《Wolf pair》- ဘာသာပြန်

By wishywish0805

43.5K 7.1K 523

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 34

309 60 2
By wishywish0805

Chapter ● 34 ●

လောင်ကျန်က အဖွဲ့ကို ဦးဆောင်၍ ခေါ်သွားလျက်ရှိကာ ပျန်းနမ်က အဖွဲ့၏နောက်ဆုံးနားမှလိုက်ပြီး အားကစားသမားတွေအတွက် ဝင်ထွက်ပေါက်လမ်းထဲ လျှောက်ဝင်လိုက်သည်။ ထိုစဥ်တွင် ရှေ့ရှိ တစ်ယောက်ယောက်က အသံကို နှိမ့်ပြီး မေးလိုက်သံတစ်သံကို ကြားလိုက်ရသည်။

"ငါလူး ဟိုမှာ ချိုးယိလား"

"ချိုးယိပဲ"

အခြားတစ်ယောက်ကလည်း အသံကိုနှိမ့်၍ ပြောသည်။ သူ့ဘက်ကို တစ်ချက်လှည့်ကြည့်လာသေးကာ ဆက်၍ -

"သူ ဒီကို ဘာလာလုပ်တာလဲ"

ဝမ့်ဖေးက ပျန်းနမ်၏ရှေ့တွင် လမ်းလျှောက်နေလျက်ရှိကာ အတော်လေးစိတ်မရှည်စွာ ထိုလူကို တစ်ချက်တွန်းလိုက်ပြီး -

"လခွမ်း လိုက်ပြီးစိတ်ပူနေတယ်။ ပြိုင်ပွဲလေးတောင် လာကြည့်လို့မရတော့ဘူးလား။ မင်းပြိုင်ဘက်ကို အားပေးတာတို့ သြဘာလာပေးတာတို့ ဘာတို့လေ"

"လခွမ်း။ မင်းလိုမျိုး စကားကို ဒီလိုပြောတဲ့လူ ရှိလား ......"

ထိုလူမှာ ရယ်ရမလို ငိုရလိုဖြင့် ခေါင်းယမ်းကာ ရှေ့သို့ လျှောက်သွားလေသည်။ မကြာမီ ပြိုင်ပွဲ ပြိုင်ရမည်ဖြစ်သောကြောင့် အားလုံး စိတ်လှုပ်ရှားရင်ခုန်နေကြကာ ချိုးယိ ဘာကြောင့်လာခဲ့သလဲဆိုတာကို ဆက်တိုက်တွေးနေရန် အာရုံမထားနိုင်ကြချေ။

"နဂိုကတည်းက ဟုတ်နေတာလေ။ ရေကြောင်းရဲ့ လောင်သာ့က မင်းကို အားလာပေးဖို့ မျှော်နေသေးတာလား မင်းက"

ဝမ့်ဖေးက တဟေးဟေးဖြင့် အူမြူးသွားပြီးနောက် လက်မောင်းကို ပျန်းနမ်ပခုံးပေါ် ချိတ်တင်လိုက်ပြီး သူ့နားရွက်နား တိုးကပ်လာပြီး လေသံတိုးတိုးဖြင့် ဆက်၍ -

"ဟိုကလေးပေါက်စလေး မင်းကို အားပေးဖို့ ခေါ်လာပေးတာမလား"

ပျန်းနမ် ရယ်လိုက်ရင်း လက်ထဲရှိ ထောင့်ချွန်ငါးခုပါ ပလတ်စတစ်ကြယ်နီကို တစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ သိပ်မကြာသေးခင်ကမှ ချိုးယန့် သူ့ကို ပေးခဲ့တာဖြစ်သည်။ နှစ်ဆုံးစာမေးပွဲတွင် အမှတ်ပြည့်ရ၍ ရရှိခဲ့တဲ့ဆုလို့ ဆိုကာ ကံကောင်းစေတဲ့အဆောင်လက်ဖွဲ့အဖြစ် သူ့ကို ပေးထားသည်။

ကွင်းထဲ ဝင်လာပြီးနောက် ပျန်းနမ်၏ပြိုင်ပွဲအချိန်ရောက်ရန် တစ်အောင့်ခန့် လိုသေးသည်။ သူသည် ပစ္စည်းများယူပြီး ပြိုင်ကွင်းထဲဝင်ရန် ပြင်ဆင်၏။

"ရွှီရွေ လာတယ်ပေါ့"

ဝမ့်ဖေး၏အကြည့်တို့ မငြိမ်သက်ဘဲ နေရာအနှံ့ လွင့်ဝဲနေသည်ကို မြင်သည်နှင့် ရွှီရွေတစ်ယောက် နောက်တစ်ခါထပ်ပြီး ဝမ့်ဖေးကို လာမကြည့်ဘဲ နေမှာကို စိုးရိမ်သွားသည်။ ထိုသို့ဆိုလျှင် ယခုတစ်ခေါက်တွင်လည်း ဝမ့်ဖေး ပြိုင်ပွဲ၌ သေချာပေါက် ရှုံးလိမ့်မည်။

"လာတယ်"

ဝမ့်ဖေးပြုံးလိုက်သည်မှာ မျက်ခုံးများတောင် ပျံတက်သွားမလိုပင်။ မျက်နှာချင်းဆိုင်ရှိ ပွဲကြည့်စင်ဘက်သို့ ညွှန်ပြလိုက်ရင်း -

"မျက်နှာချင်းဆိုင်မှာပဲ။ အင်္ကျီအဝါနဲ့တစ်ယောက်"

ယနေ့တွင် ပွဲကြည့်ပရိတ်သတ် အတော်လေး များပြားလှသည်။ မြို့ထဲတွင် တစ်နှစ်ပတ်လုံးနေလျှင်မှ အကြီးစားပြိုင်ပွဲက နှစ်ကြိမ်သာ ရှိတတ်သည်။ ဘောလုံးချစ်သူများ အလွန်တက်ကြွအားပါစွာ လာကြည့်ကြ၏။ ပျန်းနမ်မှာ အတော်ကြာတော့မှ လူအုပ်ထဲတွင် ရွှီရွေကို ရှာတွေ့လေသည်။

"မင်း ဒီနေ့ အစွမ်းအစ ပြမှဖြစ်မယ်။ အရင်တစ်ခေါက်ကလို မဖြစ်စေနဲ့"

ပျန်းနမ်က ရယ်ရင်း ပြောလိုက်ပြီး အကြည့်ကို ဘေးဘက်သို့ ရွှေ့လိုက်သော် ချိုးယိနှင့် ချိုးယိဘေးတွင် မတ်မတ်ထိုင်နေလျက်ရှိသော ကလေးလေးချိုးယန့်လေးတို့ကို တွေ့လိုက်ရသည်။

"မင်း အခု ငါ့ကို စိတ်ပူမနေနဲ့။ ဘောလုံးစပစ်ပေးတဲ့ကိုယ်ဟန်ကို သတိထား။ ပြီးတော့ လက်နောက်ပြန်ရိုက်တာကိုရော"

ဝမ့်ဖေးက ခပ်တည်တည်မျက်နှာ‌ပေးဖြင့် သူ့ပခုံးကို လာပုတ်ပြီး ဆက်၍ -

"လက်နောက်ပြန်ရိုက်တာ"

.

