ဝမ်ချန်းမတိုင်မီခမည်းတော်မင်းကြီးလက်ထက်
တရားစီရင်ရေးဌာန
"ဘာပြောတယ် ချင်နိုင်ငံကုန်သည်ဆီကဆန်တွေအခိုးခံရတာတိုင်ကြားထားဟုတ်လား"
"ဂျိုဆွန်းမျိုးရိုးနိမ့်အစေခံထဲကလိုမျက်မြင်တွေ့ခဲ့တဲ့သူတွေကပြောခဲ့တာပါ
ဒါပေမဲ့လူကြီးမင်း သူခိုးကအုပ်စုလိုက်ပါ တစ်ယောက်တည်းမဟုတ်တာတော့သေချာသဘောပါပဲ ပြီးတော့လူငယ်ဖြစ်ပြီးခန္ဓာကိုယ်ကအတော်လေးပေါ့ပါးတယ်လို့ပြောပါတယ်"
ချင်နိုင်ငံနဲ့စစ်ဖြစ်ထားတာမကြာသေးခင်ကာလကမှဖြစ်သည်
ဒီလိုမျိုးတိုင်ကြားခံရမှုအတွက်ဆိုရင် တရားခံကိုဖမ်းပေးပြီးချင်နိုင်ငံတိုင်ကြားသူလက်ထဲသေသေရှင်ရှင်ဆိုပြီးလက်လွှဲယူပေးမှသာနှစ်နိုင်ငံကြားရန်မီးပွါးတွေဖြစ်ပေါ်လာခြင်းကိုတားဆီးနိုင်မည်
"တရားခံကိုရှာရမယ် မရှာနိုင်လို့မင်းကြီးဆီရောက်သွားခဲ့ရင်ဂျိုဆွန်းကချင်နိုင်ငံရဲ့လက်အောက်ကိုရောက်သွားနိုင်တာမို့လို့ ဘယ်လိုနည်းပဲသုံးသုံးရှာကိုရှာရမယ်"
"ဟုတ်ကဲ့ပါ လူကြီးမင်း"
တရားစီရင်ရေးဌာနကအရာရှိတွေရဲ့စကားကိုဝမ်ချန်းအကွယ်တစ်နေရာကနေချောင်းပြီးနားထောင်နေသည်
တရားခံကိုတိုင်ကြားတာဆိုရင်သူတို့တိုင်ကြားတာကရှင်းဖြစ်နိုင်တာပဲ
ပြဿနာတက်ပြီ
ဝမ်ချန်းတရားစီရင်ရေးရုံးကနေလှစ်ကနဲပြေးထွက်သွားသည်
မင်းသားတစ်ယောက်ဖြစ်ပေမဲ့နန်းတော်ထဲမှာပညာသင်ကြားရခြင်းမျိုးမဟုတ် ဝမ်ချန်းကမိဖုရားခေါင်ကြီးမှဖွားမြင်တဲ့မင်းသားကြီးဖြစ်သည်
မင်းကြီးရဲ့မိဖုရားအငယ်တွေနဲ့အဆင့်နိမ့်ကြင်ယာတော်တွေရဲ့သားတော်တွေကတော့နန်းတော်ထဲကရှီဂန်ဝန်းဆိုတဲ့စာသင်ဆောင်မှာပညာရှိမူးမတ်ပေါင်းများစွာနဲ့ပညာရပ်တွေကိုအထူးပြုသင်ကြားလျက်ရှိပြီးအိမ်ရှေ့စံမင်းသားအရိုက်အရာကိုအရယူကြဖို့ရန်အတွက်ပြိုင်ဆိုင်နေလျက်ရှိ၏
ဒီအထဲတွင်တော့ဝမ်ချန်းမပါဝင်ဘဲ မင်းသားကြီးဖြစ်လျက်နှင့်နိုင်ငံအရပ်ရပ်ကမင်းသားငယ်လေးများနှင့်သခင်လေးများသာပညာသင်ကြားခွင့်ရှိတဲ့နေရာမှာသာအခြံအရံမပါဘဲ သာမန်သခင်လေးတစ်ယောက်လိုသာနေထိုင်လျက်ရှိသည်
ဝမ်ချန်း၏ခမည်းတော်သည်ပုန်ကန်မှုဖြစ်ပေါ်လိမ့်မယ်ဆိုသောနက္ခတ်ပညာရှင်များ၏ အတိတ်နိမိတ်စကားကြောင့် နန်းတွင်းထဲရှိမင်းသားငယ်လေးတွေကအစ ကိုယ်ခံပညာသင်ယူခွင့်ကိုပိတ်ပင်ထားသည်
ချင်နိုင်ငံနဲ့စစ်ဖြစ်ပြီးအချိန်မှာမင်းကြီးကဝမ်ချန်းနဲ့မယ်တော်ကိုဓားစာခံအဖြစ်နယ်စပ်သို့စေလွှတ်စေခဲ့ပြီး ဝမ်ချန်းရဲ့မယ်တော်မိဖုရားခေါင်ကြီးသည် ချင်နိုင်ငံရဲ့ဖိအားတွေကြောင့်နတ်ရွာစံရှာသည်
