ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

98.9K 13.7K 161

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 61

684 102 1
By Swae_Nyoe

61 01

အပိုင်း (၆၁)

ကျန်းကျိရင်သည် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူသည် တစ်ဖက်လူ၏ ထွေးပွေ့မှုတွင် ကိုယ်ကိုမှီထား၍ မျက်နှာကို နှစ်မြှပ်ထားလေသည်။ ထိုသူကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။

ပထမဦးဆုံးအကြိမ်အဖြစ် သူသည် ထိုသူကို အမှန်တကယ် ဖက်ထားလိုက်ခြင်း ဖြစ်လေသည်။

ထိုသူ၏ ခန္ဓာကိုယ်မှာ ကိုယ်သင်းရနံလေးနှင့်အတူ နွေးထွေး၍ အင်အားကောင်း လှလေသည်။

ကျန်းကျိရင်၏ နှလုံးသားသည် အနည်းငယ် ခုန်နေလေသည်။

သူသည် ထိုကဲ့သို့ ထူးခြားဆန်းကြယ်သောကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက် များစွာ ရှိနေလေသည်။ ချောကလက် မတော်တဆမှုနှင့် အခြားသောဖြစ်ရပ်များ ဖြစ်ပွားပြီးနောက်တွင် ယင်ညန်သည်လည်း ထိုလောကနှစ်ခုအကြောင်းကို သိနှင့်နေသူဖြစ်ကြောင်းကို လုံးဝ မှန်းဆမိသွားလေသည်။ သို့သော် သူသည် အမှန်တရားမှာ ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ချေ။ ယင်ညန်သည် လူသားတစ်ယောက် မဟုတ်သလို ဤလောကကြီး၏ ဖြစ်တည်မှုဖြစ်နေသော ဂိမ်းဇာတ်ကောင်တစ်ခုလည်း မဟုတ်ချေ။ သူ့အနေဖြင့် ဤနေရာသို့ ရောက်ရှိနေရခြင်းအကြောင်းသည် ယင်ညန်သည် သူ့အား ယာဉ်မတော်တဆမှုမှ ကယ်တင်ပေးချင်ခဲ့သောကြောင့် ဖြစ်လေသည်။

သူသည် ဦးခေါင်းကိုမော့လိုက်ကာ ကောင်းကင်မှ လဝန်းကြီးကို ကြည့်လိုက်လေသည်။ ထို့နောက် သူ့အရှေ့မှ သူ၏ မေးစေ့ကို မော့ကြည့်လိုက်ကာ တီးတိုးပြောဆို လိုက်လေသည်။ "ဟုတ်တာပေါ့..."

ထာဝရဆိုသော စကားလုံးသည် သူ့အတွက်တော့ စိတ်မသက်မသာ ခံစားရလေသည်။ အချိန်များသည် ထာဝရဖြစ်တည်နေသောအခါ ပြောင်းလဲမှုများလည်း ဖြစ်တော့မည် မဟုတ်ချေ။ ထို့အပြင် သူ၏ချစ်သူသည် ထာဝရဟူသော စကားကို ပြောလိုက်သည်ဆိုလျှင် ထိုအရာသည် အမှန်တကယ်ပင် ထာဝရဖြစ်သွားမည် ဖြစ်လေသည်။

သို့သော် သူ၏ တွဲဖက်သည် ထိုသူဖြစ်နေလေသည်။ ထို့ကြောင့် သူသည်လည်း ဆန္ဒရှိလေသည်။ မည်သည့်ကိစ္စများပင် ဖြစ်လာပါစေ သူ့အနေဖြင့် ဆန္ဒရှိလေသည်။

ယင်ညန်သည် အလွန်ပင် ပျော်ရွှင်နေပုံရလေသည်။ သူ၏ ပုံမှန်အားဖြင့် အေးစက်နေတတ်သော မျင်နှာပေါ်တွင်လည်း ကလေးတစ်ဦးကဲ့သို့ အပြုံးပန်းများနှင့် ဖုံးလွှမ်းနေလေသည်။ သူသည် ကျန်းကျိရင်၏ နဖူးလေးကို အနမ်းပေးလိုက်ကယ ညင်သာစွာ ပြောလိုက်လေသည်။ "ငါ့ကို စောင့်နေနော်..."

