Unicode
"ဦးသာ လျှံကဘာလို့ ကိုယ်တွေပူကျစ်နေတာလဲဟင်"
အိပ်ရာထဲလဲကာ စောင်ခြုံထဲ ချမ်းနေပုံပေါက်ပေမယ့် တစ်ကိုယ်လုံး ပူကျစ်နေသော ပိန်ပိန်သေးသေး လျှံကိုကြည့်ရင်း မဏ္ဏိက ကပ္ပိယကြီးကို မေးသည်။
"မင်းတို့တွေ ညနေက ချောင်းထဲ နောက်ကျအထိရေကူးကြတယ်မို့လား၊ အအေးပါတ်တာနေမှာပေါ့"
"ဘာလို့ကျွန်တော်မဖြစ်ပဲ လျှံက ဖြစ်တာလဲ"
"သူက ကိုယ်ခံအားနည်းနေလို့လေ"
"ကိုယ်ခံအားမနည်းအောင် ဘယ်လိုလုပ်ရလဲဟင်"
"အစားများများစားရမှာပေါ့"
ကပ္ပိယကြီးက မဏ္ဏိပါးစပ်က ဆက်တိုက်ထွက်ကျလာတဲ့အမေးတွေကို စိတ်ရှည်စွာဖြေကြားရင်း လျှံ့နဖူးကို လက်ဖဝါးနဲ့ စမ်းကြည့်တော့ မဏ္ဏိက သူပါလိုက်စမ်းသည်။
ပြီးနောက်ကပ္ပိယကြီးက အပူတိုင်းတံကို လျှံ့ချိုင်းကြားကဆွဲထုတ်လာပြီး စစ်ဆေးပြီးနောက် သူ့ဆေးအိတ်ထဲက ဗမာဆေးတစ်မျိုးကိုထုတ်ကာ လျှံ့ကိုတိုက်သည်။
"လျှံ မင်းအရမ်းနာနေလား"
လျှံက ဖြည်းဖြည်းခေါင်းခါပြတယ်။
"အိပ်ချင်တယ်"
"အိပ်ချင်ရင်ခဏအိပ်လိုက်၊ စောင်တော့ခြုံထား၊ ချွေးထွက်လာရင်သက်သာသွားမှာပါ၊ မဏ္ဏိ မင်းအစ်ကိုအနားမှာ စောင့်ပေး လိုက်ဦး၊ ဦးသာ မီးဖိုချောင်ထဲသွားကူလိုက်ဦးမယ်၊ မနက်ဖြန် မွေးနေ့အလှူတစ်ခုရှိလို့"
"ဟုတ်ကဲ့ပါဗျ"
ကပ္ပိယကြီးဦးသာက ကလေးနှစ်ယောက်ကိုထားခဲ့ပြီး မီးဖိုချောင်ဘက် ထွက်သွားလေသည်။
"လျှံ၊ မင်းအိပ်ချင်ရင်အိပ်နော်၊ ငါဒီမှာရှိတယ်"
လျှံ့အနားလေးမှာ ဒူးလေးကိုပိုက်ပြီးထိုင်ရင်း လျှံ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေတော့သည်။
~~~~~~~~~~~~~~~~~~~~
"မဏ္ဏိ"
"မဏ္ဏိ"
လျှံ့ကိုစောင့်ရင်းအိပ်ငိုက်နေသောမဏ္ဏိကို ကပ္ပိယကြီးက လာနှိုးပြီး
"လျှံအိပ်နေပြီ၊ သူ့ကိုမစောင့်ပေးနဲ့တော့၊ မနက်ဖြန်အတွက် အလှူရှင်မိသားစုတွေရောက်နေလို့ သူတို့အတွက် ရေနွေးကြမ်းနဲ့ လက်ဖက်ယူခဲ့ဦး"
"ဟုတ်ကဲ့"
~~~~~~~~~~~~
မီးဖိုဆောင်ထဲက ထမင်းဟင်းချက် တာ၀န်ယူထားတဲ့ကြီးကြီးဆီက လက်ဖက်သုတ်ပန်းကန်နဲ့ ရေနွေးအိုးတောင်းပြီး ဧည့်တွေ့ကျောင်းဆောင်ဘက်သို့ ထွက်လာခဲ့သည်။
"ဟဲ့ မဏ္ဏိ ရေနွေးပူမယ်နော် သေချာကိုင်ဦး"
"ဟုတ်ကဲ့ပါကြီးကြီး"
လက်တစ်ဖက်က ရေနွေးအိုးကိုကိုင် နောက်တစ်ဖက်က ရေနွေးကြမ်းခွက်အနည်းငယ်နှင့် လက်ဖက်သုတ်ပန်းကန်ထည့်ထားသော လင်ဗန်းကိုကိုင်ကာ လုံးလုံး လုံးလုံးနှင့် ကျောင်းဆောင်ထဲ၀င်သွားလေသည်။
~~~~~~~~~~~~~~~~~
အလှူရှင်လင်မယားနှင့် သူတို့၏သမီးလေး ဖြစ်ဟန်ရှိသော မိန်းကလေးငယ်တစ်ယောက်တို့က ဆရာတော်ရှေ့မှာ ရိုကျိုးစွာ ထိုင်နေကြသည်။
"ဒကာမလေးက ဘယ်နှနှစ်ပြည့်မှာလဲကွဲ့"
ဆရာတော့်မေးခွန်းကိုကြားတော့ မိခင်ဖြစ်သူက ကလေးမလေးဘက်ကိုလှည့်ပြီး
"သမီး၊ ဆရာတော့်ကိုဖြေလိုက်လေ"
"၆ နှစ်"
"ဟဲ့သမီး၊ အဲ့လိုမဖြေရဘူးလေ၊ ၆ နှစ်ပါ ဘုရားလို့ဖြေရတယ်၊ ဘုန်းကြီးကိုစကားပြောပုံကို မာမီသင်ပေးထားတယ်လေ"
