Blank Charge (Myanmar Transla...

By lowkey_not_Loki

16.5K 2.1K 118

Language Chinese Author Empty Chrysanthemum 空菊/Kong Ju Year 2022 Status in COO 66 Chapters တရားသူကြီး×ရှေ့နေ ... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
attention
20.1
20.2
21.1
21.2
22.1
22.2
23.1

14

331 70 7
By lowkey_not_Loki

#Unicode
အခန်း(၁၄)
မင်းက ဂေးလား?
<<<<<

"မလန့်နဲ့..."
ချင်ကျိုး သူ့လက်ဖဝါးကို ဖြေးဖြေးချင်း မြှောက်လိုက်သည်။
"ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြ.... မင်းကို ကူပြီးဖြေရှင်းပေးမယ်..."

"မဟုတ်ပါဘူး... ရပါတယ်..."
ရှောင်ဝူက ခပ်မြန်မြန်လက်ခါပြလိုက်သည်။
"မိန်းမတွေက ယောက်ျားတွေနဲ့ ကွာခြားတယ်လေ ချင်ကောရဲ့... ချင်ကောရဲ့ သီအိုရီတွေက ယောက်ျားတွေပေါ်မှာပိုပြီး အလုပ်ဖြစ်တာ ထင်တယ်..."

ညနေခင်းတွင် ဆိုင်အစောပိတ်၍ ချင်ကျိုးက ရှောင်ဝူကို လမ်းဘေးဆိုင်လေးသို့ခေါ်ကာ သွားသောက်လေသည်။ ထိုကလေးက ခံစားချက်များ အမှန်တကယ် ငြိတွယ်နေပြီဖြစ်၍ ချင်ကျိုးကို အပြစ်မကင်းစိတ်တို့ ဖြစ်ပေါ်လာစေသည်။

"ချင်ကော... ကျွန်တော့်ကို ရိုးရိုးသားသားပြောပြဗျာ..."
ရှောင်ဝူက ဘီယာပုလင်းများစွာ သောက်ပြီးနောက်တွင် ကြို့ထိုးနေပြီဖြစ်ပြီး စကားများကလုံး ပလုံးပထွေးဖြစ်နေပြီဖြစ်သည်။
"ချင်ကောက ခံစားချက်ထက် ရမ္မက်ကိုပဲ အမြဲတမ်းရှေ့တန်းတင်တာမလား?"

"အဓိပ္ပါယ်မရှိတာ...."
ချင်ကျိုး စိတ်ပျက်လက်ပျက်ဖြင့် အဝေးကို ငေးကြည့်နေရင်း ဆေးလိပ်ပြာအချို့ကို တောက်ချလိုက်သည်။
"ငါက ရမ္မက်ကို ရှေ့တန်းမတင်ပါဘူး... ခံစားချက်ကိုပဲ ရှေ့တန်းတင်တာပါ..."

"ဒါဆို ပြောပါဦး...."
ရှောင်ဝူ ဆက်ပြောလာသည်။
"ကောရဲ့ နှလုံးသားကို ဘယ်သူက ဖမ်းစားထားတာလဲ?"

ချင်ကျိုး၏စိတ်ထဲတွင် ချောမောခန့်ညားသော လူတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ သူ နာရီကိုတစ်ချက်ကြည့်လိုက်ပြီး လက်ထဲတွင်ရှိနေသော တစ်ဝက်သောက်ပြီးသား ဆေးလိပ်ကို လွှင့်ပစ်လိုက်သည်။

"ကောမပြောဘူးဆိုတာ ကျွန်တော်သိသားပဲ..."
ရှောင်ဝူ ပြောသည်။
"ညီအစ်ကိုတွေအကုန်လုံးက ကောက ရည်းစားပွေတယ်ဆိုတာ သိပြီးသား... လာဟန်ဆောင်မနေနဲ့..."

ချင်ကျိုး ပဟေဠိမဖြစ်ဘဲ မနေနိုင်တော့ပေ။ သူက ပုံမှန်လူပါပဲ ဘယ်လိုလုပ်ပြီး ရည်းစားပွေတဲ့သူဖြစ်သွားရတာလဲ?

ရှောင်ဝူကို ကားပြင်ဆိုင်အနားတွင်ရှိသော အငှားအိမ်သို့ ပို့ပေးပြီးနောက်တွင် ချင်ကျိုး အိမ်မပြန်ခဲ့ဘဲ တရားရုံးအနားတွင် အေးအေးဆေးဆေးလမ်းလျှောက်နေခဲ့သည်။

ယန်းရှီးယွီ တရားရုံးနားတွင် နေသည်ဟူသော အချက်ကို သူသိကြောင်း ဖော်ထုတ်ပြရသည်ကို သူ စိတ်ထဲမထားပါချေ။ သို့သော်လည်း ယန်းရှီးယွီမသိသည့်အရာမှာ သူက ယန်းရှီးယွီနေသည့် အဆောက်အအုံနှင့် အိမ်နံပါတ်အတိအကျကိုပါ သူသိနေသည် ဆိုသည့်အကြောင်းကိုဖြစ်သည်။

ထိုအချိန်က သူ အရက်မူးမူးဖြင့် အိမ်ပြန်လာချိန်ဖြစ်ပြီး ယန်းရှီးယွီက ကုန်စုံဆိုင်လေးတွင် တစ်ခုခုဝယ်နေခဲ့လေသည်။ စိတ်လိုက်မာန်ပါဖြင့် ချင်ကျိုး သူ့နောက်သို့ လိုက်သွားခဲ့လိုက်သည်။

အခြားအိမ်များ၏ အိမ်သော့များက သော့တံဖြင့်ဖွင့်ရသော သာမန်သော့များသာဖြစ်သော်လည်း ယန်းရှီးယွီက သူ့အိမ်ကို တစ်ယောက်ယောက် ဖောက်ဝင်မည်ကို စိုးရိမ်နေဟန်ဖြင့် အလက်ထရောနစ်သော့ဖြင့် ပြောင်းလဲတပ်ဆင်ထားသည်။

ထိုအချိန်က ယန်းရှီးယွီ၏ အိမ်ရှေ့တံခါးတွင် ရပ်နေရင်း အိမ်တံခါးကိုခေါက်၍ ထွက်ပြေးပြီး စနောက်လျှင်ကောင်းမလားဟူ၍ တုန့်ဆိုင်းနေခဲ့မိသည်ကို မှတ်မိနေသေးသည်။

သို့သော်လည်း ထိုသို့ စနောက်ပါက အလွန်ကလေးဆန်လွန်းသည်ဟု တွေးမိ၍ ထိုအကြံကို ပယ်ဖျက်ခဲ့သည်။

ယခုတွင် ချင်ကျိုး ယန်းရှီးယွီ၏ အိမ်ရှေ့တွင် နောက်တစ်ကြိမ် ထပ်ရပ်နေလေပြီ။

"ဒေါက်... ဒေါက်... ဒေါက်..."

ချင်ကျိုး ယန်းရှီးယွီ၏အိမ်တံခါးကို ခေါက်လိုက်သည်။

ခဏကြာသည်အထိ အထဲမှ မည်သည့် တုန့်ပြန်ချက်ကိုမှ မကြားရ၍ ချင်ကျိုး တံခါးထပ်ခေါက်လိုက်သည်။

ထိုအချိန်တွင် တံခါးအနောက်မှ ခြေသံများနှင့်အတူ  ယန်းရှီးယွီ၏အသံကိုပါ ကြားလိုက်ရသည်။
"ဘယ်သူလဲ?"

ချင်ကျိုး : "ငါပါ.. ချင်ကျိုး...."

ကော်ရစ်တာမီးက မှိန်ဖျော့ဖျော့လင်းလက်လာပြီး ပြန်လည်မဲမှောင်သွားသည်။ နောက်တစ်စက္ကန့်အတွင်း အလက်ထရောနစ်သော့မှ သော့ပွင့်သွားသံထွက်ပေါ်လာခဲ့သည်။ ယန်းရှီးယွီ တံခါးကိုဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ရင်း ချင်ကျိုးကိုကြည့်၍ မေးလာသည်။
"မင်း ဒီမှာ ဘာလာလုပ်နေတာလဲ?"

ချင်ကျိုးလည်း သူ့ကိုယ်သူ ယခုလိုအချိန်မျိုးတွင် ရောက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။

ယန်းရှီးယွီ၏ကိုယ်ပေါ်တွင် ပုဝါတစ်ထည်တည်းသာ ပတ်ထားပြီး ဆံပင်မှ ရေစက်ရေပေါက်များ ကျဆင်းနေဆဲဖြစ်သည်။ မျက်မှန်မတပ်ထား၍လားမသိသော်လည်း သူ့မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းနေပြီး မြူတစ်လွှာဖုံးနေသလိုဖြစ်နေသည်။

"ဝိုး...."
ချင်ကျိုး မထိန်းနိုင်ဘဲ စိတ်ထဲတွင် လေချွန်နေမိလေပြီ။
"မင်း ဘယ်တုန်းက ဝမ်းဗိုက်ကြွက်သားတွေ ရလာတာလဲ?"