ကျန်းကျိရင်သည် ထိုစဉ်က ထိုစကားလုံးနှစ်လုံး၏ နောက်ကွယ်မှ ဆိုလိုရင်းကို သဘောမပေါက်ခဲ့ပေ။

သူသည် သူ့အနေဖြင့် နားမလည်နိုင်သော မေးခွန်းအချို့ကို မေးမြန်းလိုက်လေသည်။ "ယင်ညန်... မင်း ဘာဖြစ်လို့ ဒေါက်တာဝိုင်ဇာတ်ရုပ်အတိုင်း ဆက်ပြီး ဟန်ဆောင်နေရတာလဲ..."

"ပထမဦးဆုံးအနေနဲ့ ငါက ဒီနည်းလမ်းအတိုင်း လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုကို လေ့လာချင်ခဲ့တာ..."

ယင်ညန်သည် ဦးခေါင်းကို တစ်ဖက်သို့လှည့်လိုက်ကာ ကျန်းကျိရင်အား နွေးထွေးပြီး ကြည်လင်နေသော မျက်ဝန်းအစုံဖြင့် ကြည့်လိုက်လေသည်။

"နောက်ပိုင်းကျတော့ ငါက ဒီလောကကြီးကို ငါတို့နှစ်ယောက် အချိန်တိုင်း အတူရှိနေနိုင်မဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးချင်လိုက်တာ။ အဲဒါကြောင့် ငါက ပိုင်မောင်အဖွဲ့အစည်းရဲ့ ဒေါက်တာရင်ကို မိတ်ဆက်လိုက်တာ။ မင်း ဒီလောကကြီးကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ငါက ဒေါင်တာဝိုင် ဖြစ်လိမ့်မယ်။ မင်းက မင်းအလိုရှိတဲ့ပုံစံအတိုင်း တည်ဆောက်ဖို့ ဒီလောကကြီးကို ဖျက်ဆီးပစ်လိုက်လို့ရတယ်။ မင်းက ဒီလောကကြီးကို ကယ်တင်ပြီး ပြန်လည်တည်ဆောင်ချင်တယ်ဆိုရင် ငါက အရာရာတိုင်းမှာ မင်းကို ကူညီပေမဲ့ ယင်ညန်ဖြစ်လိမ့်မယ်။ ငါက မင်းဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်နေမဲ့သူပဲ..."

ထိုကဲ့သို့ပြောနေရင်းဖြင့် ယင်ညန်သည် အလွန်ပင် တည်ငြိမ်နေလေသည်။ သူသည် ထိုအရာကို စိတ်အရှိအတိုင်း ဆော့ကစားနိုင်သော ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ထားသကဲ့သို့ပင်။

ကျန်းကျိရင်သည် တံတွေးပင် မျိုချလိုက်လေသည်။ သူသည် တရားမျှတမှုနှင့် မကောင်းမှုများကို သာမန်ကာလျှံကာမျှသာ သဘောထားသော်လည်း သူသည် ကိုယ်ကျင့်တရားကိုလည်း တန်ဖိုးထားလေသည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်ကိုလည်း ရိုးရှင်းစွာ ရှင်းလင်းပြလေသည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ ထိုလောကကြီးကို ကျိရင် နှစ်သက်သော ပုံစံအဖြစ်တည်ဆောက်ကာ နောင်အနာဂတ်တွင် သူနှင့်အတူ ထာဝရ နေထိုင်ချင်စေရန် ဖြစ်လေသည်။ ထိုအရာသည်သာ အောင်မြင်သွားမည်ဆိုလျှင် အခြားအရာများသည် ကိစ္စမရှိပေ။

ကျန်းကျိရင်သည် သူ၏လက်ကို ဆုပ်ကိုင်လိုက်ကာ သူ၏ အခြားလက်တစ်ဖက်ဖြင့် သူ၏နှခေါင်းကို တို့ထိလိုက်လေသည်။ "ငါက တည်​ငြိမ်မှုရှိပြီး စည်ကားတဲ့လောကကြီးကို ပိုသဘောကျတာ။ ငါတို့ ကမ္ဘာပျက်သွားမှာကို အဆုံးသတ်ပစ်နိုင်မှာလား..."

