《Wolf pair》- ဘာသာပြန်

By wishywish0805

44K 7.2K 525

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 38

319 61 0
By wishywish0805

Chapter ● 38 ●

ပျန်းနမ် ချိုးယိကို ပြန်မဖြေဖြစ်ခဲ့ပေ။ ခြံထဲဝင်ပြီး ထိုင်ခုံပေါ် ဝင်ထိုင်ကာ ချိုးယန့် စားပွဲရှင်းနေတာကို ကြည့်နေသည်။

သူနဲ့သူ့အမေရင်းတို့ကြားမှာ သံယောဇဥ် သိပ်မရှိကြပါ။ ပုံမှန်ဆိုလျှင်လည်း အဆက်အသွယ် သိပ်မလုပ်ဖြစ်ကြပေ။ တစ်ခါတလေ ဖုန်းဆက်ကြတာ သို့မဟုတ် သူ့အမေကို သူ သွားတွေ့တာလောက်သာ ရှိသည်။ သို့သော်လည်း သွားဖြစ်တိုင်း ဘာအမှတ်တရကောင်းမှ မရှိတတ်ပေ။

သူ့အမေက သဘောမကောင်းဘဲ စိတ်တိုလွယ်သည်။ စကားပြောလျှင်လည်း စကားကို အကောင်းမပြောဘဲ အမြဲတမ်း ရွဲ့စောင်းလေ့ရှိသည်။ သူ့အမေက သူ့ကို မြင်ချင်တာလား ဒါမဟုတ် မမြင်ချင်တာလားကို သူ သေချာမသိပေ။

သို့ပေမဲ့ ဒီနေ့ကတော့ ပုံမှန်နဲ့မတူပေ။ သူ့အမေက တစ်ယောက်တည်းနေတာဖြစ်ပြီး တွဲခုတ်နေတဲ့လူလည်း မရှိပါ။ ခါတိုင်း ပိုကာဆော့မယ်ဆိုလျှင်လည်း ပိုကာဟောက်စ်သို့သာ သွားတတ်သည်။ ဒီနေ့မှာတော့ အမျိုးသားတစ်ယောက်က ဘေးမှာ ပစ္စည်းပစ်ခွဲလိုက်သံကို ရုတ်တရက် ကြားလိုက်ရ၍ သူ အနည်းငယ်စိတ်ပူနေသည်။

သူ့အမေ ဘာပြဿနာတစ်ခုခုရှိနေမလဲဆိုတာကို စိုးရိမ်သည်။

ထို့အပြင် အကယ်၍ သူ့အမေ ပြဿနာကြုံရပြီးနောက် ဖြစ်လာတတ်တဲ့ တစ်သီတစ်တန်းသော နောက်ဆက်တွဲ တုံ့ပြန်မှုတို့ကို စိုးရိမ်သည်။

သူ သွားကြည့်ချင်သည်။ သို့ပေမဲ့ သူ့အမေ ထိတွေ့ဆက်ဆံနေကျလူတွေက ... ... ပြောဖို့ကတော့ ခက်သည်။ အကယ်၍ ဝမ့်ဖေး ခရီးထွက်နေတာမဟုတ်လျှင် သူ သေချာပေါက် ဝမ့်ဖေးကိုခေါ်ပြီး သွားကြည့်မှာဖြစ်သည်။

သို့သော် တကယ်လို့ မဖြစ်မနေ လူတစ်ယောက်ကို ခေါ်သွားရမယ်ဆိုလျှင် ချိုးယိသာ ရှိသည်။ သို့သော်ငြား သူတို့မိသားစုအတွင်းရေးကို ချိုးယိသိနေပြီးသားပင်။ သဘောတရားအရပြောရမယ်ဆိုလျှင် ဝမ့်ဖေးထက်လည်း ယုံကြည်အားထားလို့ရနေသည် ... ...

သူ ဖုန်းယူထုတ်ပြီး သူ့အမေဆီ နောက်တစ်ကြိမ် ဖုန်းဆက်လိုက်ပြန်သည်။ ဖုန်းကိုင်မယ့်သူ မရှိနေဆဲပင်။

"ငါလူး"

သူ မျက်မှောက်ကြုတ်လျက် အသံတိုးတိုးဖြင့် ဆဲရေးလိုက်သည်။

ချိုးယိက သူ့ဘေး လာထိုင်လိုက်ပြီး -

"သွားကြည့်ကြည့်ချင်လား။ ငါ ညနေပိုင်းမှ ဂိုက်သွားသင်ရမယ်။ မနက်ပိုင်း အားတယ်။ မင်းနဲ့အဖော်လိုက်ပေးသွားလို့ရတယ်"

"စောက်ကျိုးနည်း"

ပျန်းနမ် သူ့ကို အမြန်လှည့်ကြည့်လိုက်ပြီး -

"ဟေ့ကောင် မင်း ခိုးနားထောင်လိုက်တယ်မလား"

"ဒါ ခိုးနားထောင်ဖို့ရော လိုသေးလို့လား"

ချိုးယိ ရယ်လိုက်ပြီး -

"ဖုန်းကိုင်လိုက်ပြီးတော့ မျက်နှာက သုန်မှုန်ပုပ်သိုးနေတာ။ ဖုန်းထပ်ဆက်တော့လည်း ဟိုဘက်က ကိုင်မယ့်လူ မရှိနေပြန်ဘူး"

"ငါ့အမေ ......"

ပျန်းနမ် တစ်ခဏလောက် တွေဝေသွားပြီးတော့မှ -

"ဒါမှမဟုတ် ...... မင်း ငါနဲ့ အဖော်လိုက်ခဲ့ပေး။ သူအရိုက်ခံနေရမှာ ငါ စိတ်ပူလို့"

သူ့အမေက မြို့အရှေ့ဘက်ခြမ်း၏ ရပ်ကွက်လေးတစ်ခုတွင် နေထိုင်သည်။ တိုက်ခန်းမှာ သူ့အဖေနဲ့လမ်းခွဲချိန်တွင် သူ့အဖေ ဝယ်ထားပေးခြင်းဖြစ်သည်။ ထိုစဥ်တုန်းက ပျန်းနမ်တစ်ယောက် ဒီတိုက်ခန်းရဲ့အိမ်သာမှာပဲ သော့ပိတ်မိနေ၍ သူ့အဖေက သော့လာဖွင့်ပြီး လာကယ်ခဲ့တာလို့ ဆိုကြသည်။

