Forget-Me-Nots { Completed }

Par popophoenix207

313K 16.7K 2.4K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... Plus

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

33. Chapter closed

4K 291 52
Par popophoenix207

( Unicode)

ခန်းစီးလိုက်ကာကြားက တိုးဝင်လာသည့် နေရောင်ခြည်က နွေးသော်လည်း အခန်းတွင်းလေထုကတော့ အေးစက်မှုအပြည့် ။ တွေ့လိုက်ရသည့် စာရွက်စာတမ်းတွေကို ဘေးမှာချပြီး ကုတင်ပေါ်မှာ မလှုပ်မယှက် ထိုင်ရင်း ဘုဏ်းဇေ စိတ်ထဲမှာ ဝမ်းနည်းခံပြင်းမှုတို့ဖြင့် ပြည့်သိပ်လာ၏။ သူစပြီး စစ်မှုထမ်းရမည့်ရက်နှင့် တစ်ရက်တည်းဖြစ်သည့် လေယာဉ်လက်မှတ်က သူ့ကို လှောင်ပြောင်နေသလိုလည်း ခံစားရသည်။

သည်ကိစ္စကြီးတစ်ခုလုံးကို ကြိုတင်တိုင်ပင်ခြင်း ၊ အသိပေးခြင်း မရှိရလောက်အောင်အထိ ရှင်းသန့်အတွက် သူက အရေးမပါဘူးလား ။

ရှင်းသန့်ကတော့ ရေချိုးခန်းထဲက ထွက်လာပြီး ဘုဏ်းဇေကို တစ်ချက်ကြည့်ကာ ဘာတစ်ခွန်းမှမပြောဘဲ သူ့ကိုယ်သူ ရေစင်အောင်သုတ်ပြီး အဝတ်အစားလဲဖို့ပဲ အာရုံထားနေသည်မှာ အေးအေးသက်သာပင် ။ သည်ပုံစံကို သူ လုံးဝ မနှစ်မြို့ပါ ။ သည်ပုံစံက သူ တစ်ချိန်လုံး သိလာခဲ့ရသည့် ရှင်းသန့်တည်နှင့် မတူဘဲ ဘယ်သူတွေ ဘာဖြစ်နေနေ သွေးအေးအေးနှင့် လုပ်စရာရှိတာကိုပဲ လုပ်နေသည့် တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသည့် လူတစ်ယောက်နှင့် တူနေသည်။

" ဘာသဘောလဲ ရှင်းသန့်တည် ....မင်းမှာ ဘာမှပြောစရာမရှိဘူးလား "

" မင်း အခု တွေ့ပြီးပြီပဲမလား "

သူ့ကိုတည်တည့်မတ်မတ်ကြည့်ပြီး ပြောလာသည့် မျက်နှာက သိပ်ကိုတည်ငြိမ်လွန်း၏။ စိတ်လှုပ်ရှားခြင်းမရှိ ၊ အသိမပေးဘဲထားခဲ့သည့်အတွက် သူ့အပေါ်မှာ အားနာခြင်း ၊ စိတ်မကောင်းဖြစ်ခြင်းတို့လည်း အနည်းငယ်မျှရှိပုံမပေါ် ။ မျက်ဝန်းများက ဘာခံစားချက်မျှမပါသည့်အတိုင်း ဗလာသက်သက်နိုင်လွန်းသည် ။

" တွေ့ပြီးလို့ မေးနေတာလေ ၊ ဒါက ဘာသဘောလဲလို့ ၊ ဘာလို့ မောင့်ကို ဒီအကြောင်း မပြောခဲ့ရတာလဲ "

" ငါ့ကိစ္စတွေအားလုံး မင်းကို အကုန်ပြောပြနေရမှာလား ၊ ငါ့မှာလဲ ငါ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ငါ ရှိသေးတယ်လေ "

မျက်နှာသေဖြင့် အေးတိအေးစက် ခွန်းတုံ့ပြန်မှုနောက်မှာ ဘုဏ်းဇေ ကြောင်အစွာ ထရပ်မိသည်။ သည်အခြေအနေကို နားလည်ဖို့လည်း မနည်းလိုက်ပြီး ကြိုးစားနေရ၏။

" စကားကို ဘယ်လိုတွေ ပြောနေတာလဲ ရှင်း "

အနားကိုသွားပြီး ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်မိသည့်အခါ သူ့လက်တွေဖယ်ချခြင်း ခံလိုက်ရသည် ။ နောက်ပြီး ရှင်းသန့်က သူ့ကိုမကြည့်ဘဲ မျက်နှာလွှဲထား၏။ သည်အပြုအမူက သူ့နှလုံးသားကို အားပြင်းပြင်း ရိုက်ပုတ်လိုက်သလိုပင် ။

" ဘာဖြစ်နေတာလဲ ရှင်း ၊ တကယ်ဆို မောင်က မင်းကို စိတ်ဆိုးရမှာနော် "

" အင်း ... စိတ်ဆိုးလိုက် ၊ ပြီးရင် ငါ့ကို စိတ်နာပြီး မေ့လိုက် "

" ရှင်း "

ဘေးလွှဲထားသည့်မျက်နှာကို လက်နှစ်ဖက်ဖြင့် ထိန်းညှပ်ပြီး မျက်လုံးချင်း မရမက ဆုံစေလိုက်သည် ။ စိတ်ဆိုးရမည့်အစား စိတ်ပူလာ၏ ။ ရှေ့မှာရှိနေသူက မနေ့ညက သူ့လက်ကိုတစ်ညလုံး ဆုပ်ကိုင်ထားသူနှင့် မတူတော့သလို သူ့ရင်ခွင်ထဲ တိုးဝင်ကပ်တွယ်ထားသလိုလည်း မနူးညံ့တော့ပေ ။

" ဘာလို့ ဒီလိုစကားတွေ ပြောနေရတာလဲ ရှင်း ၊ မောင်က တကယ် စိတ်မဆိုးပါဘူး ၊ စိတ်မကောင်းဖြစ်ရုံလေးပါ ၊ မင်း အင်္ဂလန်သွားမဲ့ ကိစ္စကိုလဲ မောင်တားမယ်ထင်လို့လား ၊ မောင် ဘယ်တုန်းက မင်းဆန္ဒတွေကို ပိတ်ပင်တားဆီးဖူးလို့လဲဟင် ၊ ဒါပေမဲ့ မောင့်ကိုတော့ မင်း ကြိုပြောသင့်တယ်လို့ မထင်ဘူးလား ရှင်း ၊ မောင်က မင်းအတွက် သူစိမ်းလား "

ရှင်းသန့်က နှုတ်ဆိတ်နေသည်။ နောက်တစ်ကြိမ် သူ့လက်တွေကို ဆွဲချ၏ ။ ပြီးတော့ သူ့မျက်နှာကို စေ့စေ့ကြည့်ကာ

" မင်း သေချာလား ငါ့ဆန္ဒကို မတားဆီးမှာ "

" ဒါပေါ့ ...မင်းဖြစ်ချင်တာမှန်သမျှ မောင် အကုန်လိုက်လျောပေးမှာပါ ၊ မောင့်စိတ်ကို မင်းမသိဘူးလား "

" ငါတို့တွေ ဒီမှာပဲ ရပ်ရအောင် ဘုဏ်းဇေ ၊ အခုကစပြီးကိုယ့်လမ်းကိုယ်လျှောက်ကြရအောင် ၊ ငါမင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးပြီ "

သွားကြားထဲကနေ ထွက်လာသည့် ရေခဲရိုက်ထားသလို လေသံက ဘုဏ်းဇေရင်ဘတ်ကို ချွန်ထက်သည့်အရာ တစ်ခုခုဖြင့် ဆွဲဖြဲလိုက်သလိုပင် ။ အသွေးအသားတွေ စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ အမြင်အာရုံတွေ ပြာဝေသွား၏ ။ ပတ်ဝန်းကျင်တစ်ခုလုံး အိုးထိန်းစက်ပမာ ချာချာလည်သွားသည်။

" အဲလို မနောက်နဲ့ ရှင်း ၊ မောင် မကြိုက်ဘူး "

" ငါ့ပုံစံက နောက်နေတဲ့ပုံနဲ့ တူလို့လား "

မတူမှန်းသိသည်။ သိပေမဲ့ နောက်နေတာပဲ ဖြစ်စေချင်၏ ။

" ငါ နောက်နေတာ မဟုတ်ဘူး ဘုဏ်းဇေ ၊ ငါ အတည်ပြောနေတာ "

" မပြောနဲ့ ၊ အဲဒီစကားတွေ ပြောမဲ့အစား မောင့်ကိုပဲ ဓါးနဲ့ထိုးလိုက်ပါလား "

ရှင်းသန့်ရဲ့ပုခုံးကို လှုပ်ခါပြီး အော်ဟစ်မိချိန် သူ့အသံက တုန်ယင်အက်ကွဲနေ၏။ ရင်ဝမှာ တစ်ဆို့လာသည့် ခံစားချက် အစုစုတွေထဲမှာ ချစ်ရသူကို ဆုံးရှုံးရမှာကြောက်သည့် စိုးရွံမှုတွေက အများဆုံး။ မှိုင်းညှို့လာသည့် မျက်ဝန်းမှာ မျက်ရည်မိုးတို့ ချက်ချင်း ပြိုဆင်းလာ၏ ။ ရှင်းသန့်ကို ကျစ်နေအောင် ဆွဲဖက်ထားလိုက်သည်။ လွှတ်လိုက်လျှင် သူ့ဆီကနေ လွတ်ထွက်သွားမှာ ။