ယင်ညန်သည် ထိုအကြောင်းကို တွေးတောနေလေသည်။ "ရုတ်တရက်ကြီး ဖုတ်ကောင်တွေကို ချေမှုန်းပစ်လိုက်ပြီး အခြားတွန်အားတွေက လောကကြီးရဲ့ ဟန်ချက်ကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်။ တကယ်လို့ လောကကြီးသာ ဟန်ချက်ပျက်သွားမယ်ဆိုရင် သူ့ဘာသာသူ ပျက်စီးသွားလိမ့်မယ်..."

61 02

ထိုအချိန်တွင် ကျန်းကျိရင်သည် သူ့အား စကားဖြတ်ပြောလိုက်လေသည်။ "အဲဒါက ပြဿနာမဟုတ်ဘူး။ ငါတို့ လောကကြီး မပျက်စီးသွားခင် နည်းနည်းချင်းစီ သူ့ပုံစံအတိုင်း တည်ဆောက်သွားလို့ ရတာပေါ့..."

ယင်ညန်သည် လောကကြီးကို ဟန်ချက်ပျက်အောင် မဖျက်ဆီးနိုင်သော်လည်း ဤလောကကြီး၏ အချိန်နှုန်းများကို ထိန်းချုပ်နိုင်လေသည်။ ထိုအရာကို ဤလောကကြီးထဲမှ သူများသည် မသိရှိကြသော်လည်း ကျန်းကျိရင်သည် ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။ သူသည် သူ့ချစ်သူ၏ လက်မောင်းများကြားတွင် မျက်ဝန်းများကို ပိတ်ထားရင်း အချိန်အနည်းငယ် ကြာပြီးနောက်တွင် အစစ်အမှန် လောကကြီးထဲတွင် နိုးထလာလေသည်။

သူသည် အလွန်အမင်း စိတ်လှုပ်ရှားမှုများ၊ တုန်လှုပ်မှုများနှင့်အတူ ကွန်ပျူတာကို ဖွင့်လိုက်လေသည်။ ထို့နောက် ဂိမ်းထဲသို့ ဝင်လိုက်ကာ ချောကလက်ပါဝယ်ရင်း အနမ်း စတစ်ကာနှင့်အတူ ပေးပို့လိုက်လေသည်။

"ကောင်းမွန်သော မနက်ခင်းလေးပါ..."

ကျန်းကျိရင်သည် အပြင်တွင် လူချင်းတွေ့ဆုံရခြင်းထက် ကွန်ပျူတာထဲတွင် ပို၍ ရဲတင်းနေလေသည်။

ထို့နောက် သူသည် စတင်၍ ရေးလိုက်လေသည်။

အနမ်း စတစ်ကာလေးဖြင့် "ငါ့ကို စောင့်နေနော်... သတိရတယ်... ဝိုင်..."

အဲဒီဟာက ဆိုးဝါးတယ်ဆိုတာ သိသာထင်ရှားတယ်။ ငါတို့ အဲဒီအကြောင်းကို ပြောထားရင်တောင်မှ မင်းအနေနဲ့ မဆင်မခြင် မလုပ်သင့်ဘူး။ သူတို့ လွန်ခဲ့တဲ့ ငါးမိနစ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဒီအကြောင်းကို ပြောခဲ့တယ်ဆိုတာ သိသာတယ်။ သူက ကျူးကျော်သူတစ်ယောက်ဆိုတာကို ဂိမ်းကုမ္ပဏီက သိသွားရင် ဘယ်လိုလုပ်မလဲ။

သို့သော် ကျန်းကျိရင်သည် ၁၂၃ အချစ်ပုံပြင်များ၏ နည်းပညာကို သိရှိလေသည်။ သူတို့သည် ယင်ညန်ကို ဖော်ထုတ်နိုင်စွမ်း မရှိကြချေ။

