Find Love Because Of you (Com...

By Pyoe_Ou_Yim

100K 2.7K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Final Uni+Zaw

Part(38)Uni+Zaw

1.9K 42 0
By Pyoe_Ou_Yim

Part(38)

ဝီလျံရှိန်း‌ဆေးရုံက ဆင်းပြီးသည့်နောက်တွင် စိုင်းစဝ်တို့ နှစ်ယောက်အတူနေသည့် အိမ်ကိုသာ ပြန်ခဲ့ကြသည်။ ဝီလျှံရှိန်း အိမ်ပြန်သည့်အခါတွင် စိုင်းစဝ်ပါ ဝီလျှံရှိန်း၏ အိမ်တွင် လိုက်နေရသည်။ 

ယခုလည်း စိုင်းစဝ်တို့ ဝီလျှံရှိန်း၏ အိမ်သို့  သွားနေခြင်းဖြစ်သည်။ မကြာခင်ကျောင်းလဲ ဖွင့်တော့မည်ဖြစ်သည်။ ဒီတစ်ခါ ကျောင်းတက်ပြီးလျှင် စိုင်းစဝ်တို့ လုပ်ငန်းခွင်ကိုယ်စီဝင်ကြတော့မည် ဖြစ်သည်။

"လာ ကလေးလေး လာလာ မာမီက ကလေးလေးလာမှာဆိုလို့ မျှော်နေတာ"

ဝီလျှံရှိန်း၏ အမေက အိမ်ရှေ့တွင် ထွက်ကြိုနေသည်။ မာမီက အချစ်အား ကလေးလေးနှင့် တူသည်ဟုဆိုတာ ကလေးလေးလို့သာခေါ်တော့သည်။ ကိုယ့်သားအရင်းထက် အချစ်ကို ပိုချစ်နေတဲ့သူပေါ့။ တစ်ခါတစ်လေ မာမီနှင့် အပင်လေးတွေစိုက်ကြသကဲ့သို့ ဒယ်ဒီ့ကိုလဲ စာအုပ်အကြောင်းတွေ ဝင်ပြောတတ်သေးတာ။ ကိုယ်ကသာ ဒယ်ဒီနှင့် စကားမပြောသော်လည်း အချစ်ကတော့ ဒယ်ဒီနှင့် စကားဝင်ပြောတတ်သည်။ 

"ဟီး..ဟုတ်ကဲ့ နေကောင်းတယ်မလား မာမီ"

"ကောင်းတာပေါ့ ကလေးလေးက မာမီ့ကို ဆေးသောက်မယ့် အချိန်တွေကို သေချာဖုန်းဆက်တော့ မာမီမေ့နေရင်တောင် ကလေးလေးပြောလို့ သောက်ဖြစ်တယ် ဟိုတစ်ယောက်နဲတော့ ကွာတယ်"

"ဟီး.. သူလဲ သတိရပါတယ် မာမီ"

"အေးပါ ဟော့ဒီက ကလေးလေးက ပြောတော့လဲ ယုံရတာပေါ့"

"ကလေးလေးအတွက် မာမီပြင်ခိုင်းထားပြီနော်"

"ဒီတစ်ခါ ကျွန်တော့်အခန်းထဲမှာဘဲ နေတော့မှာ ပြင်မနေနဲ့တော့ မာမီ လာ အချစ်"

ဝီလျှံရှိန်း အချစ်၏ လက်ကို ဆွဲကာ အခန်းထဲသို့ ခေါ်လာခဲ့သည်။ 

"အချစ်ထိုင် ဒါကိုယ့်အခန်း အရင်နေ့တွေထဲက ခေါ်ချင်တာ"

ဝီလျှံရှိန်း၏ အခန်းသည် အတော်ပင်ကျယ်သည်။ စိုင်းစဝ်၏ အခန်း နှစ်ခန်းစာမျှမက ကျယ်သည်။ အခန်းတစ်ခုလုံးကို မီးခိုးရောင်လေးသုပ်ထားသည်။ စာကြည့်စားပွဲပေါ်တွင် စိုင်းစဝ်၏ ပုံလေးကို ထားထားသည်ကို တွေ့ရသည်။  စိုင်းစဝ်တို့ အိမ်လေးမှာ ရိုက်ထားသည့်ပုံလေးဖြစ်သည်။ ကော်ဖီခွက်ကိုင်ထားကာ စကားလှမ်းပြောနေသည့် ပုံလေးကိုဒီမှာ တင်ထားခြင်းဖြစ်သည်။ ထိုနေ့က ခေါင်းလျှော်ပြီးကာစချိန်ဖြစ်၍ ဆံပင်များကျနေသည်။ 