"သာ့ဟူကျစ်"

ချိုးယန့်က လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး ချိုးယိ၏လက်မောင်းကို လှမ်းကိုင်လိုက်လေသည်။ ထို့နောက် ပြိုင်ကွင်းအစွန်ဘေးနားသို့ လမ်းလျှောက်သွားနေသော ပျန်းနမ်ထံ အနည်းငယ်စိတ်လှုပ်ရှားတက်ကြွစွာ လက်ညှိုးညွှန်ပြ၏။

"အင်း"

ချိုးယိက သူ့လက်လေးကို ပုတ်ပေးလိုက်သည်။

ချိုးယိက တင်းနစ်ကို စိတ်ဝင်တစားရှိသူ မဟုတ်ပါ။ ပုံမှန်အချိန် တီဗွီမှာလာတဲ့ တင်းနစ်ပြိုင်ပွဲကိုတောင် ဘယ်နှပွဲမှ ကြည့်ဖူးလေ့မရှိပါ။ ပထမဆုံးအနေဖြင့် ပြိုင်ကွင်းတွင် ပြိုင်ပွဲကို လာရောက်ကြည့်ဖူးခြင်းဖြစ်သည်။ ဖြစ်သလိုသာ ကြည့်လိုက်ရန် နဂိုက စဥ်းစားထားခဲ့သော်ငြား ချိုးယန့်က ယခုကဲ့သို့ လက်မောင်းလာကိုင်သောအခါတွင်တော့ သူသည် ရုတ်တရက်ပင် အနည်းငယ် စိတ်လှုပ်ရှားရင်တုန်လာသည်။

အဖြူရောင်အားကစားဝတ်စုံကိုဝတ်ဆင်ထားသော ပျန်းနမ်ကတော့ အလွန်အေးဆေးတည်ငြိမ်နေသည်။ ယနေ့တွင် ရာသီဥတုက အနည်းငယ်ပူလောင်နေ၍ သူသည် ဦးထုပ်ဆောင်းထားပြီး မျက်နှာက ဦးထုပ်လျှာအရိပ်အောက်တွင် ပျောက်ကွယ်နေသည်။ မေးစေ့နှင့် စုဝိုင်းနေသောနှုတ်ခမ်းကိုသာ သေချာမြင်ရ၏။

"ကိုကို"

ချိုးယန့်က လက်ထဲရှိ အဝေးကြည့်မှန်ပြောင်းအသေးစားလေးကို ချိုးယိအား ကမ်းပေးလာပြီး -

"ဒီမှာကြည့်"

"ဘာကြည့်ရမှာလဲ"

ချိုးယိက အဝေးကြည့်မှန်ပြောင်းကို လှမ်းယူကာ ကြည့်ကြည့်လိုက်၏။ ပျန်းနမ်က ဘက်တံကို စစ်ဆေးနေလျက်ရှိပြီး လက်ပေါ်ပတ်ထားသော အနက်ရောင် လက်ကောက်ဝတ်အကာကို ဆွဲလိုက်၏။ ရုတ်တရက်ပင် ခေါင်းလှည့်လာပြီး ပွဲကြည့်စင်ဘက်သို့ လှမ်းကြည့်လာသည်။

ချိုးယိသည် အဝေးကြည့်မှန်ပြောင်းကို ချိုးယန့်လက်ထဲသို့ ခပ်မြန်မြန် ပြန်ထည့်လိုက်သည်။

"သူ သားကို ကြည့်နေတာလား"

ချိုးယန့်က ပျန်းနမ်ရှိရာဘက်သို့ အားရပါးရ လက်လှမ်းပြလေသည်။

"သူ မင်းကို ကြည့်ဖို့မအားဘူး ......"

ချိုးယိက သူ့ခေါင်းလေးကို သပ်ပေးကာ ထိုးထိုးထောင်ထောင်ဖြစ်နေသော ဆံပင်ကောက်ကောက်များကို ရှင်းပေးလိုက်သည်။

ပြိုင်ပွဲ စတင်လိုက်ပြီး ပျန်းနမ်က ဘောလုံးအရင်ပေးရသည်။

သူသည် ရက်ကက်ဖြင့် ဘောလုံးကို သုံးလေးချက် ရိုက်ကစားလိုက်ပြီး ဘောလုံးကိုကိုင်လျက် နှစ်စက္ကန့်ခန့် ရပ်လိုက်ပြီးနောက် ဘောလုံးကို လေပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်က နောက်ဘက်သို့ မဆိုစလောက်လေး ယို့သွားကာ ရက်ကက်ကို မြှောက်၍ ဘောလုံးကို အားမာန်ပါစွာ ရိုက်ထုတ်ပေးလိုက်သည်။

ပြိုင်ကွင်းမှာ အတော်လေးတိတ်ဆိတ်နေလျက်ရှိရာ ဘောလုံး ရိုက်ပေးလိုက်သည့်အချိန်တွင် ဘုတ်ခနဲအသံမှာ အတော်လေး ကြည်လင်ပြတ်သားလှ၏။

တစ်ဖက်ရှိ ပြိုင်ဘက်က ဘောလုံးကို လက်ခံရိုက်လိုက်ကာ နောက်စည်း၏အခြားအဆုံးဘက်ဆီသို့ပြန်ရောက်အောင် ပြန်ရိုက်ပေးလာသည်။ ပျန်းနမ်၏အရှိန်မှာ အလွန်မြန်ဆန်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် လှမ်းသွားကာ လက်နောက်ပြန်ဖြင့် ဘောလုံးကို ပြန်ဆွဲရိုက်လာ၏။

ဤရိုက်ချက်မှာ အလွန်လှပပြီး ရှုထောင့်က အနည်းငယ် ကသိက‌အောက်နိုင်သွား၍ ဘောလုံးက ဘေးစည်းနားတွင် ကျသွားကာ ပိုက်ကွန်နှင့် အလွန်နီးကပ်သွားသည်။ ပြိုင်ဘက်က ဘောလုံးကို ပြန်ရိုက်ပေးရန် ကြိုးစားချိန်တွင် ဘောလုံးမှာ ပိုက်ကွန်ကို မကျော်သွားခဲ့ချေ။

ပြိုင်ကွင်းတွင် လက်ခုပ်သံများ မြည်လာကာ ချိုးယန့်ကလည်း လိုက်ပြီး အင်တိုက်အားတိုက် လက်ခုပ်တီးလေသည်။

ချိုးယိ ခေတ္တခန့် ကြည့်နေသော်လည်း ဘာနည်းလမ်းဟန်ပန်မှန်း မသိသဖြင့် အကြည့်ကို ပျန်းနမ်ကိုယ်ပေါ်တွင် ပို့ထားရုံသာ တတ်နိုင်သည်။

သူသည် ပျန်းနမ်နှင့် ရန်ဖြစ်ရိုက်ပုတ်ခဲ့ဖူးသော်လည်း ပျန်းနမ် လေ့ကျင့်ရေးဆင်းနေပုံနှင့် ပြိုင်ပွဲပြိုင်နေပုံကို တစ်ခါမျှ မမြင်ဖူးချေ။ ဤအနေအထားမှာ ရန်ဖြစ်နေစဥ်အချိန်နဲ့ လုံးဝကို မတူညီပေ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့တည်ငြိမ်မှုတို့ ပါဝင်နေသည်။

တင်းနစ်ကွင်းထဲတွင် ပျန်းနမ်တစ်ယောက် သွားလိုက်လာလိုက်ဖြင့် သွက်လက်လျင်မြန်စွာ ပြေးလွှားလှုပ်ရှားပြီး ဘောလုံးရိုက်ချိန်တွင် ထုတ်ပြသော အားအင်ကြောင့် ချိုးယိမှာ အတော်လေး အံ့အားသင့်ရသည်။

