《Wolf pair》- ဘာသာပြန်

By wishywish0805

55.4K 8.8K 611

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86

Chapter - 25

430 75 2
By wishywish0805

Chapter ● 25 ●

ကျောက်ပတ်တီးဖြုတ်ပြီးနောက် ချိုးယိသည် ပျန်းနမ်ဝယ်လာသောဖိနပ်ကို စမ်းစီးကြည့်ရာ ဖိနပ်မှာ အတော်လေး သင့်တော်လှသည်။

"အရောင်ကို ကြိုက်လား"

ပျန်းနမ်က ခါးကိုင်းကာ ဖိနပ်ကို ငုံ့ကြည့်လိုက်ရင်း -

"နီယွန်စိမ်းအရောင် နည်းနည်းပါတဲ့ပုံစံနဲ့ တစ်မျိုးလည်း ရှိသေးတယ်။ တကယ်လို့ မင်း ဒီဟာ မကြိုက်ရင် အဲဒီအရောင်နဲ့ သွားလဲလို့ ရ ......"

ချိုးယိက ပေစောင်းစောင်းဖြင့် သူ့ကို တစ်ချက်ကြည့်လာသည်။ ပျန်းနမ်လည်း သူ့ကို စိုက်ကြည့်နေရင်း -

"ဘာလဲ၊ မင်းက အဲဒီလိုအစိမ်းရောင် ကြိုက်တာ မဟုတ်ဘူးလား။ စက်ဘီးတောင် သုတ်ထားတဲ့ဆေးက အစိမ်းရောင်ဆေး"

"အဲဒီတော့ မင်း ငါ့ကို အနီရောင်ခြေအိတ်တစ်စုံ ဝယ်လာပေးတာက ဘာသဘောလဲ"

ချိုးယိ မတ်တတ်ရပ်လိုက်ပြီး အောက်ထပ်ဆီ လမ်းလျှောက်သွားရင်း -

"အစိမ်းရောင်ခြေအိတ် ဝယ်ပေးသင့်တာ မဟုတ်ဘူးလား"

"အစိမ်းရောင် မရှိလို့လေ။ အနီရောင် အစိမ်းရောင်တွေက ဘာပဲဖြစ်ဖြစ် တစ်မိသားစုတည်းတွေပဲဟာကို။ ငါ့အထင်ကတော့ အနီရောင်လည်း တော်တော်ကျက်သရေရှိသားပဲ။ နောက်ဆုံးမှာ မင်း လမ်းပြန်လျှောက်လို့ရတာကို ဂုဏ်ပြုတာ"

သူ့နောက်ရှိ ပျန်းနမ်သည် တဖြောင်းဖြောင်း မြည်အောင် တစ်အောင့်ခန့် လက်ခုပ်တီးလိုက်ရင်း -

"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်"

ချိုးယိတစ်ယောက် ခြေထောက်ကိုအသုံးပြု၍ လမ်းမလျှောက်ဖြစ်သည်မှာ တစ်လကျော်သွားခဲ့ပြီ။ ဆရာဝန်ဆွေးနွေးခန်းမှ ဆေးရုံတံခါးပေါက်ဝသို့ရောက်ရန် အတော်လေး ကြာမြင့်ခဲ့ရပြီး လမ်းတစ်လျှောက်လုံးပင် ကိုယ့်ခြေထောက်ကိုကိုယ် ငုံ့ကြည့်လာခဲ့သည်။

"ဘာဖြစ်လို့လဲ။ ခေါင်းက အရမ်းလေးနေလို့လား။ တစ်လျှောက်လုံး ခေါင်းတောင် မဖော်ဘူးဆိုတော့"

ပျန်းနမ်သည် လမ်းမ‌ဘေးတွင်ရပ်နေရင်း သူ့ကို မေးသည်။

"မဟုတ်ပါဘူး။ နည်းနည်းလေး ကျင့်သားမရသလို ခံစားရလို့"

ချိုးယိ ပြုံးလိုက်ရင်း မတ်မတ်ရပ်လိုက်ပြီး -

"မင်းဖုန်း ငါ့ကို ခဏပေးသုံး။ အာ့ပေါင်ဆီ ဖုန်းဆက်မလို့"

"...... ဪ"

ပျန်းနမ် သူ့ကို စိုက်ကြည့်နေကာ အတော်ကြာတော့မှ အိတ်ကပ်ထဲမှ ဖုန်းနှိုက်ထုတ်လိုက်ပြီး -

"ငါလူး။ မင်းက ငါနဲ့ အရပ် အတူတူပဲလား"

ချိုးယိ သူ့ကို အဖက်မလုပ်ချေ။ ချိုးယန့်ဆီ ဖုန်းဆက်လိုက်ပြီး လက်ရေးလှ ရေး၍ပြီးမပြီးကို မေးလိုက်ကာ နောက်ထပ် နာရီဝက်ခန့်ကြာလျှင် သူတို့ ပြန်ရောက်မည်ဖြစ်ကြောင်း ပြောပြသည်။

"ဟ"

ပျန်းနမ်သည် ချိုးယိကိုဗဟိုထားကာ တစ်ပတ်လှည့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။ သူ့ကို နောက်ထပ်တစ်ခဏခန့် စိုက်ကြည့်လိုက်ပြီးနောက် -

"ငါ မင်းနဲ့ ဒီလိုမျိုး ရပ်ပြီး စကားပြောတာ အခုမှ ပထမဆုံး ထင်တယ်"

"ဟုတ်လား"

ချိုးယိက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်ဘက်သို့ လမ်းဖြတ်ကူးရင်း -

"ဟိုဘက်မှာ ဘတ်စ်ကားမှတ်တိုင် ရှိတယ်"

"မင်းနဲ့ ဒီလို လမ်းလျှောက်ရင်း မင်းကို မတွဲထားပေးရတာလည်း ဒါက ပထမဆုံးပဲ။ နည်းနည်းလေး ကျင့်သားမရသလိုတောင် ဖြစ်မိတယ်"

ပျန်းနမ်က တကျွတ်ကျွတ် စုတ်သပ်လိုက်သည်။

အကယ်၍ ချိုးယိက ပထမဆုံးအကြိမ် သူ့အား ရဲဘက်သုံး နံပါတ်တုတ်ဖြင့် ရိုက်လိုက်သည်ကို ထည့်တွက်လျှင် သူတို့နှစ်ယောက် သိကျွမ်းခဲ့သည့်ကာလမှာ စာသင်နှစ်ဝက် တစ်ခုစာ ရှိနေပြီဖြစ်သည်။ သို့သော် ထိုအချိန်ထဲမှ ရန်ဖြစ်ချိန်၊ ရန်ဆွကြချိန်မျိုးတွင် ပခုံးချင်းယှဥ်ပြီး ဖြတ်ခနဲ တွေ့ဆုံဖြစ်သည်ကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိနေသည်မှာ ချိုးယိတစ်ယောက် တစ်လကျော်ကြာ ကိုယ်မတ်အောင် မတ်တတ်မရပ်နိုင်သော အနေအထားသာ ဖြစ်နေသည်။

"မင်းမှာ ဒီလိုဝါသနာလည်း ရှိသေးတယ်လား"

ချိုးယိသည် ပျန်းနမ်ရှေ့ဆီသို့ လက်မောင်းဆန့်ထုတ်လိုက်ရင်း -

"ဒါဆိုလည်း ငါ့ကို တွဲထားလေ။ စိတ်အလိုမပြည့်သေးရင် ငါ့ကို ကုန်းပိုးထား။ ငါ ဗွေမယူပါဘူး"

