Unicode
ဒီနေ့မှာတော့ မိုးရဲ့ပထမဆုံးအကြိမ်ရွာကျောင်းမှာတာဝန်ဆင်းရမည့်အချိန်မို့ စိတ်လူပ်ရှားနေခဲ့သည်။
ကျောင်းနဲ့မိုးတို့ရှိရာအဆောင်က အနည်းငယ်ကွာဝေးတာမို့ ကျောင်းချိန်မှီရန် မိုးတို့အစောကြီးထပြီးကြိုတင်ပြင်ဆင်ထားရသည်။
"ဆရာမိုး သွားကြတော့မလား "
"ဟုတ် သွားကြမယ်လေ ဆရာမတို့ "
ကိုးနာရီမှ ကျောင်းတက်ချိန်ဆိုပေမဲ့ မိုးတို့ဆရာအဖွဲ့သည် မနက်ခုနှစ်နာရီခွဲလောက်ကတည်းကကျောင်းသို့ထွက်ခွာလာပြီဖြစ်သည်။
ကျောင်းက မိုးတို့အဆောင်နှင့်မထိပင်ရွာကြားမှာရှိတာကြောင့် လမ်းတစ်ဝက်သို့ရောက်လျှင် မိုးတို့လိုကျောင်းသို့စောစောလာသည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ကြုံရသည်။
ကျောင်းသားများက မိုးတို့ကိုမြင်သည်နှင့် ခါးကိုင်းကာနူတ်ဆက်ပြီး ပြေးထွက်သွားကြကုန်၏။ရွာကလေးများ၏ရိုးသားပုံကိုမြင်ရတော့ မိုးပြုံးမိပါသည်။
"ဆရာမိုး မောနေပြီလား "
"မမောပါဘူးဗျာ "
"ကျောင်းက ဝေးနေတော့ ခက်သားနော်၊ဒီရွာမှာဆိုင်ကယ်တွေဘာတွေကလည်း မရှိတော့ ပိုခက်ခဲရတယ် "
"အင်း ဒါပေမဲ့ ကျွန်တော်ကတော့ကြိုက်တယ် မနက်ခင်းစောစောလေ့ကျင့်ခန်းလုပ်ပြီးသလိုဖြစ်သွားတယ်လေ "
"ဆရာမိုးက အကောင်းမြင်စိတ်ထားတတ်လိုက်တာ ကျွန်မတို့ဆို ဆရာမိုးလိုတောင်မတွေးမိဘူး "
ဆရာမတို့၏ချီးကျူးစကားအပေါ် မိုးပြုံးရင်းသာတုံ့ပြန်ခဲ့ပါတော့သည်။
ကျောင်းရောက်တော့ ကျောင်းရှေ့မှာကြိုစောင့်နေသည့် ဆရာမုန်းမာန်အားတွေ့ခဲ့ရ၏။ဆရာမုန်းမာန်က ကျောင်းမှာလုပ်စရာရှိသည်ဆိုလို့ မိုးတို့ထပ်စော၍ထွက်လာခဲ့ခြင်းဖြစ်တာကြောင့် ကြိုတင်ရောက်နှင့်နေခြင်းဖြစ်လေသည်။
"မင်္ဂလာပါ ဆရာမုန်းမာန် "
"မင်္ဂလာပါ ဆရာမိုး "
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နူတ်ဆက်ပြီးသည်နှင့် ဆရာမများက တာဝန်ကျရာအခန်းအသီးသီးသို့ ဝင်သွားခဲ့ကြပြီဖြစ်ရာ မိုးက ဘယ်အခန်းသင်ပေးရမှန်းမသိသေးတာကြောင့် ဆရာမုန်းမာန်နှင့်သာအတူရှိနေသေးရင်း ကျောင်းအုပ်ဆရာမကြီးအလာကိုစောင့်နေခဲ့ကြသည်။
"ဆရာမုန်းမာန်က အလယ်တန်းပြပေါ့ "
"ဟုတ်တယ်ဗျ ဒီရွာမှာကအလယ်တန်းအထိဘဲရှိတာလေ အထက်တန်းတက်ချင်ရင် မြို့ပေါ်မှာ သွားတက်ခါမှရတာ၊တစ်ချို့ဆို မြို့ပေါ်သွားတက်ဖို့မတတ်နိုင်ကြလို့ ကျောင်းဆက်မတက်ကြတော့တဲ့သူတွေလည်းရှိတယ် "
"ကြားရတာစိတ်မကောင်းလိုက်တာ ဒီရွာကိုလည်း အထက်တန်းထိပြီးအောင်တက်နိုင်ဖို့အစိုးရကထောက်ပံပေးရင်ကောင်းမယ်ဗျာ "
"ဆရာမုန်းတို့လည်း ဒီအကြောင်းကိုအထက်ကိုတင်ပြတာ မနည်းတော့ပါဘူး၊တောရွာသေးသေးလေးထဲက ကျောင်းဆိုတော့ ဘယ်သူမှလည်းဂရုမစိုက်ကြချင်ကြဘူးထင်ပါတယ် "
ရွာကျောင်းဆိုတော့ တိုးတက်ဖို့ခက်ခဲနေသည့်အကြောင်းကို ဆရာမုန်းမာန်ထံ့မှ နားထောင်ရင်း မိုးစိတ်မကောင်းဖြစ်မိ၏။ကိုယ်ကိုယ်တိုင်ကလည်း မတတ်နိုင်သည့်ကိစ္စမို့ မိုးတို့စိတ်မကောင်းဖြစ်ကြောင်းရင်ဖွင့်ရုံမှအပ မတတ်နိုင်ခဲ့ကြပါလေ။
ကျောင်းအုပ်ကြီးမရောက်ခင် ဆရာမုန်းမာန်က မိုးကို ကျောင်းတစ်ပတ်လိုက်ပြပြီး ဆရာမုန်းမာန်၏အတွေ့အကြုံများကို ပြောပြခဲ့၏။မိုးလည်း မကြာခင်ကြံရြမည့်အရာတွေမို့ ဆရာမုန်းမာန်ပြောပြသမျှကို အသေအချာလိုက်နားထောင်ဖြစ်ခဲ့သည်။ဆရာမုန်းမာန်က မိုးမေးသမျှကိုလည်း စိတ်ရှည်စွာဖြေပေးတာကြောင့် မိုး ဆရာမုန်းမာန်နှင့်စကားပြောရတာကိုသဘောကျ၏။
ကိုးနာရီလောက်တွင်ကျောင်းအုပ်ဆရာကြီးရောက်တော့ မိုးတို့စကားခဏပြတ်သွားခဲ့ပြီး မိုးလည်း ဆရာမကြီးချပေးသည့် အတန်းသို့စာသင်ပေးရန်ဝင်လိုက်တော့သည်။
မိုးက ခုနှစ်တန်းအခန်းကျ၏။မိုးရဲ့ပထမဆုံးအတန်းချိန်ဖြစ်ပေမဲ့ အများကြီးမပင်ပန်းခဲ့ရဘဲ စကားနားထောင်ပြီးလိမ္မာသည့်ကလေးများကြောင့် မိုးတောင် ပျော်ခဲ့ရသေးသည်။ဒီလိုဘဲ ပျော်စရာကောင်းသည့်အချိန်များဆို ကုန်မြန်လွန်းတာကြောင့် ကျောင်းဆင်းချိန်တောင်ရောက်လာခဲ့ပြီဖြစ်သည်။
"ကလေးတို့ ဆရာဒီနေ့သင်ပေးလိုက်တာတွေကို ပြန်ကြည့်ထားရမယ်နော် "
"ဟုတ်ကဲ့ပါ ဆရာ "
"ကျောင်းဆင်းရင် အိမ်ကိုသေချာပြန်ရမယ် လူကြီးတွေကိုအသိမပေးဘဲ ဘယ်မှလျှောက်မသွားရဘူး ဟုတ်ပြီလား "
"ဟုတ်ကဲ့ပါဆရာ "
"ကယ် အတန်းဆင်းလို့ရပြီ မနက်ဖြန်မှထပ်တွေ့ကြမယ် "
"ကျေးဇူးတင်ပါတယ် ဆရာ "
အတန်းလွှတ်ပြီဆိုသည်နှင့် တက်ကြွစွာ မိုးကို နူတ်ဆက်ကြသည့် ကျောင်းသားများက ကျောင်းအပြင်ဘက်သို့ ပျော်ရွှင်မြူးထူးစွာပြေးထွက်ကုန်ကြလေသည်။
မိုးက ကျောင်းအုပ်ကြီးနှင့်စကားပြောစရာရှိသေးတာကြောင့် ကျောင်းမဆင်းရသေးဘဲ အဆောင်အတူနေသည့် ဆရာမုန်းမာန်နှင့် ဆရာမများစောင့်နေမည်စိုးတာကြောင့် အရင်ပြန်နှင့်ခိုင်းခဲ့သည်။
ဆရာမကြီးက မိုးကို ပထမဆုံးစာသင်ရသည့်ရက်မှာအဆင်ပြေမပြေကြောင်းသာမေးခဲ့ပြီး မိုးကိုအဆင်မပြေတာရှိလျှင် ပြောဖို့နှင့် မိုးလာခဲ့သည့်မြို့အကြောင်း စသည့်စကားစမြည်များပြောဖြစ်ခဲ့ကြသည်။
ကျောင်းအုပ်ဆရာမကြီးက အရှေ့ဘက်ရွာမှာနေတာကြောင့် မိုး ဆရာမကြီးကိုလမ်းခုလတ်မှာတင်နူတ်ဆက်ပြီးပြန်လာခဲ့တော့သည်။
ညနေစောင်းခါမို့ လမ်းမှာ မိုးတစ်ယောက်တည်းကလွဲ မည်သူမှရှိမနေဘဲ ခြောက်ကပ်နေသည်။မိုးလည်း အဆောင်ပြန်ရန်သာ အာရုံရတာကြောင့် ကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါ။
မိုးလမ်းလျှောက်နေရင်း ဘေးပတ်ဝန်းကျင်ကိုလည်းလိုက်ကြည့်ဖြစ်ခဲ့သည်။မိုး သဘောကျမိလောက်အောင် ဘေးပတ်ပတ်လည်တိုင်းက သစ်ပင်စိမ်းများနှင့်စုံလင်လှသော တောရိုင်းပန်းလေးများဖြင့် လှပလွန်းသည်။
သဘာဝအလှကို ရူခံစားနေတုန်း မိုး မြင်ကွင်းထဲဝိုးတိုးဝါးသားမြင်လိုက်ရသည့် သက်ရှိပုံသဏ္ဍန်နှစ်ခုကြောင့် မိုး စူးစိုက်ကြည့်မိသည်။တောအတွင်းပိုင်းအရမ်းမကျသည့် သစ်ပင်ကြီး၏တစ်နေရာအောက်တွင် အမျိုးသားနှင့်အမျိုးသမီးတစ်ဦးအတူရှိနေသည်ကို မြင်လိုက်ရ၏။
"အတွဲတွေထင်တယ် ရွာဆိုတော့ သူတို့လည်းချိန်းစရာဒီနေရာဘဲရှိမှာပေါ့လေ "
လစ်လျူရူလိုက်ဖို့ပြင်ပေမဲ့လည်း မိုးရဲ့စပ်စုတတ်တဲ့အကျင့်ဆိုးက မိုးကိုတိတ်တိတ်လေးချောင်းကြည့်ရန် တိုက်တွန်းနေခဲ့သည်။မကောင်းမှန်းသိပေမဲ့ ကိုယ့်စိတ်ကိုမလွန်ဆန်နိုင်သည့် မိုးတစ်ယောက် စိတ်အလိုကျ ထိုအတွဲအားခေတ္တမျှ တိတ်တိတ်လေးချောင်းကြည့်ရန် ဆုံးဖြတ်မိသည်။
ထိုအတွဲများကလည်း မိုးချောင်းကြည့်နေတာကို သိလောက်မည့်ပုံမပေါ် အေးအေးဆေးဆေးဖြင့်သာ ဆက်၍ချစ်ကြည်နူးနေသေး၏။
မိန်းကလေး၏မျက်နှာကိုမတွေ့ရပေမဲ့ အနက်ရောင်ဆံနွယ်ကခါးလယ်ထိရှည်နေပြီး လက်တိုရင်ဖုံးလေးနဲ့ကိုယ်လုံးကိုယ်ပေါက်က သိပ်လှလွန်းသည်။သူမလက်ကို ကိုင်ထားသည့် ကောင်လေးလက်ကပိုဖြူနေတာကြောင့် သူမရဲ့ညိုညပ်ညပ်အသားလေးကိုပိုထင်းစေသည်။
"နေပါအုံး ငါဒီလူကြီးကို ရင်းနီးနေသလိုဘဲ"
ရင်းနှီးနေသလိုရှိနေသည့် ထိုပုံရိပ်ကြီးက မိုးထင်သလိုဘဲ တကယ်ရင်းနီးနေသည့်သူဖြစ်မှန်း ထိုသူ၏မျက်နှာကိုမြင်လိုက်ချိန် မှာမိုးသိလိုက်ရသည်။
"နှ....နှိုင်း လား "
မိုး အသံကမကျယ်ပေမဲ့ နားပါးလွန်းသည့် နှိုင်းတစ်ယောက် မိုးချောင်းကြည့်နေတာကို မြင်သွားသည့်အလား မိုးရှိရာဘက်သို့လှည့်ကြည့်လာ၏။မိုးမှာ နှိုင်းသူ့ကိုမမြင်အောင် ချုံထဲကုန်းရင်း ပုန်းနေရသည်။
"ဘာဖြစ်လို့လဲ ကိုအက္ခ "
"တစ်ယောက်ယောက်ရှိနေတယ် အသံကြားနေရတယ် "
"ဟင်...နှင်းတော့ ဘာအသံမှမကြားမိဘူးဘဲ "
အက္ခ ပတ်ဝန်းကျင်ကို သေချာအကဲခတ်နေခဲ့သည်။နှင်းပွင့်ကလည်း အက္ခနည်းတူပတ်ဝန်းကျင်ကိုလိုက်ကြည့်နေရှာ၏။
အက္ခသည်တစ်ခုခုကိုတွေ့သွားသည့်အလား သက်ပြင်းချလိုက်ပြီး_
"ပုန်းမနေနဲ့တော့ မြင်ပြီးပြီ "
အက္ခပြောတာကို နှင်းနားမလည် ကိုအက္ခနည်းတူနှင်းသေချာလိုက်ကြည့်ပေမဲ့ ဘာဆိုဘာမှမတွေ့ခဲ့ရဘဲ ကိုအက္ခကတော့ တစ်ခုခုကိုတွေ့သွားသလို ပြောနေတာကြောင့် နှင်းမှာထိတ်လန့်သွားရသည်။ရွာသားတစ်ယောက်ယောက်သာဆို နှင်းရဲ့ကိစ္စကို ဖေကြီးဆီပြန်ပြောပြလျှင် နှင်းအသက်ဖက်နှင့်သာထုတ်ထားရပေတော့မည်။
"ထွက်လာခဲ့တော့လို့ပြောနေတယ်လေ "
ဘာမှမဖြစ်သလို အေးအေးဆေးဆေးသာ ရှိနေသည့် ကိုအက္ခအစားနှင်းမှာ ရင်တထိတ်ထိတ်ဖြင့်_
"တကယ်သာနှင်းတို့ကို တွေ့သွားရင်သွားပြီဘဲ ဖေကြီးက နှင်းတို့ကိုဒီတိုင်းထားမှာမဟုတ်ဘူး "
"စိတ်မပူပါနဲ့ ရွာသားမဟုတ်ဘူး ကိုတို့ကို ချောင်းကြည့်နေတာက ကျောင်းဆရာ "
မိုး အဆုံးထိ တိတ်တိတ်လေးနေပြီးပုန်းနေရန်သာ ပြင်ထားပေမဲ့ နှိုင်းက ဘယ်လိုမြင်လို့မြင်သွားမှန်းမသိ မိုးမှန်းရိပ်မိသွားခဲ့တာကြောင့် မိုးလည်း ထပ်ပြီး ပုန်းနေရန်အဆင်မပြေတော့တာကြောင့် ထွက်လာခဲ့ရတော့သည်။
"ဆ...ဆရာ အဘိဓာန်မိုး ဘယ်ချိန်ကတည်းကလဲ "
"တောင်းပန်ပါတယ် ကျွန်တော် တမင်တကာကြီး ချောင်းကြည့်တာမဟုတ်ပါဘူး၊ဒီတိုင်း ဖြတ်သွားရင်း မြင်တော့ ဘာလဲဆိုတဲ့စူးစမ်းချင်စိတ်နဲ့ ခဏ...တကယ်ခဏလေးဘဲ ကြည့်မိတာပါ"
မိုး ချက်ချင်းဘဲ ဦးညွှန့်ကာတောင်းပန်ခဲ့၏။သူ့ရဲ့လုပ်ရပ်က တော်တော်ရိုင်းရာကြမှန်းသိသည်။ဒါကြောင့် နှိုင်းတို့ကျေနပ်သည်အထိ တောင်းပန်စကားဆိုဖို့ မိုးအဆင်သင့်ပင်။
"ရပါတယ်ဆရာ၊ဒီအစား ကျွန်မတို့ရဲ့ကိစ္စကို လျှိုဝှက်ထားပေးပါနော် "
"ဟုတ်ကဲ့ ကျွန်တော် ကတိပေးပါတယ်၊ဒီနေ့မြင်ခဲ့တာကို ဘယ်သူမှပြန်မပြောပြဘူး စိတ်ချ "
ထိုအခါမှ နှင်းသည် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး အက္ခ၏လက်ကိုကိုင်ထားရင်း_
"ကိုအက္ခ နှင်းပြန်တော့မယ်နော်၊တော်ကြာနေ တခြားလူတွေထပ်တွေ့နေအုံးမယ် "
"အင်း "
"ဟုတ် "
အိမ်ပြန်တော့မည့် နှင်း၏နဖူးကို အက္ခအနမ်းဖြင့်နူတ်ဆက်လိုက်၏။မိုးတစ်ယောက်လုံး ရှိနေတာတောင် မရှိသလို ရှောင်ဖယ်ထားသည့် ထိုသူနှစ်ဦးကြောင့် မိုးပင် နှာခေါင်းရူံမိသည်။
"ဆရာအဘိဓာန်မိုး နှင်းသွားလိုက်ပါအုံးမယ်၊ဒီနေ့ကိစ္စ စိတ်ချပါမယ်နော် ဆရာ "
မိုး ခေါင်းသာညိတ်ပြခဲ့သည်။တစ်ယောက်တည်းထွက်သွားသည့် နှင်းဆိုသူကြောင့် မိုးသည် အက္ခအား သတိလှမ်းပေးရသည်။
"မလိုက်ပို့ဘူးလား မိန်းကလေးတစ်ယောက်တည်း အဝေးကြီးပြန်ရမှာ "
"လိုက်ပို့စရာမလိုဘူး သူ့ဟာသူပြန်တတ်တယ် "
ချစ်သူအပေါ် နည်းနည်းလေးတောင် ဂရုစိုက်မူ့မရှိသည့် နှိုင်းက မိုးမြင်ဖူးနေကြ နိုက်ကလပ်ကကောင်လေးပုံစံပြန်ထင်ဟပ်နေပြီဖြစ်သည်။
"ခင်ဗျား အဲ့လိုဘဲ လိုက်လိုက်ချောင်းကြည့်ရတာကြိုက်တာလား "
"ငါ..."
