္... ေတးသံ အားလုံးကို တြက္ခ်က္ခဲ့ၿပီးသားပါ။ ခ်ိဳကိုပိုင္းေလးကို အဲ့လူလက္ထဲတကယ္ထည့္ေတာ့မလို႔လားလို႔ ေဟသာေျပာခဲ့တဲ့ ေန႔တည္းက ေတးသံ အားလုံးစဥ္းစားၿပီးသားပါ"

ေဟသာ့ လက္ေလးေပၚ လက္ႏွစ္ဖက္ျဖင့္ႏွစ္သိမ့္ဆုပ္ကိုင္စြာတင္ရင္းေျပာလာသည့္ လြမ္းကို ေဟသာယုံပါသည္။ ထို႔ေၾကာင့္ ရင္ေလးစြာႏွင့္ ေခါင္းညိတ္ျပမိသည္။

"ဒါနဲ႔ ညတုန္းက ဘာေတြျဖစ္ခဲ့တာလဲ"

"ဒီတိုင္းပါပဲ ခါတိုင္းလိုေပါ့ သူလုပ္ႏိုင္တာ အာဏာသုံးတာပဲေလ။ ဒါေပမဲ့ ေတးသံက မေၾကာက္ေတာ့..."

လြမ္းသည္ သူ႔လိေမၼာ္ေရာင္ဆံႏြယ္ေလးေတြကို လက္ႏွင့္တစ္ခ်က္ခါလိုက္ၿပီး ပခုံးတြန္႔ျပသည္။

"နင့္ကို ထပ္ၿပီးပင္ပန္းတာမ်ိဳးနဲ႔ တြဲမျမင္ခ်င္ဘူး ေတးသံရယ္"

"အဟင္း"

ေဟသာ အေလးနက္ေျပာေနေပမဲ့ လြမ္းေတးသံဟာ ရယ္သည္။ ေဟသာမႀကိဳက္ဘူး။ ဒါဟာ လြမ္းေတးသံ ဟန္ေဆာင္လြန္းေနတယ္။ အခ်င္းခ်င္းကိုေတာင္ ဟန္ေဆာင္ေနတာကို ေဟသာ နားမလည္ႏိုင္ဘူး။

"ေဆာရီး ေဟသာစိတ္ပူတာကို ေတးသံ သေဘာက်လို႔ပါ... ေတးသံလည္း တူတူပါပဲ ေလေျပငယ္နဲ႔ ေဟသာ့ကို ဒီထက္ပိုၿပီး အဆင္ေျပတာေလး ျမင္ခ်င္တာပါေနာ္။

အခုပဲ ေလေျပငယ္ကိုၾကည့္ဦး ျပန္တည့္တာနဲ႔ သူ႔မမနားက မခြါေတာ့ဘူး... ၿပီးေတာ့ ေစာေစာျပန္မယ္ဆိုၿပီး ေတးသံ ထင္တာမမွားရင္ ဒီညလည္း ျပန္ပါ့မလား"

ေဟသာ့မ်က္ႏွာေလးကို ပြတ္သပ္ရင္း စေနာက္ကာေျပာလာသည့္ လြမ္းေတးသံေၾကာင့္ ထိုလက္ကိုပုတ္ခ်လိုက္မိသည္။ ခႏၶာကိုယ္က ခ်က္ခ်င္းပူေလာင္လာသျဖင့္ ကိုယ့္ကိုယ္ကို ရွက္သြားတာမွန္းသိလိုက္သည္။ ဒါဟာ စကားလမ္းေၾကာင္းလႊဲဖို႔လုပ္တဲ့ လြမ္းရဲ႕ လုပ္ရက္သာဆိုရင္ လြမ္းလုပ္ရက္က ေအာင္ျမင္ပါသည္။ အခု မေန႔ညက အေၾကာင္းေတြေခါင္းထဲအစီလိုက္ျပန္ဝင္လာၿပီေလ။

"မမ ဘာလို႔ နံရံကိုအရမ္းကပ္ေနတာလဲ"

"မကပ္ပါဘူး ေလေျပရဲ႕... ေလေျပ အစြန္မွာဆိုေတာ့ ျပဳတ္က်မွာစိုးလို႔ပါ"

ေဟသာထိုသို႔ေျပာလိုက္ေပမဲ့ နံရံႏွင့္တိုက္မိေနသည့္လက္ေလးေတြနဲ႔ နဖူးဟာေအးျမျမျဖစ္ေနသည္။

"အို!..."