"အချစ်ကိုယ်ရေချိုး အဝတ်အစားလှဲလိုက်အုံးမယ်နော် ကိုယ့်ကို အဝတ်အစားထုတ်ပေးထားလို့ရမလား"

""အွန်း ရတယ်လေ သွားမြန်မြန်သွားချိုး မာမီတို့ဆီသွားရအုံးမယ်"

"အချစ်ကကွာ ကိုယ့်ကို ဂရုစိုက်ပါအုံး မာမီတို့ကိုဘဲ အမြဲတမ်း တွေးနေတယ်"

"ငါမင်းကို ဂရုစိုက်ပါတယ်ကွာ မာမီတို့က အသက်ကြီးပြီလေ ငါနဲ့မာမီအဆင်ပြေတော့ မကောင်းဘူးလားလို့"

"အချစ်တို့က အခု အဆင်ပြေတာထက်လွန်းနေပြီ "

"ငါ့ကို မစနဲ့တော့ ရေသွားချိုးတော့ သွား"

ဝီလျှံရှိန်း အချစ်ကို ထပ်မစတော့ဘဲ ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။ 

စိုင်းစဝ် ဝီလျှံရှိန်း အတွက် အဝတ်အစားလေး ထုတ်ပေးကာ ဝီလျှံရှိန်းအားကုတင်ပေါ်တွင် စောင့်နေလိုက်သည်။ အိပ်ယာမြင်လျှင်အိပ်ချင်သည့် စိုင်းစဝ်မှာ ငိုက်လာသည်ဖြစ်၍ ဝီလျှံရှိန်း၏ အိပ်ယာပေါ်တွင် အိပ်နေလိုက်သည်။ 

ဝီလျှံရှိန်း ရေချိုးကာ ထွက်လာပြီးချိန်တွင် အချစ်သည် အိပ်ယာပေါ်တွင် အိပ်ပျော်နေလေသည်။ အချစ်ထုတ်ပေးထားသည့် အဝတ်အစားများကို ဝတ်လိုက်ကာ ဝီလျှံရှိန်း အချစ်၏ ဘေးတွင် ဝင်လှဲလိုက်သည်။

အချစ်၏ ပါးလေးကို ကိုင်ကာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ အချစ်၏ အသားအရည်မှာ နူးညံနေသည်။ နှုတ်ခမ်းလေးတွေမှာ အမြဲ ပန်းရောင်သန်းကာ အသံပုံနှုတ်ခမ်းလေးဖြစ်သည်ဖြစ်၍ အချစ်ရယ်မောလိုက်သည့်အချိန်တိုင်း အလွန်ချစ်စရာကောင်းသည်။ ပါးမို့မို့လေးနှစ်ဖက်က ရယ်မောလိုက်တိုင်း ပိုဖောင်းလာတတ်သည်။ ဝီလျှံရှိန်း အချစ်ကို ကြည့်ကာ အသည်းယားလာသည်။ အချစ်၏ လည်တိုင်လေးကို နမ်းလိုက်သည်။ ဝီလျှံရှိန်း အချိန်တော်ကြာ နမ်းထားသည်ဖြစ်၍ လည်တိုင်လေးတွင် မာကင်ရာလေးပေါ်လာသည်။ ဝီလျှံရှိန်း လန့်သွားသည်။ အချစ်လေးကတော့ ပြောတော့မှာဘဲ။

'ဒေါက်.. ဒေါက်.. ဒေါက်' 

"သား ကလေးကိုခေါ်ပြီး အောက်ကို လာခဲ့တော့နော် ထမင်းစားကြရအောင်မာမီ ပြင်ထားပြီးပြီ"

"ဟုတ်မာမီ ကျွန်တော် ဆင်းလာခဲ့ပါမယ်"

"အွန်း ပြီးပြီလား ဝီလျှံရှိန်း "

"ကိုယ်ပြီးတာ နည်းနည်းကြာပြီ အချစ်အိပ်နေလို့"

"အွန်း သွားရအောင်လေ မာမီတို့ စောင့်နေလိမ့်မယ်"

"အချစ် ခန ဟို.."