အမှန်တရားကြောင့် မိုးဘယ်လိုပြန်တုံ့ပြန်ရမလဲ ရှက်မိ၏။လိမ်ညာပြီးဖြေရန်ပြင်လိုက်ပေမဲ့လည်း ဒီလူက မိုးလိမ်ညာသမျှသိနေတာကြောင့် အမှန်တိုင်းပြောလိုက်တာကပိုကောင်းမည်ဟုတွေးကာ_
"ဟုတ်တယ်ကွာ ငါချောင်းကြည့်တာ၊ဒါပေမဲ့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ကြည့်တာတော့မဟုတ်ဘူး...ငါ အခုလိုမျိုးသမီးရည်းစားချိန်းတာတခါမှမတွေ့ဖူးလို့"
"ထားလိုက်ပါ့တော့ ကျွန်တော်လည်း မနက်ဖြန်ကစပြီး သူ့ကိုထပ်တွေ့စရာမှမရှိတော့တာ "
"ဟမ်...ဘာသဘောလဲ မင်းပြောတာက "
"သူက ကျွန်တော့်အကြိုက်ဖြစ်ပေမဲ့ အကုန်မပြည့်စုံဘူး အဲ့တော့ ထပ်တွေ့စရာမလိုဘူး "
"နေ...နေပါအုံး မင်းနဲ့သူတွဲတာဘယ်လောက်ကြာပြီလဲ "
".....သုံးနာရီလား "
ရည်းစားသက်တမ်းက သုံးနာရီကြီးများတောင် ဆိုတော့ မိုးအအံ့သြလွန်ပြီး ပါးစပ်အဟောင်းသားတောင်ဖြစ်ရပါ၏။
"အဲ့တာကို မင်းကသူ့မှာ ဘာမပြည့်စုံဘူးပြည့်စုံတယ်တန်းသိတာလဲ "
မိုးစပ်စုနေမှန်းကိုယ်တိုင်သိသည်။ဒါပေမဲ့ သူများတွေနဲ့မတူဘဲ တမူထူးခြားနေတဲ့ ဒီလူအကြောင်းသိချင်မိတာကတော့ မိုးတစ်ယောက်တည်းမဟုတ်ဟုထင်ပါသည်။
စာမေးပွဲစစ်သလို တစ်ခုပြီးတစ်ခု လိုက်လိုက်မေးနေသည့် အကောင်သေးကြောင့် နှိုင်း သက်ပြင်းရှည်ချရသည်။
"သိချင်လား "
"အင်အင် "
မိုးဆက်မပြတ်ခေါင်းညိတ်ပြတော့ နှိုင်းက ရုတ်တရက်မိုးရင်ဘတ်ကို လာကိုင်၏။ရုတ်တရက်မို့ ကြောင်အမ်းအမ်းဖြစ်ရပြီး ချက်ချင်းဖယ်ထုတ်ဖို့ကိုတောင် မိုးမေ့သွားခဲ့သည်။
"ခင်ဗျားလိုဘဲ "
နှိုင်းရဲ့အသံကိုကြားခါမှ မိုးတွန်းထုတ်ဖို့သတိရပြီး ဖယ်ထုတ်လိုက်ကာ ကိုယ့်ရင်ဘတ်ကိုပြန်ပုတ်ရင်း_
"မင်း...မင်းဘာလုပ်တာလဲ "
"ခင်ဗျားလိုဘဲ သူ့ရင်ကပြားကပ်ကပ်နဲ့ စိတ်ဝင်စားဖို့မကောင်းဘူး "
ပြောတယ်မလား နှိုင်းဆိုတဲ့ဒီကောင်ကမိုးကို ပြောစရာစကားမဲ့အောင်သိပ်လုပ်တတ်တာပါဆို။
"ခင်ဗျား အိမ်မပြန်တော့ဘူးလား၊ဒီမှာတော့ ထပ်ချောင်းစရာအတွဲမရှိတော့ဘူးနော် "
"ပြန်...ပြန်မှာပေါ့၊ပြီးတော့ အတွဲရှိရှိမရှိရှိ ငါစိတ်မဝင်စားပါဘူးနော် "
နှိုင်းကို မျက်လုံးဝေ့ပြီး မိုးဆောင့်အောင့်အောင့်ဖြစ်ထွက်လာခဲ့တော့၏။
ဒီအခြေအနေလောက် အရှက်ကွဲတာမျိုးရှိလောက်တော့မည်မထင်။မိုးရဲ့သိက္ခာတွေတော့ ဒီ နှိုင်းဆိုသည့်သူရှေ့မှာပင် အားလုံးရေစုန်မျောခဲ့ရလေပြီ။
"ဟေး နေအုံး "
"ဘာလဲ "
မျက်နှာချင်းမဆိုင်ချင်ပါဘူးဆိုနေကာမှ မိုးကိုလှည့်လာအောင် ခေါ်ခေါ်နေသည့် နှိုင်းကြောင့် မိုး စိတ်မပါစွာလှည့်လာရင်း ဆောင့်အောင့်စွာဖြင့်သာ ထူးခဲ့သည်။
"လေသံက ဘာဖြစ်တာလဲ "
"သိသာနေတာဘဲ မင်းခေါ်တာကိုမထူးချင်လို့ပေါ့ "
"အဲ့လိုလား ရတယ်လေ "
မိုးစကားကြောင့် နှိုင်းပုံစံကစိတ်ဆိုးသွားဟန်တူသည်။မိုးကိုကြည့်နေသော မျက်လုံးများက ခက်ထန်သွားပြီး မျက်မှောင်ကိုလည်း တင်းနေအောင်ကျုံထားလေ၏။
အဲ့တော့ ဘာဖြစ်လဲ သူ့ဘက်က မိုးကိုအရင်စတာဘဲကို။
ပြောရင်းဖြင့် နှိုင်းသည် သူ၏မော်တော်ဆိုင်ကယ်ကြီးပေါ်သို့တက်ရင်း မိုးတို့အဆောင်ရှိရာဆီသို့သွားရန်ပြင်နေသည်။
"အဲ့ဘက်က ငါ့အဆောင်လမ်းလေ "
"သိတယ် အဲ့ဘက်ဘဲသွားမလို့ "
"ဒါဆို..."
အဆောင်သို့ရောက်ရန်လမ်းအများကြီးလျှောက်ရအုံးမည်ဖြစ်တာကြောင့် မိုး တွေးကြည့်ရုံနဲ့တင်ပင်ပန်းနေပြီဖြစ်သည်။နှိုင်း ထိုဘက်သို့သွားမည်မှန်း သိလိုက်ရတော့ မိုး သူ့ကိုပါလမ်းကြုံတင်ပါစေဟု စကားစအရိပ်အမွတ်လေးဖြင့် အသိပေးခဲ့ပေမဲ့ အသည်းမာသည့် နှိုင်းက သွေးအေးအေးဖြင့်ပင်_
"ခင်ဗျားသိလား အစကတော့ ခင်ဗျားကိုလမ်းကြုံလိုက်ဖို့ခေါ်မလို့ဘဲ အခုတော့ စေတနာပျက်သွားပြီ၊နောက်ကဘဲ အေးဆေးလမ်းလျှောက်လာခဲ့တော့နော် bye "
လက်ကလေးယမ်းပြကာဖြင့် မိုးကို မခို့တရို့ပြုံးပြရင်း ချန်ထားကာမောင်းထွက်သွားသည့် နှိုင်းအား မိုးကျိန်ဆဲရင်းကျန်ခဲ့ပါတော့သည်။
"ဒါဆိုလည်း အစကတည်းက ပြောလိုက်ပါလား သေနာရဲ့ "
မကျေနပ်သေးပေမဲ့လည်း မကြာခင်မှောင်တော့မှာမို့ မိုးထိုနေရာမှ ခပ်မြန်မြန်ထွက်ခွာလာခဲ့ရလိုက်ရသည်။
အဆောင်ရောက်တော့ အမြန်လှမ်းလာရသည့်ခြေလှမ်းများကြောင့် မောနေတုန်းရှိသေး ဆိုင်ကယ်ကိုမှီရင်း မိုးအားပြုံးကြည့်ကြည့်နေသည့် နှိုင်းကိုမြင်တော့ မိုးအမောပိုဆို့ရသည်။
"ဆရာမိုး လမ်းမှာ အက္ခနဲ့မတွေ့ခဲ့လို့လား "
ဆရာမုန်းမာန်ရဲ့အမေးကိုကြားပြီး မိုး နှိုင်းကိုကြည့်မိ၏။ထိုသူကတော့ ဂရုတောင်မစိုက် ဆိုင်ကယ်ပေါ်မှီရင်းသားဖြင့်သာ မိုးတို့ကိုလစ်လျူရူထားသည်။
"လွဲသွားတယ်ထင်တယ်ဗျ ကျွန်တော် ပြန်တုန်း ဘယ်သူ့ကိုမှမတွေ့ခဲ့ဘူး "
ဆရာမုန်းမာန်အမေးကို မိုးပြုံးပြုံးရယ်ရယ်ဖြင့်သာ ဖြေရင်း နှိုင်းကိုကြည့်မိတော့ နှိုင်းရဲ့ပုံစံက လိမ်တာတော်သားဘဲ ဟုပြောနေသလို မိုးကိုအကဲခတ်ရင်းကြည့်နေခဲ့သည်။
"ဆရာ အဝတ်အစားလဲရေမိုးချိုးပြီးရင် ဒီဘက်ကိုခဏလာခဲ့ပါအုံးနော် ဆရာမုန်းပြောစရာလေးရှိလို့ "
"အခုပြောလဲရတယ်လေဆရာမုန်း "
"ဆရာမိုး ပင်ပန်းနေသေးတာကို..ကဲ့ပါ ဆရာမုန်း ပြောတဲ့အတိုင်းသာအရင်သွားလုပ် မုန်းစောင့်နေမယ် "
"ဒါဆိုလည်း ကျွန်တော် မြန်မြန်ပြင်ဆင်ပြီးလာခဲ့ပါမယ် "
ဆရာမုန်းရဲ့ပုံစံကထူးဆန်းနေ၏။မိုးကိုပြောပြစရာ အရေးကြီးကိစ္စရှိနေသလိုပင်။ပြီးတော့ နှိုင်းကရော ဒီကိုဘာကိစ္စရောက်နေသနည်း။အစက အထွန်းရှိလို့လာတယ်ထင်တာ အခုအထွန်းကိုမတွေ့ဘဲ နှိုင်းတစ်ယောက်တည်းဒီကိုလာတာမြင်ရတော့ ထူးဆန်းသည်။
ဘာဘဲဖြစ်ဖြစ် မိုးသိချင်တာတွေ ခဏနေသိရတော့မှာမို့ ရေမိုးချိုးအဝတ်အစားအမြန်လဲရင်းဖြင့် ဆရာမုန်းတို့စောင့်နေရာသို့ မိုး ပြေးလာခဲ့လိုက်၏။
"မြန်လိုက်တာဗျာ၊ ဒီမှာ လာထိုင်လေ ဆရာမိုး "
မိုးလည်း လောလောဖြင့်လုပ်ခဲ့ရတာကြောင့် ကြယ်သီးတွေတောင်သေချာမတပ်မိ။ဆရာမုန်းမာန် ချပေးသည့်နေရာမှာထိုင်ရင်းဖြင့်သာ မှားတပ်လာမိသည့် ကြယ်သီးများပြန်ပြင်တပ်နေရသည်။
"ဘာပြောမလို့လဲ ဆရာမုန်းမာန် "
"ဒီလိုပါ မနက်ဖြန်ကြရင် ကျွန်တော့်ရဲ့ဇာတိရွာကို ခဏပြန်ရမှာမလို့ အဲ့တာ ဆရာမိုး တစ်ယောက်တည်းအဆောင်မှာကျန်ခဲ့ရမဲ့အကြောင်းပြောပြမလို့ပါ "
"သြော် ဒါများဗျာ ရပါတယ် ပြန်ပါပြန်ပါ၊ဒါနဲ့ ဆရာမုန်းမာန်က ရုတ်တရက်ကြီး ဇာတိရွာကို ဘာပြန်လုပ်မလို့လဲ "
"ဆရာမုန်းရဲ့အဖေက ကျန်းမာရေးမကောင်းဖြစ်နေလို့ အဲ့တာ ခဏပြန်ပြုစုချင်လို့လေ "
"ဟုတ် နားလည်ပါပြီ၊မိဘရဲ့ကျန်းမာရေးကိစ္စဆိုတော့ ဆရာမုန်းမာန် ကြိုက်သလောက်ခွင့်ယူလို့ရပါတယ်၊ကျွန်တော်တစ်ယောက်တည်းနေရလို့ဆိုပြီး အားနာမနေပါနဲ့နော် "
"ကျေးဇူးတင်ပါတယ် ဆရာမိုး "
"ဒါနဲ့ နှိုင်းကိုက ဘာလို့ခေါ်ထားတာလဲဟင် "
"အက္ခက ကျွန်တော် ဇာတိရွာပြန်နေတဲ့အတောအတွင်း ဆရာမိုးနဲ့အတူနေမှာမလို့လေ "
"ဗျာ "
ကြားရတဲ့စကားက လန့်စရာကောင်းလွန်းတာကြောင့် အာမေဋိတ်အသံထွက်မိသည်အထိ မိုး ထိတ်လန့်သွားခဲ့သည်။နှိုင်းကိုကြည့်တော့လည်း ဒီကိစ္စကို ကြိုသိနေသကဲ့သို့ အေးအေးလူလူပင်ရှိ၏။
မိုးကို gay တစ်ယောက်လို့သိထားသည့်အပြင် gay တွေကိုသေအောင်မုန်းတဲ့ straight စစ်စစ် နှိုင်းနဲ့အတူနေရမှာက ထိတ်လန့်စရာမဟုတ်ဘူးလား။
နှိုင်းမင်းပုံစံက ဘာလို့အေးဆေးနေရတာလဲ။
"သြော် ဟားဟား၊ဆရာမုန်းမာန်က ကျွန်တော့်ကို စိတ်ပူလို့နဲ့တူတယ်၊မပူပါနဲ့ဗျာ ကျွန်တော်တစ်ယောက်တည်းနေနိုင်ပါတယ် ပြီးတော့ နှိုင်းလည်း အနှောင့်အယှက်ဖြစ်နေပါအုံးမယ်ဗျာ "
