Forget-Me-Nots { Completed }

By popophoenix207

318K 17.1K 2.5K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

37. Please don't go away

4.5K 345 86
By popophoenix207

( Unicode )

" ကိုရှင်းသန့် ...ပြန်လာပြီပေါ့ "

ရှင်းသန့်နား အပြေးရောက်လာသည့်နိုနိုက မျက်ရည်လေးများပင် လဲ့နေသည်။ ရုတ်တရက် သူ့ကိုတွေ့လိုက်ရသည့်အပေါ် ဝမ်းသာလွန်း၍ဖြစ်မည် ။ အာကာတို့နှင့် ရံဖန်ရံခါ အဆက်အသွယ် ရှိပေမဲ့ နိုနိုနှင့်တော့ အခုမှပြန်ဆုံရခြင်းပင် ။နိုနိုလည်း နီစွေးတို့ကတစ်ဆင့် သူတို့အကြောင်းကိုတော့ သိပြီးသားဖြစ်လိမ့်မည် ။

" ပြန်လာတယ်ရယ်တော့ မဟုတ်သေးပါဘူး ၊ ကြိုဆိုမဲ့သူမှ မရှိတာလေ "

" အပိုတွေ မပြောနဲ့ ဟိတ်ကောင် "

ရောင်ရှိန်က ရှင်းသန့်ကို ဒရာမာချိုးခွင့် မပေးပေ။ ဒါပေမဲ့ ရှင်းသန့် တကယ် အပြီးပြန်လာတာတော့ မဟုတ်သေးပါ။ သူ့အလုပ်တွေက သည်မှာမှ မရှိဘဲ‌လေ ။ စာအုပ်တွေကလည်း အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားထုတ်ဝေသူမို့ သူ့စာဖတ်ပရိတ်သတ်က အင်္ဂလန်မှာပဲ ပိုများသည်။ အခုလည်း လကုန်လျှင် လန်ဒန်ကို မဖြစ်မနေ ပြန်သွားရဦးမည်။

နိုနို့ကို နီစွေးနှင့် အခြေအနေမေးတော့ အီလည်လည်ပုံလေးဖြင့် ခေါင်းရမ်းပြ၏ ။ အဆင့်တက်လောက်ပြီ ထင်ခဲ့တာ မှားသွားသည်။ အခုလည်း နီစွေးကို မမြင်၍ မေးကြည့်မှ LA သွားသည်တဲ့ ။ နီစွေးက ဘုဏ်းဇေမွေးနေ့ကိုတောင် ပြန်မလာဘူးပေါ့ ။

" နိုနိုလဲ ကျောင်းပြီးကတည်းက မြောက်ပိုင်းမှာ ပြန်နေတယ် ၊ သူကလဲ LA မှာပဲ သွားနေတာများတယ် ၊ ဆိုတော့ သိပ်မဆုံဖြစ်ဘူး ပြောရမှာပေါ့ ကိုရှင်းသန့်ရယ် "

" ဒါနဲ့ လက်လျှော့လိုက်တယ်ပေါ့ "

" လက်လျှော့တယ်ရယ်တော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ တစ်ခါတလေလဲ တွေးမိတယ် ၊ ချစ်ခြင်း‌မေတ္တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ဘက်က မလိုချင်တဲ့အခါ ကိုယ်က အတင်းသွားပေးနေလို့ မသင့်တော်ဘူးလို့လေ ၊ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရာ ကျတာပေါ့ "

ဘုဏ်းဇေဆီ လှမ်းကြည့်မိတော့ သူတို့ဘက်ကို ကျောပေးထားပြီး လူကြီးတွေနှင့် စကားပြောနေ၏ ။ တမင်သက်သက် သူတို့ကို ဥပေက္ခာပြုထားတာမျိုးလည်း ဖြစ်နိုင်သည် ။ နိုနိုပြောသလိုဆို သူ့ဘက်ကရော မလိုချင်သူကို အတင်းပေးနေသလို ဖြစ်တော့မှာလား ။

နိုနိုနှင့် စကားခဏ ဆက်‌ပြောပြီးနောက် ရောင်ရှိန် လက်ရှိနေသည့် ကွန်ဒိုကို အတူသွားခဲ့ကြသည်။ သီဟလည်းပါ၏ ။ ရှင်းသန့်ရယ် ၊ သီဟရယ် ၊ ရောင်ရှိန်ရယ် သုံးယောက် ။ ဘုဏ်းဇေကိုတော့ သည်နေ့ လိုက်လို့ရမှာ မဟုတ်သည့်အတူတူ မခေါ်ခဲ့ကြပါ ။ လိုက်လို့ရလည်း ရှင်းသန့်ပါတာနှင့် လိုက်မည့်သူ မဟုတ်မှန်း သိကြပြီးသား ။

" တစ်ဦးတည်း‌သောသားဖြစ်ပြီး မင်းက ဘာလို့ မိဘတွေနဲ့ ခွဲနေတာလဲ "

" အိမ်မှာဆို ငါ့အဖေနဲ့အမေက ငါ့ကို တစ်ချိန်လုံး အိမ်ထောင်ပြုခိုင်းနေကြလို့ ၊ တစ်နေ့တစ်နေ့ ဓာတ်ပုံတွေ အထပ်လိုက်ပြပြီး ဘယ်သူ့သမီးလေးဖြင့် သင့်တော်တယ် ၊ ဘယ်ကောင်မလေးကတော့ မဆိုးဘူးနဲ့ကွာ ၊ ငါက စိတ်မဝင်စားပါဘူးပြောတော့ ငါ့ကို မိန်းမ မယူချင်ရင် ယောက်ျားယူလို့က ပြောသေးတယ် "

ရောင်ရှိန့်အဖြစ်ကို ‌နား‌ထောင်ပြီး ရှင်းသန့် တော်တော်ကြာအောင် ရယ်မိသည်။ အာကာနှင့် ကောင်းယံဆီပါ ဖုန်းခေါ်၍ သူ ပြန်ရောက်နေမှန်းပြောတော့ နှစ်ယောက်စလုံး ချက်ချင်း ပြန်လာခဲ့မည်ဟု ဆိုကြ၏ ။ နောက်ပြီး အာကာက သူတို့အဖွဲ့ လူစုံပြီမို့ မိန်းမယူတော့မည်ဟုလည်း ပြောသေးသည်။

ဘာလိုလိုနှင့် သူတို့တောင် အိမ်ထောင်တစ်ခု တည်ထောင်ဖို့ အရွယ်တွေ ရောက်လာကြပြီပဲ ။

" ရှင်းသန့်... မင်း ဘာလို့ ပြန်လာတာလဲ "

ဧည့်ခန်းထဲမှာ ရောင်ရှိန် မရှိချိန်မှ သီဟက တမင်ရွေးပြီး မေးသလိုပင် ။ ဘာလို့ပြန်လာတာလဲဆိုသည့် မေးခွန်းနောက်မှာ ပြန်လာသည့်အတွက် ပြစ်တင်ပြောဆိုလိုသည့် လေသံများ ပါနေမှန်း ခံစားရသည် ။

" ငါ့မိသားစုနဲ့ ငါချစ်တဲ့လူတွေရှိတဲ့ဆီ ပြန်လာတာ အကြောင်းပြချက်လိုလို့လား "

ခပ်ပြုံးပြုံး ပြန်ပြောလိုက်သည့် သူ့စကားအဆုံး ကွက်ခနဲ မျက်နှာပျက်သွား၏ ။ သီဟမျက်နှာအမူအရာကို သူလည်း မလွတ်တမ်း ဆက်ကြည့်နေဖြစ်သည်။

ရှင်းသန့် တစ်ချိန်လုံး ကွယ်ဝှက်ထားခဲ့သည့် လျှို့ဝှက်ချက်ကို ထုတ်ပြောရမည့်နေ့ ရောက်လာပြီလား ။

" ဒါတော့ဒါပေါ့ ၊ ဒါပေမဲ့ မင်း ဘုဏ်းဇေဆီ ပြန်လာတာဆိုရင်တော့ ... "

" ဘာဖြစ်မှာလဲ ၊ ငါ ဘုဏ်းဇေဆီ ပြန်လာတာဆို ဘာဖြစ်မှာမို့လဲ "

" ရှင်းသန့် ၊ အဲဒီနေ့က ငါ မင်းကို နားလည်အောင် ပြောပြခဲ့တယ်နော် ၊ ရှေ့မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေတွေလဲ မင်းတွေ့ပြီးသားပဲ "

" ဟွန်း... "

နှုတ်ခမ်းလေးတစ်ဖက် တွန့်ရုံပြုံးတော့ သီဟက သူ့ကို နားမလည်စွာ ပြန်ကြည့်၏ ။ သူကတော့ ဆိုဖာကိုသာ ခပ်လျော့လျော့မှီပြီး ထိုင်နေလိုက်သည်။

သီဟပြောသည့် ' အဲဒီနေ့ 'က စကားတွေက ခေါင်းထဲ ပြန်ပေါ်လာ၏။ တကယ်တော့ ဘယ်တုန်းကမျှ သူ မမေ့ခဲ့သည့် စကားတွေပါ ။

" ထီးနန်းဆက်ခံရမဲ့သူက Gayဖြစ်နေတာကို တော်ဝင်မိသားစု အနေနဲ့ လက်ခံမယ် မထင်ဘူးနော် ၊ ဘုဏ်းဇေနဲ့မင်း လက်ထပ်မယ်ဆို ပြဿနာတွေ အကြီးအကျယ် တက်မယ်ထင်တယ် "

" တစ်နိုင်ငံလုံးဝိုင်းချစ်ကြတဲ့ မင်းသားလေးဘဝကနေ တစ်နိုင်ငံလုံးက ဝိုင်းပြီး လက်ညှိုးထိုးကြ ၊ ကန့်ကွက်လာကြတဲ့အခါ အဲဒီဒဏ်တွေကို ဘုဏ်းဇေ ခံနိုင်ပါ့မလား ရှင်းသန့် "

" ဘုဏ်းဇေက သူ့မိသားစုကိုရော ဒီနိုင်ငံကိုရော သိပ်တွယ်တာတဲ့ကောင် ၊ သူ့အဘေးဝောာ်လေးလိုသာ စွန့်ပစ်ခံရရင် သူ ခံနိုင်ရည်ရှိမယ် မထင်ဘူး "

" ဘုဏ်းဇေမှာ တခြားကလေးတွေလို အိပ်မက်တွေ အများကြီး မရှိဘူး ၊ သူ မွေးလာကတည်းက တစ်နေ့ကျရင် သူက ဒီနိုင်ငံရဲ့ ဘုရင်ဖြစ်လာရမယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခုနဲ့ ကြီးပြင်းလာရတာ ၊ တကယ်လို့ သူသာ အိမ်ရှေ့မင်းသားနေရာက ဖယ်ရှားခံလိုက်ရရင် သူ့ဘဝက လုံးဝ အဓိပ္ပာယ်မဲ့သွားမှာပဲ "

သည်စကားတွေက နဂိုကတည်းက သူ့မှာရှိသည့် စိုးရိမ်စိတ်အချို့ကို အဆုံးစွန်အထိ မြင့်တက်သွားစေခဲ့သည်။ ချစ်ရသူရဲ့အိပ်မက်တွေ မပျက်စီးစေဖို့ ၊ မိသားစုနှင့် မကွဲမကွာ အတူရှိစေဖို့ ၊ ဘာပြဿနာမှ မရှိဘဲ ထီးနန်းအုပ်ချုပ် မင်းလုပ်နိုင်စေဖို့ သူ့ရင်သူ အကွဲခံပြီး ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ကို ချခဲ့ရသည် ။ ထိုဆုံးဖြတ်ချက်က သူ့ဘဝမှာ အကြီးမားဆုံး အမှားတစ်ခုဖြစ်ခဲ့သလို မရည်ရွယ်ပါဘဲ ချစ်ရသူကို ပေးခဲ့မိသည့် စိတ်ဒဏ်ရာလည်း ဖြစ်သွားခဲ့၏ ။ သည်အမှားကို သူ ပြန်ပြုပြင်နိုင်ဖို့တော့ မျှော်လင့်ရသည် ။

" အခု ဘုဏ်း‌ဇေ ပျော်နေတယ်လို့ မင်းထင်လား သီဟ "

သီဟဆီက အဖြေမရ ။

" ဘာပြဿနာမှ မရှိဘဲ ထီးနန်းဆက်ခံခွင့်ရပေမဲ့ သူ့စိတ်က ပျော်ရွှင်မနေရင်ရော သူ့ဘဝက အဓိပ္ပာယ် ရှိပါ့မလား "

သီဟက တိတ်ဆိတ်နေဆဲပင် ။

" ငါ့ဘဝမှာ အကြီးမားဆုံး အမှားက အဲဒီနေ့က မင်းပြတဲ့ဓာတ်ပုံကိုကြည့်ပြီး မင်းပြောတဲ့ စကားတွေကို ခေါင်းထဲထည့်ခဲ့မိတာပဲ ၊ ငါ မင်းကို အခု အပြစ်တင်နေတာ မဟုတ်ပါဘူး ၊ ငါ့ကိုယ်ငါပဲ အပြစ်တင်တာပါ "

" ဒါဆို မင်း အခု ပြန်လာတာက "

" တောင်းပန်ဖို့ပေါ့ ၊ ငါက အမှားလုပ်ခဲ့တဲ့သူပဲ ၊ ငါ့မိဘတွေက ငါတို့ကို ဆုံးမထားတယ် ၊ အမှားလုပ်မိရင် အမှန်ပြန်ပြင်ဖို့ ကြိုးစားရမယ် ၊ အပြစ်လုပ်ထားရင် တောင်းပန်တတ်ရမယ်တဲ့ ၊ မင်းမိဘတွေဆီကရော မင်း အဲလိုမျိုး အဆုံးမ မခံခဲ့ရဘူးလား "

သီဟက အံတင်းတင်းကြိတ်လိုက်ပုံရသည်။ ထင်ရှားသည့် မေးရိုးတို့က တင်းခနဲဖြစ်သွား၏။ ရှင်းသန့်လည်း မှီနေရာကနေ ခါးကို ပြန်မတ်လိုက်သည် ။

နောက်ဆုံးတော့ သူ ထုတ်ပြောရမည့်အချိန် ရောက်ခဲ့ပြီ ။

" မင်း အခုအချိန်ထိ ငါနဲ့ဘုဏ်းဇေအပေါ်မှာ နည်းနည်းလေးမှ အပြစ်ရှိစိတ်လေးများ မခံစားခဲ့ရဘူးလား သီဟ "

" မင်းစကားက ဘာလဲ ၊ ငါ နားမလည်ဘူး "

" ငါကတော့ မင်း နားမလည်ချင်ယောင်ဆောင်နေတာလို့ ထင်တာပဲ "

" မင်း ဘာပြောချင်တာလဲ ၊ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ "

ရှင်းသန့် စိတ်ကိုလျှော့ထားပြီး သက်ပြင်းချမိသည်။ အမှန်ဆို သူငယ်ချင်းတစ်ယောက်အနေဖြင့် သီဟနှင့် အခုလိုတွေ မဖြစ်ချင်ခဲ့ပါ ။

" သီဟမင်းတည် ...အရေးထဲ မင်းနဲ့ငါက နာမည်တစ်လုံး လာတူနေသေးတယ်နော် ၊ မင်းနာမည်က တည် ကတော့ ဘာအဓိပ္ပာယ်လဲ မသိဘူး ၊ ငါ့နာမည်က တည် ကတော့ တည်ကြည်ခြင်း ၊ ရိုးသားဖြောင့်မတ်ခြင်းလို့ အဓိပ္ပာယ်ရတယ် ၊ ဒါပေမဲ့ ငါ့ဘဝမှာ ငါအချစ်ရဆုံးလူအပေါ်ကို မရိုးသားဘဲ ဖုံးကွယ်ထားခဲ့မိတဲ့အရာ တစ်ခုရှိတယ် ၊ အဲဒါက မင်းအကြောင်းပဲ "

" မင်း ဘာတွေပြောနေတာလဲ ရှင်းသန့် "

သီဟအသံက ဒေါသကြောင့် မာထန်လာ၏။ သွေးဆူ‌နေ၍ထင်သည်။ အသားညိုသူမို့ နီရဲတာထက်ပိုပြီး မည်းသည့်အဆင့်ပြောင်းလာ၏ ။

" မင်းသိထားသလို ငါက ဘာမှ မဟုတ်တဲ့ သာမန်ကောင်လေး တစ်ယောက်ပါပဲ ၊ ဒါပေမဲ့ ငါ့အဖေကတော့ ဘယ်သူဆိုတာ မင်း သိတယ်မို့လား "

" မင်းအဖေ ဘယ်သူဖြစ်ဖြစ် အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ "

" မင်း ဘယ်သူလဲဆိုတာ ငါရော ငါ့အဖေရော သိခဲ့တယ်ဆိုရင်ရော မင်းနဲ့ဆိုင်သွားပြီလား "

" ဘာ "

" ငါ အကုန်သိခဲ့တယ် သီဟ ၊ ဟိုအရင်ကတည်းက မင်း ဘယ်သူလဲ ၊ ဘာတွေလုပ်ခဲ့လဲဆိုတာ မင်း ဝန်မခံလဲ ငါ အကုန်သိခဲ့တယ်လို့ ၊ သိတာတောင် ငါက မင်းကို အပြစ်မတင်ဘဲ နားလည်ပေးခဲ့တာ ၊ မင်းမှာလဲ မင်းခံစားချက်နဲ့မင်း ရှိခဲ့မှာပဲလို့ သတ်မှတ်ပြီး နားလည်ပေးခဲ့တာ ၊ ဒါပေမဲ့ အဲဒါနဲ့ပဲ မင်းခံစားချက်တွေ မင်းလုပ်ရပ်တွေက အမှန်ဖြစ်သွားတာတော့ မဟုတ်ဘူးလေ "

သူ့ကိုကြည့်နေသည့် သီဟမျက်ဝန်းတွေထဲမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပါလာမှန်း သူဖတ်လို့ရပါသည် ။ သီဟဆီက ဘာသံမှ ထွက်မလာတော့ပေမဲ့ပေါ့ ။

" မင်းတစ်ခုတော့ သိထားပါ ၊ ဘုဏ်းဇေကို မင်းအကြောင်းတွေ ပြောပြီး သူ ငါ့အပေါ် စိတ်နာနေတာတွေ ပြေသွားအောင် လုပ်မှာမဟုတ်ပါဘူး ၊ ငါလုပ်မိတဲ့အပြစ်က ငါနဲ့ပဲဆိုင်တယ်လေ ၊ တခြားတစ်ယောက်အပေါ်မှာ ပုံချပြီး ဖြေရှင်းတာမျိုး ငါ ဘယ်တော့မှ မလုပ်ဘူး "

"-------"

" ဒါပေမဲ့ မင်းဆီမှာ ငါတို့နှစ်‌ယောက်အပေါ် အားနာတဲ့စိတ် ၊ အပြစ်ရှိတဲ့စိတ်လေးများ ခံစားခဲ့ရမယ်ဆိုရင် ငါ့ကို သိခွင့်တော့ပေးပါ "

ဧည့်ခန်းထဲမှာ စကားသံတို့ တိတ်ဆိတ်သွားသည် ။ ရှင်းသန့်က ဆိုဖာပေါ် ပြန်မှီပြီး သီဟက ဒူးနှစ်ဖက်ပေါ် လက်ထောက်ပြီး ငူငူကြီးထိုင်နေ၏ ။ နှစ်ယောက်စလုံး တံခါးအကွယ်ကနေ သူတို့ပြောသမျှ ရောင်ရှိန်ရပ်နားထောင်နေခဲ့တာကိုတော့ မမြင်ကြပေ။

သို့သော်လည်း ရှင်းသန့်က အလုံးစုံကို တိတိကျကျ ပြောမသွား၍ ရောင်ရှိန့်ဆီမှာ မေးခွန်းများစွာ ကျန်ခဲ့သည် ။ သီဟက ဘယ်သူလဲ ၊ ဘာတွေလုပ်ခဲ့တာလဲ သိချင်လာသည် ။

ဘာရယ်လို့ မပြောနိုင်ပေမဲ့ ရှင်းသန့်နှင့် ဘုဏ်းဇေကြားမှာလည်း ဖြစ်ပျက်ခဲ့တာတွေအပြင် လွဲချော်နေတာ တစ်ခုခုရှိလိမ့်မည်ဟု ထင်သည် ။

လင်းရောင်ရှိန် အချိန်ဆွဲမနေတော့ဘဲ ရှင်းသန့်တို့ မကြားနိုင်သည့်နေရာသွားကာ သူ့အဖေဆီ ချက်ချင်း ဖုန်းကောက်ဆက်လိုက်၏ ။

" ဒယ်ဒီ ... သား အကူအညီတစ်ခုလောက် တောင်းချင်လို့ ၊ ဒယ်ဒီ့မိတ်ဆွေ ထောက်လှမ်းရေးဘက်က ဦးကျော်နိုင်နဲ့ သားကို ချိတ်ပေးပါ "

" ဘာဖြစ်လို့လဲ ၊ မင်း ဘာတွေလုပ်ဦးမလို့လဲ "

အိမ်မှာမနေ၍ သူ့ကို မကြည်နေသည့် သူ့အဖေလေသံက စိတ်ပူသယောင်ယောင် ၊ စိတ်ဆိုးသယောင်ယောင် ။

" ဘာမှမလုပ်ပါဘူး ဒယ်ဒီရာ ၊ ကိစ္စလေးရှိလို့ပါ "

" သားလေးတစ်ယောက်မွေးထား ၊ ငယ်ငယ်က အေးလှ အေးလှနဲ့ အဟုတ်မှတ်တယ် ၊ ကြီးလာတော့ ဘာတွေလုပ်မှန်းကို မသိဘူး ၊ လုပ်ငန်းစုကြီး တစ်ခုလုံး ရှိနေပါရဲ့နဲ့ ၊ ကုမ္မဏီသက်သက် ခွဲထောင်လို့ထောင် ၊ အဖေနဲ့အမေကိုပစ်ပြီး အိမ်ခွဲနေလို့နေ ၊ မိဘဖြစ်စေချင်တဲ့ဆန္ဒကျ အလေးမထား "

ဖုန်းကို နားနှင့် ဝေးရာ ခွာထားလိုက်ရသည်။ သူ့အဖေက သူ့ကို ကြုံရင်ကြုံသလို ပေါက်ပေါက်ဖောက်တတ်တာ အကျင့် ။

" ငါ ပြောတာ ကြားလား ဟေ့ကောင် "

" ဗျာ ဒယ်ဒီ "

" မင်း မိန်းမယူမှာဖြင့်ယူ ၊ ယောက်ျားယူမှာဖြင့်ယူ ၊ ဘာယူယူ မျိုးဆက်တော့ ရအောင်လုပ်ပေးလို့ "

ဖုန်းသာ ချပစ်လိုက်ရတော့သည်။ အရေးထဲ ဒယ်ဒီကတစ်မျိုး ။

*****

" အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း
ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ "

ကျောင်းဝင်းထဲကို ခြေချလိုက်သည်နှင့် ခရေပင်တန်းဆီမှလာသည့် ခရေပန်းရနံ့တို့က နှာသီးဖျားဆီ တိုးဝင်နှုတ်ဆက်လာသည်။ အထက်တန်းပြီးကတည်းကဆို ရှင်းသန့် ကျောင်းကို မရောက်ဖြစ်တာ ဆယ်နှစ် ။ သည်ဆယ်နှစ်အတွင်း ကျောင်းဝင်းထဲမှာ အပင်တွေပိုများလာသည်။ အဆောက်အဦးအသစ်တချို့လည်း တိုးလာ၏ ။ ကျောင်းကန်တင်းက သူတို့တုန်းကထက် ပိုကြီးလာသလို မုန့်ဆိုင်တွေလည်း ပိုများလာသည်။ အသစ်ပြုပြင်ထားသည့် အားကစားကွင်းကလည်း ပိုအဆင့်မြင့်လာ၏ ။

တစ်ကျောင်းလုံးကို မျက်စိဖြင့် လိုက်လံကြည့်ရှုရင်း စိတ်အစဉ်က အတိတ်နေ့ရက်တွေဆီ အလည်ရောက်သွားသည်။

သည်ခရေပင်တန်းအောက်ကနေ မနက်တိုင်း တစ်စုံတစ်ယောက်အလာကို သူထိုင်စောင့်ခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က ထိုင်စောင့်နေတာကိုလည်း ခံခဲ့ရဖူး၏။ ထိုသူသည် ရှင်းသန့်ဆံပင်တွေကြား ခရေရွက်လေး ကပ်နေလျှင် ဖယ်ရှားပေးတတ်ပြီး ခရေပွင့်လေး တင်နေလျှင်တော့ သူ့ကိုမပြောဘဲ သည်တိုင်းကြည့်ပြီး ပြုံးနေတတ်ပြန်သည် ။

နှစ်ယောက်သား ကျောင်းဝင်းအနှံ့ တစ်ယောက်သွားလေရာတစ်ယောက် ခြေရာထပ်အောင် လျှောက်လိုက်ခဲ့ကြပြီး ကျောင်းဆောင်ရှေ့က မြက်ခင်းပြင်ပေါ်မှာလည်း လွယ်အိတ်ကိုယ်စီ ခေါင်းခုကာ ကောင်းကင်ကြီးကို မော့ကြည့်ခဲ့ကြဖူးသည် ။ E ပုံသဏ္ဌာန် အဆောက်အဦးကြီး၏ လှေကားထစ်တွေပေါ် နင်းလျှောက်ရင်း ချောကလက်တစ်ခုကို နှစ်ယောက်အတူ မျှစားခဲ့ဖူးသလို ဟယ်ရီပေါ်တာဇာတ်လမ်းနှင့် ပတ်သက်ပြီးလည်း ရန်ဖြစ်ခဲ့ကြဖူး၏ ။ သည်ကျောင်းထဲမှာပဲ သူတို့တွေ အတူတူ အောင်မြင်ပျော်ရွှင်ခဲ့ကြဖူးသည် ။ သည်ကျောင်းထဲမှာပဲ သူတို့တွေ အသက်အန္တရာယ်နှင့်လည်း ရင်ဆိုင်ခဲ့ရဖူး၏။

အခုတော့ အရာအားလုံးက အတိတ်သက်သက်သာ ။

" ဟာ ဟိုမှာ... ဦးဦးဘုဏ်းဇေရယ် "

ကျောင်းထဲကို ဝေ့ကြည့်ရင်း ရှင်းသန့် အတွေးများနေစဉ် ဘေးကနေအတူပါလာသည့် ဘော်ဘီ့အသံကြောင့် အတွေးစတို့ ပြတ်တောက်သွား၏ ။ ဘော်ဘီလေးက သူတို့မောင်နှမသုံးယောက်နှင့်အတူ လိုက်လာခြင်းဖြစ်ပြီး လောလောဆယ် ရှင်းသန့်ဘေးမှာ ရှိနေချိန် ။ ဘော်ဘီလက်ညှိုးညွှန်ပြရာမှာ နန်းတော်က ကားသုံးစီးနှင့်အတူ ဘုဏ်းဇေတို့မောင်နှမတတွေကို တွေ့ရသည်။ သူ့ကိုတော့ ဘုဏ်းဇေက မြင်သေးဟန်မတူပါ ။

" သားသား သွားနှုတ်ဆက်လိုက်ဦးမယ် ၊ ဦးဦးရှင်းရှင်း ဒီနားခဏနေခဲ့နော် "

" ဟမ်! "

တူတော်မောင်ကို ရှင်းသန့် အံ့ဩသွားသည် ။ ဘော်ဘီပြောနေပုံက ဘုဏ်းဇေကိုမြင်တာနှင့် သူငယ်ချင်းကိုမြင်လိုက်သလိုမျိုး တရင်းတနှီး မဟုတ်လား ။

" မင်းက သူ့ကိုသိလို့လား "

" သိတာပေါ့ ၊ ဦးဦးဘုဏ်းဇေက အိမ်ရှေ့မင်းသားလေ ၊ ဦးဦးကရော ဒါလေးတောင် သိဘူးလား "

ဘော်ဘီက သူ့ကို ' တုံးရန်ကော ' ဟူသော အကြည့်မျိုးဖြင့်ပါ ကြည့်သေး၏ ။ ရှင်းသန့် ပြန်ရောက်ကတည်းက အနှီလေးနှစ်သားဆီက ခဏခဏ အနှိမ်ခံရသည်။ သူတို့တစ်အိမ်လုံးမှာ ဘော်ဘီက ဆရာကြီး ။

" သိပါတယ်ကွ ၊ ဒါပေမဲ့ မင်းက သွားနှုတ်ဆက်ရအောင်အထိ သူနဲ့ခင်လို့လားမေးတာ ၊ ဟိုက အိမ်ရှေ့မင်းသားလေ ၊ မင်း မကြောက်ဘူးလား "

" ကြောက်ပါဘူး ၊ သားသားက ဦးဦးဘုဏ်းဇေနဲ့ ခင်ပြီးသား "

" ဘယ်လိုလုပ်ခင်တာလဲ "

" ဦးဦးဘုဏ်းဇေက ဖေနဲ့ခဏခဏတွေ့တယ်လေ ၊ သားသားလဲ ဖေနဲ့လိုက်သွားရင်း ခင်တာ "

