《Wolf pair》- ဘာသာပြန်

By wishywish0805

43.9K 7.2K 525

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 49

363 72 7
By wishywish0805

Chapter ● 49 ●

ပျန်းနမ်၏ ဒဏ်ရာရထားတဲ့လက်က ပတ်တီး စည်းထားလျက်ရှိရာ လှုပ်ရပြုရတာ သိပ်ပြီးတော့ အဆင်မချောနေပါ။ အားသိပ်မသုံးရတဲ့ ရိုးရိုးဆုပ်တာကိုင်တာလောက်သာ လုပ်လို့ရပြီး တခြားလှုပ်ရှားမှုတွေကတော့ ဘယ်လက်ကိုသာ အားကိုးနေရသည်။ ထို့ကြောင့် ခြေထောက်နဲ့ကိုယ်လုံးကို ကပ်လိုက်ပြီး အောက်ခံပေါ် ကပ်ဖို့ကို အချိန်တွေအများကြီး သုံးလိုက်ရသည်။

ကြီးတဲ့အပိုင်းအစတွေ ကပ်လို့မပြီးခင်မှာပဲ သူ မဟန်နိုင်အောင် အိပ်ငိုက်နေခဲ့ပြီ။ မျက်လုံးပင့်ပြီး နာရီကို ကြည့်လိုက်တော့ သူအရုပ်ကို ကပ်နေတာ တစ်နာရီနီးပါးရှိနေပြီဖြစ်တာကို သိလိုက်ရသည်။

"ဒါကြီးက ဘယ်လိုတိုးတက်မှုကြီးလဲကွာ ......"

ပျန်းနမ် တစ်ကိုယ်တည်းကြားရုံ ရေရွတ်လိုက်ပြီး ရွှံရုပ်ရဲ့ ဦးခေါင်းကို ကောက်ယူကြည့်လိုက်သည်။ ဟိုယှဥ် ဒီယှဥ်လုပ်နေရင်း လည်ပင်းနဲ့ ရင်ဘတ်အပိုင်းတွေ လျော့နေသးတာကို သိလိုက်ရသည်။ ဒီလိုနဲ့ သူ စားပွဲပေါ်မှာ ရှာကြည့်တော့ အဲဒီအပိုင်းတွေက ပိုသေးတဲ့အပိုင်းအစတွေအဖြစ် ကွဲကြေသွားတာကို သိလိုက်ရသည်။

သူသည် သမ်းဝေနေရင်းနဲ့ပဲ အပိုင်းအစအသေးလေးတွေကို အရုပ်ပေါ်မှာ ကပ်လိုက်သည်။ လက်က ကောင်းကောင်းသုံးလို့မရတဲ့အပြင် မီးကလည်း အလုံအလောက် မလင်းဘူးလို့ ခံစားရ၍ နှာခေါင်းကို ရွှံ့ရုပ်နဲ့ မထိရုံတမယ် ကပ်ကြည့်နေရတာတောင် အစိတ်အပိုင်းတွေက အံဝင်ခွင်ကျဖြစ်မဖြစ်ကို မကြာခဏ သေချာမမြင်ရနေပေ။

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်သည်။ ဒီမီးကို အရင်ကလည်း လုံလောက်အောင် မလင်းဘူးလို့ တွေးမိသည် ...... အားလုံးပေါင်းလိုက်လျှင်တောင် သုံးဖြစ်တဲ့အကြိမ်ရေ မများချေ။ အိမ်ပြန်လာဖြစ်လည်း သူ စာရော သတင်းစာရော မဖတ်ဖြစ်တော့ များသောအားဖြင့် မီးကို ဖွင့်တောင် မဖွင့်ဖြစ်ပါ။

မျက်လုံးကို အများကြီးသုံးရတော့ စိုက်ကြည့်နေရလွန်းလို့ မျက်ရည်တွေတောင် တသွင်သွင် စီးကျနေတာ့သည်။

ပျန်းနမ်တစ်ယောက် တစ်ချက် သမ်းဝေလိုက်ပြန်သည်။ ဟုတ်ပါသည် အိပ်ငိုက်လို့ မျက်ရည်ထွက်တာလည်း ဖြစ်နိုင်ခြေရှိပါသည်။

မနက်ခင်း အခန်းတံခါးခေါက်သံ ထွက်ပေါ်လာချိန်တွင် ပျန်းနမ်တစ်ယောက် အိပ်မက်မက်နေဆဲအချိန် ဖြစ်သည်။ အိပ်မက်ထဲတွင် သူသည် ရန်ဖြစ်ရိုက်ပုတ်ကြသည့်ကိစ္စကြောင့် ရဲစခန်းမှာ အဖမ်းခံထားရပြီး ခေါင်းငုံ့လျက် မြေကြီးပေါ်တွင် ရက်အတော်ကြာအောင် ဆောင့်ကြောင့်ထိုင်နေရသည်။

လည်ပင်းနဲ့ပခုံးတွေက ပြင်းပြင်းထန်ထန်ညောင်းညာကိုက်ခဲနေပြီး လှုပ်လည်း မလှုပ်ရဲချေ။ အိပ်မက်ထဲကအဆိုအရ တကယ်လို့ သူ မလိမ္မာရင် ကြံရာပါဖြစ်တဲ့ ချိုးယိကို သေနတ်နဲ့ ကွပ်မျက်ခံရမည်ဟူသတတ် ......

တံခါးခေါက်သံ တစ်ခဏလောက်ကြာအောင် မြည်နေပြီးမှ သူသည် ဒီသောက်ကျိုးနည်းအိပ်မက်ထဲကနေ တဖြည်းဖြည်းနိုးလာတော့သည်။

လည်ပင်းကို လှုပ်ရှားလိုက်တော့ ညောင်းညာလွန်း၍ မျက်နှာတောင် ရှုံ့မဲ့သွားချင်သည်။ ပခုံးက ညောင်းညာကိုက်ခဲမှုတွေက ကျောကနေ ခါးအထိကို ပျံ့နှံ့သွားကုန်၏။

"...... ဘယ်သူလဲ"

သူ အိပ်မှုန်စုံမွှားနဲ့ ခေါင်းထောင်ပြီး မေးလိုက်သည်။

အသံပေးလိုက်ပြီးမှသာ သူသည် နောက်ဆုံးမတော့ နိုးလာခဲ့ပြီး ထိုင်ခုံပေါ်မှာထိုင်လျက် အိပ်ပျော်သွားခဲ့သည့်အပြင် မျက်နှာလည်း စားပွဲပေါ်မှာ မှောက်လျက် ရှိခဲ့သည်ကို အနည်းငယ် အံ့အားသင့်စွာ သိလိုက်ရသည်။

"ငါ"

တံခါးအပြင်ကနေ ပျန်းရှင်းယွီရဲ့ တိုးလျတဲ့အသံ ထွက်ပေါ်လာသည်။

"သြော် ... ... ခဏစောင့်"

ပျန်းနမ် မတ်တတ်ရပ်လိုက်ရင်း ဘောင်းဘီကို ဆွဲပြင်လိုက်ပြီးနောက် ကျောကို ကုန်းလျက် တံခါးသွားဖွင့်လို့ သွားတော့ လက်ထဲမှာ အတော်လေး လေးလံနေတာကို ရုတ်တရက် သိလိုက်သည်။ ထို့ပြင် အနည်းငယ်လေးကန်နှေးကွေးတဲ့ခံစားချက်တစ်ခုလည်း ပါသေးသည်။