"အက္ခကိုယ်တိုင်က ဒီမှာလာနေချင်တယ်လို့ တောင်းဆိုထားတာပါဗျာ အနှောင့်အယှက်မဖြစ်ပါဘူး ဆရာမိုးရဲ့ "
ဆရာမုန်းရဲ့အပြောကြောင့် မိုး နှိုင်းကိုတောင် နားမလည်ကြည့်မိသည်။နှိုင်းကလည်း မိုးကို ဘာလဲ ဆိုသည့်အထာဖြင့်သာ ပုခုံးတွန့်ပြလျက်ရှိပြီး ကျန်သည့်ခံစားချက်များကိုတော့ ဘာမှမဟုတ်သလိုသာ ဖုံးကွယ်ထားလေသည်။
မဖြစ်နိုင်ပါဘူး၊ဒီstraight ကောင်ကတောင်းဆိုတယ်ဆိုတာ မဖြစ်နိုင်ဘူးမလား။
"ဆရာမိုး အားနာစရာမလိုပါဘူး၊အက္ခရှိတော့ ဆရာမတွေအဆောင်ကြားထဲမှာ ဆရာမိုးတစ်ယောက်တည်းမဖြစ်တော့ဘူးပေါ့ဗျာ "
မိုး ဒါကိုတော့ခေါင်းညိတ်ထောက်ခံခဲ့သည်။
မိုးတို့အဆောင်က တစ်ထပ်တိုက်ထန်းရံအိမ်ကိုမှ တစ်အိမ်ကို ဝန်ထမ်းနှစ်ယောက်သုံးယောက်ထိနေထိုင်လို့ရသည်။မိုးတို့ဆရာယောကျာ်းလေးက နှစ်ယောက်သာရှိတာကြောင့် တစ်အိမ်ယူထားပြီး ဆရာမများက ငါးယောက်ရှိတာကြောင့် သုံးယောက်တစ်အိမ်နှစ်ယောက်တစ်အိမ်ခွဲနေကြသည်။
အဆောင်ကတစ်ဆောင်နှင့်တစ်ဆောင်နည်းနည်းလှမ်းတာကြောင့် အရေးတစ်ခုခုဖြစ်လျှင် ယောကျာ်းဖြစ်သည်ဆိုသော်ညားလည်း တစ်ယောက်တည်းနေရန်မသင့်တော်ပါ။အနည်းဆုံးအဖော်တစ်ယောက်တော့ ရှိထားသင့်ပါ၏။မိုးမရောက်ခင်က ဆရာမုန်းမာန်လည်း အထွန်းသို့မဟုတ် ရွာသားများကအလှည့်စီလာစောင့်အိပ်ပေးခဲ့ရသည်။
မိုးလည်း ထိုကဲ့သို့သာ အထွန်းသို့မဟုတ်ရွာသားများတစ်လှည့်စီလာစောင့်အိပ်ပေးတာကိုသာ ဖြစ်စေချင်ပေမဲ့ နှိုင်းကိုယ်တိုင်က လာနေမည်ဟုပြောထားတာကြောင့် ခွင့်တောင်းမရဖြစ်နေပြန်သည်။
လက်မခံချင်ပေမဲ့ ဆရာမုန်းမာန်စိတ်ရူပ်အောင် အထွန့်လည်းမတက်လိုတာကြောင့် မိုး လက်ခံလိုက်ရပါတော့သည်။
"အခုလို စီစဥ်ပေးတော့ကျေးဇူးတင်တာပေါ့ဗျာ "
"ဒါကတော့ အက္ခကို ပြောရမှာပေါ့ "
ထိုအခါမှ ဆရာမုန်းမာန်လည်း မိုးကိုစိတ်ချသွားဟန်ဖြင့် ပေါ့ပေါ့ပါးပါးအနေအထားဖြင့်စကားဆက်ပြောလေသည်။
"အက္ခ ဒီညကတည်းက ဒီမှာတည်းဖြစ်မှာဆရာမိုး...မနက်ဖြန်ကြရင် အသားကျသွားအောင်လေ "
"သြော်...ဟုတ် "
နှိုင်းကိုကြည့်မိတော့ သူလည်း ဒီအစီအစဥ်ကို သဘောမကျသည့်ပုံပေါ်နေသည်။ဒါကို ဘာမှဝင်မပြောဘဲနေနေသည့် နှိုင်းက ဘယ်လိုဖိအားတွေကြောင့်များ အခုလောက်ထိသည်းခံနေခဲ့မှန်းမိုးမသိ။မြို့တုန်းကလို မကြိုက်ရင်မကြိုက်ဘူးဟု ဘွင်းဘွင်းရှင်းရှင်း ပြောပလိုက်စမ်းပါဟု မိုး စိတ်ထဲမှ တိုက်တွန်းနေမိပါတော့သည်။
ဒါပေမဲ့ နှိုင်းကအသေအချာကို ဆုံးဖြတ်ချက်ချထားပုံပေါ်သည်။
gay တွေကိုသေလောက်အောင်မုန်းသည့်သူက အခုတော့ မိုးရဲ့ဘေးမှာ လဲအိပ်နေလေပြီဖြစ်၏။
"ဆရာမိုး အိပ်မပျော်လို့လား "
"ဗျာ...ဟု...ဟုတ် "
"မီးကြောင့်တောင်းပန်ပါတယ်ဗျာ ဆရာမုန်းကမနက်ကားအမှီသွားရမှာဆိုတော့ အခုကတည်းက အထုတ်ကြိုပြင်ထားရမှာမို့ပါ။မြန်မြန်ပြင်ပေးပါမယ်နော် "
"ရပါတယ် ဆရာမုန်းမာန် အေးဆေးလုပ်ပါ၊ကျွန်တော် ကူပေးရမလား "
"နေပါ ဆရာမိုး မနက်ကြရင် အတန်းတက်ရမှာကို စောစောအနားယူလိုက်တော့လေ"
"ဟုတ် "
မိုး မျက်လုံးမှိတ်ရန်ပြင်ပေမဲ့လည်း မိုးဘေးမှာ မြင်နေရသည့် ကျောပြင်ကျယ်ကြီးက မိုးကို အိပ်မရအောင်နှောင့်ယှက်နေသလိုရှိ၏။
သူကဘာလို့ဒီလောက်ထိအေးဆေးအိပ်နိုင်ရတာလဲ၊ငါ့မှာတော့ အိပ်နေရင်းမတော်တဆ သူ့အသားထိမိရင် အသတ်ခံရမှာ ကြောက်လို့အိပ်လို့တောင်မပျော်နိုင်ဘူးဖြစ်နေတာ။
ရင်တွင်းဖြစ်လေးတစ်ချို့ကို မိုး အားငယ်စွာ ရေရွတ်နေမိပါတော့သည်။
အိပ်မပျော်ဘူးထင်ထားပေမဲ့လည်း အချိန်တစ်ခုရောက်တော့ မိုးတောင်မသိဘဲ အိပ်ပျော်သွားလေပြီဖြစ်၏။
ထုံးစံအတိုင်း ကြက်တွန်သံနှင့် ထန်းရံကြားမှထိုးဖောက်လာသောနေရောင်နွေးနွေးလေးရမှသာ မိုးအိပ်ပျော်သွားပြီး မနက်တောင်ရောက်နေပြီဖြစ်မှန်းသိရတော့သည်။
ဘေးကိုကြည့်လိုက်တော့ မိုးတစ်ယောက်တည်းသာကျန်သည်။မနေ့က ဆရာမုန်းမာန်ထုတ်ထားသည့်အထုတ်ကြီးမရှိမှန်းတွေ့ရလျှင် ဆရာမုန်း ထွက်သွားပြီဖြစ်မှန်းသိလိုက်ရ၏။
ဆရာမုန်းကို ကားဂိတ်ထိ လိုက်လံပို့ဆောင်ပေးမည်ဟု တွေးထားပေမဲ့ အိပ်ပျော်ပြီဆိုသည်နှင့် ဘာဆိုဘာမှမသိတော့ဘဲ အအိပ်မက်သည့်အကျင့်ကြောင့် ဆရာမုန်းထွက်သွားတာကိုတောင် မသိလိုက်ဘဲ ဖြစ်သွားခဲ့ရ၏။မိုး ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိပါတော့သည်။
ကျောင်းရောက်သည်အထိ ဆရာမုန်းမာန်ကို မနူတ်ဆက်လိုက်ရသည့် စိတ်ကြောင့် နေထိုင်လို့မကောင်းဖြစ်နေရသည်။
မိုး ငိုင်တိုင်တိုင်ဖြစ်နေချိန်တွင် အတန်းထဲမှ ဆူညံသံတစ်ချို့ကြောင့် အတန်းထဲသို့အာရုံပြန်စိုက်ရတော့သည်။
"ဘာဖြစ်တာလဲ ကလေးတို့၊ထမင်းစားချိန်မှာ ဆူညံနေကြတာကော "
"ဆရာ...ဆရာ....ချစ်ထူးကလေ ခေါင်းမှာပန်းကြီးပန်သနပ်ခါးလိမ်းပြီး မိန်းကလေးလို နေနေတယ်ဗျ၊အဲ့တာကြောင့် ကျုပ်တို့က ယောကျာ်းလေးတွေ အဲ့လိုမလုပ်ရဘူးပြောပေးနေတာ "
ကလေးက ဆရာဖြစ်သည့် မိုးကို ဖြစ်ပျက်သည့် ပြဿနာများအားလုံး ပြောပြ၏။ကျော်စန်းပြောသလို မျက်ရည်များကြောင့် သနပ်ခါးများ ကွက်ကျဲနေပြီး ခေါင်းမှာပန်ထားသည့် ပန်းများကလည်း ညှိုးညှပ်ကာ ကြွေကျနေလေပြီဖြစ်သည်။
ချစ်ထူးရဲ့ပုံစံကိုမြင်တော့ မိုး စိတ်မကောင်းဖြစ်ကာ အနားသွားရင်း ပေကျံနေသည့် ဖုန်များကို ခါထုတ်ပေးရင်းမျက်ရည်များကိုလည်း သုတ်ပေးခဲ့သည်။
"သားလေးချစ်ထူး ကျော်စန်းပြောတာတွေက အမှန်ဘဲလား "
ချစ်ထူးက မိုးရဲ့အမေးကို နူတ်ခမ်းကိုက်ရင်း မဖြေရဲဘဲ ရပ်သာကြည့်ရင်းရှိနေသည်။
"ဆရာ အပြစ်မပေးပါဘူး၊ဟုတ်လား မဟုတ်လားဘဲဖြေပေးနော် "
ထိုအခါ ချစ်ထူးက ခေါင်းဖြည်းဖြည်းချင်းညိတ်ပြ၏။
မိုးလည်း သဘောပေါက်ကာ အတန်းကိုပြန်ခေါ်ပြီး လူစုစေတော့သည်။
"ကလေးတို့...ဆရာအတန်းစောစောခေါ်တာက ကလေးတို့ကို သင်ခန်းစာတစ်ခုနဲ့ပတ်သတ်ပြီးပြောပြချင်လို့၊ကလေးတို့ နားထောင်ချင်ကြလား"
"နားထောင်ချင်ပါတယ် ဆရာ "
သံပြိုင်နှင့်သေဘာတူကြသည့် ကလေးများကို ကြည့်ပြီး မိုးပြုံးလိုက်သည်။
"ဒါဆို ဆရာမပြောပြသေးခင် ကလေးတို့ကို အရင်မေးမယ်နော် "
"ဟုတ်ကဲ့ပါဆရာ "
"ကလေးတို့ရဲ့ဝါသနာကဘာလဲ "
"ပန်းချီဆွဲတာ "
"ဘောလုံးကန်တာပါဆရာ "
"သစ်ပင်တက်တာ "
အသီးသီးနှင့်လုဖြေကြသည့် ကလေးများအကြား ချစ်ထူးကတော့ တစ်ယောက်တည်းတိတ်ဆိတ်နေခဲ့သည်။
"သားလေး ချစ်ထူးရဲ့ဝါသနာကရော "
မိုး မေးတော့ ချစ်ထူးက ဘေးဘီတွေကို စိုးရိမ်စွာကြည့်၏။အကျီစတွေကို ကျစ်အောင်ဆုပ်ထားသည့် ချစ်ထူးပုံစံက မပြောပြချင်မှန်း သိပ်သိသာသည်။
"ဒီလိုလုပ် ဆရာက အရင်ဆုံးဆရာရဲ့ဝါသနာကိုပြောပြမယ်နော်...ဆရာကလေ အလှပြင်ရတာကိုကြိုက်တယ် ပြီးတော့ ပန်းပန်ရတာကိုလည်းကြိုက်တယ်သိလား"
မိုးပြောတော့ တစ်ခန်းလုံးက အားပါးတရရယ်၏။
"ဘာဖြစ်လို့ရယ်ကြတာလဲ ကလေးတို့ "
"ဆရာ အဲ့တာက မိန်းကလေးတွေဘဲကြိုက်တဲ့ဝါသနာလေ "
"မဟုတ်ပါဘူး ဒါဆို ယောကျာ်းလေးတစ်ချို့ ပုံဆွဲတာကြိုက်တာ၊မိန်းကလေးတစ်ချို့ဘောလုံးကန်တာကြိုက်တာကရော "
မိုးမေးတော့ ကလေးတွေကတိတ်သွားကြသည်။မိုးအမေးကြောင့် စဥ်းစားရခက်သွားပုံပေါ်သည်။
"ဆရာပြောပြမယ် လူတစ်ယောက်စီတိုင်းမှာ သူတို့ရဲ့ဝါသနာဆိုတာ ငယ်ငယ်လေးကတည်းက ကပ်ပါလာပြီးသား၊ကိုယ့်ရဲ့ဝါသနာနဲ့သူတို့တွေရဲ့ဝါသနာက တခြားလူအပေါ် ထိခိုက်စေမဲ့ဝါသနာမဟုတ်ရင်တော့ လူတိုင်းရဲ့ဝါသနာကိုလေးစားပေးရမယ် သူ့ရဲ့ဝါသနာကို မကောင်းဘူးဘာညာမလှောင်ရဘူး၊သူများကို စိတ်ဆင်းရဲအောင်လုပ်တာ စိတ်ထိခိုက်အောင်လုပ်တဲ့သူက..."