"ယုံလား မယုံဘူးလား၊ ငါ တစ်ချက်ဖြတ်ရိုက်လိုက်တာနဲ့ မင်း ဆေးရုံထဲ တစ်ခါတည်း ပြန်လှည့်ဝင်သွားရပြီးတော့ မင်းလက်မောင်းကို ကျောက်ပတ်တီး သွားစည်းနေရမယ်"

ပျန်းနမ်သည် ချိုးယိလက်မောင်းပေါ်သို့ လက်ဝါးဖြင့် ဗြန်းခနဲ ရိုက်လိုက်သည်။ ပြတ်သားသော ကြွပ်ဆတ်ဆတ်အသံ ထွက်ပေါ်လာသည်။

ချိုးယိက သူ့ကို အဖက်မလုပ်ဘဲ မှတ်တိုင်ပလက်ဖောင်းဆီ လမ်းလျှောက်သွားပြီး မှတ်တိုင်ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။

"ကားငှားပြန်မယ်လေ။ ဒီလောက် ပူလောင်နေတဲ့ရာသီကြီးမှာ ဘာလို့ ဘတ်စ်ကား တိုးစီးအုံးမှာလဲ"

ပျန်းနမ်က ပျင်းရိပျင်းတွဲဖြင့် ကြော်ငြာဘေဘုတ်နားတွင် မှီလိုက်သည်။ ချိုးယိလက်မောင်းပေါ်တွင် သူ ရိုက်လိုက်သည့်နေရာ၌ အနီရောင်အစင်းရာ လေးကြောင်း ရှိနေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူ အနားတိုးသွားပြီး ကြည့်လိုက်ရင်း -

"ငါ့လခွမ်း။ ငါ အားမသုံးလိုက်ဘူးလေ"

"အခု နာနေတုန်းပဲ"

ချိုးယိက အနီရောင်အစင်းအရာပေါ်တွင် လက်နှင့် သပ်လိုက်သည်။

"လုပ်နေလိုက် မင်း"

ပျန်းနမ်က ကြော်ငြာဘုတ်တွင် ပြန်မှီလိုက်ပြီး -

"အဲဒါ မင်းအသား တအားဖြူလွန်းလို့။ အရိုက် မခံနိုင်ဘူး။ တစ်ချက်လောက် တောက်လိုက်ရင်ပဲ အရာထင်လောက်မယ်ထင်တယ်။ မင်းသာ ငါ့လိုမျိုးဆိုရင် ငါ့အမေ ငါ့ကို ပါးတစ်ချက်ရိုက်ရင်တောင် အင်္ကျီလက်လေး ယမ်းလိုက်ချိန်မှာပဲ လက်ချောင်းအရာ တစ်ခုမှတောင် မကျန်ခဲ့ ......"

"မင်းအမေ မင်းကို ရိုက်သေးတယ်လား"

ချိုးယိ ခေါင်းလှည့်ကြည့်လာသည်။

"တစ်ခါပဲ ရိုက်ဖူးတာပါ"

ပျန်းနမ်က တဟေးဟေးနှင့် ရယ်လိုက်သည်။

"ဘယ်အမေတုံး"

ချိုးယိက မေးသည်။

"ဘယ်အမေ ဖြစ်ရမလဲ။ အမေရင်းပေါ့ဟ။ ပျန်းရှင်းယွီအမေကို ငါ အန်တီလို့ခေါ်တာ"

ပျန်းနမ် ရယ်လိုက်ရင်း ဆက်၍ -

"သူများကို အမေလို့ သွားခေါ်ရင် သူများကို ပိုပြီးရင်ဆို့အောင် လုပ်သလိုဖြစ်နေမှာပေါ့"

"ကား လာပြီ"

ချိုးယိက သူ့ကို ဆွဲလိုက်သည်။

"အဲကွန်း ......"

ပျန်းနမ်သည် မတတ်သာစွာပင် မှတ်တိုင်တွင် ဝင်ရပ်သော ဘတ်စ်ကားဆီ တစ်ချက်‌ဝေ့ကြည့်လိုက်ရသည်။ မျက်လုံးများ ချက်ချင်းပြူးလာပြီး -

"ကားငှားမယ် ကားငှားမယ် ကားငှားမယ်။ ဒါကြီးက တိုးဝင်လို့ရော ရနိုင်လို့လား"

"မငှားဘူး"

ချိုးယိက သူ့ကို ဆွဲလျက် ကားတံခါးဆီ လျှောက်သွားရင်း -

"ငါ ခဏလောက် မတ်တတ်ရပ်ချင်လို့။ ငါ မတ်တတ်မရပ်ရတာ ကြာပြီ"

"ဟမ်း ...... ငါလူး"

ပျန်းနမ်သည် အသက်ကြီးကြီးအဒေါ်တစ်ယောက်က ဘေးသို့တွန်းဖယ်ခြင်း ခံလိုက်ရပြီး တစ်ဆက်တည်းတွင် ခြေထောက်တွင်လည်း နှစ်ချက် အနင်းခံလိုက်ရကာ -

"အဘွား တအားကျွမ်းကျင်တာပဲ"

ပျန်းနမ် ဘတ်စ်ကား စီးလေ့မရှိချေ။ အလွန် စီးခဲသည်။ များသောအားဖြင့် တက္ကစီသာ ငှားစီးတတ်သည်။ မဟုတ်လျှင်လည်း ဦးလေးဝူ သူ့ကို လိုက်ပို့ပေးသည်။ ထို့ပြင် ဤမှတ်တိုင်က မှတ်တိုင်ကြီးလည်း မဟုတ်သဖြင့် မည်သူမျှ တန်းမစီကြချေ။ အားလုံးက ဝရုန်းသုန်းကားဖြင့် ကားပေါ် တိုးဝှေ့တက်ကြသည်။ ကားတံခါး ဘယ်ဆီတွင်ရှိသည်ကို ရှာမတွေ့တော့မလိုတောင် ခံစားလိုက်ရသည်။

ချိုးယိတစ်ယောက် သူ့ကို ဆွဲခေါ်သွားကြောင့် ခက်ခက်ခဲခဲဖြင့် နောက်ဆုံးတော့ ကားပေါ် တိုးတက်၍ ရသွားသည်။ ချိုးယိနောက်တွင် ကပ်လျက် ရပ်နေရင်း ပူအိုက်လွန်း၍ လောင်ကျွမ်းနေသကဲ့သို့နှယ်။

ချိုးယိက ရုတ်တရက်ပင် လက်နောက်ပြန်ပို့လာပြီး သူ့တင်ပါးပေါ်ကို တစ်ချက်စမ်းလိုက်သည်။ ပျန်းနမ် ကြက်သေသေသွားခဲ့ပြီး -

"လျှောက်မကိုင်နေနဲ့"

"အိပ်မက်လှလှ မက်နေလိုက် မင်း"

ချိုးယိက ခေါင်းကို စောင်းလာရင်း သူ့ကို တစ်ချက်ကြည့်လိုက်သည်။ လက်ကို ရှေ့နည်းနည်းထပ်တိုးပြီး သူ့ဘောင်းဘီအိတ်ကပ်ကို စမ်းလိုက်ရင်း သူ့လက်ကိုင်ဖုန်းကို ယူထုတ်ကာ လက်တွင် ကိုင်ထားလိုက်လျက် အသံတိုးတိုးဖြင့် -

