( Unicode)
One step closer ..... ♪♪
Christina Perri၏ A thousand years သီချင်းကို နီစွေးရဲ့အသံချိုရှရှလေးနှင့် ပေါင်းစပ်ပြီး နားထောင်ရသည့်အခါ ဘုဏ်းဇေဆီမှာ ချစ်လှစွာသော တစ်စုံတစ်ယောက်ကို သတိရသည့်စိတ်တို့က နင့်နင့်သည်းသည်း ။ မျက်လုံးတွေမှိတ်ထားပြီး မှတ်ဉာဏ်တွေကို အလုပ်ပေးကြည့်တော့ အဆင့်ဆင့်ပြောင်းလဲလာသော ရှင်းသန့်နှင့်သူ၏ပုံရိပ်များက ပိတ်ကားပေါ်မှာ ပြန်ကြည့်နေရသလို ထင်ဟပ်လာသည်။
နောက်ပြီး ရှင်းသန့်တည်သာ မပါရှိလျှင် သူ့ဘဝက အခွံတစ်ခုသာဖြစ်နေလိမ့်မည်ဟုလည်း ခံစားရသည်။ ရှင်းသန့် မရှိသည့် သူ့ဘဝကို စိတ်ကူးနှင့်ပင် တွေးမကြည့်ချင်ပါ ။
ဘုံမြနန်းစံအိမ်၏ လေသာခန်းထဲကနေ အပြင်ကို လှမ်းကြည့်လျှင် နန်းမြို့ရိုး၏ အပြင်ဘက်အနောက်မြောက်ထောင့်မှာရှိသော နန်းမြင့်မျှော်စင်ကြီးကို မြင်ရ၏ ။ သေချာပြုပြင်ထိန်းသိမ်းထားသဖြင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ထိုမျှော်စင်ကြီးက တခမ်းတနား ရှိနေဆဲပင် ။ မျှော်စင်၏ ထိပ်ဆုံးကိုရောက်ဖို့ ခရုခွေလှေကားကနေ ခြေလျင်တက်ကြရသည် ။ သို့သော် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်၍ ယခုအခါမှာတော့ မျှော်စင်ပေါ်သို့ အများပြည်သူ တက်ခွင့်ကို ပိတ်ပင်ထားသည်။
ဘုဏ်းဇေလည်း ဆယ်နှစ်အရွယ်လောက်ကတစ်ခါ ၊ ဆယ့်ငါးနှစ်အရွယ်ကတစ်ခါ နှစ်ခါသာ ခမည်းတော်နှင့်အတူ မျှော်စင်ပေါ်တက်ဖူးသည်။ တစ်မြို့လုံးကို အပေါ်ကနေ စီးမိုးမြင်ရသည့် နေရာများစွာရှိသော်လည်း နန်းမြင့်မျှော်စင်ပေါ်ကနေ ကြည့်ရသည့်အရသာက သူ့အတွက် တစ်မူထူးခြား၏ ။ သူက သည်နိုင်ငံရဲ့ အိမ်ရှေ့မင်းသားအဖြစ် မွေးဖွားလာရသူမို့လားမသိ ။ နိုင်ငံအပေါ် တန်ဖိုးထားချစ်မြတ်နိုးစိတ်က တခြားသူတွေထက်ပိုသည်။ ကမ္ဘာပေါ်က ဘယ်နေရာ ဘယ်လောက်လှလှ ကိုယ့်နိုင်ငံကသာ အလှဆုံးနှင့် နေချင်စရာအကောင်းဆုံးဟုလည်း ခံစားရသူ ။ သည်နန်းမြင့်မျှော်စင်ကိုလည်း ပဲရစ်မြို့က အီဖယ်မျှော်စင်ထက် များစွာပိုခမ်းနားသည်ဟုထင်မိသည် ။
တစ်နေ့မှာ ရှင်းသန့်နှင့်သူ လက်ထပ်ပြီးလျှင် ရှင်းသန့်ကို ပထမဆုံးခေါ်သွားချင်သည့်နေရာကလည်း နန်းမြင့်မျှော်စင်ပေါ်ပဲဖြစ်သည်။ မျှော်စင်၏ထိပ်ဆုံးမှာ သူတို့နှစ်ယောက်၏ မင်္ဂလာဦးအနမ်းကို ပုံဖော်မည်။ ပြီးတော့ ချစ်ရသူနှင့်အတူ ချစ်ရသည့်အမိမြေကို အပေါ်စီးကနေ တစိမ့်စိမ့်ကြည့်မည်။ အတွေးနှင့် ပုံဖော်ကြည့်ရုံဖြင့်ပင် ကြည်နူးရသည်။
သို့သော်လည်း နန်းမြင့်မျှော်စင်၏ ထိပ်ဆုံးကိုရောက်ဖို့ လှေကားထစ်ပေါင်းများစွာကို ကျော်ဖြတ်ရသလို သူ့စိတ်ကူးထဲက နေ့ရက်ကို ရောက်ဖို့လည်း လှေကားထစ်ပေါင်း ဘယ်နှစ်ထစ် ကျော်ဖြတ်ရဦးမလဲ မသိနိုင်ပါ ။ ဘယ်လောက်ပဲဖြစ်ဖြစ် ရှင်းသန့်သာ ဘေးမှာရှိလျှင် ဘယ်ခရီးမဆို အဆုံးထိလျှောက်ဖို့ ဘုဏ်းဇေကတော့ သက်လုံကောင်းပါသည်။
ပစ္စုပ္ပန်မှာတော့ လွမ်းနေရသည်။
စောစောက ရှင်းသန့်ဆီ သူဖုန်းခေါ်ချိန် ရှင်းသန့်ဘက်က ဖုန်းမကိုင်၍ ဖုန်းပြန်အလာကိုပဲ သူ့အနေနှင့် အောင့်အည်းပြီး စောင့်စားနေရ၏။
ထိုစဉ် နီစွေးက သီချင်းဆိုပြီးသွားသဖြင့် ဂီတာကိုဘေးမှာချပြီး မျက်ဝန်းစူးစူးလေးများက ဆိုဖာပေါ် လှဲနေသည့် သူ့ထံ ဝေ့ဝဲကြည့်လာသည်။ လေသာခန်းထဲမှာ ဂီတာတစ်လက်နှင့် သူတို့မောင်နှမ နှစ်ယောက်ပဲ ရှိ၍ စိတ်ထဲရှိသမျှ လွတ်လွတ်လပ်လပ် ပြောဖို့လည်း အခွင့်သာ၏။
" ဘာဖြစ်နေတာလဲ ရုပ်က "
" ငါ့အချစ်ကို လွမ်းလို့ "
" အဲလိုမှ ဖြေပါ့မလားလို့ ၊ ငါလဲ သိရဲ့နဲ့ မေးမိတာ "
" ဟားဟား "
အများအားဖြင့် ဂီတာတီးချင်တိုင်း နီစွေးက သူ့စံအိမ်ပေါ် ရောက်လာတတ်သည်။ မောင်နှမနှစ်ယောက်က ရွယ်တူတွေမို့ တစ်ယောက်နှင့်တစ်ယောက် ကြင်ကြင်နာနာပုံစံ သိပ်မပြတတ်ပေမဲ့ အကြီးတွေထက် အချင်းချင်း ပိုနီးကပ်ကြသည်ဟု ပြောရမည်။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်း သိကြသည်။ အခုလည်း သူ့စကားကြောင့် နှုတ်ခမ်းကိုမဲ့ရွဲ့ပြီး အမှုထမ်းတစ်ယောက်လာပို့ထားသည့် လက်ဖက်သုပ်စားဖို့ ရွယ်နေ၏ ။
" နိုနို့လက်ဖက်သုပ်က ပိုကောင်းမှာနော် "
လက်ဖက်မစားခင် မျက်စောင်းတစ်ချက်က ဘုဏ်းဇေဆီ ဒိုင်းခနဲ ။ နိုနိုလေးခမျာ အခုအချိန်အထိ နီစွေးကို တစ်ဖက်သတ် လိုက်ကပ်နေရဆဲ အခြေအနေ ။
" နိုနို့ကို နင် မသနားဘူးလား "
" ဘာလို့ သနားရမှာလဲ ၊ အဲ့ကလေးမ လူတအားကပ်တာ စိတ်ရှုပ် "
" ချစ်လို့ကပ်တာပေါ့ဟ "
" နင် အောင်သွယ် လာလုပ်မနေနဲ့ "
" နိုးပါ ... နိုနိုက နင့်အချစ်ကိုရဖို့ ငါ့အကူအညီ မယူဘူးလို့ ပြောထားပြီးသား ၊ သူ့ဟာသူပဲ ကြိုးစားမယ်တဲ့ "
နီစွေးမျက်နှာလေးက တွေတွေဝေဝေလေး ဖြစ်သွား၏။ နိုနို့ကို ပြန်မချစ်တာလည်း မဟုတ်ဘဲ ။ တမင်တကာ အချိန်ဆွဲနေသလား ၊ တစ်ခုခု စဉ်းစားစရာများရှိနေသလားတော့ သေချာ မသိပါ။
" ဘုဏ်းဇေ ...အနာဂတ်နဲ့ ပတ်သက်ပြီး နင် ဘယ်လောက်အထိ တွေးထားလဲ "
လက်ဖက်ပန်းကန်ကို စားပွဲပေါ်ပြန်ချပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးသော်လည်း တကယ်တော့ သိပ်ကိုလေးနက်သည့်မေးခွန်း ။
" ဘာလို့ မေးတာလဲ "
" စိတ်ပူလို့ ...နင် သိလား ဘုဏ်းငယ်လေး ၊ အထက်တန်းပြီးတော့ ငါ LA မှာ တက္ကသိုလ်တက်ချင်ခဲ့တာ ၊ ဒါပေမဲ့ အဲဒီစိတ်ကူးကို စွန့်လွှတ်ပြီး ဒီမှာပဲ နေခဲ့တဲ့အကြောင်းအရင်းက တစ်ခုခုဆို နင့်ဘေးမှာ ငါရှိပေးချင်လို့ ၊ နင်နဲ့အတူ ရင်ဆိုင်ပေးချင်လို့ပဲ "
အမြဲတမ်း သူ့စံအိမ်ပေါ် ရောက်လာတတ်ပြီး သူ့ပစ္စည်းတွေကို ထင်သလို ယူသုံးတတ်လွန်း၍ အဘွားဖြစ်သူဆီ အမြဲပြန်တိုင်ခဲ့ရသည့် အစ်မလေးက သည်လိုဆိုတော့လည်း ချစ်စရာကောင်းနေပြန်သည်။ သိမ်သိမ်မွေ့မွေ့ မနေတတ်သည့် မင်းသမီးလေးဆီက တွေ့ရခဲသော နူးညံ့မှုလေးကြောင့် ရင်ထဲမှာ နွေးထွေးသွားရတာအမှန်။
" ငါ့ကိုပဲ စိတ်ပူနေတာလား ၊ နင်ကတော့ရော "
" နင်နဲ့ငါနဲ့ မတူဘူးလေ ၊ နင်က ဒီနိုင်ငံရဲ့ အိမ်ရှေ့စံ ၊ ငါက တော်ဝင်မိသားစုထဲက ရိုးရိုးမင်းသမီးတစ်ပါးပဲ ၊ ငါက မမဒေဝီတောင် မဟုတ်ဘူး ၊ တကယ်လို့များ တစ်ချိန်မှာ နိုနိုနဲ့ငါက လက်တွဲဖြစ်ရင်တောင် ငါ့အကြောင်းက ခုနစ်ရက်ထက် သတင်းပိုမဖြစ်ဘူး ၊ ပြီးတော့ ငါက နင့်လို ဒီနိုင်ငံနဲ့ဒီပြည်သူတွေအပေါ်မှာ ဘာကတိကဝတ်မှ ရှိထားတဲ့သူမဟုတ်ဘူး ၊ ဒီနန်းတော်ထဲမှာလဲ တစ်သက်လုံး နေမသွားနိုင်ဘူး ၊ အဲဒါ အမှန်အတိုင်းပြောတာ ၊ လွတ်လွတ်လပ်လပ်နဲ့ ငါ့စိတ်ကြိုက်နေလို့ရတဲ့ ယူအက်စ်မှာပဲ သွားနေဖြစ်မှာ ၊ ဟိုမှာဆို ငါ မိန်းကလေးချင်း ကြိုက်တဲ့သူဖြစ်နေလဲ ဘယ်သူကမှ အထူးအဆန်းမဖြစ်သလို ဇာချဲ့ပြီး ပြောနေကြမှာမဟုတ်ဘူးလေ "
" ဒီမှာလဲ တဖြည်းဖြည်းနဲ့ ပွင့်လင်းလာကြပါပြီ ၊ LGBTQ အသိုင်းအဝိုင်းကို ထောက်ခံအားပေးတဲ့သူတွေလဲ အများကြီးရှိနေပြီ "
" အဲလိုဆိုရင်တောင် နင်ကတော့ သူတို့နဲ့ တူလို့လား "
ဆိုဖာပေါ် ကျောမှီရင်း သက်ပြင်းလေးလေး ချမိသည်။ ရှင်းသန့်ကို လွမ်းနေပါတယ်ဆို နီစွေးကပါ စိတ်ညစ်စရာတွေ တွေးခိုင်းနေသလိုပင် ။။
" အခုကတည်းက ငါတို့ LA မှာ ပြောင်းနေကြမလား ဘုဏ်းဇေ ၊ တစ်ခုတော့ရှိတယ် ၊ အိမ်ရှေ့စံနေရာကို ကိုလက်ျာနဲ့ ကိုဉာဏ တစ်ယောက်ယောက်ကို နင် လွှဲပေးထားခဲ့ရမယ် ၊ ဒါဆို နင့်အချစ်ရေးကို Public ချပြတဲ့အခါကျရင် အရှုပ်အထွေး နည်းနိုင်တယ် "
စိတ်ပူတာကိုနားလည်ပေမဲ့ နီစွေး ပေးသည့်အကြံက ဘုဏ်းဇေ အတွက်တော့ မဖြစ်နိုင်ပါ ။ သူ့ဆီမှာ နန်းတော်ကနေ သည်လိုမျိုး ထွက်သွားဖို့စိတ်ကူး အရင်ကလည်း မရှိခဲ့သလို နောက်လည်းရှိလာမှာ မဟုတ်ပေ ။