အဲ့ဒီ့တုန်းကဝမ်ချန်းကအတော်ငယ်ပါသေးသည် ကျောက်ရောဂါတွေဖြစ်တဲ့အချိန်မှာနန်းတော်ကိုပြန်လာဖူးပြီးယခုနှစ်နိုင်ငံချစ်ကြည်ရေးရပြီးကာစတွင်မင်းကြီးကပုန်ကန်မှုဖြစ်ပေါ်တာကိုတားဆီးဖို့အတွက်မင်းသားကြီးဖြစ်တဲ့ဝမ်ချန်းကိုနန်းတွင်းထဲကရှီဂန်ဝန်းမှာပညာသင်ခွင့်မပေးမဝင်ခဲ့ဘဲနန်းပြင်မှာသာပညာသင်ကြားစေခဲ့သည် ဒါတွေကပဲဝမ်ချန်းကိုပိုပြီးသန်မာစေလာတာဖြစ်၏
စာသင်ကျောင်းကိုရောက်တဲ့အခါဝမ်ချန်းကယူရှင်းကိုအရင်ရှာသည်
"ရှင်း...ယူရှင်း...မင်းဘယ်မှာလဲ"
"မင်းသား ဒီမှာလေ တက်ခဲ့"
ရှင်းကိုမြင်ချင်လျှင်အပေါ်ကိုကြည့်မှတွေ့မည်
အခုလည်းမျောက်တစ်ကောင်လိုစာသင်ကျောင်းထဲကအပင်ပေါ်တက်နေတာမျိုးမို့လို့ဝမ်ချန်းကဘာမှမပြောဘဲသစ်ပင်ကသစ်ကိုင်းကိုခဲလုံးကြီးကြီးနဲ့ကောက်ပေါက်ဖို့လုပ်မှရှင်းကဆင်းလာ၏
"မင်းသားကလည်းစိတ်ကြီးပဲ"
"မင်းကိုကုန်သည်ဘက်ကတိုင်ထားတယ် ရှင်း ကိုယ်ခံပညာတတ်တဲ့သူမှန်းသိပြီးတိုင်ထားတာမို့ သတိထား ငါအခုပဲတရားစီရင်ရေးဌာနကနေကြားလာတာ"
"ဗျာ ဟိုချင်နိုင်ငံကကုန်သည်ကလေ ဟာ ဟိုကောင်လေးမြင်သွားတာ"
"ဘယ်ကောင်လေးလဲ"
ရှင်းကိုယ့်နဖူးကိုယ်ရိုက်လိုက်သည်
သွားပြီကွာ အဲ့ဒီ့ကောင်လေးမြင်သွားတာ
"အရိုင်းအစိုင်းချင်သွေးပါတဲ့မျိုးမစစ်ကောင်လေး"
ကျူးကျော်ကောင်ချင်နိုင်သံသွေးပါလာထဲကမုန်းစရာကောင်းတာ
ငါ့ကိုများတိုင်ရတယ်လို့
"ငါတို့ဘယ်လိုလုပ်မလဲရှင်း ပြဿနာတတ်နေပြီ ခမည်းတော်ဆီရောက်သွားရင်ပိုဆိုးလိမ့်မယ်"
ယူရှင်းခေါင်းတွေပါကုတ်ကုန်သည်
ဒီလောက်ကြီးကျဖြစ်လာမယ်မှန်းသိပေမဲ့ တရားစီးင်ရေးဌာနကိုတက်တိုင်တာတော့ခက်ခဲသွားပြီမလား ပြီးတော့လည်းကိုယ်ခံပညာတတ်ထားတဲ့လူငယ်ဆိုပြီးတိုင်ထားတာ
အဖေဖြစ်သူအမတ်ချုပ်ကြီးသိရင်ဇက်ပြတ်မဲ့ကိန်းရှိသည်
ရှင်း သူတော့သေပြီထင်၏
"ဝမ်ချန်းမင်းသားနဲ့ယူရှင်း အမြန်လာပါ ကျောင်းသားအသစ်တဲ့"
ကျောင်းသားထဲကအငယ်ဆုံးသခင်လေးကနေပြီးအကွယ်တစ်နေရာကထွက်လာလျက်နှစ်ယောက်လုံးကိုအတင်းလက်ဆွဲခေါ်သွားသည်
အသက်က၁၀နှစ်သားလောက်သာရှိဦးမည် ဒါပေမဲ့ပညာကလည်းတန်းတူသင်ယူနေရတာမို့ညီငယ်လေးတစ်ယောက်လိုဖြစ်နေတာကြောင့် အရေးကြီးကိစ္စတိုင်ပင်နေတာတောင်ဘာမှမပြောရက်ပဲလိုက်လာလိုက်သည်
စာသင်ဆောင်ရဲ့ဂိတ်တံခါးဝကိုရောက်လေပြီ
အဝင်ဝမှာဆရာကြီးနှစ်ယောက်လည်းရှိတာမို့ဝမ်ချန်းနဲ့ရှင်းကအရိုအသေပြုလိုက်၏