"အိတ်ထဲ ထည့်ထားရင် ခဏနေ မရှိတော့ဘူး"

"မင်း ပြောစမ်း၊ မင်းမှာ အရူးရောဂါရှိနေတယ် မဟုတ်လား။ ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းတဲ့ လူ့ဘဝကို မဖြစ်မနေ တွေ့ကြုံခံစားချင်ရတယ်လို့"

ပျန်းနမ်က ချွေးများကို သုတ်လိုက်သည်။

ဆေးရုံမှ ချိုးယိအိမ်သို့ ဆယ်မှတ်တိုင်ခန့် ကွာ‌ဝေးသည်။ သုံးမှတ်တိုင် ကျော်သွားပြီးနောက် သူတို့နှစ်ယောက်သည် ကား၏ရှေ့တံခါးဆီမှ နောက်တံခါးပေါက်သို့ တိုးဝှေ့ရောက်ရှိလာသည်။ တက်လာသည့်လူသာရှိပြီး ဆင်းသွားသည့်သူ မရှိချေ။ မိမိ၏ ပုံမှန်လေ့ကျင့်ရေးတွင်တောင် ဒီလောက် ဒုက္ခမခံရဟု ပျမ်းနမ်တစ်ယောက် တွေးမိရတော့သည်။

"ဟေ့"

သူသည် ချိုးယိ၏ကျောနောက်ခါးကို လက်ညှိုးနှင့် တို့ထိုးလိုက်ပြီး -

"မင်း ငါ့ဘက်ကို ကိုယ်လှည့်လာလို့ရလား။ ငါ့မျက်နှာက မင်းနောက်စေ့ကို မျက်နှာမူနေရတာ တကယ် တစ်မျိုးကြီးပဲ"

ချိုးယိက တစ်ချက်တွေဝေသွားပြီးနောက် အနည်းငယ်ခဲယဥ်းစွာ ကိုယ်ကို လှည့်လာပြီး -

"မင်း ငါ့မျက်နှာနဲ့ မျက်နှာချင်းဆိုင်နေရတော့ တစ်မျိုးကြီး မဖြစ်တော့လို့လား"

ပျန်းနမ်သည် ဦးခေါင်းကို နောက်လှန်လိုက်၏။ ချိုးယိ ယခုကဲ့သို့ လှည့်လာခြင်းကြောင့် သူတို့နှစ်ယောက်သည် တစ်ခုခုလုပ်ကြတော့မည့်ပမာပင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ဖြစ်သွားခဲ့သည်။ ချိုးယိ၏မျက်တောင်များကိုတောင် သူ တစ်ချောင်းချင်းစီ ရေတွက်၍ ရခါနီးနေပြီ။ သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး -

"အစ်ကိုကြီး ကျွန်တော် တောင်းပန်ပါတယ်၊ နောက်တစ်မှတ်တိုင်ရောက်ရင် ကျွန်တော်တို့ ဆင်းလိုက်ရအောင်လေ"

"အင်း"

ချိုးယိက ခေါင်းကို ဘေးလှည့်လိုက်ရင်း ဖြေလိုက်သည်။

နောက်တစ်မှတ်တိုင်တွင် ကားရပ်လိုက်သည်နှင့် သူတို့နှစ်ယောက်သည် ရန်ဖြစ်သကဲ့သို့ပင် နောက်တံခါးမှ တိုးဆင်းလိုက်ကြသည်။

"ငါ့ -- လခွမ်း"

ပျန်းနမ်သည် အင်္ကျီကော်လာကို ဆွဲလျက် အတော်ကြာအောင် ခါလှုပ်နေပြီး ဘောင်းဘီကိုလည်း ဆွဲလိုက်ပြန်ကာ -

"ဘာဖြစ်လို့ ဒီလောက် လူများနေရတာလဲ။ တိုးရလွန်းလို့ မာတောင် မာလာတော့မယ်"

"ပိတ်ရက်မို့လို့လေ။ မင်း ......"

သူ့ကို ကြည့်ရင်း ချိုးယိသည် အနည်းငယ် ရယ်ချင်စိတ်ဖြစ်လာပြီး -

"မင်းကို ရေခဲ ဝယ်ကျွေးမယ်"

"ငါကျွေးမယ်"

ဘေးနားတွင် ဆိုင်ကလေးတစ်ဆိုင်ရှိသည်ကို ပျန်းနမ် မြင်သွားပြီး -

"မင်း နောက်ဆုံးတော့ ခြေထောက်နှစ်ဖက်ရှိတဲ့ဘဝကို ပိုင်ဆိုင်သွားတဲ့ အထိမ်းအမှတ်ကို ဂုဏ်ပြုဖို့"

နှစ်ယောက်သား ဆိုင်ထဲ ဝင်သွားပြီး ရေခဲခြစ်ပွဲကြီးနှစ်ပွဲ မှာလိုက်သည်။ ပျန်းနမ်သည် လေးငါးဇွန်းခန့် ခေါင်းမဖော်တမ်း စားလိုက်ပြီးတော့မှ ထိုင်ခုံနောက်မှီတွင် မှီထိုင်လိုက်ကာ ခေါင်းမော့လျက် စိတ်သက်သာရသော သက်ပြင်းရှည်တစ်ခု ရှူထုတ်လိုက်တော့သည်။

"ဟမ်း ... ပြန်ကောင်းသွားပြီ"

"မင်း ဘတ်စ်ကား စီးဖူးလား"

ချိုးယိက ရေခဲခြစ်တစ်လုတ် စားလိုက်သည်။

"မေးလိုက်တဲ့ပုံကလည်း။ စီးဖူးတာပေါ့ဟ။ သိပ်မစီးဖြစ်တာပဲ ရှိတာ။ ဒီလောက် အိုက်စပ်နေတဲ့ရာသီမှာ ငါ ခါတိုင်းဆို တိုးမစီးတော့ဘူး"

ပျန်းနမ်သည် နဖူးထောင့်ရှိ ချွေးစက်တို့ကို သုတ်လိုက်ရင်း -

"မင်း ပုံမှန်ဆို အမြဲတမ်း စက်ဘီးပဲ စီးတာမဟုတ်လား"

"အင်း။ တကယ်တော့ ဒီနေ့က စနေတနင်္ဂနွေပိတ်ရက်ဆိုတာ ငါမေ့သွားတာ။ ပုံမှန်ဆိုလည်း လူ ဒီလောက်မများဘူး ......"

ချိုးယိလည်း ထပ်တူပင် ပူအိုက်ပြီး တစ်ကိုယ်လုံး ချွေးတွေ မနည်းမနောထွက်နေသည်။

"ခဏနေကျရင် ကားငှားပြီး ပြန်ရအောင်"

ပျန်းနမ် ဖုန်းထုတ်ပြီး အချိန်ကို တစ်ချက်ကြည့်လိုက်ရင်း -

"အာ့ပေါင် လောနေလောက်ပြီ"

"အင်း"

ချိုးယိ ခေါင်းငုံ့ပြီး ရေခဲခြစ်ကို ခပ်ဖြည်းဖြည်း စားနေသည်။

"ဒါနဲ့ မင်းကို တစ်ခုမေးရဦးမယ်"

ပျန်းနမ်သည် ဖုန်းကို ကြည့်နေရင်း -

"မင်း ဖုန်းရော"

"ကျကွဲသွားလို့ ပျက်သွားပြီ"

ချိုးယိက အလွန်ရိုးရှင်းစွာ ဖြေလိုက်သည်။

"ဘယ်လိုကျကွဲသွားတာလဲ"