"ဘာဖြစ်လို့လဲ "

"ကိုယ်အချစ်အိပ်နေတုန်း နမ်းလိုက်တာ လည်ပင်းမှာ အနီကွက်ပေါ်နေတယ်"

"ဟင်.."

စိုင်းစဝ် အနားမှာရှိနေသည့် မှန်ထဲသို့ ပြေးကြည့်လိုက်သည်။ လည်ပင်းတွင် အနီရောင်အကွက်မှာ ထင်ရှားလှသည်။ 

"မင်းကတော့ မပြောတော့ဘူး တော်သေးတာပေါ့ ငါ့အကျီက လည်ပင်းကို ဖုံးနေလို့ ထိုင်လိုက်ရင်သိပ်မတွေ့ရလောက်ပါဘူး သွားမယ်"

စိုင်းစဝ်နှင့် ဝီလျှံရှိန်း အပေါ်ထပ်မှ ဆင်းလာခဲ့လိုက်သည်။ 

'မာမီရဲ့ သားလေးတောင် အရွယ်ရောက်လာခဲ့ပြီ ၊ သားမျက်နှာပေါ်မှာ အပြုံးတွေကို မတွေ့တာ အတော်ပင်ကြာပြီဖြစ်သည်။ ထိုကလေးလေးကို ကြည့်ကာပြုံးနေတတ်သည့် သားသည် တစ်လောကလုံးကို အပိုင်ရထားသကဲ့သို့ပင် ပျော်ရွှင်နေသည်။ သားကဆေးရုံဆင်းပြီးသည့် နောက်ရက်တွင် ကိုယ့်ကို တောင်းပန်လာသည်။ သားကြောင့် မာမီ စိတ်ဆင်းရဲခဲ့ရပြီတဲ့၊ သားမာမီကို တောင်းပန်ပါတယ်တဲ့ ၊ ထိုအချိန်က သားအားမေးလိုက်သေးသည်။ အဲ့ကလေးကို အရမ်းချစ်တာဘဲလားလို့ ၊ သားက အပြုံးလေးဖြင့် အချစ်က သိပ်ကို ချစ်ဖို့ကောင်းတာမာမီ အခုလဲကြည့်လေ မာမီ ကျွန်တော်အတွက်တွေးပြီး အရူးလေးက ကျွန်တော့်အနားက ထွက်သွားတယ်တဲ့ မာမီလဲ အချစ်နဲ့ အတူနေဖူးရင် အချစ်ကို ချစ်လာမှာပါတဲ့ ၊  အခုလို နှစ်ယောက်အတူရှိနေသည်ကို တွေ့လိုက်ရတော့ အလွန်ပင် လိုက်ဖက်လွန်သည်။ ကိုယ့်သားပင်လျှင် ချစ်သူမျက်နှာ တစ်ရွာလားဆိုတော့ မဟုတ်ပါ စိုင်းစဝ်လေးမှာလဲ ကိုယ့်သားမျက်နှာ တစ်ကမ္ဘာပင်၊ အန်တီသားက ဆိုးတယ်နော်သား သူက တစ်ကိုယ်ကောင်းသိပ်ဆန်တာလို့ပြောတော့ ဝီလျှံရှိန်းက သဘောကောင်းပါတယ်တဲ့ မာမီထင်သလို မဆိုးပါဘူးတဲ့ အိမ်က ယောက်ျားလဲ သားတော်မောင် ဓားထိုးခံရပြီးချိန်မှစ၍ အရင်ကထပ် အတ္တတွေကို လျော့လာပါတယ် "

"မာမီ သားတို့ကို ကြည့်ပြီး ဘာတွေတွေးပြီး ပြုံးနေတာလဲ"

"အော်မာမီသားလေးတောင် လေးဖက်ထောက်တဲ့ အရွယ်ကနေ အချစ် ချစ်သူလက်ကို ဆွဲကိုင်ထားနိုင်တဲ့အထိ အရွယ်ရောက်လာပါပြီလားလို့ တွေးမိတာပါ"

"ကျွန်တော် ဘယ်လောက်ဘဲ အရွယ်ရောက်လာ ကျွန်တော်က မာမီသားအငယ်ဆိုတာ မပြောင်းလဲပါဘူး"

