အရိုးစုသရဲပန်းချီ「骷髅幻戏图」

By rongrong_aini

133K 18.6K 795

အရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း... More

မိတ်ဆက်
အပိုင်း ၁ [ အခန်း 1303 ] (1)
အပိုင်း ၂ [ အခန်း 1303 ] (2)
အပိုင်း ၃ [ အခန်း 1303 ] (3)
အပိုင်း ၄ [ အခန်း 1303 ] (4)
အပိုင်း ၅ [ အခန်း 1303 ] (5)
အပိုင်း ၆ [ အခန်း 1303 ] (6)
အပိုင်း ၇ [ အခန်း 1303 ] (7)
အပိုင်း ၈ [ အခန်း 1303 ] (8)
အပိုင်း ၉ [ အခန်း 1303 ] (9)
အပိုင်း ၁၀ [ အခန်း 1303 ] (10)
အပိုင်း ၁၁ [ အခန်း 1303 ] (ဆုံး)
အပိုင်း ၁၂ [ တစ္ဆေပူးကပ်ခြင်း ] (1)
အပိုင်း ၁၃ [ တစ္ဆေပူးကပ်ခြင်း ] (2)
အပိုင်း ၁၄ [ တစ္ဆေပူးကပ်ခြင်း ] (3)
အပိုင်း ၁၅ [ တစ္ဆေပူးကပ်ခြင်း ] (4)
အပိုင်း ၁၆ [ တစ္ဆေပူးကပ်ခြင်း ] (5)
အပိုင်း ၁၇ [ တစ္ဆေပူးကပ်ခြင်း ] (6)
အပိုင်း ၁၈ [ တစ္ဆေပူးကပ်ခြင်း ] (ဆုံး)
အပိုင်း ၁၉ [ မရဏပျော်ပွဲ ] (1)
အပိုင်း ၂၀ [ မရဏပျော်ပွဲ ] (2)
အပိုင်း ၂၁ [ မရဏပျော်ပွဲ ] (3)
အပိုင်း ၂၂ [ မရဏပျော်ပွဲ ] (4)
အပိုင်း ၂၃ [ မရဏပျော်ပွဲ ] (5)
အပိုင်း ၂၄ [ မရဏပျော်ပွဲ ] (6)
အပိုင်း ၂၅ [ မရဏပျော်ပွဲ ] (7)
အပိုင်း ၂၆ [ မရဏပျော်ပွဲ ] (8)
အပိုင်း ၂၇ [ မရဏပျော်ပွဲ ] (ဆုံး)
အပိုင်း ၂၈ [ ကတိပြုထားသောမြေ ] (1)
အပိုင်း ၂၉ [ ကတိပြုထားသောမြေ ] (2)
အပိုင်း ၃၀ [ ကတိပြုထားသောမြေ ] (3)
အပိုင်း ၃၁ [ ကတိပြုထားသောမြေ ] (4)
အပိုင်း ၃၂ [ ကတိပြုထားသောမြေ ] (5)
အပိုင်း ၃၃ [ ကတိပြုထားသောမြေ ] (6)
အပိုင်း ၃၄ [ ကတိပြုထားသောမြေ ] (7)
အပိုင်း ၃၅ [ ကတိပြုထားသောမြေ ] (8)
အပိုင်း ၃၆ [ ကတိပြုထားသောမြေ ] (9)
အပိုင်း ၃၇ [ ကတိပြုထားသောမြေ ] (10)
အပိုင်း ၃၈ [ ကတိပြုထားသောမြေ ] (ဆုံး)
အပိုင်း ၃၉ [ လက်ကိုင်ပဝါပစ်ကြမယ် ] (1)
အပိုင်း ၄၀ [ လက်ကိုင်ပဝါပစ်ကြမယ် ] (2)
အပိုင်း ၄၁ [ လက်ကိုင်ပဝါပစ်ကြမယ် ] (3)
အပိုင်း ၄၂ [ လက်ကိုင်ပဝါပစ်ကြမယ် ] (4)
အပိုင်း ၄၃ [ လက်ကိုင်ပဝါပစ်ကြမယ် ] (5)
အပိုင်း ၄၄ [ လက်ကိုင်ပဝါပစ်ကြမယ် ] (6)
အပိုင်း ၄၅ [ လက်ကိုင်ပဝါပစ်ကြမယ် ] (7)
အပိုင်း ၄၆ [ လက်ကိုင်ပဝါပစ်ကြမယ် ] (8)
အပိုင်း ၄၇ [ လက်ကိုင်ပဝါပစ်ကြမယ် ] (9)
အပိုင်း ၄၈ [ လက်ကိုင်ပဝါပစ်ကြမယ် ] (ဆုံး)
အပိုင်း ၄၉ [ မွေးရပ်မြေသို့ပြန်ခြင်း ]
အပိုင်း ၅၀ [ မိန့်မိန် ] (1)
အပိုင်း ၅၁ [ မိန့်မိန် ] (2)
အပိုင်း ၅၂ [ မိန့်မိန် ] (3)
အပိုင်း ၅၃ [ မိန့်မိန် ] (4)
အပိုင်း ၅၅ [ အိမ်မက် ] (1)
အပိုင်း ၅၆ [ အိမ်မက် ] (2)
အပိုင်း ၅၇ [ အိမ်မက် ] (3)
အပိုင်း ၅၈ [ အိမ်မက် ] (4)
အပိုင်း ၅၉ [ အိမ်မက် ] (5)
အပိုင်း ၆၀ [ အိမ်မက် ] (6)
အပိုင်း ၆၁ [ အိမ်မက် ] (7)
အပိုင်း ၆၂ [ အိမ်မက် ] (8)
အပိုင်း ၆၃ [ အိမ်မက် ] (9)
အပိုင်း ၆၄ [ အိမ်မက် ] (10)
အပိုင်း ၆၅ [ အိမ်မက် ] (11)
အပိုင်း ၆၆ [ အိမ်မက် ] (12)
အပိုင်း ၆၇ [ အိမ်မက် ] (13)
အပိုင်း ၆၈ [ အိမ်မက် ] (14)
အပိုင်း ၆၉ [ အိမ်မက် ] (15)
အပိုင်း ၇၀ [ အိမ်မက် ] (16)
အပိုင်း ၇၁ [ အိမ်မက် ] (17)
အပိုင်း ၇၂ [ အိမ်မက် ] (18)
အပိုင်း ၇၃ [ အိမ်မက် ] (19)
အပိုင်း ၇၄ [ အိမ်မက် ] (20)
အပိုင်း ၇၅ [ အိမ်မက် ] (ဆုံး)
အပိုင်း ၇၆ [ တစ္ဆေဈေး ] (1)
အပိုင်း ၇၇ [ တစ္ဆေဈေး ] (2)
အပိုင်း ၇၈ [ တစ္ဆေဈေး ] (3)
အပိုင်း ၇၉ [ တစ္ဆေဈေး ] (4)
အပိုင်း ၈၀ [ တစ္ဆေဈေး ] (5)
အပိုင်း ၈၁ [ တစ္ဆေဈေး ] (6)
အပိုင်း ၈၂ [ တစ္ဆေဈေး ] (7)
အပိုင်း ၈၃ [ တစ္ဆေဈေး ] (8)
အပိုင်း ၈၄ [ တစ္ဆေဈေး ] (9)
အပိုင်း ၈၅ [ တစ္ဆေဈေး ] (10)
အပိုင်း ၈၆ [ တစ္ဆေဈေး ] (ဆုံး)
အပိုင်း ၈၇ [ ကျားနှင်းဆီ ] (1)

အပိုင်း ၅၄ [ မိန့်မိန် ] (ဆုံး)

1.4K 218 8
By rongrong_aini

အပိုင်း ၅၄ [ မိန့်မိန် ] (ဆုံး)

⟨⟨သူမကဟယ်ရှောင်ဟွားပဲ⟩⟩

လင်ပန့်ရှသိတတ်ချိန်ကစလို့သူ့အဘိဓာန်ထဲမှာမိသားစုဆိုတဲ့စကားလုံးကိုနားလည်လို့မရဘူးအစောကြီးသေသွားတဲ့မိဘတွေရယ်,ကြမ်းတမ်းတတ်တဲ့အဒေါ်ရယ်,ဒေါသအိုးဦးလေးရယ်,အချိန်တိုင်းသူ့ကိုအနိုင်ကျင့်ဖို့လုပ်နေတဲ့တိတိရယ်အိမ်ဆိုတဲ့စကားလုံးဟာလင်ပန့်ရှအတွက်သူစိမ်းသာသာပင်။ရှောင်ဟွားမရောက်လာခင်အထိပေါ့

ရှောင်ဟွားနဲ့သာမန်လူတွေနဲ့မတူဘူးဆိုတာအဲ့ဒီတုန်းကသူသတိမထားမိခဲ့ဘူးသူသိတာကသူမတစ်ယောက်ထဲကသာအိမ်ဆိုတဲ့နွေးထွေးမှုကိုသူ့ကိုပေးနိုင်တာသူ့ကိုအဖော်ပြုပေးတယ်ဘာပဲဖြစ်နေဖြစ်နေဗီရိုတံခါးကိုဖွင့်လိုက်တာနဲ့အထဲမှာရှောင်ဟွားရှိနေတတ်တယ်

"ညီမရှိတယ်"တောရိုင်းပန်းလိုမျိုးသေးသွယ်သွယ်နဲ့ရှောင်ဟွားဆိုတဲ့နာမည်ကသူမနဲ့လိုက်တယ်ကလေးဘဝရဲ့လင်ပန့်ရှအတွက်သူမကသာတစ်ခုထဲသောနွေးထွေးမှုဖြစ်သည်။

သူ့ဦးလေးဆီကနေရှောင်ဟွားကလူမဟုတ်ဘူးလို့သိလိုက်ရချိန်လင်ပန့်ရှဝမ်းနည်းသွားခဲ့သည်။သူကြောက်တယ်သူ့ရဲ့‌နွေးနွေးထွေးထွေးမှတ်ဉာဏ်တွေကအတုဖြစ်နေခဲ့မှာကိုသူလွမ်းနေတဲ့မိန့်မိန်ကလုံးဝရှိမနေမှာကို

ဒီစိုးရိမ်မှုတွေကရှောင်ဟွားမျက်နှာပေါ်ကအပြုံးကိုတွေ့လိုက်ရချိန်အကုန်မရှိတော့သူစုန့်ချင်းလော်ရဲ့ရင်ခွင်ထဲကနေထွက်လိုက်ပြီးသူမကိုတင်းတင်းဖက်လိုက်သည်။ငယ်ငယ်တုန်းကအကူအညီမဲ့နေတဲ့မိမိလိုမျိုး--တစ်ခါတုန်းကသူဟာဒီလိုရင်ခွင်မျိုးကိုဘယ်လောက်တောင်တောင့်တနေခဲ့ရသလဲနှမြောစရာကဘယ်တော့မှမရခဲ့တာပဲ

ရှောင်ဟွားကပြုံးရင်းလင်ပန့်ရှရဲ့ခေါင်းကိုသနားကြင်နာစွာပွတ်သပ်လိုက်ပြီး : "ဟုတ်ပြီသူလာပြီလေကောသူနဲ့အတူသွားသင့်ပြီ"

"မိန်းကရော?ကောတို့နဲ့အတူထွက်လို့မရဘူးလား?"

ဟယ်ရှောင်ဟွားတွေဝေသွားပြီး : "ရလားမရလားညီမလည်းမသိဘူး........"

"ရတာပေါ့ရတာပေါ့"ဒီထဲမှာလင်ပန့်ရှဘယ်လိုစိတ်နဲ့ထားခဲ့နိုင်မှာလဲရှောင်ဟွားတစ်ယောက်နဲ့အဲ့ဒီအရာတွေအတူရှိနေတာကိုတွေးမိလိုက်တာနဲ့သူပျာယာခတ်သွား၏ : "မိန့်နဲ့ကောတို့သေချာပေါက်အတူထွက်လို့ရမှာ"သူစုန့်ချင်းလော်ကိုလှည့်ကြည့်လိုက်တယ်အမူအရာကလည်းတောင်း‌ဆိုမှုတွေပါနေတယ် "ချင်းလော်ချင်းလော်မိန့်မိန်ကိုခေါ်သွားလို့ရတယ်မလားဒီမှာသူမကိုတစ်ယောက်ထဲမထားခဲ့နိုင်ဘူး"

လင်ပန့်ရှနောက်မှာစုန့်ချင်းလော်ထိုင်နေပြီးတွေ့ရခဲတဲ့လင်ပန့်ရှမျက်နှာပေါ်ကအမူအရာကိုကြည့်နေ၏။သူ‌တွေ့ခဲ့တဲ့လင်ပန့်ရှဟာနွေးထွေးတယ်စိတ်ကလည်းမတုန်မလှုပ်နဲ့ဒီလိုဝမ်းနည်းနေတဲ့အမူအရာကိုမပြဖူးဘူးဒီအချိန်မှာလင်ပန့်ရှကသေးသေးလေးဖြစ်နေသေးတယ်အနက်ရောင်မျက်လုံးကြီး‌တစ်စုံထဲမှာလည်းမျက်ရည်တွေပြည့်နေတယ်သနားစရာကောင်းသလိုချစ်စရာလည်းကောင်းနေတယ်သူခေါင်းငုံ့လိုက်ပြီးရုတ်တရက်နောက်ချင်လာသည် "ကိုယ်သူမကိုခေါ်ထုတ်ဖို့မင်းကိုကူပေးမယ်ဆိုရင်မင်းကိုယ့်ကိုဘာနဲ့ပြန်ဆပ်မလဲ?"

လင်ပန့်ရှကြောင်သွားကာအသံတိုးတိုးဖြင့်ဆိုသည် : "ဒါပေမဲ့ငါ့မှာဘာမှမရှိဘူးလေ........"သူစဉ်းစားနေလျက်အသံလည်းပိုပိုတိုးလာသည် "ငါ့ဘဏ်ကဒ်ထဲမှာပိုက်ဆံရှိသေးတယ်အကုန်မင်းကိုပေးရင်ရလား?"

"အရမ်းမများပေမဲ့ငါပြန်ရှာလို့ရသေးတယ်"လင်ပန့်ရှအသံတိုးတိုးနဲ့ဆက်ပြောလိုက်သည် "နောက်ထပ်ရှာလို့ရတဲ့ပိုက်ဆံတွေလည်းမင်းကိုအကုန်ပေးမယ်လေ"သူဒီစကားတွေပြောပြီးတာနဲ့အရမ်းအရမ်းဝမ်းနည်းလာတယ်ထိန်းထားတဲ့မျက်ရည်တွေကိုလည်းထပ်မထိန်းနိုင်တော့ပဲစီးကျလာပြန်သည်။မျက်နှာသေးသေးလေးမှာလည်းမတရားခံရဟန်နီရဲနေပြီးအဆက်မပြတ်ရှိုက်ငိုနေ၏။

မိမိဟာကလေးကိုငိုအောင်အနိုင်ကျင့်မိသည်ကိုတွေ့တော့စုန့်ချင်းလော်ပျာသွားသည် : "ကိုယ်စနေတာပါမငိုနဲ့တော့"

လင်ပန့်ရှရှိုက်နေတုန်းပဲ : "မင်းကိုတောင်းဆိုပါတယ်ဟာရှောင်ဟွားကိုခေါ်ထုတ်ပေးတာနဲ့မင်းပြောတာအကုန်သဘောတူမယ်ငါ့ကိုဘာလုပ်လုပ်ရတယ်လို့........"

သူ့ရဲ့သနားစရာပုံစံလေးကိုတွေ့တော့စုန့်ချင်းလော်ရဲ့နှလုံးအရည်ပျော်သွားကာသူ့ကိုဆက်လက်စနောက်နိုင်စွမ်းမရှိတော့လင်ပန့်ရှရဲ့ဆံပင်ပျော့ပျော့ကိုပွတ်သပ်လိုက်ပြီးလက်ကိုင်ပဝါထုတ်လိုက်ကာသူ့မျက်နှာပေါ်ရှိမျက်ရည်များကိုသုတ်ပေးလိုက်သည် : "ကောင်းပြီဒါပေမဲ့ကိုယ်လည်းမသေချာဘူးရမရကတော့စမ်းကြည့်ရမှာပဲ"

လင်ပန့်ရှအမြန်ခေါင်းငြိမ့်လိုက်သည်။

စုန့်ချင်းလော်ပြောပြီးတာနဲ့အိတ်ထဲကနေတခြားလက်အိတ်တစ်ဖက်ကိုထပ်ထုတ်လိုက်ပြီးဖြေးဖြေးချင်းဝတ်လိုက်သည်။လင်ပန့်ရှလည်းရှောင်ဟွားရဲ့လက်ကိုကိုင်ထားရင်းသူမစိုးရိမ်မည်ကိုကြောက်တာကြောင့်နှစ်သိမ့်လိုက်သည်။မိန့်မကြောက်နဲ့နော်စုန့်ချင်းလော်ကအရမ်းတော်တာ

ရှောင်ဟွားပြုံးလိုက်ပြီးဟုတ်လို့ပြောရင်းခေါင်းပါငြိမ့်လိုက်၏။ခေါင်းနောက်ရှိကျစ်ဆံမြှီးနှစ်ဖက်ကပါလှုပ်သွားသည်မှာချစ်စရာကောင်းလှသည်။

အကောင်သေးလေးနှစ်ကောင်ဟာသူ့ကိုသတိထားပြီးလိုက်ကြည့်နေသည်ကြောင့်ခံစားချက်မှာနူးညံ့လာရသည်။သူလက်အိတ်ဝတ်ပြီးနောက်သယ်လာတဲ့လွယ်အိတ်ထဲကနေအနက်ရောင်သေတ္တာကိုထုတ်လိုက်သည်။သေတ္တာကအကြီးအသေးကွဲပေမဲ့အရောင်ရယ်ပုံစံရယ်ကတော့လင်ပန့်ရှတွေ့ဖူးတဲ့ဟာတွေနဲ့တစ်ပုံစံထဲဖြစ်သည်။

အတွေ့အကြုံအရအဲ့ဒီသေတ္တာရဲ့အသုံးပြုပုံကိုလင်ပန့်ရှသိသည်။စုန့်ချင်းလော်ယူလာတာတွေ့တော့စိတ်လှုပ်ရှားသွားကာပြူးကြည့်နေရင်းအသံတိုးတိုးဖြင့်ဆိုသည် : "စုန့်ချင်းလော်မင်း.......မင်းရှောင်ဟွားကို......"

