Unlimited Love

By NawMueGayPhaw

1.7K 110 12

๐Ÿ’™ แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€˜แ€แ€œแ€ฑแ€ธ แ€•แ€‘แ€™แ€†แ€ฏแ€ถแ€ธแ€›แ€ฑแ€ธแ€žแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธแ€–แ€ผแ€…แ€บแ€•แ€ซแ€แ€šแ€บ แ€…แ€ฌแ€›แ€ฑแ€ธแ€žแ€ฐแ€œแ€ฏแ€ถแ€ธแ€แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ€˜แ€ฐแ€ธแ€”แ€ฑแ€ฌแ€บ แ€€แ€ญแ€ฏแ€šแ€บแ€–แ€แ€บแ€แ€ปแ€„แ€บแ€แ€ฒแ€ทแ€•แ€ฏแ€ถแ€…แ€ถแ€œแ€ฑแ€ธ แ€€แ€ฑแ€ฌแ€€แ€บแ€›แ€ฑแ€ธแ€แ€ฌแ€•... More

โœฟ๏ธŽ 2 โœฟ๏ธŽ
โœฟ๏ธŽ 3 โœฟ๏ธŽ
โœฟ๏ธŽ 4 โœฟ๏ธŽ
โœฟ๏ธŽ 5 โœฟ๏ธŽ
โœฟ๏ธŽ 6 โœฟ๏ธŽ
โœฟ๏ธŽ 7 โœฟ๏ธŽ
โœฟ๏ธŽ 8 โœฟ๏ธŽ
โœฟ๏ธŽ 9 โœฟ๏ธŽ
แ€กแ€žแ€ญแ€•แ€ฑแ€ธแ€แ€ปแ€€แ€บแ€•แ€ซแ€”แ€ฑแ€ฌแ€บ
โœฟ๏ธŽ 10 โœฟ๏ธŽ
โœฟ๏ธŽ 11 โœฟ๏ธŽ
โœฟ๏ธŽ 12 โœฟ๏ธŽ
โœฟ๏ธŽ 13 โœฟ๏ธŽ

โœฟ๏ธŽ 1 โœฟ๏ธŽ

700 20 0
By NawMueGayPhaw


Part - 1
~~~~~~~~

သာယာသောရပ်ကွက်တစ်ခုအတွင်း စက်ဘီး ဘဲလ်သံ တစ်သံ ဆူညံစွာထွက်ပေါ်လို့လာပါတယ်

ကလင်.....ကလင်....ကလင်...🚲

"ဟာ..ဟေ့ ကောင်မလေး ဘယ်လ်ိုတောင်စက်ဘီးမောင်းနေတာလဲ.."

"ဟာ..ဒီကလေးမကတော့ဟယ် နေ့တိုင်းပါဘဲ.. "

" ပန်ပန်တယောက်နောက်ကျပြန်ပြီဟေ့ ဟားဟားး "

" ဖြည်းဖြည်းနင်းပါ ပန်ပန်ရယ် နေ့တိုင်းအရိုက်ခံရတာဘဲကို ဘယ်လောက်တောင် အိပ်ပုတ်ကြီးနေတာတုန်းး "

အနောက်ကဆူညံသံတွေကြောင့် အဖြူအစိမ်းဝတ်ထားသော၇တန်းကျောင်းသူလေး ရှင်ကောင်းပန်း တစ်ယောက် စက်ဘီးစွတ်နင်းရာမှ ပြန်လှည့်ကြည့်ရင်း

" ဆောတီးပါဦးဦးတို့ဒေါ်ဒေါ်တို့ရယ် ပန်ပန် ဒီနေ့လည်း အိပ်ယာထနောက်ကျလို့ပါနော် ဟီးး "

" ညည်းနှယ့်အေ ဘယ်တုန်းကအိပ်ယာထစောဖူးလို့တုန်း "

"ဆောတီးပါ တီတီလှရယ် တကယ်နောက်ကျနေလို့သွားပြီဗျို့..."