လက်ကို တစ်ချက်ကြည့်လိုက်တော့ သူ ကြောင်အမ်းသွားသည်။ လက်ပေါ်မှာ ပစ္စည်းတစ်ခုရှိနေပြီး သူ အကျင့်ပါစွာနဲ့ မျက်လုံးကို ပွတ်ကြည့်လိုက်ပြီးနောက် လက်ကို မြှောက်လိုက်တော့ ထိုပစ္စည်းဟာလည်း လက်နဲ့အတူ မြောက်တက်လာတာကို တွေ့လိုက်ရသည်။

သူ ချက်ချင်းမထိန်းလိုက်နိုင်တော့ လက်ထဲမှာရှိတဲ့ ထိုပစ္စည်းဟာ နှာတံကို ရိုက်မိသွားပြီး သေချာမြင်လိုက်တော့ မနေနိုင်ဘဲ ဆဲရေးလိုက်တော့သည်။

"ငါလူး"

တစ်ဝက်သာ ကပ်ပြီးသွားတဲ့ ရွှံ့ရုပ်လေးဟာ သူညာဘက်လက်ရဲ့ လက်ခလယ်နဲ့လက်မကြားမှာ ခိုင်ခိုင်မြဲမြဲ ကပ်ငြိနေခဲ့သည်။

ပျန်းနမ်သည် ရိုးရာအကလက်ဟန်နဲ့ ရွှံ့ရုပ်လေးကို ကိုင်ထားတဲ့ကိုယ့်လက်ချောင်းကိုကိုယ် စိုက်ကြည့်နေရင်း အတော်ကြာတော့မှ အသိပြန်လည်လာပြီး ရွှံ့ရုပ်ကို လက်ချောင်းတွေကနေ ခွာချဖို့ ကြိုးစားကြည့်သည်။

သွားတွေစေ့ ပါးစပ်ဟပြီး အတော်ကြာအောင် ကြိုးစားနေလည်း မအောင်မြင်ချေ။

ပျန်းရှင်းယွီ အခန်းအပြင်မှာ ရပ်နေသေးတာကို တွေးမိတော့ ပျန်းနမ်သည် အရင်ဆုံး ရွှံ့ရုပ်တစ်ဝက်ကို ကိုင်ထားရင်းနဲ့သာ အင်္ကျီစွပ်လိုက်ပြီး အခန်းတံခါး သွားဖွင့်ပေးလိုက်သည်။

ပျန်းရှင်းယွီမှာ အခန်းပြန်ဖို့ လှည့်ထွက်တဲ့အချိန်မှာပဲ တံခါးဖွင့်သံကြားလို့ ပြန်လှည့်ကြည့်လာသည်။

သူ့မျက်ဝန်းတွေ အနည်းငယ်နီရဲနေပြီး လူကလည်း ရွှင်ပြပြမရှိတဲ့ဟန်ဖြစ်နေတာကို ပျန်းနမ် သတိထားမိသွားပြီး -

"ကိစ္စရှိလို့လား"

"နင် ......"

ပျန်းရှင်းယွီ ဆံပင်တွေကို သပ်ရှင်းလိုက်ရင်း -

"ချိုးယိသတင်း ကြားသေးလား"

ချိုးယိရဲ့နာမည် ကြားလိုက်တော့ ပျန်းနမ်ရဲ့စိတ်နှလုံးမှာ ထိန်းသိမ်းမရစွာ ကမောက်ကမနဲ့ သုံးလေးချက်လောက် ခုန်သွားတော့သည်။

"မကြားဘူး။ ထိန်းသိမ်းရေးစခန်းမှာ ရှေ့နေပဲ သူနဲ့ တွေ့လို့ရတယ်။ တခြားလူဆို ဘယ်သူမှ တွေ့လို့မရဘူး"

"သြော်"

ပျန်းရှင်းယွီ ခေါင်းငုံ့လိုက်ပြီး -

"အဲဒီနေ့တုန်းက နင် သူနဲ့အတူတူပဲ ဒဏ်ရာရခဲ့တာဆိုတော့ သူ့ဘယ်လောက်အထိ ဒဏ်ရာရသွားလဲဆိုတာ တွေ့လိုက်လား"

"ငါ အဲဒီအချိန်တုန်းက သေချာကြည့်ဖို့ အာရုံမရခဲ့ဘူး။ နောက်တော့ ရှန်းထောင်း ပြောပြတာတော့ သိပ်အများကြီး မထိလိုက်ဘူးတဲ့"

ပျန်းနမ်သည် ရွှံ့ရုပ်ကိုင်ထားသောလက်ကို တံခါးနောက်မှာ ထားလိုက်ပြီး ဆက်၍ -

"နင်သူ့ကို မမေးလိုက်ဘူးလား"

"မေးပြီးပြီ။ သူလည်း ဒီလိုပဲပြောတယ်။ ငါ သူ့ကို ထပ်မေးတော့ မပြောတော့ဘူး"

ပျန်းရှင်းယွီ ပြုံးလိုက်ပြီး အောက်ထပ်ဘက်ဆီ လျှောက်သွားရင်း -

"ရပြီ။ ဘာမှမဟုတ်တော့ဘူး"

ပျန်းနမ် တံခါးပိတ်လိုက်သည်။ ပျန်းရှင်းယွီ ဒီလိုလာမေးလိုက်တော့ သူ့စိတ်ဟာလည်း ထိုင်းမှိုင်းသုန်မှုန်သွားပြန်ပြီး လက်ပေါ်မှာကပ်နေတဲ့ ရွှံ့ရုပ်ဟာလည်း လေးလံလာသည်။

အတော်ကြာအောင် မတ်တတ်ရပ်နေပြီးတော့မှ သူ စားပွဲရှေ့မှာ ပြန်ထိုင်လိုက်ပြီး ဓားလေးတစ်ချောင်း ရှာကာ လက်ချောင်းမှာကပ်နေတဲ့ ရွှံ့ရုပ်ရဲ့အပိုင်းကို လှီးထုတ်လိုက်သည်။

စားပွဲပေါ်က တစ်ဝက်တစ်ပျက်ပစ္စည်းနဲ့ သူ့လက်ပေါ်က စူပါဂလူးကိုကြည့်ပြီး ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။

ဒီကော်ကို ဘယ်လိုခွာရမလဲဆိုတာကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်တော့ လက်ချောင်းမှာ စူပါဂလူး ကပ်သွားတဲ့သူ အတော်များပြားတာကို သိလိုက်ရပြီး ပျန်းနမ်မှာ ကွန်ပျူတာကို ကြည့်ရင်း အတော်ကြာအောင် အူမြူးပြီး ရယ်နေလိုက်သည်။

သူ့အဖေက လောင်ကျန်ကို ဆက်သွယ်ထားပြီးပြီဖြစ်လို့ ဒီနေ့ သူ ကျောင်းသွားစရာမလိုပေ။ သို့သော် သူ အိမ်မှာ မနေနိုင်ချေ။ နောက်ထပ်ရက်ပိုင်းလောက်ဆိုရင် ကျောင်းဖွင့်တော့မှာဖြစ်ပြီး သူ ကျောင်းမှာ သွားနေဖို့ပဲ စဥ်းစားထားသည်။

