Blank Charge (Myanmar Transla...

By lowkey_not_Loki

13.1K 1.6K 98

Language Chinese Author Empty Chrysanthemum 空菊/Kong Ju Year 2022 Status in COO 66 Chapters တရားသူကြီး×ရှေ့နေ ... More

Description
1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
attention
20.1

13

333 73 11
By lowkey_not_Loki

#Unicode
အခန်း(၁၃)
ကျွန်တော် လမ်းခွဲခံလိုက်ရပြီ
<<<<<

ချင်ကျိုးက အခြားသူများ သူ့ခေါင်းကို ထိတွေ့ခြင်းကို မကြိုက်ချေ။

၎င်းက အမျိုးသားတစ်ယောက်၏ ဂုဏ်သိက္ခာအတွက် အရေးပါသည်လားတော့မသိ တစ်ယောက်ယောက်က သူ့ခေါင်းကို ထိတွေ့ခြင်းက အလွန်ရှက်ဖွယ်ကောင်းသည်ဟု အမြဲတမ်းခံစားရသည်။

သူ၏ အတန်းဖော်တစ်ယောက်က သူ့ခေါင်းကို လာထိခဲ့လျှင် ထိုသူများကို အနောက်မှလိုက်ဖမ်းရလျှင်ပင် သေချာပေါက် ပြန်လည်ပေးဆပ်ခိုင်းမည်ဖြစ်သည်။ ထို့နောက်တွင် ထိုသူများ၏ခေါင်းကို ပြန်လည်ထိတွေ့ကာ ထပ်တူတပ်မျှခံစားခိုင်းပြီး အကြွေးကြေအောင်လုပ်မည်ဖြစ်သည်။

သို့သော်လည်း သူကျောင်းသားဘဝတွင် ယန်းရှီးယွီက သူ၏ ခေါင်းကို ပထမဆုံးအကြိမ်ထိလိုက်ချိန်တွင် ချင်ကျိုးတစ်ယောက် လက်ထဲတွင်ရှိသော ဖတ်စာကိုသာ တွေတွေကြီးငေးနေမိခဲ့ပြီး သူ့နားရွက်များ နီရဲသွားခဲ့သည်ကိုပင် သတိမိထားမိခဲ့ပေ။

ထိုအချိန်က ချင်ကျိုးက အထက်တန်းဒုတိယနှစ်ဖြစ်ပြီး ခက်ခဲလှသည့် အိမ်စာ တစ်ပုဒ်ကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ခဲ့၍ ဖြစ်နိုင်သည်။ ယန်းရှီးယွီက သူ့ကို ဂုဏ်ပြုပေးသည့်အနေဖြင့် သူ့ခေါင်းကို အသာအယာပွတ်သပ်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် ခေါင်းပွတ်ပေးခြင်းမှာ "ငါပြောတာ နားထောင်"အပြင် သူတို့ကြားတွင် ဖြစ်တည်လာခဲ့သော နောက်ထပ် အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ ချင်ကျိုး ကောင်းကောင်းမွန်မွန်ပြုမူပြီး ယန်းရှီးယွီ၏ လမ်းညွှန်ချက်များအတိုင်း စာသေချာလေ့လာခဲ့လျှင် ယန်းရှီးယွီက အလေ့အကျင့်အရ ချင်ကျိုး၏ခေါင်းကို ပွတ်သပ်ပေးမည်ဖြစ်သည်။

ချင်ကျိုးက ထိုအထူးအခွင့်အရေးကို ယန်းရှီးယွီကိုသာပေးကြောင်း မည်သူမျှမသိပေ။ သူ့မိဘများကိုပင် သူ့ခေါင်းကို ထိတွေ့ခွင့်မပြုချေ။

ချင်ကျိုး ဘေ့စ်ဘောဦးထုပ်ကို အိမ်ခန်းထဲတွင် ချိတ်ထားလိုက်ပြီးနောက်တွင် ဦးထုပ်၏အဖျားပိုင်းကို လက်ညှိုးဖျားလေးဖြင့် ပွတ်သပ်လိုက်ပြီး စိတ်ဓာတ်ကျနေသော လေသံဖြင့် ဦးထုပ်ကို မေးလိုက်သည်။
"သူ တကယ် ဘာတွေ တွေးနေလဲဆိုတာ မင်းသိလား?"

ယန်းရှီးယွီက အပြစ်ရှိသလိုခံစားရကြောင်း အလေးအနက်ပြောခဲ့ပြီး ချင်ကျိုးကို မိုးရေစိုမည်ကိုစိုးရိမ်၍ ဦးထုပ်ပင် ဆောင်းပေးခဲ့သေးသည်။ သို့သော်လည်း ချင်ကျိုး ထိုအချိန်က သူ့အဖေကိုင်တွယ်ခဲ့သော အမှုအကြောင်း တစ်ဖက်လူကို မေးခွန်းထုတ်ချိန်တွင် ထိုနှုတ်လုံလှသည့်လူက ချင်ချင်းဆိုသလို တိတ်ကျသွားခဲ့ပြန်သည်။

အဝတ်ကြိုးတန်းပေါ်တွင် ချိတ်ဆွဲထားသော ဘေ့စ်ဘောဦးထုပ်က ရှေ့နောက် အကြိမ်ကြိမ်လွှဲရမ်းနေပြီး တဖြေးဖြေးရပ်တန့်သွားခဲ့သည်။ ချင်ကျိုး ဦးထုပ်ကို လက်ညှိုးဖြင့်တို့လိုက်ပြီး ငြီးတွားလိုက်သည်။
"မင်းက ဘာလို့ စိတ်ဖတ်တဲ့ နည်းတွေမသိရတာလဲ?"

ဤဦးထုပ်တွင် အထူးစွမ်းအင်များရှိနေလျှင် ကောင်းပေလိမ့်မည်။

စိုထိုင်းနေသော ဦးထုပ်က နှစ်ခါမျှ ရမ်းခါသွားပြီးမှ သူအပြစ်ကင်းကြောင်း ‌အသနားခံနေသလို ငြိမ်ကျသွားခဲ့သည်။

ချင်ကျိုး မရှင်းပြနိုင်သည့် ကူကယ်ရာမဲ့မှုနဲ့ စိတ်မရှည်မှုတို့ကို ခံစားလိုက်ရသည်။ သူ ဦးထုပ်၏အဖျားကို အားဖြင့် ရိုက်ချလိုက်ပြီး ၎င်းကို အဝတ်ကြိုးတန်းတွင် သနားစရာကောင်းလောက်အောင် အကြိမ်ရေများတွင် လည်သွားစေခဲ့သည်။

_____

နောက်တစ်နေ့.....

ချင်ကျိုး ကားပြင်ဆိုင်သို့ရောက်ချိန်တွင် ပုံမှန်လို လူသူကင်းရှင်းနေကြောင်း မြင်လိုက်ရသည်။

ရှောင်ဝူက ယခုအချိန်တွက် လုပ်စရာမရှိ၍ စားပွဲနောက်တွင် ထိုင်နေပြီး သူ့ဖုန်းကို စိတ်လွတ်သလိုကြည့်နေ၍ ချင်ကျိုး ရောက်လာသည်ကို သတိမထားမိခဲ့ပေ။

"ဘာတွေကြည့်နေတာလဲ?"
ချင်ကျိုး ဘေးနားမှ ထိုင်ခုံတစ်လုံးကို ခြေထောက်ဖြင့် လှမ်းယူလိုက်ပြီး ရှောင်ဝူဘေးတွင် ထိုင်လိုက်သည်။

"ချင်ကော...."
ရှောင်ဝူက ဒုက္ခရောက်နေသော အမူအရာဖြင့် မော့ကြည့်လာသည်။
"ကျွန်တော် မေးခွန်းတစ်ခုမေးလို့ရမလား?"

"မေးလေ..."
ချင်ကျိုးက သူ့သူငယ်ချင်းများကို အစ်ကိုကြီးတစ်ယောက်လို အမြဲတမ်းစောင့်ရှောက်ပေးတတ်သူဖြစ်သည်။ သူက ဘဝရေးရာအကြံဉာဏ်များအပြင် လုပ်ငန်းနှင့် ပတ်သတ်သည့် ကိစ္စများကိုလည်း အကြံပေးနိုင်သေးသည်။

"ကောက ရည်းစားတွေအများကြီးထားဖူးတယ် မဟုတ်လား?"
ရှောင်ဝူက ဗဟုသုတများကို ဆာလောင်နေသော ကျောင်းသားတစ်ယောက်နှယ် ချင်ကျိုးကို သမင်မျက်လုံးလို ရွှန်းလဲ့နေသော မျက်လုံးလေးများဖြင့် ကြည့်လာသည်။

ချင်ကျိုး ခဏမျှတုန့်ဆိုင်းသွားသော်လည်း ခပ်တည်တည်နေရင်း ပြန်ဖြေလိုက်သည်။
"ဒါပေါ့..."

"ဒါဆို ကောရဲ့ ကောင်မလေး ဘာတွေးနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?"
ရှောင်ဝါက ချင်ကျိုး၏ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုကို ပြန်သတိထားမိ၍ စကားလုံးပြန်ပြင်ပြောလိုက်သည်။
"ကောရဲ့ ရည်းစားတွေးနေတာတွေကို ဘယ်လိုလုပ်နားလည်နိုင်မလဲ?"

ချင်ကျိုးက အပေါ်ယံတွင် တည်ငြိမ်နေဆဲဖြစ်ကာ မေးလိုက်သည်။
"မင်း ဘယ်တုန်းက ရည်းစားရသွားရတာလဲ?"

_ဘာပြန်ဖြေရမလဲ အဖြေဘာလဲမသိရင် စကားလမ်းကြောင်းပြောင်းပြီး စကားတွေသာ လှည့်ပတ်ပြောနေလိုက်... ကံကောင်းရင် ဖြတ်ကျော်နိုင် သွားလိမ့်မယ်...

"အတော်လေးတော့ကြာပြီ... ကျွန်တော်တို့ကို သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာလေ..."
ရှောင်ဝူ ရိုးရိုးသားသားဝန်ခံလိုက်သည်။
"ကျွန်တော်တို့က အတော်လေး တည့်ကြတယ်ဆိုပေမဲ့ တစ်ခါတစ်လေကြရင် သူမ ဘာတွေ ဒေါသထွက်နေလဲဆိုတာ ကျွန်တော် သဘောမပေါက်ဘူးရယ်..."