ပျန်းနမ် ကောင်းကောင်းတော့ မမှတ်မိနေပါ။ နောက်ပိုင်း နှစ်ပေါင်းအတော်ကြာတဲ့အထိ အိပ်မက်မက်ရာမှာ အိမ်နဲ့ပတ်သက်ပြီး အိပ်မက်မက်လျှင် ဒီအိမ်ပဲ အမြဲတမ်း မက်မိတာသာ ရှိသည်။ သို့သော် အိမ်သာအကြောင်းတော့ ဘယ်တုန်းကမှ မမက်ဖူးပေ။

သူ့အမေတိုက်ခန်းက ပထမထပ်တွင်ရှိပြီး တစ်ဝက်ပွင့်ပုံစံ ဝင်းခြံသေးသေးလေးတစ်ခု ပါရှိသည်။ ခြံထဲမှာ နွမ်းခြောက်သေကြေနေပြီဖြစ်သော ပန်းပင်အိုး တစ်ဒါဇင်လောက် ရှိသည်။

ပျန်းနမ် လူခေါ်ခေါင်းလောင်း မနှိပ်ခင် တံခါးအပြင်မှာ ရပ်ပြီး အရင် နားထောင်ကြည့်ကြည့်လိုက်၏။ အခန်းထဲမှာ အလွန်တိတ်ဆိတ်နေသည်။

ချိုးယိက သူ့နောက်ကနေ လက်ဆန့်ထုတ်ပြီး လူခေါ်ခေါင်းလောင်း တီးလိုက်သည်။

သူ့အမေက ညအိပ်ဝတ်စုံ ဝတ်လျက် တံခါးလာဖွင့်ပေးသည်။ တံခါးအပြင်မှာ ရပ်နေကြတဲ့ ပျန်းနမ်နှင့်ချိုးယိတို့ကိုမြင်တော့ သိသိသာသာပဲ အံ့အားသင့်သွားသည်။

"မင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

သူ့အမေက ဆံပင်ကို လက်နဲ့သပ်လိုက်ပြီး အခန်းထဲ ပြန်လှည့်ဝင်သွားရင်း -

"ပွဲကြည့်တဲ့တုံ့ပြန်ချက်ကတော့ တော်တော်မြန်တာပဲ။ နှမြောစရာကောင်းတာက ပွဲက ပြီးသွားပြီ"

"ငါ မင်းကို အပြင်မှာ စောင့်နေလိုက်မယ်"

ချိုးယိ ပြောသည်။

"အင်း"

ပျန်းနမ် အိမ်ထဲ ဝင်လိုက်သည်။

"မင်း သူငယ်ချင်းအသစ်လား"

သူ့အမေက ဆိုဖာပေါ် ဝင်ထိုင်ကာ စီးကရက်တစ်လိပ် မီးညှိကာ သူ့အား ကြည့်လိုက်ရင်း -

"မင်း ဝမ့်ဖေးနဲ့ပဲ အမြဲ တတွဲတွဲဖြစ်နေတာ မဟုတ်ဘူးလား"

ပျန်းနမ် စကားမဆိုပေ။ အိမ်ထဲတွင် ရှုပ်ထွေးပွကြဲနေသည်။ ကြမ်းပေါ်တွင် ဖန်ကွဲစတွေနဲ့ ပြည့်နေပြီး ပန်းအိုးနှင့်ပြတင်းပေါက်က ကြမ်းပြင်တစ်ပြင်လုံးပေါ်တွင် ကွဲကြေနေသည်။ သူ့အမေ အလွန်သဘောကျသော လက်ဖက်ရည်အိုးနဲ့ခွက်တစ်စုံကလည်း ပစ်ခွဲခံထားရသည်။

"ကြည့်လို့မဝသေးဘူးလား။ ဓာတ်ပုံနှစ်ပုံလောက်ရိုက်ထားပြီး သိမ်းထားချင်သေးလား"

သူ့အမေ ပြောသည်။

"အမေ့ရည်းစား လုပ်တာလား"

ပျန်းနမ် သူ့ကိုမေးသည်။

သူ့အမေက လက်ထဲ စီးကရက်ညပ်ရင်း ရယ်လိုက်ပြီးနောက် အတော်ကြာတော့မှ မတ်တတ်ရပ်ပြီး ကြမ်းပေါ်က အရှုပ်အထွေးတွေကို တစ်ဖက်သို့ ကန်ထုတ်ကာ ပျန်းနမ်အတွက် ရေတစ်ခွက် ငှဲ့ပေးရင်း -

"သူက စိတ်ဆတ်တယ်"

"အမေ့ကို ရိုက်တာလား"

ပျန်းနမ် ရေခွက်လှမ်းယူလိုက်ချိန်တွင် သူ့အမေ လက်ကောက်ဝတ်ပေါ်မှ အနီစင်းရာသုံးလေးကြောင်း ရှိနေတာကို တွေ့လိုက်ရသည်။

"မရိုက်ပါဘူး။ ငါ သူ့ကို လှမ်းရိုက်တော့ သူ ဖမ်းချုပ်လိုက်လို့"

သူ့အမေက သူ့ပခုံးကို ပုတ်လိုက်ပြီးနောက် ဆိုဖာပေါ် ပြန်ထိုင်လိုက်ရင်း -

"ဟမ်း ... အပြေးလာကြည့်ဖို့ သိတတ်သေးတာပဲ။ တကယ် ရင်ထဲထိသွားတယ်။ ဘေးအိမ်ကခွေးထက်တော့ အများကြီး သာသွားပြီ။ အဲဒီကောင်က တစ်ခုခုဆိုတာနဲ့ ပြေးဖို့ပဲတတ်တာ"

"ဒါဆို အမေလည်း ခွေးတစ်ကောင် မြန်မြန်လိုက်မွေးပြီး သူတို့အိမ်ကကောင်နဲ့ ယှဥ်ကြည့်လေ"

ပျန်းနမ် ခွက်ကို ချလိုက်ပြီး တံခါးပေါက်ဆီ လျှောက်သွားတော့သည်။

"မျိုးမစစ်ကောင်။ နောက်တစ်ခွန်း ထပ်ပြောစမ်း"

သူ့အမေ ရုတ်တရက် အော်ငေါက်လိုက်ရင်း ထလာကာ လက်ထဲရှိ စီးကရက်က ပျန်းနမ်မျက်နှာကို ထိတော့မလိုအထိ ချိန်ထားပြီး -

"ငါ့တစ်ဘဝလုံး မင်းအဖေလက်ထဲမှာ ပျက်စီးသွားပြီ။ သားတစ်ယောက်မွေးမိပါတယ် အခုတော့ ငါ့အပေါ် စောက်ကျိုးနည်း ဒီလိုဆက်ဆံနေပြီ"