ပန်ပန်တစ်ယောက် မုန့်ဟင်းခါးဆိုင်ကနေလှမ်းပြောတဲ့ တီတီလှကို အော်ပြောရင်း ဆက်နင်းလာခဲ့သည်။

ပန်ပန် ..ပန်ပန့်နာမည်အရင်းက ရှင်ကောင်းပန်း မိဘက ဦးကောင်းဇင်ယံ နဲ့ ဒေါ် မေပန်း
တစ်ဦးတည်းသောသမီးဖြစ်ပြီးတော့ ပန်ပန့်မှာ အခင်ဆုံးအချစ်ဆုံးစိတ်တူကိုယ်တူသူငယ်ချင်းညီအစ်မ တစ်ယောက်ရှိတယ် သူ
ကလည်းတစ်ဦးတည်းသောသူ​ဌေးသမီး မောင်နှမတွေမရှိတော့ ဖူးနဒီသွယ် ခေါ် ဖူးဖူးနဲ့ပန်ပန်ဟာ ခွဲမရပေါ့ ဖူးဖူးမိဘတေလည်း ပန်ပန့်ကို သူတို့သမီးအရင်းလို ချစ်တယ် နှစ်အိမ့်တစ်အိမ်ပေါ့ ဖူးဖူးတို့အိမ်ကသူဌေးရပ်ကွက်မာဆိုတော့ ကျောင်းလာရင် ပန်ပန်တစ်ယောက်ထဲပေါ့ အရင်ကသူငယ်ချင်းတွေအများကြီးရှိခဲ့ပါတယ် နောက်ကျမှ ထိုသူငယ်ချင်းတွေရဲ့အကြောင်းကိုသိခဲ့ရတယ် နောက်ကွယ်မှာ မိမိကိုတစ်ကယ်ခင်မင်တာမဟုတ်ဘဲနဲ့ အနိုင်ကျင့်တယ်လို့မ​ပြောရုံတစ်မယ် အနုနည်းနဲ့ သူငယ်ချင်းလိုမျိုး လိုသုံးသဘောမျိုးခိုင်းရုံလောက် ထားတယ်ဆိုတာကိုပေါ့ အဲ့ဒီနောက် သူတို့ခိုင်းတာတွေသာ လုပ်ပေးဖြစ်ပြီး မပေါင်းဘဲ ကိုယ့်ဘာသာကိုယ်နေတတ်လာတယ်။ ကျောင်းပြောင်းလာတဲ့ ဖူးဖူးမရောက်ခင်ထိပေါ့။

"ကဲ သားတို့သမီးတို့ ဒီမှာ မင်းတို့သူငယ်ချင်းအသစ်ရောက်လာတယ် ခုမှကျောင်းပြောင်းလာတာမို့ အစစအရာရာ သူငယ်ချင်းကို ကူပေးရမယ်နော် ဟုတ်ပြီလာ "

"ဟုတ်ကဲ့ပါ ဆရာမ"

"မိတ်ဆက်လိုက်ပါအုန်းသမီး"

"အားလုံးဘဲ ငါ့နာမည်က ဖူးနဒီသွယ် ဖူးဖူးလို့ခေါ်လို့ရပါတယ် ခုမှကျောင်းပြောင်းလာတာမို့ ကူညီကြပါအုန်းနော်"

"ကဲ သမီးနောက်ဆုံးတန်းက ပန်ပန်တို့အတန်းက၃ယောက်ဘဲရှိတယ် အဲ့မာသွားထိုင်နော် ရတယ်မလာ"

"ဟုတ်ကဲ့ ရပါတယ် ဆရာမ"

ဖူးဖူးလည်းဆရာမပြောတဲ့အတန်းကိုလျှောက်သွားပြီး ပန်ပန်လို့ခေါ်တဲ့ကောင်မလေးဘေးမှာထိုင်လိုက်တယ်။

"ဟိုင်း ပန်ပန် မလာ ငါ့နာမည် ဖူးနဒီသွယ်ပါ ဖူးဖူးလို့​ခေါ်လို့ရတယ် ခင်မယ်နော် "

ပန်ပန်မှာလည်း ကျောင်းသူသစ်လေးကအရင်မိတ်ဆက်တော့

"အင်းပါ ဖူးဖူး"

"ကဲ သားတို့သမီးတို့ စာအုပ်ထုတ် မနေ့ကအဆက်ပြန်စမယ် "

ဆရာမစာသင်နေပြီဖြစ်လို့ဖူးဖူးလည်း စာအုပ်ထုတ်ပြီး စာသင်နေလိုက်တယ်။

နေ့ခင်းထမင်းစားဆင်းတော့ ထုံးစံအတိုင်း ဧပရယ်တို့အဖွဲ့က မုန့်ဝယ်ပေးဖို့ခိုင်းလာတော့တယ်။