"ဥပမာပြောရရင်?"
ချင်ကျိုးက ရှောင်ဝူကို ဂုရုကြီးတစ်ယောက်လို လမ်းညွှန်ပေးနေသည့်ပုံပေါက်နေပြီး ရှောင်ဝူ သူ့ဘာသာသူ အဖြေရှာနိုင်သွားစေရန်ကြိုးစားနေသည်။ အမှန်တကယ်တွင် သူက ဘာမှမသိ၍ လျှောက်ရွှီးနေရုံသာလုပ်နိုင်သည်။

"မနေ့ညက ကျွန်တော် ဂိမ်းဆော့နေမိတော့ သူမရဲ့ မက်ဆေ့တွေကို ပြန်မဖြေဖြစ်ဘူးလေ... ကျွန်တော်ကတော့ သူမ စိတ်ဆိုးနေတယ်လို့ ထင်ပေမဲ့ သူမက မဟုတ်ပါဘူးလို့ပြောတယ်..."
ရှောင်ဝူ ပြောလာသည်။

ချင်ကျိုး အဓိကအချက်ကို ချက်ချင်းသိသွားပြီး မေးလိုက်သည်။
"သူမ စိတ်မဆိုးပါဘူးလို့ အတိအကျပြောတာလား?"

"ဟုတ်တယ်..."
ရှောင်ဝူ သူတို့အတွဲ၏ ဝီချက်မှ အပြန်အလှန်စကားများကို ပြလိုက်ပြီး ထိုကောင်မလေးက "စိတ်မဆိုးပါ"ဟု အတိအကျ စာပြန်ထားပြီး ရှောင်ဝူကို သူမ ရေချိုးတော့မည်ဟုပင် ပြောပြခဲ့သေးသည်။

"မင်း အတွေးလွန်နေတာ..."
ချင်ကျိုး နောက်ဆုံးတွင် မည်ကဲ့သို့ ပြန်ဖြေရမည်ကို သိသွားခဲ့သည်။
"ဒီလို ရိုးသားပွင့်လင်းတဲ့ ရည်းစားရထားတာ ဘယ်လောက်အထိ ရှားလဲဆိုတာ သိလား?"

"အဲ့လိုလား?"
ရှောင်ဝူ သံသယဖြစ်စွာမေးလိုက်သည်။
"အချို့ကောင်မလေးတွေက သူတို့ဘာတွေ တွေးနေလဲဆိုတာ ပြောပြမှာမဟုတ်ဘူး.... ဥပမာပြောရရင် မင်းက သူမကို ညစာဘာစားချင်လဲလို့မေးရင် သူမက 'ဘာဖြစ်ဖြစ်ရတယ်'လို့ ပြောပေမဲ့ မင်းဘက်က ဘဲကင်စားမလားလို့မေးရင် သူမက ဟင့်အင်းလို့ဖြေလိမ့်မယ်... ဟော့ပေါ့စားမလားလို့မေးရင်လည်း မစားဘူးလို့ဖြေလိမ့်ဦးမယ်... အဲ့တော့ မင်းဘက်က သူမတကယ် ဘာစားချင်နေလဲလို့မေးရင် 'ဘာပဲဖြစ်ဖြစ်' လို့ထပ်ဖြေပြန်ဦးမယ်လေ..."
ချင်ကျိုး သူ့ဘယ်ဘက်လက်ဖဝါးကို ညာဘက်လက်ဖမိုးဖြင့် ပုတ်လိုက်သည်။
"အဲ့လိုလူမျိုးနဲ့သာ တွဲရရင် ငရဲကျနေတာပဲမဟုတ်ဘူးလား? မင်းရဲ့ ကောင်မလေးကမှ တကယ်တော်သေးတာ... သူမ စိတ်မဆိုးပါဘူးဆိုရင် စိတ်မဆိုးကြောင်း တိုက်ရိုက်ပြောပြတယ်လေ..."

ရှောင်ဝူ တွေးစစဖြင့် ခေါင်းငြိမ့်လိုက်သည်။
"အဓိပ္ပါယ်ရှိသားပဲ...."

"ပြောရရင် မင်းကမှလွဲနေတာ... မင်း သူမကို စိတ်ဆိုးနေလားလို့ ဆက်မေးနေရင် တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာလိမ့်မယ်..."
ချင်ကျိုးပြောလိုက်သည်။
"သူမက စိတ်မဆိုးပါဘူးလို့ ပြောထားတယ်မလား... ယောက်ျားတစ်ယောက်လိုပြုမူပြီး ပိုပြီး လွတ်လွတ်လပ်လပ်နေစမ်းပါ..."

"နားလည်ပါပြီ ချင်ကော...."
ရှောင်ဝူ ကြည့်ရသည်မှာ "ယောက်ျားတစ်ယောက်လို"ဟူသော စကားကြောင့် ဓာတ်လိုက်သလို ခံစားလိုက်ရပုံပင်။ သူ့ဖုန်းကို ချက်ချင်းဆိုသလို ဘေးကိုချလိုက်ပြီး ဘယ်လိုစာပြန်ရမလဲ ဆက်တွေးမနေတော့ပေ။
"မိန်းမတစ်ယောက်ရဲ့ နှလုံးသားက ပင်လယ်သမုဒ္ဒရာလို နက်ရှိုင်းတယ်လို့ ပြောကြပေမဲ့ ချင်ကောက တကယ့်ကို သေသေချာချာနားလည်နေတာပဲ..."

"ဒီလောက်ကတော့ ဘာမှမဟုတ်ပါဘူး..."
ချင်ကျိုး မောက်မာစွာ လက်ခါရမ်းပြလိုက်ပြီး ပါးစပ်လုံလှသော ယန်းရှီးယွီအကြောင်း တွေးမိသွားပြီး မသိလိုက်မသိဘာသာဖြင့်ပြောလိုက်သည်။
"တကယ်တမ်းပြောရရင်... ယောက်ျားတွေရဲ့ နှလုံးသားကမှ ပင်လယ်သမုဒ္ဒရာလို နက်ရှိုင်းနေတာ...."

နှစ်ယောက်သား အချိန်ခဏကြာသည်အထိ လေပစ်နေခဲ့ကြသည်။ သိပ်မကြာခင်တွင် ရင်းနှီးနေသည့် ကားတစ်စီးက ဆိုင်တံခါးဝသို့ ရောက်လာခဲ့သည်။

လော့ရွှယ်ချင်းက လက်ထဲတွင် စာရွက်စာတမ်းများ ထည့်ထားသည့် အိတ်တစ်အိတ်ကိုကိုင်ပြီး ကားထဲမှဆင်းလာပြီး ချင်ကျိုးကို ခေါင်းငြိမ့်ပြလိုက်သည်။
"မင်္ဂလာပါ သူဌေးရေ... ကျွန်မရှင့်ကို ဒုက္ခပေးဖို့ ရောက်လာရပြန်ပြီ..."

ရှောင်ဝူက သူမကို နှုတ်ဆက်ရန် အလိုလိုထရပ်လာသော်လည်း ချင်ကျိုးက သူ့ကိုနောက်သို့ပြန်ဆွဲပြီး သူကိုယ်တိုင် မတ်တတ်ရပ်လိုက်သည်။
"ဘာဖြစ်လို့များလဲ? ကားနဲ့ ပတ်သတ်ပြီး နောက်ထပ်တစ်ကြိမ် ပြဿနာတက်ပြန်ပြီလား?"

ချင်ကျိုးက ယန်းရှီးယွီကို အာရုံစိုက်မနေမိစေရန်အတွက် အာရုံလွှဲနေစေရန် အလုပ်လုပ်စရာ တစ်ခုခု ရှာချင်နေခဲ့သည်။ ယခုအချိန်ရောက်လာသူက လော့ရွှယ်ချင်းမဟုတ်လျှင်ပင် ရှောင်ဝူကို နားခိုင်းထားပြီး သူကိုယ်တိုင်ဝင်လုပ်မည်သာဖြစ်သည်။

"မဟုတ်ဘူး ကားက အဆင်ပြေပါတယ်... လိမ်လည်မှုနဲ့ ပတ်သတ်တဲ့ဟာပါ..."
လော့ရွှယ်ချင်း စာရွက်စာတမ်းအိတ်ထဲမှ စာရွက်အပုံလိုက်ထုတ်လိုက်ပြီး ချင်ကျိုးကို ကမ်းပေးလိုက်သည်။
"ကျွန်မ ကားဝယ် စာချုပ်ရယ် အရောင်းကိုယ်စားလှယ်ဆီက ဘောင်ချာရယ်ယူခဲ့တယ်... ကျွန်မကတော့ အမှုနိုင်ဖို့ အခွင့်အရေးတွေရှိနေသေးတယ်ထင်တာပဲ... တစ်ချက်လောက် ကြည့်ပေးလို့ရမလား?"

တရားခွင်သို့ သွားကြသည့်လူအများစုက သူတို့ကိုယ်သူတို့ နိုင်ရန်အခွင့်အရေးရှိသေးသည် သို့မဟုတ် သူတို့မှန်သည်ဟု ထင်ကြသည်။ မဟုတ်ပါက သူတို့၏အချိန်နှင့် ပိုက်ဆံများကို တရားစွဲဆိုရာတွင် ဖြုန်းတီးကြမည်မဟုတ်ပေ။

ချင်ကျိုး ကားအဝယ်စာချုပ်ကို ကြည့်လိုက်သော်လည်း အထဲတွင် ထူးခြားသည့်အရာများ မပါကြောင်း တွေ့လိုက်ရသည်။ စံနှုန်းဖြင့်ရေးသားထားသော စာပိုဒ်များအားလုံးက ရောင်းသူ၏ အကျိုးအမြတ်များအပေါ်တွင် ဦးတည်၍ရေးသားထားသည်။

"ဘောင်ချာကို ကြည့်လိုက်ပါဦး..."
လော့ရွှယ်ချင်းက ခေါက်ထားသော စာအုပ်လေးကို ဖွင့်လိုက်ပြီး အထဲတွင်ရေးသားထားသော မောင်းနှင်နိုင်သည့် လုပ်ဆောင်ချက် ပုံစံများအကြောင်းကို လက်ညှိုးထိုးပြလိုက်သည်။
"ကားထဲမှာ မောင်းနှင်မှုပုံစံ သုံးခုရှိပြီး မြို့တွင်း/တောင်ပေါ်/ကန္တာရ ဆိုပြီး ရွေးချယ်လို့ရတယ်လို့ ပြောထားတယ်... ဒါပေမဲ့ ကျွန်မ ကားမှာက မြို့တွင်းနဲ့ တောင်ပေါ်ဆိုတဲ့ ပုံစံနှစ်ခုပဲရှိနေတယ်.. ဒါကိုရော လိမ်လည်မှုလို့ သတ်မှတ်လို့ရမလား?"

