Unicode
ကျိမင်ရွေ့ အလန့်တကြားနှင့် "မှုခင်းတပ်ဖွဲ့" ဟူသော စကားကိုသာ အထပ်ထပ် ရွတ်နေသည်။
ကျိမင်ရွေ့မှာ အခုမှ အလုပ်စဝင်သူဖြစ်၍ လူသတ်မှုများကိုင်တွယ်ရန် လူသတ်သမားများ ဖမ်းဆီးနိုင်သည့်အဆင့်အထိ မရောက်သေးသော်လဲ သူ့အိပ်မက်က မှုခင်းရဲတစ်ဦးသာ ဖြစ်၏။ သူ့ကိုယ်သူ မှုခင်းရဲတစ်ဦး ဖြစ်နိုင်သည်ဟု မမျှော်လင့်ရဲသေးပေမဲ့ပေါ့လေ။
အဆင့်မီသော ဖန်တစ်ဦးဖြစ်သည့် ရဲအရာရှိမှာ သူ့အိုင်ဒေါအကြောင်း ကောင်းမွန်စွာ သိသည်။
" ဟွားနန်မှာ ဖြစ်ခဲ့တဲ့ 7/19 လူသတ်မှု.. 9/02 ကွင်းဆက်လူသတ်မှု.. 3/10 အဆိပ်ခတ်လုပ်ကြံမှု အကုန်လုံးကို သူ ဖော်ထုတ်ခဲ့တာ"
အမှုအခင်းများအားလုံးမှာ နာမည်ကျော်ကြားသော အမှုများသာဖြစ်၏။ အလွန်ရက်စက်ကာ သဲလွန်စသိပ်မရှိသော အမှုက ပိုများသည်။
ကျိမင်ရွေ့က 'မိုက်လိုက်တာ' ဟူသော အမူအရာနှင့် နားထောင်နေရင်းနှင့်မှ တစ်စုံတစ်ခုကို သတိရသွားသည်။
" နေပါဦး.. အဲ့ဒီ့အမှုတွေအကုန်လုံးက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖြစ်ခဲ့တာတွေလေ"
သူ ပြောခဲ့သည့်အမှုတိုင်းက လွန်ခဲ့သော ဆယ်နှစ်မှ အမှုများသာဖြစ်လေသည်။
ကျိမင်ရွေ့က ရှဲ့လင်၏ကျောပြင်ကို ငေးကြည့်နေသည်။ ထိုသူမှာ ဆုရှောင်းလန် မကိုင်ရဲပဲ ချထားသည့် သွေးများ အသားများကို ရှင်းလင်းနေဆဲပင်။ ထိုသူ၏ အပြုအမူတိုင်းက နူးညံ့ညင်သာလွန်းနေကာ သေပြီးသားကြောင်လေးများ ထိခိုက်သွားမှာ စိုးရိမ်လွန်းနေသည့်အလားပင်။ သွေးစွန်းနေသော လက်ချောင်းလေးများက ဓားဒဏ်ရာတစ်လျှောက်ကို စမ်းရင်း ဓားရာတစ်ခုချင်းကို မှတ်သားနေသည်။ သွေးများ ဖုံးလွှမ်းနေသော နေရာဖြစ်သောကြောင့် ထိုသူ၏ အပြုအမူများ ဘယ်လောက်ပဲ နူးညံ့နေပါစေ ကျက်သီးတဖျန်းဖျန်း ထလောက်သည်အထိ ကြောက်စရာကောင်းနေ၏။
ကျိမင်ရွေ့က မျက်လုံးမှေးကြည့်ရင်း ပြန်ပြောသည်။
" သူ ဒီလောက်တောင် အရွယ်တင်တာ ကျွန်တော်ဖြင့် ယုံတောင် မယုံနိုင်ဘူး.. သူ အဲ့လောက်ထိ အသက်ကြီးပြီပေါ့လေ"
ဆုရှောင်းလန်လဲ ခေါင်းညိတ်သည်။
" ဟုတ်တယ်နော် ကျွန်မလဲ သူ့ကို အလွန်ဆုံးရှိမှ ၂၅နှစ်လောက်ပဲ ထင်ထားတာ"
ရဲအရာရှိ : "??"
သူတို့နှစ်ယောက် နည်းနည်းတော့ ကြောင်နေတဲ့ပုံပဲ...
" သူက တကယ် အသက်ငယ်ငယ်လေးပဲ ရှိသေးတာလေ"
ထိုရဲအရာရှိက ဒီစကားလောက်နှင့် နားမလည်နိုင်ဟု ယူဆမိသဖြင့် နောက်ထပ် ထပ်ပြောလိုက်သည်။
" သူက မှုခင်းရဲတပ်ဖွဲ့ခေါင်းဆောင် ရှဲ့ဖုန်းရဲ့ညီလေးလေ.. ခုနပြောတဲ့အမှုတွေ ဖြေရှင်းတဲ့အချိန်တုန်းကဆို သူက အထက်တန်းကျောင်း ပထမနှစ်ပဲ ရှိသေးတာ"
ဆုရှောင်းလန် သူ့နားကိုပင် မယုံနိုင်တော့။
အထက်တန်းကျောင်းပထမနှစ်တွင် ကာယချိန်တွင် ဖိနပ်ထဲ ဖော့များထည့်ခဲ့သည့် ကျိမင်ရွေ့မှာ စကားပင်မပြောနိုင်။
လူသားမျိုးနွယ်စုတစ်ခုထဲမှ လူနှစ်ဦးက ဒီလောက်တောင်ပဲ ကွာခြားရသလား
ကျိမင်ရွေ့ : ဒါပေမဲ့ ပြဿနာရှိတာကလေ... အရမ်းမိုက်တာတော့ ဝန်ခံပါတယ်... ဒါပေမဲ့ ဘာလို့ သူက အကြံပေးဟောင်း ဖြစ်နေရတာလဲ..
"ရှောင်ကျန်း.. ဒီနားလာခဲ့"
အဆိုပါရဲအရာရှိလေး ပါးစပ်ဟတော့မည့်ဆဲဆဲတွင် ခပ်လှမ်းလှမ်းမှ ဝူကျီပင်းက သူ့ကို လှမ်းခေါ်သည်။
ကျန်းယွီလဲ စိတ်လှုပ်ရှားမှုကို ခဏထိန်းချုပ်ကာ မှတ်စုစာအုပ်ထုတ်ကာ ပြေးသွား၏။
" ပင်းကော"
ဝူကျီပင်းက အသစ်ရောက်လာသော ကလေးများကို အခွင့်အရေးပေးလိုသည့်သဘောနှင့် တစ်ယောက်ချင်း လိုက်မေးသည်။
" လာပြော.. မင်း ဘယ်လိုမြင်လဲ"
ကျန်းယွီလဲ အခင်းနေရာကို အာရုံစိုက် ကြည့်နေသော်လဲ ထင်ထားသလောက် မလွယ်။
ဝူကျီပင်းလက်ထဲမှ တုတ်ကောက်က ကျန်းယွီခြေသလုံးပေါ် ရောက်သွားသည်။
" မင်းကို အခင်းဖြစ်တဲ့နေရာ ကြည့်ခိုင်းတာလေ.. ဘာလို့ လူတွေပဲ လိုက်ကြည့်နေတာလဲ"
ကျန်းယွီ : တောင်းပန်ပါတယ်ဗျ.. ပင်းကော..
