Unicode
"လွန်း မောင်ကဒီမှာ"
ခပ်လှမ်းလှမ်းမှလက်ခါပြကာ မိမိအားလှမ်းခေါ်လိုက်စောမောင့်ကြောင့် မောင်ရှိရာဆီသို့ခပ်သွက်သွက်လေးလှမ်းလာလိုက်သည်။
မောင့်ဟန်ပန်ကလေးသည်ပြုံးပျော်နေသယောင်ဟုထင်ရသည်။မောင်သည်ဒီနေ့မှ အရင်နေ့တွေထက် ရွှင်ပြနေသယောင်။
မောင့်ရဲ့အခုလိုမျက်နှာလည်းညှိုးငယ်သွားမှာမလိုချင်ပါ။ဒါပေမဲ့မကြာတော့တဲ့အခြေအနေမှာ မောင်သည်သေချာပေါက်မပြုံးမရွှင်ဖြစ်ရတော့မည်။ဒါတွေအားလုံးသည်ဟိုသားအဖကြောင့်သာ။အထူးသဖြင့် အဲ့ဒီမိန်းကလေးကြောင့်သာ။
ပြီးတော့ သခင့်ကြောင့်ပေါ့လေ။
"လွန်းအတွက်မောင်ကော်ဖီမှာထားတယ်နော်လွန်း"
မောင့်စကားကိုလျစ်လျူရှူလိုက်ရင်း သခင်ပြောချင်တဲ့အကြောင်းအရာကိုသာဦးတည်လိုက်သည်။
"ကျွန်မ မောင့်ကိုပြောစရာရှိလို့ ချိန်းလိုက်တာပါ"
"ပြောလေ လွန်းရဲ့"
လာချသောကော်ဖီတစ်ခွက်ကိုသာ ငေးကြည့်ရင်း မောင့်မျက်နှာကိုတော့လျစ်လျူရှူထားရပြန်သည်။အခုအချိန်မှာ မောင့်မျက်နှာကို မကြည့်ရက်ပါ။ဒါပေမဲ့လည်း အဖြစ်မနေရင်ဆိုင်ဖြစ်မဲ့အခြေအနေတွေပဲမဟုတ်လား။
"ကျွန်မတို့လမ်းခွဲမှဖြစ်မယ်မောင်"
"မောင့်ကိုမနောက်ပါနဲ့လွန်း..မောင့်ကိုဒီလိုစတာမောင်စိတ်ဆိုးတယ်"
မောင့်မျက်ဝန်းမှာအံ့ဩမှုကလေးတစ်စွန်းတစ်စတော့ဖြတ်သွားခြင်းကိုသတိထားမိလိုက်သည်။ ထပ်ပြောမဲ့စကားတွေကိုသာမောင်ကြားရင် မောင်ရဲ့မျက်နှာ၌ဖြစ်သွားနဲ့အမူအရာကို တွေးမကြည့်ဝံ့ပါ။
မောင်သည်သခင့်ကိုသိပ်ချစ်တာသိသည်။မောင့်အနေနဲ့ သိပ်ကို အံ့ဩထိန့်လန့်ရမည်မဟုတ်လား။
"မောင့်ကိုစနေတာမဟုတ်ဘူးမောင်..တကယ်ပြောနေတာ...ကျွန်မ ဒီတစ်ပတ်ထဲလက်ထပ်ရတော့မယ်"
"လွန်း...မောင့်ကိုဘယ်လိုတွေပြောနေတာလဲကွာ"
သခင်တို့ထိုင်နေတဲ့ဆိုင်ကလေးသည်တိတ်တိတ်ဆိတ်ဆိတ်လည်းရှိလှသည်။
စားပွဲဝိုင်းလေးတွေကသုံးခုလောက်သာရှိ
သည့်အပြင် တစ်ဝိုင်းနဲ့တစ်ဝိုင်းသည်လည်း အနည်းငယ်ဝေးကွာသဖြင့် သခင်တို့ပြောစကားတွေကိုတော်ရုံဖြင့်မကြားနိုင်ပါ။လမ်းဘေးဆိုင်လေးဖြစ်သဖြင့် အမိုးအကာကလည်း သစ်ပင်ကလေးဆိုတော့လေအေးအေးလေးတွေတိုက်ခတ်နေသည်။ဒီလိုအချိန်အခါလေး၌ချစ်သူနှစ်ဦးချစ်စကားကြိုက်စကားလေးတွေသာဖွဲ့နွဲ့သင့်သည်မဟုတ်လား ။အခုများတော့.....
