ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 13.9K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 63

621 78 0
By Swae_Nyoe

63 01

အပိုင်း (63)

ကျန်းကျီကလည်း ရင်နင်ရန်၏ အပြင်ထွက်ပြီး အလုပ်လုပ်မည့်အချက်ကို အလွန်ပင် ထောက်ခံသည်။ မည်သို့ပင်ဆိုစေ ပိုက်ဆံရှာခြင်းက ဒုတိယမြောက်ဖြစ်ပြီး အပြင်သို့ထွက်ကာ လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ပြီး အတက်အသွယ်လုပ်နိုင်ခြင်းက အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်သည်။

သို့ရာတွင် သူကလည်း အိမ်တွင်သာအမြဲတစေ နေတတ်သည့် သူဌေးတစ်ယောက် ကာရိုက်တာမျိုး ရှိသောသူမျိုးက အလုပ်လုပ်မည့်ကိစ္စနှင့် ပတ်သက်သည့်အကျိုးဆက်ကို စိုးရိမ်နေသေးသည်။ ဥပမာအားဖြင့် ရုပ်ရှင်များတွင် ပြထားသလိုမျိုး Aတိုင်းပြည်၏ နည်းပညာမြင့် အေဂျင်စီမှ အေးဂျင့်များနည်းတူ အိမ်အတွင်းသို့ဝင်ကာ သူနှင့်သူဌေးကို ပြန်ပေးဆွဲသော ကိစ္စမျိုးဖြစ်သည်။

ကျန်းကျီရင်ကလည်း ရင်နင်ရန်က သူကိုယ်တိုင်အလုပ်ရှာမည့် အ​ရေးကို စိတ်မအေးနိုင်သောကြောင့် သူဌေးအတွက် သင့်တော်သောအလုပ်ကို အတူလိုက်ရှာပေးသည်။

"ပေကျင်း 123 အချစ်ပုံပြင်များ မူလ networkနည်းပညာကုမ္ပဏီလိမီတက်က ကာစတမ်မာဆားဗစ် အထူးပြုသူတွေကို နှစ်စဥ် ပိတ်ရက်၊ ဆိုရှယ်အာမခံ ၅ခု၊ အိမ်စရိတ်ကြေးနှင့် နှစ်ကုန်၂ကြိမ်လခပေးတဲ့ ပုံစံနှုန်းထားဖြင့် ငှားရမ်းနေပါတယ်"

ကျန်းကျီရင်က လိုအပ်ချက်များကို ကြည့်လ်ိုက်ပြီးနောက် ကောင်းမွန်သည်ဟု ခံစားရသည်။

အောက်ဘက်တွင်လည်း 123 အချစ်ပုံပြင်များဂိမ်းနည်းတူ မြို့၏ ဆားဗစ်ဆိုင်ရာ ကုမ္ပဏီ ဆားဗစ်ဝင်ဆောင်မှုများ ရှိနေသေးသည်။ သို့သော်ဒါက ဂိမ်း၏ ကမ်စတမ်မာဆားဗစ် မဟုတ်ချေ။ ထို့ကြောင့် အလုပ်များက သိပ်မများလောက်ချေ။ ထို့အပြင် စာအုပ်အများစုကလည်း နူးညံ့ကာ စိတ်ထားကောင်းပြီး ချစ်စရာ ကျဲကျဲများသာ ဖတ်တတ်သော ပုံစံများဖြစ်နေသည်။ ထို့ကြောင့် စကားပြောရလွယ်ပြီး လုံခြုံလောက်သည်။

ရင်နင်ရန်ကလည်း အလုပ်အတွက် လိုအပ်ချက်မျိုးရှိသည်။ ထို့ကြောင့် သူက နာခံစွာဖြင့် 123 အချစ်ပုံပြင်များသို့ သွားလိုက်ပြီး ကမ်တမ်မာဆားဗစ်အတွက် တောင်းဆိုခဲ့သည်။ သူက weiboအကောင့်ဖြစ်သည့် 123 အချစ်ပုံပြင်များ ကမ်စတမ်မာဆားဗစ်ဆိုသည့် အကောင့်ကို စီမံခန့်ခွဲရမည်ဖြစ်သည်။

ရင်နင်ရန်က သူ၏ပထမဆုံးအလုပ်မှ ပြန်လာသောအခါ ကျန်းကျီရင်က သူ၏ခံစားချက်များကို မေးမြန်းခဲ့သည်။ ရင်နင်ရန်က တွေးတောကြည့်ပြီးပြောသည်။