အေနာက္ခါးကေန လွမ္းဆြဲလိုက္တဲ့ ေလေျပငယ္ေၾကာင့္ ေဟသာ့ကိုယ္ေလးဟာ စာ႐ြက္ေလးနယ္ ေနာက္သို႔ပါသြားၿပီး ငယ့္ ရင္ဘတ္ေလးႏွင့္ထိကပ္သြားသည္။

"ကားေပၚမွာထဲက အဲ့လိုလုပ္ေနတာကို အျမင္ကပ္ေနတာ။ အဲ့လို ဇြတ္ခြါခ်င္ေနရင္ ေနာက္တစ္ခါ ဒီလို ပူးကပ္ေနေအာင္အဖက္ခံရမယ္"

ငယ္ဟာ စေနာက္ေနတာမဟုတ္။ တကယ္လည္းပူးကပ္ေနသည္ပါ။ ပူကပ္ေန႐ုံမကပဲ ေဟသာ မ႐ုန္းႏိုင္ေအာင္ကို ခြပါခြထားသည္ပါ။ ထိုအခိုက္တန္႔မွာ ေဟသာ့မွာ ငယ့္အတြက္ လူသားဖက္လုံးမ်ားျဖစ္သြားေလသလား။ အသက္ပင္ မ႐ူႏိုင္ေတာ့ေခ်။ Hotel ခန္းထဲက တစ္ညနဲ႔တင္လုံေလာက္ေနၿပီကို။

"မမ ေနာက္မခြါေတာ့ပါဘူး အခု ဖယ္ေပးပါလား ေလေျပ။ အသက္ရွဴက်ပ္လာ... လို႔"

"အိုး ေဆာရီး မမ"

ငယ္ ဟာေျပာၿပီးတာႏွင့္ တင္းေနေအာင္ဖက္ထားတာေလးကို ေျဖေလ်ာ့ေပးလိုက္သည္။ သို႔ေသာ္ လႊတ္ေတာ့မေပးေခ်။

"ေလေျပ!"

"ဘာတုန္း မမရဲ႕"

"မ... မဖယ္ေပးဘူးလား"

"အသက္ရွဴက်ပ္လို႔ဆို ဒီေလာက္ဆို မက်ပ္ေတာ့ဘူးေလ။ အိပ္ေတာ့ေနာ္... ေလေျပ မရေတာ့ဘူး အိပ္ခ်င္ေနၿပီ"

ငယ္ဟာ မခ်စ္တဲ့သူမို႔ ဒီအခိုက္တန္႔ဟာ ဘာမွမခံစားရေလာက္ဘူးဆိုေပမဲ့ ေဟသာ့အတြက္ေတာ့ ခရီးပန္းေနလည္း နာရီအေတာ္ၾကာအိပ္မရႏိုင္ေအာင္ကိုျဖစ္ရသည္ေလ။ ငယ္သည္ မထင္ထားရင္ မထင္ထားသလိုရက္စက္တတ္သည္။ သို႔ေသာ္ ေဟသာခ်စ္သည္ေလ။

...

Restaurant VIP အခန္းထဲဝင္ဝင္ျခင္းစကားဆိုလာသည့္ အမ်ိဳးသမီးႀကီးကိုၾကည့္ၿပီး မၿပဳံးျပမိသလို စကားလည္းမေျပာမိပါ။ တစ္ရက္ေတာင္မကူးေသးပဲ ဆက္သြယ္လာသည့္ နံပါတ္စိမ္းဝင္လာတုန္းက သူမမွာခပ္မဲ့မဲ့သာၿပဳံးႏိုင္သည္။ ဒီနံပါတ္စိမ္းကေတာ့ သူ႔ဒက္ဒီမဟုတ္မွန္း ဖုန္း Screen ရိပ္မိေနမိသားေလ။

"ေရာက္ေနၿပီပဲ ဒီလိုေစာေအာင္လာမယ္မထင္ထားဘူး"

"အန္တီကေတာ့ ေနာက္က်သားေနာ္"

သူမ အေျပာေၾကာင့္ ထိုင္ခုံမွာဝင္ထိုင္ရာကေန မ်က္ခုံးတစ္ဖက္ပင့္သြားသည္ အမ်ိဳးသမီးကိုနည္းနည္းေလးမွ မလန္႔မိပါ။ ခါတိုင္းစိတ္နဲ႔ဆိုလွ်င္ 'အန္တီ' လို႔ေခၚမည့္အစား 'ရွင္' လို႔ပဲ သုံးႏႈန္းမိမွာ။ ဒါေပမဲ့ ၫႊန္း၏ အေမျဖစ္ေနတာမို႔ လြမ္း တစ္ထစ္ေလ်ာ့လိုက္သည္။

"ဒီမွာ လြမ္းေတးသံ ဘာေၾကာင့္ ဒီကိုေခၚလိုက္လဲဆိုတာ..."

"ကြၽန္မ သိပါတယ္ အန္တီ အဲ့ဒါေၾကာင့္လည္းလာေတြ႕တာေပါ့"

လြမ္းရဲ႕ မေလးစားတဲ့အျပဳမူေတြေၾကာင့္ ၫႊန္းေမေမဟာ ေဒါသထြက္လာဟန္ရွိသည္။ သို႔ေပမဲ့လည္း လြမ္း ဂ႐ုမစိုက္ပါ။

"ဒါဆို ဘာကိစၥလဲဆိုတာ မင္း..."