ယန်းရှီးယွီ၏ ကြွက်သားကောက်ကြောင်းများက အလွန်အချိုးအစားကျနပြီး ချောချောမွေ့မွေ့ဖြစ်နေသည်။ ချင်ကျိုး၏ မျက်လုံးများက ယန်းရှီးယွီ၏ ခန္ဓာကိုယ်ကို တစ်လက်မ မကျန် လောဘတကြီး ကြည့်နေလေသည်။ ယန်းရှီးယွီကို ထပ်မံစနောက်လိုသောအတွေးတို့ သူ့စိတ်ထဲတွင် ပေါ်လာသည်မှာ နတ်ဆိုးလေးတစ်ကောင်မှ စနောက်ခြင်းက ယောက်ျားစစ်စစ်တစ်ယောက်၏ အထိမ်းအမှတ်ဖြစ်ကြောင်း ရေရွတ်နေသလိုပင်။

ယန်းရှီးယွီက ချင်ကျိုး၏ စူးရှနေသောအကြည့်များကို သဘောမကျသည်မှာ သိသာလှသည်။ သူ့ပုခုံးများကို ရွှေ့လိုက်ပြီး တံခါးပိတ်ရန်ပြင်လိုက်သည်။

ချင်ကျိုးက ထိုလှပသည့် မြင်ကွင်းလေးကို လက်လွှတ်မခံချင်ချေ။ ချက်ချင်းလက်ငင်း ခြေတစ်ဖက်ကို သူ့အလိုလို ဆန့်ထုတ်လိုက်ပြီး တံခါးကြားထဲသို့ ချလိုက်ပြီး လက်ကို တံခါးဘောင်ပေါ်တင်ရင်း တံခါးဆက်ပွင့်နေစေရန် တစ်ဆက်တည်း  ချောချောမွေ့မွေ့လုပ်နိုင်လိုက်သည်။

"ချင်ကျိုး..."
ယန်းရှီးယွီက အသံနက်နက်ဖြင့်ပြောလိုက်သော်လည်း သူ့ကို မောင်းမထုတ်ပေ။ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်၍ တံခါးကို ပိတ်လိုက်ခြင်းဖြစ်သည်။

"ဦးထုပ်က မခြောက်သေးဘူး... နောက်နေ့မှပြန်ပေးမယ်..."
ချင်ကျိုး ဧည့်ခန်းထဲကို ပတ်ကြည့်လိုက်ပြီးမှ ဘေးတွင်ရှိနေသော ယန်းရှီးယွီကို ပြန်ကြည့်ပြီး မေးလိုက်သည်။
"အိမ်တွင်းစီးဖိနပ်က ဘယ်မှာလဲ?"

ယန်းရှီးယွီက မလှုပ်မယှက်ရပ်နေဆဲဖြစ်သည်။
"မင်း ဘာလိုချင်တာလဲ?"

ချင်ကျိုး နောက်တောက်တောက်ပြုံးလိုက်သည်။
"ဒီနေ့ မင်း တောင်ဘက်ပိုင်းအကျဉ်းထောင်ကို သွားတယ်လို့ကြားထားတယ်.."

ယန်းရှီးယွီ မျက်မှောင်ကြုတ်လိုက်ပြီး ချင်ကျိုးကို ခဏမျှစိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကူကယ်ရာမဲ့သွားဟန်ဖြင့် အသက်ရှူထုတ်လိုက်ပြီး ဖိနပ်ဘီရိုကိုဖွင့်ရန် အနည်းငယ် ငုံ့ကိုင်းလိုက်တော့သည်။

"ဒီနားမှာ တစ်ခုခုရှိနေတယ်..."
ချင်ကျိုး ယန်းရှီးယွီ၏ ခါးတွင်ပတ်ထားသော ပုဝါနားသို့ လက်ဆန့်ထုတ်လိုက်သည်။ မထင်မှတ်ထားစွာဖြင့် ယန်းရှီးယွီက အလွန်အမင်း သတိကပ်နေလျက်ရှိပြီး ချင်ကျိုး၏လက်ချောင်းများက ပုဝါကိုထိသွားသည်နှင့် သူ့ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။

"မင်း အကူအညီမလိုဘူး..."
ယန်းရှီးယွီ ထိုသို့ပြောလိုက်ရင်း လက်တစ်ဖက်ဖြင့် အိမ်တွင်းစီးဖိနပ်တစ်ရံကို ဆွဲထုတ်ကာ ချင်ကျိုးရှေ့ကို ပစ်ပေးလိုက်ပြီးမှ ဖိနပ်ဘီရိုကိုပိတ်လိုက်သည်။

"မင်းရဲ့ အနောက်ဘက်မှာဆိုတော့ မင်းမှ မမြင်ရတာ..."
ချင်ကျိုး သူ့လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ပြီး ယန်းရှီးယွီ၏တင်ပါးဆီသို့ ဦးတည်လိုက်သည်။

ထိုလက်ချောင်းများက ယန်းရှီးယွီ၏ တင်ပါးကောက်ကြောင်းသို့ ထိခါနီးတွင် ယန်းရှီးယွီက ရုတ်တရက်ဆိုသလို ဘေးဘက်သို့ ရွှေ့လိုက်ပြီး ချင်ကျိုး၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်ကာ နောက်ထပ်လက်တစ်ဖက်ကို နောက်ကျောသို့ ဖိကပ်လိုက်ပြီး ဘေးနားမှ အဖြူရောင် နံရံပေါ်သို့ ချင်ကျိုးကို ဖိကပ်ပစ်လိုက်သည်။

မထင်မှတ်ထားသည့် ရလဒ်ဖြစ်လာသဖြင့် ချင်ကျိုးက သူ့လက်တစ်ဖက်ကို သူ့ရင်ဘတ်အတွက် ကူရှင်သဖွယ် သုံးရန်ပြင်လိုက်သည်။ သို့သော်လည်း သူ့ရင်ဘတ်က နံရံမှ အနည်းငယ်သာ ကွာသွားရုံရှသေးသော်လည်း ယန်းရှီးယွီက သူ့ကို နံရံပေါ်သို့ ဖိကပ်သွားအောင် ထပ်ဖိလိုက်ပြန်သည်။

"အပြင်ကို ဆွဲထုတ်တာမခံချင်ရင် ငြိမ်ငြိမ်နေ..."
ယန်းရှီးယွီ၏ ရင်ဘတ်က ချင်ကျိုး၏ နောက်ကျောပေါ်သို့ ထိကပ်နေပြီး သူတို့နှစ်ယောက်ကြားတွင် ဖမ်းချုပ်ခံထားရသော ချင်ကျိုး၏ လက်တစ်ဖက်သာ ရှိနေသည်။

သဘာဝကျစွာဖြင့် ချင်ကျိုးက ငြိမ်ငြိမ်မနေခဲ့ပေ။ သူ့လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားရုန်းကန်နေသော်လည်း ထိုအချိန်တွင် ယန်းရှီးယွီက သူ့ ညာဘက်ခြေထောက်ကိုသုံး၍ ချင်ကျိုး၏ ခြေထောက်များကို ချုပ်လိုက်ပြီး လုံးဝမလှုပ်ရှားနိုင်အောင်လုပ်လိုက်သည်။

"ကောင်းပြီ..."
ချင်ကျိုး တွန့်ဆုတ်စွာဖြင့် သဘောတူဟန်ပြောလိုက်သော်လည်း သူ့လက်ချောင်းများက ယန်းရှီးယွီ၏ ဝမ်းဗိုက်ကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်သေးသည်။

သူ့ခေါင်းကို နံရံပေါ်တွင် ဖိကပ်ခံထားရ၍ ချင်ကျိုးက ယန်းရှီးယွီ၏ မျက်နှာကို တစ်ဝက်မျှသာ မြင်နေရသည်။ သို့သော်လည်း သူ့လက်ချောင်းထိပ်လေးများဖြင့် လှည့်ကွက်အချို့ ထုတ်သုံးလိုက်ချိန်တွင် ယန်းရှီးယွီ၏ ဝမ်းဗိုက်က နှစ်ကြိမ်မျှ တုန်ရီသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူ့လက်မောင်း ပိုမိုနာကျင်လာ၍ ချင်ကျိုး တောင့်မခံနိုင်တော့ပေ။
"အား! နာတယ်ဟ! လွှတ်ပေးတော့!"

ယန်းရှီးယွီ ချင်ကျိုး၏ ကိုယ်ပေါ်မှအနံ့ကို သတိထားမိလိုက်၍ အတက်အကျမရှိသော လေသံဖြင့်မေးလိုက်သည်။
"မင်း အရက်သောက်လာတာလား?"