" အဲလိုစကားတွေ မပြောပါနဲ့နော် ၊ မောင်တို့က ဘယ်တော့မှ လမ်းမခွဲဘူးလေ ၊ မင်း ကျောင်းသွားတက်မှာကိုလဲ မောင် ကြည်ဖြူတယ် ၊ ပြီးတော့ အဲဒါက ဘယ်လောက်ကြာမှာမို့လဲ ၊ သုံးနှစ်လောက်ပဲမလား ၊ မောင် စစ်မှုထမ်းပြီးတဲ့ အချိန်နဲ့ ကွက်တိလောက်ပဲ ၊ ဒီကြားထဲလဲ မောင် အားလပ်ရက်ရတာနဲ့ မင်းဆီ လိုက်လာခဲ့မယ် ၊ နော် ... ရှင်း "

ပြောလည်းပြောရင်း နားသယ်စပ်လေးကိုလည်း တဖွဖွ နမ်းရှိုက်မိတာ ဘယ်နှစ်ကြိမ်လဲမသိ။ သူ့မျက်ရည်တွေတောင် ရှင်းသန့်ရဲ့ ပါးပြင်မှာ စွန်းထင်းကုန်သည်။

" ရှင်း ...မင်းက ဆိုးလိုက်တာ ၊ တကယ်ဆို မောင်က စိတ်ဆိုးလို့ မင်းက ချော့ရမှာကို ၊ မချော့တဲ့အပြင် မောင့်ကို ငိုအောင် ထပ်လုပ်သေးတယ် ၊ အဟင်း... ရပါတယ် ၊ မောင်က ချစ်တော့လဲ အပြစ်မမြင်ရက်ပါဘူးကွာ "

တတွတ်တွတ် ချော့မော့ပြောနေသည့် စကားတွေကို အံကြိတ်ပြီး နားထောင်နေရတာ ရှင်းသန့်အတွက်လည်း မလွယ်ပါ ။ သူ့နှလုံးသားသူ အစိတ်စိတ် အမွှာမွှာ ထုချေနေရသလို ခံစားချက်မျိုး။ ရှိုက်သံတွေ အပြင်ထွက်ကျမလာအောင် နှုတ်ခမ်းတွေကိုက်ပြီး ထိန်းချုပ်ထားရတာလည်း ပြတ်ထွက်လုနီးနီးပင် ။ သူ မျက်ရည်ကျလို့ မဖြစ်ဘူး ။ ဘုဏ်းဇေရဲ့ အနာဂတ်အတွက် သူ ပျော့ညံ့သွားလို့ မဖြစ်ပါဘူး ။

ရှိသမျှအားနှင့် ဖက်ထားသူကို ဆောင့်တွန်းပစ်မိသည်။ ရုတ်တရက်မို့ နောက်ကိုယိုင်ထွက်သွားပြီး သူ့ကိုကြည့်လာသည့် မျက်ဝန်းများက မယုံနိုင်ခြင်းများစွာဖြင့် ။

" ငါ ဆုံးဖြတ်ပြီးပြီမို့ မင်းဆွဲထားလဲ အပိုပဲ ဘုဏ်းဇေ "

" ရှင်းသန့်တည် "

" ငါတို့က အဆုံးထိ လက်တွဲမသွားနိုင်ဘူး ၊ ဒီမှာပဲ ရပ်လိုက်သင့်ပြီ "

" ဟင့်အင်း ... မရပ်ဘူး ၊ အဆုံးထိ လက်တွဲသွားမှာ ၊ မောင်တို့က အဆုံးထိ အတူတူလက်တွဲသွားမှာ ရှင်း ၊ ဘာလို့ အခုလို စကားပြောရတာလဲ မောင့်ကို ပြော ၊ မင်းကို ဘယ်သူက ဘာပြောလိုက်လို့လဲ ၊ ရုတ်တရက်ကြီး လမ်းခွဲစကားပြောရအောင် ဘာပြဿနာရှိလို့လဲ မောင့်ကိုပြောနော် ၊ မောင် ဖြေရှင်းပေးပါ့မယ် "

ရှင်းသန့် ဘယ်လောက်ရုန်းရုန်း ဘုဏ်းဇေက အတင်းဆွဲဖက်ထားသည် ။ လောကကြီးမှာ အခက်ခဲဆုံး အရာကို ပြပါဆိုလျှင် ချစ်ရသူကို ဘဝထဲက တွန်းထုတ်ရခြင်းပဲ ဖြစ်လိမ့်မည်။

" တောင်းပန်ပါတယ် "

" ဘာကိုတောင်းပန်ပါတယ်လဲ ၊ တောင်းပန်စကားအစား ခုနက မင်းစကားကိုပဲ ရုတ်သိမ်းပါတယ်လို့ ပြောရမှာလေ ၊ မောင်တို့က လမ်းမခွဲပါဘူးဆို "

" ငါ့ဘက်က ဆုံးဖြတ်ပြီးပြီ ဘုဏ်းဇေ "

" မောင် လက်မခံဘူးလို့ ပြောပြီးပြီလေ ရှင်း ၊ အဲလိုမလုပ်ပါနဲ့ ၊ မောင် တောင်းပန်ပါတယ် ၊ မောင့်ကို အဲလို မထားခဲ့ပါနဲ့ ၊ မင်း မရှိဘဲ မောင် ဘယ်လိုနေရမှာလဲ စဉ်းစားကြည့်ပါဦး "

ဘာအမှားမှ မရှိသူက တစ်ပြန်တောင်းပန်နေ၏ ။ ငရဲတမျှပါပဲ ။ ဘုဏ်းဇေရဲ့ပါးပြင်မှာ မျက်ရည်တွေ စိုလူးနေတာကို သည်အတိုင်း ကြည့်နေရသည့်အချိန်တွေက ရှင်းသန့်အတွက်တော့ ငရဲကျနေသလိုပါပဲ ။ သို့သော်လည်း သူသည်းခံရမည်။ သည်ပူလောင်မှုတွေ ချုပ်ငြိမ်းသွားသည့်အခါ သူချစ်သည့် မင်းသားလေး၏ ခေါင်းပေါ်က ဆက်ခံသူသရဖူဟာ ဘယ်ကိုမှ မတိမ်းစောင်းဘဲ တစ်သက်လုံး တည်မြဲနေတော့မှာ မဟုတ်လား ။

" ငယ်ငယ်က မှတ်မိအောင် သင်ယူရပြီး ကြီးလာတဲ့အခါ မေ့တတ်အောင် သင်ယူရတယ်တဲ့ ဘုဏ်းဇေ "

" မင်းကို မေ့ခိုင်းနေတာလား ရှင်း ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ မောင်တို့ပတ်သက်မှုက အဲလိုလွယ်လွယ်မေ့လို့ရမဲ့ အရာမျိုးလား ၊ မင်းရော မေ့နိုင်မှာလား ပြော "

" ဘဝဆိုတာ လွယ်ကူတဲ့အရာတွေချည်းပဲ ကြုံတွေ့ဖြတ်သန်းရတာမှ မဟုတ်ဝာာ ၊ တစ်ခါတလေလဲ ခက်ခဲပင်ပန်းတဲ့ အရာတွေကို ရင်ဆိုင်ကျော်ဖြတ်ကြရတာပဲ ၊ အချိန်တွေက စကားပြောသွားမှာပါ "

ဘုဏ်းဇေက ခေါင်းကို တွင်တွင် ခါရမ်းသည်။ ငိုရလွန်းလို့ မျက်နှာတစ်ခုလုံးလည်း နီရဲနေရှာ၏ ။ သူတန်ဖိုးထားရသည့် အပြုံးလေးက သူ့ကြောင့်ပဲ ကွယ်ပျောက်သွားခဲ့ပြီ ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ထိုအပြုံးလေး ပြန်ပေါ်လာဖို့ ဆုတောင်းရဦးမည်။

" မောင့်ကို အကြောင်းပြချက်ပေး ၊ မင်း မောင့်ကို မချစ်တော့ဘူးလို့တော့ မပြောနဲ့နော် ၊ မောင် မယုံဘူး "

" အွန်း ...ငါ့ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်ရုံပါပဲ ၊ လူမြင်ကွင်းမှာ ချစ်သူနဲ့ လက်တွဲသွားရဖို့အရေး ရုပ်ဖျက်နေရတဲ့ဘဝကို မလိုချင်တော့ဘူး "

" ဒါလေးနဲ့များ ရှင်းရယ် ၊ ဒီလောက်လေးနဲ့ မင်း မောင့်ကို ထားသွားဖို့ တွေးရက်တယ် ဟုတ်လား "

သည်အမေးကို ရှင်းသန့်မဖြေနိုင်ပါ ။ ဖြေစရာလည်း မလိုဘူးဟုသာ သဘောထားသည်။ သည်လောက်ကိစ္စလေးနှင့် သူတို့ပတ်သက်မှုကို လဲရက်သည်ဟု ဘုဏ်းဇေ ထင်ချင်ထင်ပါစေလေ ။

" မောင် အခုချက်ချင်း ခမည်းတော်ကို သွားပြောမယ် ၊ မောင်တို့က ချစ်သူတွေဆိုတဲ့အကြောင်း တစ်နိုင်ငံလုံးသိအောင်လဲ ကြေငြာမယ် ၊ ဒါဆို ရပြီမလား ရှင်း ၊ မောင်တို့ လမ်းခွဲဖို့ မလိုဘူးမလား "

" မဟုတ်ဘူး ၊ ငါဖြစ်ချင်တာ အဲလိုမျိုး မဟုတ်ဘူး ဘုဏ်းဇေ ၊ ငါတို့အကြောင်းကို တမင်ဖုံးကွယ်နေစရာလဲ မလိုသလို လူတွေသိအောင်လဲ တမင်ထုတ်ပြနေစရာ မလိုတဲ့ သာမန်ဘဝတစ်ခုမှာပဲ ငါနေသွားချင်တာ ၊ မင်းနဲ့ဆို အဲလိုဘဝမျိုး ဘယ်တော့မှရမှာ မဟုတ်ဘူးလေ "

