Blank Charge (Myanmar Transla...

By lowkey_not_Loki

13.2K 1.6K 98

Language Chinese Author Empty Chrysanthemum 空菊/Kong Ju Year 2022 Status in COO 66 Chapters တရားသူကြီး×ရှေ့နေ ... More

Description
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
attention
20.1
20.2

11

309 73 0
By lowkey_not_Loki

#Unicode
အခန်း(၁၁)
ဘက်စုံထူးချွန်သူ
<<<<<

ချင်ကျိုးနှင့် ယန်းရှီးယွီတို့က ရှုပ်ယှက်ခတ်နေသော အကကြမ်းပြင်ကိုဖြတ်၍ လျှို့ဝှက်လမ်းမှတစ်ဆင့် ဘားတစ်ခုလုံးတွင် အခမ်းနားဆုံးဖြစ်သော VIP ဧရိယာကို ရောက်သွားကြသည်။

VIPဧရိယာတွင် ကိုယ်ပိုင်အခန်း အကြီး၊ အသေး မျိုးစုံအောင်ရှိနေသည်။ သေးငယ်သောအခန်းတစ်ခုတွင် လူဆယ်ယောက်လောက်သာ စုဝေးနိုင်ပြီး တွေ့ဆုံပွဲအသေးစားလောက်သာ လုပ်နိုင်သော်လည်း ကြီးမားသောအခန်းတွင် ကော့တေးပါတီလုပ်ရန်အတွက်ပင် ပြဿနာမရှိဘဲ နေရာအတော်ကျယ်ကျယ်ဝန်းဝန်းရှိလေသည်။

လောင်းကစားရုံအတုကို အကြီးဆုံးသော ကိုယ်ပိုင်အခန်းတွင် ပြုလုပ်ထားပြီး လောင်းကစား စားပွဲရှစ်ခုနှင့် လူအယောက်ရာကျော် အတူစုဝေးနိုင်လောက်အောင် ကျယ်ဝန်းနေသည်။

လေးလံလှသော အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ကျယ်လောင်လှသောအသံများနှင့်အတူ ဆေးလိပ်ငွေ့များဖြင့် လာရောက်မိတ်ဆက်ခြင်းကို ခံလိုက်ရသည်။ ချင်ကျိုးက ယန်းရှီးယွီမကြိုက်သော ဆေးလိပ်ငွေ့များကို အနံ့ပျောက်အောင် လက်ဖြင့် ရမ်းခါလိုက်ပြီး အခန်းထဲရှိ အခြေအနေကို ကြည့်လိုက်သည်။ တံခါးနားတွင် စောင့်ကြည့်နေသော ကောင်လေးတစ်ယောက်ကို သူမေးလိုက်သည်။
"ဝမ်တရုန် ဘယ်မှာလဲ?"

"သူရောက်လာလာချင်းကို ပိုက်ဆံတွေအကုန် ကုန်သွားခဲ့တယ်လေ..."
ထိုကောင်လေးက ဖြေလိုက်သည်။
"သူက တခြားသူတွေကို ပိုက်ဆံထောင်ချီ အကြွေးတင်နေပြီး အခုလက်ရှိမှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေနဲ့အတူ အပြင်မှာ ပိုက်ဆံသွားလဲနေတယ် ..."

ထိုကောင်လေးက အနားနားတွင် ချင်ကျိုး မရှိနေ၍ အလျှင်စလို မလုပ်ဆောင်ရဲဘဲ ဝမ်တရုန်ကို စောင့်ကြည့်ရုံသာ လုပ်နေခဲ့သည်။

ချင်ကျိုး ခေါင်းငြိမ့်လိုက်သည်။ ဝမ်တရုန်က အခြားသူများထံတွင် အကြွေးတင်နေပြီဖြစ်လေရာ သူ့ကိုစောင့်ကြည့်နေသည့် သူများရှိနေပါက အံ့ဩစရာမဟုတ်တော့သလို သံသယဝင်စရာလည်း မရှိတော့ပေ။ သို့သော်လည်း သူ့ကို အပြင်တွင် လိုက်ဖမ်းရန် အဆင်မပြေ၍ လောင်းကစားလာလုပ်သည်အထိ စောင့်နေရမည်ဖြစ်သည်။

ထို့အပြင် ဝမ်တရုန် ATM စက်မှ ပိုက်ဆံသွားလဲလိုက်သည်နှင့် ရဲများက သူရောက်ရှိနေသည့်နေရာကို ခြေရာခံနိုင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ချင်ကျိုးက မြန်မြန်ဆန်ဆန်နှင့် ပြတ်ပြတ်သားသား လုပ်ဆောင်ရမည်ဖြစ်လေသည်။

"ဝမ်တရုန်ကို အမြန်ဆုံး အထဲကို ပြန်ခေါ်ခဲ့..."
ချင်ကျိုး အမိန့်ပေးလိုက်ပြီး အစစ်တစ်ဝက် အတုတစ်ဝက်ရောနှောနေသော လောင်းကစားသမားများ ရောနှောနေသည့် ကိုယ်ပိုင်အခန်းထဲ ဝင်လိုက်သည်။

အထဲတွင် ရှိနေကြသည့်လူအများစုက ချင်ကျိုးနှင့် ရင်းနှီးနေကြသူများဖြစ်သော်လည်း လောင်းကစားရုံအတုထဲတွင် လောင်းကစားသမား အစစ်အချို့ပါ ရောနှောနေလေသည်။

ချင်ကျိုးက လောင်းကစားလုပ်ရင်း အရာအားလုံးဆုံးရှုံးသွား၍ မိသားစုနှင့်ပါအဆက်အသွယ်ပြတ်ကုန်ကြသော လောင်းကစားသမားများစွာကို မြင်ခဲ့ဖူးသည်။ ထိုလူများက ဆင်းဆင်းရဲရဲနေနေကြရသော်လည်း လောင်းကစားကို မစွန့်လွှတ်နိုင်သေးကြချေ။

ချင်ကျိုးက ထိုအရာကို ထူးဆန်းသည်ဟု ခံစားမိလေသည်။ လောင်းကစားဆိုတာက အဆုံးမရှိတဲ့ ချောက်နက်တစ်ခုဖြစ်တယ်ဆိုတာ သူတို့ မသိဘူးလား? နောက်ပိုင်းတွင်တော့ ထိုသူများက သူတို့ လမ်းမှားလျှောက်မိကြောင်း လက်မခံနိုင်ကြသည်သာ ဖြစ်ကြောင်း သိခဲ့ရသည်။

ထိုလူများအပေါ် နားလည်မှုကို အသုံးချကာ ချင်ကျိုးက ရဲများပင် မသုံးရဲသော နည်းလမ်းကိုသုံး၍ ဝမ်တရုန်ကို မျှားခေါ်ခဲ့ခြင်းဖြစ်သည်။

"ချင်ကော..."
ချင်ကျိုးနားမှ ဖြတ်သွားသောလူတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်ပြီးနောက်တွင် သူ့နောက်တွင် ရပ်နေသော ယန်းရှီးယွီကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ချင်ကျိုး သူ၏ 'မိန်းမ'ကို ခေါ်လာသည်ဟူသော သတင်းက အချိန်ခဏလေးအတွင်း ဘားတစ်ခုလုံးသို့ ပျံ့သွားပြီဖြစ်ကြောင်း ချင်ကျိုး သတိပြုမိသွားသည်။ သူက အစကတည်းက ထိုကဲ့သို့ မရည်ရွယ်ထားခဲ့ဘဲ ယန်းရှီးယွီကို စချင်ရုံသာဖြစ်လေသည်။ သို့သော်လည်း သတင်းပျံ့သွားပြီဖြစ်၍ သူ့ညီအစ်ကိုများက သူ့တွင် အကြိုက်ကောင်းကောင်းမရှိဟု တွေးခွင့်မပြုနိုင်ပေ။

ချင်ကျိုး စိတ်ထဲတွင် ယန်းရှီးယွီ၏ သူမတူသော ပုံစံကို အခြားသူများသိအောင် မည်ကဲ့သို့ ပြုလုပ်မည်ဟူ၍ အစီအစဉ် စဆွဲနေပြီဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် သူ့နောက်မှ ယန်းရှီးယွီက မေးလာသည်။
"ဒါ လောင်းကစားရုံအတုဆိုတာ သေချာရဲ့လား?"