ကျန်းကျိရင်သည် သူ၏မျက်နှာကို မညှာမတာ ပွတ်လိုက်လေသည်။ သူသည် ရင်ဘက်ကို ကာလိုက်ကာ ဆေးကြေရန် ထလိုက်လေသည်။ သူသည် အလုပ်နောက်ကျနေပြီ ဖြစ်လေသည်။

ကံမကောင်းချင်တော့ သူ၏ နှလုံးခုန်နှုန်းသည် စားပွဲတွင် မထိုင်လိုက်ခင်အတောအတွင်း ပုံမှန်အနေအထားသို့ မရောက်ရှိခဲ့ပေ။

သူသည် တစ်နေ့တာလုံးကို ဝေဝါးသော တွေးတောမှုများနှင့်သာ ကုန်ဆုံးနေခဲ့လေသည်။ တစ်ခါတစ်ရံတွင် သူသည် စိတ်ပျံ့လွင့်နေလေသည်။ သူသည် အသိစိတ်ပြန်ဝင်လာသောအခါ သူ့အနေဖြင့် စဉ်းစားတွေးတောနေသမျှသည် ထိုသူအကြောင်းသာ ဖြစ်နေတော့သည်။

ထိုနေ့ညတွင် လရောင်သည် လွန်စွာ လှပနေလေသည်။ ထိုသူသည်လည်း လွန်စွာ တက်ကြွနေတော့သည်။

ကျန်းကျိရင်သည် သက်ပြင်းချလိုက်ကာ သူ၏အလုပ်ကို အပြီးသတ်နေလေသည်။

သူသည် ပုံမှန်လုပ်နေကျအတိုင်း အလုပ်ဆင်းကာ အိမ်ပြန်ရန် ရထားစောင့်နေလေသည်။ သူသည် သူ၏တိုက်ခန်းအောက်မှ ယွမ်တစ်ဆယ်တန် ဘမ်းမုန့်ပေါင်းများကို ဝယ်ယူကာ အပေါ်ထပ်သို့ သယ်ယူခဲ့လေသည်။ သူသည် အိမ်တံခါးကို ဖွင့်လိုက်သောအခါ အခန်းမီးလင်းနေသည်ကို မြင်လိုက်ရလေသည်။

သူ၏ ဆိုဖာငယ်လေးပေါ်တွင် လူတစ်ယောက်ထိုင်နေကာ ထိုသူသည် သူ၏တောက်ပနေသော မျက်ဝန်းနက်များဖြင့် သူ့အား ကြည့်နေလေသည်။

"ကျိရင်... မင်း ပြန်လာပြီလား..."

ယင်ညန်သည် ကျန်းကျိရင်အား သူသည် မည်ကဲ့သို့ ဤခန္ဓာကိုယ်အား ရရှိလာကြောင်းကို ရှင်းပြနေသော်လည်း ကျန်းကျိရင်သည် နားမလည်နိုင်ပေ။ သူ့အနေဖြင့် အကြမ်းဖျင်း သိနားလည်လိုက်သည်က ဤခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ရေနံများပင် ဖြစ်လေသည်။

သို့သော်လည်း သူသည် ယင်ညန်ပြောဆိုသမျှကို လေးနက်စွာ နားထောင်နေလေသည်။

သူသည် ထိုသူပြောသမျှကို နှစ်သက်လေသည်။

မူလအားဖြင့် စကားနည်းပြီး အေးစက် စိမ်းကားတတ်သော သူတစ်ယောက်သည် သင့်အား စိတ်ပါလက်ပါဖြင့် လေးလေးနက်နက် စကားပြောဆိုလာသောအခါ။ အရေးအကြီးဆုံးသော အချက်မှာ သင့်အနေဖြင့် ထိုသူသည် သင့်ဘဝထဲသို့ ရောက်ရှိလာမည်ဟု ထင်မထားခြင်းပင်။ ကျန်းကျိရင်သည် ထိုသူကို ကြည့်လိုက်သောအခါ သူ့အနေဖြင့် ပျော်ရွှင်သွားသည်ဟု ခံစားရလေသည်။