စိတ်ဝင်စားစရာ ။ ကိုခန့်က ဘုဏ်းဇေနှင့် ခဏခဏတွေ့သည်တဲ့ ။ သည်ကိစ္စ ရှင်းသန့်ကို တစ်ခါမျှ ပြောမပြခဲ့ဖူးပါ ။ လွှတ်တော်အမတ်နှင့် အိမ်ရှေ့မင်းသား ဘာအကြောင်းကြောင့် တွေ့ကြတာလဲမသိ ။ သတင်းမီဒီယာတွေမှာ မဖော်ပြဖူးပုံအရ လူမသိအောင် လျှို့ဝှက်တွေ့ဆုံကြခြင်းဖြစ်လိမ့်မည် ။

" နေပါဦး သူတို့က နှစ်ယောက်တည်း တွေ့ကြတာလား ၊ တခြားသူတွေရော ပါသေးလား "

" သားသားရော ပါပါတယ်ဆို ဦးဦးကလဲ ၊ သုံးယောက်ပေါ့ ၊ တစ် နှစ် သုံးလေ ၊ ဒါလေးတောင် တွက်တတ်ဘူးလား "

လက်ချောင်းလေးများပါ ချိုးပြီး ရေတွက်ပြသည့် တူဖြစ်သူကြောင့် မပြုံးဘဲမနေနနိုင်တော့ ။ ဘော်ဘီက ပျံ့ပျံ့ရဲ့ အသည်းကြော်မို့ထင်သည် ။ သူနှင့်ကိုခန့် ငယ်ငယ်ကထက် စကားပိုတတ်ပြီး အများကြီးလည်း ပိုလည်သည်။

" ဒါဆို သူတို့နှစ်ယောက်တွေ့တဲ့အခါ ဘာအကြောင်းတွေ ပြောကြလဲ "

" ဒါတော့ သားသား သိဘူးလေ ၊ သားသားက ခုမှ ကလေးရှိသေး ၊ ဦးဦးမေးခွန်းတွေကလဲ ပြီးတော့ဘူး ၊ စိတ်ညစ်လာပြီ "

ခြေထောက်လေးဆောင့်ကာ ရှင်းသန့်ကို စိတ်မရှည်သလိုကြည့်ပြီး ဘုဏ်းဇေရှိရာကိုလည်း လှမ်းကြည့်သေး၏ ။ ဘုဏ်းဇေကို တအားသွားနှုတ်ဆက်ချင်နေပုံရသည် ။

" တစ်ခုပဲ ထပ်မေးမယ် ၊ ဒီတစ်ခုပဲ ၊ သူတို့ပြောတဲ့အထဲမှာ ဦးဦးနာမည် ပါလား "

" ပါဘူး ပါဘူး "

ခုနက မေးခွန်းကို မသိပေမဲ့ ဒါကျသိသည်။ လက်ခါပြရုံမက ဆံပင်အကောက်လေးများပါ လှုပ်သွားသည်အထိ ခေါင်းရမ်းပြ၏။ နောက်ပြီး ရှင်းသန့် ဘာမျှထပ်မပြောခင် ဘုဏ်းဇေရှိရာ ပြေးသွားတော့သည်။ ထိုစဉ် ရှင်းသန့်ဘေးမှာလည်း ကားလေးတစ်စီး ထိုးရပ်လာ၏။

" ဦးဦးဘုဏ်းဇေ ...မင်္ဂလာပါ "

ဘုဏ်းဇေ ကားပေါ်ကဆင်းလာပြီး အခမ်းအနားပြင်ဆင်ထားသည့်နေရာမသွားသေးဘဲ မမဒေဝီနှင့်အတူ စကားရပ်ပြောနေချိန် သူ့ရှေ့ရောက်လာသော ကလေးလေးကြောင့် နှုတ်ခမ်းတွေက အလိုအလျောက် ပြုံးမိသွားသည်။

" မင်္ဂလာပါ ...ဘော်ဘီလေး "

ကောက်ကွေးနေသော ဆံပင်လေးများအပေါ် အုပ်ကိုင်ပြီး သူပြန်နှုတ်ဆက်သောအခါ ပါးဖောင်းဖောင်းလေးနှစ်ဖက် မို့တက်လာသည်အထိ ရယ်ပြသည်။ သည်နောက်ပိုင်းနှစ်တွေမှာ သူ့စိတ်ကို ကြည်လင်ပျော်ရွှင်စေသည့်အရာ အနည်းအငယ်အတွင်း သည်ကလေးလေးလည်းပါ၏ ။

" ဖေဖေနဲ့အတူ လိုက်လာတာလား "

" ဟုတ် ...ဖေရော ၊ တီပျံ့ရော ၊ ပြီးတော့ ဦးဦးရှင်းရှင်းရော ပါတယ် ၊ ဟိုမှာလေ သားသားဦးဦး "

ဘော်ဘီပြသည့်နေရာ မျက်စိရောက်သွားချိန် တွေ့လိုက်ရသည့်မြင်ကွင်းက ကြည်နေသည့်သူ့စိတ်ကို မှုန်မှိုင်းသွားစေ၏ ။ ရှင်းသန့်တည်က မိန်းကလေးတစ်ယောက်နှင့် ပွေ့ဖက်နှုတ်ဆက်ပြီး ရယ်မောနေသည်။ ထိုမိန်းကလေးက တခြားသူတော့မဟုတ်။ လွန်ခဲ့သည့် ဆယ်နှစ်လောက်ကတည်းက သူတို့ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည့် မြတ်မှူးခင်ပင် ။ ကြည့်ရတာ အင်္ဂလန်မှာ မြတ်မှူးခင်နှင့် ရင်းနှီးမှုအတိုင်းအတာတွေ တိုးတက်လာပုံရ၏ ။

တစ်နှစ်မျှ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မလာဖူးသူနှစ်ဦးအား သည်နှစ်အတူတွဲတွေ့ရသဖြင့် သူတို့နှစ်က လူတစ်ချို့ကလည်း ရှင်းသန့်နှင့်မြတ်မှူးခင်ကို အကဲခတ်နေကြသည်။ ဘုဏ်းဇေရင်ထဲမှာ ခါးသီးမှုတို့ဖြင့် တင်းကျပ်လာ၏။ နီးကပ်စွာရပ်နေသည့် ခန္ဓာကိုယ်နှစ်ခုကို အဝေးကြီးကွဲသွားအောင် ဆွဲခွာပစ်ချင်သည်။ ရယ်နေသည့် နှုတ်ခမ်းများကို ပိတ်သွားအောင် တားဆီးပစ်ချင်၏။ သို့သော််လည်း ရှင်းသန့်တည်က သူနှင့် ဘာမျှသက်ဆိုင်ခြင်း မရှိသည့် သူစိမ်းတစ်ယောက် ဖြစ်နေပြီ မဟုတ်လား။ သူ့အနေနှင့် ထိုမြင်ကွင်းကနေ မျက်နှာလွှဲလိုက်ဖို့သာရှိသည် ။

" သားသားဦးဦးက နိုင်ငံခြားမှာနေတာလေ ၊ ပြန်လာတာ ကြာသေးဘူး ၊ ဦးဦးဘုဏ်းဇေကို သားသားဦးဦးနဲ့ သူငယ်ချင်းလုပ်ရအောင် မိတ်ဆက်ပေးမယ်နော် "

" သူငယ်ချင်း မလုပ်ချင်ပါဘူးကွာ "

" ဟင်...ဘာလို့လဲ "

" မင်းရဲ့ဦးဦးက လူဆိုးမို့ "

သူ့စကားကြောင့် ဘော်ဘီ့မျက်နှာလေးက တွေးတွေးဆဆဖြစ်သွားသည်။ ထိုကလေးလေး၏ ပါးပြင်ကို လက်ညှိုးရယ်လက်မရယ်နှင့် ညင်သာစွာဖိဆွဲပြီး နှုတ်ဆက်ခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲကျင်းပသည့် နေရာကို ဆက်လျှောက်လာခဲ့၏။ သူ့စိတ်အာရုံတစ်ခုလုံးကတော့ သူ့နောက်ကျောက မြင်ကွင်းဆီမှာသာ ကျန်ခဲ့သည်။

ရှင်းသန့်တည် သူ့ဘဝထဲ နောက်တစ်ကြိမ် ပြန်ရောက်လာတာ သူ့ကို စိတ်အနှောင့်အယှက်ပေးဖို့သက်သက်ဖြစ်လိမ့်မည် ။

အခမ်းအနားပြင်ဆင်ထားသည့်နေရာရောက်တော့ ရှေ့ဆုံးက စားပွဲမှာ ဝင်ထိုင်ဖြစ်သည်။ မမဒေဝီက သူငယ်ချင်းတွေနှင့် အဖွဲ့ကျနေပြီဖြစ်၍ သူနှင့် ဝိုင်းချင်းကွဲသွား၏။ ရောင်ရှိန်နှင့်သီဟက ဆယ်မိနစ်ခန့်နောက်ကျပြီးမှ ရောက်လာသည်။

Stage မပါသော်လည်း သူတို့ထိုင်သည့်ရှေ့နားမှာ တီးဝိုင်းတစ်ခုနှင့် အမှတ်တရ သီချင်းဝင်ဆိုနေကြသူများလည်းရှိသည်။ ဘယ်အရွယ်ရောက်ရောက် အထက်တန်းကျောင်းက သူငယ်ချင်းတွေကို ပြန်တွေ့ရခြင်းက လက်ရှိအသက်အရွယ်နှင့် အနေအထားတွေကို မေ့သွားပြီး စိတ်တွေနုပျိုသွားရသည်ကတော့ အမှန်ပင် ။ ရောင်ရှိန်က သူ့ကို သီချင်းတစ်ပုဒ်လောက် တက်ဆိုဖို့ တိုက်တွန်းပေမဲ့ သူကတော့ လက်မခံဖြစ်ပါ။

ထိုအချိန် ဂီတာတစ်လက်ကိုဆွဲပြီး သီချင်းဆိုဖို့ ရှေ့ထွက်လာသူကြောင့် အံ့ဩမင်သက်သွားရပြန်သည် ။

" ဖြောင်း...ဖြောင်း...ဖြောင်း "

ပထမဆုံးထွက်လာသည့် လက်ခုပ်အားပေးသံက မြတ်မှူးခင်ဆီမှ ဟုတ်ပါလေစ ။

" ကြားသားမိုးကြိုးပါလား...ရှင်းသန့်လိုလူမျိုးက လူရှေ့သူရှေ့ထွက်ပြီး သီချင်းဆိုမလို့တဲ့ "

ရောင်ရှိန်ကတော့ မနေနိုင်စွာ ပါးစပ်ကထုတ်ပြောသည်။ သီချင်းဆိုရုံတင် ဘယ်ဟုတ်ပါ့မလဲ ။ ရှင်းသန့်က ဂီတာတွေပါ တီးတတ်လာတာ မဟုတ်လား ။ ဟိုအရင် ဘုဏ်းဇေ ဂီတာတီးသင်ပေးရမလား မေးတုန်းက လက်နာ၍ မသင်ချင်ဘူး ငြင်းခဲ့သူကလေ ။ အခုလို လူတွေအများကြီးရှေ့ မပြောနှင့် ။ သူတို့နှင့်အတူတောင် သီချင်းတစ်ပုဒ်ဆုံးအောင် လိုက်မဆိုဖူးခဲ့သူကလေ ။

ဟုတ်သားပဲ ။ အခု သူမြင်နေရသည့်လူက တစ်ချိန်က သူ့ရဲ့ရှင်းသန့်တည်မှ မဟုတ်တော့ဘဲလေ ။ အချိန်ကာလတွေလည်း ပြောင်းလဲသွားခဲ့သလို လူတွေလည်း ပြောင်းလဲသွားခဲ့ပြီ မဟုတ်လား ။ သူတို့နှစ်ဦးကြားမှာ အတိတ်က အမှတ်တရတွေကလွဲပြီး အရာရာပြောင်းလဲသွားခဲ့ပြီ မဟုတ်လား ။

" သူ ဘာသီချင်းဆိုမယ် ထင်လဲ ဘုဏ်းဇေ "

" ငါ စိတ်မဝင်စားဘူး "

သည်အဖြေကို သူ့နှုတ်က ခပ်မာမာထွက်လာပေမဲ့ ကြားလိုက်ရသည့် သံစဥ်ကြောင့် သူ့နှလုံးသားကတော့ အဝေးကြီးက ပြေးလာရသူတစ်ဦးလို တုန်ရီမောဟိုက်သွားရသည်။ နောက်ပြီး ဂီတာတီးနေသူရဲ့ မျက်ဝန်းညိုများက သူ့ဆီ တည့်တည့်ကြည့်ပြီး ဆိုလာသည့်သီချင်းက ' လွမ်း ' တဲ့လေ ။

♪ လွမ်း...ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း
လွမ်း...ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
နွေရာသီ ရွက်ကြွေ
မြေပေါ် ပြေးလွှားလို့ လွင့်နေစဉ်မှာ
သူ့တစ်ယောက်ကို သတိတရနဲ့
တမ်းတလို့ လွမ်းမိတယ်လေ ♪

အသံကတစ်ဆင့် တမ်းတလှိုက်မောမှုကို ကြားရသည်။ အကြည့်မှတစ်ဆင့် တောင်းပန်တိုးလျှိုးမှုကို တွေ့ရ၏။ ရှင်းသန့်၏ လက်ချောင်းများက ဂီတာကြိုးကို တီးခတ်နေတာ မဟုတ်ဘဲ သူ့ရင်ဘတ်ပေါ် တရွရွပြေးလွှားနေသလို ဘုဏ်းဇေခံစားရသည်။ ဆက်မကြည့်မိဖို့ ကြိုးစားရင်းကပဲ တစ်ခုချင်းကို အသေးစိတ်လိုက်ကြည့်မိပြန်၏ ။ ထိုအချိန်မှာပဲ ဂီတာတီးနေသူက မျက်နှာကို အောက်ငုံ့ပြီး မျက်ရည်သုတ်တာကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲမှာလည်း စူးခနဲ ပူလောင်အောင့်မျက်သွားရသည်။

အခု ရှင်းသန့်တည်က ငိုနေတာလား ။ လမ်းခွဲခဲ့သည့်နေ့ကတောင် မျက်ရည်တစ်စက်မကျခဲ့သူက ။ သူငိုနေသည့်အချိန်မှာတောင် ငိုရမည့်အရွယ်မဟုတ်တော့ဘူးဟု ပြောထွက်သွားခဲ့သူက ။ အခုကျ ခေါင်းငုံ့ပြီး မျက်ရည်ခိုးသုတ်နေတာတဲ့လား ။ သည်နည်းနှင့် သူ့စိတ်တွေ ပျော့ညံ့သွားစေချင်ပုံရသည်။ သည်နည်းနှင့် သူ့ကို ကရုဏာသက်စေချင်ပုံရသည် ။

အကြိမ်ကြိမ်ဆွဲထားသည့်ကြားက ဖြုတ်ချသွားသည့် လက်တစ်စုံ ။ အတန်တန်တောင်းပန်နေသည့်ကြားက ထွက်သွားသည့်လူတစ်ယောက်။ သူငိုခဲ့ရသည့် ရက်ပေါင်းများစွာတုန်းကရော လာပြီး ကရုဏာသက်ပေးခဲ့လို့လား ။