"ဟဲ့ပန်ပန် ခါတိုင်းမုန့်ဘဲဝယ်ခဲ့နော် ငါတို့ထမင်းစားပြီးရင်အဆင်သင့်စားရအောင်လို့"

ပန်ပန့်မှာဘာမှမပြောတော့ဘဲ ဧပရယ်ပေးတဲ့ပိုက်ဆံကိုယူမို့လက်လှမ်းလိုက်ရာ ဖူးဖူးကကြားကပင် ထိုပိုက်ဆံကိုယူပြီးဧပရယ့်ကို ပြန်ပစ်ပေးလိုက်တယ် ပါးစပ်ကနေလည်း

"ဟဲ့ နင်တို့စားမှာ နင်တို့သွားဝယ်လေ ဘာကိစ္စ ပန်ပန့်ကိုခိုင်းရတာလဲ"

ဧပရယ့်ဘေးကသူငယ်ချင်း​တွေက

"ဒီမှာကျောင်းသူသစ် မသိဘဲဘာ့လာမပြောနဲ့ ငါတို့ကို သူဝယ်ပေးနေကျ"

"အေးလေ သူတောင်ဘာ့မပြောတာ နင်ကကြားထဲ ဘာဝင်နာနေလဲ"

"ဟဲ့ သွားဝယ်လေပန်ပန်"

" ဒီမှာ အရင်က သူဝယ်ပေးရင်ဝယ်ပေးမယ်ခုတော့ မရတော့ဘူး ပန်ပန်က ငါ့သူငယ်ချင်းဖြစ်သွားပြီ ဒီ​နေ့ကစပြီး သူ့ကိုခိုင်းချင်တိုင်းခိုင်းလို့ရမယ်မထင်နဲ့ "

ဖူးဖူးရဲ့အပြောကြောင့်ဧပရယ်တို့လည်း ခံပြင်းဒေါသထွက်ပြီး ကိုယ့်အတန်းရှိရာပြန်လာလိုက်တယ်။

"ကျေးဇူးပါ ဖူးဖူး ငါလည်းအများနဲ့တစ်ယောက်ဆိုတော့ သူတို့ရဲ့အလိုကျပေါ့ "

"ရပါတယ် ပန်ပန်ရာ နောက်ခါလာခိုင်းရင်ငါ့ပြောသိလာ နင်နဲ့ငါက သူငယ်ချင်းတွေဖြစ်ပြီလေ ငါ့သူငယ်ချင်းကိုလာထိ မီးပွင့်သွားမယ် ခစ်ခစ်"

"ခစ်ခစ်"

ထိုနေ့ကစဒီနေ့ထိ ပြောမနာဆိုမနာ သူငယ်ချင်းညီအစ်မအရင်းထိကို ဖြစ်လာတယ်။

ကျောင်းရောက်တော့ ကျောင်းပေါက်ဝရှေ့မှာ ၉တန်းလာ၁၀တန်းလာမသိ အစ်ကို၃ ယောက်အစ်မ၁ယောက်ကလွဲပြီး ဘယ်သူ့မှမကျန်တော့။
နိုင်ငံတော်သီချင်းတောင်ဆိုနေပြီ ကျောင်းနဲ့ကျောင်းပေါက်ဝက တော်တော်လေးလှမ်းတယ် ကျောင်းပေါက်ဝကဝင်တာနဲ့ လမ်းလေးကဖြောင့်ဖြောင့်လေး ဘေးတစ်ဖက်တစ်ချက်ဆီ မလေးရှားပင်ကြီးတွေညီညီညာညာလေးစိုက်ထားတယ် အရမ်းလှတဲ့လမ်းလေးပေါ့။

"ဟာ..သွားပါပြီဟယ် ဒီနေ့က တံခါးတောင်ပိတ်ပြီ ဟူးးး အဲ့တီတီလှတို့ကြောင့်ပေါ့ ဟွန့် "

နှုတ်ခမ်းဆူထားရင်း ပွစိပွစိပြောသောကောင်မလေးတယောက်ကို ဇိုင်းကောင်းကင်မာန် တစ်ယောက် အသက်ရှုမှား​လောက်အောင်
မျက်တောင်မခတ် စိုက်ကြည့်ပြီး

>တစ်စိတ် ဒီကောင်မလေး ဘယ်လိုတောင်ချစ်ဖို့ကောင်းနေရတာလဲ တစ်ဖြောင့်တည်းရှိပြီးမည်းနက်သော ​မျက်ခုံးမွှေး ရှည်လျားကော့ညွှတ်သော မျက်တောင်မွှေး စင်းနေသောနှာတံ ပါးဖောင်းဖောင်းလေး ဆံပင်ဂုတ်ဝဲလေးနဲ့ အပြစ်ကင်းစင်တဲ့မျက်လုံး ပွစိပွစိပြောနေသော နှုတ်ခမ်းလေး ဆံပင်ဂုတ်ဝဲလောက် အရပ်က မိမိရင်ဘက် သာသာလေး အဟက် ရင်ခွင်မှီလေးပေါ့ မိမိအတွေးနဲ့မိမိ ကြည့်နေတုန်း<