" ခမည်းတော်တို့နဲ့ ပြည်သူတွေက ငါ့ကို မစွန့်လွှတ်သရွေ့ ငါ့ဘက်ကစပြီး ဘယ်တော့မှ မစွန့်ခွာဘူး ၊ ထီးနန်းကို ငါသိပ်ပြီး မက်မောသလားလို့ မေးရင်လဲ ငါကတော့ မက်တယ်လို့ ဖြေရမှာပဲ ၊ ငါက မွေးကတည်းက ဘုရင်တစ်ပါးဖြစ်ဖို့ ပုံသွင်းခံလာရတဲ့သူလေ ၊ ငါ့အိပ်မက်ကလဲ ဒီနိုင်ငံကလူတွေရဲ့ ကောင်းကျိုးကို ကူညီဆောင်ရွက်ပေးနိုင်တဲ့ ဘုရင်ဖြစ်ဖို့ပဲ ၊ အဲဒါနဲ့ပဲ ငါချစ်ရတဲ့သူကိုလဲ လက်လွှတ်မှာတော့ မဟုတ်ဘူး ၊ တစ်နေ့ကျရင် ငါကိုယ်တိုင် ဖွင့်ပြောပြီး မိဘတွေနဲ့ပြည်သူတွေဆီက အဆုံးအဖြတ်ကို ခံယူမယ် ၊ ဆက်ခံသူနေရာက ငါနဲ့ မထိုက်တန်ဘူးလို့ သူတို့သဘောထားရင် ကျေကျေနပ်နပ် ထွက်သွားပေးမယ် "
နီစွေးက ဘာမျှထပ်မတိုက်တွန်းတော့ပေ။သူ့ကို LA ခေါ်ဖို့ စိတ်ကူးကိုလည်း တစ်ပါတည်း ဖျက်လိုက်ပုံရ၏။ စိုးရိမ်စိတ်ကတော့ ကျန်နေလိမ့်ဦးမည်။
" သိပ်စိတ်မပူပါနဲ့ ၊ အနာဂတ်က မဖြစ်သေးတဲ့ကိစ္စတွေကို လောလောဆယ် အများကြီး တွေးမထားချင်ဘူး ၊ ရင်ဆိုင်ရမဲ့အချိန်ရောက်လာရင် အကောင်းဆုံး ရင်ဆိုင်မယ် ၊ ရင်ဆိုင်နိုင်တဲ့အင်အားလဲ ငါ့မှာရှိပါတယ် "
ထို့နောက် ဘုဏ်းဇေ၏ အကြည့်တို့က လေသာခန်းဆီလာသည့် လျှောက်လမ်းပေါ် အမှတ်မထင် ရောက်သွားချိန် ။ မြင်ကွင်းထဲမှာ သူ့ဆီတန်းတန်းမတ်မတ်လာနေသော ပုံရိပ်လေးတစ်ခုကြောင့် နှုတ်ခမ်းထောင့်စွန်းလေးတွေ အလိုအလျောက် ကော့ညွှတ်သွားရသည်။
" ဟိုမှာ ငါ့အင်အားလေး လာနေပြီ "
Converse shoesလေးစီးထားပြီး အဖြူရောင် ပိုလိုရှပ်နှင့် ကာကီရောင်ဘောင်းဘီရှည် တွဲဝတ်ထားသည့်ကောင်လေးက နာမည်နှင့်လိုက်ဖက်စွာ ရှင်းသန့်လို့နေသည်။ ကြည်စင်သောအပြုံးနှင့် သူရှိရာကို တစ်လှမ်းပြီးတစ်လှမ်း နီးကပ်လာတိုင်း သူ့ရင်ထဲမှာလည်း ပျော်ရွှင်ခြင်းပန်းတွေက တစ်ပွင့်ပြီးတစ်ပွင့် ။
" ရှင်း ... မောင့်ကိုလွမ်းလို့ လာတာလား "
" မင်းဖုန်းခေါ်တာသိတယ် ၊ ငါ ကားမောင်းနေလို့ "
အမေးတခြား အဖြေတခြား ဆိုပေမဲ့ ဘုဏ်းဇေအတွက်တော့ သည်အကျင့်လေးကိုကပင် ချစ်စရာဖြစ်နေ၏။ သူတို့နှစ်ယောက်ကိုကြည့်ပြီး နီစွေးက နှာခေါင်းလေးရှုံ့ကာ ထသွားဖို့ပြင်တော့သည်။
" ဘာလဲ ကိုစွေး ... အခုမှ ငါလာတာရှိသေး သွားတော့မလို့လား "
" နင်တို့နှစ်ယောက်နဲ့နေရင် ငါ့ဘဝကြီးက တအားအထီးကျန်လာသလို ခံစားရလို့ "
" ဒါဆိုလဲ နိုနို့ကို လှမ်းခေါ်လိုက်လေ "
" ဟုတ်သားပဲ ငါ ဖုန်းဆက်လိုက်ရမလား "
" ကောင်စုတ်တွေ ....ကောင်စုတ်တွေ "
သူတို့ကို တစ်ချက်စီထုရိုက်ပြီး နီစွေးက ပြန်သွားတော့သည်။
" မေးနေတာ မဖြေသေးဘူးနော် ရှင်း ၊ မောင့်ကိုလွမ်းလို့ လာတာလားလို့ "
" ဟက်ပီးလေးကို သတိရလို့လာတာ "
" တကယ်ဟက်ပီးလေးလား "
" တကယ်လေ ...လာ ဟက်ပီးလေးဆီ သွားမယ် "
ဘုဏ်းဇေကပင် ရှင်းသန့်ခေါ်ရာနောက် ပါသွားရသည်။ အိမ်ရှေ့မင်းသားအဆောင်တော်ပေါ်သို့ တက်လာပြီး အိမ်ရှေ့မင်းသားကို ပိုင်စိုးပိုင်နင်းနှင့် လက်ဆွဲခေါ်သွားပုံက အခုကတည်းက ကြင်ယာတော်တစ်ယောက်နှင့် တူလှ၏။ အောက်ထပ်ဆင်းသည့် လှေကားဆီရောက်ဖို့ ဝရောသောပါး ပြေးကြတော့ အမှုထမ်းအချို့က အလန့်တကြား ဘေးကပ်ပေးကြသည်။ ဆယ်ကျော်သက်အရွယ်ကတည်းက သူတို့လုပ်နေကြအတိုင်း ပြောင်ချောနေသည့် ကျွန်းလက်ရန်းတစ်ဖက်စီကနေ အပြိုင်အဆိုင် လျှောဆင်းကြသည့်အခါ လေးရန်နိုင်က လှေကားခြေရင်းကနေ စိုးရိမ်စွာ ကြည့်နေခဲ့သည်။
" ကလေးတို့နှစ်ယောက် ....သတိထားကြနော် ၊ ဒီကလေးတွေကတော့ ဒီအရွယ်အထိ ဆော့ကြတုံးပဲ "
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မတိုင်ပင်ရဘဲ ပြိုင်တူပြုံးလိုက်မိကြ၏။
" ကျနော်တို့က ကလေးတွေမဟုတ်တော့ပါဘူး လေးရန်နိုင်ရဲ့ "
" ဟုတ်တယ် ၊ ကျနော်တို့ ကလေးမဟုတ်တော့တာ ကျနော်တို့ အသိဆုံး "
ရှင်းသန့်စကားကို ဘုဏ်းဇေကပါ ထောက်ခံပြီး ရယ်ရင်းမောရင်း ပြေးလွှားခဲ့ကြတာ ဟက်ပီးလေးဆီ ရောက်သည်အထိ။ သူတို့ ဘာကြောင့် ရယ်နေခဲ့လဲဆိုတာကိုတော့ တစ်ယောက်မျှ မသိကြပါ ။
သို့သော် ဟက်ပီးလေးကတော့ သူတို့နှစ်ယောက်နှင့်အတူ မြင်းစီးကွင်းထဲမှာ ခုန်ပေါက်မြူးထူးလျက်ရှိသည်။
မြင်းတွေအားလုံးထဲမှာ ဟက်ပီးလေးက မာနအကြီးဆုံးနှင့် ဂုဏ်အမောက်ဆုံးဘွဲ့ရထားသည်။ သူ့သခင် အိမ်ရှေ့မင်းသားကလွဲလျှင် နန်းတော်ထဲက တခြားဘယ်သူ့ကိုမှ ကျောပေါ် အတက်မခံသလို မြင်းအားလုံးကို မြင်းဇောင်းထဲကထုတ်ပြီး အတူထားချိန်မှာလည်း ဟက်ပီးလေးက တခြားမြင်းများနှင့် ခပ်ခွာခွာသွားပြီး သီးသန့်နေလေ့ရှိသည်။ မြင်းထိန်းအမှုထမ်းကိုတောင် သူက သိပ်အကပ် မခံချင် ။
သည်လိုမျိုး အချေကိုယ်တော်က ရံဖန်ရံခါသာ သူ့ဆီရောက်လာတတ်သည့် ရှင်းသန့်ကိုကျ ကျောပေါ် လိုလိုချင်ချင်တင်ပြီး ပြေးလွှားတတ်သည်။ ရှင်းသန့် နန်းတော်ထဲအလည်လာလျှင် ဘုဏ်းဇေလိုမျိုး ဟက်ပီးလေးကပါ ပျော်ရွှင်နေတတ်သည်။ သခင်ဖြစ်သူဆီက ရင်တွင်းစကားတွေကို အမြဲနားထောင်ခဲ့ရသောကြောင့်ထင်သည်။ ဟက်ပီးလေးသည် ဘုဏ်းဇေပြီးလျှင် ရှင်းသန့်ကို အရင်းနှီးဆုံးဖြစ်၏ ။ ရှင်းသန့်သည်လည်း အခုအခါမှာတော့ ဘုဏ်းဇေမပါဘဲ ဟက်ပီးလေးကို တစ်ယောက်တည်း ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်နေပြီ ။
" အား ....ဟေ့ရောင်လေး ....ဟားဟား "
မစေခိုင်းရဘဲ ဟက်ပီးလေးက သူ့ဟာသူ ရှေ့ခြေထောက်နှစ်ချောင်းကို အပေါ်မြှောက်လိုက်သောကြောင့် ရှင်းသန့် ရုတ်တရက်လန့်သွားသော်လည်း ဟက်ပီးလေး၏ကျောပေါ်ကိုမှောက်ပြီး လည်ပင်းကိုဖက်ကာ သဘောကျစွာ ရယ်မိသည်။ ကမ္ဘာပေါ်မှာ သူ့ကို ဘယ်သောအခါမျှ အန္တရာယ်ဖြစ်အောင် လုပ်မည်မဟုတ်သည့်သူတွေထဲ ဟက်ပီးလေးသည်လည်း အပါအဝင်ဖြစ်ကြောင်း ရှင်းသန့်ကောင်းစွာ နားလည်ပြီးသားပင်။
မြင်းစီးကွင်းဘေးမှာရပ်ပြီး ကြည့်နေသည့် ဘုဏ်းဇေအဖို့တော့ သည်မြင်ကွင်းဟာ အဖိုးဖြတ်မရသည့် ပန်းချီကားတစ်ချယ်နှယ် လှပလွန်းပါ၏။
နေအေးစပြုလာပြီမို့ ဆည်းဆာသည်လည်း လိမ္မော်ရောင်ကားချပ်ကို စတင်ဆွဲထုတ်လာချေပြီ။ အိပ်တန်းပျံတက်မည့် ငှက်အချို့က အုပ်စုဖွဲ့ပြီး ကောင်းကင်ယံမှာ လေဟုန်စီးနေကြသည်။ ဘုဏ်းဇေရဲ့အမြင်အာရုံနှင့် အသိဥာဏ်ထဲမှာတော့ မြစိမ်းရောင် မြက်ခင်းပြင်ပေါ်က သူ့အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းနှစ်ခုက စိုးမိုးထားလေသည်။
တစ်နှစ်တည်းမှာပဲ သူ့ဘဝထဲကို မွေးနေ့လက်ဆောင်အဖြစ် ရောက်ရှိလာကြသူနှစ်ဦး ။ တစ်ဦးက အချစ်ဆိုသည့်အရာကို သူ့အား သိရှိနားလည်စေခဲ့သူဖြစ်ပြီး နောက်တစ်ဦးက သူဖွင့်ဆိုခဲ့သည့် အချစ်၏ အဓိပ္ပာယ်များကို ပထမဦးစွာ နားထောင်ခဲ့ရသူဖြစ်သည်။ နှလုံးသားမှာ အခန်းလေးခန်းပါသည်ဆိုလျှင် ဘုဏ်းဇေအတွက်တော့ လေးခန်းစလုံးက ရှင်းသန့်နှင့်ဟက်ပီးလေး၏ ပုံရိပ်များဖြင့် ပြည့်နေလိမ့်မည်သာ။
" ဟက်ပီးလေး ...ကိုကိုရှင်းရှင်းကို မေးလိုက် ၊ ဆိုင်းမဆင့် ဗုံမဆင့် ဒီကို ဘာလို့ ရောက်လာတာလဲလို့ "
" ဟက်ပီးလေးကို လွမ်းလို့ လာတွေ့တာတဲ့လို့ ပြန်ဖြေလိုက် ဟက်ပီးလေး "
ဟက်ပီးလေးက အစာစားရင်း သူ့ကိုအလယ်မှာထားပြီး ဘေးတစ်ဘက်စီကနေ ပြောနေသည့်စကားများကို ဟိုဘက်ငဲ့စောင်းကြည့်လိုက် ဒီဘက်ငဲ့စောင်းကြည့်လိုက်ဖြင့် နားစွင့်နေသည်။ ပြန်မပြောတတ်သော်လည်း သူတို့စကားများကို နားလည်ပုံရ၏။
" ဟက်ပီးလေးရဲ့ သခင်ကိုရော မလွမ်းဘူးလားလို့မေးလိုက် "
" မလွမ်းဘူးတဲ့လို့ပြောလိုက် ဟက်ပီးလေး "
" ရှင်းနော် "