"ဒါပေါ့..."
ချင်ကျိုး သူ့အတွေးများကို ဘရိတ်အုပ်လိုက်ပြီး ယန်းရှီးယွီကို လှည့်ကြည့်လိုက်သည်။
"ငါတို့ ဝမ်တရုန်ကို ဖမ်းမိတာနဲ့ ဒါတွေအကုန် ပိတ်သိမ်းလိုက်တော့မှာ...".

"ဝမ်တရုန်ရှုံးသွားတဲ့ ပိုက်ဆံတွေကရော ဘာလုပ်မှာလဲ?"

"ငါ့ ညီအစ်ကိုတွေကို ညလယ်စာတစ်ဝိုင်းကျွေးလိုက်မှာပေါ့..."
ချင်ကျိုး ပြန်ဖြေသည်။ အခြားသူများ၏ ပိုက်ဆံများကို ပြန်ပေးမည်ဖြစ်၍ ငွေကြေးအလဲအလှယ်တို့ ရှိမည်မဟုတ်တော့ပေ။ ဝမ်တရုန်ကို ဖမ်းရန် ကူညီခဲ့သည့် သူ့ညီအစ်ကိုများကို ချင်ကျိုးက ဆုချမည်မှာ သဘာဝသာဖြစ်သည်။

"ချင်ကျိုး... "
ယန်းရှီးယွီ မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမူအရာက မည်သည့် မကောင်းမှုကိုမှ သည်းမခံနိုင်ဟန်ဖြစ်နေသည်။
"ဒါ တရားမဝင်ဘူးနော်..."

ချင်ကျိုးက တရားရုံးတွင် တရားဝင်အမှုများစွာကို ရှေ့နေလိုက်ပေးခဲ့ပြီးပြီဖြစ်သည်။ တိုက်ဆိုင်၍လားမသိသော်လည်း တရားခွင်တွင် ယန်းရှီးယွီနှင့် တစ်ခါမှ မဆုံခဲ့ရဖူးပေ။

ယန်းရှီးယွီက မှုခင်းတရားခွင်တရားသူကြီးဖြစ်ပြီး များသောအားဖြင့် တရားခံ၏ရှေ့နေများ ခုခံပြောဆိုရန် အခွင့်အရေးအနည်းငယ်သာ ကျန်သော ပြစ်မှုများကိုသာ အမိန့်ချပေးသူဖြစ်သည်။

ချင်ကျိုးတွင် အားလပ်ချိန်ရှိချိန်တိုင်း ယန်းရှီးယွီရှိနေသည့် တရားခွင်သို့သွားကာ သူသာ တရားခံ၏ရှေ့နေဆိုလျှင် မည်သည့် ခုခံချေပရေး ဗျူဟာကို သုံးမည်ဟု စိတ်ကူးယဉ်လေ့ရှိသည်။ သို့သော်လည်း ယန်းရှီးယွီ ကိုင်တွယ်ခဲ့သည့် အမှုပေါင်းများစွာကို မြင်ပြီးနောက်တွင် တစ်ဖက်လူက တရားခံ ရှေ့နေ၏အကြံကို လက်ခံပေးသည်က ရှားကြောင်း မြင်ခဲ့ရသည်။

တရားသူကြီးများက တရားလိုများအပေါ် ဘက်လိုက်ကြသည်မဟုတ်ဘဲ တရားစွဲဆိုသည့် အဆင့်တွင်ပင် တရားစွဲဆိုရေး အရာရှိများက အမှု၏ သဘောသဘာဝကို ဆုံးဖြတ်ပြီး၍ဖြစ်သည်။ တရားခံ ရှေ့နေက အမှုတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ချင်လျှင် တရားစွဲဆိုထားသော အမှုများထဲမှ လွတ်ပေါက်ကို ရှာမည်ဖြစ်၍ ထိုသို့လုပ်ရန်မှာ အတော်လေး ခက်ခဲလွန်းလှပေသည်။

သို့သော်လည်း ယခုလက်ရှိ အခြေအနေက ကွာခြားလေသည်။

ယခုလက်ရှိ လက်ထဲတွင် ရှိနေသော "အမှု"က ယန်းရှီးယွီပြောသလို တရားဝင်သည် တရားမဝင်သည်ဟု ရိုးရိုးလေး ပြောနိုင်သည့် အမှုမျိုးမဟုတ်ချေ။

ချင်ကျိုး ယန်းရှီးယွီကို တည်ငြိမ်စွာမေးလိုက်သည်။
"တရားသူကြီးမင်းက ကျွန်တော့်ကို ဘာအမှုနဲ့များ တရားစွဲဆိုချင်လို့လဲ?"

ယန်းရှီးယွီ ပတ်ဝန်းကျင်ကို တစ်ချက်လိုက်ကြည့်ပြီး မျက်မှောင်ကြုတ်နေဆဲဖြစ်သလို ဆက်လက်နှုတ်ဆိတ်နေခဲ့သည်။

"လောင်းကစားလုပ်ရန် လူစုဝေးခြင်းလား?"
ချင်ကျိုး သူ့ကိုယ်သူအတွက် အမှုအမည် တပ်ပေးလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်က အကျိုးအမြတ်ရအောင် လုပ်ဖို့ ရည်ရွယ်ချက်မှမရှိတာ...."

လောင်းကစားရုံ အတုလုပ်ခြင်းက တရားမဝင်လျှင် ဇာတ်ကားများနှင့် TVရှိုးများတွင် ထိုကဲ့သို့ ဇာတ်ကွက်များ ထည့်သွင်း ရိုက်ကူး၍ ရမည်မဟုတ်ပေ။ အချို့သော လောင်းကစားသမား အစစ်များက ဤ လောင်းကစားရုံအတုထဲတွင် ရောနှောနေကြသော်လည်း ထိုသူများကို ဖမ်းမိခဲ့လျှင်ပင် ခဏတာ ထိန်းသိမ်းခံရမည်ဖြစ်ပြီး အမှန်တကယ် အမှုကျူးလွန်နေကြခြင်းမဟုတ်ပေ။

ချင်ကျိုး ဤအခြေအနေကို လွယ်ကူစွာ ကိုင်တွယ်နေနိုင်ခြင်းမှာ ခုခံချေပရန်အတွက် အကြောင်းပြချက်အများကြီး ရှိနေ၍ဖြစ်သည်။ သူဘယ်လို အမိန့်ချခံရမလဲဆိုသည်က ယန်းရှီးယွီဆုံးဖြတ်ရမည့်အရာမဟုတ်ပေ။

"ဒါပေမဲ့ ဝမ်တရုန်ပိုက်ဆံတွေကို ပြန်မပေးတာက လိမ်လည်မှုလို့ သတ်မှတ်လို့ရတယ်..."
ယန်းရှီးယွီပြောသည်။

"စွဲချက် တင်မယ့် နစ်နာသူရောရှိနေလို့လား?"
ချင်ကျိုး မေးလိုက်သည်။

"အမှုတစ်ခုစွဲချက်တင်ဖို့ နစ်နာသူရှိဖို့ မလိုပါဘူး..."
ယန်းရှီးယွီ ပြန်ဖြေသည်။

"ဒါပေမဲ့ နစ်နာသူမရှိရင် အမှု အချက်အလက်တွေကို ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်း စုံစမ်း စစ်ဆေးနိုင်မှာလဲ?"
ဖော်ပြရန် မစွမ်းသာသည့် စိတ်လှုပ်ရှားမှုတစ်ခု ချင်ကျိုး၏ ဦးနှောက်ထဲတွင် ပေါ်ထွက်လာ၍ စကားပြောနေသည့် အရှိန်ပင် မြန်ဆန်လာခဲ့သည်။

ထိုခံစားချက်က ချင်ကျိုး တရားခွင်တွင် စကားစစ်ထိုးချိန်၌ တစ်ခါမျှ မခံစားခဲ့ရဖူးသော စွဲလမ်းတောင့်တစေသည့် ခံစားချက်တစ်ခုဖြစ်လေသည်။ ယန်းရှီးယွီတစ်ယောက် စကားဆက်ပြောပြီး သူ့ကို အမှုမျိုးစုံဖြင့် စွဲချက်ထပ်တင်ကာ အဆုံးမသတ်နိုင်သည့် ထောင်ဒဏ်ပေးရန်အတွက် ကြိုးစားအားထုတ်လာရန် တိတ်တိတ်လေး မျှော်လင့်နေမိသည်။

သို့သော်လည်း ယန်းရှီးယွီက ချင်ကျိုးပြောခဲ့သည့်အတိုင်း ဝမ်တရုန် ပိုက်ဆံမည်မျှ ရှုံးခဲ့သည်မှန်း မသိ၍ တိတ်ကျသွားခဲ့သည်။ ဆက်လက် ငြင်းခုံ၍လည်း အကျိုးမရှိတော့ပေ။

"သူ့ကို ဖမ်းမိတာနဲ့ ငါတို့တွေ သူ့ပိုက်ဆံကို ပြန်ပေးလိုက်ကြရအောင်..."
ယန်းရှီးယွီ ချင်ကျိုးနှင့် ဆွေးနွေးညှိနှိုင်းရန် ပြင်လိုက်သည်။
"မင်းက ရှေ့နေတစ်ယောက်ပဲလေ... အမြဲတမ်း တရားဝင် လွတ်ပေါက်တွေ သုံးဖို့ချည်း ကြိုးစားမနေနဲ့..."