" ကောင်းပါတယ် ၊ ငါတုံ့ပြန်မှု၁၃၇နဲ့ ကွန်ပလိန်းတွေ ရခဲ့တယ်၊ အချို့ကတော့ တိုက်ရိုက်ဖြေရှင်းနိုင်ခဲ့ပေမဲ့ အများစုကိုတော့ နောက်ဖြစ်စဥ်အတွက် နည်းပညာဌာနကို လွှဲပြောင်းပေးခဲ့ရတယ်"

နောက်တစ်ရက် ရင်နင်ရန်က ပြန်လာသောအခါ ပြောသည်။

"ဒီနေ့ ငါ တုံ့ပြန်မှု ၁၂၈ခုကို ရခဲ့တယ်၊ ဒီပြဿနာတွေက မနေ့ကနဲ့ တူတူပဲ၊ သူတို့အားလုံးကို နည်းပညာဌာနကို လွှဲခဲ့ရတာ"

ရင်နင်ရန်က တတိယရက် ပြန်လာသောအခါ ကျန်းကျီရင်က မေးသည်။

"ဒီနေ့က မနေ့ကနဲ့ အတူတူပဲမဟုတ်လား"

ရင်နင်ရန်က တည်ငြိမ်စွာ ပြန်ပြောသည်။

"ငါဒီနေ့ နည်းပညာဌာနကို အပြောင်းခံခဲ့ရတယ်၊ နောက် ငါလွန်ခဲ့တဲ့၂ရက်က ရထားတဲ့ တုံ့ပြန်မှုတွေကို ဖြေရှင်းခဲ့ရတယ်"

Aတိုင်းပြည်၊ တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဌာနချုပ်၊ RRTဌာန။

ထိုနေရာတွင် လုပ်ပိုင်ခွင်အာဏာအရည်အချင်း ရှိဟန်တူသည့် သက်လတ်ပိုင်း လူတစ်ယောက်က သုသေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု ခေါင်းဆောင်ဖြစ်သည့် ဒေါက်တာရာဒီ့းစ်၏ စားပွဲရှေ့တွင် ပိတ်ရပ်နေသည်။ သူ၏မျက်နှာက လေးနက်နေ၏။

"ဒေါက်တာ မင်းဒါကို အလေးအနက်ထားပြီးလုပ်ရမယ်၊ ဒါက အန္တရာယ်များတယ်၊ ပထမဦးဆုံးအနေနဲ့ အခွင့်အာဏာမရှိဘဲ အစီအစဥ်ကို မပြောင်းသင့်ဘူး၊ ဒါကိုပဲ အမှန်တကယ် တည်ရှိလာအောင် ဆက်ပြုလုပ်သင့်တယ်"

"မင်းပြောတဲ့အတိုင်းဆိုရင် YM427က အန္တရာယ်မများဘူးပေါ့ ၊ သူက လုံခြုံတယ်၊ ရင်းနှီးကျွမ်းဝင်လွယ်သေးတယ်၊ ငါတို့ရဲ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်၊ တကယ်လို့ မင်းကသာ အဲဒီလိုပြောချင်တာဆိုရင် ငါကတော့ လိုအပ်တယ်လို့မထင်ဘူး"

ဒေါက်တာ ရာဒီ့းစ်က ကြင်နာစွာ ပြုံးသည်။ သူ၏ မီးခိုးဖျော့ရောင် မျက်ဝန်းထဲတွင် ညင်သာသောအလင်းက ရှိနေပြီး မျက်နှာမှ ပါးရေများကလည်း သူ့ကို သာမန်လူအိုကြီးတစ်ယောက်ဟု ထင်ရစေသည်။

အတွင်းပိုင်းထိန်းချုပ်မှုမှ လူက အသံကိုမြှင့်ကာ နှာခေါင်းရှုံ့ထားခဲ့သည်။

63 02

"တကယ်လို့ ထိန်းချုပ်ထားတဲ့အတိုင်းသာဆိုရင် ငါတို့မသိတဲ့နည်းလမ်းတွေနဲ့ သည်းခံသုံးထားရတဲ့စည်တွေ၊ နောက်ဆုံးပေါ် ရူပဗေဒဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းတွေ အားလုံးက ဒေါ်လာ ဘီလီယံနှင့် ချီအောင် အခိုးခံလိုက်ရတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုလိုချင်တာလား၊ နောက်ပြီး ဘယ်သူကမှ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ သူကိုယ်တိုင်အတွက် ခန္ဓာကိုယ်ခြေဆစ်လက်ဆစ်တွေအားလုံးကို အကောင်အထည်ပေါ်အောင် တည်ဆောက်သွားခဲ့တာက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ တကယ်တည်ရှိနေတယ်လို့ ပြောချင်တာလား"