စနောက်ပြီးတောင် သည်လိုအပြောမျိုးကို ဘုဏ်းဇေ မခံနိုင်ပါ။ ဘယ်သူနှင့်ယှဉ်ယှဉ် ရှင်းသန့်စိတ်ထဲမှာ သူ့ကိုသာ နေရာအပေးစေချင်ဆုံးဖြစ်သည်။ ရှင်းသန့်ကတော့ သူ့နဖူးကိုလှမ်းတောက်ပြီး ရယ်နေ၏။ နောက်ပြီး ဟက်ပီးလေးကိုလည်း တရွှတ်ရွှတ်နှင့် နမ်းနေသည်မှာ ဘုဏ်းဇေပင် မနာလိုဖြစ်လာရသည်အထိ ။
ဟက်ပီးလေးကို မြင်းဇောင်းထဲ ပြန်ပို့ပြီး စံအိမ်ဆီပြန်လာချိန်မှာတော့ မိုးလည်း တော်တော်ချုပ်နေပြီ။ ရှင်းသန့်က အိပ်ခန်းဆီ အရင်သွားပြီး ဘုဏ်းဇေကတော့ ညစာကို သည်အဆောင်မှာပဲ နှစ်ယောက်စာ ပြင်ထားပေးဖို့ လေးရန်နိုင်ကို မှာကြားနေရသေးသည်။
ထို့နောက် ဘုဏ်းဇေ အခန်းထဲရောက်သည့်အခါ အိပ်ရာပေါ်မှာလှဲရင်း စာအုပ်တစ်အုပ်နှင့်ငြိမ့်ဖို့ ပြင်နေသူကြောင့် စာအုပ်ကို ဆွဲယူပြီး ဘေးကစားပွဲပေါ် တင်ပစ်လိုက်သည်။ နောက်ပြီး ရှင်းသန့်ကိုယ်ပေါ်မှောက်ကာ လက်တစ်ဖက်က ခါးကို တင်းနေအောင် ဖက်ထားပြီး ရင်ဘတ်ပေါ်မှာလည်း ခေါင်းတင်၍ သူ့ရင်ကို အေးချမ်းစေသည့်မျက်နှာလေးအား တဝကြီး ကြည့်နေမိသည်။ သူလုပ်သမျှကို ဘာမျှမပြောဘဲ သည်တိုင်းငြိမ်နေသူက သူ့ဆံပင်တွေထဲ လက်ချောင်းတွေထိုးထည့်ပြီး ဦးခေါင်းကို အသာဖိနှိပ်ပေးလာ၏ ။
" ရှင်း ...ဒီည ဒီမှာပဲ အိပ်မှာမို့လား "
" ဟင့်အင်း ...ခဏနေရင် ပြန်မှာ "
" မရပါဘူး ၊ မောင် ခေါ်တာမဟုတ်ဘဲ မင်းသဘောနဲ့မင်း မောင့်ပိုင်နက်ထဲ ရောက်လာတာ ၊ မောင်ခွင့်မပြုဘဲ ပြန်ထွက်လို့မရဘူး ၊ ဒါ အမိန့်ပဲ "
ထိုအခါ ' အမိန့်ဟူသမျှ ဆန့်ကျင်ကြ ' ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားသူက သူ့ခေါင်းအား နှိပ်ပေးနေတာပါ ရပ်သွားသည်။
" နေစေချင်ရင် မင်းစကားကို ပြန်ပြင်ပြောလိုက် "
" ကိုကိုရှင်းရှင်းလေး ... ဒီည ဒီက အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်မှာပဲ ကျနော်မျိုးနဲ့အတူတူ အိပ်စက် အနားယူပြီး နောက်တစ်နေ့ရဲ့အရုဏ်ဦးကို အနမ်းဦးနဲ့ ကြိုဆိုကြရအောင်ပါခင်ဗျာ "
သည်လိုကျတော့လည်း သူ့မျက်နှာကို လက်ဖဝါးနှင့်အုပ်ပြီး အရှက်ပြေရယ်နေပြန်၏ ။ ခဏနေမှ သူ့ပါးကို လက်မလေးနှင့်ပွတ်ကာ ပြန်စကားစလာသည်။
" ဒါနဲ့ မေးစရာရှိတယ် "
" အွန်း ...မေးလေ "
" ဟက်ပီးလေးက မင်းမရှိတဲ့နေ့ဆို အစားကောင်းကောင်း မစားဘူးမလား "
" အင်း ...ခရီးသွားမယ်ဆိုရင်တော့ သေချာပြောထားခဲ့ရင် နားလည်ပါတယ် "
" ဒါဆို မင်းစစ်မှုထမ်းတဲ့အချိန်ကျရင် ဟက်ပီးလေးကို ဘယ်လိုလုပ်မလဲ "
ဘုဏ်းဇေ ခေါင်းထောင်ကြည့်တော့ ရှင်းသန့်က ရင်ဘတ်ပေါ် ပြန်ဆွဲကပ်ထားသည် ။ သူ စစ်မှုထမ်းရမည့်အကြောင်း မပြောပြရသေးတာကို စိတ်ဆိုးပုံတော့ မရပါ။
" မောင် စစ်မှုထမ်းရမယ်ဆိုတာ ဘယ်လိုသိတာလဲ "
" ဖေဖေတို့ဆီက ပြောသံကြားတာ "
တကယ်လည်း သီဟစကားနဲ့တင်မဟုတ်ဘဲ ရှင်းသန့် သူ့အဖေကို ထပ်ပြီး မေးကြည့်ခဲ့ရာ အိမ်ရှေ့မင်းသားအားလုံး စစ်မှုထမ်းရသည့် အစဉ်အလာရှိကြောင်း သိခဲ့ရသည်။ သည်အကြောင်းကို သူသိနေခဲ့တာ တစ်လနီးပါး ရှိပြီဖြစ်သော်လည်း ဘုဏ်းဇေကို အခုမှ ပြောဖြစ်ခြင်းပင် ။ သည်ကြားထဲမှာတော့ ဘုဏ်းဇေ စစ်မှုထမ်းသည့်အချိန်တွေကို သူ ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာကိုသာ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်နေခဲ့၏။
" မောင်က ကျောင်းပြီးခါနီးမှ ပြောမလို့ပါ ၊ သိပ်လဲ အရေးမကြီးတဲ့... "
" သုံးနှစ်ကြီး မင်းစစ်မှုထမ်းရမဲ့ ကိစ္စက အရေးမကြီးဘူးလား "
" အဲလိုတော့လဲ မဟုတ်ပါဘူး ၊ တကယ်တော့ မောင်ကအဲဒီအကြောင်း တွေးလဲမတွေးချင် ၊ ပြောလဲ မပြောချင်သေးတာ ၊ မင်းနဲ့ သုံးနှစ်ကြီးခွဲရမဲ့အကြောင်း တွေးမိရင် အခုကတည်းက နေမထိထိုင်မသာ ဖြစ်ဖြစ်လာတယ် ၊ အဲဒါမို့ပါ ၊ မင်းကို တမင်တကာ လျှို့ဝှက်ထားတာမျိုးတော့ မဟုတ်ပါဘူး ၊ အခုအချိန် မသိသေးလဲ ရသေးတယ်ဆိုပြီး မပြောသေးတာ၊ နော် ...ရှင်း ၊ မောင့်ကို စိတ်မဆိုးဘူးမလား "
" နည်းနည်းတော့ စိတ်ဆိုးတယ် ၊ မင်း ငါအိပ်ပျော်နေတဲ့အချိန် ဖုန်းဆက်ပြီး နှောင့်ယှက်တဲ့အခါ ၊ ငါ ပြောတဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းကို စိတ်မဝင်စားတဲ့အခါ စိတ်ဆိုးသလိုမျိုး နည်းနည်းလေးပေါ့ "
" အဟင်း ...ဒါဆိုလဲ မောင့်ကို ဆူလေ ၊ ထိုးချင်ရင်လဲ ထိုးနော် "
ခွေးပေါက်လေးလို သူ့ရင်ဘတ်ပေါ် ခေါင်းနှင့်ပွတ်သပ်ပြီး ပြောနေသူကို ဆူဖို့ထိုးဖို့အထိ ရှင်းသန့် အသည်းမမာနိုင်ပါ ။ တကယ်တော့ သူလည်း ဘုဏ်းဇေပြောသလို ထိုအကြောင်းကို သိရကတည်းက အချိန်အကြာကြီး ခွဲရမှာတွေးမိရင် နေလို့မကောင်းချင်တော့။
" ခုနကမေးတာ ဖြေဦးလေ ၊ ဟက်ပီးလေးကို ဘယ်လိုလုပ်မှာလဲလို့ "
" ချွင်းချက်အနေနဲ့ ကာကွယ်ရေးဝန်ကြီးကို ခွင့်တောင်းပြီး ခေါ်သွားမယ် "
" ဒါဆို ငါ့ကိုလဲ ခေါ်သွား "
" ဟင်! "
သည်တစ်ခါတော့ ဘုဏ်းဇေက ခေါင်းထောင်ကြည့်ရုံတင်မဟုတ်ဘဲ ထပါထိုင်သည်။
" ငါလဲ မင်းနဲ့အတူ စစ်မှုထမ်းမယ် "
စဉ်းစားကြည့်သမျှ သူတို့ အကြာကြီး မခွဲရဖို့က သည်နည်းလမ်းတစ်ခုသာ တွေ့သည်။ ထို့ကြောင့် တစ်သက်နှင့်တစ်ကိုယ် စိတ်ကူးမကြည့်ခဲ့ဖူးသောအရာကိုလုပ်ဖို့ ရှင်းသန့် ဆုံးဖြတ်လိုက်ခြင်းပင် ။
" မဟုတ်တာ ၊ ဘယ့်နှယ် မင်းက စစ်မှုထမ်းရမယ်လို့ ရှင်းရယ် "
ဘုဏ်းဇေ ပြောရင်းနှင့် ရှင်းသန့်ရဲ့ လက်ကလေးတွေကို ထွေးဆုပ်ပြီး မြတ်မြတ်နိုးနိုး နမ်းရှိုက်မိသည် ။ အနုပညာမှော် သက်ဝင်နေသည့် သူ သိပ်တန်ဖိုးထားရသော လက်ချောင်းလေးတွေ။ သည်လက်ကလေးတွေက လူတွေရဲ့အသက်ကို အန္တရာယ်ရှိစေနိုင်သည့် လက်နက်မျိုး ကိုင်ဆောင်ရမှာကို ဘုဏ်းဇေ ကြည့်မနေနိုင်ပါ ။ သူနှင့်အတူ ရှင်းသန့် တစ်ခါတရံ ဓါးရေးကျင့်တာမျိုးကိုလည်း အပျော်အနေနှင့်သာ သင်ပေးဖူးခြင်းဖြစ်၏ ။
" မင်းဟာမင်း ဝါသနာပါတဲ့အရာတွေကို ဖန်တီးနေပါ ရှင်းရယ် ၊ မင်းလက်လေးတွေက သေနတ်ကိုင်ဖို့ မဟုတ်ပါဘူး "
" ငါ့လက်နဲ့ မင်းလက်နဲ့ အတူတူပဲ ၊ ဘာများကွာနေလို့လဲ "
ရှင်းသန့်က သူ့လက်ကို ဆွဲကာ လက်ဖဝါးချင်းကပ်ပြီး အရွယ်အစား တိုင်းနေသေးသည်။
" မင်းလက်က နည်းနည်းလေးပဲ ပိုကြီးတာပါ ၊ သိတောင် မသိသာပါဘူး "
" ဒါပေမဲ့ မောင့်လက်က သေနတ်တွေ ၊ ဓါးတွေနဲ့ အသားကျနေပြီးသားလေ ရှင်းရဲ့ "
" ငါလဲ လေ့ကျင့်တာများရင် အသားကျသွားမှာပဲ ၊ မင်းလဲ မွေးရာပါ သေနတ်ပစ်တတ်တာမှ မဟုတ်တာ "
" ဘာနေနေ မင်းကိုတော့ မောင်ခွင့်မပြုဘူး ၊ ပြီးရင် လေ့ကျင့်ရေးဆင်းရတာတွေက တအားပင်ပန်းတယ် "
" ငါ အဲ့လောက် မပျော့ညံ့ဘူး "
စစ်မှုထမ်းဖို့ သူ့ထက်တောင် စိတ်အားထက်သန်နေပုံရသူကို ဘုဏ်းဇေ ခပ်ညစ်ညစ်ပြုံးကြည့်ပြီး မျက်နှာကို ရှေ့သို့တိုးကပ်ကာ
" မောင်သိပါတယ် ၊ မောင့်ရှင်းသန့်လေးက အမာစားလေးဆိုတာ "
သူ့အပြောကြောင့် ပုခုံးတစ်ဖက်ဆီ လက်သီးတစ်ချက်က ဝေ့ခနဲ တက်လာ၏။
" အာ့ ! "
" စကား အကောင်းပြောနေတာကို ... မင်း"
" စတာပါကွာ ...ဒါပေမဲ့ မောင့်ကြောင့် မင်း လိုက်ပြီး စစ်မှုထမ်းဖို့ မလိုပါဘူး ၊ ပြီးတော့ ကာကွယ်ရေးတပ်က စည်းကမ်း တအားတင်းကျပ်ပြီး ဘယ်သူ့ကိုမှ ခွဲခြားပြီး ဦးစားပေးဆက်ဆံတာမျိုးလဲ မရှိဘူး ၊ နောက်ပြီး မောင်က အိမ်ရှေ့မင်းသားမို့ ထုံးစံအရ သုံးနှစ် စစ်မှုထမ်းရပေမဲ့ မင်းဆိုရင် သုံးနှစ်တည်းနဲ့ တပ်ထဲက ပြန်နှုတ်ထွက်ဖို့လဲ မလွယ်ဘူးလေ ၊ မင်း စစ်မှုလိုက်ထမ်းလဲ ဟိုထဲမှာ မောင်တို့ အတူနေရမှာမှ မဟုတ်တာ ရှင်းရဲ့ ၊ တစ်ယောက် တစ်နေရာစီပဲဆိုမှတော့ ဘာထူးမှာလဲ "
" အတူတူတစ်နေရာတည်းကျအောင် မင်းခမည်းတော်ကို ပြောခိုင်းလိုက်ပေါ့ ၊ ဒါမှမဟုတ် ငါ့အဖေကို အကူအညီတောင်းလဲ ဒီလောက်ကတော့ ရပါတယ် "
