Find Love Because Of you (Com...

By Pyoe_Ou_Yim

138K 3.9K 10

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(37)Uni+Zaw

2.5K 65 0
By Pyoe_Ou_Yim

Part(37)

စိုင်းစဝ်အခန်းသို့ အမြန်တက်လာခဲ့သည်။ လမ်းတစ်လျှောကတွင် သွေးစက်လေးများတွေ့နေရသည်ဖြစ်၍ ဝီလျှံရှိန်း ရှိနေမည်မှာ သေချာသွားသည်။ စိုင်းစဝ် အခန်းတံခါးရှေ့တွင် စိတ်ကို ငြိမ်အောင်ထားကာ အခန်းထဲသို့ ဝင်လိုက်သည်။  နံရံကိုကျော မှီကာ ထိုင်နေသည့် ဝီလျှံရှိန်းအားတွေ့ လုက်ရသည်။ ဗိုက်တွင် ဒဏ်ရာရှိနေကာ မျက်နှာတွင်လည်း ဒဏ်ရာရှိသည်။ နှုတ်ခမ်းတွေဖြူနေသော ဝီလျှံရှိန်းကို တွေ့လိုက်ရသည်။ 

ဝီလျှံရှိန်း မျက်လုံးပင် မဖွင့်ချင်တော့သော်လည်း အခန်းထဲသို့ တစ်ယောက်ယောက်ဝင်လာသည့် အသံကြား၍ မော့ကြည့်လိုက်သည်။   ကိုယ့် အချစ်ကလေးက ကိုယ့်ဆီကို ပြန်လာနေတာဘဲ ကိုယ်အထင်မှားနေတာ အမြင်မှားနေတာဆိုရင်တောင် ကျေနပ်ပါတယ် ။

"အ...ချစ် အချစ်ကိုယ့်ဆီ ပြန်လာပြီ"

" အွန်း ငါပြန်လာပြီမို့ ဆေးရုံသွားကြမယ်ဝီလျှံရှိန်း ဘာလို့ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင် လုပ်ရတာလဲ"

"ကိုယ့်ရဲ့ အချစ် ကိုယ့်ဆီကို ပြန်လာခဲ့ပြီ"

ဝီလျှံရှိန်း အချစ်ကိုယ်ကို ဆွဲဖက်ထားလိုက်သည်။ 

စိုင်းစဝ် ဝီလျှံရှိန်း ဖက်လိုက်၍ လန့်သွားသော်လည်း အချိန်အတော်ကြာသည်အထိ တုန့်ပြန်မှုမရှိသည်ဖြစ်၍ စိုင်းစဝ် လန့်သွားသည်။

"ဝီလျှံရှိန်း..ဝီလျှံရှိန်း"

"ဒုန်း "

စိုင်းစဝ် အသံကြားသည်ဖြစ်၍ လှည့်ကြည့်လိုက်သည်။ ဝီလျှံရှိန်း၏ အစ်မက အခန်းထဲသို့ ဝင်လာသည်။

"ကလေးလေး လန့်သွားတယ်မလား အစ်မကို ကူပေးပါအုံး ဆေးရုံအမြန်ခေါ်သွားရအောင်"

"ဟုတ်ကဲ့ အစ်မ"

အစ်မက ဆေးရုံကားကို တစ်ခါထဲခေါ်လာသည်ဖြစ်၍ အဆင်ပြေသွားသည်။ဝီလျှံရှိန်းကို ဆေးရုံကားနှင့် ခေါ်သွားလေသည်။ စိုင်းစဝ် ဝီလျှံရှိန်း၏ အနောက်သို့ လိုက်ချင်သော်လည်း ကိုယ်က ထွက်သွားပြီးမှ ပြန်လာတဲ့သူ ဖြစ်သည့်အပြင် ကိုယ့်ကြောင့် ဝီလျှံရှိန်း ဒဏ်ရာ ရသွားသည်လားပင်မသိပါ။ ထို့ကြောင့် အိမ်ထဲသို့ ပြန်ဝင်လိုက်သော်လည်း

"ကလေးလေး အစ်မနဲ့ လိုက်ခဲ့ချင်တယ်မလား"

"ဟို ဟုတ်ကဲ့ ဒါပေမဲ့.."