ပျန်းနမ်၏ကိုယ်လုံးကိုယ်ပေါက်က သိပ်မဆိုးလှဟုသာ ယခင်က ထင်ခဲ့သည်။ ယခုမူ ပျန်းနမ် ကိုယ်ကို မြှောက်ခုန်ပြီး ဘောလုံးရိုက်ချချိန် ထွက်ပေါ်လာသော ကိုယ်ခန္ဓာ၏ အကွေးအဝိုက်နှင့် တစ်ဟုန်ထိုး ရှေ့တိုးပြီး ရက်ကက်လွှဲရိုက်ချိန်၏ လှပချောမွေ့သောလှုပ်ရှားမှုတို့ကို မြင်သောအခါတွင်တော့ ဘယ်လိုဖော်ပြရမှန်း မသိနေတော့ပေ။

ပထမအချီတွင် နိုင်သွားသောအခါ ပျန်းနမ်သည် လက်ခုပ်သံများကြားတွင် ရက်ကက်ကို မျက်နှာရှေ့တွင်ထားကာ ရက်ကက်၏ပိုက်ကွန်များကို ဖြတ်၍ ပွဲကြည့်စင်ဘက်သို့ ကြည့်လာသည်။

ချိုးယန့်သည် အနည်းငယ်စိတ်လှုပ်ရှားတက်ကြွစွာ မတ်တတ်ရပ်လိုက်ပြီး လက်ကို ခေါင်းပေါ်မြှောက်လျက် အားထုတ်၍ လက်ခုပ်တီးနေရင်း -

"သာ့ဟူကျစ် နိုင်သွားပြီ"

"အင်း"

ပျန်းနမ် ဒီဘက်ကို ကြည့်လာခြင်းမှာ တမင်လား မတော်တဆလားကို ချိုးယိ မသိပါ။ သူလည်းလိုက်ပြီး လက်ခုပ်တီးလိုက်သည်။

"သူ တအားတော်တယ် ဟုတ်တယ်ဟုတ်"

ချိုးယန့်က အနည်းငယ်ကျေနပ်ဂုဏ်ယူဟန်ဖြင့် သူ့အား ကြည့်နေသည်။

"အင်း အရမ်းတော်တယ်"

ချိုးယိက ပြုံးလျက် ခေါင်းညိတ်ပြီး အိတ်ထဲမှ ရေတစ်ဘူးယူပြီး ချိုးယန့်အား ကမ်းပေးသည်။ ချိုးယန့်၏အားအင်မှာ သူကိုယ်တိုင် ပြိုင်ပွဲကို အနိုင်ရခဲ့သည့်ပမာပင်။

ပထမအချီပြီးဆုံးသွား၍ ပြိုင်ကွင်းနေရာ လဲလှယ်သည့်အချိန်က အလွန်တိုသည်။ ပျန်းနမ်က တဘက်ဖြင့် ချွေးသုတ်လိုက်ပြီးနောက် ကွင်းပေါ်သို့ ပြန်ဝင်လာသည်။

ချိုးယိက ချိုးယန့်အား လှမ်းဖက်လိုက်ပြီး အသံတိုးတိုးဖြင့် -

"ငါ အိမ်သာ ခဏသွားလိုက်ဦးမယ်။ မင်း ဒီမှာ ကြည့်နေ"

"ဟုတ်"

ချိုးယန့် ရေဘူးကိုဖက်ထားလျက် ပြန်ဖြေလိုက်ကာ အကြည့်ကတော့ ပျန်းနမ်ကို စိုက်ကြည့်နေဆဲ။

ချိုးယိက ပွဲကြည့်စင်မှ ထွက်လာပြီး တင်းနစ်ကွင်းထဲမှ ထွက်လာခဲ့သည်။ အပြင်တွင် ကော်ရစ်ဒါတစ်ခုရှိရာ သူသည် ကော်ရစ်ဒါအဆုံးရှိ ပြတင်းပေါက်ရှေ့တွင် ရပ်လိုက်ပြီးနောက် စီးကရက်တစ်လိပ် ယူထုတ်ကာ မီးညှိလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ပြေးလမ်းရှိပြီး နေအပူရှိန်ကြောင့် အနည်းငယ် မျက်လုံးစူးစရာ ဖြစ်နေသည်။ ချိုးယိသည် ပြတင်းပေါက်ဘောင်တွင် လက်ထောက်မှီပြီး စီးကရက်မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ရင်း ဝရံတာပေါ်တွင် အရောင်အနုအရင့်များ ပြောင်းလဲနေသော စီးကရက်မီးခိုးများကို စိတ်လွတ်ကိုယ်လွတ် ငေးကြည့်နေသည်။

စီးကရက်သောက်ပြီး၍ ပွဲကြည့်စင်သို့ ပြန်ရောက်သောအခါ သူသည် ရမှတ်ကို တစ်ချက်ကြည့်လိုက်သည်။ အမှတ်တူနေသည်။

ချိုးယန့်သည် သူ့ဘေးသို့ ကပ်ပြီး အသက်ရှူဖို့တောင်မနားဘဲ သူ့အား အတော်ကြာအောင် ရှင်းပြလေတော့၏။ သာ့ဟူကျစ် အမှားတစ်ခါ လုပ်မိသွားတယ်၊ ဒါပေမဲ့ ချက်ချင်းပဲ အမှတ်ကို ပြန်ယူလိုက်တယ် ......

"အင်း အင်း"

ချိုးယိက ခေါင်းညိတ်ကာ တုံ့ပြန်နေသည်။

"ကိုကို အိမ်သာသွားတက်တာ မဟုတ်ဘူးမလား"

ချိုးယန့်က သူ့အား ကြည့်နေပြီး -

"ဆေးလိပ်သွားသောက်တယ်မလား"

"အိမ်သာသွားပြီးတော့ တစ်လိပ်သောက်လိုက်တယ်"

ချိုးယိသည် ပီကေတစ်ချောင်း ယူထုတ်ပြီး ဝါးနေလိုက်သည်။

"ဖေဖေက ပြောတယ်၊ နောက်တစ်ခါ ကိုကိုဆေးလိပ်သောက်တာ ထပ်တွေ့ရင် ကိုကို့ခြေထောက်ကို ရိုက်ချိုးပစ်မယ်တဲ့၊ သူ့ဝှီးချဲကို ကိုကို့ကို ပေးလိုက်မယ်တဲ့ ......"

ချိုးယန့်က လေသံတိုးတိုးဖြင့် ဆိုသည်။

"ပေးဖို့မလိုဘူး။ နောက်တစ်လုံးထပ်ဝယ်ရင် ရပြီ"

ချိုးယိက ရယ်ရင်း သူ့မျက်နှာလေးကို ဆွဲညှစ်လိုက်ကာ -

"ပြိုင်ပွဲကြည့်စရာရှိတာပဲ ကြည့်"

ဒီပြိုင်ပွဲက သိပ်မပြင်းထန်ပါ။ ပျန်းနမ်၏ပြိုင်ဘက်က သူ့ကို မမီနေပေ။ ချိုးယိမှာ ပြိုင်ပွဲကို ကြည့်ရင်း တော်တော်ကြောင်နေသော်ငြား တစ်ဝက်ကျော်အချိန်တို့တွင် ပျန်းနမ်က ပေါ့ပေါ့ပါးပါး အနိုင်ယူနိုင်မည်ဟု သူ ထင်သည်။

ပျန်းနမ်၏အင်အားနှင့်တုံ့ပြန်မှုအလျင်နှုန်းတို့မှာ ပြိုင်ဘက်ထက် သာလွန်နေသည်။ လှုပ်ရှားမှုအင်အား အစရှိသည်တို့ကလည်း တစ်လျှောက်လုံးပင် အစပိုင်းကနှင့် ကွာခြားမှု သိပ်မရှိ။ နောက်ဆုံးရောက်ခါနီး လွှဲရိုက်လိုက်သော ရိုက်ချက်မှာ လှပနေဆဲပင်။