ကျန်းယွီက ရှဲ့လင်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သေးသည်။
ထိုသူ၏ လက်ဆစ်လေးများကို သေချာကြည့်မိတော့ ဟိုးအရင်က သူ မြင်ဖူးခဲ့သည့် မြင်ကွင်းလေးတစ်ခုကို သူ သတိရသည်။ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်က အစည်းအဝေးခန်းထဲမှ စားပွဲထိပ်တွင် ထိုင်ကာ လက်ချောင်းလေးများနှင့် စားပွဲကို ဖွဖွလေး ခေါက်နေခဲ့သည်။
ရှဲ့လင်အကြောင်း ကျန်းယွီသေသေချာချာ သိနေရခြင်းမှာ သူ့အဖေသည်လဲ အထွေထွေရုံးတွင် နှစ်ပေါင်းများစွာ လုပ်ခဲ့သော ရဲတစ်ဦးဖြစ်သောကြောင့်ပင်။ သူ ငယ်စဉ်က ကျောင်းကပြန်လာတိုင်း နေရာလွတ်တစ်နေရာရှာ၍ စာထိုင်လုပ်ရင်း သူ့အဖေအလုပ်ပြန်သည့်အချိန်ကို စောင့်ရသည်။
ရုံးချုပ်မှ လူများမှာ အမြဲလိုလို အလုပ်ရှုပ်နေကာ မရပ်မနား လမ်းလျှောက်နေကြသလို အိမ်ပြန်ရသည်ကလဲ ရှားပါး၏။
သူ ငယ်ငယ်လေးတုန်းက အိမ်စာပြီးသွားသည့်အခါတိုင်း အစည်းအဝေးခန်းမှ မှန်တံခါးနားသွား၍ သူ့အဖေ အလုပ်လုပ်သည်ကို ချောင်းကြည့်လေ့ရှိသည်။ အများစုကတော့ သူ့အဖေမှာ မျက်မှောင်ကြီးကျုံ့၍ ပရိုဂျက်တာပေါ်မှ ပုံရိပ်များကို စိုက်ကြည့်နေတတ်သည်။
ထိုအချိန်တုန်းက မှုခင်းတပ်ဖွဲ့ခေါင်းဆောင်ရှဲ့ဖုန်းမှာ ဌာနချုပ်တွင် အတော်ဆုံးလူတစ်ယောက်ဖြစ်ခဲ့၏။ ညင်သာကာ လက်ရုံးရည် နှလုံးရည်ပြည့်ဝသလို ငယ်ငယ်လေးနှင့် မှုခင်းတပ်ဖွဲ့ခေါင်းဆောင်ရာထူး ရထားသူဖြစ်သည်။ ငယ်ရွယ်ထူးချွန်သူတိုင်း အတုခိုးရသည့် စံပြလူသားတစ်ယောက်လဲ ဖြစ်သည်။
သို့သော် ရှဲ့ဖုန်းနှင့် ယှဉ်ကြည့်ပါက ကျန်းယွီမှာ ရှဲ့ဖုန်း၏ ညီလေးကို ပို၍ အထင်ကြီး အားကျခဲ့သည်။
ထိုနှစ်က ဟွားနန်တွင် ဖြစ်ခဲ့သော 7/19 လူသတ်မှုသည် တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သော အမှုတစ်ခုဖြစ်ခဲ့သည်။ လူသတ်သမားက သဲလွန်စ တစ်ခုလေးပင် ချန်မထားခဲ့။ မီဒီယာသမားတွေကလဲ အကြီးအကျယ်ဖြစ်အောင် ကြေညာချက်ထုတ်ကြသည်။ ထိုအမှု၏ ဖိအားမှာ တစ်နေ့တခြား ပိုပိုလာခဲ့သည်။ သူ့အဖေ တစ်ချိန်လုံး မျက်မှောင်ကျုံ့နေသည်က ဘယ်နှရက်ကြာသည်လဲဆိုသည်ကိုပင် ကျန်းယွီ မမှတ်မိတော့။
သို့သော် ထိုအမှုဖြစ်ပြီး ဆယ်ရက်အကြာတွင်တော့ တစ်စုံတစ်ယောက်က သဲလွန်စ ရှာနိုင်ခဲ့သည်။
သူ့အဖေ အိမ်မပြန်နိုင်သည်မှာ ဆယ်ရက်ပင် ကြာခဲ့ပြီ။ကျန်းယွီက မှန်တံခါးမှတဆင့် အစည်းအဝေးခန်းကို ခိုးကြည့်တော့ သူ့အဖေက အလျင်စလို တံခါးဖွင့်ကာ မှုခင်းရဲတချို့ခေါ်၍ အပြင်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
သူတို့ပြန်လာတော့ သူတို့နှင့်အတူ တစ်စုံတစ်ယောက် ပါလာသည်။
ကျောင်းဝတ်စုံဝတ်ထားသော ထိုကောင်လေးမှာ နောက်ဆုံးတွင် ရပ်နေ၏။ အခုမှ အတန်းပြီး၍ ထွက်လာပုံရကာ မီးခိုးပြာရောင် ကျောင်းဝတ်စုံကို လျော့တိလျော့ရဲ ဝတ်ထားသည်။ မိန်းကလေးတိုင်းဆီမှ ရည်းစားစာ ရဖူးလောက်သည့် ရုပ်ရည်မျိုးနှင့်ပင်။
ထိုကောင်လေး ဝင်လာပြီးနောက်တွင်တော့ အစည်းအဝေးခန်း၏ အနေအထား လုံးဝပြောင်းလဲသွားခဲ့၏။ ထိုကောင်လေးက စားပွဲထိပ်တည့်တည့်တွင် ဝင်ထိုင်လိုက်သည်။
အစည်းအဝေးခန်းထဲရှိ စားပွဲရှည်တွင် ထိုင်ခုံမြောက်မြားစွာရှိသည်။ ထိုကောင်လေး၏ ထိုင်ခုံမှာ အဝေးဆုံးဖြစ်သော်လဲ ပရိုဂျက်တာနှင့် တည့်တည့်တွင် ရှိနေသည်။
ပရိုဂျက်တာပေါ်တွင် မှုခင်းပုံများ တစ်ပုံပြီးတစ်ပုံပေါ်လာကာ ပုံအလင်းအမှောင်ကိုလိုက်၍ အခန်းအလင်းရောင်လဲ လိုက်ပြောင်းနေသည်။
မှန်ကို blinds နှင့် ကာထားသော်လဲ ကြားထဲမှနေ၍ စားပွဲကို ဖွဖွလေးခေါက်နေသော ထိုကောင်လေး၏ လက်ချောင်းများကို ကျန်းယွီ မြင်နေရသည်။ သူ့ရှေ့တွင် ထိုင်နေကြသော ရဲအရာရှိများအားလုံးသည်လဲ ယူနီဖောင်းများဝတ်ထားကြပြီး အာရုံစိုက်၍ နားထောင်နေကြသည်။ ထိုကောင်လေးသည်သာ ကျောင်းဝတ်စုံနှင့် တမူထူးခြားနေလေ၏။
ထိုကောင်လေးမှာ မှုခင်းတပ်ဖွဲ့ခေါင်းဆောင်၏ ညီလေး ရှဲ့လင်ဖြစ်သည်ကိုတော့ သူ နောက်မှ ပြန်သိရသည်။
........
" အကြံပေးဆိုလဲ အကြံပေးပေါ့ ဘာလို့ အကြံပေးဟောင်း လို့ ခေါ်တာလဲ"
ကျန်းယွီသည်လဲ ထိုကောင်လေးကို ပြန်တွေ့စဉ်က ထိုကဲ့သို့ပင် တွေးမိခဲ့သည်။
သူ့အဖေကတော့ အတော်လေး ဒေါသထွက်နေသည်။
" ငါ သဘောမတူနိုင်ဘူး.. သူက အရမ်းအန္တရာယ်များတယ်.. မင်းတို့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ သုံးသပ်ချက်ကို ဖတ်ဖူးတယ်မဟုတ်ဘူးလား.. မှန်တယ်.. အဲ့ဒီ့တုန်းက ပြန်ပေးဆွဲမှုမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိခဲ့ဘူး.. ဒါပေမဲ့ အရင်တုန်းကတော့ ရှဲ့ဖုန်းရှိတယ်လေ.. အခု ရှဲ့ဖုန်းလဲ ဒီမှာမရှိဘူး.. သူ့ကို ထိန်းချုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး.. မင်းတို့ သူ့ကို ခေါ်ထားပြီးရင် ထိန်းချုပ်နိုင်ပါတယ်လို့ အာမခံနိုင်လို့လား... ဘယ်သူ ထိန်းချုပ်ပေးမှာလဲ"
.....