"အန္တီဘာမွမေျပာခင္ ကြၽန္မ အရင္ေျပာပါရေစ"

စကားျဖတ္ေျပာေျပာေနသည့္ လြမ္းေၾကာင့္ ေဒၚေဟမာထြန္းမ်က္ႏွာဟာ ေဒါသေၾကာင့္ပို နီရဲလာသည္။ သို႔ေသာ္ ေဟမာထြန္းသည္ ေဒါသႏွင့္မတုန္႔ျပန္ေသးပါ။

"တစ္မ်ိဳးေတာ့ မထင္ပါနဲ႔ အန္တီေျပာမယ့္စကားေတြကို ကြၽန္မသိၿပီးသားပါေလ။ ခ်ိဳကို... ၫႊန္းရာကို လက္တြဲျဖဳတ္ခိုင္းဖို႔ပဲမလား။ အဲ့ဒါထက္ အန္တီ ဘာမွေျပာစရာမရွိဘူးေလ... ဒါေပမဲ့ ကြၽန္မ မွာေတာ့ရွိတယ္"

လြမ္းေျပာလိုက္ေတာ့ ေဟမာ၏ တင္းေနေသာ ေမး႐ိုးအနည္းငယ္ေျပေလ်ာ့သြားၿပီး ဘာမွမေျပာပဲ လြမ္းကို စိုက္ၾကည့္ေနသည္။ ဒီေလာက္ဆို လြမ္းကို ဆက္ေျပာခိုင္းေနတာပဲေလ။

"ကြၽန္မဖို႔လိုက္တာေတြကို ရခဲ့တယ္မလား"

ေဟမာ့၏ မ်က္ဝန္းကို ခပ္စူးစူးစိုက္ၾကည့္ရင္းေျပာလာသည့္ ဒီ႐ိုင္းစိုင္းတဲ့ကေလးေၾကာင့္ ေဟမာ မလုံမလဲျဖစ္သြားသည္။

"ရခဲ့တာေသခ်ာတာပဲ"

ခပ္မဲ့မဲ့ ၿပဳံးၿပီး အဓိပၸာယ္ပါစြာေျပာသည့္ အေျပာေၾကာင့္ ေဟမာ စကားေျပာဖို႔စလိုက္သည္။

"ရခဲ့တယ္ အဲ့အတြက္လည္း မင္းကို ေက်းဇူးတင္ပါတယ္... အန္တီ့ သမီးေလးကို အဲ့လိုလူမ်ိဳးလက္ထဲကေန ဆြဲထုတ္ေပးႏိုင္လို႔ မိဘတစ္ေယာက္အေနနဲ႔ စိတ္ရင္းနဲ႔ကို ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ အဲ့အတြက္နဲ႔ေတာ့ မင္းနဲ႔ သေဘာမတူႏိုင္ဘူး လြမ္းေတးသံ"

ေဟမာ့ စကားအဆုံးမွာ လြမ္းေတးသံဟာ ၿပဳံးျပန္သည္။ ဒီအၿပဳံးေတြက ေဟမာ့ေဒါသကိုစြေနသလိုပဲ။

"ၫႊန္းဖြဲ႕ရာမႉး ခ်စ္တဲ့သူဟာ ေယာက်္ားတစ္ေယာက္မျဖစ္လည္းရတယ္!... ၫႊန္းဖြဲ႕ရာမႉး ေ႐ြးခ်ယ္မယ့္သူက မိန္းမတစ္ေယာက္ျဖစ္ေနလည္း ၫႊန္းေလးသာခ်စ္တယ္ဆိုရင္ အန္တီ သေဘာတူႏိုင္တယ္။ ဒါေပမဲ့ အဲ့သေဘာတူတဲ့ သူက လြမ္းေတးသံေတာ့မဟုတ္ဘူး။ လြမ္းေတးသံေတာ့ ျဖစ္လို႔မရဘူး"

ေဟမာ ေျပာတာကို ေခါင္းေလးတညိတ္ညိတ္လုပ္ရင္း နားေထာင္ေနသည့္ လြမ္းေတးသံဟာ မ်က္ႏွာတစ္ခ်က္ေလးပင္ ပ်က္မသြား။ အမွန္ဆို လူတိုင္းနဲ႔သေဘာတူၿပီး သူနဲ႔မွ သေဘာမတူတာကိုခံျပင္းသြားရမည္မဟုတ္လား။ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းကိုေမးသင့္သည္မဟုတ္လား။ အဲ့အတြက္ ေဟမာထြန္းမွာ ေျဖစရာအေျဖေတြလည္းရွိၿပီးသားပါ။ သို႔ေသာ္ လြမ္းဟာေတာ့ ေမးမလာေခ်။

"ဒက္ဒီက ၫႊန္းရာအေျခေနကို သိေနရက္နဲ႔ မတားတာကိုေရာ ကြၽန္မေပးတာကိုရၿပီဆိုရင္ အန္တီသိၿပီးေလာက္ေရာေပါ့"