သူတို့နှစ်ယောက် အတော်လေး နီးကပ်နေသည်ဖြစ်၍ ယန်းရှီးယွီက ချင်ကျိုးကိုယ်ပေါ်မှ အရက်နံ့နှင့် ဆေးရွက်ကြီးနံ့များကို အနံ့ခံနိုင်သည်မှာ အံ့ဩစရာမဟုတ်ပေ။

နာကျင်နေသော ပုခုံးများကို ပွတ်သပ်ရင်း ချင်ကျိုးက အရေးမပါဟန်ပြန်ဖြေလိုက်သည်။
"အေးလေ... ငါ့ ဘေဘီရဲ့ အိမ်ကနေ ဒီကိုတန်းထွက်လာခဲ့တာ..."

ယန်းရှီးယွီ အိပ်ခန်းထဲသို့ အေးစက်စွာလျှောက်သွားလိုက်သော်လည်း ခြေလှမ်းလှမ်းလိုက်သည်နှင့် မထင်မှတ်ထားသည့် အရာတစ်ခုဖြစ်ပေါ်လာ၍ နှစ်ယောက်လုံး အံ့ဩသွားကြရသည်။

မတိုင်မီက သူတို့နှစ်ယောက်၏ နောက်တီးနောက်တောက်လုပ်ရက်များကြောင့် ဖြစ်လောက်သည်။ သူတို့ သတိမထားမိခင်တွင် ပုဝါက ပြေလျော့သွားခဲ့ပြီး အဖြူရောင်အဝတ်စက ယန်းရှီးယွီ၏ခါးမှ ကျွတ်ကျသွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို ချင်ကျိုး၏ နှုတ်ခမ်းထောင့်များက  ပင့်တက်သွားသော်လည်း ချက်ချင်းလက်ငင်း အေးခဲသွားရသည်။

"ပုဝါအောက်မှ အောက်ခံဘောင်းဘီ ဝတ်ထားတာလား?"
ချင်ကျိုးက သည်းမခံနိုင်စရာ အရာတစ်ခုကို ကြုံတွေ့လိုက်ရသည့်အလား အော်ဟစ်လိုက်လေသည်။
"မင်းလို လူမျိုးတွေက အပြင်ကိုဆွဲထုတ်ပြီး ပစ်သတ်ခံရသင့်တာ!"

ယန်းရှီးယွီက ချင်ကျိုးကို ခပ်ဖျော့ဖျော့တစ်ချက်ကြည့်လိုက်ပြီး ပုဝါကို ပြန်ပတ်၍ အိမ်ခန်းထဲသို့ လျှောက်သွားလိုက်သည်။

သူ့အောက်ခံဘောင်းဘီကို ရှင်းရှင်းလင်းလင်းအမြင်ခံလိုက်ရပြီဖြစ်ပြီး နောက်ထပ် ဖုံးကွယ်စရာမရှိတော့ပြီဖြစ်၍ တံခါးကို မပိတ်လိုက်တော့ပေ။ ချင်ကျိုး၏ ခိုးကြောင်ခိုးဝှက်အကြည့်များအောက်တွင် လက်တိုအင်္ကျီတစ်ထည်နှင့် ဘောင်းဘီရှည်တစ်ထည်ကို အေးအေးဆေးဆေးဝတ်နေလိုက်တော့သည်။

ချင်ကျိုး စိတ်ပျက်လက်ပျက်ဖြင့် လျှာတောက်လိုက်သည်။ ယန်းရှီးယွီ ဝတ်ထားသည်က အနက်ရောင်အောက်ခံဘောင်းဘီဖြစ်ပြီး လေးထောင့်ပုံဘောင်းဘီဖြစ်ကာ စိတ်ကြွစေသော အရာမျိုး လုံးဝမဟုတ်ပေ။

သူ ဆိုဖာပေါ်သို့ အားပါးတရထိုင်ချလိုက်ပြီး အိပ်ခန်းရှိရာဘက်ကို လှမ်းမေးလိုက်သည်။
"သောက်စရာ ရေလေးတောင်မရှိဘူးလား?"

ယန်းရှီးယွီက သူ၏ ရွှေရောင်မျက်မှန်ကိုင်းတပ် မျက်မှန်ကို တပ်ထားပြီး အိပ်ခန်းထဲမှ ထွက်လာသည်။ ထို့နောက်တွင် ရေထဲသေတ္တာထဲမှ ရေသန့်ဘူးတစ်ဘူးကို ဆွဲထုတ်လိုက်ပြီး ချင်ကျိုးဆီပစ်ပေးလိုက်သည်။
"မင်း ဘာလို့ ရောက်လာတာလဲ?"

ရေဘူးက ချင်ကျိုး၏ ရင်ဘတ် တည့်တည့်ကိုပစ်မိသွား၍ ရည်ရည်မွန်မွန်ပြန်မဖြေပေးလိုက်တော့ပေ။
"မင်းလုပ်တာ နည်းနည်း ကြမ်းတမ်းမနေဘူးလား?"

ထိုသို့ပြောလိုက်သော်လည်း ချင်ကျိုးက ယန်းရှီးယွီ၏ နားရွက်နောက်တွင်ရှိနေသော မျက်မှန်ကြိုးကို ကြည့်နေမိပြီး ထိုမျက်မှန်ကို ချွတ်နိုင်ရန် prankတစ်ခုလုပ်ချင်သွားပြီး မရှင်းပြနိုင်သော ယားယံမှုတစ်ခုက သူ့တစ်ကိုယ်လုံးတွင် ပြည့်သွားခဲ့သည်။

သို့သော်လည်း ထိုသို့မလုပ်လိုက်ပေ။ သူက ယနေ့အတွက် စနောက်နိုင်သည့် အတိုင်းအတာပမာဏကို ကျော်လွန်သွားပြီဖြစ်ပြီး သူသာ ထပ်စပါက ယန်းရှီးယွီ၏ ရိုက်နှက်ခြင်းကို သေချာပေါက်ခံရပေတော့မည်ဖြစ်သည်။

"ထောင်ကို ဘာလို့ ကိုယ်တိုင်သွားရတာလဲ?"
ချင်ကျိုး လှည့်ပတ်မနေတော့ဘဲ ဒဲ့သာမေးလိုက်တော့သည်။
"မင်း တိတ်တိတ်လေး စုံစမ်းနေတာ မဟုတ်ဘူးလား?"

ယန်းရှီးယွီသာ စုံစမ်းစစ်ဆေးလိုလျှင် ထောင်သို့ တရားသူကြီးတစ်ယောက်အနေဖြင့်သာ သွားနိုင်သည်ဖြစ်၍ ထိုကိစ္စက အတိအလင်းဖြစ်သွားကာ လူတိုင်းသိနိုင်သွားမည်ဖြစ်သည်။ လူတိုင်းက ယန်းရှီး ထိုအမှုကိစ္စကို အာရုံစိုက်နေမှနိး သိသွားမည်ဖြစ်သည်။

"ငါ ထောင်ထဲသွားသေးတာကို မင်းဘယ်လိုသိလဲ?"
ယန်းရှီးယွီ တစ်ယောက်ထိုင်ဆိုဖာတွင် ထိုင်ချလိုက်ပြီး ပြန်ဖြေရမည့်အစား တန်ပြန်မေးခွန်းထုတ်လေသည်။

"အထဲမှာ ငါ့ ညီအစ်ကိုတွေအများကြီးရှိတယ်လေ.."
ထိုစကားက အမှန်အတိုင်းပြောနေဟန်တူသော်လည်း အမှန်တကယ်တွင် ချင်ကျိုးက လျှောက်ပြောနေခြင်းသာဖြစ်သည်။ သူ့ မျက်စိအောက်တွင် သူ၏ လူရမ်းကား သူငယ်ချင်းများက အများဆုံးအနေဖြင့် စခန်းမှ သတိပေးခံရခြင်းလောက်သာ ဖြစ်သော်လည်း မည်သူကမှ ထောင်ထဲသို့ မရောက်ခဲ့ကြပေ။

သို့သော်လည်း ယန်းရှီးယွီက သူ့စကားများကို ယုံဟန်ရှိနေပြ ခေါင်းကိုက်သွားသည်ကို မဖုံးကွယ်နိုင်ခဲ့ပေ။
"ချင်ကျိုး... မင်း 'ကိုယ်ပေါင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေက ကိုယ့်ရဲ့ စရိုက်ကို လွှမ်းမိုးနိုင်တယ်' ဆိုတဲ့ စကားကိုရော နားလည်ရဲ့လား?'

ချင်ကျိုး ရယ်မောလေတော့သည်။
"မင်း အဲ့ဒီ့အကြောင်းကို ပြောနေတုန်းလား?"