ရှဲ့လင်မှာ မှုခင်းနေရာတွင် မိတ်ဆွေဟောင်းတစ်ယောက်ရှိနေသည်ကို မသိ။ သူ့အာရုံက ငွေမှင်ရောင် ကြောင်လေး၏ လက်အောက်တွင် ဖိထားသော စာရွက်ပိုင်းပေါ်တွင်သာ ရှိနေသည်။
ပါးလွှာသော စာရွက်လေးကို ဂရုတစိုက် ဆွဲခွာပြီးနောက် အသေအချာစိုက်ကြည့်တော့ အဖြူရောင်နောက်ခံ ဈေးနှုန်းစာလုံးအနီရောင်လေးများကို တွေ့ရသည်။ အဆိုပါစာရွက်မှာ ပြုပြင်မရနိုင်လောက်အောင် ရိရွဲနေသည်။ သွေးများစိုရွှဲနေရာမှ မင် ဆိုသော စာလုံးကိုပင် မနည်းဖတ်ရလေသည်။
.........
"အသက် ၁၅ နှစ်နဲ့ အမှုဖြေရှင်းနိုင်တဲ့သူ တကယ်ရော ရှိနိုင်လို့လား"
" စုံထောက် ကိုနန် ကလွဲရင် ဒီလိုလူမျိုး အပြင်မှာ တကယ်ရှိတယ်ဆိုတာ ငါတော့ မယုံနိုင်ပါဘူး"
အလုပ်ဆင်းပြီးနောက် ကျိမင်ရွေ့က ချီချင်းအိမ်သို့ တန်းဝင်လာသည်။ ချီချင်းအိမ်က ခုနနေရာနှင့် နှစ်ကီလိုမီတာလောက်သာ ရှိသည်မို့ ပိုအဆင်ပြေသည်။ အိမ်ထဲ ရောက်ရောက်ချင်း ဆိုဖာပေါ်လှဲကာ ပွစိပွစိ ရေရွတ်နေလေသည်။
ထို့နောက် သက်ပြင်းထပ်ချပြန်သည်။
" တကယ် ဟာသပဲ.. ငါ ၁၅နှစ်တုန်းက ဘာတွေလုပ်နေခဲ့ပါလိမ့်"
ချီချင်း: " ဖိနပ်ထဲ ထည့်ဝတ်ဖို့ ဖော့တွေဝယ်တယ်.. ငါ့ဆီက အိမ်စာ ကူးချတယ်လေ"
ကျိမင်ရွေ့ : "..."
ချီချင်းက ဆက်ပြောသေးသည်။
" ဟိုဘက်အခန်းက ကောင်မလေးနောက်လဲ လိုက်သေးတယ်... မရတော့ နာရီဝက်လောက် ထိုင်ငိုတယ်... ငါ့အင်္ကျီနဲ့တောင် မျက်ရည်လာသုတ်သေးတယ်... အငိုတိတ်သွားတော့လဲ ငါ ရိုက်လို့ ထပ်ငိုရသေးတယ်လေ"
ကျိမင်ရွေ့ : "..."
ချီချင်း : "မင်း မှတ်မိအောင် ထပ်ပြောပြရဦးမလား"
ကျိမင်ရွေ့ ရုတ်တရက် ထထိုင်သည်။
" မလိုတော့ဘူး.. ကျေးဇူးပဲ"
ချီချင်းက စကားပြောနေရင်း ပေါင်မုန့်လှီးနေ၏။ ဘာမှသိပ်မရှိသော မီးဖိုခန်းမှာ အေးစက်ကာ စိတ်လှုပ်ရှားစရာ လုံးဝမရှိ။ အိုးများ ပန်းကန်များ သိပ်မရှိပေမဲ့ ဓားတွေတော့ အများကြီးရှိသည်။
ကျိမင်ရွေ့က အခန်းထဲတွင် အလင်းကောင်းကောင်းမရ၍ မီးထဖွင့်သည်။
" မင်း ဘယ်လိုသတ္တဝါမျိုးလဲ မှောင်မဲနေတာကို လက်ဓားထိကုန်မှာပေါ့"
မှုန်ဝါးနေသော အခန်းထဲတွင် အခုမှသာ လင်းထိန်လာတော့သည်။
ချီချင်းမှာ ရုတ်တရက်ပေါ်လာသော အလင်းကြောင့် ပေါင်မုန့်လှီးနေသော လက်ပင် ရပ်သွားသည်။ ငွေရောင်ဓားလေးသည်လဲ သူ့လက်ချောင်းထိပ်ဖျားထဲ ထိုးဝင်သွား၏။
ချီချင်း : " မင်း အသက်ရှင်ရတာ ငြီးငွေ့လာပြီနဲ့တူတယ်"
ကျိမင်ရွေ့မှာ ဆေးသေတ္တာလိုက်ရှာရင်း ပျာပျာသလဲ တောင်းပန်သည်။
" ငါ မှားတာ ငါ မှားတာပါ"
သို့သော် ကျိမင်ရွေ့ ဆေးသေတ္တာရှာမတွေ့ခင် ချီချင်းက လက်ဖျားမှ သွေးထွက်နေသည်ကို တုံ့ပြန်မှုမရှိ။ အေးအေးသက်သာပင် နှုတ်ချောင်းကို နှုတ်ခမ်းနှင့် ဖိကပ်လိုက်တော့ သွေးများမှာ သူ့နှုတ်ခမ်းကြားထဲ ပျောက်ကွယ်သွား၏။
ကျိမင်ရွေ့မှာ သွေးစုပ်ဖုတ်ကောင် ပြန်ဝင်စားသည်ဟု ပြန်ပြောရန် ပြင်နေစဉ် သူ့မျက်လုံးတို့က ချီချင်းလက်ထဲမှ ဓားဆီ ရောက်သွားသည်။
လွှသွားပုံသဏ္ဍာန် အဖျားချွန်ချွန်နှင့် အနည်းငယ်ကွေးသော ဓားဖြစ်လေသည်။ မညီညာသော လွှသွားပုံစံက သွေးအေးသတ္တဝါတစ်ကောင်၏ သွားစွယ်များကဲ့သို့ အေးစက်မှုကို ခံစားရသည်။
.... ဒဏ်ရာရဲ့ အနေအထားက မညီဘူး... ရှေ့တိုးနောက်ဆုတ် ထိုးထားတဲ့အတိုင်းပဲ...
.... လွှသွားပုံစံ ဓားအသေးစားလေး ဖြစ်နိုင်တယ်...