သူ့ကိုကြည့်နေသည့် ဘုဏ်းဇေ၏မျက်ဝန်းတွေက ကြေကြေကွဲကွဲ။ ရှင်းသန့်လည်း သည်စကားတွေကို တည်တည်ငြိမ်ငြိမ် ပြောထွက်ဖို့ တစ်လလုံးလုံး လေ့ကျင့်ခဲ့ရသည် ။ လေ့ကျင့်ရင်း အရူးတစ်ယောက်လို ငိုခဲ့ရသည့်အချိန်တွေကိုတော့ သူ့ကိုယ်စောင့်နတ်ပဲ သိလိမ့်မည် ။

" မင်းပြောတော့ မောင်လိုအပ်တဲ့အချိန်တိုင်း မောင့်ဘေးမှာ ရှိနေပေးမှာဆို ရှင်း ၊ မောင် မင်းကို လိုအပ်သေးတယ်လေ ၊ အခုရော နောင်ရော လိုအပ်နေမှာ ၊ မင်း စကားကို မင်း မတည်တော့ဘူးလား "

တည်ချင်တာပေါ့ ။ နေချင်တာပေါ့ ။ စောင်းတီးနေတဲ့ မင်းသားလေး ၊ ဂီတာတီးပြီးသီချင်းဆိုနေတဲ့ ကြယ်ဝင်စားလေး ၊ ဂူလီသီးကို လက်ကမြှောက်ပြီး ဝံ့ဝံ့ကြွားကြွား အောင်ပွဲခံနေတဲ့ ချန်ပီယံလေး ၊ တွေးမိရုံနဲ့ ပြုံးရပြီး အတူရှိရချိန်တိုင်း ပျော်ရွှင်နွေးထွေးရသည့် Neverland လေး ။ သည်လိုမျိုး သူ့အတွက် အဖိုးတန်လွန်းသည့် မြတ်နိုးရသူဘေးမှာ မလိုအပ်တောင် သူက နေပေးချင်တဲ့သူပါ ။ ဒါပေမဲ့ သူတို့ကြားမှာ သူမကျော်ဖြတ်နိုင်သည့် ကံကြမ္မာစည်းက ခြားထားပြီးသား မဟုတ်လား ။

" ငါတို့အတူတူ Supernatural ကြည့်ခဲ့ဖူးတာ မှတ်မိလား ဘုဏ်းဇေ ၊ အဲဒီထဲမှာ ကိစ္စတစ်ခုပြီးသွားတိုင်း ဘာလုပ်ကြမလဲလို့ Samက မေးတဲ့အခါ Deanက ပြန်ပြောတယ်လေ ၊ ကမ်းခြေသွားကြမယ် ၊ ဟာဝေယံရှပ်ဝတ်မယ် ၊ ခြေထောက်တွေကို သဲထဲမှာ မြုပ်ထားမယ်တဲ့ ၊ ဒါပေမဲ့ သူတို့ တစ်ခါမှ ကမ်းခြေကို မသွားဖြစ်ကြဘူး ၊ လက်တွေ့ ဖြစ်မလာတဲ့ စိတ်ကူးသက်သက် စကားလုံးတွေ အများကြီး ရှိကြတာပဲမလား "

" အဲလိုတွေ ရောမချနဲ့ ရှင်း ၊ မင်းနဲ့ပတ်သက်ပြီး မောင်တွေးထားသမျှအားလုံးက စိတ်ကူးသက်သက်ပဲ မဟုတ်ဘူး ၊ ပြီးတော့ မောင်တို့ လက်ထပ်ကြမယ်လို့ ကတိပေးထားတယ်လေ "

ရှင်းသန့် လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူသိသည်။ အခု သူပြောမည့်စကားက ဘုဏ်းဇေ အများကြီးနာကျင်ရလိမ့်မည် ။ ဒါပေမဲ့ သူ့မှာလည်း ရွေးချယ်စရာ မရှိတော့ပါ ။

" ငါ မင်းကို လက်ထပ်ပါ့မယ်လို့ တစ်ခါမှ ကတိမပေးခဲ့ဖူးဘူး ဘုဏ်းဇေ ၊ မင်းဘက်ကပဲ တစ်ဖက်သတ် ပြောခဲ့တာတွေပါ "

မိုးကြိုးသွားလို ပြင်းထန်လွန်းသည့် စကားတစ်ခွန်း ။ ဘုဏ်းဇေ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ တောင့်မခံနိုင်တော့သည့် ခြေအစုံက ကြမ်းပေါ်မှာ ဒူးထောက်လျက်သား ။ သူ ထမ်းပိုးထားခဲ့သည့် အိပ်မက်တွေကတော့ ရေခဲမှန်ပြင်တစ်ချပ်ကို ရိုက်ခွဲလိုက်သလို ကွဲအက်ကြေမွသွားပြီ ။ တစ်စစီဖြစ်သွားသည့် စိတ်ကူးအပိုင်းအစတို့သည် တဖြည်းဖြည်းနှင့် သေးငယ်ပြီး အရည်ပျော်ပျောက်ကွယ်သွားတော့မည့်ပုံပင်။

ရှင်းသန့်က ပါးစပ်ကနေ ကတိမပေးခဲ့ဖူးပေမဲ့ နှလုံးသားကတော့ လက်ခံခဲ့သည်ဟု ထင်မှတ်ထားခဲ့သည်။ အခုတော့ အရာအားလုံးက သူ့ဘက်ကပဲ တစ်ဖက်သတ် စိတ်ကူးနဲ့ ရူးခဲ့တာတွေချည်းပဲတဲ့ ။

အမှန်တရားက ဘုဏ်းဇေအတွက် လက်ခံဖို့ ခဲယဉ်းလွန်းသည် ။ သူ လက်မခံချင်ပါ ။ သည်အခြေအနေကြီးကို အိပ်မက်ဆိုးကြီးတစ်ခုသာ ဖြစ်စေချင်သည်။ နောက်ပြီး သည်အိပ်မက်ဆိုးကနေ သူမြန်မြန်နိုးထချင်နေပြီ ။

" မငိုပါနဲ့တော့ ၊ ငါတို့တွေက လိုချင်တာမရတိုင်း ငိုရမဲ့ အသက်အရွယ်တွေမှ မဟုတ်တော့တာ "

သူ့ရှေ့မှာ မတ်မတ်ရပ်နေပြီး တည်ငြိမ်စွာပြောနေသူက သူခေါ်သည့် လူကြီးပေါက်စ မဟုတ်တော့ဘဲ သူ့ကို စွန့်ပစ်ဖို့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းမည့်ပုံ မရှိသည့် လူကြီးတစ်ယောက် ဖြစ်နေပြီ ။

မျက်ရည်တွေနှင့် မော့ကြည့်မိသည်။ အခု ရှင်းသန့်ကို မြင်ရတာ ရင်ဘတ်ထဲက အရမ်းနာသည်။ လုပ်ရက်သည်ဟုလည်း စွပ်စွဲချင်သည်။ သူ့လက်ကို ဖြုတ်ချထားခဲ့ဖို့ အလုံးစုံ စီစဉ်ပြီးမှ တစ်ညလုံး သူနှင့် အချိန်ဖြုန်းခဲ့တာ နောက်ဆုံးအနေနဲ့ နှစ်သိမ့်ပေးချင်တဲ့သဘောမျိုး ထင်ပါရဲ့ ။ တစ်ချိန်လုံး သူ့ဘေးမှာ ပြုံးရယ်နေခဲ့တဲ့ ခံစားချက်တွေကရော ဟန်ဆောင်နေခဲ့တာတွေများလား ။

' မင်း သိပ်ကို တော်လွန်းပါတယ် ရှင်းသန့်တည် '

နှစ်ယောက်ကြား တိတ်ဆိတ်မှုက တစ်နာရီခန့် ကြာမြင့်သွားသည် ။ ဘုဏ်းဇေ ကြမ်းပြင်ပေါ်မှာ ခေါင်းငိုက်စိုက်ချပြီး ထိုင်နေရာမှ ထရပ်ပြီး လေးရန်နိုင်တစ်ယောက်တည်း သူ့ကို လာခေါ်ပေးဖို့ ဖုန်းဆက်လိုက်သည် ။ ရှင်းသန့်ကတော့ ခုနကအတိုင်း တုံဏှိဘာဝေ ရပ်နေဆဲပင် ။

" ကြည့်ရတာ မင်းဆုံးဖြတ်ချက်ကို ပြန်မပြောင်းတော့မဲ့ပုံပဲ "

" အင်း ... ငါ့ရွေးချယ်မှုအတွက် ငါနောင်တ ရမှာမဟုတ်ဘူး "

" ကောင်းပါပြီ "

ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြုံးလိုက်သည့် ဘုဏ်းဇေရဲ့အပြုံးက ခပ်ထေ့ထေ့ ။ ထိုအပြုံးကိုကြည့်ပြီး ရှင်းသန့် သဘောပေါက်လိုက်သည်။ သူတို့ ခွဲကြရဖို့ နောက်ဆုံးအချိန်ရောက်ပြီဆိုတာ ။

" ငါ့ဘဝမှာ အများဆုံး ပြောခဲ့တဲ့ စကားသုံးခွန်းရှိတယ် ရှင်းသန့်တည် "

'ငါ'တဲ့လား ။ စွဲမက်ရသည့် ချယ်ရီရောင်နှုတ်ခမ်းတွေဆီက ကြားနေကြ နာမ်စားလေး ပြောင်းသွားခဲ့ပြီ ။ မောင်ဆိုပြီး တတွတ်တွတ် ပြောတတ်သံလေး ရှင်းသန့် ကြားခွင့်မရှိတော့ပါ ။