"ကျွန်မညာနေတာမဟုတ်ဘူးမောင်...အတည်ပြောနေတာပါ"
"မောင့်ကိုနားလည်အောင်ပြောပါဦး လွန်းရယ်...မောင်အရမ်းစိတ်ထိခိုက်နေပြီ"
မောင်ကမျက်နှာကိုလက်နဲ့သပ်ချရင်းဆိုလာသည်။
ဒါသည် မောင်စိတ်ရှုပ်ရင်လုပ်နေကျအပြုအမူတစ်ခု။
"ဖေဖေကကျွန်မကို မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ချပေးဖို့စီစဉ်နေတာ...မှားလို့မောင်..စီစဉ်ပြီးပြီ"
"ဘယ်လိုလွန်း..မိန်းကလေးတစ်ယောက်နဲ့ဟုတ်သလားလွန်း..မောင်နားကြားမှားလိုက်တာလား"
တွန်းချိုးသွားတဲ့မျက်ခုံးတွေ ။အံ့ဩသွားတဲ့မောင့်ရဲ့အမူအရာတွေ။
"တကယ်ပါ..ကျွန်မလက်ထပ်ရမဲ့သူကမိန်းမတစ်ယောက်ပါမောင်"
"လွန်းရယ် ဘယ်လိုဖြစ်နိုင်မှာလဲ...
ကဲထားပါ..တကယ်ဆိုရင်ရောလွန်းကမငြင်းခဲ့ဘူးလား"
"ငြင်းပါသေးတယ်...ဒါပေမဲ့"
ဆက်မပြောချင်တော့။တစ်ခါတွေးမိတိုင်းတစ်ခါအသည်းနာရသည်။ကျေးဇူးဆိုတဲ့ဂုဏ်တွေနဲ့ ချည်ခဲ့ကြတာပဲလေ။ဘယ်လိုငြင်းဆန်နိုင်ခဲ့ပါ့မလဲ။
"ဟူး...လွန်းမောင်တို့ခိုးပြေးရအောင်"
မောင့်ကိုကြည့်လိုက်တော့ညာနေ
ဟန်နှင့်မတူပါ။မောင်သည် မညာတတ်သောလူမျိုး။လိမ်ညာလှည့်ဖြားခြင်းကိုကိုယ်တိုင်မနှစ်သက်ခဲ့သလို မောင်သည်လည်းထိုသို့သောလူမျိုးမဟုတ်ခဲ့။ဒါကြောင့်လည်းမောင့်ကိုရွေးချယ်ခဲ့တာ။မောင့်ကိုချစ်ခဲ့မိတာသည်နှလုံးသားကစတင်ခဲ့တာတော့မဟုတ်ခဲ့ပါ။ဦးနှောက်ရဲ့ အသိပေးမှုမှတစ်ဆင့်နှလုံးသားထဲသို့ရောက်ရှိခဲ့ရတာ။
"ကျွန်မ မလုပ်နိုင်ဘူးမောင်"
"ဘာလို့လဲ လွန်းရယ်..ဒီလိုမှမလုပ်ရင် မောင်တို့ဝေးကြရတော့မှာလွန်းရဲ့"
"ကျွန်မ ဒီပွဲကိုလက်ခံထားပြီးပြီမောင်"
"လွန်း "
မောင့်ရဲ့ဒေါသသံနဲ့ခေါ်လိုက်တဲ့အသံသည်အနည်းငယ်တော့ကျယ်လောင်သွားသည် ။ထိုအခါမှမောင်ဟာ သက်ပြင်းတစ်ချက်ချရင်း မိမိလက်ကလေးအားလာကိုင်သည်။
"မောင် လွန်းနဲ့မခွဲနိုင်ဘူး လွန်းရဲ့"
တိုးလျလျနဲ့သူ့သဘောထားအားတောင်းဆိုသလိုအပြောအားသနားမိသလို အားနာရပြန်သည်။
မောင့်သဘောမောင့်ဆန္ဒကို သခင်လိုက်ရောနိုင်မှာမဟုတ်သောကြောင့်သာဖြစ်သည်။
"သူ့ကိုလက်ထပ်မှဖြစ်မှာမောင်...ကျွန်မတစ်ခါပြောဖူးတဲ့မိန်းကလေးပါ...ကျွန်မတို့ အိမ်ရယ်ခြံရယ်..ပြီးတော့ ဆေးကျောင်းတက်တာကအစ သူ့အဖေက ထောက်ပံ့ပေးခဲ့တာ...ဒါတွေအားလုံးရဲ့ကျေးဇူးကိုထောက်ပြီး ကျွန်မသူ့ကိုလက်ထပ်ရတော့မှာ"
