《Wolf pair》- ဘာသာပြန်

By wishywish0805

43.5K 7.1K 523

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 51

480 76 6
By wishywish0805

Chapter ● 51 ●

ပျန်းနမ် ဒီစကားတစ်ခွန်းကို ပြောပြီးသည်နှင့် နှစ်ယောက်သား စကားထပ်မပြောဖြစ်ကြတော့ပေ။

ချိုးယိက သူ့ကို တိတ်တဆိတ်နဲ့သာ ကြည့်နေကာ အခန်းထဲတွင် အသံကင်းမဲ့နေတော့သည်။ အပြင်ဘက်မှ နေရောင်ခြည်က ထိုးဖောက်ကျရောက်နေပြီး စားပွဲပေါ်တွင် ဖြန့်ကြက်စွာ ဖြာကျနေသည်။

"ငါ ......"

ဒီစကားတစ်ခွန်းကြောင့် ချိုးယိမှာ အချိန်အတော်ကြာတော့မှ သတိပြန်လည်လာခဲ့ပြီး သူသည် ပျန်းနမ်၏ပခုံးကို ခပ်ဖွဖွ ညှစ်လိုက်ရင်း ဆက်၍ -

"လည်း မင်းကို တော်တော်သဘောကျတာ"

ပျန်းနမ် ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်ကာ ငြိမ်သက်နေခဲ့၏။

သူ တစ်ခဏလောက် စောင့်နေလိုက်ပြီးမှ ပျန်းနမ်ရှေ့တွင် လက်ကို လှုပ်ယမ်းလိုက်ရင်း -

"အိပ်ပျော်သွားတာလား"

"မင်းဘိုးအေ"

ပျန်းနမ် ရယ်ရင်း သူ့လက်ကို ပုတ်ချလိုက်ကာ ဆက်ပြီး -

"ငါ တစ်ချက်ပြန်အရသာခံနေတာ။ သခင်လေးက အခုထိ သတိပြန်မလည်လာသေးလို့ဟ"

"ဒါဆို မင်း ...... ဖြည်းဖြည်းချင်း အချိန်ယူလိုက်"

ချိုးယိ ပြုံးရယ်လိုက်ပြီးနောက် ကိုယ်ကို တိုးကပ်သွားကာ နမ်းလိုက်သည်။

ပျန်းနမ်က လက်တွေကို ချိုးယိ၏ခြေထောက်တွေပေါ် တင်လိုက်ပြီး ထိုမှတဆင့် တဖြည်းဖြည်းနှင့် အပေါ်ဘက်သို့ ပွတ်သပ်သွားရင် သူ့ကျောဘက်ကို ပတ်ရောက်သွားသည်။ ခါးပေါ်တွင် တစ်အောင့်ခန့် ရပ်လိုက်ပြီးနောက်တွင် လက်ချောင်းတွေက ချိုးယိရဲ့ဘောင်းဘီထဲကို လျှောဝင်သွားကာ အတွင်းခံပေါ်ကနေ ချိုးယိရဲ့တင်ပါးကို တစ်ချက် ဆုပ်ကိုင်လိုက်သည်။

ပျန်းနမ်ရဲ့လက်တွေက ချစ်ချစ်တောက် ပူချစ်နေကာ ပူလွန်း၍ နှလုံးသားထဲတောင် တုန်ယင်ရသည်။

ချိုးယိက လျှာဖျားတွင် ရစ်ပတ်ငြိထွေးနေလျက်ရှိရာ လက်ကို ပျန်းနမ်ရဲ့ ခါးဘေးဘက်ကို ဖြည်းဖြည်းချင်း တင်လာပြီး တစ်စတစ်စနဲ့ အောက်ဘက်ကို တိုးဝင်သည်။

ပျန်းနမ်၏ နူးညံ့ပြီးကျစ်လျစ်သောအသားအရေကလည်း သူ့လက်နဲ့ထပ်တူ ပူချစ်နေကာ မြန်ဆန်သည့် အသက်ရှူသံနှင့်အတူ ဖြစ်ပေါ်လာသော တလိပ်လိပ်တက်လာသည့် ခပ်ဖွဖွတုန်ယင်မှုသည် လက်ဖဝါးထဲတွင် အထွတ်အထိပ်ဆုံးသော ဆွပေးမှုအလားပင်။

လက်ချောင်းထိပ်တွေဖြင့် ဘောင်းဘီခါးစည်းကို ညင်ညင်သာသာ လှပ်ဖွင့်ပြီး ပြားချပ်သော ဝမ်းဗိုက်ပေါ်ကနေ လျှပ်ဝင်သွားသည် ......

"အင်း ......"

ပျန်းနမ်၏ကိုယ်က ချက်ချင်း တောင့်တင်းသွားခဲ့သည်။

"ကိုကိုရေ"

ချိုးယန့်ရဲ့အော်သံက တံခါးအပြင်ကနေ ရုတ်တရက် ပေါ်လာခဲ့ပြီး တစ်ဆက်တည်း ချက်ချင်းပင် တံခါးလော့ခ်က တစ်ချက်ပုတ်ရိုက်ခံလိုက်ရသည်။

"အေး .."

ချိုးယိ လန့်သွားခဲ့ပြီး ပျန်းနမ်ကို လွှတ်လိုက်ကာ ခုတင်အလယ်ကနေ ခြေရင်းကို တစ်ခါတည်းတန်းရွှေ့သွားခဲ့ပြီးနောက် တံခါးလော့ခ်ကို တစ်ချက်ရိုက်လိုက်သည်။ ချိုးယန့်က တံခါးလော့ခ်ကို လှည့်မဖွင့်ခင်လေးမှာပဲ တံခါးက အတွင်းထဲကနေ လော့ခ်ချလိုက်၏။

"သာ့ဟူကျစ်"

ချိုးယန့်သည် တံခါးကို တစ်ချက်လှည့်ဖွင့်ပြီး တံခါးပွင့်မလာတော့ အပြင်ကနေ တံခါးခေါက်ရင်း အော်ခေါ်သည်။

"ကိုကို"

"ငါလူး"

ပျန်းနမ် ကြမ်းပြင်ပေါ် ခုန်ဆင်းသွားပြီး ခေါင်းက ဗီရိုနဲ့တိုက်မိဖို့ နည်းနည်းသာ လိုသွားသည်။ ဒီမထင်မှတ်ထားမှုက ချိုးယိရဲ့အနမ်းထက်ကို ပိုပြီးတော့ စိတ်တုန်လှုပ်ဖို့ ကောင်းနေသေးသည်။ ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ တုံ့ပြန်နိုင်တဲ့ချိုးယိကိုတော့ သူ ပိုပြီးတော့ လေးစားမိသည်။

"ငါလူး ......"