ပျန်းနမ် စကားမဆိုဘဲ စားပွဲဘေးတွင် မှီရင်း သူ့အား ကြည့်နေသည်။

"ငါ မင်းကို ပြောလိုက်မယ် ပျန်းနမ်"

သူ့အမေ တစ်အောင့်ခန့် တိတ်ဆိတ်နေပြီးနောက် လက်ညှိုးဖြင့် သူ့ရင်ဘတ်ပေါ်တွင် ထိုးရင်း -

"ဘယ်သူမဆို ငါ့ကို အထင်သေးလို့ရတယ်။ ဒါပေမဲ့ မင်းတော့ မရဘူး"

"ကျွန်တော် အမေ့ကို အထင်မသေးပါဘူး"

ပျန်းနမ် မျက်မှောင်ကြုတ်ထားရင်း -

"အမေဘာဖြစ်ချင်ပြီးတော့ ဘာလိုချင်လဲဆိုတာ ကျွန်တော် မသိရုံပဲရှိတာ"

သူ့အမေ ခေါင်းငုံ့ပြီး စီးကရက်ကို ကြမ်းကြမ်းတမ်းတမ်း ဖွာလိုက်ပြီး -

"မင်းမှာ ပိုက်ဆံရှိလား"

ပျန်းနမ် အသံထွက်အောင် ရယ်မိတော့မလို ဖြစ်သွားသည်။

"သူ သူများဆီကနေ ပရောဂျက်တစ်ခု ရထားတာ ငွေလေး နည်းနည်းလိုနေလို့"

သူ့အမေ သူ့ကို ကြည့်နေရင်း -

"မင်းဆီမှာ ဘယ်လောက်လောက်ရှိလဲ"

"အမေ ဘယ်လောက်လိုချင်လဲ"

ပျန်းနမ် မေးသည်။

"နှစ်သိန်း"

သူ့အမေ ပြောသည်။

"ကျွန်တော့်မှာ ဘယ်လိုလုပ် နှစ်သိန်းအထိ ရှိမှာလဲ"

ပျန်းနမ် ကြမ်းပေါ်က အပျက်အစီးတွေကို တစ်ချက်ကြည့်လိုက်ပြီး -

"အမေ့မှာ တိုက်ခန်းနောက်တစ်ခန်း ရှိသေးတာကို အဲဒီလူ သိလား"

သူ့အမေ အရင်က ဖြုန်းတီးလိုက်သော ဆိုင်ခန်းနှင့်တိုက်ခန်းမှလွဲလျှင် သူ့အမေနာမည်ဖြင့် တိုက်ခန်းတစ်ခန်း ရှိသေးသည်။ မြို့တွင်း သိပ်မဆိုးသော ရပ်ကွက်ကောင်းတွင် တည်ရှိသည်။ သူ့အမေက ထိုအိမ်ကို အငှားချထားကာ ငှားရမ်းခက မနည်းပေ။ အကယ်၍ မဆင်မခြင် လျှောက်မလုပ်နေလျှင် သူ့ဘဝက ဘာပြဿနာမှ မရှိလောက်။

"ငါ တုံးနေတာမှမဟုတ်တာ"

သူ့အမေ ရယ်လိုက်ပြီး -

"ဒါပေမဲ့ ဒီလူ ငါ့အပေါ် မဆိုးရှာဘူး။ ငါ သူ့ကို တစ်ခါလောက် ကူညီပေးချင်လို့။ အတူတူ ......"

"ကျွန်တော့်မှာ နှစ်သိန်း မရှိဘူး"

ပျန်းနမ် ပြောသည်။ သူ့အမေ အထက်တန်းအောင်ပြီးနောက်ပိုင်းတွင် နှစ်အနည်းငယ်လောက် စားပွဲထိုးဝန်ထမ်း လုပ်ဖူးသည်။ သူ့အဖေနဲ့ ရင်းနှီးသွားပြီးနောက် အခုအချိန်အထိ အလုပ်မလုပ်ဖူးတော့ပေ။ သူ့အမေ ထိုလူနဲ့ ပရောဂျက်လုပ်ဖြစ်ဖို့ကို ပျန်းနမ် လုံးဝကို မယုံနေပါ။

"ဒါဆို မင်းမှာ ဘယ်လောက်ရှိလဲ။ ပိုက်ဆံမလောက်ရင် ငါ တိုက်ခန်းရောင်းရတော့မယ်"

သူ့အမေ မျက်မှောင်ကြုတ်ထားသည်။

"ဒါတောင် အမေ မတုံးဘူးလို့ အမေပြောနေသေးတယ်"

ပျန်းနမ် သူ့ကို ကြည့်နေရင်း -

"ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ အမေ နေထိုင်စားသောက်ဖို့ အဆင်မပြေတော့ရင် ကျွန်တော် အသုံးစရိတ်ပေးမယ်၊ ထောက်ပံ့ပေးမယ်။ ဒီ့ထက်များတဲ့ပိုက်ဆံတော့ ကျွန်တော့်မှာ မရှိဘူး"

"ထွက်သွား"

သူ့အမေ ဆိုဖာပေါ် ပြန်ထိုင်လိုက်ပြီး -

"ထွက်သွားတော့"

ပျန်းနမ် အခန်းတံခါးဆွဲဖွင့်လိုက်ရာ နောက်ရှိ သူ့အမေက နောက်တစ်ခွန်း ထပ်ပြောလေသည်။

"ငါ့ကို မင်းထောက်ပံ့ဖို့ မလိုဘူး။ မင်းအဖေရင်းနဲ့အန်တီကို ထောက်ပံ့ဖို့ ချန်ထားလိုက်။ ဒါပေမဲ့ သွားထောက်ပံ့ဖို့လည်း မင်းအလှည့်ရောက်လာမှာ မဟုတ်ပါဘူး ......"