ယန်းရှီးယွီ မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့ကာ ဘာစကားမှ ပြန်မပြောတော့ပေ။

"ရဲတွေဆီကနေရော ဘာတိုးတက်မှုရှိသေးလဲ?"
ချင်ကျိုး ဆက်မေးလေသည်။

သူက ဝမ်တရုန်ကို ရဲများထံသို့ ရည်ရွက်ချက်ရှိရှိ ချန်ထားခဲ့ခြင်းဖြစ်ပြီး ယန်းရှီးယွီက ကျန်သည့်အရာများကို လုပ်ခဲ့ခြင်းဖြစ်၍ ချင်ကျိုးမသိသည့် ကိစ္စအချို့ ဖြစ်ပျက်ခဲ့သေးကြောင်း သိသာလှသည်။

ယန်းရှီးယွီက ချင်ကျိုး ထင်ထားသည့်အတိုင်း ပြန်မဖြေခဲ့ပေ။ ချင်ကျိုးက ထပ်မေးပြန်သည်။
"ဝေ့ကောလား?"

ထိုအချိန်တွင် ယန်းရှီးယွီ၏ မျက်ခုံးများက မသိမသာတွန့်ကွေးသွားခဲ့ပြီး ချင်ကျိုးကလည်း ထိုတုန့်ပြန်မှုကို လက်ပူးလက်ကြပ်မိသွားခဲ့သည်။

"ငါသိသားပဲ..."
ချင်ကျိုး ပြုံးလိုက်သည်။

ဝမ်တရုန်က အစပိုင်းက ချင်ကျိုးနှင့် ယန်းရှီးယွီကို ဝေ့ကောလွှတ်လိုက်သည့်လူများဟု ထင်ခဲ့သည်။ ထိုအချိန်တွင် ချင်ကျိုးက အများကြီးအာရုံမစိုက်မိခဲ့ဘဲ "ဝေ့ကာက ဘယ်သူလဲ?" ဟုသာ မေးခဲ့သည်။

ယခု ပြန်လည်တွေးတောမိချိန်တွင် ဝမ်တရုန်က သူ မည်သူ့ကိုမှ ပိုက်ဆံအကြွေးမတင်တော့ဟု ပြောခဲ့သော်လည်း သူ့ကို တစ်ယောက်ယောက်က ပြဿနာရှာနေသည်ဟု ဝန်ခံခဲ့သည်။ ထိုကိစ္စကို ဆင်ခြင်သုံးသပ် ကောက်ချက်ချကြည့်ရလျှင် သူ့နောက်ကို လိုက်နေသူက ဝေ့ကောဟု ခေါ်သူဖြစ်နိုင်သည်။

သို့မဟုတ် ပို၍ တိုက်ရိုက်ဆန်ဆန်ပြောရမည်ဆိုလျှင် ဝမ်တရုန်ကို လိုက်ဖမ်းနေသူက ဝေ့ကောဆိုသူဖြစ်သည်။

ဝေ့ကောဆိုသူက မြေအောက်လောကမှလူဖြစ်သည်မှာ သိသာလှပြီး ယန်းရှီးယွီက ထိုမြေအောက်ဒုစရိုက်လောကမှ လူများဖြင့်လုံးဝ အဆက်အသွယ်မရှိ၍ စုံစမ်းစစ်ဆေးရန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့်  သူ၏ အထောက်အထားကို ထုတ်ဖော်ကာ ဝမ်တရုန်၏ ထောင်တွင်း စာပို့ဖော်ရည်းစားအကြောင်း ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေး၍ ဝေ့ကောဆိုသူနှင့် ပတ်သတ်သည့် သဲလွန်စများကို ရှာဖွေ နေခြင်းဖြစ်နိုင်သည်။

ယနေ့တွင် ချင်ကျိုးတစ်ယောက် ယန်းရှီးယွီ၏ အိမ်သို့ရောက်လာရသည့် အကြောင်းပြချက်မှာ ဝေ့ကောဟူသော နာမည်ကိုကြားချိန်တွင် ဖြစ်ပေါ်လာမည့် ယန်းရှီးယွီ၏ တုံ့ပြန်ချက်ကို ကြည့်ချင်၍ဖြစ်သည်။ ဖုန်းဆက်ရုံဆိုပါက ထိုတုံ့ပြန်ချက်ကို မြင်နိုင်မည် မဟုတ်ပေ။

သူ၏ ပန်းတိုင်ကိုရောက်ရှိပြီးပြီဖြစ်၍ ချင်ကျိုးက ယန်းရှီးယွီ ပြန်ဖြေမည်မဟုတ်သော မေးခွန်းများကို ဆက်မေးတော့မည်မဟုတ်ချေ။

သူ ပတ်ပတ်လည်ကို လျှောက်ကြည့်ရင်း သဘာဝကျကျ မှတ်ချက်ချလိုက်သည်။
"မင်းအိမ်က အတော်လေး သန့်ရှင်းသားပဲ..."

ယန်းရှီးယွီက ချင်ကျိုးတစ်ယောက် သူဖုံးကွယ်ထားချင်သော အရာများကို ဖောက်မြင်နိုင်သွားပြီဖြစ်ကြောင်း သိသွား၍ မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။

"အခန်းက သပ်ရပ်နေပြီး ထူးဆန်းတဲ့ အနံ့တွေလည်း မရှိဘူး... ဒီတော့မင်းက crossdresser ဒါမှမဟုတ်ရင် ဂေးဖြစ်ရမယ်...."
ချင်ကျိုး နေရာတိုင်းကို လျှောက်ကြည့်လိုက်ပြီး သူ့အကြည့်များကို ယန်းရှီးယွီရှိရာဆီ ရပ်တန့်လိုက်ပြီး စနောက်နေဟန်ဖြင့်မေးလိုက်သည်။
"ယန်းရှီးယွီ... မင်းက ဂေးလား?"

*****
Word - 2940
22.1.2024

Update တွေနောက်ကျတာ တကယ်တောင်းပန်ပါတယ်😞

ကိုယ့်အလုပ်က မနက်၉နာရီကနေ ညနေ ၆နာရီ တစ်ခါတစ်လေ ၇နာရီအထိဖြစ်ပြီး online classကလည်း တစ်ပတ် ငါးရက် တက်ရတာမလို့ ညဘက်ရောက်တာနဲ့ စာပြန်ကျက်ပြီးတာနဲ့ အရမ်းပင်ပန်းပြီး အိပ်ပျော်သွားမိလို့ပါ

တကယ်တောင်းပန်ပါတယ်နော်.... (。╯︵╰。)




#Zawgyi
အခန္း(၁၄)
မင္းက ေဂးလား?
<<<<<

"မလန႔္နဲ႔..."
ခ်င္က်ိဳး သူ႔လက္ဖဝါးကို ေျဖးေျဖးခ်င္း ေျမႇာက္လိုက္သည္။
"ဘာေတြျဖစ္ေနလဲဆိုတာ ငါ့ကိုေျပာျပ.... မင္းကို ကူၿပီးေျဖရွင္းေပးမယ္..."

"မဟုတ္ပါဘူး... ရပါတယ္..."
ေရွာင္ဝူက ခပ္ျမန္ျမန္လက္ခါျပလိုက္သည္။
"မိန္းမေတြက ေယာက္်ားေတြနဲ႔ ကြာျခားတယ္ေလ ခ်င္ေကာရဲ႕... ခ်င္ေကာရဲ႕ သီအိုရီေတြက ေယာက္်ားေတြေပၚမွာပိုၿပီး အလုပ္ျဖစ္တာ ထင္တယ္..."

ညေနခင္းတြင္ ဆိုင္အေစာပိတ္၍ ခ်င္က်ိဳးက ေရွာင္ဝူကို လမ္းေဘးဆိုင္ေလးသို႔ေခၚကာ သြားေသာက္ေလသည္။ ထိုကေလးက ခံစားခ်က္မ်ား အမွန္တကယ္ ၿငိတြယ္ေနၿပီျဖစ္၍ ခ်င္က်ိဳးကို အျပစ္မကင္းစိတ္တို႔ ျဖစ္ေပၚလာေစသည္။

"ခ်င္ေကာ... ကြၽန္ေတာ့္ကို ႐ိုး႐ိုးသားသားေျပာျပဗ်ာ..."
ေရွာင္ဝူက ဘီယာပုလင္းမ်ားစြာ ေသာက္ၿပီးေနာက္တြင္ ႀကိဳ႕ထိုးေနၿပီျဖစ္ၿပီး စကားမ်ားကလုံး ပလုံးပေထြးျဖစ္ေနၿပီျဖစ္သည္။
"ခ်င္ေကာက ခံစားခ်က္ထက္ ရမၼက္ကိုပဲ အၿမဲတမ္းေရွ႕တန္းတင္တာမလား?"

"အဓိပၸါယ္မရွိတာ...."
ခ်င္က်ိဳး စိတ္ပ်က္လက္ပ်က္ျဖင့္ အေဝးကို ေငးၾကည့္ေနရင္း ေဆးလိပ္ျပာအခ်ိဳ႕ကို ေတာက္ခ်လိုက္သည္။
"ငါက ရမၼက္ကို ေရွ႕တန္းမတင္ပါဘူး... ခံစားခ်က္ကိုပဲ ေရွ႕တန္းတင္တာပါ..."