ချီချင်း : " မင်း ဘာကြည့်နေတာလဲ"
ကျိမင်ရွေ့က ချီချင်းလက်ထဲမှ ဓားကို လုံးဝအကြည့်မလွှဲ။
" မင်း ဒီဓားကို ဘယ်တုန်းက ဝယ်ထားတာလဲ.. ဘယ်ကဝယ်တာလဲ.. ငါ ခဏလောက် ကြည့်လို့ရလား"
ချီချင်းက ဘာလို့လဲ မမေးတော့။ ဓားကိုလှည့်ကာ အသွားကို သူ့ဘက်ဦးတည်၍ ကျိမင်ရွေ့လက်ထဲ ဓားရိုးထည့်ပေးလိုက်သည်။
ထို့နောက်မှ သူ ဈေးနှုန်းကပ်ခွာပင် မဖြုတ်ရသေးသည်ကို သတိထားမိ၍ ပေါ့ပေါ့ပါးပါး ဆွဲဖြုတ်လိုက်သည်။
" အရင်တစ်ပတ်လောက်ကနဲ့တူတယ်.. ဟိုဘက်လမ်းမှာ ရောင်းနေတာ"
ချီချင်းနေထိုင်သည့် ရပ်ကွက်မှာ ဟိုင်မောင်းရပ်ကွက်နှင့် မဝေး။ ပစ္စည်းပစ္စယများ ဝယ်ချင်ပါက တစ်နေရာထဲမှ ဝယ်နိုင်လောက်သည်။ ထို့ကြောင့် ကျိမင်ရွေ့ ဓားကို လှမ်းယူရင်း ထပ်မေးလိုက်သည်။
" ဘယ်ဆိုင်ကလဲ မှတ်မိသေးလား"
ချီချင်း " ဘာမင် ကုန်စုံဆိုင်"
ကျိမင်ရွေ့ အလွန်အမင်းအံ့ဩသွား၏။
" တစ်ခါတစ်ခါကျရင် ငါ မင်းရဲ့ ထူးကဲလွန်းတဲ့ မှတ်ဉာဏ်ကို လေးစား..."
ချီချင်းက စောစောကမှ ဖြုတ်လိုက်သော ဈေးနှုန်းကပ်ခွာကို ကျိမင်ရွေ့ လက်ဖမိုးပေါ် ကပ်ပေးလိုက်သည်။ ငုံ့ကြည့်တော့မှ အဖြူရောင်နောက်ခံတွင် ဘာမင်ကုန်စုံဆိုင် ဟူသော အနီရောင်စာလုံးများကို တွေ့လိုက်ရလေသည်။
.....
...ချလင်....
ဟိုင်မောင်းရပ်ကွက်နှင့် မီတာငါးရာဝေးသော သာမန်စတိုးဆိုင်လေးတစ်ခု၏ တံခါးမှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ရှဲ့လင်က ဆိုင်ထဲ လှည့်ပတ်၍ လျှောက်ကြည့်နေသည်။ ဆိုင်၏ အတွင်းရော အပြင်ပါ ဟိုးအရင်က အငွေ့အသက်မျိုးကို ရနေသည်။ ပရိဘောဂတို့မှာ ဆယ်နှစ်ကျော်ကြာသည်အထိ မပြောင်းထား။ ပစ္စည်းများပေါ်တွင် တံဆိပ်ကပ်တတ်သည့် အကျင့်ဟောင်းပင် ရှိနေသေးသည်။
နှစ်ကီလိုမီတာအတွင်း ပစ္စည်းပေါ် တံဆိပ်ကပ်တတ်သောဆိုင်မှာ ဒီတစ်ဆိုင်ထံသာ ရှိသည်။
ဆိုင်အဝင်ဝတွင် ထုတ်ထားသော အာလူးကြော် မုန့်ထုတ်များပေါ်တတွင်ပင် ၆ယွမ်ဟု တံဆိပ်ကပ်ထားသေးသည်။ စတိုးဆိုင်၏ နာမည်ကိုတော့ အပြာရောင် လေးထောင့်စာလုံးနှင့် ရေးထား၏။
မီးဖိုချောင်သုံးပစ္စည်းများမှာ အထဲတွင် ရှိသောကြောင့် ရှဲ့လင်လဲ မုန့်ထုတ်တချို့ပိုက်ကာ ဆိုငထဲ လျှောက်ဝင်လာသည်။ ဆိုင်ထဲတွင်တော့ ဒယ်အိုး ဒန်အိုးများ များစွာရှိနေသည်။
ဒုတိယအဆင့်တွင် သစ်သီးလှီးဓားမျိုးစုံကို ပြသထားသည်။ လွှသွားပုံစံဓားများက သာမန် ချောမွေ့သော ဓားသွားထက် လူကြိုက်နည်းသောကြောင့် အနောက်ခပ်ကျကျတွင် ရှိနေသည်။ လက်ရှိ စင်ပေါ်တွင် ဓားလေးချောင်းသာ ကျန်တော့သည်။
စတိုးဆိုင်ပိုင်ရှင်မရှိပဲ ဈေးရောင်းသူနေရာတွင် ကလေးတစ်ယောက်ထိုင်ကာ အိမ်စာလုပ်နေ၏။ မိဘများ၏ ဆိုင်ကို ကြည့်ပေးနေကျ ဖြစ်နိုင်သည်။ ပိုက်ဆံရှင်းမည့်သူ ကောင်တာနားကပ်လာတော့ ခဲတံချ၍ ဈေးနှုန်းတွက်ပေးနေ၏။
လက်တစ်ဖက်က သူ့အိမ်စာစာအုပ်ပေါ် ကျလာသည်။
" ကျောင်းသားလေး... နံပါတ်သုံးက အဖြေမှားနေတယ်"
ကောင်လေးက ဈေးဝယ်သူကို မော့ကြည့်လိုက်သည်။
ရှဲ့လင်က ဘေးချထားသော ခဲတံ ကောက်ကိုင်၍ အကြမ်းစာရွက်ပေါ် ရိုးရှင်းလွန်းသော ဖော်မြူလာတစ်ခု ချရေးပေးလိုက်သည်။ ရေးပြီးတော့မှ ဆက်ပြော၏။
" ကောကောကို ပြောပြလို့ရမလား... ဒီလိုဓားမျိုး အခုတလော ဝယ်သွားတဲ့သူ ဘယ်သူရှိလဲ"
ကောင်လေးက မုန့်ထုပ်ကိုင်ကာ ပိုက်ဆံမတွက်ရသေးသော ဓားကို ငေးကြည့်ရင်း တဖြည်းဖြည်း ခေါင်းညိတ်လာသည်။
"ရှိတယ်"
" လက်အိတ်ဝတ်ထားတဲ့ ကောကောချောချောလေး"
........