"မာမီသားငယ်လေးက ဟော့ဒီက စိုင်းစဝ်ဆိုတဲ့ ကလေးလေးလေ"

"မာမီ အချစ်က ကျွန်တော့်ထက် တစ်နှစ်ကြီးတယ် ကျောင်းတစ်နှစ်နောက်ကျပြီးမှ အပ်လို့ ကျွန်တော်နဲ့တူနေတာ"

"အယ် ဟုတ်လားကလေးလေး"

မာမီက ကိုယ်ပြောသည်ကို မယုံကာ အချစ်အားမေးလိုက်သည်။ အချစ်လက်ကို ကိုင်သွားကာအချစ်အား ထမင်းစားခန်းသို့ ခေါ်သွားသည်။

"ဟုတ်မာမီ"

ဝီလျှံရှိန်း အနောက်မှ အချစ်နှင့် မာမီကိုကြည့်ကာသဘောကျနေသည်။ မာမီက ဘာတွေမေးနေသည်မသိပါ အချစ်က စကားတစ်ခွန်းပြောလိုက် ခေါင်းငြိမ့်လိုက်နှင့် ။ 

"သားရေ မင်းဒယ်ဒီကို ခေါ်ခဲ့ပါအုံး"

ဝီလျှံရှိန်း ဒယ်ဒီကို ခေါ်လိုက်ကာ ထမင်းစားခန်းသို့ပြန်လာခဲ့သည်။ ဝီလျှံရှိန်း ပြန်လာသည်အထိ မာမီနှင့် အချစ်စကားပြောနေသည်မှာ မပြီးသေးပေ။

"မာမီ့ကလေးလေးက နုလိုက်တာ ချစ်စရာလဲကောင်းတယ် မာမီအိမ်ကသားကို မကြိုက်ပါနဲ့လားသား သားက နုနုလေးဟိုက ကြမ်းတမ်းလိုက်မယ့် အဖြစ်"

"ဟီး...ဟီး.."

"မာမီ အချစ်ကို ဘာတွေပြောနေတာလဲ မာမီနော် ကလေးလေး ဆိုပြီး ကျွန်တော်တို့နှစ်ယောက်ကို မခွဲနဲ့နော် အချစ်ကလဲ ရယ်မနေနဲ့လေ ကျွန်တော်က မာမီ့သားလေးကိုဘဲ ချစ်ပါတယ်လို့"

"အမယ်လေး ငါ့သားလေးကို နှမြောလွန်းလို့ပါနော် သားသူအနိုင်ကျင့်ရင်မာမီကိုပြောနော်"

"ဟီး ဟုတ်ကဲ့မာမီ "

"အဟွန်း.. အဟွန်း ထမင်းစားကြမယ် သမီးကောမလာဘူးလား"

"သမီးက နှင်းလေးတို့ အိမ်ကိုသွားတယ် "

"အွန်း သူတို့ကော မယူသေးဘူးလား ဟိုအိမ်ကို သွားတာမြောင်းပေါက်တော့မယ်"

"မယူသေးဘူးတဲ့ နှင်းလေး အလုပ်အခြေကျတဲ့အထိစောင့်အုံးမယ်တဲ့"

"အဲ့ဒါလဲကောင်းပါတယ် ဝီလျှံရှိန်း မင်းကော စေ့စပ်ထားတော့မလား"

"ကျွန်တော်ကတော့ ကြိုက်တာပေါ့ အချစ်က ကျွန်တော့်အပိုင်ဖြစ်တာ တစ်နိုင်ငံလုံးကို ပြောလိုက်ချင်တာ"

"ဒါဆိုလဲ ဒီတစ်ခေါက် ကျောင်းမဖွင့်ခင်စေ့စပ်ထားလိုက်မလား ကျောင်းက ဖွင့်တော့မှာမလား ဘယ်မှာ လုပ်မယ်ဆိုတာ ပြန်ပြော"

"ဟို... ကျွန်တော်"

"အချစ်က ဘာပြောချင်လို့လဲ ပြောလေ"

"စေ့စပ်တာကို မိသားစု အကျဉ်လေးဘဲ လုပ်ချင်သေးတယ် ကျောင်းလဲပြန်တက်မှာဆိုတော့ လူအများဆီက အာရုံစိုက်ခံရမှာကို မကြိုက်လို့"