"ဒါဆို ေျပာပါဦး...."
ေရွာင္ဝူ ဆက္ေျပာလာသည္။
"ေကာရဲ႕ ႏွလုံးသားကို ဘယ္သူက ဖမ္းစားထားတာလဲ?"

ခ်င္က်ိဳး၏စိတ္ထဲတြင္ ေခ်ာေမာခန႔္ညားေသာ လူတစ္ေယာက္၏ပုံရိပ္ ထြက္ေပၚလာသည္။ သူ နာရီကိုတစ္ခ်က္ၾကည့္လိုက္ၿပီး လက္ထဲတြင္ရွိေနေသာ တစ္ဝက္ေသာက္ၿပီးသား ေဆးလိပ္ကို လႊင့္ပစ္လိုက္သည္။

"ေကာမေျပာဘူးဆိုတာ ကြၽန္ေတာ္သိသားပဲ..."
ေရွာင္ဝူ ေျပာသည္။
"ညီအစ္ကိုေတြအကုန္လုံးက ေကာက ရည္းစားေပြတယ္ဆိုတာ သိၿပီးသား... လာဟန္ေဆာင္မေနနဲ႔..."

ခ်င္က်ိဳး ပေဟဠိမျဖစ္ဘဲ မေနႏိုင္ေတာ့ေပ။ သူက ပုံမွန္လူပါပဲ ဘယ္လိုလုပ္ၿပီး ရည္းစားေပြတဲ့သူျဖစ္သြားရတာလဲ?

ေရွာင္ဝူကို ကားျပင္ဆိုင္အနားတြင္ရွိေသာ အငွားအိမ္သို႔ ပို႔ေပးၿပီးေနာက္တြင္ ခ်င္က်ိဳး အိမ္မျပန္ခဲ့ဘဲ တရား႐ုံးအနားတြင္ ေအးေအးေဆးေဆးလမ္းေလွ်ာက္ေနခဲ့သည္။

ယန္းရွီးယြီ တရား႐ုံးနားတြင္ ေနသည္ဟူေသာ အခ်က္ကို သူသိေၾကာင္း ေဖာ္ထုတ္ျပရသည္ကို သူ စိတ္ထဲမထားပါေခ်။ သို႔ေသာ္လည္း ယန္းရွီးယြီမသိသည့္အရာမွာ သူက ယန္းရွီးယြီေနသည့္ အေဆာက္အအုံႏွင့္ အိမ္နံပါတ္အတိအက်ကိုပါ သူသိေနသည္ ဆိုသည့္အေၾကာင္းကိုျဖစ္သည္။

ထိုအခ်ိန္က သူ အရက္မူးမူးျဖင့္ အိမ္ျပန္လာခ်ိန္ျဖစ္ၿပီး ယန္းရွီးယြီက ကုန္စုံဆိုင္ေလးတြင္ တစ္ခုခုဝယ္ေနခဲ့ေလသည္။ စိတ္လိုက္မာန္ပါျဖင့္ ခ်င္က်ိဳး သူ႔ေနာက္သို႔ လိုက္သြားခဲ့လိုက္သည္။

အျခားအိမ္မ်ား၏ အိမ္ေသာ့မ်ားက ေသာ့တံျဖင့္ဖြင့္ရေသာ သာမန္ေသာ့မ်ားသာျဖစ္ေသာ္လည္း ယန္းရွီးယြီက သူ႔အိမ္ကို တစ္ေယာက္ေယာက္ ေဖာက္ဝင္မည္ကို စိုးရိမ္ေနဟန္ျဖင့္ အလက္ထေရာနစ္ေသာ့ျဖင့္ ေျပာင္းလဲတပ္ဆင္ထားသည္။

ထိုအခ်ိန္က ယန္းရွီးယြီ၏ အိမ္ေရွ႕တံခါးတြင္ ရပ္ေနရင္း အိမ္တံခါးကိုေခါက္၍ ထြက္ေျပးၿပီး စေနာက္လွ်င္ေကာင္းမလားဟူ၍ တုန႔္ဆိုင္းေနခဲ့မိသည္ကို မွတ္မိေနေသးသည္။

သို႔ေသာ္လည္း ထိုသို႔ စေနာက္ပါက အလြန္ကေလးဆန္လြန္းသည္ဟု ေတြးမိ၍ ထိုအႀကံကို ပယ္ဖ်က္ခဲ့သည္။

ယခုတြင္ ခ်င္က်ိဳး ယန္းရွီးယြီ၏ အိမ္ေရွ႕တြင္ ေနာက္တစ္ႀကိမ္ ထပ္ရပ္ေနေလၿပီ။

"ေဒါက္... ေဒါက္... ေဒါက္..."

ခ်င္က်ိဳး ယန္းရွီးယြီ၏အိမ္တံခါးကို ေခါက္လိုက္သည္။

ခဏၾကာသည္အထိ အထဲမွ မည္သည့္ တုန႔္ျပန္ခ်က္ကိုမွ မၾကားရ၍ ခ်င္က်ိဳး တံခါးထပ္ေခါက္လိုက္သည္။

ထိုအခ်ိန္တြင္ တံခါးအေနာက္မွ ေျခသံမ်ားႏွင့္အတူ  ယန္းရွီးယြီ၏အသံကိုပါ ၾကားလိုက္ရသည္။
"ဘယ္သူလဲ?"

ခ်င္က်ိဳး : "ငါပါ.. ခ်င္က်ိဳး...."

ေကာ္ရစ္တာမီးက မွိန္ေဖ်ာ့ေဖ်ာ့လင္းလက္လာၿပီး ျပန္လည္မဲေမွာင္သြားသည္။ ေနာက္တစ္စကၠန႔္အတြင္း အလက္ထေရာနစ္ေသာ့မွ ေသာ့ပြင့္သြားသံထြက္ေပၚလာခဲ့သည္။ ယန္းရွီးယြီ တံခါးကိုဖြင့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ရင္း ခ်င္က်ိဳးကိုၾကည့္၍ ေမးလာသည္။
"မင္း ဒီမွာ ဘာလာလုပ္ေနတာလဲ?"

ခ်င္က်ိဳးလည္း သူ႔ကိုယ္သူ ယခုလိုအခ်ိန္မ်ိဳးတြင္ ေရာက္လာမည္ဟု မထင္မွတ္ထားခဲ့ေပ။

ယန္းရွီးယြီ၏ကိုယ္ေပၚတြင္ ပုဝါတစ္ထည္တည္းသာ ပတ္ထားၿပီး ဆံပင္မွ ေရစက္ေရေပါက္မ်ား က်ဆင္းေနဆဲျဖစ္သည္။ မ်က္မွန္မတပ္ထား၍လားမသိေသာ္လည္း သူ႔မ်က္လုံးမ်ားက အနည္းငယ္က်ဥ္းေျမာင္းေနၿပီး ျမဴတစ္လႊာဖုံးေနသလိုျဖစ္ေနသည္။

"ဝိုး...."
ခ်င္က်ိဳး မထိန္းႏိုင္ဘဲ စိတ္ထဲတြင္ ေလခြၽန္ေနမိေလၿပီ။
"မင္း ဘယ္တုန္းက ဝမ္းဗိုက္ႂကြက္သားေတြ ရလာတာလဲ?"

ယန္းရွီးယြီ၏ ႂကြက္သားေကာက္ေၾကာင္းမ်ားက အလြန္အခ်ိဳးအစားက်နၿပီး ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေနသည္။ ခ်င္က်ိဳး၏ မ်က္လုံးမ်ားက ယန္းရွီးယြီ၏ ခႏၶာကိုယ္ကို တစ္လက္မ မက်န္ ေလာဘတႀကီး ၾကည့္ေနေလသည္။ ယန္းရွီးယြီကို ထပ္မံစေနာက္လိုေသာအေတြးတို႔ သူ႔စိတ္ထဲတြင္ ေပၚလာသည္မွာ နတ္ဆိုးေလးတစ္ေကာင္မွ စေနာက္ျခင္းက ေယာက္်ားစစ္စစ္တစ္ေယာက္၏ အထိမ္းအမွတ္ျဖစ္ေၾကာင္း ေရ႐ြတ္ေနသလိုပင္။

ယန္းရွီးယြီက ခ်င္က်ိဳး၏ စူးရွေနေသာအၾကည့္မ်ားကို သေဘာမက်သည္မွာ သိသာလွသည္။ သူ႔ပုခုံးမ်ားကို ေ႐ႊ႕လိုက္ၿပီး တံခါးပိတ္ရန္ျပင္လိုက္သည္။