တရားခွင်လုပ်တမ်း ကစားရန် စတင်ရုံသာရှိသေးသော်လည်း တရားသူကြီးက အရှုံးပေးနေပြီးလေပြီ။ စိတ်လှုပ်ရှားစရာ ခံစားချက်က ဒီရေများလို ပြန်ဆုတ်သွားသော်လည်း ချင်ကျိုး၏ စိတ်အခြေအနေက အနည်းငယ် မြင့်တက်နေသေးသည်ဖြစ်ရာ ယန်းရှီးယွီကို ကြည့်၍မေးလိုက်သည်။
"ဒါဆို ငါက ရှေ့နေဖြစ်မှန်း မင်းသိနေတယ်ပေါ့..."

ဤသည်က ယန်းရှီးယွီ ချင်ကျိုး၏ အလုပ်အကိုင်ကို ပထမဆုံးအကြိမ် ထုတ်ပြောဖူးခြင်းဖြစ်သည်။

သူတို့နှစ်ယောက်၏ ဆက်ဆံရေးက နက်နဲသိမ်မွေ့လှသည်။

အချင်းချင်း၏ အခြေအနေကို ဝီချက် မိုးမန့်မှတစ်ဆင့်သာ သိနိုင်သော မဆက်သွယ်ဖြစ်တာ ကြာနေသည့် ဝီချက်မှ သူငယ်ချင်းနှစ်ယောက်နှင့်တူနေသည်။ "ငါမိုးမန့်မှာ တင်ထားပြီးပြီဆိုတော့ မင်းသိတယ်လို့ သတ်မှထ်ထားတယ်"__ ဟူသော တစ်ဖက်သတ် ကောက်ချက်ချက်မှုမျိုးသာ ရှိနေပြီး တစ်ဖက်လူက သိပါသည်ဟု ပြောပြခြင်းမျိုး မရှိပေ။

ယန်းရှီးယွီက ချင်ကျိုးအပေါ် အမြဲတမ်း မထူးမခြားနားသလိုသာ ဆက်ဆံသည်ဖြစ်၍ ယန်းရှီးယွီက သူရှေ့နေတစ်ယောက် ဖြစ်ကြောင်း သိပြီးသားဖြစ်သည်ဟုသာ ကောက်ချက်ချနိုင်ခဲ့သည်။

သူ့ကောက်ချက်ချမှုက 99.99%အထိ မှန်သော်လည်း ယန်းရှီးယွီကိုယ်တိုင် ထုတ်ပြောသည်နှင့် ခြားနားလေသည်။

ယခုတွင် တစ်ဖက်သတ်ကောက်ချက်ချမှုက နှစ်ဦးနှစ်ဖက် နားလည်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယန်းရှီးယွီ၏ အတွေးများထဲတွင် ချင်ကျိုးတစ်ယောက် ခဏတာ သို့မဟုတ် အချိန်အတော်ကြာ ပေါ်လာတတ်သည်ဟူသော အချက်ကို ချင်ကျိုး အတည်ပြုနိုင်သွားခဲ့သည်။

"ငါက အကန်းမှမဟုတ်တာ.."
ယန်းရှီးယွီ၏ အကြည့်များက မရှင်းပြနိုင်သော စိတ်လှုပ်ရှားမှုကြောင့် ကော့ညွတ်နေလေသော ချင်ကျိုး၏ မျက်လုံးထောင့်လေးများဆီသို့ ရောက်သွားခဲ့သည်။

"ဟုတ်တာပေါ့ မင်းငါ့ကို မြင်မှာပဲလေ..."
ချင်ကျိုး ပြုံးပြုံးကြီးပြောလိုက်သည်။
"ဒါပေမဲ့ မင်းပဲ ငါ့ကို လူရမ်းကားပေါက်စလို့ ခေါ်ခဲ့တာမဟုတ်ဘူးလား?"

ချင်ကျိုးက သူ့ကိုယ့်သူ ရှေ့နေတစ်ယောက် ဖြစ်နေပါစေ လူရမ်းကားတစ်ယောက်ဖြစ်နေပါစေ ဂရုမစိုက်ချေ။ သူက ဂရုမထားဘဲ ယန်းရှီးယွီ၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး အရိုးမရှိသလို မှီလိုက်သည်။
"အရမ်းကြီး အလေးနက်ထားမနေပါနဲ့ ယန်းရှီးယွီရယ်... မင်းကို ကောင်းတာလေးတွေပြမယ် လိုက်လာခဲ့..."

သူတို့ဘေးတည့်တည့်တွင် လောင်းကစား စားပွဲတစ်ခုရှိနေသည်။  ချင်ကျိုး၏လက်က ယန်းရှီးယွီ၏ ပခုံးပေါ်တွင် တွယ်ချိတ်နေပြီး ဆွဲခေါ်သွားလိုက်သည်။ ချင်ကျိုး လာနေသည်ကိုမြင်သော ညီငယ်လေးတစ်ယောက်က သူ့နေရာကို ချက်ချင်းဖယ်ပေးလိုက်သော်လည်း ချင်ကျိုးက ထိုသူကို ဆက်ထိုင်နေရန် အမူအရာပြလိုက်ပြီး စားပွဲပေါ်မှ လောင်းကစားတိုကင်ပြား တစ်ခုကိုယူကာ ယန်းရှီးယွီကိုမေးလိုက်သည်။
"ဘယ်ဘက်က လောင်းချင်လဲ?"

တိုကင်ပြားက ချင်ကျိုး၏ ကျွမ်းကျင်ပြီး ထူးခြားဆန်းပြားသော လက်လှုပ်ရှားမှုကြောင့် ဟိုဘက်သည်ဘက် အဖန်ဖန်လည်နေသည်။

ယန်းရှီးယွီက တစ်ဖက်လူ၏ အကျွမ်းတဝင်ရှိလှသော လှုပ်ရှားမှုများကိုကြည့်ပြီး မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။
"မင်းဒါမျိုးတွေ ခဏခဏကစားဖြစ်တာလား?"

"ကစားဖြစ်တာပေါ့..."
ချင်ကျိုး ဘာမှမဟုတ်သလို ပြန်ဖြေလိုက်သည်။
"ငါက လောင်းကစားလုပ်တာတွေ၊ ဆေးချတာတွေနဲ့ တခြား တရားမဝင်အရာတွေအကုန်လုံးမှာ အရမ်းကျွမ်းကျင်တာလေ..."

ချင်ကျိုးကို ကြည့်လာသော တစ်ဖက်လူ၏ အကြည့်များက ထိတ်လန့်သွားမှု၊ မယုံကြည်နိုင်ဖြစ်မှု နှင့်အတူ မယုံသင်္ကာဖြစ်မှုတစ်စွန်း တစ်စပါ ရောနှောနေခဲ့သည်။ ချင်ကျိုးက ယန်းရှီးယွီ၏ တုန့်ပြန်မှုကြောင့် အတော်လေး သဘောသွားပြီး ရယ်မောလေတော့သည်။
"ငါဘာပြောပြောယုံတာပဲလား... မင်း ဘယ်လိုလုပ် တရားသူကြီးတစ်ယောက် ဖြစ်လာရတာလဲ?"