အာဏာပါဝါတွေ သုံးရတာ မကြိုက်ဘဲ ရိုးရိုးရှင်းရှင်း နေရတာကို နှစ်သက်သူက အခုတော့ သူနှင့် မဝေးချင်ရုံဖြင့် တစ်သက်လုံး သဘောမကျခဲ့သည့်အရာတွေကိုပါသုံးဖို့ စိတ်ကူးနေပုံရသည် ။ ချစ်ရသူဆီမှာ သူနှင့် အကြာကြီး မခွဲချင်တာကို သိရသဖြင့် ဘုဏ်းဇေ ကြည်နူးရ၏။ သည်လိုစိတ်ကူးရှိမှန်း မြင်တွေ့ရရုံနှင့်ပဲ ကျေနပ်ပါသည်။ လက်တွေ့စစ်မှုထမ်းဖို့ကိုတော့ ဘယ်နည်းနှင့်မျှ သူ သဘောမတူနိုင်ပါ ။
" သုံးနှစ်စလုံး မောင်တို့ မတွေ့ရမှာ မဟုတ်ပါဘူး ရှင်းရဲ့ ၊ ပိတ်ရက်တွေရရင် မောင် မင်းဆီလာလို့ ရပါတယ် ၊ မင်းလဲ လာလည်လို့ရတဲ့အခါတွေ ရှိမှာပါ ၊ နောက်ပြီး မောင်တို့ ဖုန်းအဆက်အသွယ်လဲ လုပ်လို့ရပါတယ် ... နော်... ရှင်း ၊ သုံးနှစ်အတွင်း ပန်းချီတွေ အများကြီးဆွဲ ၊ စာတွေ အများကြီးရေး ၊ မောင့်အကြောင်းတွေလဲ အများကြီးတွေးပြီး မောင့်ကို စောင့်နေပေါ့ "
ရှင်းသန့်က ဘာမျှပြန်မပြောသေးဘဲ သူ့ကိုသာ ရင်ဘတ်ပေါ် နောက်တစ်ကြိမ် ဆွဲဖက်ထားပြီး အတွေးများနေပုံရသည်။ မျက်နှာကို အထက်နည်းနည်းတိုးပြီး ငြိမ်နေသူအား အနမ်းဖြင့် လှုပ်နှိုးရသည်။ သည်တော့မှ တုံ့ပြန်အနမ်းတို့ဖြင့် စေ့ထားသော နှုတ်ခမ်းလေးများက ပြန်အသက်ဝင်လာ၏။
အမြဲတစေ သူ့ဘက်ကစပြီး ဆွဲခေါ်ခဲ့ရသော်လည်း အခုတော့ ရှင်းသန့်ဘက်က သူ့နှုတ်ခမ်းတွေကို မက်မက်မောမော စုပ်ယူနမ်းရှိုက်နေသည်။ လက်နှစ်ဖက်က သူ့လည်ပင်းကို သိုင်းဖက်ထားပြီးအနမ်းရေယာဉ်ကြောမှာ စီးမျောနေပုံက ခွဲခွာရမှာကို စိုးရိမ်နေသည့်အလား။ တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်အောက်ပိုင်းစီက ပွတ်တိုက်မှုတို့ကြောင့် တစ်ဦးအပေါ်တစ်ဦး လိုချင်တပ်မက်စိတ်တို့ပါ ရုန်းကြွလာသည့်အခါ ။
" သုံးနှစ်ဆိုတော့ တွေးကြည့်ရင် အကြာကြီးပဲ ခွဲရမှာနော် ရှင်း "
" အွန်း ... အဲဒါမို့ "
" အဲဒါမို့ အခုကတည်းက မင်းက မောင့်ကို ပိုချစ်ပေး "
စကားနှင့်မဟုတ်ဘဲ သူ့မျက်နှာကိုသာ ဆွဲယူနမ်းရှိုက်ပြီး အဖြေပေး၏။ ဝတ်ထားသည့် အင်္ကျီအဖြူလေးကို ရန်ရှာပြီး ချွတ်ပစ်တော့ လိုလိုချင်ချင် လက်ခံသည်။ လည်တိုင်ဝင်းဝင်းလေးကစပြီး ခါးစပ်ရိုးလေးဆီအထိ နေရာအနှံ့ ချစ်ခြင်းရဲ့ အမှတ်သင်္ကေတတွေ ဖြန့်ကျက်ပုံဖော်နေမိတာကိုလည်း မတားဆီးဘဲ ခွင့်ပြုထား၏ ။
" ရှင်း ...ဘာလို့ မောင့်ကို အလိုလိုက်နေတာလဲ "
" ချစ်လို့ "
" မကြားလိုက်လို့ ပြန်ပြောပါဦး "
" ငါ မင်းကို ချစ်လို့ "
" သိပ်မကြားသေးဘူး ၊ ပြန်ပြောပါဦး "
သည်တစ်ခါ တောင်းဆိုမှုမှာတော့ နှုတ်ခမ်းကို ကိုက်ပြီး မျက်ဝန်းညိုလေးများကလည်း စိတ်မရှည်သည့်ဟန်ဖြင့် ။
" တစ်ခါလေးပဲ ထပ်ပြော ၊ တကယ်မကြားရဘူး ဖြစ်နေလို့ "
" ငါ ဗိုက်ဆာလာပြီနော် ဘုဏ်းဇေယျာကျော် "
" ကြားရပြီ ၊ ကြားရပြီ "
နောက်တစ်ကြိမ် ဘုဏ်းဇေ ထပ်မမေးရဲတော့ပါ ။
*****
2016 ၊ June
" ကိုရှင်းသန့် .... စာမူတွေ ပြီးပြီလား ၊ ကျနော်တို့ ကူပေးဖို့ လိုသေးလားဗျ "
စာကြည့်တိုက်ထဲမှာ ရှင်းသန့်စာထိုင်ရေးနေစဉ် သူ့ရှေ့ရောက်လာသူတွေက ပထမနှစ်က ပြည့်စုံလျှံနှင့် ဝေမှူးပိုင်ဆိုသည့် ကောင်လေးနှစ်ယောက် ။ ပြည့်စုံနှင့်ဝေမှူးက ကျောင်းမှာ မသိသူ မရှိသလောက် နာမည်ကြီးသည်။ နှစ်ယောက်စလုံး ရုပ်ရည်ခပ်သန့်သန့်လေးတွေ ဖြစ်သလို အပြင်မှာရော ဆိုရှယ်မီဒီယာပေါ်မှာပါ လူသိများသည့် စုံတွဲလည်းဖြစ်၏ ။
" မပြီးသေးဘူး ၊ ညီလေးတို့ အချိန်ရရင် အစ်ကို့ဝတ္ထုတိုတစ်ပုဒ်နဲ့ ကဗျာတစ်ပုဒ်ကို စာရွက်ပေါ် အချောပြန်ကူးရေးပေးပါလား "
" ဟုတ် ....ရတယ်လေ ကိုရှင်းသန့် ၊ ကျနော်တို့ကို စာမူပေးလိုက် ၊ ကျနော်တို့ ကူးရေးလိုက်မယ် "
ကူးရေးရမည့်စာမူကို ထုတ်ပေးလိုက်သည့်အခါ
" ကိုရှင်းသန့် ... ကျနော်တို့ စာနုယဉ်အသင်း ရုံးခန်းမှာပဲ သွားရေးလိုက်မယ် "
" အိုခေ သွားလေ ...အခုအချိန်ဆို အတန်းသွားတက်နေကြတာနဲ့ ရုံးခန်းထဲမှာ လူရှိချင်မှ ရှိမှာ ၊ ညီလေးတို့ အေးအေးဆေးဆေး ရေးလို့ရတာပေါ့ "
" ဟုတ်ကဲ့ ၊ ဒါဆို ကျနော်တို့ သွားလိုက်ဦးမယ်ဗျ "
သူ့ကို နှုတ်ဆက်ပြီး အချင်းချင်း လက်တွဲကာ ထွက်သွားကြသော ကောင်လေးနှစ်ယောက်၏ ကျောပြင်ကို ရှင်းသန့် နောက်ကနေ လိုက်ကြည့်နေမိတာ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားသည်အထိ ။ သူ့စိတ်ကို နားလည်သည့် တစ်ယောက်ယောက်သာ ဘေးမှာရှိလျှင် သူ့မျက်ဝန်းထဲက အားကျမှုတွေကိုပါ မြင်လိမ့်မည်ထင်သည်။
သူနှင့်ဘုဏ်းဇေကတော့ ပြည့်စုံတို့လို လူမြင်ကွင်းမှာ လက်တွဲမသွားဖူးသလို တက္ကသိုလ်နယ်မြေက ချစ်သူလမ်းကြားမှာလည်း နှစ်ယောက်တည်း လမ်းအတူမလျှောက်ခဲ့ဖူးပါ ။ ပန်းခြံထဲမှာ ချိန်းမတွေ့ဖူးသလို ရုပ်ရှင်ရုံထဲက စုံတွဲခုံမှာလည်း အတူထိုင်မကြည့်ခဲ့ဖူးပါ ။ ကော်ဖီဆိုင်မှာ နှစ်ယောက်တည်း မဒိတ်ဖူးသလို မြို့ပတ်ရထားပေါ်မှာလည်း နှစ်ယောက်အတူ နေရာလုမစီးဖူးပါ။
ချစ်သူစုံတွဲတွေ ပြုလုပ်နေကြ သာမန်အဆင့်လေးများက သူတို့အတွက်တော့ ပိတ်ပင်ထားသည့် တားမြစ်ဧရိယာများနှင့်သာ တူသည်။
ဖြတ်သန်းသွားလာခွင့်မရှိ ။
*****
* ဆွီဒင်နိုင်ငံမှ ဒုတိယဆက်ခံသူနေရာမှာရှိသည့် မင်းသား ဖီးလစ်အား တော်ဝင်နန်းတော်မှ ချမှတ်ထားသော စည်းကမ်းများအား အကြိမ်ကြိမ် ချိုးဖောက်မှုကြောင့် နန်းတော်မှ ထုတ်ပယ်လိုက်သည် *
သည်အကြောင်းကို အရင်ရက်တွေကတည်းက မီဒီယာတွေနှင့် ဖီးလစ်ဆီကတစ်ဆင့် သဲ့သဲ့ကြားထား၍ ဘုဏ်းဇေ သိပြီးသားဖြစ်သော်လည်း သည်ကနေ့တော့ ဆွီဒင်နန်းတော်မှ တရားဝင် သတင်းထုတ်ပြန်လာခဲ့သည်။ ထို့အပြင် နန်းတော်ကနေ ရွှေ့ပြောင်းထွက်ခွာသွားသည့် ဖီးလစ်၏ဓာတ်ပုံများကလည်း ဆိုရှယ်မီဒီပေါ်မှာ နေရာယူထား၏ ။ ဓာတ်ပုံတွေထဲမှာတော့ ဖီးလစ်က ပြုံးနေသည်။ သူတို့ဆီ အလည်လာတုန်းက တွေ့ရသလို မျက်ဝန်းထဲမှာ ဝမ်းနည်းခြင်း အငွေ့အသက်တွေ သန်းနေသည့် အပြုံးမျိုး။
နန်းတော်က ထုတ်ပြန်သည့် သတင်းမှာ ဖီးလစ်ကို စည်းကမ်းချိုးဖောက်သည့် ပြစ်မှုဟုသာ ဖော်ပြထားသည်။ ယောက်ျားလေးချင်း ချစ်ကြိုက်သူ ဖြစ်သောကြောင့် ထုတ်ပယ်သည့် အမှန်တရားကိုတော့ ဖုံးကွယ်ထား၏ ။ ဖီးလစ်အတွက် ဘုဏ်းဇေ စိတ်ထိခိုက်ရသည်။ ဖီးလစ်ချစ်သူကို ပြန်ရှာတွေ့ခဲ့၍ တော်သေးသည်ဟုသာ စိတ်ဖြေရမည်။ အခုလည်း ဖီးလစ်က သူတို့ကို ပြောပြထားသလို သူ့ချစ်သူရှိသည့် ကျွန်းတစ်ကျွန်းမှာပဲ ချစ်သူနှင့်အတူ နေသွားလိမ့်မည်။
" ဖီးလစ် မင်း အဆင်ပြေရဲ့လား "
လောလောဆယ် ဖီးလစ်ကို သူ စာနှင့်ပဲ ဆက်သွယ်နိုင်သေးသည်။
" ဘယ်လိုထင်လဲ မင်းသား ဘုဏ်း "
" မင်း စိတ်မကောင်းဖြစ်နေမယ်လို့ ထင်တယ် ၊ အားတင်းထားပါ ၊ မင်းနဲ့အတူ ငါတို့ရော မင်းချစ်သူရော ရှိပါတယ် "
" မင်းတို့ကို ငါကျေးဇူးတင်ပါတယ် ၊
မိသားစုက စွန့်ပစ်ခံရတဲ့ ကလေးတစ်ယောက်က ပျော်တော့ ဘယ်ပျော်နိုင်ပါ့မလဲ ၊ ဒါပေမဲ့ ငါနေတတ်ပါတယ် "
" မင်း ခံစားချက်ကို ငါနားလည်ပါတယ် "
ဖီးလစ်ဘက်က Typing ပြနေသော်လည်း တော်တော်နှင့် သူ့ဆီ စာရောက်မလာပါ။ စာအရှည်ကြီးများ ရေးနေသလားဟုပင် ထင်မိသည်။
သို့သော်လည်း အတော်ကြာမှ သူ့ဆီကို စာတိုလေးသုံးကြောင်းသာ ဝင်လာ၏ ။
" ငါ မင်းကို ငါ့လို မဖြစ်စေချင်ဘူး မင်းသား ဘုဏ်း ၊
ရှင်းသန့်ကိုရော မင်းကိုယ်မင်းရော ကာကွယ်ပါ ၊
မင်းမိသားစုနဲ့လဲ မကွဲကွာရအောင် ငါဆုတောင်းပေးပါတယ် "
ထိုmessageကို ဖတ်ပြီးနောက် ဘုဏ်းဇေ ရင်တစ်ခုလုံးလည်း မောဟိုက်သွားရသည်။
#PoPoPhoenix
------------------------------------------------------
{ A/N - ဒီအပိုင်းတွေအားလုံးက နောက်ကြောင်းပြန်နေ တာပါနော် ။ လက်ရှိအရွယ်ကို ပြန်ရောက်ဖို့ သိပ်မလိုတော့ပါဘူး ။