ခ်င္က်ိဳးက ထိုလွပသည့္ ျမင္ကြင္းေလးကို လက္လႊတ္မခံခ်င္ေခ်။ ခ်က္ခ်င္းလက္ငင္း ေျခတစ္ဖက္ကို သူ႔အလိုလို ဆန႔္ထုတ္လိုက္ၿပီး တံခါးၾကားထဲသို႔ ခ်လိုက္ၿပီး လက္ကို တံခါးေဘာင္ေပၚတင္ရင္း တံခါးဆက္ပြင့္ေနေစရန္ တစ္ဆက္တည္း  ေခ်ာေခ်ာေမြ႕ေမြ႕လုပ္ႏိုင္လိုက္သည္။

"ခ်င္က်ိဳး..."
ယန္းရွီးယြီက အသံနက္နက္ျဖင့္ေျပာလိုက္ေသာ္လည္း သူ႔ကို ေမာင္းမထုတ္ေပ။ အနည္းငယ္ စိတ္အေႏွာက္အယွက္ျဖစ္၍ တံခါးကို ပိတ္လိုက္ျခင္းျဖစ္သည္။

"ဦးထုပ္က မေျခာက္ေသးဘူး... ေနာက္ေန႔မွျပန္ေပးမယ္..."
ခ်င္က်ိဳး ဧည့္ခန္းထဲကို ပတ္ၾကည့္လိုက္ၿပီးမွ ေဘးတြင္ရွိေနေသာ ယန္းရွီးယြီကို ျပန္ၾကည့္ၿပီး ေမးလိုက္သည္။
"အိမ္တြင္းစီးဖိနပ္က ဘယ္မွာလဲ?"

ယန္းရွီးယြီက မလႈပ္မယွက္ရပ္ေနဆဲျဖစ္သည္။
"မင္း ဘာလိုခ်င္တာလဲ?"

ခ်င္က်ိဳး ေနာက္ေတာက္ေတာက္ၿပဳံးလိုက္သည္။
"ဒီေန႔ မင္း ေတာင္ဘက္ပိုင္းအက်ဥ္းေထာင္ကို သြားတယ္လို႔ၾကားထားတယ္.."

ယန္းရွီးယြီ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ခ်င္က်ိဳးကို ခဏမွ်စိုက္ၾကည့္လိုက္သည္။ ေနာက္ဆုံးတြင္ ကူကယ္ရာမဲ့သြားဟန္ျဖင့္ အသက္ရွဴထုတ္လိုက္ၿပီး ဖိနပ္ဘီ႐ိုကိုဖြင့္ရန္ အနည္းငယ္ ငုံ႔ကိုင္းလိုက္ေတာ့သည္။

"ဒီနားမွာ တစ္ခုခုရွိေနတယ္..."
ခ်င္က်ိဳး ယန္းရွီးယြီ၏ ခါးတြင္ပတ္ထားေသာ ပုဝါနားသို႔ လက္ဆန႔္ထုတ္လိုက္သည္။ မထင္မွတ္ထားစြာျဖင့္ ယန္းရွီးယြီက အလြန္အမင္း သတိကပ္ေနလ်က္ရွိၿပီး ခ်င္က်ိဳး၏လက္ေခ်ာင္းမ်ားက ပုဝါကိုထိသြားသည္ႏွင့္ သူ႔ လက္ေကာက္ဝတ္ကို ဖမ္းကိုင္လိုက္သည္။

"မင္း အကူအညီမလိုဘူး..."
ယန္းရွီးယြီ ထိုသို႔ေျပာလိုက္ရင္း လက္တစ္ဖက္ျဖင့္ အိမ္တြင္းစီးဖိနပ္တစ္ရံကို ဆြဲထုတ္ကာ ခ်င္က်ိဳးေရွ႕ကို ပစ္ေပးလိုက္ၿပီးမွ ဖိနပ္ဘီ႐ိုကိုပိတ္လိုက္သည္။

"မင္းရဲ႕ အေနာက္ဘက္မွာဆိုေတာ့ မင္းမွ မျမင္ရတာ..."
ခ်င္က်ိဳး သူ႔လက္ေခ်ာင္းငါးေခ်ာင္းကို ျဖန႔္လိုက္ၿပီး ယန္းရွီးယြီ၏တင္ပါးဆီသို႔ ဦးတည္လိုက္သည္။

ထိုလက္ေခ်ာင္းမ်ားက ယန္းရွီးယြီ၏ တင္ပါးေကာက္ေၾကာင္းသို႔ ထိခါနီးတြင္ ယန္းရွီးယြီက ႐ုတ္တရက္ဆိုသလို ေဘးဘက္သို႔ ေ႐ႊ႕လိုက္ၿပီး ခ်င္က်ိဳး၏ လက္ေကာက္ဝတ္ကို လက္တစ္ဖက္ျဖင့္ ဖမ္းကိုင္လိုက္ကာ ေနာက္ထပ္လက္တစ္ဖက္ကို ေနာက္ေက်ာသို႔ ဖိကပ္လိုက္ၿပီး ေဘးနားမွ အျဖဴေရာင္ နံရံေပၚသို႔ ခ်င္က်ိဳးကို ဖိကပ္ပစ္လိုက္သည္။

မထင္မွတ္ထားသည့္ ရလဒ္ျဖစ္လာသျဖင့္ ခ်င္က်ိဳးက သူ႔လက္တစ္ဖက္ကို သူ႔ရင္ဘတ္အတြက္ ကူရွင္သဖြယ္ သုံးရန္ျပင္လိုက္သည္။ သို႔ေသာ္လည္း သူ႔ရင္ဘတ္က နံရံမွ အနည္းငယ္သာ ကြာသြား႐ုံရွေသးေသာ္လည္း ယန္းရွီးယြီက သူ႔ကို နံရံေပၚသို႔ ဖိကပ္သြားေအာင္ ထပ္ဖိလိုက္ျပန္သည္။

"အျပင္ကို ဆြဲထုတ္တာမခံခ်င္ရင္ ၿငိမ္ၿငိမ္ေန..."
ယန္းရွီးယြီ၏ ရင္ဘတ္က ခ်င္က်ိဳး၏ ေနာက္ေက်ာေပၚသို႔ ထိကပ္ေနၿပီး သူတို႔ႏွစ္ေယာက္ၾကားတြင္ ဖမ္းခ်ဳပ္ခံထားရေသာ ခ်င္က်ိဳး၏ လက္တစ္ဖက္သာ ရွိေနသည္။

သဘာဝက်စြာျဖင့္ ခ်င္က်ိဳးက ၿငိမ္ၿငိမ္မေနခဲ့ေပ။ သူ႔လက္ကို ျပန္ဆြဲထုတ္ရန္ ႀကိဳးစား႐ုန္းကန္ေနေသာ္လည္း ထိုအခ်ိန္တြင္ ယန္းရွီးယြီက သူ႔ ညာဘက္ေျခေထာက္ကိုသုံး၍ ခ်င္က်ိဳး၏ ေျခေထာက္မ်ားကို ခ်ဳပ္လိုက္ၿပီး လုံးဝမလႈပ္ရွားႏိုင္ေအာင္လုပ္လိုက္သည္။

"ေကာင္းၿပီ..."
ခ်င္က်ိဳး တြန႔္ဆုတ္စြာျဖင့္ သေဘာတူဟန္ေျပာလိုက္ေသာ္လည္း သူ႔လက္ေခ်ာင္းမ်ားက ယန္းရွီးယြီ၏ ဝမ္းဗိုက္ကို ခပ္ဖြဖြေလး ပြတ္သပ္လိုက္ေသးသည္။

သူ႔ေခါင္းကို နံရံေပၚတြင္ ဖိကပ္ခံထားရ၍ ခ်င္က်ိဳးက ယန္းရွီးယြီ၏ မ်က္ႏွာကို တစ္ဝက္မွ်သာ ျမင္ေနရသည္။ သို႔ေသာ္လည္း သူ႔လက္ေခ်ာင္းထိပ္ေလးမ်ားျဖင့္ လွည့္ကြက္အခ်ိဳ႕ ထုတ္သုံးလိုက္ခ်ိန္တြင္ ယန္းရွီးယြီ၏ ဝမ္းဗိုက္က ႏွစ္ႀကိမ္မွ် တုန္ရီသြားသည္ကို ရွင္းရွင္းလင္းလင္း ခံစားလိုက္ရသည္။

ေနာက္တစ္စကၠန႔္တြင္ သူ႔လက္ေမာင္း ပိုမိုနာက်င္လာ၍ ခ်င္က်ိဳး ေတာင့္မခံႏိုင္ေတာ့ေပ။
"အား! နာတယ္ဟ! လႊတ္ေပးေတာ့!"

ယန္းရွီးယြီ ခ်င္က်ိဳး၏ ကိုယ္ေပၚမွအနံ႔ကို သတိထားမိလိုက္၍ အတက္အက်မရွိေသာ ေလသံျဖင့္ေမးလိုက္သည္။
"မင္း အရက္ေသာက္လာတာလား?"