ချိုးယိ သူ့ကို တစ်ချက်လှည့်ကြည့်လာပြီးနောက် လက်ဆန့်ထုတ်ကာ တံခါးဖွင့်လိုက်သည်။

"တံခါးက ဘယ်လိုဖြစ်လို့ သော့ကျသွားတာလဲ"

ချိုးယန့် အခန်းထဲ ဝင်လာပြီး ခုတင်ခြေရင်းကနေမှ ခုတင်ပေါ်သို့ ကုတ်တွယ်တက်လာသည်။ ထို့နောက် ချိုးယိ၏ လည်ပင်းကို ဖက်ကာ သူ့ကိုယ်ပေါ်တွင် တက်ထိုင်လိုက်ရင်း -

"ကိုကို ခဏနေကျရင် သားကို ကျောင်းသွားပို့ပေးမှာလား"

"အေး .. ပို့မယ် ...... သေချာပေါက် ပို့မှာပေါ့"

ချိုးယိ မျက်မှောင်ကြုတ်ရင်း သူ့ကို မ,ချီကာ ခြေထောက်ပေါ် တွန်းလိုက်ပြီး -

"ခြေထောက်ပေါ် ထိုင်"

"ဟုတ်"

ချိုးယန့် ပြန်ဖြေလိုက်ပြီးနောက် ဘေးတစ်ဖက်တွင် ရပ်နေသော ပျန်းနမ်ကို လှည့်ကြည့်ရင်း -

"သာ့ဟူကျစ်လည်း သွားမှာလား။ သား ကားစီးပြီးသွားချင်တယ်"

ပျန်းနမ်သည် ချိုးယိရဲ့ပုံစံကို ကြည့်ပြီး အစက အူမြူးချင်နေသော်လည်း ချိုးယန့် သူ့ကို ကြည့်လာတာကို မြင်တော့ သူသည် ထိုင်ခုံပေါ် အမြန်ထိုင်ချလိုက်ရကာ -

"သွားမယ်။ ငါ ကားမောင်းပြီး မင်းကို လိုက်ပို့မယ်။ ညနေကျရင်လည်း ငါတို့ ကားမောင်းလာပြီး မင်းကို လာကြိုဦးမယ်။ အတူတူ ထမင်းထွက်စားကြမယ်"

"ဟုတ်ပြီ"

ချိုးယန့်က ကျယ်လောင်စွာ အော်ပြောသည်။

"အသံနည်းနည်းတိုး"

ချိုးယိက သူ့မျက်နှာလေးကို ပုတ်လိုက်ရင်း -

"အဖေ အိပ်ပျော်သွားပြီလား"

"ဖေဖေ အိပ်ပျော်သွားပြီ။ သား အခန်းတံခါး ပိတ်ပေးခဲ့တယ်"

ချိုးယန့် ပြောပြီးနောက် ချိုးယိရဲ့ကျောကုန်းကို လက်နဲ့ပွတ်သပ်လိုက်ရင်း -

"ကိုကို မအေးဘူးလားဟင်"

"အေးတယ်"

ချိုးယိက သူ့ကို မ,ချီပြီး ဘေးတစ်ဖက်တွင် ချလိုက်ပြီးနောက် ခုတင်ပေါ်မှဆင်းကာ ဗီရိုရှေ့ကို သွားလိုက်ရင်း -

"အင်္ကျီတစ်ထည်ရှာမယ်လို့တောင် ငါ ခုနက ပြောနေသေးတာ ......"

ချိုးယိရဲ့ကိုယ်ပေါ်ကို ပျန်းနမ် တစ်ချက်ဝေ့ကြည့်လိုက်ပြီး နှာခေါင်းကို သပ်လိုက်သည်။ အကြည့်လွှဲဖို့အလုပ်မှာပဲ ချိုးယိရဲ့ဝမ်းဗိုက်ပေါ်မှာရှိတဲ့ အတော်လေးရှည်လျားတဲ့ ဒဏ်ရာကြောင်းတစ်ခုကို မြင်လိုက်ရသည်။

"လခွမ်း"

ပျန်းနမ် မနေနိုင်ဘဲ လက်ဆန့်ထုတ်ကာ ထိကိုင်လိုက်ပြီး -

"ဒါကြီးက အမာရွတ်ကျန်ခဲ့တော့မှာပဲ ......"

"ကိုကို ......"

တစ်ဖက်မှာရှိတဲ့ ချိုးယန့်က ရုတ်တရက်ပင် ငိုသံပါသောအသံနဲ့ အော်တော့သည်။

"အာ့ပေါင် ဘာဖြစ်လို့လဲ"

ပျန်းနမ် လန့်ဖျပ်သွားခဲ့ပြီး အမြန်မတ်တတ်ရပ်ကာ ချိုးယန့်ကို သွားဖက်လိုက်သည်။

"လန့်သွားတာဖြစ်မယ်"

ချိုးယိက ဗီရိုထဲမှ တွေ့ကရာ တီရှပ်လက်ရှည်တစ်ထည် ဆွဲထုတ်လာပြီး -

"လူက အသက်ဘယ်လောက်တောင် ရှိနေပြီလဲ။ ငါးမိနစ် ငိုလိုက်။ မင်းကို အချိန်ကြည့်ထားပေးမယ်"

ပျန်းနမ်သည် ချိုးယန့်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့ ချိုးယိ၏နံရိုးအောက်နားမှာလည်း ဓားဒဏ်ရာတစ်ခု ရှိနေသည်။

"ဒါက လန့်တာမဟုတ်ဘူး"

ပျန်းနမ် တစ်ချက် စုတ်သပ်လိုက်ပြီး ချိုးယန့်မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ရင်း -

"ဒါက ချစ်လွန်းလို့ စိတ်မကောင်းဖြစ်လွန်းပြီး ငိုတာ။ ဟုတ်တယ်မလား အာ့ပေါင်"

ချိုးယန့်သည် ခေါင်းငုံ့ကာ မျက်လုံးတွေ ပွတ်သပ်ရင်းနဲ့ ခေါင်းညိတ်ပြသည်။

"ကိုကို ဘာမှမဖြစ်တော့ဘူး"

ချိုးယိ အင်္ကျီဝတ်လိုက်ပြီးနောက် ခုတင်အစွန်းတွင် လက်ထောက်ပြီး ကပ်လာပြီးနောက် ချိုးယန့်ရဲ့မျက်နှာပေါ်တွင် တစ်ချက် နမ်းလိုက်သည်။

ပျန်းနမ် ကြက်သေသေသွားခဲ့သည်။ ထို့နောက်ဆက်၍ ရယ်ချင်လာ၏။ ချိုးယိ တိုးကပ်လာတော့ သူ့ကို နမ်းဖို့လို့တောင် သူ ထင်နေလိုက်သေးသည် ......