" အဲဒီစကားသုံးခွန်းကလေ ငါမင်းကို ချစ်တယ်ဆိုတာရယ် ၊ ငါ့ကို ထားမသွားဖို့ရယ် ၊ ငါ့ကို ယုံပေးဖို့ရယ်ပဲ ၊ အခု ငါသိလိုက်ပြီ ၊ အဲဒါတွေက မင်းဆီမှာ ဘာမှ အရေးမပါ အရာမရောက်ခဲ့ဘူးဆိုတာကိုပေါ့ "

ပြောလိုက်စမ်းပါ ။ သည့်ထက်ပိုပြီး ပြင်းထန်တဲ့ စကားတွေကိုလည်း ရှင်းသန့် ခံယူဖို့ အဆင်သင့်ပြင်ထားပြီးသား ။

" မင်းဆန္ဒကို ငါလိုက်လျောပေးလိုက်ပါတယ် ၊ မဟုတ်လဲ မင်းက ဆုံးဖြတ်ပြီးသားပဲမလား ၊ ဒါပေမဲ့ မင်းမှတ်ထား  ၊ မင်းသဘောနဲ့မင်း ငါ့ဆီက ထွက်သွားခဲ့တာ ၊ မင်းက ငါ့ကို စွန့်ပစ်သွားခဲ့တာနော် "

ခေါင်းငုံ့ပြီးပဲ ဘုဏ်းဇေ ပြောသမျှ နားထောင်နေတော့မည်။ သူ့ဘက်က ဘာမျှပြန်ပြောဖို့ မရှိ ။ ဘုဏ်းဇေ စိတ်ကျေနပ်တဲ့အထိ သူ့ကို ပြောသွားပါစေ ။

" ငါ မင်းကို မုန်းမယ် မေ့မယ်လို့တော့ မထင်နဲ့ ရှင်းသန့်တည် ၊ ငါ့ဘဝမှာ ဘယ်တော့မှ မလုပ်နိုင်တဲ့ အရာက မင်းကို မေ့ပစ်ဖို့ပဲ ၊ ငါ မင်းကို တစ်သက်လုံး သတိရနေမှာ "

" -------"

" သေလူတစ်ယောက်လိုပေါ့ "

ရက်ရက်စက်စက် ပြောသွားဖို့ မျှော်လင့်ထားပြီးသားဆိုသော်လည်း သည်စကားတစ်ခွန်းတည်းနှင့် ရှင်းသန့် တုန်လှုပ်သွားရသည်။ ဘုဏ်းဇေကို အလန့်တကြား ကြည့်မိတော့ သူ့ကို သေချာပြန်ကြည့်နေသည့် မျက်ဝန်းနက်တွေထဲမှာ နာကျင်မှုတွေ ၊ နောက်ပြီး နာကြည်းမှုတွေ ။

" မင်းကို ငါ့ဘဝထဲက သေလူတစ်ယောက်လို သတိရနေမှာ ရှင်းသန့်တည် ၊ သေလူဆိုတာ ဘယ်လိုလဲသိအောင် တစ်ခါတည်းပြောလိုက်မယ် ၊ ငါသတိရတဲ့အခါ မင်းနဲ့ပတ်သက်ခဲ့တဲ့ အရင်ကပုံရိပ်တွေကိုပဲ ထုတ်ကြည့်မယ် ၊ ဒါပေမဲ့ မင်းနဲ့တော့ ဘယ်တော့မှ ထပ်မဆုံတော့ဘူး ၊ မင်းရော မင်းအကြောင်းတွေရော နောက်ထပ် ဘာတစ်ခုမှ ငါ့ဆီထပ်ရောက်မလာစေနဲ့ ၊ အခုကစပြီး ငါ့ဘဝထဲကနေ အပြီးပျောက်ကွယ်သွား "

ရှင်းသန့် ခြေချောင်းတွေကို ကြမ်းပြင်ပေါ်မှာ အားနှင့် ကုပ်တွယ်ထားရသည်။ မဟုတ်ရင် သူ ပြိုလဲကျတော့မှာ ။

" မင်းလျှောက်ချင်တဲ့ ငါမပါတဲ့လမ်းမှာ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ၊ ငါ့အတွက်လဲ စိတ်မပူပါနဲ့ ၊ မင်းမရှိရင် မဖြစ်ဘူးလို့ ထင်ထားပေမဲ့ ဖြစ်အောင် ငါနေမှာပါ ၊ ငါတို့ရေစက်က ဒီလောက်ထိပဲ ပါလာတယ်လို့ သတ်မှတ်ရမှာပေါ့ ၊ ငါ မင်းကို နှုတ်ဆက်လိုက်ပါတယ် "

နှုတ်ဆက်စကားနှင့်အတူ ကျောခိုင်းသွားခဲ့ပြီ ။ သူ့ဘဝရဲ့ ပထမဆုံးချစ်ရသူက သူတို့နှစ်ယောက်ရဲ့ ပထမဆုံး အနမ်း ၊ ပထမဆုံး ချစ်သူဘဝ အမှတ်တရတွေ စတင်ခဲ့တဲ့နေရာကနေ ထွက်သွားခဲ့ပြီ ။

တစ်လှမ်း ....နှစ်လှမ်း ....သုံးလှမ်း

လေးလှမ်းမြောက်မှာလည်း ပြန်လှည့်မလာတော့ပါ ။

တစ်ချိန်လုံး တင်းခံခဲ့ရသည့် မျက်ရည်စက်တို့က သူ့ထက်ငါ အလုအယက် ကျဆင်းလာကြသည်။ ဖိကိုက်ထားသော နှုတ်ခမ်းဆီမှ သွေးအရသာက လျှာဖျားပေါ်မှာ စိမ့်တက်လာ၏ ။ ဒါပေမဲ့ ရှင်းသန့် ကျေနပ်ရပါသည် ။ အခုဆို ဘုဏ်းမင်းဆက်ရဲ့ သတ္တမမြောက်မင်းသားလေးဟာ ရာဇပလ္လင်နှင့် လွဲချော်စရာအကြောင်း မရှိတော့ဘူး မဟုတ်လား ။

ထားခဲ့တာက ငါရယ်ပါ
မင်းက မနာကျင်ပါနဲ့
ငါက ဝမ်းနည်းစရာတွေနဲ့
တစ်လျှောက်လုံး ရောထွေးစီးဆင်းနေလာတဲ့သူပဲ
ဒီဒဏ်ရာတွေအတိုင်းဆက်ပြီး
အိုမင်းင့်ရော်သွားလို့လဲ ဖြစ်တယ်
မင်းကတော့ ကမ္ဘာမြေအတွက်
ဆက်ပြီးစိမ်းလန်းပေးဦးမဲ့ ရှုမျှော်ခင်းပဲ
မင်းဆီ တိမ်လိုလေလို
ခဏဝင်ရောက်သွားတယ်လို့ သဘောထားပြီး
ငါ့ကို မေ့ပျောက်လိုက်ရုံပဲ
မင်းလက်ထဲမှာ မနေချင်လို့
ထွက်ပြေးသွားတဲ့ ဂျယ်လီငါးလေးလို့ပဲ
ငါ့ကို သတ်မှတ်လိုက်ရုံပဲ
ကမ္ဘာတစ်ခြမ်းလင်းဖို့
တစ်ခြမ်းကမှောင်ပေးတဲ့ နိယာမတွေဆိုတာ
တကယ်ရှိတယ်အချစ်
ကျေးဇူးပြုပျော်ပါ

#PoPoPhoenix

{ A/N - ကဲ ကွဲသွားကြပြီ 😞
23 ရက်နေ့မှာ ပြန်တွေ့ပါမယ်နော် }

*
*
*
*
*

( Zawgyi )

ခန္းစီးလိုက္ကာၾကားက တိုးဝင္လာသည့္ ေနေရာင္ျခည္က ေႏြးေသာ္လည္း အခန္းတြင္းေလထုကေတာ့ ေအးစက္မႈအျပည့္ ။ ေတြ႕လိုက္ရသည့္ စာ႐ြက္စာတမ္းေတြကို ေဘးမွာခ်ၿပီး ကုတင္ေပၚမွာ မလႈပ္မယွက္ ထိုင္ရင္း ဘုဏ္းေဇ စိတ္ထဲမွာ ဝမ္းနည္းခံျပင္းမႈတို႔ျဖင့္ ျပည့္သိပ္လာ၏။ သူစၿပီး စစ္မႈထမ္းရမည့္ရက္ႏွင့္ တစ္ရက္တည္းျဖစ္သည့္ ေလယာဥ္လက္မွတ္က သူ႔ကို ေလွာင္ေျပာင္ေနသလိုလည္း ခံစားရသည္။

သည္ကိစၥႀကီးတစ္ခုလုံးကို ႀကိဳတင္တိုင္ပင္ျခင္း ၊ အသိေပးျခင္း မရွိရေလာက္ေအာင္အထိ ရွင္းသန႔္အတြက္ သူက အေရးမပါဘူးလား ။

ရွင္းသန္႔ကေတာ့ ေရခ်ိဳးခန္းထဲက ထြက္လာၿပီး ဘုဏ္းေဇကို တစ္ခ်က္ၾကည့္ကာ ဘာတစ္ခြန္းမွမေျပာဘဲ သူ႔ကိုယ္သူ ေရစင္ေအာင္သုတ္ၿပီး အဝတ္အစားလဲဖို႔ပဲ အာ႐ုံထားေနသည္မွာ ေအးေအးသက္သာပင္ ။ သည္ပုံစံကို သူ လုံးဝ မႏွစ္ၿမိဳ႕ပါ ။ သည္ပုံစံက သူ တစ္ခ်ိန္လုံး သိလာခဲ့ရသည့္ ရွင္းသန႔္တည္ႏွင့္ မတူဘဲ ဘယ္သူေတြ ဘာျဖစ္ေနေန ေသြးေအးေအးႏွင့္ လုပ္စရာရွိတာကိုပဲ လုပ္ေနသည့္ တစ္ကိုယ္ေကာင္းဆန္ၿပီး အတၱႀကီးသည့္ လူတစ္ေယာက္ႏွင့္ တူေနသည္။