ပျန်းနမ် ကြောင်သွားသည်။

"ဝမ့်ဖေးကို သွားမေးလေ"

ချိုးယိသည် ဇွန်းကို ကိုက်နေရင်း သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"တကယ်ကြီးကို အဲဒီတုန်းက ကျကွဲသွားခဲ့တာလား"

ပျန်းနမ်သည် ပါးစပ်ထဲအပြည့် ရေခဲငုံထားရင်း ဗလုံးဗထွေးဖြင့် အော်မေးလိုက်သည်။

"အင်း။ မဟုတ်လို့ရှိရင် ဟိုရက်က မင်းအကြွေးတောင်းတုန်းက ရိုက်ခွဲလိုက်လို့လား"

ချိုးယိ ရယ်လိုက်သည်။

"လစ်စမ်း"

ပျန်းနမ်သည် ရုတ်တရက်ပင် အနည်းငယ် အားနာစိတ်ဖြစ်လာသည်။ ဤမျှအချိန်ကြာသည်အထိ ချိုးယိ ဖုန်းအသစ်တစ်လုံး ထပ်မဝယ်တဲ့အကြောင်းက စီးပွားရေးအခြေအနေက ခွင့်မပြုလို့များလား။

သူသည် ပန်းကန်ထဲမှ ရေခဲခြစ်အားလုံးကို ကုန်အောင် စားလိုက်ပြီးနောက် အချိန်အကြာကြီး ထပ်၍ တွေဝေတုံ့ဆိုင်းနေပြန်သည်။ ထို့နောက်မှ သူ့ဖုန်းကို ချိုးယိရှေ့သို့ တွန်းပို့ပေးလိုက်ပြီး -

"ဒါမှမဟုတ်လည်း ......"

"မလိုဘူး"

ချိုးယိက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"ဖုန်းအဟောင်းပဲလေ။ အသစ်တစ်လုံးဝယ်ပြီး မင်းကို ပေးတာမှ မဟုတ်တာ"

ပျန်းနမ်က ဖုန်းကို တွန်းလိုက်ပြန်ပြီး -

"ငါ့မှာ နောက်ထပ်ဖုန်းတစ်လုံး ရှိသေးတယ်။ ငါ့အဖေက ငါ့အတွက် ပိုက်ဆံသုံးပေးဖို့ ဆင်ခြေရှာမတွေ့တော့ နှစ်တိုင်း မွေးနေ့မှာ ငါ့ကို ဖုန်းတစ်လုံး လက်ဆောင်ပေးတယ်။ မသုံးဖြစ်သေးတဲ့တစ်လုံး ရှိနေသေးတာ"

ချိုးယိ တိတ်ဆိတ်နေသည်ကို မြင်ပြီး ပျန်းနမ်သည် ကျွတ်ခနဲ စုတ်သပ်လိုက်ကာ -

"မင်းကလည်း ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ပြောရခက်နေတာလဲ"

"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ ပြောရမခက်တော့ဘူး"

ချိုးယိက လက်ဝှေ့ယမ်းလိုက်ပြီး -

"မင်းကတ်ကို ယူထုတ်လိုက်"

ပျန်းနမ်သည် ချက်ချင်းပင် ဖုန်းကို ယူလိုက်ပြီး ကတ်ကို ဖြုတ်ထုတ်လိုက်သည်။

"အထဲကဟာတွေ မဖျက်ဘူးလား။ ဓာတ်ပုံတို့ ဝီချက်တို့ ဘာတို့"

ချိုးယိက မေးသည်။

"ဘာမှမှ မရှိနေတာ။ တကယ်လို့ မင်းမျက်လုံးထဲ ကန့်လန့်ဖြစ်နေရင် ဖျက်လိုက်"

ပျန်းနမ်၏ဖုန်းထဲတွင် မည်သည့်လျှို့ဝှက်ချက်မျှ မရှိပေ။ တစ်ခါတစ်ရံ ဂိမ်းဆော့ခြင်းနှင့် ဝမ့်ဖေးအား ရုပ်ဆိုးဆိုးဓာတ်ပုံများ ရိုက်ပေးသည်မှလွဲလျှင် အခြားမည်သည့်အရာမျှ မရှိပါ။

"ဟုတ်ပါပြီ"

ချိုးယိက ဖုန်းကို လှမ်းယူလိုက်ပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။

"ဟုတ်သားပဲ၊ ဟိုဟာလေ ......"

ပျန်းနမ် ခဏစဥ်းစားလိုက်ပြီးမှ ဆက်၍ -

"ပျန်းရှင်းယွီ ...... အရင်တစ်လော ငါအိမ်ပြန်တုန်းက ငါ့ဆီမှာ မင်းဖုန်းနံပါတ် လာတောင်းသေးတယ်။ မင်းကို ဆက်သွယ်လို့မရလို့တဲ့"

"ဪ"

ချိုးယိ ပြန်ဖြေလိုက်ပြီးနောက် -

"ဒါဆို ငါ့ဖုန်းက စဖွင့်လိုက်တာနဲ့ကို စက်ဟန်းသွားလောက်မယ်ထင်တယ်"

"မင်းနဲ့ပျန်းရှင်းယွီတို့က ......"

ပျန်းနမ်က မနေနိုင်စွာ မေးလိုက်သည်။

"ဘာမှ မပတ်သက်ဘူး"

ချိုးယိက ချက်ချင်း ပြန်ဖြေသည်။

"ဘာပတ်သက်လဲလို့ မင်းကို ဘယ်သူမေးလို့လဲ။ သူ့အတွက်ကြောင့် ငါက မင်းကို ရိုက်မှာမှ မဟုတ်တာကြီးကို"

ပျန်းနမ် စားပွဲကို ခေါက်လိုက်ပြီး -

"မင်းတို့နှစ်ယောက် ဘယ်လိုရင်းနှီးသွားကြတာလဲလို့ မေးမလို့"

"ငါ သူ့အတန်းဖော်ကို ဂိုက်သင်ပေးနေတာ"

"ဒါပဲလား"

"တခြား ဘာထပ်ရှိသင့်သေးတယ်လို့ မင်း ထင်လို့လဲ"

"မသိဘူး"

ပျန်းနမ်က တဟေးဟေးအသံမြည်အောင် ရယ်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်ကာ နှစ်ချက်ခုန်လိုက်ပြီး -

"သွားရအောင်"

နှစ်ယောက်သား ကားငှား၍ ပြန်လာကြသည်။ လမ်းသွယ်ထိပ်ကို ရောက်ခါစတွင်ပင် သစ်ပင်အောက်တွင် ရပ်လျက် အခြားယောက်ျားလေး ကလေးတစ်ယောက်နှင့် စကားပြောနေသော ချိုးယန့်ကို တွေ့လိုက်ကြရသည်။

သူတို့နှစ်ယောက် သူ့နောက်မှ ဖြတ်သွားချိန်တွင် ချိုးယန့်သည် ထိုကောင်ကလေးအား သူ့လက်ထဲရှိ bumblebee စက်ရုပ်အကြောင်း အလွန်ဂုဏ်ယူမော်ကြွားစွာ ပြသနေလျက်ရှိသည်။

"လက်မောင်းကို ဒီလိုမျိုး မြှောက်လို့ရတယ်"

"ငါတို့နှစ်ယောက် လဲပြီး ဆော့ရအောင်လေ။ ငါ့စက်ရုပ်ရဲ့အရောင်က မင်းဟာထက် အများကြီး ပိုလှတယ်"

ထိုကောင်ကလေးက ဆိုသည်။

"ဒါပေမဲ့ ......"