"လူဆိုးပါဆရာ "
"ဒါပေါ့ သူများကို ကိုယ်ထိလက်ရောက်မှမဟုတ်ဘူး စိတ်ဒုက္ခပေးတဲ့သူတွေကိုလည်း လူဆိုးလို့ခေါ်တယ်၊ကလေးတို့က လူဆိုးလား လူကောင်းလား "
"လူကောင်းပါ ဆရာ "
"ဒါဆို ဒီနေ့ကစပြီး အခြားလူတွေရဲ့ပုံပန်းသွင်ပြင်နဲ့ဝါသနာကို မလှောင်ပြောင် မကဲ့ရဲ့ရဘူးနော် "
"ဟုတ် နားလည်ပါပြီဆရာ "
"ဆရာ့ကလေးတွေက လိမ္မာလိုက်ကြတာ၊ကဲ ဒီနေ့တော့ ဆရာတို့ရဲ့ဝါသနာအကြောင်းလေး စာစီစာကုံးရေးကြည့်ကြတာပေါ့ "
ကလေးများက တက်တက်ကြွကြွဘဲ စာအုပ်ကိုယ်စီထုတ်ရင်း သူတို့၏ပင်ကိုယ်ဝါသနာအကြောင်း စာစီစာကုံးရေးကြသည်။
"ဆရာ "
"ပြောလေ ကျော်စန်း "
"သားကလူဆိုးလားဟင် "
ငြှိုးငယ်နေသည့်မျက်နှာဖြင့် နှာတရူံရူံနှင့် ငိုချင်နေသည့် ကျော်စန်းက မိုးကိုလှမ်းမေး၏။ကြည့်ရတာ ခဏက ချစ်ထူးအပေါ် လှောင်ပြောင်မိတာကြောင့် စိတ်မကောင်းဖြစ်သွားပုံပေါ်သည်။
"သားက လူဆိုးမဟုတ်ပါဘူး၊ဒါပေမဲ့ ကိုယ်မှားခဲ့တဲ့အမှားကို သိပြီး ပြန်တောင်းပန်တတ်ရမယ် ဒါဆို သားက လူကောင်းဆိုတာထပ်တောင်ပိုအုံးမှာ "
မိုးရဲ့စကားကြောင့် ကျော်စန်းသည် ချစ်ထူးဆီသို့ပြေးသွားရင်း တောင်းပန်စကားဆိုခဲ့သည်။ထို့နောက် မိုးကိုလည်း နောက်ခါ ဘယ်သူ့ကိုမှ မလှောင်ပြောင်တော့ကြောင်း ကတိပေး၏။မိုး သွန်သင်သမျှကို နားလည်ပြီး လိုက်လံပြုပြင်နေထိုင်ပေးသည့်ကလေးများကြောင့် စိတ်ချမ်းသာရပါသည်။
ကျောင်းဆင်းချိန်တွင် ကလေးများက သူတို့ရေးထားသည့် စာစီစာကုံးများ မိုးဆီသို့လာထပ်သည်။ထိုထဲတွင် ချစ်ထူးကတော့ နောက်ဆုံးမှဖြစ်၏။ချစ်ထူးက စာစီစာကုံးထပ်ရင်းဖြင့် မရဲတရဲ မိုးအားမေးသည်။
"ဆရာ သားကထူးဆန်းတဲ့သူလား "
တဲ့ ဒီမေးခွန်းကို မိုးကိုယ်တိုင်လည်း မေးခဲ့ဖူး၏။မိုးသည် ချစ်ထူးကို ကိုယ်ချင်းစာစွာ ကြည့်လိုက်ပြီး_
"သားသူများတွေနဲ့မတူဘဲကွဲပြားနေတာမှန်တယ် ဒါပေမဲ့ သားကလူထူးဆန်းမဟုတ်ဘူး၊သားရဲ့ဖြစ်တည်မူ့အပေါ် အားမငယ်နဲ့ သားကိုယ်တိုင်ကရဲရဲကြီး လက်ခံတတ်ရမယ် ပြီးတော့ သားအခုလိုဖြစ်ရတာက သားအမှားကြောင့်မဟုတ်ဘူးဆိုတာလည်း မှတ်ထားနော်၊သားသိတယ်မလား စူပါမန်းတွေက သူများနဲ့မတူဘဲ ကွဲပြားနေတတ်တယ်ဆိုတာ "
"သားက စူပါမန်းလား "
"သားလေးသာ သားရဲ့ဖြစ်တည်မူ့အပေါ်အားမငယ်ဘဲ ကြံ့ကြံ့ခိုင်နေမယ်ဆိုရင် စူပါမန်းထက်တောင်စွမ်းတဲ့ ဟီးရိုးကြီးဘဲ "
"ကျေးဇူးတင်ပါတယ်ဆရာ ဒီနေ့ကစပြီး သားကိုသား လူထူးဆန်းလို့မမြင်တော့ပါဘူး "
ချစ်ထူးက မိုးကိုအားရပါးရဖက်ရင်း ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောခဲ့သည်။မိုးလည်း ချစ်ထူး၏ပုခုံးကို ဖက်ထားရင်း အားပေးခဲ့၏။
"သားလေးနောက်တစ်ခုမှတ်ထားရမှာက စူပါမန်းက သူ့ရဲ့တကယ့်ဖြစ်တည်မူ့ကို လူတိုင်းကိုထုတ်မကြွားတတ်ဘူး သူ့ကိုသူသိုသိုသိပ်သိပ်လေးနေပြီး ပြောပြသင့်တဲ့လူရှေ့မှ ရဲရဲကြီးထုတ်ပြတာ "
"ဘာလို့လဲဆရာ "
"လူဆိုတာ စိတ်အမျိုးမျိုးရှိတယ်သားရဲ့ တစ်ချို့ကလက်ခံနိုင်ပေမဲ့တစ်ချို့ကလက်မခံနိုင်ဘူး ဒါတွေကိုတော့ သားအရွယ်ရောက်ရင် သိလာပါလိမ့်မယ်၊အခုတော့ သားကိုယ်တိုင် သားရဲ့ဖြစ်တည်မူ့အပေါ်အားငယ်စိတ်မဝင်ရဘူးဆိုတာဘဲ မှတ်ထား "
"ဟုတ်ကဲ့ပါဆရာ မှတ်ထားပါမယ် "
ပြန်တော့မည့် ချစ်ထူးကို မိုးခေါင်းပုတ်ရင်း နှုတ်ဆက်ကာ မိုးလည်းပြန်ဖို့ အထွက်တွင် တံခါးရှေ့မှာ ပိတ်စောင့်နေသည့် သူကြောင့် မိုးလန့်သွားရသည်။
"နှိုင်း မင်းဘယ်ချိန်ကတည်းကရောက်နေတာလဲ "
"ခင်ဗျား ဆုံးမစကားတွေပြောနေချိန်ကတည်းက၊တော်တော်နားထောင်ကောင်းခဲ့ပါတယ် "
"ဘာကိုနားထောင်ကောင်းနေတာလဲ ငါပေးတဲ့ဆုံးမစကားက သေချာပေါက် မင်းလိုလူမျိုးအတွက်မှမဟုတ်တာ "
"ဘာပြောလိုက်တာ "
တိုးတိုးလေးသာရေရွတ်ခဲ့တာကြောင့် နှိုင်းသေချာမကြားခဲ့ရတာ မဆန်းပါ။
"ဘာလဲ ငါဘာမှမပြောရပါဘူး၊ဒါနဲ့ မင်းက ဒီကိုဘာလာလုပ်တာလဲ "
"ဆရာမုန်းမာန်က ခင်ဗျားကိုပေးခိုင်းလိုက်တာ "
မိုးဆီသို့ စာတစ်ဆောင်ကမ်းပေးတာကြောင့် မိုးလည်း ချက်ချင်းဘဲယူဖတ်လိုက်၏။စာထဲမှာတော့ မိုးအိပ်ရေးပျက်မည်စိုးတာကြောင့် မနိုးတော့ဘဲထွက်သွားခဲ့ရသည်နှင့်ကားဂိတ်ကို အထွန်းနှင့်ရွာသားတစ်ချို့လိုက်ပို့တာကြောင့်အဆင်ပြေပြေရောက်ခဲ့ကြောင်း စိတ်မပူစေရန်အကြောင်းရေးသားထားသည်။
"ဒီစာကို ဆရာမုန်းမာန်က မသွားခင်ရေးပေးခဲ့တာလား "
"အင်း...ခင်ဗျားက တော်တော်အိပ်ပုတ်တာကို "
မိုး ရှက်သွားကာ ပြန်ရန်ရှာရန်ပြင်ပေမဲ့လည်း အမှန်တရားဖြစ်နေတာကြောင့် ဘာပြန်ပြောရမလဲမသိဖြစ်ရသည်။ပြောစရာမရှိမှတော့ မပြောတော့ဘဲ နှိုင်းအနားမှာ ကြာကြာမနေချင်တာကြောင့် အိမ်သို့ပြန်ရန်သာ လှည့်ထွက်လာတော့သည်။ခြေတစ်လှမ်းတောင် မလှမ်းရသေးပေမဲ့ မိုးကိုလှမ်းဆွဲသည့် နှိုင်းက_
"ဘယ်လဲ "
"အဆောင်ပြန်မှာပေါ့ ငါက ဘယ်သွားရမှာတုန်း "
"ဒါဆို ဆိုင်ကယ်ပေါ်တက်လေ ခင်ဗျားနဲ့ကျွန်တော်က တူတူပြန်ရမှာဘဲကို "
"ဒီနေ့တော့ တက်လို့ရတယ်ပေါ့ "
"မလိုက်ချင်လည်း လမ်းလျှောက်လာခဲ့ပေါ့ "
"ခဏခဏ...လိုက်မယ် "
"ဒါဆိုလည်း မြန်မြန်လုပ် "
စိတ်မရှည်သည့် နှိုင်းကြောင့် မိုးမှာ ကလေးများထပ်ထားသည့် စာစီစာကုံးအိတ်ကတစ်ဖက် ကျောင်းစာရွက်စာတမ်းနှင့်ထမင်းချိုင့်ကတစ်ဖက်ဖြင့် ထိုဆိုင်ကယ်အဖုကြီးပေါ်သို့ ခက်ခက်ခဲခဲတက်ရပြန်သည်။
နှိုင်းက အရင်လိုချီဖို့လုပ်ပေမဲ့ မိုးတစ်ယောက်ကျောင်းရှေ့အရှက်မကွဲချင်တာကြောင့် နှိုင်းမထိရသေးခင် ဆိုင်ကယ်ပေါ်သို့ အမြန်ဘဲတက်နိုင်ခဲ့သည်။
ထို့နောက် ဘယ်လိုလဲ ဟု နှိုင်းကိုမျက်စပစ်ပြပေမဲ့ နှိုင်းကတော့ဂရုတောင်မစိုက်ဘဲ ဆိုင်ကယ်ကိုသာ မောင်းထွက်သွားတော့သည်။
"ခင်ဗျားကို စူပါမန်းဖြစ်စေတဲ့သူကဘယ်သူလဲ "
"ဟမ်...ဘာကြီး၊သေချာမကြားရနေဘူး "
လေတိုးသံကြောင့် နှိုင်းမေးတာကို မိုးသေချာမကြားရပါ။နှိုင်း မိုးကိုမေးနေတာ ဒါနဲ့ဆို သုံးခေါက်မကရှိနေပြီဖြစ်တာကြောင့် နောက်ဆုံး စိတ်မရှည်တော့သည့် နှိုင်းသည် ဆိုင်ကယ်ကိုရပ်လိုက်ပြီး_
"ခင်ဗျားကိုမေးနေတာ ခင်ဗျားကိုစူပါမန်း
ကြီးဖြစ်စေခဲ့တာဘယ်သူလဲ "
"ဘာကိုလဲ "
"ကျစ်...ကျောင်းတုန်းကလေ ခင်ဗျားကလေးကိုပြောတဲ့ကိစ္စ "
ထိုအခါမှ မိုး သဘောပေါက်သွားကာ နှိုင်းရဲ့အမေးကြောင့် အတော်ကြာမေ့နေပြီဖြစ်သည့် လူတစ်ယောက်ကို ပြန်အမှတ်ရသွားခဲ့၏။
ခန့်ထားစစ်ချီဆိုသည့်သူက မိုးဘဝမှာ မိုးရဲ့ဖြစ်တည်မူ့ကို ရဲရဲကြီးလက်ခံနိုင်အောင် တွန်းပို့ပေးနိုင်ခဲ့သည့် တစ်ဦးတည်းသောသူပင်ဖြစ်သည်။ကိုခန့်ထားက မိုးအတွက် အားအင်၊မိုးကို ဟီးရိုးကြီးတစ်ယောက်လို မပြိုလဲဘဲ ကြံ့ကြံ့ခိုင်စေသည့် အကြောင်းရင်း။ဒါပေမဲ့ ကိုခန့်ထားတည်ဆောက်ပေးခဲ့တဲ့ဒီအရာတွေကို ကိုခန့်ထားကိုယ်တိုင်ကဘဲ ဖျက်စီးပစ်ခဲ့ပြီ။
အခုဆိုရင်ကော ကိုခန့်ထားက ဘယ်သူ့အတွက် တံတိုင်းကြီးတွေဆောက်ပေးနေမည်နည်း။မိုးရဲ့အားနည်းချက်ကို အစကတည်းကသိပြီးရဲ့သားနဲ့ အချိန်ကြာလာမှ လက်မခံနိုင်တော့ဘူးပြောပြီး ထွက်သွားသည့် ကိုခန့်ထားက အခုဆိုရင်....
ကိုခန့်ထား အကြောင်းတွေမိရုံဖြင့် မျက်ရည်များ မထိန်းနိုင်သည့် မိုး အခုလည်း နှိုင်းရှေ့မှာ အရှက်မဲ့စွာ ငိုကြွေးနေမိပါတော့သည်။
လှောင်ရင်လည်း လှောင်ပါစေတော့။မိုးအတွက် ခံစားချက်တွေကို မြိုသိပ်တာထပ် ထုတ်လွှင့်လိုက်တာက အကောင်းဆုံးဖြစ်တာကြောင့် ဒီမျက်ရည်နဲ့အတူ ကိုခန့်ထားရဲ့အကြောင်းတွေးမိနေတဲ့ စိတ်တွေပါသွားအောင် ငိုပါရစေ။
"ခင်ဗျား...."
အင်း ထပ်ပြီးပြောလိုက် မိုးကိုမျက်ရည်ကျစေမဲ့ ခပ်နာနာစကားလုံးတွေ၊ဒါမှ မိုးခံစားနေရတာတွေပိုပြီးပေါ့သွားမှာ။ပြောလိုက်စမ်းပါ နှိုင်း ပြောလိုက်စမ်းပါ။
"ခင်ဗျား ငိုနေတာသူများတွေတွေ့ကုန်ရင်ဘယ်လိုလုပ်မလဲ ဒီထဲလာ "
မိုးရှေ့မှာ ပိတ်ရပ်ထားသည့်နှိုင်းက သူ၏ဂျာကင်အပွဘေးနှစ်ဘက်ကို ဆွဲလိုက်ပြီး မိုးမျက်နှာတစ်ခုလုံးကိုဖုံးစေခဲ့သည်။
ဆိုင်ကယ်ပေါ်မှာ ထိုင်ရင်းသားဖြင့် နှိုင်းရဲ့ ရင်ခွင်တည့်တည့်က ဂျာကင်အကျီအောက်မှာ နှာတရူံရူံနဲ့ငိုမိနေတဲ့ မိုးက ငိုနေရင်းနှင့် စိတ်ထဲမှ နှိုင်းအား ကျေးဇူးတင်ခဲ့မိသည်။
"အထင်မလွဲနဲ့ ခင်ဗျားငိုနေတာကို ရွာသားတွေတွေ့ရင် ကျွန်တော်အနိုင်ကျင့်တယ်ဘဲထင်ကြမှာ၊ကျွန်တော့်အတွက်ကျွန်တော်ကြည့်ပြီးတော့လုပ်တာမလို့ ခင်ဗျား စိတ်ထဲ လျောက်တွေးမနေနဲ့ "
နှိုင်းဆီက တကူးတကပြောပြနေသည့် ဖြေရှင်းချက်ကိုကြားတော့ မိုး အရင်လိုစိတ်မဆိုးမိဘဲ ပြုံးသာပြုံးခဲ့မိပါတော့သည်။စိတ်ထဲမှလည်း_
မင်းသဘောမကောင်းမှန်းသိပါတယ် ဒါပေမဲ့ ကျေးဇူးပါ နှိုင်း....