ပျန်းနမ် ကသိကအောက်ဖြစ်သွားတဲ့ ဒီတဒင်္ဂလေးကို ချိုးယိ သတိထားမိသွားခဲ့၍ထင်သည်၊ ရယ်ရင်း သူ့ကို တစ်ချက်ကြည့်လာပြီး -

"သွားမယ်၊ အာ့ပေါင်ကို ကျောင်းသွားပို့ကြမယ်"

ပျန်းနမ် ကားသော့ယူပြီး ထွက်လာသည့်အချိန်တွင် ပခုံးက ခြံတံခါးတွင် တစ်ချက်တိုက်မိသွားသေးသည်။ သူသည် အတော်ကြာအောင် မျက်မှောင်ကြုတ်ကာ အံကြိတ်ခဲ့ရ၏။

"မင်း ကားမောင်းတာ ပြဿနာရှိလို့လား"

ချိုးယိက နောက်ကနေလိုက်လာရင်း မနေနိုင်ဘဲ မေးလာသည်။

ပျန်းနမ် လှည့်ကြည့်ကာ သူ့ကို ကြမ်းကြုတ်စွာ ကြည့်ရင်း -

"ဘာပြဿနာမှမရှိဘူး။ အဓိပ္ပါယ်မရှိတာတွေ အဲဒီလောက် အများကြီးမပြောနဲ့"

"အော"

ချိုးယိ ရယ်လိုက်သည်။

ချိုးယန့်သည် ကျောင်းကျောပိုးအိတ် ပိုးလျက် ပျန်းနမ်ရဲ့လက်ကို ဆွဲကာ ရှေ့သို့ အသည်းအသန် ဆွဲခေါ်လာကာ လမ်းလျှောက်ရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုလာသည်။

"ညနေကျရင် ဘယ်မှာ ထမင်းသွားစားကြမှာလဲဟင်။ အကင်ကင်ကြမှာလား"

"အကင်သွားကင်ချင်လည်း ရတယ်။ ငါတို့ လယ်သမားအိမ် ရှာလိုက်ရင်ပဲ စားလို့ရပြီ။ ရယ်ဒီမိတ် မီးဖိုတို့ဘာတို့လိုမျိုး ......"

"ရွက်ဖျင်တဲ ပါမှာလား"

ချိုးယန့်မေးသည်။

"မပါဘူး။ ဘယ်လိုဖြစ်လို့ ရွက်ဖျင်တဲပဲ စွဲနေရတာလဲ။ ဒါမှမဟုတ်လည်း ပြီးခဲ့တဲ့တစ်ခေါက်က ဟိုရွက်ဖျင်တဲကို မင်းကို လက်ဆောင်ပေးလိုက်တော့မယ်လေ။ အခန်းထဲမှာ ဆင်ပြီးတော့ ဝင်အိပ်ပေါ့"

ပျန်းနမ်က ကူကယ်ရာမဲ့စွာ ပြောသည်။

"ကောင်းပြီလေ"

ချိုးယန့် အော်ပြောသည်။

ချိုးယန့်ရဲ့စိတ်လှုပ်ရှားတက်ကြွမှုက ချိုးနှိမ်၍ မရလောက်တော့ဘူး ထင်သည်။ ကိုကို နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပြီ၊ သာ့ဟူကျစ်က ကားမောင်းပြီး သူ့ကို ကျောင်းလိုက်ပို့ပေးသည်။ သူသည် လမ်းတစ်လျှောက်လုံး ကားပြတင်းပေါက်တွင် မှီပြီး တစ်လမ်းလုံး တွေ့သမျှ ခင်မင်သည့်အတန်းဖော်တွေကို အော်ခေါ်လာခဲ့လေသည်။

နောက်ဆုံး ကျောင်းပေါက်ဝ ရောက်လာသည့်အချိန်တွင် သူအပါအဝင် ကလေးစုစုပေါင်း လေးယောက် ကားပေါ် ထိုင်နေခဲ့သည်။ ပျန်းနမ် မြင်ပြင်းအကတ်ဆုံးသော ဖန်းရှောင်ကျွင်းလည်း ပါလေသည်။

ကလေးတွေအားလုံးက ခွေးတောင်မှ ကြည့်မရသည့်အသက်အရွယ် ယောက်ျားကလေးများ ဖြစ်ကြတော့ ကားနောက်ခုံတွင် အော်လည်းအော် မွှေလည်းမွှေလာကြကာ ပျန်းနမ်မှာ ခေါင်းတောင် ပေါက်ကွဲထွက်တော့မလို ခံစားရလေသည်။

"ဟုတ်ပြီ၊ ကားပေါ်ကနေ မြန်မြန်ဆင်းကြတော့"

ချိုးယိက ဒရိုင်ဘာဘေးခုံကနေ နောက်လှည့်ကြည့်ပြီး ဆက်၍ -

"မင်းတို့ကောင်တွေ နားငြီးလို့သေတော့မယ်။ မြန်မြန်ဆင်းကြ"

"ညနေကျရင် သားကို လာကြိုမှာလား"

ချိုးယန့်က အနည်းငယ်စိတ်ပူစွာ မေးသည်။

"ကြိုမယ်"

ပျန်းနမ် ခေါင်းညိတ်ဖြေသည်။

"ဒါဆို သားတို့ ညနေကျရင်လည်း ကားစီးရမှာလား"

ဖန်းရှောင်ကျွင်းလည်း ချက်ချင်းမေးလာသည်။

"အိပ်မက် မက်နေလိုက် မင်း"

ပျန်းနမ် သူ့ကို လက်ညှိုးထိုးရင်း -

"ချိုးယန့်မျက်နှာကြောင့်သာမဟုတ်ရင်း မင်းကို ခုနတုန်းက ကားပေါ် တင်မလာဘူး။ လစ်တော့"

"ဘာတွေများ ကြီးကျယ်နေလို့လဲ"

ဖန်းရှောင်ကျွင်း အော်ပြောပြီးနောက် ကားပေါ်ကနေ ခုန်ဆင်းလိုက်ကာ -

"ကားစုတ်ကြီးနဲ့ စိတ်ကြီးဝင်နေတာ ကြည့်ပါဦး"

"ငါလူး"

ပျန်းနမ် အံကို ကြိတ်ကာ ကားတံခါးဖွင့်ပြီး ကားပေါ်ကဆင်းဖို့ဟန်ပြင်သည်။

"ဘာလုပ်ဖို့လဲ"

ချိုးယိ သူ့ကို ဆွဲတားလိုက်ပြီး -

"မင်းက ကားပေါ်ကနေဆင်းပြီး ၈နှစ်အရွယ်ကလေးနဲ့ ရန်ဖြစ်ဖို့လား"

"ငါ နားကိုမလည်တော့ဘူး"

ပျန်းနမ် ကားတံခါး ပိတ်လိုက်ပြီး -

"ဒီကလေးက ချိုးယန့်ရဲ့ပိုက်ဆံတွေ ညာယူသွားတယ်။ သူ့အရုပ်လည်း ညာယူချင်သွားသေးတယ်။ ငါတို့ မသိလိုက်ဘဲ တခြားဘာတွေ ညာစားသွားလဲတောင် မသိဘူး။ မင်းက ဒီတိုင်းပဲ ကြည့်နေတာလား"

"မင်းလည်း သိပ်စိတ်ပူတတ်ရန်ကော"

ချိုးယိ ရယ်လိုက်ပြီးနောက် ခဏနေတော့မှ ကားနောက်မှီကို မှီထိုင်ပြီး ခါးညောင်းဆန့်ကာ -

"သူငယ်ချင်းဆိုတာ သူ့ဘာသာသူ ပေါင်းတာ။ ဆိုတော့ သူကိုယ်တိုင် သူ့ဘာသာသူ သေချာသဘောပေါက်မှပဲ ရမယ်။ ဒီမတိုင်ခင် ငါတို့ ဘာပဲလုပ်လုပ် အားလုံးက 'သူ့ရဲ့သူငယ်ချင်းပေါင်းသင်းဆက်ဆံရေး အခွင့်အရေးကို ဝင်နှောင့်ယှက်တယ်' ဖြစ်မှာပဲ။ သေချာသဘောပေါက်သွားရင် ဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သူရွေးချယ်လိမ့်မယ်။ အပေါင်းအသင်း ဆက်မလုပ်ဘဲနေမှာလား၊ ဒါမှမဟုတ် သတိထားပြီး အတူတူ ဆက်ကစားကြမလားဆိုတာတွေမျိုး။ ဒါတွေအားလုံးက သူကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်တွေပဲ ဖြစ်ရမှာ ......"