စုန့်ချင်းလ်ောကသူ့ကိုတစ်ချက်မော့ကြည့်လာပြီး : "ရှောင်ဟွားကိုဘာဖြစ်လဲ?"

"ရှောင်......ရှောင်ဟွားကိုအဲ့ဒီလူတွေဆီလွှဲပေးမလို့လား?"စုန့်ချင်းလော်ရဲ့အလုပ်ကအဲ့ဒီဟာတွေကိုဖမ်းပေးရတဲ့အလုပ်ဆိုတာအခုမှလင်ပန့်ရှသတိရလိုက်တယ်ရှောင်ဟွားဘယ်လိုလာလဲဆိုတာမသိပေမဲ့ပုံမှန်လူမဟုတ်တာတော့သေချာတယ်စုန့်ချင်းလော်ဖမ်းတာခံရရင်ရိသွမ်းကျစ်းဝုတွေလိုမျိုးစစ်မှာလား?ရုတ်တရက်လင်ပန့်ရှကြောက်လာကာအကြည့်မှာလည်းသနားဖို့ကောင်းနေ၏။

သူ့ရဲ့အားကိုးရာမဲ့နေပြီးသနားစရာလေးကြောင့်ရယ်လိုက်ကာ : "မကြောက်နဲ့တော့ဒါကမင်းနဲ့ကိုယ့်ကြားကလျှို့ဝှက်ချက်ပဲ"ကလေးတစ်ယောက်ကိုချော့သလိုမျိုးရှူးလို့လက်ဟန်ပြလိုက်ပြီး "တခြားလူကိုမပြောရဘူး"

ဒီတော့မှလင်ပန့်ရှစိတ်ချသွားသည်။

စုန့်ချင်းလော်ကသေတ္တာကိုဖွင့်လိုက်ပြီးရှောင်ဟွားရှေ့ချလိုက်ကာသူမအားမေးလိုက်သည် : "ဝင်နိုင်လား?"ထိုသေတ္တာဟာသေးတာကြောင့်သာမန်လူဆိုရင်သေချာပေါက်မဝင်နိုင်ဘူးဒါပေမဲ့ရှောင်ဟွားကိုလင်ပန့်ရှနားလည်တယ်ပြဿနာမရှိလောက်ဘူး

သေတ္တာကိုရှောင်ဟွားတွေ့တော့တုံ့ဆိုင်းသွားပြီး : "ညီ.......ညီမမသိဘူးထွက်သွားလို့ရမရ"

လင်ပန့်ရှ : "ဘာအဓိပ္ပာယ်လဲ?"

လင်ပန့်ရှအားဟယ်ရှောင်ဟွားမှတစ်ချက်ကြည့်လာပြီးနှုတ်ခမ်းကိုက်လိုက်ကာရှင်းပြမလာပေ။

စုန့်ချင်းလော်က : "ကိစ္စမရှိဘူးကောရှိတယ်ရနိုင်မရနိုင်မသိပေမဲ့စမ်းကြည့်လို့မမှားဘူး"

ဟယ်ရှောင်ဟွားကတွေဝေနေသေးတာကြောင့်လင်ပန့်ရှတောင်းဆိုလိုက်သည် : "ရှောင်ဟွားမသွားရင်ကောလည်းသွားလို့မရဘူးအစကထွက်လို့ရတယ်ဆိုတာမှားနေတာဒီလိုနေရာမျိုးမှာကောကဘယ်လိုလို့တစ်ယောက်ထဲထားခဲ့နိုင်မှာလဲ"

အရိပ်မည်းတွေ,အမျိုးသမီးလင်ပန့်ရှထပ်မတွေးချင်တော့ဒီကမ္ဘာထဲမှာဟယ်ရှောင်ဟွားဘယ်နှစ်ခါအသတ်ခံပြီးပြီလဲမသိတော့

"ဟုတ်"လင်ပန့်ရှတောင်းဆိုလာတာကြောင့်ဟယ်ရှောင်ဟွားရပ်မနေတော့ပဲသဘောတူလိုက်သည်။

သေတ္တာသေးလေးကိုစုန့်ချင်းလော်သူမရှေ့ထားထား၏။လင်ပန့်ရှလက်ကိုမလွှတ်ခင်သေသေချာချာလင်ပန့်ရှကိုတစ်ခေါက်ကြည့်လာသည်မှာလင်ပန့်ရှအသေးလေးကိုခေါင်းထဲမှတ်နေသလိုမျိုးလင်ပန့်ရှနဲ့တွဲထားတဲ့လက်ကိုလွှတ်လိုက်ပြီးတောက်ပစွာပြုံးပြလာသည် : "ရှရှကအရမ်းအရမ်းကောင်းတာပဲညီမအရမ်းအရမ်းရှရှကိုသဘောကျတယ်"

လင်ပန့်ရှတရစပ်ခေါင်းငြိမ့်လိုက်ပြီးဟယ်ရှောင်ဟွားသေတ္တာဆီလက်ဆန့်နေသည်ကိုကြည့်နေ၏။သူမသေတ္တာကိုတစ်ချက်ထိလိုက်တာနဲ့လူတစ်ယောက်လုံးမျက်စိတစ်မှိတ်အတွင်းအရိပ်မည်းအဖြစ်ပြောင်းသွားသည်။ဆက်ပြီးအရာတောင်မတွေ့တော့စုန့်ချင်းလော်ရဲ့လက်ချောင်းများဟာလည်းညင်သာစွာသော့ကိုနှိပ်လိုက်ပြီးအသစ်ပြန်ခတ်လိုက်၏။

ဒါပေမဲ့ဟယ်ရှောင်ဟွားပျောက်သွားပြီးခဏအတွင်းမှာပဲပတ်ဝန်းကျင်မှာလည်းပြောင်းလဲလာသည်မှာမီးပြင်းပြင်းလောင်နေတဲ့ကြားကပလတ်စတစ်လိုမျိုးကမ္ဘာတစ်ခုလုံးပြင်းပြင်းထန်ထန်လှုပ်ရမ်းနေ၏။ပြောင်းလဲနေတဲ့ထဲမှာလင်ပန့်ရှမေ့ထားတဲ့ကျိန်ဆဲသံတွေပါပါလာသည်။

"လင်ပန့်ရှနင်ဘာလို့မသေသေးတာလဲနင့်ရဲ့အသက်တိုတိုမိဘတွေနဲ့အမြန်လိုက်သေလိုက်တော့!"

"ပိန်လိုက်တာများမျောက်အတိုင်းပဲမြင်လိုက်တာနဲ့အမြင်ကပ်စရာအမြန်လစ်စမ်းမဟုတ်ရင်လောင်ကျစ်မင်းကိုကန်သတ်ပစ်မယ်!"

"ထမင်းစားချင်တာလား?ထွက်သွားစမ်းခွေးကျွေးရင်တောင်နင့်ကိုတစ်လုတ်မကျွေးဘူး--"

ဒါတွေကလင်ပန့်ရှမေ့သွားပြီထင်ပေမဲ့အားလုံးစုဝေးလာသည်။သူ့ရဲ့အသိသူမြင်နေတဲ့အမှောင်ထဲမှာရုတ်တရက်များစွာသောအလင်းရောင်တွေလင်းလာတယ်အလင်းရောင်ပြီးတော့အရိပ်မည်းတွေထွက်လာတယ်တံခါးအပြင်ဘက်မှာရေလို့မရတဲ့ကြောက်စရာအမျိုးသမီးများစွာလည်းထွက်ပေါ်လာတယ်ပုရွက်အုံလိုမျိုးမျက်နှာကရက်စက်နေပြီးသူ့ဆီဦးတည်လာတယ်

မှောင်မှောင်မည်းမည်းဗီရိုထဲမှာသနားစရာကလေးတစ်ယောက်ဟာသေတော့မတတ်နှိပ်စက်ခံထားရတယ်သေတော့မယ်လို့ထင်နေတဲ့ခဏမှာပဲတစ်ခုခုကသူ့ခန္ဓာကိုယ်ထဲကနေထွက်သွားတယ်လို့ခံစားလိုက်ရပြီးအပြုံးတောက်တောက်နဲ့ကလေးမတစ်ယောက်ပေါ်လာတယ်ကလေးကရှောင်ဟွားရဲ့မျက်နှာနဲ့သူ့မှာတစ်ခါမှမရှိဖူးတဲ့အပြုံးတောက်တောက်ဟာလည်းမျက်နှာပေါ်ရှိနေတယ်

"ငါရှိတယ်ရှရှကြောက်ဖို့မလိုတော့ဘူး"မိန်းကလေးဟာနွေးထွေးနူးညံ့စွာသူ့ကိုဖက်ထားရင်းအားနည်းလှတဲ့လင်ပန့်ရှကိုမိခင်တစ်ယောက်လိုမျိုးနှစ်သိမ့်နေ၏ "ကောကိုဘယ်သူမှဒုက္ခမပေးနိုင်တော့ဘူး"

သူမရဲ့စကားကလက်တွေ့ဖြစ်လာသည်။

အဲ့ဒီကနေစပြီးအကြောက်တရားဆိုတဲ့ခံစားချက်ကသူနဲ့ပိုပိုဝေးလာပြီးသူထပ်မကြောက်တော့ပေ

နှစ်အတော်ကြာသူ့ကိုထိခိုက်စေတဲ့ဒီနေရာကနေထွက်ခွာခဲ့ပြီးရှောင်ဟွားနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဟာလည်းဝေဝါးလာ၏။ဒါပေမဲ့သူအမြဲတမ်းမှတ်မိနေတာကဒီချစ်စရာမိန်းကလေးကိုပြန်လာခေါ်ရမယ်ဆိုတာတော့သိတယ်သူအရမ်းဆင်းရဲတာကြောင့်ကြိုးကြိုးစားစားပိုက်ဆံရှာတယ်ပိုက်ဆံအများကြီးအများကြီးရှာဖို့တခြားလူတွေမလုပ်နိုင်တဲ့အလုပ်ကိုတောင်တွန့်ဆုတ်မနေ

သူပိုက်ဆံရှိရင်တိုက်ခန်းကျယ်တစ်ခန်းဝယ်မယ်အဲ့ဒီအိမ်ကသူနဲ့ရှောင်ဟွားရဲ့အိမ်ပဲ--သူအကြာကြီးတောင့်တနေရတဲ့ဘယ်တုန်းကမှမရောက်ဖူးတဲ့နေရာ

နှစ်ယောက်ထပ်တွေ့ချိန်ကျတော့ရှောင်ဟွားရဲ့လက်ကိုဆွဲရင်းသူမကိုပြောနိုင်ပြီဖြစ်သည် : "ကောမိန့်ကိုအိမ်ပြန်ခေါ်သွားမယ်"

ကြောက်စရာမြင်ကွင်းများနှင့်အသံများဟာလင်ပန့်ရှရဲ့စိတ်ဝိညာဉ်ကိုရိုက်နှက်နေ၏။သူဘာမှလည်းမကြားဘူးဘာမှမမြင်ရဘူးအေးစက်စက်ပင်လယ်ရေထဲပြုတ်ကျနေသလိုပဲလှုပ်လို့မရပဲထိန်းချုပ်လို့မရပဲနစ်မြုပ်ရင်းနစ်မြုပ်နေတယ်

သူ့ခန္ဓာကိုယ်ကိုလက်တစ်စုံကနူးညံ့စွာပွေ့လိုက်တယ်

"မကြောက်နဲ့"တစ်ယောက်ယောက်ကပြောနေတယ်

လင်ပန့်ရှလှုပ်၍မရပေ။အရိပ်မည်းကအုပ်ထားသလိုပဲအဆုံးမရှိတဲ့အမှောင်ထဲမှာအဲ့ဒီအသံကကြည်လင်နေတယ်

နွေးထွေးတဲ့ရင်ခွင်ထဲမှာနေရဲ့အငွေ့အသက်ရှိနေတယ် "ကိုယ်မင်းတို့ကိုခေါ်ထုတ်ပေးမယ်--"အဲ့ဒီလူကပြောတယ်

အမြင်အာရုံရှိမြင်ကွင်းမှာပြောင်းလဲသွားသည်။အဆိပ်သင့်စရာကျိန်ဆဲသံများဟာကြောက်လန့်တကြားအော်သံအဖြစ်ပြောင်းသွားသည်။ဝိုးတဝါးဖြစ်နေတဲ့အထဲမှာကြောက်စရာအမျိုးသမီးများကိုလင်ပန့်ရှမြင်နေရတယ်တစ်ယောက်ပြီးတစ်ယောက်မြေကြီးပေါ်ကျသွားပြီးအမှောင်ထုမှာပြိုလဲသွား၏။အော်သံစူးစူးတွေဟာလည်းတဖြေးဖြေးပျောက်ကွယ်သွားသည်။

ကမ္ဘာကြီးကတိတ်ဆိတ်သွား၏။မိခင်ကိုယ်ထဲကကလေးလိုမျိုးလင်ပန့်ရှခံစားလိုက်ရတယ်အဆုံးမရှိတဲ့တိတ်ဆိတ်ငြိမ်သက်မှုသာကျန်ခဲ့သည်။

ဗီရိုတံခါးဖွင့်သံထွက်လာသည်။

ဒီအသံဟာလင်ပန့်ရှငယ်ငယ်ရဲ့အိမ်မက်ဆိုးပဲသူဘယ်နှစ်ကြိမ်ပဲကြားကြားခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင််ပဲတုန်လှုပ်နေတုန်းပဲဒါပေမဲ့ရင်ခွင်ကသိပ်နွေးထွေးတယ်အရမ်းစိတ်လုံခြုံရာ‌ရတာမလို့ဒီတစ်ခေါက်တော့သူတုန်လှုပ်မနေဘူး

တစ်ယောက်ယောက်ကသူ့ကိုပွေ့ထားရင်းဗီရိုထဲဝင်နေတယ်သူကြောက်မှာကိုစိုးလို့ထင်တယ်အဲ့ဒီလူကခေါင်းငုံ့လာပြီးသူ့နဖူးပေါ်မှာပူနွေးသွားကာနှစ်သိမ့်မှုနဲ့နမ်းလာသည်။

"မကြောက်နဲ့နော်"အဲ့ဒီလူကပြောတယ် "ကိုယ်ရှိတယ်လေ"

လင်ပန့်ရှသူ့ရဲ့နာမည်ကိုရုတ်တရက်သတိရသွားကာရှိုက်ငိုရင်းအသံတိုးတိုးဖြင့်စာလုံးသုံးလုံးကိုပြောလိုက်သည် : "စုန့်ချင်းလော်......."

တိုးတိုးလေးရယ်သံထွက်လာသည်။စုန့်ချင်းလော်ရဲ့အသံကတော်ဖီလိုမျိုးချိုမြိန်နေ၏ : "ဝမ်ရှန့်ဟောင်လင်ပန့်ရှ"

အသံထပ်ထွက်လာပြန်တယ်သူတို့တခြားဗီရိုတစ်ခုထဲကနေပြန်ထွက်တာထင်တယ်မှောင်မည်းမည်းမြင်ကွင်းကိုအလင်းရောင်မှဆုတ်ဖြဲလိုက်သည်။လင်ပန့်ရှမြင်ကွင်းထဲအေးစက်စက်အလင်းရောင်ပေါ်လာ၏။

သူပင့်ကြည့်လိုက်တော့ပျက်စီးနေတဲ့ပြတင်းပေါက်တစ်ပေါက်နှင့်သစ်ပင်ထိပ်ရှိလကိုတွေ့လိုက်ရသည်။သူတစ်ချက်လှုပ်ကြည့်လိုက်တော့တစ်ယောက်ယောက်သူ့ကိုပွေ့ထားတာကိုခံစားလိုက်ရသည်။မော့ကြည့်လိုက်တော့စုန့်ချင်းလော်ရဲ့မျက်နှာကိုတွေ့လိုက်ရသည်။

စုန့်ချင်းလော်လည်းပြတင်းပေါက်ကိုကြည့်နေသည်။သူ့ရဲ့မျက်နှာကညရောင်အောက်တွင်ဒဏ္ဍာရီထဲရှိပြီးပြည့်စုံတဲ့နတ်ဆိုးလိုမျိုးသူလင်ပန့်ရှရဲ့အကြည့်ကိုခံစားမိတာကြောင့်ခေါင်းငုံ့လိုက်ပြီးပေါ့ပါးစွာပြုံးပြလာသည် : "ဒီနေ့ညရဲ့လရောင်ကတကယ်လှတယ်နော်"

လင်ပန့်ရှရဲ့နှလုံးဟာမထိန်းချုပ်နိုင်စွာခုန်လာသည်--အဲ့ဒီအစိတ်အပိုင်းကဘယ်တုန်းကမှဒီလောက်မလှုပ်ဖူးဘူးလင်ပန့်ရှရဲ့မျက်နှာဟာမျက်တောင်တစ်ခတ်အတွင်းနီရဲလာ၏။ကံကောင်းတာကညမှောင်နေတာမလို့ကြည့်လို့မရှင်းလောက်ဘူးသူတစ်ခုခုပြောချင်ပေမဲ့နောက်ဆုံးအထစ်ထစ်နဲ့သဘောတူလိုက်သည် "တ.........တကယ်လှတယ်"ညကိုပြောတာလားစုန့်ချင်းလော်ကိုပြောတာလားတော့မသိ

"အခုခံစားချက်ဘယ်လိုနေလဲ?"