" ဘာသေဘာလဲ ရွင္းသန႔္တည္ ....မင္းမွာ ဘာမွေျပာစရာမရွိဘူးလား "

" မင္း အခု ေတြ႕ၿပီးၿပီပဲမလား "

သူ႔ကိုတည္တည့္မတ္မတ္ၾကည့္ၿပီး ေျပာလာသည့္ မ်က္ႏွာက သိပ္ကိုတည္ၿငိမ္လြန္း၏။ စိတ္လႈပ္ရွားျခင္းမရွိ ၊ အသိမေပးဘဲထားခဲ့သည့္အတြက္ သူ႔အေပၚမွာ အားနာျခင္း ၊ စိတ္မေကာင္းျဖစ္ျခင္းတို႔လည္း အနည္းငယ္မွ်ရွိပုံမေပၚ ။ မ်က္ဝန္းမ်ားက ဘာခံစားခ်က္မွ်မပါသည့္အတိုင္း ဗလာသက္သက္ႏိုင္လြန္းသည္ ။

" ေတြ႕ၿပီးလို႔ ေမးေနတာေလ ၊ ဒါက ဘာသေဘာလဲလို႔ ၊ ဘာလို႔ ေမာင့္ကို ဒီအေၾကာင္း မေျပာခဲ့ရတာလဲ "

" ငါ့ကိစၥေတြအားလုံး မင္းကို အကုန္ေျပာျပေနရမွာလား ၊ ငါ့မွာလဲ ငါ့ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ငါ ရွိေသးတယ္ေလ "

မ်က္ႏွာေသျဖင့္ ေအးတိေအးစက္ ခြန္းတုံ႔ျပန္မႈေနာက္မွာ ဘုဏ္းေဇ ေၾကာင္အစြာ ထရပ္မိသည္။ သည္အေျခအေနကို နားလည္ဖို႔လည္း မနည္းလိုက္ၿပီး ႀကိဳးစားေနရ၏။

" စကားကို ဘယ္လိုေတြ ေျပာေနတာလဲ ရွင္း "

အနားကိုသြားၿပီး ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္မိသည့္အခါ သူ႔လက္ေတြဖယ္ခ်ျခင္း ခံလိုက္ရသည္ ။ ေနာက္ၿပီး ရွင္းသန႔္က သူ႔ကိုမၾကည့္ဘဲ မ်က္ႏွာလႊဲထား၏။ သည္အျပဳအမူက သူ႔ႏွလုံးသားကို အားျပင္းျပင္း ႐ိုက္ပုတ္လိုက္သလိုပင္ ။

" ဘာျဖစ္ေနတာလဲ ရွင္း ၊ တကယ္ဆို ေမာင္က မင္းကို စိတ္ဆိုးရမွာေနာ္ "

" အင္း ... စိတ္ဆိုးလိုက္ ၊ ၿပီးရင္ ငါ့ကို စိတ္နာၿပီး ေမ့လိုက္ "

" ရွင္း "

ေဘးလႊဲထားသည့္မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ထိန္းညႇပ္ၿပီး မ်က္လုံးခ်င္း မရမက ဆုံေစလိုက္သည္ ။ စိတ္ဆိုးရမည့္အစား စိတ္ပူလာ၏ ။ ေရွ႕မွာရွိေနသူက မေန႔ညက သူ႔လက္ကိုတစ္ညလုံး ဆုပ္ကိုင္ထားသူႏွင့္ မတူေတာ့သလို သူ႔ရင္ခြင္ထဲ တိုးဝင္ကပ္တြယ္ထားသလိုလည္း မႏူးညံ့ေတာ့ေပ ။

" ဘာလို႔ ဒီလိုစကားေတြ ေျပာေနရတာလဲ ရွင္း ၊ ေမာင္က တကယ္ စိတ္မဆိုးပါဘူး ၊ စိတ္မေကာင္းျဖစ္႐ုံေလးပါ ၊ မင္း အဂၤလန္သြားမဲ့ ကိစၥကိုလဲ ေမာင္တားမယ္ထင္လို႔လား ၊ ေမာင္ ဘယ္တုန္းက မင္းဆႏၵေတြကို ပိတ္ပင္တားဆီးဖူးလို႔လဲဟင္ ၊ ဒါေပမဲ့ ေမာင့္ကိုေတာ့ မင္း ႀကိဳေျပာသင့္တယ္လို႔ မထင္ဘူးလား ရွင္း ၊ ေမာင္က မင္းအတြက္ သူစိမ္းလား "

ရွင္းသန႔္က ႏႈတ္ဆိတ္ေနသည္။ ေနာက္တစ္ႀကိမ္ သူ႔လက္ေတြကို ဆြဲခ်၏ ။ ၿပီးေတာ့ သူ႔မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ

" မင္း ေသခ်ာလား ငါ့ဆႏၵကို မတားဆီးမွာ "

" ဒါေပါ့ ...မင္းျဖစ္ခ်င္တာမွန္သမွ် ေမာင္ အကုန္လိုက္ေလ်ာေပးမွာပါ ၊ ေမာင့္စိတ္ကို မင္းမသိဘူးလား "

" ငါတို႔ေတြ ဒီမွာပဲ ရပ္ရေအာင္ ဘုဏ္းေဇ ၊ အခုကစၿပီးကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကရေအာင္ ၊ ငါမင္းနဲ႔ လမ္းခြဲဖို႔ ဆုံးျဖတ္ၿပီးၿပီ "

သြားၾကားထဲကေန ထြက္လာသည့္ ေရခဲ႐ိုက္ထားသလို ေလသံက ဘုဏ္းေဇရင္ဘတ္ကို ခြၽန္ထက္သည့္အရာ တစ္ခုခုျဖင့္ ဆြဲၿဖဲလိုက္သလိုပင္ ။ အေသြးအသားေတြ စပ္ဖ်ဥ္းဖ်ဥ္း ခံစားလိုက္ရသည္။ အျမင္အာ႐ုံေတြ ျပာေဝသြား၏ ။ ပတ္ဝန္းက်င္တစ္ခုလုံး အိုးထိန္းစက္ပမာ ခ်ာခ်ာလည္သြားသည္။

" အဲလို မေနာက္နဲ႔ ရွင္း ၊ ေမာင္ မႀကိဳက္ဘူး "

" ငါ့ပုံစံက ေနာက္ေနတဲ့ပုံနဲ႔ တူလို႔လား "

မတူမွန္းသိသည္။ သိေပမဲ့ ေနာက္ေနတာပဲ ျဖစ္ေစခ်င္၏ ။

" ငါ ေနာက္ေနတာ မဟုတ္ဘူး ဘုဏ္းေဇ ၊ ငါ အတည္ေျပာေနတာ "

" မေျပာနဲ႔ ၊ အဲဒီစကားေတြ ေျပာမဲ့အစား ေမာင့္ကိုပဲ ဓါးနဲ႔ထိုးလိုက္ပါလား "

ရွင္းသန႔္ရဲ႕ပုခုံးကို လႈပ္ခါၿပီး ေအာ္ဟစ္မိခ်ိန္ သူ႔အသံက တုန္ယင္အက္ကြဲေန၏။ ရင္ဝမွာ တစ္ဆို႔လာသည့္ ခံစားခ်က္ အစုစုေတြထဲမွာ ခ်စ္ရသူကို ဆုံးရႈံးရမွာေၾကာက္သည့္ စိုး႐ြံမႈေတြက အမ်ားဆုံး။ မႈိင္းညႇိဳ႕လာသည့္ မ်က္ဝန္းမွာ မ်က္ရည္မိုးတို႔ ခ်က္ခ်င္း ၿပိဳဆင္းလာ၏ ။ ရွင္းသန႔္ကို က်စ္ေနေအာင္ ဆြဲဖက္ထားလိုက္သည္။ လႊတ္လိုက္လွ်င္ သူ႔ဆီကေန လြတ္ထြက္သြားမွာ ။

" အဲလိုစကားေတြ မေျပာပါနဲ႔ေနာ္ ၊ ေမာင္တို႔က ဘယ္ေတာ့မွ လမ္းမခြဲဘူးေလ ၊ မင္း ေက်ာင္းသြားတက္မွာကိုလဲ ေမာင္ ၾကည္ျဖဴတယ္ ၊ ၿပီးေတာ့ အဲဒါက ဘယ္ေလာက္ၾကာမွာမို႔လဲ ၊ သုံးႏွစ္ေလာက္ပဲမလား ၊ ေမာင္ စစ္မႈထမ္းၿပီးတဲ့ အခ်ိန္နဲ႔ ကြက္တိေလာက္ပဲ ၊ ဒီၾကားထဲလဲ ေမာင္ အားလပ္ရက္ရတာနဲ႔ မင္းဆီ လိုက္လာခဲ့မယ္ ၊ ေနာ္ ... ရွင္း "

ေျပာလည္းေျပာရင္း နားသယ္စပ္ေလးကိုလည္း တဖြဖြ နမ္းရႈိက္မိတာ ဘယ္ႏွစ္ႀကိမ္လဲမသိ။ သူ႔မ်က္ရည္ေတြေတာင္ ရွင္းသန႔္ရဲ႕ ပါးျပင္မွာ စြန္းထင္းကုန္သည္။