ပြီးတော့ဘေးနားမှာသာကပ်ပြီးစာသင်သားအသစ်ကိုထွက်ကြိုနေ၏
ဘယ်နိုင်ငံကမင်းသားမို့လို့အရေးတယူထွက်ကြိုနေရတာပါလိမ့်
"လာပြီလာပြီ"
ဆိုတဲ့အငယ်ဆုံးကျောင်းသားလေးဆီကစကားသံလေးထွက်လာတဲ့အခါအကုန်လုံးကဂိတ်တံခါးဝကိုချောင်းနေကြသည်
ရှင်းကတော့မပါ သူ့အပူနဲ့သူခေါင်းတွေရှုပ်နေ၏
ဝေါယာဉ်တစ်ခုစာသင်ကျောင်းရှေ့မှာရပ်ထားတာတွေ့သည်
ဝေါယာဉ်နဲ့တောင်လာရတယ်ဆိုတော့ဘယ်လိုမိသားစုကလည်းဆိုတာသိချင်နေကြ၏
ဝေါယာဉ်ထဲကလက်တစ်ဖက်တဖြည်းဖြည်းထွက်လာ၏
ပြီးတဲ့အခါဖျက်ကနဲခေါက်ယပ်တောင်ကိုဖြန့်လိုက်တာနဲ့အတူလိုက်ကာလေးကိုဆွဲဖွင့်လိုက်တဲ့အခါ ဆင်စွယ်ရောင်ပိတ်ပေါ်မှာအစိမ်းပုတ်ရောင်ချည်ဖြင့်ကနုတ်တွေအလှဆင်ထားတဲ့ဖဲကြိုးနဲ့စည်းထားတာမျိုးမဟုတ်ကြယ်သီးတပ်အင်္ကျီကိုတွေ့လိုက်ရပြီး ဆံပင်ရှည်ကိုနှစ်ထပ်စီးပြီးချထားတဲ့ဖြူအုနေအောင်ချောလွန်းတဲ့ထွက်လာတဲ့ကောင်လေးကိုတွေ့လိုက်ရသည်
စစချင်းမှာမိန်းကလေးလားအထင်မှားပေမဲ့ မျက်ခုံးထူထူနဲ့အနည်းငယ်ထင်းနေတဲ့လည်ဇလုတ်ကြောင့်ယောကျာ်းလေးမှန်းသိလိုက်ရတာဖြစ်၏
ဝမ်ချန်းရင်ထဲထိတ်ကနဲလန့်သွားသည်
ဒါကချင်နိုင်ငံဝတ်စုံပဲ
"ဆရာကြီး ဒါဘယ်လိုလုပ်တာပါလဲ အဲ့ဒါက ချင်နိုင်ငံရဲ့ဝတ်စုံပါ ဘယ်လိုလုပ်ပြီရကျူးကျော်သူတွေကိုနိုင်ငံထဲပညာသင်ကြားခွင့်ပေးတာပါလဲ"
"မတရားစစ်သုံ့ပန်းအဖြစ်အဖမ်းခံရပြီးကျွန်စျေးမှာရောင်းစားခံရတဲ့ဂျိုဆွန်းအမျိုးသမီးနဲ့ အဲ့ဒီ့မိန်းမကိုကယ်တင်ထားတဲ့မျိုးရိုးမြင့်ကုန်သည်ရဲ့သားပဲ"
"ဒါပေမဲ့ ဘယ်လိုလုပ်ဂျိုဆွန်းအမျိုးသမီးကချင်နိုင်ငံအမျိုးသားကိုထိမ်းမြှားနိုင်ရတာလဲ"
"ဝမ်ချန်းမင်းသား သိပါသလား
အဲ့တာကအချစ်ပါ
မျိုးရိုးမြင့်ကုန်သည်တစ်ယောက်ကလည်းကျွန်စျေးကအမျိုးသမီးကိုထိမ်းမြှားနိုင်ပြီးသားဖြစ်သူကိုပါမျက်နှာမငယ်ရအောင်ထားနိုင်တဲ့မြင့်မြတ်တဲ့အရာကိုပဲကြည့်ပါ"
ဝမ်ချန်းဆီမှာဆက်ပြီးပြောစရာစကားမရှိနိုင်ပါ
သွေးတစ်ဝက်နှောနေတယ်ဆိုရင်တောင်မှပဲ ဂျိုဆွန်းပြည်မှာ ဒီလိုအဝတ်အစားကိုဝတ်ပြီးပေါ်ပေါ်ထင်ထင်သွားရဲတဲ့ကောင်က အခုစာသင်ကျောင်းအထိပါ
ကုန်သည်ဆိုရင်သူတို့ဆန်တွေခိုးခဲ့တဲ့ကုန်သည်ရဲ့သားပဲမလား ဘယ်လိုဖြစ်ပြီးကျောင်းအထိ
"ဆရာကြီး ကျွန်တော်အဲ့ဒီ့ကြွက်လိုကောင်ကိုသဘောမကျပါဘူး"
ဝမ်ချန်းကဆရာကြီးအားလျှောက်နေစဉ် ယပ်တောင်ခတ်လိုက်လို့လေတိုးသံနဲ့ရဲရဲဝံ့ဝံ့အသံတစ်ခုထွက်လာ၏
"ဆန်တွေခိုးထားတာမင်းတို့လား"
"ခင်ဗျာ!!"