ချိုးယန့်၏အကြည့်တို့က ပြိုင်ကွင်းတွင်သာ ရှိနေခဲ့ရာ ဒီအာရုံစိုက်နိုင်စွမ်းကို ချိုးယိကတောင် အံ့အားသင့်ရသည်။

ချာတိတ်လေး၏အားလပ်ချိန်ဝါသနာက လုံးဝ မများပါ။ ဒီအသက်အရွယ် ကလေးအတော်များများနှင့် အတူတူပင်။ မည်သည့်ကိစ္စတစ်ခုအပေါ်ကိုမဆို အချိန်ကြာကြာ အာရုံမစိုက်ပေ။

ချိုးယန့်တစ်ယောက် တင်းနစ်ရိုက်သင်ချင်သည့်စိတ်မှာ ခဏတာ စိတ်လှုပ်ရှားမှုဟု ချိုးယိက တောက်လျှောက်ထင်နေခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်အထိ မရောက်ဘဲ ဒီကိစ္စကို မေ့လောက်မည်ဟု ထင်ခဲ့သည်။ သို့သော် ဒီနေ့ကဲ့သို့ ပြိုင်ပွဲကွင်း၏ ပရိတ်သတ်ကြည့်ခုံတွင် သုံးလေးနာရီခန့်ထိုင်ပြီး နေရောင်ကို အံတုလျက်က တင်းနစ်ပြိုင်ပွဲကြည့်နိုင်မယ်လို့တော့ မထင်မှတ်ခဲ့ပေ။ အိမ်သာတောင် မသွားပေ။ ချိုးယိ၏ သူ့အပေါ် ယခင်က ထင်မြင်ယူဆချက်ကို အသစ်ပြန်ဖြစ်စေခဲ့သည်။

မသေချာတာတစ်ခုကတော့ တင်းနစ်အပေါ် စိတ်ဝင်စားတာလား သို့မဟုတ် သာ့ဟူကျစ်ကိုလား ဆိုတာကိုပင် ......

နှစ်နာရီကြာပြီးနောက် ပြိုင်ပွဲပြီးဆုံးသွားကာ ပျန်းနမ်မှာ သုံးချီနိုင်ပြီး ပြိုင်ပွဲကို အနိုင်ရသွားသည်။

ချိုးယန့်မှာ စိတ်လှုပ်ရှားတက်ကြွလွန်းပြီး မျက်နှာတောင် နီမြန်းနေကာ လက်ဝါးများလည်း ရိုက်လွန်း၍ နီရဲနေသည်။ ချိုးယိက သူ့ကို ဆွဲလျက် ပြန်ရန် ပြင်ဆင်နေရင်း -

"ပြန်ရအောင်လေ။ ကြည့်လို့ဝရဲ့လား"

"သာ့ဟူကျစ်ထွက်လာတာကို စောင့်ချင်တယ် ......"

ချိုးယန့်သည် မထွက်သွားချင်ဘဲ သူ့အစ်ကို ဆွဲထားသည်။

"သူ အဲဒီလောက် မမြန်ဘူး။ သူနဲ့စကားပြောချင်ရင် နောက်မှ သက်သက်ပြော"

ချိုးယိက ပြိုင်ကွင်းဘက် ကြည့်လိုက်ရာ ပျန်းနမ်မှာ ချွေးသုတ်ပြီးခါစဖြစ်ပြီး တဘက်ကို ခေါင်းပေါ်တင်လျက် ဘောလုံးအိတ်ကို သိမ်းဆည်းနေသည်။

"ကိုကို ......"

ချိုးယန့်သည် မျက်မှောင်ကြုတ်ကာ သံရှည်ဆွဲပြီး အသနားခံနေသည်။

"ဟမ်း ..."

ချိုးယိမှာ ရွေးချယ်စရာမရှိတော့ဘဲ ဖုန်းယူထုတ်ကာ သူ့အား ကမ်းပေးလိုက်ပြီး -

"ဒါဆို မင်း အပြင်ရောက်ရင် သူ့ဆီ ဖုန်းဆက်မေးလိုက်။ သူ့မှာ အချိန်ရှိလားလို့"

ချိုးယိသည် ချိုးယန့်ကို ခေါ်ပြီး အားကစားကွင်း၏နောက်တံခါးဘက်သွားကာ ပျန်းနမ်ကို စောင့်နေသည်။ ဒီတံခါးက တင်းနစ်ပြိုင်ကွင်းနှင့် ဝေးသောကြောင့် အားကစားကျောင်းမှ ကျောင်းသားများနှင့် ဆုံဖို့ မလွယ်ပေ။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ပျန်းနမ်က အဝေးမှ ပြေးလာကာ မျက်နှာပေါ်တွင် ချွေးစက်များ ကပ်နေသေးရာ နေရောင်အောက်တွင် တလက်လက်တောက်ပနေလျက်ရှိသည်။

"ဘယ်လိုနေလဲ"

ပျန်းနမ် ပြေးလာပြီး သူ့ကို ကြိုနေသော ချိုးယန့်၏လက်ဝါးပေါ်သို တစ်ချက်ရိုက်လိုက်သည်။

"အရမ်းတော်တယ်"

ချိုးယန့်က အော်ပြောသည်။

"မင်းပေးတဲ့ကံကောင်းအဆောင်က တအားအသုံးတည့်တယ်"

ပျန်းနမ်က အိတ်ကပ်ထဲမှ ငါးဖက်ချွန်ကြယ်ပွင့်လေးကို ယူထုတ်ပြီး လှုပ်ယမ်းပြသည်။

"ဒါပေါ့"

ချိုးယန့်မှာ ဝမ်းမြောက်လွန်းပြီး မျက်လုံးတောင် ပျောက်နေတော့သည်။

ပျန်းနမ် ချွေးသုတ်လိုက်ပြီး ချိုးယိကို ကြည့်ကာ သူ့ဆီ ခပ်ဖြည်းဖြည်းလျှောက်သွားရင်း -

"သူ့ကို ခေါ်လာဖို့ မင်းမှာ အချိန်မရှိလောက်ဘူးလို့တောင် ငါထင်နေသေးတာ"

"အားနေတာနဲ့ အတော်ပဲဖြစ်သွားတယ်"

ချိုးယိ ပြောသည်။

"သြော်"

ပျန်းနမ် ရယ်လိုက်သည်။ ရယ်ပြီးနောက် နောက်တစ်ခွန်း ဘာဆက်ပြောလျှင် သင့်တော်မှန်း စကားရှာမတွေ့ဖြစ်သွားသည်ကို ပျန်းနမ် သိလိုက်ရသည်။

ချိုးယိ၏ပုံစံမှာ ပြိုင်ပွဲမစခင် တံခါးဝ၌ သူ့အား လက်မထောင်ပြသည့်အချိန်နှင့် မတူတော့ပြန်ပေ။ ဟိုရက်က ဖုန်းဆက်သည့်အချိန်လို အေးစက်စက်ပုံစံ ပြန်ဖြစ်သွားသည်။

ဒီပုံစံကြောင့် ပျန်းနမ်မှာ အိုးတိုးအမ်းတမ်းဖြစ်ရသည်။ မတွေ့ဖြစ်တာ ဘယ်လောက်မှတောင် မကြာသေးတာကို ဘယ်လိုဖြစ်လို့ နားလည်ရခက်စွာ ဒီလိုမျိုး ပြောင်းလဲသွားရမှန်း သူ မသိပါ။

"ငါပြောချင်တာက"

ပျန်းနမ်က ခေါင်းကုတ်လိုက်ပြီး ဆက်၍ -

"မင်း အားတယ်မလား။ မင်း ......"