ဘုဏ်းဇေ သည်နေရာမှာ ဆက်မနေချင်တော့။ သည်သီချင်းကိုလည်း ဆက်နားမထောင်နိုင်တော့ ။ သူ မတ်တပ်ထရပ်တော့ ရောင်ရှိန်က မော့ကြည့်သည်။ နောက်ပြီး ခေါင်းကိုဖြည်းညင်းစွာ ရမ်း၏ ။ ထိုစဉ် မြတ်မှူးခင်က လူတွေကြားကထွက်လာပြီး ရှင်းသန့်ထံ နှင်းဆီပန်းတစ်ပွင့်ကမ်းပေးသည်။ ပြုံးပြုံးရွှင်ရွှင်နှင့် ဘေးနားကပ်ပြီးလည်း တီးတိုးပြောသေး၏။ ရှင်းသန့်ကလည်း ထိုနည်းတူ ပြန်တုံ့ပြန်သည်။ သူတို့ ဘာတွေပြောနေကြလဲမသိ။ သိလည်းမသိချင်တော့ပါ။ ဘုဏ်းဇေ ကျောခိုင်းပြီးသာ ထွက်လာခဲ့တော့သည် ။

ဝန်ခံရလျှင် သူလည်း အတိတ်က အမှတ်တရတွေကို ရင််ထဲက လှိုက်ပြီးလွမ်းပါသည်။ သို့သော် ပစ္စုပ္ပာန်မှာတော့ ပြန်မလိုချင်တော့ပါ ။

Student cornerမှာ လူရှင်းသဖြင့် ဘုဏ်းဇေ တစ်ယောက်တည်း သွားထိုင်နေခဲ့တာ ဆယ့်ငါးမိနစ်လောက် ။ အတွေးတွေကတော့ တောင်စဉ်ရေမရ ။ တစ်ခါတရံ စစ်မှုထမ်းခဲ့ရသည့် နေ့ရက်တွေ ပြန်သွားချင်သည်။ ပြင်းထန်လွန်းသည့် လေ့ကျင့်ရေးကြောင့် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲမှုတွေ ရှိခဲ့သော်လည်း ရင်ထဲက ဒဏ်ရာတွေတော့ သက်သာသလို ခံစားခဲ့ရချိန်တွေ ။

" အငယ်လေး ဘယ်ထသွားလိုက်တာလဲ "

မမဒေဝီဆီက ဝင်လာသည့် message ။

" လာပြီ မမ "

မမက သူနှင့်ရှင်းသန့်အကြောင်းကို မသိခဲ့ပေမဲ့ သည်နှစ်တွေထဲ သူ မပျော်မရွှင်ဖြစ်နေခဲ့တာကိုတော့ ရိပ်မိဟန်တူသည်။ အချိန်ရလျှင်ရသလို သူ့ကို အဖော်လာလုပ်ပြီး ဂရုစိုက်ပေးတတ်၏ ။ မမဒေဝီ စိတ်မပူရအောင် သူလည်း အတတ်နိုင်ဆုံးကြိုးစားပြီး ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ပါသည်။ သူ့ရဲ့တစ်ဦးတည်းသော အစ်မလေး။ လက်ထပ်တော့မည်ဆိုတော့ ဝမ်းသာရသလို စိတ်ထဲမှာ နည်းနည်းတော့ နှမြှောမိသား ။

" ဦးဦး လူဆိုး ၊ ရမ်းဆိုးတယ် ၊ ဘိုးနဲ့လဲတိုင်မယ် ၊ ဘွားနဲ့လဲတိုင်မယ် ၊ ဖေနဲ့လဲတိုင်မယ် ၊ မေနဲ့လဲတိုင်မယ် ၊ တီပျံ့နဲ့လဲတိုင်မယ် ၊ ကုန်လုံးနဲ့ တိုင်ပစ်မယ် "

တွေ့ဆုံပွဲရှိရာ ပြန်သွားနေသည့်လမ်းမှာ ထောင့်ချိုးတစ်ခုကနေ လှုပ်တုပ်လှုပ်တုပ် ထွက်လာသည့် ဘော်ဘီနှင့် ဘုဏ်းဇေထိပ်တိုက်ဆုံ၏ ။ ဘော်ဘီလေးက တရှုးရှုးဖြင့် တစ်ခုခုကို စိတ်ဆိုးနေပုံရသည်။ ပါးစပ်ကလဲ ဘာတွေရွတ်နေမှန်းမသိ။

" ဘော်ဘီ "

" ဦးဦးဘုဏ်းဇေ "

" ဘာဖြစ်လာတာလဲ "

" ဦးဦးရှင်းရှင်းပေါ့ ၊ ဆလိပ်တွေသောက်နေတယ် ၊ ရမ်းဆိုးတယ် "

" ဘာရယ် "

" ဆလိပ်လေ ဆလိပ်...ဟူး ဟူး "

လက်လေးနှစ်ချောင်းကို ပါးစပ်နားကပ်ပြီး နှုတ်ခမ်းလေးကို စူထော်ကာ ဆေးလိပ်ဖွာသလို လုပ်ပြသည့်ပုံလေးက ချစ်စဖွယ်အတိ ။

" ဪ ... ဆေးလိပ် "

" ဟုတ် ...ဟိုဘက်မှာ ဦးဦးရှင်းရှင်း ဆလိပ်တွေ များကြီး သောက်နေတယ် ၊ တီပျံ့က ပြောတယ် ၊ အဲဒါတွေက ကောင်းဘူးတဲ့ ၊ လူဆိုးတွေမှ သောက်တာတဲ့ ၊ ဦးဦးရှင်းရှင်းကို တီပျံ့နဲ့ သွားတိုင်မို့ ၊ အိမ်ရောက်ရင် ဘိုးတို့နဲ့လဲ ပြန်တိုင်မယ် "

" ဪ "

ဪကလွဲပြီး ဘုဏ်းဇေမှာ ပြန်ပြောစရာမရှိ ။ တက္ကသိုလ်တက်တုန်းက သူတို့တွေ တစ်ခါတရံ အရက်သောက်တတ်ကြပေမဲ့ ဆေးလိပ်တော့ ဘယ်သူကမျှ စမ်းမကြည့်ခဲ့ကြဖူးပါ ။ အခုတော့ ရှင်းသန့်က ဆေးလိပ်တွေပါ သောက်တတ်နေပြီပေါ့ ။

" သားသား သွားလိုက်ပါဦးမယ်နော် ဦးဦးဘုဏ်းဇေ ၊ ဒီကိစ္စ ရမ်းရေးကြီးနေလို့ "

" အင်းပါ ...ဖြည်းဖြည်းသွား "

ဘော်ဘီလေးက ခေါင်းညိတ်ပြပြီး သူ့ရှေ့ကနေ ခပ်သွက်သွက်ထွက်သွားသည် ။ နောက်ပြီး တစ်ခုခု ပြောစရာ ကျန်သေးပုံဖြင့် သူ့ဆီ ပြန်လှည့်လာပြန်၏ ။

" ဒါနဲ့ ဦးဦးဘုဏ်းဇေက ဘုရင်ကြီးဖြစ်မဲ့သူဆိုတော့ ဦးဦးဘုဏ်းဇေကိုလဲ တိုင်ရမှာပေါ့ ၊ သားသားဦးဦးကို ဆလိပ်တွေ မသောက်ဖို့ ဆုံးမပေးပါဦးနော် "

ပြောချင်ရာပြောပြီး ထွက်သွားသည့် ကလေးလေး၏ ကျောပြင်ကိုကြည့်ရင်း သက်ပြင်းသာချမိသည် ။ ဘုဏ်းဇေ ရှေ့ဆက်သွားရမလား ၊ တစ်ယောက်သောသူရှိရာ ထောင့်ချိုးဘက်ကို ကွေ့ရမလား ခြေလှမ်းတွေက ဝေခွဲမရ ။ သူ့ဦးနှောက်က ရှေ့ဆက်သွားဖို့ စေခိုင်းနေပေမဲ့ သူ့စိတ်ကတော့ တွေ့ချင်နေသည်။ ရှင်းသန့်တည် ဆေးလိပ်သောက်နေသည့် ပုံစံကို ။

ခြေလှမ်းကို ဖွဖွနင်းရင်း ဖြည်းဖြည်းချင်း ချည်းကပ်သွားမိသည်။ ရှင်းသန့်က ကော်ရစ်ဒါကို လက်ထောက်ပြီး ခေါင်းမော့ထားသည်။ မျက်နှာအနီးတဝိုက်မှာ မီးခိုးငွေ့ဖြူဖြူများက ဝဲလွင့်နေ၏။ အနီးကပ်မဟုတ်တာတောင် ဆေးလိပ်နံ့က သူ့ဆီအထိရောက်လာသည်။တစ်ချိန်က သူ သိပ်မြတ်နိုးခဲ့ဖူးသည့် လက်ချောင်းတွေကြားထဲမှာ စီးကရက်မီးနီနီရဲရဲ ။

' ဆေးလိပ်တွေသောက်တတ်လာတယ် ၊ မိန်းမတွေနဲ့ ဖက်လှဲတကင်း လုပ်တတ်လာတယ် ၊ အတတ်ကောင်းတွေ တတ်လာတာ '

စိတ်ပျက်စွာ ရေရွတ်ရင်း ရှင်းသန့်ကို မြင်ရတာ ဒေါသထွက်သလိုလို ဝမ်းနည်းသလိုလို။ ခံစားချက်ကို တိတိကျကျ အမည်ပေးလို့မရ ။ ဘယ်လိုဖြစ်ဖြစ် ဂရုမစိုက်မိအောင်သာ ကြိုးစားရမည် ။ ဆုံးဖြတ်ချက်နှင့်အတူ ဘုဏ်းဇေ နောက်ပြန်လှည့်ခဲ့သည့်အချိန် ။

" မသွားပါနဲ့ "

တားဆီးလိုက်သည့် စကားတစ်ခွန်းကြောင့် သွားလက်စ ခြေလှမ်းတို့က တုံ့ခနဲ ။

" မင်းအနားကို ငါ တိုးမလာပါဘူး ၊ မင်း တားထားတဲ့ စည်းအတိုင်း အနည်းဆုံး သုံးလှမ်းအကွာမှာပဲ နေပါ့မယ် ၊ ဒါပေမဲ့ ကျေးဇူးပြုပြီး မင်းဘက်က ငါ မမြင်နိုင်တဲ့ အကွာအဝေးထိတော့ မသွားလိုက်ပါနဲ့ "

ပြန်လှည့်မကြည့်မိအောင် ကြိုးစားရင်း သူ့မျက်ဝန်းမှ မျက်ရည်တစ်စက်က ကြမ်းပြင်ပေါ် ကျဆင်းသွားသည် ။ ရှင်းသန့်တည်က သူ့ကို ငိုရအောင် လုပ်ပြန်ပြီ ။

#PoPoPhoenix

♪လွမ်း - ခင်မောင်တိုး

*****

{ A/N - လောလောဆယ် Feb 9 ရက်နေ့မှာ ပြန်တွေ့မယ်လို့ မှတ်ထားပေးပါဦးနော် ။ အပြောင်းအလဲ ရှိခဲ့ရင် ပိုပိုပြန်ပြောပါ့မယ် ။ စောင့်ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ် ။
အစစအရာရာ ဂရုစိုက်ကြပါနော်❤️ }

*
*
*
*
*

( Zawgyi )

" ကိုရွင္းသန႔္ ...ျပန္လာၿပီေပါ့ "

ရွင္းသန႔္နား အေျပးေရာက္လာသည့္ႏိုႏိုက မ်က္ရည္ေလးမ်ားပင္ လဲ့ေနသည္။ ႐ုတ္တရက္ သူ႔ကိုေတြ႕လိုက္ရသည့္အေပၚ ဝမ္းသာလြန္း၍ျဖစ္မည္ ။ အာကာတို႔ႏွင့္ ရံဖန္ရံခါ အဆက္အသြယ္ ရွိေပမဲ့ ႏိုႏိုႏွင့္ေတာ့ အခုမွျပန္ဆုံရျခင္းပင္ ။ႏိုႏိုလည္း နီေစြးတို႔ကတစ္ဆင့္ သူတို႔အေၾကာင္းကိုေတာ့ သိၿပီးသားျဖစ္လိမ့္မည္ ။

" ျပန္လာတယ္ရယ္ေတာ့ မဟုတ္ေသးပါဘူး ၊ ႀကိဳဆိုမဲ့သူမွ မရွိတာေလ "

" အပိုေတြ မေျပာနဲ႔ ဟိတ္ေကာင္ "

ေရာင္ရွိန္က ရွင္းသန႔္ကို ဒရာမာခ်ိဳးခြင့္ မေပးေပ။ ဒါေပမဲ့ ရွင္းသန႔္ တကယ္ အၿပီးျပန္လာတာေတာ့ မဟုတ္ေသးပါ။ သူ႔အလုပ္ေတြက သည္မွာမွ မရွိဘဲ‌ေလ ။ စာအုပ္ေတြကလည္း အဂၤလိပ္ဘာသာျဖင့္သာ ေရးသားထုတ္ေဝသူမို႔ သူ႔စာဖတ္ပရိတ္သတ္က အဂၤလန္မွာပဲ ပိုမ်ားသည္။ အခုလည္း လကုန္လွ်င္ လန္ဒန္ကို မျဖစ္မေန ျပန္သြားရဦးမည္။

ႏိုႏို႔ကို နီေစြးႏွင့္ အေျခအေနေမးေတာ့ အီလည္လည္ပုံေလးျဖင့္ ေခါင္းရမ္းျပ၏ ။ အဆင့္တက္ေလာက္ၿပီ ထင္ခဲ့တာ မွားသြားသည္။ အခုလည္း နီေစြးကို မျမင္၍ ေမးၾကည့္မွ LA သြားသည္တဲ့ ။ နီေစြးက ဘုဏ္းေဇေမြးေန႔ကိုေတာင္ ျပန္မလာဘူးေပါ့ ။

" ႏိုႏိုလဲ ေက်ာင္းၿပီးကတည္းက ေျမာက္ပိုင္းမွာ ျပန္ေနတယ္ ၊ သူကလဲ LA မွာပဲ သြားေနတာမ်ားတယ္ ၊ ဆိုေတာ့ သိပ္မဆုံျဖစ္ဘူး ေျပာရမွာေပါ့ ကိုရွင္းသန႔္ရယ္ "

" ဒါနဲ႔ လက္ေလွ်ာ့လိုက္တယ္ေပါ့ "

" လက္ေလွ်ာ့တယ္ရယ္ေတာ့ မဟုတ္ပါဘူး ၊ ဒါေပမဲ့ တစ္ခါတေလလဲ ေတြးမိတယ္ ၊ ခ်စ္ျခင္း‌ေမတၱာျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ တစ္ဘက္က မလိုခ်င္တဲ့အခါ ကိုယ္က အတင္းသြားေပးေနလို႔ မသင့္ေတာ္ဘူးလို႔ေလ ၊ သူ႔အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ရာ က်တာေပါ့ "