ပျန်းနမ် ချိုးယိကို တံခါးအပြင်တွင် မတွေ့ရပေ။ ဘေးနားတစ်ဝိုက် ဝေ့ကြည့်လိုက်တော့မှ ချိုးယိက ဘေးနားရှိ ကျန်းမာရေးလေ့ကျင့်ရေးပစ္စည်းကိရိယာများ အတန်းလိုက်ရှိနေသောနေရာတွင် ဘွားဘွားတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ခါးလှည့်ကိရိယာ ကစားနေသည်ကို တွေ့လိုက်ရသည်။

ပျန်းနမ် သူတို့ရှိရာဆီ လျှောက်သွားပြီး ဆီးဆောပေါ်တွင် ထိုင်လိုက်သည်။ ချိုးယိက ခါးလှည့်ကိရိယာပေါ်မှ ဆင်းလာပြီး သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။

"အဘွားနဲ့ စကားပြောနေတာလား"

ပျန်းနမ် မြေကြီးကို ခြေနဲ့တစ်ချက် ဆောင့်လိုက်တော့ ဆီးဆောက အပေါ် မြောက်တက်သွားသည်။

"အင်း"

ချိုးယိလည်း တစ်ချက် ကန်လိုက်ကာ -

"ပြောပြီးကြပြီလား။ ဘာမှမဖြစ်ဘူးမလား"

"ဘာမှမဖြစ်ဘူး"

ပျန်းနမ်က သုန်မှုန်မှုန်အသံဖြင့် ဆက်၍ -

"ဘာပဲဖြစ်ဖြစ် ဒီလိုတော့ ဖြစ်သွားတာပဲ"

"မင်းက မင်းအမေနဲ့ တော်တော်ဆင်တယ်"

ချိုးယိ ပြောသည်။

"အားလုံး ဒီလိုပြောကြတယ်"

ပျန်းနမ် ရယ်လိုက်ပြီး -

"ဒါပေမဲ့ ငါ ငါ့အဖေလိုပဲ အသားညိုတယ်"

ဆီးဆော ခဏစီးလိုက်ပြီးနောက် နှစ်ယောက်သားတို့ ရပ်ကွက်ထဲကနေ ထွက်လာခဲ့ကာ လမ်းမအတိုင်း တဖြည်းဖြည်း လမ်းလျှောက်လာကြသည်။

ပျန်းနမ် လမ်းပေါ်ရှိ အုပ်ကြွပြားတွေကို ငုံ့ကြည့်လာနေကာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးတော့မှ မေးလာသည်။

"ဘယ်သူက ဘယ်သူ့ရဲ့တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တယ်ဆိုတဲ့စကားက အဓိပ္ပာယ်ရှိတယ်လို့ မင်းထင်လား"

"မင်းအမေ ပြောတာလား"

ချိုးယိ သူ့ကို ကြည့်လိုက်သည်။

"အင်း"

ပျန်းနမ် ရယ်လိုက်ရင်း -

"သူ အမြဲပြောနေတာ သူက ငါ့အဖေကို တကယ်ချစ်တာတဲ့၊ ငါ့အဖေက သူ့ဘဝကို ဖျက်ဆီးလိုက်တာတဲ့"

ချိုးယိ စကားမဆိုပေ။

"ငါကတော့ ဘယ်သူက ဘယ်သူ့ကို ဖျက်ဆီးလိုက်တယ်ဆိုတာ မရှိဘူးလို့ တွေးတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် သူကပဲ သူများမိသားစုကို အရင်ဖျက်ဆီးပစ်တာကြီးလေ"

ပျန်းနမ်၏ သူ့အမေအပေါ်ခံစားချက်မှာ အလွန်ရှုပ်ထွေးသည်။ ဒီတစ်ချက်မှာတော့ သူ့အမေရဲ့စကားကို လုံးဝ သဘောမတူနိုင်နေပေ။ သူက ဆက်၍ -

"အချစ်စစ်ဆိုတဲ့ဆင်ခြေနဲ့ နောက်ဆုံးမှာ အားလုံး မပျက်စီးသွားခဲ့တာပဲရှိတာ။ အဆုံးသတ်မှာ ကိုယ့်ကိုယ်ကိုယ်ကိုပါ ဒီလိုဖြစ်အောင် နေပစ်လိုက်တယ်"

သူထွက်မလာခင်လေးတွင် သူ့အမေပြောလိုက်သော စကားတစ်ခွန်းကို စဥ်းစားမိတော့ ပျန်းနမ်ရင်ထဲတွင် ဆစ်ခနဲတစ်ချက် ဖြစ်သွားသည်။

"အချစ်စစ်တဲ့လား"

ချိုးယိ ပြောသည်။

"အင်း။ အချစ်စစ်တဲ့"

ပျန်းနမ် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး -

"ဒီလိုအချစ်စစ်မျိုးက ဘာအဓိပ္ပာယ်ရှိလို့လဲ။ သူတစ်ပါးကို ထိခိုက်စေတာက မရှိမဖြစ်လိုအပ်ချက် ဖြစ်နေတဲ့ အချစ်စစ်ကို အချစ်လို့တောင် လုံးဝ မခေါ်ဘူး။ တစ်ကိုယ်ကောင်းဆန်တာကြီး"

"တချို့ ချစ်ခြင်းခံစားချက်တွေဟာ အစကတည်းက ထိခိုက်နာကျင်ရဖို့ ကံပါလာပြီးသား။ သူများ ထိခိုက်တာ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် ထိခိုက်ရတာ"

ချိုးယိ စီးကရက်တစ်လိပ်ယူထုတ်ပြီး ခဲလိုက်ရင်း ဆက်၍ -

"မင်း ဆန္ဒရှိရှိ မရှိရှိ"

"ငါ့အဖေနဲ့ငါ့အမေလိုမျိုးပေါ့"

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်သည်။

"တခြားဟာလည်း ရှိသေးတယ်"

ချိုးယိက စီးကရက်ငွေ့တစ်ဖွာ မှုတ်ထုတ်သည်။

ပျန်းနမ် ခဏစဥ်းစားလိုက်ပြီး -

"ဥပမာဆိုရင်ရော ..."

"မင်းမှန်းကြည့်လေ"

ချိုးယိ သူ့ကို ပြုံးပြသည်။

"စောက်ရူး။ ဘာပဲဖြစ်ဖြစ် ဘယ်လိုအချစ်မှ ငါမယုံဘူး"

ပျန်းနမ် လက်ယမ်းလိုက်ရင်း -

"ဂရုမစိုက်တော့ဘူး။ သွားမယ်။ ကားငှားပြန်မယ်။ ငါ ညနေကျရင် အာ့ပေါင်ကို တင်းနစ်ကစားဖို့ ခေါ်သွားမယ်"

ချိုးယန့်အား ရက်အနည်းငယ်လောက် တင်းနစ်ကို ဖြစ်သလိုလျှောက်ရိုက်ခိုင်းပြီးနောက် ပျန်းနမ်သည် သူ့အား စနစ်တကျ လေ့ကျင့်စေရန် စတင်စီစဥ်တော့သည်။