သူ့ဖုန်းရော ချိုးယိဖုန်းကိုပါ အိတ်ထဲ ထည့်လိုက်ပြီး တစ်ချက် တွေဝေနေပြီးနောက်တွင် သူသည် ကပ်လို့မပြီးသေးတဲ့ရွှံ့ရုပ်ကို အိတ်လေးထဲ သေချာထုပ်ပိုးထည့်ပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

ပျန်းနမ်က အိတ်ကိုပိုးပြီး အောက်ထပ်ဆင်းဖို့အလုပ်မှာပဲ ပျန်းဟောက်က လှေကားအတိုင်း အပေါ်ထပ်တက်လာတာနဲ့ ကြုံပြီး သူ့ကို ကော်ရစ်ဒါတွင် ပိတ်ရပ်လိုက်သည်။

ပျန်းနမ် သူ့ကို ကြည့်သာကြည့်နေပြီး စကားမဆိုချေ။

ပျန်းဟောက်တစ်ယောက် မျက်နှာသေနဲ့ သူ့ကို အတော်ကြာအောင်စိုက်ကြည့်နေပြီးမှာ ပြောလာသည်။

"အပြင်သွားဖို့လား"

"အင်း"

ပျန်းနမ် ဖြေလိုက်ပြီး ပျန်းဟောက်ကို ကွေ့ပတ်ကာ အောက်ထပ်ဆင်းဖို့ လုပ်သည်။

ပျန်းဟောက်က သူ့လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး -

"မင်းရဲ့ဟိုအစုတ်ပလုတ်သူငယ်ချင်းတွေကို ပျန်းရှင်းယွီနဲ့ ဝေးဝေးနေခိုင်းလိုက်"

"လက်လွှတ်"

ပျန်းနမ် သူ့လက်ကို ကြည့်နေသည်။

"မင်းကိုငါ စကားပြောနေတယ်"

ပျန်းဟောက်ရဲ့အသံက အလွန်အေးစက်နေသည်။

"ဒီစကားကို မင်းငါ့ကို မပြောသင့်ဘူး"

ပျန်းနမ် သူ့ကို ကြည့်နေရင်း -

"ပျန်းရှင်းယွီကို သွားပြော"

ပျန်းဟောက် ဘဝင်မကျစွာ မျက်မှောင်ကြုတ်သွားပြီး စကားပြောဖို့အလုပ်မှာပဲ ပျန်းရှင်းယွီက ဖုန်းဆက်နေရင်း သူ့အခန်းထဲကနေ ထွက်လာပြီး -

"ငါ ဆယ်နာရီမှ ရောက်ဖြစ်မှာ။ အခုမှ အိပ်ရာနိုးတာရော်"

ပျန်းရှင်းယွီရဲ့အသံကြားတာနဲ့ ပျန်းဟောက်က ပျန်းနမ်ရဲ့လက်မောင်းကို လွှတ်ပေးလိုက်ပြီး သူ့ကို ခက်ခက်ထန်ထန် တစ်ချက်ကြည့်လိုက်ပြီးတော့မှ အိမ်အပေါ်ထပ်ကို တက်သွားသည်။

ပျန်းနမ် ကျောပိုးအိတ်လွယ်ပြီး အောက်ဆင်းလာတော့ အောက်ထပ်မှာ လူမရှိနေချေ။ သူ ထမင်းစားခန်းကို သွားပြီး နွားနို့တစ်ဘူးယူကာ အပြင်ထွက်လာသည်။

တက္ကစီကားပေါ် တက်လိုက်ပြီးနောက် သူ ဖုန်းယူထုတ်ပြီး ဝမ့်ဖေးဆီကို ဖုန်းဆက်ဖို့လုပ်သည်။ အတော်ကြာအောင်ရှာနေတာတောင် ဝမ့်ဖေးရဲ့ဖုန်းနံပါတ်ကို ရှာမတွေ့ဖြစ်နေကာ ဒီတော့မှ သူ ယူထုတ်လာတဲ့ဖုန်းက ချိုးယိရဲ့ဖုန်းဖြစ်နေတာကို သတိထားမိတော့သည်။

သူ မျက်လုံးတွေကိုမှိတ်ပြီး ကားပြတင်းကို မှီလိုက်ကာ နဖူးဖြင့် ကားပြတင်းမှန်ကို ခပ်ဖွဖွတိုက်လိုက်သည်။ ထို့နောက် သူ့ဖုန်းကို ယူထုတ်ပြီး ဖုန်းဆက်လိုက်သည်။

"ငါ ခဏနေရင် ကျောင်းရောက်မယ်"

"မင်းကို နားခိုင်းထားတာမဟုတ်ဘူးလား"

ဝမ့်ဖေးက အနည်းငယ်အံ့သြနေကာ -

"မင်းကျောင်းကို ဘာလာလုပ်မှာလဲ"

"အိမ်မှာ မနေနိုင်လို့"

ပျန်းနမ် ပြောသည်။

"မင်းအခုကျောင်းပြန်လာရင် မင်းကို ပြဿနာလာရှာမယ့်ကောင် ရှိလာမှာ မကြောက်ဘူးလား"

ဝမ့်ဖေးက အသံတိုးတိုးနဲ့ဆက်ပြီး -

"ဖန်းယိဖုန်းရဲ့ကောင်တွေ အားလုံးရှိနေတယ်။ ပြောရရင် မင်းကူပေးခဲ့တာက ရေကြောင်းကလူတွေလေ"

"ဒါဆို ငါကျောင်းကို လုံးဝမပြန်ဘဲ နေမှာမှမဟုတ်တာကွာ ......"

ပျန်းနမ် ရယ်လိုက်သည်။

"အရင်ဆုံး ကောင်းကောင်းအနားယူရမယ်လေ"

ဝမ့်ဖေး ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်ပြီး -

"ဒီစောက်ရူးတွေက ရက်ပိုင်းလောက်နေရင် ငြိမ်သွားမှာပဲဟာ"

ပျန်းနမ် စဥ်းစားလိုက်ပြီးနောက် -

"ဒါဆို ငါ အာ့ပေါင်ကို အဖော်သွားလုပ်ပေးလိုက်တော့မယ်"

"အင်း။ လေ့ကျင့်ရေးပြီးသွားရင် မင်းဆီ ငါဖုန်းဆက်လိုက်မယ်"

ဝမ့်ဖေးပြောသည်။

ပျန်းနမ်က ကားဆရာကို ကားပြန်လှည့်ခိုင်းပြီး ချိုးယိတို့အိမ်ဆီ ဦးတည်လိုက်သည်။

ချိုးယန့်တို့ကျောင်းက ကျောင်းဖွင့်ရက်နီးနေပြီဖြစ်လို့ ပျန်းနမ် ခြံထဲဝင်လာချိန်တွင် သူသည် စားပွဲပေါ်တွင် မှောက်လျက်သားနဲ့ နွေရာသီအိမ်စာတွေကို စစ်ဆေးနေလျက် ရှိသည်။

"သာ့ဟူကျစ်"

ပျန်းနမ် ဝင်လာတာကို မြင်တာနဲ့တပြိုင်နက် ချိုးယန့်သည် မှတ်စုစာအုပ်ကို ပစ်ပြီး ပျန်းနမ်ဆီ ပြေးဝင်လာသည်။