ဒီအေၾကာင္းေျပာလာမည္ဆိုတာကို ေဟမာထြန္း သိပါသည္။ အဲ့အတြက္ေတာ့ တကယ္ေျဖစရာမရွိပါ။ အခုခ်ိန္ထိ အဲ့ကိစၥကိုမယုံၾကည္ႏိုင္ျဖစ္ေနတုန္း။ ဘာလုပ္ရမလဲဆိုတဲ့ ဆုံးျဖတ္ခ်က္လည္းခ်မရေသးဘူး။ အဲ့ကိစၥကို ေဟမာ ေမ့ေလ်ာ့ပစ္ဖို႔ေတာင္လုပ္ခဲ့တာ။ ဒါေပမဲ့ အခုခ်ိန္ထိ ေဟမာေမ့မရ။ အစ္ကိုနဲ႔ ဒီကိစၥကိုရွင္းဖို႔အတြက္လည္း ေဟမာ မလုပ္ႏိုင္ေသးဘူး။

"သိေတာ့ေရာ ဘာဆက္ျဖစ္မွာလဲ... အခု အန္တီ့သမီးက မေကာင္းတဲ့ေကာင္နဲ႔ပ်က္သြားၿပီေလ။ အဲ့ဒါ အဓိကပဲမလား!"

"အန္တီဒီလိုေျပာတာကို ၫႊန္းရာသိရင္ ေတာ္ေတာ္ေလးစိတ္ပ်က္သြားေလာက္မယ္"

လြမ္းရဲ႕ စိတ္ပ်က္စြာထြက္ေပၚလာသည့္ စကားေၾကာင့္ ေဟမာထြန္းေၾကာက္႐ြံ႕သြားသည္။

"ဘာရယ္! မင္းက အဲ့လိုမ်ိဳး တို႔နဲ႔ သမီးကိုရန္တိုက္ေပးမယ္ေပါ့"

"အဲ့လိုလုပ္ခ်င္မွေတာ့ ကြၽန္မ အစတည္းကလုပ္ေရာေပါ့။ ဘာေၾကာင့္ အခ်ိန္ေတြကိုေစာင့္ေနရမွာလဲ"

မွန္သလိုရွိတာေၾကာင့္ ေဟမာထြန္း ၿငိမ္သက္သြားမိသည္။ သို႔ေသာ္လည္း မ်က္ေမွာင္ၾကဳတ္မိသည္။ သူတို႔စကားေျပာခန္းက တကယ္ဆို လြမ္းေတးသံကို သူ႔သမီးအနားက ထြက္သြားခိုင္း႐ုံေလ။ ဒါေပမဲ့ လြမ္းေတးသံကေတာ့ ေျပာစရာေတြရွိေသးပုံပဲ။

"ဒါဆို ဘာလို႔လဲ တစ္ခုခုလိုခ်င္လို႔လား!... ဟိုတစ္ခါက ေတာင္းဆိုၿပီးမွ စိတ္ေျပာင္းသြားတာကဘာလို႔လဲ။ အဲ့ထက္ပိုေကာင္းတဲ့ ေတာင္းဆိုခ်က္မ်ိဳးလိုခ်င္လို႔လား"

"အန္တီက ညဏ္ေကာင္းတာပဲ။ ဟုတ္ပါတယ္ ကြၽန္မ အဲ့ထက္ပိုေကာင္းတဲ့ ေတာင္းဆိုခ်က္ကိုေတာင္းခ်င္တယ္"

"ၫႊန္းဖြဲ႕ရာမႉးဆိုတဲ့ ေတာင္းဆိုခ်က္ကလြဲရင္ အကုန္လိုက္ေရာႏိုင္တယ္"

ေဟမာထြန္း စကားေၾကာင့္ လြမ္းဟာ ထပ္ၿပီးၿပဳံးျပန္သည္။ သေဘာမက်လိုက္တာ။ သူ႔သမီးဟာ ဒီလိုမိန္းမမ်ိဳးကို ဘာလို႔ခ်စ္ခဲ့တာပါလဲ။

"ကြၽန္မဒက္ဒီနဲ႔ ကြာရွင္းလိုက္ပါ"

လြမ္းရဲ႕ စကားအဆုံးမွာ ေဟမာထြန္းနားလည္ေအာင္ အခ်ိန္အေတာ္ၾကာယူလိုက္ရသည္အထိ ဆြံ႕အသြားရသည္။

"ဘာ! ဘာေျပာတယ္"

အသိျပန္ဝင္လာေတာ့လည္း ေျပာႏိုင္တာဒါေလးပဲရွိသည္တဲ့ေလ။

"ကြၽန္မ ဒက္ဒီနဲ႔ ကြာရွင္းၿပီး အေဝးကိုထြက္သြားေပးပါလို႔ေလ... အန္တီေသခ်ာၾကားမွာပါ"

"အဟက္ ေနာက္ဆုံးေတာ့ မင္းရဲ႕ရည္႐ြယ္ခ်က္က ဒါကို မင္းက ငါတို႔ကို အိမ္ကပထုတ္ခ်င္ေနတာပဲ။ ဘာလဲ မင္းမရတဲ့ အခ်စ္ေတြကို ငါတို႔ေတြက ရထားလို႔လား... ဒါက မနာလိုျခင္းေပါ့ေလ။ အိုး ၫႊန္းေလးကိုေတာင္ မင္း ခ်စ္ရဲ႕လား!"