အသံအကျယ်ကြီးထအော်လိုက်တာကယူရှင်းပင်
အိုးမလုံအုံပွင့်ဆိုတာသူထင်သည်
အခုလည်းတစ်ယောက်ထဲအသံအကျယ်ကြီးထွက်လာ၏
"သခင်လေးရန်ဟွာက ရုံးတော်မှာတိုင်ကြားထားတာကိုလည်းရုတ်သိမ်းပေးမှာမို့လို့သူ့ကိုအေးအေးဆေးဆေးပညာသင်ခွင့်ပေးလိုက်ကြ မင်းသားဝမ်ချန်းကျွန်တော်မျိူးနဲ့လိုက်ခဲ့ပါ"
"အခုဒါကခြိမ်းခြောက်နေတာလား ဒီမျိုးမစစ်ကောင်က"
ဝမ်ချန်းကတော့အလျော့မပေးပါ မျိုးချစ်စိတ်ပါလာတာလားတော့မသိပေမဲ့ ကျူးကျော်သူတွေရဲ့သွေးတစ်စက်ရောရင်တောင်သူ့အနေနဲ့အတော်ကိုမုန်းသည်
"ဆရာကြီးခဏလေးပါ"
"ဂျိုဆွန်းမင်းသားဝမ်ချန်းဆိုတာကိုး
မင်းကြီးကတောင်စွန့်ပစ်ပြီးဓားစာခံအဖြစ်စေလွှတ်ထားတာကို
မင်းသားကအတော်လေးစေ့စပ်တယ်လို့ကြားတယ်
ဒါပေမဲ့ မင်းသားကရဲ့သူငယ်ချင်း အဲ့ဒီ့ပြဿနာကောင်ကတော့မဟုတ်ဘူး"
"ဘာ!!..."
အခြေအနေကတင်းမာလျက်ရှိသည်
စာသင်ကျောင်းသားတွေလည်းတုတ်တုတ်မလှုပ်ကြသလိုဆရာကြီးကလည်းဘာမှဝင်မပြောရဲပါ
"ခိုးပဲခိုးတော့မှာလား တစ်ခုခုလုပ်ချင်စိတ်မရှိဘူးလား
ကျန်တဲ့မင်းသားငယ်တွေအကုန်နန်းတော်ထဲမှာပညာသင်ကြားနေရတာကို"
ရှင်းကတော်အခြေအနေကိုမသိပဲလက်အုပ်ချီပြီးမိုးနတ်မင်းကိုထိုင်ရှိခိုးနေ၏ မျက်လုံးလည်းမဖွင့်သေးပါ
"မင်းကဘယ်ကိုရာရာစစ"
ရန်ဟွာဆိုတဲ့ကောင်ကအနားကပ်ပြီးအသံကိုနှစ်ယောက်တည်းကြားအောင်ပြောလာသည်
စိန်ခေါ်နေပုံရတဲ့မျက်လုံးတွေကအစမုန်းတီးစရာ
"အခုလက်ရှိဂျိုဆွန်းမင်းကြီးကြောင့်ငါကမျိုးမစစ်ဖြစ်လားတာမလား အားနာလား
နည်းနည်းလောက်ဖြစ်ဖြစ်အားနာတယ်ဆိုရင်
ကြွက်စုတ်တွေလိုဆန်တွေလိုက်မခိုးပဲနဲ့အိမ်ရှေ့စံဖြစ်ဖြစ် ဖြစ်အောင်လုပ်ပြီးမင်းရဲ့အဖေကိုနန်းချလိုက်"
"မင်းတော့သေချင်နေလား"
ဝမ်ချန်းကဒေါကထွက်လာပြီးရန်ဟွာရဲ့ဝတ်ရုံစကိုဆွဲလိုက်တဲ့အခါတွင်မှယူရှင်းကဘာဖြစ်တာလဲဆိုပြီးမျက်လုံးပွင့်လာတော့သည်
"အော်ဟော ဘယ်လိုလူကမင်းသားကိုရာရာစစ အိုး..!!"