သူသည် ယင်ညန်ထံသို့ တိတ်ဆိတ်စွာဖြင့် ဘမ်းမုန့်ပေါင်းတစ်ခုကို ကမ်းပေးလိုက်လေသည်။ ထိုအရှင်သခင်လို လူမျိုးသည် ညစာအတွက် ဘမ်းမုန့်ပေါင်းကို ဝယ်ယူမည့်သူ မဟုတ်ကြောင်းကိုလည်း တွေးနေမိသည်။ ဝယ်ယူခဲ့လျှင်တောင် တစ်ခုကို ဆယ့်ငါးယွမ်သာ တန်သော မုန့်ကို ဝယ်ယူမည် ဖြစ်လေသည်။

ယင်ညန်သည် ဘမ်းမုန့်ပေါင်းကို ပျော်ရွှင်စွာ စားသောက်နေလေသည်။

သူသည် ကျိရင်နှင့်လည်း ပျော်ပျော်ရွှင်ရွှင် စကားပြောနေလေသည်။

61 03

သူသည် ကျိရင်ကို ထွေးပွေ့နိုင်ခြင်း၊ ထိတွေ့နိုင်ခြင်း၊ အနမ်းပေးနိုင်ခြင်းနှင့် ကျိရင်နှင့်အတူ နေရာတိုင်း၊ အချိန်တိုင်းတွင် အတူရှိနေရခြင်းတို့ကို တွေးတောမိကာ အလွန် ပျော်ရွှင်နေတော့သည်။

သူ့အတွက်တော့ အစစ်အမှန်လောကကြီးထဲတွင် ကျိရင်နှင့်အတူရှိနေနိုင်ခြင်းသည် မလွယ်ကူလှပေ။ ယင်ညန်သည် စိတ်လှုပ်ရှားစွာဖြင့် ကျိရင်ကို အလိုရှိကြောင်း၊ သူနှင့် အချိန်တိုင်းတွင် အတူရှိလိုကြောင်းကို ပြောပြလေသည်။

ထို့ကြောင့် သူသည် လောကကြီးနှင့် အစစ်အမှန်ကြားမှအချိန်ကို ပြောင်းလဲလိုက်လေသည်။ သူသည် ကျန်းကျိရင်၏ ဆက်သွယ်မှုကို မဖြတ်တောက်ပစ်နိုင်ပေ။ ထိုကဲ့သို့သာ မဟုတ်လျှင် မိုးကြိုးများကို ထိန်းချုပ်နေသူ ခေါင်းဆောင်ကျန်းသည် ဤလောကကြီးမှ ရုတ်တရက် ပျောက်ကွယ်သွားနိုင်လေသည်။ ထို့ကြောင့် သူသည် အချိန်နှုန်းကို နှေးစေရန်သာ တက်နိုင်လေသည်။ သို့မဟုတ် ကျန်းကျိရင်ကို လောကအစစ်အမှန်ထဲတွင် ကြာကြာနေနိုင်အောင် အချိန်များကို ရပ်တန့်ထားနိုင်လေသည်။ ထိုအခါ အခြားတစ်ဖက်တွင် အချိန်သည် လျင်လျင်မြန်မြန် ကုန်ဆုံးသွားမည် မဟုတ်တော့ချေ။

ထိုညတွင် ကျန်းကျိရင်သည် ပုံမှန်အတိုင်းသာ အိပ်စက်လိုက်ကာ လောကကြီးထဲသို့ ပြန်မဝင်ခဲ့ပေ။

သို့သော် သူသည် အစစ်အမှန် ပြဿနာများနှင့် ရင်ဆိုင်လိုက်ရလေသည်။

ယခင်တုန်းက ကျန်းကျိရင်သည် အိမ်ဝယ်ရန်၊ ကားဝယ်ရန်နှင့် မိသားစုဘဝကို တည်ဆောက်ရန်ဟူသောကိစ္စများကို မတွေးတောမိခဲ့ချေ။ သူသည် သူကိုယ်တိုင် ငှားရမ်းထားသော အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းသာ ပါဝင်သော တိုက်ခန်းငယ်လေးကို နှစ်သက်လေသည်။ သူသည် နေ့တိုင်း ရထားစီးသွားလေ့ရှိသည်။