ချိုးယန့်ကြောင့် သူ့မှာ အတော်လေး အံ့အားသင့်ရသည်။ ခြောက်ကပ်ငြီးငွေ့စရာကောင်းတဲ့ အမျိုးမျိုးသော အခြေခံလေ့ကျင့်ရေးဖြစ်နေတာတောင် ချိုးယန့်က လေးလေးနက်နက်ထားပြီး ပြီးဆုံးအောင် လိုက်လုပ်သည်။ နွေရာသီသင်တန်းက ကလေးတစ်သိုက်ထက်တောင် စိတ်အားထက်သန်ပြီးတက်ကြွနေသေးသည်။

နည်းပြတောင် ပျန်းနမ်ကို ခေါ်ပြောဖြစ်သည်။ ဒီဆံပင်ကောက်လေးနဲ့ကလေးက အလားအလာကောင်းကြောင်း၊ လေးလေးနက်နက် ဆက်လေ့ကျင့်ဖို့ ဆန္ဒရှိမရှိ အစရှိသဖြင့် မေးဖို့ဖြစ်၏။

ချိူးယန့်က သူ့ညီအရင်းမဟုတ်လင့်ကစား အခုလို ချီးမွှမ်းခံလိုက်ရတော့ ပျန်းနမ်မှာ အတော်လေးတော့ စိတ်ကျေနပ်ပြီး ပီတိဖြစ်သွားသည်။

"မင်း အာ့ပေါင်ကို လာကြိုရင် သူ့အတွက် ကတော့နဲ့ရေခဲမုန့် ဝယ်လာခဲ့ပေးတော့။ သူလေ့ကျင့်တာ တော်တော်လေးနက်တယ်။ ဆုချထိုက်တယ်"

ပျန်းနမ် ချိုးယိဆီ ဖုန်းဆက်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပြီ။ မင်းရော စားဦးမလား"

ချိုးယိ ရယ်လိုက်သည်။

"စားမယ်လေ။ ငါလည်း တော်တော်လေးနက်တာပဲကို"

ပျန်းနမ်က တဟီးဟီး ရယ်လိုက်သည်။

လေ့ကျင့်ရေးပြီးဆုံးသွားပြီးနောက် ပျန်းနမ်က ချိုးယန့်ကို ကျောင်းကနေ နည်းနည်းလှမ်းသော လမ်းဆုံသို့ခေါ်သွားပြီး ချိုးယိကို သွားစောင့်သည်။

ချိုးယိ စက်ဘီးနင်းလာသည့်အချိန်တွင် ပျန်းနမ်သိလိုက်ရသည်မှာ အဖြူရောင်ဘီးက ဖက်ဖူးစိမ်းရောင်ထက်ကို ထင်းခနဲ မြင်သာထင်ရှားနေသည်။ ခပ်ဝေးဝေးဆီကပင် လှမ်းမြင်နေရကာ မျက်စိနောက်စရာကို ကောင်းလွန်းလှသည်။

"ကိုကို"

ချိုးယန့် ပြေးသွားပြီး အော်ခေါ်သည်။

ချိုးယိစက်ဘီးက သူ့ရှေ့မှာ ရပ်သွားပြီး လက်ထဲရှိ ရေခဲမုန့်တစ်ခု သူ့ကို လှမ်းပေးလိုက်ကာ -

"မျက်နှာမှာ ချွေးတွေချည်းပဲ"

"မင်းတော်တယ်"

ပျန်းနမ် လျှောက်သွားလိုက်ပြီး -

"ရေခဲမုန့် အရည်မ‌ပျော်သွားဘူး"

"တစ်လမ်းလုံး အပီမောင်းလာတာ"

ချိုးယိက ရေခဲမုန့်နောက်တစ်ခုကို သူ့ကို လှမ်းပေးလိုက်ကာ -

"ဒီဘီးက တော်တော်ပေါ့တယ် မြန်နေတာပဲ"

"မင်းက ဝမ့်ဖေးထက် အများကြီး ပိုအားကိုးလို့ရတယ်"

ပျန်းနမ်က သူ့အား လက်မထောင်ပြလိုက်ပြီး -

"အဲဒီကောင် ငါ့ကိုယူလာပေးတဲ့ရေခဲမုန့်ကတော့တွေဆို အမြဲတမ်း သူ တစ်ကိုက် ကိုက်ပြီးသားတွေ"

ချိုးယိက ရေခဲမုန့်ကို ခပ်သွက်သွက် ပြန်သိမ်းလိုက်ကာ တစ်ကိုက် ငုံ့ကိုက်လိုက်ပြီးမှ ပြန်ပေးလာကာ -

"ရော့"

"မင်းဘိုးအေ"

အလုံးရဲ့တစ်ဝက်သာ ကျန်တော့တဲ့ရေခဲမုန့်ကို လှမ်းယူရင်း ပျန်းနမ် အော်ဆဲသည်။

"ငါက မင်း စားနေမကျမှာ စိုးလို့လေ"

ချိုးယိ ရယ်သည်။

"အီးတွေပေါက်နေလိုက်"

ပျန်းနမ် ဆဲသည်။

ချိုးယိ တစ်ကိုက်ကိုက်လိုက်တဲ့ရေခဲမုန့်လုံးကို နောက်တစ်ခါ ထပ်ကြည့်လိုက်တဲ့အခါ သူသည် ရုတ်တရက်ပင် ပြောမပြနိုင်သော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ အနည်းငယ် နားလည်ရခက်သော ...... ရင်းနှီးမှု။

ကောင်မလေးတစ်ယောက်ကို လိုက်အီနေတုန်း ဟိုလိုလိုဒီလိုလိုအဆင့်မှာ ပခုံးချင်းယှဥ်လမ်းလျှောက်ရင်း လက်မောင်းချင်း ထိတွေ့မိသော ခပ်ရေးရေးစိတ်လှုပ်ရှားမှုကဲ့သို့ပင်။

ဒီခံစားချက်‌ကြောင့် ပျန်းနမ်တစ်ယောက် ခေါင်းထဲတွင် ရုတ်တရက် ပူထူလာရပြီး ခပ်သွက်သွက်ပင် ခေါင်းငုံ့ကာ ရေခဲမုန့်ကို နှစ်လုတ်တည်းနှင့် ပါးစပ်ထဲ ကိုက်စားလိုက်တော့သည်။

ဒုက္ခတော့ရောက်ပြီ။

အပမှီပြီ။

ပါးစပ်ထဲက ရေခဲမုန့်မှာ အချိန်အတော်ကြာတဲ့အထိ အရည်မပျော်ဘဲ ပျန်းနမ်ရဲ့သွားတွေတောင် ထုံလာကာ မျက်နှာလည်း အေး၍ နာကျင်လာသည်။