ဝမ်ချန်းကချင်နိုင်ငံသားဝတ်စုံနဲ့ကောင်လေးရဲ့ကော်လံကိုဆွဲထားတာဖြစ်ပြီးယူရှင်းကဝင်ရောက်တားဆီးဖ်ို့လုပ်တော့ ရန်ဟွာကသူ့လက်ထဲကယပ်တောင်ကိုဖြန့်ထုတ်ပြီးယူရှင်းရဲ့မျက်လုံးနားမှာတေ့ထားလိုက်သည်
"ခြေတစ်လှမ်းထပ်တိုးတာနဲ့ မင်းအကန်းပဲ"
ယူရှင်းသူ့မျက်လုံးနားမှာရှိနေတဲ့ယပ်တောင်ရဲ့အဖျားတွေကိုကြည့်နေသည် ဘာအချွန်အထက်မှမပါပေမဲ့အတွင်းအားကောင်းကောင်းထုတ်သုံးနိုင်တဲ့သူဆိုရင်သစ်ပင်ပင်စည်ကိုပါထိုးဖောက်နိုင်သည် ရှောင်လို့မဖြစ်
"ဘာလုပ်နေတာလဲ ချက်ချင်း လူစုမခွဲကြသေးဘူးလား"!!
ဆရာကြီးကအော်သည်
ဝမ်ချန်းမျက်လုံးတွေစူးရဲလျက်ရှိသည် ဓားတစ်လက်သာရှိရင်ဒီကောင့်ကိုအပိုင်းပိုင်းခုတ်နိုင်လောက်သည်
"သတ်ပစ်မယ်"
"ဘာလို့လဲ သူငယ်ချင်းကိုထိတော့ဒေါသထွက်တယ်လား အဲ့တာဆိုများများပိုထိမှပဲ"
ဝမ်ချန်း ရန်ဟွာကိုဆွဲထားတဲ့လက်တွေဖြေလျော့ပေးလိုက်သည်
ဒေါသတွေထွက်နေတဲ့မျက်လုံးများသည်အခုအထိစူးရှနေဆဲ
"လိုချင်တာဘာလဲ"
ရန်ဟွာကယပ်တောင်ကိုရုတ်ပြီးတစ်ဖြတ်ဖြတ်ခတ်လို့ဝမ်ချန်းအနားကပ်လာသည်
ပြီးတော့နှစ်ယောက်တည်းကြားတဲ့အသံလောက်ဖြင့်
"မင်းခမည်းတော်ရဲ့အသက်.....
မင်းရဲ့ခမည်းတော်ကလေ မင်းရဲ့မိခင်ကိုသေစေခဲ့တာ ဒီခေါင်းထဲထည့်ထား စစ်သုံ့ပန်းတွေစက်ဆုပ်စရာကျွန်စျေးမှာအရောင်းခံရတယ် မိန်းကလေးတွေအပျော်မယ်ဖြစ်လာပြီးအခိုင်းအစေဖြစ်သွားတဲ့ယောကျာ်းလေးတွေထွက်ပြေးရင်ခြေထောက်ဖြတ်ခံရတယ် ဒီလိုဖြစ်နေတာတောင်သူကတော့ဟန်ယန်းမှာခြေဆန့်ပြီးနိုင်နိုင်တဲ့အထိသိပ်ကိုတစ်ကိုယ်ကောင်းဆန်တာ"
ဝမ်ချန်းမျက်လုံးတွေထဲမျက်ရည်စတွေဝဲတက်လာ၏
ပြောသွားတဲ့ပုံကိုလုံဝသဘောမကျပေမဲ့အကုန်အမှန်တွေချည်းဖြစ်နေတဲ့အခါ စာသင်ကျောင်းထဲကထွက်ခဲ့သည်
"ဝမ်ချန်းမင်းသား"
ယူရှင်းကတော့ဘာမှန်းသေချာမသိလိုက်ဘဲအနောက်ကနေဝမ်ချန်းနောက်ပြေးလိုက်သွားသည်
ရန်ဟွာနဲ့ကျောင်းသားအုပ်ကတော့အနည်းငယ်ခပ်လှမ်းလှမ်းမှာရှိ၏
ဘယ်သူဘယ်ဝါမှန်းသူတို့ကတော့သေသေချာချာမသိပေမဲ့ဝမ်ချန်းမင်းသားကိုတောင်ဒေါသတကြီးထွက်သွားအောင်လုပ်နိုင်ပြီးအမတ်ချုပ်ကြီးသားဖြစ်တဲ့ယူရှင်းကိုတောင်ယပ်တောင်နဲ့မျက်လုံးကိုဖောက်ဖို့လုပ်တဲ့အထိလုပ်ရဲတဲ့သူမို့တော်ရုံသတ္တိနဲ့မဟုတ်မှန်းသိသည်
"ဟက် အနာကိုဆွပေးလိုက်မှ ရလဒ်ကောင်းထွက်လာမှာပေါ့"
............