"ဟ .. ရှုပ်ရှုပ်ယှက်ယှက်တွေကွာ။ သူက ၈နှစ်သားပဲရှိသေးတာ။ သူ့ဘာသာသူ သဘောပေါက်အောင် တွေးတတ်မယ်လို့ မင်းထင်လို့လား"

"တစ်ချိန်ချိန်တော့ နားလည်သွားမှာပဲ။ တချို့ကိစ္စတွေက တစ်ခါခံရပြီးရင် တစ်သက်လုံး မှတ်သွားတာ။ အမြဲတမ်း ကာကွယ်ခံထားရတာထက် သာတယ်"

ချိုးယိ ကားမှန်ချလိုက်ပြီး စီးကရက်တစ်လိပ် ယူထုတ်ကာ မီးညှိလိုက်ရင်း -

"မင်း ဒီမှာပဲ အာ့ပေါင် ကျောင်းဆင်းတာကို စောင့်ချင်လား"

ပျန်းနမ် ကားစက်နှိုးလိုက်ပြီး ရှေ့ကို တစ်အောင့်လောက် မောင်းထွက်လာပြီးမှ -

"အိမ်ပြန်မလား"

"သဘောပဲ"

ချိုးယိ စီးကရက်ကို ခဲထားရင်း -

"မင်း သွားချင်တဲ့နေရာ သွား"

"အင်း"

ပျန်းနမ် ကားကို လမ်းမကြီးပေါ် မောင်းတက်လာပြီး ချိုးယိတို့အိမ်ရဲ့ဆန့်ကျင်ဘက်ကို မောင်းလာသည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် လမ်းလယ်ပန်းခြံဘေးနားတွင် ကားကို ရပ်လိုက်သည်။

ပန်းခြံထဲတွင် လက်ဖက်ရည်ဘားလိုမျိုးဆိုင် တစ်ဆိုင်ရှိသည်။ ရေကန်ဘေးနားကပ်လျက်တွင် မှန်နှင့်ကာထားသော ကော်ရစ်ဒါလျှောက်လမ်းရှိပြီး ကော်ရစ်ဒါထဲတွင် ထိုင်ကာ နေပူစာလှုံရင်း ရေကန်ကို ငေးကြည့်လျှင် အတော်လေး သက်သောင့်သက်သာရှိသည်။

ပျန်းနမ် ဝင်ထိုင်လိုက်ပြီးနောက် 'ထျယ်ကွမ်းယင်း'လက်ဖက်ရည်တစ်အိုး မှာလိုက်သည်။ သူ လက်ဖက်ခြောက်ရွက်တွေ လက်ဖက်ရည်တွေကို နားမလည်သော်လည်း သူ့အဖေ အခုတလော ဒီလက်ဖက်ရည်ကို သောက်နေသည်။ သူသည် အချိုပွဲတချို့ကိုလည်း ကြုံရာ မှာလိုက်သေးသည်။

စားပွဲထိုးက လက်ဖက်ရည်နဲ့အချိုပွဲတွေအားလုံးကို လာချပေးပြီးနောက် ကော်ရစ်ဒါထဲတွင် သူနဲ့ချိုးယိတို့ နှစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။ စားပွဲ၊ ခုံနှင့် သစ်သားကြမ်းခင်းတို့အားလုံးပေါ်တွင် ညနေခင်း၏နေရောင်ခြည်တို့ဖြင့် ဖြန့်ကျက်ပြည့်နှက်နေပြီး နွေးထွေးမှုက လူကို ပျင်းရိလေးတွဲ့စွာ ခံစားရစေသည်။

နေရောင်ထဲတွင် ချိုးယိရဲ့ဆံပင်အရောင်သည် သူ့မျက်လုံးကဲ့သို့ပင် ဖျော့တော့သော ရွှေရောင်အလင်း ထင်ဟပ်တောက်ပနေသည်။ နေရောင်ခြည်၏ပံ့ပိုးမှုကြောင့် ပေါ်လွင်နေသည့် ပြည့်စုံသောမျက်နှာကောက်ကြောင်းကြောင့် ပျန်းနမ်သည် ကြည့်လိုက်သည့်အချိန်တိုင်းမှာပင် ရင်ခုန်သွားရသည်။

သူ မတ်တတ်ရပ်ပြီး ချိုးယိ၏ဘေးနား သွားထိုင်လိုက်ကာ နှစ်ယောက်သားသည် ရေကန်ကို မျက်နှာမူပြီး ထိုင်နေကြသည်။

"ငါစိတ်ထဲမှာ"

ပျန်းနမ် အတော်ကြာအောင် တွေးလိုက်ပြီးမှ -

"ဒီနေ့က အိပ်မက်မက်နေသလိုပဲ"

"အင်း"

ချိုးယိက လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်ပြီးနောက် မျက်လုံးကို မှေးစင်းကာ ရေကန်မျက်နှာပြင်ကို ငေးကြည့်နေလိုက်သည်။

"ဟိုလေ ......"

ပျန်းနမ် နှာခေါင်းကို သပ်လိုက်ရင်း ဘယ်လိုပြောရမှန်းမသိ ဖြစ်နေကာ -

"ဟို .. မင်း ...... ပြောတဲ့ ဟိုစကားကလေ၊ တကယ်ပဲလား"

"ဘယ်တစ်ခွန်းလဲ"

ချိုးယိ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -

"ငါ ဒီနေ့ စကားတွေအများကြီး ပြောခဲ့တာ"

"စောက်ကျိုးနည်း မင်း တုံးချင်ယောင်ဆောင်မနေနဲ့"

ပျန်းနမ် ကျစ်ခနဲတစ်ချက် စုတ်သပ်လိုက်သည်။

ချိုးယိ ရယ်လိုက်ကာ -

"ဒီလိုကိစ္စက ဘယ်လိုလုပ်ပြီး ညာပြောလို့ရမှာလဲ"

"ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲကွာ"

ပျန်းနမ်သည် ရေကန်ကိုကြည့်ပြီး ရယ်နေကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ချိုးယိရဲ့လက်ကို တိတ်တဆိတ်လေး ညှစ်လိုက်ရင်း -

"ဒါကြီးကလည်း တိုက်ဆိုင်လွန်းတယ် ......"