အံကိုကြိတ်ထားကာ မျက်ရည်မကျစေရန်ထိန်းထားရင်း မောင့် ရင်ဘတ်ကကြယ်သီးကိုသာငေးကြည့်နေမိသည်။မိမိစကားအဆုံး၌ မိမိ၏လက်များကိုကိုင်ထားသောမောင့်လက်ကလေးသည် တဖြည်းဖြည်းပြေလျော့လာကာ မောင့်လက်နှင့်သခင့်လက်တို့ လွတ်သွားသည်။မောင်သည်သိသင့်တာသိသွားပြီထင်ပါရဲ့။သူလည်းဒီအခြေအနေကို ဘယ်လိုမှ မတားဆီးနိုင်တာကိုပေါ့။
"လွန်းသူ့ကို ချစ်သလား..အခုလက်ထပ်မဲ့မိန်းကလေးကိုလေ"
"မုန်းတယ်..သူ့ကို ကျွန်မအရမ်းမုန်းတယ်မောင်"
"လွန်း ဒါဆို မောင့်ကိုကတိတစ်ခုပေးနိုင်မလား"
"မောင်ပြောကြည့်ပါ..ပေးနိုင်တဲ့ကတိဆိုပေးပါ့မယ်"
"အဲ့ဒီမိန်းကလေးကို ဘယ်တော့မှမချစ်လာစေရပါဘူး၊တစ်သက်လုံးမုန်းနေပါ့မယ်လို့ မောင့်ကိုကတိပေးပါလွန်း"
"မောင်ဘာလို့ဒီကတိကိုတောင်းရတာလဲ"
"မောင်စိတ်ပူတယ်...လွန်းသူ့ကိုအနေနီးပြီးချစ်သွားမှာမောင်ကြောက်တယ်လွန်းရဲ့"
မောင့်မျက်ဝန်းမှာပူပန်မှုတွေစိုးရိမ်မှုတွေကြီးစိုးနေတာကိုခံစားမိသည်။
မောင်သည်သခင့်ကိုအဲ့သလောက်ထိချစ်ခဲ့တာပါ။
"အဲ့ဒီအတွက်တော့မောင်စိတ်ချပါ..ကျွန်မသူ့ကိုအရမ်းမုန်းတာပါ..ဟိုးငယ်ငယ်ကတည်းကမုန်းခဲ့တာ..အခုလည်းဒီအတိုင်းပဲ ..နောက်လည်းမုန်းနေမှာပဲ...သူ့ကိုချစ်ဖို့ဆိုတာ စိတ်ကူးနဲ့တောင်မဖြစ်နိုင်တဲ့အရာတွေပါ မောင်ရယ်"
အဲ့ဒီအချိန်က ထိုစကားကိုအခိုင်အမာပြောဖြစ်ခဲ့သည်။တကယ်ပဲ ထိုစကားသည်မှန်ကန်လိမ့်မည်ဟုယုံကြည်ခဲ့မိသည်။
"ဒါပေမဲ့ လွန်းငယ်ငယ်ကတည်းကသူနဲ့အတူကြီးပြင်းလာခဲ့တာမဟုတ်လား..လွန်းသူ့အပေါ်သံယောဇဉ်ရှိနေရင်ရော...သံယောဇဉ်ကနေအချစ်ဖြစ်သွားမှာကိုမောင်ကြောက်တာ"
"ငယ်ငယ်ကတည်းကအတူတူပေါင်းလာရတာကလည်း ကျွန်မမှအဲ့ဒီမိသားစုကိုမလွန်ဆန်နိုင်ခဲ့တာ..အထူးသဖြင့်ဖေဖေ့ကိုပေါ့..အားလုံးဟာကျွန်မစိတ်နဲ့ကျွန်မကိုယ်မဖြစ်ခဲ့ရတာတွေချည်းပါပဲ...အဲ့ဒီအတွက်တော့သံယောဇဉ်ဖြစ်မှာမပူပါနဲ့...သူ့ကိုမုန်းတာကလည်းနှလုံးသားမှာနစ်ဝင်နေတာမို့ သူ့ကိုချစ်ဖို့ဆိုတာလုံးဝဖြစ်မလာနိုင်တဲ့ကိစ္စပါ.."
သခင်သည် စကားတစ်ခွန်းကိုလည်း ခပ်ပေါ့ပေါ့လေးပြောခဲ့ပါသည်။
"ပြီးတော့ကျွန်မက မိန်းမတွေကိုစိတ်မဝင်စားဘူး မောင်"
"ဘာပဲဖြစ်ဖြစ်လွန်းလက်ထပ်ရမဲ့သူကယောက်ျားတစ်ယောက်မဟုတ်တာဘဲတော်သေးတယ်ပြောရမယ်....ဒါဆို မောင့်မှာမျှော်လင့်လို့ရသေးတာပေါ့....မောင့်အခုအခြေအနေနဲ့ လွန်းကိုဘာမှမလုပ်ပေးနိုင်လို့ သာသူများလက်ထဲထည့်လိုက်ရတာပါ...စိတ်ချပါ မောင်အတတ်နိုင်ဆုံးကြိုးစားမှာပါ..မောင် ချမ်းသာတဲ့တစ်နေ့ လွန်းသူနဲ့ကွဲပြီးမောင့်ကိုလက်ထပ်ပါနော်...မောင်လွန်းကိုအဲ့ဒီအချိန်ထိစောင့်ပါ့မယ်"