"ခွေးသားလေး လူအရပ်ကြည့်တော့ရင်ဘတ်လောက်ပဲရှိသေးတယ်"
စာသင်ကျောင်းကနေ စျေးလမ်းကိုဖြတ် ဖြတ်ပြီး လမ်းကြားတွေထဲကဝင်သွားရင်တောအုပ်ငယ်လေးစ်ခုကိုဖြတ်ပါက ဟန်ယန်းတစ်မြို့လုံးကိုအပေါ်စီးကမြင်ရတဲ့သစ်ပင်အိုကြီးတစ်ပင်ရှိတဲ့တောင်ကုန်းရှိသည်
ဝမ်ချန်းကတော့သစ်ပင်ကိုမှီပြီးဒူးတစ်ဖက်ပေါ်လက်တင်ကာရန်ဟွာဆိုတဲ့ကောင်လေးသူ့ကိုပြောသွားတဲ့စကားတွေကိုပြန်စဉ်းစားနေပေမဲ့ ယူရှင်းကတော့ လက်ကိုနောက်ပစ်လျက်ပါးစပ်ကလည်းပွစိပွစီပြောကာ ဝမ်ချန်းရောသစ်ပင်ကြီးကိုပါ တစ်ပတ်ချင်းစီပတ်နေ၏
"ယူရှင်းမင်းငြိမ်ငြိမ်ထိုင်နေစမ်း"
တစ်ပတ်ပြည့်သွားလျှင်နောက်တစ်ပတ်ပြန်ပတ်နေသည်မို့အာရုံတွေနောက်လာတဲ့အခါဝမ်ချန်းကယူရှင်းရဲ့ဒူးကိုကန်ချလိုက်တော့မှဖင်ထိုင်ရက်ပြုတ်ကျလာတော့သည်
ဘုရားစူး ကိုယ်ခံပညာတတ်တဲ့ကောင်
"မဟုတ်ပါဘူး သူကသေးသေးလေးကိုဘာမို့လို့"
"အဲ့ဒီ့သေးသေးလေးကမင်းမျက်လုံးကိုရွယ်သွားတာလေ"
"ကျွန်တော်မျိုးကရော ဘာလို့သတိမမူမိတာလဲမသိဘူး"
"ညံ့လို့"
"မင်းသား!!"
စိတ်ကိုတ်ိုတယ် ပြောလိုက်ရင်ဒဲ့
မုန်းစရာ ဒီလိုဆက်ပြောနေရင်တော့ရှင်းရှင်းတို့ကမခေါ်တော့ဘူးနော်
"ငါက အိမ်ရှေ့စံဖြစ်လာသင့်လား"
"ဖြစ်သင့်တာပေါ့ မင်းသားကလည်း ဘုရင်ဖြစ်လာတယ်ဆိုရင်မိန်းမတွေအများကြီးယူလို့ရတယ်"
"ယူရှင်း!"
"မှန်တာပြောတာ"
ဝမ်ချန်းကတည်ငြိမ်သလောက် ရှင်းကသွက်သည်
ပညာဉာဏ်နဲ့အရည်အချင်းတော့ရှိပေမဲ့တစ်ခုခုဆိုပြာပြီးကြောက်တတ်သလို အခြေအမြစ်မရှိတဲ့ပေါက်ကရတွေကိုပုံကြီးချဲ့တတ်သေးသည်
"သွားမယ်"
"ဘယ်ကိုသွားမှာပါလဲ"
"နန်းတော်"
ဆုံးဖြတ်ချချပြီးပြီမို့ နေရာကနေချက်ချင်းထလိုက်တဲ့ဝမ်ချန်းမင်းသားကိုယူရှင်းကအနောက်ကနေလှမ်းဆွဲထားသည်
ဝမ်ချန်းကဘာလဲဆိုတဲ့သဘောနဲ့မျက်ခုံးပင့်ပြီးကြည့်၏
"အခုမဖြစ်သေးပါဘူး အန္တရာယ်များတယ် အခုအချိန်မကျသေးဘူး"
"ဘာဖြစ်လို့လဲ"
"အာဏာလိုတယ် အဲ့တာမှနန်းတော်ကမင်းသားတွေနဲ့ယှဉ်နိုင်မှာ"
"အာဏာ?"