"ရတယ်လေ အချစ်သဘောအတိုင်းဘဲ စေ့စပ်ပြီးကြောင်းကိုတော့ mediaမှာ ကြေညာလိုက်အုံးမှာ "

"မင်းတို့ အဆင်ပြေရင်ရပြီ မင်းစာအုပ်လေးတွေ ဖတ်ချင်တာရှိရင် စာကြည့်ခန်းထဲက ယူသွားနော်"

"ဟုတ်ကဲ့ အန်ကယ် ကျွန်တော် ဒီတစ်ခေါက်တော့ စိုက်ပျိုးရေးနဲ့ဆိုင်တာလေးဖတ်မလို့ပါ"

"အွန်း ကောင်းတယ် မင်းကတော့ ဟုတ်သေးတယ် ဟိုတစ်ယောက်ကတော့ စာကြည့်ခန်းက စာအုပ်တောင် ကိုင်ဖူးရဲ့လားမသိဘူး"

"ဟာ ဒယ်ဒီကလဲ ကိုင်ဖူးပါတယ် ဒယ်ဒီကျွန်တော့်ကို စာအုပ်နဲ့ပေါက်တုံးကလေ"

"အဟွန်း အဟွန်း ငါပြီးပြီ အိမ်မှာ အေးဆေးနားကြအုံး "

"ဟုတ်ကဲ့ အန်ကယ် ကျေးဇူးတင်ပါတယ်"

"မာမီသားတို့ ဒယ်ဒီနောက်ကို သွားလိုက်အုံးမယ်နော် ဖြည်းဖြည်းစားကြ "

"ဟုတ်မာမီ"

*******

တစ်ပတ်ခန့်အကြာတွင် media ပေါ်တွင် ဝီလျှရှိန်း သူ၏ချစ်သူ ကောင်လေးနှင့် စေ့စပ်လိုက်သည် ဆိုသည့်သတင်းသည်  ပျံ့နှံ့လာသည်။ ဝေဖန်မှုများရှိသကဲ့သို့ အားပေးသူများလဲရှိသည်။  စေ့စပ်လိုက်သည်သူမှာ မည်သူလဲဆိုသည့် မေးသည့် သူများလဲရှိသည်။  သိချင်စိတ်ရှိနေကြသော်လည်း ဝီလျှံရှိန်းက စိုင်းစဝ်၏ ဆန္ဒအရ စိုင်းစပ်နောက်ကျောကိုသည်ဖော်ပြပေးထားသည်။  ဝီလျှံရှိန်းနှင့် dateလုပ်ချိန်က ပုံများပေါ်လာသော်လည်း ပုံတွင် စိုင်းစဝ်၏ မျက်နှာကို‌ သေချာမမြင်ရပေ။နှစ်ယောက်ကို တွေ့ဖူးသည့်သူတစ်ချို့ကတော့ 'ဝီလျှံရှိန်းရဲ့ ကောင်လေးက အရမ်းချစ်ဖို့ကောင်းတယ်'ဆိုကာပြောနေသူများလဲရှိသည်။ 

စိုင်းစဝ်တို့ စေ့စပ်ပြီး တစ်ပတ်အကြာတွင် ကျောင်းများပြန်ဖွင့်ပြီဖြစ်သည်။ စည်းကမ်းတင်းကြပ်သည့်ကျောင်းဖြစ်သည်ဖြစ်၍ စိုင်းစဝ်တို့၏ အကြောင်းက ပြင်ပသို့ ထွက်မသွားလေ။ ပထမဆုံးကျောင်းတတ်ရက်မှာပင် ဝီလျှံရှိန်းမှ စိုင်းစဝ်၏ လက်ကို တွဲကာ သွားခဲ့သည်"

"အရမ်းလိုက်တယ် ဝီလျှံရှိန်း ၊ ဖိုက်တင်းနော် စိုင်းစဝ်"

နှင်းပိုးကုဋေမှ စိုင်းစဝ်တို့အားပြောသွားသည်။ 

"မင်းရဲ့ ရည်စားဟောင်းက အရမ်းသဘောကောင်းတယ်နော်"

"ဟာအချစ်  သူက ကိုယ့်အစ်မကောင်မလေးလေ ကိုယ်နဲ့မဆိုင်ပါဘူး"

"ငါသိပါတယ် ဒီတိုင်းလေးပြောတာကို အဲ့တုန်းက ငါ့မှာ ငါသေပြီလို့တောင်ထင်တာ"