စကားဆုံးသည်နှင့် ချင်ကျိုး၏ လည်ဂုတ်တွင် နာကျင်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ယန်းရှီးယွီကို တစ်ကိုယ်လုံးမှီတွယ်ထားသော်လည်း တစ်ဖက်လူက သူ့လည်ဂုတ်ကို ကြောင်တစ်ကောင်ကြွက်ဖမ်းသလို ချောမွေ့ လွယ်ကူစွာ ဖမ်းကိုင်နိုင်လိုက်မည်ဟု မထင်ခဲ့ပေ။

"ဟေး... ဖြေးဖြေးလုပ်ပါ တာ့ကော! လူတိုင်း ကြည့်နေတယ်လေ!"
ချင်ကျိုး ခါးမတ်သွားပြီး မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

ဟူကျစ်တစ်ယောက် အထင်လွဲသွားပြီးပြီဖြစ်၍ သူ၏အခြား ညီအစ်ကိုများကို အထင်မလွဲစေချင်တော့ပေ။

သို့သော်လည်း ယန်းရှီးယွီက လွှတ်ပေးမည့်အစား အားပိုထည့်လိုက်ပြီး ချင်ကျိုး၏ ခေါင်းကို တစ်ဖက်သို့စောင်းကာ ဩရှရှအသံဖြင့် ပြောလာသည်။
"အဲ့ဒါ ဝမ်တရုန်ပဲ..."

ယန်းရှီးယွီ၏ အကြည့်ရောက်နေသည့်နေရာကို ကြည့်လိုက်ချိန်တွင် အခန်းထဲသို့ဝင်လာပြီး မျက်စိအငြိမ်မနေဘဲ လောင်းကစား စားပွဲများ၏ အခြေအနေကို လိုက်ကြည့်နေသော ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

ချင်ကျိုး အနည်းငယ်မျှ အံ့အားသင့်သွားရသည်။ သူ ဝမ်တရုန်ကို တွေ့ခဲ့သည့် နောက်ဆုံးအကြိမ်က သူ့မိဘများ၏ ကားမတော်တဆမှုကို အယူခံဝင်ချိန်တွင် ဖြစ်သည်။

ဝမ်တရုန်က တရားခွင်သို့ လက်ထိပ်များဖြင့် ဝင်လာပြီး စကားစပြောသည်နှင့် ချင်ကျိုး၏မိသားစုကို တောင်းပန်ချင်သော အမူအရာကိုပြပြီး မျက်ရည်များသုတ်လေသည်။

အစက တမ်တရုန်တစ်ယောက် လူနှစ်ယောက်ကို သေဆုံးစေခဲ့သည့် ကားမတော်တဆမှုကို ဖြစ်စေခဲ့သော်လည်း ထောင်ဒဏ်ခြောက်နှစ်သာ ကျခံခဲ့သည်ကို ချင်ကျိုး နားမလည်နိုင်ခဲ့ပေ။

ထိုတရားခွင်တွင်ရှိနေခဲ့သော တရားသူကြီးက ဝမ်တရုန်ကို စိတ်ခံစားချက်များ ပြန်လည်ထိန်းညှိရန် အချိန်ပေးသည့်အနေဖြင့် လူသေဆုံးမှုကို ဖြစ်စေသော ကားမတော်တဆမှုအများစုက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းထက် ပေါ့ဆမှုများသာ ဖြစ်ကြောင်း အချိန်ယူရှင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသေဆုံးစေမှုအတွက်ပြစ်မှုများနှင့် ကွာခြားကြောင်း ပြောပြခဲ့သည်။

ချင်ကျိုးက ဝမ်တရုန်တစ်ယောက် သူ့မိသားစုအပေါ် မကောင်းသည့် ရည်ရွယ်ချက်များရှိနေသည်ဟု မခံစားမိ၍ ထိုနှစ်က ဖြစ်ပျက်ခဲ့သည့် ကားမတော်တဆမှုကို မတော်တဆမှု သက်သက်ဖြစ်သည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော်လည်း လောင်းကစားရုံတွင် လောင်းကစားလုပ်ခြင်းကို ပျော်မွေ့နေသော ဝမ်တရုန်၏ ပုံစံကိုကြည့်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စက်ခံစားချက်တစ်ခု ဖြတ်သန်းသွားကြောင်း ခံစားလိုက်ရသည်။ ထို့ခံစားချက်က ဝမ်တရုန်အပေါ်တွင် ဖြစ်တည်နေသော သူ၏ မုန်းတီးမှုများ ဖြစ်ကြောင်းကိုလည်း သိနေခဲ့သည်။

"ချင်ကျိုး... ချင်ကျိုး!"

ယန်းရှီးယွီ၏ အသံက ချင်ကျိုးကို ပြန်လည့်အသိဝင်လာစေခဲ့သည်။ သူ့လက်ထဲတွင်ရှိနေသော လောင်းကစားတိုကင်ပြားကို ဘေးသို့ပစ်ချလိုက်ကာ သူ့ဘေးပတ်ပတ်လည်တွင် စောင့်ဆိုင်းနေကြသော ညီအစ်ကိုများကို မေးငေါ့ပြီးပြောလိုက်သည်။
"သွားဖမ်းကြ..."

*****
Word- 2766
6.1.2024

ချင်ကျိုးကတော့ နိုင်တာလဲမဟုတ်ဘဲ သွားသွားစနေတော့တာပဲ🤣🤣




#Zawgyi
အခန္း(၁၁)
ဘက္စုံထူးခြၽန္သူ
<<<<<

ခ်င္က်ိဳးႏွင့္ ယန္းရွီးယြီတို႔က ရႈပ္ယွက္ခတ္ေနေသာ အကၾကမ္းျပင္ကိုျဖတ္၍ လွ်ိဳ႕ဝွက္လမ္းမွတစ္ဆင့္ ဘားတစ္ခုလုံးတြင္ အခမ္းနားဆုံးျဖစ္ေသာ VIP ဧရိယာကို ေရာက္သြားၾကသည္။

VIPဧရိယာတြင္ ကိုယ္ပိုင္အခန္း အႀကီး၊ အေသး မ်ိဳးစုံေအာင္ရွိေနသည္။ ေသးငယ္ေသာအခန္းတစ္ခုတြင္ လူဆယ္ေယာက္ေလာက္သာ စုေဝးႏိုင္ၿပီး ေတြ႕ဆုံပြဲအေသးစားေလာက္သာ လုပ္ႏိုင္ေသာ္လည္း ႀကီးမားေသာအခန္းတြင္ ေကာ့ေတးပါတီလုပ္ရန္အတြက္ပင္ ျပႆနာမရွိဘဲ ေနရာအေတာ္က်ယ္က်ယ္ဝန္းဝန္းရွိေလသည္။

ေလာင္းကစား႐ုံအတုကို အႀကီးဆုံးေသာ ကိုယ္ပိုင္အခန္းတြင္ ျပဳလုပ္ထားၿပီး ေလာင္းကစား စားပြဲရွစ္ခုႏွင့္ လူအေယာက္ရာေက်ာ္ အတူစုေဝးႏိုင္ေလာက္ေအာင္ က်ယ္ဝန္းေနသည္။

ေလးလံလွေသာ အခန္းတံခါးကို တြန္းဖြင့္လိုက္ခ်ိန္တြင္ က်ယ္ေလာင္လွေသာအသံမ်ားႏွင့္အတူ ေဆးလိပ္ေငြ႕မ်ားျဖင့္ လာေရာက္မိတ္ဆက္ျခင္းကို ခံလိုက္ရသည္။ ခ်င္က်ိဳးက ယန္းရွီးယြီမႀကိဳက္ေသာ ေဆးလိပ္ေငြ႕မ်ားကို အနံ႔ေပ်ာက္ေအာင္ လက္ျဖင့္ ရမ္းခါလိုက္ၿပီး အခန္းထဲရွိ အေျခအေနကို ၾကည့္လိုက္သည္။ တံခါးနားတြင္ ေစာင့္ၾကည့္ေနေသာ ေကာင္ေလးတစ္ေယာက္ကို သူေမးလိုက္သည္။
"ဝမ္တ႐ုန္ ဘယ္မွာလဲ?"

"သူေရာက္လာလာခ်င္းကို ပိုက္ဆံေတြအကုန္ ကုန္သြားခဲ့တယ္ေလ..."
ထိုေကာင္ေလးက ေျဖလိုက္သည္။
"သူက တျခားသူေတြကို ပိုက္ဆံေထာင္ခ်ီ အေႂကြးတင္ေနၿပီး အခုလက္ရွိမွာ ကြၽန္ေတာ္တို႔ရဲ႕ ညီအစ္ကိုေတြနဲ႔အတူ အျပင္မွာ ပိုက္ဆံသြားလဲေနတယ္ ..."