သူတို႔ႏွစ္ေယာက္ အေတာ္ေလး နီးကပ္ေနသည္ျဖစ္၍ ယန္းရွီးယြီက ခ်င္က်ိဳးကိုယ္ေပၚမွ အရက္နံ႔ႏွင့္ ေဆး႐ြက္ႀကီးနံ႔မ်ားကို အနံ႔ခံႏိုင္သည္မွာ အံ့ဩစရာမဟုတ္ေပ။

နာက်င္ေနေသာ ပုခုံးမ်ားကို ပြတ္သပ္ရင္း ခ်င္က်ိဳးက အေရးမပါဟန္ျပန္ေျဖလိုက္သည္။
"ေအးေလ... ငါ့ ေဘဘီရဲ႕ အိမ္ကေန ဒီကိုတန္းထြက္လာခဲ့တာ..."

ယန္းရွီးယြီ အိပ္ခန္းထဲသို႔ ေအးစက္စြာေလွ်ာက္သြားလိုက္ေသာ္လည္း ေျခလွမ္းလွမ္းလိုက္သည္ႏွင့္ မထင္မွတ္ထားသည့္ အရာတစ္ခုျဖစ္ေပၚလာ၍ ႏွစ္ေယာက္လုံး အံ့ဩသြားၾကရသည္။

မတိုင္မီက သူတို႔ႏွစ္ေယာက္၏ ေနာက္တီးေနာက္ေတာက္လုပ္ရက္မ်ားေၾကာင့္ ျဖစ္ေလာက္သည္။ သူတို႔ သတိမထားမိခင္တြင္ ပုဝါက ေျပေလ်ာ့သြားခဲ့ၿပီး အျဖဴေရာင္အဝတ္စက ယန္းရွီးယြီ၏ခါးမွ ကြၽတ္က်သြားခဲ့ေလသည္။

႐ုတ္တရက္ဆိုသလို ခ်င္က်ိဳး၏ ႏႈတ္ခမ္းေထာင့္မ်ားက  ပင့္တက္သြားေသာ္လည္း ခ်က္ခ်င္းလက္ငင္း ေအးခဲသြားရသည္။

"ပုဝါေအာက္မွ ေအာက္ခံေဘာင္းဘီ ဝတ္ထားတာလား?"
ခ်င္က်ိဳးက သည္းမခံႏိုင္စရာ အရာတစ္ခုကို ႀကဳံေတြ႕လိုက္ရသည့္အလား ေအာ္ဟစ္လိုက္ေလသည္။
"မင္းလို လူမ်ိဳးေတြက အျပင္ကိုဆြဲထုတ္ၿပီး ပစ္သတ္ခံရသင့္တာ!"

ယန္းရွီးယြီက ခ်င္က်ိဳးကို ခပ္ေဖ်ာ့ေဖ်ာ့တစ္ခ်က္ၾကည့္လိုက္ၿပီး ပုဝါကို ျပန္ပတ္၍ အိမ္ခန္းထဲသို႔ ေလွ်ာက္သြားလိုက္သည္။

သူ႔ေအာက္ခံေဘာင္းဘီကို ရွင္းရွင္းလင္းလင္းအျမင္ခံလိုက္ရၿပီျဖစ္ၿပီး ေနာက္ထပ္ ဖုံးကြယ္စရာမရွိေတာ့ၿပီျဖစ္၍ တံခါးကို မပိတ္လိုက္ေတာ့ေပ။ ခ်င္က်ိဳး၏ ခိုးေၾကာင္ခိုးဝွက္အၾကည့္မ်ားေအာက္တြင္ လက္တိုအက်ႌတစ္ထည္ႏွင့္ ေဘာင္းဘီရွည္တစ္ထည္ကို ေအးေအးေဆးေဆးဝတ္ေနလိုက္ေတာ့သည္။

ခ်င္က်ိဳး စိတ္ပ်က္လက္ပ်က္ျဖင့္ လွ်ာေတာက္လိုက္သည္။ ယန္းရွီးယြီ ဝတ္ထားသည္က အနက္ေရာင္ေအာက္ခံေဘာင္းဘီျဖစ္ၿပီး ေလးေထာင့္ပုံေဘာင္းဘီျဖစ္ကာ စိတ္ႂကြေစေသာ အရာမ်ိဳး လုံးဝမဟုတ္ေပ။

သူ ဆိုဖာေပၚသို႔ အားပါးတရထိုင္ခ်လိုက္ၿပီး အိပ္ခန္းရွိရာဘက္ကို လွမ္းေမးလိုက္သည္။
"ေသာက္စရာ ေရေလးေတာင္မရွိဘူးလား?"

ယန္းရွီးယြီက သူ၏ ေ႐ႊေရာင္မ်က္မွန္ကိုင္းတပ္ မ်က္မွန္ကို တပ္ထားၿပီး အိပ္ခန္းထဲမွ ထြက္လာသည္။ ထို႔ေနာက္တြင္ ေရထဲေသတၱာထဲမွ ေရသန႔္ဘူးတစ္ဘူးကို ဆြဲထုတ္လိုက္ၿပီး ခ်င္က်ိဳးဆီပစ္ေပးလိုက္သည္။
"မင္း ဘာလို႔ ေရာက္လာတာလဲ?"

ေရဘူးက ခ်င္က်ိဳး၏ ရင္ဘတ္ တည့္တည့္ကိုပစ္မိသြား၍ ရည္ရည္မြန္မြန္ျပန္မေျဖေပးလိုက္ေတာ့ေပ။
"မင္းလုပ္တာ နည္းနည္း ၾကမ္းတမ္းမေနဘူးလား?"

ထိုသို႔ေျပာလိုက္ေသာ္လည္း ခ်င္က်ိဳးက ယန္းရွီးယြီ၏ နား႐ြက္ေနာက္တြင္ရွိေနေသာ မ်က္မွန္ႀကိဳးကို ၾကည့္ေနမိၿပီး ထိုမ်က္မွန္ကို ခြၽတ္ႏိုင္ရန္ prankတစ္ခုလုပ္ခ်င္သြားၿပီး မရွင္းျပႏိုင္ေသာ ယားယံမႈတစ္ခုက သူ႔တစ္ကိုယ္လုံးတြင္ ျပည့္သြားခဲ့သည္။

သို႔ေသာ္လည္း ထိုသို႔မလုပ္လိုက္ေပ။ သူက ယေန႔အတြက္ စေနာက္ႏိုင္သည့္ အတိုင္းအတာပမာဏကို ေက်ာ္လြန္သြားၿပီျဖစ္ၿပီး သူသာ ထပ္စပါက ယန္းရွီးယြီ၏ ႐ိုက္ႏွက္ျခင္းကို ေသခ်ာေပါက္ခံရေပေတာ့မည္ျဖစ္သည္။

"ေထာင္ကို ဘာလို႔ ကိုယ္တိုင္သြားရတာလဲ?"
ခ်င္က်ိဳး လွည့္ပတ္မေနေတာ့ဘဲ ဒဲ့သာေမးလိုက္ေတာ့သည္။
"မင္း တိတ္တိတ္ေလး စုံစမ္းေနတာ မဟုတ္ဘူးလား?"

ယန္းရွီးယြီသာ စုံစမ္းစစ္ေဆးလိုလွ်င္ ေထာင္သို႔ တရားသူႀကီးတစ္ေယာက္အေနျဖင့္သာ သြားႏိုင္သည္ျဖစ္၍ ထိုကိစၥက အတိအလင္းျဖစ္သြားကာ လူတိုင္းသိႏိုင္သြားမည္ျဖစ္သည္။ လူတိုင္းက ယန္းရွီး ထိုအမႈကိစၥကို အာ႐ုံစိုက္ေနမွနိး သိသြားမည္ျဖစ္သည္။

"ငါ ေထာင္ထဲသြားေသးတာကို မင္းဘယ္လိုသိလဲ?"
ယန္းရွီးယြီ တစ္ေယာက္ထိုင္ဆိုဖာတြင္ ထိုင္ခ်လိုက္ၿပီး ျပန္ေျဖရမည့္အစား တန္ျပန္ေမးခြန္းထုတ္ေလသည္။

"အထဲမွာ ငါ့ ညီအစ္ကိုေတြအမ်ားႀကီးရွိတယ္ေလ.."
ထိုစကားက အမွန္အတိုင္းေျပာေနဟန္တူေသာ္လည္း အမွန္တကယ္တြင္ ခ်င္က်ိဳးက ေလွ်ာက္ေျပာေနျခင္းသာျဖစ္သည္။ သူ႔ မ်က္စိေအာက္တြင္ သူ၏ လူရမ္းကား သူငယ္ခ်င္းမ်ားက အမ်ားဆုံးအေနျဖင့္ စခန္းမွ သတိေပးခံရျခင္းေလာက္သာ ျဖစ္ေသာ္လည္း မည္သူကမွ ေထာင္ထဲသို႔ မေရာက္ခဲ့ၾကေပ။

သို႔ေသာ္လည္း ယန္းရွီးယြီက သူ႔စကားမ်ားကို ယုံဟန္ရွိေနျပ ေခါင္းကိုက္သြားသည္ကို မဖုံးကြယ္ႏိုင္ခဲ့ေပ။
"ခ်င္က်ိဳး... မင္း 'ကိုယ္ေပါင္းတဲ့ သူငယ္ခ်င္းအေပါင္းအသင္းေတြက ကိုယ့္ရဲ႕ စ႐ိုက္ကို လႊမ္းမိုးႏိုင္တယ္' ဆိုတဲ့ စကားကိုေရာ နားလည္ရဲ႕လား?'