ပျန်းနမ် ခါးကိုင်းပြီး သူ့ကို ဖက်လိုက်ကာ အိတ်ထဲကနေ ချောကလက်တစ်ဘူး ယူထုတ်လာရင်း -

"ဒီနေ့ အတုံးလေး သုံးတုံးစားလို့ရတယ်"

"ဟုတ်ကဲ့"

ချိုးယန့်က ချောကလက်ဘူးကို ရွှင်ရွှင်မြူးမြူးနဲ့ ယူလိုက်ပြီး ဘူးကို စဖောက်သည်။

ပျန်းနမ် အိမ်ထဲဝင်ပြီး ဖေဖေချိုးနဲ့ စကားအနည်းငယ်ပြောပြီးနောက် ခြံထဲ ပြန်ထွက်လာကာ စားပွဲပေါ်တွင် ဖြန့်ထားတဲ့ စာအုပ်ကို တစ်ချက်ကြည့်လိုက်ရင်း -

"အိမ်စာ ပြန်စစ်နေတာလား"

"အင်း"

ချိုးယန့်တစ်ယောက် ခေါင်းငုံ့လျက် ချောကလက်ဘူးဖွင့်ဖို့ ရှုပ်နေပြီး -

"အရင်တုန်းကတော့ ကိုကိုက စစ်ပေးတာ။ အခု သူ မရှိတော့ သားဘာသာသား စစ်လိုက်တာ"

"ငါစစ်ပေးမယ်လေ"

ပျန်းနမ် ထိုင်ချလိုက်ပြီး သူ့ အိမ်စာ စာအုပ်ကို ယူကိုင်လိုက်သည်။

"အင်း"

ချိုးယန့် ခေါင်းထောင်လာပြီး -

"အစ်ကို စစ်တတ်လား"

သံသယအရိပ်အငွေ့တွေနဲ့လွှမ်းနေတဲ့ချိုးယန့်ရဲ့မျက်နှာထားကို ပျန်းနမ်ကြည့်နေရင်း စာအုပ်ကိုလှန်ဖွင့်နေတဲ့လက်က လေထဲမှာ အေးခဲရပ်တန့်သွားသည်။ တစ်အောင့်လောက် ကြာတော့မှ သူ လက်ကို ပြန်ချလိုက်ပြီး -

"အာ့ပေါင် မင်းက ငါ့ကို မင်းရဲ့မူလတန်းဒုယိယတန်းအိမ်စာ မစစ်တတ်မှာကို သံသယဝင်နေတယ်ပေါ့ ဟုတ်လား"

ချိုးယန့် ခဏစဥ်းစားလိုက်ပြီးနောက် -

"ရလောက်မယ် ... ... ထင်တယ် .. နော်"

"ဟုတ်ပြီ ပါးစပ်ပိတ်"

ပျန်းနမ် စိတ်ညစ်ညစ်နဲ့ လက်ယမ်းလိုက်ပြီး -

"ချောကလက်ပဲ သွားစားနေလိုက်တော့"

ချိုးယန့်ရဲ့အိမ်စာတွေက ကောင်းကောင်းရေးထားပြီး လက်ရေးကလည်း သပ်ရပ်သည်။ စာလုံးပေါင်းအမှားမရှိသလို မေးခွန်းဖြေထားတာလည်း အကုန်မှန်သည်။

မနည်းလှတဲ့ နေ့စဥ်မှတ်တမ်းလည်း ရှိသည်။ သို့သော် အပိုဒ်တိုင်းက စာလုံး သုံးလေးကြောင်းလောက်သာ ရေးထားသည်။ အကျဥ်းချုပ်လိုက်ရင်တော့ ဝါကျတစ်ကြောင်းဖြစ်အောင် အကျဥ်းရုံးလိုက်၍ ရနေသည်။

ရက်စွဲ ရာသီဥတု။

ဒီနေ့ ကိုကိုရယ် သာ့ဟူကျစ်ရယ်နဲ့အတူတူ အသားကင် သွားကင်ခဲ့တယ်။ အသားကင်တာ တအား ပျော်စရာကောင်းတယ်။ ရွက်ဖျင်တဲမှာ အိပ်ခဲ့တယ်။

ဒီနေ့ တင်းနစ်သွားရိုက်ခဲ့တယ်။ တအားပင်ပန်းတယ်။

ဒီနေ့ သာ့ဟူကျစ်တင်းနစ်ရိုက်တာ ကြည့်ခဲ့ရတယ်။ အရမ်းတော်တယ်။

မနေ့ညတုန်းက ရှူးရှူးပေါက်ဖို့ထလာတော့ ကိုကို မအိပ်တာကို တွေ့လိုက်တယ်။

ကိုကို မအိပ်ပြန်ဘူး။

ကိုကို ရက်တွေအများကြီး မအိပ်ဘူး။ ဆေးလိပ်လည်း သောက်တယ်။ ဖေဖေ့ကို ပြောပြရမယ်။

ကိုကို ဒဏ်ရာရသွားတယ်။

ချိုးယိ ဒဏ်ရာရပြီးနောက်ပိုင်း ချိုးယန့်က နေ့စဥ်မှတ်တမ်း ထပ်မရေးတော့ပေ။

ဒါတွေကို တွေ့တော့ ပျန်းနမ်သည် ရင်ထဲ အလွန်တရာ ဆို့နစ်သွားခဲ့ပြီး ချိုးယန့်ကို ဆွဲလိုက်ကာ -

"မင်းကိုကို အိမ်ပြန်လာရင် ငါတို့တွေ အသားကင်ဖို့ သွားကြမယ်လေ နော်"

"ဟုတ်ပြီ"

ချိုးယန့်တစ်ယောက် မျက်လုံးတွေ တောက်ပလာပြီး -

"ရွက်ဖျင်တဲလည်း ယူသွားမှာလား"

"ယူမယ်။ မင်းယူသွားချင်တာ အကုန်ယူသွားပေးမယ်"

ပျန်းနမ် ခေါင်းညိတ်သည်။

ချိုးယန့် စိတ်လှုပ်ရှားစွာ အိမ်ထဲ ပြေးဝင်သွားပြီး သူ့အဖေကို တက်တက်ကြွကြွနဲ့ အော်ဟစ်ပြောပြနေတော့သည်။ လက်ဟန်ခြေဟန်တွေပါ ပါလာပြီး ပြီးခဲ့တစ်ခေါက် အသားသွားကင်တုန်းကဟာတွေကိုပါ နောက်ထပ် ပြန်ပြောပြလာသည်။

တကယ်တော့ အကယ်၍သာ ပျန်းနမ် စိတ်မပါနေတာမဟုတ်ရင် အခု ချိုးယန့်ကိုခေါ်ပြီး အပြင်ထွက်လည်ရင်လည်း ဘာပြဿနာမှ မရှိပေ။

ချိုးယိတစ်ယောက် ဘာသတင်းမှမကြားရဘဲ ထိန်းသိမ်းရေးစခန်းထဲမှာ နေနေရတဲ့အကြောင်းကို စဥ်းစားမိတာနဲ့ သူသည် အစာစားချင်စိတ်တောင် မရှိတော့ချေ။

သူ့ရှေ့မှာ ချိုးယန့်က ခုန်ပေါက်ပြေးလွှားရင်း ကီးလွဲအောင် သီချင်းဆိုတဲ့အချိန်လေးမှာသာ သူလည်း ယာယီခဏလောက် အာရုံလွှဲနိုင်တာဖြစ်သည်။