ချိုးယန့် ခေါင်းငုံ့ပြီး ကိုယ့်လက်ထဲရှိ စက်ရုပ်ကို ကြည့်လိုက်ရင်း -

"ငါ့အရုပ်က လှုပ်လို့ရတယ်"

"မင်းဟာက အရောင်တောင် မမှန်ဘူး"

ထိုကလေးက ပြောသည်။

ချိုးယန့်က bumblebee စက်ရုပ်ကို ပင့်မြှောက်လိုက်ပြီး -

"ဒါပေမဲ့ ......"

"လဲမလား။ တစ်ရက် လဲမယ်လေ"

ကောင်ကလေးက ပြောသည်။

"မလဲဘူး"

ပျန်းနမ် သွားပြောလိုက်ပြီး ချိုးယန့်ကို သူ့ဘေးနားသို့ ဆွဲလိုက်သည်။

"သာ့ဟူကျစ်၊ ကိုကို"

ချိုးယန့် ခေါင်းလှည့်ကြည့်လိုက်ပြီး သူတို့နှစ်‌‌‌ယောက်ကို မြင်သော် ဝမ်းသာစွာ အော်ခေါ်လိုက်ပြီးနောက် ဆက်၍ -

"ကိုကိုတို့ ပြန်လာပြီလား"

"မင်းက ဘယ်သူတုံး"

ပျန်းနမ်က ထိုကောင်ကလေးဆီ မေးဆတ်၍ မေးလိုက်သည်။ ထိုကလေးသည် တစ်ချက်ကြည့်လိုက်သည်နှင့် ဉာဏ်များပုံ ပေါ်ပြီး လဲလှယ်ကစားရန် လာပြောနေသေးသည်။

"သူက ဖန်းရှောင်ကျွင်း။ သားနဲ့တစ်စားပွဲတည်းထိုင်တဲ့ အတန်းဖော်"

"ဖန်းရှောင်ကျွင်းဆိုတာ မင်းကိုး"

ပျန်းနမ်သည် ကြားလိုက်သည်နှင့် ဒေါသစိတ်တို့ ထကြွလာရပြီး ဖန်းရှောင်ကျွင်းအား လက်ညှိုးထိုးရင်း -

"ကောင်စုတ်လေး မင်း စက်ရုပ်လာလဲရဲသေးတယ်‌ပေါ့လေ။ မင်း လက်မောင်းတွေ ခြေချောင်းတွေအားလုံးကိုပါ ငါ လဲပေးလိုက်မယ်၊ ယုံလား"

"အရူး"

ဖန်း‌ရှောင်ကျွင်းမှာ သူ့ကြောင့် လန့်သွားခဲ့ကာ ခြေနှစ်လှမ်း ဆုတ်လိုက်ပြီးနောက် အော်ဟစ်ရင်း ကိုယ်ကိုလှည့်၍ အမြန်ပြေးထွက်သွားပြီး -

"မင်း ဘမ်ဘယ်ဘီးစက်ရုပ်က ရုပ်အဆိုးဆုံးပဲ"

"ဟ ငါ့ ဒီဒေါသနဲ့ ..."

ပျန်းနမ်သည် ချိုးယန့်ကို လွှတ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ နောက်က ပြေးလိုက်ရန် ဟန်ပြင်သည်။

ချိုးယိက သူ့ကို ဆွဲတားလိုက်ပြီး -

"မင်း ဘာလုပ်တာလဲ"

"ဒီကလေးက အရမ်းဆိုးတာ"

ပျန်းနမ်သည် ဖန်းရှောင်ကျွင်းဘက်ကို လက်ညှိုးထိုးရင်း -

"သူ ......"

ချိုးယန့် တစ်ဟုန်ထိုး အနားတိုးလာပြီး သူ့ကို ဖက်လိုက်သည်။ ထိုတော့မှ ပျန်းနမ်တစ်ယောက် ရုတ်ခြည်း သတိပြန်ရသွားပြီး ကျန်သောစကားတစ်ဝက်မှာ လည်ချောင်းတွင် ဆို့သွားတော့သည်။

ချိုးယန့်ကို သူ ငုံ့ကြည့်လိုက်ရာ စောစောတုန်းကမှ Bumblebee စက်ရုပ် တစ်ပတ်ရိုက်ခံရတော့မလိုဖြစ်သွားသေးသော ချိုးယန့်မှာ ယခုတွင်တော့ သူ့စကားကို ဖြတ်တောက်ပစ်ရန် ချက်ချင်း သတိဝင်လာသည်။ ဒီချာတိတ်လေးရဲ့ဦးနှောက်က လျင်လိုက် မလျင်လိုက်နဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စိတ်ချလို့ မရနေတာလဲ။

"ထမင်းစားပြီးရင် ကစားဖို့ မင်းကို အပြင်ခေါ်သွားပေးမယ်"

ချိုးယိက လက်ဆန့်ထုတ်ပြီး ချိုးယန့်မေးစေ့ပေါ်တွင် ခပ်ဖွဖွနှစ်ချက် ကုတ်လိုက်ရင်း -

"ပြန်သွားပြီး သွားပြင်ဆင်လိုက်။ ငါနဲ့သာ့ဟူကျစ် စားစရာတစ်ခုခု သွားဝယ်လိုက်မယ်"

"အင်း"

ချိုးယန့်သည် စိတ်တက်ကြွစွာ လမ်းသွယ်ထဲ ပြေးဝင်ရင်း -

"သား အာလူးကြော် စားချင်တယ်"

"နေ့လယ်စာအတွက်ပါ တစ်ပါတည်းဝယ်လိုက်တော့မယ်လေ"

ပျန်းနမ်သည် ဘေးနားရှိ သရေစာမုန့်ဆိုင်ဆီ လမ်းလျှောက်သွားလိုက်ရင်း -

"ဒါမှမဟုတ် မင်း ချက်မလား။ မင်းချက်တဲ့ထမင်းဟင်း ငါ မစားဖူးသေးဘူး ......"

"ခဏလေး ..."

သူ့နောက်တွင်ရှိသော ချိုးယိက လက်ဆန့်ထုတ်လာပြီး သူ့လည်ပင်းကို ဝိုက်၍ ချိတ်လိုက်ကာ သူ့ကို နောက်သို့ ဆွဲလိုက်သည်။ ထို့နောက် သူ့နားရွက်နားတွင် ကပ်လျက် မေးလာသည်။

"ဖန်းရှောင်ကျွင်းနဲ့က ဘယ်လိုဖြစ်ကြတာလဲ"

"ဘာတုံး။ ဖန်းရှောင်ကျွင်း ဘာဖြစ်လို့လဲ"

ပျန်းနမ်သည် ချိုးယိလက်‌ကောက်ဝတ်ကို ကိုင်ပြီး ဆွဲထုတ်လိုက်သော်လည်း ဆွဲမထုတ်နိုင်ခဲ့ချေ။ သူသည် ခေါင်းတိမ်းလိုက်ရုံသာ တတ်နိုင်ပြီး ချိုးယိ၏နှာခေါင်းထိပ်ကို ကြည့်ရင်း -

"မင်း မအိုက်ဘူးလား"

"မင်းပြောပြီးမှ ထပ်အိုက်မယ်"

ချိုးယိက လက်မောင်းကို ဖယ်လိုက်ရင်း -

"မပြောရင် မင်းကို ဆော်မယ်"