ချင်ကျိုး ဘောင်ချာတွင်ရေးထားသော အချက်အလက်များကို အသေအချာကြည့်နေပြီး တိတ်နေဆဲဖြစ်သည်။

"ဒီကိုကြည့်လိုက်ပါဦး..."
လော့ရွှယ်ချင်းက ဘောင်ချာပေါ်တွင် ပုံနှိပ်ထားသော စာကြောင်းလေးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီထဲမှ 'သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာဖြစ်သည်၊ မည်သည့် ကတိကဝတ်မှ မပေးအပ်ထား' လို့ရေးထားပေမဲ့ ကျွန်မ စာချုပ်မှာလက်မှတ်မထိုးခင်က ဘယ်ကိစ္စကိုမှ သတိမပေးဘူးလေ.. ဒါဆိုရင် သူတို့ဘက်က အသိပေးရမယ့်တာဝန် ပျက်ကွက်တယ်လို့ ပြောလို့ရမလား?"

ချင်ကျိုး ဘောင်ချာကို အောက်ချလိုက်ပြီး လော့ရွှယ်ချင်းကို ကြည့်လိုက်သည်။
"အခြား ရှေ့နေတွေနဲ့ရော တိုင်ပင်ဆွေးနွေးခဲ့ပြီးပြီလား?"

လော့ရွှယ်ချင်း ခဏတာမျှ အနည်းငယ်ရှက်ရွံ့သလိုခံစားလိုက်ရပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့...ဆွေးနွေးခဲ့ပြီးပြီ..."

၎င်းက ပုံမှန်ကိစ္စသာဖြစ်၍ ချင်ကျိုး အများကြီး တွေးမနေခဲ့ချေ။ ကားပြင်ဆိုင်တွင်ရှိနေသော ဥပဒေရေးရာကျွမ်းကျင်သူဆိုသူကို မည်သူက ယုံကြည်စိတ်ချသည်ဟု ခံစားရမည်နည်း။ သူတို့ ကားပြင်ဆိုင်တွင် မဆွေးနွေးခဲ့သော်လည်း တစ်ယောက်ယောက်က ဥပဒေအကျိုးဆောင် ကုမ္ပဏီများစွာကို ဆက်သွယ်ကြည့်ပြီး နှိုင်းယှဉ်ကြည့်သည်က လုံးလုံးလျားလျားအဆင်ပြေပေသည်။

လော့ရွှယ်ချင်း ရှင်းပြလိုက်သည်။
"ကျွန်မက သတိကြီးတတ်တဲ့လူတစ်ယောက်မလို့ပါ... ရှင်နားလည်ပေးမယ်လို့ မျှော်လင့်မိတယ်..."

"ကျွန်တော် စိတ်ထဲမထားပါဘူး..."
ချင်ကျိုးက မထူးဆန်းသလို ပခုံးတွန့်ပြလိုက်သည်။
"အပေါ်ထပ်သွားပြီး စကားသွားပြောကြရအောင်ပါ..."

အပေါ်ထပ်တွင်ရှိသော ဥပဒေအကျိုးဆောင် ကုမ္ပဏီလေးတွင် သွားရောက်ဆွေးနွေးရန် မဖြစ်မနေလိုအပ်သည်မဟုတ်ပါသော်လည်း ကားပြင်ဆိုင်နှင့်ယှဉ်ပါက ထိုနေရာက ပို၍ သင့်တင့်လျောက်ပတ်ပေသည်။

စွန်းရီက အားလပ်နေခဲ့၍ သူတို့အတွက် လက်ဖက်ရည်နှစ်ခွက် ပြုလုပ်ပေးခဲ့သည်။ ချင်ကျိုးနှင့် လော့ရွှယ်ချင်းတို့က ဧည့်သည်ဆိုဖာတွင် ထိုင်ရင်း ကိစ္စကို အသေးစိတ်ဆွေးနွေးကြတော့သည်။

"ဒါက တရားမဝင်လိမ်လည်မှုလို့ ပြောလို့ မရဘူးဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်းကြီးကို ပြောရဲတယ်..."
ချင်ကျိုး လက်ဖက်ရည်ခွက်ကို တည်တည်ငြိမ်ငြိမ်ကိုင်ထားပြီး စားပွဲပေါ်တွင်ရှိသော ဘောင်ချာရှိရာ နေရာကို မေးငေါ့ပြလိုက်သည်။

လောရွှယ်ချင်း မျက်မှောင်ကြုတ်သွားသည်။
"ဒါပေမဲ့ တခြား ဥပဒေအကျိုးဆောင်ကုမ္ပဏီတွေကတော့ မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောကြတယ်လေ..."

သူမက တစ်ခုထက်ပိုကုမ္ပဏီများဖြင့် ဆွေးနွေးခဲ့သည့် ပုံပင်။

"ဘယ်သူကမှ သူတို့တံခါးဝရှေ့ကို ရောက်လာတဲ့ အလုပ်ကို ငြင်းမှာမဟုတ်ဘူးလေ..."
ချင်းကျိုး ပြောလိုက်သည်။
"အမှုနိုင်ဖို့ အခွင့်အရေးက သေးငယ်နည်းပါးနေသေးတယ်ဆိုရင်တောင်မှ ရှေ့နေတွေဆိုတာက အမြဲတမ်း ကြိုးစားကြည့်ချင်ကြတာပဲ... မဖြစ်နိုင်ပါဘူးလို့ ဘယ်တော့မှ တိုက်ရိုက်ပြောကြမှာမဟုတ်ဘူး..."

"ဒါပေမဲ့ ရှင်ကတော့ ကျွန်မကို မဖြစ်နိုင်ပါဘူးလို့ ပြောနေတယ်လေ..."
လော့ရွှယ်ချင်း ပြောလာသည်။

"ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်းက ရှေ့နေလုပ်ငန်းပေါ်မှာမှ မှီခိုမနေတာ..."
အခြားရှေ့နေများနှင့်ယှဉ်လျှင် ချင်ကျိုးက ငွေကို ဦးစားပေးသည့်သူမဟုတ်ပေ။ သူ အမှုတစ်ခုကိုရှေ့နေလိုက်ရာတွင် ငွေကြေးနှင့်ပတ်သတ်သည့် ကိစ္စရပ်များကို ဖယ်ထုတ်ထားတတ်လေသည်။
"ကျွန်တော်အကြံပေးရမယ်ဆိုရင် ခေါင်းမာမာနဲ့ လိမ်လည်မှုဆိုပြီး ရှေ့ဆက်မတိုးနဲ့... လိမ်ညာ၍ ကြော်ငြာခြင်း နဲ့ရှေ့ဆက်တိုးတာ အကောင်းဆုံးပဲ..."

"လိမ်ညာပြီး ကြော်ငြာတယ်?"
လော့ရွှယ်ချင်း စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။
"လိမ်လည်မှုနဲ့ယှဉ်ရင် ကွာခြားမှုရှိလို့လား?"

"လိမ်လည်ခြင်းနဲ့ တရားစွဲရင် ခင်ဗျားကို သုံးဆအလျော်ပေးမယ်ဆိုပေမဲ့ လိမ်လည်ကြော်ငြာခြင်းကတော့ တကယ့်ကုန်ကျစရိတ်ကိုပဲ အလျော်ပေးမှာ ယွမ်ထောင်ကျော်လောက်လေးပေါ့..."
ယွမ်ထောင်ကျော်လေးက တရားခွင်အထိသွားရောက်ရန် ကုန်ကျစရိတ်ကို မကာမိပေ။ ချင်ကျိုး ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ခင်ဗျားက သတင်းထောက်ဖြစ်နေတာ ကောင်းတဲ့အရာပဲ...."

လော့ရွှယ်ချင်း ချင်ကျိုးပြောလိုက်သည့် စကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။
"ကျွန်မ အမှုနိုင်နေသမျှ လိမ်လည်မှုဖြစ်ဖြစ် လိမ်ညာ၍ ကြော်ငြာခြင်းဖြစ်ဖြစ် ပြည်သူလူထုရဲ့မျက်လုံးထဲမှာ အတူတူပဲမဟုတ်လား..."

"အမှန်ပဲ..."
ချင်ကျိုး ပြောလိုက်သည်။
"အမှုနိုင်တာကပဲ ဝယ်သူတွေကြားထဲမှာ သတိပြုမှုကို ထိထိရောက်ရောက်တိုးမြှင့်နိုင်မှာ..."
အမှုသာ ရှုံးသွားခဲ့ပါက ထိုလုပ်ငန်းက အယောင်ဆောင်လိမ်လည်မှုဖြင့် တံဆိပ်ကပ်ခံရမည်မဟုတ်ဘဲ လူအများ သတိပြုမိစေရန် လှုံ့ဆော်မှုက အကြီးအကျယ် ကျဆုံးသွားနိုင်သည်။

အမှု၏တိုးတက်မှုက မှန်းထားသလို ချောချောမွေ့မွေ့ဖြစ်မည်မဟုတ်သော်လည်း ချင်ကျိုး အကြံပေးလိုက်သည့် ဗျူဟာက အနည်းဆုံး အတော်လေး ယုံကြည်အားကိုးနိုင်ဖွယ်ရာရှိနေသည်။

"ကောင်းပြီလေ..."
လော့ရွှယ်ချင်း ခေါင်းငြိမ့်လိုက်သည်။ စကားဝိုင်းက လမ်းကြောင်းပြောင်းသွား၍ သူမက အခြားကိစ္စတစ်ခုကို ထပြောလိုက်သည်။
"အမှုလိုက်ဖို့ ရှေနေခ ဘယ်လောက်ကျမလဲလို့ မေးလို့ရမလား?"

ချင်ကျိုး ခဏမျှတွေးကြည့်လိုက်ပြီးမှ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
"အခု ယွမ် ၈၀၀လို့ပဲ ပြောကြတာပေါ့..."

လော့ရွှယ်ချင်း အံ့အားသင့်သွားရသည်။
"ယွမ်၈၀၀? ရှင်သေချာရဲ့လား?"

နှစ်ယောက်သား ပို၍အသေးစိတ်ကျစွာဆွေးနွေးလိုက်ကြပြီး လော့ရွှယ်ချင်း၏ သံသယများကို လုံးလုံးလျားလျား ဖြေဖျောက်ပေးနိုင်ခဲ့သည်။

ကိုယ်စားလှယ်အဖြစ်သဘောတူညီမှုအဖြစ် စာချုပ်ချုပ်ဆိုရာတွင် လက်မှတ်ထိုးချိန်မှ လော့ရွှယ်ချင်းက ချင်ကျိုး၏ နာမည်ကိုသိလိုက်ပြီး သူ့ကို ပဟေဠိဖြစ်နေသော အမူအရာဖြင့်ကြည့်လိုက်သည်။
"ရှင့် မျိုးရိုးနာမည်က ချင်လား?"