"၆ နှစ်ဆိုတော့ မဏ္ဏိနဲ့ လျှံတို့နဲ့ မတိမ်းမယိမ်းလေးတွေပေါ့"
"မဏ္ဏိနဲ့ လျှံဆိုတာ ဘယ်သူတွေများလဲဘုရား"
အလှူရှင်မိသားစုမှ မိခင်ဖြစ်သူ၏ အမေးစကားအဆုံးမှာ မြန်မြန်လျှောက်လာရ၍ လင်ဗန်းထဲက ကြွေပန်းကန်တို့ထိတိုက်သောအသံ တခွပ်ခွပ်နှင့်အတူ ကျောင်းထဲ၀င်လာသော မဏ္ဏိကြောင့် အားလုံး မဏ္ဏိဆီအာရုံရောက်သွားကြသည်။
မဏ္ဏိက ခပ်တည်တည်ပင် ရေနွေးကြမ်းနှင့် လက်ဖက်ပန်းကန်တို့ကို ဧည့်သည်အလှူရှင်များရှေ့ချပေးပြီး ခါးလေးကုန်းကာ ဆရာတော်ကိုဦးချပြီး အလှူရှင်တို့နှင့် ခပ်လှမ်းလှမ်း နံရံနားလေးမှာ ကျုံ့ကျုံ့လေးထိုင်နေသည်။
"မဏ္ဏိဆိုတာသူပေါ့၊ ငယ်ငယ်လေးတည်းက ကျောင်း၀မှာစွန့်ပစ်ခံထားရလို့ ဘုန်းဘုန်းတို့ကမွေးစားထားတာ၊ သူနဲ့အတူ လျှံဆိုတဲ့ကလေးတစ်ယောက်လည်းရှိသေးတယ်"
"ကြားရတာစိတ်မကောင်းလိုက်တာ"
"ဒီလိုပဲဒကာမကြီး၊ လူချင်းတူပေမယ့် ကံချင်းမတူဘူး (ကလေးမလေးဘက်လှည့်ကာ) ဒကာမလေးမှာ မိစုံဖစုံရှိပေမယ့် ဒကာမလေးနဲ့ ရွယ်တူနီးပါးရှိပြီး မိစုံဖစုံမရှိတော့တဲ့ ကလေးတွေအများကြီးရှိတယ်၊ ဘုန်းဘုန်းပြောတာ သဘောပေါက်လား ဒကာမလေး"
"ဟုတ်"
"တင်ပါ့ဘုရား လို့ပြောလေ သမီး"
"တင်ပါ့ ဘုရား"
ကလေးမလေးမှာ မိခင်ဖြစ်သူ ပြောသည့်အတိုင်း ပြောလိုက်ပေမယ့် သူမအာရုံက နံရံဘက်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ မဏ္ဏိကို လှည့်ကြည့်လှည့်ကြည့်နှင့်။
"မာမီ၊ ရုပ်လွှာ သူ့ကို ချောကလက် ကျွေးချင်လို့"
"သွားကျွေးလေသမီး"
မိခင်ဆီကခွင့်ပြုချက်ရတော့ မဏ္ဏိရှိရာသို့ သွားလိုက်ပြီး လက်ထဲအသင့်ပါလာတဲ့ ချောကလက်ကို ပေးလိုက်သည်။
"ရော့ နင့်အတွက်၊ ဒါအရမ်းစားကောင်းတယ်၊ ဖေဖေစင်ကာပူသွားတုန်းက၀ယ်လာတာ၊ မြန်မာနိုင်ငံမှာ အဲ့ဒါမျိုးမရှိဘူးတဲ့"
"ငါ့ကိုကျွေးတာလား"
"ဟုတ်တယ်လေ၊ ငါကနင့်ကိုခင်လို့"
ကလေးမလေးကမ်းပေးသော ချောကလက်ကို ယူပြီး အင်္ကျီအိတ်ထဲထည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျ"
~~~~~~~~~~~~~~~~~~~~~
အလှူအချိန်က မနက်ပိုင်းဖြစ်၍ မီးဖိုဆောင်က အဒေါ်ကြီးတွေကော ကပ္ပိယကြီးကော အားလုံး မနက်အစောကြီးကတည်းက ပြင်ဆင်နေကြသည်။
"မဏ္ဏိနဲ့လျှံ မီးဖိုဆောင်ထဲမှာ သွားကူလိုက်ဦး"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
"လျှံ မင်း နာနေသေးလား"
"ငါနေကောင်းသွားပါပြီ၊ ဦးသာတိုက်တဲ့ဆေးကတကယ်စွမ်းတာပဲ၊ မနေ့က အိပ်ပျော်သွားပြီးနိုးလာတော့ တော်တော်နေလို့ကောင်းသွားတာ
"ဒါဆို မီးဖိုဆောင်ထဲသွားကူကြမယ်လေ"
"သွားကြစို့"
~~~~~~~~~~~~~~~~~~~~
"အမလေး မဏ္ဏိနဲ့လျှံ ကိုယ်တော်လေးတွေ အခုမှနိုးတယ်ပေါ့၊ လာလာ တစ်ယောက်က ကြက်သွန်နွှာပေး၊ နောက်တစ်ယောက်က ရေခပ်ပေး"
"လျှံ မင်းကကြက်သွန်ခွာလိုက်၊ ရေထိရင် နေမကောင်းပြန်ဖြစ်နေဦးမယ်"
"အွန်း"
~~~~~~~~~~~~~~~~~~~