မောင်သည်လည်း သခင့်လိုဆေးကျောင်းသားတစ်ဦးပဲဖြစ်သည်။မောင်သည်လည်းချမ်းသာတဲ့မိသားစုကတော့မဟုတ်ခဲ့ပါ။သခင့်ဘေးနားမှာ ချမ်းသာတဲ့သူဌေးသားတွေဝိုင်းနေတဲ့ကြားမှ ရိုးသားကြိုးစားတဲ့
မောင့်ကိုရွေးချယ်ခဲ့သည်။မောင်သည် ငွေကြေးမချမ်းသာတာကလွဲလို့ စိတ်ဓာတ်ပိုင်းရောရုပ်ရည်မှာပါ ပြည့်စုံတဲ့သူတစ်ဦးပါ။ထင်လင်းဂုဏ်ရည်ဆိုတဲ့နာမည်နဲ့လိုက်ဖက်လွန်းစွာ မောင်သည် ကောင်းမွန်တဲ့ဂုဏ်သတင်းနဲ့သာကျော်ကြားခဲ့သည်။မောင့်ဘေးနားမှာမိန်းမလှလေးတွေဝိုင်းနေတဲ့ကြားမှမောင်က သခင့်ကိုချစ်ကြိုက်ခဲ့သတဲ့လေ။
"ကျွန်မ မရေရာတဲ့အနာဂတ်အတွက်တော့ မောင့်ကိုမျှော်လင့်ချက်မပေးချင်ပါဘူး..ကျွန်မဘက်က အရင်ဖောက်ဖျက်ခဲ့တဲ့စည်းမို့ မောင့်ဘက်ကကျွန်မ မဟုတ်တဲ့အခြားမိန်းကလေးကို ချစ်သွားလည်းကျွန်မအပြစ်တင်မှာမဟုတ်သလို၊ကျွန်မကြည်ဖြူပါတယ်..အဲ့ဒါကြောင့် ကျွန်မကိုစောင့်ပါလို့ မပြောချင်ဘူးမောင်"
"မောင့်ကို ချစ်တယ်မလားလွန်း"
"မောင် မသိလို့များမေးသလား"
"ချစ်ရင်စောင့်ပါတဲ့...မောင်ကတော့လွန်းကိုချစ်လို့စောင့်နေမယ်..လွန်းလည်းမောင့်ကိုစောင့်ပေးပါနော်"
"ကျွန်မမောင့်ကိုချစ်တယ် ...နောင်လည်းချစ်နေမှာ..ဒါပေမဲ့ စောင့်နေမယ်လို့တော့ကတိမပေးနိုင်ဘူးမောင်..ကျွန်မကမကြာခင်မှာ သက်ဆိုင်သူရှိတော့မဲ့သူတစ်ယောက်...ပြီးတော့ မိန်းမတစ်ယောက်နဲ့ပဲလက်ထပ်လိုက်ရသည်ငြား အိမ်ထောင်သည်ဖြစ်တော့မှာပါ..အဲ့ဒါကို မောင့်ကိုလက်ထပ်ဖို့စောင့်နေခဲ့ရင် ကျွန်မက အကျင့်ပျက်နေတဲ့မိန်းမတစ်ယောက်ပဲမဟုတ်လားမောင်....မောင် ကျွန်မကိုအဲ့ဒီလိုမိန်းမဖြစ်စေချင်သလား"
"မောင်ပြောတာအဲ့လိုအဓိပ္ပာယ်မဟုတ်ဘူးလေ လွန်းရယ်"
"ကျွန်မနဲ့မောင် ရေစက်ရှိရင် ပေါင်းဖက်ရမှာပါ...အဲ့ဒါကြောင့် ကျွန်မတို့ကံကိုသာ ယုံလိုက်ရအောင် မောင်ရယ်"
"လွန်းပြောတာမှန်ပါတယ်..ကံပါပဲလေ..ကံတရားကအခွင့်အရေးပေးရင် မောင်တို့ပေါင်းဖက်ရဦးမှာပါ...ဒါပေမဲ့ လွန်းကို မောင်အမြဲစောင့်နေမယ်ဆိုတာကိုတော့ လွန်းမမေ့ပါနဲ့"
"ကျွန်မ မှတ်ထားပါ့မယ်မောင်"
အဲ့ဒီနေ့က မောင်ကိုထားခဲ့ပြီးထပြန်လာခဲ့တဲ့လမ်းတစ်လျှောက်မှာသခင့်ရဲ့ ကျဆင်းခဲ့တဲ့မျက်ရည်တွေမောင်မမြင်ခဲ့ဘူးမဟုတ်လား။မောင့်အမြင်မှာ သခင်ကအသည်းမာတဲ့မိန်းမဆိုပေမဲ့ ချစ်သူနဲ့ကွဲကွာရတဲ့မိန်းမတစ်ယောက်ဖြစ်နေချိန်မှာတော့အသည်းမမာနိုင်ခဲ့ပါဘူးမောင်ရယ်....