"ရင်းနှီးသလို ခံစားရလို့လား?"
ချင်ကျိုး ပြုံးလိုက်သည်။ ထိုမျိုးရိုးနာမည်ပိုင်ဆိုင်သူ လူအများအပြားမရှိ၍ သူ့တွင် ဖုံးကွယ်ရန် ရည်ရွယ်ချက်ရှိမနေပေ။
"ခင်ဗျား သူ့ကိုတော့သိလောက်မှာပေါ့... ချင်ဝေ့က ကျွန်တော့်အဖေလေ...."

လော့ရွှယ်ချင်း၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ချက်ချင်းဆိုသလို ပြူးကျယ်သွားခဲ့သည်။
"အဲ့ဒီ့တရားသူကြီးလေ?"

"အမှန်ပဲ..."
ချင်ကျိုးပြောလိုက်သည်။
"ဖြစ်နိုင်ရင် ကျွန်တော်လည်း ခင်ဗျားဆီကနေ အကူအညီတောင်းချင်သေးတယ်...."

လော့ရွှယ်ချင်းက ဉာဏ်ထက်သူဖြစ်၍ ချင်ကျိုး ဘာကြောင့် ရှေ့နေခအဖြစ် ယွမ်၈၀၀သာတောင်းကြောင်း ချက်ချင်းနားလည်သွားခဲ့သည်။ သူမ၏ နာမည်ကို စာချုပ်ပေါ်တွင် လက်မှတ်ထိုးရင်း အဆင်သင့်ဖြစ်စွာပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကျွန်မ ဘာများကူညီပေးရမှာလဲ?"

"အဲ့ဒီ့နှစ်က သတင်းတွေကို စစ်ဆေးပေးပြီး ကျွန်တော့်အဖေနဲ့ ပတ်သတ်နေတာများ ရှိနေလားဆိုတာ တစ်ချက်လောက်ကြည့်ပေးပါလား..."

သူတို့ အောက်ထပ်သို့ပြန်ဆင်းလာချိန်တွင် ကားပြင်ဆိုင်တွင် ကာစတမ်မာတစ်ယောက်မှ ရှိမနေခဲ့ပေ။ ရှောင်ဝူက ဆိုင်ပေါက်ဝရှေ့တွင် ဖုန်းပြောနေပြီး သူ့လေသံအရ တစ်ဖက်ကပြောနေသူက သူ့ကောင်မလေးဖြစ်နေသည့်ပုံပင်။

ချင်ကျိုး သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး လော့ရွှယ်ချင်း၏ အမှုနှင့် ပတ်သတ်သော စာဖိုင်များကို ပြန်စီနေစဉ်တွင် သူ့ဖုန်းက ရုတ်တရက်ဆိုသလို မြည်လာခဲ့သည်။ ဖုန်းခေါ်သူ IDကိုကြည့်လိုက်ချိန်တွင် အကျဉ်းထောင်တွင်အလုပ်လုပ်သော သူ့မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

"မင်း ဟိုအရင်နေ့တွေတုန်းက ငါ့ကိုစုံစမ်းခိုင်းခဲ့တဲ့ အချက်အလက်တွေကို ရှာတွေ့လာပြီ..."
ကျန်းချီကျင်းက ပြောသည်။
"ဝမ်တရုန်ထောင်ကျနေတုန်းက အမျိုးသမီးအကျဉ်းထောင်ကနေ စာပို့ဖော်သူငယ်ချင်းတစ်ယောက် ရလာခဲ့ပြီး သူထောင်ကလွတ်သွားတာတောင်မှ သူတို့နှစ်ယောက် အတူရှိနေကြတုန်းပဲ... သူမက တစ်ခုခုသိနေနိုင်တယ်...."

ကျန်းချီကျင်းက တရားရုံးတွင် စာရေးတစ်ယောက်ဖြစ်ခဲ့ဖူးပြီး ချင်ကျိုးကို အချိန်အတော်ကြာ သိနေခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် သူက ထောင်သားများ၏ ပေးစာများကို စီမံထိန်းသိမ်းရသူအဖြစ် အကျဉ်းထောင်သို့ တာဝန်ကျသွားခဲ့ပြီး အကျဉ်းသားများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များစွာကို သိလာခဲ့သည်။

"ကျေးဇူးတင်ပါတယ်..."
ချင်ကျိုးပြောလိုက်သည်။
"နောက်တစ်နေ့မှ မင်းကို ထမင်းဝယ်ကျွေးတော့မယ်..."

"မလိုပါဘူးကွာ... ဒါနဲ့ စကားမစပ်..."
ကျန်းချီကျင်း ဆက်ပြောလိုက်သည်။
"မင်းတို့မြို့နယ်ဘက်က တရားသူကြီးယန်းကလည်း ဒီနေ့မနက်က တောင်ဘက်ပိုင်းအကျဉ်းထောင်ကိုလာပြီး ဝမ်တရုန်ရဲ့ စာပို့ဖော်အကြောင်း မေးသွားသေးတယ်..."

ချင်ကျိုး ထိုစကားကိုကြလိုက်၍ မျက်ခုံးတစ်ဖက်ပင့်သွားရသည်။ ထိုခွေးကောင်ကတော့ တစ်ယောက်တည်း လှုပ်ရှားနေပြန်လေပြီ။

သို့သော်လည်း ယနေ့က သူ့အတွက် အကျိုးအမြတ်များစွာ ရသည့်နေ့ဖြစ်၍ တစ်ဖက်လူကို သွားမနှောင့်ယှက်ချင်တော့ပေ။

ကျေးဇူးတင်စကားပြောပြီးနောက်တွင် ဖုန်းချလိုက်ပြီး အမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို စတင်၍ စီနေလိုက်တော့သည်။ ထိုအချိန်တွင် ရှောင်ဝူက ဆိုင်အပေါက်ဝမှ စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ဝင်လာခဲ့သည်။

"ချင်ကော..."
ရှောင်ဝူက ချင်ကျိုးကို ရှုပ်ထွေးနေသော အမူအရာဖြင့်ကြည့်နေရင်း ကြိုးစားရုန်းကန်ရင်း ပြောလိုက်သည်။
"ကျွန်တော် လမ်းခွဲခံလိုက်ရပြီ..."

ချင်ကျိုး : "....."

*****
Word -3496
14.1.2024

နောက်ကျသွားတာတောင်းပန်ပါတယ်နော်

အားရှိအောင် commentလေးတွေ မန့်ပေးသွားကြပါဦး 😚❤


#Zawgyi
အခန္း(၁၃)
ကြၽန္ေတာ္ လမ္းခြဲခံလိုက္ရၿပီ
<<<<<

ခ်င္က်ိဳးက အျခားသူမ်ား သူ႔ေခါင္းကို ထိေတြ႕ျခင္းကို မႀကိဳက္ေခ်။

၎က အမ်ိဳးသားတစ္ေယာက္၏ ဂုဏ္သိကၡာအတြက္ အေရးပါသည္လားေတာ့မသိ တစ္ေယာက္ေယာက္က သူ႔ေခါင္းကို ထိေတြ႕ျခင္းက အလြန္ရွက္ဖြယ္ေကာင္းသည္ဟု အၿမဲတမ္းခံစားရသည္။

သူ၏ အတန္းေဖာ္တစ္ေယာက္က သူ႔ေခါင္းကို လာထိခဲ့လွ်င္ ထိုသူမ်ားကို အေနာက္မွလိုက္ဖမ္းရလွ်င္ပင္ ေသခ်ာေပါက္ ျပန္လည္ေပးဆပ္ခိုင္းမည္ျဖစ္သည္။ ထို႔ေနာက္တြင္ ထိုသူမ်ား၏ေခါင္းကို ျပန္လည္ထိေတြ႕ကာ ထပ္တူတပ္မွ်ခံစားခိုင္းၿပီး အေႂကြးေၾကေအာင္လုပ္မည္ျဖစ္သည္။

သို႔ေသာ္လည္း သူေက်ာင္းသားဘဝတြင္ ယန္းရွီးယြီက သူ၏ ေခါင္းကို ပထမဆုံးအႀကိမ္ထိလိုက္ခ်ိန္တြင္ ခ်င္က်ိဳးတစ္ေယာက္ လက္ထဲတြင္ရွိေသာ ဖတ္စာကိုသာ ေတြေတြႀကီးေငးေနမိခဲ့ၿပီး သူ႔နား႐ြက္မ်ား နီရဲသြားခဲ့သည္ကိုပင္ သတိမိထားမိခဲ့ေပ။

ထိုအခ်ိန္က ခ်င္က်ိဳးက အထက္တန္းဒုတိယႏွစ္ျဖစ္ၿပီး ခက္ခဲလွသည့္ အိမ္စာ တစ္ပုဒ္ကို မွန္မွန္ကန္ကန္ေျဖရွင္းႏိုင္ခဲ့၍ ျဖစ္ႏိုင္သည္။ ယန္းရွီးယြီက သူ႔ကို ဂုဏ္ျပဳေပးသည့္အေနျဖင့္ သူ႔ေခါင္းကို အသာအယာပြတ္သပ္ေပးလိုက္ျခင္း ျဖစ္သည္။

ထို႔ေနာက္တြင္ ေခါင္းပြတ္ေပးျခင္းမွာ "ငါေျပာတာ နားေထာင္"အျပင္ သူတို႔ၾကားတြင္ ျဖစ္တည္လာခဲ့ေသာ ေနာက္ထပ္ အေလ့အက်င့္တစ္ခု ျဖစ္လာခဲ့သည္။ ခ်င္က်ိဳး ေကာင္းေကာင္းမြန္မြန္ျပဳမူၿပီး ယန္းရွီးယြီ၏ လမ္းၫႊန္ခ်က္မ်ားအတိုင္း စာေသခ်ာေလ့လာခဲ့လွ်င္ ယန္းရွီးယြီက အေလ့အက်င့္အရ ခ်င္က်ိဳး၏ေခါင္းကို ပြတ္သပ္ေပးမည္ျဖစ္သည္။

ခ်င္က်ိဳးက ထိုအထူးအခြင့္အေရးကို ယန္းရွီးယြီကိုသာေပးေၾကာင္း မည္သူမွ်မသိေပ။ သူ႔မိဘမ်ားကိုပင္ သူ႔ေခါင္းကို ထိေတြ႕ခြင့္မျပဳေခ်။

ခ်င္က်ိဳး ေဘ့စ္ေဘာဦးထုပ္ကို အိမ္ခန္းထဲတြင္ ခ်ိတ္ထားလိုက္ၿပီးေနာက္တြင္ ဦးထုပ္၏အဖ်ားပိုင္းကို လက္ညႇိဳးဖ်ားေလးျဖင့္ ပြတ္သပ္လိုက္ၿပီး စိတ္ဓာတ္က်ေနေသာ ေလသံျဖင့္ ဦးထုပ္ကို ေမးလိုက္သည္။
"သူ တကယ္ ဘာေတြ ေတြးေနလဲဆိုတာ မင္းသိလား?"