"ဟုတ်လား"

ချိုးယိက နောက်ကို မော့ပြီး ထိုင်ခုံနောက်မှီကို ခေါင်းအုံးထားရင်း -

"ဒါဆို ငါ့ကို အဲဒီစကား နောက်တစ်ခါ ထပ်ပြောမလား။ ငါက မင်းကို စောက်နှာဘူးဆိုပြီး ဆဲမယ်။ ပြီးရင် တစ်ပွဲလောက် နွှဲကြမယ်"

"နောက်ကျသွားပြီ"

ပျန်းနမ် ရယ်ရင်း ပြောလိုက်ပြီး တစ်အောင့်ခန့်ကြာတော့ ကိုယ်ကို ဘေးစောင်းကာ မှီရင်း ချိုးယိကို ကြည့်နေကာ -

"ဒါဆို မင်းက ...... ဟမ်း .... ဘယ်လိုပြောရမလဲ။ ငါတကယ်ကြီး မထင်ထားဘူး၊ မင်း ...... ယောက်ျားလေးကို ကြိုက်မယ်ဆိုတာ"

ချိုးယိ ရယ်လိုက်ပြီးနောက် မျက်နှာပေါ်တွင် ထိုးကျနေသော နေရောင်ခြည်ကို လက်မြှောက်၍ ကာလိုက်ပြီး တစ်ခဏခန့်ကြာတော့မှ ပြောလာသည်။

"ဘာက မင်းကို ဒီလိုမျိုး အတွေးမှားတွေ ဖြစ်လာစေတာလဲ"

"ဟင်"

ပျန်းနမ် ကြောင်တောင်တောင် ဖြစ်သွားသည်။

"ငါ မိန်းကလေးတွေကို တစ်ခါမှ သဘောမကျဖူးဘူး"

ချိုးယိ ညင်ညင်သာသာ ပြောလေသည်။

ဟုတ်သည်။ တစ်ခါမျှကို မရှိခဲ့ဖူးပေ။

ဘယ်အချိန်ကစပြီး မိမိဟာ တခြားသူတွေနှင့် မတူကွဲပြားနေကြောင်း သတိထားခဲ့မိတာလဲဆိုတာ ချိုးယိ မမှတ်မိနေတော့ချေ။

အစောဆုံးက မူလတန်းတုန်းကလား။ ဒါမှမဟုတ် အဲဒီထက် စောလိမ့်မည်။

ငယ်စဥ်က လမ်းသွယ်လေးထဲမှာ ကလေးတွေအတူတူ အိမ်မှုကိစ္စလုပ်တမ်း ကစားကြတဲ့အချိန်တွင် ကလေးမလေးများအားလုံးက သူ့သတို့သမီး ဖြစ်ကြဖို့ ပြိုင်လုကြသည်။ သူကတော့ အမြဲတမ်းပင် အတိုက်အခံလုပ်ပြီး ငြင်းဆိုခဲ့သည်။ ပြိုင်လုကြရာမှာ အကြမ်းဆုံးကလေးမလေးကြောင့် သူ့မှာ ထိုကလေးမကို တွေ့တာနဲ့ ပုန်းရှောင်ချင်စိတ်တောင် ဖြစ်ခဲ့ရသည်။ အခုအချိန်မှာ ထိုကလေးမနဲ့ ဆုံလျှင်တောင် "မင်္ဂလာအိပ်ခန်းထဲ ဝင်ကြမယ်" လို့ အော်ပြီး ပြေးဝင်လာမှာကိုတောင် စိုးရိမ်ရတဲ့အထိပင်။

သူသည် သတို့သားလုပ်တမ်း ကစားဖို့ကို စိတ်မဝင်စားခဲ့ချေ။ ထိုသို့ကစားရမှာထက် သိုင်းလောက သူရဲကောင်းလုပ်ပြီး ကျန်းဟူတခွင်မှာ မတရားမှုတွေတွေ့လျှင် ဓားဆွဲထုတ်ပြီး ကူညီပေးတဲ့ကစားနည်းမျိုးကို ကစားရန် ပို၍ ဆန္ဒရှိခဲ့သည် ......

နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ သိတတ်နားလည်လာသည်။

အလယ်တန်းကျောင်းတက်ချိန်တွင် ထင်သည်၊ သူ ပထမဆုံးအနေနဲ့ အိပ်မက်ထဲတွင် အားကစားဆရာကို မက်မိသည်။ ဇောချွေးတွေပြန်ပြီး နိုးလာတော့ သူသည် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။

ထို့နောက် ဆက်ပြီး ယောက်ျားလေးတွေအပေါ် တစ်ခေါက်ပြီးတစ်ခေါက် ဖြစ်ပေါ်လာခဲ့သော စေ့ဆော်မှုတွေကြောင့် သူသည် အနီးအနားက ယောက်ျားလေးများနှင့် မတူနေတာကို ပို၍ သေချာစွာ သိလာခဲ့သည့်အလျောက် အခြားတစ်ဖက်တွင်လည်း ကိုယ့်ကိုယ်ကိုယ် နက်နဲစွာ စက်ဆုပ်လာခဲ့သည်။

အလွန်အမင်းကို စက်ဆုပ်မနှစ်မြို့ခဲ့သည်။

သူသည် စိတ်ရောဂါအထူးကုဆရာဝန်နဲ့ သွားပြဖို့တောင် စဥ်းစားဖူးခဲ့သည်။ သူ့မေမေ ဆုံးပါးသွားတာက သူ့အပေါ် အလွန်ပြင်းထန်စွာ ထိခိုက်သက်ရောက်ခဲ့တာလားဟု တွေးနေခဲ့သည်။

လူတိုင်းတွင် တစ်ပါးသူအား မပြသချင်သော ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိကြသည်။ ပျန်းနမ်ရဲ့လျှို့ဝှက်ချက်က ရှက်စရာကောင်းတဲ့ဖြစ်တည်မှုနဲ့ ရှုပ်ထွေးတဲ့မိသားစုဆက်ဆံရေးဖြစ်၏။

ချိုးယိရဲ့ လျှို့ဝှက်ချက်ကမူ သူ့အား နှစ်ပေါင်းများစွာ စိတ်ဒုက္ခဖြစ်စေသော လိင်စိတ်တိမ်းညွတ်မှုဖြစ်သည်။

ဒီလောက်နှစ်တွေအကြာကြီးအတွင်းမှာ ရှန်းထောင်း သိသွားခဲ့ပြီးနောက်ပိုင်း လက်မခံနိုင်ကြောင်း ဖော်ပြလာသည့်တိုင် အကောင်းဆုံးသူငယ်ချင်းအနေနှင့် နားလည်ပေးနိုင်ကြောင်း ပြောပြလာခဲ့သည်။ ရှန်းထောင်းကတောင် "နားလည်နိုင်" သော်လည်း သူကတော့ ဒီလိုမျိုးဖြစ်နေတဲ့သူ့ကိုယ်သူကို ရင်မဆိုင်နိုင်ဆဲပင်။

"ရှောင်ယိ၊ သား ဘာဖြစ်လို့ ဒီလောက် ငယ်နေသေးရတာလဲ။ မြန်မြန် ကြီးလာပါတော့။ သားရဲ့ဇနီးနဲ့ကလေးကို မေမေ မြင်ချင်နေပြီ။ တကယ်ပါပဲ စိတ်လောလွန်းလို့ သေမလိုပဲ"