ဒီတော့မှလင်ပန့်ရှသတိရသွားတယ်ကြောက်စရာနေရာကနေထွက်လာပြီးပြီဆိုတာပေါ့သူစုန့်ချင်းလော်ရဲ့ရင်ခွင်ထဲကနေထွက်ချင်တဲ့အတွက်ရုန်းလိုက်ပေမဲ့အားမရှိတာမလို့လက်ကိုမြှောက်ကြည့်လိုက်တော့သူပြန်ကြီးသွားပြီအားနည်းတဲ့ကလေးမဟုတ်တော့ဘူးလေ

"အား,အားမရှိဘူး"လင်ပန့်ရှပြောလိုက်တယ် "ရှောင်ဟွားရော?ရှောင်ဟွားငါတို့နဲ့အတူလိုက်လာတယ်မလား?"

သူ့ကျောပေါ်ကအိတ်ကိုစုန့်ချင်းလော်ပုတ်လိုက်ပြီး : "စိတ်မပူနဲ့အထဲမှာရှိတယ်"

လင်ပန့်ရှပြုံးလိုက်ပြီးဘေးပတ်လည်ကိုကြည့်လိုက်တော့သူတို့ရှိနေတဲ့နေရာကသူနေဖူးတဲ့အိမ်အိုလေးဆိုတာသိလိုက်ရတယ်အနောက်ကသူ့အိမ်မက်ဆိုးဖြစ်တဲ့ဗီရိုကလည်းအကျယ်ကြီးပွင့်နေတယ်

လင်ပန့်ရှ : "ငါတို့.......ဒီထဲကနေထွက်လာတာလား?"

"ဟုတ်တယ်"စုန့်ချင်းလော်ကပြောတယ်သူလင်ပန့်ရှကိုမင်းသမီးပွေ့,ပွေ့ထားခြင်းဖြစ်၍လင်ပန့်ရှရဲ့ကိုယ်ကိုဘက်ပြောင်းလိုက်ပြီးထိုဗီရိုကိုကြည့်စေသည်။

ဗီရိုကသိပ်ကိုပျက်စီးအိုဟောင်းနေပြီဖြစ်သည်။နေရာတိုင်းခြစ်ရာတွေရှိနေပြီးအပေါ်ကဓားရာကိုတောင်လင်ပန့်ရှတွေ့နေရသည်။အဲ့ဒီနှစ်တုန်းကအထဲကနေဘယ်လိုထွက်လာလဲဆိုတာဒီတော့မှသတိရသွားသည်။အဲ့ဒီတုန်းကဗီရိုထဲမှာတစ်ရက်နဲ့တစ်ညအပိတ်ခံထားရတာနောက်ရက်အဒေါ်မနက်စာပြင်တော့မှဗီရိုထဲမှာလူပိတ်ထားတယ်ဆိုတာသတိရတာသူမဟယ်ထရန်းလေကိုသော့အကြောင်းမေးပေမဲ့ဟယ်ထရန်းလေကတော့ခေါင်းရမ်းပြကာသော့ပျောက်သွားပြီဟုပြောသည်။

အဒေါ်ကနားထောင်ပြီးတာနဲ့ဆူဆဲလိုက်၏။သေချာပေါက်ဟယ်ထရန်းလေကိုဆူတာမဟုတ်ပဲလင်ပန့်ရှကိုဆူခြင်းပင်။

"တကယ့်ဂြိုဟ်ဆိုးပဲ!!"စူးရှရှအော်သံထွက်လာပြီးဗီရိုပေါ်သို့ဓားခုတ်သံထွက်လာသည်။ဗီရိုပေါ်ရှိသော့ဟာနောက်ဆုံးပျက်သွားပြီဖြစ်သည်။အဲ့ဒီအချိန်ကခံစားချက်ကိုလင်ပန့်ရှမမှတ်မိတော့အရမ်းကြောက်နေသင့်ပေမဲ့သူအရမ်းအားနေတာကြောင့်ဗီရိုတံခါးတစ်ချက်ကိုကိုင်နေသေးတယ်

အဲ့ဒီနှစ်ကမပျက်စီးနိုင်တဲ့ဗီရိုတံခါးကပျက်သွားတယ်လင်ပန့်ရှလက်နဲ့တစ်ချက်ထိလိုက်တာနဲ့ခွမ်းခနဲပြုတ်ကျသွားပြီးအပိုင်းပိုင်းဖြစ်သွားတယ်

လင်ပန့်ရှခဏလောက်ငူငူကြီးဖြစ်သွားပြီးရယ်လိုက်သည် : "ငါတို့ပြန်တော့မလား?"

"ကောင်းပြီ"

ဒီလိုနဲ့ပြန်ကြသည်။လင်ပန့်ရှမှာအားမရှိတာကြောင့်တစ်လမ်းလုံးစုန့်ချင်းလော်ကသာပွေ့ထားရသည်။ယောကျာ်းတစ်ယောက်ကတခြားယောကျာ်းတစ်ယောက်

ပွေ့ခံထားရသည်ကတကယ်ရှက်စရာဖြစ်သည်။ကံကောင်းတာကနောက်ကျနေပြီမလို့လမ်းပေါ်မှာလမ်းသွားလမ်းလာမရှိတော့တွေ့သွားတဲ့လူမများပေ။

စုန့်ချင်းလော်ကတော့ဂရုမစိုက်ပဲလင်ပန့်ရှရုန်းနေသည်ကြောင့်အေးစက်စက်ဆိုသည် : "ဘာကိုကြောက်နေတာလဲမလေးဘူးပွေ့နိုင်တယ်"

လင်ပန့်ရှ : "..........ငါမင်းထက်တော့လေးမယ်ထင်တယ်"

"ကိုယ့်ထက်လေးတယ်?လေပြင်းတဲ့အချိန်ကျရင်ကိုယ်ပျံမယ်လေမင်းစွန်ကြိုးရှာပြီးကိုယ့်ကိုချည်လိုက်"

လင်ပန့်ရှမထိန်းနိုင်တော့ပဲရယ်တော့သည်။

နှစ်ယောက်သားမသိလိုက်ဘာသာနဲ့တည်းခိုခန်း‌ရှေ့ရောက်လာကြသည်။စုန့်ချင်းလော်ကတော့အများကြီးမစဉ်းစားတော့ပဲလင်ပန့်ရှကိုပွေ့ရင်းဝင်သွားသည်။ဘယ်သူသိမှာဝင်သွားတာနဲ့လင်ပန့်ရှအသံတစ်သံတောင်မထွက်တော့ဒီနေ့သိမ်မွေ့တဲ့အပြုံးနဲ့ကောင်တာကရှောင်မိန့်တာဝန်ကျနေတာအစကတော့စိတ်ဓာတ်ကျစွာဖုန်းနဲ့ဂိမ်းကစားနေပေမယ့်နှစ်ယောက်သားဝင်လာသည်ကိုမြင်တော့ချက်ချင်းတက်ကြွလာကာဖော်ရွေစွာနှုတ်ဆက်လာသည် : "ယိုးဒီလောက်နောက်ကျမှပြန်လာတယ်နော်"

စုန့်ချင်းလော်ကတော့မပြောင်းမလဲ : "အင်း"

"ဒါ,ဒါကဘာဖြစ်တာလဲ?"ရှောင်မိန့်မှာမျက်တောင်တစ်ဖျတ်ဖျတ်ခတ်ရင်းလင်ပန့်ရှဆီအကြည့်ရောက်လာသည်။

လင်ပန့်ရှဘာပြောနိုင်ဦးမှာလဲဆင်ခြေတစ်ခုအဆင်ပြေသလိုရှာလိုက်ပြီးနေလို့မကောင်းတာကြောင့်လမ်းမလျှောက်နိုင်ကြောင်းပြောလိုက်သည်။

ရှောင်မိန့်ဆီမှပုံမှန်မဟုတ်တဲ့အပြုံးတစ်ခုပေါ်လာပြီး : "အော်ဒါဆိုပီကေစားဦးမလား?"သူမအိတ်ထဲကနေတစ်ခုခုထုတ်လာပြီးစားပွဲပေါ်သို့အားပါစွာချလိုက်သည် "အလကားနော်သုံးလေးခုလောက်ယူထားမလား??"

သူ့ကိုစုန့်ချင်းလော်ကတစ်ချက်ကြည့်လာပြီး : "မလိုတော့ဘူးကျေးဇူး"

ရှောင်မိန့်မှာဝမ်းနည်းသွားရသည် : "ကောင်းပါပြီ"

နှစ်ယောက်လုံးစကားပြောရချောနေတာကိုလင်ပန့်ရှတွေ့တော့ထားစရာမျက်နှာမရှိတော့။သူအစကသူ့ကိုယ်သူမျက်နှာထူတယ်ထင်ပေမဲ့မထင်ထားတာကစုန့်ချင်းလော်ရှေ့မှာဆိုရင်မှော်ဆရာအသေးကမှော်ဆရာကြီးကိုတွေ့နေရသလိုပဲအသံမထွက်ရဲပဲစုန့်ချင်းလော်ရဲ့ရင်ခွင်ထဲမှာပဲဘာမှမကြားရတဲ့ငှက်ကုလားအုတ်လိုဟန်ဆောင်ရင်းသူ့မျက်နှာကိုတိတ်တဆိတ်မြှုပ်ထားသည်။အဆင်ပြေသေးသည်ကစုန့်ချင်းလော်ကသူ့ကိုလုံးဝအခက်တွေ့အောင်မလုပ်ပဲရှောင်မိန့်နဲ့ပြောပြီးနောက်ဒုန်းဒုန်းဒုန်းနဲ့အပေါ်တက်သွားသည်။

တံခါးဖွင့်အခန်းထဲဝင်ပြီးနောက်နူးညံ့ပျော့ပျောင်းသည့်မွေ့ယာပေါ်သို့လင်ပန့်ရှအတင်ခံလိုက်ရသည်။သူအိပ်ငိုက်နေတာကြောင့်မျက်လုံးပွတ်‌လိုက်သည်။

"အိပ်ချင်ရင်အိပ်လေ"စုန့်ချင်းလော်ကသူ့ကိုပြောလာသည်။

"မင်းကရော?"လင်ပန့်ရှအိပ်ချင်နေတယ်ခုနကမဖြစ်သေးပေမဲ့သူကုတင်ပေါ်လှဲလှဲချင်းမျက်လုံးမဖွင့်နိုင်အောင်ကိုပင်ပန်းလာတယ်သူနာရီကြည့်လိုက်တော့မနက်ငါးနာရီထိုးနေပြီခဏကြာတာနဲ့မိုးလင်းတော့မယ်

"ကိုယ်မအိပ်ချင်သေးဘူး"စုန့်ချင်းလော်ကပြောတယ် "မင်းအိပ်လိုက်လေကိုယ်ဘေးမှာရှိနေမယ်"

လင်ပန့်ရှကောင်းပြီလို့ပြောလိုက်ကာမျက်လုံးမှိတ်လိုက်သည်။ခဏကြာတော့အိပ်ပျော်သွား၏။

စုန့်ချင်းလော်ကသူ့ဘေးမှာထိုင်နေရင်းသူအိပ်မောကျသွားတာသေချာတော့မှထရပ်လိုက်ပြီးဘေးကစားပွဲဆီသွားလိုက်သည်။လွယ်အိတ်ထဲကနေအနက်ရောင်သေတ္တာကိုထုတ်လိုက်ပြီးသေတ္တာကိုဆွဲဖွင့်လိုက်သည်။

ဂျောက်ခနဲတစ်ချက်မြည်သွားပြီးစုန့်ချင်းလော်သေတ္တာကိုဖွင့်လိုက်သည်။အထဲမှာလွတ်နေပြီးဘာမှမရှိပေ

နှစ်စက္ကန့်လောက်တိတ်သွားပြီးစမ်းခေါ်ကြည့်လိုက်သည် : "ရှောင်ဟွား?"

ခဏကြာပြီးတော့သေတ္တာထဲကနေအနက်ရောင်မြူတစ်စုထွက်ပေါ်လာသည်။မြူကခဏလောက်လှုပ်နေပြီးကလေးမရဲ့ပုံစံသို့တဖြေးဖြေးပြောင်းသွားသည်။စုန့်ချင်းလော်တွေ့ဖူးတဲ့ရှောင်ဟွားနဲ့မတူပဲဒီကလေးမကအများကြီးသေးနေတယ်သိုးရုပ်လောက်ပဲရှိမယ်သသူမရဲ့ခန္ဓာကိုယ်ဟာသေတ္တာထဲမှာပြောင်းနေပြီးအထဲကနေထွက်လာသည်။လင်ပန့်ရှလွမ်းနေရတဲ့မိန့်မိန်ရှောင်ဟွားပဲ

သေတ္တာထဲကနေရှောင်ဟွားထွက်လာပြီးစပ်စုတကြီးပတ်ဝန်းကျင်ကိုပတ်ကြည့်နေ၏။ကုတင်ပေါ်မှာအိပ်နေတဲ့လင်ပန့်ရှကိုတွေ့မှမျက်လုံးထဲတစ်ချက်လက်သွားကာအသံတိုးတိုးဖြင့်ဆိုသည် : "ဒါကရှရှအရွယ်ရောက်နေတဲ့ရှရှလား?"သူမရဲ့အသံရဲ့ကလေးအသံနဲ့မိန်းကလေးတစ်ယောက်ရဲ့လေသံနဲ့သက်ပြင်းချလိုက်သည် "အရွယ်ရောက်လာလည်းရှရှကကြည့်ကောင်းတာပဲ"သူမပျော်ရွှင်စွာပြုံးလိုက်သည်။

ဒါပေမဲ့စုန့်ချင်းလ်ောကတော့လုံးဝမပြုံးပဲရှောင်ဟွားကိုကြည့်ရင်းအသံတိုးတိုးနဲ့ဆိုတယ် : "အဲ့ဒီမှာရှိနေတာဘယ်လောက်ကြာပြီလဲ?"

ရှောင်ဟွားကပြောတယ် : "မမှတ်မိဘူး"

"ဒါဆိုညီမဘယ်အချိန်ထွက်လာလဲဆိုတာကိုရောမှတ်မိလား?"

ရှောင်ဟွားကပေကလပ်ပေကလပ်ဖြင့် : "အရမ်းအရမ်းကြာပြီ.....အဲ့အချိန်တုန်းကရှရှကချစ်စရာအရုပ်လေးပဲ"သူမကလက်ဟန်ခြေဟန်ဖြင့် "ဒီလောက်သေးတယ်ချစ်စရာအရမ်းကောင်းတယ်ချစ်စရာအရမ်းကောင်းတာပဲ"သူအစကစိတ်အားထက်သန်စွာပြောနေပေမဲ့စုန့်ချင်းလော်ရဲ့သာမန်မဟုတ်တဲ့အကြည့်ကိုသတိထားမိလိုက်ပြီးနောက်စိတ်လှုပ်ရှားနေတဲ့အမူအရာမှာတဖြေးဖြေးတောင့်သွားပြီးအင်္ကျီစကိုဆွဲလိုက်ကာခေါင်းငုံ့သွားသည် : "ကောဘာလို့ဒီလိုကြည့်နေတာလဲ?"