ယန္းရွီးယြီက အျပစ္ရွိသလိုခံစားရေၾကာင္း အေလးအနက္ေျပာခဲ့ၿပီး ခ်င္က်ိဳးကို မိုးေရစိုမည္ကိုစိုးရိမ္၍ ဦးထုပ္ပင္ ေဆာင္းေပးခဲ့ေသးသည္။ သို႔ေသာ္လည္း ခ်င္က်ိဳး ထိုအခ်ိန္က သူ႔အေဖကိုင္တြယ္ခဲ့ေသာ အမႈအေၾကာင္း တစ္ဖက္လူကို ေမးခြန္းထုတ္ခ်ိန္တြင္ ထိုႏႈတ္လုံလွသည့္လူက ခ်င္ခ်င္းဆိုသလို တိတ္က်သြားခဲ့ျပန္သည္။

အဝတ္ႀကိဳးတန္းေပၚတြင္ ခ်ိတ္ဆြဲထားေသာ ေဘ့စ္ေဘာဦးထုပ္က ေရွ႕ေနာက္ အႀကိမ္ႀကိမ္လႊဲရမ္းေနၿပီး တေျဖးေျဖးရပ္တန႔္သြားခဲ့သည္။ ခ်င္က်ိဳး ဦးထုပ္ကို လက္ညႇိဳးျဖင့္တို႔လိုက္ၿပီး ၿငီးတြားလိုက္သည္။
"မင္းက ဘာလို႔ စိတ္ဖတ္တဲ့ နည္းေတြမသိရတာလဲ?"

ဤဦးထုပ္တြင္ အထူးစြမ္းအင္မ်ားရွိေနလွ်င္ ေကာင္းေပလိမ့္မည္။

စိုထိုင္းေနေသာ ဦးထုပ္က ႏွစ္ခါမွ် ရမ္းခါသြားၿပီးမွ သူအျပစ္ကင္းေၾကာင္း ‌အသနားခံေနသလို ၿငိမ္က်သြားခဲ့သည္။

ခ်င္က်ိဳး မရွင္းျပႏိုင္သည့္ ကူကယ္ရာမဲ့မႈနဲ႔ စိတ္မရွည္မႈတို႔ကို ခံစားလိုက္ရသည္။ သူ ဦးထုပ္၏အဖ်ားကို အားျဖင့္ ႐ိုက္ခ်လိုက္ၿပီး ၎ကို အဝတ္ႀကိဳးတန္းတြင္ သနားစရာေကာင္းေလာက္ေအာင္ အႀကိမ္ေရမ်ားတြင္ လည္သြားေစခဲ့သည္။

_____

ေနာက္တစ္ေန႔.....

ခ်င္က်ိဳး ကားျပင္ဆိုင္သို႔ေရာက္ခ်ိန္တြင္ ပုံမွန္လို လူသူကင္းရွင္းေနေၾကာင္း ျမင္လိုက္ရသည္။

ေရွာင္ဝူက ယခုအခ်ိန္တြက္ လုပ္စရာမရွိ၍ စားပြဲေနာက္တြင္ ထိုင္ေနၿပီး သူ႔ဖုန္းကို စိတ္လြတ္သလိုၾကည့္ေန၍ ခ်င္က်ိဳး ေရာက္လာသည္ကို သတိမထားမိခဲ့ေပ။

"ဘာေတြၾကည့္ေနတာလဲ?"
ခ်င္က်ိဳး ေဘးနားမွ ထိုင္ခုံတစ္လုံးကို ေျခေထာက္ျဖင့္ လွမ္းယူလိုက္ၿပီး ေရွာင္ဝူေဘးတြင္ ထိုင္လိုက္သည္။

"ခ်င္ေကာ...."
ေရွာင္ဝူက ဒုကၡေရာက္ေနေသာ အမူအရာျဖင့္ ေမာ့ၾကည့္လာသည္။
"ကြၽန္ေတာ္ ေမးခြန္းတစ္ခုေမးလို႔ရမလား?"

"ေမးေလ..."
ခ်င္က်ိဳးက သူ႔သူငယ္ခ်င္းမ်ားကို အစ္ကိုႀကီးတစ္ေယာက္လို အၿမဲတမ္းေစာင့္ေရွာက္ေပးတတ္သူျဖစ္သည္။ သူက ဘဝေရးရာအႀကံဉာဏ္မ်ားအျပင္ လုပ္ငန္းႏွင့္ ပတ္သတ္သည့္ ကိစၥမ်ားကိုလည္း အႀကံေပးႏိုင္ေသးသည္။

"ေကာက ရည္းစားေတြအမ်ားႀကီးထားဖူးတယ္ မဟုတ္လား?"
ေရွာင္ဝူက ဗဟုသုတမ်ားကို ဆာေလာင္ေနေသာ ေက်ာင္းသားတစ္ေယာက္ႏွယ္ ခ်င္က်ိဳးကို သမင္မ်က္လုံးလို ႐ႊန္းလဲ့ေနေသာ မ်က္လုံးေလးမ်ားျဖင့္ ၾကည့္လာသည္။

ခ်င္က်ိဳး ခဏမွ်တုန႔္ဆိုင္းသြားေသာ္လည္း ခပ္တည္တည္ေနရင္း ျပန္ေျဖလိုက္သည္။
"ဒါေပါ့..."

"ဒါဆို ေကာရဲ႕ ေကာင္မေလး ဘာေတြးေနတယ္ဆိုတာ ဘယ္လိုသိႏိုင္မလဲ?"
ေရွာင္ဝါက ခ်င္က်ိဳး၏ လိင္ပိုင္းဆိုင္ရာ တိမ္းၫြတ္မႈကို ျပန္သတိထားမိ၍ စကားလုံးျပန္ျပင္ေျပာလိုက္သည္။
"ေကာရဲ႕ ရည္းစားေတြးေနတာေတြကို ဘယ္လိုလုပ္နားလည္ႏိုင္မလဲ?"

ခ်င္က်ိဳးက အေပၚယံတြင္ တည္ၿငိမ္ေနဆဲျဖစ္ကာ ေမးလိုက္သည္။
"မင္း ဘယ္တုန္းက ရည္းစားရသြားရတာလဲ?"

_ဘာျပန္ေျဖရမလဲ အေျဖဘာလဲမသိရင္ စကားလမ္းေၾကာင္းေျပာင္းၿပီး စကားေတြသာ လွည့္ပတ္ေျပာေနလိုက္... ကံေကာင္းရင္ ျဖတ္ေက်ာ္ႏိုင္ သြားလိမ့္မယ္...

"အေတာ္ေလးေတာ့ၾကာၿပီ... ကြၽန္ေတာ္တို႔ကို သူငယ္ခ်င္းတစ္ေယာက္က မိတ္ဆက္ေပးတာေလ..."
ေရွာင္ဝူ ႐ိုး႐ိုးသားသားဝန္ခံလိုက္သည္။
"ကြၽန္ေတာ္တို႔က အေတာ္ေလး တည့္ၾကတယ္ဆိုေပမဲ့ တစ္ခါတစ္ေလၾကရင္ သူမ ဘာေတြ ေဒါသထြက္ေနလဲဆိုတာ ကြၽန္ေတာ္ သေဘာမေပါက္ဘူးရယ္..."

"ဥပမာေျပာရရင္?"
ခ်င္က်ိဳးက ေရွာင္ဝူကို ဂု႐ုႀကီးတစ္ေယာက္လို လမ္းၫႊန္ေပးေနသည့္ပုံေပါက္ေနၿပီး ေရွာင္ဝူ သူ႔ဘာသာသူ အေျဖရွာႏိုင္သြားေစရန္ႀကိဳးစားေနသည္။ အမွန္တကယ္တြင္ သူက ဘာမွမသိ၍ ေလွ်ာက္႐ႊီးေန႐ုံသာလုပ္ႏိုင္သည္။

"မေန႔ညက ကြၽန္ေတာ္ ဂိမ္းေဆာ့ေနမိေတာ့ သူမရဲ႕ မက္ေဆ့ေတြကို ျပန္မေျဖျဖစ္ဘူးေလ... ကြၽန္ေတာ္ကေတာ့ သူမ စိတ္ဆိုးေနတယ္လို႔ ထင္ေပမဲ့ သူမက မဟုတ္ပါဘူးလို႔ေျပာတယ္..."
ေရွာင္ဝူ ေျပာလာသည္။

ခ်င္က်ိဳး အဓိကအခ်က္ကို ခ်က္ခ်င္းသိသြားၿပီး ေမးလိုက္သည္။
"သူမ စိတ္မဆိုးပါဘူးလို႔ အတိအက်ေျပာတာလား?"

"ဟုတ္တယ္..."
ေရွာင္ဝူ သူတို႔အတြဲ၏ ဝီခ်က္မွ အျပန္အလွန္စကားမ်ားကို ျပလိုက္ၿပီး ထိုေကာင္မေလးက "စိတ္မဆိုးပါ"ဟု အတိအက် စာျပန္ထားၿပီး ေရွာင္ဝူကို သူမ ေရခ်ိဳးေတာ့မည္ဟုပင္ ေျပာျပခဲ့ေသးသည္။

"မင္း အေတြးလြန္ေနတာ..."
ခ်င္က်ိဳး ေနာက္ဆုံးတြင္ မည္ကဲ့သို႔ ျပန္ေျဖရမည္ကို သိသြားခဲ့သည္။
"ဒီလို ႐ိုးသားပြင့္လင္းတဲ့ ရည္းစားရထားတာ ဘယ္ေလာက္အထိ ရွားလဲဆိုတာ သိလား?"