End of part 6
Thank you all
Unicode
က်ိမင္ေ႐ြ႕ အလန႔္တၾကားႏွင့္ "မႈခင္းတပ္ဖြဲ႕" ဟူေသာ စကားကိုသာ အထပ္ထပ္ ႐ြတ္ေနသည္။
က်ိမင္ေ႐ြ႕မွာ အခုမွ အလုပ္စဝင္သူျဖစ္၍ လူသတ္မႈမ်ားကိုင္တြယ္ရန္ လူသတ္သမားမ်ား ဖမ္းဆီးနိုင္သည့္အဆင့္အထိ မေရာက္ေသးေသာ္လဲ သူ႕အိပ္မက္က မႈခင္းရဲတစ္ဦးသာ ျဖစ္၏။ သူ႕ကိုယ္သူ မႈခင္းရဲတစ္ဦး ျဖစ္နိုင္သည္ဟု မေမွ်ာ္လင့္ရဲေသးေပမဲ့ေပါ့ေလ။
အဆင့္မီေသာ ဖန္တစ္ဦးျဖစ္သည့္ ရဲအရာရွိမွာ သူ႕အိုင္ေဒါအေၾကာင္း ေကာင္းမြန္စြာ သိသည္။
" ဟြားနန္မွာ ျဖစ္ခဲ့တဲ့ 7/19 လူသတ္မႈ.. 9/02 ကြင္းဆက္လူသတ္မႈ.. 3/10 အဆိပ္ခတ္လုပ္ႀကံမႈ အကုန္လုံးကို သူ ေဖာ္ထုတ္ခဲ့တာ"
အမႈအခင္းမ်ားအားလုံးမွာ နာမည္ေက်ာ္ၾကားေသာ အမႈမ်ားသာျဖစ္၏။ အလြန္ရက္စက္ကာ သဲလြန္စသိပ္မရွိေသာ အမႈက ပိုမ်ားသည္။
က်ိမင္ေ႐ြ႕က 'မိုက္လိုက္တာ' ဟူေသာ အမူအရာႏွင့္ နားေထာင္ေနရင္းႏွင့္မွ တစ္စုံတစ္ခုကို သတိရသြားသည္။
" ေနပါဦး.. အဲ့ဒီ့အမႈေတြအကုန္လုံးက လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္က ျဖစ္ခဲ့တာေတြေလ"
သူ ေျပာခဲ့သည့္အမႈတိုင္းက လြန္ခဲ့ေသာ ဆယ္ႏွစ္မွ အမႈမ်ားသာျဖစ္ေလသည္။
က်ိမင္ေ႐ြ႕က ရွဲ႕လင္၏ေက်ာျပင္ကို ေငးၾကည့္ေနသည္။ ထိုသူမွာ ဆုေရွာင္းလန္ မကိုင္ရဲပဲ ခ်ထားသည့္ ေသြးမ်ား အသားမ်ားကို ရွင္းလင္းေနဆဲပင္။ ထိုသူ၏ အျပဳအမူတိုင္းက ႏူးညံ့ညင္သာလြန္းေနကာ ေသၿပီးသားေၾကာင္ေလးမ်ား ထိခိုက္သြားမွာ စိုးရိမ္လြန္းေနသည့္အလားပင္။ ေသြးစြန္းေနေသာ လက္ေခ်ာင္းေလးမ်ားက ဓားဒဏ္ရာတစ္ေလွ်ာက္ကို စမ္းရင္း ဓားရာတစ္ခုခ်င္းကို မွတ္သားေနသည္။ ေသြးမ်ား ဖုံးလႊမ္းေနေသာ ေနရာျဖစ္ေသာေၾကာင့္ ထိုသူ၏ အျပဳအမူမ်ား ဘယ္ေလာက္ပဲ ႏူးညံ့ေနပါေစ က်က္သီးတဖ်န္းဖ်န္း ထေလာက္သည္အထိ ေၾကာက္စရာေကာင္းေန၏။
က်ိမင္ေ႐ြ႕က မ်က္လုံးေမွးၾကည့္ရင္း ျပန္ေျပာသည္။
" သူ ဒီေလာက္ေတာင္ အ႐ြယ္တင္တာ ကြၽန္ေတာ္ျဖင့္ ယုံေတာင္ မယုံနိုင္ဘူး.. သူ အဲ့ေလာက္ထိ အသက္ႀကီးၿပီေပါ့ေလ"
ဆုေရွာင္းလန္လဲ ေခါင္းညိတ္သည္။
" ဟုတ္တယ္ေနာ္ ကြၽန္မလဲ သူ႕ကို အလြန္ဆုံးရွိမွ ၂၅ႏွစ္ေလာက္ပဲ ထင္ထားတာ"
ရဲအရာရွိ : "??"
သူတို႔ႏွစ္ေယာက္ နည္းနည္းေတာ့ ေၾကာင္ေနတဲ့ပုံပဲ...
" သူက တကယ္ အသက္ငယ္ငယ္ေလးပဲ ရွိေသးတာေလ"
ထိုရဲအရာရွိက ဒီစကားေလာက္ႏွင့္ နားမလည္နိုင္ဟု ယူဆမိသျဖင့္ ေနာက္ထပ္ ထပ္ေျပာလိုက္သည္။
" သူက မႈခင္းရဲတပ္ဖြဲ႕ေခါင္းေဆာင္ ရွဲ႕ဖုန္းရဲ႕ညီေလးေလ.. ခုနေျပာတဲ့အမႈေတြ ေျဖရွင္းတဲ့အခ်ိန္တုန္းကဆို သူက အထက္တန္းေက်ာင္း ပထမႏွစ္ပဲ ရွိေသးတာ"
ဆုေရွာင္းလန္ သူ႕နားကိုပင္ မယုံနိုင္ေတာ့။
အထက္တန္းေက်ာင္းပထမႏွစ္တြင္ ကာယခ်ိန္တြင္ ဖိနပ္ထဲ ေဖာ့မ်ားထည့္ခဲ့သည့္ က်ိမင္ေ႐ြ႕မွာ စကားပင္မေျပာနိုင္။
လူသားမ်ိဳးႏြယ္စုတစ္ခုထဲမွ လူႏွစ္ဦးက ဒီေလာက္ေတာင္ပဲ ကြာျခားရသလား
က်ိမင္ေ႐ြ႕ : ဒါေပမဲ့ ျပႆနာရွိတာကေလ... အရမ္းမိုက္တာေတာ့ ဝန္ခံပါတယ္... ဒါေပမဲ့ ဘာလို႔ သူက အႀကံေပးေဟာင္း ျဖစ္ေနရတာလဲ..
"ေရွာင္က်န္း.. ဒီနားလာခဲ့"
အဆိုပါရဲအရာရွိေလး ပါးစပ္ဟေတာ့မည့္ဆဲဆဲတြင္ ခပ္လွမ္းလွမ္းမွ ဝူက်ီပင္းက သူ႕ကို လွမ္းေခၚသည္။
က်န္းယြီလဲ စိတ္လႈပ္ရွားမႈကို ခဏထိန္းခ်ဳပ္ကာ မွတ္စုစာအုပ္ထုတ္ကာ ေျပးသြား၏။
" ပင္းေကာ"
ဝူက်ီပင္းက အသစ္ေရာက္လာေသာ ကေလးမ်ားကို အခြင့္အေရးေပးလိုသည့္သေဘာႏွင့္ တစ္ေယာက္ခ်င္း လိုက္ေမးသည္။
" လာေျပာ.. မင္း ဘယ္လိုျမင္လဲ"
က်န္းယြီလဲ အခင္းေနရာကို အာ႐ုံစိုက္ ၾကည့္ေနေသာ္လဲ ထင္ထားသေလာက္ မလြယ္။
ဝူက်ီပင္းလက္ထဲမွ တုတ္ေကာက္က က်န္းယြီေျခသလုံးေပၚ ေရာက္သြားသည္။
" မင္းကို အခင္းျဖစ္တဲ့ေနရာ ၾကည့္ခိုင္းတာေလ.. ဘာလို႔ လူေတြပဲ လိုက္ၾကည့္ေနတာလဲ"
က်န္းယြီ : ေတာင္းပန္ပါတယ္ဗ်.. ပင္းေကာ..