" ရွင္း ...မင္းက ဆိုးလိုက္တာ ၊ တကယ္ဆို ေမာင္က စိတ္ဆိုးလို႔ မင္းက ေခ်ာ့ရမွာကို ၊ မေခ်ာ့တဲ့အျပင္ ေမာင့္ကို ငိုေအာင္ ထပ္လုပ္ေသးတယ္ ၊ အဟင္း... ရပါတယ္ ၊ ေမာင္က ခ်စ္ေတာ့လဲ အျပစ္မျမင္ရက္ပါဘူးကြာ "

တတြတ္တြတ္ ေခ်ာ့ေမာ့ေျပာေနသည့္ စကားေတြကို အံႀကိတ္ၿပီး နားေထာင္ေနရတာ ရွင္းသန႔္အတြက္လည္း မလြယ္ပါ ။ သူ႔ႏွလုံးသားသူ အစိတ္စိတ္ အမႊာမႊာ ထုေခ်ေနရသလို ခံစားခ်က္မ်ိဳး။ ရႈိက္သံေတြ အျပင္ထြက္က်မလာေအာင္ ႏႈတ္ခမ္းေတြကိုက္ၿပီး ထိန္းခ်ဳပ္ထားရတာလည္း ျပတ္ထြက္လုနီးနီးပင္ ။ သူ မ်က္ရည္က်လို႔ မျဖစ္ဘူး ။ ဘုဏ္းေဇရဲ႕ အနာဂတ္အတြက္ သူ ေပ်ာ့ညံ့သြားလို႔ မျဖစ္ပါဘူး ။

ရွိသမွ်အားႏွင့္ ဖက္ထားသူကို ေဆာင့္တြန္းပစ္မိသည္။ ႐ုတ္တရက္မို႔ ေနာက္ကိုယိုင္ထြက္သြားၿပီး သူ႔ကိုၾကည့္လာသည့္ မ်က္ဝန္းမ်ားက မယုံႏိုင္ျခင္းမ်ားစြာျဖင့္ ။

" ငါ ဆုံးျဖတ္ၿပီးၿပီမို႔ မင္းဆြဲထားလဲ အပိုပဲ ဘုဏ္းေဇ "

" ရွင္းသန႔္တည္ "

" ငါတို႔က အဆုံးထိ လက္တြဲမသြားႏိုင္ဘူး ၊ ဒီမွာပဲ ရပ္လိုက္သင့္ၿပီ "

" ဟင့္အင္း ... မရပ္ဘူး ၊ အဆုံးထိ လက္တြဲသြားမွာ ၊ ေမာင္တို႔က အဆုံးထိ အတူတူလက္တြဲသြားမွာ ရွင္း ၊ ဘာလို႔ အခုလို စကားေျပာရတာလဲ ေမာင့္ကို ေျပာ ၊ မင္းကို ဘယ္သူက ဘာေျပာလိုက္လို႔လဲ ၊ ႐ုတ္တရက္ႀကီး လမ္းခြဲစကားေျပာရေအာင္ ဘာျပႆနာရွိလို႔လဲ ေမာင့္ကိုေျပာေနာ္ ၊ ေမာင္ ေျဖရွင္းေပးပါ့မယ္ "

ရွင္းသန႔္ ဘယ္ေလာက္႐ုန္း႐ုန္း ဘုဏ္းေဇက အတင္းဆြဲဖက္ထားသည္ ။ ေလာကႀကီးမွာ အခက္ခဲဆုံး အရာကို ျပပါဆိုလွ်င္ ခ်စ္ရသူကို ဘဝထဲက တြန္းထုတ္ရျခင္းပဲ ျဖစ္လိမ့္မည္။

" ေတာင္းပန္ပါတယ္ "

" ဘာကိုေတာင္းပန္ပါတယ္လဲ ၊ ေတာင္းပန္စကားအစား ခုနက မင္းစကားကိုပဲ ႐ုတ္သိမ္းပါတယ္လို႔ ေျပာရမွာေလ ၊ ေမာင္တို႔က လမ္းမခြဲပါဘူးဆို "

" ငါ့ဘက္က ဆုံးျဖတ္ၿပီးၿပီ ဘုဏ္းေဇ "

" ေမာင္ လက္မခံဘူးလို႔ ေျပာၿပီးၿပီေလ ရွင္း ၊ အဲလိုမလုပ္ပါနဲ႔ ၊ ေမာင္ ေတာင္းပန္ပါတယ္ ၊ ေမာင့္ကို အဲလို မထားခဲ့ပါနဲ႔ ၊ မင္း မရွိဘဲ ေမာင္ ဘယ္လိုေနရမွာလဲ စဥ္းစားၾကည့္ပါဦး "

ဘာအမွားမွ မရွိသူက တစ္ျပန္ေတာင္းပန္ေန၏ ။ ငရဲတမွ်ပါပဲ ။ ဘုဏ္းေဇရဲ႕ပါးျပင္မွာ မ်က္ရည္ေတြ စိုလူးေနတာကို သည္အတိုင္း ၾကည့္ေနရသည့္အခ်ိန္ေတြက ရွင္းသန႔္အတြက္ေတာ့ ငရဲက်ေနသလိုပါပဲ ။ သို႔ေသာ္လည္း သူသည္းခံရမည္။ သည္ပူေလာင္မႈေတြ ခ်ဳပ္ၿငိမ္းသြားသည့္အခါ သူခ်စ္သည့္ မင္းသားေလး၏ ေခါင္းေပၚက ဆက္ခံသူသရဖူဟာ ဘယ္ကိုမွ မတိမ္းေစာင္းဘဲ တစ္သက္လုံး တည္ၿမဲေနေတာ့မွာ မဟုတ္လား ။

" ငယ္ငယ္က မွတ္မိေအာင္ သင္ယူရၿပီး ႀကီးလာတဲ့အခါ ေမ့တတ္ေအာင္ သင္ယူရတယ္တဲ့ ဘုဏ္းေဇ "

" မင္းကို ေမ့ခိုင္းေနတာလား ရွင္း ၊ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ၊ ေမာင္တို႔ပတ္သက္မႈက အဲလိုလြယ္လြယ္ေမ့လို႔ရမဲ့ အရာမ်ိဳးလား ၊ မင္းေရာ ေမ့ႏိုင္မွာလား ေျပာ "

" ဘဝဆိုတာ လြယ္ကူတဲ့အရာေတြခ်ည္းပဲ ႀကဳံေတြ႕ျဖတ္သန္းရတာမွ မဟုတ္ဝာာ ၊ တစ္ခါတေလလဲ ခက္ခဲပင္ပန္းတဲ့ အရာေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ၾကရတာပဲ ၊ အခ်ိန္ေတြက စကားေျပာသြားမွာပါ "

ဘုဏ္းေဇက ေခါင္းကို တြင္တြင္ ခါရမ္းသည္။ ငိုရလြန္းလို႔ မ်က္ႏွာတစ္ခုလုံးလည္း နီရဲေနရွာ၏ ။ သူတန္ဖိုးထားရသည့္ အၿပဳံးေလးက သူ႔ေၾကာင့္ပဲ ကြယ္ေပ်ာက္သြားခဲ့ၿပီ ။ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာေတာ့ ထိုအၿပဳံးေလး ျပန္ေပၚလာဖို႔ ဆုေတာင္းရဦးမည္။

" ေမာင့္ကို အေၾကာင္းျပခ်က္ေပး ၊ မင္း ေမာင့္ကို မခ်စ္ေတာ့ဘူးလို႔ေတာ့ မေျပာနဲ႔ေနာ္ ၊ ေမာင္ မယုံဘူး "

" အြန္း ...ငါ့ဘဝကို ႐ိုး႐ိုးရွင္းရွင္း ျဖတ္သန္းခ်င္႐ုံပါပဲ ၊ လူျမင္ကြင္းမွာ ခ်စ္သူနဲ႔ လက္တြဲသြားရဖို႔အေရး ႐ုပ္ဖ်က္ေနရတဲ့ဘဝကို မလိုခ်င္ေတာ့ဘူး "

" ဒါေလးနဲ႔မ်ား ရွင္းရယ္ ၊ ဒီေလာက္ေလးနဲ႔ မင္း ေမာင့္ကို ထားသြားဖို႔ ေတြးရက္တယ္ ဟုတ္လား "

သည္အေမးကို ရွင္းသန႔္မေျဖႏိုင္ပါ ။ ေျဖစရာလည္း မလိုဘူးဟုသာ သေဘာထားသည္။ သည္ေလာက္ကိစၥေလးႏွင့္ သူတို႔ပတ္သက္မႈကို လဲရက္သည္ဟု ဘုဏ္းေဇ ထင္ခ်င္ထင္ပါေစေလ ။

" ေမာင္ အခုခ်က္ခ်င္း ခမည္းေတာ္ကို သြားေျပာမယ္ ၊ ေမာင္တို႔က ခ်စ္သူေတြဆိုတဲ့အေၾကာင္း တစ္ႏိုင္ငံလုံးသိေအာင္လဲ ေၾကျငာမယ္ ၊ ဒါဆို ရၿပီမလား ရွင္း ၊ ေမာင္တို႔ လမ္းခြဲဖို႔ မလိုဘူးမလား "

" မဟုတ္ဘူး ၊ ငါျဖစ္ခ်င္တာ အဲလိုမ်ိဳး မဟုတ္ဘူး ဘုဏ္းေဇ ၊ ငါတို႔အေၾကာင္းကို တမင္ဖုံးကြယ္ေနစရာလဲ မလိုသလို လူေတြသိေအာင္လဲ တမင္ထုတ္ျပေနစရာ မလိုတဲ့ သာမန္ဘဝတစ္ခုမွာပဲ ငါေနသြားခ်င္တာ ၊ မင္းနဲ႔ဆို အဲလိုဘဝမ်ိဳး ဘယ္ေတာ့မွရမွာ မဟုတ္ဘူးေလ "