ဘုဏ္းေဇဆီ လွမ္းၾကည့္မိေတာ့ သူတို႔ဘက္ကို ေက်ာေပးထားၿပီး လူႀကီးေတြႏွင့္ စကားေျပာေန၏ ။ တမင္သက္သက္ သူတို႔ကို ဥေပကၡာျပဳထားတာမ်ိဳးလည္း ျဖစ္ႏိုင္သည္ ။ ႏိုႏိုေျပာသလိုဆို သူ႔ဘက္ကေရာ မလိုခ်င္သူကို အတင္းေပးေနသလို ျဖစ္ေတာ့မွာလား ။

ႏိုႏိုႏွင့္ စကားခဏ ဆက္‌ေျပာၿပီးေနာက္ ေရာင္ရွိန္ လက္ရွိေနသည့္ ကြန္ဒိုကို အတူသြားခဲ့ၾကသည္။ သီဟလည္းပါ၏ ။ ရွင္းသန႔္ရယ္ ၊ သီဟရယ္ ၊ ေရာင္ရွိန္ရယ္ သုံးေယာက္ ။ ဘုဏ္းေဇကိုေတာ့ သည္ေန႔ လိုက္လို႔ရမွာ မဟုတ္သည့္အတူတူ မေခၚခဲ့ၾကပါ ။ လိုက္လို႔ရလည္း ရွင္းသန႔္ပါတာႏွင့္ လိုက္မည့္သူ မဟုတ္မွန္း သိၾကၿပီးသား ။

" တစ္ဦးတည္း‌ေသာသားျဖစ္ၿပီး မင္းက ဘာလို႔ မိဘေတြနဲ႔ ခြဲေနတာလဲ "

" အိမ္မွာဆို ငါ့အေဖနဲ႔အေမက ငါ့ကို တစ္ခ်ိန္လုံး အိမ္ေထာင္ျပဳခိုင္းေနၾကလို႔ ၊ တစ္ေန႔တစ္ေန႔ ဓာတ္ပုံေတြ အထပ္လိုက္ျပၿပီး ဘယ္သူ႔သမီးေလးျဖင့္ သင့္ေတာ္တယ္ ၊ ဘယ္ေကာင္မေလးကေတာ့ မဆိုးဘူးနဲ႔ကြာ ၊ ငါက စိတ္မဝင္စားပါဘူးေျပာေတာ့ ငါ့ကို မိန္းမ မယူခ်င္ရင္ ေယာက္်ားယူလို႔က ေျပာေသးတယ္ "

ေရာင္ရွိန႔္အျဖစ္ကို ‌နား‌ေထာင္ၿပီး ရွင္းသန႔္ ေတာ္ေတာ္ၾကာေအာင္ ရယ္မိသည္။ အာကာႏွင့္ ေကာင္းယံဆီပါ ဖုန္းေခၚ၍ သူ ျပန္ေရာက္ေနမွန္းေျပာေတာ့ ႏွစ္ေယာက္စလုံး ခ်က္ခ်င္း ျပန္လာခဲ့မည္ဟု ဆိုၾက၏ ။ ေနာက္ၿပီး အာကာက သူတို႔အဖြဲ႕ လူစုံၿပီမို႔ မိန္းမယူေတာ့မည္ဟုလည္း ေျပာေသးသည္။

ဘာလိုလိုႏွင့္ သူတို႔ေတာင္ အိမ္ေထာင္တစ္ခု တည္ေထာင္ဖို႔ အ႐ြယ္ေတြ ေရာက္လာၾကၿပီပဲ ။

" ရွင္းသန႔္... မင္း ဘာလို႔ ျပန္လာတာလဲ "

ဧည့္ခန္းထဲမွာ ေရာင္ရွိန္ မရွိခ်ိန္မွ သီဟက တမင္ေ႐ြးၿပီး ေမးသလိုပင္ ။ ဘာလို႔ျပန္လာတာလဲဆိုသည့္ ေမးခြန္းေနာက္မွာ ျပန္လာသည့္အတြက္ ျပစ္တင္ေျပာဆိုလိုသည့္ ေလသံမ်ား ပါေနမွန္း ခံစားရသည္ ။

" ငါ့မိသားစုနဲ႔ ငါခ်စ္တဲ့လူေတြရွိတဲ့ဆီ ျပန္လာတာ အေၾကာင္းျပခ်က္လိုလို႔လား "

ခပ္ၿပဳံးၿပဳံး ျပန္ေျပာလိုက္သည့္ သူ႔စကားအဆုံး ကြက္ခနဲ မ်က္ႏွာပ်က္သြား၏ ။ သီဟမ်က္ႏွာအမူအရာကို သူလည္း မလြတ္တမ္း ဆက္ၾကည့္ေနျဖစ္သည္။

ရွင္းသန႔္ တစ္ခ်ိန္လုံး ကြယ္ဝွက္ထားခဲ့သည့္ လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေျပာရမည့္ေန႔ ေရာက္လာၿပီလား ။

" ဒါေတာ့ဒါေပါ့ ၊ ဒါေပမဲ့ မင္း ဘုဏ္းေဇဆီ ျပန္လာတာဆိုရင္ေတာ့ ... "

" ဘာျဖစ္မွာလဲ ၊ ငါ ဘုဏ္းေဇဆီ ျပန္လာတာဆို ဘာျဖစ္မွာမို႔လဲ "

" ရွင္းသန႔္ ၊ အဲဒီေန႔က ငါ မင္းကို နားလည္ေအာင္ ေျပာျပခဲ့တယ္ေနာ္ ၊ ေရွ႕မွာ ဘာေတြျဖစ္ခဲ့တယ္ဆိုတဲ့ သက္ေသေတြလဲ မင္းေတြ႕ၿပီးသားပဲ "

" ဟြန္း... "

ႏႈတ္ခမ္းေလးတစ္ဖက္ တြန႔္႐ုံၿပဳံးေတာ့ သီဟက သူ႔ကို နားမလည္စြာ ျပန္ၾကည့္၏ ။ သူကေတာ့ ဆိုဖာကိုသာ ခပ္ေလ်ာ့ေလ်ာ့မွီၿပီး ထိုင္ေနလိုက္သည္။

သီဟေျပာသည့္ ' အဲဒီေန႔ 'က စကားေတြက ေခါင္းထဲ ျပန္ေပၚလာ၏။ တကယ္ေတာ့ ဘယ္တုန္းကမွ် သူ မေမ့ခဲ့သည့္ စကားေတြပါ ။

" ထီးနန္းဆက္ခံရမဲ့သူက Gayျဖစ္ေနတာကို ေတာ္ဝင္မိသားစု အေနနဲ႔ လက္ခံမယ္ မထင္ဘူးေနာ္ ၊ ဘုဏ္းေဇနဲ႔မင္း လက္ထပ္မယ္ဆို ျပႆနာေတြ အႀကီးအက်ယ္ တက္မယ္ထင္တယ္ "

" တစ္ႏိုင္ငံလုံးဝိုင္းခ်စ္ၾကတဲ့ မင္းသားေလးဘဝကေန တစ္ႏိုင္ငံလုံးက ဝိုင္းၿပီး လက္ညႇိဳးထိုးၾက ၊ ကန႔္ကြက္လာၾကတဲ့အခါ အဲဒီဒဏ္ေတြကို ဘုဏ္းေဇ ခံႏိုင္ပါ့မလား ရွင္းသန႔္ "

" ဘုဏ္းေဇက သူ႔မိသားစုကိုေရာ ဒီႏိုင္ငံကိုေရာ သိပ္တြယ္တာတဲ့ေကာင္ ၊ သူ႔အေဘးေဝာာ္ေလးလိုသာ စြန႔္ပစ္ခံရရင္ သူ ခံႏိုင္ရည္ရွိမယ္ မထင္ဘူး "

" ဘုဏ္းေဇမွာ တျခားကေလးေတြလို အိပ္မက္ေတြ အမ်ားႀကီး မရွိဘူး ၊ သူ ေမြးလာကတည္းက တစ္ေန႔က်ရင္ သူက ဒီႏိုင္ငံရဲ႕ ဘုရင္ျဖစ္လာရမယ္ဆိုတဲ့ သတ္မွတ္ခ်က္တစ္ခုနဲ႔ ႀကီးျပင္းလာရတာ ၊ တကယ္လို႔ သူသာ အိမ္ေရွ႕မင္းသားေနရာက ဖယ္ရွားခံလိုက္ရရင္ သူ႔ဘဝက လုံးဝ အဓိပၸာယ္မဲ့သြားမွာပဲ "

သည္စကားေတြက နဂိုကတည္းက သူ႔မွာရွိသည့္ စိုးရိမ္စိတ္အခ်ိဳ႕ကို အဆုံးစြန္အထိ ျမင့္တက္သြားေစခဲ့သည္။ ခ်စ္ရသူရဲ႕အိပ္မက္ေတြ မပ်က္စီးေစဖို႔ ၊ မိသားစုႏွင့္ မကြဲမကြာ အတူရွိေစဖို႔ ၊ ဘာျပႆနာမွ မရွိဘဲ ထီးနန္းအုပ္ခ်ဳပ္ မင္းလုပ္ႏိုင္ေစဖို႔ သူ႔ရင္သူ အကြဲခံၿပီး ခက္ခက္ခဲခဲ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့ရသည္ ။ ထိုဆုံးျဖတ္ခ်က္က သူ႔ဘဝမွာ အႀကီးမားဆုံး အမွားတစ္ခုျဖစ္ခဲ့သလို မရည္႐ြယ္ပါဘဲ ခ်စ္ရသူကို ေပးခဲ့မိသည့္ စိတ္ဒဏ္ရာလည္း ျဖစ္သြားခဲ့၏ ။ သည္အမွားကို သူ ျပန္ျပဳျပင္ႏိုင္ဖို႔ေတာ့ ေမွ်ာ္လင့္ရသည္ ။

" အခု ဘုဏ္း‌ေဇ ေပ်ာ္ေနတယ္လို႔ မင္းထင္လား သီဟ "

သီဟဆီက အေျဖမရ ။

" ဘာျပႆနာမွ မရွိဘဲ ထီးနန္းဆက္ခံခြင့္ရေပမဲ့ သူ႔စိတ္က ေပ်ာ္႐ႊင္မေနရင္ေရာ သူ႔ဘဝက အဓိပၸာယ္ ရွိပါ့မလား "

သီဟက တိတ္ဆိတ္ေနဆဲပင္ ။

" ငါ့ဘဝမွာ အႀကီးမားဆုံး အမွားက အဲဒီေန႔က မင္းျပတဲ့ဓာတ္ပုံကိုၾကည့္ၿပီး မင္းေျပာတဲ့ စကားေတြကို ေခါင္းထဲထည့္ခဲ့မိတာပဲ ၊ ငါ မင္းကို အခု အျပစ္တင္ေနတာ မဟုတ္ပါဘူး ၊ ငါ့ကိုယ္ငါပဲ အျပစ္တင္တာပါ "

" ဒါဆို မင္း အခု ျပန္လာတာက "

" ေတာင္းပန္ဖို႔ေပါ့ ၊ ငါက အမွားလုပ္ခဲ့တဲ့သူပဲ ၊ ငါ့မိဘေတြက ငါတို႔ကို ဆုံးမထားတယ္ ၊ အမွားလုပ္မိရင္ အမွန္ျပန္ျပင္ဖို႔ ႀကိဳးစားရမယ္ ၊ အျပစ္လုပ္ထားရင္ ေတာင္းပန္တတ္ရမယ္တဲ့ ၊ မင္းမိဘေတြဆီကေရာ မင္း အဲလိုမ်ိဳး အဆုံးမ မခံခဲ့ရဘူးလား "

သီဟက အံတင္းတင္းႀကိတ္လိုက္ပုံရသည္။ ထင္ရွားသည့္ ေမး႐ိုးတို႔က တင္းခနဲျဖစ္သြား၏။ ရွင္းသန႔္လည္း မွီေနရာကေန ခါးကို ျပန္မတ္လိုက္သည္ ။

ေနာက္ဆုံးေတာ့ သူ ထုတ္ေျပာရမည့္အခ်ိန္ ေရာက္ခဲ့ၿပီ ။

" မင္း အခုအခ်ိန္ထိ ငါနဲ႔ဘုဏ္းေဇအေပၚမွာ နည္းနည္းေလးမွ အျပစ္ရွိစိတ္ေလးမ်ား မခံစားခဲ့ရဘူးလား သီဟ "

" မင္းစကားက ဘာလဲ ၊ ငါ နားမလည္ဘူး "

" ငါကေတာ့ မင္း နားမလည္ခ်င္ေယာင္ေဆာင္ေနတာလို႔ ထင္တာပဲ "

" မင္း ဘာေျပာခ်င္တာလဲ ၊ ပြင့္ပြင့္လင္းလင္းေျပာစမ္းပါ "

ရွင္းသန႔္ စိတ္ကိုေလွ်ာ့ထားၿပီး သက္ျပင္းခ်မိသည္။ အမွန္ဆို သူငယ္ခ်င္းတစ္ေယာက္အေနျဖင့္ သီဟႏွင့္ အခုလိုေတြ မျဖစ္ခ်င္ခဲ့ပါ ။

" သီဟမင္းတည္ ...အေရးထဲ မင္းနဲ႔ငါက နာမည္တစ္လုံး လာတူေနေသးတယ္ေနာ္ ၊ မင္းနာမည္က တည္ ကေတာ့ ဘာအဓိပၸာယ္လဲ မသိဘူး ၊ ငါ့နာမည္က တည္ ကေတာ့ တည္ၾကည္ျခင္း ၊ ႐ိုးသားေျဖာင့္မတ္ျခင္းလို႔ အဓိပၸာယ္ရတယ္ ၊ ဒါေပမဲ့ ငါ့ဘဝမွာ ငါအခ်စ္ရဆုံးလူအေပၚကို မ႐ိုးသားဘဲ ဖုံးကြယ္ထားခဲ့မိတဲ့အရာ တစ္ခုရွိတယ္ ၊ အဲဒါက မင္းအေၾကာင္းပဲ "

" မင္း ဘာေတြေျပာေနတာလဲ ရွင္းသန႔္ "

သီဟအသံက ေဒါသေၾကာင့္ မာထန္လာ၏။ ေသြးဆူ‌ေန၍ထင္သည္။ အသားညိဳသူမို႔ နီရဲတာထက္ပိုၿပီး မည္းသည့္အဆင့္ေျပာင္းလာ၏ ။

" မင္းသိထားသလို ငါက ဘာမွ မဟုတ္တဲ့ သာမန္ေကာင္ေလး တစ္ေယာက္ပါပဲ ၊ ဒါေပမဲ့ ငါ့အေဖကေတာ့ ဘယ္သူဆိုတာ မင္း သိတယ္မို႔လား "