ရေတွင်းထဲကနေ ရေခပ်ယူရင်း မလှမ်းမကမ်းက ကားပေါ်မှဆင်းလာပြီး အဖေတစ်ဖက် အမေတစ်ဖက် လက်တွဲလျှောက်လာကြသော ကိုယ်ရောင်ကိုယ်ဝါ လင်းလက်တောက်ပလျက်ရှိသည့် မနေ့က သူ့ကိုချောကလက်ပေးခဲ့သော ကလေးမလေးကိုထပ်တွေ့လိုက်ရတော့ ရေပုံးလေးခဏချကာ ငေးကြည့်နေမိသည်။
"သူ့မှာကျ အဖေနဲ့အမေရှိတယ်၊ ငါနဲ့လျှံ့မှာကျဘာလို့ မရှိတာလဲ"
ခေါင်းထဲအလိုလိုရောက်လာတဲ့အတွေးနှင့်အတူ နားမလည်နိုင်စွာ သိမ်ငယ်လာတဲ့ မျက်၀န်းတွေကို အလုပ်များနေကြတဲ့ ပါတ်၀န်းကျင်က မည်သူမှမမြင်နိုင်ခဲ့ကြပေ။ လူမှန်းသိတတ်စကတည်းက မဏ္ဏိမှာလည်း လျှံပဲရှိခဲ့သလို လျှံ့မှာလည်း မဏ္ဏိပဲရှိခဲ့ခြင်းသာ။ ကျွေးမွေး ပြုစုခြင်းကို ကပ္ပိယကြီးဆီက ခံယူခဲ့ရပြီး ဆရာတော်ရဲ့ ဆုံးမပဲ့ပြင်မှု သင်ကြားမှုများအောက်မှာပင် ကြီးပြင်းခဲ့ရတာကြောင့် အဖေအမေဆိုသည့် လူသားများ၏ အခန်းဂဏ္ဍကိုပင် မဏ္ဏိအနေနှင့် နားလည်ရန်ခက်လှပေသည်။
မကြာမီပင် အလှူရှင်တို့ ကျောင်းဆောင်ထဲ၀င်သွားပြီး မျက်စိအောက်ကပျောက်သွားတော့မှ မဏ္ဏိအတွေးတွေ ရပ်ကာ ရေပုံးလေးကို သယ်ထွက်သွားတော့၏။
~~~~~~~~~~~~~~~~~~~~~
"လျှံ လျှံ"
ခပ်တိုးတိုးလှမ်းခေါ်သော မဏ္ဏိကို မီးဖိုဆောင်ထဲကနေ လှမ်းကြည့်လိုက်တော့ မိမိကို ခေါ်နေတာကြောင့် နွှာလက်စ ကြက်သွန်တွေကို ခဏထားခဲ့ပြီး မဏ္ဏိဆီလိုက်သွားလိုက်သည်။
"ရော့၊ ဒါက ချော့ကလောက်"
"ဘာလဲဟ ချော့ကလောက်ဆိုတာ"
"ဟိုလေ ရုပ်ရှင်တွေထဲမှာ မင်းသားနဲ့ မင်းသမီးစားကြတာလေ၊ အဲ အဲ့ဒါက နိုင်ငံခြားမှာပဲရတာတဲ့"
"ဒါဆိုမင်းက ခုဘယ်ကရလာတာလဲ"
"အလှူရှင်အဒေါ်ကြီးရဲ့ သမီးက ငါ့ကိုကျွေးတာ၊ ရော့ မင်းက တစ်၀က်ယူ"
"စားကောင်းမယ်လို့ထင်လား"
"မသိဘူးကွ ငါလည်း မစားဖူးဘူးလေ"
"အွန်းကောင်းလိုက်တာ"
"ဟုတ်တယ်နော်၊ အပြင်ပန်းက မည်းပေမယ့် အရသာက တကယ်ကောင်းတာပဲ"
"အဲ့ကောင်မလေးက နေ့တိုင်း ဒါမျိုးတွေစားရမှာပေါ့နော်"
"သူတို့က ချမ်းသာတာကိုကွ"
"လျှံရေ မဏ္ဏိရေ ဘယ်တွေရောက်ကုန်ကြတာလဲ"
မီးဖိုဆောင်ထဲက အော်ခေါ်သံကြားမှနှစ်ယောက်လုံး ပျာယာခတ်ပြီး မီးဖိုဆောင်ထဲပြန်၀င်ကာ လုပ်လက်စများ ဆက်လုပ်နေလိုက်ကြသည်။
"မြန်မြန်လုပ်ကြ၊ နေ့လည်ဆွမ်းစားချိန်အမီလုပ်ရမှာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"သာဓု သာဓု သာဓု"
"ဆရာတော်ဘုရား၊ တပည့်တော်တို့ လျောက်တင်စရာလေး ရှိပါတယ်ဘုရား"
"ကဲ လျှောက်၊ အလှူမှာ ဒကာမကြီးတို့ အဆင်မပြေခဲ့တာများ ရှိခဲ့လို့လား"