စုန့်ချင်းလော်ကလေးလေးနက်နက်ဖြင့် : "ဒုက္ခခံလိုက်ရပြီ"

လင်ပန့်ရှကိုနားမလည်နိုင်ပေမဲ့ရှောင်ဟွားနဲ့လင်ပန့်ရှရဲ့ဆက်နွယ်မှုကိုတော့သူရှင်းရှင်းလင်းလင်းသိတယ်ဟယ်ရှောင်ဟွားကရိသွမ်းဖြစ်လိမ့်မယ်တည်ရှိနေတဲ့လင်ပန့်ရှရဲ့တွဲဖက်ပဲလုပ်နိုင်တယ်

ရှောင်ဟွားနဲ့ပုံမှန်မဟုတ်တဲ့ဆက်နွယ်မှုနဲ့မွေးဖွားလာတာရှောင်ဟွားဘယ်လိုဖြစ်လာတယ်ဆိုတာပဟေဠိတစ်ခုဖြစ်နေတယ်ဒါပေမဲ့တစ်ခုထဲသောသေချာမှုကလင်ပန့်ရှရဲ့အကြောက်တရားကိုသူမယူသွားတာပဲ

အဲ့ဒီမှတ်ဉာဏ်တွေကသူမထွက်သွားတာနဲ့လင်ပန့်ရှရဲ့ကမ္ဘာထဲကနေပျောက်သွားတာပဲ

လင်ပန့်ရှဒီထဲကနေထွက်သွားပြီးတော့ရှောင်ဟွားကလုံးဝလင်ပန့်ရှဆီလိုက်မသွားခဲ့ဘူးလင်ပန့်ရှရဲ့အကြောက်တရားနဲ့လုပ်ထားတဲ့ကမ္ဘာထဲမှာလည်နေသလိုပဲအဲ့ဒီထဲကနေထွက်လာတဲ့လူဒါမှမဟုတ်ကိစ္စတွေကလင်ပန့်ရှငယ်ဘဝရဲ့အနက်ဆုံးသောအရိပ်မည်းတွေပဲသူမကအဲ့ဒီထဲမှာပုန်းနေပြီးလင်ပန့်ရှကိုကူရှင်းပေးတာ

ဒီလိုကြည့်တော့သူမကလင်ပန့်ရှတွဲဖက်နဲ့ပိုတူနေတယ်

ရှောင်ဟွားကပြုံးလိုက်ပြီး : "ကိစ္စမရှိဘူးရယ်ရှရှပျော်ရင်ရပြီပြီးတော့အခုထွက်လာပြီးပြီပဲ............ညီမပိုအားနည်းသွားတယ်ထင်တယ်"သူမရဲ့လက်နဲ့ခြေထောက်ကိုကိုင်ကြည့်ပြီးဒီအခြေအနေကိုသိပ်မကျေနပ်သလိုသူမပါးသူပုတ်လိုက်ပြီး "ဟိုလူယုတ်မာတွေကိုထပ်ခြောက်လို့မရတော့ဘူး"

စုန့်ချင်းလော်ပြုံးလိုက်ပြီးသူမခေါင်းကိုပွတ်လိုက်ရင်း : "ကိစ္စမရှိဘူးကောတို့ထပ်မသွားတော့ဘူး"

ရှောင်ဟွားခေါင်းငြိမ့်လိုက်ပြီးသမ်းလိုက်သည်။သူမလည်းပင်ပန်းနေပြီဖြစ်သည်။

အထဲမှာအိပ်လို့ရကြောင်းသေတ္တာကိုစုန့်ချင်းလော်ညွှန်ပြလိုက်သည်။ရှောင်ဟွားလည်း‌သေတ္တာထဲပြန်ဝင်လိုက်သည်။သူသော့ခတ်လိုက်ပြီးသေတ္တာကိုအကြာကြီးစိုက်ကြည့်နေ၏။တကယ်တော့ထူးဆန်းနေတာကိုသူအစောကတည်းကသိနေတာမလို့လင်ပန့်ရှမွေးရပ်မြေပြန်ဖို့ကိုသူတွန်းအားပေးခဲ့တာ

တစ်ချက်ကြည့်လိုက်တာနဲ့ကိစ္စတစ်ခုလုံးကိုရှင်းနေပြီဒါပေမဲ့အဲ့ထဲကမှယောင်ဝါးဝါးနဲ့ပုံမှန်မဟုတ်တာတစ်ခုခုရှိနေတယ်

ပုံမှန်အခြေအနေအောက်မှာဆိုရင်ရိသွမ်းကျစ်းဝုကသက်ရောက်မှုရှိတယ်ကူးစက်မှုရောလူဒါမှမဟုတ်သက်ရှိတွေအပေါ်ပြောင်းလဲမှုရှိတယ်ရိသွမ်းကျစ်းဝုကသန်မာတယ်ထိလိုက်တာနဲ့သက်ရောက်မှုရှိနိုင်တယ်

ဒါပေမဲ့ဒီအစဉ်အလာကလင်ပန့်ရှကိုယ်ပေါ်ရောက်တော့ချွင်းချက်ဖြစ်သွားတယ်

ရှောင်ဟွားကသူ့ဖြစ်တည်မှုအပေါ်မှီခိုနေပုံရတယ်

လင်ပန့်ရှရဲ့အကြောက်တရားကိုတောင်ယူသွားပေးတယ်အဲ့ဒါကြောင့်ဒီဆက်နွယ်မှုထဲမှာလင်ပန့်ရှကလုံးဝလွှမ်းမိုးထားတယ်

ဒီလိုအခြေအနေမျိုးကပုံမှန်နဲ့တော်တော့်ကိုကွဲထွက်နေတယ်

စုန့်ချင်းလော်နှစ်အတော်ကြာကိုင်တွယ်ခဲ့ပေမဲ့ဘယ်တုန်းကမှမတွေ့ဖူးခဲ့သူသေတ္တာကိုသိမ်းလိုက်ပြီးလင်ပန့်ရှဘေးလျှောက်သွားလိုက်ကာသူ့ရဲ့အိပ်ပျော်နေတဲ့မျက်နှာကိုကြည့်လိုက်သည်။

လင်ပန့်ရှကအိပ်မောကျနေလျက်အသက်ကောင်းကောင်းရှူနေ၏။ပျော့ပျောင်းနူးညံ့တဲ့ဆံပင်ဖျော့ဖျော့ဟာလည်းမျက်နှာပေါ်ရှုပ်နေသည်။သူ့ကိုကြည့်ရတာငြိမ်းချမ်းနေပုံပေါ်သည်။ဗီရိုထဲရှိမျက်ရည်အပြည့်နဲ့ကြောက်လန့်နေတဲ့ကလေးမဟုတ်တော့ပေ

လင်ပန့်ရှဟာကံဆိုးစွာနဲ့အဒေါ်ဆိုးနဲ့ဦးလေးဆိုးကိုတွေ့ခဲ့ရသည်။ဒါပေမဲ့သူကံကောင်းပြန်တယ်အနည်းဆုံးတော့သူချောက်နက်ထဲကျတော့မယ့်အချိန်မှာရှောင်ဟွားကသူ့ကိုဆွဲတင်ပေးတယ်

ရှောင်ဟွားကိုစုန့်ချင်းလော်အရမ်းကျေးဇူးတင်မိသည်။အကယ်၍သူမသာမရှိခဲ့ရင်လင်ပန့်ရှကိုတွေ့နိုင်မည်မဟုတ်

ပြတင်းပေါက်မှအလင်းဝင်ရောက်လာသည်။စုန့်ချင်းလော်လှည့်ကြည့်လိုက်တော့မိုးကုပ်စက်ဝိုင်းက‌နေတဖြည်းဖြည်းမြင့်တက်လာတဲ့အနီရောင်နေလုံးကြီးကိုတွေ့လိုက်ရ၏။

နေ့သစ်တစ်နေ့ပြန်ရောက်လာပြီဖြစ်သည်။

ဒီတစ်ခေါက်လင်ပန့်ရှအိပ်နေသည်မှာအရမ်းကြာသည်။ဘာအိမ်မက်မှလည်းမမက်ပဲပင်ပန်းနေတဲ့ခန္ဓာနဲ့စိတ်ကသာရှည်လျားတဲ့အိပ်စက်မှုကြောင့်နှစ်သိမ့်မှုရလာသည်။

သူနိုးလာချိန်မှာတော့မိုးလင်းနေပြီဖြစ်သည်။လိုက်ကာပိတ်ထားပေမဲ့အလင်းနည်းနည်းတော့ဖောက်နေသေးသည်။အိပ်ရာပေါ်ကနေထလာပြီးအိပ်ချင်မူးတူးနဲ့မျက်လုံးဖွင့်လိုက်ချိန်အနောက်ကနေအသံတစ်သံကြားလိုက်ရသည် : "နိုးပြီလား?"

လင်ပန့်ရှလှည့်ကြည့်လိုက်တော့ကုတင်ရဲ့တခြားတစ်ဖက်မှာထိုင်နေပြီးတည်တည်ငြိမ်ငြိမ်နဲ့သူ့ကိုကြည့်နေတဲ့စုန့်ချင်းလော်ကိုတွေ့လိုက်ရသည်။

လင်ပန့်ရှအံ့ဩသွားကာ : "မင်းမအိပ်ဘူးလား?"သူနာရီကြည့်လိုက်တော့ညနေရောက်တော့မယ်စုန့်ချင်းလော်သူ့ဘေးမှာတစ်ချိန်လုံးထိုင်နေပြီးသူအိပ်နေတာကိုစောင့်နေတာများလား?

"မအိပ်ဘူး"စုန့်ချင်းလော်ကထရပ်လိုက်ပြီး : "ဗိုက်ဆာပြီလားကိုယ်တို့အပြင်ထွက်စားကြမလား?"

လင်ပန့်ရှဗိုက်ဆာနေပေမဲ့သူနိုးလာပြီးရင်လုပ်ချင်တာရှိသေးတယ်ပြောဖို့လုပ်တုန်းစုန့်ချင်းလော်ကမှန်းလာသည် : "ရှောင်ဟွားကိုစိတ်ပူဖို့မလိုဘူးသူမအဆင်ပြေတယ်ကိုယ်နဲ့သူစကားပြောကြည့်ပြီးပြီစားနေရင်းနဲ့မှဖြေးဖြေးချင်းပြောပြမယ်"

လင်ပန့်ရှနှုတ်ခမ်းသပ်လိုက်ပြီး : "ကောင်းပါပြီ........."သူရေချိုးလိုက်ပြီးစုန့်ချင်းလော်နဲ့အပြင်ထွက်လာသည်။

နှစ်ယောက်လုံးအဆင်ပြေမယ့်ဟာရှာလိုက်သည်။လင်ပန့်ရှအရမ်းဗိုက်ဆာနေတာမလို့ဝံပုလွေလိုကျားလိုစားနေသည်။စုန့်ချင်းလော်ကတော့အရင်အတိုင်းနှေးနှေးသာစားနေရင်းသူဘယ်လိုရှောင်ဟွားကိုဖြေရှင်းလိုက်လဲဆိုတာလင်ပန့်ရှကိုပြောပြလာသည်။

"အဲ့ဘက်ကိုရှောင်ဟွားရဲ့တည်ရှိမှုအကြောင်းမပြောဖို့လုပ်ထားတယ်"စုန့်ချင်းလော်ကပြောတယ် "ရှောင်ဟွားကလူတွေကိုအန္တရာယ်မပေးဘူးဆိုတော့သူတို့လည်းသတိမထားမိလောက်ဘူးဒါပေမဲ့သူမအပြင်ထွက်လို့တော့မရဘူးပြီးတော့အချိန်တစ်ခုတော့စောင့်ကြည့်ရဦးမယ်......."

လင်ပန့်ရှသဘောတူလိုက်သည်။အဲ့ဒီဘက်ကိုရှောင်ဟွားအကြောင်းမပြောဘူးဆိုသည်ကြောင့်စုန့်ချင်းလော်ကိုအလွန်ကျေးဇူးတင်မိသည်။အဲ့ဒီရိသွမ်းကျစ်းဝုတွေနဲ့တူသွားမှာကိုသူမကြည့်ချင်ဘူးထူးဆန်းတဲ့နေရာမှာအပိတ်ခံထားရပြီးသုသေတနအလုပ်ခံရမယ်အေးစက်စက်နံပါတ်‌တွေလည်းမတပ်စေချင်ဘူးသူ့အမြင်မှာတော့ရှောင်ဟွားကလူမဟုတ်ဘူးဆိုရင်တောင်သူ့ညီမလေးပဲသူ့အတွက်တော့ထူးခြားတယ်

"ကျေးဇူးတင်ပါတယ်"စုန့်ချင်းလော်ကိုသူအရမ်းကျေဇူးတင်တယ်တကယ်လို့သူပြန်လာတာကိုမလိုက်ခဲ့ရင်ဒီကိစ္စကဘယ်လိုဖြစ်နေမလဲမသိ

စုန့်ချင်းလော်ကပြောလာတယ် : "ပြီးတော့ဒီအတောအတွင်းဗီရိုနဲ့ဝေးဝေးနေဖို့မင်းကိုတိုက်တွန်းချင်တယ်"

လင်ပန့်ရှထူးဆန်းသွားကာ : "ဘာလို့လဲ?"

"အခြေခံမရှိဘူးဒီတိုင်းအကြံပြုချက်သက်သက်ပဲ"

"ကောင်းပြီလေ......."

ဗီရိုထဲကကမ္ဘာကရှောင်ဟွားရဲ့နောက်ဆက်တွဲလားဆိုတာသေချာမသိဘူးတကယ်ဆိုလည်းအဆင်ပြေသေးတယ်မဟုတ်ဘူးဆိုရင်နည်းနည်းအလုပ်ရှုပ်လောက်တယ်ဒါပေါ့ဒီကိစ္စကိုလင်ပန့်ရှကိုပြောဖို့မလုပ်ထားဘူးလင်ပန့်ရှကတော့ဘာမှမသိပဲပျော်ပျော်ရွှင်ရွှင်နဲ့အစာကိုသာသွင်းနေသည်။ပါးကလည်းဖောင်းကားနေပြီးဘယ်လိုကြည့်ကြည့်အစာသိမ်းနေတဲ့ဟမ်းစတားတစ်ကောင်နဲ့တူနေ၏။စုန့်ချင်းလော်မျက်တောင်ချလိုက်ပြီးမျက်လုံးထဲကရယ်ချင်ကိုဖုံးထားလိုက်သည်။

စားပြီးနောက်ဆက်ပြီးဘယ်သွားမှာလဲလို့စုန့်ချင်းလော်အားမေးလိုက်သည်။

"ပြန်ကြမယ်"စုန့်ချင်းလော်ကဆိုတယ် "ဒီနေရာကိုကိုယ်မကြိုက်ဘူး"

"ဟုတ်တယ်"လင်ပန့်ရှတွေဝေသွားသည် "ဒါဆို.......ဆေးရုံကိုထပ်သွားကြည့်ဦးမလား?"

စုန့်ချင်းလော်ကအေးစက်စက်ဆိုတယ် : "ရတာပဲ"တူကိုချလိုက်ပြီးအသံကလည်းပိုအေးစက်နေသည် "သူတို့နဲ့ဖြတ်သင့်တယ်"

လင်ပန့်ရှလည်းသိပ်မတွေးတော့ရှောင်ဟွားသူ့ဘေးပြန်ရောက်နေပြီမလို့သူ့စိတ်တည်ငြိမ်သွားပြီဖြစ်သည်။ဒီတစ်ခေါက်တွေ့ရင်ဒါမှမဟုတ်သူတို့နဲ့ထပ်တွေ့တဲ့အချိန်ကျရင်နာကျည်းချက်တွေကိုလွှတ်ချပြီးအတိတ်မှာပဲထားခဲ့မယ်

နှစ်ယောက်သားဗိုက်ပြည့်တော့မှဆေးရုံသို့တစ်ခေါက်သွားလိုက်သည်။မထင်ထားတာကလူနာခန်းထဲမှာလင်ပန့်ရှရဲ့ဆွေမျိုးတွေကိုမတွေ့တော့အဒေါ့်ကိုတောင်မတွေ့တော့

ထူးဆန်းနေသည်ကြောင့်သူနာပြုကိုမေးကြည့်လိုက်တယ်မထင်ထားတာကလင်ပန့်ရှရှာနေတဲ့လူနာမည်ကြားတော့ထိန့်လန့်သွားပြီး : "ရှင်ကသူတို့ရဲ့ဆွေမျိုးလား?"

လင်ပန့်ရှ : "အဲ့လိုပြောလို့ရပါတယ်"

"ဒါဆိုရှင်စစ်ဆေးချက်လုပ်ဖို့ကျွန်မအကြံပြုချင်တယ်ရှင်မေးတဲ့လူနှစ်ယောက်မှာစိတ်ပြဿနာရှိနေလို့ဆေးရုံပြောင်းပေးလိုက်ပြီ..........မျိုးရိုးလိုက်တာဖြစ်နိုင်တယ်"

လင်ပန့်ရှကြောင်သွားကာပွင့်ပွင့်လင်းလင်းပြောလိုက်သည် : "အကုန်ရူးသွားတာလား?"

"ရူးသွားတယ်"

လင်ပန့်ရှ : "........"သူမတွေးမိတာကြောင့်ရုတ်တရက်အကူအညီမဲ့သွားသည်။

စုန့်ချင်းလော်ကတော့ကျစ်ခနဲစုတ်သပ်လိုက်ပြီးအေးစက်စက်ဆိုသည် : "သူတို့ကံကောင်းသွားတယ်ပြောရမယ်"

လင်ပန့်ရှကူကယ်ရာမဲ့နေလျက် : "အကုန်ရူးသွားတာကိုဘယ်လိုလုပ်ကံကောင်းတယ်ပြောလို့ရမှာလဲ?"

စုန့်ချင်းလော်ကတော့အဓိပ္ပာယ်နက်နက်ဖြင့်ဆိုသည် : "တစ်ခါတလေတော့ရူးသွားတာကလူတွေအတွက်ဆုဖြစ်နိုင်တယ်"

လင်ပန့်ရှသေချာတွေးကြည့်လိုက်တော့လည်းမှန်သလိုပဲ

စာရေးသူမှာပြောစရာရှိပါတယ် :

စုန့်ချင်းလော် : ကိုယ်မင်းကိုသဘောကျတယ်

နှစ်ငါးဆယ်ကြာပြီးနောက်

လင်ပန့်ရှ : အိုင်း,လွန်ခဲ့တဲ့နှစ်ငါးဆယ်တုန်းကမင်းငါ့ကိုဝန်ခံခဲ့တယ်မလား??

စုန့်ချင်းလော် : .........ဟယ်ရှောင်ဟွားငါဝန်ခံတာကိုသူဘာလို့တုံ့ပြန်ချက်အဲ့လောက်နှေးနေတာလဲရှင်းပြပေးပါလား?