" မင္းအေဖ ဘယ္သူျဖစ္ျဖစ္ အဲဒါက ငါနဲ႔ ဘာဆိုင္လို႔လဲ "

" မင္း ဘယ္သူလဲဆိုတာ ငါေရာ ငါ့အေဖေရာ သိခဲ့တယ္ဆိုရင္ေရာ မင္းနဲ႔ဆိုင္သြားၿပီလား "

" ဘာ "

" ငါ အကုန္သိခဲ့တယ္ သီဟ ၊ ဟိုအရင္ကတည္းက မင္း ဘယ္သူလဲ ၊ ဘာေတြလုပ္ခဲ့လဲဆိုတာ မင္း ဝန္မခံလဲ ငါ အကုန္သိခဲ့တယ္လို႔ ၊ သိတာေတာင္ ငါက မင္းကို အျပစ္မတင္ဘဲ နားလည္ေပးခဲ့တာ ၊ မင္းမွာလဲ မင္းခံစားခ်က္နဲ႔မင္း ရွိခဲ့မွာပဲလို႔ သတ္မွတ္ၿပီး နားလည္ေပးခဲ့တာ ၊ ဒါေပမဲ့ အဲဒါနဲ႔ပဲ မင္းခံစားခ်က္ေတြ မင္းလုပ္ရပ္ေတြက အမွန္ျဖစ္သြားတာေတာ့ မဟုတ္ဘူးေလ "

သူ႔ကိုၾကည့္ေနသည့္ သီဟမ်က္ဝန္းေတြထဲမွာ ထိတ္လန႔္တုန္လႈပ္မႈေတြ ပါလာမွန္း သူဖတ္လို႔ရပါသည္ ။ သီဟဆီက ဘာသံမွ ထြက္မလာေတာ့ေပမဲ့ေပါ့ ။

" မင္းတစ္ခုေတာ့ သိထားေနာ္ ၊ ဘုဏ္းေဇကို မင္းအေၾကာင္းေတြ ေျပာၿပီး သူ ငါ့အေပၚ စိတ္နာေနတာေတြ ေျပသြားေအာင္ ငါ လုပ္မွာမဟုတ္ပါဘူး ၊ ငါလုပ္မိတဲ့အျပစ္က ငါနဲ႔ပဲဆိုင္တယ္ေလ ၊ တျခားတစ္ေယာက္အေပၚမွာ ပုံခ်ၿပီး ေျဖရွင္းတာမ်ိဳး ငါ မလုပ္ဘူး "

"-------"

" ဒါေပမဲ့ မင္းဆီမွာ ငါတို႔ႏွစ္‌ေယာက္အေပၚ အားနာတဲ့စိတ္ ၊ အျပစ္ရွိတဲ့စိတ္ေလးမ်ား ခံစားခဲ့ရမယ္ဆိုရင္ ငါ့ကို သိခြင့္ေတာ့ေပးပါ "

ဧည့္ခန္းထဲမွာ စကားသံတို႔ တိတ္ဆိတ္သြားသည္ ။ ရွင္းသန႔္က ဆိုဖာေပၚ ျပန္မွီၿပီး သီဟက ဒူးႏွစ္ဖက္ေပၚ လက္ေထာက္ၿပီး ငူငူႀကီးထိုင္ေန၏ ။ ႏွစ္ေယာက္စလုံး တံခါးအကြယ္ကေန သူတို႔ေျပာသမွ် ေရာင္ရွိန္ရပ္နားေထာင္ေနခဲ့တာကိုေတာ့ မျမင္ၾကေပ။

သို႔ေသာ္လည္း ရွင္းသန႔္က အလုံးစုံကို တိတိက်က် ေျပာမသြား၍ ေရာင္ရွိန႔္ဆီမွာ ေမးခြန္းမ်ားစြာ က်န္ခဲ့သည္ ။ သီဟက ဘယ္သူလဲ ၊ ဘာေတြလုပ္ခဲ့တာလဲ သိခ်င္လာသည္ ။

ဘာရယ္လို႔ မေျပာႏိုင္ေပမဲ့ ရွင္းသန႔္ႏွင့္ ဘုဏ္းေဇၾကားမွာလည္း ျဖစ္ပ်က္ခဲ့တာေတြအျပင္ လြဲေခ်ာ္ေနတာ တစ္ခုခုရွိလိမ့္မည္ဟု ထင္သည္ ။

လင္းေရာင္ရွိန္ အခ်ိန္ဆြဲမေနေတာ့ဘဲ ရွင္းသန႔္တို႔ မၾကားႏိုင္သည့္ေနရာသြားကာ သူ႔အေဖဆီ ခ်က္ခ်င္း ဖုန္းေကာက္ဆက္လိုက္၏ ။

" ဒယ္ဒီ ... သား အကူအညီတစ္ခုေလာက္ ေတာင္းခ်င္လို႔ ၊ ဒယ္ဒီ့မိတ္ေဆြ ေထာက္လွမ္းေရးဘက္က ဦေက်ာ္ႏိုင္နဲ႔ သားကို ခ်ိတ္ေပးပါ "

" ဘာျဖစ္လို႔လဲ ၊ မင္း ဘာေတြလုပ္ဦးမလို႔လဲ "

အိမ္မွာမေန၍ သူ႔ကို မၾကည္ေနသည့္ သူ႔အေဖေလသံက စိတ္ပူသေယာင္ေယာင္ ၊ စိတ္ဆိုးသေယာင္ေယာင္ ။

" ဘာမွမလုပ္ပါဘူး ဒယ္ဒီရာ ၊ ကိစၥေလးရွိလို႔ပါ "

" သားေလးတစ္ေယာက္ေမြးထား ၊ ငယ္ငယ္က ေအးလွ ေအးလွနဲ႔ အဟုတ္မွတ္တယ္ ၊ ႀကီးလာေတာ့ ဘာေတြလုပ္မွန္းကို မသိဘူး ၊ လုပ္ငန္းစုႀကီး တစ္ခုလုံး ရွိေနပါရဲ႕နဲ႔ ၊ ကုမၼဏီသက္သက္ ခြဲေထာင္လို႔ေထာင္ ၊ အေဖနဲ႔အေမကိုပစ္ၿပီး အိမ္ခြဲေနလို႔ေန ၊ မိဘျဖစ္ေစခ်င္တဲ့ဆႏၵက် အေလးမထား "

ဖုန္းကို နားႏွင့္ ေဝးရာ ခြာထားလိုက္ရသည္။ သူ႔အေဖက သူ႔ကို ႀကဳံရင္ႀကဳံသလို ေပါက္ေပါက္ေဖာက္တတ္တာ အက်င့္ ။

" ငါ ေျပာတာ ၾကားလား ေဟ့ေကာင္ "

" ဗ်ာ ဒယ္ဒီ "

" မင္း မိန္းမယူမွာျဖင့္ယူ ၊ ေယာက္်ားယူမွာျဖင့္ယူ ၊ ဘာယူယူ မ်ိဳးဆက္ေတာ့ ရေအာင္လုပ္ေပးလို႔ "

ဖုန္းသာ ခ်ပစ္လိုက္ရေတာ့သည္။ အေရးထဲ ဒယ္ဒီကတစ္မ်ိဳး ။

*****

" အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္း
ေက်ာင္းသားေဟာင္းမ်ား ေတြ႕ဆုံပြဲ "

ေက်ာင္းဝင္းထဲကို ေျခခ်လိုက္သည္ႏွင့္ ခေရပင္တန္းဆီမွလာသည့္ ခေရပန္းရနံ႔တို႔က ႏွာသီးဖ်ားဆီ တိုးဝင္ႏႈတ္ဆက္လာသည္။ အထက္တန္းၿပီးကတည္းကဆို ရွင္းသန႔္ ေက်ာင္းကို မေရာက္ျဖစ္တာ ဆယ္ႏွစ္ ။ သည္ဆယ္ႏွစ္အတြင္း ေက်ာင္းဝင္းထဲမွာ အပင္ေတြပိုမ်ားလာသည္။ အေဆာက္အဦးအသစ္တခ်ိဳ႕လည္း တိုးလာ၏ ။ ေက်ာင္းကန္တင္းက သူတို႔တုန္းကထက္ ပိုႀကီးလာသလို မုန႔္ဆိုင္ေတြလည္း ပိုမ်ားလာသည္။ အသစ္ျပဳျပင္ထားသည့္ အားကစားကြင္းကလည္း ပိုအဆင့္ျမင့္လာ၏ ။

တစ္ေက်ာင္းလုံးကို မ်က္စိျဖင့္ လိုက္လံၾကည့္ရႈရင္း စိတ္အစဥ္က အတိတ္ေန႔ရက္ေတြဆီ အလည္ေရာက္သြားသည္။

သည္ခေရပင္တန္းေအာက္ကေန မနက္တိုင္း တစ္စုံတစ္ေယာက္အလာကို သူထိုင္ေစာင့္ခဲ့ဖူးသည္။ တစ္စုံတစ္ေယာက္က ထိုင္ေစာင့္ေနတာကိုလည္း ခံခဲ့ရဖူး၏။ ထိုသူသည္ ရွင္းသန႔္ဆံပင္ေတြၾကား ခေရ႐ြက္ေလး ကပ္ေနလွ်င္ ဖယ္ရွားေပးတတ္ၿပီး ခေရပြင့္ေလး တင္ေနလွ်င္ေတာ့ သူ႔ကိုမေျပာဘဲ သည္တိုင္းၾကည့္ၿပီး ၿပဳံးေနတတ္ျပန္သည္ ။

ႏွစ္ေယာက္သား ေက်ာင္းဝင္းအႏွံ႔ တစ္ေယာက္သြားေလရာတစ္ေယာက္ ေျခရာထပ္ေအာင္ ေလွ်ာက္လိုက္ခဲ့ၾကၿပီး ေက်ာင္းေဆာင္ေရွ႕က ျမက္ခင္းျပင္ေပၚမွာလည္း လြယ္အိတ္ကိုယ္စီ ေခါင္းခုကာ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ခဲ့ၾကဖူးသည္ ။ E ပုံသဏၭာန္ အေဆာက္အဦးႀကီး၏ ေလွကားထစ္ေတြေပၚ နင္းေလွ်ာက္ရင္း ေခ်ာကလက္တစ္ခုကို ႏွစ္ေယာက္အတူ မွ်စားခဲ့ဖူးသလို ဟယ္ရီေပၚတာဇာတ္လမ္းႏွင့္ ပတ္သက္ၿပီးလည္း ရန္ျဖစ္ခဲ့ၾကဖူး၏ ။ သည္ေက်ာင္းထဲမွာပဲ သူတို႔ေတြ အတူတူ ေအာင္ျမင္ေပ်ာ္႐ႊင္ခဲ့ၾကဖူးသည္ ။ သည္ေက်ာင္းထဲမွာပဲ သူတို႔ေတြ အသက္အႏၲရာယ္ႏွင့္လည္း ရင္ဆိုင္ခဲ့ရဖူး၏။

အခုေတာ့ အရာအားလုံးက အတိတ္သက္သက္သာ ။

" ဟာ ဟိုမွာ... ဦးဦးဘုဏ္းေဇရယ္ "

ေက်ာင္းထဲကို ေဝ့ၾကည့္ရင္း ရွင္းသန႔္ အေတြးမ်ားေနစဥ္ ေဘးကေနအတူပါလာသည့္ ေဘာ္ဘီ့အသံေၾကာင့္ အေတြးစတို႔ ျပတ္ေတာက္သြား၏ ။ ေဘာ္ဘီေလးက သူတို႔ေမာင္ႏွမသုံးေယာက္ႏွင့္အတူ လိုက္လာျခင္းျဖစ္ၿပီး ေလာေလာဆယ္ ရွင္းသန႔္ေဘးမွာ ရွိေနခ်ိန္ ။ ေဘာ္ဘီလက္ညႇိဳးၫႊန္ျပရာမွာ နန္းေတာ္က ကားသုံးစီးႏွင့္အတူ ဘုဏ္းေဇတို႔ေမာင္ႏွမတေတြကို ေတြ႕ရသည္။ သူ႔ကိုေတာ့ ဘုဏ္းေဇက ျမင္ေသးဟန္မတူပါ ။

" သားသား သြားႏႈတ္ဆက္လိုက္ဦးမယ္ ၊ ဦးဦးရွင္းရွင္း ဒီနားခဏေနခဲ့ေနာ္ "

" ဟမ္! "

တူေတာ္ေမာင္ကို ရွင္းသန႔္ အံ့ဩသြားသည္ ။ ေဘာ္ဘီေျပာေနပုံက ဘုဏ္းေဇကိုျမင္တာႏွင့္ သူငယ္ခ်င္းကိုျမင္လိုက္သလိုမ်ိဳး တရင္းတႏွီး မဟုတ္လား ။

" မင္းက သူ႔ကိုသိလို႔လား "

" သိတာေပါ့ ၊ ဦးဦးဘုဏ္းေဇက အိမ္ေရွ႕မင္းသားေလ ၊ ဦးဦးကေရာ ဒါေလးေတာင္ သိဘူးလား "

ေဘာ္ဘီက သူ႔ကို ' တုံးရန္ေကာ ' ဟူေသာ အၾကည့္မ်ိဳးျဖင့္ပါ ၾကည့္ေသး၏ ။ ရွင္းသန႔္ ျပန္ေရာက္ကတည္းက အႏွီေလးႏွစ္သားဆီက ခဏခဏ အႏွိမ္ခံရသည္။ သူတို႔တစ္အိမ္လုံးမွာ ေဘာ္ဘီက ဆရာႀကီး ။

" သိပါတယ္ကြ ၊ ဒါေပမဲ့ မင္းက သြားႏႈတ္ဆက္ရေအာင္အထိ သူနဲ႔ခင္လို႔လားေမးတာ ၊ ဟိုက အိမ္ေရွ႕မင္းသားေလ ၊ မင္း မေၾကာက္ဘူးလား "

" ေၾကာက္ပါဘူး ၊ သားသားက ဦးဦးဘုဏ္းေဇနဲ႔ ခင္ၿပီးသား "

" ဘယ္လိုလုပ္ခင္တာလဲ "

" ဦးဦးဘုဏ္းေဇက ေဖနဲ႔ခဏခဏေတြ႕တယ္ေလ ၊ သားသားလဲ ေဖနဲ႔လိုက္သြားရင္း ခင္တာ "

စိတ္ဝင္စားစရာ ။ ကိုခန႔္က ဘုဏ္းေဇႏွင့္ ခဏခဏေတြ႕သည္တဲ့ ။ သည္ကိစၥ ရွင္းသန႔္ကို တစ္ခါမွ် ေျပာမျပခဲ့ဖူးပါ ။ လႊတ္ေတာ္အမတ္ႏွင့္ အိမ္ေရွ႕မင္းသား ဘာအေၾကာင္းေၾကာင့္ ေတြ႕ၾကတာလဲမသိ ။ သတင္းမီဒီယာေတြမွာ မေဖာ္ျပဖူးပုံအရ လူမသိေအာင္ လွ်ိဳ႕ဝွက္ေတြ႕ဆုံၾကျခင္းျဖစ္လိမ့္မည္ ။