"မဟုတ်ပါဘူး ဘုရား၊ တပည့်တော်တို့ လျှောက်ချင်တာက တခြားကိစ္စပါ၊ တပည့်တော်တို့သမီးလေး ရုပ်လွှာကတစ်ဦးတည်းသောသမီးလေးမို့ သူအထီးကျန်နေမှာကို တပည့်တော်တို့ အမြဲစိုးရိမ်ခဲ့ရတာပါဘုရား၊ တပည့်တော်တို့ကလည်း အသက်ကြီးပြီဆိုတော့ သမီးလေးအတွက် ညီမလေးဖြစ်ဖြစ် မောင်လေးဖြစ်ဖြစ် ထပ်ခေါ်လာပေးဖို့ကလည်း အဆင်မပြေတော့ တပည့်တော်တို့ တစ်ခုစဥ်းစားမိသွားပါတယ်ဘုရား၊ သမီးလေးက မဏ္ဏိကို မြင်မြင်ချင်း အတော်လေးလည်း သဘောကျပြီး ခင်ပုံပေါ်တာတွေ့ရပါတယ်ဘုရား၊ ဒါ့အပြင် မဏ္ဏိလေးမှာ လက်ရှိစောင့်ရှောက်နေတဲ့ မိဘတွေလည်းမရှိတာကြောင့် ဆရာတော်သာ ခွင့်ပြုမယ်ဆို မဏ္ဏိလေးကို တပည့်တော်တို့ အမွေစားအမွေခံမွေးစားချင်လို့ပါဘုရား"
"အွန်း ရေစက်တွေဆုံလာရင်တားလို့မရဘူးပဲ၊ ဘုန်းဘုန်းက ခွင့်ပြုပါတယ်၊ ဒါပေသည့် ကလေးရဲ့ဆန္ဒမပါပဲတော့ မလုပ်စေချင်ဘူး၊ ဒကာကြီးဦးသာ မဏ္ဏိကို သွားခေါ်လိုက်ပါဦး"
အတန်ငယ်ကြာတော့ ဦးသာနဲ့အတူ မဏ္ဏိပါလာသည်။ မဏ္ဏိရဲ့အနောက်မှာ လျှံလိုက်လာပေမယ့် ခေါ်တဲ့အထဲ လျှံမပါလေတော့ ကျောင်းဆောင်အ၀တွင်ပင် ကျန်ခဲ့ကာ အထဲကလူကြီးတွေပြောစကားကို နားထောင်နေလိုက်သည်။
"မဏ္ဏိ"
"တင်ပါ့ဘုရား"
"ဒကာလေးကို ဒီက ဦးဦးနဲ့ဒေါ်ဒေါ်က သားအဖြစ်မွေးစားချင်လို့တဲ့"
"မွေးစားတယ်ဆိုတာ ဘာကိုပြောချင်တာပါလဲ ဘုရား"
"ဒီလိုလေ မဏ္ဏိ"
ဦးသာက ကြားထဲက ၀င်ပြောသည်။
"ဒီဦးဦးနဲ့ဒေါ်ဒေါ်က သားရဲ့ အဖေနဲ့ အမေဖြစ်သွားပြီး ဒီညီမလေးကလည်း သားညီမလေးဖြစ်သွားမယ်၊ သားက ဒီဘုန်းကြီးကျောင်းမှာမနေရတော့ပဲ ဦးဦးဒေါ်ဒေါ် ညီမလေးတို့နဲ့ အတူ မြို့ကြီးမှာလိုက်နေရမှာ"
မဏ္ဏိအတွက် နားလည်ရခက်ပြီး ဆုံးဖြတ်ဖို့ရာကြီးမားလွန်းတဲ့ အခြေအနေတစ်ခုဖြစ်တာကြောင့် မျက်မှောင်လေးကြုတ်ကာ ကျောင်းဆောင်၀က လျှံ့ကို လှမ်းကြည့်လိုက်သည်။ လျှံလည်း လူကြီးတွေပြောသမျှ အားလုံးကြားလိုက်သည့်ပုံပင်။ သေချာသည်က မျက်နှာကောင်းမနေချေ။
"ဒါဆို လျှံကကော လိုက်မှာလားဟင်?"
"ဦးဦးတို့က မဏ္ဏိကိုပဲမွေးစားမှာဆိုတော့ လျှံက ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့ရမှာပေါ့ သားရဲ့"
ကျောင်းဆောင်၀ကနေ နားထောင်နေတဲ့ လျှံ့ရင်ထဲ ဖော်မပြတတ်လောက်အောင် သွေးတွေ ပြောင်းပြန်စီးဆင်းသွားသည်ကို မည်သူမျှမသိနေပေ။
"ဟင့်အင်း လျှံမပါရင် မဏ္ဏိဘယ်မှမသွားဘူး"
လူကြီးတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
"ကလေးတွေက ငယ်ငယ်ကတည်းက အတူကြီးပြင်းလာခဲ့ကြတာမို့ သံယောဇဥ်ကြီးကြတယ်လေ၊ တစ်ခါမှလည်း ခွဲမနေဖူးဘူး၊ အခုချိန်ထိ တစ်ယောက်မအိပ်ပဲတောင် ကျန်တဲ့တစ်ယောက်က မအိပ်ကြဘူးဆိုတော့"
"ဒါနဲ့ လျှံဆိုတဲ့ ကလေးကကော?"
ရုပ်လွှာရဲ့ မိခင်ဖြစ်သူက တစ်ခုခုကို စဉ်းစားဟန်ဖြင့် မေးတော့ ဆရာတော်က လျှံ့ကိုလှမ်းခေါ်လိုက်၏။
"လျှံ ဒီကိုလာပါဦး"
ကျောင်းဆောင်၀ကနေ အလှူရှင်နဲ့ ဆရာတော်တို့ မဏ္ဏိတို့ရှိရာအနားသို့ ရောက်လာသော လျှံကို အလှူရှင်မိသားစုက စိတ်၀င်စားစွာ ကြည့်ရှုအကဲခတ်လေသည်။
"သမီး၊ ဒီကိုကိုနှစ်ယောက်လုံး သမီးအစ်ကို ဖြစ်လို့ရလား"
ဒေါ်မေသီတစ်ယောက် သူ့သမီး ရုပ်လွှာဘက်လှည့်ကာ သူ့သမီးသဘောထားကို မေးစမ်းကြည့်လိုက်သည်။