ပြီးတော့ ပိုပို့အထင် Ficက အစအဆုံး အပိုင်း ၄၀-၄၅ ကြားပဲ ရှိပါလိမ့်မယ် ။ }
*
*
*
*
*
( Zawgyi )
One step closer ..... ♪♪
Christina Perri၏ A thousand years သီခ်င္းကို နီေစြးရဲ႕အသံခ်ိဳရွရွေလးႏွင့္ ေပါင္းစပ္ၿပီး နားေထာင္ရသည့္အခါ ဘုဏ္းေဇဆီမွာ ခ်စ္လွစြာေသာ တစ္စုံတစ္ေယာက္ကို သတိရသည့္စိတ္တို႔က နင့္နင့္သည္းသည္း ။ မ်က္လုံးေတြမွိတ္ထားၿပီး မွတ္ဉာဏ္ေတြကို အလုပ္ေပးၾကည့္ေတာ့ အဆင့္ဆင့္ေျပာင္းလဲလာေသာ ရွင္းသန႔္ႏွင့္သူ၏ပုံရိပ္မ်ားက ပိတ္ကားေပၚမွာ ျပန္ၾကည့္ေနရသလို ထင္ဟပ္လာသည္။
ေနာက္ၿပီး ရွင္းသန႔္တည္သာ မပါရွိလွ်င္ သူ႔ဘဝက အခြံတစ္ခုသာျဖစ္ေနလိမ့္မည္ဟုလည္း ခံစားရသည္။ ရွင္းသန႔္ မရွိသည့္ သူ႔ဘဝကို စိတ္ကူးႏွင့္ပင္ ေတြးမၾကည့္ခ်င္ပါ ။
ဘုံျမနန္းစံအိမ္၏ ေလသာခန္းထဲကေန အျပင္ကို လွမ္းၾကည့္လွ်င္ နန္းၿမိဳ႕႐ိုး၏ အျပင္ဘက္အေနာက္ေျမာက္ေထာင့္မွာရွိေသာ နန္းျမင့္ေမွ်ာ္စင္ႀကီးကို ျမင္ရ၏ ။ ေသခ်ာျပဳျပင္ထိန္းသိမ္းထားသျဖင့္ ႏွစ္ေပါင္းမ်ားစြာၾကာသည့္တိုင္ေအာင္ ထိုေမွ်ာ္စင္ႀကီးက တခမ္းတနား ရွိေနဆဲပင္ ။ ေမွ်ာ္စင္၏ ထိပ္ဆုံးကိုေရာက္ဖို႔ ခ႐ုေခြေလွကားကေန ေျခလ်င္တက္ၾကရသည္ ။ သို႔ေသာ္ ေရွးေဟာင္းအေဆာက္အဦးတစ္ခုျဖစ္၍ ယခုအခါမွာေတာ့ ေမွ်ာ္စင္ေပၚသို႔ အမ်ားျပည္သူ တက္ခြင့္ကို ပိတ္ပင္ထားသည္။
ဘုဏ္းေဇလည္း ဆယ္ႏွစ္အ႐ြယ္ေလာက္ကတစ္ခါ ၊ ဆယ့္ငါးႏွစ္အ႐ြယ္ကတစ္ခါ ႏွစ္ခါသာ ခမည္းေတာ္ႏွင့္အတူ ေမွ်ာ္စင္ေပၚတက္ဖူးသည္။ တစ္ၿမိဳ႕လုံးကို အေပၚကေန စီးမိုးျမင္ရသည့္ ေနရာမ်ားစြာရွိေသာ္လည္း နန္းျမင့္ေမွ်ာ္စင္ေပၚကေန ၾကည့္ရသည့္အရသာက သူ႔အတြက္ တစ္မူထူးျခား၏ ။ သူက သည္ႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသားအျဖစ္ ေမြးဖြားလာရသူမို႔လားမသိ ။ ႏိုင္ငံအေပၚ တန္ဖိုးထားခ်စ္ျမတ္ႏိုးစိတ္က တျခားသူေတြထက္ပိုသည္။ ကမာၻေပၚက ဘယ္ေနရာ ဘယ္ေလာက္လွလွ ကိုယ့္ႏိုင္ငံကသာ အလွဆုံးႏွင့္ ေနခ်င္စရာအေကာင္းဆုံးဟုလည္း ခံစားရသူ ။ သည္နန္းျမင့္ေမွ်ာ္စင္ကိုလည္း ပဲရစ္ၿမိဳ႕က အီဖယ္ေမွ်ာ္စင္ထက္ မ်ားစြာပိုခမ္းနားသည္ဟုထင္မိသည္ ။
တစ္ေန႔မွာ ရွင္းသန႔္ႏွင့္သူ လက္ထပ္ၿပီးလွ်င္ ရွင္းသန႔္ကို ပထမဆုံးေခၚသြားခ်င္သည့္ေနရာကလည္း နန္းျမင့္ေမွ်ာ္စင္ေပၚပဲျဖစ္သည္။ ေမွ်ာ္စင္၏ထိပ္ဆုံးမွာ သူတို႔ႏွစ္ေယာက္၏ မဂၤလာဦးအနမ္းကို ပုံေဖာ္မည္။ ၿပီးေတာ့ ခ်စ္ရသူႏွင့္အတူ ခ်စ္ရသည့္အမိေျမကို အေပၚစီးကေန တစိမ့္စိမ့္ၾကည့္မည္။အေတြးႏွင့္ ပုံေဖာ္ၾကည့္႐ုံျဖင့္ပင္ ၾကည္ႏူးရသည္။
သို႔ေသာ္လည္း နန္းျမင့္ေမွ်ာ္စင္၏ ထိပ္ဆုံးကိုေရာက္ဖို႔ ေလွကားထစ္ေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ရသလို သူ႔စိတ္ကူးထဲက ေန႔ရက္ကို ေရာက္ဖို႔လည္း ေလွကားထစ္ေပါင္း ဘယ္ႏွစ္ထစ္ ေက်ာ္ျဖတ္ရဦးမလဲ မသိႏိုင္ပါ ။ ဘယ္ေလာက္ပဲျဖစ္ျဖစ္ ရွင္းသန႔္သာ ေဘးမွာရွိလွ်င္ ဘယ္ခရီးမဆို အဆုံးထိေလွ်ာက္ဖို႔ ဘုဏ္းေဇကေတာ့ သက္လုံေကာင္းပါသည္။
ပစၥဳပၸန္မွာေတာ့ လြမ္းေနရသည္။
ေစာေစာက ရွင္းသန္႔ဆီ သူဖုန္းေခၚခ်ိန္ ရွင္းသန႔္ဘက္က ဖုန္းမကိုင္၍ ဖုန္းျပန္အလာကိုပဲ သူ႔အေနႏွင့္ ေအာင့္အည္းၿပီး ေစာင့္စားေနရ၏။
ထိုစဥ္ နီေစြးက သီခ်င္းဆိုၿပီးသြားသျဖင့္ ဂီတာကိုေဘးမွာခ်ၿပီး မ်က္ဝန္းစူးစူးေလးမ်ားက ဆိုဖာေပၚ လွဲေနသည့္ သူ႔ထံ ေဝ့ဝဲၾကည့္လာသည္။ ေလသာခန္းထဲမွာ ဂီတာတစ္လက္ႏွင့္ သူတို႔ေမာင္ႏွမ ႏွစ္ေယာက္ပဲ ရွိ၍ စိတ္ထဲရွိသမွ် လြတ္လြတ္လပ္လပ္ ေျပာဖို႔လည္း အခြင့္သာ၏။
" ဘာျဖစ္ေနတာလဲ ႐ုပ္က "
" ငါ့အခ်စ္ကို လြမ္းလို႔ "
" အဲလိုမွ ေျဖပါ့မလားလို႔ ၊ ငါလဲ သိရဲ႕နဲ႔ ေမးမိတာ "
" ဟားဟား "
အမ်ားအားျဖင့္ ဂီတာတီးခ်င္တိုင္း နီေစြးက သူ႔စံအိမ္ေပၚ ေရာက္လာတတ္သည္။ ေမာင္ႏွမႏွစ္ေယာက္က ႐ြယ္တူေတြမို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကင္ၾကင္နာနာပုံစံ သိပ္မျပတတ္ေပမဲ့ အႀကီးေတြထက္ အခ်င္းခ်င္း ပိုနီးကပ္ၾကသည္ဟု ေျပာရမည္။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေကာင္းေကာင္း သိၾကသည္။ အခုလည္း သူ႔စကားေၾကာင့္ ႏႈတ္ခမ္းကိုမဲ့႐ြဲ႕ၿပီး အမႈထမ္းတစ္ေယာက္လာပို႔ထားသည့္ လက္ဖက္သုပ္စားဖို႔ ႐ြယ္ေန၏ ။
" ႏိုႏို႔လက္ဖက္သုပ္က ပိုေကာင္းမွာေနာ္ "
လက္ဖက္မစားခင္ မ်က္ေစာင္းတစ္ခ်က္က ဘုဏ္းေဇဆီ ဒိုင္းခနဲ ။ ႏိုႏိုေလးခမ်ာ အခုအခ်ိန္အထိ နီေစြးကို တစ္ဖက္သတ္ လိုက္ကပ္ေနရဆဲ အေျခအေန ။
" ႏိုႏို႔ကို နင္ မသနားဘူးလား "
" ဘာလို႔ သနားရမွာလဲ ၊ အဲ့ကေလးမ လူတအားကပ္တာ စိတ္ရႈပ္ "
" ခ်စ္လို႔ကပ္တာေပါ့ဟ "
" နင္ ေအာင္သြယ္ လာလုပ္မေနနဲ႔ "
" ႏိုးပါ ... ႏိုႏိုက နင့္အခ်စ္ကိုရဖို႔ ငါ့အကူအညီ မယူဘူးလို႔ ေျပာထားၿပီးသား ၊ သူ႔ဟာသူပဲ ႀကိဳးစားမယ္တဲ့ "
နီေစြးမ်က္ႏွာေလးက ေတြေတြေဝေဝေလး ျဖစ္သြား၏။ ႏိုႏို႔ကို ျပန္မခ်စ္တာလည္း မဟုတ္ဘဲ ။ တမင္တကာ အခ်ိန္ဆြဲေနသလား ၊ တစ္ခုခု စဥ္းစားစရာမ်ားရွိေနသလားေတာ့ ေသခ်ာ မသိပါ။
" ဘုဏ္းေဇ ...အနာဂတ္နဲ႔ ပတ္သက္ၿပီး နင္ ဘယ္ေလာက္အထိ ေတြးထားလဲ "
လက္ဖက္ပန္းကန္ကို စားပြဲေပၚျပန္ခ်ၿပီး ေပါ့ေပါ့ပါးပါးေလသံျဖင့္ ေမးေသာ္လည္း တကယ္ေတာ့ သိပ္ကိုေလးနက္သည့္ေမးခြန္း ။
" ဘာလို႔ ေမးတာလဲ "
" စိတ္ပူလို႔ ...နင္ သိလား ဘုဏ္းငယ္ေလး ၊ အထက္တန္းၿပီးေတာ့ ငါ LA မွာ တကၠသိုလ္တက္ခ်င္ခဲ့တာ ၊ ဒါေပမဲ့ အဲဒီစိတ္ကူးကို စြန႔္လႊတ္ၿပီး ဒီမွာပဲ ေနခဲ့တဲ့အေၾကာင္းအရင္းက တစ္ခုခုဆို နင့္ေဘးမွာ ငါရွိေပးခ်င္လို႔ ၊ နင္နဲ႔အတူ ရင္ဆိုင္ေပးခ်င္လို႔ပဲ "
အၿမဲတမ္း သူ႔စံအိမ္ေပၚ ေရာက္လာတတ္ၿပီး သူ႔ပစၥည္းေတြကို ထင္သလို ယူသုံးတတ္လြန္း၍ အဘြားျဖစ္သူဆီ အၿမဲျပန္တိုင္ခဲ့ရသည့္ အစ္မေလးက သည္လိုဆိုေတာ့လည္း ခ်စ္စရာေကာင္းေနျပန္သည္။ သိမ္သိမ္ေမြ႕ေမြ႕ မေနတတ္သည့္ မင္းသမီးေလးဆီက ေတြ႕ရခဲေသာ ႏူးညံ့မႈေလးေၾကာင့္ ရင္ထဲမွာ ေႏြးေထြးသြားရတာအမွန္။
" ငါ့ကိုပဲ စိတ္ပူေနတာလား ၊ နင္ကေတာ့ေရာ "
" နင္နဲ႔ငါနဲ႔ မတူဘူးေလ ၊ နင္က ဒီႏိုင္ငံရဲ႕ အိမ္ေရွ႕စံ ၊ ငါက ေတာ္ဝင္မိသားစုထဲက ႐ိုး႐ိုးမင္းသမီးတစ္ပါးပဲ ၊ ငါက မမေဒဝီေတာင္ မဟုတ္ဘူး ၊ တကယ္လို႔မ်ား တစ္ခ်ိန္မွာ ႏိုႏိုနဲ႔ငါက လက္တြဲျဖစ္ရင္ေတာင္ ငါ့အေၾကာင္းက ခုနစ္ရက္ထက္ သတင္းပိုမျဖစ္ဘူး ၊ ၿပီးေတာ့ ငါက နင့္လို ဒီႏိုင္ငံနဲ႔ဒီျပည္သူေတြအေပၚမွာ ဘာကတိကဝတ္မွ ရွိထားတဲ့သူမဟုတ္ဘူး ၊ ဒီနန္းေတာ္ထဲမွာလဲ တစ္သက္လုံး ေနမသြားႏိုင္ဘူး ၊ အဲဒါ အမွန္အတိုင္းေျပာတာ ၊ လြတ္လြတ္လပ္လပ္နဲ႔ ငါ့စိတ္ႀကိဳက္ေနလို႔ရတဲ့ ယူအက္စ္မွာပဲ သြားေနျဖစ္မွာ ၊ ဟိုမွာဆို ငါ မိန္းကေလးခ်င္း ႀကိဳက္တဲ့သူျဖစ္ေနလဲ ဘယ္သူကမွ အထူးအဆန္းမျဖစ္သလို ဇာခ်ဲ႕ၿပီး ေျပာေနၾကမွာမဟုတ္ဘူးေလ "
" ဒီမွာလဲ တျဖည္းျဖည္းနဲ႔ ပြင့္လင္းလာၾကပါၿပီ ၊ LGBTQ အသိုင္းအဝိုင္းကို ေထာက္ခံအားေပးတဲ့သူေတြလဲ အမ်ားႀကီးရွိေနၿပီ "
" အဲလိုဆိုရင္ေတာင္ နင္ကေတာ့ သူတို႔နဲ႔ တူလို႔လား "
ဆိုဖာေပၚ ေက်ာမွီရင္း သက္ျပင္းေလးေလး ခ်မိသည္။ ရွင္းသန႔္ကို လြမ္းေနပါတယ္ဆို နီေစြးကပါ စိတ္ညစ္စရာေတြ ေတြးခိုင္းေနသလိုပင္ ။။
" အခုကတည္းက ငါတို႔ LA မွာ ေျပာင္းေနၾကမလား ဘုဏ္းေဇ ၊ တစ္ခုေတာ့ရွိတယ္ ၊ အိမ္ေရွ႕စံေနရာကို ကိုလက္်ာနဲ႔ ကိုဉာဏ တစ္ေယာက္ေယာက္ကို နင္ လႊဲေပးထားခဲ့ရမယ္ ၊ ဒါဆို နင့္အခ်စ္ေရးကို Public ခ်ျပတဲ့အခါက်ရင္ အရႈပ္အေထြး နည္းႏိုင္တယ္ "