သူ့မေမေရဲ့ တောက်ပတဲ့အပြုံးနဲ့ သိပ်ပြီးမကျွမ်းကျင်တဲ့ တရုတ်စကားက သူ့နှလုံးသားထဲတွင် ထုထွင်းထားသလိုပင်။

အချိန်အတော်ကြာတဲ့အထိ သူ မှတ်ဉာဏ်တွေကို ပြန်မစဥ်းစားရဲချေ။ သူ့မေမေနှင့်ပတ်သက်သော ဘယ်အကြောင်းအရာမဆိုကို တွေးမိတာနဲ့ သူ့ရဲ့တိမ်းညွတ်စိတ်ကြောင့် နာကျင်မှုတွေ ပြည့်နှက်လာတော့သည်။

သူ့မေမေက သူ့အပေါ် ဘာတောင်းဆိုချက်မှ မရှိခဲ့ဖူးချေ။

"ကလေးလေး ပျော်ရင် ရပြီ။ မေမေ သားရယ်နေတာမြင်တာနဲ့ ဝမ်းသာပြီ"

မေမေက မေးဖျားကို လက်နဲ့ထောက်၍ သူ့ကို ကြည့်ရင်း ပြောခဲ့သည်။

ရုတ်တရက်ဆန်ဆန်ရောက်ရှိလာသော သတင်းဆိုးကြောင့် နောက်ဆုံးမှာတော့ သူ့မေမေ၏ နောက်ပြောင်သကဲ့သို့ပြောခဲ့သော မျှော်လင့်ချက်လေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ယောက်ျားလေးတွေကို သဘောကျစိတ်ကြောင့် သူသည် ပြင်းထန်လှသော အပြစ်ရှိစိတ် ခံစားခဲ့ရသည်။

"ဘာကြောင့်လဲ"

ပျန်းနမ်ရဲ့အသံက နားရွက်နားတွင် ထွက်ပေါ်လာသည်။

သူ အတွေးတွေကို ရုပ်သိမ်းလိုက်ပြီး ရေကန်မျက်နှာပြင်ကို တောက်လျှောက် ငေးကြည့်နေသော မျက်လုံးက အနည်းငယ် စပ်ဖျင်းလာတော့ သူသည် မျက်လုံးကို ဖိလိုက်ပြီးမှ လှည့်ကြည့်လိုက်ကာ -

"ဘာကိုလဲ"

"ဘာကြောင့် ...... သဘောကျရတာလဲ ...... ငါ့ကို"

ပျန်းနမ်က လည်ချောင်းဟန့်ရင်း ပြောသည်။

"ဘာလို့ဆို ပိန်းတော့ အနိုင်ကျင့်လို့ကောင်းလို့"

ချိုးယိက စဥ်းတောင်မစဥ်းစားဘဲ ပြောသည်။

"မင်းဘိုးအေ"

ပျန်းနမ် အူမြူးသွားခဲ့ကာ -

"ငါအတည်မေးနေတာဟ"

"မင်း ဘာဖြစ်လို့ ငါ့ကို သဘောကျတာလဲ"

ချိုးယိက သူ့ကို ပြန်မေးသည်။

"လှလို့"

ပျန်းနမ် သူ့အား လက်မ ထောင်ပြလိုက်ရင်း -

"မင်းက တကယ်ကြီးကို လှတာ"

ချိုးယိက ရယ်ရင်းနဲ့ သူ့အား လက်ခလယ် ထောင်ပြလိုက်ပြီး -

"မင်း ဒီလောက်အထိ အပေါ်ယံဆန်မှန်း မသိခဲ့ဘူး"

"စက္ခုအာရုံနဲ့ သတ္တဝါလေ။ မင်း ငါ့ကို သတိထားမိခဲ့တာက ငါချောတာကြောင့်မဟုတ်ဘူးလို့ရော မင်းပြောရဲလား"

ပျန်းနမ် တကျွတ်ကျွတ်နဲ့ စုတ်သပ်လိုက်ပြီး ဆက်၍ -

"အရင်သတိထားမိပြီးတော့မှ နောက်တော့ ဆိုတာ ရှိလာတာလေ"

"နောက်တော့ရော"

ချိုးယိက လက်ဖက်ရည်အိုးကိုယူပြီး တစ်ခွက် ငှဲ့လိုက်ပြီးနောက် -

"ဒီလက်ဖက်ရည်က တော်တော်လေး မဆိုးဘူး"

"နောက်ပိုင်းကျတော့ မင်း ဒီလောက်အထိ အမြင်ကတ်ဖို့မကောင်းဘူးလို့ ထင်လာတယ်"

ပျန်းနမ် စဥ်းစားရင်း -

"မင်းသိလား၊ လူတစ်ယောက်ကို အမြင်ကတ်လေလေ အဲဒီလူကို အမြဲအာရုံစိုက်မိလေပဲ။ အချိန်ကြာလာရင် ရိုးရိုးအတန်းဖော်သူငယ်ချင်းတွေထက်ကို အများကြီး ပိုသိလာတယ်။ ဒီလူဟာ ထင်ခဲ့သလောက် အမြင်ကတ်စရာမကောင်းဘူးဆိုတာ သိလိုက်တဲ့အချိန်မှာ ...... နောက်ကျသွားပြီ"

"ဥပမာဆိုရင် ဖန်းယိဖုန်းလား"

ချိုးယိက ရုတ်တရက် ထရယ်လာသည်။

"ငါ့လခွမ်း။ အဲဒီကောင်က ထင်ထားတာထက်ကို အမြင်ကတ်စရာကောင်းတာ"

ပျန်းနမ် ဖန်းယိဖုန်းကို တွေးမိတာနဲ့ အခုချက်ချင်း ဓားတစ်လက်ဆွဲပြီး ထိန်းသိမ်းရေးစင်တာမှာ လူသွားခုတ်ချင်တဲ့ စိတ်ဇောတွေ ဖြစ်လာရကာ -

"ငါလူး မေးဖို့ မေ့နေတာ။ သူ အထိုးခံရတဲ့ဒဏ်ရာက ဘယ်လိုနေလဲ"

"သူ့ဒဏ်ရာ ဆန်းစစ်ချက်က အသေးအဖွဲ ......"