~~~~~~~~~~~~~~~~~~~~~
A/N : အပိုင်း ၂ အထိ ကလေးတွေမကြီးသေးတော့ သည်းခံပေးပါဦးနော် 😁🙆
~~~~~~~~~~~~~~~~~~~~~~
Zawgyi
"ဦးသာ လွ်ံကဘာလို႔ ကိုယ္ေတြပူက်စ္ေနတာလဲဟင္"
အိပ္ရာထဲလဲကာ ေစာင္ျခဳံထဲ ခ်မ္းေနပုံေပါက္ေပမယ့္ တစ္ကိုယ္လုံး ပူက်စ္ေနေသာ ပိန္ပိန္ေသးေသး လွ်ံကိုၾကည့္ရင္း မဏၰိက ကပၸိယႀကီးကို ေမးသည္။
"မင္းတို႔ေတြ ညေနက ေခ်ာင္းထဲ ေနာက္က်အထိေရကူးၾကတယ္မို႔လား၊ အေအးပါတ္တာေနမွာေပါ့"
"ဘာလို႔ကြၽန္ေတာ္မျဖစ္ပဲ လွ်ံက ျဖစ္တာလဲ"
"သူက ကိုယ္ခံအားနည္းေနလို႔ေလ"
"ကိုယ္ခံအားမနည္းေအာင္ ဘယ္လိုလုပ္ရလဲဟင္"
"အစားမ်ားမ်ားစားရမွာေပါ့"
ကပၸိယႀကီးက မဏၰိပါးစပ္က ဆက္တိုက္ထြက္က်လာတဲ့အေမးေတြကို စိတ္႐ွည္စြာေျဖၾကားရင္း လွ်ံ႕နဖူးကို လက္ဖဝါးနဲ႔ စမ္းၾကည့္ေတာ့ မဏၰိက သူပါလိုက္စမ္းသည္။
ၿပီးေနာက္ကပၸိယႀကီးက အပူတိုင္းတံကို လွ်ံ႕ခ်ိဳင္းၾကားကဆြဲထုတ္လာၿပီး စစ္ေဆးၿပီးေနာက္ သူ႕ေဆးအိတ္ထဲက ဗမာေဆးတစ္မ်ိဳးကိုထုတ္ကာ လွ်ံ႕ကိုတိုက္သည္။
"လွ်ံ မင္းအရမ္းနာေနလား"
လွ်ံက ျဖည္းျဖည္းေခါင္းခါျပတယ္။
"အိပ္ခ်င္တယ္"
"အိပ္ခ်င္ရင္ခဏအိပ္လိုက္၊ ေစာင္ေတာ့ျခဳံထား၊ ေခြၽးထြက္လာရင္သက္သာသြားမွာပါ၊ မဏၰိ မင္းအစ္ကိုအနားမွာ ေစာင့္ေပး လိုက္ဦး၊ ဦးသာ မီးဖိုေခ်ာင္ထဲသြားကူလိုက္ဦးမယ္၊ မနက္ျဖန္ ေမြးေန႔အလႉတစ္ခု႐ွိလို႔"
"ဟုတ္ကဲ့ပါဗ်"
ကပၸိယႀကီးဦးသာက ကေလးႏွစ္ေယာက္ကိုထားခဲ့ၿပီး မီးဖိုေခ်ာင္ဘက္ ထြက္သြားေလသည္။
"လွ်ံ၊ မင္းအိပ္ခ်င္ရင္အိပ္ေနာ္၊ ငါဒီမွာ႐ွိတယ္"
လွ်ံ႕အနားေလးမွာ ဒူးေလးကိုပိုက္ၿပီးထိုင္ရင္း လွ်ံ႕ကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနေတာ့သည္။
~~~~~~~~~~~~~~~~~~~~
"မဏၰိ"
"မဏၰိ"
လွ်ံ႕ကိုေစာင့္ရင္းအိပ္ငိုက္ေနေသာမဏၰိကို ကပၸိယႀကီးက လာႏိႈးၿပီး
"လွ်ံအိပ္ေနၿပီ၊ သူ႕ကိုမေစာင့္ေပးနဲ႔ေတာ့၊ မနက္ျဖန္အတြက္ အလႉ႐ွင္မိသားစုေတြေရာက္ေနလို႔ သူတို႔အတြက္ ေရေႏြးၾကမ္းနဲ႔ လက္ဖက္ယူခဲ့ဦး"
"ဟုတ္ကဲ့"
~~~~~~~~~~~~
မီးဖိုေဆာင္ထဲက ထမင္းဟင္းခ်က္ တာ၀န္ယူထားတဲ့ႀကီးႀကီးဆီက လက္ဖက္သုတ္ပန္းကန္နဲ႔ ေရေႏြးအိုးေတာင္းၿပီး ဧည့္ေတြ႕ေက်ာင္းေဆာင္ဘက္သို႔ ထြက္လာခဲ့သည္။
"ဟဲ့ မဏၰိ ေရေႏြးပူမယ္ေနာ္ ေသခ်ာကိုင္ဦး"
"ဟုတ္ကဲ့ပါႀကီးႀကီး"
လက္တစ္ဖက္က ေရေႏြးအိုးကိုကိုင္ ေနာက္တစ္ဖက္က ေရေႏြးၾကမ္းခြက္အနည္းငယ္ႏွင့္ လက္ဖက္သုတ္ပန္းကန္ထည့္ထားေသာ လင္ဗန္းကိုကိုင္ကာ လုံးလုံး လုံးလုံးႏွင့္ ေက်ာင္းေဆာင္ထဲ၀င္သြားေလသည္။
~~~~~~~~~~~~~~~~~
အလႉ႐ွင္လင္မယားႏွင့္ သူတို႔၏သမီးေလး ျဖစ္ဟန္႐ွိေသာ မိန္းကေလးငယ္တစ္ေယာက္တို႔က ဆရာေတာ္ေ႐ွ႕မွာ ႐ိုက်ိဳးစြာ ထိုင္ေနၾကသည္။
"ဒကာမေလးက ဘယ္ႏွႏွစ္ျပည့္မွာလဲကြဲ႕"
ဆရာေတာ္႕ေမးခြန္းကိုၾကားေတာ့ မိခင္ျဖစ္သူက ကေလးမေလးဘက္ကိုလွည့္ၿပီး
"သမီး၊ ဆရာေတာ့္ကိုေျဖလိုက္ေလ"
"၆ ႏွစ္"