"အဲ့လိုလား?"
ေရွာင္ဝူ သံသယျဖစ္စြာေမးလိုက္သည္။
"အခ်ိဳ႕ေကာင္မေလးေတြက သူတို႔ဘာေတြ ေတြးေနလဲဆိုတာ ေျပာျပမွာမဟုတ္ဘူး.... ဥပမာေျပာရရင္ မင္းက သူမကို ညစာဘာစားခ်င္လဲလို႔ေမးရင္ သူမက 'ဘာျဖစ္ျဖစ္ရတယ္'လို႔ ေျပာေပမဲ့ မင္းဘက္က ဘဲကင္စားမလားလို႔ေမးရင္ သူမက ဟင့္အင္းလို႔ေျဖလိမ့္မယ္... ေဟာ့ေပါ့စားမလားလို႔ေမးရင္လည္း မစားဘူးလို႔ေျဖလိမ့္ဦးမယ္... အဲ့ေတာ့ မင္းဘက္က သူမတကယ္ ဘာစားခ်င္ေနလဲလို႔ေမးရင္ 'ဘာပဲျဖစ္ျဖစ္' လို႔ထပ္ေျဖျပန္ဦးမယ္ေလ..."
ခ်င္က်ိဳး သူ႔ဘယ္ဘက္လက္ဖဝါးကို ညာဘက္လက္ဖမိုးျဖင့္ ပုတ္လိုက္သည္။
"အဲ့လိုလူမ်ိဳးနဲ႔သာ တြဲရရင္ ငရဲက်ေနတာပဲမဟုတ္ဘူးလား? မင္းရဲ႕ ေကာင္မေလးကမွ တကယ္ေတာ္ေသးတာ... သူမ စိတ္မဆိုးပါဘူးဆိုရင္ စိတ္မဆိုးေၾကာင္း တိုက္႐ိုက္ေျပာျပတယ္ေလ..."

ေရွာင္ဝူ ေတြးစစျဖင့္ ေခါင္းၿငိမ့္လိုက္သည္။
"အဓိပၸါယ္ရွိသားပဲ...."

"ေျပာရရင္ မင္းကမွလြဲေနတာ... မင္း သူမကို စိတ္ဆိုးေနလားလို႔ ဆက္ေမးေနရင္ တကယ္စိတ္အေႏွာင့္အယွက္ျဖစ္စရာ ေကာင္းလာလိမ့္မယ္..."
ခ်င္က်ိဳးေျပာလိုက္သည္။
"သူမက စိတ္မဆိုးပါဘူးလို႔ ေျပာထားတယ္မလား... ေယာက္်ားတစ္ေယာက္လိုျပဳမူၿပီး ပိုၿပီး လြတ္လြတ္လပ္လပ္ေနစမ္းပါ..."

"နားလည္ပါၿပီ ခ်င္ေကာ...."
ေရွာင္ဝူ ၾကည့္ရသည္မွာ "ေယာက္်ားတစ္ေယာက္လို"ဟူေသာ စကားေၾကာင့္ ဓာတ္လိုက္သလို ခံစားလိုက္ရပုံပင္။ သူ႔ဖုန္းကို ခ်က္ခ်င္းဆိုသလို ေဘးကိုခ်လိုက္ၿပီး ဘယ္လိုစာျပန္ရမလဲ ဆက္ေတြးမေနေတာ့ေပ။
"မိန္းမတစ္ေယာက္ရဲ႕ ႏွလုံးသားက ပင္လယ္သမုဒၵရာလို နက္ရႈိင္းတယ္လို႔ ေျပာၾကေပမဲ့ ခ်င္ေကာက တကယ့္ကို ေသေသခ်ာခ်ာနားလည္ေနတာပဲ..."

"ဒီေလာက္ကေတာ့ ဘာမွမဟုတ္ပါဘူး..."
ခ်င္က်ိဳး ေမာက္မာစြာ လက္ခါရမ္းျပလိုက္ၿပီး ပါးစပ္လုံလွေသာ ယန္းရွီးယြီအေၾကာင္း ေတြးမိသြားၿပီး မသိလိုက္မသိဘာသာျဖင့္ေျပာလိုက္သည္။
"တကယ္တမ္းေျပာရရင္... ေယာက္်ားေတြရဲ႕ ႏွလုံးသားကမွ ပင္လယ္သမုဒၵရာလို နက္ရႈိင္းေနတာ...."

ႏွစ္ေယာက္သား အခ်ိန္ခဏၾကာသည္အထိ ေလပစ္ေနခဲ့ၾကသည္။ သိပ္မၾကာခင္တြင္ ရင္းႏွီးေနသည့္ ကားတစ္စီးက ဆိုင္တံခါးဝသို႔ ေရာက္လာခဲ့သည္။

ေလာ့႐ႊယ္ခ်င္းက လက္ထဲတြင္ စာ႐ြက္စာတမ္းမ်ား ထည့္ထားသည့္ အိတ္တစ္အိတ္ကိုကိုင္ၿပီး ကားထဲမွဆင္းလာၿပီး ခ်င္က်ိဳးကို ေခါင္းၿငိမ့္ျပလိုက္သည္။
"မဂၤလာပါ သူေဌးေရ... ကြၽန္မရွင့္ကို ဒုကၡေပးဖို႔ ေရာက္လာရျပန္ၿပီ..."

ေရွာင္ဝူက သူမကို ႏႈတ္ဆက္ရန္ အလိုလိုထရပ္လာေသာ္လည္း ခ်င္က်ိဳးက သူ႔ကိုေနာက္သို႔ျပန္ဆြဲၿပီး သူကိုယ္တိုင္ မတ္တတ္ရပ္လိုက္သည္။
"ဘာျဖစ္လို႔မ်ားလဲ? ကားနဲ႔ ပတ္သတ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ျပႆနာတက္ျပန္ၿပီလား?"

ခ်င္က်ိဳးက ယန္းရွီးယြီကို အာ႐ုံစိုက္မေနမိေစရန္အတြက္ အာ႐ုံလႊဲေနေစရန္ အလုပ္လုပ္စရာ တစ္ခုခု ရွာခ်င္ေနခဲ့သည္။ ယခုအခ်ိန္ေရာက္လာသူက ေလာ့႐ႊယ္ခ်င္းမဟုတ္လွ်င္ပင္ ေရွာင္ဝူကို နားခိုင္းထားၿပီး သူကိုယ္တိုင္ဝင္လုပ္မည္သာျဖစ္သည္။

"မဟုတ္ဘူး ကားက အဆင္ေျပပါတယ္... လိမ္လည္မႈနဲ႔ ပတ္သတ္တဲ့ဟာပါ..."
ေလာ့႐ႊယ္ခ်င္း စာ႐ြက္စာတမ္းအိတ္ထဲမွ စာ႐ြက္အပုံလိုက္ထုတ္လိုက္ၿပီး ခ်င္က်ိဳးကို ကမ္းေပးလိုက္သည္။
"ကြၽန္မ ကားဝယ္ စာခ်ဳပ္ရယ္ အေရာင္းကိုယ္စားလွယ္ဆီက ေဘာင္ခ်ာရယ္ယူခဲ့တယ္... ကြၽန္မကေတာ့ အမႈႏိုင္ဖို႔ အခြင့္အေရးေတြရွိေနေသးတယ္ထင္တာပဲ... တစ္ခ်က္ေလာက္ ၾကည့္ေပးလို႔ရမလား?"

တရားခြင္သို႔ သြားၾကသည့္လူအမ်ားစုက သူတို႔ကိုယ္သူတို႔ ႏိုင္ရန္အခြင့္အေရးရွိေသးသည္ သို႔မဟုတ္ သူတို႔မွန္သည္ဟု ထင္ၾကသည္။ မဟုတ္ပါက သူတို႔၏အခ်ိန္ႏွင့္ ပိုက္ဆံမ်ားကို တရားစြဲဆိုရာတြင္ ျဖဳန္းတီးၾကမည္မဟုတ္ေပ။

ခ်င္က်ိဳး ကားအဝယ္စာခ်ဳပ္ကို ၾကည့္လိုက္ေသာ္လည္း အထဲတြင္ ထူးျခားသည့္အရာမ်ား မပါေၾကာင္း ေတြ႕လိုက္ရသည္။ စံႏႈန္းျဖင့္ေရးသားထားေသာ စာပိုဒ္မ်ားအားလုံးက ေရာင္းသူ၏ အက်ိဳးအျမတ္မ်ားအေပၚတြင္ ဦးတည္၍ေရးသားထားသည္။

"ေဘာင္ခ်ာကို ၾကည့္လိုက္ပါဦး..."
ေလာ့႐ႊယ္ခ်င္းက ေခါက္ထားေသာ စာအုပ္ေလးကို ဖြင့္လိုက္ၿပီး အထဲတြင္ေရးသားထားေသာ ေမာင္းႏွင္ႏိုင္သည့္ လုပ္ေဆာင္ခ်က္ ပုံစံမ်ားအေၾကာင္းကို လက္ညႇိဳးထိုးျပလိုက္သည္။
"ကားထဲမွာ ေမာင္းႏွင္မႈပုံစံ သုံးခုရွိၿပီး ၿမိဳ႕တြင္း/ေတာင္ေပၚ/ကႏၲာရ ဆိုၿပီး ေ႐ြးခ်ယ္လို႔ရတယ္လို႔ ေျပာထားတယ္... ဒါေပမဲ့ ကြၽန္မ ကားမွာက ၿမိဳ႕တြင္းနဲ႔ ေတာင္ေပၚဆိုတဲ့ ပုံစံႏွစ္ခုပဲရွိေနတယ္.. ဒါကိုေရာ လိမ္လည္မႈလို႔ သတ္မွတ္လို႔ရမလား?"

ခ်င္က်ိဳး ေဘာင္ခ်ာတြင္ေရးထားေသာ အခ်က္အလက္မ်ားကို အေသအခ်ာၾကည့္ေနၿပီး တိတ္ေနဆဲျဖစ္သည္။

"ဒီကိုၾကည့္လိုက္ပါဦး..."
ေလာ့႐ႊယ္ခ်င္းက ေဘာင္ခ်ာေပၚတြင္ ပုံႏွိပ္ထားေသာ စာေၾကာင္းေလးတစ္ခုကို လက္ညႇိဳးထိုးျပလိုက္သည္။
"ဒီထဲမွ 'သ႐ုပ္ျပရန္ ရည္႐ြယ္ခ်က္အတြက္သာျဖစ္သည္၊ မည္သည့္ ကတိကဝတ္မွ မေပးအပ္ထား' လို႔ေရးထားေပမဲ့ ကြၽန္မ စာခ်ဳပ္မွာလက္မွတ္မထိုးခင္က ဘယ္ကိစၥကိုမွ သတိမေပးဘူးေလ.. ဒါဆိုရင္ သူတို႔ဘက္က အသိေပးရမယ့္တာဝန္ ပ်က္ကြက္တယ္လို႔ ေျပာလို႔ရမလား?"