ချိုးယိ စကားတောင် မဆုံးသေးမီ ပျန်းနမ်က ဖြတ်ပြောတာ ခံလိုက်ရသည်။

"ခဏနေဦး"

ပျန်းနမ် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ကိတ်မုန့်တစ်တုံးယူကာ တစ်ကိုက် ကိုက်လိုက်ပြီးနောက် -

"စကားလမ်းကြောင်း လွဲနေပြီ"

"အော"

ချိုးယိ သူ့ကို ကြည့်လိုက်ရင်း -

"ဒါဆို ဘာအကြောင်း ပြောနေတာလဲ"

"မင်းအလှည့်ရောက်ပြီ။ ဘာကြောင့်လဲ"

ပျန်းနမ် မေးသည်။

ချိုးယိ စကားမဆိုချေ။ ပျန်းနမ်သည် ဤကဲ့သို့သော 'မင်းဘာဖြစ်လို့ ငါ့ကို သဘောကျတာလဲ' ဆိုတာကိုသာ အသေရရ အရှင်ရရ မေးနေသည်။ ကြည့်လိုက်လျှင် ဘာကိုမှအလေးအနက်မထားဘဲ ပေါ့ပေါ့တန်တန်နေတတ်တဲ့ပင်ကိုယ်စရိုက်နဲ့ သိပ်ပြီး မလိုက်ဖက်ပေမဲ့ ချိုးယိကတော့ နားလည်ပေးနိုင်သည်။

စိတ်လုံခြုံမှု မရှိ၍ ဖြစ်သည်။

ပျန်းနမ်သည် အပေါ်ယံသာ ပေါ့ပေါ့တန်တန်နေသလိုဖြစ်နေခြင်းဖြစ်ပြီး တကယ်တမ်းမှာ စေ့စပ်စွာ သတိထားတတ်ပြီး စိတ်ထိခိုက်လွယ်သည်။ သံသယလည်း များတတ်သေးလောက်သည်။

ထို့ပြင် ...... ချစ်ခြင်းမေတ္တာကို မယုံကြည်ချေ။

ဒီလို လူတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို သဘောကျနှစ်သက်နေတာကို ကိုယ့်ကိုယ်ကိုယ် ရုတ်တရက် သိရှိလိုက်ရသည်။

'ငါ ယောက်ျားလေးတစ်ယောက်ကို သဘောကျတာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီယောက်ျားလေးကလည်း ငါ့ကို သဘောကျနေတယ်' ဆိုတာ ဖြစ်နေကျတဲ့ဓမ္မတာတစ်ရပ်အနေဖြင့် ဒီလောက်လွယ်လွယ်နှင့် စိတ်ချလက်ချ သဘောထားနိုင်မှာ မဟုတ်ပေ။

"အရမ်းချောတယ်"

ချိုးယိ စဥ်းစားပြီး ပြောသည်။

"ငါလူး။ ငါအစဖော်ပေးတဲ့အတိုင်း လိုက်မပြောလို့ရမလား"

ပျန်းနမ် တစ်လုတ်တည်းနဲ့ ကိတ်မုန့်ကို စားလိုက်သည်။

"ပြောလို့မပြီးသေးဘူးလေ"

ချိုးယိ သူ့ကို ကြည့်နေသည်။

"ဆက်ပြော"

ပျန်းနမ် လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်ထားရင်း ဆိုသည်။

"တင်းနစ်ရိုက်နေတဲ့အချိန် အရမ်းခန့်တယ်။ ရန်ဖြစ်ရင်လည်း တော်တော်ခန့်တယ်"

ချိုးယိ ဖြည်းဖြည်းချင်း ပြောနေရင်း ပျန်းနမ်ကို ပထမဆုံးအကြိမ် တွေ့ဖူးတဲ့အချိန်ကစတဲ့ မှတ်ဉာဏ်တွေက သူ့ခေါင်းထဲမှာ အလျင်အမြန် ဖြတ်ပြေးသွားပြီး -

"ကလေကချေရုပ်နဲ့လည်း ချောတယ် ......"

"ငါဘယ်တုန်းက ကလေကချေရုပ် လုပ်ဖူးလို့လဲ။ အဲဒါက ဝမ့်ဖေး။ မင်း အမှတ်မှားနေပြီမဟုတ်လား"

ပျန်းနမ် တစ်ခွန်းဖြတ်ပြောသည်။

ချိုးယိက လက်ညှိုးကို နှုတ်ခမ်းနားတွင် ကပ်ထောင်လိုက်ပြီး -

"မင်း စကားမပြောနဲ့"

"အင်း"

ပျန်းနမ် ပြန်ဖြေသည်။

"မင်းက သဘောကောင်းတယ်။ ဒေါသကလည်း သူများတွေထင်သလိုမျိုး အရမ်းမကြီးဘူး"

ချိုးယိ သူ့ကို ကြည့်နေရင်း -

"စစချင်းတုန်းက ငါလည်း မင်းအပေါ် ဘာအထူးတလည်ခံစားချက်မှ မရှိဘူး။ မင်း အာ့ပေါင်အပေါ် တကယ်ပဲ ...... ကြင်နာတယ်"

"မင်း သဝန်တိုနေတာ"

ပျန်းနမ် အူမြူးသွားပြီး သူ့ကို လက်ညှိုးထိုးထားရင်း -

"တကယ်တမ်းပြောရမယ်ဆိုရင် တကယ်လို့ အာ့ပေါင်သာ ကောင်မလေးဆိုရင် အခုလိုမျိုး မင်းနဲ့ဒီကိစ္စဆိုတာ ရှိချင်မှတောင် ရှိလာမှာ"

"ကြားမဖြတ်ဖို့ ပြောထားတယ်လေ"

ချိုးယိ ရယ်လိုက်ရင်း ဆက်၍ -

"မင်း ဝင်ဖောက်နေတာနဲ့ ငါ ဘာပြောချင်မှန်းတောင် မသိတော့ဘူး ...... တကယ်တော့လည်း ဘာမှ ပြောစရာ သိပ်မရှိဘူး။ ငါ အစတုန်းက မင်းကို သဘောကျချင်စိတ် မရှိဘူး။ နောက်တော့ သဘောကျသွားတယ်။ အစတုန်းက ပြောထုတ်ချင်စိတ် မရှိဘူး။ အခုလည်း ပြောထုတ်လိုက်ပြီ။ ဒီလောက်ပါပဲ"

"အင်း"

ပျန်းနမ် သူ့ကို ကြည့်နေရင်း စဥ်းစားလိုက်ပြီးနောက် -

"အကြမ်းဖျင်းလည်း ဒီလောက်ပါပဲ။ ဒီလိုကိစ္စမျိုးက အကြောင်းပြချက်အသေးစိတ် ပြောဖို့ ခက်တယ်"

နှစ်ယောက်သား ရေကန်မျက်နှာပြင်ကို မျက်နှာမူပြီး လက်ဖက်ရည်ဆက်သောက်နေကြသည်။

"ဟုတ်သားပဲ"

ပျန်းနမ် သန့်စင်ခန်းတစ်ခေါက်သွားပြီး ပြန်လာတော့ အချိုပွဲတစ်ပွဲ ထပ်မှာလိုက်ကာ -

"ငါ့အဖေ မင်းကို တစ်ခုခုဖိတ်ကျွေးချင်လို့တဲ့။ အတည်တကျ ကျေးဇူးတင်ဖို့"

"ဘာအတွက် ကျေးဇူးတင်မှာလဲ"

ချိုးယိ မေးသည်။

"ငါ့အစား ဟိုဓားချက်ကို ခေါင်းဝင်ခံပေးလို့ ကျေးဇူးတင်တာပေါ့"

ပျန်းနမ်သည် ထိုကိစ္စကို စဥ်းစားမိတာနဲ့ စိတ်မသက်မသာဖြစ်လာသည်။ သူ ဒီနှစ်လအတွင်း သူ ပြန်စဥ်းစားဖို့တောင် မဝံ့ရဲဖြစ်နေကာ -