ဟယ်ရှောင်ဟွားကအပြစ်ကင်းစွာပြန်ဖြေသည် : ဒါကညီမနဲ့တကယ်ကိုမဆိုင်ဘူးနော်နှေးတာမဟုတ်ပဲတုံးတာ

_______

"今晚月色真美。"
"ဒီနေ့ညရဲ့လရောင်ကတကယ်လှတယ်နော်"

ဆိုလိုတာက 我爱你 ဝေါ်အိုက်နီ><

_______

Zawgyi

အပိုင္း ၅၄ [ မိန႔္မိန္ ] (ဆုံး)

⟨⟨သူမကဟယ္ေရွာင္ဟြားပဲ⟩⟩

လင္ပန႔္ရွသိတတ္ခ်ိန္ကစလို႔သူ႔အဘိဓာန္ထဲမွာမိသားစုဆိုတဲ့စကားလုံးကိုနားလည္လို႔မရဘူးအေစာႀကီးေသသြားတဲ့မိဘေတြရယ္,ၾကမ္းတမ္းတတ္တဲ့အေဒၚရယ္,ေဒါသအိုးဦးေလးရယ္,အခ်ိန္တိုင္းသူ႔ကိုအႏိုင္က်င့္ဖို႔လုပ္ေနတဲ့တိတိရယ္အိမ္ဆိုတဲ့စကားလုံးဟာလင္ပန႔္ရွအတြက္သူစိမ္းသာသာပင္။ေရွာင္ဟြားမေရာက္လာခင္အထိေပါ့

ေရွာင္ဟြားနဲ႔သာမန္လူေတြနဲ႔မတူဘူးဆိုတာအဲ့ဒီတုန္းကသူသတိမထားမိခဲ့ဘူးသူသိတာကသူမတစ္ေယာက္ထဲကသာအိမ္ဆိုတဲ့ေႏြးေထြးမႈကိုသူ႔ကိုေပးႏိုင္တာသူ႔ကိုအေဖာ္ျပဳေပးတယ္ဘာပဲျဖစ္ေနျဖစ္ေနဗီ႐ိုတံခါးကိုဖြင့္လိုက္တာနဲ႔အထဲမွာေရွာင္ဟြားရွိေနတတ္တယ္

"ညီမရွိတယ္"ေတာ႐ိုင္းပန္းလိုမ်ိဳးေသးသြယ္သြယ္နဲ႔ေရွာင္ဟြားဆိုတဲ့နာမည္ကသူမနဲ႔လိုက္တယ္ကေလးဘဝရဲ႕လင္ပန႔္ရွအတြက္သူမကသာတစ္ခုထဲေသာေႏြးေထြးမႈျဖစ္သည္။

သူ႔ဦးေလးဆီကေနေရွာင္ဟြားကလူမဟုတ္ဘူးလို႔သိလိုက္ရခ်ိန္လင္ပန႔္ရွဝမ္းနည္းသြားခဲ့သည္။သူေၾကာက္တယ္သူ႔ရဲ႕‌ေႏြးေႏြးေထြးေထြးမွတ္ဉာဏ္ေတြကအတုျဖစ္ေနခဲ့မွာကိုသူလြမ္းေနတဲ့မိန႔္မိန္ကလုံးဝရွိမေနမွာကို

ဒီစိုးရိမ္မႈေတြကေရွာင္ဟြားမ်က္ႏွာေပၚကအၿပဳံးကိုေတြ႕လိုက္ရခ်ိန္အကုန္မရွိေတာ့သူစုန႔္ခ်င္းေလာ္ရဲ႕ရင္ခြင္ထဲကေနထြက္လိုက္ၿပီးသူမကိုတင္းတင္းဖက္လိုက္သည္။ငယ္ငယ္တုန္းကအကူအညီမဲ့ေနတဲ့မိမိလိုမ်ိဳး--တစ္ခါတုန္းကသူဟာဒီလိုရင္ခြင္မ်ိဳးကိုဘယ္ေလာက္ေတာင္ေတာင့္တေနခဲ့ရသလဲႏွေျမာစရာကဘယ္ေတာ့မွမရခဲ့တာပဲ

ေရွာင္ဟြားကၿပဳံးရင္းလင္ပန႔္ရွရဲ႕ေခါင္းကိုသနားၾကင္နာစြာပြတ္သပ္လိုက္ၿပီး : "ဟုတ္ၿပီသူလာၿပီေလေကာသူနဲ႔အတူသြားသင့္ၿပီ"

"မိန္းကေရာ?ေကာတို႔နဲ႔အတူထြက္လို႔မရဘူးလား?"

ဟယ္ေရွာင္ဟြားေတြေဝသြားၿပီး : "ရလားမရလားညီမလည္းမသိဘူး........"

"ရတာေပါ့ရတာေပါ့"ဒီထဲမွာလင္ပန႔္ရွဘယ္လိုစိတ္နဲ႔ထားခဲ့ႏိုင္မွာလဲေရွာင္ဟြားတစ္ေယာက္နဲ႔အဲ့ဒီအရာေတြအတူရွိေနတာကိုေတြးမိလိုက္တာနဲ႔သူပ်ာယာခတ္သြား၏ : "မိန႔္နဲ႔ေကာတို႔ေသခ်ာေပါက္အတူထြက္လို႔ရမွာ"သူစုန႔္ခ်င္းေလာ္ကိုလွည့္ၾကည့္လိုက္တယ္အမူအရာကလည္းေတာင္း‌ဆိုမႈေတြပါေနတယ္ "ခ်င္းေလာ္ခ်င္းေလာ္မိန႔္မိန္ကိုေခၚသြားလို႔ရတယ္မလားဒီမွာသူမကိုတစ္ေယာက္ထဲမထားခဲ့ႏိုင္ဘူး"

လင္ပန႔္ရွေနာက္မွာစုန႔္ခ်င္းေလာ္ထိုင္ေနၿပီးေတြ႕ရခဲတဲ့လင္ပန႔္ရွမ်က္ႏွာေပၚကအမူအရာကိုၾကည့္ေန၏။သူ‌ေတြ႕ခဲ့တဲ့လင္ပန႔္ရွဟာေႏြးေထြးတယ္စိတ္ကလည္းမတုန္မလႈပ္နဲ႔ဒီလိုဝမ္းနည္းေနတဲ့အမူအရာကိုမျပဖူးဘူးဒီအခ်ိန္မွာလင္ပန႔္ရွကေသးေသးေလးျဖစ္ေနေသးတယ္အနက္ေရာင္မ်က္လုံးႀကီး‌တစ္စုံထဲမွာလည္းမ်က္ရည္ေတြျပည့္ေနတယ္သနားစရာေကာင္းသလိုခ်စ္စရာလည္းေကာင္းေနတယ္သူေခါင္းငုံ႔လိုက္ၿပီး႐ုတ္တရက္ေနာက္ခ်င္လာသည္ "ကိုယ္သူမကိုေခၚထုတ္ဖို႔မင္းကိုကူေပးမယ္ဆိုရင္မင္းကိုယ့္ကိုဘာနဲ႔ျပန္ဆပ္မလဲ?"

လင္ပန႔္ရွေၾကာင္သြားကာအသံတိုးတိုးျဖင့္ဆိုသည္ : "ဒါေပမဲ့ငါ့မွာဘာမွမရွိဘူးေလ........"သူစဥ္းစားေနလ်က္အသံလည္းပိုပိုတိုးလာသည္ "ငါ့ဘဏ္ကဒ္ထဲမွာပိုက္ဆံရွိေသးတယ္အကုန္မင္းကိုေပးရင္ရလား?"

"အရမ္းမမ်ားေပမဲ့ငါျပန္ရွာလို႔ရေသးတယ္"လင္ပန႔္ရွအသံတိုးတိုးနဲ႔ဆက္ေျပာလိုက္သည္ "ေနာက္ထပ္ရွာလို႔ရတဲ့ပိုက္ဆံေတြလည္းမင္းကိုအကုန္ေပးမယ္ေလ"သူဒီစကားေတြေျပာၿပီးတာနဲ႔အရမ္းအရမ္းဝမ္းနည္းလာတယ္ထိန္းထားတဲ့မ်က္ရည္ေတြကိုလည္းထပ္မထိန္းႏိုင္ေတာ့ပဲစီးက်လာျပန္သည္။မ်က္ႏွာေသးေသးေလးမွာလည္းမတရားခံရဟန္နီရဲေနၿပီးအဆက္မျပတ္ရႈိက္ငိုေန၏။

မိမိဟာကေလးကိုငိုေအာင္အႏိုင္က်င့္မိသည္ကိုေတြ႕ေတာ့စုန႔္ခ်င္းေလာ္ပ်ာသြားသည္ : "ကိုယ္စေနတာပါမငိုနဲ႔ေတာ့"

လင္ပန႔္ရွရႈိက္ေနတုန္းပဲ : "မင္းကိုေတာင္းဆိုပါတယ္ဟာေရွာင္ဟြားကိုေခၚထုတ္ေပးတာနဲ႔မင္းေျပာတာအကုန္သေဘာတူမယ္ငါ့ကိုဘာလုပ္လုပ္ရတယ္လို႔........"

သူ႔ရဲ႕သနားစရာပုံစံေလးကိုေတြ႕ေတာ့စုန႔္ခ်င္းေလာ္ရဲ႕ႏွလုံးအရည္ေပ်ာ္သြားကာသူ႔ကိုဆက္လက္စေနာက္ႏိုင္စြမ္းမရွိေတာ့လင္ပန႔္ရွရဲ႕ဆံပင္ေပ်ာ့ေပ်ာ့ကိုပြတ္သပ္လိုက္ၿပီးလက္ကိုင္ပဝါထုတ္လိုက္ကာသူ႔မ်က္ႏွာေပၚရွိမ်က္ရည္မ်ားကိုသုတ္ေပးလိုက္သည္ : "ေကာင္းၿပီဒါေပမဲ့ကိုယ္လည္းမေသခ်ာဘူးရမရကေတာ့စမ္းၾကည့္ရမွာပဲ"

လင္ပန႔္ရွအျမန္ေခါင္းၿငိမ့္လိုက္သည္။

စုန႔္ခ်င္းေလာ္ေျပာၿပီးတာနဲ႔အိတ္ထဲကေနတျခားလက္အိတ္တစ္ဖက္ကိုထပ္ထုတ္လိုက္ၿပီးေျဖးေျဖးခ်င္းဝတ္လိုက္သည္။လင္ပန႔္ရွလည္းေရွာင္ဟြားရဲ႕လက္ကိုကိုင္ထားရင္းသူမစိုးရိမ္မည္ကိုေၾကာက္တာေၾကာင့္ႏွစ္သိမ့္လိုက္သည္။မိန္႔မေၾကာက္နဲ႔ေနာ္စုန႔္ခ်င္းေလာ္ကအရမ္းေတာ္တာ

ေရွာင္ဟြားၿပဳံးလိုက္ၿပီးဟုတ္လို႔ေျပာရင္းေခါင္းပါၿငိမ့္လိုက္၏။ေခါင္းေနာက္ရွိက်စ္ဆံျမႇီးႏွစ္ဖက္ကပါလႈပ္သြားသည္မွာခ်စ္စရာေကာင္းလွသည္။

အေကာင္ေသးေလးႏွစ္ေကာင္ဟာသူ႔ကိုသတိထားၿပီးလိုက္ၾကည့္ေနသည္ေၾကာင့္ခံစားခ်က္မွာႏူးညံ့လာရသည္။သူလက္အိတ္ဝတ္ၿပီးေနာက္သယ္လာတဲ့လြယ္အိတ္ထဲကေနအနက္ေရာင္ေသတၱာကိုထုတ္လိုက္သည္။ေသတၱာကအႀကီးအေသးကြဲေပမဲ့အေရာင္ရယ္ပုံစံရယ္ကေတာ့လင္ပန႔္ရွေတြ႕ဖူးတဲ့ဟာေတြနဲ႔တစ္ပုံစံထဲျဖစ္သည္။

အေတြ႕အႀကဳံအရအဲ့ဒီေသတၱာရဲ႕အသုံးျပဳပုံကိုလင္ပန႔္ရွသိသည္။စုန႔္ခ်င္းေလာ္ယူလာတာေတြ႕ေတာ့စိတ္လႈပ္ရွားသြားကာျပဴးၾကည့္ေနရင္းအသံတိုးတိုးျဖင့္ဆိုသည္ : "စုန႔္ခ်င္းေလာ္မင္း.......မင္းေရွာင္ဟြားကို......"

စုန႔္ခ်င္းလ္ောကသူ႔ကိုတစ္ခ်က္ေမာ့ၾကည့္လာၿပီး : "ေရွာင္ဟြားကိုဘာျဖစ္လဲ?"

"ေရွာင္......ေရွာင္ဟြားကိုအဲ့ဒီလူေတြဆီလႊဲေပးမလို႔လား?"စုန႔္ခ်င္းေလာ္ရဲ႕အလုပ္ကအဲ့ဒီဟာေတြကိုဖမ္းေပးရတဲ့အလုပ္ဆိုတာအခုမွလင္ပန႔္ရွသတိရလိုက္တယ္ေရွာင္ဟြားဘယ္လိုလာလဲဆိုတာမသိေပမဲ့ပုံမွန္လူမဟုတ္တာေတာ့ေသခ်ာတယ္စုန႔္ခ်င္းေလာ္ဖမ္းတာခံရရင္ရိသြမ္းက်စ္းဝုေတြလိုမ်ိဳးစစ္မွာလား?႐ုတ္တရက္လင္ပန႔္ရွေၾကာက္လာကာအၾကည့္မွာလည္းသနားဖို႔ေကာင္းေန၏။

သူ႔ရဲ႕အားကိုးရာမဲ့ေနၿပီးသနားစရာေလးေၾကာင့္ရယ္လိုက္ကာ : "မေၾကာက္နဲ႔ေတာ့ဒါကမင္းနဲ႔ကိုယ့္ၾကားကလွ်ိဳ႕ဝွက္ခ်က္ပဲ"ကေလးတစ္ေယာက္ကိုေခ်ာ့သလိုမ်ိဳးရွဴးလို႔လက္ဟန္ျပလိုက္ၿပီး "တျခားလူကိုမေျပာရဘူး"

ဒီေတာ့မွလင္ပန႔္ရွစိတ္ခ်သြားသည္။

စုန႔္ခ်င္းေလာ္ကေသတၱာကိုဖြင့္လိုက္ၿပီးေရွာင္ဟြားေရွ႕ခ်လိုက္ကာသူမအားေမးလိုက္သည္ : "ဝင္ႏိုင္လား?"ထိုေသတၱာဟာေသးတာေၾကာင့္သာမန္လူဆိုရင္ေသခ်ာေပါက္မဝင္ႏိုင္ဘူးဒါေပမဲ့ေရွာင္ဟြားကိုလင္ပန႔္ရွနားလည္တယ္ျပႆနာမရွိေလာက္ဘူး

ေသတၱာကိုေရွာင္ဟြားေတြ႕ေတာ့တုံ႔ဆိုင္းသြားၿပီး : "ညီ.......ညီမမသိဘူးထြက္သြားလို႔ရမရ"

လင္ပန႔္ရွ : "ဘာအဓိပၸာယ္လဲ?"

လင္ပန႔္ရွအားဟယ္ေရွာင္ဟြားမွတစ္ခ်က္ၾကည့္လာၿပီးႏႈတ္ခမ္းကိုက္လိုက္ကာရွင္းျပမလာေပ။

စုန႔္ခ်င္းေလာ္က : "ကိစၥမရွိဘူးေကာရွိတယ္ရႏိုင္မရႏိုင္မသိေပမဲ့စမ္းၾကည့္လို႔မမွားဘူး"

ဟယ္ေရွာင္ဟြားကေတြေဝေနေသးတာေၾကာင့္လင္ပန႔္ရွေတာင္းဆိုလိုက္သည္ : "ေရွာင္ဟြားမသြားရင္ေကာလည္းသြားလို႔မရဘူးအစကထြက္လို႔ရတယ္ဆိုတာမွားေနတာဒီလိုေနရာမ်ိဳးမွာေကာကဘယ္လိုလို႔တစ္ေယာက္ထဲထားခဲ့ႏိုင္မွာလဲ"

အရိပ္မည္းေတြ,အမ်ိဳးသမီးလင္ပန႔္ရွထပ္မေတြးခ်င္ေတာ့ဒီကမာၻထဲမွာဟယ္ေရွာင္ဟြားဘယ္ႏွစ္ခါအသတ္ခံၿပီးၿပီလဲမသိေတာ့

"ဟုတ္"လင္ပန႔္ရွေတာင္းဆိုလာတာေၾကာင့္ဟယ္ေရွာင္ဟြားရပ္မေနေတာ့ပဲသေဘာတူလိုက္သည္။

ေသတၱာေသးေလးကိုစုန႔္ခ်င္းေလာ္သူမေရွ႕ထားထား၏။လင္ပန႔္ရွလက္ကိုမလႊတ္ခင္ေသေသခ်ာခ်ာလင္ပန႔္ရွကိုတစ္ေခါက္ၾကည့္လာသည္မွာလင္ပန႔္ရွအေသးေလးကိုေခါင္းထဲမွတ္ေနသလိုမ်ိဳးလင္ပန႔္ရွနဲ႔တြဲထားတဲ့လက္ကိုလႊတ္လိုက္ၿပီးေတာက္ပစြာၿပဳံးျပလာသည္ : "ရွရွကအရမ္းအရမ္းေကာင္းတာပဲညီမအရမ္းအရမ္းရွရွကိုသေဘာက်တယ္"

လင္ပန႔္ရွတရစပ္ေခါင္းၿငိမ့္လိုက္ၿပီးဟယ္ေရွာင္ဟြားေသတၱာဆီလက္ဆန႔္ေနသည္ကိုၾကည့္ေန၏။သူမေသတၱာကိုတစ္ခ်က္ထိလိုက္တာနဲ႔လူတစ္ေယာက္လုံးမ်က္စိတစ္မွိတ္အတြင္းအရိပ္မည္းအျဖစ္ေျပာင္းသြားသည္။ဆက္ၿပီးအရာေတာင္မေတြ႕ေတာ့စုန႔္ခ်င္းေလာ္ရဲ႕လက္ေခ်ာင္းမ်ားဟာလည္းညင္သာစြာေသာ့ကိုႏွိပ္လိုက္ၿပီးအသစ္ျပန္ခတ္လိုက္၏။

ဒါေပမဲ့ဟယ္ေရွာင္ဟြားေပ်ာက္သြားၿပီးခဏအတြင္းမွာပဲပတ္ဝန္းက်င္မွာလည္းေျပာင္းလဲလာသည္မွာမီးျပင္းျပင္းေလာင္ေနတဲ့ၾကားကပလတ္စတစ္လိုမ်ိဳးကမာၻတစ္ခုလုံးျပင္းျပင္းထန္ထန္လႈပ္ရမ္းေန၏။ေျပာင္းလဲေနတဲ့ထဲမွာလင္ပန႔္ရွေမ့ထားတဲ့က်ိန္ဆဲသံေတြပါပါလာသည္။

"လင္ပန႔္ရွနင္ဘာလို႔မေသေသးတာလဲနင့္ရဲ႕အသက္တိုတိုမိဘေတြနဲ႔အျမန္လိုက္ေသလိုက္ေတာ့!"