"ငါတို့ သွားရတော့မယ်"

ချိုးယိက သူ့စကားကို ဖြတ်ပြောလိုက်ပြီး -

"ငါ ညနေကျရင် ဂိုက်သင်ရမယ်။ ထပ်နေနေရင် မမီတော့ဘူး"

"လခွမ်း"

ပျန်းနမ်မှာ ဒီလိုပိတ်ပြောခံလိုက်ရသောကြောင့် ချက်ချင်းပင် အနည်းငယ်ဒေါသထွက်လာသည်။ ချိုးယန့်ဆက်လာသောဖုန်းကို လက်ခံရရှိပြီးနောက် သူ့မှာ လောင်ကျန်ကို တစ်ဖက်တွင် ပစ်ပြီး ချက်ချင်း ပြေးလာခဲ့သည်ကို ဒီရောက်တော့ ဒီလိုဖြစ်နေရာ -

"ဒါဆို မင်း မြန်မြန်သွားလိုက်လေ"

ပြောပြီးနောက် နှစ်ယောက်သား တစ်ယောက်မှ မလှုပ်ရှားဖြစ်ကြ။ ချိုးယိလည်း အနည်းငယ်အားနာသွားပုံရကာ နှစ်စက္ကန့်ခန့် ကြာပြီးနောက် လည်ချောင်းရှင်းကာ -

"မင်းတို့ ကျောင်းပိတ်ပြီလား"

"နောက်တစ်ပတ်"

ပျန်းနမ်က စိတ်တိုတိုဖြင့်ပြောသည်။

"ဒါဆို သားကို တင်းနစ်ရိုက်တာ သင်ပေးလို့ရပြီမလား"

ချိုးယန့်က ဝမ်းပန်းတသာဖြင့် မေးသည်။

"အင်း"

ပျန်းနမ် ဆောင့်ကြောင့်ထိုင်ကာ သူ့အား ဖက်လိုက်ပြီး -

"ဟုတ်တယ်။ မင်း ဘယ်အချိန်သင်ချင်လဲဆိုတာ ငါ့ဆီ ဖုန်းဆက်လိုက်။ ငါမင်းကို လာကြိုလိုက်ရင် ရပြီ။ ငါ လေ့ကျင့်ရေးဆင်းနေတဲ့အချိန်ဆိုလည်း မင်းက ဘေးနားမှာ ဆော့နေလို့ရတယ်"

"ဒါပေမဲ့ သားမှာ ရက်ကက်မရှိဘူး ......"

ချိုးယန့်က ချီတုံချတုံဖြစ်စွာ ချိုးယိအား တစ်ချက်ကြည့်လိုက်သည်။

"ဘာမှမဖြစ်ဘူး။ မင်းအတွက် ကလေးရိုက်ရက်ကက် ငှားပေးမယ်"

ပျန်းနမ် ပြောသည်။

"သာ့ဟူကျစ် ကျေးဇူးပါ"

ချိုးယန့်က အသံခပ်ကျယ်ကျယ်ဖြင့် ပြောလေသည်။

ချိုးယိက တိတ်ဆိတ်နေပြီး ပျန်းနမ် မတ်တတ်ရပ်လာကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် -

"မင်းပြောတော့ သွားဖို့ လောနေတာဆို။ မသွားသေးဘူးလား"

"သွားမယ်"

ချိုးယိက ရယ်လိုက်ပြီး ချိုးယန့်လက်ကို ဆွဲလိုက်ကာ -

"ငါတို့ ပြန်မယ်"

ချိုးယန့်က လက်ပြနှုတ်ဆက်ပြီးနောက် ပျန်းနမ်သည် ချိုးယိ၏နောက်ကျောကို ကြည့်ရင်းတွင် တစ်အောင့်ခန့် ကြည့်နေရင်း တဟုန်ထိုးပြေးဝင်သွားပြီး အော်ဟစ်လိုက်ချင်စိတ်က သုံးလေးခါလောက် ဖြစ်ပေါ်လာသည်။

ဟေ့ကောင် မင်း ရူးနေတာလား။ စောက်လခွမ်း မင်းကိုငါ ဘယ်နားမှာ ပြဿနာရှာမိလို့လဲ။

သို့သော် နောက်ဆုံးမတော့ သူလည်း လှည့်ထွက်သွားပြီး တင်းနစ်ကွင်းဘက်သို့ ပြန်ပြေးသွားပြန်သည်။ လောင်ကျန်၏အဆုံးသတ် သုံးသပ်ဝေဖန်ချက်မှာ ယခုအထိ မပြီးဆုံးပေ။

.

နွေရာသီပိတ်ရက်ရောက်သောအခါ ပျန်းနမ်မှာ များစွာ ပေါ့ပါးသွားသည်။ ဆယ်ရက်ကျော်ကျော် ရက်နှစ်ဆယ်ခန့် အနားယူပြီးလျှင် ကျောင်းပြန်သွားပြီး လေ့ကျင့်ရေးပြန်ဆင်းရဦးမည်ဆိုသော်ငြား အနည်းဆုံးတော့ နေ့စဥ် မနက်ပိုင်းအတန်းအိပ်ချိန် မတက်ရတော့ပေ။

သို့သော် စိတ်ညစ်စရာကိစ္စလည်း ရှိပါသည်။ ထိုကိစ္စမှာ ကျောင်းအိပ်ဆောင်တွင် နေ၍ မရတော့ပေ။

အထူးသဖြင့် ယခုနှစ် နွေရာသီပိတ်ရက်ဖြစ်သည်။ ယခင်ကဆိုလျှင်တောင် ပျန်းနမ်သည် ကျောင်းတွင် ပြန်လာခိုးနေတတ်သည်။ သို့သော် ယခုနှစ်မှာ ကျောင်းသားအိပ်ဆောင်ကို ပြန်လည်ပြင်ဆင်မွမ်းမံမည်ဖြစ်ရာ ခိုးဝင်နေဖို့တောင် မဖြစ်နိုင်တော့ပေ။

နွေကျောင်းပိတ်ရက်ကာလအတွက် အိမ်မှာ ပြန်နေရခြင်းမှာ ပျန်းနမ်အတွက် ညှင်းဆဲမှုဒဏ်တစ်ရပ်ဖြစ်သည်။

"ငါတို့အိမ်က ရက်ပိုင်းလောက်နေရင် ခရီးထွက်ကြမှာ"

ဝမ့်ဖေးနှင့်ပျန်းနမ်တို့သည် ကျောင်းတံခါးဝရှိ လှေကားထစ်များပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြရင်း -

"မင်း အတူတူလိုက်လည်ပါလား"

"မသွားတော့ဘူး။ အာ့ပေါင်ကို တင်းနစ်ရိုက်တာ သင်ပေးဖို့ ကတိပေးထားတယ်။ ကလေးရိုက်ရက်ကက်ရှာပေးမယ်လို့တောင် သူ့ကို ပြောထားပြီးပြီ"

ပျန်းနမ် ပြောသည်။

"ဒါဆို ငါပြန်လာတော့မှ ငါ့တို့အိမ်မှာ လာနေပေါ့"

ဝမ့်ဖေးက ထပ်ပြောသည်။

"မင်း ခရီးသွားရင် အလွမ်းနာကျမှာ မကြောက်ဘူးလား"

ပျန်းနမ်က သူ့အားကြည့်ရင်း မေးလိုက်သည်။

"ငါလူး"

ဝမ့်ဖေးက ဝုန်းခနဲပင် သူ့အိတ်ကိုသူဖက်လိုက်ပြီး -

"ငါ အခုကို ရောဂါထနေပြီ ......"