17.1.2024
#သခင်
Zawgyi
"လြန္း ေမာင္ကဒီမွာ"
ခပ္လွမ္းလွမ္းမွလက္ခါျပကာ မိမိအားလွမ္းေခၚလိုက္ေစာေမာင့္ေၾကာင့္ ေမာင္႐ွိရာဆီသို႔ခပ္သြက္သြက္ေလးလွမ္းလာလိုက္သည္။
ေမာင့္ဟန္ပန္ကေလးသည္ျပဳံးေပ်ာ္ေနသေယာင္ဟုထင္ရသည္။ေမာင္သည္ဒီေန႔မွ အရင္ေန႔ေတြထက္ ႐ႊင္ျပေနသေယာင္။
ေမာင့္ရဲ႕အခုလိုမ်က္ႏွာလည္းညိႇဳးငယ္သြားမွာမလိုခ်င္ပါ။ဒါေပမဲ့မၾကာေတာ့တဲ့အေျခအေနမွာ ေမာင္သည္ေသခ်ာေပါက္မျပဳံးမ႐ႊင္ျဖစ္ရေတာ့မည္။ဒါေတြအားလုံးသည္ဟိုသားအဖေၾကာင့္သာ။အထူးသျဖင့္ အဲ့ဒီမိန္းကေလးေၾကာင့္သာ။
ၿပီးေတာ့ သခင့္ေၾကာင့္ေပါ့ေလ။
"လြန္းအတြက္ေမာင္ေကာ္ဖီမွာထားတယ္ေနာ္လြန္း"
ေမာင့္စကားကိုလ်စ္လ်ဴ႐ွဴလိုက္ရင္း သခင္ေျပာခ်င္တဲ့အေၾကာင္းအရာကိုသာဦးတည္လိုက္သည္။
"ကြၽန္မ ေမာင့္ကိုေျပာစရာ႐ွိလို႔ ခ်ိန္းလိုက္တာပါ"
"ေျပာေလ လြန္းရဲ႕"
လာခ်ေသာေကာ္ဖီတစ္ခြက္ကိုသာ ေငးၾကည့္ရင္း ေမာင့္မ်က္ႏွာကိုေတာ့လ်စ္လ်ဴ႐ွဴထားရျပန္သည္။အခုအခ်ိန္မွာ ေမာင့္မ်က္ႏွာကို မၾကည့္ရက္ပါ။ဒါေပမဲ့လည္း အျဖစ္မေနရင္ဆိုင္ျဖစ္မဲ့အေျခအေနေတြပဲမဟုတ္လား။
"ကြၽန္မတို႔လမ္းခြဲမွျဖစ္မယ္ေမာင္"
"ေမာင့္ကိုမေနာက္ပါနဲ႔လြန္း..ေမာင့္ကိုဒီလိုစတာေမာင္စိတ္ဆိုးတယ္"
ေမာင့္မ်က္ဝန္းမွာအံ့ဩမႈကေလးတစ္စြန္းတစ္စေတာ့ျဖတ္သြားျခင္းကိုသတိထားမိလိုက္သည္။ ထပ္ေျပာမဲ့စကားေတြကိုသာေမာင္ၾကားရင္ ေမာင္ရဲ႕မ်က္ႏွာ၌ျဖစ္သြားနဲ႔အမူအရာကို ေတြးမၾကည့္ဝံ့ပါ။
ေမာင္သည္သခင့္ကိုသိပ္ခ်စ္တာသိသည္။ေမာင့္အေနနဲ႔ သိပ္ကို အံ့ဩထိန္႔လန္႔ရမည္မဟုတ္လား။
"ေမာင့္ကိုစေနတာမဟုတ္ဘူးေမာင္..တကယ္ေျပာေနတာ...ကြၽန္မ ဒီတစ္ပတ္ထဲလက္ထပ္ရေတာ့မယ္"
"လြန္း...ေမာင့္ကိုဘယ္လိုေတြေျပာေနတာလဲကြာ"
သခင္တို႔ထိုင္ေနတဲ့ဆိုင္ကေလးသည္တိတ္တိတ္ဆိတ္ဆိတ္လည္း႐ွိလွသည္။
စားပြဲဝိုင္းေလးေတြကသုံးခုေလာက္သာ႐ွိ
သည့္အျပင္ တစ္ဝိုင္းနဲ႔တစ္ဝိုင္းသည္လည္း အနည္းငယ္ေဝးကြာသျဖင့္ သခင္တို႔ေျပာစကားေတြကိုေတာ္႐ုံျဖင့္မၾကားႏိုင္ပါ။လမ္းေဘးဆိုင္ေလးျဖစ္သျဖင့္ အမိုးအကာကလည္း သစ္ပင္ကေလးဆိုေတာ့ေလေအးေအးေလးေတြတိုက္ခတ္ေနသည္။ဒီလိုအခ်ိန္အခါေလး၌ခ်စ္သူႏွစ္ဦးခ်စ္စကားႀကိဳက္စကားေလးေတြသာဖြဲ႕ႏြဲ႕သင့္သည္မဟုတ္လား ။အခုမ်ားေတာ့.....
"ကြၽန္မညာေနတာမဟုတ္ဘူးေမာင္...အတည္ေျပာေနတာပါ"
"ေမာင့္ကိုနားလည္ေအာင္ေျပာပါဦး လြန္းရယ္...ေမာင္အရမ္းစိတ္ထိခိုက္ေနၿပီ"
ေမာင္ကမ်က္ႏွာကိုလက္နဲ႔သပ္ခ်ရင္းဆိုလာသည္။
ဒါသည္ ေမာင္စိတ္႐ႈပ္ရင္လုပ္ေနက်အျပဳအမူတစ္ခု။
"ေဖေဖကကြၽန္မကို မိန္းကေလးတစ္ေယာက္နဲ႔အိမ္ေထာင္ခ်ေပးဖို႔စီစဥ္ေနတာ...မွားလို႔ေမာင္..စီစဥ္ၿပီးၿပီ"
"ဘယ္လိုလြန္း..မိန္းကေလးတစ္ေယာက္နဲ႔ဟုတ္သလားလြန္း..ေမာင္နားၾကားမွားလိုက္တာလား"
တြန္းခ်ိဳးသြားတဲ့မ်က္ခုံးေတြ ။အံ့ဩသြားတဲ့ေမာင့္ရဲ႕အမူအရာေတြ။
"တကယ္ပါ..ကြၽန္မလက္ထပ္ရမဲ့သူကမိန္းမတစ္ေယာက္ပါေမာင္"
"လြန္းရယ္ ဘယ္လိုျဖစ္ႏိုင္မွာလဲ...