ထိုေကာင္ေလးက အနားနားတြင္ ခ်င္က်ိဳး မရွိေန၍ အလွ်င္စလို မလုပ္ေဆာင္ရဲဘဲ ဝမ္တ႐ုန္ကို ေစာင့္ၾကည့္႐ုံသာ လုပ္ေနခဲ့သည္။

ခ်င္က်ိဳး ေခါင္းၿငိမ့္လိုက္သည္။ ဝမ္တ႐ုန္က အျခားသူမ်ားထံတြင္ အေႂကြးတင္ေနၿပီျဖစ္ေလရာ သူ႔ကိုေစာင့္ၾကည့္ေနသည့္ သူမ်ားရွိေနပါက အံ့ဩစရာမဟုတ္ေတာ့သလို သံသယဝင္စရာလည္း မရွိေတာ့ေပ။ သို႔ေသာ္လည္း သူ႔ကို အျပင္တြင္ လိုက္ဖမ္းရန္ အဆင္မေျပ၍ ေလာင္းကစားလာလုပ္သည္အထိ ေစာင့္ေနရမည္ျဖစ္သည္။

ထို႔အျပင္ ဝမ္တ႐ုန္ ATM စက္မွ ပိုက္ဆံသြားလဲလိုက္သည္ႏွင့္ ရဲမ်ားက သူေရာက္ရွိေနသည့္ေနရာကို ေျခရာခံႏိုင္သြားမည္ျဖစ္သည္။ ထို႔ေၾကာင့္ ခ်င္က်ိဳးက ျမန္ျမန္ဆန္ဆန္ႏွင့္ ျပတ္ျပတ္သားသား လုပ္ေဆာင္ရမည္ျဖစ္ေလသည္။

"ဝမ္တ႐ုန္ကို အျမန္ဆုံး အထဲကို ျပန္ေခၚခဲ့..."
ခ်င္က်ိဳး အမိန႔္ေပးလိုက္ၿပီး အစစ္တစ္ဝက္ အတုတစ္ဝက္ေရာေႏွာေနေသာ ေလာင္းကစားသမားမ်ား ေရာေႏွာေနသည့္ ကိုယ္ပိုင္အခန္းထဲ ဝင္လိုက္သည္။

အထဲတြင္ ရွိေနၾကသည့္လူအမ်ားစုက ခ်င္က်ိဳးႏွင့္ ရင္းႏွီးေနၾကသူမ်ားျဖစ္ေသာ္လည္း ေလာင္းကစား႐ုံအတုထဲတြင္ ေလာင္းကစားသမား အစစ္အခ်ိဳ႕ပါ ေရာေႏွာေနေလသည္။

ခ်င္က်ိဳးက ေလာင္းကစားလုပ္ရင္း အရာအားလုံးဆုံးရႈံးသြား၍ မိသားစုႏွင့္ပါအဆက္အသြယ္ျပတ္ကုန္ၾကေသာ ေလာင္းကစားသမားမ်ားစြာကို ျမင္ခဲ့ဖူးသည္။ ထိုလူမ်ားက ဆင္းဆင္းရဲရဲေနေနၾကရေသာ္လည္း ေလာင္းကစားကို မစြန႔္လႊတ္ႏိုင္ေသးၾကေခ်။

ခ်င္က်ိဳးက ထိုအရာကို ထူးဆန္းသည္ဟု ခံစားမိေလသည္။ ေလာင္းကစားဆိုတာက အဆုံးမရွိတဲ့ ေခ်ာက္နက္တစ္ခုျဖစ္တယ္ဆိုတာ သူတို႔ မသိဘူးလား? ေနာက္ပိုင္းတြင္ေတာ့ ထိုသူမ်ားက သူတို႔ လမ္းမွားေလွ်ာက္မိေၾကာင္း လက္မခံႏိုင္ၾကသည္သာ ျဖစ္ေၾကာင္း သိခဲ့ရသည္။

ထိုလူမ်ားအေပၚ နားလည္မႈကို အသုံးခ်ကာ ခ်င္က်ိဳးက ရဲမ်ားပင္ မသုံးရဲေသာ နည္းလမ္းကိုသုံး၍ ဝမ္တ႐ုန္ကို မွ်ားေခၚခဲ့ျခင္းျဖစ္သည္။

"ခ်င္ေကာ..."
ခ်င္က်ိဳးနားမွ ျဖတ္သြားေသာလူတစ္ေယာက္က သူ႔ကို ႏႈတ္ဆက္လိုက္ၿပီးေနာက္တြင္ သူ႔ေနာက္တြင္ ရပ္ေနေသာ ယန္းရွီးယြီကို စပ္စုခ်င္စိတ္ျဖင့္ ၾကည့္လိုက္သည္။

ခ်င္က်ိဳး သူ၏ 'မိန္းမ'ကို ေခၚလာသည္ဟူေသာ သတင္းက အခ်ိန္ခဏေလးအတြင္း ဘားတစ္ခုလုံးသို႔ ပ်ံ႕သြားၿပီျဖစ္ေၾကာင္း ခ်င္က်ိဳး သတိျပဳမိသြားသည္။ သူက အစကတည္းက ထိုကဲ့သို႔ မရည္႐ြယ္ထားခဲ့ဘဲ ယန္းရွီးယြီကို စခ်င္႐ုံသာျဖစ္ေလသည္။ သို႔ေသာ္လည္း သတင္းပ်ံ႕သြားၿပီျဖစ္၍ သူ႔ညီအစ္ကိုမ်ားက သူ႔တြင္ အႀကိဳက္ေကာင္းေကာင္းမရွိဟု ေတြးခြင့္မျပဳႏိုင္ေပ။

ခ်င္က်ိဳး စိတ္ထဲတြင္ ယန္းရွီးယြီ၏ သူမတူေသာ ပုံစံကို အျခားသူမ်ားသိေအာင္ မည္ကဲ့သို႔ ျပဳလုပ္မည္ဟူ၍ အစီအစဥ္ စဆြဲေနၿပီျဖစ္သည္။ သို႔ေသာ္လည္း ထိုအခ်ိန္တြင္ သူ႔ေနာက္မွ ယန္းရွီးယြီက ေမးလာသည္။
"ဒါ ေလာင္းကစား႐ုံအတုဆိုတာ ေသခ်ာရဲ႕လား?"

"ဒါေပါ့..."
ခ်င္က်ိဳး သူ႔အေတြးမ်ားကို ဘရိတ္အုပ္လိုက္ၿပီး ယန္းရွီးယြီကို လွည့္ၾကည့္လိုက္သည္။
"ငါတို႔ ဝမ္တ႐ုန္ကို ဖမ္းမိတာနဲ႔ ဒါေတြအကုန္ ပိတ္သိမ္းလိုက္ေတာ့မွာ...".

"ဝမ္တ႐ုန္ရႈံးသြားတဲ့ ပိုက္ဆံေတြကေရာ ဘာလုပ္မွာလဲ?"

"ငါ့ ညီအစ္ကိုေတြကို ညလယ္စာတစ္ဝိုင္းေကြၽးလိုက္မွာေပါ့..."
ခ်င္က်ိဳး ျပန္ေျဖသည္။ အျခားသူမ်ား၏ ပိုက္ဆံမ်ားကို ျပန္ေပးမည္ျဖစ္၍ ေငြေၾကးအလဲအလွယ္တို႔ ရွိမည္မဟုတ္ေတာ့ေပ။ ဝမ္တ႐ုန္ကို ဖမ္းရန္ ကူညီခဲ့သည့္ သူ႔ညီအစ္ကိုမ်ားကို ခ်င္က်ိဳးက ဆုခ်မည္မွာ သဘာဝသာျဖစ္သည္။

"ခ်င္က်ိဳး... "
ယန္းရွီးယြီ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႔အမူအရာက မည္သည့္ မေကာင္းမႈကိုမွ သည္းမခံႏိုင္ဟန္ျဖစ္ေနသည္။
"ဒါ တရားမဝင္ဘူးေနာ္..."