"ဟ တစ်ခါလောက် ဆော်ပြစမ်းပါ မြန်မြန်လေး။ မင်း ဘယ်လောက်စွမ်းလဲ ငါ ကြည့်ကြည့်မလို့"

ပျန်းနမ် အူမြူးသွားတော့သည်။

ချိုးယိသည် စဥ်းတောင်မစဥ်းစားဘဲ လက်ဆန့်ပြီး သူ့ဘောင်းဘီကို ဖမ်းကိုင်ကာ အောက်သို့ ဆွဲချသည်။

"ဟ ငါ့လခွမ်း"

ပျန်းနမ် လန့်ဖျပ်သွားခဲ့ပြီး ကိုယ့်ဘောင်းဘီကိုကိုယ် ကမန်းမတန်း ဖမ်းဆွဲလိုက်ကာ -

"မင်း စောက်ရူးလား"

"ဖန်းရှောင်ကျွင်းနဲ့ကိစ္စက ဘယ်လိုဖြစ်ကြတာလဲ။ မင်း မပြောပြရင် ငါ အိမ်ပြန်ပြီး အာ့ပေါင်ကိုပဲ တန်းမေးလိုက်တော့မယ်"

"သူ့ကို မမေးနဲ့။ သူ့ကို မမေးနဲ့"

ပျန်းနမ်က ဘောင်းဘီကို ဆွဲတင်လိုက်ပြီးနောက် -

"မင်းကို ငါ ပြောပြပြီးရင်လည်း သူ့ကို ပြန်မမေးနဲ့။ မဟုတ်ရင် ငါ သူ့ကို သစ္စာဖောက်သွားတယ်လို့ ထင်သွားမှာ"

"အင်း"

ဖန်းရှောင်ကျွင်းဆိုတဲ့ အစုပ်ပလုတ်လေးက အာ့ပေါင် စုဘူးထဲမှာ စုထားတဲ့ပိုက်ဆံတွေအကုန်လုံးကို လိမ်ယူသွားတယ်။ ပိုက်ဆံကို ငါ သူ့အတွက် အစားဖြည့်ပေးလိုက်ပြီ။ နှစ်တိုင်း ငါ့ကို ယွမ်လေးဆယ် ပြန်ဆပ်မယ်လို့ သဘောတူထားတယ်။ လက်လွှတ်တော့"

ပျန်းနမ်က အလျင်အမြန်ပြောလိုက်သည်။

ချိုးယိ လက်လွှတ်ပေးလိုက်သည်။ တစ်အောင့်ခန့်ကြာတော့မှ သူ့ကို ကြည့်ရင်း ပြောလာသည်။

"စုဘူးထဲမှာ ဘယ်လိုဖြစ်ပြီး ပိုက်ဆံအတန်ကြီးတွေရှိနေရလဲလို့ ငါစဥ်းစားနေတာ။ မင်း ပေးထားတာပေါ့"

"သူ့စုဘူးကို မင်း ခိုးကြည့်လိုက်တယ်ပေါ့။ ဘာလို့ ခိုးကြည့်တာလဲဟ"

ပျန်းနမ်က သူ့ကို ပေစောင်းစောင်းတစ်ချက် ကြည့်လိုက်သည်။

"ခိုးမကြည့်ဘူး။ သူ နေ့တိုင်း စုဘူးကို ပိုက်ပြီးတော့ ပိုက်ဆံပြည့်ဖို့ကို စောင့်နေတာ။ တစ်ခါတလေ ငါ စုဘူးထဲကို နည်းနည်းပါးပါး ခိုးခိုးထည့်ပေးတယ်"

ချိုးယိ မျက်မှောင်ကြုတ်လိုက်ပြီး ဆက်၍ -

"အဲဒီပိုက်ဆံတွေအားလုံးကို ဖန်းရှောင်ကျွင်း လိမ်ယူသွားတယ်ပေါ့"

"ဟုတ်တယ်လေ။ လမ်းဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး ငိုနေရှာတာ။ အဲဒီလိုနဲ့ ငါ အာ့ပေါင်နဲ့ သိသွားတာ"

ပျန်းနမ်က လက်မြှောက်ပြီး ချွေးသုတ်လိုက်ရင်း -

"ငါတို့ စူပါမားကက်ထဲ အရင်ဝင်ပြီးတော့ အဲကွန်းလေလေး အရင်ခံလို့ရမလား"

ချိုးယိက စူပါမားကက်ထဲ ဝင်လာရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ -

"ရှစ်နှစ်တောင် ပြည့်တော့မယ်၊ ဦးနှောက်က ဒီလို ဖြစ်နေတုန်းပဲ"

"သူက ရိုးစင်းလွန်းတာ"

ပျန်းနမ်သည် ခြင်းတစ်လုံး ယူလိုက်ပြီး ပစ္စည်းတင်စင်များကြားတွင် လှည့်ပတ်နေကာ -

"ဒါမှမဟုတ် ငါ သူ့နဲ့ စကားလေး ဘာလေး ပြောလိုက်ရမလား။ နောက်နောင်မှာ နည်းနည်းပါးပါး သတိတွေဘာတွေ ထားတတ်ဖို့"

"မလိုဘူး"

ချိုးယိက ပြောသည်။

"ဘာဖြစ်လို့လဲ။ နောက်တစ်ခါ ထပ်ပြီး အလိမ်ခံခိုင်းဖို့လား"

ပျန်းနမ်က အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။

"သူက သတိထားတတ်ဖို့ လိုနေတာ။ ဉာဏ်ရည်မဲ့နေတာ မဟုတ်ဘူး။ အမြဲတမ်း အလိမ်ခံနေရပါ့မလား။ တစ်ခါခံရပြီးရင် နားလည်သွားလိမ့်မယ်"

ချိုးယိက အာလူးကြော်ဘူးတစ်ဘူးယူပြီး ခြင်းထဲ ထည့်လိုက်ရင်း တီးတိုးဖြင့် -

"ဘယ်နှနှစ်ကြာအောင် ထပ်ပြီး ရိုးစင်းနိုင်မှာမို့လို့လဲ"

ပျန်းနမ် အသံမထွက်ချေ။

နှစ်ယောက်သား စူပါမားကက်ထဲတွင် သရေစာမုန့်အနည်းငယ် ဝယ်လိုက်သည်။ ပျန်းနမ်သည် မူလက ဟင်းချက်စရာ အသီးအရွက်အနည်းငယ် ထပ်ဝယ်ပြီး ချိုးယိချက်ပြုတ်သော ထမင်းဟင်းပွဲကြီးတစ်နပ် စားသောက်ရန် စဥ်းစားသေးသည်။ ရလဒ်မှာမူ ချိုးယိတစ်ယောက် အတော်ကြာအောင် စဥ်းစားလိုက်ပြီးနောက် ကြက်ဥတစ်လုံး ကောက်ကိုင်ကာ သူ့အား ယမ်းပြလိုက်ရင်း -

"ကြက်ဥထမင်းကြော်ပဲ လုပ်လိုက်မယ်။ မနေ့က ထမင်းချက်တာများသွားလို့ အကျန်ရှိနေသေးတာနဲ့ အတော်ပဲ"

"တကယ် စောက်ရမ်းကို စာနာစိတ် ခေါင်းပါးတာပဲ"