Zawgyi
ဒီေန႕မွာေတာ့ မိုးရဲ႕ပထမဆုံးအႀကိမ္႐ြာေက်ာင္းမွာတာဝန္ဆင္းရမည့္အခ်ိန္မို႔ စိတ္လူပ္ရွားေနခဲ့သည္။
ေက်ာင္းနဲ႕မိုးတို႔ရွိရာအေဆာင္က အနည္းငယ္ကြာေဝးတာမို႔ ေက်ာင္းခ်ိန္မွီရန္ မိုးတို႔အေစာႀကီးထၿပီးႀကိဳတင္ျပင္ဆင္ထားရသည္။
"ဆရာမိုး သြားၾကေတာ့မလား "
"ဟုတ္ သြားၾကမယ္ေလ ဆရာမတို႔ "
ကိုးနာရီမွ ေက်ာင္းတက္ခ်ိန္ဆိုေပမဲ့ မိုးတို႔ဆရာအဖြဲ႕သည္ မနက္ခုႏွစ္နာရီခြဲေလာက္ကတည္းကေက်ာင္းသို႔ထြက္ခြာလာၿပီျဖစ္သည္။
ေက်ာင္းက မိုးတို႔အေဆာင္ႏွင့္မထိပင္႐ြာၾကားမွာရွိတာေၾကာင့္ လမ္းတစ္ဝက္သို႔ေရာက္လွ်င္ မိုးတို႔လိုေက်ာင္းသို႔ေစာေစာလာသည့္ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ေတြ႕ႀကဳံရသည္။
ေက်ာင္းသားမ်ားက မိုးတို႔ကိုျမင္သည္ႏွင့္ ခါးကိုင္းကာႏူတ္ဆက္ၿပီး ေျပးထြက္သြားၾကကုန္၏။႐ြာကေလးမ်ား၏ရိုးသားပုံကိုျမင္ရေတာ့ မိုးၿပဳံးမိပါသည္။
"ဆရာမိုး ေမာေနၿပီလား "
"မေမာပါဘူးဗ်ာ "
"ေက်ာင္းက ေဝးေနေတာ့ ခက္သားေနာ္၊ဒီ႐ြာမွာဆိုင္ကယ္ေတြဘာေတြကလည္း မရွိေတာ့ ပိုခက္ခဲရတယ္ "
"အင္း ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ႀကိဳက္တယ္ မနက္ခင္းေစာေစာေလ့က်င့္ခန္းလုပ္ၿပီးသလိုျဖစ္သြားတယ္ေလ "
"ဆရာမိုးက အေကာင္းျမင္စိတ္ထားတတ္လိုက္တာ ကြၽန္မတို႔ဆို ဆရာမိုးလိုေတာင္မေတြးမိဘူး "
ဆရာမတို႔၏ခ်ီးက်ဴးစကားအေပၚ မိုးၿပဳံးရင္းသာတုံ႕ျပန္ခဲ့ပါေတာ့သည္။
ေက်ာင္းေရာက္ေတာ့ ေက်ာင္းေရွ႕မွာႀကိဳေစာင့္ေနသည့္ ဆရာမုန္းမာန္အားေတြ႕ခဲ့ရ၏။ဆရာမုန္းမာန္က ေက်ာင္းမွာလုပ္စရာရွိသည္ဆိုလို႔ မိုးတို႔ထပ္ေစာ၍ထြက္လာခဲ့ျခင္းျဖစ္တာေၾကာင့္ ႀကိဳတင္ေရာက္ႏွင့္ေနျခင္းျဖစ္ေလသည္။
"မဂၤလာပါ ဆရာမုန္းမာန္ "
"မဂၤလာပါ ဆရာမိုး "
တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ႏူတ္ဆက္ၿပီးသည္ႏွင့္ ဆရာမမ်ားက တာဝန္က်ရာအခန္းအသီးသီးသို႔ ဝင္သြားခဲ့ၾကၿပီျဖစ္ရာ မိုးက ဘယ္အခန္းသင္ေပးရမွန္းမသိေသးတာေၾကာင့္ ဆရာမုန္းမာန္ႏွင့္သာအတူရွိေနေသးရင္း ေက်ာင္းအုပ္ဆရာမႀကီးအလာကိုေစာင့္ေနခဲ့ၾကသည္။
"ဆရာမုန္းမာန္က အလယ္တန္းျပေပါ့ "
"ဟုတ္တယ္ဗ် ဒီ႐ြာမွာကအလယ္တန္းအထိဘဲရွိတာေလ အထက္တန္းတက္ခ်င္ရင္ ၿမိဳ႕ေပၚမွာ သြားတက္ခါမွရတာ၊တစ္ခ်ိဳ႕ဆို ၿမိဳ႕ေပၚသြားတက္ဖို႔မတတ္နိုင္ၾကလို႔ ေက်ာင္းဆက္မတက္ၾကေတာ့တဲ့သူေတြလည္းရွိတယ္ "
"ၾကားရတာစိတ္မေကာင္းလိုက္တာ ဒီ႐ြာကိုလည္း အထက္တန္းထိၿပီးေအာင္တက္နိုင္ဖို႔အစိုးရကေထာက္ပံေပးရင္ေကာင္းမယ္ဗ်ာ "
"ဆရာမုန္းတို႔လည္း ဒီအေၾကာင္းကိုအထက္ကိုတင္ျပတာ မနည္းေတာ့ပါဘူး၊ေတာ႐ြာေသးေသးေလးထဲက ေက်ာင္းဆိုေတာ့ ဘယ္သူမွလည္းဂ႐ုမစိုက္ၾကခ်င္ၾကဘူးထင္ပါတယ္ "
႐ြာေက်ာင္းဆိုေတာ့ တိုးတက္ဖို႔ခက္ခဲေနသည့္အေၾကာင္းကို ဆရာမုန္းမာန္ထံ့မွ နားေထာင္ရင္း မိုးစိတ္မေကာင္းျဖစ္မိ၏။ကိုယ္ကိုယ္တိုင္ကလည္း မတတ္နိုင္သည့္ကိစၥမို႔ မိုးတို႔စိတ္မေကာင္းျဖစ္ေၾကာင္းရင္ဖြင့္႐ုံမွအပ မတတ္နိုင္ခဲ့ၾကပါေလ။
ေက်ာင္းအုပ္ႀကီးမေရာက္ခင္ ဆရာမုန္းမာန္က မိုးကို ေက်ာင္းတစ္ပတ္လိုက္ျပၿပီး ဆရာမုန္းမာန္၏အေတြ႕အႀကဳံမ်ားကို ေျပာျပခဲ့၏။မိုးလည္း မကြာခင်ကြံရြမည့်အရာတွေမို့ ဆရာမုန္းမာန္ေျပာျပသမွ်ကို အေသအခ်ာလိုက္နားေထာင္ျဖစ္ခဲ့သည္။ဆရာမုန္းမာန္က မိုးေမးသမွ်ကိုလည္း စိတ္ရွည္စြာေျဖေပးတာေၾကာင့္ မိုး ဆရာမုန္းမာန္ႏွင့္စကားေျပာရတာကိုသေဘာက်၏။
ကိုးနာရီေလာက္တြင္ေက်ာင္းအုပ္ဆရာႀကီးေရာက္ေတာ့ မိုးတို႔စကားခဏျပတ္သြားခဲ့ၿပီး မိုးလည္း ဆရာမႀကီးခ်ေပးသည့္ အတန္းသို႔စာသင္ေပးရန္ဝင္လိုက္ေတာ့သည္။
မိုးက ခုႏွစ္တန္းအခန္းက်၏။မိုးရဲ႕ပထမဆုံးအတန္းခ်ိန္ျဖစ္ေပမဲ့ အမ်ားႀကီးမပင္ပန္းခဲ့ရဘဲ စကားနားေထာင္ၿပီးလိမၼာသည့္ကေလးမ်ားေၾကာင့္ မိုးေတာင္ ေပ်ာ္ခဲ့ရေသးသည္။ဒီလိုဘဲ ေပ်ာ္စရာေကာင္းသည့္အခ်ိန္မ်ားဆို ကုန္ျမန္လြန္းတာေၾကာင့္ ေက်ာင္းဆင္းခ်ိန္ေတာင္ေရာက္လာခဲ့ၿပီျဖစ္သည္။
"ကေလးတို႔ ဆရာဒီေန႕သင္ေပးလိုက္တာေတြကို ျပန္ၾကည့္ထားရမယ္ေနာ္ "
"ဟုတ္ကဲ့ပါ ဆရာ "
"ေက်ာင္းဆင္းရင္ အိမ္ကိုေသခ်ာျပန္ရမယ္ လူႀကီးေတြကိုအသိမေပးဘဲ ဘယ္မွေလွ်ာက္မသြားရဘူး ဟုတ္ၿပီလား "
"ဟုတ္ကဲ့ပါဆရာ "
"ကယ္ အတန္းဆင္းလို႔ရၿပီ မနက္ျဖန္မွထပ္ေတြ႕ၾကမယ္ "
"ေက်းဇူးတင္ပါတယ္ ဆရာ "
အတန္းလႊတ္ၿပီဆိုသည္ႏွင့္ တက္ႂကြစြာ မိုးကို ႏူတ္ဆက္ၾကသည့္ ေက်ာင္းသားမ်ားက ေက်ာင္းအျပင္ဘက္သို႔ ေပ်ာ္႐ႊင္ျမဴးထူးစြာေျပးထြက္ကုန္ၾကေလသည္။
မိုးက ေက်ာင္းအုပ္ႀကီးႏွင့္စကားေျပာစရာရွိေသးတာေၾကာင့္ ေက်ာင္းမဆင္းရေသးဘဲ အေဆာင္အတူေနသည့္ ဆရာမုန္းမာန္ႏွင့္ ဆရာမမ်ားေစာင့္ေနမည္စိုးတာေၾကာင့္ အရင္ျပန္ႏွင့္ခိုင္းခဲ့သည္။
ဆရာမႀကီးက မိုးကို ပထမဆုံးစာသင္ရသည့္ရက္မွာအဆင္ေျပမေျပေၾကာင္းသာေမးခဲ့ၿပီး မိုးကိုအဆင္မေျပတာရွိလွ်င္ ေျပာဖို႔ႏွင့္ မိုးလာခဲ့သည့္ၿမိဳ႕အေၾကာင္း စသည့္စကားစျမည္မ်ားေျပာျဖစ္ခဲ့ၾကသည္။
ေက်ာင္းအုပ္ဆရာမႀကီးက အေရွ႕ဘက္႐ြာမွာေနတာေၾကာင့္ မိုး ဆရာမႀကီးကိုလမ္းခုလတ္မွာတင္ႏူတ္ဆက္ၿပီးျပန္လာခဲ့ေတာ့သည္။
ညေနေစာင္းခါမို႔ လမ္းမွာ မိုးတစ္ေယာက္တည္းကလြဲ မည္သူမွရွိမေနဘဲ ေျခာက္ကပ္ေနသည္။မိုးလည္း အေဆာင္ျပန္ရန္သာ အာ႐ုံရတာေၾကာင့္ ေၾကာက္ရေကာင္းမွန္းေတာင္မသိခဲ့ပါ။
မိုးလမ္းေလွ်ာက္ေနရင္း ေဘးပတ္ဝန္းက်င္ကိုလည္းလိုက္ၾကည့္ျဖစ္ခဲ့သည္။မိုး သေဘာက်မိေလာက္ေအာင္ ေဘးပတ္ပတ္လည္တိုင္းက သစ္ပင္စိမ္းမ်ားႏွင့္စုံလင္လွေသာ ေတာရိုင္းပန္းေလးမ်ားျဖင့္ လွပလြန္းသည္။
သဘာဝအလွကို ႐ူခံစားေနတုန္း မိုး ျမင္ကြင္းထဲဝိုးတိုးဝါးသားျမင္လိုက္ရသည့္ သက္ရွိပုံသ႑န္ႏွစ္ခုေၾကာင့္ မိုး စူးစိုက္ၾကည့္မိသည္။ေတာအတြင္းပိုင္းအရမ္းမက်သည့္ သစ္ပင္ႀကီး၏တစ္ေနရာေအာက္တြင္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးတစ္ဦးအတူရွိေနသည္ကို ျမင္လိုက္ရ၏။
"အတြဲေတြထင္တယ္ ႐ြာဆိုေတာ့ သူတို႔လည္းခ်ိန္းစရာဒီေနရာဘဲရွိမွာေပါ့ေလ "
လစ္လ်ဴ႐ူလိုက္ဖို႔ျပင္ေပမဲ့လည္း မိုးရဲ႕စပ္စုတတ္တဲ့အက်င့္ဆိုးက မိုးကိုတိတ္တိတ္ေလးေခ်ာင္းၾကည့္ရန္ တိုက္တြန္းေနခဲ့သည္။မေကာင္းမွန္းသိေပမဲ့ ကိုယ့္စိတ္ကိုမလြန္ဆန္နိုင္သည့္ မိုးတစ္ေယာက္ စိတ္အလိုက် ထိုအတြဲအားေခတၱမွ် တိတ္တိတ္ေလးေခ်ာင္းၾကည့္ရန္ ဆုံးျဖတ္မိသည္။
ထိုအတြဲမ်ားကလည္း မိုးေခ်ာင္းၾကည့္ေနတာကို သိေလာက္မည့္ပုံမေပၚ ေအးေအးေဆးေဆးျဖင့္သာ ဆက္၍ခ်စ္ၾကည္ႏူးေနေသး၏။
မိန္းကေလး၏မ်က္ႏွာကိုမေတြ႕ရေပမဲ့ အနက္ေရာင္ဆံႏြယ္ကခါးလယ္ထိရွည္ေနၿပီး လက္တိုရင္ဖုံးေလးနဲ႕ကိုယ္လုံးကိုယ္ေပါက္က သိပ္လွလြန္းသည္။သူမလက္ကို ကိုင္ထားသည့္ ေကာင္ေလးလက္ကပိုျဖဴေနတာေၾကာင့္ သူမရဲ႕ညိုညပ္ညပ္အသားေလးကိုပိုထင္းေစသည္။
"ေနပါအုံး ငါဒီလူႀကီးကို ရင္းနီးေနသလိုဘဲ"
ရင္းႏွီးေနသလိုရွိေနသည့္ ထိုပုံရိပ္ႀကီးက မိုးထင္သလိုဘဲ တကယ္ရင္းနီးေနသည့္သူျဖစ္မွန္း ထိုသူ၏မ်က္ႏွာကိုျမင္လိုက္ခ်ိန္ မွာမိုးသိလိုက္ရသည္။
"ႏွ....ႏွိုင္း လား "
မိုး အသံကမက်ယ္ေပမဲ့ နားပါးလြန္းသည့္ ႏွိုင္းတစ္ေယာက္ မိုးေခ်ာင္းၾကည့္ေနတာကို ျမင္သြားသည့္အလား မိုးရွိရာဘက္သို႔လွည့္ၾကည့္လာ၏။မိုးမွာ ႏွိုင္းသူ႕ကိုမျမင္ေအာင္ ခ်ဳံထဲကုန္းရင္း ပုန္းေနရသည္။
"ဘာျဖစ္လို႔လဲ ကိုအကၡ "
"တစ္ေယာက္ေယာက္ရွိေနတယ္ အသံၾကားေနရတယ္ "
"ဟင္...ႏွင္းေတာ့ ဘာအသံမွမၾကားမိဘူးဘဲ "
အကၡ ပတ္ဝန္းက်င္ကို ေသခ်ာအကဲခတ္ေနခဲ့သည္။ႏွင္းပြင့္ကလည္း အကၡနည္းတူပတ္ဝန္းက်င္ကိုလိုက္ၾကည့္ေနရွာ၏။
အကၡသည္တစ္ခုခုကိုေတြ႕သြားသည့္အလား သက္ျပင္းခ်လိဳက္ၿပီး_
"ပုန္းမေနနဲ႕ေတာ့ ျမင္ၿပီးၿပီ "
အကၡေျပာတာကို ႏွင္းနားမလည္ ကိုအကၡနည္းတူႏွင္းေသခ်ာလိုက္ၾကည့္ေပမဲ့ ဘာဆိုဘာမွမေတြ႕ခဲ့ရဘဲ ကိုအကၡကေတာ့ တစ္ခုခုကိုေတြ႕သြားသလို ေျပာေနတာေၾကာင့္ ႏွင္းမွာထိတ္လန့္သြားရသည္။႐ြာသားတစ္ေယာက္ေယာက္သာဆို ႏွင္းရဲ႕ကိစၥကို ေဖႀကီးဆီျပန္ေျပာျပလွ်င္ ႏွင္းအသက္ဖက္ႏွင့္သာထုတ္ထားရေပေတာ့မည္။
"ထြက္လာခဲ့ေတာ့လို႔ေျပာေနတယ္ေလ "
ဘာမွမျဖစ္သလို ေအးေအးေဆးေဆးသာ ရွိေနသည့္ ကိုအကၡအစားႏွင္းမွာ ရင္တထိတ္ထိတ္ျဖင့္_
"တကယ္သာႏွင္းတို႔ကို ေတြ႕သြားရင္သြားၿပီဘဲ ေဖႀကီးက ႏွင္းတို႔ကိုဒီတိုင္းထားမွာမဟုတ္ဘူး "
"စိတ္မပူပါနဲ႕ ႐ြာသားမဟုတ္ဘူး ကိုတို႔ကို ေခ်ာင္းၾကည့္ေနတာက ေက်ာင္းဆရာ "
မိုး အဆုံးထိ တိတ္တိတ္ေလးေနၿပီးပုန္းေနရန္သာ ျပင္ထားေပမဲ့ ႏွိုင္းက ဘယ္လိုျမင္လို႔ျမင္သြားမွန္းမသိ မိုးမွန္းရိပ္မိသြားခဲ့တာေၾကာင့္ မိုးလည္း ထပ္ၿပီး ပုန္းေနရန္အဆင္မေျပေတာ့တာေၾကာင့္ ထြက္လာခဲ့ရေတာ့သည္။
"ဆ...ဆရာ အဘိဓာန္မိုး ဘယ္ခ်ိန္ကတည္းကလဲ "
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ တမင္တကာႀကီး ေခ်ာင္းၾကည့္တာမဟုတ္ပါဘူး၊ဒီတိုင္း ျဖတ္သြားရင္း ျမင္ေတာ့ ဘာလဲဆိုတဲ့စူးစမ္းခ်င္စိတ္နဲ႕ ခဏ...တကယ္ခဏေလးဘဲ ၾကည့္မိတာပါ"
မိုး ခ်က္ခ်င္းဘဲ ဦးၫႊန့္ကာေတာင္းပန္ခဲ့၏။သူ႕ရဲ႕လုပ္ရပ္က ေတာ္ေတာ္ရိုင္းရာၾကမွန္းသိသည္။ဒါေၾကာင့္ ႏွိုင္းတို႔ေက်နပ္သည္အထိ ေတာင္းပန္စကားဆိုဖို႔ မိုးအဆင္သင့္ပင္။
"ရပါတယ္ဆရာ၊ဒီအစား ကြၽန္မတို႔ရဲ႕ကိစၥကို လွ်ိုဝွက္ထားေပးပါေနာ္ "
"ဟုတ္ကဲ့ ကြၽန္ေတာ္ ကတိေပးပါတယ္၊ဒီေန႕ျမင္ခဲ့တာကို ဘယ္သူမွျပန္မေျပာျပဘူး စိတ္ခ် "
ထိုအခါမွ ႏွင္းသည္ စိတ္သက္သာရာရသြားသလို သက္ျပင္းခ်လိဳက္ၿပီး အကၡ၏လက္ကိုကိုင္ထားရင္း_
"ကိုအကၡ ႏွင္းျပန္ေတာ့မယ္ေနာ္၊ေတာ္ၾကာေန တျခားလူေတြထပ္ေတြ႕ေနအုံးမယ္ "
"အင္း "
"ဟုတ္ "
အိမ္ျပန္ေတာ့မည့္ ႏွင္း၏နဖူးကို အကၡအနမ္းျဖင့္ႏူတ္ဆက္လိုက္၏။မိုးတစ္ေယာက္လုံး ရွိေနတာေတာင္ မရွိသလို ေရွာင္ဖယ္ထားသည့္ ထိုသူႏွစ္ဦးေၾကာင့္ မိုးပင္ ႏွာေခါင္း႐ူံမိသည္။
"ဆရာအဘိဓာန္မိုး ႏွင္းသြားလိုက္ပါအုံးမယ္၊ဒီေန႕ကိစၥ စိတ္ခ်ပါမယ္ေနာ္ ဆရာ "
မိုး ေခါင္းသာညိတ္ျပခဲ့သည္။တစ္ေယာက္တည္းထြက္သြားသည့္ ႏွင္းဆိုသူေၾကာင့္ မိုးသည္ အကၡအား သတိလွမ္းေပးရသည္။
"မလိုက္ပို႔ဘူးလား မိန္းကေလးတစ္ေယာက္တည္း အေဝးႀကီးျပန္ရမွာ "
"လိုက္ပို႔စရာမလိုဘူး သူ႕ဟာသူျပန္တတ္တယ္ "
ခ်စ္သူအေပၚ နည္းနည္းေလးေတာင္ ဂ႐ုစိုက္မူ႕မရွိသည့္ ႏွိုင္းက မိုးျမင္ဖူးေနၾက နိုက္ကလပ္ကေကာင္ေလးပုံစံျပန္ထင္ဟပ္ေနၿပီျဖစ္သည္။
"ခင္ဗ်ား အဲ့လိုဘဲ လိုက္လိုက္ေခ်ာင္းၾကည့္ရတာႀကိဳက္တာလား "
"ငါ..."