ခ်င္က်ိဳး ရယ္ေမာေလေတာ့သည္။
"မင္း အဲ့ဒီ့အေၾကာင္းကို ေျပာေနတုန္းလား?"

ယန္းရွီးယြီ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ႏႈတ္ခမ္းတင္းတင္းေစ့ကာ ဘာစကားမွ ျပန္မေျပာေတာ့ေပ။

"ရဲေတြဆီကေနေရာ ဘာတိုးတက္မႈရွိေသးလဲ?"
ခ်င္က်ိဳး ဆက္ေမးေလသည္။

သူက ဝမ္တ႐ုန္ကို ရဲမ်ားထံသို႔ ရည္႐ြက္ခ်က္ရွိရွိ ခ်န္ထားခဲ့ျခင္းျဖစ္ၿပီး ယန္းရွီးယြီက က်န္သည့္အရာမ်ားကို လုပ္ခဲ့ျခင္းျဖစ္၍ ခ်င္က်ိဳးမသိသည့္ ကိစၥအခ်ိဳ႕ ျဖစ္ပ်က္ခဲ့ေသးေၾကာင္း သိသာလွသည္။

ယန္းရွီးယြီက ခ်င္က်ိဳး ထင္ထားသည့္အတိုင္း ျပန္မေျဖခဲ့ေပ။ ခ်င္က်ိဳးက ထပ္ေမးျပန္သည္။
"ေဝ့ေကာလား?"

ထိုအခ်ိန္တြင္ ယန္းရွီးယြီ၏ မ်က္ခုံးမ်ားက မသိမသာတြန႔္ေကြးသြားခဲ့ၿပီး ခ်င္က်ိဳးကလည္း ထိုတုန႔္ျပန္မႈကို လက္ပူးလက္ၾကပ္မိသြားခဲ့သည္။

"ငါသိသားပဲ..."
ခ်င္က်ိဳး ၿပဳံးလိုက္သည္။

ဝမ္တ႐ုန္က အစပိုင္းက ခ်င္က်ိဳးႏွင့္ ယန္းရွီးယြီကို ေဝ့ေကာလႊတ္လိုက္သည့္လူမ်ားဟု ထင္ခဲ့သည္။ ထိုအခ်ိန္တြင္ ခ်င္က်ိဳးက အမ်ားႀကီးအာ႐ုံမစိုက္မိခဲ့ဘဲ "ေဝ့ကာက ဘယ္သူလဲ?" ဟုသာ ေမးခဲ့သည္။

ယခု ျပန္လည္ေတြးေတာမိခ်ိန္တြင္ ဝမ္တ႐ုန္က သူ မည္သူ႔ကိုမွ ပိုက္ဆံအေႂကြးမတင္ေတာ့ဟု ေျပာခဲ့ေသာ္လည္း သူ႔ကို တစ္ေယာက္ေယာက္က ျပႆနာရွာေနသည္ဟု ဝန္ခံခဲ့သည္။ ထိုကိစၥကို ဆင္ျခင္သုံးသပ္ ေကာက္ခ်က္ခ်ၾကည့္ရလွ်င္ သူ႔ေနာက္ကို လိုက္ေနသူက ေဝ့ေကာဟု ေခၚသူျဖစ္ႏိုင္သည္။

သို႔မဟုတ္ ပို၍ တိုက္႐ိုက္ဆန္ဆန္ေျပာရမည္ဆိုလွ်င္ ဝမ္တ႐ုန္ကို လိုက္ဖမ္းေနသူက ေဝ့ေကာဆိုသူျဖစ္သည္။

ေဝ့ေကာဆိုသူက ေျမေအာက္ေလာကမွလူျဖစ္သည္မွာ သိသာလွၿပီး ယန္းရွီးယြီက ထိုေျမေအာက္ဒုစ႐ိုက္ေလာကမွ လူမ်ားျဖင့္လုံးဝ အဆက္အသြယ္မရွိ၍ စုံစမ္းစစ္ေဆးရန္ခက္ခဲေပလိမ့္မည္။ ထို႔ေၾကာင့္  သူ၏ အေထာက္အထားကို ထုတ္ေဖာ္ကာ ဝမ္တ႐ုန္၏ ေထာင္တြင္း စာပို႔ေဖာ္ရည္းစားအေၾကာင္း ပြင့္ပြင့္လင္းလင္း စုံစမ္းစစ္ေဆး၍ ေဝ့ေကာဆိုသူႏွင့္ ပတ္သတ္သည့္ သဲလြန္စမ်ားကို ရွာေဖြ ေနျခင္းျဖစ္ႏိုင္သည္။

ယေန႔တြင္ ခ်င္က်ိဳးတစ္ေယာက္ ယန္းရွီးယြီ၏ အိမ္သို႔ေရာက္လာရသည့္ အေၾကာင္းျပခ်က္မွာ ေဝ့ေကာဟူေသာ နာမည္ကိုၾကားခ်ိန္တြင္ ျဖစ္ေပၚလာမည့္ ယန္းရွီးယြီ၏ တုံ႔ျပန္ခ်က္ကို ၾကည့္ခ်င္၍ျဖစ္သည္။ ဖုန္းဆက္႐ုံဆိုပါက ထိုတုံ႔ျပန္ခ်က္ကို ျမင္ႏိုင္မည္ မဟုတ္ေပ။

သူ၏ ပန္းတိုင္ကိုေရာက္ရွိၿပီးၿပီျဖစ္၍ ခ်င္က်ိဳးက ယန္းရွီးယြီ ျပန္ေျဖမည္မဟုတ္ေသာ ေမးခြန္းမ်ားကို ဆက္ေမးေတာ့မည္မဟုတ္ေခ်။

သူ ပတ္ပတ္လည္ကို ေလွ်ာက္ၾကည့္ရင္း သဘာဝက်က် မွတ္ခ်က္ခ်လိုက္သည္။
"မင္းအိမ္က အေတာ္ေလး သန႔္ရွင္းသားပဲ..."

ယန္းရွီးယြီက ခ်င္က်ိဳးတစ္ေယာက္ သူဖုံးကြယ္ထားခ်င္ေသာ အရာမ်ားကို ေဖာက္ျမင္ႏိုင္သြားၿပီျဖစ္ေၾကာင္း သိသြား၍ မ်က္ေမွာင္ၾကဳတ္ေနဆဲျဖစ္သည္။

"အခန္းက သပ္ရပ္ေနၿပီး ထူးဆန္းတဲ့ အနံ႔ေတြလည္း မရွိဘူး... ဒီေတာ့မင္းက crossdresser ဒါမွမဟုတ္ရင္ ေဂးျဖစ္ရမယ္...."
ခ်င္က်ိဳး ေနရာတိုင္းကို ေလွ်ာက္ၾကည့္လိုက္ၿပီး သူ႔အၾကည့္မ်ားကို ယန္းရွီးယြီရွိရာဆီ ရပ္တန႔္လိုက္ၿပီး စေနာက္ေနဟန္ျဖင့္ေမးလိုက္သည္။
"ယန္းရွီးယြီ... မင္းက ေဂးလား?"

*****
Word - 2940
22.1.2024

Update ေတြေနာက္က်တာ တကယ္ေတာင္းပန္ပါတယ္😞

ကိုယ့္အလုပ္က မနက္၉နာရီကေန ညေန ၆နာရီ တစ္ခါတစ္ေလ ၇နာရီအထိျဖစ္ၿပီး online classကလည္း တစ္ပတ္ ငါးရက္ တက္ရတာမလို႔ ညဘက္ေရာက္တာနဲ႔ စာျပန္က်က္ၿပီးတာနဲ႔ အရမ္းပင္ပန္းၿပီး အိပ္ေပ်ာ္သြားမိလို႔ပါ

တကယ္ေတာင္းပန္ပါတယ္ေနာ္.... (。╯︵╰。)



Continue Reading

You'll Also Like

32.8K 716 38
Now you gotta ask yourself. What would it be like to find out that the people you love and would die for, turn out to be self centered assholes who w...
33.9K 5.6K 16
The Phoenix, embraced the shadows to protect his country. His true identity remained hidden for years, serving as a covert weapon against unseen thre...
128K 4.6K 72
After his first year at the Advanced Nurturing High School, Fukazawa Yato is about to start his second year as a student. With a better understanding...