"ငါလူး ...... အေးလို့သေတော့မယ်"

သူ ဗလုံးဗထွေး ပြောလိုက်သည်။

"မင်းကို ဘယ်သူ လုစားနေလို့လဲ"

ချိုးယိ အူမြူးသွားတော့သည်။

ပျန်းနမ် စကားမဆိုဘဲ မျက်နှာအုပ်ကာ ရေခဲမုန့်လုံးကို ကြိုးစားပမ်းစား မျိုချနေသည်။

နေရောင်ခြည်က ချိုးယိမျက်နှာထက်တွင် တစောင်းဖြာကျနေကာ နဂိုကတည်းက ထင်ရှားသော မျက်နှာကောက်ကြောင်းကို ပိုမို၍ ရုပ်လုံးကြွလာစေသည်။ သူ့အပြုံးကို ငေးကြည့်နေရင်း ပျန်းနမ်မှာ နောက်ဆုံးတော့ လမ်းဘေးရှိ အုတ်ခဲပုံပေါ် ထိုင်ချလိုက်ပြီး -

"အာ့ပေါင်ကိုခေါ်ပြီး မြန်မြန်ပြန်တော့လေ။ ညကျရင် မင်း အလုပ်သွားရဦးမယ်မလား"

"အင်း"

ချိုးယိက စက်ဘီးကို ခေါင်းလှည့်လိုက်ကာ ချိုးယန့်က နောက်ခုံပေါ် တွယ်တက်ပြီး ထိုင်လိုက်ပြီးနောက် ပျန်းနမ်ကို ကြည့်လိုက်ရင်း -

"မင်း အိမ်ပြန်ဖို့လား"

"သာ့ဟူကျစ် သားတို့အိမ်မှာ ထမင်းလာစားပါလား"

ချိုးယန့် အော်ပြောသည်။

"မစားတော့ဘူး မစားတော့ဘူး။ ငါ အိမ်ပြန်မှာ"

ပျန်းနမ်တစ်ယောက် ကမန်းကတန်းပင် လက်ခါပြကာ ချိုးယန့်အား ရယ်ပြရင်း -

"ငါ့အိမ်ကရေခဲသေတ္တာထဲမှာ စားစရာတွေ တောင်လိုပုံနေတာ။ မစားဘဲ ထပ်နေနေရင် အကုန်ပစ်ရတော့မှာ"

ချိုးယိ စက်ဘီးစီးထွက်သွားပြီးနောက် ပျန်းနမ်မှာ အုတ်ပုံပေါ် အတန်ကြာထပ်ထိုင်နေသည်။ အေးပြီးထုံသွားသော မျက်နှာတောင် ပုံမှန်ပြန်ဖြစ်ပြီးတော့မှ သူ မတ်တတ်ရပ်လိုက်၏။

ကျောင်းပိတ်ပြီးနောက် ကျောင်းနားတွင် ကားငှားလို့တောင် မရတော့ချေ။ သုံးဘီးတွေတောင် အပန်းဖြေအနားယူနေပြီ။ ပျန်းနမ်မှာ ဘတ်စ်ကားသာ စီးလိုက်ရတော့သည်။ ကားသုံးခါ လဲစီးလိုက်ရပြီး လမ်းကြောင်းပြောင်းပြန် တစ်ခေါက်စီးမိသွားသည်။ နှစ်နာရီနီးပါး အချိန်ကုန်တော့မှ အိမ်ပြန်ရောက်လာသည်။

အိမ်တွင် ဘာစားစရာမှ မရှိနေ။ ခရီးမထွက်ခင် သူ့အဖေက ကတ်ထဲသို့ ပိုက်ဆံ ထည့်ထားပေးပြီး အပြင်ထွက်စားစေသည်။

သူ့အမေ သူ့ကို ပိုက်ဆံတောင်းတုန်းက သူ့မှာ ပိုက်ဆံမရှိဘူးလို့ ပြောခဲ့သည်။ တကယ်တော့ သူ့မှာ နှစ်သိန်းအထိ မရှိလျှင်တောင် သူ့ကတ်ထဲတွင် တစ်သိန်းလောက်ကတော့ ရှိပါသည်။ သူ့အဖေ ဒီတစ်ခေါက်အတွက်ပဲ ထည့်ပေးတဲ့ ထမင်းဖိုးတောင် မသိလျှင် သုံးနှစ်လောက်ခရီးထွက်မယ့်အတိုင်းပင် ထည့်ပေးလိုက်ခြင်းဖြစ်သည်။

သူ့အမေကို သူ ပိုက်ဆံမပေးချင်၍သာ။ သူ့ကို အကြင်နာမဲ့တယ်ပဲပြောပြော ခွေးနဲ့ယှဥ်ရင် ခွေးလောက်တောင် အသုံးမကျဘူးလို့ပဲပြောပြော သူ့အမေရဲ့စရိုက်အရ ပိုက်ဆံဘယ်လောက်ပေးပေး အဆုံးသတ်ရှိမှာမဟုတ်။

ပျန်းနမ် အိမ်ထဲမှာ တစ်ပတ်ပတ်လိုက်သည်။ ဧည့်ခန်းနဲ့စာကြည့်ခန်းထဲရှိ ပန်းပင်တွေကို ရေလောင်းပေးလိုက်သည်။ ထို့နောက် ခြံထဲဆင်းပြီး ရေပိုက်ဖြင့် ပန်းပင်တွေမြက်ပင်တွေကို ရေလိုက်ပေးလိုက်သည်။

ဒီတစ်ခေါက် ကမ်းခြေသွားကြတာမှာ ကိုယ့်ဘာသာကိုယ် ကားမောင်းသွားကြခြင်းဖြစ်ကာ အဖေနှင့်ပျန်းဟောက်တို့က တစ်ယောက်တစ်လှည့်စီ မောင်းကြမှာဖြစ်သည်။ ထို့ကြောင့် ပျန်းရှင်းယွီက သူ့အဖိုးတန်ရတနာခွေးကိုလည်း ခေါ်သွားသည်။ ပျန်းနမ် ရေလောင်းပြီးနောက်တွင် ကျောက်ထိုင်ခုံပေါ် ထိုင်လိုက်သည်။ ဟိုလျက်ဒီလျက်လုပ်တတ်သော ခွေးလျှာမရှိသဖြင့် ဒီမှာထိုင်ရတာ အနည်းငယ်တောင် အထီးကျန်စရာကောင်းနေသည်။