သို့သော် ချိုးယန့်ကြောင့် စိတ်ညစ်ပြေတယ်ဆိုပေမဲ့ အချိန်ကြာလာတော့ သူလည်း နည်းနည်း ဒဏ်မခံနိုင်သလို ဖြစ်လာသည်။

အရင်တုန်းက ချိုးယန့် ချစ်စရာကောင်းတယ်လို့ သူပြောတိုင်း ချိုးယိက အမြဲတမ်း "မင်းကို ပေးလိုက်ပြီ" လို့ ပြောလေ့ရှိသည်။ အခု ချိုးယိအိမ်မှာ ရက်ပိုင်းလောက် ဆက်တိုက်နေဖြစ်၍ ချိုးယန့်နဲ့ အတူတူအချိန်ဖြုန်းလိုက်တော့မှ ချိုးယိ ဘာကြောင့် ဒီလိုပြောသလဲဆိုတာကို သူ နားလည်သွားတော့သည်။

ချိုးယန့်သည် မရပ်မနားလည်ပတ်တဲ့စက်ကို ကျောမှာပိုးထားတဲ့ တိရစ္ဆာန်အကောင်လေးနဲ့တူသည်။ အားအင်တွေ ပြည့်လျှံလွန်း၍ အားကစားကျောင်းရဲ့ တင်းနစ်အတန်းမှာ တရားဝင်သွားလေ့ကျင့်ရင်တောင် ဘာပြဿနာမှရှိမှာမဟုတ်လို့ ပျန်းနမ် တွေးမိသည်။

ထမင်းစားတာနဲ့အိပ်တာနဲ့ကလွဲရင် ကျန်တဲ့အချိန်တွေအားလုံးမှာ ချိုးယန့်သည် ခြံထဲမှာ ပတ်ပြေးသည်၊ စပျစ်သီး ခူးစားသည်၊ သို့မဟုတ်လည်း စပျစ်သီးခူးပြီး အိမ်နီးချင်းတွေကို လိုက်ပေးသည်၊ အဲဒါမှ မဟုတ်ရင်လည်း လမ်းသွယ်တစ်လမ်းလုံးရှိ ခြံတိုင်းမှာ တစ်ယောက်ယောက်ကို ရှာပြီးဆော့သည်၊ သူနဲ့ကစားတဲ့သူ မောသွားရင် သူ ခြံထဲပြန်လာပြီး ပျန်းနမ်နဲ့ ဆော့ပြန်သည်။

ချိုးယန့်ကျောင်းဖွင့်ပြီးနောက်ပိုင်းတွင် ပျန်းနမ်သည် ဒီချာတိတ်လေးဒဏ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိန်သွားသလိုတောင် ခံစားလိုက်ရသည်။

"အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ်ကလေးဆိုရင် ခွေးတောင်အမြင်ကတ်တယ်လို့ ပြောကြတာ။ ကိုးနှစ်ပြည့်ဖို့ နှစ်ဝက်တောင် လိုသေးတယ်ဆိုတော့ အဲဒီစကားက တကယ်ကို မမှားဘူးပဲ ......"

ပျန်းနမ် သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်ပြီး ညည်းလိုက်သည်။

"အစ်ကို သားကို အမြင်ကတ်လား"

ချိုးယန့်တစ်ယောက် ခေါင်းတောင် မမော့ဘဲ -

"အစ်ကိုက ခွေးလည်း မဟုတ်နေတာကို"

"ဟ"

ပျန်းနမ် အူမြူးသွားကာ -

"မင်း ကြီးလာရင်လေ မင်းအစ်ကိုထက်တောင် စိတ်ရှုပ်ဖို့ကောင်းဦးမယ်"

"သားကိုကိုကမှ စိတ်ရှုပ်ဖို့မကောင်းတာပါ"

ချိုးယန့်က သူ့ကျောနောက်ကို ပြေးသွားပြီး ကျောပေါ် မှောက်လိုက်ရင်း -

"သာ့ဟူကျစ် သား ကိုကို့ကို သတိရတယ်။ လဝက်တောင် ရှိသွားပြီ ......"

"မကြာခင် ပြန်လာတော့မှာပါကွာ"

ပျန်းနမ် လက်နောက်ပို့ပြီး သူ့တင်ပါးကို လက်နဲ့ပုတ်လိုက်ရင်း -

"မကြာခင် ပြန်လာတော့မှာ။ မင်း စာကောင်းကောင်းသင်။ မဟုတ်ရင် မင်းအစ်ကို ပြန်ရောက်လာရင် မင်းကို သေချာပေါက် ဆုံးမမှာ"

"အစ်ကို့ကိုပဲ ဆုံးမမှာ"

ချိုးယန့်က အကျယ်ကြီး အော်ရယ်ရင်း ဆက်၍ -

"သားက အစ်ကိုနဲ့အတူ ဆော့တာလေ"

ရှေ့နေက ချိုးယိနဲ့ လေးငါးခေါက်လောက် တွေ့ခဲ့ပြီးပြီဖြစ်ကာ ချိုးယိရဲ့အခြေအနေက ကောင်းမွန်ပြီး ဒဏ်ရာတွေက ဘာပြဿနာမှမရှိတော့ပေ။ ပျန်းနမ်က ချိုးယိရဲ့ခုတင်ခေါင်းရင်းမှာရှိတဲ့ ချိုးယိဖတ်လက်စ စာအုပ်တွေနဲ့ လဲဝတ်စရာ အဝတ်သုံးလေးစုံကို ချိုးယိဆီ ယူသွားပေးဖို့ ရှေ့နေကို အကူအညီတောင်းလိုက်သည်။

ရှေ့နေကတဆင့် ချိုးယိ ပါးလာတဲ့စကားကလည်း တစ်ခွန်းတည်းသာ။ ကျေးဇူးပဲ၊ ငါဘာမှမဖြစ်ဘူး၊ စိတ်မပူနဲ့ ဟူ၍။

ဒီစကားတစ်ခွန်းကြောင့်ပဲ လဝက်လောက် ကျဆင်းနေတဲ့စိတ်ဓာတ်နဲ့စိတ်ခံစားချက်တို့ကို နောက်ဆုံးမှာ နလန်ပြန်ထူနိုင်အောင် လုပ်နိုင်ခဲ့သည်။ ဒါက ချိုးယိရဲ့စကားတွေ။ ရှေ့နေကတဆင့် ချိုးယိ ပြောလာတဲ့စကားတွေ။

ချိုးယိ ဒီစကားကို ပြောထုတ်တဲ့အချိန် မျက်နှာပေါ်က မျက်နှာထားတွေကိုတောင် သူ စိတ်ကူးကြည့်လို့ရလောက်နီးပါးပင်။

ဒီစကားကို ဘယ်သူ့ဆီကို ပါးလိုက်တာပဲဖြစ်စေ ပျန်းနမ်အတွက်တော့ တောက်လျှောက်နေရာအမှန် မရောက်နေတဲ့ နှလုံးသားကို နောက်ဆုံးမှာ သင့်တော်တဲ့တွင်းထဲ ရောက်သွားသကဲ့သို့ဖြစ်သည်။ ဖတ်ခနဲတစ်ချက် ပြုတ်ကျဝင်ရောက်သွားသည်။

သို့သော် စဥ်းစားလိုက်တော့လည်း ဒါက သူ့သတင်းမသိရသေးတာထက်ကို ပို၍ နာကျင်စရာကောင်းနေတော့သည်။ ပျန်းနမ် ရှေ့နေကို ကြည့်နေရင်း -