"လိုက်ခဲ့နော် မောင်လေးကလဲ ကလေးကိုဘဲ အနားမှာ ရှိစေချင်မှာ ကျန်တာ စိတ်ထဲမထားနဲ့ မောင်လေးကို ချစတယ်မလား "

စိုင်းစဝ်ခေါင်းငြိမ့်ပြလိုက်သည်။ ငိုထားသည်ဖြစ်၍ စိုင်းစဝ် မျက်လုံး နီရဲနေသည်မှာ သေချာပါသည်။

"လာ အစ်မနဲ့ လိုက်ခဲ့နော်"

စိုင်းစဝ် အစ်မနှင့် လိုက်လာလိုက်သည်။ ဆေးရုံရှေ့တွင် မီဒီယာ သမားများနှင့် ရှုတ်နေလေသည်။ W ဆက်ခံသူဒဏ်ရာ ရသည့်အကြောင်းက ပြန့်နေကြသည်ဖြစ်၍ လာစောင့်နေကြဟန်တူသည်။ ဝီလျှံရှိန်းက  ခွဲခန်းဝင်သွားရသည်ဖြစ်၍ စိုင်းစဝ် ခွဲခန်းဘက်သို့ သွားလိုက်သည်။ ခွဲခန်းရှေ့တွင် ထိုင်နေသည့် အန်တီအား တွေ့လိုက်ရသည်။ စိုင်းစဝ် ဝင်လာတော့ အန်တီက ကြည့်လာခဲ့သည်။

"လာ သားထိုင် ဒီနားကိုလာခဲ့"

"ဟုတ်ကဲ့"

စိုင်းစဝ် အန်တီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ အန်တီက စိုင်းစဝ်၏ လက်အား ကိုင်လာခဲ့သည်။ မည်သူ၏ လက်က ပိုအေးနေသည်မသိသော်လည်း အေးစက်မှုကို ခံစားလိုက်ရသည်။ စိုင်းစဝ်၏ လက်ကို ကိုင်ကာ ဝီလျှံရှိန်း၏ အမေကို ငိုကာပြောလာသည်။

"အန်တီသားလေး အခုလို ဖြစ်သွားမယ်ဆိုတာာ အန်တီသိခဲ့ရင် ဆေးသွားမစစ်ခဲ့ဘူး ၊ သားရဲ့ အကြောင်းကို ဒီထပ်ပို လေ့လာပြီး သားရဲ့ ဆန္ဒတွေအားလုံးကို လုပ်ပေးခဲ့မှာ "

"အန်တီ မငိုပါနဲ့တော့ ၊ ဝီလျှံရှိန်းက အန်တီငိုနေတာကို သိရင် စိတ်ချမ်းသာမှာ မဟုတ်ဘူး  ကျွန်တော်တို့ သူ့ကို ယုံကြည်ပြီး စောင့်နေကြရအောင်"

"အန်တီသားအနားက ထွက်မသွားပါနဲ့တော့နော် ဘာတွေဘဲ ဖြစ်လာဖြစ်လာ အန်တီသားအနားမှာဘဲ နေပေးပါ"

"စိတ်ချပါအန်တီ ကျွန်တော် ဘယ်သူတွေဘာပြောပြော သူ့အနားက ထွက်မသွားတော့ပါဘူး"

စိုင်းစဝ် နှင့် အန်တီ စကားပြောနေချိန် အန်ကယ်ရောက်လာခဲ့သည်။ 

"ဟို ..ကျွန်တော်"

"ဒီမှာဘဲ နေလိုက်ပါ သူ့အနားမှာ ရှိနေပေးလိုက်ပါ သူလိုချင်နေတာက မင်းသူ့အနားမှာ ရှိနေပေးတာ ဖြစ်မှာပါ"