ကဲထားပါ..တကယ္ဆိုရင္ေရာလြန္းကမျငင္းခဲ့ဘူးလား"
"ျငင္းပါေသးတယ္...ဒါေပမဲ့"
ဆက္မေျပာခ်င္ေတာ့။တစ္ခါေတြးမိတိုင္းတစ္ခါအသည္းနာရသည္။ေက်းဇူးဆိုတဲ့ဂုဏ္ေတြနဲ႔ ခ်ည္ခဲ့ၾကတာပဲေလ။ဘယ္လိုျငင္းဆန္ႏိုင္ခဲ့ပါ့မလဲ။
"ဟူး...လြန္းေမာင္တို႔ခိုးေျပးရေအာင္"
ေမာင့္ကိုၾကည့္လိုက္ေတာ့ညာေန
ဟန္ႏွင့္မတူပါ။ေမာင္သည္ မညာတတ္ေသာလူမ်ိဳး။လိမ္ညာလွည့္ျဖားျခင္းကိုကိုယ္တိုင္မႏွစ္သက္ခဲ့သလို ေမာင္သည္လည္းထိုသို႔ေသာလူမ်ိဳးမဟုတ္ခဲ့။ဒါေၾကာင့္လည္းေမာင့္ကိုေ႐ြးခ်ယ္ခဲ့တာ။ေမာင့္ကိုခ်စ္ခဲ့မိတာသည္ႏွလုံးသားကစတင္ခဲ့တာေတာ့မဟုတ္ခဲ့ပါ။ဦးေႏွာက္ရဲ႕ အသိေပးမႈမွတစ္ဆင့္ႏွလုံးသားထဲသို႔ေရာက္႐ွိခဲ့ရတာ။
"ကြၽန္မ မလုပ္ႏိုင္ဘူးေမာင္"
"ဘာလို႔လဲ လြန္းရယ္..ဒီလိုမွမလုပ္ရင္ ေမာင္တို႔ေဝးၾကရေတာ့မွာလြန္းရဲ႕"
"ကြၽန္မ ဒီပြဲကိုလက္ခံထားၿပီးၿပီေမာင္"
"လြန္း "
ေမာင့္ရဲ႕ေဒါသသံနဲ႔ေခၚလိုက္တဲ့အသံသည္အနည္းငယ္ေတာ့က်ယ္ေလာင္သြားသည္ ။ထိုအခါမွေမာင္ဟာ သက္ျပင္းတစ္ခ်က္ခ်ရင္း မိမိလက္ကေလးအားလာကိုင္သည္။
"ေမာင္ လြန္းနဲ႔မခြဲႏိုင္ဘူး လြန္းရဲ႕"
တိုးလ်လ်နဲ႔သူ႕သေဘာထားအားေတာင္းဆိုသလိုအေျပာအားသနားမိသလို အားနာရျပန္သည္။
ေမာင့္သေဘာေမာင့္ဆႏၵကို သခင္လိုက္ေရာႏိုင္မွာမဟုတ္ေသာေၾကာင့္သာျဖစ္သည္။
"သူ႕ကိုလက္ထပ္မွျဖစ္မွာေမာင္...ကြၽန္မတစ္ခါေျပာဖူးတဲ့မိန္းကေလးပါ...ကြၽန္မတို႔ အိမ္ရယ္ျခံရယ္..ၿပီးေတာ့ ေဆးေက်ာင္းတက္တာကအစ သူ႕အေဖက ေထာက္ပံ့ေပးခဲ့တာ...ဒါေတြအားလုံးရဲ႕ေက်းဇူးကိုေထာက္ၿပီး ကြၽန္မသူ႕ကိုလက္ထပ္ရေတာ့မွာ"
အံကိုႀကိတ္ထားကာ မ်က္ရည္မက်ေစရန္ထိန္းထားရင္း ေမာင့္ ရင္ဘတ္ကၾကယ္သီးကိုသာေငးၾကည့္ေနမိသည္။မိမိစကားအဆုံး၌ မိမိ၏လက္မ်ားကိုကိုင္ထားေသာေမာင့္လက္ကေလးသည္ တျဖည္းျဖည္းေျပေလ်ာ့လာကာ ေမာင့္လက္ႏွင့္သခင့္လက္တို႔ လြတ္သြားသည္။ေမာင္သည္သိသင့္တာသိသြားၿပီထင္ပါရဲ႕။သူလည္းဒီအေျခအေနကို ဘယ္လိုမွ မတားဆီးႏိုင္တာကိုေပါ့။
"လြန္းသူ႕ကို ခ်စ္သလား..အခုလက္ထပ္မဲ့မိန္းကေလးကိုေလ"
"မုန္းတယ္..သူ႕ကို ကြၽန္မအရမ္းမုန္းတယ္ေမာင္"
"လြန္း ဒါဆို ေမာင့္ကိုကတိတစ္ခုေပးႏိုင္မလား"
"ေမာင္ေျပာၾကည့္ပါ..ေပးႏိုင္တဲ့ကတိဆိုေပးပါ့မယ္"