သို့သော် ယခုအချိန်တွင်တော့ မတူညီတော့ချေ။ သူ၏အိမ်တွင် နောက်ထပ်လူတစ်ဦး ပိုလာပြီ ဖြစ်သည်။ သူသည် သူဝယ်ပေးထားသော အဝတ်အစားများကို ဝတ်ဆင်ထားသော ယင်ညန်ကို ကြည့်လိုက်တိုင်းတွင်...

အေးစက်၍ ရည်မွန်ကြော့ရှင်းလှသော ဗီလိန်သခင်လေးသည် သူ့အနေဖြင့် တွေ့ကရာဆိုင်မှ ဝယ်လာသော တစ်ယောက်အိပ်ခုတင်နှင့် ခုံငယ်လေးပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူ့အနေဖြင့် ထိုသခင်လေးအပေါ်တွင် မှားယွင်းနေသည်ဟု ခံစားလိုက်ရလေသည်။

သို့သော် ယင်ညန်သည် မောင်ပေါင်းအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူသည် မော်ဒယ်များထက်ပင် ကြည့်ကောင်းနေသေးသည်။ ထိုအဝတ်အစားများကို သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသောအခါ ထိုအဝတ်များမှာ အရည်အသွေးကောင်းမွန်နေသကဲ့သို့ပင်။ ကျန်းကျိရင်သည် သူ၏ အမှားများဟု ခံစားနေရသေးသည်။ သူသည် ထိုသခင်လေးအား သူ၏အိမ်သို့ လာရောက်ရန် တွန်အားမပေးခဲ့သင့်ပေ။ ထိုသူအား သူရရှိသင့်သော အစားအသောက်များနှင့် ကောင်းမွန်သော ဘဝကို မပေးနိုင်ခဲ့ပေ။

ထို့အပြင် မနက်တိုင်းနှင့် ညနေခင်းတိုင်းတွင် ယင်ညန်သည် သူ့အား ရထားလမ်းခရီးဖြင့် အလုပ်သွားအလုပ်ပြန်ရာတွင် အဖော်ပြုပေးချင်နေသည်။ ကျန်းကျိရင်သည် သခင်လေးရင်ကို ရထားဖြင့် ခေါ်ဆောင်သွားရန် တုံ့ဆိုင်းနေလေသည်။ သို့သော် ရထားလက်မှတ်ခသည်လည်း ပို၍ မြင့်မားသွားပြီ ဖြစ်လေသည်။ တစ်ဦးတည်းစီးမည်ဆိုလျှင် အသွားအပြန်ကို ဆယ်ယွမ်ကျသင့်မည် ဖြစ်လေသည်။ ထို့ကြောင့် ကားဝယ်စီးခြင်းက ပိုအဆင်ပြေလေသည်။

ကျန်းကျိရင် ယုံကြည်ထားသည်က ယင်ညန်သာ အနားမှာရှိနေမည်တိုလျှင် ကားဝယ်ခြင်းနှင့် အိမ်ဝယ်ခြင်းသည် ပြဿနာ မရှိခြင်းပင် ဖြစ်လေသည်။

ရှေးလူကြီးများ ပြောသော စကားရှိလေသည်။ "ကိုယ့်ဘဝကို စည်းစနစ်တကျ ဖြစ်အောင်လုပ်ပါ။ ဒါဆိုရင် မင်းရဲ့အိမ်ကိုလည်း စနစ်တကျ ထားနိုင်လိမ့်မယ်..." အခုဆိုလျှင် သူ၏ မိသားစုသည်လည်း ပြီးပြည့်စုံသွားပြီ ဖြစ်လေသောကြောင့် သူ၏ အလုပ်ရည်မှန်းချက်ကို ပြည့်စုံစေရန် လုပ်ဆောင်တော့မည် ဖြစ်သည်။