ဝမ်ချန်းတစ်ခုခုကခေါင်းထဲမှာပေါ်လာ၏
သူကမိဖုရားခေါင်ကြီးရဲ့တစ်ဦးတည်းသောမင်းသားကြီးဖြစ်ပေမဲ့ မိဖုရားခေါင်ကြီးချင်နိုင်ငံနယ်စပ်မှာနတ်ရွာစံပြီးနန်းတော်ကိုတစ်ယောက်တည်းမူးမတ်တွေနဲ့ပြန်လာထဲက သူ့ကိုနန်းပြင်ထုတ်ထားတာမလား
မင်းသားငယ်တွေရဲ့ဆွေမျိုးတော်တွေအင်အားကိုတွက်စကြည့်လိုက်သည်
အကုန်လုံးကနန်းတွင်းထဲကအာဏာရှိသူတွေရဲ့ဆွေမျိုးတော်စပ်သူတွေရှိနေပေမဲ့ ဝမ်ချန်းရဲ့အဓိကအားနည်းချက်က မင်းသားကြီးဖြစ်နေတာတောင် နန်းတော်ထဲကအမျိုးသမီးတွေကိုအုပ်ချုပ်နိုင်တဲ့မယ်တော်မရှိတာဖြစ်သည် ပြီးတော့ လွတ်လပ်ရေးရတဲ့အချိန်မှဟန်ယန်းကိုပြန်လာခဲ့ပြီးနန်းပြင်မှာမို့လို့ သူ့ဘက်ကလူတွေမရှိပါ
အာဏာ တဲ့လား
တစ်ခါလောက်စိန်ခေါ်ပြီးပြိုင်ရမှာပဲ
"အဟင့် ကယ်ပေးပါ"
ရုတ်တရပ်ကလေးတစ်ယောက်အသံထွက်လာသည် အပေါ်ကလာတာဖြစ်တာကြောင့် မော့ကြည့်လိုက်တော့မှကလေးဆိုမှ၄နှစ် ၊၅နှစ်လောက်ပဲရှိဦးမည် မျက်နှာမှာလည်းပေတူးပြီးနောက်ကကျောပိုးအိတ်လိုအထုတ်ကိုသယ်လာပြီးသစ်ပင် ကိုင်းပေါ်မှာခွရက်လေး
"ဟမ်"
"ဟေ့ရောင် သစ်ပင်ပေါ်ဘာတက်လုပ်တာလဲ"
"အာ..အီးဟီး မဆူနဲ့လေ ဘာမှန်းမသိဘဲနဲ့သားကို"
ဟာ သစ်ပင်ပေါ်လည်းတက်နေသေးတယ် သူ့ဘာသာသူပြန်မဆင်းတက်တာကိုကယ်ခိုင်းတော့အော်တာပေါ့ဝမ်ချန်းကလည်း
အောက်ကနေမချပေးဘဲ သူ့အတွေးနဲ့အတူစိတ်ရှုပ်နေပြီးဝမ်ချန်းကအော်မှတော့ကလေးကငိုပြီပေါ့
ကလေးကိုကြည့်တော့လည်းသနားစရာ ခေါင်းပေါ်မှာလည်းသစ်ရွက်တွေနဲ့ဖြစ်သည် မျက်လုံးအိမ်ကကြီးကြီးလေးနဲ့ငိုတာ ငိုတာဆိုတာသွားကျိုးလေးတွေပေါ်ပြီးရှေ့သွားနှစ်ချောင်းပဲပေါ်နေတာကငိုနေတာတောင်ချစ်စရာကောင်းတာမို့ယူရှင်းကသစ်ပင်ပေါ်တက်သွားဖို့လုပ်သည်
"ဘာလုပ်တာလဲယူရှင်း ဒီကောင်လေးကသူ့ဘာသာတက်တာဘာလို့ကယ်ရမှာလဲ"
"မင်းသားကလည်း ကလေးပဲရှိသေးတာကို လာပါ တစ်ယောက်တည်းမရလို့ အောက်ကနေပင့်တင်ပေးမယ်ချီပြီးချလိုက်"
ဝမ်ချန်းကလေးကိုပြန်မော့ကြည့်သည် အောက်နှစ်ခမ်းကိုစူပြီးသနားစရာကောင်ရအောင်မျက်လုံးကလုပ်ပြနေတာပဲ
"မင်းအဲ့ဒီ့အပေါ်ဘယ်လိုတက်သွားတာလဲကောင်လေး"
"အီး.....ဟီးးး"
ငိုပြပြန်ပြီ ဖြေကိုမဖြေတာပေါ့
ဝမ်ချန်း ထိုင်ချပေးနေတဲ့ရှင်းကျောပေါ်ကိုမတက်သေးပါ
"ဘာလုပ်တာလဲပြောရင်ချပေးမယ်"
"ကလေးကိုမခြောက်ပါနဲ့တော့"
"ဆေးဆရာကြီးကပျားရည်လိုချင်တယ်ဆိုလို့ ဒီဟာ sob"
လက်ညိုးပိစိတုတ်တုတ်လေးညွှန်ပြရာကိုကြည့်လိုက်တော့ညွှန်ပြတာကပျားအုံဖြစ်နေတော့သည်
ဒီလက်တောက်လောက်ဟာလေးကအခုပျားရည်ကိုလေ အဲ့ဒီ့ပျားအုံကြီးကနေယူမယ်ဆိုပြီး
ဝမ်ချန်း ရှင်းရဲ့ကျောပေါ်တက်ပြီးလက်ကမ်းပေးလိုက်တော့ သစ်ပင်ပေါ်ကကလေးကလက်ကလေးနှစ်ဖက်ကမ်းပြီး လည်ပင်းကိုလာဖက်လိုက်သည်