ယခင်ကဆိုလျှင် သူ့အမေဆီသွားပြီး ပြန်လာတိုင်း အတော်စိတ်ထိုင်းမှိုင်းလေ့ရှိသည်။ သို့သော် တစ်အောင့်လောက်နေလျှင်တော့ ပုံမှန်ပြန်ဖြစ်သွားတတ်သည်။ ဒီနေ့မှာတော့ တစ်ချိန်လုံးပင် စဥ်းစားမိတိုင်း စိတ်ညစ်ညူးလာသည်။

သူ့အမေမှာ အမေရင်း ပီသလှသည်။ နောက်ဆုံးပြောလိုက်သောစကားတစ်ခွန်းက သူ့ဒဏ်ရာကို တိတိကျကျ လာထိုးမိသည်။

"ဟမ်း --"

ပျန်းနမ် ဘေးနားရှိ ကြိုးပုခက်ပေါ် သွားလှဲလိုက်ပြီး တဖြည်းဖြည်း လွှဲနေသည်။

မစဥ်းစားတော့ဘူး။ ဘယ်လိုနေနေ ဒီလိုတောင် ဖြစ်နေပြီ။ ဟိုစဥ်းစားဒီစဥ်းစားလုပ်နေလည်း ဘာအဓိပ္ပာယ်မှမရှိ။

တခြားဟာတွေ စဥ်းစားတာပေါ့။

နှုတ်ခမ်းထောင့်ကို အပေါ်ဘက်ကွေးပြီး အပြုံးရိပ်သန်းသော ချိုးယိ၏မျက်နှာက နေရောင်ခြည်၏လွှမ်းခြုံမှုဖြင့် သူ့မျက်စိရှေ့မှ လှစ်ခနဲဖြတ်ပြေးသွားသည်။

သူ့ရင်ထဲတွင် နှလုံးသားက ထိန်းချုပ်၍မရစွာပင် တဒုတ်ဒုတ်ခုန်သွားသည်။ သူ တခြားမြင်ကွင်း မပြောင်းရသေးခင်မှာပဲ မီးရောင်အရိပ်အောက်တွင်မှီနေသော ချိုးယိ၏ မနေနိုင်ဘဲ တစ်ချက်လောက်နမ်းချင်စိတ်ဖြစ်လာစေသည့်ပုံရိပ်က ဆက်လက်၍ ဝင်ရောက်လာသည်။

"ငါလူး"

ပျန်းနမ် ချက်ချင်း ထထိုင်လိုက်ပြီး အာရုံလွှဲရန် တစ်ခုခုသွားစားဖို့ လုပ်သည်။

သူ့ခြေထောက်တစ်ဖက် မြေပေါ်ချခါစ နောက်ခြေတစ်ဖက်က ကြိုးပုခက်ပေါ်မှာ ချိတ်နေဆဲတွင် ကြိုးပုခက်က နောက်သို့ လွှဲယမ်းသွားကာ ချိတ်လျက်ရှိသေးသော ခြေတစ်ဖက်က ပုခက်နဲ့အတူ နောက်သို့ ဆွဲပါသွားရာ တခဏအတွင်းမှာပဲ ခြေနှစ်ဖက်ကားယားဖြင့် မြေပေါ် ထိုင်လျက် ကျသွားသည်။

"ပျော့ပြောင်းလိုက်တဲ့အကြော"

ပျန်းနမ်မှာ အံကြိတ်ရင်း ကိုယ့်ကိုယ်ကိုယ် တစ်ခွန်းချီးမွှမ်းလိုက်ကာ အတော်ကြာမှ ကုန်းရုန်းထနိုင်တော့သည်။

ပေါင်အတွင်းဘက်မှာ ဒီဆွဲဆန့်ခံရမှုကြောင့် လမ်းလျှောက်တာတောင် ဘေးတိုက်လျှောက်နေရသည်။ မှန်ရှေ့ဖြတ်သွားရတဲ့အခါ မှန်ထဲ တစ်ချက်ကြည့်လိုက်တော့ အတော်လေး ဖြုံချင်စရာ ကောင်းနေသည်။

.

ချိုးယိ ဒီနေ့ တော်တော်အလုပ်များနေသည်။ ဧည့်သည်တစ်ယောက်က ဆိုင်ထဲတွင် ဧည့်ခံပွဲလုပ်လို၍ ဒုတိယထပ် တစ်ထပ်လုံးကို ငှားထားသည်။ ဧည့်သည်များလွန်း၍ ဒုတိယထပ်မှ ဝန်ထမ်းဖြင့်သာ မလုံလောက်သဖြင့် ချိုးယိတို့ပထမထပ်ကဝန်ထမ်းတွေကိုလည်း ကူလုပ်ပေးဖို့ ခေါ်ထားရာ အပေါ်ထပ်အောက်ထပ်ကို တက်လိုက်ဆင်းလိုက်ဖြင့် အလုပ်ရှုပ်နေရသည်။

ဒုတိယထပ်က လူပါးသွားတော့မှသာ ချိုးယိမှာ ညနေတစ်ခင်းလုံးအတွက် ပထမဆုံးနားချိန် ရတော့သည်။

သူ နောက်ဖေးတံခါးဘက် ပတ်သွားပြီး ဖုန်းယူထုတ်ကြည့်လိုက်သည်။ ရှန်းထောင်းခေါ်ထားသော ဖုန်းတစ်ကော ဝင်နေသည်။

နွေရာသီကျောင်းပိတ်တာနဲ့ ရှန်းထောင်းက ဇာတိမြို့ကို ပြန်သွားကာ နောက်လမှ ပြန်လာမှာဖြစ်သည်။

သူ ဖုန်းပြန်ခေါ်လိုက်ကာ -

"လည်ရတာ ပျော်ရဲ့လား"

"ချီးကို ပျော်ရမယ်"

ရှန်းထောင်း ရယ်နေရင်း -

"နေ့တိုင်းနေ့တိုင်း အဒေါ်ကြီးတွေကို အိတ်ကူသယ်ပေးနေရတာ"

"နည်းနည်းပါးပါးလေ့ကျင့်လိုက်ပေါ့။ နောင်မှာ မိန်းမကို အိတ်ဆွဲပေးဖို့ အခြေခံလေးဘာလေးရရအောင်"

ချိုးယိ ရယ်ရင်းပြောသည်။

"ဒါဆိုရင်တော့ ကောင်မလေးတွေနဲ့တွေ့ရင် မျက်နှာကြီးကို မတည်ထားဖို့ မင်းအရင်လေ့ကျင့်ရမှာ ...... တော်ပြီ ဒါတွေ မပြောတော့ဘူး"