နှစ်ယောက်သားမှာ တဟီးဟီးဖြင့် ရယ်နေလိုက်ပြီး ပျန်းနမ်က သူ့ပခုံးကို လှမ်းပုတ်လိုက်ရင်း -

"ပြန်လာရင် မင်းတို့နှစ်ယောက် ငါ့ကို တစ်ဝိုင်းကျွေးတော့။ အဆင်ပြေနေကြတာ ကြာပြီကို။ ငါတောင် ရွှီရွေနဲ့ အတည်တကျ စကားမပြောဖူးသေးဘူး"

"ဟုတ်ပြီလေ။ ဘယ်မှာစားချင်လဲ မင်းစိတ်ကြိုက်ပဲ"

ဝမ့်ဖေးက စိတ်ကြည်လင်ကောင်းမွန်နေသည်။

အဖေ့ကားက ခပ်မြန်မြန်ပင် ရောက်ရှိလာသည်။ သူတို့နှစ်ယောက် ကားပေါ်တက်လိုက်ပြီးနောက် ထုံးစံအတိုင်းပင် ဝမ့်ဖေးက အဖေနှင့် ရေပက်မဝင်အောင် စကားပြောလာပြီး ပျန်းနမ်၏ပြိုင်ပွဲက ဘယ်လောက်မိုက်ကြောင်း တစ်လက်စတည်း ချီးမွှမ်းလာခဲ့သည်။

"ဦးလေး အချိန်အားရင် ပျန်းနမ်ပြိုင်ပွဲကို သွားကြည့်ကြည့်သင့်တယ်"

ဝမ့်ဖေးက အလွန်ရိုးသားပွင့်လင်းစွာ ပြောနေရာ ဆက်၍ -

"မိုက်လွန်းလို့ ကျွန်တော့်နှလုံးသားတောင် တဒုတ်ဒုတ်နဲ့။ ကျွန်တော့်ကောင်မလေး သူ့နောက် ပြေးလိုက်သွားမှာတောင် စိုးရတယ်"

သူ့အဖေ ရယ်လိုက်ပြီး -

"အေးပါ အေးပါ။ အားရင် ငါ သွားကြည့်ပါမယ်"

ပျန်းနမ်ကတော့ တိတ်ဆိတ်နေသည်။ ဒီစကားကို ယခင်က သူ့အဖေ မကြာခဏပြောဖူးသည်။ ပြိုင်ပွဲရှိရာဆီ သူ့အဖေရောက်လာနိုင်မည်ဟု အလွန်မျှော်လင့်နေသေးသည့်အချိန်တွင် ဖြစ်သည်။

သို့သော် ယခုတော့ သူ့အဖေ ပြိုင်ပွဲသွားကြည့်မှာကို ပျန်းနမ် မမျှော်လင့်တော့ပါ။ သူ့အဖေက အလုပ်များသည်။ ကြိုးစားပမ်းစား အားထုတ်ပြီး သွားနိုင်သေးသည့်အရာမှာ ပျန်းရှင်းယွီ၏မိဘဆရာတွေ့ဆုံပွဲသာ ရှိသည်။

အိမ်သို့ပြန်ရောက်သော် အိမ်တွင် လူစုံတက်စုံရှိပြီး ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။

ပျန်းနမ်သည် အိတ်ကိုဆွဲလျက် အပေါ်ထပ်သို့ တန်းတက်ပြီး ကိုယ့်အခန်းကိုကိုယ် ပြန်လိုက်သည်။

အဝတ်အစားလဲပြီး အခန်းထဲ တစ်အောင့်ခန့် ငိုင်နေပြီးနောက် သူ တံခါးခေါက်သံ ကြားလိုက်ရသည်။ တံခါးဖွင့်လိုက်သောအခါ တံခါးအပြင်တွင် ရပ်နေသော အဖေကို တွေ့လိုက်ရသည်။

"ငါခုနတုန်းက မင်းတို့လောင်ကျန်ဆီ ဖုန်းဆက်လိုက်တယ်"

အဖေဝင်လာပြီး ထိုင်ချလိုက်ကာ -

"မင်း ဒီတစ်ခေါက်ရဲ့ပြိုင်ပွဲတွေမှာ ကောင်းကောင်းရိုက်နိုင်တယ်တဲ့"

"မဆိုးပါဘူး"

ပျန်းနမ် ပြောသည်။

"အခုတော့ ပြိုင်ပွဲရှိတာတောင် ငါ့ကို မပြောပြတော့ဘူး"

အဖေက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး -

"ငါ မသွားနိုင်ဘူးဆိုလည်း ငါ့ကို ရလဒ်ပြောပြလို့ရတာပဲမဟုတ်ဘူးလား"

"အင်း"

ပျန်းနမ်က ပြန်ဖြေသည်။

အဖေက ခေတ္တခန့် တိတ်ဆိတ်သွားပြီး -

"နောက်တစ်ပတ်ထဲမှာ ငါ အချိန်နည်းနည်းရတယ်။ မင်းအန်တီနဲ့ ငါ ပြောပြီးပြီ။ မင်းတို့ကိုခေါ်ပြီး ပင်လယ်ဘက် သွားလည်ကြမယ်။ ငါတို့တစ်မိသားစုလုံး သွားကြမယ်"

အဖေက "တစ်မိသားစုလုံး" ဟုပြောချိန်တွင် လေသံကို ဖိပြောလိုက်သည်။ သို့သော် ပျန်းနမ်မှာ စဥ်းတောင်မစဥ်းစားဘဲ ငြင်းလိုက်လေသည်။

"ကျွန်တော် မသွားတော့ဘူး။ လေ့ကျင့်ရေးဆင်းရဦးမှာလေ"

"နည်းပြကျန် ပြောတာတော့ မင်းတို့တွေ နောက်လရောက်မှ လေ့ကျင့်ရေး စမှာဆို"

အဖေက တန့်သွားခဲ့ပြီး -

"ငါတို့ပြန်ရောက်လာတဲ့အချိန် လေ့ကျင့်ရေးကို မီတယ်"

"အဖေ"

ပျန်းနမ်သည် သူ့အဖေမျက်နှာချင်းဆိုင်ရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး စဥ်းစားပြီးနောက် ဆက်ပြောသည်။

"ကျွန်တော် မသွားတော့ဘူး။ ဒီလိုဆိုရင် အားလုံးအတွက် ပိုပျော်ဖို့ကောင်းမယ်။ ကျွန်တော်ပြောချင်တာ အဖေသဘောပေါက်တယ်မလား"

အဖေသည် သူ့ကို ကြည့်နေလျက် အချိန်အတော်ကြာသည်အထိ စကားမပြောပေ။ နောက်ဆုံးတော့မှ ခပ်ပြင်းပြင်းတစ်ချက် သက်ပြင်းမှုတ်ထုတ်လိုက်ပြီး သူ့ပခုံးကို တစ်ချက်ဖိလိုက်ကာ အခန်းထဲမှ ထထွက်သွားသည်။

ပျန်းနမ်က အမှန်တရားကို ပြောလိုက်ခြင်းဖြစ်သည်။ တစ်မိသားစုလုံးနဲ့ ခရီးထွက်မှာကို သူ မလိုလားပေ။ လူအားလုံး စိတ်ဆင်းရဲရမှာကို ဘာအတွက် သွားဦးမှာလဲ။

