💞 Part - 33 💞
~~~~~~~~~~~~~
"Sky သမီးဆီ ဟိုကောင်လေးလာတယ်ဆို"
ဖေဖေ့မေးခွန်းကြောင့် နေသာတိုင်လိုက်ပြီမှန်း ကိုင်းချက်ချင်းသိလိုက်ကာ ဦးနဲ့ဖြစ်ခဲ့တာကိုပါ သိနေမလားဟု တွေးကြောက်သွားမိသည်။
ထိုနေ့ကလည်း ကော်ဖီဆိုင်ကို တစ်ယောက်တည်းသွားခဲ့ပြီး ဦးနဲ့ပါ…
"ဟုတ်"
"ပြန်တွဲဖို့စဥ်းစားနေတာလား"
ဦးကိုခေါင်းညိတ်ခဲ့ပေမယ့် ဖေဖေ့ကိုတော့ ကိုင်း ခေါင်းမညိတ်ရဲတာသေချာသည်။
ကိုင်း ဆေးရုံတက်ခဲ့ရတုန်းက ဖေဖေ့ရဲ့မြိုသိပ်ထားသည့်ဒေါသတွေ၊ ဦးအပေါ်ရှိနေသော ဒေါသစိတ်တွေဟာ ကြောက်စရာကောင်းလှတာမို့ ဦးနဲ့တွေ့ခဲ့မှန်းသိလျှင် ဖေဖေသည် ကိုင်းကိုအတင်းပြန်ခေါ်လောက်၏။
"အဲ့လောက်ဆို သိလိုက်ပြီ မနက်ဖြန်Flightနဲ့ ဖေဖေ့ဆီပြန်လာခဲ့တော့"
"ဖေဖေ"
"မပြောနဲ့ အကြောင်းပြချက်တွေမကြားချင်ဘူး အဲ့ဒီကိုပြန်မယ်ဆိုကတည်းက ဖေဖေမှာလိုက်တာတစ်ခုတည်းပဲ ဒါကိုတောင်မလိုက်နာနိုင်ဘူးလား"
"သမီးအဲ့လိုမလုပ်ပါဘူး"
"ဘယ်အချိန်အထိလဲ သမီးကတိပေးရင်တောင် စိတ်မချဘူး ဒီကောင် သမီးကို အရင်ကလိုတစ်ခုခုထပ်ဖြစ်စေဦးမှာပဲ ဒီတော့ စကားတွေအများကြီးပြောမနေနဲ့တော့ Sky
သမီးပေးခဲ့တဲ့ကတိကို သမီးတည်တယ်ဆိုရင် မနက်ဖြန်Flightနဲ့ ပြန်လာခဲ့"
ဖေဖေက သမီးဖြစ်သူရဲ့အကျင့်တွေကိုသိနေသော ဦးဧကန်သစ္စာမို့ လိမ်လို့မရတော့သလို အတိအကျလည်းပြောနေပြီမို့ ကိုင်းအချိန်မဆွဲတော့ဘဲ ပြန်လာဖို့သာပြောလိုက်သည်။
ထိုအခါမှကျေနပ်သွားသော ဖေဖေက ဖုန်းချသွား၍ ကိုင်း နေသာ့ကိုလှမ်းကြည့်လိုက်မိသည်။
နေသာက ကိုင်းအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီး ဦးနဲ့ပြန်တွဲသွားမှာ မလိုလားသောအုပ်စုထဲမှ ထိပ်ဆုံးကလူဖြစ်၏။
ဒါသည်လည်း ကိုင်းအတွက်စေတနာသန့်သန့်ပဲမို့ နေသာ ဖေဖေ့ကိုတိုင်လိုက်သည့်အပေါ် အပြစ်မမြင်နိုင်။
တကယ်ဆို အသားကျနေပြီဖြစ်သော နေ့ရက်တွေထဲ ကိုင်းသည်သာ ဟန်ချက်ပျက်သွားခဲ့တာမဟုတ်လား…
"ငါတောင်းပန်ပါတယ် ကိုင်းရယ်"
"မဟုတ်တာ နင်ကငါ့အတွက်ပြောတာ ငါသိပါတယ် နင့်ကိုလည်း စိတ်မဆိုးပါဘူး"
"ငါလည်းဖေဖေ့လိုပဲ နင့်ကိုအဲ့လူကြီးနဲ့ပြန်မတွဲစေချင်ဘူး ဒါပေမယ့် နင် သူ့ကိုမပြတ်နိုင်ရင်တော့"
"သူကလည်း ငါ့ကိုမပြတ်သားနိုင်ဘူးတဲ့ အဟွန်း.."
ကိုင်းရဲ့ခြောက်ကပ်ကပ်ရယ်သံကြောင့် နေသာ့မျက်နှာလေးတစ်မျိုးဖြစ်သွားပြီး လုပ်လက်စအလုပ်တွေကိုအသာချပြီး ကိုင်းကိုကြည့်လာ၏။
ကိုင်းအကြောင်းကို နေသာကအသိဆုံးဖြစ်သည့်အပြင် မိန်းကလေးချင်းလည်းဖြစ်တာမို့ တခဏအတွင်း မျက်လုံးတွေပြူးသွားလေသည်။
"ကိုင်း နင် သူနဲ့"
"Omm"
"နင်ကလည်း ဘာလို့အဲ့လောက်ထိပြန်ဖြစ်သွားတာလဲ ပြောတော့ပြန်မတွဲဘူးဆို"
"အင်းလေ"
"အခု နင်ဆေးသောက်ပြီးပြီလား"
"ဟင့်အင်း"
"ဟယ်! ဘယ်နေ့ကလဲ"
"မနေ့ကမှ"
ကိုင်း မလှုပ်မယှက်ဖြင့်ပြန်ဖြေနေလေ၊ နေသာက စိုးရိမ်စိတ်တွေအုံကြွပြီး ဂဏှာမငြိမ်ဖြစ်လာလေဖြစ်သည်။
"ကိုယ် ခလေးကိုဇွတ်မချည်ထားချင်တော့ပါဘူး ဆေးသောက်နော် မသောက်ချင်ရင်လည်းရတယ် ကိုယ်မင်းကိုလက်ထပ်ဖို့အဆင့်သင့်ပဲ"
"ဟင့်အင်းသောက်မှာ"
"အင်းပါ"
ဟု ဦးက ဆေးတိုက်လိုက်သလို ဦး ဝယ်မပေးလည်း ကိုင်း ကိုယ့်ဘာသာဝယ်သောက်မှာပဲမို့ နေသာပြာယာခတ်နေပုံက ရယ်စရာလေးဖြစ်နေ၏။