"ခွင့်ပြုပေးလို့ကျေးဇူးတင်ပါတယ် အန်ကယ်"

'ဝီလျှံရှိန်း မင်းကောင်းကောင်းလေးကျော်ဖြတ်လာခဲ့နော် ငါမင်းကို စောင့်နေတယ်နော်'

 အချိန်အနည်းငယ်အကြာတွင် ခွဲခန်းတံခါး ပွင့်လာခဲ့သည်။ 

"လူနာက သွေးထွက်လွန်နေပေမယ့် အချိန်မှီသွားတာကို ကျေးဇူးတင်ရမယ် ဒီထက်နောက်ကျရင် မရနိုင်တော့ဘူး မကြာခင်သတိရလာပါလိမ့်မယ် အားလုံးအဆင်ပြေသွားပါပြီ"

"ကျေးဇူးတင်ပါတယ်  ၊ ကျေးဇူးအများကြီးတင်ပါတယ်"

စိုင်းစဝ် ဆရာဝန်ကြီးတို့ ထွက်သွားတိုင် ဆရာတို့အားကျေးဇူးတင်နေမိသည်။ ကျေးဇူးတင်တယ် ဝီလျှံရှိန်း ငါ့ဆီကို ပြန်လာပေးလို့ ၊ ငါ့ကိုထားမသွားလို့ ကျေးဇူးတင်ပါတယ်။

စိုင်းစဝ် ဝီလျှံရှိန်းကို ထားထားသည့် အခန်းထဲသို့ လိုက်လာခဲ့သည်။ အန်တီက ကျန်းမာ‌ရေး မကောင်းသည့်သူဖြစ်၍ အန်ကယ်က ခနသာနေခိုင်းကာ အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။ သူနာပြုငှားမည်ဟု အန်ကယ်က ပြောသော်လည်း စိုင်းစဝ်ကိုယ်တိုင်သာ လုပ်ပေးချင်သည်ဖြစ်၍ စိုင်းစဝ် ဝီလျှံရှိန်း၏ အနားတွင် နေရန် ပြောထားလိုက်သည်။ 

နောက်တစ်နေ့ရောက်သည်အထိ ဝီလျှံရှိန်း သတိရမလာသေးပေ။ ဆရာတွေက ဒီရက်ပိုင်း ပင်ပန်းကာ အအိပ်အစားမမှန်ဘဲ ဖြစ်နေသည်မို့ ခန္ဓာကိုယ်က အနားယူနေသည်ဟု ဆိုသည်။  စိုင်းစဝ် ညနေစာစားကာ ဝီလျှံရှိန်းအား ရေပတ်တိုက်ပေးထားလိုက်သည်။ စိုင်းစဝ် ဝီလျှံရှိန်း၏ လက်အားကိုင်ထားလိုက်သည်။ 

"ဝီလျှံရှိန်း မြန်မြန်သတိရလာပါတော့ မင်းကို အခုလို မြင်နေရတာကို ငါတကယ်မကြိုက်ဘူး ဝီလျှံရှိန်း၊ ငါ့ကို ချစ်တယ်ဆို ၊ မင်းကို ထားသွားတဲ့အတွက် ငါ့ကို ဆူပါအုံး ၊ ဝီလျှံရှိန်း ငါက စကားပြောရင် ငါ့ကို မင်းကပြန်ပြောပေးမှပေါ့"

"အင်း..."

စိုင်းစဝ် မျက်ရည်များကို သုတ်ကာ ဝီလျှံရှိန်းကို မော့ကြည့်လိုက်သည်။ မျက်လုံးပိတ်ကာ ရှိနေသည့်ဝီလျှံရှိန်းကို မြင်လိုက်ရသေည်အခါတွင်

"ငါရူးတော့မယ် ဝီလျှံရှိန်း ငါ့ကို မစပါနဲ့ကွာ ငါနောက်တစ်ခေါ မင်းကို ထားမသွားတော့ပါဘူး ဟင့်.."