ခ်င္က်ိဳး ေဘာင္ခ်ာကို ေအာက္ခ်လိုက္ၿပီး ေလာ့႐ႊယ္ခ်င္းကို ၾကည့္လိုက္သည္။
"အျခား ေရွ႕ေနေတြနဲ႔ေရာ တိုင္ပင္ေဆြးေႏြးခဲ့ၿပီးၿပီလား?"

ေလာ့႐ႊယ္ခ်င္း ခဏတာမွ် အနည္းငယ္ရွက္႐ြံ႕သလိုခံစားလိုက္ရၿပီး ေျပာလိုက္သည္။
"ဟုတ္ကဲ့...ေဆြးေႏြးခဲ့ၿပီးၿပီ..."

၎က ပုံမွန္ကိစၥသာျဖစ္၍ ခ်င္က်ိဳး အမ်ားႀကီး ေတြးမေနခဲ့ေခ်။ ကားျပင္ဆိုင္တြင္ရွိေနေသာ ဥပေဒေရးရာကြၽမ္းက်င္သူဆိုသူကို မည္သူက ယုံၾကည္စိတ္ခ်သည္ဟု ခံစားရမည္နည္း။ သူတို႔ ကားျပင္ဆိုင္တြင္ မေဆြးေႏြးခဲ့ေသာ္လည္း တစ္ေယာက္ေယာက္က ဥပေဒအက်ိဳးေဆာင္ ကုမၸဏီမ်ားစြာကို ဆက္သြယ္ၾကည့္ၿပီး ႏႈိင္းယွဥ္ၾကည့္သည္က လုံးလုံးလ်ားလ်ားအဆင္ေျပေပသည္။

ေလာ့႐ႊယ္ခ်င္း ရွင္းျပလိုက္သည္။
"ကြၽန္မက သတိႀကီးတတ္တဲ့လူတစ္ေယာက္မလို႔ပါ... ရွင္နားလည္ေပးမယ္လို႔ ေမွ်ာ္လင့္မိတယ္..."

"ကြၽန္ေတာ္ စိတ္ထဲမထားပါဘူး..."
ခ်င္က်ိဳးက မထူးဆန္းသလို ပခုံးတြန႔္ျပလိုက္သည္။
"အေပၚထပ္သြားၿပီး စကားသြားေျပာၾကရေအာင္ပါ..."

အေပၚထပ္တြင္ရွိေသာ ဥပေဒအက်ိဳးေဆာင္ ကုမၸဏီေလးတြင္ သြားေရာက္ေဆြးေႏြးရန္ မျဖစ္မေနလိုအပ္သည္မဟုတ္ပါေသာ္လည္း ကားျပင္ဆိုင္ႏွင့္ယွဥ္ပါက ထိုေနရာက ပို၍ သင့္တင့္ေလ်ာက္ပတ္ေပသည္။

စြန္းရီက အားလပ္ေနခဲ့၍ သူတို႔အတြက္ လက္ဖက္ရည္ႏွစ္ခြက္ ျပဳလုပ္ေပးခဲ့သည္။ ခ်င္က်ိဳးႏွင့္ ေလာ့႐ႊယ္ခ်င္းတို႔က ဧည့္သည္ဆိုဖာတြင္ ထိုင္ရင္း ကိစၥကို အေသးစိတ္ေဆြးေႏြးၾကေတာ့သည္။

"ဒါက တရားမဝင္လိမ္လည္မႈလို႔ ေျပာလို႔ မရဘူးဆိုတာ ကြၽန္ေတာ္ရွင္းရွင္းလင္းလင္းႀကီးကို ေျပာရဲတယ္..."
ခ်င္က်ိဳး လက္ဖက္ရည္ခြက္ကို တည္တည္ၿငိမ္ၿငိမ္ကိုင္ထားၿပီး စားပြဲေပၚတြင္ရွိေသာ ေဘာင္ခ်ာရွိရာ ေနရာကို ေမးေငါ့ျပလိုက္သည္။

ေလာ႐ႊယ္ခ်င္း မ်က္ေမွာင္ၾကဳတ္သြားသည္။
"ဒါေပမဲ့ တျခား ဥပေဒအက်ိဳးေဆာင္ကုမၸဏီေတြကေတာ့ ေမွ်ာ္လင့္ခ်က္ရွိေသးတယ္လို႔ ေျပာၾကတယ္ေလ..."

သူမက တစ္ခုထက္ပိုကုမၸဏီမ်ားျဖင့္ ေဆြးေႏြးခဲ့သည့္ ပုံပင္။

"ဘယ္သူကမွ သူတို႔တံခါးဝေရွ႕ကို ေရာက္လာတဲ့ အလုပ္ကို ျငင္းမွာမဟုတ္ဘူးေလ..."
ခ်င္းက်ိဳး ေျပာလိုက္သည္။
"အမႈႏိုင္ဖို႔ အခြင့္အေရးက ေသးငယ္နည္းပါးေနေသးတယ္ဆိုရင္ေတာင္မွ ေရွ႕ေနေတြဆိုတာက အၿမဲတမ္း ႀကိဳးစားၾကည့္ခ်င္ၾကတာပဲ... မျဖစ္ႏိုင္ပါဘူးလို႔ ဘယ္ေတာ့မွ တိုက္႐ိုက္ေျပာၾကမွာမဟုတ္ဘူး..."

"ဒါေပမဲ့ ရွင္ကေတာ့ ကြၽန္မကို မျဖစ္ႏိုင္ပါဘူးလို႔ ေျပာေနတယ္ေလ..."
ေလာ့႐ႊယ္ခ်င္း ေျပာလာသည္။

"ကြၽန္ေတာ္ရဲ႕ အသက္ေမြးဝမ္းေၾကာင္းက ေရွ႕ေနလုပ္ငန္းေပၚမွာမွ မွီခိုမေနတာ..."
အျခားေရွ႕ေနမ်ားႏွင့္ယွဥ္လွ်င္ ခ်င္က်ိဳးက ေငြကို ဦးစားေပးသည့္သူမဟုတ္ေပ။ သူ အမႈတစ္ခုကိုေရွ႕ေနလိုက္ရာတြင္ ေငြေၾကးႏွင့္ပတ္သတ္သည့္ ကိစၥရပ္မ်ားကို ဖယ္ထုတ္ထားတတ္ေလသည္။
"ကြၽန္ေတာ္အႀကံေပးရမယ္ဆိုရင္ ေခါင္းမာမာနဲ႔ လိမ္လည္မႈဆိုၿပီး ေရွ႕ဆက္မတိုးနဲ႔... လိမ္ညာ၍ ေၾကာ္ျငာျခင္း နဲ႔ေရွ႕ဆက္တိုးတာ အေကာင္းဆုံးပဲ..."

"လိမ္ညာၿပီး ေၾကာ္ျငာတယ္?"
ေလာ့႐ႊယ္ခ်င္း စိတ္ရႈပ္ေထြးစြာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"လိမ္လည္မႈနဲ႔ယွဥ္ရင္ ကြာျခားမႈရွိလို႔လား?"

"လိမ္လည္ျခင္းနဲ႔ တရားစြဲရင္ ခင္ဗ်ားကို သုံးဆအေလ်ာ္ေပးမယ္ဆိုေပမဲ့ လိမ္လည္ေၾကာ္ျငာျခင္းကေတာ့ တကယ့္ကုန္က်စရိတ္ကိုပဲ အေလ်ာ္ေပးမွာ ယြမ္ေထာင္ေက်ာ္ေလာက္ေလးေပါ့..."
ယြမ္ေထာင္ေက်ာ္ေလးက တရားခြင္အထိသြားေရာက္ရန္ ကုန္က်စရိတ္ကို မကာမိေပ။ ခ်င္က်ိဳး ရပ္လိုက္ၿပီးမွ ဆက္ေျပာလိုက္သည္။
"ဒါေပမဲ့ ခင္ဗ်ားက သတင္းေထာက္ျဖစ္ေနတာ ေကာင္းတဲ့အရာပဲ...."

ေလာ့႐ႊယ္ခ်င္း ခ်င္က်ိဳးေျပာလိုက္သည့္ စကား၏ ေနာက္ကြယ္မွ အဓိပၸါယ္ကို နားလည္သြားၿပီး ခ်က္ခ်င္း သေဘာေပါက္သြားသည္။
"ကြၽန္မ အမႈႏိုင္ေနသမွ် လိမ္လည္မႈျဖစ္ျဖစ္ လိမ္ညာ၍ ေၾကာ္ျငာျခင္းျဖစ္ျဖစ္ ျပည္သူလူထုရဲ႕မ်က္လုံးထဲမွာ အတူတူပဲမဟုတ္လား..."

"အမွန္ပဲ..."
ခ်င္က်ိဳး ေျပာလိုက္သည္။
"အမႈႏိုင္တာကပဲ ဝယ္သူေတြၾကားထဲမွာ သတိျပဳမႈကို ထိထိေရာက္ေရာက္တိုးျမႇင့္ႏိုင္မွာ..."
အမႈသာ ရႈံးသြားခဲ့ပါက ထိုလုပ္ငန္းက အေယာင္ေဆာင္လိမ္လည္မႈျဖင့္ တံဆိပ္ကပ္ခံရမည္မဟုတ္ဘဲ လူအမ်ား သတိျပဳမိေစရန္ လႈံ႕ေဆာ္မႈက အႀကီးအက်ယ္ က်ဆုံးသြားႏိုင္သည္။

အမႈ၏တိုးတက္မႈက မွန္းထားသလို ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္မည္မဟုတ္ေသာ္လည္း ခ်င္က်ိဳး အႀကံေပးလိုက္သည့္ ဗ်ဴဟာက အနည္းဆုံး အေတာ္ေလး ယုံၾကည္အားကိုးႏိုင္ဖြယ္ရာရွိေနသည္။

"ေကာင္းၿပီေလ..."
ေလာ့႐ႊယ္ခ်င္း ေခါင္းၿငိမ့္လိုက္သည္။ စကားဝိုင္းက လမ္းေၾကာင္းေျပာင္းသြား၍ သူမက အျခားကိစၥတစ္ခုကို ထေျပာလိုက္သည္။
"အမႈလိုက္ဖို႔ ေရွေနခ ဘယ္ေလာက္က်မလဲလို႔ ေမးလို႔ရမလား?"