"ဟဲ့သမီး၊ အဲ့လိုမေျဖရဘူးေလ၊ ၆ ႏွစ္ပါ ဘုရားလို႔ေျဖရတယ္၊ ဘုန္းႀကီးကိုစကားေျပာပုံကို မာမီသင္ေပးထားတယ္ေလ"
"၆ ႏွစ္ဆိုေတာ့ မဏၰိနဲ႔ လွ်ံတို႔နဲ႔ မတိမ္းမယိမ္းေလးေတြေပါ့"
"မဏၰိနဲ႔ လွ်ံဆိုတာ ဘယ္သူေတြမ်ားလဲဘုရား"
အလႉ႐ွင္မိသားစုမွ မိခင္ျဖစ္သူ၏ အေမးစကားအဆုံးမွာ ျမန္ျမန္ေလွ်ာက္လာရ၍ လင္ဗန္းထဲက ေႂကြပန္းကန္တို႔ထိတိုက္ေသာအသံ တခြပ္ခြပ္ႏွင့္အတူ ေက်ာင္းထဲ၀င္လာေသာ မဏၰိေၾကာင့္ အားလုံး မဏၰိဆီအာ႐ုံေရာက္သြားၾကသည္။
မဏၰိက ခပ္တည္တည္ပင္ ေရေႏြးၾကမ္းႏွင့္ လက္ဖက္ပန္းကန္တို႔ကို ဧည့္သည္အလႉ႐ွင္မ်ားေ႐ွ႕ခ်ေပးၿပီး ခါးေလးကုန္းကာ ဆရာေတာ္ကိုဦးခ်ၿပီး အလႉ႐ွင္တို႔ႏွင့္ ခပ္လွမ္းလွမ္း နံရံနားေလးမွာ က်ံဳ႕က်ံဳ႕ေလးထိုင္ေနသည္။
"မဏၰိဆိုတာသူေပါ့၊ ငယ္ငယ္ေလးတည္းက ေက်ာင္း၀မွာစြန္႔ပစ္ခံထားရလို႔ ဘုန္းဘုန္းတို႔ကေမြးစားထားတာ၊ သူနဲ႔အတူ လွ်ံဆိုတဲ့ကေလးတစ္ေယာက္လည္း႐ွိေသးတယ္"
"ၾကားရတာစိတ္မေကာင္းလိုက္တာ"
"ဒီလိုပဲဒကာမႀကီး၊ လူခ်င္းတူေပမယ့္ ကံခ်င္းမတူဘူး (ကေလးမေလးဘက္လွည့္ကာ) ဒကာမေလးမွာ မိစုံဖစုံ႐ွိေပမယ့္ ဒကာမေလးနဲ႔ ႐ြယ္တူနီးပါး႐ွိၿပီး မိစုံဖစုံမ႐ွိေတာ့တဲ့ ကေလးေတြအမ်ားႀကီး႐ွိတယ္၊ ဘုန္းဘုန္းေျပာတာ သေဘာေပါက္လား ဒကာမေလး"
"ဟုတ္"
"တင္ပါ့ဘုရား လို႔ေျပာေလ သမီး"
"တင္ပါ့ ဘုရား"
ကေလးမေလးမွာ မိခင္ျဖစ္သူ ေျပာသည့္အတိုင္း ေျပာလိုက္ေပမယ့္ သူမအာ႐ုံက နံရံဘက္မွာ က်ံဳ႕က်ံဳ႕ေလးထိုင္ေနတဲ့ မဏၰိကို လွည့္ၾကည့္လွည့္ၾကည့္ႏွင့္။
"မာမီ၊ ႐ုပ္လႊာ သူ႕ကို ေခ်ာကလက္ ေကြၽးခ်င္လို႔"
"သြားေကြၽးေလသမီး"
မိခင္ဆီကခြင့္ျပဳခ်က္ရေတာ့ မဏၰိ႐ွိရာသို႔ သြားလိုက္ၿပီး လက္ထဲအသင့္ပါလာတဲ့ ေခ်ာကလက္ကို ေပးလိုက္သည္။
"ေရာ့ နင့္အတြက္၊ ဒါအရမ္းစားေကာင္းတယ္၊ ေဖေဖစင္ကာပူသြားတုန္းက၀ယ္လာတာ၊ ျမန္မာႏိုင္ငံမွာ အဲ့ဒါမ်ိဳးမ႐ွိဘူးတဲ့"
"ငါ့ကိုေကြၽးတာလား"
"ဟုတ္တယ္ေလ၊ ငါကနင့္ကိုခင္လို႔"
ကေလးမေလးကမ္းေပးေသာ ေခ်ာကလက္ကို ယူၿပီး အက်ႌအိတ္ထဲထည့္လိုက္သည္။
"ေက်းဇူးတင္ပါတယ္ဗ်"
~~~~~~~~~~~~~~~~~~~~~
အလႉအခ်ိန္က မနက္ပိုင္းျဖစ္၍ မီးဖိုေဆာင္က အေဒၚႀကီးေတြေကာ ကပၸိယႀကီးေကာ အားလုံး မနက္အေစာႀကီးကတည္းက ျပင္ဆင္ေနၾကသည္။
"မဏၰိနဲ႔လွ်ံ မီးဖိုေဆာင္ထဲမွာ သြားကူလိုက္ဦး"
"ဟုတ္ကဲ့၊ ဟုတ္ကဲ့"
"လွ်ံ မင္း နာေနေသးလား"
"ငါေနေကာင္းသြားပါၿပီ၊ ဦးသာတိုက္တဲ့ေဆးကတကယ္စြမ္းတာပဲ၊ မေန႔က အိပ္ေပ်ာ္သြားၿပီးႏိုးလာေတာ့ ေတာ္ေတာ္ေနလို႔ေကာင္းသြားတာ
"ဒါဆို မီးဖိုေဆာင္ထဲသြားကူၾကမယ္ေလ"
"သြားၾကစို႔"
~~~~~~~~~~~~~~~~~~~~
"အမေလး မဏၰိနဲ႔လွ်ံ ကိုယ္ေတာ္ေလးေတြ အခုမွႏိုးတယ္ေပါ့၊ လာလာ တစ္ေယာက္က ၾကက္သြန္ႏႊာေပး၊ ေနာက္တစ္ေယာက္က ေရခပ္ေပး"
"လွ်ံ မင္းကၾကက္သြန္ခြာလိုက္၊ ေရထိရင္ ေနမေကာင္းျပန္ျဖစ္ေနဦးမယ္"
"အြန္း"
~~~~~~~~~~~~~~~~~~~