"ဒီစကားတစ်ခွန်းပဲလား။ ဦးလေး၊ ဦးလေး အမှတ်မှားတာမဟုတ်ပါဘူးနော်။ တခြားစကား မရှိတော့ဘူးလား"

"မင်း သူငယ်ချင်းက စကားသိပ်နည်းတာလေ"

ရှေ့နေ ပြုံးလိုက်ပြီး ဆက်၍ -

"ဦးအထင် ဒီစကားတွေပဲ လုံလောက်နေပါပြီ။ မင်း စိတ်မပူနဲ့တော့။ ဒီအမှုက ဘာပြဿနာမှ မရှိဘူး။ နောက်ထပ်အချိန်တစ်ခုလောက်ဆို ထွက်လာလို့ရပြီ။ မင်းအဖေကိုတော့ ဦး အချိန်တိုင်း ဆက်သွယ်ပေးမှာ"

ပျန်းနမ်တစ်ယောက် လက်ချိုးရေရင်း ဘဝကို ဖြတ်သန်းဖို့သာ လိုတော့သည်။ ရှေ့နေ့က အချိန်အတိအကျ မပြောပြတော့ လက်ချိုးရေရင်လည်း တိကျမှုမရှိနေပေ။ မည်သို့ဆိုစေ နေ့တိုင်း အိပ်ရာနိုးတာနဲ့ သူသည် အရင်ဆုံး ဖုန်းယူပြီး ရက်စွဲကြည့်သည်။

ကျောင်းကိုပြန်သွားပြီး လေ့ကျင့်ရေးဆင်းရတဲ့ ဒီကာလထဲမှာ သူ အရင်ကထက် လွယ်ကူသက်သာသွားတာမျိုး လုံးဝမရှိပါ။ လက်ဒဏ်ရာ မကောင်းသေးလို့ ဘက်တံမကိုင်နိုင်သေးပေမဲ့ ကိုယ်ကာယလေ့ကျင့်ရေးကိုတော့ သက်ရောက်မှု မရှိချေ။ လောင်ကျန်အား သူ့ကို နှိပ်စက်ညှင်းပန်းဖို့ အခွင့်အရေးပေးလိုက်သည့်အလားပင်။

ကစားဟန် နည်းပညာပိုင်း လေ့ကျင့်လို့မရရင် ကိုယ်ကာယ လေ့ကျင့်ကြတာပေါ့။

နေ့တိုင်း ပြေးတယ် ခုန်တယ် ခြေလှမ်းလေ့ကျင့်တယ် အင်အားကျင့်တယ် ......

"ပြေးခုန်ပစ် အတန်းကို ပြောင်းဖို့ ငါ သွားလျှောက်လိုက်တော့မယ်"

ပျန်းနမ် ခုတင်ပေါ်တွင် မှောက်ကာ ခေါင်းအုံးကို ဖက်လျက် ပြောကာ ဆက်ပြီး -

"တာဝေး တာတိုပြေးတာ အမြင့်ခုန်တာ အားလုံး ရနေပြီ ...... လောင်ကျန်က အရင်တုန်းက ပြေးခုန်ပစ် နည်းပြ ဖြစ်ရမယ်"

"နောက်နှစ်ရက်လောက်ဆို ချုပ်ရိုးဖြည်လို့ရပြီ"

ဝမ့်ဖေး သူ့တင်ပါးကို ပုတ်ရိုက်လိုက်ရင်း -

"မကြာခင် လွတ်တော့မှာပါကွာ"

"ချေးတွေ။ ဘက်တံကိုင်လို့ရရင်လည်း လောင်ကျန်က ပြောပြန်ဦးမှာ၊ မင်း ဘက်တံကို ဘယ်လိုကိုင်နေတာလဲ၊ စားလိုက်တဲ့ဟာတွေက ထမင်းလား ချေးလား၊ လက်နောက်ပြန်ရိုက်ချက် မကောင်းတာတော့ ထားလိုက်တော့၊ လက်တည့်ရိုက်ချက်ကို ခွေးကျွေးလိုက်တာလား"

ပျန်းနမ် ပြောသည်။

အဆောင်ခန်းထဲက လူတစ်စုက ပွဲကျသွားခဲ့ပြီး စွင်းယိဖန်က အင်္ကျီလဲပြီးတာနဲ့ -

"ထမင်းသွားစားဖို့ လိုက်မလား။ ဒါမှဟုတ် ငါတို့ ယူလာပေးရမလား"

"သွားမယ်"

ပျန်းနမ် ခုတင်ပေါ်က ဆင်းလိုက်သည်။ ဒီလိုလေ့ကျင့်မှုနဲ့ ထမင်းသာကောင်းကောင်းမစားဘူးဆိုရင် ပြေးလမ်းမှာတင် မူးလဲသွားလောက်မည်။

ထမင်းစားခန်းမတွင် အတော် လူများနေပြီး ပျန်းနမ် ဝင်သွားတဲ့အချိန်မှာ မနည်းလှတဲ့လူတွေ သူရှိရာဆီ ကြည့်လာကြသည်။

ဒီလိုအကြည့်တွေကို ပျန်းနမ် အရေးမလုပ်ဘဲ ထမင်းသွားယူပြီးနောက် အိပ်ဆောင်ခန်းထဲက လူတစ်စုနဲ့ စားပွဲအလွတ်တစ်လုံးရှာထိုင်ပြီး ထမင်းစားသည်။ ကျောင်းကိုပြန်လာပြီးနောက်ပိုင်းကတည်းက ဒီလိုအခြေအနေမျိုးကို မကြာခဏဖြစ်ပေါ်နေတော့ သူတောင် အသားကျနေပြီ။

ဖန်းယိဖုန်းနဲ့ ရန်ဖြစ်တာက လုံးဝကို အဆန်းမဟုတ်နေပါ။ ဖန်းယိဖုန်းက အားကစားကျောင်းက လူအတော်များများနဲ့ ပဍိပက္ခဖြစ်ဖူးသည်။ သို့သော် ရေကြောင်းက လောင်သာ့အဟောင်းကို ကူညီပြီး ရန်ဖြစ်ပေးတာတင်မကဘဲ ဆေးရုံပါ ရောက်သွားတဲ့ကိစ္စကတော့ နည်းနည်းလေး ဟိုလိုမျိုးဖြစ်နေသည်။

ကျောင်းနှစ်ကျောင်းရဲ့ ခိုက်ရန်ဖြစ်ပွားတဲ့သမိုင်းကြောင်းတစ်လျှောက်မှာ ဒီလိုမျိုး အံ့ဘနန်း ဆန်းကြယ်တဲ့ကိစ္စမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။

သို့သော် အခု ဖန်းယိဖုန်းလည်း ထိန်းသိမ်းခံထားရတော့ ပရိသတ်အုပ်ရဲ့ကောလာဟလသည်လည်း ကြာလေ ပိုပိုပြီး လမ်းကြောင်းလွဲလာသည်။ အခုဆိုရင် (၈) ခုမြောက်ဗားရှင်းအထိ အဆင့်မြှင့်ခံထားရလောက်ပြီ။ ချိုးယိနဲ့ပျန်းနမ်တို့ ပူးပေါင်းပြီး ဖန်းယိဖုန်းကို ဓားနဲ့ထိုးကာ ဖန်းယိဖုန်း ဆေးရုံတက်နေရသည်ဟူ၍။ နောက်ထပ် အချိန်တစ်ခုလောက်ထပ်ကြာရင် သူတို့နှစ်ယောက် ပေါင်းပြီး ဖန်းယိဖုန်းကို ဓားနဲ့ထိုးသတ်လိုက်တယ်ဆိုပြီး ဖြစ်နေလောက်မည်။