အမွန္တရားေၾကာင့္ မိုးဘယ္လိုျပန္တုံ႕ျပန္ရမလဲ ရွက္မိ၏။လိမ္ညာၿပီးေျဖရန္ျပင္လိုက္ေပမဲ့လည္း ဒီလူက မိုးလိမ္ညာသမွ်သိေနတာေၾကာင့္ အမွန္တိုင္းေျပာလိုက္တာကပိုေကာင္းမည္ဟုေတြးကာ_
"ဟုတ္တယ္ကြာ ငါေခ်ာင္းၾကည့္တာ၊ဒါေပမဲ့ မေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႕ၾကည့္တာေတာ့မဟုတ္ဘူး...ငါ အခုလိုမ်ိဳးသမီးရည္းစားခ်ိန္းတာတခါမွမေတြ႕ဖူးလို႔"
"ထားလိုက္ပါ့ေတာ့ ကြၽန္ေတာ္လည္း မနက္ျဖန္ကစၿပီး သူ႕ကိုထပ္ေတြ႕စရာမွမရွိေတာ့တာ "
"ဟမ္...ဘာသေဘာလဲ မင္းေျပာတာက "
"သူက ကြၽန္ေတာ့္အႀကိဳက္ျဖစ္ေပမဲ့ အကုန္မျပည့္စုံဘူး အဲ့ေတာ့ ထပ္ေတြ႕စရာမလိုဘူး "
"ေန...ေနပါအုံး မင္းနဲ႕သူတြဲတာဘယ္ေလာက္ၾကာၿပီလဲ "
".....သုံးနာရီလား "
ရည္းစားသက္တမ္းက သုံးနာရီႀကီးမ်ားေတာင္ ဆိုေတာ့ မိုးအအံ့ၾသလြန္ၿပီး ပါးစပ္အေဟာင္းသားေတာင္ျဖစ္ရပါ၏။
"အဲ့တာကို မင္းကသူ႕မွာ ဘာမျပည့္စုံဘူးျပည့္စုံတယ္တန္းသိတာလဲ "
မိုးစပ္စုေနမွန္းကိုယ္တိုင္သိသည္။ဒါေပမဲ့ သူမ်ားေတြနဲ႕မတူဘဲ တမူထူးျခားေနတဲ့ ဒီလူအေၾကာင္းသိခ်င္မိတာကေတာ့ မိုးတစ္ေယာက္တည္းမဟုတ္ဟုထင္ပါသည္။
စာေမးပြဲစစ္သလို တစ္ခုၿပီးတစ္ခု လိုက္လိုက္ေမးေနသည့္ အေကာင္ေသးေၾကာင့္ ႏွိုင္း သက္ျပင္းရွည္ခ်ရသည္။
"သိခ်င္လား "
"အင္အင္ "
မိုးဆက္မျပတ္ေခါင္းညိတ္ျပေတာ့ ႏွိုင္းက ႐ုတ္တရက္မိုးရင္ဘတ္ကို လာကိုင္၏။႐ုတ္တရက္မို႔ ေၾကာင္အမ္းအမ္းျဖစ္ရၿပီး ခ်က္ခ်င္းဖယ္ထုတ္ဖို႔ကိုေတာင္ မိုးေမ့သြားခဲ့သည္။
"ခင္ဗ်ားလိုဘဲ "
ႏွိုင္းရဲ႕အသံကိုၾကားခါမွ မိုးတြန္းထုတ္ဖို႔သတိရၿပီး ဖယ္ထုတ္လိုက္ကာ ကိုယ့္ရင္ဘတ္ကိုျပန္ပုတ္ရင္း_
"မင္း...မင္းဘာလုပ္တာလဲ "
"ခင္ဗ်ားလိုဘဲ သူ႕ရင္ကျပားကပ္ကပ္နဲ႕ စိတ္ဝင္စားဖို႔မေကာင္းဘူး "
ေျပာတယ္မလား ႏွိုင္းဆိုတဲ့ဒီေကာင္ကမိုးကို ေျပာစရာစကားမဲ့ေအာင္သိပ္လုပ္တတ္တာပါဆို။
"ခင္ဗ်ား အိမ္မျပန္ေတာ့ဘူးလား၊ဒီမွာေတာ့ ထပ္ေခ်ာင္းစရာအတြဲမရွိေတာ့ဘူးေနာ္ "
"ျပန္...ျပန္မွာေပါ့၊ၿပီးေတာ့ အတြဲရွိရွိမရွိရွိ ငါစိတ္မဝင္စားပါဘူးေနာ္ "
ႏွိုင္းကို မ်က္လုံးေဝ့ၿပီး မိုးေဆာင့္ေအာင့္ေအာင့္ျဖစ္ထြက္လာခဲ့ေတာ့၏။
ဒီအေျခအေနေလာက္ အရွက္ကြဲတာမ်ိဳးရွိေလာက္ေတာ့မည္မထင္။မိုးရဲ႕သိကၡာေတြေတာ့ ဒီ ႏွိုင္းဆိုသည့္သူေရွ႕မွာပင္ အားလုံးေရစုန္ေမ်ာခဲ့ရေလၿပီ။
"ေဟး ေနအုံး "
"ဘာလဲ "
မ်က္ႏွာခ်င္းမဆိုင္ခ်င္ပါဘူးဆိုေနကာမွ မိုးကိုလွည့္လာေအာင္ ေခၚေခၚေနသည့္ ႏွိုင္းေၾကာင့္ မိုး စိတ္မပါစြာလွည့္လာရင္း ေဆာင့္ေအာင့္စြာျဖင့္သာ ထူးခဲ့သည္။
"ေလသံက ဘာျဖစ္တာလဲ "
"သိသာေနတာဘဲ မင္းေခၚတာကိုမထူးခ်င္လို႔ေပါ့ "
"အဲ့လိုလား ရတယ္ေလ "
မိုးစကားေၾကာင့္ ႏွိုင္းပုံစံကစိတ္ဆိုးသြားဟန္တူသည္။မိုးကိုၾကည့္ေနေသာ မ်က္လုံးမ်ားက ခက္ထန္သြားၿပီး မ်က္ေမွာင္ကိုလည္း တင္းေနေအာင္က်ဳံထားေလ၏။
အဲ့ေတာ့ ဘာျဖစ္လဲ သူ႕ဘက္က မိုးကိုအရင္စတာဘဲကို။
ေျပာရင္းျဖင့္ ႏွိုင္းသည္ သူ၏ေမာ္ေတာ္ဆိုင္ကယ္ႀကီးေပၚသို႔တက္ရင္း မိုးတို႔အေဆာင္ရွိရာဆီသို႔သြားရန္ျပင္ေနသည္။
"အဲ့ဘက္က ငါ့အေဆာင္လမ္းေလ "
"သိတယ္ အဲ့ဘက္ဘဲသြားမလို႔ "
"ဒါဆို..."
အေဆာင္သို႔ေရာက္ရန္လမ္းအမ်ားႀကီးေလွ်ာက္ရအုံးမည္ျဖစ္တာေၾကာင့္ မိုး ေတြးၾကည့္႐ုံနဲ႕တင္ပင္ပန္းေနၿပီျဖစ္သည္။ႏွိုင္း ထိုဘက္သို႔သြားမည္မွန္း သိလိုက္ရေတာ့ မိုး သူ႕ကိုပါလမ္းႀကဳံတင္ပါေစဟု စကားစအရိပ္အမြတ္ေလးျဖင့္ အသိေပးခဲ့ေပမဲ့ အသည္းမာသည့္ ႏွိုင္းက ေသြးေအးေအးျဖင့္ပင္_
"ခင္ဗ်ားသိလား အစကေတာ့ ခင္ဗ်ားကိုလမ္းႀကဳံလိုက္ဖို႔ေခၚမလို႔ဘဲ အခုေတာ့ ေစတနာပ်က္သြားၿပီ၊ေနာက္ကဘဲ ေအးေဆးလမ္းေလွ်ာက္လာခဲ့ေတာ့ေနာ္ bye "
လက္ကေလးယမ္းျပကာျဖင့္ မိုးကို မခို႔တရို႔ၿပဳံးျပရင္း ခ်န္ထားကာေမာင္းထြက္သြားသည့္ ႏွိုင္းအား မိုးက်ိန္ဆဲရင္းက်န္ခဲ့ပါေတာ့သည္။
"ဒါဆိုလည္း အစကတည္းက ေျပာလိုက္ပါလား ေသနာရဲ႕ "
မေက်နပ္ေသးေပမဲ့လည္း မၾကာခင္ေမွာင္ေတာ့မွာမို႔ မိုးထိုေနရာမွ ခပ္ျမန္ျမန္ထြက္ခြာလာခဲ့ရလိုက္ရသည္။
အေဆာင္ေရာက္ေတာ့ အျမန္လွမ္းလာရသည့္ေျခလွမ္းမ်ားေၾကာင့္ ေမာေနတုန္းရွိေသး ဆိုင္ကယ္ကိုမွီရင္း မိုးအားၿပဳံးၾကည့္ၾကည့္ေနသည့္ ႏွိုင္းကိုျမင္ေတာ့ မိုးအေမာပိုဆို႔ရသည္။
"ဆရာမိုး လမ္းမွာ အကၡနဲ႕မေတြ႕ခဲ့လို႔လား "
ဆရာမုန္းမာန္ရဲ႕အေမးကိုၾကားၿပီး မိုး ႏွိုင္းကိုၾကည့္မိ၏။ထိုသူကေတာ့ ဂ႐ုေတာင္မစိုက္ ဆိုင္ကယ္ေပၚမွီရင္းသားျဖင့္သာ မိုးတို႔ကိုလစ္လ်ဴ႐ူထားသည္။
"လြဲသြားတယ္ထင္တယ္ဗ် ကြၽန္ေတာ္ ျပန္တုန္း ဘယ္သူ႕ကိုမွမေတြ႕ခဲ့ဘူး "
ဆရာမုန္းမာန္အေမးကို မိုးၿပဳံးၿပဳံးရယ္ရယ္ျဖင့္သာ ေျဖရင္း ႏွိုင္းကိုၾကည့္မိေတာ့ ႏွိုင္းရဲ႕ပုံစံက လိမ္တာေတာ္သားဘဲ ဟုေျပာေနသလို မိုးကိုအကဲခတ္ရင္းၾကည့္ေနခဲ့သည္။
"ဆရာ အဝတ္အစားလဲေရမိုးခ်ိဳးၿပီးရင္ ဒီဘက္ကိုခဏလာခဲ့ပါအုံးေနာ္ ဆရာမုန္းေျပာစရာေလးရွိလို႔ "
"အခုေျပာလဲရတယ္ေလဆရာမုန္း "
"ဆရာမိုး ပင္ပန္းေနေသးတာကို..ကဲ့ပါ ဆရာမုန္း ေျပာတဲ့အတိုင္းသာအရင္သြားလုပ္ မုန္းေစာင့္ေနမယ္ "
"ဒါဆိုလည္း ကြၽန္ေတာ္ ျမန္ျမန္ျပင္ဆင္ၿပီးလာခဲ့ပါမယ္ "
ဆရာမုန္းရဲ႕ပုံစံကထူးဆန္းေန၏။မိုးကိုေျပာျပစရာ အေရးႀကီးကိစၥရွိေနသလိုပင္။ၿပီးေတာ့ ႏွိုင္းကေရာ ဒီကိုဘာကိစၥေရာက္ေနသနည္း။အစက အထြန္းရွိလို႔လာတယ္ထင္တာ အခုအထြန္းကိုမေတြ႕ဘဲ ႏွိုင္းတစ္ေယာက္တည္းဒီကိုလာတာျမင္ရေတာ့ ထူးဆန္းသည္။
ဘာဘဲျဖစ္ျဖစ္ မိုးသိခ်င္တာေတြ ခဏေနသိရေတာ့မွာမို႔ ေရမိုးခ်ိဳးအဝတ္အစားအျမန္လဲရင္းျဖင့္ ဆရာမုန္းတို႔ေစာင့္ေနရာသို႔ မိုး ေျပးလာခဲ့လိုက္၏။
"ျမန္လိုက္တာဗ်ာ၊ ဒီမွာ လာထိုင္ေလ ဆရာမိုး "
မိုးလည္း ေလာေလာျဖင့္လုပ္ခဲ့ရတာေၾကာင့္ ၾကယ္သီးေတြေတာင္ေသခ်ာမတပ္မိ။ဆရာမုန္းမာန္ ခ်ေပးသည့္ေနရာမွာထိုင္ရင္းျဖင့္သာ မွားတပ္လာမိသည့္ ၾကယ္သီးမ်ားျပန္ျပင္တပ္ေနရသည္။
"ဘာေျပာမလို႔လဲ ဆရာမုန္းမာန္ "
"ဒီလိုပါ မနက္ျဖန္ၾကရင္ ကြၽန္ေတာ့္ရဲ႕ဇာတိ႐ြာကို ခဏျပန္ရမွာမလို႔ အဲ့တာ ဆရာမိုး တစ္ေယာက္တည္းအေဆာင္မွာက်န္ခဲ့ရမဲ့အေၾကာင္းေျပာျပမလို႔ပါ "
"ေၾသာ္ ဒါမ်ားဗ်ာ ရပါတယ္ ျပန္ပါျပန္ပါ၊ဒါနဲ႕ ဆရာမုန္းမာန္က ႐ုတ္တရက္ႀကီး ဇာတိ႐ြာကို ဘာျပန္လုပ္မလို႔လဲ "
"ဆရာမုန္းရဲ႕အေဖက က်န္းမာေရးမေကာင္းျဖစ္ေနလို႔ အဲ့တာ ခဏျပန္ျပဳစုခ်င္လို႔ေလ "
"ဟုတ္ နားလည္ပါၿပီ၊မိဘရဲ႕က်န္းမာေရးကိစၥဆိုေတာ့ ဆရာမုန္းမာန္ ႀကိဳက္သေလာက္ခြင့္ယူလို႔ရပါတယ္၊ကြၽန္ေတာ္တစ္ေယာက္တည္းေနရလို႔ဆိုၿပီး အားနာမေနပါနဲ႕ေနာ္ "
"ေက်းဇူးတင္ပါတယ္ ဆရာမိုး "
"ဒါနဲ႕ ႏွိုင္းကိုက ဘာလို႔ေခၚထားတာလဲဟင္ "
"အကၡက ကြၽန္ေတာ္ ဇာတိ႐ြာျပန္ေနတဲ့အေတာအတြင္း ဆရာမိုးနဲ႕အတူေနမွာမလို႔ေလ "
"ဗ်ာ "
ၾကားရတဲ့စကားက လန့္စရာေကာင္းလြန္းတာေၾကာင့္ အာေမဋိတ္အသံထြက္မိသည္အထိ မိုး ထိတ္လန့္သြားခဲ့သည္။ႏွိုင္းကိုၾကည့္ေတာ့လည္း ဒီကိစၥကို ႀကိဳသိေနသကဲ့သို႔ ေအးေအးလူလူပင္ရွိ၏။
မိုးကို gay တစ္ေယာက္လို႔သိထားသည့္အျပင္ gay ေတြကိုေသေအာင္မုန္းတဲ့ straight စစ္စစ္ ႏွိုင္းနဲ႕အတူေနရမွာက ထိတ္လန့္စရာမဟုတ္ဘူးလား။
ႏွိုင္းမင္းပုံစံက ဘာလို႔ေအးေဆးေနရတာလဲ။
"ေၾသာ္ ဟားဟား၊ဆရာမုန္းမာန္က ကြၽန္ေတာ့္ကို စိတ္ပူလို႔နဲ႕တူတယ္၊မပူပါနဲ႕ဗ်ာ ကြၽန္ေတာ္တစ္ေယာက္တည္းေနနိုင္ပါတယ္ ၿပီးေတာ့ ႏွိုင္းလည္း အႏွောင့္အယွက္ျဖစ္ေနပါအုံးမယ္ဗ်ာ "