အစကေတာ့ လြမ္းဆီက စကားေၾကာင့္ ေဟမာရယ္ခ်င္မိသြား၍ ရယ္မိကာေျပာလိုက္ျခင္းေပမဲ့ ေျပာလာရင္းနဲ႔ ၫႊန္းအေၾကာင္းကို ေတြးမိသြားသည္။ ကိုျမတ္မဟာနဲ႔ ကြာရွင္းရင္ ၫႊန္းကို စြန္႔ပစ္ေပးမယ္ေပါ့။ လြယ္လိုက္တာ ခ်စ္တဲ့သူတစ္ေယာက္အေနနဲ႔ဆို ဒါကလြယ္မွာမဟုတ္ဘူး။ အစတည္းက ၫႊန္းအနားကို ဒီေကာင္မ ခ်ည္းကပ္ခဲ့တာပဲ။ သူ႔သမီးဟာ သိပ္တုံးတာပဲ။ ေဟမာခံျပင္းၿပီး ေဒါသတို႔ဟာ ထိန္းမရျဖစ္လာသည္။

"ဒါက သိပ္ခ်စ္လို႔ ဒီလိုလုပ္ခိုင္းတာေပါ့ အန္တီ။ ကြၽန္မက ၫႊန္းရာကို သိပ္ခ်စ္တာေပါ့"

"မင္း ပလီပလာေတြေျပာမေနနဲ႔... တကယ္ခ်စ္ရင္ ဒီလိုစကားေတြေျပာဖို႔ မေျပာနဲ႔ သူ႔အနားက ခြါႏိုင္မွာေတာင္ မဟုတ္ဘူး။ အခုေတာ့ မင္းက အႀကံနဲ႔ခ်ည္းကပ္ခဲ့တဲ့ မိန္းမပဲ"

"အဲ့လိုထင္ရင္ေတာ့ အန္တီ ဒီအသက္႐ြယ္ထိ ခ်စ္ျခင္းေမတၱာေတြအေၾကာင္းကို နားမလည္ေသးဘူးလို႔ယူဆပါရေစ"

"ဘာေျပာတယ္!"

လြမ္းသည္ ေမာသြားဟန္ႏွင့္ သူ႔ေရွ႕က ေကာ္ဖီခြက္ကိုကိုင္ကာ ေသာက္လိုက္သည္။ ဘယ္ေလာက္ေတာင္ မယဥ္ေက်းတဲ့ မိန္းမလဲ။

"ဦးျမတ္မဟာအေၾကာင္းကို အန္တီ ေကာင္းေကာင္းသိတယ္မလား"

လြမ္း အေမးမွာ ေဟမာထြန္း မ်က္ခုံးမ်ားတြန္႔ေခၚသြားသည္။ သိတာေပါ့ သူ႔ေယာက်္ားအေၾကာင္းကို မသိစရာလား။

"ကြၽန္္မနဲ႔ အဲ့လူၾကားက ဆက္ဆံေရးကိုလည္းသိတယ္မလား"

ေဟမာ ေခါင္းမညိတ္မိေသာ္လည္း အိမ္ေပၚစမေရာက္ခင္ကတည္းက သိခဲ့ပါသည္။ သမီးအရင္းေပၚ မုန္းတီးေနတဲ့ အေဖတစ္ေယာက္ရဲ႕စိတ္ကို ေဟမာနားမလည္ခဲ့ပါ။ ငယ္႐ြယ္တဲ့အခ်ိန္တည္းက အေဖ့ရဲ႕ မုန္းတီးမႈေတြကိုခံခဲ့ရသည့္ လြမ္းေတးသံကို သနားမိေပမဲ့ တြယ္တာတတ္တဲ့ ၫႊန္းႏွင့္ ေဝးေအာင္ အတက္ႏိုင္ဆုံးေလ်ာက္ေျပာခဲ့ရသည္။ ဒါဟာ ယုတ္မာစိတ္ေၾကာင့္လို႔ဆိုခ်င္လည္းဆိုလို႔ရသည္။ ဒါေပမဲ့ ေဟမာ့လုပ္ရက္ေတြက အခုခ်ိန္ျပန္စဥ္းစားတိုင္း အေမတစ္ေယာက္အေနနဲ႔မမွားပါ။

ၫႊန္းနဲ႔ လြမ္းသာ ခင္မင္သြားခဲ့လွ်င္ ၫႊန္းအေပၚ ကိုျမတ္မဟာရဲ႕ ခ်စ္စိတ္ေလးေလ်ာ့သြားမွာကို ေၾကာက္႐ြံ႕ခဲ့သည္။ သူ႔သမီးေလးအေပၚ စိတ္ပ်က္သြားမွာကို မျဖစ္ေစခ်င္ခဲ့တဲ့ အတၱမို႔ သားသမီးခ်င္းကိုယ္ခ်င္းမစာႏိုင္ခဲ့ေပ။ အခုလည္း လြမ္းေတးသံရဲ႕ အေမးကိုမေျဖႏိုင္ပါ။