အာကာပိုင်တစ်ယောက် မိမိတို့နှင့်စကားပြောရင်း skyတစ်​ယောက် ​တိတ်သွားသလိုခံစားရတာကြောင့်ကြည့်မိတော့ ဒင်းက စက်ဘီးကို ကိုင်ထားရင်းပွစိပွစိပြောနေသော ကျောင်းသူ ကောင်မလေးတယောက်ကို မျက်တောင်မခတ် ဘဲ အသက်တောင်မရှူတော့သည်အထိကြည့်နေခြင်းပင်

"ဟျောင့် ကိုဖြိုးနဲ့ရွှန်းလဲ့ ဟိုကောင့်ကိုကြည့်အုန်း အသက်တောင်ရှိသေးရဲ့လာ "
တစ်ဆက်တည်းပင် အော်ပြောလိုက်သည်က

"ဟေ့ sky အသက်ရှူပါအုန်းဟ "လို့ပင်

ရွှန်းလဲ့လည်း အာကာပိုင်အပြောကြောင့် ကြည့်မိတော့ အံ့သြသွားတယ် ဇိုင်းယံရဲ့ဒီလိုအကြည့်မျိုးကိုဘယ်တုန်းကမှမမြင်ခဲ့ဖူးပါ အိမ်မာဆို မိဘစကားနားမထောင်တဲ့ကောင်လေး အရင်ကျောင်းမာဆို ရန်ဖြစ်ပြီးဆိုးသွမ်းတဲ့ထိ ဆိုးတဲ့သူပါ ခုလည်းမိဘရဲ့ ကိုယ်ပိုင်ကျောင်းမာ မိဘတွေတောင် ထိန်းမနိုင်လို့ အပြစ်ပေးတဲ့အနေနဲ့ ကျောင်းပြောင်းလာရခြင်းပေ။မိမိတို့လည်း ကိုယ့်သူငယ်ချင်းနဲ့ကျောင်းအတူတက်ချင်လို့ တစ်ခါတည်းပြောင်းလာခြင်း။ ပထမဆုံးပြောင်းလာတဲ့နေ့မာဘဲ skyတယောက် ထုံးစံအတိုင်း အိမ်ကိုသောင်းကျန်းနေတုန်း အတင်းဆွဲခေါ်လာရခြင်း။ကျောင်းတောင်နောက်ကျသည်လေ ကျောင်းပေါက်ဝမာ ရပ်စောင့်နေတုန်း အာကာပိုင်ပြောလို့ကြည့်မိရာက ဇိုင်းယံရဲ့နူးညံ့မှုအပြည့် မြတ်နိုးခြင်းပါဝင်သောအကြည့် ကို မြင်ရခြင်း။ မိမိတို့ခင်လာတဲ့သက်တမ်းတစ်လျှောက် ဒီလိုအကြည့်မျိုး မြင်ရဖို့ဝေးစွ အားနေ စိတ်တို ဒေါသထွက် ရန်ဖြစ် မိဘအလိုလိုက်ထားတော့ ဆိုးသွမ်းချင်တိုင်းဆိုးသွမ်း ဒါပေမဲ့ ကောင်မလေးဆိုလို့ မိမိတစ်ယောက်တည်းသာခင်တဲ့သူ မိန်းကလေးတွေကို စိတ်မဝင်စားဖူးလို့ပြောဖူးသူ ထိုသူသည် ယခု ကိုယ့်ထက်ငယ်သည့်ကောင်မလေးတစ်ယောက်ကို ဒီလိုမျိုး ကြည့်နေသည်တဲ့လာ

skyတယောက် မျက်မှောက်ကျုံ့ပြီးမိမိကို ကြည့်လာသည်ကြောင့် အာကာမှာပါးစပ်လေးကိုပိတ်လိုက်ရသည် မပိတ်လို့လည်းမရ ဒီကောင့်အကြောင်းသိသည်လေ မထင်ရင်မထင်သလို အလုပ်ခံရသည်ကများပြီကို နှောကျေနေပြီ ဟီးးး