ထိုအချိန်တုန်းက သူ၏ ဘွဲ့ယူချိန်လည်း နီးကပ်လာနေပြီး သူသည် အလုပ်တစ်ခုရရန် စဉ်းစားမိလေသည်။ ထိုအလုပ်သည် ဖိအားများ၍ ယှဉ်ပြိုင်မှုလည်း များလေသည်။ ထိုအလုပ်သည် ပထမတန်း ကုမ္ပဏီတစ်ခုဖြစ်၍ လစာလည်း ကောင်းမွန်လှလေသည်။ ထိုအချိန်တုန်းက သူသည် ယှဉ်ပြိုင်မှုများနှင့် ကျဆုံးမှုများကို ကြောက်ရွံ့ခဲ့လေသည်။ ထို့ကြောင့်သူသည် ကြိုးစားရန်မလိုအပ်သော လက်ရှိအလုပ်ကို ရွေးချယ်ခဲ့လေသည်။

ယခုအချိန်တွင် လစာများများရရှိပြီး သူလိုချင်သော အလုပ်မျိုးကို ရှာဖွေတော့မည် ဖြစ်လေသည်။

သူလိုချင်သော အလုပ်ပုံစံသည် လူ့အင်အား သိပ်မလိုအပ်ပေ။ ကျန်းကျိရင်သည် သက်ဆိုင်ရာအလုပ်တွင် သုံးနှစ်လေ့လာခဲ့ပြီး ဖြစ်လေသည်။ အများစုသည် စာရွက်စာတမ်းများနှင့် အခြားအရာများ ဖြစ်လေသည်။ သူ၏ ထင်မြင်ချက်သည် ရိုးရှင်းလှသည်။ ထို့ကြောင့်သူသည် စာတွေ့​ဖြေဆိုမှုကို လျင်လျင်မြန်မြန် အောင်မြင်သွားသည်။ အင်တာဗျူးအတောအတွင်းတွင် သူ၏ တည်ငြိမ်မှုနှင့် ယှဉ်ပြိုင်လိုစိတ်များကြောင်း လွယ်ကူစွာ အောင်မြင်သွားလေသည်။

ကျန်းကျိရင်သည် သူနှင့် သူ၏ သခင်လေးတို့သည် ခံစားချက်များအကြောင်းကို ပြောဆိုစဉ်ကတည်းက အရာအားလုံးသည် အဆင်ပြေသွားမည်ကို ခံစားလိုက်ရလေသည်။

သူသည် အလုပ်ထွက်စာတင်ရန် လက်ရှိအလုပ်သို့ ပြန်လာခဲ့လေသည်။ သူ၏ သူဋ္ဌေးသည် အလွန် ဝမ်းနည်းနေပုံရလေသည်။ သူအရင်က ပြောခဲ့သည်က သူ၏ လုပ်ဆောင်ချက်များသည် ကောင်းမွန်၍ အခြားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင် ဟူ၍။ တကယ်တော့ သူသည် သူ့အား ရာထူးတိုးပေးချင်နေလေသည်။

61 04

ကျန်းကျိရင်သည် သူ့အား ကျေးဇူးတင်စကားပြောလိုက်ကာ သိမ်းဆည်းစရာများကို သိမ်းရန် သူ၏စားပွဲသို့ လာခဲ့လေသည်။

သူထွက်ခွာသွားတော့မည်ကို လုပ်ဖော်ကိုင်ဖက်များကလည်း သိရှိကြလေသည်။ ထို့ကြောင့် သူ့အနားတွင် ဝိုင်းနေ၍ စကားပြောဆိုနေကြလေသည်။ "ရှောင်ကျန်း... မင်း ထွက်သွားတော့မယ်ပေါ့။ ဒါဆို ငါနဲ့ နေ့လယ်စာ အတူစားမဲ့သူ မရှိတော့ဘူးပဲ။ ဒါပေမဲ့ မင်းက ငယ်ပါသေးတယ်။ မင်းမှာ အရည်အချင်းတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေ အများကြီး ရှိနေသေးတာပဲ။ မင်းက အရာရာတိုင်းကို လုပ်ဆောင်နိုင်ပြီး အကန့်အသတ်မရှိတဲ့ ထင်မြင်ချက်တွေလည်း ရှိနေတာပဲ..."