သို့သော် ကိုင်း ဆက်မစတော့ဘဲ နေသာ့လက်ကလေးကိုလှမ်းဆွဲရင်း ရယ်ပြလိုက်တော့ သူမကကိုင်းကိုခေါင်းခေါက်ပစ်လေသည်။
"လန့်သွားတာပဲ ကောင်မစုတ်"
"ငါကြောက်နေတာသိလား ဦးကိုလည်း ငါမပြတ်နိုင်ဘူး ဒါပေမယ့် ဖေဖေက ငါ့ကိုပစ်ထားမှာလည်းကြောက်တယ်"
"ဖေဖေက နင့်ကိုအရမ်းချစ်လို့ပါ ကိုင်းရယ် ငါတို့ငယ်ငယ်လေးကတည်းက နင့်ကိုပဲပိုတာသိရဲ့သားနဲ့ အခုလည်း နင်ဇွတ်လုပ်သွားရင် ဖေဖေကစိတ်ပဲဆိုးမှာပါ ပစ်ထားမှာမဟုတ်ပါဘူး"
"ငါ ဇွတ်လုပ်လို့ ဖေဖေကစိတ်ဆိုးမှာကို တွေးကြည့်မိရင်တောင် ငါကြောက်တယ် ဖေဖေက တစ်ခါမှ ငါ့ကိုစိတ်ဆိုးဖူးတာမဟုတ်ဘူး"
"ဒီလိုမှန်းသိ ငါမတိုင်ပါဘူး ကိုင်းရယ် နင်တကယ်ပြတ်သားနိုင်သွားပြီလို့ ထင်မိလို့ပါ"
နေသာက နောင်တရသလိုလေးပြောလာတော့ ကိုင်းခေါင်းခါပြရင်း နေသာ့ပခုံးပေါ် ခေါင်းလေးမှီချလိုက်သည်။
နေသာမှားခဲ့ရင်တောင် ဒါဟာစေတနာအမှားပါ…
"ဖေဖေက မနက်ဖြန် ပြန်လာခိုင်းတယ်"
"အဲ့ဒါဆိုနင်ပြန်မှာလား"
"အင်း"
"ဦးနေမင်းမဟာကရော"
"သူလည်း ပြန်ပြီးနေသားကျသွားပါလိမ့်မယ် ငါ ဖေဖေ့ကိုမလွန်ဆန်ရဲဘူး"
💞💞💞💞💞
"ဆရာ ဒီနေ့လန်းဆန်းနေပါလား"
"အင်း"
ကျော်စွာ့ကိုခေါင်းညိတ်ပြလိုက်ပြီး မနေနိုင်မထိုင်နိုင် တစ်ချက်ပြုံးလိုက်မိသောအခါ ကျော်စွာကအံ့ဩသွားပြီး ချက်ချင်းသဘောပေါက်သွား၏။
စာရွက်တွေကိုပြန်ယူရင်း တဟီးဟီးရယ်နေကာ…
"မမလေးနဲ့ ပြန်အဆင်ပြေသွားပြီလား"
"အင်း ဒါပေမယ့်မသေချာသေးပါဘူး"
"ဘယ်လိုမသေချာသေးတာလဲ ကိုယ့်ဆရာရဲ့"
"မနေ့ကတော့ ခေါင်းညိတ်တယ် ဒီနေ့တစ်မျိုးဖြစ်ချင်ဖြစ်သွားဦးမှာ ချာတိတ်အကြောင်းငါသိတယ် သူက ငါ့ရှေ့မှာဆိုအမြဲခေါင်းညိတ်တယ်
ငါ့ကွယ်ရာရောက်သွားရင် လုပ်ချင်တာကိုပဲ ဇွတ်လုပ်တော့တာ"
"ဒါကတော့ ကလေးကိုး ဆရာရဲ့"
ကလေးတောင်မှ အရွယ်ရောက်နေတဲ့၊ ချစ်လို့လည်းကောင်းတဲ့ကလေးလေး…
မနေ့က ရှက်ကိုးရှက်ကန်းဖြင့် သူ့ရင်ခွင်ထဲမှာမျက်နှာဖွက်ထားပုံလေးကို ပြန်သတိရလိုက်ကာ ဒီနေ့ ကိုင်းဆီဖုန်းမဆက်ရသေးမှန်း သတိရလိုက်သည်။
ထို့ကြောင့် ကျော်စွာထွက်သွားသည်နှင့် ဖုန်းကိုလှမ်းယူလိုက်ပြီး သူမဆီခေါ်တော့ သူမကမကိုင်ပြန်…
မအားသေးလို့လားဟု အတွေးဖြင့် နောက်တစ်ခါထပ်ခေါ်မိပြန်တော့လည်း မကိုင်သောကြောင့် ရင်ထဲစိုးထိတ်သွားပြီး ဖုန်းကိုပြန်ချလိုက်၏။
"မင်းဖုန်းမကိုင်ရင် အိမ်အထိလိုက်လာခဲ့မယ်"
ဟု မက်ဆေ့ပို့လိုက်ပြီး ဖုန်းကိုစားပွဲပေါ်ချလိုက်တော့မှ သူမကဖုန်းပြန်ခေါ်လာ၏။
သူတွေးထင်ထားသလို သူ့ရှေ့မှာတော့ ခေါင်းညိတ်ပြပြီး သူ့ကွယ်ရာမှာတော့ တခြားဆုံးဖြတ်ချက်တစ်ခု ရှိနေပြီမဟုတ်လား…
"ဘာလုပ်နေတာလဲ"
"Luggageပြင်နေတာ"
"ဘယ်သွားမလို့လဲ ကိုယ်နဲ့အဝေးကြီးကိုလား"
"ဖေဖေကခေါ်နေလို့ပါ ကိုင်းဆေးပြန်ပြရဦးမယ်လေ အဲ့ဒါကြောင့်"
"ကိုယ့်ကိုထားခဲ့မလို့တော့ မဟုတ်ဘူးမလား"
သူမအသံလေးတိတ်ကျသွားတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး သက်ပြင်းခိုးချမိတာက အလိုအလျောက်ဖြစ်သည်။
သူမဟာ ကိုယ့်ဆီကနေ နောက်တစ်ခါထွက်သွားဖို့ ပြင်ဆင်နေခဲ့ပြီမဟုတ်လား…
ထို့ကြောင့် ကိုင်းကို သူ တကယ်ရယူဖို့ ချက်ချင်းဆုံးဖြတ်လိုက်ပြီး ဘာမှထပ်မမေးတော့ဘဲ စကားလမ်းကြောင်းလွှဲပစ်လိုက်သည်။