"အချစ်...အချစ်မငိုပါနဲ့ ..ကိုယ်...အ"

စိုင်းစဝ် ဝီလျှံရှိန်းကို ကြည့်ကာ မျက်ရည်ပိုကျလာသည်။ 'အင်း' ဆိုသည့်အသံမှာ စိုင်းစဝ်ကြားယောင်လိုက်သည့်အသံမဟုတ်သလို ဝီလျှံရှိန်းမှာအမှန်ပင်သတိရလာခဲ့သည်။

"မင်း မထသေးနဲ့အုံး ဗိုက်မှာ ချုပ်ထားရတာ "

"ကိုယ့်ကို မထစေချင်ရင် အချစ်မငိုနဲ့ ကိုယ်အချစ်ရဲ့ မျက်ရည်တွေကို တကယ်မကြိုက်ဘူး"

"အွန်း ငါမငိုတော့ဘူး ငါ ..."

စိုင်းစဝ် မျက်ရည်များကို သုတ်လိုက်သည်။ ဝီလျှံရှိန်းကို ကြည့်ကာ ပြုံးပြလိုက်သည်။ 

"အချစ်ကိုယ် အချစ်ကို ဖက်ထားချင်တယ်"

""အွန်း ငါကောဘဲ ဒါပေမယ့် မင်းမှာ ဒဏ်ရာတွေနဲ့ ဖက်လို အဆင်ပြေပါ့မလား"

"ရတယ်အချစ် ကိုယ့်ကို ဖတ်ထားပါအုံး"

စိုင်းစဝ် ဝီလျှံရှိန်းကို ဖတ်ထားလိုက်သည်။ စိုင်းစဝ် လွမ်းနေရသည့် ရင်ခွင်လေး နောက်ဘာတွေဘဲ ဖြစ်လာဖြစ်လာ မင်းအနားက ငါ မထွက်သွားတော့ဘူး ဝီလျှံရှိန်း။ 

"ငါတောင်းပန်ပါတယ် ဝီလျှံရှိန်း မင်းဒီလောက်ပြောထားတာကို မင်းအနားက ထွက်သွားမိလို့"

"အချစ်ထွက်သွားတာ ကိုယ့်အတွက်တွေးပြီး ထွက်သွားတာမလား ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ နောက်တစ်ခါဆို ကိုယ့်အတွက်ဘဲ မဟုတ်ဘဲ ကိုယ်တို့ နှစ်ယောက်လုံးအတွက် တွေးပေးနိုင်မလားအချစ် အချစ်အတွက်ကော ကိုယ့်အတွက်ကော နှစ်ယောက်လုံးအတွက်တွေးပေးနော်"

"နောက်တစ်ခါဆိုတာ မရှိစေရဘူး ငါမင်းအနားကနေ ဘယ်မှ မသွားတော့ဘူး မင်းနှင်ထုတ်ခဲ့ရင်တောင် ငါမင်းအနားမှာဘဲ ကပ်နေမှာပါ"

"အဲ့နေ့က ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးအချစ် ကိုယ်က ဘဘ်တော့မှ အချစ်ကို နှင်ထုတ်မှာမဟုတ်ဘူး ချစ်တယ်အချစ်"

"ငါလဲ မင်းကို ချစ်တယ် အခုကစပြီး ငါမင်းကို အမြဲပြောနေတော့မှာ "

"ကျေးဇူးတင်ပါတယ်အချစ် ကိုယ့်အနားကို ပြန်လာပေးလို့"

"ငါ့ကို နားလည်ပေးတဲ့ မင်းကို မနေ့ကထပ်ပိုချစ်တယ် ဝီလျှံရှိန်း"