သူ႔ကိုၾကည့္ေနသည့္ ဘုဏ္းေဇ၏မ်က္ဝန္းေတြက ေၾကေၾကကြဲကြဲ။ ရွင္းသန႔္လည္း သည္စကားေတြကို တည္တည္ၿငိမ္ၿငိမ္ ေျပာထြက္ဖို႔ တစ္လလုံးလုံး ေလ့က်င့္ခဲ့ရသည္ ။ ေလ့က်င့္ရင္း အ႐ူးတစ္ေယာက္လို ငိုခဲ့ရသည့္အခ်ိန္ေတြကိုေတာ့ သူ႔ကိုယ္ေစာင့္နတ္ပဲ သိလိမ့္မည္ ။

" မင္းေျပာေတာ့ ေမာင္လိုအပ္တဲ့အခ်ိန္တိုင္း ေမာင့္ေဘးမွာ ရွိေနေပးမွာဆို ရွင္း ၊ ေမာင္ မင္းကို လိုအပ္ေသးတယ္ေလ ၊ အခုေရာ ေနာင္ေရာ လိုအပ္ေနမွာ ၊ မင္း စကားကို မင္း မတည္ေတာ့ဘူးလား "

တည္ခ်င္တာေပါ့ ။ ေနခ်င္တာေပါ့ ။ ေစာင္းတီးေနတဲ့ မင္းသားေလး ၊ ဂီတာတီးၿပီးသီခ်င္းဆိုေနတဲ့ ၾကယ္ဝင္စားေလး ၊ ဂူလီသီးကို လက္ကေျမႇာက္ၿပီး ဝံ့ဝံ့ႂကြားႂကြား ေအာင္ပြဲခံေနတဲ့ ခ်န္ပီယံေလး ၊ ေတြးမိ႐ုံနဲ႔ ၿပဳံးရၿပီး အတူရွိရခ်ိန္တိုင္း ေပ်ာ္႐ႊင္ေႏြးေထြးရသည့္ Neverland ေလး ။ သည္လိုမ်ိဳး သူ႔အတြက္ အဖိုးတန္လြန္းသည့္ ျမတ္ႏိုးရသူေဘးမွာ မလိုအပ္ေတာင္ သူက ေနေပးခ်င္တဲ့သူပါ ။ ဒါေပမဲ့ သူတို႔ၾကားမွာ ကံၾကမၼာစည္းက ျခားထားၿပီးသား မဟုတ္လား ။

" ငါတို႔အတူတူ Supernatural ၾကည့္ခဲ့ဖူးတာ မွတ္မိလား ဘုဏ္းေဇ ၊ အဲဒီထဲမွာ ကိစၥတစ္ခုၿပီးသြားတိုင္း ဘာလုပ္ၾကမလဲလို႔ Samက ေမးတဲ့အခါ Deanက ျပန္ေျပာတယ္ေလ ၊ ကမ္းေျခသြားၾကမယ္ ၊ ဟာေဝယံရွပ္ဝတ္မယ္ ၊ ေျခေထာက္ေတြကို သဲထဲမွာ ျမဳပ္ထားမယ္တဲ့ ၊ ဒါေပမဲ့ သူတို႔ တစ္ခါမွ ကမ္းေျခကို မသြားျဖစ္ၾကဘူး ၊ လက္ေတြ႕ ျဖစ္မလာတဲ့ စိတ္ကူးသက္သက္ စကားလုံးေတြ အမ်ားႀကီး ရွိၾကတာပဲမလား "

" အဲလိုေတြ ေရာမခ်နဲ႔ ရွင္း ၊ မင္းနဲ႔ပတ္သက္ၿပီး ေမာင္ေတြးထားသမွ်အားလုံးက စိတ္ကူးသက္သက္ပဲ မဟုတ္ဘူး ၊ ၿပီးေတာ့ ေမာင္တို႔ လက္ထပ္ၾကမယ္လို႔ ကတိေပးထားတယ္ေလ "

ရွင္းသန႔္ လက္သီးကို တင္းတင္းဆုပ္လိုက္၏။ သူသိသည္။ အခု သူေျပာမည့္စကားက ဘုဏ္းေဇ အမ်ားႀကီးနာက်င္ရလိမ့္မည္ ။ ဒါေပမဲ့ သူ႔မွာလည္း ေ႐ြးခ်ယ္စရာ မရွိေတာ့ပါ ။

" ငါ မင္းကို လက္ထပ္ပါ့မယ္လို႔ တစ္ခါမွ ကတိမေပးခဲ့ဖူးဘူး ဘုဏ္းေဇ ၊ မင္းဘက္ကပဲ တစ္ဖက္သတ္ ေျပာခဲ့တာေတြပါ "

မိုးႀကိဳးသြားလို ျပင္းထန္လြန္းသည့္ စကားတစ္ခြန္း ။ ဘုဏ္းေဇ တစ္ကိုယ္လုံး တုန္ယင္သြားရသည္။ ေတာင့္မခံႏိုင္ေတာ့သည့္ ေျခအစုံက ၾကမ္းေပၚမွာ ဒူးေထာက္လ်က္သား ။ သူ ထမ္းပိုးထားခဲ့သည့္ အိပ္မက္ေတြကေတာ့ ေရခဲမွန္ျပင္တစ္ခ်ပ္ကို ႐ိုက္ခြဲလိုက္သလို ကြဲအက္ေၾကမြသြားၿပီ ။ တစ္စစီျဖစ္သြားသည့္ စိတ္ကူးအစိတ္အပိုင္းတို႔သည္ တျဖည္းျဖည္းႏွင့္ ေသးငယ္ၿပီး အရည္ေပ်ာ္ေပ်ာက္ကြယ္သြားေတာ့မည့္ပုံပင္။

ရွင္းသန႔္က ပါးစပ္ကေန ကတိမေပးခဲ့ဖူးေပမဲ့ ႏွလုံးသားကေတာ့ လက္ခံခဲ့သည္ဟုသာ သူထင္မွတ္ထားခဲ့သည္။ အခုေတာ့ အရာအားလုံးက သူ႔ဘက္ကပဲ တစ္ဖက္သတ္ စိတ္ကူးနဲ႔ ႐ူးခဲ့တာေတြခ်ည္းပဲတဲ့လား ။

အမွန္တရားက ဘုဏ္းေဇအတြက္ လက္ခံဖို႔ ခဲယဥ္းလြန္းသည္ ။ သူ လက္မခံခ်င္ပါ ။ သည္အေျခအေနႀကီးကို အိပ္မက္ဆိုးႀကီးတစ္ခုသာ ျဖစ္ေစခ်င္သည္။ ေနာက္ၿပီး သည္အိပ္မက္ဆိုးကေန သူျမန္ျမန္ႏိုးထခ်င္ေနၿပီ ။

" မငိုပါနဲ႔ေတာ့ ၊ ငါတို႔ေတြက လိုခ်င္တာမရတိုင္း ငိုရမဲ့ အသက္အ႐ြယ္ေတြမွ မဟုတ္ေတာ့တာ "

သူ႔ေရွ႕မွာ မတ္မတ္ရပ္ေနၿပီး တည္ၿငိမ္စြာေျပာေနသူက သူေခၚသည့္ လူႀကီးေပါက္စ မဟုတ္ေတာ့ဘဲ သူ႔ကို စြန႔္ပစ္ဖို႔ဆုံးျဖတ္ခ်က္ကို ျပန္ေျပာင္းမည့္ပုံ မရွိသည့္ လူႀကီးတစ္ေယာက္ ျဖစ္ေနၿပီ ။

မ်က္ရည္ေတြႏွင့္ ေမာ့ၾကည့္မိသည္။ အခု ရွင္းသန႔္ကို ျမင္ရတာ ရင္ဘတ္ထဲက အရမ္းနာသည္။ လုပ္ရက္သည္ဟုလည္း စြပ္စြဲခ်င္သည္။ သူ႔လက္ကို ျဖဳတ္ခ်ထားခဲ့ဖို႔ အလုံးစုံ စီစဥ္ၿပီးမွ တစ္ညလုံး သူႏွင့္ အခ်ိန္ျဖဳန္းခဲ့တာ ေနာက္ဆုံးအေနနဲ႔ ႏွစ္သိမ့္ေပးခ်င္တဲ့သေဘာမ်ိဳး ထင္ပါရဲ႕ ။ တစ္ခ်ိန္လုံး သူ႔ေဘးမွာ ၿပဳံးရယ္ေနခဲ့တဲ့ ခံစားခ်က္ေတြကေရာ ဟန္ေဆာင္ေနခဲ့တာေတြမ်ားလား ။

' မင္း သိပ္ကို ေတာ္လြန္းပါတယ္ ရွင္းသန႔္တည္ '

ႏွစ္ေယာက္ၾကား တိတ္ဆိတ္မႈက တစ္နာရီခန႔္ ၾကာျမင့္သြားသည္ ။ ဘုဏ္းေဇ ၾကမ္းျပင္ေပၚမွာ ေခါင္းငိုက္စိုက္ခ်ၿပီး ထိုင္ေနရာမွ ထရပ္ၿပီး ေလးရန္ႏိုင္တစ္ေယာက္တည္း သူ႔ကို လာေခၚေပးဖို႔ ဖုန္းဆက္လိုက္သည္ ။ ရွင္းသန႔္ကေတာ့ ခုနကအတိုင္း တုံဏွိဘာေဝ ရပ္ေနဆဲပင္ ။

" ၾကည့္ရတာ မင္းဆုံးျဖတ္ခ်က္ကို ျပန္မေျပာင္းေတာ့မဲ့ပုံပဲ "

" အင္း ... ငါ့ေ႐ြးခ်ယ္မႈအတြက္ ငါေနာင္တ ရမွာမဟုတ္ဘူး "