"ကိုယ်တို့တွေ့ရအောင် ခဏပဲဖြစ်ဖြစ်"
"မနေ့ကတွေ့ထားတာကို"
"အဲ့လိုတွေ့တာမဟုတ်ပါဘူး မုန့်စားကြဖို့ပါ ကိုယ်က မင်းကိုဒီအတိုင်းပြန်လွှတ်ရတော့မှာလေ ဘယ်အချိန်ပြန်လာမလဲဆိုတာလည်း မသိရဘူးမလား မုန့်လိုက်ကျွေးပြီးရင် အိမ်ပြန်လိုက်ပို့ပေးပါ့မယ်
ဒီအတိုင်း လက်လွှတ်ရတာထက်စာရင် မင်းစားချင်တာလေး ဝယ်ကျွေးတာက ပိုကောင်းမယ်ထင်လို့"
"နေသာ့ကိုပါခေါ်ခဲ့မယ်"
"ရတယ် ကိုယ်က ချာတိတ်ကိုမုန့်ကျွေးချင်ရုံပဲ"
"ဟုတ်"
"အဲ့ဒါဆို နာရီဝက်လောက်နေရင် ကိုယ်ရောက်မယ် ဘယ်ဆိုင်မှာထိုင်မှာလဲ ကိုယ့်ကိုပြော"
"Milanပဲ ဦး"
အယုံလွယ်သောကလေးမလေးက အလွယ်တကူသဘောတူပြီး ဖုန်းချသွားသောကြောင့် သူ လျှို့ဝှက်စွာ တစ်ချက်ပြုံးလိုက်မိသည်။
သူမ ချိန်းသောကော်ဖီဆိုင်ကိုရောက်သည့်အခါ နေသာက သူ့ကိုတွေ့သည်နှင့် ကိုင်းကိုလှည့်ကြည့်ကာ အသိပေးသလိုဖြင့် လက်ကလေးကိုလှမ်းကိုင်သည်။
နေသာသည်လည်း အရင်လိုမဟုတ်တော့ဘဲ သူ့ကိုမျက်မှောင်ကုပ်ကြည့်လာပြီး…
"ဦးနေမင်းမဟာ အရမ်းမကြာနဲ့နော် ပြီးတော့ဘာမှလည်းမလုပ်နဲ့"
"အင်း.. သိပါတယ် သိလို့ပဲမင်းဘေးနားက မိန်းကလေး ဒီအတိုင်းထိုင်နေခွင့်ရနေတာ ကိုယ်က သူ့မျက်နှာမြင်ရရင် စိတ်ကသိပ်မခိုင်ဘူး ခဏခဏပြစ်မှားမိနေတာ"
"ဦး.. ရှင်မျက်နှာမပြောင်နဲ့နော် ဘယ်လိုဖြစ်နေတာလဲ"
"ကိုယ်က မင်းနဲ့စကားပြောချင်လို့ပါ"
ကိုင်းမျက်နှာစူပုတ်သွားကာ နေသာကတော့ ယောင်းမဖြစ်သူကို အရိပ်တကြည့်ကြည့်ရှိသလို သူတို့ကိုရှောင်ပေးချင်ပုံလည်းရသည်။
"ဧည့်သည် ဘာမှာဦးမလဲရှင့်"
"Americanoတစ်ခွက် အဲ့ဒါပဲ"
Orderတင်ပြီး Waitressလေးထွက်သွားတော့မှ သူ့အား မကျေမနပ်စိုက်ကြည့်နေသည့် ကိုင်းမျက်နှာလေးကို အမြတ်တနိုးပြန်ကြည့်လိုက်ကာ…
"ကော်ဖီတွေခါးလည်း မင်းမျက်နှာကြည့်ပြီးသောက်ရရင် ချိုတယ်"
သူမမျက်နှာလေးရဲခနဲဖြစ်သွားပေမယ့် နေသာကတော့ ပြုံးသွားပြီး နှုတ်ခမ်းကိုတစ်ရှူးသုတ်သလိုလိုဖြင့် အုပ်ကွယ်ကာရယ်၏။
အပိုတွေပြောခြင်းမဟုတ်တာမို့ စူပုတ်မှုန်ကုပ်နေသည့် ထိုမျက်နှာလေးကပဲ သူ့အတွက် ကိုးကွယ်ရာလေး…
"နေ ငါတို့ပြန်ကြစို့"
"အေး" "နေသာပဲပြန်နှင့်ပါလား"
သူ့စကားကြောင့် နေသာကမျက်လုံးလေးပြူးသွားပြီး သူမဆီ အကြည့်တစ်ချက်ရောက်သွားသည်။
တမင်ချေမိုးနေသော ဒီကောင်မလေးကိုခေါ်သွားစရာရှိတာမို့ တောင်းဆိုလိုက်ခြင်းဖြစ်ပေမယ့် နေသာကချက်ချင်းထွက်မသွား။
စိတ်ပျက်လက်ပျက်ဖြင့် ကိုင်း ခေါင်းညိတ်ပြလိုက်မှ ပိုက်ဆံအိတ်လွယ်ကာ ထထွက်သွား၍ သူ ကိုင်းဘေးနားမှာ ဝင်ထိုင်လိုက်သည်။
"ကိုယ့်ကိုစိတ်ဆိုးပြေပါတော့ ချာတိတ်ရယ် ဘယ်ကိုသွားမလို့လဲ"
"ဖေဖေ့ဆီခဏပြန်မှာပါဆို ထပ်မတားနဲ့နော် ဦး ဒီလိုတွေ တွယ်ကပ်နေတာကို ကိုင်းအရမ်းမုန်းတယ်သိလား"
"ဒါပေမယ့် ကိုယ်ကမှ မင်းကိုကပ်နေချင်တာကို ဘယ်လိုလုပ်ရမှာလဲ ကိုယ့်မိန်းမဆီ ကိုယ်ပြန်ကပ်နေတာ"
"ဘယ်သူကရှင့်မိန်းမလဲ ရှင်နှာဘူးကျတာ လူတကာသိအောင်လိုက်ပြောမနေနဲ့ ဖယ်.. လွှတ်"
"နှာဘူးပါဆိုမှ ဘာလို့လွှတ်ရမှာလဲ တကယ်ဆို ကိုယ်ကဒီ့ထက်ပိုပြီးတောင် ထိခွင့်ရှိသေးတာ"
"ဦး.. ရှင်ဘယ်လိုဖြစ်.. အွန်း!!"