"ပိန္လိုက္တာမ်ားေမ်ာက္အတိုင္းပဲျမင္လိုက္တာနဲ႔အျမင္ကပ္စရာအျမန္လစ္စမ္းမဟုတ္ရင္ေလာင္က်စ္မင္းကိုကန္သတ္ပစ္မယ္!"

"ထမင္းစားခ်င္တာလား?ထြက္သြားစမ္းေခြးေကြၽးရင္ေတာင္နင့္ကိုတစ္လုတ္မေကြၽးဘူး--"

ဒါေတြကလင္ပန႔္ရွေမ့သြားၿပီထင္ေပမဲ့အားလုံးစုေဝးလာသည္။သူ႔ရဲ႕အသိသူျမင္ေနတဲ့အေမွာင္ထဲမွာ႐ုတ္တရက္မ်ားစြာေသာအလင္းေရာင္ေတြလင္းလာတယ္အလင္းေရာင္ၿပီးေတာ့အရိပ္မည္းေတြထြက္လာတယ္တံခါးအျပင္ဘက္မွာေရလို႔မရတဲ့ေၾကာက္စရာအမ်ိဳးသမီးမ်ားစြာလည္းထြက္ေပၚလာတယ္ပု႐ြက္အုံလိုမ်ိဳးမ်က္ႏွာကရက္စက္ေနၿပီးသူ႔ဆီဦးတည္လာတယ္

ေမွာင္ေမွာင္မည္းမည္းဗီ႐ိုထဲမွာသနားစရာကေလးတစ္ေယာက္ဟာေသေတာ့မတတ္ႏွိပ္စက္ခံထားရတယ္ေသေတာ့မယ္လို႔ထင္ေနတဲ့ခဏမွာပဲတစ္ခုခုကသူ႔ခႏၶာကိုယ္ထဲကေနထြက္သြားတယ္လို႔ခံစားလိုက္ရၿပီးအၿပဳံးေတာက္ေတာက္နဲ႔ကေလးမတစ္ေယာက္ေပၚလာတယ္ကေလးကေရွာင္ဟြားရဲ႕မ်က္ႏွာနဲ႔သူ႔မွာတစ္ခါမွမရွိဖူးတဲ့အၿပဳံးေတာက္ေတာက္ဟာလည္းမ်က္ႏွာေပၚရွိေနတယ္

"ငါရွိတယ္ရွရွေၾကာက္ဖို႔မလိုေတာ့ဘူး"မိန္းကေလးဟာေႏြးေထြးႏူးညံ့စြာသူ႔ကိုဖက္ထားရင္းအားနည္းလွတဲ့လင္ပန္႔ရွကိုမိခင္တစ္ေယာက္လိုမ်ိဳးႏွစ္သိမ့္ေန၏ "ေကာကိုဘယ္သူမွဒုကၡမေပးႏိုင္ေတာ့ဘူး"

သူမရဲ႕စကားကလက္ေတြ႕ျဖစ္လာသည္။

အဲ့ဒီကေနစၿပီးအေၾကာက္တရားဆိုတဲ့ခံစားခ်က္ကသူနဲ႔ပိုပိုေဝးလာၿပီးသူထပ္မေၾကာက္ေတာ့ေပ

ႏွစ္အေတာ္ၾကာသူ႔ကိုထိခိုက္ေစတဲ့ဒီေနရာကေနထြက္ခြာခဲ့ၿပီးေရွာင္ဟြားနဲ႔ပတ္သက္တဲ့မွတ္ဉာဏ္ေတြဟာလည္းေဝဝါးလာ၏။ဒါေပမဲ့သူအၿမဲတမ္းမွတ္မိေနတာကဒီခ်စ္စရာမိန္းကေလးကိုျပန္လာေခၚရမယ္ဆိုတာေတာ့သိတယ္သူအရမ္းဆင္းရဲတာေၾကာင့္ႀကိဳးႀကိဳးစားစားပိုက္ဆံရွာတယ္ပိုက္ဆံအမ်ားႀကီးအမ်ားႀကီးရွာဖို႔တျခားလူေတြမလုပ္ႏိုင္တဲ့အလုပ္ကိုေတာင္တြန႔္ဆုတ္မေန

သူပိုက္ဆံရွိရင္တိုက္ခန္းက်ယ္တစ္ခန္းဝယ္မယ္အဲ့ဒီအိမ္ကသူနဲ႔ေရွာင္ဟြားရဲ႕အိမ္ပဲ--သူအၾကာႀကီးေတာင့္တေနရတဲ့ဘယ္တုန္းကမွမေရာက္ဖူးတဲ့ေနရာ

ႏွစ္ေယာက္ထပ္ေတြ႕ခ်ိန္က်ေတာ့ေရွာင္ဟြားရဲ႕လက္ကိုဆြဲရင္းသူမကိုေျပာႏိုင္ၿပီျဖစ္သည္ : "ေကာမိန္႔ကိုအိမ္ျပန္ေခၚသြားမယ္"

ေၾကာက္စရာျမင္ကြင္းမ်ားႏွင့္အသံမ်ားဟာလင္ပန႔္ရွရဲ႕စိတ္ဝိညာဥ္ကို႐ိုက္ႏွက္ေန၏။သူဘာမွလည္းမၾကားဘူးဘာမွမျမင္ရဘူးေအးစက္စက္ပင္လယ္ေရထဲျပဳတ္က်ေနသလိုပဲလႈပ္လို႔မရပဲထိန္းခ်ဳပ္လို႔မရပဲနစ္ျမဳပ္ရင္းနစ္ျမဳပ္ေနတယ္

သူ႔ခႏၶာကိုယ္ကိုလက္တစ္စုံကႏူးညံ့စြာေပြ႕လိုက္တယ္

"မေၾကာက္နဲ႔"တစ္ေယာက္ေယာက္ကေျပာေနတယ္

လင္ပန႔္ရွလႈပ္၍မရေပ။အရိပ္မည္းကအုပ္ထားသလိုပဲအဆုံးမရွိတဲ့အေမွာင္ထဲမွာအဲ့ဒီအသံကၾကည္လင္ေနတယ္

ေႏြးေထြးတဲ့ရင္ခြင္ထဲမွာေနရဲ႕အေငြ႕အသက္ရွိေနတယ္ "ကိုယ္မင္းတို႔ကိုေခၚထုတ္ေပးမယ္--"အဲ့ဒီလူကေျပာတယ္

အျမင္အာ႐ုံရွိျမင္ကြင္းမွာေျပာင္းလဲသြားသည္။အဆိပ္သင့္စရာက်ိန္ဆဲသံမ်ားဟာေၾကာက္လန႔္တၾကားေအာ္သံအျဖစ္ေျပာင္းသြားသည္။ဝိုးတဝါးျဖစ္ေနတဲ့အထဲမွာေၾကာက္စရာအမ်ိဳးသမီးမ်ားကိုလင္ပန႔္ရွျမင္ေနရတယ္တစ္ေယာက္ၿပီးတစ္ေယာက္ေျမႀကီးေပၚက်သြားၿပီးအေမွာင္ထုမွာၿပိဳလဲသြား၏။ေအာ္သံစူးစူးေတြဟာလည္းတေျဖးေျဖးေပ်ာက္ကြယ္သြားသည္။

ကမာၻႀကီးကတိတ္ဆိတ္သြား၏။မိခင္ကိုယ္ထဲကကေလးလိုမ်ိဳးလင္ပန႔္ရွခံစားလိုက္ရတယ္အဆုံးမရွိတဲ့တိတ္ဆိတ္ၿငိမ္သက္မႈသာက်န္ခဲ့သည္။

ဗီ႐ိုတံခါးဖြင့္သံထြက္လာသည္။

ဒီအသံဟာလင္ပန႔္ရွငယ္ငယ္ရဲ႕အိမ္မက္ဆိုးပဲသူဘယ္ႏွစ္ႀကိမ္ပဲၾကားၾကားခႏၶာကိုယ္ကိုမထိန္းခ်ဳပ္ႏိုင္္ပဲတုန္လႈပ္ေနတုန္းပဲဒါေပမဲ့ရင္ခြင္ကသိပ္ေႏြးေထြးတယ္အရမ္းစိတ္လုံၿခဳံရာ‌ရတာမလို႔ဒီတစ္ေခါက္ေတာ့သူတုန္လႈပ္မေနဘူး

တစ္ေယာက္ေယာက္ကသူ႔ကိုေပြ႕ထားရင္းဗီ႐ိုထဲဝင္ေနတယ္သူေၾကာက္မွာကိုစိုးလို႔ထင္တယ္အဲ့ဒီလူကေခါင္းငုံ႔လာၿပီးသူ႔နဖူးေပၚမွာပူေႏြးသြားကာႏွစ္သိမ့္မႈနဲ႔နမ္းလာသည္။

"မေၾကာက္နဲ႔ေနာ္"အဲ့ဒီလူကေျပာတယ္ "ကိုယ္ရွိတယ္ေလ"

လင္ပန႔္ရွသူ႔ရဲ႕နာမည္ကို႐ုတ္တရက္သတိရသြားကာရႈိက္ငိုရင္းအသံတိုးတိုးျဖင့္စာလုံးသုံးလုံးကိုေျပာလိုက္သည္ : "စုန႔္ခ်င္းေလာ္......."

တိုးတိုးေလးရယ္သံထြက္လာသည္။စုန႔္ခ်င္းေလာ္ရဲ႕အသံကေတာ္ဖီလိုမ်ိဳးခ်ိဳၿမိန္ေန၏ : "ဝမ္ရွန႔္ေဟာင္လင္ပန႔္ရွ"

အသံထပ္ထြက္လာျပန္တယ္သူတို႔တျခားဗီ႐ိုတစ္ခုထဲကေနျပန္ထြက္တာထင္တယ္ေမွာင္မည္းမည္းျမင္ကြင္းကိုအလင္းေရာင္မွဆုတ္ၿဖဲလိုက္သည္။လင္ပန႔္ရွျမင္ကြင္းထဲေအးစက္စက္အလင္းေရာင္ေပၚလာ၏။

သူပင့္ၾကည့္လိုက္ေတာ့ပ်က္စီးေနတဲ့ျပတင္းေပါက္တစ္ေပါက္ႏွင့္သစ္ပင္ထိပ္ရွိလကိုေတြ႕လိုက္ရသည္။သူတစ္ခ်က္လႈပ္ၾကည့္လိုက္ေတာ့တစ္ေယာက္ေယာက္သူ႔ကိုေပြ႕ထားတာကိုခံစားလိုက္ရသည္။ေမာ့ၾကည့္လိုက္ေတာ့စုန႔္ခ်င္းေလာ္ရဲ႕မ်က္ႏွာကိုေတြ႕လိုက္ရသည္။

စုန႔္ခ်င္းေလာ္လည္းျပတင္းေပါက္ကိုၾကည့္ေနသည္။သူ႔ရဲ႕မ်က္ႏွာကညေရာင္ေအာက္တြင္ဒ႑ာရီထဲရွိၿပီးျပည့္စုံတဲ့နတ္ဆိုးလိုမ်ိဳးသူလင္ပန႔္ရွရဲ႕အၾကည့္ကိုခံစားမိတာေၾကာင့္ေခါင္းငုံ႔လိုက္ၿပီးေပါ့ပါးစြာၿပဳံးျပလာသည္ : "ဒီေန႔ညရဲ႕လေရာင္ကတကယ္လွတယ္ေနာ္"

လင္ပန႔္ရွရဲ႕ႏွလုံးဟာမထိန္းခ်ဳပ္ႏိုင္စြာခုန္လာသည္--အဲ့ဒီအစိတ္အပိုင္းကဘယ္တုန္းကမွဒီေလာက္မလႈပ္ဖူးဘူးလင္ပန႔္ရွရဲ႕မ်က္ႏွာဟာမ်က္ေတာင္တစ္ခတ္အတြင္းနီရဲလာ၏။ကံေကာင္းတာကညေမွာင္ေနတာမလို႔ၾကည့္လို႔မရွင္းေလာက္ဘူးသူတစ္ခုခုေျပာခ်င္ေပမဲ့ေနာက္ဆုံးအထစ္ထစ္နဲ႔သေဘာတူလိုက္သည္ "တ.........တကယ္လွတယ္"ညကိုေျပာတာလားစုန႔္ခ်င္းေလာ္ကိုေျပာတာလားေတာ့မသိ

"အခုခံစားခ်က္ဘယ္လိုေနလဲ?"

ဒီေတာ့မွလင္ပန႔္ရွသတိရသြားတယ္ေၾကာက္စရာေနရာကေနထြက္လာၿပီးၿပီဆိုတာေပါ့သူစုန႔္ခ်င္းေလာ္ရဲ႕ရင္ခြင္ထဲကေနထြက္ခ်င္တဲ့အတြက္႐ုန္းလိုက္ေပမဲ့အားမရွိတာမလို႔လက္ကိုေျမႇာက္ၾကည့္လိုက္ေတာ့သူျပန္ႀကီးသြားၿပီအားနည္းတဲ့ကေလးမဟုတ္ေတာ့ဘူးေလ

"အား,အားမရွိဘူး"လင္ပန႔္ရွေျပာလိုက္တယ္ "ေရွာင္ဟြားေရာ?ေရွာင္ဟြားငါတို႔နဲ႔အတူလိုက္လာတယ္မလား?"

သူ႔ေက်ာေပၚကအိတ္ကိုစုန႔္ခ်င္းေလာ္ပုတ္လိုက္ၿပီး : "စိတ္မပူနဲ႔အထဲမွာရွိတယ္"

လင္ပန႔္ရွၿပဳံးလိုက္ၿပီးေဘးပတ္လည္ကိုၾကည့္လိုက္ေတာ့သူတို႔ရွိေနတဲ့ေနရာကသူေနဖူးတဲ့အိမ္အိုေလးဆိုတာသိလိုက္ရတယ္အေနာက္ကသူ႔အိမ္မက္ဆိုးျဖစ္တဲ့ဗီ႐ိုကလည္းအက်ယ္ႀကီးပြင့္ေနတယ္

လင္ပန႔္ရွ : "ငါတို႔.......ဒီထဲကေနထြက္လာတာလား?"

"ဟုတ္တယ္"စုန႔္ခ်င္းေလာ္ကေျပာတယ္သူလင္ပန႔္ရွကိုမင္းသမီးေပြ႕,ေပြ႕ထားျခင္းျဖစ္၍လင္ပန႔္ရွရဲ႕ကိုယ္ကိုဘက္ေျပာင္းလိုက္ၿပီးထိုဗီ႐ိုကိုၾကည့္ေစသည္။

ဗီ႐ိုကသိပ္ကိုပ်က္စီးအိုေဟာင္းေနၿပီျဖစ္သည္။ေနရာတိုင္းျခစ္ရာေတြရွိေနၿပီးအေပၚကဓားရာကိုေတာင္လင္ပန႔္ရွေတြ႕ေနရသည္။အဲ့ဒီႏွစ္တုန္းကအထဲကေနဘယ္လိုထြက္လာလဲဆိုတာဒီေတာ့မွသတိရသြားသည္။အဲ့ဒီတုန္းကဗီ႐ိုထဲမွာတစ္ရက္နဲ႔တစ္ညအပိတ္ခံထားရတာေနာက္ရက္အေဒၚမနက္စာျပင္ေတာ့မွဗီ႐ိုထဲမွာလူပိတ္ထားတယ္ဆိုတာသတိရတာသူမဟယ္ထရန္းေလကိုေသာ့အေၾကာင္းေမးေပမဲ့ဟယ္ထရန္းေလကေတာ့ေခါင္းရမ္းျပကာေသာ့ေပ်ာက္သြားၿပီဟုေျပာသည္။

အေဒၚကနားေထာင္ၿပီးတာနဲ႔ဆူဆဲလိုက္၏။ေသခ်ာေပါက္ဟယ္ထရန္းေလကိုဆူတာမဟုတ္ပဲလင္ပန႔္ရွကိုဆူျခင္းပင္။

"တကယ့္ၿဂိဳဟ္ဆိုးပဲ!!"စူးရွရွေအာ္သံထြက္လာၿပီးဗီ႐ိုေပၚသို႔ဓားခုတ္သံထြက္လာသည္။ဗီ႐ိုေပၚရွိေသာ့ဟာေနာက္ဆုံးပ်က္သြားၿပီျဖစ္သည္။အဲ့ဒီအခ်ိန္ကခံစားခ်က္ကိုလင္ပန္႔ရွမမွတ္မိေတာ့အရမ္းေၾကာက္ေနသင့္ေပမဲ့သူအရမ္းအားေနတာေၾကာင့္ဗီ႐ိုတံခါးတစ္ခ်က္ကိုကိုင္ေနေသးတယ္

အဲ့ဒီႏွစ္ကမပ်က္စီးႏိုင္တဲ့ဗီ႐ိုတံခါးကပ်က္သြားတယ္လင္ပန႔္ရွလက္နဲ႔တစ္ခ်က္ထိလိုက္တာနဲ႔ခြမ္းခနဲျပဳတ္က်သြားၿပီးအပိုင္းပိုင္းျဖစ္သြားတယ္

လင္ပန႔္ရွခဏေလာက္ငူငူႀကီးျဖစ္သြားၿပီးရယ္လိုက္သည္ : "ငါတို႔ျပန္ေတာ့မလား?"