"ကြၽန္မက သူ႔သမီးအရင္းပါ အန္တီ... ေသြးသားရင္းပါ။ ဒီအခ်က္ကို ဦးျမတ္မဟာရဲ႕ သမီးျဖစ္ပါတယ္လို႔ ဂုဏ္ယူၿပီးေျပာေနတယ္လို႔ေတာ့ အထင္မမွားေစခ်င္ဘူး။

သမီးအရင္းကိုေတာင္ ရန္သူလိုဆက္ဆံေနတဲ့ ဦးျမတ္မဟာကိုပဲ ျမင္ေစခ်င္တယ္။ အန္တီ!... သူစိမ္းျဖစ္တဲ့ အန္တီတို႔ကို သူက ငဲ့ညႇာမယ္ထင္ေနတာသလား"

ၿခိမ္းေျခာက္စကားမဟုတ္တာသိေသာ္လည္း ေဟမာထြန္းရင္ထဲ ၿခိမ္းေျခာက္စကားကဲ့သို႔ပဲ့တင္သြားသည္။

"ၫႊန္းရာကို အဲ့လူလက္ထဲမွာေတာ့ မထားခဲ့ႏိုင္ဘူး။ ဘယ္လိုနည္းနဲ႔မွ မထားခဲ့ႏိုင္ဘူး ဒါေၾကာင့္ အန္တီသာ  ကိုယ့္ကိုယ္ကိုထက္ ၫႊန္းရာကို တကယ္ခ်စ္တယ္ဆိုရင္ အဲ့လူနဲ႔ ကြာရွင္းေပးပါ။ ၫႊန္းရာကို အဲ့လူနဲ႔အေဝးမွာထားေပးပါ..."

လြမ္း ဘာေတြေျပာေနလဲဆိုတာ ေဟမာ နားလည္သြားေပမဲ့ ဘာမွမေျပာထြက္ေသးေပ။

"ဒါက ကြၽန္မ ႏွလုံးသားကျဖစ္ေစခ်င္တဲ့ဆႏၵပါ။ ဒါကို အန္တီလိုက္ေလ်ာေပးရင္ ကြၽန္မရဲ႕အခ်စ္ေတြကို ေနာက္ဆုတ္ေပးမယ္။ ကြၽန္မ ၫႊန္းရာကို လက္ေလ်ာ့ေပးမယ္"

ေဟမာဘာလို႔ ဒီအခ်ိန္က်မွ လြမ္းရဲ႕ အၿပဳံးေတြၾကားက နာက်င္မႈကိုရွာေတြ႕သြားရသလဲ။

"ကြာရွင္းမေပးဘူးဆိုရင္ မင္းက ၫႊန္းရာကို လက္လႊတ္မေပးဘူးေပါ့"

"ကြၽန္မ ေျပာတာကို အန္တီနားမလည္ဘူးလား"

"နားလည္တယ္ ေကာင္းေကာင္းႀကီး နားလည္တယ္။ ဒါေပမဲ့ အစ္ကိုက ၫႊန္းေလးကိုခ်စ္တယ္... တို႔ေၾကာင့္သာ အဲ့လိုလုပ္... ဟင့္အင္း သူလုပ္တာေတာင္မဟုတ္ပါဘူး မသိခ်င္ေယာင္ပဲေဆာင္မိတာပါ။ အဲ့ေတာ့ ဒီအျပစ္ေလာက္ေလးနဲ႔ မင္းေျပာသလိုမလုပ္ေပးႏိုင္ဘူး။ မင္းက လက္မေလ်ာ့လည္း လက္ေလ်ာ့ေအာင္လုပ္ဖို႔ တျခားနည္းလမ္းေတြသုံးရမွာပဲ"

မ်က္ႏွာတစ္ခ်က္မွ မပ်က္ေသးသည့္ လြမ္းေတးသံဟာ အခုခ်ိန္မွာေတာ့ လုံးဝပ်က္ယြင္းသြားသည္။ ပ်က္ယြင္းသြားတယ္ဆိုတာထက္ ေဟမာ့စကားအေပၚ မယုံၾကည္ႏိုင္ စိတ္ပ်က္အံ့ဩသြားပုံ။

"မေန႔ညက ရွင့္ေယာက်္ားဆီကေန ၫႊန္းရာ ၿခိမ္းေျခာက္ခံထားရတယ္လို႔ေျပာရင္ေရာ ရွင္ ဒီလိုပဲေျပာမွာလား"

"ဘယ္လို!"