နှုတ်ခမ်းလေးကို ဖျတ်ခနဲနမ်းပစ်လိုက်တော့ သူမ ပါးစပ်ကလေးပိတ်သွားသလို ရှက်ကိုးရှက်ကန်းဖြင့် ပတ်ဝန်းကျင်ကိုဝေ့ကြည့်၏။
ပြီးမှ စိတ်ဆိုးမာန်ဆိုးဖြင့် ခုချိန်ထိမလွှတ်သေးသည့် လက်ကို ကုန်းကိုက်တော့ တော်တော်လေးနာသွားပေမယ့် ပြုံးနေလိုက်သည်။
အရင်ကလို သူ့လက်ပေါ်မှာ ဒီကလေးလေးရဲ့သွားရာလေး ထင်ကျန်နေခဲ့ဦးမှာမလား…
"ရှင့်ကိုမုန်းတယ်သိလား"
"မုန်းရင်ထပ်ကိုက်လေ ဒီဘက်လက် ကျန်သေးတယ်"
နောက်လက်တစ်ဖက်ထိုးပေးလိုက်တော့လည်း သူမက တကယ်ကိုက်ပစ်တာမို့ နီရဲထင်ကျန်နေခဲ့သည့် သွားရာအကွင်းလိုက်လေးကိုကြည့်ရင်း ကြည်နူးသွားမိသည်။
ဒီလို ဒဏ်ရာသေးသေးလေးတွေကိုလည်း သူ လိုအပ်နေတာပဲ…
"ရင်ဘတ်ကျန်သေးတယ် လည်ပင်းလည်းကျန်သေးတယ် ကိုက်ဦးမလား"
ပျော်နေမိတာမို့ သူ့အသံက ရွှင်မြူးနေကာ ထိုရွှင်မြူးနေမှုကြောင့် ကိုင်းရဲ့မကြည်သောအကြည့်တွေက စိတ်တိုသည့်ဘက်ကို ရောက်သွား၏။
သူမကိုယ်လေးကို ပိုပြီးနီးကပ်သွားအောင် ဆွဲယူပွေ့ဖက်ထားသည့်အခါ မွှေးပျံ့နေသော သူမရဲ့ကိုယ်သင်းနံ့လေးကို အနီးကပ်ရလိုက်၍ ဂုတ်ပိုးနုနုလေးကို တစ်ဝကြီးရှိုက်နမ်းပစ်လိုက်သည်။
"ဟင့်အင်း.. ရှင်မရမ်းကားနဲ့ ဦး.. ကိုင်းကိုလွှတ်"
တဘုတ်ဘုတ်ထုရိုက်နေသည့် လက်ကလေးတွေကိုလည်း ချုပ်ထားလိုက်ကာ သူမနဖူးလေးကိုပါ ထိကပ်နမ်းပစ်လိုက်သည်။
တစ်ဆိုင်လုံး အေးချမ်းစွာထိုင်နေသည့်အတွဲတွေထဲ သူမတစ်ယောက်သာ ပွစိပွစိဖြစ်နေပြီး မကျေမနပ်မျက်စောင်းထိုးကာ သူ့ရင်ဘတ်ကိုတွန်းပစ်နေ၏။
"ခဏလေးပါ ခဏပဲဖက်ထားမယ် ပြီးရင်မင်းကိုပြန်ပို့ပေးမယ်"
💞💞💞💞💞
ပြန်ပို့ပေးမည်ဆိုပြီး ဘယ်ဝင်ဦးမလဲမသိသေးဘဲ ဦး မောင်းဝင်လာသည်က ခြံတစ်ခြံဖြစ်ကာ ထုံးခြောက်ရောင်သုတ်ထားသည့် တစ်ထပ်ခွဲတိုက်ကလေးက ချစ်စဖွယ်။
မှန်တွေချည်းသုံးထား၍ ဝင်းစက်နေကာ ခေတ်မီမီဆောက်ထားတာမို့ ကိုင်းသဘောကျသွားပေမယ့် စိတ်ထဲမှာပဲထားလိုက်ကာ ငြိမ်သက်နေလိုက်တော့ ဦးကခါးပတ်ကိုဖြုတ်ပြီး အောက်ကိုဆင်းသည်။
ကိုင်းဘက်ကိုပြန်လျှောက်လာတာမို့ တစ်ဖက်ကိုရွှေ့ထိုင်ဖို့ပြင်ပေမယ့် ဦးက ကိုင်းလက်ကိုမိမိရရဆွဲမိသွားပြီး…
"ချာတိတ်ဘာသာဆင်းမလား ကိုယ်ပွေ့ခေါ်ရမလား"
"ဒါဘယ်နေရာလဲ ကိုင်းပြန်ချင်ပြီ"
"မင်းရဲ့အိမ်ကိုပြန်ပို့ပေးပါ့မယ် စိတ်ချပါ အခုတော့ခဏဆင်း"
"ဟင့်အင်း"
"ကိုယ်မနေ့ကလိုမဆိုးပါဘူး ခလေးရဲ့ ကိုယ့်အမေနဲ့တွေ့ပေးချင်လို့ပါ မင်းကိုမထိဘူး ကတိပေးတယ်"
ကိုင်း အိမ်ကလေးကို တစ်ချက်လှမ်းကြည့်တော့ အိမ်အဝမှာရပ်နေသော အမျိုးသမီးကြီးတစ်ယောက်ကို တွေ့လိုက်ရ၍ နည်းနည်းစိတ်ချသွားသည်။
ကိုင်းကို သူ့အမေနဲ့တွေ့ပေးချင်တာဟာ ဘာကြောင့်များပါလိမ့်…
ထို့ကြောင့်ကားပေါ်ကဆင်းလိုက်တော့ ဦးက ကိုင်းလက်တစ်ဖက်ကို ဆုပ်ကိုင်ပြီးဆွဲခေါ်သွား၍ ဦးအနောက်ကိုလိုက်လာခဲ့မိသည်။
ကိုင်းရဲ့ယခုခြေလှမ်းတွေက ဦးရဲ့ထောင်ချောက်ထဲကို တိုးဝင်သွားမိသည့်ခြေလှမ်းတွေဆိုတာကိုတော့ ကိုင်း နည်းနည်းလေးတောင်မရိပ်မိခဲ့…
💞💞💞💞💞
Part 34 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💞 Part - 33 💞
~~~~~~~~~~~~~
"Sky သမီးဆီ ဟိုေကာင္ေလးလာတယ္ဆို"