" ေကာင္းပါၿပီ "

ေခါင္းတဆတ္ဆတ္ညိတ္ၿပီး ၿပဳံးလိုက္သည့္ ဘုဏ္းေဇရဲ႕အၿပဳံးက ခပ္ေထ့ေထ့ ။ ထိုအၿပဳံးကိုၾကည့္ၿပီး ရွင္းသန႔္ သေဘာေပါက္လိုက္သည္။ သူတို႔ ခြဲၾကရဖို႔ ေနာက္ဆုံးအခ်ိန္ေရာက္ၿပီဆိုတာ ။

" ငါ့ဘဝမွာ အမ်ားဆုံး ေျပာခဲ့တဲ့ စကားသုံးခြန္းရွိတယ္ ရွင္းသန႔္တည္ "

'ငါ'တဲ့လား ။ စြဲမက္ရသည့္ ခ်ယ္ရီေရာင္ႏႈတ္ခမ္းေတြဆီက ၾကားေနၾက နာမ္စားေလး ေျပာင္းသြားခဲ့ၿပီ ။ ေမာင္ဆိုၿပီး တတြတ္တြတ္ ေျပာတတ္သံေလး ရွင္းသန႔္ ၾကားခြင့္မရွိေတာ့ပါ ။

" အဲဒီစကားသုံးခြန္းကေလ ငါမင္းကို ခ်စ္တယ္ဆိုတာရယ္ ၊ ငါ့ကို ထားမသြားဖို႔ရယ္ ၊ ငါ့ကို ယုံေပးဖို႔ရယ္ပဲ ၊ အခု ငါသိလိုက္ၿပီ ၊ အဲဒါေတြက မင္းဆီမွာ ဘာမွ အေရးမပါ အရာမေရာက္ခဲ့ဘူးဆိုတာကိုေပါ့ "

ေျပာလိုက္စမ္းပါ ။ သည့္ထက္ပိုၿပီး ျပင္းထန္တဲ့ စကားေတြကိုလည္း ရွင္းသန႔္ ခံယူဖို႔ အဆင္သင့္ျပင္ထားၿပီးသား ။

" မင္းဆႏၵကို ငါလိုက္ေလ်ာေပးလိုက္ပါတယ္ ၊ မဟုတ္လဲ မင္းက ဆုံးျဖတ္ၿပီးသားပဲမလား ၊ ဒါေပမဲ့ မင္းမွတ္ထား ရွင္းသန႔္တည္ ၊ မင္းသေဘာနဲ႔မင္း ငါ့ဆီက ထြက္သြားခဲ့တာ ၊ မင္းက ငါ့ကို စြန႔္ပစ္သြားခဲ့တာေနာ္ "

ေခါင္းငုံ႔ၿပီးပဲ ဘုဏ္းေဇ ေျပာသမွ် နားေထာင္ေနေတာ့မည္။ သူ႔ဘက္က ဘာမွ်ျပန္ေျပာဖို႔ မရွိ ။ ဘုဏ္းေဇ စိတ္ေက်နပ္တဲ့အထိ သူ႔ကို ေျပာသြားပါေစ ။

" ငါ မင္းကို မုန္းမယ္ ေမ့မယ္လို႔ေတာ့ မထင္နဲ႔ ရွင္းသန႔္တည္ ၊ ငါ့ဘဝမွာ ဘယ္ေတာ့မွ မလုပ္ႏိုင္တဲ့ အရာက မင္းကို ေမ့ပစ္ဖို႔ပဲ ၊ ငါ မင္းကို တစ္သက္လုံး သတိရေနမွာ "

" -------"

" ေသလူတစ္ေယာက္လိုေပါ့ "

ရက္ရက္စက္စက္ ေျပာသြားဖို႔ ေမွ်ာ္လင့္ထားၿပီးသားဆိုေသာ္လည္း သည္စကားတစ္ခြန္းတည္းႏွင့္ ရွင္းသန႔္ တုန္လႈပ္သြားရသည္။ ဘုဏ္းေဇကို အလန႔္တၾကား ၾကည့္မိေတာ့ သူ႔ကို ေသခ်ာျပန္ၾကည့္ေနသည့္ မ်က္ဝန္းနက္ေတြထဲမွာ နာက်င္မႈေတြ ၊ ေနာက္ၿပီးနာၾကည္းမႈေတြ ။

" မင္းကို ငါ့ဘဝထဲက ေသလူတစ္ေယာက္လို သတိရေနမွာ ရွင္းသန႔္တည္ ၊ ေသလူဆိုတာ ဘယ္လိုလဲသိေအာင္ တစ္ခါတည္းေျပာလိုက္မယ္ ၊ ငါသတိရတဲ့အခါ မင္းနဲ႔ပတ္သက္ခဲ့တဲ့ အရင္ကပုံရိပ္ေတြကိုပဲ ထုတ္ၾကည့္မယ္ ၊ ဒါေပမဲ့ မင္းနဲ႔ေတာ့ ဘယ္ေတာ့မွ ထပ္မဆုံေတာ့ဘူး ၊ မင္းေရာ မင္းအေၾကာင္းေတြေရာ ေနာက္ထပ္ ဘာတစ္ခုမွ ငါ့ဆီထပ္ေရာက္မလာေစနဲ႔ ၊ အခုကစၿပီး ငါ့ဘဝထဲကေန အၿပီးေပ်ာက္ကြယ္သြား "

ရွင္းသန႔္ ေျခေခ်ာင္းေတြကို ၾကမ္းျပင္ေပၚမွာ အားႏွင့္ ကုပ္တြယ္ထားရသည္။ မဟုတ္ရင္ သူ ၿပိဳလဲက်ေတာ့မွာ ။

" မင္းေလွ်ာက္ခ်င္တဲ့ ငါမပါတဲ့လမ္းမွာ အစစအရာရာ အဆင္ေျပပါေစလို႔ ဆုေတာင္းေပးပါတယ္ ၊ ငါ့အတြက္လဲ စိတ္မပူပါနဲ႔ ၊ မင္းမရွိရင္ မျဖစ္ဘူးလို႔ ထင္ထားေပမဲ့ ျဖစ္ေအာင္ ငါေနမွာပါ ၊ ငါတို႔ေရစက္က ဒီေလာက္ထိပဲ ပါလာတယ္လို႔ သတ္မွတ္ရမွာေပါ့ ၊ ငါ မင္းကို ႏႈတ္ဆက္လိုက္ပါတယ္ "

ႏႈတ္ဆက္စကားႏွင့္အတူ ေက်ာခိုင္းသြားခဲ့ၿပီ ။ သူ႔ဘဝရဲ႕ ပထမဆုံးခ်စ္ရသူက သူတို႔ႏွစ္ေယာက္ရဲ႕ ပထမဆုံး အနမ္း ၊ ပထမဆုံးအမွတ္တရေတြ စတင္ခဲ့တဲ့ေနရာကေန ထြက္သြားခဲ့ၿပီ ။

တစ္လွမ္း ....ႏွစ္လွမ္း ....သုံးလွမ္း

ေလးလွမ္းေျမာက္မွာလည္း ျပန္လွည့္မလာေတာ့ပါ ။

တစ္ခ်ိန္လုံး တင္းခံခဲ့ရသည့္ မ်က္ရည္စက္တို႔က သူ႔ထက္ငါ အလုအယက္ က်ဆင္းလာၾကသည္။ ဖိကိုက္ထားေသာ ႏႈတ္ခမ္းဆီမွ ေသြးအရသာက လွ်ာဖ်ားေပၚမွာ စိမ့္တက္လာ၏ ။ ဒါေပမဲ့ ရွင္းသန႔္ ေက်နပ္ရပါသည္ ။ အခုဆို ဘုဏ္းမင္းဆက္ရဲ႕ သတၱမေျမာက္မင္းသားေလးဟာ ရာဇပလႅင္ႏွင့္ လြဲေခ်ာ္စရာအေၾကာင္း မရွိေတာ့ဘူး မဟုတ္လား ။

ထားခဲ့တာက ငါရယ္ပါ
မင္းက မနာက်င္ပါနဲ႔
ငါက ဝမ္းနည္းစရာေတြနဲ႔
တစ္ေလွ်ာက္လုံး ေရာေထြးစီးဆင္းေနလာတဲ့သူပဲ
ဒီဒဏ္ရာေတြအတိုင္းဆက္ၿပီး
အိုမင္းရင့္ေရာ္သြားလို႔လဲ ျဖစ္တယ္
မင္းကေတာ့ ကမာၻေျမအတြက္
ဆက္ၿပီစိမ္းလန္းေပးရဦးမဲ့ ရႈေမွ်ာ္ခင္းပဲ
မင္းဆီ တိမ္လိုေလလို
ခဏဝင္ေရာက္သြားတယ္လို႔ သေဘာထားၿပီး
ငါ့ကို ေမ့ေပ်ာက္လိုက္႐ုံပဲ
မင္းလက္ထဲမွာ မေနခ်င္လို႔
ထြက္ေျပးသြားတဲ့ ဂ်ယ္လီငါးေလးလို႔ပဲ
ငါ့ကို သတ္မွတ္လိုက္႐ုံပဲ
ကမာၻတစ္ျခမ္းလင္းဖို႔
တစ္ျခမ္းကေမွာင္ေပးရတဲ့ နိယာမေတြဆိုတာ
တကယ္ရွိတယ္အခ်စ္
ေက်းဇူးျပဳ၍ ေပ်ာ္ပါ ။

#PoPoPhoenix

{ A/N - ကဲ ကြဲသြားၾကၿပီ 😞
23 ရက္ေန႔မွာ ျပန္ေတြ႕ပါမယ္ေနာ္ }




Continuer la Lecture

Vous Aimerez Aussi

615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
125K 7.3K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
126K 12.1K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...