ေရတြင္းထဲကေန ေရခပ္ယူရင္း မလွမ္းမကမ္းက ကားေပၚမွဆင္းလာၿပီး အေဖတစ္ဖက္ အေမတစ္ဖက္ လက္တြဲေလွ်ာက္လာၾကေသာ ကိုယ္ေရာင္ကိုယ္ဝါ လင္းလက္ေတာက္ပလ်က္႐ွိသည့္ မေန႔က သူ႕ကိုေခ်ာကလက္ေပးခဲ့ေသာ ကေလးမေလးကိုထပ္ေတြ႕လိုက္ရေတာ့ ေရပုံးေလးခဏခ်ကာ ေငးၾကည့္ေနမိသည္။
"သူ႕မွာက် အေဖနဲ႔အေမ႐ွိတယ္၊ ငါနဲ႔လွ်ံ႕မွာက်ဘာလို႔ မ႐ွိတာလဲ"
ေခါင္းထဲအလိုလိုေရာက္လာတဲ့အေတြးႏွင့္အတူ နားမလည္ႏိုင္စြာ သိမ္ငယ္လာတဲ့ မ်က္၀န္းေတြကို အလုပ္မ်ားေနၾကတဲ့ ပါတ္၀န္းက်င္က မည္သူမွမျမင္ႏိုင္ခဲ့ၾကေပ။ လူမွန္းသိတတ္စကတည္းက မဏၰိမွာလည္း လွ်ံပဲ႐ွိခဲ့သလို လွ်ံ႕မွာလည္း မဏၰိပဲ႐ွိခဲ့ျခင္းသာ။ ေကြၽးေမြး ျပဳစုျခင္းကို ကပၸိယႀကီးဆီက ခံယူခဲ့ရၿပီး ဆရာေတာ္ရဲ႕ ဆုံးမပဲ့ျပင္မႈ သင္ၾကားမႈမ်ားေအာက္မွာပင္ ႀကီးျပင္းခဲ့ရတာေၾကာင့္ အေဖအေမဆိုသည့္ လူသားမ်ား၏ အခန္းဂ႑ကိုပင္ မဏၰိအေနႏွင့္ နားလည္ရန္ခက္လွေပသည္။
မၾကာမီပင္ အလႉ႐ွင္တို႔ ေက်ာင္းေဆာင္ထဲ၀င္သြားၿပီး မ်က္စိေအာက္ကေပ်ာက္သြားေတာ့မွ မဏၰိအေတြးေတြ ရပ္ကာ ေရပုံးေလးကို သယ္ထြက္သြားေတာ့၏။
~~~~~~~~~~~~~~~~~~~~~
"လွ်ံ လွ်ံ"
ခပ္တိုးတိုးလွမ္းေခၚေသာ မဏၰိကို မီးဖိုေဆာင္ထဲကေန လွမ္းၾကည့္လိုက္ေတာ့ မိမိကို ေခၚေနတာေၾကာင့္ ႏႊာလက္စ ၾကက္သြန္ေတြကို ခဏထားခဲ့ၿပီး မဏၰိဆီလိုက္သြားလိုက္သည္။
"ေရာ့၊ ဒါက ေခ်ာ့ကေလာက္"
"ဘာလဲဟ ေခ်ာ့ကေလာက္ဆိုတာ"
"ဟိုေလ ႐ုပ္႐ွင္ေတြထဲမွာ မင္းသားနဲ႔ မင္းသမီးစားၾကတာေလ၊ အဲ အဲ့ဒါက ႏိုင္ငံျခားမွာပဲရတာတဲ့"
"ဒါဆိုမင္းက ခုဘယ္ကရလာတာလဲ"
"အလႉ႐ွင္အေဒၚႀကီးရဲ႕ သမီးက ငါ့ကိုေကြၽးတာ၊ ေရာ့ မင္းက တစ္၀က္ယူ"
"စားေကာင္းမယ္လို႔ထင္လား"
"မသိဘူးကြ ငါလည္း မစားဖူးဘူးေလ"
"အြန္းေကာင္းလိုက္တာ"
"ဟုတ္တယ္ေနာ္၊ အျပင္ပန္းက မည္းေပမယ့္ အရသာက တကယ္ေကာင္းတာပဲ"
"အဲ့ေကာင္မေလးက ေန႔တိုင္း ဒါမ်ိဳးေတြစားရမွာေပါ့ေနာ္"
"သူတို႔က ခ်မ္းသာတာကိုကြ"
"လွ်ံေရ မဏၰိေရ ဘယ္ေတြေရာက္ကုန္ၾကတာလဲ"
မီးဖိုေဆာင္ထဲက ေအာ္ေခၚသံၾကားမွႏွစ္ေယာက္လုံး ပ်ာယာခတ္ၿပီး မီးဖိုေဆာင္ထဲျပန္၀င္ကာ လုပ္လက္စမ်ား ဆက္လုပ္ေနလိုက္ၾကသည္။
"ျမန္ျမန္လုပ္ၾက၊ ေန႔လည္ဆြမ္းစားခ်ိန္အမီလုပ္ရမွာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"သာဓု သာဓု သာဓု"
"ဆရာေတာ္ဘုရား၊ တပည့္ေတာ္တို႔ ေလ်ာက္တင္စရာေလး ႐ွိပါတယ္ဘုရား"
"ကဲ ေလွ်ာက္၊ အလႉမွာ ဒကာမႀကီးတို႔ အဆင္မေျပခဲ့တာမ်ား ႐ွိခဲ့လို႔လား"
"မဟုတ္ပါဘူး ဘုရား၊ တပည့္ေတာ္တို႔ ေလွ်ာက္ခ်င္တာက တျခားကိစၥပါ၊ တပည့္ေတာ္တို႔သမီးေလး ႐ုပ္လႊာကတစ္ဦးတည္းေသာသမီးေလးမို႔ သူအထီးက်န္ေနမွာကို တပည့္ေတာ္တို႔ အၿမဲစိုးရိမ္ခဲ့ရတာပါဘုရား၊ တပည့္ေတာ္တို႔ကလည္း အသက္ႀကီးၿပီဆိုေတာ့ သမီးေလးအတြက္ ညီမေလးျဖစ္ျဖစ္ ေမာင္ေလးျဖစ္ျဖစ္ ထပ္ေခၚလာေပးဖို႔ကလည္း အဆင္မေျပေတာ့ တပည့္ေတာ္တို႔ တစ္ခုစဥ္းစားမိသြားပါတယ္ဘုရား၊ သမီးေလးက မဏၰိကို ျမင္ျမင္ခ်င္း အေတာ္ေလးလည္း သေဘာက်ၿပီး ခင္ပုံေပၚတာေတြ႕ရပါတယ္ဘုရား၊ ဒါ့အျပင္ မဏၰိေလးမွာ လက္႐ွိေစာင့္ေ႐ွာက္ေနတဲ့ မိဘေတြလည္းမ႐ွိတာေၾကာင့္ ဆရာေတာ္သာ ခြင့္ျပဳမယ္ဆို မဏၰိေလးကို တပည့္ေတာ္တို႔ အေမြစားအေမြခံေမြးစားခ်င္လို႔ပါဘုရား"