" ေနပါဦး သူတို႔က ႏွစ္ေယာက္တည္း ေတြ႕ၾကတာလား ၊ တျခားသူေတြေရာ ပါေသးလား "

" သားသားေရာ ပါပါတယ္ဆို ဦးဦးကလဲ ၊ သုံးေယာက္ေပါ့ ၊ တစ္ ႏွစ္ သုံးေလ ၊ ဒါေလးေတာင္ တြက္တတ္ဘူးလား "

လက္ေခ်ာင္းေလးမ်ားပါ ခ်ိဳးၿပီး ေရတြက္ျပသည့္ တူျဖစ္သူေၾကာင့္ မၿပဳံးဘဲမေနနႏိုင္ေတာ့ ။ ေဘာ္ဘီက ပ်ံ႕ပ်ံ႕ရဲ႕ အသည္းေၾကာ္မို႔ထင္သည္ ။ သူႏွင့္ကိုခန႔္ ငယ္ငယ္ကထက္ စကားပိုတတ္ၿပီး အမ်ားႀကီးလည္း ပိုလည္သည္။

" ဒါဆို သူတို႔ႏွစ္ေယာက္ေတြ႕တဲ့အခါ ဘာအေၾကာင္းေတြ ေျပာၾကလဲ "

" ဒါေတာ့ သားသား သိဘူးေလ ၊ သားသားက ခုမွ ကေလးရွိေသး ၊ ဦးဦးေမးခြန္းေတြကလဲ ၿပီးေတာ့ဘူး ၊ စိတ္ညစ္လာၿပီ "

ေျခေထာက္ေလးေဆာင့္ကာ ရွင္းသန႔္ကို စိတ္မရွည္သလိုၾကည့္ၿပီး ဘုဏ္းေဇရွိရာကိုလည္း လွမ္းၾကည့္ေသး၏ ။ ဘုဏ္းေဇကို တအားသြားႏႈတ္ဆက္ခ်င္ေနပုံရသည္ ။

" တစ္ခုပဲ ထပ္ေမးမယ္ ၊ ဒီတစ္ခုပဲ ၊ သူတို႔ေျပာတဲ့အထဲမွာ ဦးဦးနာမည္ ပါလား "

" ပါဘူး ပါဘူး "

ခုနက ေမးခြန္းကို မသိေပမဲ့ ဒါက်သိသည္။ လက္ခါျပ႐ုံမက ဆံပင္အေကာက္ေလးမ်ားပါ လႈပ္သြားသည္အထိ ေခါင္းရမ္းျပ၏။ ေနာက္ၿပီး ရွင္းသန႔္ ဘာမွ်ထပ္မေျပာခင္ ဘုဏ္းေဇရွိရာ ေျပးသြားေတာ့သည္။ ထိုစဥ္ ရွင္းသန႔္ေဘးမွာလည္း ကားေလးတစ္စီး ထိုးရပ္လာ၏။

" ဦးဦးဘုဏ္းေဇ ...မဂၤလာပါ "

ဘုဏ္းေဇ ကားေပၚကဆင္းလာၿပီး အခမ္းအနားျပင္ဆင္ထားသည့္ေနရာမသြားေသးဘဲ မမေဒဝီႏွင့္အတူ စကားရပ္ေျပာေနခ်ိန္ သူ႔ေရွ႕ေရာက္လာေသာ ကေလးေလးေၾကာင့္ ႏႈတ္ခမ္းေတြက အလိုအေလ်ာက္ ၿပဳံးမိသြားသည္။

" မဂၤလာပါ ...ေဘာ္ဘီေလး "

ေကာက္ေကြးေနေသာ ဆံပင္ေလးမ်ားအေပၚ အုပ္ကိုင္ၿပီး သူျပန္ႏႈတ္ဆက္ေသာအခါ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ မို႔တက္လာသည္အထိ ရယ္ျပသည္။ သည္ေနာက္ပိုင္းႏွစ္ေတြမွာ သူ႔စိတ္ကို ၾကည္လင္ေပ်ာ္႐ႊင္ေစသည့္အရာ အနည္းအငယ္အတြင္း သည္ကေလးေလးလည္းပါ၏ ။

" ေဖေဖနဲ႔အတူ လိုက္လာတာလား "

" ဟုတ္ ...ေဖေရာ ၊ တီပ်ံ႕ေရာ ၊ ၿပီးေတာ့ ဦးဦးရွင္းရွင္းေရာ ပါတယ္ ၊ ဟိုမွာေလ သားသားဦးဦး "

ေဘာ္ဘီျပသည့္ေနရာ မ်က္စိေရာက္သြားခ်ိန္ ေတြ႕လိုက္ရသည့္ျမင္ကြင္းက ၾကည္ေနသည့္သူ႔စိတ္ကို မႈန္မႈိင္းသြားေစ၏ ။ ရွင္းသန႔္တည္က မိန္းကေလးတစ္ေယာက္ႏွင့္ ေပြ႕ဖက္ႏႈတ္ဆက္ၿပီး ရယ္ေမာေနသည္။ ထိုမိန္းကေလးက တျခားသူေတာ့မဟုတ္။ လြန္ခဲ့သည့္ ဆယ္ႏွစ္ေလာက္ကတည္းက သူတို႔ေရွ႕ကေန ေပ်ာက္ကြယ္သြားခဲ့သည့္ ျမတ္မႉးခင္ပင္ ။ ၾကည့္ရတာ အဂၤလန္မွာ ျမတ္မႉးခင္ႏွင့္ ရင္းႏွီးမႈအတိုင္းအတာေတြ တိုးတက္လာပုံရ၏ ။

တစ္ႏွစ္မွ် ေက်ာင္းသားေဟာင္းေတြ႕ဆုံပြဲကို မလာဖူးသူႏွစ္ဦးအား သည္ႏွစ္အတူတြဲေတြ႕ရသျဖင့္ သူတို႔ႏွစ္က လူတစ္ခ်ိဳ႕ကလည္း ရွင္းသန႔္ႏွင့္ျမတ္မႉးခင္ကို အကဲခတ္ေနၾကသည္။ ဘုဏ္းေဇရင္ထဲမွာ ခါးသီးမႈတို႔ျဖင့္ တင္းက်ပ္လာ၏။ နီးကပ္စြာရပ္ေနသည့္ ခႏၶာကိုယ္ႏွစ္ခုကို အေဝးႀကီးကြဲသြားေအာင္ ဆြဲခြာပစ္ခ်င္သည္။ ရယ္ေနသည့္ ႏႈတ္ခမ္းမ်ားကို ပိတ္သြားေအာင္ တားဆီးပစ္ခ်င္၏။ သို႔ေသာ္္လည္း ရွင္းသန႔္တည္က သူႏွင့္ ဘာမွ်သက္ဆိုင္ျခင္း မရွိသည့္ သူစိမ္းတစ္ေယာက္ ျဖစ္ေနၿပီ မဟုတ္လား။ သူ႔အေနႏွင့္ ထိုျမင္ကြင္းကေန မ်က္ႏွာလႊဲလိုက္ဖို႔သာရွိသည္ ။

" သားသားဦးဦးက ႏိုင္ငံျခားမွာေနတာေလ ၊ ျပန္လာတာ ၾကာေသးဘူး ၊ ဦးဦးဘုဏ္းေဇကို သားသားဦးဦးနဲ႔ သူငယ္ခ်င္းလုပ္ရေအာင္ မိတ္ဆက္ေပးမယ္ေနာ္ "

" သူငယ္ခ်င္း မလုပ္ခ်င္ပါဘူးကြာ "

" ဟင္...ဘာလို႔လဲ "

" မင္းရဲ႕ဦးဦးက လူဆိုးမို႔ "

သူ႔စကားေၾကာင့္ ေဘာ္ဘီ့မ်က္ႏွာေလးက ေတြးေတြးဆဆျဖစ္သြားသည္။ ထိုကေလးေလး၏ ပါးျပင္ကို လက္ညႇိဳးရယ္လက္မရယ္ႏွင့္ ညင္သာစြာဖိဆြဲၿပီး ႏႈတ္ဆက္ခဲ့သည္။ ထို႔ေနာက္ ေတြ႕ဆုံပြဲက်င္းပသည့္ ေနရာကို ဆက္ေလွ်ာက္လာခဲ့၏။ သူ႔စိတ္အာ႐ုံတစ္ခုလုံးကေတာ့ သူ႔ေနာက္ေက်ာက ျမင္ကြင္းဆီမွာသာ က်န္ခဲ့သည္။

ရွင္းသန႔္တည္ သူ႔ဘဝထဲ ေနာက္တစ္ႀကိမ္ ျပန္ေရာက္လာတာ သူ႔ကို စိတ္အေႏွာင့္အယွက္ေပးဖို႔သက္သက္ျဖစ္လိမ့္မည္ ။

အခမ္းအနားျပင္ဆင္ထားသည့္ေနရာေရာက္ေတာ့ ေရွ႕ဆုံးက စားပြဲမွာ ဝင္ထိုင္ျဖစ္သည္။ မမေဒဝီက သူငယ္ခ်င္းေတြႏွင့္ အဖြဲ႕က်ေနၿပီျဖစ္၍ သူႏွင့္ ဝိုင္းခ်င္းကြဲသြား၏။ ေရာင္ရွိန္ႏွင့္သီဟက ဆယ္မိနစ္ခန႔္ေနာက္က်ၿပီးမွ ေရာက္လာသည္။

Stage မပါေသာ္လည္း သူတို႔ထိုင္သည့္ေရွ႕နားမွာ တီးဝိုင္းတစ္ခုႏွင့္ အမွတ္တရ သီခ်င္းဝင္ဆိုေနၾကသူမ်ားလည္းရွိသည္။ ဘယ္အ႐ြယ္ေရာက္ေရာက္ အထက္တန္းေက်ာင္းက သူငယ္ခ်င္းေတြကို ျပန္ေတြ႕ရျခင္းက လက္ရွိအသက္အ႐ြယ္ႏွင့္ အေနအထားေတြကို ေမ့သြားၿပီး စိတ္ေတြႏုပ်ိဳသြားရသည္ကေတာ့ အမွန္ပင္ ။ ေရာင္ရွိန္က သူ႔ကို သီခ်င္းတစ္ပုဒ္ေလာက္ တက္ဆိုဖို႔ တိုက္တြန္းေပမဲ့ သူကေတာ့ လက္မခံျဖစ္ပါ။

ထိုအခ်ိန္ ဂီတာတစ္လက္ကိုဆြဲၿပီး သီခ်င္းဆိုဖို႔ ေရွ႕ထြက္လာသူေၾကာင့္ အံ့ဩမင္သက္သြားရျပန္သည္ ။

" ေျဖာင္း...ေျဖာင္း...ေျဖာင္း "

ပထမဆုံးထြက္လာသည့္ လက္ခုပ္အားေပးသံက ျမတ္မႉးခင္ဆီမွ ဟုတ္ပါေလစ ။

" ၾကားသားမိုးႀကိဳးပါလား...ရွင္းသန႔္လိုလူမ်ိဳးက လူေရွ႕သူေရွ႕ထြက္ၿပီး သီခ်င္းဆိုမလို႔တဲ့ "

ေရာင္ရွိန္ကေတာ့ မေနႏိုင္စြာ ပါးစပ္ကထုတ္ေျပာသည္။ သီခ်င္းဆို႐ုံတင္ ဘယ္ဟုတ္ပါ့မလဲ ။ ရွင္းသန႔္က ဂီတာေတြပါ တီးတတ္လာတာ မဟုတ္လား ။ ဟိုအရင္ ဘုဏ္းေဇ ဂီတာတီးသင္ေပးရမလား ေမးတုန္းက လက္နာ၍ မသင္ခ်င္ဘူး ျငင္းခဲ့သူကေလ ။ အခုလို လူေတြအမ်ားႀကီးေရွ႕ မေျပာႏွင့္ ။ သူတို႔ႏွင့္အတူေတာင္ သီခ်င္းတစ္ပုဒ္ဆုံးေအာင္ လိုက္မဆိုဖူးခဲ့သူကေလ ။

ဟုတ္သားပဲ ။ အခု သူျမင္ေနရသည့္လူက တစ္ခ်ိန္က သူ႔ရဲ႕ရွင္းသန႔္တည္မွ မဟုတ္ေတာ့ဘဲေလ ။ အခ်ိန္ကာလေတြလည္း ေျပာင္းလဲသြားခဲ့သလို လူေတြလည္း ေျပာင္းလဲသြားခဲ့ၿပီ မဟုတ္လား ။ သူတို႔ႏွစ္ဦးၾကားမွာ အတိတ္က အမွတ္တရေတြကလြဲၿပီး အရာရာေျပာင္းလဲသြားခဲ့ၿပီ မဟုတ္လား ။

" သူ ဘာသီခ်င္းဆိုမယ္ ထင္လဲ ဘုဏ္းေဇ "

" ငါ စိတ္မဝင္စားဘူး "

သည္အေျဖကို သူ႔ႏႈတ္က ခပ္မာမာထြက္လာေပမဲ့ ၾကားလိုက္ရသည့္ သံစဥ္ေၾကာင့္ သူ႔ႏွလုံးသားကေတာ့ အေဝးႀကီးက ေျပးလာရသူတစ္ဦးလို တုန္ရီေမာဟိုက္သြားရသည္။ ေနာက္ၿပီး ဂီတာတီးေနသူရဲ႕ မ်က္ဝန္းညိဳမ်ားက သူ႔ဆီ တည့္တည့္ၾကည့္ၿပီး ဆိုလာသည့္သီခ်င္းက ' လြမ္း ' တဲ့ေလ ။

♪ လြမ္း...ရင္ထဲလႈိက္လို႔ အတိတ္ကိုလြမ္း
လြမ္း...ရင္ထဲရွိတဲ့ ဒီဇာတ္လမ္း
ေႏြရာသီ ႐ြက္ေႂကြ
ေျမေပၚ ေျပးလႊားလို႔ လြင့္ေနစဥ္မွာ
သူ႔တစ္ေယာက္ကို သတိတရနဲ႔
တမ္းတလို႔ လြမ္းမိတယ္ေလ ♪

အသံကတစ္ဆင့္ တမ္းတလႈိက္ေမာမႈကို ၾကားရသည္။ အၾကည့္မွတစ္ဆင့္ ေတာင္းပန္တိုးလွ်ိဳးမႈကို ေတြ႕ရ၏။ ရွင္းသန႔္၏ လက္ေခ်ာင္းမ်ားက ဂီတာႀကိဳးကို တီးခတ္ေနတာ မဟုတ္ဘဲ သူ႔ရင္ဘတ္ေပၚ တ႐ြ႐ြေျပးလႊားေနသလို ဘုဏ္းေဇခံစားရသည္။ ဆက္မၾကည့္မိဖို႔ ႀကိဳးစားရင္းကပဲ တစ္ခုခ်င္းကို အေသးစိတ္လိုက္ၾကည့္မိျပန္၏ ။ ထိုအခ်ိန္မွာပဲ ဂီတာတီးေနသူက မ်က္ႏွာကို ေအာက္ငုံ႔ၿပီး မ်က္ရည္သုတ္တာကို ျမင္လိုက္ရသည့္အခါ သူ႔ရင္ထဲမွာလည္း စူးခနဲ ပူေလာင္ေအာင့္မ်က္သြားရသည္။