"အဲ့ဒီမိန္းကေလးကို ဘယ္ေတာ့မွမခ်စ္လာေစရပါဘူး၊တစ္သက္လုံးမုန္းေနပါ့မယ္လို႔ ေမာင့္ကိုကတိေပးပါလြန္း"
"ေမာင္ဘာလို႔ဒီကတိကိုေတာင္းရတာလဲ"
"ေမာင္စိတ္ပူတယ္...လြန္းသူ႕ကိုအေနနီးၿပီးခ်စ္သြားမွာေမာင္ေၾကာက္တယ္လြန္းရဲ႕"
ေမာင့္မ်က္ဝန္းမွာပူပန္မႈေတြစိုးရိမ္မႈေတြႀကီးစိုးေနတာကိုခံစားမိသည္။
ေမာင္သည္သခင့္ကိုအဲ့သေလာက္ထိခ်စ္ခဲ့တာပါ။
"အဲ့ဒီအတြက္ေတာ့ေမာင္စိတ္ခ်ပါ..ကြၽန္မသူ႕ကိုအရမ္းမုန္းတာပါ..ဟိုးငယ္ငယ္ကတည္းကမုန္းခဲ့တာ..အခုလည္းဒီအတိုင္းပဲ ..ေနာက္လည္းမုန္းေနမွာပဲ...သူ႕ကိုခ်စ္ဖို႔ဆိုတာ စိတ္ကူးနဲ႔ေတာင္မျဖစ္ႏိုင္တဲ့အရာေတြပါ ေမာင္ရယ္"
အဲ့ဒီအခ်ိန္က ထိုစကားကိုအခိုင္အမာေျပာျဖစ္ခဲ့သည္။တကယ္ပဲ ထိုစကားသည္မွန္ကန္လိမ့္မည္ဟုယုံၾကည္ခဲ့မိသည္။
"ဒါေပမဲ့ လြန္းငယ္ငယ္ကတည္းကသူနဲ႔အတူႀကီးျပင္းလာခဲ့တာမဟုတ္လား..လြန္းသူ႕အေပၚသံေယာဇဥ္႐ွိေနရင္ေရာ...သံေယာဇဥ္ကေနအခ်စ္ျဖစ္သြားမွာကိုေမာင္ေၾကာက္တာ"
"ငယ္ငယ္ကတည္းကအတူတူေပါင္းလာရတာကလည္း ကြၽန္မမွအဲ့ဒီမိသားစုကိုမလြန္ဆန္ႏိုင္ခဲ့တာ..အထူးသျဖင့္ေဖေဖ့ကိုေပါ့..အားလုံးဟာကြၽန္မစိတ္နဲ႔ကြၽန္မကိုယ္မျဖစ္ခဲ့ရတာေတြခ်ည္းပါပဲ...အဲ့ဒီအတြက္ေတာ့သံေယာဇဥ္ျဖစ္မွာမပူပါနဲ႔...သူ႕ကိုမုန္းတာကလည္းႏွလုံးသားမွာနစ္ဝင္ေနတာမို႔ သူ႕ကိုခ်စ္ဖို႔ဆိုတာလုံးဝျဖစ္မလာႏိုင္တဲ့ကိစၥပါ.."
သခင္သည္ စကားတစ္ခြန္းကိုလည္း ခပ္ေပါ့ေပါ့ေလးေျပာခဲ့ပါသည္။
"ၿပီးေတာ့ကြၽန္မက မိန္းမေတြကိုစိတ္မဝင္စားဘူး ေမာင္"
"ဘာပဲျဖစ္ျဖစ္လြန္းလက္ထပ္ရမဲ့သူကေယာက်္ားတစ္ေယာက္မဟုတ္တာဘဲေတာ္ေသးတယ္ေျပာရမယ္....ဒါဆို ေမာင့္မွာေမွ်ာ္လင့္လို႔ရေသးတာေပါ့....ေမာင့္အခုအေျခအေနနဲ႔ လြန္းကိုဘာမွမလုပ္ေပးႏိုင္လို႔ သာသူမ်ားလက္ထဲထည့္လိုက္ရတာပါ...စိတ္ခ်ပါ ေမာင္အတတ္ႏိုင္ဆုံးႀကိဳးစားမွာပါ..ေမာင္ ခ်မ္းသာတဲ့တစ္ေန႔ လြန္းသူနဲ႔ကြဲၿပီးေမာင့္ကိုလက္ထပ္ပါေနာ္...ေမာင္လြန္းကိုအဲ့ဒီအခ်ိန္ထိေစာင့္ပါ့မယ္"
ေမာင္သည္လည္း သခင့္လိုေဆးေက်ာင္းသားတစ္ဦးပဲျဖစ္သည္။ေမာင္သည္လည္းခ်မ္းသာတဲ့မိသားစုကေတာ့မဟုတ္ခဲ့ပါ။သခင့္ေဘးနားမွာ ခ်မ္းသာတဲ့သူေဌးသားေတြဝိုင္းေနတဲ့ၾကားမွ ႐ိုးသားႀကိဳးစားတဲ့