"အြန္း ေရစက္ေတြဆုံလာရင္တားလို႔မရဘူးပဲ၊ ဘုန္းဘုန္းက ခြင့္ျပဳပါတယ္၊ ဒါေပသည့္ ကေလးရဲ႕ဆႏၵမပါပဲေတာ့ မလုပ္ေစခ်င္ဘူး၊ ဒကာႀကီးဦးသာ မဏၰိကို သြားေခၚလိုက္ပါဦး"
အတန္ငယ္ၾကာေတာ့ ဦးသာနဲ႔အတူ မဏၰိပါလာသည္။ မဏၰိရဲ႕အေနာက္မွာ လွ်ံလိုက္လာေပမယ့္ ေခၚတဲ့အထဲ လွ်ံမပါေလေတာ့ ေက်ာင္းေဆာင္အ၀တြင္ပင္ က်န္ခဲ့ကာ အထဲကလူႀကီးေတြေျပာစကားကို နားေထာင္ေနလိုက္သည္။
"မဏၰိ"
"တင္ပါ့ဘုရား"
"ဒကာေလးကို ဒီက ဦးဦးနဲ႔ေဒၚေဒၚက သားအျဖစ္ေမြးစားခ်င္လို႔တဲ့"
"ေမြးစားတယ္ဆိုတာ ဘာကိုေျပာခ်င္တာပါလဲ ဘုရား"
"ဒီလိုေလ မဏၰိ"
ဦးသာက ၾကားထဲက ၀င္ေျပာသည္။
"ဒီဦးဦးနဲ႔ေဒၚေဒၚက သားရဲ႕ အေဖနဲ႔ အေမျဖစ္သြားၿပီး ဒီညီမေလးကလည္း သားညီမေလးျဖစ္သြားမယ္၊ သားက ဒီဘုန္းႀကီးေက်ာင္းမွာမေနရေတာ့ပဲ ဦးဦးေဒၚေဒၚ ညီမေလးတို႔နဲ႔ အတူ ၿမိဳ႕ႀကီးမွာလိုက္ေနရမွာ"
မဏၰိအတြက္ နားလည္ရခက္ၿပီး ဆုံးျဖတ္ဖို႔ရာႀကီးမားလြန္းတဲ့ အေျခအေနတစ္ခုျဖစ္တာေၾကာင့္ မ်က္ေမွာင္ေလးၾကဳတ္ကာ ေက်ာင္းေဆာင္၀က လွ်ံ႕ကို လွမ္းၾကည့္လိုက္သည္။ လွ်ံလည္း လူႀကီးေတြေျပာသမွ် အားလုံးၾကားလိုက္သည့္ပုံပင္။ ေသခ်ာသည္က မ်က္ႏွာေကာင္းမေနေခ်။
"ဒါဆို လွ်ံကေကာ လိုက္မွာလားဟင္?"
"ဦးဦးတို႔က မဏၰိကိုပဲေမြးစားမွာဆိုေတာ့ လွ်ံက ဘုန္းႀကီးေက်ာင္းမွာ က်န္ခဲ့ရမွာေပါ့ သားရဲ႕"
ေက်ာင္းေဆာင္၀ကေန နားေထာင္ေနတဲ့ လွ်ံ႕ရင္ထဲ ေဖာ္မျပတတ္ေလာက္ေအာင္ ေသြးေတြ ေျပာင္းျပန္စီးဆင္းသြားသည္ကို မည္သူမွ်မသိေနေပ။
"ဟင့္အင္း လွ်ံမပါရင္ မဏၰိဘယ္မွမသြားဘူး"
လူႀကီးေတြ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။
"ကေလးေတြက ငယ္ငယ္ကတည္းက အတူႀကီးျပင္းလာခဲ့ၾကတာမို႔ သံေယာဇဥ္ႀကီးၾကတယ္ေလ၊ တစ္ခါမွလည္း ခြဲမေနဖူးဘူး၊ အခုခ်ိန္ထိ တစ္ေယာက္မအိပ္ပဲေတာင္ က်န္တဲ့တစ္ေယာက္က မအိပ္ၾကဘူးဆိုေတာ့"
"ဒါနဲ႔ လွ်ံဆိုတဲ့ ကေလးကေကာ?"
႐ုပ္လႊာရဲ႕ မိခင္ျဖစ္သူက တစ္ခုခုကို စဥ္းစားဟန္ျဖင့္ ေမးေတာ့ ဆရာေတာ္က လွ်ံ႕ကိုလွမ္းေခၚလိုက္၏။
"လွ်ံ ဒီကိုလာပါဦး"
ေက်ာင္းေဆာင္၀ကေန အလႉ႐ွင္နဲ႔ ဆရာေတာ္တို႔ မဏၰိတို႔႐ွိရာအနားသို႔ ေရာက္လာေသာ လွ်ံကို အလႉ႐ွင္မိသားစုက စိတ္၀င္စားစြာ ၾကည့္႐ႈအကဲခတ္ေလသည္။
"သမီး၊ ဒီကိုကိုႏွစ္ေယာက္လုံး သမီးအစ္ကို ျဖစ္လို႔ရလား"
ေဒၚေမသီတစ္ေယာက္ သူ႕သမီး ႐ုပ္လႊာဘက္လွည့္ကာ သူ႕သမီးသေဘာထားကို ေမးစမ္းၾကည့္လိုက္သည္။
~~~~~~~~~~~~~~~~~~~~~
A/N : အပိုင္း ၂ အထိ ကေလးေတြမႀကီးေသးေတာ့ သည္းခံေပးပါဦးေနာ္ 😁🙆
~~~~~~~~~~~~~~~~~~~~~~