"အကၡကိုယ္တိုင္က ဒီမွာလာေနခ်င္တယ္လို႔ ေတာင္းဆိုထားတာပါဗ်ာ အႏွောင့္အယွက္မျဖစ္ပါဘူး ဆရာမိုးရဲ႕ "
ဆရာမုန္းရဲ႕အေျပာေၾကာင့္ မိုး ႏွိုင္းကိုေတာင္ နားမလည္ၾကည့္မိသည္။ႏွိုင္းကလည္း မိုးကို ဘာလဲ ဆိုသည့္အထာျဖင့္သာ ပုခုံးတြန့္ျပလ်က္ရွိၿပီး က်န္သည့္ခံစားခ်က္မ်ားကိုေတာ့ ဘာမွမဟုတ္သလိုသာ ဖုံးကြယ္ထားေလသည္။
မျဖစ္နိုင္ပါဘူး၊ဒီstraight ေကာင္ကေတာင္းဆိုတယ္ဆိုတာ မျဖစ္နိုင္ဘူးမလား။
"ဆရာမိုး အားနာစရာမလိုပါဘူး၊အကၡရွိေတာ့ ဆရာမေတြအေဆာင္ၾကားထဲမွာ ဆရာမိုးတစ္ေယာက္တည္းမျဖစ္ေတာ့ဘူးေပါ့ဗ်ာ "
မိုး ဒါကိုေတာ့ေခါင္းညိတ္ေထာက္ခံခဲ့သည္။
မိုးတို႔အေဆာင္က တစ္ထပ္တိုက္ထန္းရံအိမ္ကိုမွ တစ္အိမ္ကို ဝန္ထမ္းႏွစ္ေယာက္သုံးေယာက္ထိေနထိုင္လို႔ရသည္။မိုးတို႔ဆရာေယာက်ာ္းေလးက ႏွစ္ေယာက္သာရွိတာေၾကာင့္ တစ္အိမ္ယူထားၿပီး ဆရာမမ်ားက ငါးေယာက္ရွိတာေၾကာင့္ သုံးေယာက္တစ္အိမ္ႏွစ္ေယာက္တစ္အိမ္ခြဲေနၾကသည္။
အေဆာင္ကတစ္ေဆာင္ႏွင့္တစ္ေဆာင္နည္းနည္းလွမ္းတာေၾကာင့္ အေရးတစ္ခုခုျဖစ္လွ်င္ ေယာက်ာ္းျဖစ္သည္ဆိုေသာ္ညားလည္း တစ္ေယာက္တည္းေနရန္မသင့္ေတာ္ပါ။အနည္းဆုံးအေဖာ္တစ္ေယာက္ေတာ့ ရွိထားသင့္ပါ၏။မိုးမေရာက္ခင္က ဆရာမုန္းမာန္လည္း အထြန္းသို႔မဟုတ္ ႐ြာသားမ်ားကအလွည့္စီလာေစာင့္အိပ္ေပးခဲ့ရသည္။
မိုးလည္း ထိုကဲ့သို႔သာ အထြန္းသို႔မဟုတ္႐ြာသားမ်ားတစ္လွည့္စီလာေစာင့္အိပ္ေပးတာကိုသာ ျဖစ္ေစခ်င္ေပမဲ့ ႏွိုင္းကိုယ္တိုင္က လာေနမည္ဟုေျပာထားတာေၾကာင့္ ခြင့္ေတာင္းမရျဖစ္ေနျပန္သည္။
လင္မခံခ်င္ေပမဲ့ ဆရာမုန္းမာန္စိတ္႐ူပ္ေအာင္ အထြန႔္လည္းမတက္လိုတာေၾကာင့္ မိုး လက္ခံလိုက္ရပါေတာ့သည္။
"အခုလို စီစဥ္ေပးေတာ့ေက်းဇူးတင္တာေပါ့ဗ်ာ "
"ဒါကေတာ့ အကၡကို ေျပာရမွာေပါ့ "
ထိုအခါမွ ဆရာမုန္းမာန္လည္း မိုးကိုစိတ္ခ်သြားဟန္ျဖင့္ ေပါ့ေပါ့ပါးပါးအေနအထားျဖင့္စကားဆက္ေျပာေလသည္။
"အကၡ ဒီညကတည္းက ဒီမွာတည္းျဖစ္မွာဆရာမိုး...မနက္ျဖန္ၾကရင္ အသားက်သြားေအာင္ေလ "
"ေၾသာ္...ဟုတ္ "
ႏွိုင္းကိုၾကည့္မိေတာ့ သူလည္း ဒီအစီအစဥ္ကို သေဘာမက်သည့္ပုံေပၚေနသည္။ဒါကို ဘာမွဝင္မေျပာဘဲေနေနသည့္ ႏွိုင္းက ဘယ္လိုဖိအားေတြေၾကာင့္မ်ား အခုေလာက္ထိသည္းခံေနခဲ့မွန္းမိုးမသိ။ၿမိဳ႕တုန္းကလို မႀကိဳက္ရင္မႀကိဳက္ဘူးဟု ဘြင္းဘြင္းရွင္းရွင္း ေျပာပလိုက္စမ္းပါဟု မိုး စိတ္ထဲမွ တိုက္တြန္းေနမိပါေတာ့သည္။
ဒါေပမဲ့ ႏွိုင္းကအေသအခ်ာကို ဆုံးျဖတ္ခ်က္ခ်ထားပုံေပၚသည္။
gay ေတြကိုေသေလာက္ေအာင္မုန္းသည့္သူက အခုေတာ့ မိုးရဲ႕ေဘးမွာ လဲအိပ္ေနေလၿပီျဖစ္၏။
"ဆရာမိုး အိပ္မေပ်ာ္လို႔လား "
"ဗ်ာ...ဟု...ဟုတ္ "
"မီးေၾကာင့္ေတာင္းပန္ပါတယ္ဗ်ာ ဆရာမုန္းကမနက္ကားအမွီသြားရမွာဆိုေတာ့ အခုကတည္းက အထုတ္ႀကိဳျပင္ထားရမွာမို႔ပါ။ျမန္ျမန္ျပင္ေပးပါမယ္ေနာ္ "
"ရပါတယ္ ဆရာမုန္းမာန္ ေအးေဆးလုပ္ပါ၊ကြၽန္ေတာ္ ကူေပးရမလား "
"ေနပါ ဆရာမိုး မနက္ၾကရင္ အတန္းတက္ရမွာကို ေစာေစာအနားယူလိုက္ေတာ့ေလ"
"ဟုတ္ "
မိုး မ်က္လုံးမွိတ္ရန္ျပင္ေပမဲ့လည္း မိုးေဘးမွာ ျမင္ေနရသည့္ ေက်ာျပင္က်ယ္ႀကီးက မိုးကို အိပ္မရေအာင္ႏွောင့္ယွက္ေနသလိုရွိ၏။
သူကဘာလို႔ဒီေလာက္ထိေအးေဆးအိပ္နိုင္ရတာလဲ၊ငါ့မွာေတာ့ အိပ္ေနရင္းမေတာ္တဆ သူ႕အသားထိမိရင္ အသတ္ခံရမွာ ေၾကာက္လို႔အိပ္လို႔ေတာင္မေပ်ာ္နိုင္ဘူးျဖစ္ေနတာ။
ရင္တြင္းျဖစ္ေလးတစ္ခ်ိဳ႕ကို မိုး အားငယ္စြာ ေရ႐ြတ္ေနမိပါေတာ့သည္။
အိပ္မေပ်ာ္ဘူးထင္ထားေပမဲ့လည္း အခ်ိန္တစ္ခုေရာက္ေတာ့ မိုးေတာင္မသိဘဲ အိပ္ေပ်ာ္သြားေလၿပီျဖစ္၏။
ထုံးစံအတိုင္း ၾကက္တြန္သံႏွင့္ ထန္းရံၾကားမွထိုးေဖာက္လာေသာေနေရာင္ႏြေးႏြေးေလးရမွသာ မိုးအိပ္ေပ်ာ္သြားၿပီး မနက္ေတာင္ေရာက္ေနၿပီျဖစ္မွန္းသိရေတာ့သည္။
ေဘးကိုၾကည့္လိုက္ေတာ့ မိုးတစ္ေယာက္တည္းသာက်န္သည္။မေန႕က ဆရာမုန္းမာန္ထုတ္ထားသည့္အထုတ္ႀကီးမရွိမွန္းေတြ႕ရလွ်င္ ဆရာမုန္း ထြက္သြားၿပီျဖစ္မွန္းသိလိုက္ရ၏။
ဆရာမုန္းကို ကားဂိတ္ထိ လိုက္လံပို႔ေဆာင္ေပးမည္ဟု ေတြးထားေပမဲ့ အိပ္ေပ်ာ္ၿပီဆိုသည္ႏွင့္ ဘာဆိုဘာမွမသိေတာ့ဘဲ အအိပ္မက္သည့္အက်င့္ေၾကာင့္ ဆရာမုန္းထြက္သြားတာကိုေတာင္ မသိလိုက္ဘဲ ျဖစ္သြားခဲ့ရ၏။မိုး ကိုယ့္ကိုယ္ကိုသာအျပစ္တင္မိပါေတာ့သည္။
ေက်ာင္းေရာက္သည္အထိ ဆရာမုန္းမာန္ကို မႏူတ္ဆက္လိုက္ရသည့္ စိတ္ေၾကာင့္ ေနထိုင္လို႔မေကာင္းျဖစ္ေနရသည္။
မိုး ငိုင္တိုင္တိုင္ျဖစ္ေနခ်ိန္တြင္ အတန္းထဲမွ ဆူညံသံတစ္ခ်ိဳ႕ေၾကာင့္ အတန္းထဲသို႔အာ႐ုံျပန္စိုက္ရေတာ့သည္။
"ဘာျဖစ္တာလဲ ကေလးတို႔၊ထမင္းစားခ်ိန္မွာ ဆူညံေနၾကတာေကာ "
"ဆရာ...ဆရာ....ခ်စ္ထူးကေလ ေခါင္းမွာပန္းႀကီးပန္သနပ္ခါးလိမ္းၿပီး မိန္းကေလးလို ေနေနတယ္ဗ်၊အဲ့တာေၾကာင့္ က်ဳပ္တို႔က ေယာက်ာ္းေလးေတြ အဲ့လိုမလုပ္ရဘူးေျပာေပးေနတာ "
ကေလးက ဆရာျဖစ္သည့္ မိုးကို ျဖစ္ပ်က္သည့္ ျပႆနာမ်ားအားလုံး ေျပာျပ၏။ေက်ာ္စန္းေျပာသလို မ်က္ရည္မ်ားေၾကာင့္ သနပ္ခါးမ်ား ကြက္က်ဲေနၿပီး ေခါင္းမွာပန္ထားသည့္ ပန္းမ်ားကလည္း ညွိုးညွပ္ကာ ေႂကြက်ေနေလၿပီျဖစ္သည္။
ခ်စ္ထူးရဲ႕ပုံစံကိုျမင္ေတာ့ မိုး စိတ္မေကာင္းျဖစ္ကာ အနားသြားရင္း ေပက်ံေနသည့္ ဖုန္မ်ားကို ခါထုတ္ေပးရင္းမ်က္ရည္မ်ားကိုလည္း သုတ္ေပးခဲ့သည္။
"သားေလးခ်စ္ထူး ေက်ာ္စန္းေျပာတာေတြက အမွန္ဘဲလား "
ခ်စ္ထူးက မိုးရဲ႕အေမးကို ႏူတ္ခမ္းကိုက္ရင္း မေျဖရဲဘဲ ရပ္သာၾကည့္ရင္းရွိေနသည္။
"ဆရာ အျပစ္မေပးပါဘူး၊ဟုတ္လား မဟုတ္လားဘဲေျဖေပးေနာ္ "
ထိုအခါ ခ်စ္ထူးက ေခါင္းျဖည္းျဖည္းခ်င္းညိတ္ျပ၏။
မိုးလည္း သေဘာေပါက္ကာ အတန္းကိုျပန္ေခၚၿပီး လူစုေစေတာ့သည္။
"ကေလးတို႔...ဆရာအတန္းေစာေစာေခၚတာက ကေလးတို႔ကို သင္ခန္းစာတစ္ခုနဲ႕ပတ္သတ္ၿပီးေျပာျပခ်င္လို႔၊ကေလးတို႔ နားေထာင္ခ်င္ၾကလား"
"နားေထာင္ခ်င္ပါတယ္ ဆရာ "
သံၿပိဳင္ႏွင့္ေသဘာတူၾကသည့္ ကေလးမ်ားကို ၾကည့္ၿပီး မိုးၿပဳံးလိုက္သည္။
"ဒါဆို ဆရာမေျပာျပေသးခင္ ကေလးတို႔ကို အရင္ေမးမယ္ေနာ္ "
"ဟုတ္ကဲ့ပါဆရာ "
"ကေလးတို႔ရဲ႕ဝါသနာကဘာလဲ "
"ပန္းခ်ီဆြဲတာ "
"ေဘာလုံးကန္တာပါဆရာ "
"သစ္ပင္တက္တာ "
အသီးသီးႏွင့္လုေျဖၾကသည့္ ကေလးမ်ားအၾကား ခ်စ္ထူးကေတာ့ တစ္ေယာက္တည္းတိတ္ဆိတ္ေနခဲ့သည္။
"သားေလး ခ်စ္ထူးရဲ႕ဝါသနာကေရာ "
မိုး ေမးေတာ့ ခ်စ္ထူးက ေဘးဘီေတြကို စိုးရိမ္စြာၾကည့္၏။အက်ီစေတြကို က်စ္ေအာင္ဆုပ္ထားသည့္ ခ်စ္ထူးပုံစံက မေျပာျပခ်င္မွန္း သိပ္သိသာသည္။
"ဒီလိုလုပ္ ဆရာက အရင္ဆုံးဆရာရဲ႕ဝါသနာကိုေျပာျပမယ္ေနာ္...ဆရာကေလ အလွျပင္ရတာကိုႀကိဳက္တယ္ ၿပီးေတာ့ ပန္းပန္ရတာကိုလည္းႀကိဳက္တယ္သိလား"
မိုးေျပာေတာ့ တစ္ခန္းလုံးက အားပါးတရရယ္၏။
"ဘာျဖစ္လို႔ရယ္ၾကတာလဲ ကေလးတို႔ "
"ဆရာ အဲ့တာက မိန္းကေလးေတြဘဲႀကိဳက္တဲ့ဝါသနာေလ "
"မဟုတ္ပါဘူး ဒါဆို ေယာက်ာ္းေလးတစ္ခ်ိဳ႕ ပုံဆြဲတာႀကိဳက္တာ၊မိန္းကေလးတစ္ခ်ိဳ႕ေဘာလုံးကန္တာႀကိဳက္တာကေရာ "
မိုးေမးေတာ့ ကေလးေတြကတိတ္သြားၾကသည္။မိုးအေမးေၾကာင့္ စဥ္းစားရခက္သြားပုံေပၚသည္။
"ဆရာေျပာျပမယ္ လူတစ္ေယာက္စီတိုင္းမွာ သူတို႔ရဲ႕ဝါသနာဆိုတာ ငယ္ငယ္ေလးကတည္းက ကပ္ပါလာၿပီးသား၊ကိုယ့္ရဲ႕ဝါသနာနဲ႕သူတို႔ေတြရဲ႕ဝါသနာက တျခားလူအေပၚ ထိခိုက္ေစမဲ့ဝါသနာမဟုတ္ရင္ေတာ့ လူတိုင္းရဲ႕ဝါသနာကိုေလးစားေပးရမယ္ သူ႕ရဲ႕ဝါသနာကို မေကာင္းဘူးဘာညာမေလွာင္ရဘူး၊သူမ်ားကို စိတ္ဆင္းရဲေအာင္လုပ္တာ စိတ္ထိခိုက္ေအာင္လုပ္တဲ့သူက..."