စိတ္ပူတာကိုနားလည္ေပမဲ့ နီေစြး ေပးသည့္အႀကံက ဘုဏ္းေဇ အတြက္ေတာ့ မျဖစ္ႏိုင္ပါ ။ သူ႔ဆီမွာ နန္းေတာ္ကေန သည္လိုမ်ိဳး ထြက္သြားဖို႔စိတ္ကူး အရင္ကလည္း မရွိခဲ့သလို ေနာက္လည္းရွိလာမွာ မဟုတ္ေပ ။
" ခမည္းေတာ္တို႔နဲ႔ ျပည္သူေတြက ငါ့ကို မစြန႔္လႊတ္သေ႐ြ႕ ငါ့ဘက္ကစၿပီး ဘယ္ေတာ့မွ မစြန႔္ခြာဘူး ၊ ထီးနန္းကို ငါသိပ္ၿပီး မက္ေမာသလားလို႔ ေမးရင္လဲ ငါကေတာ့ မက္တယ္လို႔ ေျဖရမွာပဲ ၊ ငါက ေမြးကတည္းက ဘုရင္တစ္ပါးျဖစ္ဖို႔ ပုံသြင္းခံလာရတဲ့သူေလ ၊ ငါ့အိပ္မက္ကလဲ ဒီႏိုင္ငံကလူေတြရဲ႕ ေကာင္းက်ိဳးကို ကူညီေဆာင္႐ြက္ေပးႏိုင္တဲ့ ဘုရင္ျဖစ္ဖို႔ပဲ ၊ အဲဒါနဲ႔ပဲ ငါခ်စ္ရတဲ့သူကိုလဲ လက္လႊတ္မွာေတာ့ မဟုတ္ဘူး ၊ တစ္ေန႔က်ရင္ ငါကိုယ္တိုင္ ဖြင့္ေျပာၿပီး မိဘေတြနဲ႔ျပည္သူေတြဆီက အဆုံးအျဖတ္ကို ခံယူမယ္ ၊ ဆက္ခံသူေနရာက ငါနဲ႔ မထိုက္တန္ဘူးလို႔ သူတို႔သေဘာထားရင္ ေက်ေက်နပ္နပ္ ထြက္သြားေပးမယ္ "
နီေစြးက ဘာမွ်ထပ္မတိုက္တြန္းေတာ့ေပ။သူ႔ကို LA ေခၚဖို႔ စိတ္ကူးကိုလည္း တစ္ပါတည္း ဖ်က္လိုက္ပုံရ၏။ စိုးရိမ္စိတ္ကေတာ့ က်န္ေနလိမ့္ဦးမည္။
" သိပ္စိတ္မပူပါနဲ႔ ၊ အနာဂတ္က မျဖစ္ေသးတဲ့ကိစၥေတြကို ေလာေလာဆယ္ အမ်ားႀကီး ေတြးမထားခ်င္ဘူး ၊ ရင္ဆိုင္ရမဲ့အခ်ိန္ေရာက္လာရင္ အေကာင္းဆုံး ရင္ဆိုင္မယ္ ၊ ရင္ဆိုင္ႏိုင္တဲ့အင္အားလဲ ငါ့မွာရွိပါတယ္ "
ထို႔ေနာက္ ဘုဏ္းေဇ၏ အၾကည့္တို႔က ေလသာခန္းဆီလာသည့္ ေလွ်ာက္လမ္းေပၚ အမွတ္မထင္ ေရာက္သြားခ်ိန္ ။ ျမင္ကြင္းထဲမွာ သူ႔ဆီတန္းတန္းမတ္မတ္လာေနေသာ ပုံရိပ္ေလးတစ္ခုေၾကာင့္ ႏႈတ္ခမ္းေထာင့္စြန္းေလးေတြ အလိုအေလ်ာက္ ေကာ့ၫႊတ္သြားရသည္။
" ဟိုမွာ ငါ့အင္အားေလး လာေနၿပီ "
Converse shoesေလးစီးထားၿပီး အျဖဴေရာင္ ပိုလိုရွပ္ႏွင့္ ကာကီေရာင္ေဘာင္းဘီရွည္ တြဲဝတ္ထားသည့္ေကာင္ေလးက နာမည္ႏွင့္လိုက္ဖက္စြာ ရွင္းသန႔္လို႔ေနသည္။ ၾကည္စင္ေသာအၿပဳံးႏွင့္ သူရွိရာကို တစ္လွမ္းၿပီးတစ္လွမ္း နီးကပ္လာတိုင္း သူ႔ရင္ထဲမွာလည္း ေပ်ာ္႐ႊင္ျခင္းပန္းေတြက တစ္ပြင့္ၿပီးတစ္ပြင့္ ။
" ရွင္း ... ေမာင့္ကိုလြမ္းလို႔ လာတာလား "
" မင္းဖုန္းေခၚတာသိတယ္ ၊ ငါ ကားေမာင္းေနလို႔ "
အေမးတျခား အေျဖတျခား ဆိုေပမဲ့ ဘုဏ္းေဇအတြက္ေတာ့ သည္အက်င့္ေလးကိုကပင္ ခ်စ္စရာျဖစ္ေန၏။ သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး နီေစြးက ႏွာေခါင္းေလးရႈံ႕ကာ ထသြားဖို႔ျပင္ေတာ့သည္။
" ဘာလဲ ကိုေစြး ... အခုမွ ငါလာတာရွိေသး သြားေတာ့မလို႔လား "
" နင္တို႔ႏွစ္ေယာက္နဲ႔ေနရင္ ငါ့ဘဝႀကီးက တအားအထီးက်န္လာသလို ခံစားရလို႔ "
" ဒါဆိုလဲ ႏိုႏို႔ကို လွမ္းေခၚလိုက္ေလ "
" ဟုတ္သားပဲ ငါ ဖုန္းဆက္လိုက္ရမလား "
" ေကာင္စုတ္ေတြ ....ေကာင္စုတ္ေတြ "
သူတို႔ကို တစ္ခ်က္စီထု႐ိုက္ၿပီး နီေစြးက ျပန္သြားေတာ့သည္။
" ေမးေနတာ မေျဖေသးဘူးေနာ္ ရွင္း ၊ ေမာင့္ကိုလြမ္းလို႔ လာတာလားလို႔ "
" ဟက္ပီးေလးကို သတိရလို႔လာတာ "
" တကယ္ဟက္ပီးေလးလား "
" တကယ္ေလ ...လာ ဟက္ပီးေလးဆီ သြားမယ္ "
ဘုဏ္းေဇကပင္ ရွင္းသန႔္ေခၚရာေနာက္ ပါသြားရသည္။ အိမ္ေရွ႕မင္းသားအေဆာင္ေတာ္ေပၚသို႔ တက္လာၿပီး အိမ္ေရွ႕မင္းသားကို ပိုင္စိုးပိုင္နင္းႏွင့္ လက္ဆြဲေခၚသြားပုံက အခုကတည္းက ၾကင္ယာေတာ္တစ္ေယာက္ႏွင့္ တူလွ၏။ ေအာက္ထပ္ဆင္းသည့္ ေလွကားဆီေရာက္ဖို႔ ဝေရာေသာပါး ေျပးၾကေတာ့ အမႈထမ္းအခ်ိဳ႕က အလန႔္တၾကား ေဘးကပ္ေပးၾကသည္။ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက သူတို႔လုပ္ေနၾကအတိုင္း ေျပာင္ေခ်ာေနသည့္ ကြၽန္းလက္ရန္းတစ္ဖက္စီကေန အၿပိဳင္အဆိုင္ ေလွ်ာဆင္းၾကသည့္အခါ ေလးရန္ႏိုင္က ေလွကားေျခရင္းကေန စိုးရိမ္စြာ ၾကည့္ေနခဲ့သည္။
" ကေလးတို႔ႏွစ္ေယာက္ ....သတိထားၾကေနာ္ ၊ ဒီကေလးေတြကေတာ့ ဒီအ႐ြယ္အထိ ေဆာ့ၾကတုံးပဲ "
သူတို႔ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး မတိုင္ပင္ရဘဲ ၿပိဳင္တူၿပဳံးလိုက္မိၾက၏။
" က်ေနာ္တို႔က ကေလးေတြမဟုတ္ေတာ့ပါဘူး ေလးရန္ႏိုင္ရဲ႕ "
" ဟုတ္တယ္ ၊ က်ေနာ္တို႔ ကေလးမဟုတ္ေတာ့တာ က်ေနာ္တို႔ အသိဆုံး "
ရွင္းသန႔္စကားကို ဘုဏ္းေဇကပါ ေထာက္ခံၿပီး ရယ္ရင္းေမာရင္း ေျပးလႊားခဲ့ၾကတာ ဟက္ပီးေလးဆီ ေရာက္သည္အထိ။ သူတို႔ ဘာေၾကာင့္ ရယ္ေနခဲ့လဲဆိုတာကိုေတာ့ တစ္ေယာက္မွ် မသိၾကပါ ။
သို႔ေသာ္ ဟက္ပီးေလးကေတာ့ သူတို႔ႏွစ္ေယာက္ႏွင့္အတူ ျမင္းစီးကြင္းထဲမွာ ခုန္ေပါက္ျမဴးထူးလ်က္ရွိသည္။
ျမင္းေတြအားလုံးထဲမွာ ဟက္ပီးေလးက မာနအႀကီးဆုံးႏွင့္ ဂုဏ္အေမာက္ဆုံးဘြဲ႕ရထားသည္။ သူ႔သခင္ အိမ္ေရွ႕မင္းသားကလြဲလွ်င္ နန္းေတာ္ထဲက တျခားဘယ္သူ႔ကိုမွ ေက်ာေပၚ အတက္မခံသလို ျမင္းအားလုံးကို ျမင္းေဇာင္းထဲကထုတ္ၿပီး အတူထားခ်ိန္မွာလည္း ဟက္ပီးေလးက တျခားျမင္းမ်ားႏွင့္ ခပ္ခြာခြာသြားၿပီး သီးသန႔္ေနေလ့ရွိသည္။ ျမင္းထိန္းအမႈထမ္းကိုေတာင္ သူက သိပ္အကပ္ မခံခ်င္ ။
သည္လိုမ်ိဳး အေခ်ကိုယ္ေတာ္က ရံဖန္ရံခါသာ သူ႔ဆီေရာက္လာတတ္သည့္ ရွင္းသန႔္ကိုက် ေက်ာေပၚ လိုလိုခ်င္ခ်င္တင္ၿပီး ေျပးလႊားတတ္သည္။ ရွင္းသန႔္ နန္းေတာ္ထဲအလည္လာလွ်င္ ဘုဏ္းေဇလိုမ်ိဳး ဟက္ပီးေလးကပါ ေပ်ာ္႐ႊင္ေနတတ္သည္။ သခင္ျဖစ္သူဆီက ရင္တြင္းစကားေတြကို အၿမဲနားေထာင္ခဲ့ရေသာေၾကာင့္ထင္သည္။ ဟက္ပီးေလးသည္ ဘုဏ္းေဇၿပီးလွ်င္ ရွင္းသန႔္ကို အရင္းႏွီးဆုံးျဖစ္၏ ။ ရွင္းသန႔္သည္လည္း အခုအခါမွာေတာ့ ဘုဏ္းေဇမပါဘဲ ဟက္ပီးေလးကို တစ္ေယာက္တည္း ကြၽမ္းကြၽမ္းက်င္က်င္ စီးႏိုင္ေနၿပီ ။
" အား ....ေဟ့ေရာင္ေလး ....ဟားဟား "
မေစခိုင္းရဘဲ ဟက္ပီးေလးက သူ႔ဟာသူ ေရွ႕ေျခေထာက္ႏွစ္ေခ်ာင္းကို အေပၚေျမႇာက္လိုက္ေသာေၾကာင့္ ရွင္းသန္႔ ႐ုတ္တရက္လန႔္သြားေသာ္လည္း ဟက္ပီးေလး၏ေက်ာေပၚကိုေမွာက္ၿပီး လည္ပင္းကိုဖက္ကာ သေဘာက်စြာ ရယ္မိသည္။ ကမာၻေပၚမွာ သူ႔ကို ဘယ္ေသာအခါမွ် အႏၲရာယ္ျဖစ္ေအာင္ လုပ္မည္မဟုတ္သည့္သူေတြထဲ ဟက္ပီးေလးသည္လည္း အပါအဝင္ျဖစ္ေၾကာင္း ရွင္းသန္႔ေကာင္းစြာ နားလည္ၿပီးသားပင္။
ျမင္းစီးကြင္းေဘးမွာရပ္ၿပီး ၾကည့္ေနသည့္ ဘုဏ္းေဇအဖို႔ေတာ့ သည္ျမင္ကြင္းဟာ အဖိုးျဖတ္မရသည့္ ပန္းခ်ီကားတစ္ခ်ယ္ႏွယ္ လွပလြန္းပါ၏။
ေနေအးစျပဳလာၿပီမို႔ ဆည္းဆာသည္လည္း လိေမၼာ္ေရာင္ကားခ်ပ္ကို စတင္ဆြဲထုတ္လာေခ်ၿပီ။ အိပ္တန္းပ်ံတက္မည့္ ငွက္အခ်ိဳ႕က အုပ္စုဖြဲ႕ၿပီး ေကာင္းကင္ယံမွာ ေလဟုန္စီးေနၾကသည္။ ဘုဏ္းေဇရဲ႕အျမင္အာ႐ုံႏွင့္ အသိဥာဏ္ထဲမွာေတာ့ ျမစိမ္းေရာင္ ျမက္ခင္းျပင္ေပၚက သူ႔အတြက္ အေရးအႀကီးဆုံး အစိတ္အပိုင္းႏွစ္ခုက စိုးမိုးထားေလသည္။
တစ္ႏွစ္တည္းမွာပဲ သူ႔ဘဝထဲကို ေမြးေန႔လက္ေဆာင္အျဖစ္ ေရာက္ရွိလာၾကသူႏွစ္ဦး ။ တစ္ဦးက အခ်စ္ဆိုသည့္အရာကို သူ႔အား သိရွိနားလည္ေစခဲ့သူျဖစ္ၿပီး ေနာက္တစ္ဦးက သူဖြင့္ဆိုခဲ့သည့္ အခ်စ္၏ အဓိပၸာယ္မ်ားကို ပထမဦးစြာ နားေထာင္ခဲ့ရသူျဖစ္သည္။ ႏွလုံးသားမွာ အခန္းေလးခန္းပါသည္ဆိုလွ်င္ ဘုဏ္းေဇအတြက္ေတာ့ ေလးခန္းစလုံးက ရွင္းသန႔္ႏွင့္ဟက္ပီးေလး၏ ပုံရိပ္မ်ားျဖင့္ ျပည့္ေနလိမ့္မည္သာ။
" ဟက္ပီးေလး ...ကိုကိုရွင္းရွင္းကို ေမးလိုက္ ၊ ဆိုင္းမဆင့္ ဗုံမဆင့္ ဒီကို ဘာလို႔ ေရာက္လာတာလဲလို႔ "
" ဟက္ပီးေလးကို လြမ္းလို႔ လာေတြ႕တာတဲ့လို႔ ျပန္ေျဖလိုက္ ဟက္ပီးေလး "
ဟက္ပီးေလးက အစာစားရင္း သူ႔ကိုအလယ္မွာထားၿပီး ေဘးတစ္ဘက္စီကေန ေျပာေနသည့္စကားမ်ားကို ဟိုဘက္ငဲ့ေစာင္းၾကည့္လိုက္ ဒီဘက္ငဲ့ေစာင္းၾကည့္လိုက္ျဖင့္ နားစြင့္ေနသည္။ ျပန္မေျပာတတ္ေသာ္လည္း သူတို႔စကားမ်ားကို နားလည္ပုံရ၏။
" ဟက္ပီးေလးရဲ႕ သခင္ကိုေရာ မလြမ္းဘူးလားလို႔ေမးလိုက္ "
" မလြမ္းဘူးတဲ့လို႔ေျပာလိုက္ ဟက္ပီးေလး "
" ရွင္းေနာ္ "