"ေကာင္းၿပီ"

ဒီလိုနဲ႔ျပန္ၾကသည္။လင္ပန႔္ရွမွာအားမရွိတာေၾကာင့္တစ္လမ္းလုံးစုန႔္ခ်င္းေလာ္ကသာေပြ႕ထားရသည္။ေယာက်ာ္းတစ္ေယာက္ကတျခားေယာက်ာ္းတစ္ေယာက္

ေပြ႕ခံထားရသည္ကတကယ္ရွက္စရာျဖစ္သည္။ကံေကာင္းတာကေနာက္က်ေနၿပီမလို႔လမ္းေပၚမွာလမ္းသြားလမ္းလာမရွိေတာ့ေတြ႕သြားတဲ့လူမမ်ားေပ။

စုန႔္ခ်င္းေလာ္ကေတာ့ဂ႐ုမစိုက္ပဲလင္ပန္႔ရွ႐ုန္းေနသည္ေၾကာင့္ေအးစက္စက္ဆိုသည္ : "ဘာကိုေၾကာက္ေနတာလဲမေလးဘူးေပြ႕ႏိုင္တယ္"

လင္ပန႔္ရွ : "..........ငါမင္းထက္ေတာ့ေလးမယ္ထင္တယ္"

"ကိုယ့္ထက္ေလးတယ္?ေလျပင္းတဲ့အခ်ိန္က်ရင္ကိုယ္ပ်ံမယ္ေလမင္းစြန္ႀကိဳးရွာၿပီးကိုယ့္ကိုခ်ည္လိုက္"

လင္ပန႔္ရွမထိန္းႏိုင္ေတာ့ပဲရယ္ေတာ့သည္။

ႏွစ္ေယာက္သားမသိလိုက္ဘာသာနဲ႔တည္းခိုခန္း‌ေရွ႕ေရာက္လာၾကသည္။စုန႔္ခ်င္းေလာ္ကေတာ့အမ်ားႀကီးမစဥ္းစားေတာ့ပဲလင္ပန႔္ရွကိုေပြ႕ရင္းဝင္သြားသည္။ဘယ္သူသိမွာဝင္သြားတာနဲ႔လင္ပန႔္ရွအသံတစ္သံေတာင္မထြက္ေတာ့ဒီေန႔သိမ္ေမြ႕တဲ့အၿပဳံးနဲ႔ေကာင္တာကေရွာင္မိန႔္တာဝန္က်ေနတာအစကေတာ့စိတ္ဓာတ္က်စြာဖုန္းနဲ႔ဂိမ္းကစားေနေပမယ့္ႏွစ္ေယာက္သားဝင္လာသည္ကိုျမင္ေတာ့ခ်က္ခ်င္းတက္ႂကြလာကာေဖာ္ေ႐ြစြာႏႈတ္ဆက္လာသည္ : "ယိုးဒီေလာက္ေနာက္က်မွျပန္လာတယ္ေနာ္"

စုန႔္ခ်င္းေလာ္ကေတာ့မေျပာင္းမလဲ : "အင္း"

"ဒါ,ဒါကဘာျဖစ္တာလဲ?"ေရွာင္မိန႔္မွာမ်က္ေတာင္တစ္ဖ်တ္ဖ်တ္ခတ္ရင္းလင္ပန႔္ရွဆီအၾကည့္ေရာက္လာသည္။

လင္ပန႔္ရွဘာေျပာႏိုင္ဦးမွာလဲဆင္ေျခတစ္ခုအဆင္ေျပသလိုရွာလိုက္ၿပီးေနလို႔မေကာင္းတာေၾကာင့္လမ္းမေလွ်ာက္ႏိုင္ေၾကာင္းေျပာလိုက္သည္။

ေရွာင္မိန႔္ဆီမွပုံမွန္မဟုတ္တဲ့အၿပဳံးတစ္ခုေပၚလာၿပီး : "ေအာ္ဒါဆိုပီေကစားဦးမလား?"သူမအိတ္ထဲကေနတစ္ခုခုထုတ္လာၿပီးစားပြဲေပၚသို႔အားပါစြာခ်လိုက္သည္ "အလကားေနာ္သုံးေလးခုေလာက္ယူထားမလား??"

သူ႔ကိုစုန႔္ခ်င္းေလာ္ကတစ္ခ်က္ၾကည့္လာၿပီး : "မလိုေတာ့ဘူးေက်းဇူး"

ေရွာင္မိန႔္မွာဝမ္းနည္းသြားရသည္ : "ေကာင္းပါၿပီ"

ႏွစ္ေယာက္လုံးစကားေျပာရေခ်ာေနတာကိုလင္ပန႔္ရွေတြ႕ေတာ့ထားစရာမ်က္ႏွာမရွိေတာ့။သူအစကသူ႔ကိုယ္သူမ်က္ႏွာထူတယ္ထင္ေပမဲ့မထင္ထားတာကစုန႔္ခ်င္းေလာ္ေရွ႕မွာဆိုရင္ေမွာ္ဆရာအေသးကေမွာ္ဆရာႀကီးကိုေတြ႕ေနရသလိုပဲအသံမထြက္ရဲပဲစုန႔္ခ်င္းေလာ္ရဲ႕ရင္ခြင္ထဲမွာပဲဘာမွမၾကားရတဲ့ငွက္ကုလားအုတ္လိုဟန္ေဆာင္ရင္းသူ႔မ်က္ႏွာကိုတိတ္တဆိတ္ျမႇဳပ္ထားသည္။အဆင္ေျပေသးသည္ကစုန႔္ခ်င္းေလာ္ကသူ႔ကိုလုံးဝအခက္ေတြ႕ေအာင္မလုပ္ပဲေရွာင္မိန႔္နဲ႔ေျပာၿပီးေနာက္ဒုန္းဒုန္းဒုန္းနဲ႔အေပၚတက္သြားသည္။

တံခါးဖြင့္အခန္းထဲဝင္ၿပီးေနာက္ႏူးညံ့ေပ်ာ့ေပ်ာင္းသည့္ေမြ႕ယာေပၚသို႔လင္ပန႔္ရွအတင္ခံလိုက္ရသည္။သူအိပ္ငိုက္ေနတာေၾကာင့္မ်က္လုံးပြတ္‌လိုက္သည္။

"အိပ္ခ်င္ရင္အိပ္ေလ"စုန႔္ခ်င္းေလာ္ကသူ႔ကိုေျပာလာသည္။

"မင္းကေရာ?"လင္ပန႔္ရွအိပ္ခ်င္ေနတယ္ခုနကမျဖစ္ေသးေပမဲ့သူကုတင္ေပၚလွဲလွဲခ်င္းမ်က္လုံးမဖြင့္ႏိုင္ေအာင္ကိုပင္ပန္းလာတယ္သူနာရီၾကည့္လိုက္ေတာ့မနက္ငါးနာရီထိုးေနၿပီခဏၾကာတာနဲ႔မိုးလင္းေတာ့မယ္

"ကိုယ္မအိပ္ခ်င္ေသးဘူး"စုန႔္ခ်င္းေလာ္ကေျပာတယ္ "မင္းအိပ္လိုက္ေလကိုယ္ေဘးမွာရွိေနမယ္"

လင္ပန္႔ရွေကာင္းၿပီလို႔ေျပာလိုက္ကာမ်က္လုံးမွိတ္လိုက္သည္။ခဏၾကာေတာ့အိပ္ေပ်ာ္သြား၏။

စုန႔္ခ်င္းေလာ္ကသူ႔ေဘးမွာထိုင္ေနရင္းသူအိပ္ေမာက်သြားတာေသခ်ာေတာ့မွထရပ္လိုက္ၿပီးေဘးကစားပြဲဆီသြားလိုက္သည္။လြယ္အိတ္ထဲကေနအနက္ေရာင္ေသတၱာကိုထုတ္လိုက္ၿပီးေသတၱာကိုဆြဲဖြင့္လိုက္သည္။

ေဂ်ာက္ခနဲတစ္ခ်က္ျမည္သြားၿပီးစုန႔္ခ်င္းေလာ္ေသတၱာကိုဖြင့္လိုက္သည္။အထဲမွာလြတ္ေနၿပီးဘာမွမရွိေပ

ႏွစ္စကၠန႔္ေလာက္တိတ္သြားၿပီးစမ္းေခၚၾကည့္လိုက္သည္ : "ေရွာင္ဟြား?"

ခဏၾကာၿပီးေတာ့ေသတၱာထဲကေနအနက္ေရာင္ျမဴတစ္စုထြက္ေပၚလာသည္။ျမဴကခဏေလာက္လႈပ္ေနၿပီးကေလးမရဲ႕ပုံစံသို႔တေျဖးေျဖးေျပာင္းသြားသည္။စုန႔္ခ်င္းေလာ္ေတြ႕ဖူးတဲ့ေရွာင္ဟြားနဲ႔မတူပဲဒီကေလးမကအမ်ားႀကီးေသးေနတယ္သိုး႐ုပ္ေလာက္ပဲရွိမယ္သသူမရဲ႕ခႏၶာကိုယ္ဟာေသတၱာထဲမွာေျပာင္းေနၿပီးအထဲကေနထြက္လာသည္။လင္ပန႔္ရွလြမ္းေနရတဲ့မိန႔္မိန္ေရွာင္ဟြားပဲ

ေသတၱာထဲကေနေရွာင္ဟြားထြက္လာၿပီးစပ္စုတႀကီးပတ္ဝန္းက်င္ကိုပတ္ၾကည့္ေန၏။ကုတင္ေပၚမွာအိပ္ေနတဲ့လင္ပန႔္ရွကိုေတြ႕မွမ်က္လုံးထဲတစ္ခ်က္လက္သြားကာအသံတိုးတိုးျဖင့္ဆိုသည္ : "ဒါကရွရွအ႐ြယ္ေရာက္ေနတဲ့ရွရွလား?"သူမရဲ႕အသံရဲ႕ကေလးအသံနဲ႔မိန္းကေလးတစ္ေယာက္ရဲ႕ေလသံနဲ႔သက္ျပင္းခ်လိုက္သည္ "အ႐ြယ္ေရာက္လာလည္းရွရွကၾကည့္ေကာင္းတာပဲ"သူမေပ်ာ္႐ႊင္စြာၿပဳံးလိုက္သည္။

ဒါေပမဲ့စုန႔္ခ်င္းလ္ောကေတာ့လုံးဝမၿပဳံးပဲေရွာင္ဟြားကိုၾကည့္ရင္းအသံတိုးတိုးနဲ႔ဆိုတယ္ : "အဲ့ဒီမွာရွိေနတာဘယ္ေလာက္ၾကာၿပီလဲ?"

ေရွာင္ဟြားကေျပာတယ္ : "မမွတ္မိဘူး"

"ဒါဆိုညီမဘယ္အခ်ိန္ထြက္လာလဲဆိုတာကိုေရာမွတ္မိလား?"

ေရွာင္ဟြားကေပကလပ္ေပကလပ္ျဖင့္ : "အရမ္းအရမ္းၾကာၿပီ.....အဲ့အခ်ိန္တုန္းကရွရွကခ်စ္စရာအ႐ုပ္ေလးပဲ"သူမကလက္ဟန္ေျခဟန္ျဖင့္ "ဒီေလာက္ေသးတယ္ခ်စ္စရာအရမ္းေကာင္းတယ္ခ်စ္စရာအရမ္းေကာင္းတာပဲ"သူအစကစိတ္အားထက္သန္စြာေျပာေနေပမဲ့စုန႔္ခ်င္းေလာ္ရဲ႕သာမန္မဟုတ္တဲ့အၾကည့္ကိုသတိထားမိလိုက္ၿပီးေနာက္စိတ္လႈပ္ရွားေနတဲ့အမူအရာမွာတေျဖးေျဖးေတာင့္သြားၿပီးအက်ႌစကိုဆြဲလိုက္ကာေခါင္းငုံ႔သြားသည္ : "ေကာဘာလို႔ဒီလိုၾကည့္ေနတာလဲ?"

စုန႔္ခ်င္းေလာ္ကေလးေလးနက္နက္ျဖင့္ : "ဒုကၡခံလိုက္ရၿပီ"

လင္ပန႔္ရွကိုနားမလည္ႏိုင္ေပမဲ့ေရွာင္ဟြားနဲ႔လင္ပန႔္ရွရဲ႕ဆက္ႏြယ္မႈကိုေတာ့သူရွင္းရွင္းလင္းလင္းသိတယ္ဟယ္ေရွာင္ဟြားကရိသြမ္းျဖစ္လိမ့္မယ္တည္ရွိေနတဲ့လင္ပန႔္ရွရဲ႕တြဲဖက္ပဲလုပ္ႏိုင္တယ္

ေရွာင္ဟြားနဲ႔ပုံမွန္မဟုတ္တဲ့ဆက္ႏြယ္မႈနဲ႔ေမြးဖြားလာတာေရွာင္ဟြားဘယ္လိုျဖစ္လာတယ္ဆိုတာပေဟဠိတစ္ခုျဖစ္ေနတယ္ဒါေပမဲ့တစ္ခုထဲေသာေသခ်ာမႈကလင္ပန႔္ရွရဲ႕အေၾကာက္တရားကိုသူမယူသြားတာပဲ

အဲ့ဒီမွတ္ဉာဏ္ေတြကသူမထြက္သြားတာနဲ႔လင္ပန႔္ရွရဲ႕ကမာၻထဲကေနေပ်ာက္သြားတာပဲ

လင္ပန႔္ရွဒီထဲကေနထြက္သြားၿပီးေတာ့ေရွာင္ဟြားကလုံးဝလင္ပန႔္ရွဆီလိုက္မသြားခဲ့ဘူးလင္ပန္႔ရွရဲ႕အေၾကာက္တရားနဲ႔လုပ္ထားတဲ့ကမာၻထဲမွာလည္ေနသလိုပဲအဲ့ဒီထဲကေနထြက္လာတဲ့လူဒါမွမဟုတ္ကိစၥေတြကလင္ပန႔္ရွငယ္ဘဝရဲ႕အနက္ဆုံးေသာအရိပ္မည္းေတြပဲသူမကအဲ့ဒီထဲမွာပုန္းေနၿပီးလင္ပန႔္ရွကိုကူရွင္းေပးတာ

ဒီလိုၾကည့္ေတာ့သူမကလင္ပန႔္ရွတြဲဖက္နဲ႔ပိုတူေနတယ္

ေရွာင္ဟြားကၿပဳံးလိုက္ၿပီး : "ကိစၥမရွိဘူးရယ္ရွရွေပ်ာ္ရင္ရၿပီၿပီးေတာ့အခုထြက္လာၿပီးၿပီပဲ............ညီမပိုအားနည္းသြားတယ္ထင္တယ္"သူမရဲ႕လက္နဲ႔ေျခေထာက္ကိုကိုင္ၾကည့္ၿပီးဒီအေျခအေနကိုသိပ္မေက်နပ္သလိုသူမပါးသူပုတ္လိုက္ၿပီး "ဟိုလူယုတ္မာေတြကိုထပ္ေျခာက္လို႔မရေတာ့ဘူး"

စုန႔္ခ်င္းေလာ္ၿပဳံးလိုက္ၿပီးသူမေခါင္းကိုပြတ္လိုက္ရင္း : "ကိစၥမရွိဘူးေကာတို႔ထပ္မသြားေတာ့ဘူး"

ေရွာင္ဟြားေခါင္းၿငိမ့္လိုက္ၿပီးသမ္းလိုက္သည္။သူမလည္းပင္ပန္းေနၿပီျဖစ္သည္။

အထဲမွာအိပ္လို႔ရေၾကာင္းေသတၱာကိုစုန႔္ခ်င္းေလာ္ၫႊန္ျပလိုက္သည္။ေရွာင္ဟြားလည္း‌ေသတၱာထဲျပန္ဝင္လိုက္သည္။သူေသာ့ခတ္လိုက္ၿပီးေသတၱာကိုအၾကာႀကီးစိုက္ၾကည့္ေန၏။တကယ္ေတာ့ထူးဆန္းေနတာကိုသူအေစာကတည္းကသိေနတာမလို႔လင္ပန႔္ရွေမြးရပ္ေျမျပန္ဖို႔ကိုသူတြန္းအားေပးခဲ့တာ

တစ္ခ်က္ၾကည့္လိုက္တာနဲ႔ကိစၥတစ္ခုလုံးကိုရွင္းေနၿပီဒါေပမဲ့အဲ့ထဲကမွေယာင္ဝါးဝါးနဲ႔ပုံမွန္မဟုတ္တာတစ္ခုခုရွိေနတယ္