ပင်လယ်ကမ်းခြေသွားပြီး စိတ်ဆင်းရဲခံရမှာထက် ကလေးလေးချိုးယန့်ကို တင်းနစ်ရိုက်သင်ပေးတာကမှ ပိုပြီး ပျော်စရာကောင်းလိမ့်မည်။

ကျောင်း၏တင်းနစ်ကွင်းမှာ နွေကျောင်းပိတ်ချိန်တွင် နွေရာသီသင်တန်း ဖွင့်တတ်သည်။ သို့သော် ပျန်းနမ်က သင်တန်းဆရာနှင့် တရင်းတနှီးခင်မင်သောကြောင့် ချိုးယန့်ကိုခေါ်ပြီး သွားဆော့ရန် ဘာပြဿနာမှ ရှိမည်မဟုတ်။

ယနေ့သည် ကျောင်းသားချိုးယန့်၏ တင်းနစ်ရိုက်သင်ခြင်း ပထမဆုံးရက်ဖြစ်ကာ ချိုးယိက စက်ဘီးစီးလျက် သူ့ကို လာပို့သည်။

ကျောင်းပေါက်ဝ၌ ချိုးယိကိုစောင့်နေချိန်တွင် ပျန်းနမ်မှာ အနည်းငယ်တော့ စိတ်ဖိစီးရသည်။ ဝင်လိုက်ထွက်လိုက်ဖြင့် တစ်ခါတစ်ရံတွင်တော့ အားကစားကျောင်းမှလူများနှင့် ဆုံနိုင်ခြေရှိသည်။ တင်းနစ်အတန်းကတော့ နောက်လရောက်မှ လေ့ကျင့်ရေးရှိမည်။ သို့သော်လည်း တခြားအတန်းများမှာ ကျောင်းပိတ်သည်နှင့် လေ့ကျင့်ရေးဆင်းကြတာလည်း ရှိသည်။

"မြန်မြန်"

ပျန်းနမ်က ချိုးယိကို တွေ့သည်နှင့် လက်ယပ်ခေါ်ပြီး အနားလျှောက်သွားကာ ချိုးယန့်အား စက်ဘီးပေါ်မှ ချီလိုက်ကာ -

"မြန်မြန်သွားတော့။ ဘတ်စကက်ဘောအတန်းကကောင်တွေ ခုနပဲ နှစ်ယောက် ဝင်သွားတယ်"

"ငါ အထဲဝင်ပြီး ကြည့်ကြည့်ချင်သေးတာ"

ချိုးယိက ခြေထောက်ဖြင့် မြေပေါ်တွင် ထောက်ထားရင်း ပြောသည်။

"ဘာ"

ပျန်းနမ်က မျက်ခုံးပင့်လိုက်ပြီး -

"အထဲဝင်ပြီး အရိုက်ခံချင်တယ်လို့ တစ်ခါတည်းတန်းပြောလိုက်တာက ပိုသင့်တော်တယ်"

"ဖန်းယိဖုန်း ကျောင်းပြီးသွားပြီ။ မင်းတို့မှာ အခု ဦးဆောင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ငါ့ကို ဘယ်သူမှ တစ်ခုခုလုပ်ကြမှာ မဟုတ်ဘူး"

ချိုးယိ ရယ်လိုက်ပြီး ဆက်၍ -

"မင်းသာ မလုပ်ဘူးဆိုရင်ပေါ့လေ"

"အခုကို ငါ့လက် ယားနေတာ"

ပျန်းနမ်သည် ချိုးယန့်အား မြေပေါ် ပြန်ချလိုက်လိုက်ရာ ချိုးယန့်သည် မီးခိုးကဲ့သို့နှယ် ကျောင်းတံခါးပေါက်ထဲသို့ ပြေးဝင်သွားလိုက်သည်။

"ဟုတ်ပါပြီ။ သွားမယ်"

"ငါ စက်ဘီးသွားထားလိုက်ဦးမယ်"

ချိုးယိက ဘေးနားရှိ စက်ဘီးရပ်သောအဖီသို့ လျှောက်သွားသည်။

ချိုးယိပြောတာ မှန်သည်။ ထို့ပြင် နွေပိတ်ရက်တွင် လေ့ကျင့်ရေးဆင်းရန် ဆင့်ခေါ်ခံရသူများအားလုံးတို့မှာ ပုံမှန်အားဖြင့် အလားအလာရှိသောကျောင်းသားများသာဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် ပဋိပက္ခမရှိတတ်ပေ။ လေ့ကျင့်ရေးဆင်းတာတောင် သေအောင်ပင်ပန်းနေသည်ကို ဘယ်သူက ပြဿနာရှာဖို့ အင်အားအပို ရှိလိမ့်မှာလဲ။

ပျန်းနမ်က ချိုးယန့်ကိုခေါ်ပြီး တင်းနစ်ကွင်းထဲ ဝင်လာသည်။ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ငှားယူလာသော ကလေးသုံးရက်ကက်နှင့်ဘောလုံးအိတ်ကို ချိုးယန့်အား ပေးလိုက်သည်။

ချိုးယန့်က အားကစားဝတ်စုံလေးတစ်စုံ ဝတ်ဆင်ထားခြင်းဖြစ်သည်။ အဖြူရောင်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီတိုလေးဖြစ်၏။ ကြည့်လိုက်လျှင် အလွန်တရာ တက်ကြွအားမာန်ရှိနေပြီး ရက်ကက်ကိုင်ကာ ကြည့်ပြီးရင်း စိုက်ကြည့်နေသည်။

"ငါတို့ ဒီနေ့ အသေးစိတ် လှုပ်ရှားမှုတွေ မသင်သေးဘူး။ ရက်ကက်နဲ့ဘောလုံးကို အရင်ရင်းနှီးအောင် လုပ်မယ်"

ပျန်းနမ်သည် ဘေးနားရှိ နည်းပြတစ်ယောက်ထံမှ ရက်ကက်တစ်ချောင်း တောင်းလာပြီး -

"မင်း အရင် ဘောလုံးကို ရိုက်ကစားလိုက်"

"အင်း"

ချိုးယန့်က ဘောလုံးကို ယူပြီး မြေပေါ် တစ်ချက်ပစ်ချပြီး ဘောလုံး ပြန်မြောက်တက်လာသောအခါ ဖမ်းယူပြီး မြေပေါ် ပြန်ရိုက်ချကာ ထိုတော့မှ ရက်ကက်ဆန့်ထုတ်ကာ ဘောလုံးကို သုံးလေးချက် ရိုက်လိုက်သည်။

"ဘယ်ဆိုးလို့လဲ"

ပျန်းနမ်က ရယ်ရင်း ပြောသည်။ ချိုးယန့်သည် ယခင်က ဘောလုံးနှင့် မထိတွေ့ဖူးပေ။ ဤအပြုအမူတို့မှာ ပြိုင်ပွဲတုန်းက မြင်လာခဲ့သည့်အပြုအမူများ ဖြစ်ပုံရသည်။ သို့သော် လှုပ်ရှားမှုဟန်ပန်ကို ကြည့်ရတာတော့ အတော်လေးကို ကောင်းမွန်နေသည်။

ချိုးယိက တင်းနစ်ကွင်းထဲ အတူလိုက်ဝင်လာပြီး ပျန်းနမ်ဘေးတွင် ဝင်ထိုင်လိုက်သည်။

"အာ့ပေါင်က တင်းနစ်ရိုက်ဖို့ သင့်တော်ချင် သင့်တော်နေလောက်မှာ"