စေနာက္ၿပီးေတာင္ သည္လိုအေျပာမ်ိဳးကို ဘုဏ္းေဇ မခံႏိုင္ပါ။ ဘယ္သူႏွင့္ယွဥ္ယွဥ္ ရွင္းသန႔္စိတ္ထဲမွာ သူ႔ကိုသာ ေနရာအေပးေစခ်င္ဆုံးျဖစ္သည္။ ရွင္းသန႔္ကေတာ့ သူ႔နဖူးကိုလွမ္းေတာက္ၿပီး ရယ္ေန၏။ ေနာက္ၿပီး ဟက္ပီးေလးကိုလည္း တ႐ႊတ္႐ႊတ္ႏွင့္ နမ္းေနသည္မွာ ဘုဏ္းေဇပင္ မနာလိုျဖစ္လာရသည္အထိ ။
ဟက္ပီးေလးကို ျမင္းေဇာင္းထဲ ျပန္ပို႔ၿပီး စံအိမ္ဆီျပန္လာခ်ိန္မွာေတာ့ မိုးလည္း ေတာ္ေတာ္ခ်ဳပ္ေနၿပီ။ ရွင္းသန႔္က အိပ္ခန္းဆီ အရင္သြားၿပီး ဘုဏ္းေဇကေတာ့ ညစာကို သည္အေဆာင္မွာပဲ ႏွစ္ေယာက္စာ ျပင္ထားေပးဖို႔ ေလးရန္ႏိုင္ကို မွာၾကားေနရေသးသည္။
ထို႔ေနာက္ ဘုဏ္းေဇ အခန္းထဲေရာက္သည့္အခါ အိပ္ရာေပၚမွာလွဲရင္း စာအုပ္တစ္အုပ္ႏွင့္ၿငိမ့္ဖို႔ ျပင္ေနသူေၾကာင့္ စာအုပ္ကို ဆြဲယူၿပီး ေဘးကစားပြဲေပၚ တင္ပစ္လိုက္သည္။ ေနာက္ၿပီး ရွင္းသန႔္ကိုယ္ေပၚေမွာက္ကာ လက္တစ္ဖက္က ခါးကို တင္းေနေအာင္ ဖက္ထားၿပီး ရင္ဘတ္ေပၚမွာလည္း ေခါင္းတင္၍ သူ႔ရင္ကို ေအးခ်မ္းေစသည့္မ်က္ႏွာေလးအား တဝႀကီး ၾကည့္ေနမိသည္။ သူလုပ္သမွ်ကို ဘာမွ်မေျပာဘဲ သည္တိုင္းၿငိမ္ေနသူက သူ႔ဆံပင္ေတြထဲ လက္ေခ်ာင္းေတြထိုးထည့္ၿပီး ဦးေခါင္းကို အသာဖိႏွိပ္ေပးလာ၏ ။
" ရွင္း ...ဒီည ဒီမွာပဲ အိပ္မွာမို႔လား "
" ဟင့္အင္း ...ခဏေနရင္ ျပန္မွာ "
" မရပါဘူး ၊ ေမာင္ ေခၚတာမဟုတ္ဘဲ မင္းသေဘာနဲ႔မင္း ေမာင့္ပိုင္နက္ထဲ ေရာက္လာတာ ၊ ေမာင္ခြင့္မျပဳဘဲ ျပန္ထြက္လို႔မရဘူး ၊ ဒါ အမိန႔္ပဲ "
ထိုအခါ ' အမိန႔္ဟူသမွ် ဆန႔္က်င္ၾက ' ဟူေသာ ေဆာင္ပုဒ္ကို လက္ကိုင္ထားသူက သူ႔ေခါင္းအား ႏွိပ္ေပးေနတာပါ ရပ္သြားသည္။
" ေနေစခ်င္ရင္ မင္းစကားကို ျပန္ျပင္ေျပာလိုက္ "
" ကိုကိုရွင္းရွင္းေလး ... ဒီည ဒီက အိစက္ညက္ေညာတဲ့ ဖဲေမြ႕ရာေပၚမွာပဲ က်ေနာ္မ်ိဳးနဲ႔အတူတူ အိပ္စက္ အနားယူၿပီး ေနာက္တစ္ေန႔ရဲ႕အ႐ုဏ္ဦးကို အနမ္းဦးနဲ႔ ႀကိဳဆိုၾကရေအာင္ပါခင္ဗ်ာ "
သည္လိုက်ေတာ့လည္း သူ႔မ်က္ႏွာကို လက္ဖဝါးႏွင့္အုပ္ၿပီး အရွက္ေျပရယ္ေနျပန္၏ ။ ခဏေနမွ သူ႔ပါးကို လက္မေလးႏွင့္ပြတ္ကာ ျပန္စကားစလာသည္။
" ဒါနဲ႔ ေမးစရာရွိတယ္ "
" အြန္း ...ေမးေလ "
" ဟက္ပီးေလးက မင္းမရွိတဲ့ေန႔ဆို အစားေကာင္းေကာင္း မစားဘူးမလား "
" အင္း ...ခရီးသြားမယ္ဆိုရင္ေတာ့ ေသခ်ာေျပာထားခဲ့ရင္ နားလည္ပါတယ္ "
" ဒါဆို မင္းစစ္မႈထမ္းတဲ့အခ်ိန္က်ရင္ ဟက္ပီးေလးကို ဘယ္လိုလုပ္မလဲ "
ဘုဏ္းေဇ ေခါင္းေထာင္ၾကည့္ေတာ့ ရွင္းသန႔္က ရင္ဘတ္ေပၚ ျပန္ဆြဲကပ္ထားသည္ ။ သူ စစ္မႈထမ္းရမည့္အေၾကာင္း မေျပာျပရေသးတာကို စိတ္ဆိုးပုံေတာ့ မရပါ။
" ေမာင္ စစ္မႈထမ္းရမယ္ဆိုတာ ဘယ္လိုသိတာလဲ "
" ေဖေဖတို႔ဆီက ေျပာသံၾကားတာ "
တကယ္လည္း သီဟစကားနဲ႔တင္မဟုတ္ဘဲ ရွင္းသန႔္ သူ႔အေဖကို ထပ္ၿပီး ေမးၾကည့္ခဲ့ရာ အိမ္ေရွ႕မင္းသားအားလုံး စစ္မႈထမ္းရသည့္ အစဥ္အလာရွိေၾကာင္း သိခဲ့ရသည္။ သည္အေၾကာင္းကို သူသိေနခဲ့တာ တစ္လနီးပါး ရွိၿပီျဖစ္ေသာ္လည္း ဘုဏ္းေဇကို အခုမွ ေျပာျဖစ္ျခင္းပင္ ။ သည္ၾကားထဲမွာေတာ့ ဘုဏ္းေဇ စစ္မႈထမ္းသည့္အခ်ိန္ေတြကို သူ ဘယ္လိုျဖတ္ေက်ာ္ရမလဲဆိုတာကိုသာ ေခါင္းေအးေအးထားၿပီး စဥ္းစားၾကည့္ေနခဲ့၏။
" ေမာင္က ေက်ာင္းၿပီးခါနီးမွ ေျပာမလို႔ပါ ၊ သိပ္လဲ အေရးမႀကီးတဲ့... "
" သုံးႏွစ္ႀကီး မင္းစစ္မႈထမ္းရမဲ့ ကိစၥက အေရးမႀကီးဘူးလား "
" အဲလိုေတာ့လဲ မဟုတ္ပါဘူး ၊ တကယ္ေတာ့ ေမာင္ကအဲဒီအေၾကာင္း ေတြးလဲမေတြးခ်င္ ၊ ေျပာလဲ မေျပာခ်င္ေသးတာ ၊ မင္းနဲ႔ သုံးႏွစ္ႀကီးခြဲရမဲ့အေၾကာင္း ေတြးမိရင္ အခုကတည္းက ေနမထိထိုင္မသာ ျဖစ္ျဖစ္လာတယ္ ၊ အဲဒါမို႔ပါ ၊ မင္းကို တမင္တကာ လွ်ိဳ႕ဝွက္ထားတာမ်ိဳးေတာ့ မဟုတ္ပါဘူး ၊ အခုအခ်ိန္ မသိေသးလဲ ရေသးတယ္ဆိုၿပီး မေျပာေသးတာ၊ ေနာ္ ...ရွင္း ၊ ေမာင့္ကို စိတ္မဆိုးဘူးမလား "
" နည္းနည္းေတာ့ စိတ္ဆိုးတယ္ ၊ မင္း ငါအိပ္ေပ်ာ္ေနတဲ့အခ်ိန္ ဖုန္းဆက္ၿပီး ေႏွာင့္ယွက္တဲ့အခါ ၊ ငါ ေျပာတဲ့ ဟယ္ရီေပၚတာဇာတ္လမ္းကို စိတ္မဝင္စားတဲ့အခါ စိတ္ဆိုးသလိုမ်ိဳး နည္းနည္းေလးေပါ့ "
" အဟင္း ...ဒါဆိုလဲ ေမာင့္ကို ဆူေလ ၊ ထိုးခ်င္ရင္လဲ ထိုးေနာ္ "
ေခြးေပါက္ေလးလို သူ႔ရင္ဘတ္ေပၚ ေခါင္းႏွင့္ပြတ္သပ္ၿပီး ေျပာေနသူကို ဆူဖို႔ထိုးဖို႔အထိ ရွင္းသန႔္ အသည္းမမာႏိုင္ပါ ။ တကယ္ေတာ့ သူလည္း ဘုဏ္းေဇေျပာသလို ထိုအေၾကာင္းကို သိရကတည္းက အခ်ိန္အၾကာႀကီး ခြဲရမွာေတြးမိရင္ ေနလို႔မေကာင္းခ်င္ေတာ့။
" ခုနကေမးတာ ေျဖဦးေလ ၊ ဟက္ပီးေလးကို ဘယ္လိုလုပ္မွာလဲလို႔ "
" ခြၽင္းခ်က္အေနနဲ႔ ကာကြယ္ေရးဝန္ႀကီးကို ခြင့္ေတာင္းၿပီး ေခၚသြားမယ္ "
" ဒါဆို ငါ့ကိုလဲ ေခၚသြား "
" ဟင္! "
သည္တစ္ခါေတာ့ ဘုဏ္းေဇက ေခါင္းေထာင္ၾကည့္႐ုံတင္မဟုတ္ဘဲ ထပါထိုင္သည္။
" ငါလဲ မင္းနဲ႔အတူ စစ္မႈထမ္းမယ္ "
စဥ္းစားၾကည့္သမွ် သူတို႔ အၾကာႀကီး မခြဲရဖို႔က သည္နည္းလမ္းတစ္ခုသာ ေတြ႕သည္။ ထို႔ေၾကာင့္ တစ္သက္ႏွင့္တစ္ကိုယ္ စိတ္ကူးမၾကည့္ခဲ့ဖူးေသာအရာကိုလုပ္ဖို႔ ရွင္းသန႔္ ဆုံးျဖတ္လိုက္ျခင္းပင္ ။
" မဟုတ္တာ ၊ ဘယ့္ႏွယ္ မင္းက စစ္မႈထမ္းရမယ္လို႔ ရွင္းရယ္ "
ဘုဏ္းေဇ ေျပာရင္းႏွင့္ ရွင္းသန႔္ရဲ႕ လက္ကေလးေတြကို ေထြးဆုပ္ၿပီး ျမတ္ျမတ္ႏိုးႏိုး နမ္းရႈိက္မိသည္ ။ အႏုပညာေမွာ္ သက္ဝင္ေနသည့္ သူ သိပ္တန္ဖိုးထားရေသာ လက္ေခ်ာင္းေလးေတြ။ သည္လက္ကေလးေတြက လူေတြရဲ႕အသက္ကို အႏၲရာယ္ရွိေစႏိုင္သည့္ လက္နက္မ်ိဳး ကိုင္ေဆာင္ရမွာကို ဘုဏ္းေဇ ၾကည့္မေနႏိုင္ပါ ။ သူႏွင့္အတူ ရွင္းသန႔္ တစ္ခါတရံ ဓါးေရးက်င့္တာမ်ိဳးကိုလည္း အေပ်ာ္အေနႏွင့္သာ သင္ေပးဖူးျခင္းျဖစ္၏ ။
" မင္းဟာမင္း ဝါသနာပါတဲ့အရာေတြကို ဖန္တီးေနပါ ရွင္းရယ္ ၊ မင္းလက္ေလးေတြက ေသနတ္ကိုင္ဖို႔ မဟုတ္ပါဘူး "
" ငါ့လက္နဲ႔ မင္းလက္နဲ႔ အတူတူပဲ ၊ ဘာမ်ားကြာေနလို႔လဲ "
ရွင္းသန႔္က သူ႔လက္ကို ဆြဲကာ လက္ဖဝါးခ်င္းကပ္ၿပီး အ႐ြယ္အစား တိုင္းေနေသးသည္။
" မင္းလက္က နည္းနည္းေလးပဲ ပိုႀကီးတာပါ ၊ သိေတာင္ မသိသာပါဘူး "
" ဒါေပမဲ့ ေမာင့္လက္က ေသနတ္ေတြ ၊ ဓါးေတြနဲ႔ အသားက်ေနၿပီးသားေလ ရွင္းရဲ႕ "
" ငါလဲ ေလ့က်င့္တာမ်ားရင္ အသားက်သြားမွာပဲ ၊ မင္းလဲ ေမြးရာပါ ေသနတ္ပစ္တတ္တာမွ မဟုတ္တာ "
" ဘာေနေန မင္းကိုေတာ့ ေမာင္ခြင့္မျပဳဘူး ၊ ၿပီးရင္ ေလ့က်င့္ေရးဆင္းရတာေတြက တအားပင္ပန္းတယ္ "
" ငါ အဲ့ေလာက္ မေပ်ာ့ညံ့ဘူး "
စစ္မႈထမ္းဖို႔ သူ႔ထက္ေတာင္ စိတ္အားထက္သန္ေနပုံရသူကို ဘုဏ္းေဇ ခပ္ညစ္ညစ္ၿပဳံးၾကည့္ၿပီး မ်က္ႏွာကို ေရွ႕သို႔တိုးကပ္ကာ
" ေမာင္သိပါတယ္ ၊ ေမာင့္ရွင္းသန႔္ေလးက အမာစားေလးဆိုတာ "
သူ႔အေျပာေၾကာင့္ ပုခုံးတစ္ဖက္ဆီ လက္သီးတစ္ခ်က္က ေဝ့ခနဲ တက္လာ၏။
" အာ့ ! "
" စကား အေကာင္းေျပာေနတာကို ... မင္း"
" စတာပါကြာ ...ဒါေပမဲ့ ေမာင့္ေၾကာင့္ မင္း လိုက္ၿပီး စစ္မႈထမ္းဖို႔ မလိုပါဘူး ၊ ၿပီးေတာ့ ကာကြယ္ေရးတပ္က စည္းကမ္း တအားတင္းက်ပ္ၿပီး ဘယ္သူ႔ကိုမွ ခြဲျခားၿပီး ဦးစားေပးဆက္ဆံတာမ်ိဳးလဲ မရွိဘူး ၊ ေနာက္ၿပီး ေမာင္က အိမ္ေရွ႕မင္းသားမို႔ ထုံးစံအရ သုံးႏွစ္ စစ္မႈထမ္းရေပမဲ့ မင္းဆိုရင္ သုံးႏွစ္ထဲနဲ႔ တပ္ထဲက ျပန္ႏႈတ္ထြက္ဖို႔လဲ မလြယ္ဘူးေလ ၊ မင္း စစ္မႈလိုက္ထမ္းလဲ ဟိုထဲမွာ ေမာင္တို႔ အတူေနရမွာမွ မဟုတ္တာ ရွင္းရဲ႕ ၊ တစ္ေယာက္ တစ္ေနရာစီပဲဆိုမွေတာ့ ဘာထူးမွာလဲ "
" အတူတူတစ္ေနရာတည္းက်ေအာင္ မင္းခမည္းေတာ္ကို ေျပာခိုင္းလိုက္ေပါ့ ၊ ဒါမွမဟုတ္ ငါ့အေဖကို အကူအညီေတာင္းလဲ ဒီေလာက္ကေတာ့ ရပါတယ္ "