"လူဆိုးပါဆရာ "
"ဒါေပါ့ သူမ်ားကို ကိုယ္ထိလက္ေရာက္မွမဟုတ္ဘူး စိတ္ဒုကၡေပးတဲ့သူေတြကိုလည္း လူဆိုးလို႔ေခၚတယ္၊ကေလးတို႔က လူဆိုးလား လူေကာင္းလား "
"လူေကာင္းပါ ဆရာ "
"ဒါဆို ဒီေန႕ကစၿပီး အျခားလူေတြရဲ႕ပုံပန္းသြင္ျပင္နဲ႕ဝါသနာကို မေလွာင္ေျပာင္ မကဲ့ရဲ႕ရဘူးေနာ္ "
"ဟုတ္ နားလည္ပါၿပီဆရာ "
"ဆရာ့ကေလးေတြက လိမၼာလိုက္ၾကတာ၊ကဲ ဒီေန႕ေတာ့ ဆရာတို႔ရဲ႕ဝါသနာအေၾကာင္းေလး စာစီစာကုံးေရးၾကည့္ၾကတာေပါ့ "
ကေလးမ်ားက တက္တက္ႂကြႂကြဘဲ စာအုပ္ကိုယ္စီထုတ္ရင္း သူတို႔၏ပင္ကိုယ္ဝါသနာအေၾကာင္း စာစီစာကုံးေရးၾကသည္။
"ဆရာ "
"ေျပာေလ ေက်ာ္စန္း "
"သားကလူဆိုးလားဟင္ "
ျငႇိုးငယ္ေနသည့္မ်က္ႏွာျဖင့္ ႏွာတ႐ူံ႐ူံႏွင့္ ငိုခ်င္ေနသည့္ ေက်ာ္စန္းက မိုးကိုလွမ္းေမး၏။ၾကည့္ရတာ ခဏက ခ်စ္ထူးအေပၚ ေလွာင္ေျပာင္မိတာေၾကာင့္ စိတ္မေကာင္းျဖစ္သြားပုံေပၚသည္။
"သားက လူဆိုးမဟုတ္ပါဘူး၊ဒါေပမဲ့ ကိုယ္မွားခဲ့တဲ့အမွားကို သိၿပီး ျပန္ေတာင္းပန္တတ္ရမယ္ ဒါဆို သားက လူေကာင္းဆိုတာထပ္ေတာင္ပိုအုံးမွာ "
မိုးရဲ႕စကားေၾကာင့္ ေက်ာ္စန္းသည္ ခ်စ္ထူးဆီသို႔ေျပးသြားရင္း ေတာင္းပန္စကားဆိုခဲ့သည္။ထို႔ေနာက္ မိုးကိုလည္း ေနာက္ခါ ဘယ္သူ႕ကိုမွ မေလွာင္ေျပာင္ေတာ့ေၾကာင္း ကတိေပး၏။မိုး သြန္သင္သမွ်ကို နားလည္ၿပီး လိုက္လံျပဳျပင္ေနထိုင္ေပးသည့္ကေလးမ်ားေၾကာင့္ စိတ္ခ်မ္းသာရပါသည္။
ေက်ာင္းဆင္းခ်ိန္တြင္ ကေလးမ်ားက သူတို႔ေရးထားသည့္ စာစီစာကုံးမ်ား မိုးဆီသို႔လာထပ္သည္။ထိုထဲတြင္ ခ်စ္ထူးကေတာ့ ေနာက္ဆုံးမွျဖစ္၏။ခ်စ္ထူးက စာစီစာကုံးထပ္ရင္းျဖင့္ မရဲတရဲ မိုးအားေမးသည္။
"ဆရာ သားကထူးဆန္းတဲ့သူလား "
တဲ့ ဒီေမးခြန္းကို မိုးကိုယ္တိုင္လည္း ေမးခဲ့ဖူး၏။မိုးသည္ ခ်စ္ထူးကို ကိုယ္ခ်င္းစာစြာ ၾကည့္လိုက္ၿပီး_
"သားသူမ်ားေတြနဲ႕မတူဘဲကြဲျပားေနတာမွန္တယ္ ဒါေပမဲ့ သားကလူထူးဆန္းမဟုတ္ဘူး၊သားရဲ႕ျဖစ္တည္မူ႕အေပၚ အားမငယ္နဲ႕ သားကိုယ္တိုင္ကရဲရဲႀကီး လက္ခံတတ္ရမယ္ ၿပီးေတာ့ သားအခုလိုျဖစ္ရတာက သားအမွားေၾကာင့္မဟုတ္ဘူးဆိုတာလည္း မွတ္ထားေနာ္၊သားသိတယ္မလား စူပါမန္းေတြက သူမ်ားနဲ႕မတူဘဲ ကြဲျပားေနတတ္တယ္ဆိုတာ "
"သားက စူပါမန္းလား "
"သားေလးသာ သားရဲ႕ျဖစ္တည္မူ႕အေပၚအားမငယ္ဘဲ ႀကံ့ႀကံ့ခိုင္ေနမယ္ဆိုရင္ စူပါမန္းထက္ေတာင္စြမ္းတဲ့ ဟီးရိုးႀကီးဘဲ "
"ေက်းဇူးတင္ပါတယ္ဆရာ ဒီေန႕ကစၿပီး သားကိုသား လူထူးဆန္းလို႔မျမင္ေတာ့ပါဘူး "
ခ်စ္ထူးက မိုးကိုအားရပါးရဖက္ရင္း ေက်းဇူးတင္ေၾကာင္းအထပ္ထပ္ေျပာခဲ့သည္။မိုးလည္း ခ်စ္ထူး၏ပုခုံးကို ဖက္ထားရင္း အားေပးခဲ့၏။
"သားေလးေနာက္တစ္ခုမွတ္ထားရမွာက စူပါမန္းက သူ႕ရဲ႕တကယ့္ျဖစ္တည္မူ႕ကို လူတိုင္းကိုထုတ္မႂကြားတတ္ဘူး သူ႕ကိုသူသိုသိုသိပ္သိပ္ေလးေနၿပီး ေျပာျပသင့္တဲ့လူေရွ႕မွ ရဲရဲႀကီးထုတ္ျပတာ "
"ဘာလို႔လဲဆရာ "
"လူဆိုတာ စိတ္အမ်ိဳးမ်ိဳးရွိတယ္သားရဲ႕ တစ္ခ်ိဳ႕ကလက္ခံနိုင္ေပမဲ့တစ္ခ်ိဳ႕ကလက္မခံနိုင္ဘူး ဒါေတြကိုေတာ့ သားအ႐ြယ္ေရာက္ရင္ သိလာပါလိမ့္မယ္၊အခုေတာ့ သားကိုယ္တိုင္ သားရဲ႕ျဖစ္တည္မူ႕အေပၚအားငယ္စိတ္မဝင္ရဘူးဆိုတာဘဲ မွတ္ထား "
"ဟုတ္ကဲ့ပါဆရာ မွတ္ထားပါမယ္ "
ျပန္ေတာ့မည့္ ခ်စ္ထူးကို မိုးေခါင္းပုတ္ရင္း ႏႈတ္ဆက္ကာ မိုးလည္းျပန္ဖို႔ အထြက္တြင္ တံခါးေရွ႕မွာ ပိတ္ေစာင့္ေနသည့္ သူေၾကာင့္ မိုးလန့္သြားရသည္။
"ႏွိုင္း မင္းဘယ္ခ်ိန္ကတည္းကေရာက္ေနတာလဲ "
"ခင္ဗ်ား ဆုံးမစကားေတြေျပာေနခ်ိန္ကတည္းက၊ေတာ္ေတာ္နားေထာင္ေကာင္းခဲ့ပါတယ္ "
"ဘာကိုနားေထာင္ေကာင္းေနတာလဲ ငါေပးတဲ့ဆုံးမစကားက ေသခ်ာေပါက္ မင္းလိုလူမ်ိဳးအတြက္မွမဟုတ္တာ "
"ဘာေျပာလိုက္တာ "
တိုးတိုးေလးသာေရ႐ြတ္ခဲ့တာေၾကာင့္ ႏွိုင္းေသခ်ာမၾကားခဲ့ရတာ မဆန္းပါ။
"ဘာလဲ ငါဘာမွမေျပာရပါဘူး၊ဒါနဲ႕ မင္းက ဒီကိုဘာလာလုပ္တာလဲ "
"ဆရာမုန္းမာန္က ခင္ဗ်ားကိုေပးခိုင္းလိုက္တာ "
မိုးဆီသို႔ စာတစ္ေဆာင္ကမ္းေပးတာေၾကာင့္ မိုးလည္း ခ်က္ခ်င္းဘဲယူဖတ္လိုက္၏။စာထဲမွာေတာ့ မိုးအိပ္ေရးပ်က္မည္စိုးတာေၾကာင့္ မနိုးေတာ့ဘဲထြက္သြားခဲ့ရသည္ႏွင့္ကားဂိတ္ကို အထြန္းႏွင့္႐ြာသားတစ္ခ်ိဳ႕လိုက္ပို႔တာေၾကာင့္အဆင္ေျပေျပေရာက္ခဲ့ေၾကာင္း စိတ္မပူေစရန္အေၾကာင္းေရးသားထားသည္။
"ဒီစာကို ဆရာမုန္းမာန္က မသြားခင္ေရးေပးခဲ့တာလား "
"အင္း...ခင္ဗ်ားက ေတာ္ေတာ္အိပ္ပုတ္တာကို "
မိုး ရွက္သြားကာ ျပန္ရန္ရွာရန္ျပင္ေပမဲ့လည္း အမွန္တရားျဖစ္ေနတာေၾကာင့္ ဘာျပန္ေျပာရမလဲမသိျဖစ္ရသည္။ေျပာစရာမရွိမွေတာ့ မေျပာေတာ့ဘဲ ႏွိုင္းအနားမွာ ၾကာၾကာမေနခ်င္တာေၾကာင့္ အိမ္သို႔ျပန္ရန္သာ လွည့္ထြက္လာေတာ့သည္။ေျခတစ္လွမ္းေတာင္ မလွမ္းရေသးေပမဲ့ မိုးကိုလွမ္းဆြဲသည့္ ႏွိုင္းက_
"ဘယ္လဲ "
"အေဆာင္ျပန္မွာေပါ့ ငါက ဘယ္သြားရမွာတုန္း "
"ဒါဆို ဆိုင္ကယ္ေပၚတက္ေလ ခင္ဗ်ားနဲ႕ကြၽန္ေတာ္က တူတူျပန္ရမွာဘဲကို "
"ဒီေန႕ေတာ့ တက္လို႔ရတယ္ေပါ့ "
"မလိုက္ခ်င္လည္း လမ္းေလွ်ာက္လာခဲ့ေပါ့ "
"ခဏခဏ...လိုက္မယ္ "
"ဒါဆိုလည္း ျမန္ျမန္လုပ္ "
စိတ္မရွည္သည့္ ႏွိုင္းေၾကာင့္ မိုးမွာ ကေလးမ်ားထပ္ထားသည့္ စာစီစာကုံးအိတ္ကတစ္ဖက္ ေက်ာင္းစာ႐ြက္စာတမ္းႏွင့္ထမင္းခ်ိဳင့္ကတစ္ဖက္ျဖင့္ ထိုဆိုင္ကယ္အဖုႀကီးေပၚသို႔ ခက္ခက္ခဲခဲတက္ရျပန္သည္။
ႏွိုင္းက အရင္လိုခ်ီဖို႔လုပ္ေပမဲ့ မိုးတစ္ေယာက္ေက်ာင္းေရွ႕အရွက္မကြဲခ်င္တာေၾကာင့္ ႏွိုင္းမထိရေသးခင္ ဆိုင္ကယ္ေပၚသို႔ အျမန္ဘဲတက္နိုင္ခဲ့သည္။
ထို႔ေနာက္ ဘယ္လိုလဲ ဟု ႏွိုင္းကိုမ်က္စပစ္ျပေပမဲ့ ႏွိုင္းကေတာ့ဂ႐ုေတာင္မစိုက္ဘဲ ဆိုင္ကယ္ကိုသာ ေမာင္းထြက္သြားေတာ့သည္။
"ခင္ဗ်ားကို စူပါမန္းျဖစ္ေစတဲ့သူကဘယ္သူလဲ "
"ဟမ္...ဘာႀကီး၊ေသခ်ာမၾကားရေနဘူး "
ေလတိုးသံေၾကာင့္ ႏွိုင္းေမးတာကို မိုးေသခ်ာမၾကားရပါ။ႏွိုင္း မိုးကိုေမးေနတာ ဒါနဲ႕ဆို သုံးေခါက္မကရွိေနၿပီျဖစ္တာေၾကာင့္ ေနာက္ဆုံး စိတ္မရွည္ေတာ့သည့္ ႏွိုင္းသည္ ဆိုင္ကယ္ကိုရပ္လိုက္ၿပီး_
"ခင္ဗ်ားကိုေမးေနတာ ခင္ဗ်ားကိုစူပါမန္း
ႀကီးျဖစ္ေစခဲ့တာဘယ္သူလဲ "
"ဘာကိုလဲ "
"က်စ္...ေက်ာင္းတုန္းကေလ ခင္ဗ်ားကေလးကိုေျပာတဲ့ကိစၥ "
ထိုအခါမွ မိုး သေဘာေပါက္သြားကာ ႏွိုင္းရဲ႕အေမးေၾကာင့္ အေတာ္ၾကာေမ့ေနၿပီျဖစ္သည့္ လူတစ္ေယာက္ကို ျပန္အမွတ္ရသြားခဲ့၏။
ခန့္ထားစစ္ခ်ီဆိုသည့္သူက မိုးဘဝမွာ မိုးရဲ႕ျဖစ္တည္မူ႕ကို ရဲရဲႀကီးလက္ခံနိုင္ေအာင္ တြန္းပို႔ေပးနိုင္ခဲ့သည့္ တစ္ဦးတည္းေသာသူပင္ျဖစ္သည္။ကိုခန့္ထားက မိုးအတြက္ အားအင္၊မိုးကို ဟီးရိုးႀကီးတစ္ေယာက္လို မၿပိဳလဲဘဲ ႀကံ့ႀကံ့ခိုင္ေစသည့္ အေၾကာင္းရင္း။ဒါေပမဲ့ ကိုခန့္ထားတည္ေဆာက္ေပးခဲ့တဲ့ဒီအရာေတြကို ကိုခန့္ထားကိုယ္တိုင္ကဘဲ ဖ်က္စီးပစ္ခဲ့ၿပီ။
အခုဆိုရင္ေကာ ကိုခန့္ထားက ဘယ္သူ႕အတြက္ တံတိုင္းႀကီးေတြေဆာက္ေပးေနမည္နည္း။မိုးရဲ႕အားနည္းခ်က္ကို အစကတည္းကသိၿပီးရဲ႕သားနဲ႕ အခ်ိန္ၾကာလာမွ လက္မခံနိုင္ေတာ့ဘူးေျပာၿပီး ထြက္သြားသည့္ ကိုခန့္ထားက အခုဆိုရင္....
ကိုခန့္ထား အေၾကာင္းေတြမိ႐ုံျဖင့္ မ်က္ရည္မ်ား မထိန္းနိုင္သည့္ မိုး အခုလည္း ႏွိုင္းေရွ႕မွာ အရွက္မဲ့စြာ ငိုေႂကြးေနမိပါေတာ့သည္။
ေလွာင္ရင္လည္း ေလွာင္ပါေစေတာ့။မိုးအတြက္ ခံစားခ်က္ေတြကို ၿမိဳသိပ္တာထပ္ ထုတ္လႊင့္လိုက္တာက အေကာင္းဆုံးျဖစ္တာေၾကာင့္ ဒီမ်က္ရည္နဲ႕အတူ ကိုခန့္ထားရဲ႕အေၾကာင္းေတြးမိေနတဲ့ စိတ္ေတြပါသြားေအာင္ ငိုပါရေစ။
"ခင္ဗ်ား...."
အင္း ထပ္ၿပီးေျပာလိုက္ မိုးကိုမ်က္ရည္က်ေစမဲ့ ခပ္နာနာစကားလုံးေတြ၊ဒါမွ မိုးခံစားေနရတာေတြပိုၿပီးေပါ့သြားမွာ။ေျပာလိုက္စမ္းပါ ႏွိုင္း ေျပာလိုက္စမ္းပါ။
"ခင္ဗ်ား ငိုေနတာသူမ်ားေတြေတြ႕ကုန္ရင္ဘယ္လိုလုပ္မလဲ ဒီထဲလာ "
မိုးေရွ႕မွာ ပိတ္ရပ္ထားသည့္ႏွိုင္းက သူ၏ဂ်ာကင္အပြေဘးႏွစ္ဘက္ကို ဆြဲလိုက္ၿပီး မိုးမ်က္ႏွာတစ္ခုလုံးကိုဖုံးေစခဲ့သည္။
ဆိုင္ကယ္ေပၚမွာ ထိုင္ရင္းသားျဖင့္ ႏွိုင္းရဲ႕ ရင္ခြင္တည့္တည့္က ဂ်ာကင္အက်ီေအာက္မွာ ႏွာတ႐ူံ႐ူံနဲ႕ငိုမိေနတဲ့ မိုးက ငိုေနရင္းႏွင့္ စိတ္ထဲမွ ႏွိုင္းအား ေက်းဇူးတင္ခဲ့မိသည္။
"အထင္မလြဲနဲ႕ ခင္ဗ်ားငိုေနတာကို ႐ြာသားေတြေတြ႕ရင္ ကြၽန္ေတာ္အနိုင္က်င့္တယ္ဘဲထင္ၾကမွာ၊ကြၽန္ေတာ့္အတြက္ကြၽန္ေတာ္ၾကည့္ၿပီးေတာ့လုပ္တာမလို႔ ခင္ဗ်ား စိတ္ထဲ ေလ်ာက္ေတြးမေနနဲ႕ "
ႏွိုင္းဆီက တကူးတကေျပာျပေနသည့္ ေျဖရွင္းခ်က္ကိုၾကားေတာ့ မိုး အရင္လိုစိတ္မဆိုးမိဘဲ ၿပဳံးသာၿပဳံးခဲ့မိပါေတာ့သည္။စိတ္ထဲမွလည္း_
မင္းသေဘာမေကာင္းမွန္းသိပါတယ္ ဒါေပမဲ့ ေက်းဇူးပါ ႏွိုင္း....