က်န္းယြီက ရွဲ႕လင္ကို ေနာက္ဆုံးတစ္ခ်က္ လွမ္းၾကည့္လိုက္ေသးသည္။
ထိုသူ၏ လက္ဆစ္ေလးမ်ားကို ေသခ်ာၾကည့္မိေတာ့ ဟိုးအရင္က သူ ျမင္ဖူးခဲ့သည့္ ျမင္ကြင္းေလးတစ္ခုကို သူ သတိရသည္။ ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးတစ္ေယာက္က အစည္းအေဝးခန္းထဲမွ စားပြဲထိပ္တြင္ ထိုင္ကာ လက္ေခ်ာင္းေလးမ်ားႏွင့္ စားပြဲကို ဖြဖြေလး ေခါက္ေနခဲ့သည္။
ရွဲ႕လင္အေၾကာင္း က်န္းယြီေသေသခ်ာခ်ာ သိေနရျခင္းမွာ သူ႕အေဖသည္လဲ အေထြေထြ႐ုံးတြင္ ႏွစ္ေပါင္းမ်ားစြာ လုပ္ခဲ့ေသာ ရဲတစ္ဦးျဖစ္ေသာေၾကာင့္ပင္။ သူ ငယ္စဥ္က ေက်ာင္းကျပန္လာတိုင္း ေနရာလြတ္တစ္ေနရာရွာ၍ စာထိုင္လုပ္ရင္း သူ႕အေဖအလုပ္ျပန္သည့္အခ်ိန္ကို ေစာင့္ရသည္။
႐ုံးခ်ဳပ္မွ လူမ်ားမွာ အၿမဲလိုလို အလုပ္ရႈပ္ေနကာ မရပ္မနား လမ္းေလွ်ာက္ေနၾကသလို အိမ္ျပန္ရသည္ကလဲ ရွားပါး၏။
သူ ငယ္ငယ္ေလးတုန္းက အိမ္စာၿပီးသြားသည့္အခါတိုင္း အစည္းအေဝးခန္းမွ မွန္တံခါးနားသြား၍ သူ႕အေဖ အလုပ္လုပ္သည္ကို ေခ်ာင္းၾကည့္ေလ့ရွိသည္။ အမ်ားစုကေတာ့ သူ႕အေဖမွာ မ်က္ေမွာင္ႀကီးက်ဳံ႕၍ ပရိုဂ်က္တာေပၚမွ ပုံရိပ္မ်ားကို စိုက္ၾကည့္ေနတတ္သည္။
ထိုအခ်ိန္တုန္းက မႈခင္းတပ္ဖြဲ႕ေခါင္းေဆာင္ရွဲ႕ဖုန္းမွာ ဌာနခ်ဳပ္တြင္ အေတာ္ဆုံးလူတစ္ေယာက္ျဖစ္ခဲ့၏။ ညင္သာကာ လက္႐ုံးရည္ ႏွလုံးရည္ျပည့္ဝသလို ငယ္ငယ္ေလးႏွင့္ မႈခင္းတပ္ဖြဲ႕ေခါင္းေဆာင္ရာထူး ရထားသူျဖစ္သည္။ ငယ္႐ြယ္ထူးခြၽန္သူတိုင္း အတုခိုးရသည့္ စံျပလူသားတစ္ေယာက္လဲ ျဖစ္သည္။
သို႔ေသာ္ ရွဲ႕ဖုန္းႏွင့္ ယွဥ္ၾကည့္ပါက က်န္းယြီမွာ ရွဲ႕ဖုန္း၏ ညီေလးကို ပို၍ အထင္ႀကီး အားက်ခဲ့သည္။
ထိုႏွစ္က ဟြားနန္တြင္ ျဖစ္ခဲ့ေသာ 7/19 လူသတ္မႈသည္ တစ္နိုင္ငံလုံးကို တုန္လႈပ္ေစခဲ့ေသာ အမႈတစ္ခုျဖစ္ခဲ့သည္။ လူသတ္သမားက သဲလြန္စ တစ္ခုေလးပင္ ခ်န္မထားခဲ့။ မီဒီယာသမားေတြကလဲ အႀကီးအက်ယ္ျဖစ္ေအာင္ ေၾကညာခ်က္ထုတ္ၾကသည္။ ထိုအမႈ၏ ဖိအားမွာ တစ္ေန႕တျခား ပိုပိုလာခဲ့သည္။ သူ႕အေဖ တစ္ခ်ိန္လုံး မ်က္ေမွာင္က်ဳံ႕ေနသည္က ဘယ္ႏွရက္ၾကာသည္လဲဆိုသည္ကိုပင္ က်န္းယြီ မမွတ္မိေတာ့။
သို႔ေသာ္ ထိုအမႈျဖစ္ၿပီး ဆယ္ရက္အၾကာတြင္ေတာ့ တစ္စုံတစ္ေယာက္က သဲလြန္စ ရွာနိုင္ခဲ့သည္။
သူ႕အေဖ အိမ္မျပန္နိုင္သည္မွာ ဆယ္ရက္ပင္ ၾကာခဲ့ၿပီ။က်န္းယြီက မွန္တံခါးမွတဆင့္ အစည္းအေဝးခန္းကို ခိုးၾကည့္ေတာ့ သူ႕အေဖက အလ်င္စလို တံခါးဖြင့္ကာ မႈခင္းရဲတခ်ိဳ႕ေခၚ၍ အျပင္ထြက္သြားသည္ကို ေတြ႕လိုက္ရသည္။
သူတို႔ျပန္လာေတာ့ သူတို႔ႏွင့္အတူ တစ္စုံတစ္ေယာက္ ပါလာသည္။
ေက်ာင္းဝတ္စုံဝတ္ထားေသာ ထိုေကာင္ေလးမွာ ေနာက္ဆုံးတြင္ ရပ္ေန၏။ အခုမွ အတန္းၿပီး၍ ထြက္လာပုံရကာ မီးခိုးျပာေရာင္ ေက်ာင္းဝတ္စုံကို ေလ်ာ့တိေလ်ာ့ရဲ ဝတ္ထားသည္။ မိန္းကေလးတိုင္းဆီမွ ရည္းစားစာ ရဖူးေလာက္သည့္ ႐ုပ္ရည္မ်ိဳးႏွင့္ပင္။
ထိုေကာင္ေလး ဝင္လာၿပီးေနာက္တြင္ေတာ့ အစည္းအေဝးခန္း၏ အေနအထား လုံးဝေျပာင္းလဲသြားခဲ့၏။ ထိုေကာင္ေလးက စားပြဲထိပ္တည့္တည့္တြင္ ဝင္ထိုင္လိုက္သည္။
အစည္းအေဝးခန္းထဲရွိ စားပြဲရွည္တြင္ ထိုင္ခုံေျမာက္ျမားစြာရွိသည္။ ထိုေကာင္ေလး၏ ထိုင္ခုံမွာ အေဝးဆုံးျဖစ္ေသာ္လဲ ပရိုဂ်က္တာႏွင့္ တည့္တည့္တြင္ ရွိေနသည္။
ပရိုဂ်က္တာေပၚတြင္ မႈခင္းပုံမ်ား တစ္ပုံၿပီးတစ္ပုံေပၚလာကာ ပုံအလင္းအေမွာင္ကိုလိုက္၍ အခန္းအလင္းေရာင္လဲ လိုက္ေျပာင္းေနသည္။
မွန္ကို blinds ႏွင့္ ကာထားေသာ္လဲ ၾကားထဲမွေန၍ စားပြဲကို ဖြဖြေလးေခါက္ေနေသာ ထိုေကာင္ေလး၏ လက္ေခ်ာင္းမ်ားကို က်န္းယြီ ျမင္ေနရသည္။ သူ႕ေရွ႕တြင္ ထိုင္ေနၾကေသာ ရဲအရာရွိမ်ားအားလုံးသည္လဲ ယူနီေဖာင္းမ်ားဝတ္ထားၾကၿပီး အာ႐ုံစိုက္၍ နားေထာင္ေနၾကသည္။ ထိုေကာင္ေလးသည္သာ ေက်ာင္းဝတ္စုံႏွင့္ တမူထူးျခားေနေလ၏။
ထိုေကာင္ေလးမွာ မႈခင္းတပ္ဖြဲ႕ေခါင္းေဆာင္၏ ညီေလး ရွဲ႕လင္ျဖစ္သည္ကိုေတာ့ သူ ေနာက္မွ ျပန္သိရသည္။
........
" အႀကံေပးဆိုလဲ အႀကံေပးေပါ့ ဘာလို႔ အႀကံေပးေဟာင္း လို႔ ေခၚတာလဲ"
က်န္းယြီသည္လဲ ထိုေကာင္ေလးကို ျပန္ေတြ႕စဥ္က ထိုကဲ့သို႔ပင္ ေတြးမိခဲ့သည္။
သူ႕အေဖကေတာ့ အေတာ္ေလး ေဒါသထြက္ေနသည္။
" ငါ သေဘာမတူနိုင္ဘူး.. သူက အရမ္းအႏၲရာယ္မ်ားတယ္.. မင္းတို႔ သူ႕ရဲ႕ စိတ္ပိုင္းဆိုင္ရာ သုံးသပ္ခ်က္ကို ဖတ္ဖူးတယ္မဟုတ္ဘူးလား.. မွန္တယ္.. အဲ့ဒီ့တုန္းက ျပန္ေပးဆြဲမႈမွာ ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ဘယ္သူမွ မသိခဲ့ဘူး.. ဒါေပမဲ့ အရင္တုန္းကေတာ့ ရွဲ႕ဖုန္းရွိတယ္ေလ.. အခု ရွဲ႕ဖုန္းလဲ ဒီမွာမရွိဘူး.. သူ႕ကို ထိန္းခ်ဳပ္နိုင္တဲ့သူ တစ္ေယာက္မွ မရွိဘူး.. မင္းတို႔ သူ႕ကို ေခၚထားၿပီးရင္ ထိန္းခ်ဳပ္နိုင္ပါတယ္လို႔ အာမခံနိုင္လို႔လား... ဘယ္သူ ထိန္းခ်ဳပ္ေပးမွာလဲ"
.....