အခု ရွင္းသန႔္တည္က ငိုေနတာလား ။ လမ္းခြဲခဲ့သည့္ေန႔ကေတာင္ မ်က္ရည္တစ္စက္မက်ခဲ့သူက ။ သူငိုေနသည့္အခ်ိန္မွာေတာင္ ငိုရမည့္အ႐ြယ္မဟုတ္ေတာ့ဘူးဟု ေျပာထြက္သြားခဲ့သူက ။ အခုက် ေခါင္းငုံ႔ၿပီး မ်က္ရည္ခိုးသုတ္ေနတာတဲ့လား ။ သည္နည္းႏွင့္ သူ႔စိတ္ေတြ ေပ်ာ့ညံ့သြားေစခ်င္ပုံရသည္။ သည္နည္းႏွင့္ သူ႔ကို က႐ုဏာသက္ေစခ်င္ပုံရသည္ ။

အႀကိမ္ႀကိမ္ဆြဲထားသည့္ၾကားက ျဖဳတ္ခ်သြားသည့္ လက္တစ္စုံ ။ အတန္တန္ေတာင္းပန္ေနသည့္ၾကားက ထြက္သြားသည့္လူတစ္ေယာက္။ သူငိုခဲ့ရသည့္ ရက္ေပါင္းမ်ားစြာတုန္းကေရာ လာၿပီး က႐ုဏာသက္ေပးခဲ့လို႔လား ။

ဘုဏ္းေဇ သည္ေနရာမွာ ဆက္မေနခ်င္ေတာ့။ သည္သီခ်င္းကိုလည္း ဆက္နားမေထာင္ႏိုင္ေတာ့ ။ သူ မတ္တပ္ထရပ္ေတာ့ ေရာင္ရွိန္က ေမာ့ၾကည့္သည္။ ေနာက္ၿပီး ေခါင္းကိုျဖည္းညင္းစြာ ရမ္း၏ ။ ထိုစဥ္ ျမတ္မႉးခင္က လူေတြၾကားကထြက္လာၿပီး ရွင္းသန႔္ထံ ႏွင္းဆီပန္းတစ္ပြင့္ကမ္းေပးသည္။ ၿပဳံးၿပဳံး႐ႊင္႐ႊင္ႏွင့္ ေဘးနားကပ္ၿပီးလည္း တီးတိုးေျပာေသး၏။ ရွင္းသန႔္ကလည္း ထိုနည္းတူ ျပန္တုံ႔ျပန္သည္။ သူတို႔ ဘာေတြေျပာေနၾကလဲမသိ။ သိလည္းမသိခ်င္ေတာ့ပါ။ ဘုဏ္းေဇ ေက်ာခိုင္းၿပီးသာ ထြက္လာခဲ့ေတာ့သည္ ။

ဝန္ခံရလွ်င္ သူလည္း အတိတ္က အမွတ္တရေတြကို ရင္္ထဲက လႈိက္ၿပီးလြမ္းပါသည္။ သို႔ေသာ္ ပစၥဳပၸာန္မွာေတာ့ ျပန္မလိုခ်င္ေတာ့ပါ ။

Student cornerမွာ လူရွင္းသျဖင့္ ဘုဏ္းေဇ တစ္ေယာက္တည္း သြားထိုင္ေနခဲ့တာ ဆယ့္ငါးမိနစ္ေလာက္ ။ အေတြးေတြကေတာ့ ေတာင္စဥ္ေရမရ ။ တစ္ခါတရံ စစ္မႈထမ္းခဲ့ရသည့္ ေန႔ရက္ေတြ ျပန္သြားခ်င္သည္။ ျပင္းထန္လြန္းသည့္ ေလ့က်င့္ေရးေၾကာင့္ ခႏၶာကိုယ္ ပင္ပန္းဆင္းရဲမႈေတြ ရွိခဲ့ေသာ္လည္း ရင္ထဲက ဒဏ္ရာေတြေတာ့ သက္သာသလို ခံစားခဲ့ရခ်ိန္ေတြ ။

" အငယ္ေလး ဘယ္ထသြားလိုက္တာလဲ "

မမေဒဝီဆီက ဝင္လာသည့္ message ။

" လာၿပီ မမ "

မမက သူႏွင့္ရွင္းသန႔္အေၾကာင္းကို မသိခဲ့ေပမဲ့ သည္ႏွစ္ေတြထဲ သူ မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့တာကိုေတာ့ ရိပ္မိဟန္တူသည္။ အခ်ိန္ရလွ်င္ရသလို သူ႔ကို အေဖာ္လာလုပ္ၿပီး ဂ႐ုစိုက္ေပးတတ္၏ ။ မမေဒဝီ စိတ္မပူရေအာင္ သူလည္း အတတ္ႏိုင္ဆုံးႀကိဳးစားၿပီး ေကာင္းေကာင္းမြန္မြန္ ေနထိုင္ခဲ့ပါသည္။ သူ႔ရဲ႕တစ္ဦးတည္းေသာ အစ္မေလး။ လက္ထပ္ေတာ့မည္ဆိုေတာ့ ဝမ္းသာရသလို စိတ္ထဲမွာ နည္းနည္းေတာ့ ႏွေျမႇာမိသား ။

" ဦးဦး လူဆိုး ၊ ရမ္းဆိုးတယ္ ၊ ဘိုးနဲ႔လဲတိုင္မယ္ ၊ ဘြားနဲ႔လဲတိုင္မယ္ ၊ ေဖနဲ႔လဲတိုင္မယ္ ၊ ေမနဲ႔လဲတိုင္မယ္ ၊ တီပ်ံ႕နဲ႔လဲတိုင္မယ္ ၊ ကုန္လုံးနဲ႔ တိုင္ပစ္မယ္ "

ေတြ႕ဆုံပြဲရွိရာ ျပန္သြားေနသည့္လမ္းမွာ ေထာင့္ခ်ိဳးတစ္ခုကေန လႈပ္တုပ္လႈပ္တုပ္ ထြက္လာသည့္ ေဘာ္ဘီႏွင့္ ဘုဏ္းေဇထိပ္တိုက္ဆုံ၏ ။ ေဘာ္ဘီေလးက တရႈးရႈးျဖင့္ တစ္ခုခုကို စိတ္ဆိုးေနပုံရသည္။ ပါးစပ္ကလဲ ဘာေတြ႐ြတ္ေနမွန္းမသိ။

" ေဘာ္ဘီ "

" ဦးဦးဘုဏ္းေဇ "

" ဘာျဖစ္လာတာလဲ "

" ဦးဦးရွင္းရွင္းေပါ့ ၊ ဆလိပ္ေတြေသာက္ေနတယ္ ၊ ရမ္းဆိုးတယ္ "

" ဘာရယ္ "

" ဆလိပ္ေလ ဆလိပ္...ဟူး ဟူး "

လက္ေလးႏွစ္ေခ်ာင္းကို ပါးစပ္နားကပ္ၿပီး ႏႈတ္ခမ္းေလးကို စူေထာ္ကာ ေဆးလိပ္ဖြာသလို လုပ္ျပသည့္ပုံေလးက ခ်စ္စဖြယ္အတိ ။

" ဪ ... ေဆးလိပ္ "

" ဟုတ္ ...ဟိုဘက္မွာ ဦးဦးရွင္းရွင္း ဆလိပ္ေတြ မ်ားႀကီး ေသာက္ေနတယ္ ၊ တီပ်ံ႕က ေျပာတယ္ ၊ အဲဒါေတြက ေကာင္းဘူးတဲ့ ၊ လူဆိုးေတြမွ ေသာက္တာတဲ့ ၊ ဦးဦးရွင္းရွင္းကို တီပ်ံ႕နဲ႔ သြားတိုင္မို႔ ၊ အိမ္ေရာက္ရင္ ဘိုးတို႔နဲ႔လဲ ျပန္တိုင္မယ္ "

" ဪ "

ဪကလြဲၿပီး ဘုဏ္းေဇမွာ ျပန္ေျပာစရာမရွိ ။ တကၠသိုလ္တက္တုန္းက သူတို႔ေတြ တစ္ခါတရံ အရက္ေသာက္တတ္ၾကေပမဲ့ ေဆးလိပ္ေတာ့ ဘယ္သူကမွ် စမ္းမၾကည့္ခဲ့ၾကဖူးပါ ။ အခုေတာ့ ရွင္းသန႔္က ေဆးလိပ္ေတြပါ ေသာက္တတ္ေနၿပီေပါ့ ။

" သားသား သြားလိုက္ပါဦးမယ္ေနာ္ ဦးဦးဘုဏ္းေဇ ၊ ဒီကိစၥ ရမ္းေရးႀကီးေနလို႔ "

" အင္းပါ ...ျဖည္းျဖည္းသြား "

ေဘာ္ဘီေလးက ေခါင္းညိတ္ျပၿပီး သူ႔ေရွ႕ကေန ခပ္သြက္သြက္ထြက္သြားသည္ ။ ေနာက္ၿပီး တစ္ခုခု ေျပာစရာ က်န္ေသးပုံျဖင့္ သူ႔ဆီ ျပန္လွည့္လာျပန္၏ ။

" ဒါနဲ႔ ဦးဦးဘုဏ္းေဇက ဘုရင္ႀကီးျဖစ္မဲ့သူဆိုေတာ့ ဦးဦးဘုဏ္းေဇကိုလဲ တိုင္ရမွာေပါ့ ၊ သားသားဦးဦးကို ဆလိပ္ေတြ မေသာက္ဖို႔ ဆုံးမေပးပါဦးေနာ္ "

ေျပာခ်င္ရာေျပာၿပီး ထြက္သြားသည့္ ကေလးေလး၏ ေက်ာျပင္ကိုၾကည့္ရင္း သက္ျပင္းသာခ်မိသည္ ။ ဘုဏ္းေဇ ေရွ႕ဆက္သြားရမလား ၊ တစ္ေယာက္ေသာသူရွိရာ ေထာင့္ခ်ိဳးဘက္ကို ေကြ႕ရမလား ေျခလွမ္းေတြက ေဝခြဲမရ ။ သူ႔ဦးေႏွာက္က ေရွ႕ဆက္သြားဖို႔ ေစခိုင္းေနေပမဲ့ သူ႔စိတ္ကေတာ့ ေတြ႕ခ်င္ေနသည္။ ရွင္းသန႔္တည္ ေဆးလိပ္ေသာက္ေနသည့္ ပုံစံကို ။

ေျခလွမ္းကို ဖြဖြနင္းရင္း ျဖည္းျဖည္းခ်င္း ခ်ည္းကပ္သြားမိသည္။ ရွင္းသန႔္က ေကာ္ရစ္ဒါကို လက္ေထာက္ၿပီး ေခါင္းေမာ့ထားသည္။ မ်က္ႏွာအနီးတဝိုက္မွာ မီးခိုးေငြ႕ျဖဴျဖဴမ်ားက ဝဲလြင့္ေန၏။ အနီးကပ္မဟုတ္တာေတာင္ ေဆးလိပ္နံ႔က သူ႔ဆီအထိေရာက္လာသည္။တစ္ခ်ိန္က သူ သိပ္ျမတ္ႏိုးခဲ့ဖူးသည့္ လက္ေခ်ာင္းေတြၾကားထဲမွာ စီးကရက္မီးနီနီရဲရဲ ။

' ေဆးလိပ္ေတြေသာက္တတ္လာတယ္ ၊ မိန္းမေတြနဲ႔ ဖက္လွဲတကင္း လုပ္တတ္လာတယ္ ၊ အတတ္ေကာင္းေတြ တတ္လာတာ '

စိတ္ပ်က္စြာ ေရ႐ြတ္ရင္း ရွင္းသန႔္ကို ျမင္ရတာ ေဒါသထြက္သလိုလို ဝမ္းနည္းသလိုလို။ ခံစားခ်က္ကို တိတိက်က် အမည္ေပးလို႔မရ ။ ဘယ္လိုျဖစ္ျဖစ္ ဂ႐ုမစိုက္မိေအာင္သာ ႀကိဳးစားရမည္ ။ ဆုံးျဖတ္ခ်က္ႏွင့္အတူ ဘုဏ္းေဇ ေနာက္ျပန္လွည့္ခဲ့သည့္အခ်ိန္ ။

" မသြားပါနဲ႔ "

တားဆီးလိုက္သည့္ စကားတစ္ခြန္းေၾကာင့္ သြားလက္စ ေျခလွမ္းတို႔က တုံ႔ခနဲ ။

" မင္းအနားကို ငါ တိုးမလာပါဘူး ၊ မင္း တားထားတဲ့ စည္းအတိုင္း အနည္းဆုံး သုံးလွမ္းအကြာမွာပဲ ေနပါ့မယ္ ၊ ဒါေပမဲ့ ေက်းဇူးျပဳၿပီး မင္းဘက္က ငါ မျမင္ႏိုင္တဲ့ အကြာအေဝးထိေတာ့ မသြားလိုက္ပါနဲ႔ "

ျပန္လွည့္မၾကည့္မိေအာင္ ႀကိဳးစားရင္း သူ႔မ်က္ဝန္းမွ မ်က္ရည္တစ္စက္က ၾကမ္းျပင္ေပၚ က်ဆင္းသြားသည္ ။ ရွင္းသန႔္တည္က သူ႔ကို ငိုရေအာင္ လုပ္ျပန္ၿပီ ။

#PoPoPhoenix

♪လြမ္း - ခင္ေမာင္တိုး

*****

{ A/N - ေလာေလာဆယ္ Feb 9 ရက္ေန႔မွာ ျပန္ေတြ႕မယ္လို႔ မွတ္ထားေပးပါဦးေနာ္ ။ အေျပာင္းအလဲ ရွိခဲ့ရင္ ပိုပိုျပန္ေျပာပါ့မယ္ ။ ေစာင့္ဖတ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္ ။
အစစအရာရာ ဂ႐ုစိုက္ၾကပါေနာ္ ❤️ }

Continue Reading

You'll Also Like

204K 5.5K 38
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
401K 35.8K 29
တစ်နေ့မှာ 'သုနွယ်ဂုဏ်ချီ 'ဆိုတဲ့ လူခြောက်ကလေးက...လမ်းမှားပြီး 'တည်ကြည်ငြိမ်းချမ်း 'ဆိုတဲ့ ကောင်လေးရဲ့ အိပ်မက်ထဲကို ရောက်သွားသတဲ့ကွယ်... ....(14.1.202...
1.6M 88.2K 87
This is a work of fiction. Any names, characters or events are fictional.
135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...