ခြံထဲ ဝင်လာပြီးနောက် ပျန်းနမ်သည် အတော်လေး စိတ်မကျေမချမ်းဖြစ်နေကာ -

"ငါ ဒီတစ်လကျော်အတွင်းမှာ မြည်းတစ်ကောင်လိုပဲ။ ချက်ကျွေးရလွန်းလို့ မန်ချူး ဟန်မင်းဆက်စတိုင် တော်ဝင်စားတော်ပွဲ တစ်စားပွဲစာတောင် လုပ်တတ်တော့မှာကို မင်းကတော့ ငါ့ကို ထမင်းကြော်ပဲ ကြော်ကျွေးတယ်ပေါ့လေ"

"နေ့လယ်စာအတွက် ထမင်းကြော်လား"

ချိုးယန့်သည် ခြံထဲတွင် ခြေဖျားထောက်ကာ အဝတ်လှန်းနေလျက်ရှိပြီး ပျန်းနမ်စကားကို ကြားသည်နှင့် မျက်လုံးများ တောက်ပလာတော့သည်။

"အင်း"

ချိုးယိက ခေါင်းညိတ်သည်။

"အား -- ကြက်ဥထမင်းကြော်"

ချိုးယန့် အော်ပြောလိုက်သည်။ လက်ထဲမှအင်္ကျီ မြေပေါ်ပြုတ်ကျသွားသည်ကိုတောင် သတိမထားမိဘဲ -

"ကြက်ဥထမင်းကြော်"

"...... ကြက်ဥထမင်းကြော်လေးတောင် မင်းကို ဒီလိုဖြစ်အောင် လုပ်နိုင်တယ်ပေါ့။ အရင်က ငါချက်တဲ့ နံရိုးတွေ အမဲသားတွေအတွက်တောင် မင်းဒီလိုမျိုး မြူးလာတာ မမြင်ဖူးပါလား"

ပျန်းနမ် သူ့ဆီလျှောက်သွားပြီး ပြုတ်ကျသွားသော အင်္ကျီကို ကောက်ယူကာ ရေကန်ဆီသို့ ယူသွားပြီး ရေနှင့်ဆေးလိုက်ပြီးနောက် ချိုးယန့်အား ကမ်းပေးသည်။

"သားကိုကိုကြော်တဲ့ကြက်ဥထမင်းကြော်က တအားစားလို့ကောင်းတာ"

ချိုးယန့်က တောက်ပပြီး အရည်လဲ့နေသောမျက်လုံးလေးများဖြင့် ပျန်းနမ်အား မိတ်ဆက်ပေးနေကာ -

"နွေဦးအပျော်ခရီးတို ထွက်တုန်းက ယူသွားတာ၊ သားတို့ဆရာမတောင် လာလုစားတယ်"

"မင်းတို့ကျောင်းမှာ နွေဦးအပျော်ခရီးတိုလည်း ရှိသေးတယ်လား"

ပျန်းနမ်က သူ့ကို ဖက်ထားလျက် သူ့မျက်နှာလေးကို ဆွဲညှစ်ရင်း -

"အခုခေတ်ကျောင်းတွေအားလုံးမှာ နွေဦးခရီးတိုတို့ ဆောင်းဦးခရီးတိုတို့ မရှိတော့ဘူးမဟုတ်ဘူးလား"

"ရှိတယ်"

ချိုးယိက ကြက်ဥများကို ယူ၍ မီးဖိုချောင်ထဲ ဝင်သွားကာ -

"ကလေးတွေက စားစရာသောက်စရာတွေ ယူသွားပြီး ကျောင်းရဲ့အားကစားကွင်းပြင်မှာ ထိုင်စားကြတာ။ စားပြီးသွားရင်တော့ နွေဦးခရီးတိုထွက်ပြီးပြီလို့ ပြောလို့ရပြီပေါ့"

"သားတို့ ဂိမ်းတွေပါ ဆော့သေးတာ"

ချိုးယန့်က ပြောသည်။

"အဲဒါကို ချေးမို့လို့ နွေဦးခရီးတိုလို့ ခေါ်တာလား"

ပျန်းနမ် အူမြူးသွားပြီး -

"ခဏနေ ထမင်းစားပြီးရင် မင်းကို နွေရာသီခရီးတိုထွက်ဖို့ ခေါ်သွားပေးမယ်"

ပျန်းနမ် အိမ်ထဲဝင်ပြီး ဖေဖေချိုးနှင့် နှုတ်ဆက်လိုက်သည်။ ချိုးဖေဖေသည် ဝှီးချဲပေါ်ထိုင်လျက် တီဗွီကြည့်နေပြီး တုယောင်ဆိုးရွားလွန်းသော ဂျပန်-တရုတ်စစ်ကားတစ်ကား ကြည့်နေကာ အတော်လေးကို စွဲစွဲငြိငြိကြည့်နေသည်။ ပျန်းနမ်က သူနှင့်အတူ တစ်အောင့်ခန့်ကြည့်နေကာ တကယ်ကိုပင် သည်းမခံနိုင်တော့၍ မီးဖိုချောင်သို့ သွားလိုက်သည်။

"အကူအညီလိုလား"

ချိုးယိတစ်ယောက် ထမင်းကျန်များကို ခူးထုတ်ပြီး၍ ကြက်ဥမွှေနေပြီဖြစ်တာကို ပျန်းနမ် မြင်လိုက်ရသည်။ သူက ဆက်၍ -

"မင်း ဒီချာလပတ်လည်မွှေလှည့်တဲ့အကွက်က လက်သီးအားသုံးတာ မဆိုးဘူးပဲ ...... သေသေချာချာတောင် မမြင်ရဘူး"

"မင်းကို တောင်းပန်ပါတယ် ကျေးဇူးပြုပြီးတော့ အပြင်ထွက်ပြီး အာ့ပေါင်နဲ့ ခဏသွားကစားနေလိုက်ပါလား။ ငါ့ကို လာမရှုပ်နဲ့"

ချိုးယိက လက်ကိုတောင် မရပ်ဘဲ ပြောလိုက်သည်။

"လခွမ်း"

ပျန်းနမ် သူ့ကို လက်ညှိုးထိုးလိုက်ပြီး မီးဖိုချောင်ထဲမှ လှည့်ထွက်လာခဲ့ကာ -

"ငါကတောင် မင်းကို စိတ်ရှုပ်နေရတာဟ။ ရှုပ်လွန်းလို့ ရှုပ်ရှုပ်ရှုပ်နဲ့တောင် မြည်နေတာ"

ချိုးယိ၏ မီးဖိုချောင်တွင်း လှုပ်ရှားချက်လုပ်ဆောင်မှုမှာ ပျမ်းနမ်ထက် သိသိသာသာကိုပင် ကျွမ်းကျင်နေသည်။ ပျန်းနမ်တစ်ယောက် ချိုးယန့်နှင့်ကစားနေရင်း ဘယ်လောက်မျှ မကြာသေးမီ လေနှင့်အတူ ပျံ့နှံ့ဝေ့ဝဲလာသည့် မွှေးရနံ့တို့ ရရှိလိုက်သည်။

ဤမွှေးရနံ့သည် ရိုးရိုးကြက်ဥထမင်းကြော်တစ်ခုတွင် ရှိနိုင်သော ရနံ့မျိုး မဟုတ်ချေ။ ပျန်းနမ်သည် မီးဖိုချောင်ထဲ ဝင်ကြည့်ချင်စိတ် အနည်းငယ်ဖြစ်လာသည်။ သို့သော် နောက်ဆုံးတွင်တော့ ချိုးယန့်နှင့်အတူ ရီမုတ်ကွန်ထရိုး မော်တော်ကားဆော့နေရန်ကိုသာ ရွေးချယ်လိုက်သည်။