စိုင်းစဝ် ဝီလျှံရှိန်းကို ဖက်ထားကာ မျက်ရည်ကျမိသည်။

အခန်းရှေ့တွင် စောင့်နေသည့် လူကြီးများ အခန်းတ့ခါးကို ပြန်ပိတ်ပေးကာ ထွက်သွားလိုက်သည်။ အရမ်းချစ်ကြတဲ့ သူနှစ်ယောက်က်ကို သူအပြစ်လုပ်ခဲ့မိတာလဲ ၊ အရမ်းနောက်မကျခဲ့လို့ တော်ပါသေးသည်။ သားမွေးထားတာ သမက်ရတော့လဲ ဘာအရေးလဲ အဓိက က ကိုယ့်ကလေးတွေဘဲမဟုတ်လား။ 

ဆရာဝန်က ပြန်လည်စစ်ဆေးကာ နောက်သုံးရက်နေလျှင် ဆေးရုံဆင်းလို့ရပြီဟုပြောလာသည်။ အန်ကယ်နှင့် အန်တီသည်လည်း ခဏသာလာ၍ ပြန်သွားသည်။ 

ဝီလျှံရှိန်းကတော့ စိုင်းစဝ်၏ မျက်နှာကိုသာ ကြည့်နေလေသည်။ 

"အချစ်ပိန်သွားတယ် မျက်ကွင်းတွေကို ညိုနေတယ် "

စိုင်းစဝ် ကိုယ့်ကို ကြည့်ကာပြောလာသည့် ဝီလျှံရှိန်းကို ကြည့်လိုက်သည်။ ကိုယ့်ကို ပိန်သွားသည်၊ မျက်ကွင်းတွေညိုနေသည်ဟု ပြောသည့် သူသည်လည်း ထိုသို့ ဖြစ်နေသည်ကို မသိလေရော့လား။

"ငါ့ကို မပြောပါနဲ့ မင်းကော အတူတူဘဲလေ ဝီလျှံရှိန်း"

"ကိုယ်က ထားခဲ့ခံရတဲ့သူလေ အချစ် အချစ်က ကိုယ့်အနားက နေနိုင်လို့ ထွက်သွားဖို့ ရွေးချယ်ခဲ့တာမလား ထွက်သွားခဲ့တယ်ဆိုလဲ အဆင်ပြေအောင်နေလေအချစ်"

"မင်း "

စိုင်းစဝ် အသံတိတ်ကာ မျက်ရည်ကျလာသည်။ ကိုယ်ဘယ်လောက် စိတ်ထိန်းက ပုန်းနေရသည်လဲ။ သူ၏ သတင်းကို ကြားသည်နှင့် ထွက်လာချင်သည့်စိတ်က များနေသည်။ 

"အချစ်က အခုလိုဖြစ်နေတော့ နာကျင်ခဲ့ရတဲ့ ကိုယ့်နှလုံးသားလေးက ပိုနာကျင်လာရတယ်"

"ငါ့တောင်းပန်ပါတယ် ဝီလျှံရှိန်း"

"ကိုယ်က ကိုယ့်အချစ်ကို အဆင်ပြေစေချင်တာ အခုလို ဖြစ်စေချင်တာမဟုတ်ဘူးနော်အချစ် ကိုယ်ဘဲနာကျင်နေရလို့ပြောတာမဟုတ်ဘူးအချစ် ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူမှာ ထွက်သွားတဲ့သူကလဲ နာကျင်နေရသလို ကျန်နေခဲ့တဲ့သူကလဲ နာကျင်နေရတယ်ဆိုတာ ကိုယ်နားလည်ပါတယ် ဒါပေမယ့် ထွက်သွားဖို့ ရွေးချယ်တဲ့သူကတော့ ပိုအဆင်ပြေပြေနေသင့်တယ်မလား"

"ငါ့ကို မပြောဘဲ မင်းကကော အကြောင်းပြချက်မရှိထားခဲ့ခံရတာကို အခုလို ကိုယ့်ကိုကိုယ်ပျက်စီးခံမယ့်အစား ငါ့ကို နာကျည်းပြီးမုန်းလိုက်ပါတော့လား မင်းကအရူးလား ဘယ်အချိန်ပြန်လာမယ်မသိတဲ့သူကို အဲ့အတိုင်းစောင့်နေရအောင်"