ဒီကိစၥကိုရွင္းခ်င္ေနတာမို႔ ေဟမာထြန္းတို႔ ဟိုတစ္ေလာကပဲ ရန္ကုန္ေရာက္ဆင္းလာၾကသည္ေလ။ မေန႔က ၫႊန္းတို႔ ခရီးျပန္လာမွာသိလို႔ ျမတ္မဟာသည္ လြမ္း အိမ္ေရွ႕မွာ တစ္ခ်ိန္လုံးသြားေစာင့္ေနတာကို ေဟမာသိသည္။ ေဟမာလိုက္ခ်င္ေသာ္လည္း မလိုက္ခိုင္းပါ။ ျပန္လာေတာ့ ေဒါသတႀကီးျပန္လာၿပီးျဖစ္သမွ် ဘာမွမေျပာပါ။ ေနာက္္ေန႔က်ရင္ လြမ္းကို ဆက္သြယ္ၿပီး ေနာက္ဆုတ္ဖို႔ကိုသာေျပာဖို႔ ျမတ္မဟာက ေဟမာ့ကိုမွာသည္။

ေဟမာလည္း ျမတ္မဟာစကားေၾကာင့္ ဒီေန႔ကို ခ်က္ခ်င္းဆက္သြယ္ၿပီး လြမ္းနဲ႔ေတြ႕ဖို႔ေျပာခဲ့တာ။ လြမ္းဟာ ျငင္းမယ္၊ ဒါမွမဟုတ္ ရက္ကိုေနာက္က်မွ ခ်ိန္းမယ္ထင္ထားေသာ္လည္း ခ်က္ခ်င္းေတြ႕ဖို႔ေျပာသည္မို႔ ေဟမာတို႔အခုလိုေတြ႕ျဖစ္ၾကတာ။ ထို႔ေၾကာင့္ ဘာေတြျဖစ္ခဲ့လဲ ေဟမာ ဘာမွမသိေခ်။

"ဒါေတာ့မသိေသးဘူးကို"

"ဘာကိုၿခိမ္းေျခာက္တာလဲ!... အစ္ကိုက ၫႊန္းေလးကို ၿခိမ္းေျခာက္တာလား"

စိတ္ပူစြာေမးမိေတာ့ လြမ္းသည္ ေဟမာထြန္းကို စိတ္ပ်က္စြာၾကည့္သည္။

"ၫႊန္းရာက ကြၽန္မနဲ႔ အန္တီ့ဘဝကိုဆို ဘယ္သူ႔ကိုေ႐ြးလိမ့္မယ္ထင္လဲ အန္တီ"

"အိုး"

လြမ္း စကားရဲ႕ အဓိပၸာယ္ကို ေဟမာခ်က္ခ်င္းနားလည္သြားသည္။ မထင္မွတ္ထားသည့္စကားမို႔ ရင္ထဲလည္း တစစ္စစ္ျဖစ္သြားသည္။

"ၫႊန္းရာ မေ႐ြးခ်ယ္ေစခ်င္ဘူး။ သူ႔ကိုယ္တိုင္ေ႐ြးၿပီး သူ႔ကိုယ္သူႏွိပ္စက္သလိုျဖစ္သြားမယ့္ ေ႐ြးခ်ယ္မႈမ်ိဳးကို လြမ္း မလုပ္ခိုင္းႏိုင္ဘူး အန္တီ"

ျပတ္သားစြာေျပာလာသည့္ သူ႔ေရွ႕ကေကာင္မေလးဟာ စေတြ႕တုန္းကလို ႐ိုင္းတယ္လို႔မခံစားရေတာ့။

"အဲ့ဒါေၾကာင့္ လြမ္းစြန္႔လႊတ္ေပးမယ္ အန္တီလည္း ဒက္ဒီ့ကို စြန္႔လႊတ္ေပးႏိုင္မလား"

မ်က္ဝန္းထဲ မ်က္ရည္ၾကည္ေလးေတြဝဲတက္လာသည့္ ေကာင္မေလးကိုၾကည့္ရင္း ေဟမာဘာျပန္ေျပာရမလဲမသိေတာ့။ လြမ္းေတးသံဟာ ၫႊန္းကို ဘယ္ေလာက္ခ်စ္မိခံစားမိလိုက္ေပမဲ့ သူတို႔ႏွစ္ေယာက္ဟာ ဘယ္လိုမွမျဖစ္ႏိုင္ၾကဘူး။ ေဟမာ လက္ခံေပးလို႔မရဘူးေလ။

"အန္တီ..."

"ဟင့္အင္း အခုမေျပာပါနဲ႔ဦး အန္တီ။ တစ္ပတ္..."