လက်ကလေးတွေဆိုတုတ်တုတ်ခဲခဲလေးရှိနေပြီး ခပ်သေးသေးလေးကိုယ်ပေါ်ပါလာတာကနွေးကနဲ
တဖြည်းဖြည်းချလာပြီးနောက်မြေပြင်ပေါ်ရောက်တဲ့အခါကလေးကိုချပေးလိုက်သည်နှင့် ယူရှင်းကထိုကလေးကိုဆက်ကနဲပွေ့ချီသွားသည်
"မင်းအရူးလေးလား အိုး..သေအောင်ချစ်ဖို့ကောင်းတယ်"
ယူရှင်းကကလေးရဲ့ပါးကိုဆွဲလိုက်ပေမဲ့ပေါက်စလေးကအတင်းထိုးဆင်းပြီးဝမ်ချန်းရဲ့အနောက်ကိုရောက်လာပြီးဝတ်ရုံစလေးကိုကိုင်ကာခေါင်းလေးပြူးကြည့်နေသည်
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကြားထဲကနှုတ်ခမ်းပါးလေးသည် လက်တစ်ဆစ်စာလောက်သာရှိ၏
ဝမ်ချန်းဒူးတစ်ဖက်ထောက်ပြီးထိုင်ချလိုက်ကာကလေးကိုကြည့်လိုက်သည်
"ထမင်းစားပြီးပြီလား"
*မွ!*
ရုတ်တရပ်လေးလက်ကလေးနှစ်ဖက်ကမ်းလာကာမေးတာကိုပြန်မဖြေဘဲ ပါးတစ်ဖက်ကိုဝမ်ချန်း အနမ်းပေးခံလိုက်ရခြင်းပင်
ယူရှင်းမှာတော့ပါးစပ်အဟောင်းသား
သစ်ပင်ပေါ်ကနေငိုပြနေလို့ကယ်ခိုင်းတာကသူပါ
ဘယ်လိုလုပ်
"ဝါးးး ဝါးးး ဒီကောင် ဝါးးး မင်းကိုပျားတုပ်ရမှာ"
ယူရှင်းကခါးထောက်လျက်လက်ညိုးတစ်ချောင်းထိုးကာ ကျေးဇူးကန်းတဲ့ငနဲလေးကိုလက်ညိုးထိုးပြီးပြောတဲ့အခါ ကလေးကကြောက်တဲ့ပုံစံနဲ့ဝမ်ချန်းကိုယ်ပေါ်ကုပ်တက်လာသည်
"ယူရှင်း!"
"မင်းသားဘာပါလဲ အော်တောင်အော်နေပါပြီလား
အခုအဲ့ကလေးပေါက်စကပါးကိုနမ်းလိုက်လို့သူ့ဘက်လိုက်တာလား ဒါဆိုကျွန်တော်မျိုးကရောနမ်းပေးရဦးမှာလား"
ဝမ်ချန်း ယူရှင်းကိုအနားကရှိတဲ့ခဲလုံးနဲ့ကောက်ပေါက်တော့သည်
"ဆေးဆရာကြီးရော"
ကလေးကခေါင်းခါပြ၏
ပြီးတဲ့နောက်မှာဘယ်ကမှန်းမသိတဲ့ဝတ်စုံအဖြူနဲ့သူတစ်ယောက်ထွက်လာသည် အဘိုးအိုကြီးလိုမျိုးအသက်တော့ကြီးလေပြီး အနောက်မှာလည်းကျောပိုးအိတ်တစ်ခုနဲ့ဖြစ်သည်
"အမလေး ဆွန်းမင်"
"ဆရာကြီး!"
ဆေးဆရာကြီးဆိုတာဒိပုဂ္ဂိုလ်ထင်ပါသည် ဝမ်ချန်းလွှတ်ပေးလိုက်တော့ပြေးသွားတာမှတန်းနေတာပဲ
ရောက်သွားတာနဲ့ဆေးဆရာကြီးကကလေးရဲ့တစ်ကိုယ်လုံးကိုလှည့်ကြည့်ပြီးတစ်ခုခုဖြစ်သွားသေးလားစစ်ဆေး၏
"မင်း မင်းဘယ်လိုဖြစ်ပြီးဒီမှာရောက်နေရတာတုန်း တောင်းပန်ပါတယ်သခင်လေးတို့ရယ် ကျွန်တော်တို့ဆေးဝယ်နေရင်းလမ်းပျောက်သွားတာပါ လာသွားမယ် လှေထွက်တော့မှာမို့လို့ခွင့်ပြုပါဦး"
အလျင်လိုနေတဲ့ပုံစံနဲ့ကလေးလက်ကိုဆွဲသွားပေမဲ့
နောက်ကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ကလေးကိုမြင်တဲ့အခါ ယူရှင်းကတော့လက်တွေပြပြီးနှုတ်ဆက်နေပေမဲ့ ဝမ်ချန်းကတော့ကျောခိုင်းလိုက်ပါသည်
သံယောဇဉ်ဆိုတာအင်အားကြီးရင်ကြောက်ဖို့ကောင်းမှန်းသူသိထားသည်
_______________________
Stella : ရည်းစားတစ်ယောက်ကChangin မောင်လေးနဲ့မမအတွဲone short ရေးပေးပါဆိုလို့ရေးပေးလိုက်ပါဦးမယ် ပထမဆုံးမို့လို့ဖတ်ကြည့်ချင်ရင်တော့ရေးပြီးအဆင်ပြေရင်တင်ပေးပါ့မယ်ရှင့်😭