ရှန်းထောင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် -

"ဟိုရက်က မင်းကို မက်ဆေ့ပို့ပြီး မွေးနေ့ဆုတောင်းပေးတာ စာလည်းတစ်လုံးမှ မပြန်ဘူး။ ငါ အကြာကြီးစောင့်နေသေးတာ"

"အရက်သောက်ထားတော့ အိပ်ပျော်သွားတာ"

ချိုးယိပြောသည်။

"သောက်ဖြစ်တယ် ဟုတ်လား"

ရှန်းထောင်း ကြောင်သွားပြီး -

"ဘယ်သူနဲ့လဲ။ ဦးလေးနဲ့လား"

ချိုးယိ ဘာမှမပြောရသေးခင်မှာပဲ သူက ထပ်ပြီး -

"ဒါမှမဟုတ် ...... ပျန်းနမ်လား"

"အင်း"

ချိုးယိ ဆေးလိပ်တစ်ဖွာဖွာလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

ရှန်းထောင်း တိတ်ဆိတ်သွားကာ တစ်ခဏကြာသွားတော့မှ အသံတိုးတိုးဖြင့် -

"မင်း မဟုတ် ... ..."

"မဟုတ်ပါဘူး"

ချိုးယိ သူ့စကားကို ဖြတ်ပြောလိုက်ကာ ဆက်၍ -

"သူငယ်ချင်းတွေပဲ။ မင်းနဲ့လိုမျိုးလေ"

"ဒီကိစ္စက ငါတစ်ခုခုဝင်ပြောဖို့ မသင့်တော်ဘူး။ ဒါက မင်းကိုယ်ပိုင်ကိစ္စဆိုတော့"

ရှန်းထောင် အနည်းငယ်ခက်ခဲစွာ ပြောနေရကာ ဘယ်လိုဖော်ပြသင့်မှန်း မသိနေသည့်အလား -

"ဘာပဲဖြစ်ဖြစ် ဒါကတော့လေ၊ ငါတို့နှစ်ယောက်က နှစ်တွေအကြာကြီးပေါင်းလာတဲ့ ဘော်ဒါတွေဆိုတော့ ...... တခြားလူသာဆိုရင် ငါ နားလည်နိုင်ဖို့ တကယ်ခက်မှာ"

"ငါကိုယ်တိုင်တောင် ငါ့ကိုယ်ငါ နားမလည်နေတာ"

ချိုးယိ ဆေးလိပ် မီးသတ်လိုက်ပြီး ဘေးနားရှိ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကာ -

"ဒီတိုင်း သူငယ်ချင်းပဲ"

"ငါ မင်းအတွက် ပစ္စည်းကိရိယာတစ်စုံ ဝယ်ထားပေးတယ်"

ရှန်းထောင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဘာပစ္စည်းလဲ။ နားထောင်ရတာ ဘာလို့ ဒီလောက် မဖွယ်မရာဖြစ်နေပါလိမ့်"

ချိုးယိ ရယ်ရင်း ပြောသည်။

"လခွမ်း၊ မင်း တကယ်ကိုမှပဲ။ မင်းမှာရှိတဲ့ ရွှံ့ရုပ်လုပ်တဲ့ ဟိုပစ္စည်းတွေက သုံးလို့မကောင်းတော့ဘူး မဟုတ်လား။ ငါ မင်းကို အသစ်တစ်စုံ ဝယ်ထားပေးတယ်။ ပြန်လာရင် မင်းကို ယူလာပေးမယ်။ သုံးလို့အဆင်ပြေမပြေ မင်းကြည့်ကြည့်"

"ငါတောင် အဲဒါတွေလုပ်ဖို့ အချိန်တွေ မရှိနေတော့ဘူး"

ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။

"ဒါဆို ထားထားဦးပေါ့။ ဒိတ်ကုန်တတ်တာမှ မဟုတ်တာကြီးကို"

"ကျေးဇူးပဲကွာ"

ထိုရွှံ့ရုပ်မှာ အမှန်တကယ်ပဲ မလုပ်ဖြစ်တာ ကြာလှပြီ။ လုပ်ဖို့အချိန်မရှိ၍ဖြစ်သည်။ ဒါတွေလုပ်ရင် အချိန်အများကြီး လိုအပ်သလို စိတ်တည်ငြိမ်ဖို့လည်း လိုသည်။

ချိုးယိ အိမ်ပြန်ရောက်တော့ အဖေနဲ့ချိုးယိတို့ အိပ်ပျော်နေကြပြီ။ သူ စားပွဲရှေ့ထိုင်ပြီး သူ့အမေပုံစံ ရွှံ့ရုပ်ကို ယူကိုင်ကြည့်လိုက်သည်။ ဒီအရုပ်လုပ်တာ အချိန်အကြာဆုံးဖြစ်၏။ အကြောင်းမှာ အရုပ်လုပ်တုန်းက ချိုးယိက သူ့မေမေရုပ်ပုံကို သိပ်မမှတ်မိတော့၍ဖြစ်သည်။

နှလုံးသားထဲမှာ ထွင်းထုထားသလို ခံစားနေရပါလျက်နဲ့ အရုပ်လုပ်တော့ သေချာ မမြင်ရတော့ပေ။

ကြာခဲ့ပြီ။

သူ ရွှံ့ရုပ်ကို ပြန်ချလိုက်ပြီး ပြက္ခဒိန်ယူကာ လှန်ကြည့်လိုက်သည်။ ပျန်းနမ်မွေးနေ့က ကျောင်းပြန်မဖွင့်ခင်မှာဖြစ်ပြီး အရုပ်တစ်ရုပ်လုပ်ဖို့ အချိန်လောက်မလားတော့ မသိပါ။

***

(ဆက်ရန်)

Continue Reading

You'll Also Like

1.2K 72 4
ခေါင်းစဉ်အမည်: သင်းဟိုင့်ပုလဲနှင့် ဖူရှိန်းတေးသွားမှတ်တမ်း ဆက်စပ်သောတခြားအမည်: မီးအိမ်ငယ်ရဲ့တေးသွားတစ်ပုဒ် (Donghua Name - Epic of Divine Light) ဆက်စ...
158K 11.5K 58
My very first book... avneil as married couple and having different professional. Peep into it! Hope you enjoy this book! 😊 COMPLETED ON 3RD MAY...
203K 2.3K 38
(Requests closed) I wanted to write this 'cause I'm a simp. Most of the information will be in the first chapter. Kind of gender neutral fluff but fe...
25.1M 462K 52
❝This is wrong Harry,❞ I pant as he rips off my top, exposing my bra. I soon give into him as his arms lock on my waist, lifting me onto the kitchen...