"ဟီး ကိုယ်တမင်လုပ်တာမဟုတ်ပါဘူး သူအဲ့လိုပြောတော့ ကိုယ်လဲလန့်သွားတာ"

'ဝီလျှံရှိန်း စိုင်းစဝ်အား တွဲကြမည်ဟု ပြောသည့်နေ့က နှင်းပိုးကုဋေက တမင် ဝီလျှံရှိန်းအား  ကူညီပေးလိုက်ဖြစ်းဖြစ်သည်။ စိုင်းစဝ်တို့ နှစ်တွဲ dateကျစဉ်က စိုင်းစဝ်က အစ်မပိုးနွေကို ပြောပြလိုက်သည်ဖြစ်၍ နှင်းပိုးက ရှင်းပြလာသည်။ ကျောင်းမှာလဲ အတူတွဲနေကြသည်ဖြစ်၍ အတွဲဟု ထင်ကြသည်ဖြစ်၍ ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်ဟု ရှင်းပြလေသည်။ 

စိုင်းစဝ်တို့ စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် အားလုံးက စိုင်းစဝ်တို့ကိုသာ ကြည့်နေကြသည်။ သူရက အရင်ဝီလျှံရှိန်းထိုင်သည့်နေရာသို့ပြောင်းထိုင်သွားသည်။ဝီလျှံရှိန်းကတော့ စိုင်းစဝ်၏ ဘေးက သူရနေရာတွင်ထိုင်လိုက်သည်။

"သူရကို အားနာစရာကြီး ဝီလျှံရှိန်း"

"ဘာမှ အားမနာနဲ့ စိုင်းစဝ် ငါက အဆင်ပြေတယ် မင်းနောက်တစ်ခါ ရူးကြောင်ကြောင်တွေထမလုပ်နဲ့ အခုလိုလေးနေစမ်းပါ"

သူရက စိုင်းစဝ် ဝီလျှံရှိန်း အနားက ထွက်သွားသည့်အကြောင်းကို ယခုအချိန်ထိ ပြော၍ မပြီးတော့ပေ။ သူရပြောသည်အခါတိုင်း ဝီလျှံရှိန်းက အပြောခံလိုက်ပါအုံးဆိုသည့် အကြည့်ဖြင့်ကြည့်တတ်သည်။ 

"မင်းကလဲ ငါနောက်တစ်ခါ ဘယ်တော့မှာ မလုပ်တော့ဘူးလို့ ပြောပြီးပြီလဲ"

"မင်းလုပ်ချင်လဲမရတော့ပါဘူး မင်းပုံမပါပေမယ့် မင်းတို့ စေ့စပ်တာ လူတိုင်းသိနေတာဘဲ ဒီတစ်ခါ မင်းပြေးချင်ရင်တောင် ပြေးလို့မရဘူး"

"ငါသိပါတယ်နော် မင်းက ငါသူငယ်ချင်းလား ဝီလျှံရှိန်း သူငယ်ချင်းလားကို မသိဘူး"

"ငါက မှန်တဲ့ဘက်ကပါတာ "

ဝီလျှံရှိန်း စိုင်းစဝ်၏ လက်ကို စားပွဲအောက်တွင် ကိုင်ထားလေသည်။ စိုင်းစဝ်၏ မျက်နှာလေးကို ကြည့်နေလိုက်သည်။  

"အချစ်ရဲ့ လက်က ကိုယ်လက်နဲ့ ကွက်တိဝင်နေတာဖြစ်လို့ အချစ်နဲ့ကိုယ်နဲ့က ဖူးစာဖက်တွေဘဲ မနေ့ကထက်ပိုချစ်တယ်အချစ်"

SEE YOU SOON 🔜🔜🔜


Alison_Ahsaw
9/1/2024







(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤











Part(38)









































































*******




















SEE YOU SOON 🔜🔜🔜


Alison_Ahsaw
9/1/2024

Continue Reading

You'll Also Like

249K 9.8K 37
၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့...
654 70 15
"ဘယ်လောက်လဲ" "ဘာ!.." "ကျုပ်က ဆန္ဒတွေကိုလိုက်ဖြည့်ဆည်းပေးနေတဲ့သူပါ ခင်ဗျားကိုဘယ်လောက်ငှားရမလဲ " "......." ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်က...
4.5M 284K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
48.3K 2.1K 37
သူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။