'တစ္ပတ္' ဆိုသည့္စကားေၾကာင့္ ေဟမာထြန္း နားမလည္သလိုၾကည့္မိသည္။

"တစ္ပတ္ အခ်ိန္ယူစဥ္းစားေပးပါ။ အေျဖႀကိဳရလာလည္း တစ္ပတ္ျပည့္မွေျပာေပးပါ အန္တီ... လြမ္းအတြက္ ၫႊန္းရာအေဝးသြားေပးဖို႔ဆို အခ်ိန္တစ္ပတ္ေလာက္ေတာ့ ယူဖို႔လိုအပ္တာမို႔"

အမွန္ဆို ေဟမာထြန္းရဲ႕ စိတ္ထဲမွာေတာင္ အေျဖစဥ္းစားလို႔မရေသးခဲ့ပါ။ ဒါေပမဲ့ လြမ္းေတးသံဟာ ေဟမာထြန္းဘာကိုေ႐ြးခ်ယ္မလဲဆိုတာကိုသိေနပုံရသည္။ ေဟမာ ဘာမွဆက္မေျပာမိေတာ့။ ဒီဆုံးျဖတ္ခ်က္ကိုခ်ဖို႔ဟာ လြမ္းေတးသံအတြက္ပဲ မလြယ္ကူတာမဟုတ္ဘူး။ သူ႔အတြက္လည္းမလြယ္ကူဘူးေလ။

"ေကာင္းၿပီ အခ်ိန္တစ္ပတ္ပဲမလား။ တစ္ပတ္ျပည့္ရင္ျပန္စုံၾကတာေပါ့"

ပိုက္ဆံအိတ္ကိုဆြဲကိုင္ၿပီး ထြက္သြားသည့္ အမ်ိဳးသမီးႀကီးကိုၾကည့္ေနၿပီး ထိုအမ်ိဳးသမီးအခန္းျပင္ေရာက္သြားသည့္အခါမွ လြမ္း ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္သည္။ ေဟမာထြန္းဆိုသည့္ ၫႊန္းအေမကို လြမ္း မႀကိဳက္ေသာ္လည္း ဒီအမ်ိဳးသမီးဟာ သူ႔သမီးကိုခ်စ္မွန္းသိပါသည္။ ခ်စ္တဲ့သူ ႏွစ္ေယာက္ေၾကာင့္ ေဝခြဲရခက္ေနသည့္ အေျခေနဟာ ၫႊန္းနဲ႔ သူ႔အေမက တစ္ပုံစံတည္းမဟုတ္လား။

ပူေလာင္ေနတဲ့ ရင္ေတြေၾကာင့္ ေကာ္ဖီေလးကို တစ္ဝက္က်ိဳးသည္အထိ ေသာက္ခ်လိုက္သည္။ ထိုအခ်ိန္ အျမင္ေဝဝါးစြာႏွင့္ ပါးျပင္ေပၚေနရာယူလာသည့္ မ်က္ရည္စက္မ်ား။

"ေကာ္ဖီက ခါးလြန္းလို႔ ထင္ပါရဲ႕"

မ်က္ရည္စတို႔ကိုခပ္ၾကမ္းၾကမ္းပြတ္သုတ္လိုက္ရင္းေျပာလိုက္သည့္ စကားဟာ အစီအေလ်ာ္မတည့္။ မ်က္ရည္စေတြဟာ ဘယ္ေလာက္သုတ္သုတ္မတိတ္ေသာအခါ မ်က္ႏွာေပၚလက္ႏွစ္ဖက္အုပ္လိုက္မိသည္။

"ဘာလို႔ငိုေနရတာလဲ တကယ္ဆို နင္ႏိုင္တာေလ လြမ္းေတးသံရယ္"

ႏႈတ္ခမ္းနားက အနာဟာ စစ္ခနဲနာက်င္လာသည္။ မေန႔ညက ဦးျမတ္မဟာသည္စကားေတြအမ်ားႀကီးေျပာခဲ့ေသာ္လည္း လြမ္းက တစ္ခြန္းသာေျပာခဲ့သည္ေလ။

'ၫႊန္းရာကို လြမ္း လက္လႊတ္ေပးရခဲ့မယ္ဆိုရင္ ေသခ်ာတာတစ္ခုက ဒက္ဒီလည္း ေနာက္ဆုံးထြက္သက္ထိ အထီးက်န္ျခင္းေတြနဲ႔ တစ္ေယာက္တည္းေသဆုံးေစရမယ္လို႔ လြမ္း ကတိေပးတယ္'

ၫႊန္းရာကို လြမ္း မပိုင္ဆိုင္ရရင္ေတာင္ အဲ့လူလက္ထဲမွာ ၫႊန္းကို မထားခဲ့းေတာ့ဘူးမလား။ ဒါဆို လြမ္းရဲ႕ ရည္႐ြယ္ခ်က္ဟာ ၿပီးေျမာက္သြားၿပီ။ အရာအားလုံးဟာလည္း ၿပီးဆုံးသြားၿပီ။

...

TBC...

အမွားပါရင္ ခြင့္လႊတ္ပါ 🧡

5.5 k words


Thanks For Reading 📖

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

4K 219 5
မငိုပါနဲ့.....June အချစ်စစ်မှန်ရင် ငါတို့ပြန်ဆုံကြမှာပါ [Unicode] မငိုပါနဲ႔.....June အခ်စ္စစ္မွန္ရင္ ငါတို႔ျပန္ဆုံၾကမွာပါ [Zawgyi]
1.3M 94.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.6M 67K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
218K 24.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