ရွဲ႕လင္မွာ မႈခင္းေနရာတြင္ မိတ္ေဆြေဟာင္းတစ္ေယာက္ရွိေနသည္ကို မသိ။ သူ႕အာ႐ုံက ေငြမွင္ေရာင္ ေၾကာင္ေလး၏ လက္ေအာက္တြင္ ဖိထားေသာ စာ႐ြက္ပိုင္းေပၚတြင္သာ ရွိေနသည္။
ပါးလႊာေသာ စာ႐ြက္ေလးကို ဂ႐ုတစိုက္ ဆြဲခြာၿပီးေနာက္ အေသအခ်ာစိုက္ၾကည့္ေတာ့ အျဖဴေရာင္ေနာက္ခံ ေဈးႏႈန္းစာလုံးအနီေရာင္ေလးမ်ားကို ေတြ႕ရသည္။ အဆိုပါစာ႐ြက္မွာ ျပဳျပင္မရနိုင္ေလာက္ေအာင္ ရိ႐ြဲေနသည္။ ေသြးမ်ားစို႐ႊဲေနရာမွ မင္ ဆိုေသာ စာလုံးကိုပင္ မနည္းဖတ္ရေလသည္။
.........
"အသက္ ၁၅ ႏွစ္နဲ႕ အမႈေျဖရွင္းနိုင္တဲ့သူ တကယ္ေရာ ရွိနိုင္လို႔လား"
" စုံေထာက္ ကိုနန္ ကလြဲရင္ ဒီလိုလူမ်ိဳး အျပင္မွာ တကယ္ရွိတယ္ဆိုတာ ငါေတာ့ မယုံနိုင္ပါဘူး"
အလုပ္ဆင္းၿပီးေနာက္ က်ိမင္ေ႐ြ႕က ခ်ီခ်င္းအိမ္သို႔ တန္းဝင္လာသည္။ ခ်ီခ်င္းအိမ္က ခုနေနရာႏွင့္ ႏွစ္ကီလိုမီတာေလာက္သာ ရွိသည္မို႔ ပိုအဆင္ေျပသည္။ အိမ္ထဲ ေရာက္ေရာက္ခ်င္း ဆိုဖာေပၚလွဲကာ ပြစိပြစိ ေရ႐ြတ္ေနေလသည္။
ထို႔ေနာက္ သက္ျပင္းထပ္ခ်ျပန္သည္။
" တကယ္ ဟာသပဲ.. ငါ ၁၅ႏွစ္တုန္းက ဘာေတြလုပ္ေနခဲ့ပါလိမ့္"
ခ်ီခ်င္း: " ဖိနပ္ထဲ ထည့္ဝတ္ဖို႔ ေဖာ့ေတြဝယ္တယ္.. ငါ့ဆီက အိမ္စာ ကူးခ်တယ္ေလ"
က်ိမင္ေ႐ြ႕ : "..."
ခ်ီခ်င္းက ဆက္ေျပာေသးသည္။
" ဟိုဘက္အခန္းက ေကာင္မေလးေနာက္လဲ လိုက္ေသးတယ္... မရေတာ့ နာရီဝက္ေလာက္ ထိုင္ငိုတယ္... ငါ့အကၤ်ီနဲ႕ေတာင္ မ်က္ရည္လာသုတ္ေသးတယ္... အငိုတိတ္သြားေတာ့လဲ ငါ ရိုက္လို႔ ထပ္ငိုရေသးတယ္ေလ"
က်ိမင္ေ႐ြ႕ : "..."
ခ်ီခ်င္း : "မင္း မွတ္မိေအာင္ ထပ္ေျပာျပရဦးမလား"
က်ိမင္ေ႐ြ႕ ႐ုတ္တရက္ ထထိုင္သည္။
" မလိုေတာ့ဘူး.. ေက်းဇူးပဲ"
ခ်ီခ်င္းက စကားေျပာေနရင္း ေပါင္မုန႔္လွီးေန၏။ ဘာမွသိပ္မရွိေသာ မီးဖိုခန္းမွာ ေအးစက္ကာ စိတ္လႈပ္ရွားစရာ လုံးဝမရွိ။ အိုးမ်ား ပန္းကန္မ်ား သိပ္မရွိေပမဲ့ ဓားေတြေတာ့ အမ်ားႀကီးရွိသည္။
က်ိမင္ေ႐ြ႕က အခန္းထဲတြင္ အလင္းေကာင္းေကာင္းမရ၍ မီးထဖြင့္သည္။
" မင္း ဘယ္လိုသတၱဝါမ်ိဳးလဲ ေမွာင္မဲေနတာကို လက္ဓားထိကုန္မွာေပါ့"
မႈန္ဝါးေနေသာ အခန္းထဲတြင္ အခုမွသာ လင္းထိန္လာေတာ့သည္။
ခ်ီခ်င္းမွာ ႐ုတ္တရက္ေပၚလာေသာ အလင္းေၾကာင့္ ေပါင္မုန႔္လွီးေနေသာ လက္ပင္ ရပ္သြားသည္။ ေငြေရာင္ဓားေလးသည္လဲ သူ႕လက္ေခ်ာင္းထိပ္ဖ်ားထဲ ထိုးဝင္သြား၏။
ခ်ီခ်င္း : " မင္း အသက္ရွင္ရတာ ၿငီးေငြ႕လာၿပီနဲ႕တူတယ္"
က်ိမင္ေ႐ြ႕မွာ ေဆးေသတၱာလိုက္ရွာရင္း ပ်ာပ်ာသလဲ ေတာင္းပန္သည္။
" ငါ မွားတာ ငါ မွားတာပါ"
သို႔ေသာ္ က်ိမင္ေ႐ြ႕ ေဆးေသတၱာရွာမေတြ႕ခင္ ခ်ီခ်င္းက လက္ဖ်ားမွ ေသြးထြက္ေနသည္ကို တုံ႕ျပန္မႈမရွိ။ ေအးေအးသက္သာပင္ ႏႈတ္ေခ်ာင္းကို ႏႈတ္ခမ္းႏွင့္ ဖိကပ္လိုက္ေတာ့ ေသြးမ်ားမွာ သူ႕ႏႈတ္ခမ္းၾကားထဲ ေပ်ာက္ကြယ္သြား၏။
က်ိမင္ေ႐ြ႕မွာ ေသြးစုပ္ဖုတ္ေကာင္ ျပန္ဝင္စားသည္ဟု ျပန္ေျပာရန္ ျပင္ေနစဥ္ သူ႕မ်က္လုံးတို႔က ခ်ီခ်င္းလက္ထဲမွ ဓားဆီ ေရာက္သြားသည္။
လႊသြားပုံသ႑ာန္ အဖ်ားခြၽန္ခြၽန္ႏွင့္ အနည္းငယ္ေကြးေသာ ဓားျဖစ္ေလသည္။ မညီညာေသာ လႊသြားပုံစံက ေသြးေအးသတၱဝါတစ္ေကာင္၏ သြားစြယ္မ်ားကဲ့သို႔ ေအးစက္မႈကို ခံစားရသည္။
.... ဒဏ္ရာရဲ႕ အေနအထားက မညီဘူး... ေရွ႕တိုးေနာက္ဆုတ္ ထိုးထားတဲ့အတိုင္းပဲ...