ခလေး ကိုကြည့်နေတုန်း အာကာရဲ့ အာဗြဲသံနဲ့ အော်ပြောလာတာကြောင့် မိမိပါမက ခလေးပါကြားသည်ထင် ခန္ဓာကိုယ်လေးတုန်တက်သွားသယောင် >ခလေးရယ် အသည်းနုလှချည်လာ ဒီလူသားက ခပ်ကြမ်းကြမ်းနဲ့ဟုတ်နေပြီ စိတ်ချပါ ခလေးကိုအနှောက်အယှက်ဖြစ်စေတဲ့သူမှန်သမျှ ကိုယ်ဖြေရှင်းပေးမယ်< ဟူ၍ပင် စိတ်ထဲ၌ ကတိပေးလိုက်သည်။
ခုတော့စပ်ဖြဲဖြဲနဲ့ဖြစ်နေသောကောင်ကို

"မင်းမေ..ဖြစ်လို့ အော်နေရလာ ခွေးသားရဲ့"

"ဟဲ..ဟဲ မင်းကလည်း "

ဝတ္ထုစာအုပ်ဖတ်နေသော ဖြိုးဉာဏ်လင်းနဲ့ရွှန်းလဲ့ကပင်

" ကဲပါ..မင်းတို့ကလည်း လာ ဝင်လို့ရပြီဝင်မယ် "

"လာပါဟယ် ဇိုင်းယံရယ် အာကာ့အကြောင်းကိုနင်လည်းသိရဲ့သားနဲ့"

အာကာ့ကိုဘုကြည့်ကြည့်ရင်းနဲ ရွှန်းလဲ့ခေါ်ဆောင်ရာနောက်လိုက်သွားလိုက်သည်။

ပန်ပန်မှာ ဝင်လို့ရမည့်ချိန်ထိစောင့်စားနေတုန်း အစ်ကိုတယောက်ရဲ့အော်ပြောသံကြောင့် လန့်သွားရသည်။ ကြည့်လိုက်တော့ ကျောင်းလမ်းကိုမျက်နှာမူထားတာဖြစ်လို့ အရပ်ရှည်ရှည်အစ်ကို၃ယောက်နဲ့အတူ တင်ပါးနားထိရှည်​သော ဆံပင်ကို မြှောက်ချီထားတဲ့ အရမ်းလှပမယ်လို့ထင်ရသောမမတို့ကို မြင်လိုက်ရတယ် အော်ပြောတဲ့အစ်ကို ကို ပြန်ဆဲတဲ့အသံနဲ့အတူ ဝင်လို့ရပြီဖြစ်လို့ ဆဲတဲ့အစ်ကို ကိုဆွဲသွားသော အစ်မရယ် ရယ်သံနဲ့လိုက်သွားသော အစ်ကိုတယောက်ရယ် စာအုပ်တစ်အုပ်ကိုဖတ်၍ ရှေ့က၃ယောက်နောက်လိုက်သွားသောအကိုတို့ရဲ့ကျောပြင်ကိုသာ မြင်လိုက်ရလေသည်။

Continue Reading

You'll Also Like

4.7K 117 13
#Unicode Sunshine In The Rain (แ€™แ€ญแ€ฏแ€ธแ€›แ€ฑแ€‘แ€ฒแ€€ แ€”แ€ฑแ€›แ€ฑแ€ฌแ€„แ€บแ€แ€ผแ€Šแ€บแ€œแ€ฑแ€ธ) "แ€กแ€ฌแ€ธแ€œแ€ฏแ€ถแ€ธแ€€แ€ญแ€ฏ แ€†แ€”แ€ทแ€บแ€€แ€ปแ€„แ€บแ€•แ€ผแ€ฎแ€ธ แ€€แ€ญแ€ฏแ€ทแ€€แ€ญแ€ฏแ€›แ€ฝแ€ฑแ€ธแ€‘แ€ฌแ€ธแ€แ€ฌ" -แ€”แ€ฑแ€แ€ผแ€Šแ€บแ€žแ€…แ€นแ€…แ€ฌ "แ€€แ€ญแ€ฏแ€šแ€บแ€€ แ€กแ€ฏแ€ถแ€ทแ€™แ€พแ€ญแ€ฏแ€„แ€บแ€ธแ€แ€ฒแ€ทแ€›แ€ฌแ€žแ€ฎแ€ฅแ€แ€ฏแŠแ€™แ€ญแ€ฏแ€ธแ€›แ€ฑ...
2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.3M 69.6K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...
71.7K 766 19
โ› ๐™Ÿ๐™ช๐™จ๐™ฉ ๐™ž๐™ข๐™–๐™œ๐™ž๐™ฃ๐™š โœ louis partridge x reader imagines the most cringiest imagines ever -bttrcups 2022 reqs are still open!