ပျန်းနမ်က သူ့အား တစ်ချက်ကြည့်လိုက်ရင်း ပြောသည်။

"ဟုတ်လား"

ချိူးယိက ဘေးနားတစ်ဖက်တွင် ရက်ကက်ဖြင့် ဘောလုံးရိုက်ရင်း လူးလာခေါက်ပြန် လှည့်လည်နေသော ချိုးယန့်ကို ကြည့်နေသည်။

"လိုက်တုတဲ့စွမ်းရည်ကတော့ တော်တော်ကောင်းတယ်"

ပျန်းနမ် ပြောသည်။

ချိုးယိ စကားမဆိုပေ။ နှစ်ယောက်သား ချိုးယန့်ကို အတူတကွကြည့်နေရင်း တိတ်ဆိတ်နေကြသည်။

တစ်အောင့်ခန့် ထိုင်နေကြပြီးနောက် ပျန်းနမ်မှာ လုံးဝကို မနေနိုင်တော့ဘဲ အမြဲတမ်းပြောချင်နေခဲ့သော စကားတစ်ခွန်းကို ထုတ်ပြောလိုက်လေတော့သည်။

"မင်း ရူးနေတာမဟုတ်လား"

"ဟင်"

ချိုးယိက ကြောင်သွားပြီး သူ့အား ခေါင်းလှည့်ကြည့်လာသည်။

နှစ်ယောက်သားကြားမှ အကွာအဝေးမှာ အလွန်နီးကပ်နေလျက်ရှိရာ ဤသို့ ခေါင်းလှည့်လိုက်သည်နှင့် နှစ်ယောက်သားမှာ မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည်။

ပျန်းနမ်က သူ့အား တစ်ခဏ စိုက်ကြည့်နေလိုက်ပြီး -

"မင်း အရူးရောဂါရနေတာပဲ ဖြစ်ရမယ်။ ရောဂါရနေတာ မျက်ကွင်းတောင် ညိုနေပြီ"

"ဟုတ်လား"

ချိုးယိ ရယ်လိုက်ပြီး -

"ဒီရက်ပိုင်း ‌ကောင်းကောင်းမအိပ်ရလို့"

"မင်း အရူးရောဂါ ရှိမရှိသာ အရင်ပြောစမ်းပါ။ ရောဂါရှိနေရင်လည်း ငါ မင်းကို ဆေးရှာပေးရအောင်"

ပျန်းနမ်က အတော်လေး စိတ်မရှည်စွာ ပြောသည်။

ချိုးယိက တစ်အောင့်ခန့်ကြာတော့မှ ဖြေလာသည်။

"မရှိဘူး"

ချိုးယိတစ်ယောက် အတည်ပေါက်ဖြင့် ဒီမေးခွန်းကို ပြန်ဖြေလိမ့်မည်ဟု ပျန်းနမ် မထင်မှတ်ထားခဲ့ချေ။ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ"

ချိုးယိသည် အိတ်ကပ်ထဲမှ အမဲသားခြောက်မုန့်ထုပ်ကလေးတစ်ထုပ် ယူထုတ်လာပြီး သူ့ရှေ့ ကမ်းလာကာ-

"စားမလား"

"လေ့ကျင့်ရေးဆင်းနေတဲ့အချိန်မှာ နည်းပြကို စားစရာမပေးနဲ့"

ပျန်းနမ်က သူ့လက်ကို တွန်းထုတ်လိုက်ပြီး -

"လခွမ်း အခုတလော ငါမင်းကို ရန်မရှာမိဘူးမဟုတ်လား။ မင်း နေ့ရှိသမျှ မျက်နှာသေနဲ့ နေနေတာ ဘယ်သူ့ကို ပေးကြည့်ဖို့လဲ"

"အဲဒီလောက်တောင်လား ......"

ချိုးယိက သူ့မျက်နှာကိုသူ သပ်လိုက်သည်။

"အဲဒီလောက်တောင်ပဲ။ ဘာလို့ အဲဒီလောက် မဟုတ်ရမှာလဲ။ ခင်ဗျားမျက်နှာသေက ဆက်ဖို့တောင်မလိုဘူး ကမ္ဘာကိုတောင် တစ်ပတ်ပတ်လို့ရတယ်"

ပျန်းနမ်က ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်သည်။

ချိုးယိမှာ ချက်ချင်း အူမြူးသွားပြီး အတော်ကြာအောင် ရယ်နေတာ‌တောင် အရယ်မရပ်နိုင် ဖြစ်နေသည်။ ပျန်းနမ်မှာ သူ့ကို ကြည့်နေရင်း ခဏခန့် တည်နေပြီးတော့မှ လိုက်ရယ်လေသည်။ နှစ်ယောက်သား တဟားဟားဖြင့် အတော်ကြာ ရယ်နေပြီး ဘာရယ်စရာရှိမှန်းတောင် မသိတော့ချေ။

ချိုးယိသည် ရယ်နေရင်း အမဲသားခြောက်ကို ပါးစပ်ထဲထည့်ပြီး ခဏဝါးနေလိုက်ပြီးတော့မှ အသံကို နှိမ့်ပြီး -

"ဆောရီးကွာ။ ငါ ကောင်းကောင်း မအိပ်ထားရလို့"

***

စာရေးသူ (WuZhe) မှာ ပြောစရာ ရှိပါတယ်:

ဟိုလေ ချိုးယိရဲ့ရေကြောင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို ဂရုထဲက ကျွမ်းကျင်ပုဂ္ဂိုလ် gu zi ကို ငါ အမြဲတမ်းမေးဖြစ်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ချိုးယိရဲ့အဝေးမှုန်အကြောင်း ရေးတုန်းက သူနဲ့ ပြန်အတည်ပြုဖို့ မေ့သွားခဲ့တယ်။ ရလဒ်ကတော့ သူက သင်္ဘောသားတွေ အဝေးမှုန်ရှိလို့မရဘူးတဲ့။ ငါချက်ချင်း ဒူးထောက်ကျသွားတယ် ... ...။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အဆင့်နိမ့်ကျပြီး ဉာဏ်ထက်တဲ့ gu zi က ချိုးယိအတွက် ပြည့်စုံကောင်းမွန်တဲ့ဖြေရှင်းချက်တစ်ခု စဥ်းစားထားပေးပြီးပါပြီ။

အထင်မှားစရာတွေဖြစ်မလာဖို့ ပြောပြတာပါ။ သင်္ဘောသားတွေအတွက် မြင်နိုင်အား လိုအပ်ချက်က 5.0 ပါ။ ဟားဟား။

(ဆက်ရန်)

Continue Reading

You'll Also Like

19.5K 383 13
{REQUEST STUFF!} I write sometimes so I thought I would write stuff about my favorite asshole. I guess I have a thing for unstable boys.
1.1M 59.5K 38
Millie Ripley has only ever known one player next door. Luke Dawson. But with only a couple months left before he graduates and a blackmailer on th...
6K 242 19
Hana's adventure continues! Now that she's had a true taste of strength, it's time she learned the meaning of power. With her Captain and crew making...
40.5K 2.6K 17
"𝑰 𝒘𝒂𝒔𝒏'𝒕 𝒆𝒗𝒆𝒏 𝒑𝒍𝒂𝒏𝒏𝒊𝒏𝒈 𝒐𝒏 𝒇𝒂𝒍𝒍𝒊𝒏𝒈 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒚𝒐𝒖 𝒃𝒖𝒕 𝒕𝒉𝒆𝒏 𝒚𝒐𝒖 𝒈𝒂𝒗𝒆 𝒎𝒆 𝒕𝒉𝒂𝒕 𝒂𝒅𝒐𝒓𝒂�...