အာဏာပါဝါေတြ သုံးရတာ မႀကိဳက္ဘဲ ရိး႐ိုးရွင္းရွင္း ေနရတာကို ႏွစ္သက္သူက အခုေတာ့ သူႏွင့္ မေဝးခ်င္႐ုံျဖင့္ တစ္သက္လုံး သေဘာမက်ခဲ့သည့္အရာေတြကိုပါသုံးဖို႔ စိတ္ကူးေနပုံရသည္ ။ ခ်စ္ရသူဆီမွာ သူႏွင့္ အၾကာႀကီး မခြဲခ်င္တာကို သိရသျဖင့္ ဘုဏ္းေဇ ၾကည္ႏူးရ၏။ သည္လိုစိတ္ကူးရွိမွန္း ျမင္ေတြ႕ရ႐ုံႏွင့္ပဲ ေက်နပ္ပါသည္။ လက္ေတြ႕စစ္မႈထမ္းဖို႔ကိုေတာ့ ဘယ္နည္းႏွင့္မွ် သူ သေဘာမတူႏိုင္ပါ ။
" သုံးႏွစ္စလုံး ေမာင္တို႔ မေတြ႕ရမွာ မဟုတ္ပါဘူး ရွင္းရဲ႕ ၊ ပိတ္ရက္ေတြရရင္ ေမာင္ မင္းဆီလို႔ ရပါတယ္ ၊ မင္းလဲ လာလည္လို႔ရတဲ့အခါေတြ ရွိမွာပါ ၊ ေနာက္ၿပီး ေမာင္တို႔ ဖုန္းအဆက္အသြယ္လဲ လုပ္လို႔ရပါတယ္ ... ေနာ္... ရွင္း ၊ သုံးႏွစ္အတြင္း ပန္းခ်ီေတြ အမ်ားႀကီးဆြဲ ၊ စာေတြ အမ်ားႀကီးေရး ၊ ေမာင့္အေၾကာင္းေတြလဲ အမ်ားႀကီးေတြးၿပီး ေမာင့္ကို ေစာင့္ေနေပါ့ "
ရွင္းသန႔္က ဘာမွ်ျပန္မေျပာေသးဘဲ သူ႔ကိုသာ ရင္ဘတ္ေပၚ ေနာက္တစ္ႀကိမ္ ဆြဲဖက္ထားၿပီး အေတြးမ်ားေနပုံရသည္။ မ်က္ႏွာကို အထက္နည္းနည္းတိုးၿပီး ၿငိမ္ေနသူအား အနမ္းျဖင့္ လႈပ္ႏႈိးရသည္။
သည္ေတာ့မွ တုံ႔ျပန္အနမ္းတို႔ျဖင့္ ေစ့ထားေသာ ႏႈတ္ခမ္းေလးမ်ားက ျပန္အသက္ဝင္လာ၏။
အၿမဲတေစ သူ႔ဘက္ကစၿပီး ဆြဲေခၚခဲ့ရေသာ္လည္း အခုေတာ့ ရွင္းသန႔္ဘက္က သူ႔ႏႈတ္ခမ္းေတြကို မက္မက္ေမာေမာ စုပ္ယူနမ္းရႈိက္ေနသည္။ လက္ႏွစ္ဖက္က သူ႔လည္ပင္းကို သိုင္းဖက္ထားၿပီးအနမ္းေရယာဥ္ေၾကာမွာ စီးေမ်ာေနပုံက ခြဲခြာရမွာကို စိုးရိမ္ေနသည့္အလား။ တျဖည္းျဖည္းႏွင့္ ခႏၶာကိုယ္ေအာက္ပိုင္းစီက ပြတ္တိုက္မႈတို႔ေၾကာင့္ တစ္ဦးအေပၚတစ္ဦး လိုခ်င္တပ္မက္စိတ္တို႔ပါ ႐ုန္းႂကြလာသည့္အခါ ။
" သုံးႏွစ္ဆိုေတာ့ ေတြးၾကည့္ရင္ အၾကာႀကီးပဲ ခြဲရမွာေနာ္ ရွင္း "
" အြန္း ... အဲဒါမို႔ "
" အဲဒါမို႔ အခုကတည္းက မင္းက ေမာင့္ကို ပိုခ်စ္ေပး "
စကားႏွင့္မဟုတ္ဘဲ သူ႔မ်က္ႏွာကိုသာ ဆြဲယူနမ္းရႈိက္ၿပီး အေျဖေပး၏။ ဝတ္ထားသည့္ အက်ႌအျဖဴေလးကို ရန္ရွာၿပီး ခြၽတ္ပစ္ေတာ့ လိုလိုခ်င္ခ်င္ လက္ခံသည္။ လည္တိုင္ဝင္းဝင္းေလးကစၿပီး ခါးစပ္႐ိုးေလးဆီအထိ ေနရာအႏွံ႔ ခ်စ္ျခင္းရဲ႕ အမွတ္သေကၤတေတြ ျဖန႔္က်က္ပုံေဖာ္ေနမိတာကိုလည္း မတားဆီးဘဲ ခြင့္ျပဳထား၏ ။
" ရွင္း ...ဘာလို႔ ေမာင့္ကို အလိုလိုက္ေနတာလဲ "
" ခ်စ္လို႔ "
" မၾကားလိုက္လို႔ ျပန္ေျပာပါဦး "
" ငါ မင္းကို ခ်စ္လို႔ "
" သိပ္မၾကားေသးဘူး ၊ ျပန္ေျပာပါဦး "
သည္တစ္ခါ ေတာင္းဆိုမႈမွာေတာ့ ႏႈတ္ခမ္းကို ကိုက္ၿပီး မ်က္ဝန္းညိဳေလးမ်ားကလည္း စိတ္မရွည္သည့္ဟန္ျဖင့္ ။
" တစ္ခါေလးပဲ ထပ္ေျပာ ၊ တကယ္မၾကားရဘူး ျဖစ္ေနလို႔ "
" ငါ ဗိုက္ဆာလာၿပီေနာ္ ဘုဏ္းေဇယ်ာေက်ာ္ "
" ၾကားရၿပီ ၊ ၾကားရၿပီ "
ေနာက္တစ္ႀကိမ္ ဘုဏ္းေဇ ထပ္မေမးရဲေတာ့ပါ ။
*****
2016 ၊ June
" ကိုရွင္းသန႔္ .... စာမူေတြ ၿပီးၿပီလား ၊ က်ေနာ္တို႔ ကူေပးဖို႔ လိုေသးလားဗ် "
စာၾကည့္တိုက္ထဲမွာ ရွင္းသန႔္စာထိုင္ေရးေနစဥ္ သူ႔ေရွ႕ေရာက္လာသူေတြက ပထမႏွစ္က ျပည့္စုံလွ်ံႏွင့္ ေဝမႉးပိုင္ဆိုသည့္ ေကာင္ေလးႏွစ္ေယာက္ ။ ျပည့္စုံႏွင့္ေဝမႉးက ေက်ာင္းမွာ မသိသူ မရွိသေလာက္ နာမည္ႀကီးသည္။ ႏွစ္ေယာက္စလုံး ႐ုပ္ရည္ခပ္သန႔္သန႔္ေလးေတြ ျဖစ္သလို အျပင္မွာေရာ ဆိုရွယ္မီဒီယာေပၚမွာပါ လူသိမ်ားသည့္ စုံတြဲလည္းျဖစ္၏ ။
" မၿပီးေသးဘူး ၊ ညီေလးတို႔ အခ်ိန္ရရင္ အစ္ကို႔ဝတၳဳတိုတစ္ပုဒ္နဲ႔ ကဗ်ာတစ္ပုဒ္ကို စာ႐ြက္ေပၚ အေခ်ာျပန္ကူးေရးေပးပါလား "
" ဟုတ္ ....ရတယ္ေလ ကိုရွင္းသန႔္ ၊ က်ေနာ္တို႔ကို စာမူေပးလိုက္ ၊ က်ေနာ္တို႔ ကူးေရးလိုက္မယ္ "
ကူးေရးရမည့္စာမူကို ထုတ္ေပးလိုက္သည့္အခါ
" ကိုရွင္းသန႔္ ... က်ေနာ္တို႔ စာႏုယဥ္အသင္း ႐ုံးခန္းမွာပဲ သြားေရးလိုက္မယ္ "
" အိုေခ သြားေလ ...အခုအခ်ိန္ဆို အတန္းသြားတက္ေနၾကတာနဲ႔ ႐ုံးခန္းထဲမွာ လူရွိခ်င္မွ ရွိမွာ ၊ ညီေလးတို႔ ေအးေအးေဆးေဆး ေရးလို႔ရတာေပါ့ "
" ဟုတ္ကဲ့ ၊ ဒါဆို က်ေနာ္တို႔ သြားလိုက္ဦးမယ္ဗ် "
သူ႔ကို ႏႈတ္ဆက္ၿပီး အခ်င္းခ်င္း လက္တြဲကာ ထြက္သြားၾကေသာ ေကာင္ေလးႏွစ္ေယာက္၏ ေက်ာျပင္ကို ရွင္းသန႔္ ေနာက္ကေန လိုက္ၾကည့္ေနမိတာ မ်က္စိေရွ႕ကေန ေပ်ာက္ကြယ္သြားသည္အထိ ။ သူ႔စိတ္ကို နားလည္သည့္ တစ္ေယာက္ေယာက္သာ ေဘးမွာရွိလွ်င္ သူ႔မ်က္ဝန္းထဲက အားက်မႈေတြကိုပါ ျမင္လိမ့္မည္ထင္သည္။
သူႏွင့္ဘုဏ္းေဇကေတာ့ ျပည့္စုံတို႔လို လူျမင္ကြင္းမွာ လက္တြဲမသြားဖူးသလို တကၠသိုလ္နယ္ေျမက ခ်စ္သူလမ္းၾကားမွာလည္း ႏွစ္ေယာက္တည္း လမ္းအတူမေလွ်ာက္ခဲ့ဖူးပါ ။ ပန္းၿခံထဲမွာ ခ်ိန္းမေတြ႕ဖူးသလို ႐ုပ္ရွင္႐ုံထဲက စုံတြဲခုံမွာလည္း အတူထိုင္မၾကည့္ခဲ့ဖူးပါ ။ ေကာ္ဖီဆိုင္မွာ ႏွစ္ေယာက္တည္း မဒိတ္ဖူးသလို ၿမိဳ႕ပတ္ရထားေပၚမွာလည္း ႏွစ္ေယာက္အတူ ေနရာလုမစီးဖူးပါ။
ခ်စ္သူစုံတြဲေတြ ျပဳလုပ္ေနၾက သာမန္အဆင့္ေလးမ်ားက သူတို႔အတြက္ေတာ့ ပိတ္ပင္ထားသည့္ တားျမစ္ဧရိယာမ်ားႏွင့္သာ တူသည္။
ျဖတ္သန္းသြားလာခြင့္မရွိ ။
*****
* ဆြီဒင္ႏိုင္ငံမွ ဒုတိယဆက္ခံသူေနရာမွာရွိသည့္ မင္းသား ဖီးလစ္အား ေတာ္ဝင္နန္းေတာ္မွ ခ်မွတ္ထားေသာ စည္းကမ္းမ်ားအား အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္မႈေၾကာင့္ နန္းေတာ္မွ ထုတ္ပယ္လိုက္သည္ *
သည္အေၾကာင္းကို အရင္ရက္ေတြကတည္းက မီဒီယာေတြႏွင့္ ဖီးလစ္ဆီကတစ္ဆင့္ သဲ့သဲ့ၾကားထား၍ ဘုဏ္းေဇ သိၿပီးသားျဖစ္ေသာ္လည္း သည္ကေန႔ေတာ့ ဆြီဒင္နန္းေတာ္မွ တရားဝင္ သတင္းထုတ္ျပန္လာခဲ့သည္။ ထို႔အျပင္ နန္းေတာ္ကေန ေ႐ႊ႕ေျပာင္းထြက္ခြာသြားသည့္ ဖီးလစ္၏ဓာတ္ပုံမ်ားကလည္း ဆိုရွယ္မီဒီေပၚမွာ ေနရာယူထား၏ ။ ဓာတ္ပုံေတြထဲမွာေတာ့ ဖီးလစ္က ၿပဳံးေနသည္။ သူတို႔ဆီ အလည္လာတုန္းက ေတြ႕ရသလို မ်က္ဝန္းထဲမွာ ဝမ္းနည္းျခင္း အေငြ႕အသက္ေတြ သန္းေနသည့္ အၿပဳံးမ်ိဳး။
နန္းေတာ္က ထုတ္ျပန္သည့္ သတင္းမွာ ဖီးလစ္ကို စည္းကမ္းခ်ိဳးေဖာက္သည့္ ျပစ္မႈဟုသာ ေဖာ္ျပထားသည္။ ေယာက္်ားေလးခ်င္း ခ်စ္ႀကိဳက္သူ ျဖစ္ေသာေၾကာင့္ ထုတ္ပယ္သည့္ အမွန္တရားကိုေတာ့ ဖုံးကြယ္ထား၏ ။ ဖီးလစ္အတြက္ ဘုဏ္းေဇ စိတ္ထိခိုက္ရသည္။ ဖီးလစ္ခ်စ္သူကို ျပန္ရွာေတြ႕ခဲ့၍ ေတာ္ေသးသည္ဟုသာ စိတ္ေျဖရမည္။ အခုလည္း ဖီးလစ္က သူတို႔ကို ေျပာျပထားသလို သူ႔ခ်စ္သူရွိသည့္ ကြၽန္းတစ္ကြၽန္းမွာပဲ ခ်စ္သူႏွင့္အတူ ေနသြားလိမ့္မည္။
" ဖီးလစ္ မင္း အဆင္ေျပရဲ႕လား "
ေလာေလာဆယ္ ဖီးလစ္ကို သူ စာႏွင့္ပဲ ဆက္သြယ္ႏိုင္ေသးသည္။
" ဘယ္လိုထင္လဲ မင္းသား ဘုဏ္း "
" မင္း စိတ္မေကာင္းျဖစ္ေနမယ္လို႔ ထင္တယ္ ၊ အားတင္းထားပါ ၊ မင္းနဲ႔အတူ ငါတို႔ေရာ မင္းခ်စ္သူေရာ ရွိပါတယ္ "
" မင္းတို႔ကို ငါေက်းဇူးတင္ပါတယ္ ၊
မိသားစုက စြန႔္ပစ္ခံရတဲ့ ကေလးတစ္ေယာက္က ေပ်ာ္ေတာ့ ဘယ္ေပ်ာ္ႏိုင္ပါ့မလဲ ၊ ဒါေပမဲ့ ငါေနတတ္ပါတယ္ "
" မင္း ခံစားခ်က္ကို ငါနားလည္ပါတယ္ "
ဖီးလစ္ဘက္က Typing ျပေနေသာ္လည္း ေတာ္ေတာ္ႏွင့္ သူ႔ဆီ စာေရာက္မလာပါ။ စာအရွည္ႀကီးမ်ား ေရးေနသလားဟုပင္ ထင္မိသည္။
သို႔ေသာ္လည္း အေတာ္ၾကာမွ သူ႔ဆီကို စာတိုေလးသုံးေၾကာင္းသာ ဝင္လာ၏ ။
" ငါ မင္းကို ငါ့လို မျဖစ္ေစခ်င္ဘူး မင္းသား ဘုဏ္း ၊
ရွင္းသန႔္ကိုေရာ မင္းကိုယ္မင္းေရာ ကာကြယ္ပါ ၊
မင္းမိသားစုနဲ႔လဲ မကြဲကြာရေအာင္ ငါဆုေတာင္းေပးပါတယ္ "
ထိုmessageကို ဖတ္ၿပီးေနာက္ ဘုဏ္းေဇ ရင္တစ္ခုလုံးလည္း ေမာဟိုက္သြားရသည္။
#PoPoPhoenix
------------------------------------------------------
{ A/N - ဒီအပိုင္းေတြအားလုံးက ေနာက္ေၾကာင္းျပန္ေန တာပါေနာ္ ။ လက္ရွိအ႐ြယ္ကို ျပန္ေရာက္ဖို႔ သိပ္မလိုေတာ့ပါဘူး ။
ၿပီးေတာ့ ပိုပို႔အထင္ Ficက အစအဆုံး အပိုင္း ၄၀-၄၅ ၾကားပဲ ရွိပါလိမ့္မယ္ ။ }