ပျန်းနမ် လက်ချိုးရေတာ နှစ်လပြည့်ခါနီး ရာသီဥတုတောင် အေးလာသည့်အချိန်တွင် သူ့အဖေဘက်မှာ ရှေ့နေဆီက သတင်းရောက်လာသည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုဆိုတဲ့အချက် သိသာထင်ရှားလို့ တစ်ပတ်ပြီးရင် လွတ်ပြီလို့ ဆိုလာသည်။

ဒီသတင်းကို ကြားရတော့ ပျန်းနမ်သည် မိမိ မတရားသဖြင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ပေးခံရကာ နောက်ဆုံးမှာတော့ ဆယ်နှစ်ပြည့်သွားလို့ လွတ်မြောက်လာ၍ ဘဝင်ခိုက်ပီတိဖြစ်သော ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ ဖုန်းကိုင်ထားလျက် အတော်ကြာတော့မှ တစ်ခွန်းပြောလာသည်။

"အဖေ ကျေးဇူးတင်ပါတယ်"

ယခင်က သူ နေ့တိုင်း ပြက္ခဒိန်ကြည့်ပြီး လက်ချိုးရေတုန်းက တစ်ရက်တစ်ရက် အချိန်ကုန်နှေးတယ်လို့ သိပ်မခံစားခဲ့ရချေ။ အခု ရက်သိပ်မလိုတော့တာကို သိသွားတဲ့အခါမှာတော့ အချိန်ယန္တရားဟာ အေးခဲရပ်တန့်သွားသလို ဘယ်လိုလုပ်လို့မှ မလှုပ်ရှားတော့သလိုပင်။

"အဲဒီအချိန်ကျရင် သွားကြိုရမယ်ထင်တယ်"

ဝမ့်ဖေးက သူနဲ့အတူ ပြေးလမ်းဘေးနားတွင် ထိုင်နေရင်း ဆက်၍ -

"သူ့အိမ်ကလည်း သွားကြိုနိုင်တဲ့သူ မရှိဘူးဆိုတော့"

"အင်း"

ပျန်းနမ် ခေါင်းညိတ်သည်။ နဂိုကတော့ ချိုးယန့်ကိုပါ အတူတူခေါ်သွားဖို့ဖြစ်သည်။ သို့သော် အဲဒီရက်မှာ ချိုးယန့်တို့ကျောင်းက ကလေးတွေကို ဘိုးဘွားရိပ်သာမှာ သန့်ရှင်းရေးလုပ်အားပေးတဲ့အစီအစဥ် ရှိနေသည်။ ဖေဖေချိုးရဲ့သဘောကတော့ သူကပဲ ချိုးယိကို သွားကြိုလာပြီး ချာတိတ်လေးကို အံ့သြစရာ ပေးလိုက်ရင် ရပြီဟူ၍။

သို့သော် ရှန်းထောင်းတို့လူစုလည်း သေချာပေါက်ကို သွားကြိုကြလိမ့်မည်။ ပျန်းနမ် သူတို့တွေနဲ့အတူ ထိန်းသိမ်းရေးစခန်းတံခါးပေါက်မှာ ရပ်နေတာကို စဥ်းစားမိတာနဲ့ အဲဒီမြင်ကွင်းဟာ အတော်ရယ်စရာကောင်းနေလိမ့်မည်။

ပျန်းနမ် ရှန်းထောင်းဆီ ဖုန်းဆက်ပြီး ဒီကိစ္စကို ပြောပြပြီးနောက် မေးလိုက်သည်။

"မင်းတို့တွေ သွားကြိုကြမလား။ ငါ ကားမောင်းပြီး မင်းတို့ကိုလည်း ခေါ်သွားမယ်လေ ဘယ်လိုလဲ"

"မင်းပဲ သွားကြိုရင်ရပြီ။ ငါတို့ ဒီဘက်ကတော့ သူ ကျောင်းပြန်တက်မှပဲ ကြိုဆိုပွဲထပ်လုပ်လိုက်မယ်"

ရှန်းထောင်း ပြောသည်။

"ဟင်"

ပျန်းနမ် အနည်းငယ် အံ့သြသွားသည်။ ရှန်းထောင်းက ချိုးယိနဲ့ ဒီလောက်တောင် ရင်းနှီးကြတာ သွားမကြိုဘူးပေါ့လေ။

"မင်းက ငါတို့နဲ့ တွေ့ချင်တယ်ပေါ့ဟုတ်လား။ ငါတို့မသွားတာ မင်းတော်တော် စိတ်ဓာတ်ကျသွားတယ်ပေါ့လေ"

ရှန်းထောင်း ပြောသည်။

"မင်းဘိုးအေ"

ပျန်းနမ် အူမြူးသွားပြီး -

"ဒါဆို ငါတစ်ယောက်တည်းပဲ သွားလိုက်မယ်"

ဖုန်းချလိုက်ပြီးနောက် ပျန်းနမ် ခုတင်ပေါ်မှာ ထိုင်နေရင်း စဥ်းစားလေလေ တစ်ခုခုမှားနေလေ ခံစားရသည်။

ရှန်းထောင်း သူ့ကို ဖုန်းပေးတုန်းက ထိုအကြည့်ကို ပြန်စဥ်းစားကြည့်တော့ ......

ငါလူး။

ရှန်းထောင်းရဲ့အပြုအမူတွေက ဘယ်လိုဖြစ်တာလဲဆိုတာကို ပျန်းနမ် အသေးစိတ် ထပ်မတွေးတော့ပေ။ သူ့အနေနဲ့ပြောရလျှင် အခု အရာအားလုံးက အရေးမကြီးတော့ချေ။ သူ အခါခါ တွေးတောစဥ်းစားတဲ့တစ်ခုတည်းသောကိစ္စကတော့ ချိုးယိကို သွားကြိုမယ့်ကိစ္စပင်။

အာရုံပျံ့နေလို့ လောင်ကျန်ဆီက အပြစ်ပေးခံရတာတောင် သူ့မှာ ဝမ်းပန်းတသာ ပြေးနေမိသည်။

သို့သော် သွားကြိုမယ့်နေ့ကို တကယ်တမ်းရောက်ရှိလာတော့ သူ ရုတ်တရက် စိတ်လှုပ်ရှားလာသည်။

သူ့အဖေဆီက ကားတစ်စီးငှားပြီး တစ်လမ်းလုံး လမ်းညွှန်အတိုင်း ထိန်းသိမ်းရေးစခန်းကို မောင်းနှင်လာရာတွင် အကွေ့နှစ်ခုကို မှားကွေ့ခဲ့သည်။ ထွက်လာတာ စောသွားလို့သာ တော်တော့သည်။