ခ်င္က်ိဳးက တရား႐ုံးတြင္ တရားဝင္အမႈမ်ားစြာကို ေရွ႕ေနလိုက္ေပးခဲ့ၿပီးၿပီျဖစ္သည္။ တိုက္ဆိုင္၍လားမသိေသာ္လည္း တရားခြင္တြင္ ယန္းရွီးယြီႏွင့္ တစ္ခါမွ မဆုံခဲ့ရဖူးေပ။

ယန္းရွီးယြီက မႈခင္းတရားခြင္တရားသူႀကီးျဖစ္ၿပီး မ်ားေသာအားျဖင့္ တရားခံ၏ေရွ႕ေနမ်ား ခုခံေျပာဆိုရန္ အခြင့္အေရးအနည္းငယ္သာ က်န္ေသာ ျပစ္မႈမ်ားကိုသာ အမိန႔္ခ်ေပးသူျဖစ္သည္။

ခ်င္က်ိဳးတြင္ အားလပ္ခ်ိန္ရွိခ်ိန္တိုင္း ယန္းရွီးယြီရွိေနသည့္ တရားခြင္သို႔သြားကာ သူသာ တရားခံ၏ေရွ႕ေနဆိုလွ်င္ မည္သည့္ ခုခံေခ်ပေရး ဗ်ဴဟာကို သုံးမည္ဟု စိတ္ကူးယဥ္ေလ့ရွိသည္။ သို႔ေသာ္လည္း ယန္းရွီးယြီ ကိုင္တြယ္ခဲ့သည့္ အမႈေပါင္းမ်ားစြာကို ျမင္ၿပီးေနာက္တြင္ တစ္ဖက္လူက တရားခံ ေရွ႕ေန၏အႀကံကို လက္ခံေပးသည္က ရွားေၾကာင္း ျမင္ခဲ့ရသည္။

တရားသူႀကီးမ်ားက တရားလိုမ်ားအေပၚ ဘက္လိုက္ၾကသည္မဟုတ္ဘဲ တရားစြဲဆိုသည့္ အဆင့္တြင္ပင္ တရားစြဲဆိုေရး အရာရွိမ်ားက အမႈ၏ သေဘာသဘာဝကို ဆုံးျဖတ္ၿပီး၍ျဖစ္သည္။ တရားခံ ေရွ႕ေနက အမႈတစ္ခုလုံးကို ေျပာင္းျပန္လွန္ပစ္ခ်င္လွ်င္ တရားစြဲဆိုထားေသာ အမႈမ်ားထဲမွ လြတ္ေပါက္ကို ရွာမည္ျဖစ္၍ ထိုသို႔လုပ္ရန္မွာ အေတာ္ေလး ခက္ခဲလြန္းလွေပသည္။

သို႔ေသာ္လည္း ယခုလက္ရွိ အေျခအေနက ကြာျခားေလသည္။

ယခုလက္ရွိ လက္ထဲတြင္ ရွိေနေသာ "အမႈ"က ယန္းရွီးယြီေျပာသလို တရားဝင္သည္ တရားမဝင္သည္ဟု ႐ိုး႐ိုးေလး ေျပာႏိုင္သည့္ အမႈမ်ိဳးမဟုတ္ေခ်။

ခ်င္က်ိဳး ယန္းရွီးယြီကို တည္ၿငိမ္စြာေမးလိုက္သည္။
"တရားသူႀကီးမင္းက ကြၽန္ေတာ့္ကို ဘာအမႈနဲ႔မ်ား တရားစြဲဆိုခ်င္လို႔လဲ?"

ယန္းရွီးယြီ ပတ္ဝန္းက်င္ကို တစ္ခ်က္လိုက္ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္ေနဆဲျဖစ္သလို ဆက္လက္ႏႈတ္ဆိတ္ေနခဲ့သည္။

"ေလာင္းကစားလုပ္ရန္ လူစုေဝးျခင္းလား?"
ခ်င္က်ိဳး သူ႔ကိုယ္သူအတြက္ အမႈအမည္ တပ္ေပးလိုက္သည္။
"ဒါေပမဲ့ ကြၽန္ေတာ္က အက်ိဳးအျမတ္ရေအာင္ လုပ္ဖို႔ ရည္႐ြယ္ခ်က္မွမရွိတာ...."

ေလာင္းကစား႐ုံ အတုလုပ္ျခင္းက တရားမဝင္လွ်င္ ဇာတ္ကားမ်ားႏွင့္ TVရႈိးမ်ားတြင္ ထိုကဲ့သို႔ ဇာတ္ကြက္မ်ား ထည့္သြင္း ႐ိုက္ကူး၍ ရမည္မဟုတ္ေပ။ အခ်ိဳ႕ေသာ ေလာင္းကစားသမား အစစ္မ်ားက ဤ ေလာင္းကစား႐ုံအတုထဲတြင္ ေရာေႏွာေနၾကေသာ္လည္း ထိုသူမ်ားကို ဖမ္းမိခဲ့လွ်င္ပင္ ခဏတာ ထိန္းသိမ္းခံရမည္ျဖစ္ၿပီး အမွန္တကယ္ အမႈက်ဴးလြန္ေနၾကျခင္းမဟုတ္ေပ။

ခ်င္က်ိဳး ဤအေျခအေနကို လြယ္ကူစြာ ကိုင္တြယ္ေနႏိုင္ျခင္းမွာ ခုခံေခ်ပရန္အတြက္ အေၾကာင္းျပခ်က္အမ်ားႀကီး ရွိေန၍ျဖစ္သည္။ သူဘယ္လို အမိန႔္ခ်ခံရမလဲဆိုသည္က ယန္းရွီးယြီဆုံးျဖတ္ရမည့္အရာမဟုတ္ေပ။

"ဒါေပမဲ့ ဝမ္တ႐ုန္ပိုက္ဆံေတြကို ျပန္မေပးတာက လိမ္လည္မႈလို႔ သတ္မွတ္လို႔ရတယ္..."
ယန္းရွီးယြီေျပာသည္။

"စြဲခ်က္ တင္မယ့္ နစ္နာသူေရာရွိေနလို႔လား?"
ခ်င္က်ိဳး ေမးလိုက္သည္။

"အမႈတစ္ခုစြဲခ်က္တင္ဖို႔ နစ္နာသူရွိဖို႔ မလိုပါဘူး..."
ယန္းရွီးယြီ ျပန္ေျဖသည္။

"ဒါေပမဲ့ နစ္နာသူမရွိရင္ အမႈ အခ်က္အလက္ေတြကို ဘယ္လိုလုပ္ၿပီး ရွင္းရွင္းလင္းလင္း စုံစမ္း စစ္ေဆးႏိုင္မွာလဲ?"
ေဖာ္ျပရန္ မစြမ္းသာသည့္ စိတ္လႈပ္ရွားမႈတစ္ခု ခ်င္က်ိဳး၏ ဦးေႏွာက္ထဲတြင္ ေပၚထြက္လာ၍ စကားေျပာေနသည့္ အရွိန္ပင္ ျမန္ဆန္လာခဲ့သည္။

ထိုခံစားခ်က္က ခ်င္က်ိဳး တရားခြင္တြင္ စကားစစ္ထိုးခ်ိန္၌ တစ္ခါမွ် မခံစားခဲ့ရဖူးေသာ စြဲလမ္းေတာင့္တေစသည့္ ခံစားခ်က္တစ္ခုျဖစ္ေလသည္။ ယန္းရွီးယြီတစ္ေယာက္ စကားဆက္ေျပာၿပီး သူ႔ကို အမႈမ်ိဳးစုံျဖင့္ စြဲခ်က္ထပ္တင္ကာ အဆုံးမသတ္ႏိုင္သည့္ ေထာင္ဒဏ္ေပးရန္အတြက္ ႀကိဳးစားအားထုတ္လာရန္ တိတ္တိတ္ေလး ေမွ်ာ္လင့္ေနမိသည္။

သို႔ေသာ္လည္း ယန္းရွီးယြီက ခ်င္က်ိဳးေျပာခဲ့သည့္အတိုင္း ဝမ္တ႐ုန္ ပိုက္ဆံမည္မွ် ရႈံးခဲ့သည္မွန္း မသိ၍ တိတ္က်သြားခဲ့သည္။ ဆက္လက္ ျငင္းခုံ၍လည္း အက်ိဳးမရွိေတာ့ေပ။

"သူ႔ကို ဖမ္းမိတာနဲ႔ ငါတို႔ေတြ သူ႔ပိုက္ဆံကို ျပန္ေပးလိုက္ၾကရေအာင္..."
ယန္းရွီးယြီ ခ်င္က်ိဳးႏွင့္ ေဆြးေႏြးညႇိႏႈိင္းရန္ ျပင္လိုက္သည္။
"မင္းက ေရွ႕ေနတစ္ေယာက္ပဲေလ... အၿမဲတမ္း တရားဝင္ လြတ္ေပါက္ေတြ သုံးဖို႔ခ်ည္း ႀကိဳးစားမေနနဲ႔..."