ပုံမွန္အေျခအေနေအာက္မွာဆိုရင္ရိသြမ္းက်စ္းဝုကသက္ေရာက္မႈရွိတယ္ကူးစက္မႈေရာလူဒါမွမဟုတ္သက္ရွိေတြအေပၚေျပာင္းလဲမႈရွိတယ္ရိသြမ္းက်စ္းဝုကသန္မာတယ္ထိလိုက္တာနဲ႔သက္ေရာက္မႈရွိႏိုင္တယ္

ဒါေပမဲ့ဒီအစဥ္အလာကလင္ပန႔္ရွကိုယ္ေပၚေရာက္ေတာ့ခြၽင္းခ်က္ျဖစ္သြားတယ္

ေရွာင္ဟြားကသူ႔ျဖစ္တည္မႈအေပၚမွီခိုေနပုံရတယ္

လင္ပန႔္ရွရဲ႕အေၾကာက္တရားကိုေတာင္ယူသြားေပးတယ္အဲ့ဒါေၾကာင့္ဒီဆက္ႏြယ္မႈထဲမွာလင္ပန႔္ရွကလုံးဝလႊမ္းမိုးထားတယ္

ဒီလိုအေျခအေနမ်ိဳးကပုံမွန္နဲ႔ေတာ္ေတာ့္ကိုကြဲထြက္ေနတယ္

စုန႔္ခ်င္းေလာ္ႏွစ္အေတာ္ၾကာကိုင္တြယ္ခဲ့ေပမဲ့ဘယ္တုန္းကမွမေတြ႕ဖူးခဲ့သူေသတၱာကိုသိမ္းလိုက္ၿပီးလင္ပန႔္ရွေဘးေလွ်ာက္သြားလိုက္ကာသူ႔ရဲ႕အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာကိုၾကည့္လိုက္သည္။

လင္ပန႔္ရွကအိပ္ေမာက်ေနလ်က္အသက္ေကာင္းေကာင္းရွဴေန၏။ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ဆံပင္ေဖ်ာ့ေဖ်ာ့ဟာလည္းမ်က္ႏွာေပၚရႈပ္ေနသည္။သူ႔ကိုၾကည့္ရတာၿငိမ္းခ်မ္းေနပုံေပၚသည္။ဗီ႐ိုထဲရွိမ်က္ရည္အျပည့္နဲ႔ေၾကာက္လန႔္ေနတဲ့ကေလးမဟုတ္ေတာ့ေပ

လင္ပန႔္ရွဟာကံဆိုးစြာနဲ႔အေဒၚဆိုးနဲ႔ဦးေလးဆိုးကိုေတြ႕ခဲ့ရသည္။ဒါေပမဲ့သူကံေကာင္းျပန္တယ္အနည္းဆုံးေတာ့သူေခ်ာက္နက္ထဲက်ေတာ့မယ့္အခ်ိန္မွာေရွာင္ဟြားကသူ႔ကိုဆြဲတင္ေပးတယ္

ေရွာင္ဟြားကိုစုန႔္ခ်င္းေလာ္အရမ္းေက်းဇူးတင္မိသည္။အကယ္၍သူမသာမရွိခဲ့ရင္လင္ပန႔္ရွကိုေတြ႕ႏိုင္မည္မဟုတ္

ျပတင္းေပါက္မွအလင္းဝင္ေရာက္လာသည္။စုန႔္ခ်င္းေလာ္လွည့္ၾကည့္လိုက္ေတာ့မိုးကုပ္စက္ဝိုင္းက‌ေနတျဖည္းျဖည္းျမင့္တက္လာတဲ့အနီေရာင္ေနလုံးႀကီးကိုေတြ႕လိုက္ရ၏။

ေန႔သစ္တစ္ေန႔ျပန္ေရာက္လာၿပီျဖစ္သည္။

ဒီတစ္ေခါက္လင္ပန႔္ရွအိပ္ေနသည္မွာအရမ္းၾကာသည္။ဘာအိမ္မက္မွလည္းမမက္ပဲပင္ပန္းေနတဲ့ခႏၶာနဲ႔စိတ္ကသာရွည္လ်ားတဲ့အိပ္စက္မႈေၾကာင့္ႏွစ္သိမ့္မႈရလာသည္။

သူႏိုးလာခ်ိန္မွာေတာ့မိုးလင္းေနၿပီျဖစ္သည္။လိုက္ကာပိတ္ထားေပမဲ့အလင္းနည္းနည္းေတာ့ေဖာက္ေနေသးသည္။အိပ္ရာေပၚကေနထလာၿပီးအိပ္ခ်င္မူးတူးနဲ႔မ်က္လုံးဖြင့္လိုက္ခ်ိန္အေနာက္ကေနအသံတစ္သံၾကားလိုက္ရသည္ : "ႏိုးၿပီလား?"

လင္ပန႔္ရွလွည့္ၾကည့္လိုက္ေတာ့ကုတင္ရဲ႕တျခားတစ္ဖက္မွာထိုင္ေနၿပီးတည္တည္ၿငိမ္ၿငိမ္နဲ႔သူ႔ကိုၾကည့္ေနတဲ့စုန႔္ခ်င္းေလာ္ကိုေတြ႕လိုက္ရသည္။

လင္ပန႔္ရွအံ့ဩသြားကာ : "မင္းမအိပ္ဘူးလား?"သူနာရီၾကည့္လိုက္ေတာ့ညေနေရာက္ေတာ့မယ္စုန႔္ခ်င္းေလာ္သူ႔ေဘးမွာတစ္ခ်ိန္လုံးထိုင္ေနၿပီးသူအိပ္ေနတာကိုေစာင့္ေနတာမ်ားလား?

"မအိပ္ဘူး"စုန႔္ခ်င္းေလာ္ကထရပ္လိုက္ၿပီး : "ဗိုက္ဆာၿပီလားကိုယ္တို႔အျပင္ထြက္စားၾကမလား?"

လင္ပန႔္ရွဗိုက္ဆာေနေပမဲ့သူႏိုးလာၿပီးရင္လုပ္ခ်င္တာရွိေသးတယ္ေျပာဖို႔လုပ္တုန္းစုန႔္ခ်င္းေလာ္ကမွန္းလာသည္ : "ေရွာင္ဟြားကိုစိတ္ပူဖို႔မလိုဘူးသူမအဆင္ေျပတယ္ကိုယ္နဲ႔သူစကားေျပာၾကည့္ၿပီးၿပီစားေနရင္းနဲ႔မွေျဖးေျဖးခ်င္းေျပာျပမယ္"

လင္ပန႔္ရွႏႈတ္ခမ္းသပ္လိုက္ၿပီး : "ေကာင္းပါၿပီ........."သူေရခ်ိဳးလိုက္ၿပီးစုန႔္ခ်င္းေလာ္နဲ႔အျပင္ထြက္လာသည္။

ႏွစ္ေယာက္လုံးအဆင္ေျပမယ့္ဟာရွာလိုက္သည္။လင္ပန႔္ရွအရမ္းဗိုက္ဆာေနတာမလို႔ဝံပုေလြလိုက်ားလိုစားေနသည္။စုန႔္ခ်င္းေလာ္ကေတာ့အရင္အတိုင္းေႏွးေႏွးသာစားေနရင္းသူဘယ္လိုေရွာင္ဟြားကိုေျဖရွင္းလိုက္လဲဆိုတာလင္ပန႔္ရွကိုေျပာျပလာသည္။

"အဲ့ဘက္ကိုေရွာင္ဟြားရဲ႕တည္ရွိမႈအေၾကာင္းမေျပာဖို႔လုပ္ထားတယ္"စုန႔္ခ်င္းေလာ္ကေျပာတယ္ "ေရွာင္ဟြားကလူေတြကိုအႏၲရာယ္မေပးဘူးဆိုေတာ့သူတို႔လည္းသတိမထားမိေလာက္ဘူးဒါေပမဲ့သူမအျပင္ထြက္လို႔ေတာ့မရဘူးၿပီးေတာ့အခ်ိန္တစ္ခုေတာ့ေစာင့္ၾကည့္ရဦးမယ္......."

လင္ပန႔္ရွသေဘာတူလိုက္သည္။အဲ့ဒီဘက္ကိုေရွာင္ဟြားအေၾကာင္းမေျပာဘူးဆိုသည္ေၾကာင့္စုန႔္ခ်င္းေလာ္ကိုအလြန္ေက်းဇူးတင္မိသည္။အဲ့ဒီရိသြမ္းက်စ္းဝုေတြနဲ႔တူသြားမွာကိုသူမၾကည့္ခ်င္ဘူးထူးဆန္းတဲ့ေနရာမွာအပိတ္ခံထားရၿပီးသုေသတနအလုပ္ခံရမယ္ေအးစက္စက္နံပါတ္‌ေတြလည္းမတပ္ေစခ်င္ဘူးသူ႔အျမင္မွာေတာ့ေရွာင္ဟြားကလူမဟုတ္ဘူးဆိုရင္ေတာင္သူ႔ညီမေလးပဲသူ႔အတြက္ေတာ့ထူးျခားတယ္

"ေက်းဇူးတင္ပါတယ္"စုန႔္ခ်င္းေလာ္ကိုသူအရမ္းေက်ဇူးတင္တယ္တကယ္လို႔သူျပန္လာတာကိုမလိုက္ခဲ့ရင္ဒီကိစၥကဘယ္လိုျဖစ္ေနမလဲမသိ

စုန႔္ခ်င္းေလာ္ကေျပာလာတယ္ : "ၿပီးေတာ့ဒီအေတာအတြင္းဗီ႐ိုနဲ႔ေဝးေဝးေနဖို႔မင္းကိုတိုက္တြန္းခ်င္တယ္"

လင္ပန႔္ရွထူးဆန္းသြားကာ : "ဘာလို႔လဲ?"

"အေျခခံမရွိဘူးဒီတိုင္းအႀကံျပဳခ်က္သက္သက္ပဲ"

"ေကာင္းၿပီေလ......."

ဗီ႐ိုထဲကကမာၻကေရွာင္ဟြားရဲ႕ေနာက္ဆက္တြဲလားဆိုတာေသခ်ာမသိဘူးတကယ္ဆိုလည္းအဆင္ေျပေသးတယ္မဟုတ္ဘူးဆိုရင္နည္းနည္းအလုပ္ရႈပ္ေလာက္တယ္ဒါေပါ့ဒီကိစၥကိုလင္ပန႔္ရွကိုေျပာဖို႔မလုပ္ထားဘူးလင္ပန႔္ရွကေတာ့ဘာမွမသိပဲေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔အစာကိုသာသြင္းေနသည္။ပါးကလည္းေဖာင္းကားေနၿပီးဘယ္လိုၾကည့္ၾကည့္အစာသိမ္းေနတဲ့ဟမ္းစတားတစ္ေကာင္နဲ႔တူေန၏။စုန႔္ခ်င္းေလာ္မ်က္ေတာင္ခ်လိုက္ၿပီးမ်က္လုံးထဲကရယ္ခ်င္ကိုဖုံးထားလိုက္သည္။

စားၿပီးေနာက္ဆက္ၿပီးဘယ္သြားမွာလဲလို႔စုန႔္ခ်င္းေလာ္အားေမးလိုက္သည္။

"ျပန္ၾကမယ္"စုန႔္ခ်င္းေလာ္ကဆိုတယ္ "ဒီေနရာကိုကိုယ္မႀကိဳက္ဘူး"

"ဟုတ္တယ္"လင္ပန႔္ရွေတြေဝသြားသည္ "ဒါဆို.......ေဆး႐ုံကိုထပ္သြားၾကည့္ဦးမလား?"

စုန႔္ခ်င္းေလာ္ကေအးစက္စက္ဆိုတယ္ : "ရတာပဲ"တူကိုခ်လိုက္ၿပီးအသံကလည္းပိုေအးစက္ေနသည္ "သူတို႔နဲ႔ျဖတ္သင့္တယ္"

လင္ပန္႔ရွလည္းသိပ္မေတြးေတာ့ေရွာင္ဟြားသူ႔ေဘးျပန္ေရာက္ေနၿပီမလို႔သူ႔စိတ္တည္ၿငိမ္သြားၿပီျဖစ္သည္။ဒီတစ္ေခါက္ေတြ႕ရင္ဒါမွမဟုတ္သူတို႔နဲ႔ထပ္ေတြ႕တဲ့အခ်ိန္က်ရင္နာက်ည္းခ်က္ေတြကိုလႊတ္ခ်ၿပီးအတိတ္မွာပဲထားခဲ့မယ္

ႏွစ္ေယာက္သားဗိုက္ျပည့္ေတာ့မွေဆး႐ုံသို႔တစ္ေခါက္သြားလိုက္သည္။မထင္ထားတာကလူနာခန္းထဲမွာလင္ပန႔္ရွရဲ႕ေဆြမ်ိဳးေတြကိုမေတြ႕ေတာ့အေဒါ့္ကိုေတာင္မေတြ႕ေတာ့

ထူးဆန္းေနသည္ေၾကာင့္သူနာျပဳကိုေမးၾကည့္လိုက္တယ္မထင္ထားတာကလင္ပန႔္ရွရွာေနတဲ့လူနာမည္ၾကားေတာ့ထိန႔္လန႔္သြားၿပီး : "ရွင္ကသူတို႔ရဲ႕ေဆြမ်ိဳးလား?"

လင္ပန႔္ရွ : "အဲ့လိုေျပာလို႔ရပါတယ္"

"ဒါဆိုရွင္စစ္ေဆးခ်က္လုပ္ဖို႔ကြၽန္မအႀကံျပဳခ်င္တယ္ရွင္ေမးတဲ့လူႏွစ္ေယာက္မွာစိတ္ျပႆနာရွိေနလို႔ေဆး႐ုံေျပာင္းေပးလိုက္ၿပီ..........မ်ိဳး႐ိုးလိုက္တာျဖစ္ႏိုင္တယ္"

လင္ပန႔္ရွေၾကာင္သြားကာပြင့္ပြင့္လင္းလင္းေျပာလိုက္သည္ : "အကုန္႐ူးသြားတာလား?"

"႐ူးသြားတယ္"

လင္ပန႔္ရွ : "........"သူမေတြးမိတာေၾကာင့္႐ုတ္တရက္အကူအညီမဲ့သြားသည္။

စုန႔္ခ်င္းေလာ္ကေတာ့က်စ္ခနဲစုတ္သပ္လိုက္ၿပီးေအးစက္စက္ဆိုသည္ : "သူတို႔ကံေကာင္းသြားတယ္ေျပာရမယ္"

လင္ပန႔္ရွကူကယ္ရာမဲ့ေနလ်က္ : "အကုန္႐ူးသြားတာကိုဘယ္လိုလုပ္ကံေကာင္းတယ္ေျပာလို႔ရမွာလဲ?"

စုန႔္ခ်င္းေလာ္ကေတာ့အဓိပၸာယ္နက္နက္ျဖင့္ဆိုသည္ : "တစ္ခါတေလေတာ့႐ူးသြားတာကလူေတြအတြက္ဆုျဖစ္ႏိုင္တယ္"

လင္ပန႔္ရွေသခ်ာေတြးၾကည့္လိုက္ေတာ့လည္းမွန္သလိုပဲ

စာေရးသူမွာေျပာစရာရွိပါတယ္ :

စုန႔္ခ်င္းေလာ္ : ကိုယ္မင္းကိုသေဘာက်တယ္

ႏွစ္ငါးဆယ္ၾကာၿပီးေနာက္

လင္ပန႔္ရွ : အိုင္း,လြန္ခဲ့တဲ့ႏွစ္ငါးဆယ္တုန္းကမင္းငါ့ကိုဝန္ခံခဲ့တယ္မလား??

စုန႔္ခ်င္းေလာ္ : .........ဟယ္ေရွာင္ဟြားငါဝန္ခံတာကိုသူဘာလို႔တုံ႔ျပန္ခ်က္အဲ့ေလာက္ေႏွးေနတာလဲရွင္းျပေပးပါလား?

ဟယ္ေရွာင္ဟြားကအျပစ္ကင္းစြာျပန္ေျဖသည္ : ဒါကညီမနဲ႔တကယ္ကိုမဆိုင္ဘူးေနာ္ေႏွးတာမဟုတ္ပဲတုံးတာ

_______

"今晚月色真美。"
"ဒီေန႔ညရဲ႕လေရာင္ကတကယ္လွတယ္ေနာ္"

ဆိုလိုတာက 我爱你 ေဝၚအိုက္နီ><
_______

Continue Reading

You'll Also Like

209K 3.8K 9
𝐰𝐚𝐭𝐜𝐡𝐢𝐧𝐠 𝐭𝐡𝐞 𝐦𝐨𝐯𝐢𝐞𝐬 | 𝐨𝐧 𝐡𝐨𝐥𝐝 ╭┈─────── ೄྀ࿐ ˊˎ- ╰┈➤ ❝ 𝐈𝐧 𝐰𝐡𝐢𝐜𝐡 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐢𝐧 𝐭𝐡𝐞 𝐠𝐫𝐞𝐚𝐭 𝐡𝐚𝐥𝐥 𝐰𝐚𝐭�...
3.8K 383 6
This story is not mine. The Title name is "Second Chance For Cannon Fodder's ~ You Got The Wrong Script" The Original Owner name is Harmonieca. I hav...
29.9M 654K 33
For months Summer is trapped in a cellar with the man who took her - and three other girls: Rose, Poppy, and Violet. His perfect, pure flowers. His f...