ကားကို လမ်းဘေးတွင် ပါကင်ထိုးလိုက်ပြီးနောက် ပျန်းနမ်သည် ဘာမှန်းတောင်မသိသော ခံစားချက်ကို ရင်ဝယ်ပိုက်ပြီး ကားပေါ်က ဆင်းလာသည်။ ကားတံခါးကို မှီပြီး ထိန်းသိမ်းရေးစခန်း မျက်နှာချင်းဆိုင်မှာရှိတဲ့ လမ်းမဘေးမှာ ရပ်နေသည်။

အချိန်ကတော့ ရှစ်နာရီမခွဲသေးချေ။ ပျန်းနမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ကားသုံးလေးစီးလောက် ရပ်ထားတာရှိပြီး လူလာကြိုတာဟုတ်မဟုတ်တော့ မသိပေ။

သို့သော် ကားအပြင်မှာရပ်ပြီး လေအေးအတိုက်ခံနေတာတော့ သူတစ်ယောက်တည်းသာ ရှိသည်။

မနက်ခင်းအစောပိုင်းရဲ့ လေအေးတွေကို တစ်နာရီကျော် အတိုက်ခံလိုက်ပြီးနောက်တွင် ထိန်းသိမ်းရေးစခန်းရဲ့တံခါး ပွင့်လာသည်။

ပျန်းနမ် စိတ်လှုပ်ရှားတုန်လှုပ်လာပြီး ခြေလှမ်းကြီးတွေနဲ့ တံခါးဆီ လျှောက်သွားသည်။ နှစ်လှမ်းလောက် လျှောက်လိုက်ပြီးမှသာ ထွက်လာတဲ့သူက လူဝတစ်ယောက်ဖြစ်နေတာကို သေချာမြင်လိုက်ရသည်။ သူ့နောက်က မိန်းမတစ်ယောက် ကားပေါ်ကနေ ခုန်ဆင်းလာပြီး ယောက်ျားရေလို့အော်ရင်း ပြေးသွားသည်။

လခွမ်း။

ပျန်းနမ် ကားတံခါးကို ပြန်မှီပြီး ဆက်လက်၍ လေအတိုက်ခံနေသည်။

နောက်ထပ် နာရီဝက်ကြာသွားပြီးနောက် အထဲကနေ လူနှစ်ယောက်သုံးယောက် ထွက်လာပြန်ပြီး တစ်ယောက်မှ ချိုးယိ မဟုတ်နေချေ။

ပျန်းနမ်တစ်ယောက် အနည်းငယ် သည်းမခံနိုင်ဖြစ်လာပြီး ကားထဲ ပြန်ဝင်ထိုင်လိုက်သည်။ ကားပြတင်းကို မှီပြီး ထိန်းသိမ်းရေးစခန်းရဲ့တံခါးပေါက်ကို ဆက်လက်စိုက်ကြည့်နေသည်။

ဘယ်လောက်မှ မကြာလိုက်ဘဲ သူသည် မျက်ခွံတွေနဲ့ စတင်ပြီး ရန်ဖြစ်ရသည်။ ဒါက သူ ဒီအသက်အရွယ်ရောက်တဲ့အထိ ကြီးပြင်းလာရာမှာ ပထမဆုံးတစ်ကြိမ်အနေနဲ့ လူစောင့်ရင်း စိတ်လှုပ်ရှားတုန်လှုပ်လွန်းလို့ အိပ်ငိုက်လာခြင်းဖြစ်တော့သည်။

လူစောင့်တာလေးကို ဒီလိုမျိုးဖြစ်တဲ့အထိ စောင့်ရတယ်လို့...

တကယ်ကို စောက်ကျိုးနည်း ဆန်းပြားလွန်းတယ်။

ပျန်းနမ်ရဲ့မျက်လုံးတွေက ကြည်လိုက် ဝါးလိုက်နဲ့ အခါခါ ပြောင်းလဲနေသည်။

ဘယ်လောက်ကြာသွားမှန်းမသိ ကြာသွားပြီးနောက်တွင် ပျန်းနမ်သည် မှုန်ဝါးဝါးထဲမှာ လူရိပ်တစ်ရိပ်က ခပ်ဝေးဝေးကနေ လမ်းလျှောက်လာတာကို မြင်လိုက်သည်။

သူ ကြောင်အမ်းသွားခဲ့ကာ တစ်ဆက်တည်းမှာပဲ အားပါပါနဲ့ မျက်တောင်တွေကို သုံးလေးချက်လောက် ခတ်လိုက်၏။

မြင်ကွင်း ကြည်လင်သွားတော့ လမ်းလျှောက်လာတဲ့သူက ချိုးယိဖြစ်တာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ဘာမှ မပြောင်းလဲသွားပါ။ လေတိုက်တော့ သူ့နဖူးပေါ်ကဆံပင်တွေ မြောက်သွားပြီး မဆိုစလောက်လေး နွမ်းနယ်နေတဲ့မျက်နှာအမူအရာနဲ့ ယခင်အတိုင်း လှပအသက်ဝင်တဲ့ အညိုရောင် မျက်ဝန်းကို ပျန်းနမ် တွေ့လိုက်ရသည်။

သူ့နှလုံးသားက ဝုန်းခနဲတစ်ချက် ခုန်သွားပြီး ဘက်တံနဲ့ နံရံကို တစ်ချက် ရိုက်ထည့်လိုက်သလို ဝုန်းဒိုင်းဖြစ်သွားသည်။

သူ ကားတံခါးကို တွန်းဖွင့်ပြီး ကားပေါ်ကနေ ခုန်ဆင်းလိုက်သည်။ ထိုင်တုန်းက အနေအထားမမှန်တော့ မြေပေါ်ကို ခြေချတော့မှ သူ့ခြေထောက်တွေ ထုံကျဥ်နေတာကို သိလိုက်ရသည်။ သူ အံကိုကြိတ်လိုက်တော့မှ အဝေးကနေ ဒူးထောက်ကျတဲ့အဖြစ်မျိုး မဖြစ်ခဲ့တာဖြစ်၏။

နေရာမှာတင်ရပ်ပြီး ချိုးယိ ခပ်ဖြည်းဖြည်းလမ်းလျှောက်လာတာကို ကြည့်နေပြီးတော့မှ ပျန်းနမ် ပြောလာသည်။

"ငါလူး ငါ ရက်မှားပြီး မှတ်ထားမိတယ်ထင်နေတာ"

"ပိန်သွားပါလား"

ချိုးယိ သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။

***

(ဆက်ရန်)


Continue Reading

You'll Also Like

20.7K 1.1K 26
In the land of Ninjago, people aren't always good, some are bad, others can fit in between, however, having to be around people who feel like they do...
19.5K 383 13
{REQUEST STUFF!} I write sometimes so I thought I would write stuff about my favorite asshole. I guess I have a thing for unstable boys.
40.6K 2.6K 17
"𝑰 𝒘𝒂𝒔𝒏'𝒕 𝒆𝒗𝒆𝒏 𝒑𝒍𝒂𝒏𝒏𝒊𝒏𝒈 𝒐𝒏 𝒇𝒂𝒍𝒍𝒊𝒏𝒈 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒚𝒐𝒖 𝒃𝒖𝒕 𝒕𝒉𝒆𝒏 𝒚𝒐𝒖 𝒈𝒂𝒗𝒆 𝒎𝒆 𝒕𝒉𝒂𝒕 𝒂𝒅𝒐𝒓𝒂�...
6.1K 242 19
Hana's adventure continues! Now that she's had a true taste of strength, it's time she learned the meaning of power. With her Captain and crew making...