ေဖေဖ့ေမးခြန္းေၾကာင့္ ေနသာတိုင္လိုက္ၿပီမွန္း ကိုင္းခ်က္ခ်င္းသိလိုက္ကာ ဦးနဲ႔ျဖစ္ခဲ့တာကိုပါ သိေနမလားဟု ေတြးေၾကာက္သြားမိသည္။
ထိုေန့ကလည္း ေကာ္ဖီဆိုင္ကို တစ္ေယာက္တည္းသြားခဲ့ၿပီး ဦးနဲ႔ပါ…
"ဟုတ္"
"ျပန္တဲြဖို႔စဥ္းစားေနတာလား"
ဦးကိုေခါင္းညိတ္ခဲ့ေပမယ့္ ေဖေဖ့ကိုေတာ့ ကိုင္း ေခါင္းမညိတ္ရဲတာေသခ်ာသည္။
ကိုင္း ေဆးရံုတက္ခဲ့ရတုန္းက ေဖေဖ့ရဲ့ၿမိဳသိပ္ထားသၫ့္ေဒါသေတြ၊ ဦးအေပၚရိွေနေသာ ေဒါသစိတ္ေတြဟာ ေၾကာက္စရာေကာင္းလွတာမို႔ ဦးနဲ႔ေတြ့ခဲ့မွန္းသိလ်ွင္ ေဖေဖသည္ ကိုင္းကိုအတင္းျပန္ေခၚေလာက္၏။
"အဲ့ေလာက္ဆို သိလိုက္ၿပီ မနက္ျဖန္Flightနဲ႔ ေဖေဖ့ဆီျပန္လာခဲ့ေတာ့"
"ေဖေဖ"
"မေျပာနဲ႔ အေၾကာင္းျပခ်က္ေတြမၾကားခ်င္ဘူး အဲ့ဒီကိုျပန္မယ္ဆိုကတည္းက ေဖေဖမွာလိုက္တာတစ္ခုတည္းပဲ ဒါကိုေတာင္မလိုက္နာႏိုင္ဘူးလား"
"သမီးအဲ့လိုမလုပ္ပါဘူး"
"ဘယ္အခ်ိန္အထိလဲ သမီးကတိေပးရင္ေတာင္ စိတ္မခ်ဘူး ဒီေကာင္ သမီးကို အရင္ကလိုတစ္ခုခုထပ္ျဖစ္ေစဦးမွာပဲ ဒီေတာ့ စကားေတြအမ်ားႀကီးေျပာမေနနဲ႔ေတာ့ Sky
သမီးေပးခဲ့တဲ့ကတိကို သမီးတည္တယ္ဆိုရင္ မနက္ျဖန္Flightနဲ႔ ျပန္လာခဲ့"
ေဖေဖက သမီးျဖစ္သူရဲ့အက်င့္ေတြကိုသိေနေသာ ဦးဧကန္သစၥာမို႔ လိမ္လို႔မရေတာ့သလို အတိအက်လည္းေျပာေနၿပီမို႔ ကိုင္းအခ်ိန္မဆဲြေတာ့ဘဲ ျပန္လာဖို႔သာေျပာလိုက္သည္။
ထိုအခါမွေက်နပ္သြားေသာ ေဖေဖက ဖုန္းခ်သြား၍ ကိုင္း ေနသာ့ကိုလွမ္းၾကၫ့္လိုက္မိသည္။
ေနသာက ကိုင္းအတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ၿပီး ဦးနဲ႔ျပန္တဲြသြားမွာ မလိုလားေသာအုပ္စုထဲမွ ထိပ္ဆံုးကလူျဖစ္၏။
ဒါသည္လည္း ကိုင္းအတြက္ေစတနာသန႔္သန႔္ပဲမို႔ ေနသာ ေဖေဖ့ကိုတိုင္လိုက္သၫ့္အေပၚ အျပစ္မျမင္ႏိုင္။
တကယ္ဆို အသားက်ေနၿပီျဖစ္ေသာ ေန့ရက္ေတြထဲ ကိုင္းသည္သာ ဟန္ခ်က္ပ်က္သြားခဲ့တာမဟုတ္လား…
"ငါေတာင္းပန္ပါတယ္ ကိုင္းရယ္"
"မဟုတ္တာ နင္ကငါ့အတြက္ေျပာတာ ငါသိပါတယ္ နင့္ကိုလည္း စိတ္မဆိုးပါဘူး"
"ငါလည္းေဖေဖ့လိုပဲ နင့္ကိုအဲ့လူႀကီးနဲ႔ျပန္မတဲြေစခ်င္ဘူး ဒါေပမယ့္ နင္ သူ႔ကိုမျပတ္ႏိုင္ရင္ေတာ့"
"သူကလည္း ငါ့ကိုမျပတ္သားႏိုင္ဘူးတဲ့ အဟြန္း.."
ကိုင္းရဲ့ေျခာက္ကပ္ကပ္ရယ္သံေၾကာင့္ ေနသာ့မ်က္ႏွာေလးတစ္မ်ိဳးျဖစ္သြားၿပီး လုပ္လက္စအလုပ္ေတြကိုအသာခ်ၿပီး ကိုင္းကိုၾကၫ့္လာ၏။
ကိုင္းအေၾကာင္းကို ေနသာကအသိဆံုးျဖစ္သၫ့္အျပင္ မိန္းကေလးခ်င္းလည္းျဖစ္တာမို႔ တခဏအတြင္း မ်က္လံုးေတျြပဴးသြားေလသည္။
"ကိုင္း နင္ သူနဲ႔"
"Omm"
"နင္ကလည္း ဘာလို႔အဲ့ေလာက္ထိျပန္ျဖစ္သြားတာလဲ ေျပာေတာ့ျပန္မတဲြဘူးဆို"
"အင္းေလ"
"အခု နင္ေဆးေသာက္ၿပီးၿပီလား"
"ဟင့္အင္း"
"ဟယ္! ဘယ္ေန့ကလဲ"
"မေန့ကမွ"
ကိုင္း မလႈပ္မယွက္ျဖင့္ျပန္ေျဖေနေလ၊ ေနသာက စိုးရိမ္စိတ္ေတြအံုႂကျြပီး ဂဏွာမၿငိမ္ျဖစ္လာေလျဖစ္သည္။
"ကိုယ္ ခေလးကိုဇြတ္မခ်ည္ထားခ်င္ေတာ့ပါဘူး ေဆးေသာက္ေနာ္ မေသာက္ခ်င္ရင္လည္းရတယ္ ကိုယ္မင္းကိုလက္ထပ္ဖို႔အဆင့္သင့္ပဲ"
"ဟင့္အင္းေသာက္မွာ"
"အင္းပါ"
ဟု ဦးက ေဆးတိုက္လိုက္သလို ဦး ဝယ္မေပးလည္း ကိုင္း ကိုယ့္ဘာသာဝယ္ေသာက္မွာပဲမို႔ ေနသာျပာယာခတ္ေနပံုက ရယ္စရာေလးျဖစ္ေန၏။