"ငါ ဆေးရုံမှာ သတိပြန်ရလာတော့ ဘယ်လိုခံစားချက်ကြီးလဲဆိုတာ မင်းမသိလို့။ မင်းကို သွားရှာပြီး မျက်နှာချင်းဆိုင်မေးချင်တာ၊ မင်းရူးနေတာလားလို့"

"ဒါက ဘာကျေးဇူးတင်စရာရှိလို့လဲ"

ချိုးယိက အတော်ဂရုမစိုက်စွာ ပြောလေသည်။

"ဒါဆို မင်း ငါ့အဖေကို သွားပြောလေ။ မင်း မသွားရင် လက်ဆောင်ပစ္စည်းတွေနဲ့ သူ မင်းအိမ်ကို ရောက်ချလာလောက်တယ်"

ပျန်းနမ် ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်ပြီးနောက် -

"ငါ့အဖေက ဒီလိုမျိုးပဲ။ ပြီးတော့ ငါလည်း မင်းကို ကျေးဇူးတင်ရဦးမှာလေ"

"ဟင်။ မင်းလည်း ကျေးဇူးတင်ချင်တာလား"

ချိုးယိ ရယ်လိုက်ပြီး -

"မင်းကျေးဇူးတင်တာတော့ ရတယ်။ ဘယ်လို တင်မှာလဲ"

"မင်းသဘောပဲ။ မင်း လိုချင်သလို ကျေးဇူးဆပ်မယ်"

ပျန်းနမ် သူ့ကို ကြည့်နေကာ တစ်အောင့်ခန့်ကြာတော့ အနည်းငယ် မသက်မသာဖြစ်လာပြီး -

"အပြုံးက ဘာဖြစ်လို့ လူယုတ်မာအပြုံးဖြစ်နေရတာလဲ"

"ငါ အမြဲတမ်း ဒီလိုပဲ ပြုံးတာ"

ချိုးယိတစ်ယောက် ပြုံးရယ်နေဆဲဖြစ်ကာ -

"စိတ်ထဲမှာ ဘာတွေတွေးနေလဲ မသိပါဘူး။ သူများပြုံးတာ ကြည့်ပြီးတောင် ပြဿနာမြင်အောင် ကြည့်နိုင်တယ်ဆိုတော့"

"ဟုတ်လား"

ပျန်းနမ် သူ့ကို တစ်ခဏကြည့်နေပြီးနောက် အသံတိုးတိုးနဲ့ -

"ဟေ့ ချိုးယိ"

"ဟင်"

ချိုးယိ ပြန်ထူးသည်။

"ငါ မင်းကို နမ်းချင်တယ်"

ပျန်းနမ် အသံကို နှိမ့်ပြီး သူ့ဘေးကို တိုးလာသည်။

ချိုးယိက လက်ဖက်ရည်ဘားအခန်းရဲ့ အတွင်းဘက်ဆီ တစ်ချက်လှည့်လိုက်ပြီးနောက် ပျန်းနမ်နှုတ်ခမ်းပေါ်ကို တစ်ချက် နမ်းလိုက်လေ၏။

တည့်အောင်တောင် ပြန်မထိုင်ရသေးမီ ပျန်းနမ်သည် ထိုင်ခုံနောက်မှီကို ထောက်ပြီး သူ့နှုတ်ခမ်းပေါ်ကို လိုက်နမ်းလာသည်။ လျှာဖျားထုတ်ပြီး သူ့နှုတ်ခမ်းထောင့်မှာတောင် ခပ်ဖွဖွ လာထိလိုက်သေး၏။

"မင်း ဘယ်လိုခံစားရလဲ"

ပျန်းနမ် လေသံဖွဖွနဲ့မေးသည်။

"ဟင်"

ချိုးယိ လက်ဖက်ရည်ခွက် ကောက်ကိုင်လိုက်ရင်း -

"တော်တော် နေလို့ကောင်းတယ်"

"တခြား ...... တခြားရော"

ပျန်းနမ် ထပ်မေးသည်။

"ငါ တုံ့ပြန်လာတာရှိမရှိလို့ မေးချင်တာမဟုတ်လား"

ချိုးယိသည် လက်ဖက်ရည်သောက်လိုက်ရင်း ပျန်းနမ်ရဲ့ဘောင်းဘီခွကြားကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ပျန်းနမ် ကျစ်ခနဲ စုတ်သပ်လိုက်ပြီး -

"အေးလေ။ ဖြစ်လား"

"မဖြစ်ရင်မှ ထူးဆန်းနေမှာ။ ဒါလည်း မေးနေသေးတယ်"

ချိုးယိ ပြောသည်။

ပျန်းနမ် ရုတ်တရက် ထရယ်လိုက်ပြီး ခြေထောက်ကို လက်ရန်းအကာပေါ် တင်လိုက်ရင်း အတော်ကြာအောင် ရယ်နေခဲ့သည်။

"ဘာရယ်နေတာလဲ"

ချိုးယိက သူ့လက်ကို ညှစ်လိုက်ရင်း မေးသည်။

"ဒီလိုပဲ ခဏလောက် ရယ်ချင်လို့"

ပျန်းနမ် လက်မြှောက်လိုက်ပြီး လက်ချောင်းတွေကြားမှ ထိုးဖောက်၍ တောက်ပနေသော နေရောင်ခြည်ကို ကြည့်ရင်း -

"မင်း ဒီလိုမျိုး ခံစားချက်ကို သိလား။ တစ်ညလုံး စိတ်ညစ်စရာအိပ်မက် မက်နေရင်း ရုတ်တရက် နိုးလာတော့ ငါလူး အိပ်မက်ဖြစ်နေတာလား အိပ်မက်ကြီးလား ဆိုပြီး ရုတ်တရက် အရမ်းပေါ့ပါးပြီး ဝမ်းသာသွားတဲ့ ခံစားချက်လေ"

"ဟုတ်လား"

ချိုးယိ ရယ်လိုက်ပြီး လက်မောင်းကို ပျန်းနမ်ထိုင်နေသော ထိုင်ခုံနောက်မှီပေါ်ကို တင်လိုက်ကာ လက်ချောင်းတွေကလည်း ပျန်းနမ်ရဲ့ နားရွက်အောက် နားပန်ကို ညှစ်လိုက်သည်။

***

(ဆက်ရန်)


Continue Reading

You'll Also Like

7.4M 207K 22
It's not everyday that you get asked by a multi-billionaire man to marry his son. One day when Abrielle Caldwell was having the worst day of her life...
43.2K 4.7K 12
Kim Seokjin has recently landed an enviable job opportunity, or maybe not! As he quickly learned, working as a stylist/personal assistant for a world...
14.2K 3K 31
Novel name : 遇蛇 (Yu She) English Title: Encountering a Snake / Seek for three lifetimes Author : Su Hen (溯痕) Status: 96 Chapters + 8 Extras A touchi...
15.9K 1.2K 17
'မင်းကို ထပ်တွေ့ရဖို့ အသက်ရှင်ခွင့်ရတာ ... ဘယ်လောက်တောင် ကောင်းလိုက်သလဲ' (- တုနှိုင်းမဲ့ -) ========= 'မင်းကို ထပ်တွေ့ရဖို့ အသက်ရှင်ခွင့်ရတာ ... ဘယ်ေ...