တရားခြင္လုပ္တမ္း ကစားရန္ စတင္႐ုံသာရွိေသးေသာ္လည္း တရားသူႀကီးက အရႈံးေပးေနၿပီးေလၿပီ။ စိတ္လႈပ္ရွားစရာ ခံစားခ်က္က ဒီေရမ်ားလို ျပန္ဆုတ္သြားေသာ္လည္း ခ်င္က်ိဳး၏ စိတ္အေျခအေနက အနည္းငယ္ ျမင့္တက္ေနေသးသည္ျဖစ္ရာ ယန္းရွီးယြီကို ၾကည့္၍ေမးလိုက္သည္။
"ဒါဆို ငါက ေရွ႕ေနျဖစ္မွန္း မင္းသိေနတယ္ေပါ့..."

ဤသည္က ယန္းရွီးယြီ ခ်င္က်ိဳး၏ အလုပ္အကိုင္ကို ပထမဆုံးအႀကိမ္ ထုတ္ေျပာဖူးျခင္းျဖစ္သည္။

သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရးက နက္နဲသိမ္ေမြ႕လွသည္။

အခ်င္းခ်င္း၏ အေျခအေနကို ဝီခ်က္ မိုးမန႔္မွတစ္ဆင့္သာ သိႏိုင္ေသာ မဆက္သြယ္ျဖစ္တာ ၾကာေနသည့္ ဝီခ်က္မွ သူငယ္ခ်င္းႏွစ္ေယာက္ႏွင့္တူေနသည္။ "ငါမိုးမန႔္မွာ တင္ထားၿပီးၿပီဆိုေတာ့ မင္းသိတယ္လို႔ သတ္မွထ္ထားတယ္"__ ဟူေသာ တစ္ဖက္သတ္ ေကာက္ခ်က္ခ်က္မႈမ်ိဳးသာ ရွိေနၿပီး တစ္ဖက္လူက သိပါသည္ဟု ေျပာျပျခင္းမ်ိဳး မရွိေပ။

ယန္းရွီးယြီက ခ်င္က်ိဳးအေပၚ အၿမဲတမ္း မထူးမျခားနားသလိုသာ ဆက္ဆံသည္ျဖစ္၍ ယန္းရွီးယြီက သူေရွ႕ေနတစ္ေယာက္ ျဖစ္ေၾကာင္း သိၿပီးသားျဖစ္သည္ဟုသာ ေကာက္ခ်က္ခ်ႏိုင္ခဲ့သည္။

သူ႔ေကာက္ခ်က္ခ်မႈက 99.99%အထိ မွန္ေသာ္လည္း ယန္းရွီးယြီကိုယ္တိုင္ ထုတ္ေျပာသည္ႏွင့္ ျခားနားေလသည္။

ယခုတြင္ တစ္ဖက္သတ္ေကာက္ခ်က္ခ်မႈက ႏွစ္ဦးႏွစ္ဖက္ နားလည္မႈအျဖစ္ ေျပာင္းလဲသြားခဲ့သည္။ ယန္းရွီးယြီ၏ အေတြးမ်ားထဲတြင္ ခ်င္က်ိဳးတစ္ေယာက္ ခဏတာ သို႔မဟုတ္ အခ်ိန္အေတာ္ၾကာ ေပၚလာတတ္သည္ဟူေသာ အခ်က္ကို ခ်င္က်ိဳး အတည္ျပဳႏိုင္သြားခဲ့သည္။

"ငါက အကန္းမွမဟုတ္တာ.."
ယန္းရွီးယြီ၏ အၾကည့္မ်ားက မရွင္းျပႏိုင္ေသာ စိတ္လႈပ္ရွားမႈေၾကာင့္ ေကာ့ၫြတ္ေနေလေသာ ခ်င္က်ိဳး၏ မ်က္လုံးေထာင့္ေလးမ်ားဆီသို႔ ေရာက္သြားခဲ့သည္။

"ဟုတ္တာေပါ့ မင္းငါ့ကို ျမင္မွာပဲေလ..."
ခ်င္က်ိဳး ၿပဳံးၿပဳံးႀကီးေျပာလိုက္သည္။
"ဒါေပမဲ့ မင္းပဲ ငါ့ကို လူရမ္းကားေပါက္စလို႔ ေခၚခဲ့တာမဟုတ္ဘူးလား?"

ခ်င္က်ိဳးက သူ႔ကိုယ့္သူ ေရွ႕ေနတစ္ေယာက္ ျဖစ္ေနပါေစ လူရမ္းကားတစ္ေယာက္ျဖစ္ေနပါေစ ဂ႐ုမစိုက္ေခ်။ သူက ဂ႐ုမထားဘဲ ယန္းရွီးယြီ၏ ပခုံးေပၚသို႔ လက္တင္လိုက္ၿပီး အ႐ိုးမရွိသလို မွီလိုက္သည္။
"အရမ္းႀကီး အေလးနက္ထားမေနပါနဲ႔ ယန္းရွီးယြီရယ္... မင္းကို ေကာင္းတာေလးေတြျပမယ္ လိုက္လာခဲ့..."

သူတို႔ေဘးတည့္တည့္တြင္ ေလာင္းကစား စားပြဲတစ္ခုရွိေနသည္။  ခ်င္က်ိဳး၏လက္က ယန္းရွီးယြီ၏ ပခုံးေပၚတြင္ တြယ္ခ်ိတ္ေနၿပီး ဆြဲေခၚသြားလိုက္သည္။ ခ်င္က်ိဳး လာေနသည္ကိုျမင္ေသာ ညီငယ္ေလးတစ္ေယာက္က သူ႔ေနရာကို ခ်က္ခ်င္းဖယ္ေပးလိုက္ေသာ္လည္း ခ်င္က်ိဳးက ထိုသူကို ဆက္ထိုင္ေနရန္ အမူအရာျပလိုက္ၿပီး စားပြဲေပၚမွ ေလာင္းကစားတိုကင္ျပား တစ္ခုကိုယူကာ ယန္းရွီးယြီကိုေမးလိုက္သည္။
"ဘယ္ဘက္က ေလာင္းခ်င္လဲ?"

တိုကင္ျပားက ခ်င္က်ိဳး၏ ကြၽမ္းက်င္ၿပီး ထူးျခားဆန္းျပားေသာ လက္လႈပ္ရွားမႈေၾကာင့္ ဟိုဘက္သည္ဘက္ အဖန္ဖန္လည္ေနသည္။

ယန္းရွီးယြီက တစ္ဖက္လူ၏ အကြၽမ္းတဝင္ရွိလွေသာ လႈပ္ရွားမႈမ်ားကိုၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္ရင္းေျပာလိုက္သည္။
"မင္းဒါမ်ိဳးေတြ ခဏခဏကစားျဖစ္တာလား?"

"ကစားျဖစ္တာေပါ့..."
ခ်င္က်ိဳး ဘာမွမဟုတ္သလို ျပန္ေျဖလိုက္သည္။
"ငါက ေလာင္းကစားလုပ္တာေတြ၊ ေဆးခ်တာေတြနဲ႔ တျခား တရားမဝင္အရာေတြအကုန္လုံးမွာ အရမ္းကြၽမ္းက်င္တာေလ..."

ခ်င္က်ိဳးကို ၾကည့္လာေသာ တစ္ဖက္လူ၏ အၾကည့္မ်ားက ထိတ္လန႔္သြားမႈ၊ မယုံၾကည္ႏိုင္ျဖစ္မႈ ႏွင့္အတူ မယုံသကၤာျဖစ္မႈတစ္စြန္း တစ္စပါ ေရာေႏွာေနခဲ့သည္။ ခ်င္က်ိဳးက ယန္းရွီးယြီ၏ တုန႔္ျပန္မႈေၾကာင့္ အေတာ္ေလး သေဘာသြားၿပီး ရယ္ေမာေလေတာ့သည္။
"ငါဘာေျပာေျပာယုံတာပဲလား... မင္း ဘယ္လိုလုပ္ တရားသူႀကီးတစ္ေယာက္ ျဖစ္လာရတာလဲ?"