သို႔ေသာ္ ကိုင္း ဆက္မစေတာ့ဘဲ ေနသာ့လက္ကေလးကိုလွမ္းဆဲြရင္း ရယ္ျပလိုက္ေတာ့ သူမကကိုင္းကိုေခါင္းေခါက္ပစ္ေလသည္။
"လန႔္သြားတာပဲ ေကာင္မစုတ္"
"ငါေၾကာက္ေနတာသိလား ဦးကိုလည္း ငါမျပတ္ႏိုင္ဘူး ဒါေပမယ့္ ေဖေဖက ငါ့ကိုပစ္ထားမွာလည္းေၾကာက္တယ္"
"ေဖေဖက နင့္ကိုအရမ္းခ်စ္လို႔ပါ ကိုင္းရယ္ ငါတို႔ငယ္ငယ္ေလးကတည္းက နင့္ကိုပဲပိုတာသိရဲ့သားနဲ႔ အခုလည္း နင္ဇြတ္လုပ္သြားရင္ ေဖေဖကစိတ္ပဲဆိုးမွာပါ ပစ္ထားမွာမဟုတ္ပါဘူး"
"ငါ ဇြတ္လုပ္လို႔ ေဖေဖကစိတ္ဆိုးမွာကို ေတြးၾကၫ့္မိရင္ေတာင္ ငါေၾကာက္တယ္ ေဖေဖက တစ္ခါမွ ငါ့ကိုစိတ္ဆိုးဖူးတာမဟုတ္ဘူး"
"ဒီလိုမွန္းသိ ငါမတိုင္ပါဘူး ကိုင္းရယ္ နင္တကယ္ျပတ္သားႏိုင္သြားၿပီလို႔ ထင္မိလို႔ပါ"
ေနသာက ေနာင္တရသလိုေလးေျပာလာေတာ့ ကိုင္းေခါင္းခါျပရင္း ေနသာ့ပခံုးေပၚ ေခါင္းေလးမွီခ်လိုက္သည္။
ေနသာမွားခဲ့ရင္ေတာင္ ဒါဟာေစတနာအမွားပါ…
"ေဖေဖက မနက္ျဖန္ ျပန္လာခိုင္းတယ္"
"အဲ့ဒါဆိုနင္ျပန္မွာလား"
"အင္း"
"ဦးေနမင္းမဟာကေရာ"
"သူလည္း ျပန္ၿပီးေနသားက်သြားပါလိမ့္မယ္ ငါ ေဖေဖ့ကိုမလြန္ဆန္ရဲဘူး"
💞💞💞💞💞
"ဆရာ ဒီေန့လန္းဆန္းေနပါလား"
"အင္း"
ေက်ာ္စြာ့ကိုေခါင္းညိတ္ျပလိုက္ၿပီး မေနႏိုင္မထိုင္ႏိုင္ တစ္ခ်က္ႃပံုးလိုက္မိေသာအခါ ေက်ာ္စြာကအံ့ဩသြားၿပီး ခ်က္ခ်င္းသေဘာေပါက္သြား၏။
စာရြက္ေတြကိုျပန္ယူရင္း တဟီးဟီးရယ္ေနကာ…
"မမေလးနဲ႔ ျပန္အဆင္ေျပသြားၿပီလား"
"အင္း ဒါေပမယ့္မေသခ်ာေသးပါဘူး"
"ဘယ္လိုမေသခ်ာေသးတာလဲ ကိုယ့္ဆရာရဲ့"
"မေန့ကေတာ့ ေခါင္းညိတ္တယ္ ဒီေန့တစ္မ်ိဳးျဖစ္ခ်င္ျဖစ္သြားဦးမွာ ခ်ာတိတ္အေၾကာင္းငါသိတယ္ သူက ငါ့ေရ႔ွမွာဆိုအၿမဲေခါင္းညိတ္တယ္
ငါ့ကြယ္ရာေရာက္သြားရင္ လုပ္ခ်င္တာကိုပဲ ဇြတ္လုပ္ေတာ့တာ"
"ဒါကေတာ့ ကေလးကိုး ဆရာရဲ့"
ကေလးေတာင္မွ အရြယ္ေရာက္ေနတဲ့၊ ခ်စ္လို႔လည္းေကာင္းတဲ့ကေလးေလး…
မေန့က ရွက္ကိုးရွက္ကန္းျဖင့္ သူ႔ရင္ခြင္ထဲမွာမ်က္ႏွာဖြက္ထားပံုေလးကို ျပန္သတိရလိုက္ကာ ဒီေန့ ကိုင္းဆီဖုန္းမဆက္ရေသးမွန္း သတိရလိုက္သည္။
ထို႔ေၾကာင့္ ေက်ာ္စြာထြက္သြားသည္ႏွင့္ ဖုန္းကိုလွမ္းယူလိုက္ၿပီး သူမဆီေခၚေတာ့ သူမကမကိုင္ျပန္…
မအားေသးလို႔လားဟု အေတြးျဖင့္ ေနာက္တစ္ခါထပ္ေခၚမိျပန္ေတာ့လည္း မကိုင္ေသာေၾကာင့္ ရင္ထဲစိုးထိတ္သြားၿပီး ဖုန္းကိုျပန္ခ်လိုက္၏။
"မင္းဖုန္းမကိုင္ရင္ အိမ္အထိလိုက္လာခဲ့မယ္"
ဟု မက္ေဆ့ပို႔လိုက္ၿပီး ဖုန္းကိုစားပဲြေပၚခ်လိုက္ေတာ့မွ သူမကဖုန္းျပန္ေခၚလာ၏။
သူေတြးထင္ထားသလို သူ႔ေရ႔ွမွာေတာ့ ေခါင္းညိတ္ျပၿပီး သူ႔ကြယ္ရာမွာေတာ့ တျခားဆံုးျဖတ္ခ်က္တစ္ခု ရိွေနၿပီမဟုတ္လား…
"ဘာလုပ္ေနတာလဲ"
"Luggageျပင္ေနတာ"
"ဘယ္သြားမလို႔လဲ ကိုယ္နဲ႔အေဝးႀကီးကိုလား"
"ေဖေဖကေခၚေနလို႔ပါ ကိုင္းေဆးျပန္ျပရဦးမယ္ေလ အဲ့ဒါေၾကာင့္"
"ကိုယ့္ကိုထားခဲ့မလို႔ေတာ့ မဟုတ္ဘူးမလား"
သူမအသံေလးတိတ္က်သြားေတာ့ စိတ္ပ်က္လက္ပ်က္ျဖစ္သြားရၿပီး သက္ျပင္းခိုးခ်မိတာက အလိုအေလ်ာက္ျဖစ္သည္။
သူမဟာ ကိုယ့္ဆီကေန ေနာက္တစ္ခါထြက္သြားဖို႔ ျပင္ဆင္ေနခဲ့ၿပီမဟုတ္လား…
ထို႔ေၾကာင့္ ကိုင္းကို သူ တကယ္ရယူဖို႔ ခ်က္ခ်င္းဆံုးျဖတ္လိုက္ၿပီး ဘာမွထပ္မေမးေတာ့ဘဲ စကားလမ္းေၾကာင္းလႊဲပစ္လိုက္သည္။