ကျန်းကျိရင်သည် ပုံမှန်အတိုင်းသာ ပြောလိုက်ချင်သော်လည်း မကြွားဝါဘဲနှင့် မနေနိုင်ချေ။ "တကယ်တော့ သော့ချက်က ငါဆီမှာ အခု တွဲဖက်ရှိနေပြီလေ... မကြာခင်တုန်းက သူက ငါနဲ့အတူ လာနေတယ်လေ။ အဲဒါကြောင့် ငါက ပိုက်ဆံစုပြီး သူ့အတွက် သက်တောင့်သက်သာ နေလို့ရအောင် တိုက်ခန်းဝယ်ပေးချင်လို့လေ..."

သွေကျိုးလဲ့: "ရည်းစားရသွားတဲ့အခါ လူတစ်ယောက်က ပြောင်းလဲသွားတယ်။ မိန်းကလေးတွေက မင်းကို သဘောကျနေကြတာက ကောင်းပါတယ်။ မင်းကို တစ်ချက်ကြည့်လိုက်တာနဲ့ မင်းကောင်မလေးကို ဂရုစိုက်မဲ့သူဆိုတာ သိနိုင်ပါတယ်..."

ကျန်းကျိရင်သည် အင်တာနက်ပေါ်မှ စာတစ်ပြောင်းကို သတိရလိုက်လေသည်။ "မဟုတ်သေးဘူး.. ငါက မိသားစုကို ထောက်ပံ့ပေးဖို့ တာဝန်ယူထားရတဲ့သူပဲ။ သူက အလှအပအတွက်သာ တာဝန်ရှိတဲ့သူပါ..."

သူ၏စိတ်ထဲတွင် ပြောနေသည်က သူသည် သူ၏ ကောင်မလေးမဟုတ်ပေ။ ကောင်လေးဟုလည်း ပြော၍မရနိုင်ချေ။ ယင်ညန်သည် လူသားတစ်ယောက်ပင် မဟုတ်ပေ။ သူ့ကို အရှင်သခင်ဟု ခေါ်ဆို၍ ရနိုင်မည်လား။

အမှန်တကယ်တော့ သူသည် သခင်လေးကို ဖျက်ဆီးနေခြင်း မဟုတ်ပေ။ သခင်လေးရင်သည် ကိုယ်ပိုင်အမှတ်အသားများမရှိသလို ဘွဲ့ထူးများလည်း မရှိပေ။ သူသည် ရွှေနိုင်ငံ အဖွဲ့အစည်း၏ ဓာတ်ခွဲခန်းမှ မွေးထုတ်ထားသော ဉာဏ်ရည်တု စက်ရုပ်ဖြစ်လေသည်။ ထို့ကြောင့် သူ့တွင် နိုင်ငံကူးလက်မှတ်လည်း မရှိပေ။

သူသည် ဒေါက်တာဝိုင်၏ အသွင်အပြင်အတိုင်း နေထိုင်နေသေးသည်။ သို့သော် ထိုအရာက သူ့အနေဖြင့် ၁၂၃ အချစ်ပုံပြင်များကို ဖန်တီးသူများကို ရှာဖွေနိုင်ကာ သူ့အား မွေးစာရင်းထုတ်ပေးရန် တောင်းဆိုနိုင်ခြင်းမျိုး မဟုတ်ပေ။

ထိုအရာသည် စိတ်ပူစရာကောင်းလေသည်။ သူတို့၏ လက်ရှိအနေအထားနှင့် မည်ကဲ့သို့ လက်ထပ်ရမည်ကို မသိတော့ချေ။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။ 

Continue Reading

You'll Also Like

72.6K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...
221K 39.3K 77
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး
38.6K 4.5K 51
Title- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်...