"ကိုယ်က အရူးလေအချစ်၊ အချစ်ကို ချစ်တဲ့ အချစ်တွေနဲ့ အချစ်ရူး ရူးနေတဲ့သူ ၊ အချစ်ကို နာကျည်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာအချစ်ရယ်၊ အချစ်ထွက်သွားတာ ဘာအကြောင့်ဆိုတာ ကိုယ့်သိနေရတော့ နာကျည်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးအချစ်၊ ကိုယ့်က အချစ် ကိုယ့်ဆီပြန်လာမယ်ဆိုတာ ကိုယ်သိနေခဲ့တယ်"

စိုင်းစဝ် က ဘယ်လိုသိနေတာလဲဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကိုယ့်ကို ချစ်ပါတယ်လို့ တဖွဖွ ပြောသွားတဲ့ အချစ်လေးက ကိုယ့်ဆီကို ပြန်လာခဲ့မှာလေ၊ ကိုယ့်အချစ်လေးပြန်လာတဲ့လမ်းမှာ လမ်းပျောက်နေမှာစိုးတဲ့အတွက် ကိုယ်က ဘယ်မှ မသွားဘဲ အချစ်ကို စောင့်နေခဲ့တာ အချစ်ထားခဲ့တဲ့နေရာလေးမှာဘဲ"

"ငါမင်းကို ချစ်တယ် ဝီလျှံရှိန်း မင်းထင်ထားတာထက်အများကြီးး ပိုချစ်တယ်"

"ကိုယ်သိပါတယ်အချစ် ကိုယ်လဲ အချစ်ကို ချစ်တယ် အချစ်ထက် မလျော့တဲ့အချစ်တွေနဲ့"

ကိုယ့်ဘေးနားမှာ အချစ်ရှိနေပေးဖို့ဘဲ လိုအပ်တာပါ၊ ကျန်တာမလိုအပ်ဘူးအချစ် ကိုယ့်ရဲ့ အရာအားလုံးဟာ အချစ်အပိုင်ပါ၊ စချစ်ခဲ့ရတာက ကိုယ်ပါအချစ် ၊ ဆက်ချစ်သွားမှာကလဲ ကိုယ်ပါ အချစ်ဖြစ်နေသမျှ ကိုယ် အမြဲချစ်သွားမှာပါ

See you Soon 🔜🔜🔜



Alison_Ahsaw
8/1/2024





(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤





Part(37)















































































See you Soon 🔜🔜🔜


Alison_Ahsaw
8/1/2024

Continue Reading

You'll Also Like

402K 7K 51
Written in: 2016- 17 Disowned Cheated Betrayed Percy had nothing to live for, No future, no purpose, no reason to still walk the earth, between life...
10.5K 126 8
အသက်ကွာဟတဲ့ နာမည်ကြီး မင်းသားနှစ်ယောက်၏ တိတ်တခိုး အချစ်ဇာတ်လမ်းလေးအကြောင်း ပါ။အသက်(၁၈)နှစ်မပြည့်ရင် မဖတ်ရ။
61.8K 2.8K 30
(Unicode version ) ထွေထွေးထူးထူးရယ်မဟုတ်ပါဘူးတောသားလေးနဲ့မြို့ကဆရာဝန်လေးတို့ဟာအကြောင်းတစ်ခုကြောင့်လက်ထက်လိုက်ရသောအခါ (Zawgyi version ) ေထြေထြးထူးထူးရ...
733K 73.7K 67
ဆရာသက်ခိုင်ရဲ့ မြေလတ်အညာဒေသက မေတ္တာစာမျက်နှာတွေအကြောင်း... #BL #Boyloves #villages #owncharacters #oc #Myanmar #Magway