ခ်င္က်ိဳး ခဏမွ်ေတြးၾကည့္လိုက္ၿပီးမွ ေပါ့ေပါ့ပါးပါးျပန္ေျဖလိုက္သည္။
"အခု ယြမ္ ၈၀၀လို႔ပဲ ေျပာၾကတာေပါ့..."

ေလာ့႐ႊယ္ခ်င္း အံ့အားသင့္သြားရသည္။
"ယြမ္၈၀၀? ရွင္ေသခ်ာရဲ႕လား?"

ႏွစ္ေယာက္သား ပို၍အေသးစိတ္က်စြာေဆြးေႏြးလိုက္ၾကၿပီး ေလာ့႐ႊယ္ခ်င္း၏ သံသယမ်ားကို လုံးလုံးလ်ားလ်ား ေျဖေဖ်ာက္ေပးႏိုင္ခဲ့သည္။

ကိုယ္စားလွယ္အျဖစ္သေဘာတူညီမႈအျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ လက္မွတ္ထိုးခ်ိန္မွ ေလာ့႐ႊယ္ခ်င္းက ခ်င္က်ိဳး၏ နာမည္ကိုသိလိုက္ၿပီး သူ႔ကို ပေဟဠိျဖစ္ေနေသာ အမူအရာျဖင့္ၾကည့္လိုက္သည္။
"ရွင့္ မ်ိဳး႐ိုးနာမည္က ခ်င္လား?"

"ရင္းႏွီးသလို ခံစားရလို႔လား?"
ခ်င္က်ိဳး ၿပဳံးလိုက္သည္။ ထိုမ်ိဳး႐ိုးနာမည္ပိုင္ဆိုင္သူ လူအမ်ားအျပားမရွိ၍ သူ႔တြင္ ဖုံးကြယ္ရန္ ရည္႐ြယ္ခ်က္ရွိမေနေပ။
"ခင္ဗ်ား သူ႔ကိုေတာ့သိေလာက္မွာေပါ့... ခ်င္ေဝ့က ကြၽန္ေတာ့္အေဖေလ...."

ေလာ့႐ႊယ္ခ်င္း၏ မ်က္လုံးမ်ားက အံ့အားသင့္မႈေၾကာင့္ ခ်က္ခ်င္းဆိုသလို ျပဴးက်ယ္သြားခဲ့သည္။
"အဲ့ဒီ့တရားသူႀကီးေလ?"

"အမွန္ပဲ..."
ခ်င္က်ိဳးေျပာလိုက္သည္။
"ျဖစ္ႏိုင္ရင္ ကြၽန္ေတာ္လည္း ခင္ဗ်ားဆီကေန အကူအညီေတာင္းခ်င္ေသးတယ္...."

ေလာ့႐ႊယ္ခ်င္းက ဉာဏ္ထက္သူျဖစ္၍ ခ်င္က်ိဳး ဘာေၾကာင့္ ေရွ႕ေနခအျဖစ္ ယြမ္၈၀၀သာေတာင္းေၾကာင္း ခ်က္ခ်င္းနားလည္သြားခဲ့သည္။ သူမ၏ နာမည္ကို စာခ်ဳပ္ေပၚတြင္ လက္မွတ္ထိုးရင္း အဆင္သင့္ျဖစ္စြာေျပာလိုက္သည္။
"ကိစၥမရွိပါဘူး... ကြၽန္မ ဘာမ်ားကူညီေပးရမွာလဲ?"

"အဲ့ဒီ့ႏွစ္က သတင္းေတြကို စစ္ေဆးေပးၿပီး ကြၽန္ေတာ့္အေဖနဲ႔ ပတ္သတ္ေနတာမ်ား ရွိေနလားဆိုတာ တစ္ခ်က္ေလာက္ၾကည့္ေပးပါလား..."

သူတို႔ ေအာက္ထပ္သို႔ျပန္ဆင္းလာခ်ိန္တြင္ ကားျပင္ဆိုင္တြင္ ကာစတမ္မာတစ္ေယာက္မွ ရွိမေနခဲ့ေပ။ ေရွာင္ဝူက ဆိုင္ေပါက္ဝေရွ႕တြင္ ဖုန္းေျပာေနၿပီး သူ႔ေလသံအရ တစ္ဖက္ကေျပာေနသူက သူ႔ေကာင္မေလးျဖစ္ေနသည့္ပုံပင္။

ခ်င္က်ိဳး သူ႔ထိုင္ခုံတြင္ ျပန္ထိုင္လိုက္ၿပီး ေလာ့႐ႊယ္ခ်င္း၏ အမႈႏွင့္ ပတ္သတ္ေသာ စာဖိုင္မ်ားကို ျပန္စီေနစဥ္တြင္ သူ႔ဖုန္းက ႐ုတ္တရက္ဆိုသလို ျမည္လာခဲ့သည္။ ဖုန္းေခၚသူ IDကိုၾကည့္လိုက္ခ်ိန္တြင္ အက်ဥ္းေထာင္တြင္အလုပ္လုပ္ေသာ သူ႔မိတ္ေဆြေဟာင္းတစ္ေယာက္ျဖစ္ေၾကာင္း သိလိုက္ရသည္။

"မင္း ဟိုအရင္ေန႔ေတြတုန္းက ငါ့ကိုစုံစမ္းခိုင္းခဲ့တဲ့ အခ်က္အလက္ေတြကို ရွာေတြ႕လာၿပီ..."
က်န္းခ်ီက်င္းက ေျပာသည္။
"ဝမ္တ႐ုန္ေထာင္က်ေနတုန္းက အမ်ိဳးသမီးအက်ဥ္းေထာင္ကေန စာပို႔ေဖာ္သူငယ္ခ်င္းတစ္ေယာက္ ရလာခဲ့ၿပီး သူေထာင္ကလြတ္သြားတာေတာင္မွ သူတို႔ႏွစ္ေယာက္ အတူရွိေနၾကတုန္းပဲ... သူမက တစ္ခုခုသိေနႏိုင္တယ္...."

က်န္းခ်ီက်င္းက တရား႐ုံးတြင္ စာေရးတစ္ေယာက္ျဖစ္ခဲ့ဖူးၿပီး ခ်င္က်ိဳးကို အခ်ိန္အေတာ္ၾကာ သိေနခဲ့သူျဖစ္သည္။ ေနာက္ပိုင္းတြင္ သူက ေထာင္သားမ်ား၏ ေပးစာမ်ားကို စီမံထိန္းသိမ္းရသူအျဖစ္ အက်ဥ္းေထာင္သို႔ တာဝန္က်သြားခဲ့ၿပီး အက်ဥ္းသားမ်ား၏ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားစြာကို သိလာခဲ့သည္။

"ေက်းဇူးတင္ပါတယ္..."
ခ်င္က်ိဳးေျပာလိုက္သည္။
"ေနာက္တစ္ေန႔မွ မင္းကို ထမင္းဝယ္ေကြၽးေတာ့မယ္..."

"မလိုပါဘူးကြာ... ဒါနဲ႔ စကားမစပ္..."
က်န္းခ်ီက်င္း ဆက္ေျပာလိုက္သည္။
"မင္းတို႔ၿမိဳ႕နယ္ဘက္က တရားသူႀကီးယန္းကလည္း ဒီေန႔မနက္က ေတာင္ဘက္ပိုင္းအက်ဥ္းေထာင္ကိုလာၿပီး ဝမ္တ႐ုန္ရဲ႕ စာပို႔ေဖာ္အေၾကာင္း ေမးသြားေသးတယ္..."

ခ်င္က်ိဳး ထိုစကားကိုၾကလိုက္၍ မ်က္ခုံးတစ္ဖက္ပင့္သြားရသည္။ ထိုေခြးေကာင္ကေတာ့ တစ္ေယာက္တည္း လႈပ္ရွားေနျပန္ေလၿပီ။

သို႔ေသာ္လည္း ယေန႔က သူ႔အတြက္ အက်ိဳးအျမတ္မ်ားစြာ ရသည့္ေန႔ျဖစ္၍ တစ္ဖက္လူကို သြားမေႏွာင့္ယွက္ခ်င္ေတာ့ေပ။

ေက်းဇူးတင္စကားေျပာၿပီးေနာက္တြင္ ဖုန္းခ်လိုက္ၿပီး အမႈႏွင့္သက္ဆိုင္သည့္ စာ႐ြက္စာတမ္းမ်ားကို စတင္၍ စီေနလိုက္ေတာ့သည္။ ထိုအခ်ိန္တြင္ ေရွာင္ဝူက ဆိုင္အေပါက္ဝမွ စိတ္ဓာတ္က်ေနေသာ အမူအရာျဖင့္ ဝင္လာခဲ့သည္။

"ခ်င္ေကာ..."
ေရွာင္ဝူက ခ်င္က်ိဳးကို ရႈပ္ေထြးေနေသာ အမူအရာျဖင့္ၾကည့္ေနရင္း ႀကိဳးစား႐ုန္းကန္ရင္း ေျပာလိုက္သည္။
"ကြၽန္ေတာ္ လမ္းခြဲခံလိုက္ရၿပီ..."

ခ်င္က်ိဳး : "....."

*****
Word -3496
14.1.2024

ေနာက္က်သြားတာေတာင္းပန္ပါတယ္ေနာ္

အားရွိေအာင္ commentေလးေတြ မန႔္ေပးသြားၾကပါဦး 😚❤

Continue Reading

You'll Also Like

Khalifa By laiba

Mystery / Thriller

2.1M 118K 56
✵ featured ~ ❝Once upon a time in Baghdad, a street girl teaches the Khalifa of the kingdom why a king needs a queen.❞ ✵ Started: June 5, 2021. Comp...
18.9K 750 32
MAFIA STEP - SISTER OF BANGPINK
6.9K 404 6
"𝘿𝙤𝙣'𝙩 𝙩𝙤 𝙩𝙝𝙞𝙨 𝙥𝙡𝙯 , 𝙄 𝙖𝙢 𝙨𝙤𝙧𝙧𝙮" She cried but her 𝙨𝙩𝙚𝙥 𝙢𝙤𝙩𝙝𝙚𝙧 didn't show any mercy and beat her from 𝙄𝙧𝙤𝙣 𝙧𝙤𝙙...
47.1K 1.5K 8
فَتاه قوية و لكِن القدر أقوى مِنها غدرت مِن اقرب الناس ، تعذبت و ضلمت مِن اشباه الرِجال كانت تحب لكن طعنت فدخل رجال آخر رغما عِنها هل ستقع في الحُب...