"ကိုယ္တို႔ေတြ့ရေအာင္ ခဏပဲျဖစ္ျဖစ္"
"မေန့ကေတြ့ထားတာကို"
"အဲ့လိုေတြ့တာမဟုတ္ပါဘူး မုန႔္စားၾကဖို႔ပါ ကိုယ္က မင္းကိုဒီအတိုင္းျပန္လႊတ္ရေတာ့မွာေလ ဘယ္အခ်ိန္ျပန္လာမလဲဆိုတာလည္း မသိရဘူးမလား မုန႔္လိုက္ကၽြေးၿပီးရင္ အိမ္ျပန္လိုက္ပို႔ေပးပါ့မယ္
ဒီအတိုင္း လက္လႊတ္ရတာထက္စာရင္ မင္းစားခ်င္တာေလး ဝယ္ကၽြေးတာက ပိုေကာင္းမယ္ထင္လို႔"
"ေနသာ့ကိုပါေခၚခဲ့မယ္"
"ရတယ္ ကိုယ္က ခ်ာတိတ္ကိုမုန႔္ကၽြေးခ်င္ရံုပဲ"
"ဟုတ္"
"အဲ့ဒါဆို နာရီဝက္ေလာက္ေနရင္ ကိုယ္ေရာက္မယ္ ဘယ္ဆိုင္မွာထိုင္မွာလဲ ကိုယ့္ကိုေျပာ"
"Milanပဲ ဦး"
အယံုလြယ္ေသာကေလးမေလးက အလြယ္တကူသေဘာတူၿပီး ဖုန္းခ်သြားေသာေၾကာင့္ သူ လ်ိႈ႔ဝွက္စြာ တစ္ခ်က္ႃပံုးလိုက္မိသည္။
သူမ ခ်ိန္းေသာေကာ္ဖီဆိုင္ကိုေရာက္သၫ့္အခါ ေနသာက သူ႔ကိုေတြ့သည္ႏွင့္ ကိုင္းကိုလွၫ့္ၾကၫ့္ကာ အသိေပးသလိုျဖင့္ လက္ကေလးကိုလွမ္းကိုင္သည္။
ေနသာသည္လည္း အရင္လိုမဟုတ္ေတာ့ဘဲ သူ႔ကိုမ်က္ေမွာင္ကုပ္ၾကၫ့္လာၿပီး…
"ဦးေနမင္းမဟာ အရမ္းမၾကာနဲ႔ေနာ္ ၿပီးေတာ့ဘာမွလည္းမလုပ္နဲ႔"
"အင္း.. သိပါတယ္ သိလို႔ပဲမင္းေဘးနားက မိန္းကေလး ဒီအတိုင္းထိုင္ေနခြင့္ရေနတာ ကိုယ္က သူ႔မ်က္ႏွာျမင္ရရင္ စိတ္ကသိပ္မခိုင္ဘူး ခဏခဏျပစ္မွားမိေနတာ"
"ဦး.. ရွင္မ်က္ႏွာမေျပာင္နဲ႔ေနာ္ ဘယ္လိုျဖစ္ေနတာလဲ"
"ကိုယ္က မင္းနဲ႔စကားေျပာခ်င္လို႔ပါ"
ကိုင္းမ်က္ႏွာစူပုတ္သြားကာ ေနသာကေတာ့ ေယာင္းမျဖစ္သူကို အရိပ္တၾကၫ့္ၾကၫ့္ရိွသလို သူတို႔ကိုေရွာင္ေပးခ်င္ပံုလည္းရသည္။
"ဧၫ့္သည္ ဘာမွာဦးမလဲရွင့္"
"Americanoတစ္ခြက္ အဲ့ဒါပဲ"
Orderတင္ၿပီး Waitressေလးထြက္သြားေတာ့မွ သူ႔အား မေက်မနပ္စိုက္ၾကၫ့္ေနသၫ့္ ကိုင္းမ်က္ႏွာေလးကို အျမတ္တႏိုးျပန္ၾကၫ့္လိုက္ကာ…
"ေကာ္ဖီေတြခါးလည္း မင္းမ်က္ႏွာၾကၫ့္ၿပီးေသာက္ရရင္ ခ်ိဳတယ္"
သူမမ်က္ႏွာေလးရဲခနဲျဖစ္သြားေပမယ့္ ေနသာကေတာ့ ႃပံုးသြားၿပီး ႏႈတ္ခမ္းကိုတစ္ရႉးသုတ္သလိုလိုျဖင့္ အုပ္ကြယ္ကာရယ္၏။
အပိုေတြေျပာျခင္းမဟုတ္တာမို႔ စူပုတ္မႈန္ကုပ္ေနသည့္ ထိုမ်က္ႏွာေလးကပဲ သူ႔အတြက္ ကိုးကြယ္ရာေလး…
"ေန ငါတို႔ျပန္ၾကစို႔"
"ေအး" "ေနသာပဲျပန္ႏွင့္ပါလား"
သူ႔စကားေၾကာင့္ ေနသာကမ်က္လံုးေလးျပဴးသြားၿပီး သူမဆီ အၾကၫ့္တစ္ခ်က္ေရာက္သြားသည္။
တမင္ေခ်မိုးေနေသာ ဒီေကာင္မေလးကိုေခၚသြားစရာရိွတာမို႔ ေတာင္းဆိုလိုက္ျခင္းျဖစ္ေပမယ့္ ေနသာကခ်က္ခ်င္းထြက္မသြား။
စိတ္ပ်က္လက္ပ်က္ျဖင့္ ကိုင္း ေခါင္းညိတ္ျပလိုက္မွ ပိုက္ဆံအိတ္လြယ္ကာ ထထြက္သြား၍ သူ ကိုင္းေဘးနားမွာ ဝင္ထိုင္လိုက္သည္။
"ကိုယ့္ကိုစိတ္ဆိုးေျပပါေတာ့ ခ်ာတိတ္ရယ္ ဘယ္ကိုသြားမလို႔လဲ"
"ေဖေဖ့ဆီခဏျပန္မွာပါဆို ထပ္မတားနဲ႔ေနာ္ ဦး ဒီလိုေတြ တြယ္ကပ္ေနတာကို ကိုင္းအရမ္းမုန္းတယ္သိလား"
"ဒါေပမယ့္ ကိုယ္ကမွ မင္းကိုကပ္ေနခ်င္တာကို ဘယ္လိုလုပ္ရမွာလဲ ကိုယ့္မိန္းမဆီ ကိုယ္ျပန္ကပ္ေနတာ"
"ဘယ္သူကရွင့္မိန္းမလဲ ရွင္ႏွာဘူးက်တာ လူတကာသိေအာင္လိုက္ေျပာမေနနဲ႔ ဖယ္.. လႊတ္"
"ႏွာဘူးပါဆိုမွ ဘာလို႔လႊတ္ရမွာလဲ တကယ္ဆို ကိုယ္ကဒီ့ထက္ပိုၿပီးေတာင္ ထိခြင့္ရိွေသးတာ"
"ဦး.. ရွင္ဘယ္လိုျဖစ္.. အြန္း!!"