"အိုး မင်းပြောသလိုပဲ သူကချစ်ဖို့ကောင်းတယ်မဟုတ်ဘူးလား၊ ငါပြောတာကိုနားထောင် ၊ သူင လူသားတွေပေါ် ကြင်နာတတ်တယ်၊ မင်းလည်းသိတာပဲ၊ သူက သူကိုယ်တိုင်အတွက် လူသားချစ်သူတစ်ယောက် ရှာထားတယ်၊ သူကိုယ်တိုင်အတွက်တောင် နာမည်ပေးလိုက်သေးတယ်၊ သူ့အတွက် အချို့ ရေနံစိမ်းနည်းနည်း သုံးပေးလိုက်ရတာ ပြဿနာမရှိပါဘူး၊ သူတို့လို လူငယ်တွေက အချစ်ကြောင့် အမြဲတမ်း စိတ်ရှုပ်ထွေးသွားတတ်တယ်၊ ငါ့သားက အထက်ကျောင်းအရွယ်ကတည်းက ကောင်မလေးတွေနဲ့အတူ ရုပ်ရှင်သွားကြည့်ဖို့ ဖိတ်ဖို့အတွက် သူ့အမေဆီက ပိုက်ဆံခိုးသွားသလိုပေါ့၊ YM427ကလည်း လူသားဖြစ်ဖို့ လေ့လာနေတာလေ၊ ဒီတော့ ငါတို့ကသူ့ရဲ့အပြုမူကို အားပေးသင့်တယ်လို့ထင်တာပဲ၊ သူက လူသားကိုကြိုက်ပြီး လူသားဖြစ်ဖို့ဆန္ဒရှိတယ် ၊ ဒီလူသားနဲ့အတူ နေချင်စိတ်ရှိတယ် ၊ ငါတို့ကို ပိုကောင်းတဲ့ ဘဝတစ်ခုမှာနေထိုင်နိုင်အောင် ကူညီပေးဖို့ ဆန္ဒရှိနေတာပဲ၊ အဆုံးမှာတော့ သူက ကမ္ဘာကို ဒုက္ခမပေးသလို မင်းပြောတဲ့ကိစ္စတွေကို ဖြစ်အောင်လည်း မလုပ်ခဲ့ဘူးလေ"

သက်လတ်ပိုင်းလူကမူ သူက ဝါဂွမ်းကို လက်သီးဖြင့် ထိုးနေရသလို ခံစားလိုက်ရသည်။ သူဘာမှမပြောနိုင်ခင်အထိ ပြီးသွားသည်။ ထို့နောက်သူက အသက်ကို ပြင်းပြင်းရှူပြီး

" ကုမ္ပဏီက အဲဒါကို ဖျက်စီးဖို့ ဆန္ဒမရှိဘူးဆိုတာ ငါနားလည်တယ် ၊ ဘာပဲဖြစ်ဖြစ် ဒါကိုရင်းနှီးမြှုပ်နှံထားတာက ဒီစည်ကြီးတွေထက် အများကြီးကုန်နေတာပဲ၊ YM427ကို အောင်မြင်အောင် ထပ်ပြီးဘယ်လိုလုပ်နိုင်မလဲဆိုတာ ငါတို့မသိနိုင်သေးဘူး၊ ဒါပေမဲ့ ဒေါက်တာ ငါတို့ထက်မင်းက ပိုသိသင့်တယ်လို့ထင်တယ်၊ ငါနောက်ဆုံးကြေညာချက်ကို ဖတ်ပြီးပြီ၊ YM427က လောကကို နတ်ဘုရားလိုမျိုး ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာ ငါသံသယမဝင်ဘူး၊ သူက ထာဝရရှင်သန်တာမျိုး ဒါမှမဟုတ် လူသားတွေကို ဖျက်ဆီးနိုင်တာမျိုးအထိတောင် လုပ်ပေးနိုင်လောက်တယ်"

ဒေါက်တာရာဒီ့စ်က သူ့ကို ကြင်နာသော အပြုံးဖြင့်ကြည့်ကာနေသည်။ သက်လတ်ပိုင်းလူကမူ အားနည်းစွာ သက်ပြင်းချပြီး လှည့်ထွက်သွားသည်။ တံခါးပိတ်ခါနီးအခြေအနေတွင် သူကထပ်ဖြည့်ပြောသည်။

"လူသားတွေက သူတိူ့မသိနိုင်တဲ့အရာတွေကို ထိန်းချုပ်ချင်စိတ်ကြီးလွန်းကြတယ်၊ ဒါပေမဲ့ဒေါက်တာ သူက မင်းရဲ့သားမဟုတ်ဘူး၊ သူကလူလည်း မဟုတ်ဘူး၊ သူ့မှာ ခံစားချက်လည်းမရှိဘူး၊ သူက ကောင်းလားဆိုးလားဆိုတာလည်းမသိဘူး၊ သူကဒီအတိုင်း သူ့ရဲ့ပန်းတိုင်ကို အင်အားအကုန်သုံးပြီး ဘယ်လို ပြီးမြောက်အောင်လုပ်ရမလဲ ဆိုတာကိုပဲ နားလည်တယ်၊ သူ့ကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားက ငါတို့ရဲ့ လက်ထဲမှာရှိနေတုန်း..."