စကားဆုံးသည္ႏွင့္ ခ်င္က်ိဳး၏ လည္ဂုတ္တြင္ နာက်င္မႈတစ္ခု ထြက္ေပၚလာခဲ့သည္။ သူက ယန္းရွီးယြီကို တစ္ကိုယ္လုံးမွီတြယ္ထားေသာ္လည္း တစ္ဖက္လူက သူ႔လည္ဂုတ္ကို ေၾကာင္တစ္ေကာင္ႂကြက္ဖမ္းသလို ေခ်ာေမြ႕ လြယ္ကူစြာ ဖမ္းကိုင္ႏိုင္လိုက္မည္ဟု မထင္ခဲ့ေပ။

"ေဟး... ေျဖးေျဖးလုပ္ပါ တာ့ေကာ! လူတိုင္း ၾကည့္ေနတယ္ေလ!"
ခ်င္က်ိဳး ခါးမတ္သြားၿပီး မ်က္ေမွာင္ၾကဳတ္ရင္း ေျပာလိုက္သည္။

ဟူက်စ္တစ္ေယာက္ အထင္လြဲသြားၿပီးၿပီျဖစ္၍ သူ၏အျခား ညီအစ္ကိုမ်ားကို အထင္မလြဲေစခ်င္ေတာ့ေပ။

သို႔ေသာ္လည္း ယန္းရွီးယြီက လႊတ္ေပးမည့္အစား အားပိုထည့္လိုက္ၿပီး ခ်င္က်ိဳး၏ ေခါင္းကို တစ္ဖက္သို႔ေစာင္းကာ ဩရွရွအသံျဖင့္ ေျပာလာသည္။
"အဲ့ဒါ ဝမ္တ႐ုန္ပဲ..."

ယန္းရွီးယြီ၏ အၾကည့္ေရာက္ေနသည့္ေနရာကို ၾကည့္လိုက္ခ်ိန္တြင္ အခန္းထဲသို႔ဝင္လာၿပီး မ်က္စိအၿငိမ္မေနဘဲ ေလာင္းကစား စားပြဲမ်ား၏ အေျခအေနကို လိုက္ၾကည့္ေနေသာ ပိန္ပိန္ပါးပါး သက္လတ္ပိုင္းအ႐ြယ္လူႀကီးတစ္ေယာက္ကို ျမင္လိုက္ရသည္။

ခ်င္က်ိဳး အနည္းငယ္မွ် အံ့အားသင့္သြားရသည္။ သူ ဝမ္တ႐ုန္ကို ေတြ႕ခဲ့သည့္ ေနာက္ဆုံးအႀကိမ္က သူ႔မိဘမ်ား၏ ကားမေတာ္တဆမႈကို အယူခံဝင္ခ်ိန္တြင္ ျဖစ္သည္။

ဝမ္တ႐ုန္က တရားခြင္သို႔ လက္ထိပ္မ်ားျဖင့္ ဝင္လာၿပီး စကားစေျပာသည္ႏွင့္ ခ်င္က်ိဳး၏မိသားစုကို ေတာင္းပန္ခ်င္ေသာ အမူအရာကိုျပၿပီး မ်က္ရည္မ်ားသုတ္ေလသည္။

အစက တမ္တ႐ုန္တစ္ေယာက္ လူႏွစ္ေယာက္ကို ေသဆုံးေစခဲ့သည့္ ကားမေတာ္တဆမႈကို ျဖစ္ေစခဲ့ေသာ္လည္း ေထာင္ဒဏ္ေျခာက္ႏွစ္သာ က်ခံခဲ့သည္ကို ခ်င္က်ိဳး နားမလည္ႏိုင္ခဲ့ေပ။

ထိုတရားခြင္တြင္ရွိေနခဲ့ေသာ တရားသူႀကီးက ဝမ္တ႐ုန္ကို စိတ္ခံစားခ်က္မ်ား ျပန္လည္ထိန္းညႇိရန္ အခ်ိန္ေပးသည့္အေနျဖင့္ လူေသဆုံးမႈကို ျဖစ္ေစေသာ ကားမေတာ္တဆမႈအမ်ားစုက ရည္႐ြယ္ခ်က္ရွိရွိ က်ဴးလြန္ျခင္းထက္ ေပါ့ဆမႈမ်ားသာ ျဖစ္ေၾကာင္း အခ်ိန္ယူရွင္းျပၿပီး ရည္႐ြယ္ခ်က္ရွိရွိ လူေသဆုံးေစမႈအတြက္ျပစ္မႈမ်ားႏွင့္ ကြာျခားေၾကာင္း ေျပာျပခဲ့သည္။

ခ်င္က်ိဳးက ဝမ္တ႐ုန္တစ္ေယာက္ သူ႔မိသားစုအေပၚ မေကာင္းသည့္ ရည္႐ြယ္ခ်က္မ်ားရွိေနသည္ဟု မခံစားမိ၍ ထိုႏွစ္က ျဖစ္ပ်က္ခဲ့သည့္ ကားမေတာ္တဆမႈကို မေတာ္တဆမႈ သက္သက္ျဖစ္သည္ဟု ယုံၾကည္ထားခဲ့သည္။

သို႔ေသာ္လည္း ေလာင္းကစား႐ုံတြင္ ေလာင္းကစားလုပ္ျခင္းကို ေပ်ာ္ေမြ႕ေနေသာ ဝမ္တ႐ုန္၏ ပုံစံကိုၾကည့္ၿပီး သူ႔ခႏၶာကိုယ္တစ္ခုလုံး ေအးစက္စက္ခံစားခ်က္တစ္ခု ျဖတ္သန္းသြားေၾကာင္း ခံစားလိုက္ရသည္။ ထို႔ခံစားခ်က္က ဝမ္တ႐ုန္အေပၚတြင္ ျဖစ္တည္ေနေသာ သူ၏ မုန္းတီးမႈမ်ား ျဖစ္ေၾကာင္းကိုလည္း သိေနခဲ့သည္။

"ခ်င္က်ိဳး... ခ်င္က်ိဳး!"

ယန္းရွီးယြီ၏ အသံက ခ်င္က်ိဳးကို ျပန္လည့္အသိဝင္လာေစခဲ့သည္။ သူ႔လက္ထဲတြင္ရွိေနေသာ ေလာင္းကစားတိုကင္ျပားကို ေဘးသို႔ပစ္ခ်လိုက္ကာ သူ႔ေဘးပတ္ပတ္လည္တြင္ ေစာင့္ဆိုင္းေနၾကေသာ ညီအစ္ကိုမ်ားကို ေမးေငါ့ၿပီးေျပာလိုက္သည္။
"သြားဖမ္းၾက..."

*****
Word- 2766
6.1.2024

ခ်င္က်ိဳးကေတာ့ ႏိုင္တာလဲမဟုတ္ဘဲ သြားသြားစေနေတာ့တာပဲ🤣🤣



Continue Reading

You'll Also Like

Burn Marks By Icecold101

Mystery / Thriller

6.4K 272 7
My TikTok - E.writer🖤 (whteverwhnever) I've just started the Hierarchy Kdrama And I love it !! ( I will definitely be editing this story a lot se...
BLOOD SECRETS By ec

Mystery / Thriller

17.4K 864 14
Once the blue-blooded heirs of Queens Erlington Academy are arrested for murder, bloody secrets start to spill. After all, even blue bloods have bloo...
6.3K 94 9
Now you gotta ask yourself. What would it be like to find out that the people you love and would die for, turn out to be self centered assholes who w...
25.8K 1.1K 29
*𝒘𝒉𝒊𝒔𝒕𝒍𝒆* "𝑾𝒐𝒓𝒍𝒅 𝒘𝒉𝒆𝒓𝒆 𝒂𝒓𝒆 𝒚𝒐𝒖 ~" "𝑫𝒐𝒏𝒕 𝒌𝒆𝒆𝒑 𝒎𝒆 𝒘𝒂𝒊𝒕𝒊𝒏𝒈. 𝒚𝒐𝒖 𝒌𝒏𝒐𝒘 𝑰 𝒅𝒐𝒏'𝒕 𝒍𝒊𝒌𝒆 𝒊𝒕 " "𝑾𝑶𝑹...