ႏႈတ္ခမ္းေလးကို ဖ်တ္ခနဲနမ္းပစ္လိုက္ေတာ့ သူမ ပါးစပ္ကေလးပိတ္သြားသလို ရွက္ကိုးရွက္ကန္းျဖင့္ ပတ္ဝန္းက်င္ကိုေဝ့ၾကၫ့္၏။
ၿပီးမွ စိတ္ဆိုးမာန္ဆိုးျဖင့္ ခုခ်ိန္ထိမလႊတ္ေသးသၫ့္ လက္ကို ကုန္းကိုက္ေတာ့ ေတာ္ေတာ္ေလးနာသြားေပမယ့္ ႃပံုးေနလိုက္သည္။
အရင္ကလို သူ႔လက္ေပၚမွာ ဒီကေလးေလးရဲ့သြားရာေလး ထင္က်န္ေနခဲ့ဦးမွာမလား…
"ရွင့္ကိုမုန္းတယ္သိလား"
"မုန္းရင္ထပ္ကိုက္ေလ ဒီဘက္လက္ က်န္ေသးတယ္"
ေနာက္လက္တစ္ဖက္ထိုးေပးလိုက္ေတာ့လည္း သူမက တကယ္ကိုက္ပစ္တာမို႔ နီရဲထင္က်န္ေနခဲ့သၫ့္ သြားရာအကြင္းလိုက္ေလးကိုၾကၫ့္ရင္း ၾကည္ႏူးသြားမိသည္။
ဒီလို ဒဏ္ရာေသးေသးေလးေတြကိုလည္း သူ လိုအပ္ေနတာပဲ…
"ရင္ဘတ္က်န္ေသးတယ္ လည္ပင္းလည္းက်န္ေသးတယ္ ကိုက္ဦးမလား"
ေပ်ာ္ေနမိတာမို႔ သူ႔အသံက ရႊင္ျမဴးေနကာ ထိုရႊင္ျမဴးေနမႈေၾကာင့္ ကိုင္းရဲ့မၾကည္ေသာအၾကၫ့္ေတြက စိတ္တိုသၫ့္ဘက္ကို ေရာက္သြား၏။
သူမကိုယ္ေလးကို ပိုၿပီးနီးကပ္သြားေအာင္ ဆဲြယူေပြ့ဖက္ထားသၫ့္အခါ ေမႊးပ်ံ႔ေနေသာ သူမရဲ့ကိုယ္သင္းနံ႔ေလးကို အနီးကပ္ရလိုက္၍ ဂုတ္ပိုးႏုႏုေလးကို တစ္ဝႀကီးရိႈက္နမ္းပစ္လိုက္သည္။
"ဟင့္အင္း.. ရွင္မရမ္းကားနဲ႔ ဦး.. ကိုင္းကိုလႊတ္"
တဘုတ္ဘုတ္ထုရိုက္ေနသည့္ လက္ကေလးေတြကိုလည္း ခ်ဳပ္ထားလိုက္ကာ သူမနဖူးေလးကိုပါ ထိကပ္နမ္းပစ္လိုက္သည္။
တစ္ဆိုင္လံုး ေအးခ်မ္းစြာထိုင္ေနသၫ့္အတဲြေတြထဲ သူမတစ္ေယာက္သာ ပြစိပြစိျဖစ္ေနၿပီး မေက်မနပ္မ်က္ေစာင္းထိုးကာ သူ႔ရင္ဘတ္ကိုတြန္းပစ္ေန၏။
"ခဏေလးပါ ခဏပဲဖက္ထားမယ္ ၿပီးရင္မင္းကိုျပန္ပို႔ေပးမယ္"
💞💞💞💞💞
ျပန္ပို႔ေပးမည္ဆိုၿပီး ဘယ္ဝင္ဦးမလဲမသိေသးဘဲ ဦး ေမာင္းဝင္လာသည္က ၿခံတစ္ၿခံျဖစ္ကာ ထံုးေျခာက္ေရာင္သုတ္ထားသၫ့္ တစ္ထပ္ခဲြတိုက္ကေလးက ခ်စ္စဖြယ္။
မွန္ေတြခ်ည္းသံုးထား၍ ဝင္းစက္ေနကာ ေခတ္မီမီေဆာက္ထားတာမို႔ ကိုင္းသေဘာက်သြားေပမယ့္ စိတ္ထဲမွာပဲထားလိုက္ကာ ၿငိမ္သက္ေနလိုက္ေတာ့ ဦးကခါးပတ္ကိုျဖဳတ္ၿပီး ေအာက္ကိုဆင္းသည္။
ကိုင္းဘက္ကိုျပန္ေလ်ွာက္လာတာမို႔ တစ္ဖက္ကိုေရႊ့ထိုင္ဖို႔ျပင္ေပမယ့္ ဦးက ကိုင္းလက္ကိုမိမိရရဆဲြမိသြားၿပီး…
"ခ်ာတိတ္ဘာသာဆင္းမလား ကိုယ္ေပြ့ေခၚရမလား"
"ဒါဘယ္ေနရာလဲ ကိုင္းျပန္ခ်င္ၿပီ"
"မင္းရဲ့အိမ္ကိုျပန္ပို႔ေပးပါ့မယ္ စိတ္ခ်ပါ အခုေတာ့ခဏဆင္း"
"ဟင့္အင္း"
"ကိုယ္မေန့ကလိုမဆိုးပါဘူး ခေလးရဲ့ ကိုယ့္အေမနဲ႔ေတြ့ေပးခ်င္လို႔ပါ မင္းကိုမထိဘူး ကတိေပးတယ္"
ကိုင္း အိမ္ကေလးကို တစ္ခ်က္လွမ္းၾကၫ့္ေတာ့ အိမ္အဝမွာရပ္ေနေသာ အမ်ိဳးသမီးႀကီးတစ္ေယာက္ကို ေတြ့လိုက္ရ၍ နည္းနည္းစိတ္ခ်သြားသည္။
ကိုင္းကို သူ႔အေမနဲ႔ေတြ့ေပးခ်င္တာဟာ ဘာေၾကာင့္မ်ားပါလိမ့္…
ထို႔ေၾကာင့္ကားေပၚကဆင္းလိုက္ေတာ့ ဦးက ကိုင္းလက္တစ္ဖက္ကို ဆုပ္ကိုင္ၿပီးဆဲြေခၚသြား၍ ဦးအေနာက္ကိုလိုက္လာခဲ့မိသည္။
ကိုင္းရဲ့ယခုေျခလွမ္းေတြက ဦးရဲ့ေထာင္ေခ်ာက္ထဲကို တိုးဝင္သြားမိသၫ့္ေျခလွမ္းေတြဆိုတာကိုေတာ့ ကိုင္း နည္းနည္းေလးေတာင္မရိပ္မိခဲ့…
💞💞💞💞💞
Part 34 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997