ဆယ်မိနစ်ခန့်ကြာသွားပြီးနောက် ချိုးယိသည် ထမင်းကြော်ပန်းကန် နှစ်ပန်းကန်သယ်ပြီး မီးဖိုချောင်ထဲမှ ထွက်လာသည်။ ချိုးယန့်တစ်ယောက် မြင်သည်နှင့် ခုန်ထလိုက်ပြီးနောက် ပြေးသွားကာ တစ်ပန်းကန် ယူသယ်လိုက်ပြီး အိမ်ခန်းထဲသို့ ပြေးဝင်သွားသည်။

"ပြီးပြီ ပြီးပြီ"

ပျန်းနမ် မတ်တတ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲသွားကာ ပန်းကန်ပြား ဝိုင်းသယ်ပေးသည်။ ပန်းကန်ပြားထဲမှ ကြက်ဥထမင်းကြော်ကို မြင်သောအခါ တန့်သွားခဲ့၏။ ‌ရွှေရောင်ထမင်းစေ့များထဲတွင် အနီရောင် ပုစွန်ဆိတ်များနှင့် ဝက်အူချောင်းများ၊ အစိမ်းရောင် ကြက်သွန်မြိတ်တို့က အစက်အပျောက်များအဖြစ် ရောနှောနေပြီး ကြည့်လိုက်လျှင် အတော်လေးကို လှပလှသည်။

ပျန်းနမ်တစ်ယောက် တံတွေးကို မျိုချလိုက်ပြီး ပန်းကန်ပြားထဲရှိ ဇွန်းကို ယူကာ ခပ်ကြီးကြီးတစ်ဇွန်းခပ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ နှစ်ချက်ခန့် ဝါးလိုက်ပြီးနောက် ချိုးယိအား လက်မ ထောင်ပြလိုက်ပြီး -

"မင်း တော်တယ်"

ချိုးယိ ထမင်းဟင်းချက်တတ်မှန်း၊ ကောင်းကောင်းလည်း ချက်တတ်မှန်း သိနေခဲ့သော်ငြား ချိုးယိ၏အရည်အချင်းမှာလည်း မိမိထက် အဆင့်တစ်ဆင့်နှစ်ဆင့်ခန့်သာ မြင့်လောက်မည်ဟု ထင်ခဲ့သည်။ ယခု သူ့လက်ရာကို တကယ်စားဖူးတော့မှ သိတော့သည်။ သူများ၏ ကြက်ဥထမင်းကြော်လေး တစ်မျိုးတည်းဖြင့်တင် မိမိ၏ တစ်လကျော်ကြာချက်ခဲ့သော ရှိသမျှ နလပိန်းတုံးဟင်းချက်နည်းဖြင့် ချက်ထားသည်များကို စက္ကန့်ပိုင်းအတွင်း သုတ်သင်သတ်ဖြတ်လိုက်နိုင်သည်။

"နည်းနည်း ထပ်ကြော်လို့ရသေးလား"

ပျန်းနမ်သည် ပန်းကန်ပြားထဲမှ ထမင်းကို စားနေရင်း -

"ငါ အဆောင်ကို ယူပြန်သွားပြီးတော့ ဝမ့်ဖေးကို မြည်းကြည့်ခိုင်းမလို့။ ဒါကြီးက ဝမ့်ဖေးအမေရဲ့လက်ရာကို မရှုံးနေတော့ဘူး"

"ထမင်းမရှိတော့ဘူး"

ချိုးယိက ပြောသည်။

"ချက်လေ"

ပျန်းနမ်သည် ပန်းကန်ပြားထဲတွင် ကျန်ရှိနေသော နောက်ဆုံးထမင်းစေ့ လေးငါးစေ့ကိုပါ ပြောင်စင်အောင် စားလိုက်သည်။

"အေးတဲ့ထမင်းမှ ရတာ။ ပူနေရင် ကြော်ပြီးရင် အတုံးလိုက်အခဲလိုက်ဖြစ်နေမှာ"

"ဒီထမင်းကို မင်း ဂရုစိုက်မနေနဲ့တော့။ နောက်တစ်ခါ ထပ်ကြော်လိုက်။ နည်းနည်း ပိုကြော်ပေး။ ရလား"

"ရတယ်"

စားသောက်ပြီးနောက် ချိုးယန့်သည် ‌ပြေးဝင်လိုက်ပြေးထွက်လိုက်ဖြင့် သူတို့စားထားသော ထမင်းပန်းကန်များအားလုံးကို သိမ်းလိုက်ကာ ရေကန်ဘေးနားတွင် ဆေးကြောနေရင်း မေးလာသည်။

"ကိုကို သားတို့ ဘယ်ကိုသွားပြီး ကစားမှာလဲ"

"မင်း ဘယ်သွားချင်လဲ"

ချိုးယိ ခေါင်းငုံ့လိုက်ပြီး သူ့ခြေထောက်အောက်မှ ဖိနပ်ကို ကြည့်လိုက်သည်။ အနီရောင် ခြေအိတ်ကို ဆွဲလိုက်ရင်း အိမ်ထဲဝင်ကာ အသစ်တစ်စုံလဲချင်စိတ်လေးအနည်းငယ် ဖြစ်ပေါ်နေသည်။

"သား ရေကူးချင်တယ်"

ချိုးယန့် ပြန်ဖြေသည်။

"ဒါဆို ရေသွားကူးမယ်"

ချိုးယိ ခေါင်းညိတ်သည်။

"ဘာကြီး ... ဘာသွားလုပ်ကြမယ် ..."

ပျန်းနမ် ကြက်သေသေသွားသည်။

"ရေကူးမှာ"

ချိုးယိက ပြောသည်။

"ရေကူးမှာလား"

ပျန်းနမ် နှာခေါင်းကို သပ်လိုက်ရင်း -

"တခြားဟာ ...... ကစားလို့မရဘူးလား"

"ဟင်"

ချိုးယိ သူ့ကို ကြည့်နေသည်။ တစ်အောင့်ခန့်ကြာတော့မှ နှုတ်ခမ်းထောင့် တဖြည်းဖြည်းဖြင့် အပေါ်ဘက်ဆီ တွန့်ကွေးသွားပြီး အပြုံးပါးပါးလေးတစ်ခု ပြုံးလိုက်ကာ -

"အားကောင်းမောင်းသန် အားကစားကျောင်းသားတစ်ယောက်ဖြစ်နေလျက်နဲ့ ရေမကူးတတ်ဘူး ဟုတ်လား"

***

(ဆက်ရန်)

Continue Reading

You'll Also Like

1M 143K 72
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
1.9M 75.4K 95
Rebirth of the Little Mute 重生之小哑巴 Author(s) 穆青延 Status in COO 93 + 2 Extras (Completed) Description Mu Xiaoke was a fool in his previous life, but he...
35.6K 2.3K 25
Title: Unbridled Author(s): Wu Zhe 巫哲 Translator: Mel's Translations Group (🔺translated by their permission 🔺) Credit to cover photo owner. Year 20...
1.8M 260K 200
ယဲ့ချင်းရန် နိုးလာတော့ သူမက စာအုပ်ထဲ ကူးပြောင်းသွားတာကို သိလိုက်ရတယ်။ သူမက ဂုဏ်မောက်ပြီး ဗိုလ်ကျတတ်တဲ့ ဆိုးဝါးတဲ့ ဗီလိန်ပါပဲ။ ဗီလိန်တွေရဲ့ ထုံးစံအတို...