ေမာင့္ကိုေ႐ြးခ်ယ္ခဲ့သည္။ေမာင္သည္ ေငြေၾကးမခ်မ္းသာတာကလြဲလို႔ စိတ္ဓာတ္ပိုင္းေရာ႐ုပ္ရည္မွာပါ ျပည့္စုံတဲ့သူတစ္ဦးပါ။ထင္လင္းဂုဏ္ရည္ဆိုတဲ့နာမည္နဲ႔လိုက္ဖက္လြန္းစြာ ေမာင္သည္ ေကာင္းမြန္တဲ့ဂုဏ္သတင္းနဲ႔သာေက်ာ္ၾကားခဲ့သည္။ေမာင့္ေဘးနားမွာမိန္းမလွေလးေတြဝိုင္းေနတဲ့ၾကားမွေမာင္က သခင့္ကိုခ်စ္ႀကိဳက္ခဲ့သတဲ့ေလ။
"ကြၽန္မ မေရရာတဲ့အနာဂတ္အတြက္ေတာ့ ေမာင့္ကိုေမွ်ာ္လင့္ခ်က္မေပးခ်င္ပါဘူး..ကြၽန္မဘက္က အရင္ေဖာက္ဖ်က္ခဲ့တဲ့စည္းမို႔ ေမာင့္ဘက္ကကြၽန္မ မဟုတ္တဲ့အျခားမိန္းကေလးကို ခ်စ္သြားလည္းကြၽန္မအျပစ္တင္မွာမဟုတ္သလို၊ကြၽန္မၾကည္ျဖဴပါတယ္..အဲ့ဒါေၾကာင့္ ကြၽန္မကိုေစာင့္ပါလို႔ မေျပာခ်င္ဘူးေမာင္"
"ေမာင့္ကို ခ်စ္တယ္မလားလြန္း"
"ေမာင္ မသိလို႔မ်ားေမးသလား"
"ခ်စ္ရင္ေစာင့္ပါတဲ့...ေမာင္ကေတာ့လြန္းကိုခ်စ္လို႔ေစာင့္ေနမယ္..လြန္းလည္းေမာင့္ကိုေစာင့္ေပးပါေနာ္"
"ကြၽန္မေမာင့္ကိုခ်စ္တယ္ ...ေနာင္လည္းခ်စ္ေနမွာ..ဒါေပမဲ့ ေစာင့္ေနမယ္လို႔ေတာ့ကတိမေပးႏိုင္ဘူးေမာင္..ကြၽန္မကမၾကာခင္မွာ သက္ဆိုင္သူ႐ွိေတာ့မဲ့သူတစ္ေယာက္...ၿပီးေတာ့ မိန္းမတစ္ေယာက္နဲ႔ပဲလက္ထပ္လိုက္ရသည္ျငား အိမ္ေထာင္သည္ျဖစ္ေတာ့မွာပါ..အဲ့ဒါကို ေမာင့္ကိုလက္ထပ္ဖို႔ေစာင့္ေနခဲ့ရင္ ကြၽန္မက အက်င့္ပ်က္ေနတဲ့မိန္းမတစ္ေယာက္ပဲမဟုတ္လားေမာင္....ေမာင္ ကြၽန္မကိုအဲ့ဒီလိုမိန္းမျဖစ္ေစခ်င္သလား"
"ေမာင္ေျပာတာအဲ့လိုအဓိပၸာယ္မဟုတ္ဘူးေလ လြန္းရယ္"
"ကြၽန္မနဲ႔ေမာင္ ေရစက္႐ွိရင္ ေပါင္းဖက္ရမွာပါ...အဲ့ဒါေၾကာင့္ ကြၽန္မတို႔ကံကိုသာ ယုံလိုက္ရေအာင္ ေမာင္ရယ္"
"လြန္းေျပာတာမွန္ပါတယ္..ကံပါပဲေလ..ကံတရားကအခြင့္အေရးေပးရင္ ေမာင္တို႔ေပါင္းဖက္ရဦးမွာပါ...ဒါေပမဲ့ လြန္းကို ေမာင္အၿမဲေစာင့္ေနမယ္ဆိုတာကိုေတာ့ လြန္းမေမ့ပါနဲ႔"
"ကြၽန္မ မွတ္ထားပါ့မယ္ေမာင္"
အဲ့ဒီေန႔က ေမာင္ကိုထားခဲ့ၿပီးထျပန္လာခဲ့တဲ့လမ္းတစ္ေလွ်ာက္မွာသခင့္ရဲ႕ က်ဆင္းခဲ့တဲ့မ်က္ရည္ေတြေမာင္မျမင္ခဲ့ဘူးမဟုတ္လား။ေမာင့္အျမင္မွာ သခင္ကအသည္းမာတဲ့မိန္းမဆိုေပမဲ့ ခ်စ္သူနဲ႔ကြဲကြာရတဲ့မိန္းမတစ္ေယာက္ျဖစ္ေနခ်ိန္မွာေတာ့အသည္းမမာႏိုင္ခဲ့ပါဘူးေမာင္ရယ္....
17.1.2024
#သခင္