.... လႊသြားပုံစံ ဓားအေသးစားေလး ျဖစ္နိုင္တယ္...
ခ်ီခ်င္း : " မင္း ဘာၾကည့္ေနတာလဲ"
က်ိမင္ေ႐ြ႕က ခ်ီခ်င္းလက္ထဲမွ ဓားကို လုံးဝအၾကည့္မလႊဲ။
" မင္း ဒီဓားကို ဘယ္တုန္းက ဝယ္ထားတာလဲ.. ဘယ္ကဝယ္တာလဲ.. ငါ ခဏေလာက္ ၾကည့္လို႔ရလား"
ခ်ီခ်င္းက ဘာလို႔လဲ မေမးေတာ့။ ဓားကိုလွည့္ကာ အသြားကို သူ႕ဘက္ဦးတည္၍ က်ိမင္ေ႐ြ႕လက္ထဲ ဓားရိုးထည့္ေပးလိုက္သည္။
ထို႔ေနာက္မွ သူ ေဈးႏႈန္းကပ္ခြာပင္ မျဖဳတ္ရေသးသည္ကို သတိထားမိ၍ ေပါ့ေပါ့ပါးပါး ဆြဲျဖဳတ္လိုက္သည္။
" အရင္တစ္ပတ္ေလာက္ကနဲ႕တူတယ္.. ဟိုဘက္လမ္းမွာ ေရာင္းေနတာ"
ခ်ီခ်င္းေနထိုင္သည့္ ရပ္ကြက္မွာ ဟိုင္ေမာင္းရပ္ကြက္ႏွင့္ မေဝး။ ပစၥည္းပစၥယမ်ား ဝယ္ခ်င္ပါက တစ္ေနရာထဲမွ ဝယ္နိုင္ေလာက္သည္။ ထို႔ေၾကာင့္ က်ိမင္ေ႐ြ႕ ဓားကို လွမ္းယူရင္း ထပ္ေမးလိုက္သည္။
" ဘယ္ဆိုင္ကလဲ မွတ္မိေသးလား"
ခ်ီခ်င္း " ဘာမင္ ကုန္စုံဆိုင္"
က်ိမင္ေ႐ြ႕ အလြန္အမင္းအံ့ဩသြား၏။
" တစ္ခါတစ္ခါက်ရင္ ငါ မင္းရဲ႕ ထူးကဲလြန္းတဲ့ မွတ္ဉာဏ္ကို ေလးစား..."
ခ်ီခ်င္းက ေစာေစာကမွ ျဖဳတ္လိုက္ေသာ ေဈးႏႈန္းကပ္ခြာကို က်ိမင္ေ႐ြ႕ လက္ဖမိုးေပၚ ကပ္ေပးလိုက္သည္။ ငုံ႕ၾကည့္ေတာ့မွ အျဖဴေရာင္ေနာက္ခံတြင္ ဘာမင္ကုန္စုံဆိုင္ ဟူေသာ အနီေရာင္စာလုံးမ်ားကို ေတြ႕လိုက္ရေလသည္။
.....
...ခ်လင္....
ဟိုင္ေမာင္းရပ္ကြက္ႏွင့္ မီတာငါးရာေဝးေသာ သာမန္စတိုးဆိုင္ေလးတစ္ခု၏ တံခါးမွ ေခါင္းေလာင္းသံ ထြက္ေပၚလာသည္။
ရွဲ႕လင္က ဆိုင္ထဲ လွည့္ပတ္၍ ေလွ်ာက္ၾကည့္ေနသည္။ ဆိုင္၏ အတြင္းေရာ အျပင္ပါ ဟိုးအရင္က အေငြ႕အသက္မ်ိဳးကို ရေနသည္။ ပရိေဘာဂတို႔မွာ ဆယ္ႏွစ္ေက်ာ္ၾကာသည္အထိ မေျပာင္းထား။ ပစၥည္းမ်ားေပၚတြင္ တံဆိပ္ကပ္တတ္သည့္ အက်င့္ေဟာင္းပင္ ရွိေနေသးသည္။
ႏွစ္ကီလိုမီတာအတြင္း ပစၥည္းေပၚ တံဆိပ္ကပ္တတ္ေသာဆိုင္မွာ ဒီတစ္ဆိုင္ထံသာ ရွိသည္။
ဆိုင္အဝင္ဝတြင္ ထုတ္ထားေသာ အာလူးေၾကာ္ မုန႔္ထုတ္မ်ားေပၚတတြင္ပင္ ၆ယြမ္ဟု တံဆိပ္ကပ္ထားေသးသည္။ စတိုးဆိုင္၏ နာမည္ကိုေတာ့ အျပာေရာင္ ေလးေထာင့္စာလုံးႏွင့္ ေရးထား၏။
မီးဖိုေခ်ာင္သုံးပစၥည္းမ်ားမွာ အထဲတြင္ ရွိေသာေၾကာင့္ ရွဲ႕လင္လဲ မုန႔္ထုတ္တခ်ိဳ႕ပိုက္ကာ ဆိုငထဲ ေလွ်ာက္ဝင္လာသည္။ ဆိုင္ထဲတြင္ေတာ့ ဒယ္အိုး ဒန္အိုးမ်ား မ်ားစြာရွိေနသည္။
ဒုတိယအဆင့္တြင္ သစ္သီးလွီးဓားမ်ိဳးစုံကို ျပသထားသည္။ လႊသြားပုံစံဓားမ်ားက သာမန္ ေခ်ာေမြ႕ေသာ ဓားသြားထက္ လူႀကိဳက္နည္းေသာေၾကာင့္ အေနာက္ခပ္က်က်တြင္ ရွိေနသည္။ လက္ရွိ စင္ေပၚတြင္ ဓားေလးေခ်ာင္းသာ က်န္ေတာ့သည္။
စတိုးဆိုင္ပိုင္ရွင္မရွိပဲ ေဈးေရာင္းသူေနရာတြင္ ကေလးတစ္ေယာက္ထိုင္ကာ အိမ္စာလုပ္ေန၏။ မိဘမ်ား၏ ဆိုင္ကို ၾကည့္ေပးေနက် ျဖစ္နိုင္သည္။ ပိုက္ဆံရွင္းမည့္သူ ေကာင္တာနားကပ္လာေတာ့ ခဲတံခ်၍ ေဈးႏႈန္းတြက္ေပးေန၏။
လက္တစ္ဖက္က သူ႕အိမ္စာစာအုပ္ေပၚ က်လာသည္။
" ေက်ာင္းသားေလး... နံပါတ္သုံးက အေျဖမွားေနတယ္"
ေကာင္ေလးက ေဈးဝယ္သူကို ေမာ့ၾကည့္လိုက္သည္။
ရွဲ႕လင္က ေဘးခ်ထားေသာ ခဲတံ ေကာက္ကိုင္၍ အၾကမ္းစာ႐ြက္ေပၚ ရိုးရွင္းလြန္းေသာ ေဖာ္ျမဴလာတစ္ခု ခ်ေရးေပးလိုက္သည္။ ေရးၿပီးေတာ့မွ ဆက္ေျပာ၏။
" ေကာေကာကို ေျပာျပလို႔ရမလား... ဒီလိုဓားမ်ိဳး အခုတေလာ ဝယ္သြားတဲ့သူ ဘယ္သူရွိလဲ"
ေကာင္ေလးက မုန႔္ထုပ္ကိုင္ကာ ပိုက္ဆံမတြက္ရေသးေသာ ဓားကို ေငးၾကည့္ရင္း တျဖည္းျဖည္း ေခါင္းညိတ္လာသည္။
"ရွိတယ္"
" လက္အိတ္ဝတ္ထားတဲ့ ေကာေကာေခ်ာေခ်ာေလး"
........
End of part 6
Thank you all