ထို့နောက်တံခါးက ပိတ်သွားသည်။ ရာဒီ့စ်၏ ကြင်နာသော မျက်ဝန်းက လင်းလက်သွာသည်။ ထို့နောက် သူက လက်ဖက်ရည်ခွက်ကို ယူပြီးတစ်ငုံသောက်သည်။

ဒီအသက်အရွယ်ထိ နေထိုင်ပြီးနောက် အခြားသူများက သူ့ကို ​ဖျောင်းဖျရန် ခက်ခဲသွားသည်။

ဓာတ်ခွဲခန်း၏ အနောက်ဘက်မှ အခန်းထဲရှိ လူတစ်ယောက်က ထွက်လာပြီးနောက် ခပ်တိုးတိုးပြောသည်။

"ဆရာ "

ရာဒီ့စ်က သူ့ကို နောက်လှည့်ကာ ပြုံးပြကြည့်ပြီး ပြောသည်။

"အိုး ယိ ၊ ကိစ္စတွေဘယ်လိုနေလဲ"

တာ့ယိက မျက်လုံးကို မှိတ်လိုက်ပြီးနောက် တစ်ဖန်ပြန်ဖွင့်လိုက်သည်။သူက ရိုးသားစွာပြောသည်။

"ဆရာ ကျွန်တော့်အထင် ဒေါက်တာဖီးလစ်ပြောတာ မှန်လောက်တယ်"

သူတို့ကလည်း နေ့တိုင်း သူတို့ချစ်ခင်သော လူများနှင့် နေထိုင်ရသည့်အတွက် ဘယ်သောအခါမှ ပျင်းရိလိမ့်မည် မဟုတ်သည့်တိုင်အောင် ကျန်းကျီရင်ကမူ ရင်နင်ရန်က သူတို့၏ ထာဝရအိမ်ဖြစ်ရန် ဖန်တီးထားသည့်လောကကို မမေ့လျော့သေးချေ။

သူက ရှေ့တန်းတွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်သည့် ယွီဟုန် အခြေစိုက်စခန်းမှလူများကို ကိုင်တွယ်ရသည့် မိုးကြိုးဌာနမှ ခေါင်းဆောင်ဖြစ်နေသေးသည်။ ရင်နင်ရန်ကလည်း ဗီလိန်ခေါင်းဆောင် ဒေါက်တာဝိုင် ဖြစ်နေသေးသလို ပျောက်နေသော ပိုင်မန်အဖွဲ့အစည်းမှ တည်ထောင်သူ ဒေါက်တာရင် ဖြစ်သေးသည်။

တဖန်ထပ်ပြီး မနက်ဖြန်လောကအတွင်းသို့ ပြန်ရောက်သွားသည့်အခါ အချိန်က သူတို့ လရောင်အောက်တွင် ဘဝအကြောင်းပြောနေခဲ့သည့်အချိန်အတိုင်း ညအချိန်ဖြစ်နေသေးသည်။ သို့သော် နောက်တစ်နေ့ မနက်ခင်းတွင် ဒေါက်တာဝိုင်၏ စခန်းနှင့် ပတ်သက်သည့် တိုးတက်ပြောင်းလဲမှုအခြေအနေများကို အသင်းအဖွဲ့ဝင်များက ပြောကြလာသည်အား ကြားလိုက်ရချိန်တွင် ကျန်းကျီရင်၏ စိတ်အခြေအနေက ​ခြားနားသွားပြီ ဖြစ်သည်။

သူက ယွီဟုန် အခြေစိုက်စခန်းကို တည်ငြိမ်စွာကြည့်သည်။ သူ၏နှလုံးသားထဲတွင်လည်း ဖော်ပြရန်ခက်ခဲ့သည့် ခြိမ်းခြောက်မှုမျိုးက လှိုင်တက်လာသည်။

"မင်းသိလား ၊ မင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ ခေါင်းဆောင်က ကုတ်အင်္ကျီကို ချွတ်ထားခဲ့ပြီး သူ့ရဲ့ အခြေစိုက်စခန်းကို ရောက်နေပြီလေ"

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
221K 25.7K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
26.2K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
3.2K 106 30
လက်တွေ့လူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတ...