Unicode
ချီချင်းဘဝတွင် စိတ်ရောဂါကုဆရာဝန်များစွာ တွေ့ခဲ့ဖူးသည်။ သို့သော် ပထမဆုံးတွေ့ဆုံခြင်းတွင် ဒီလိုလုပ်ရဲသူကတော့ ဒီလူတစ်ယောက်သာ ရှိသည်။
သူ့လက်အိတ်အနက်ရောင်က ထိုသူ့လက်ထဲ ရောက်သွားခဲ့သည်။ ရိုးရှင်းလှသော လုပ်ရပ်ဖြစ်ကာ ဘာအဓိပ္ပါယ်မှ မပါဟု ထင်ရသော်လဲ ထိုသူ၏ အပြုအမူဖြစ်သောကြောင့် ဆွဲဆောင်နေသည်ဟု ထင်ရသည်။
ထိုသူ : " မလှုပ်နဲ့.. ကိုယ် မင်းကို မကိုက်စားပါဘူး.. ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"
ချီချင်း : " အနားကပ်မလာနဲ့နော်"
ထိုသူ : " မင်း ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ညစ်ပတ်မှာ ကြောက်တဲ့ရောဂါ ဘယ်အချိန် ပျောက်နိုင်မယ်လို့ထင်လဲ.. မင်း ဆေးခန်းကို ဆေးကုဖို့လာတာ ဒီလိုစွာတေးလန်နေလို့ ရမယ်ထင်လား.. သည်းခံ"
ချီချင်း : " ..."
ထိုသူက လက်အိတ်ကို လက်ဆစ်လေးများထိအောင် ဆွဲချွတ်ပစ်လိုက်သည်။ နေရောင်ထိတွေ့မှု မရှိသလောက် နည်းသော လက်ချောင်းလေးများမှာ သွေးမလျှောက်တော့ဟု ထင်ရလောက်အောင် ဖြူအုနေသည်။ လက်ဆစ်လေးများ ပါးလွှာလွန်းသောကြောင့် မြင်ရသူတိုင်း နှစ်ခါပြန်မကြည့်ပဲ မနေနိုင်။
ချီချင်းမှာ အသက်ပြင်းပြင်းရှူကာ "လူသတ်ရင် အပြစ်ခံရမယ်"ဟူ၍ စိတ်ထဲမှ ရေရွတ်ရင်း စိတ်မသက်မသာဖြစ်နေသည်ကို သည်းခံကာ မျက်ခွံလှန်ကြည့်သည်။
ဆံရှည်ဝဲတဲတဲက နဖူးတစ်ဝက်ကို ဖုံးထားသော်လဲ နက်ရှိုင်းလွန်းသော မျက်ဝန်းလေးများကိုတော့ မြင်နေရသေးသည်။ မိုးလေဝသကောင်းသော နေ့ဖြစ်သော်လဲ ပြတင်းပေါက်မှ ဖြတ်ဝင်လာသော နေရောင်ခြည်က မိုးဆက်တိုက်ရွာထားသော ပတ်ဝန်းကျင်ကို လင်းထင်းအောင် မစွမ်းဆောင်နိုင်သဖြင့် အခန်းထဲမှ အလင်းက မှိန်ပျလျက် ရှိသည်။
ချီချင်းစိုက်ကြည့်နေသည်ကို ခံစားမိသော ထိုသူက နှစ်စက္ကန့်အကြာတွင်တော့ သူ့စကားကို စောင့်ဆိုင်းနေမှန်း သဘောပေါက်သွား၏။
ထိုသူက ချီချင်းလက်ကို တစ်ချက်ကိုင်ကြည့်ရင်း သတိထား၍ စကားစသည်။
" အမ်... မင်းရဲ့လက်က အရမ်းလှတာပဲနော်"
ချီချင်းတစ်ယောက် မျက်လုံးတွန့်သွားသည်။
ထိုစကားက သူမျှော်လင့်ထားသော မှတ်ချက်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်၏။
ထိုသူက ဆက်ပြောသည်။
" ဖျော့တော့နေတာပဲ... လက်သူကြွယ် ဒုတိယအဆစ်နားမှာ မှဲ့ညိုညိုလေးတစ်ပေါက်တောင် ရှိသေးတယ်"
"..."
" လက်ချောင်းလေးက သွယ်တာတော့ တော်တော်သွယ်တယ်နော်... လုံးပတ်က ဘယ်လောက်မှတောင် ရှိဟန်မတူဘူး.. မင်း လက်လေးတွေရှည်လိုက်တာဆိုပြီး ဘယ်သူမှ မပြောကြဘူးလား"
ခွေးစကားတွေ...
ဒီသောက်ရူးကမှ တကယ် စိတ်ရောဂါဖြစ်နေတာနဲ့ တူတယ်...
" မပြောဘူး"
ချီချင်း လက်ဆစ်လေးများ တန့်နေဆဲရှိသေးသည်။
" ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ အရူးတွေ အများကြီး မရှိကြဘူးလေ"
ထိုသူက စိတ်မဆိုးသည့်အပြင် ထိုစကားကြောင့် ပြုံးပင် ပြုံးလိုက်သေးသည်။
" မင်း စိတ်ဆိုးသွားတာလား"
" ခင်ဗျား မသိသေးဘူးဆိုရင်"
ချီချင်းက လက်ကိုဆွဲဖယ်ကာ ဆက်ပြောပြန်သည်။
" ဒီ့ထက် ပိုသိသာအောင် ကျွန်တော် လုပ်ပေးလို့ရပါတယ်"
သို့သော် သူ့လက်ချောင်းအဆစ်လေးများကို တစ်ဖက်လူက ဖိထားသောကြောင့် ဖယ်မရ။ ထိုသူ၏ အသံက ပုံမှန်အတိုင်းဖြစ်သော်လဲ တစ်စုံတစ်ယောက်ကို ချော့မော့နေသကဲ့သို့ အသံထွက်လာသည်။
" အင်းပါ.. စိတ်မဆိုးပါနဲ့တော့ ကိုယ် လွှတ်ပေးပါ့မယ်"
ထိုသူမှာ လူသားတို့၏ စိတ်နေသဘောထားကို စမ်းသပ်ရာ၌ အတော်လေး ကျွမ်းကျင်သူ ဖြစ်လောက်သည်။ ချီချင်း သည်းမခံနိုင်လောက်သော စည်းကို နင်းပြီးသည်နှင့် ဖြည်းဖြည်းချင်း လက်လွှတ်ပေးလိုက်သည်။
" မင်း ဝင်လာတာ ငါးမိနစ်ပြည့်တော့မယ်... အခုမှပဲ မင်း မျက်နှာပေါ်မှာ အမူအရာလေး ပေါ်တော့တယ်"
ထို့နောက် ချီချင်း ဘာလုပ်မည်ကို သိနေဟန်ဖြင့် ထိုသူက လက်ချောင်းလေးနှစ်ချောင်းနှင့် ဘယ်ဘက်သို့ လက်ပြလိုက်သည်။
" တံခါးကထွက်ပြီး ကော်ရစ်တာအဆုံးရောက်ရင် ဘယ်ဘက်ချိုးလိုက် ... သန့်စင်ခန်းကို တွေ့လိမ့်မယ်"
ချီချင်း လက်ကို နှစ်ကြိမ်တိတိ ဆေးကြော၏။
ရေပိုက်ပိတ်လိုက်သောအခါ သူ့နားထဲမှ ရေစီးသံများရပ်သွားလေသည်။
ထိုသူ ဆရာဝန်လုံးဝမဖြစ်နိုင်ဟု ချီချင်း တွေးလိုက်သည်။
ဆင်ယင်ထားသော အဝတ်အစား... အလုပ်နှင့် မလိုက်ဖက်သော ပုံစံ အကျင့်စရိုက်.. ပုံမှန်မဟုတ်သော ချဉ်းကျပ်မှု....
သူ့စိတ်ထဲမှ သံသယတို့က တွေးလေလေ ပိုများလာလေဖြစ်နေသည်။ သဲလွန်စအားလုံးက ထိုသူ ဆရာဝန်မဟုတ်သည်ကို ညွှန်ပြနေသော်လဲ အလွန်အမင်း သဘာဝဆန်သော အပြုအမူနှင့် တပါးသူ၏ စိတ်နေသဘောထားကို နားလည်လွန်းနေသည်ကြောင့် ဆရာဝန်လုံးဝမဟုတ်ဟု တထစ်ချ မပြောနိုင်ပြန်။
မိနစ်အနည်းငယ်အကြာတွင်တော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ပြန်တွေ့ကြပြန်သည်။
" မင်းရဲ့ လက္ခဏာတွေက ဘယ်အချိန်လောက်က စဖြစ်တာလဲ"
" လွန်ခဲ့တဲ့ ဆယ်နှစ်က"
" လွန်ခဲ့တဲ့ ဆယ်နှစ်က ဘယ်လိုအကြောင်းရင်းများ ရှိခဲ့လို့လဲ... ပြောဖို့ အဆင်မပြေဘူးဆိုရင် မပြောလဲ ရပါတယ်"
ချီချင်းမှာ အနည်းငယ်ပင် တွေဝေမှု မရှိ။
" အဆင်မပြေဘူး"
"..."
ထိုသူက စာရွက်ပေါ် လက်ချောင်းလေးတင်၍ မျက်လုံးလှန်ကြည့်သည်။ ထိုသူ၏ အကြည့်မှာ ရွှန်းစိုနေကာ တစ်ဖက်လူ ဒေါသဖြစ်နေသည်ကို တပ်အပ် သိသွားပုံပင်။
" ကောင်းပြီလေ... မပြောချင်ရင် မပြောလို့ရပါတယ်"
ထို့နောက် ထိုသူက စကားလမ်းကြောင်းလွှဲလိုက်သည်။
" သီချင်း ဖွင့်ပေးရမလား"
ခဏအကြာတွင် ငြိမ့်ညောင်းသော စန္ဒယားသံက ဆွေးနွေးခန်းထဲ ပျံ့လွင့်လာသည်။
တစ်ခန်းလုံးတွင်လဲ အမွှေးရနံ့ သင်းသင်းလေးကို ရနေသည်။
" စိတ်ပညာရှင်တွေက ဂီတဟာ စိတ်ခံစားချက်ကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုတဲ့ အရာလို့ ယုံကြည်ကြတယ်... ဂီတက လူတွေကို စိတ်ငြိမ်စေနိုင်တဲ့ ဘာသာစကားတစ်မျိုးတဲ့"
ထိုသူက စားပွဲကို လက်ချောင်းလေးများနှင့် နှစ်ချက်သုံးချက် ခေါက်နေသည်။
" မင်း မျက်လုံးမှိတ်ကြည့်လိုက်"
ဂီတအပေါ် ခံစားချက်မရှိသည်ကို ချီချင်း ပြောချင်နေသည်။
အဆိုပါနည်းလမ်းမျိုးကို အနုပညာသင်တန်းတွင် သူ စမ်းကြည့်ခဲ့ဖူးပြီးသား။
ရုပ်ရှင်မေဂျာမှ တခြားမေဂျာပြောင်းရန် သူ့ကို ဖျောင်းဖျနေသော သရုပ်ဆောင်နည်းပြဆရာ၏ပုံရိပ်ကို ချီချင်း မျက်လုံးထဲ ပြန်မြင်လာသည်။
" ဆရာတို့လဲ မင်းကို ထိန်းချုပ်ထားသလို မဖြစ်ချင်လို့ပါ... မင်းက သရုပ်ဆောင်လောကနဲ့ တကယ် မလိုက်ဖက်ဘူး... နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့အဖေနဲ့ ပြန်တွေ့တဲ့ အခန်းလေးကိုပဲ သရုပ်ဆောင်ခိုင်းတာတောင် မင်းပုံစံက လက်စားချေဖို့ ပြန်ရောက်လာသလို ဖြစ်နေတယ်... ဆရာတို့နည်းပြတွေ အကုန်လုံး ဆွေးနွေးခဲ့ကြပြီးပြီ... ဆရာတို့ထဲက ဘယ်သူကမှ မင်းကို သရုပ်ဆောင်ပညာ ဘယ်လိုသင်ပေးရမလဲ မသိကြဘူး... ကောင်းကင်ကြီးက အကျယ်ကြီးပါကွာ.. မင်း ပျံသန်းချင်တဲ့နေရာ လွတ်လွတ်လပ်လပ် ပျံသန်းလို့ရပါတယ်.. ဘာလို့ ငါတို့ဌာနသေးသေးလေးကိုမှ မင်း ဆွဲကိုင်ထားမှာလဲ"
ချီချင်း မျက်လုံးမှိတ်မည်အလုပ် မျက်လုံးထောင့်မှ ဓာတ်ပုံဘောင်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။
ကလေးမလေးတစ်ယောက် ကိတ်မုန့်ပေါ်မှ ဖယောင်းတိုင်များကို အားရပါးရ မှုတ်နေပုံရကာ ဓာတ်ပုံအောက်ဖက် ထောင့်နားလေးတွင်တော့ ယခုလ ၂၅ရက်နေ့ကို မနှစ်က ရက်စွဲနှင့် ရေးထိုးထားသည်။
အဆိုပါဓာတ်ပုံကို နှစ်ကြိမ်သုံးကြိမ် ပြန်ကြည့်ပြီးနောက် အခန်းထဲ ဝေ့ဝဲကြည့်လိုက်ရာ စားပွဲပေါ်တွင် တခြား အသုံးအဆောင်ပစ္စည်းအချို့.. ဖွင့်ထားသော ဘယ်ရီသီး ဘူးတစ်ဘူးတို့သာ ရှိပြီး တန်ဖိုးကြီးကြီးမားမား ပစ္စည်းတစ်ခုမှ မရှိ။ ကွန်ပျူတာဘေးတွင် ထောင်ထားသော ပြက္ခဒိန်ပေါ်တွင်တော့ ယခုလ၏ ၂၅ရက်နေ့ကို အနီရောင်မှင်နှင့် ဝိုင်းထားလေသည်။
ချီချင်းက လက်အိတ်ထိပ်ဖျားကို လက်ချောင်းလေးများနှင့် ပွတ်ရင်း ထိုင်သည့်အနေအထား ပြင်လိုက်၏။
" ကျွန်တော် မေးစရာ တစ်ခုရှိလို့... နောက် ဆွေးနွေးရမဲ့ ရက်က ဘယ်တော့လဲ"
ထိုသူက အေးအေးဆေးဆေးသာ ပြန်ဖြေသည်။
" အချိန်မရွေးပဲလေ... မင်း အားတဲ့အချိန်ပေါ် မူတည်တာပေါ့"
"၂၅"
ချီချင်းက ထပ်ပြောသည်။
" ကျွန်တော် ၂၅ ရက်နေ့ တစ်ရက်ပဲ အချိန်ရတယ်"
တစ်ဖက်လူမှာ သူ့စကားကို ဂရုမထားမိသေး။
" ကြည့်ရတာ မင်းက အလုပ်အရမ်းရှုပ်တဲ့ပုံပဲ"
ထိုသူမှာ ၂၅ရက်နေ့ကို လုံးဝ တုံ့ပြန်မှု မရှိ။
ချီချင်းက ထိုသူကို တစ်ချက်ကြည့်ကာ " ခင်ဗျား ဒီက ဆရာဝန်မဟုတ်ဘူး" ဟု ပြောမည်ကြံရုံရှိသေး ဆွေးနွေးခန်းတံခါးကို အပြင်မှ တစ်စုံတစ်ယောက် တွန်းဖွင့်လိုက်၍ ပွင့်သွားသည်။
ဆွယ်တာအဖြူရောင်ဝတ်ကာ လက်ထဲတွင် ရေနွေးဘူးတစ်ဘူးကို ကိုင်ထားသော လူတစ်ယောက်က တံခါးဝတွင် ရပ်နေသည်။ ထိုသူ၏ ရင်ဘတ်တွင် " JK စိတ်ကျန်းမာရေး ဆေးခန်း ဒေါက်တာ ဝူကျင်းယွီ" ဟု ရေးထားသော ရင်ထိုးတစ်ခုကို ထိုးထား၏။
ဒေါက်တာဝူ အစစ်မှာ ချီချင်း ကြားဖူးခဲ့သော သတင်းများအတိုင်း ညင်သာ သိမ်မွေ့ဟန်ရှိ၏။ ဆွေးနွေးခန်းထဲမှ အနေအထားကို တစ်ချက်ကြည့်ရင်း ကြောင်အနေပုံပေါ်သော်လဲ စကားပြောဟန်က ညင်သာနေဆဲပင်။
" ကျေးဇူးပြုပြီး.. ခင်ဗျားတို့ ဘာလုပ်နေတာလဲ ပြောလို့ရမလား"
ဒေါက်တာဝူ ခဏလေး အပြင်ထွက်ကာ ဘယ်ရီသီး ရေဆေး.. သန့်စင်ခန်း ခဏဝင်၍ ရေနွေတစ်ခွက် သွားယူခြင်းသာ ဖြစ်၏။ ပြန်ရောက်ရောက်ချင်း သူ့ရုံးခန်းထဲ ဘာတွေ ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်တော့။
" တောင်းပန်ပါတယ် ဆရာရှင့်"
အပြင်မှ စာရေးမလေးသည်လဲ စကားသံကြောင့် အပြေးလာကြည့်ရင်း တောင်းပန်စကားဆိုလိုက်သည်။
" ကျွန်မ အမှားလုပ်မိသွားတာပါ.. လူကြီးမင်းရှဲ့နဲ့ ဆွေးနွေးတာ ပြီးသွားပြီထင်လို့ လူကြီးမင်းချီကို ဝင်ခိုင်းလိုက်တာပါ"
လူကြီးမင်းရှဲ့ ဆိုသည်မှာ စောစောက စာရေးမလေးနှစ်ယောက် ပြောနေကြသည့် လူနာပင် ဖြစ်ပေလိမ့်မည်။
ဒေါက်တာဝူ၏ ရုံးခန်းထဲတွင်တော့ အတန်ကြာသည်အထိ တိတ်ဆိတ်သွားလေသည်။
ဒေါက်တာဝူမှာ တောင်ပိုင်းလေသံခပ်ဝဲဝဲနှင့် ဖြည်းဖြည်းချင်း မေးနေသည်။
" လူကြီးမင်းရှဲ့... ကျွန်တော် အပြင်ခဏသွားလို့ ရမလားဆိုပြီး ခွင့်တောင်းတော့ ခင်ဗျား အဆင်ပြေတယ် စာအုပ်ဖတ်ရင်း စောင့်နေမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား.. အခု ဘာဖြစ်လို့..."
ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေတာလဲ...
မျိုးရိုးအမည် ရှဲ့ဆိုသော ထိုသူကတော့ "မတူညီသော စရိုက်များနှင့် စိတ်ပညာ" စာအုပ်အဖုံးကို လက်ချောင်းလေးနှင့် ပုတ်ပြရင်း ဖြေရှင်းချက် ပေးနေသည်။
" ကျွန်တော်လဲ စာအုပ်ဖတ်နေတာပဲလေ... ဟိုနားက ခုံက ထိုင်လို့မကောင်းလို့ ဆရာ့ခုံကို ခဏငှားထိုင်တာ... မယုံရင် သူ့ကိုမေးကြည့်"
မှန်တာပေါ့...
မျက်နှာကို စာအုပ်နှင့် ဖုံးထားခြင်းကို စာဖတ်သည်ဟု ယူဆလျှင် ထိုသူ့စကား မမှား။
ပြီးတော့ တခြားသူ ရုံးခန်းထဲမှ ထိုင်ခုံကို သက်တောင့်သက်သာ ထိုင်ခြင်းကို ခဏငှားသည်ဟု ယူဆလျှင်ပေါ့..
ချီချင်း ဒီနေ့ အိမ်မှ မထွက်ခင် ပြက္ခဒိန် သေချာမကြည့်ခဲ့ရသော်လဲ သူ့အတွက်တော့ ပြဿဒါးနေ့သာ ဖြစ်သည်။ ထိုသူ ဆရာဝန်မဟုတ်သည်ကို ခန့်မှန်းမိသော်လဲ ထိုသူကိုယ်တိုင်က လူနာတစ်ယောက် ဖြစ်နေမည်ကိုတော့ နည်းနည်းလေးပင် မမျှော်လင့်ထား။
" မင်း အထင်လွဲသွားတယ်နဲ့တူတယ်"
ရှဲ့မျိုးရိုးနှင့်လူက ချီချင်းကို ကြည့်ရင်း ဆက်ပြောသည်။
" ကိုယ် ဆရာဝန်လို့ မင်းကို မပြောမိဘူးလို့ ထင်တာပဲ"
" အဲ့ဒါဆို ခင်ဗျား ခုနပြောတာတွေက လျှောက်ပြောနေတာပေါ့"
ရှဲ့မျိုးရိုးက မျက်ခုံးတစ်ချက်တွန့်သည်။
" မင်းက ရုတ်တရက် တံခါးတွန်းဖွင့်ပြီး ဝင်လာတာလေ.. ဒေါက်တာဝူမရှိဘူးဆိုပေမဲ့ ကိုယ်လဲ ယဉ်ကျေးမှု သိတတ်တဲ့အနေနဲ့ ကိုယ်တို့အချင်းချင်း ရင်းရင်းနှီးနှီး ဆက်ဆံပေးရမယ်ထင်လို့ပါ"
"..."
ရင်းနှီးလိုက်တဲ့ ဆက်ဆံရေး!!!!
သို့သော် မျှော်လင့်မထားသော အမှားမှာ ခပ်မြန်မြန်ပင် ဖြေရှင်းပြီးစီးသွားခဲ့သည်။ တကယ်တော့ ပုံမှားရိုက်သော ရှဲ့လူကြီးမင်းက သူ့ဟာသူပင် ဖြေရှင်းလိုက်ခြင်းဖြစ်၏။
" မင်း စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်တယ်နော်... ကိုယ့်ဘက်က သေချာမရှင်းပြမိတာပါ"
ထို့နောက် စာရေးမလေးအမှားမဟုတ်ပဲ သူ့အမှားသာဖြစ်ကြောင်း နောက်တစ်ခေါက်ထပ်ပြော၍ ဒေါက်တာဝူကိုပင် ပူရှိန်းသကြားလုံးတစ်လုံး ပေးလိုက်သေးသည်။
" ဒေါက်တာဝူ.. ခုန ဆရာ့အသံနည်းနည်း အက်နေလို့လေ.. လည်ချောင်းလေးဘာလေး ဂရုစိုက်ပါဗျာ"
မသွားခင် အခန်းတံခါးကိုပါ သေချာပိတ်ပေးခဲ့သည်။
ဒေါက်တာဝူမှာ ခဏကြာသည်အထိ ကြောင်အနေသေး၏။ ထို့နောက်မှ
" ခွင့်ပြုပါ လူကြီးမင်းချီ... ကျွန်တော့်ကို အချိန်ခဏလောက်ပဲ ပေးပါ.. ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်"
ရိုးသားစွာ ဝန်ခံရလျှင် ချီချင်း ဒီဆေးခန်းတွင် ဆက်မနေချင်တော့။ ချွတ်ထားသော လက်အိတ်ကို စားပွဲပေါ်တင်၍ ဘေးတွင် ဝင်ထိုင်ကာ စောင့်ရင်း ဖုန်းကြည့်နေလိုက်သည်။
သို့သော် ဖုန်းဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က နာရီမဟုတ်ပဲ ကျိမင်ရွေ့ ဆက်တိုက်ပို့ထားသော စာများကိုသာ ဖြစ်နေသည်။
ကျိမင်ရွေ့က ဒီနေ့ အလုပ်ရှိသော်လဲ ချီချင်း ဆေးရုံသွားမည့်အကြောင်းကိုသာ တွေးမိနေသဖြင့် မမေးပဲ မနေနိုင်။
.. ဆေးရုံသွားမယ်ဆို .. သွားဖြစ်လား...
... ဆရာဝန်က ဘာပြောလဲ...
... မနေ့က အိမ်ပြန်ရောက်တော့ ငါ သေသေချာချာ စဉ်းစားကြည့်သေးတယ်.. မင်းရဲ့ရောဂါက တကယ် ကုရခက်မဲ့ပုံပဲကွ...
နောက်ပိုင်းပို့ထားသော စာကတော့ အတော်လေး ရှည်လေသည်။
.... ငါတို့ ပထမဆုံးတွေ့တဲ့နေ့ကို မှတ်မိတယ်မဟုတ်လား.. ငါတို့ အထက်တန်း ပထမနှစ်စတက်တုန်းကလေ ပထမနှစ်တစ်နှစ်လုံး မင်းရဲ့လက် ဘယ်လိုပုံစံရှိတယ်ဆိုတာတောင် ငါ မမြင်ဖူးခဲ့ဘူး... အဲ့ဒီ့တုန်းကဆို မင်းမှာ ရှက်စရာကောင်းတဲ့ ရောဂါရှိနေတာလား လက်ချောင်းတွေ ဘာတွေများ ပြတ်နေတာလားလို့တောင် ထင်နေခဲ့တာ...
ချီချင်း စာပြန်လိုက်သည်။
.... ရှက်စရာကောင်းတဲ့ရောဂါ မင်းမှာပဲရှိတာ...
ထို့နောက် စာထပ်ပြန်သည်။
... အရူးတစ်ကောင်နဲ့ တွေ့ခဲ့တယ်...
အစစ်အမှန်ဆွေးနွေးခြင်းကတော့ ချောမွေ့စွာပင် စတင်ခဲ့သည်။ ဒေါက်တာဝူမှာ တကယ့်ကို လေပြေညင်းလေးအလားပင်။
ဆွေးနွေးမှုမစခင် ဒေါက်တာဝူက ရေနွေးဘူးကို ဘေးချကာ ဖိုင်တွဲ ပြန်လှန်သည်။
ချီချင်းဖိုင်တွဲ၏ အပေါ်တွင် ဖိုင်တွဲနောက်တစ်ခုရှိသေးသည်။ တခြားသူများ၏ ကိုယ်ရေးကိုယ်တာကို စိတ်မဝင်စားသော်လဲ ထိုစာရွက်ကိုတော့ သူ လျှစ်လျှူရှုမထားနိုင်။ အဆိုပါ ဖိုင်တွဲက ကွက်လပ်ချည်းသာ ဖြစ်နေသည်။
စိတ်ကျန်းမာရေး ဆရာဝန်များသည် လူနာများနှင့် ဆွေးနွေးကြသည့်အခါတိုင်း လူနာများ၏ ရောဂါအမည်နှင့် ရောဂါအဆင့် သတ်မှတ်ချက်များကို ချရေးထားလေ့ရှိသည်။
သို့သော် အဆိုပါစာရွက်တွင်တော့ ဘာမှတ်ချက်မှ ရှိမနေ။ လူနာ အမည်နေရာတွင် ရှဲ့လင် ဆိုသော စာလုံးနှစ်လုံးမှလွဲ၍ ဘောပင်ရာတစ်ချက်ပင် ရှိမနေ။
ရုံးခန်းအပြင်ဘက် လျှောက်လမ်းတွင် ရှဲ့လင်တစ်ယောက် စာရေးမလေးနှင့်အတူ အပြင်ထွက်လိုက်လာသည်။ ထို့နောက် အလုပ်ပြန်လုပ်နေသော စာရေးမလေးတစ်ယောက်က နောက်တစ်ယောက်ကို ခပ်တိုးတိုးပြောလိုက်သည်။
" လူကြီးမင်းရှဲ့လို လူမျိုးမှာ ဘာရောဂါများ ရှိနိုင်မှာလဲ"
" အရင်တစ်ခေါက်က ဒေါက်တာဝူနဲ့ သူ ဖုန်းပြောနေတာကို ငါ ကြားဖူးတယ်ဟ"
နောက်တစ်ယောက်က အသံတိုးတိုးနှင့် ပြန်ဖြေသည်။
" သူ ပြောတာက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဒီလိုအခြေအနေမျိုးထိ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးတဲ့... ဘာဖြစ်တယ်ဆိုတာ သေသေချာချာ မသိသေးလို့ အခုတော့ တစ်ပတ်တစ်ခါ ဆရာဝန်နဲ့ လာပြရမယ်လို့တော့ ပြောလိုက်တာပဲ"
သူတို့ပြောနေသော စကားဝိုင်း၏ အဓိကဇာတ်ကောင် ရှဲ့လင်မှာ ကားစောင့်ရင်း နားနေခန်း၏ ဆိုဖာပေါ်တွင် ထိုင်နေသည်။
သူ့ဘေးတွင် လှဲအိပ်နေသော ကြောင်လေးမှာ အခုမှ အိပ်ရာနိုးလာဟန်နှင့် လျှာလေးထုတ်ကာ သူ့အမွှေးသူ လျှာနှင့် လျက်နေသည်။
ရှဲ့လင်က တစ်ချက်ငဲ့ကြည့်ကာ ပွတ်သပ်ပေးလိုစိတ်နှင့် လက်လှမ်းလိုက်သည်။
သို့သော် ကြောင်လေးမှာ သူ့ကိုပြုံးကြည့်နေသော ထိုသူက သဘောကောင်းပုံပေါ်သည့်တိုင် သူ့အကြည့်ကြောင့် တစ်ကိုယ်လုံး ဓာတ်လိုက်သွားသကဲ့သို့ တုန်ယင်သွားသည့်အတွက် ရှဲ့လင်၏ လက် သူ့ခေါင်းပေါ် ရောက်မလာခင် အမွှေးများထောင်ကာ ထွက်ပြေးလေ၏။
ချီချင်း၏ ဆွေးနွေးချိန်မှာ တစ်နာရီကျော်ကြာသည်။ အရေးမကြီးသော စကားအချို့နှင့် စိတ်ကျန်းမာရေးဆရာဝန်တိုင်း ပြောလေ့ရှိသော ဖန်တရာနေသော စကားလုံးတို့က ပိုများနေသည်။
ဒေါက်တာဝူမှာ သူ့စကား အလုပ်ဖြစ်သည် မဖြစ်သည်ကို သေချာမသိ။ ချီချင်းဆိုသော အမျိုးသားမှာ သူစကားပြောနေသည့် တစ်နာရီလုံးလုံး မျက်နှာအမူအရာတစ်ချက်ပင် မပြောင်းပဲ ငြိမ်သက်စွာ ထိုင်ကြည့်နေသောကြောင့်ပင်။
" အချိန်တော့ ပြည့်သွားပါပြီ"
ဒေါက်တာဝူမှာ ပုံမှန်အတိုင်း မတ်တပ်ရပ်ကာ လူနာနှင့် လက်ဆွဲနှုတ်ဆက်လေ့ရှိသည်။
" ဒီဆွေးနွေးခြင်းက ခင်ဗျားကို အကူအညီပေးဖို့ မျှော်လင့်ပါတယ်... ကျွန်တော် ခင်ဗျားအပေါ်မှာ ယုံကြည်မှုအများကြီးထည့်ထားတယ်.. ခင်ဗျားလဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသင့်တယ်လို့ထင်ပါတယ်"
ချီချင်းမှာ ကားငှားရန် ဖုန်းဖွင့်လိုက်သည်မို့ လက်အိတ်ချွတ်ထားမိလေသည်။ ထို့ကြောင့် ဒေါက်တာဝူ၏ အတွေးများကို သေချာပေါက် ကြားလိုက်ရသည်။
~~~ တကယ်တော့ ငါ အဲ့လောက်ထိ ယုံကြည်ချက်မရှိဘူး.. ဒါပေမဲ့ အားပေးစကားပြောတာလဲ ဆိုးတော့ မဆိုးပါဘူး~~~
ဒေါက်တာဝူမှာ သူ့အားပေးစကားအဆုံးတွင် ချီချင်း၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။
ဒေါက်တာဝူ : ဘာဖြစ်လို့လဲ.. မေးစရာရှိသေးလို့လားဗျ...
ချီချင်းက သူ့လက်သူ ဖြည်းညင်းစွာ ပြန်ရုတ်သည်။
" မဟုတ်ပါဘူး.. ကျွန်တော် လက်ဆေးချင်လို့ပါ"
ဒေါက်တာဝူ :"..."
ထို့နောက် ဒေါက်တာဝူ တစ်စုံတစ်ခုကို သတိရသွား၏။
" ဒါနဲ့ ဒီလ၂၅ရက်နေ့မှာ နောက်ထပ်ရက်ချိန်း လိုချင်တယ်လို့ ပြောလိုက်သေးလားလို့လေ.. ဒါပေမဲ့ ကျွန်တော် တောင်းပန်ပါတယ် အဲ့ဒီ့နေ့က..."
" ကျွန်တော်သိပါတယ်"
ချီချင်းက တံခါးဖွင့်ကာ အပြင်ထွက်ရန်ပြင်သည်။
" ၂၅ရက်က ဆရာ့သမီးမွေးနေ့လေ.. ဆရာ ဘယ်အားမှာလဲ"
ဒေါက်တာဝူ ကြောင်အသွားလေသည်။
" ခင်ဗျား ဘယ်လိုလုပ်..."
ချီချင်းကတော့ ဒေါက်တာဝူ့ကို ရှင်းပြရန် စိတ်မရှည်။
" နောက်ထပ်ရက်ချိန်းကိုတော့ ကျွန်တော် စဉ်းစားလိုက်ပါဦးမယ်.. အချိန်ကို ကျွန်တော် ဆရာ့ကို အသိပေးပါ့မယ်"
ချီချင်း ပြန်သွားသည့်အချိန်က နေ့လည်ကျော်သွားသည့်အတွက် လမ်းပေါ်ကျန်နေသော မိုးရေစက်များအားလုံးနီးပါး အငွေ့ပြန်ကုန်ပြီဖြစ်၏။
တစ်ဖက်မှ ကျိမင်ရွေ့မှာ သူ့ထံမှ ပြန်စာကို စောင့်နေဆဲပင်။
... ဘယ်က အရူးလဲ...
... ရောဂါကုဖို့ ဆေးရုံသွားတာမဟုတ်ဘူးလား...
... အဲ့ဒီ့တော့ ဆရာဝန်က ဘာပြောလိုက်လဲလို့...
ချီချင်းမှာ ကားထဲရောက်တော့ ကျိမင်ရွေ့စာကို ဖတ်ရင်း ဒေါက်တာဝူ၏ စိတ်ထဲမှ စကားသံများ သူ့နားထဲ ပြန်ရောက်လာသည်။
သူ့နားထဲမှ စကားသံများ မဆုံးသေးခင် ချီချင်း ရုတ်တရက် လက်အိတ်ချွတ်ကာ သူ့လက်သူ ပြန်ငုံ့ကြည့်နေသည်။
သူ့ညာဘက်လက်သူကြွယ် ဒုတိယအဆစ်နားတွင် သူတစ်ခါမှ သတိမထားမိခဲ့သော မှဲ့လေးတစ်လုံးရှိနေသည်။ မှဲ့က အတော်သေးငယ်သည့်အတွက် ဖြူလွန်းသော အသားအရေကြောင့်သာ မဟုတ်ပါက ဘယ်သူမှ သတိထားနိုင်မည်မဟုတ်။
... မင်းရဲ့ လက်ချောင်းလေးတွေက အရမ်းလှတာပဲ...
.... မင်းရဲ့ လက်ချောင်းလေးတွေ အရမ်းရှည်တာပဲလို့ ဘယ်သူမှ မပြောဖူးဘူးလား....
...
ချီချင်းမှာ အဆိုပါ မှဲ့အညိုရောင်လေးကို စိုက်ကြည့်ရင်း ရှဲ့မျိုးရိုးနှင့် လူ သူ့လက်ကို ကိုင်လိုက်သည့်အချိန် ထိုသူ့ပါးစပ်မှထွက်သော ပေါက်ကရ စကားမှလွဲ၍ တခြားဘာသံများ ကြားရသေးလဲ ပြန်တွေးနေသည်။
ကားအပြင်မှ မြင်ကွင်းတို့က တဖြည်းဖြည်းချင်း ပြောင်းလဲသွား၏။
ချီချင်း အတော်ကြာသည်အထိ ပြန်တွေးပြီးတော့မှ နားလည်သွားသည်။ အဆိုပါအရူးကောင် သူ့လက်ကို ကိုင်သည့်အချိန် ထိုအရူးကောင်၏ စိတ်ထဲမှ အသံကို သူ ဘာမှ မကြားခဲ့ရ။
.......
End of part 4
Thank you all
Zawgyi
ခ်ီခ်င္းဘဝတြင္ စိတ္ေရာဂါကုဆရာဝန္မ်ားစြာ ေတြ႕ခဲ့ဖူးသည္။ သို႔ေသာ္ ပထမဆုံးေတြ႕ဆုံျခင္းတြင္ ဒီလိုလုပ္ရဲသူကေတာ့ ဒီလူတစ္ေယာက္သာ ရွိသည္။
သူ႕လက္အိတ္အနက္ေရာင္က ထိုသူ႕လက္ထဲ ေရာက္သြားခဲ့သည္။ ရိုးရွင္းလွေသာ လုပ္ရပ္ျဖစ္ကာ ဘာအဓိပၸါယ္မွ မပါဟု ထင္ရေသာ္လဲ ထိုသူ၏ အျပဳအမူျဖစ္ေသာေၾကာင့္ ဆြဲေဆာင္ေနသည္ဟု ထင္ရသည္။
ထိုသူ : " မလႈပ္နဲ႕.. ကိုယ္ မင္းကို မကိုက္စားပါဘူး.. ဘာလို႔ ဒီေလာက္ စိတ္လႈပ္ရွားေနရတာလဲ"
ခ်ီခ်င္း : " အနားကပ္မလာနဲ႕ေနာ္"
ထိုသူ : " မင္း ဒီလိုသာ ဆက္လုပ္ေနမယ္ဆိုရင္ ညစ္ပတ္မွာ ေၾကာက္တဲ့ေရာဂါ ဘယ္အခ်ိန္ ေပ်ာက္နိုင္မယ္လို႔ထင္လဲ.. မင္း ေဆးခန္းကို ေဆးကုဖို႔လာတာ ဒီလိုစြာေတးလန္ေနလို႔ ရမယ္ထင္လား.. သည္းခံ"
ခ်ီခ်င္း : " ..."
ထိုသူက လက္အိတ္ကို လက္ဆစ္ေလးမ်ားထိေအာင္ ဆြဲခြၽတ္ပစ္လိုက္သည္။ ေနေရာင္ထိေတြ႕မႈ မရွိသေလာက္ နည္းေသာ လက္ေခ်ာင္းေလးမ်ားမွာ ေသြးမေလွ်ာက္ေတာ့ဟု ထင္ရေလာက္ေအာင္ ျဖဴအုေနသည္။ လက္ဆစ္ေလးမ်ား ပါးလႊာလြန္းေသာေၾကာင့္ ျမင္ရသူတိုင္း ႏွစ္ခါျပန္မၾကည့္ပဲ မေနနိုင္။
ခ်ီခ်င္းမွာ အသက္ျပင္းျပင္းရႉကာ "လူသတ္ရင္ အျပစ္ခံရမယ္"ဟူ၍ စိတ္ထဲမွ ေရ႐ြတ္ရင္း စိတ္မသက္မသာျဖစ္ေနသည္ကို သည္းခံကာ မ်က္ခြံလွန္ၾကည့္သည္။
ဆံရွည္ဝဲတဲတဲက နဖူးတစ္ဝက္ကို ဖုံးထားေသာ္လဲ နက္ရွိုင္းလြန္းေသာ မ်က္ဝန္းေလးမ်ားကိုေတာ့ ျမင္ေနရေသးသည္။ မိုးေလဝသေကာင္းေသာ ေန႕ျဖစ္ေသာ္လဲ ျပတင္းေပါက္မွ ျဖတ္ဝင္လာေသာ ေနေရာင္ျခည္က မိုးဆက္တိုက္႐ြာထားေသာ ပတ္ဝန္းက်င္ကို လင္းထင္းေအာင္ မစြမ္းေဆာင္နိုင္သျဖင့္ အခန္းထဲမွ အလင္းက မွိန္ပ်လ်က္ ရွိသည္။
ခ်ီခ်င္းစိုက္ၾကည့္ေနသည္ကို ခံစားမိေသာ ထိုသူက ႏွစ္စကၠန႔္အၾကာတြင္ေတာ့ သူ႕စကားကို ေစာင့္ဆိုင္းေနမွန္း သေဘာေပါက္သြား၏။
ထိုသူက ခ်ီခ်င္းလက္ကို တစ္ခ်က္ကိုင္ၾကည့္ရင္း သတိထား၍ စကားစသည္။
" အမ္... မင္းရဲ႕လက္က အရမ္းလွတာပဲေနာ္"
ခ်ီခ်င္းတစ္ေယာက္ မ်က္လုံးတြန႔္သြားသည္။
ထိုစကားက သူေမွ်ာ္လင့္ထားေသာ မွတ္ခ်က္ႏွင့္ လုံးဝဆန႔္က်င္ဘက္ျဖစ္၏။
ထိုသူက ဆက္ေျပာသည္။
" ေဖ်ာ့ေတာ့ေနတာပဲ... လက္သူႂကြယ္ ဒုတိယအဆစ္နားမွာ မွဲ႕ညိုညိုေလးတစ္ေပါက္ေတာင္ ရွိေသးတယ္"
"..."
" လက္ေခ်ာင္းေလးက သြယ္တာေတာ့ ေတာ္ေတာ္သြယ္တယ္ေနာ္... လုံးပတ္က ဘယ္ေလာက္မွေတာင္ ရွိဟန္မတူဘူး.. မင္း လက္ေလးေတြရွည္လိုက္တာဆိုၿပီး ဘယ္သူမွ မေျပာၾကဘူးလား"
ေခြးစကားေတြ...
ဒီေသာက္႐ူးကမွ တကယ္ စိတ္ေရာဂါျဖစ္ေနတာနဲ႕ တူတယ္...
" မေျပာဘူး"
ခ်ီခ်င္း လက္ဆစ္ေလးမ်ား တန႔္ေနဆဲရွိေသးသည္။
" ဘာလို႔လဲဆိုေတာ့ ကမာၻေပၚမွာ အ႐ူးေတြ အမ်ားႀကီး မရွိၾကဘူးေလ"
ထိုသူက စိတ္မဆိုးသည့္အျပင္ ထိုစကားေၾကာင့္ ၿပဳံးပင္ ၿပဳံးလိုက္ေသးသည္။
" မင္း စိတ္ဆိုးသြားတာလား"
" ခင္ဗ်ား မသိေသးဘူးဆိုရင္"
ခ်ီခ်င္းက လက္ကိုဆြဲဖယ္ကာ ဆက္ေျပာျပန္သည္။
" ဒီ့ထက္ ပိုသိသာေအာင္ ကြၽန္ေတာ္ လုပ္ေပးလို႔ရပါတယ္"
သို႔ေသာ္ သူ႕လက္ေခ်ာင္းအဆစ္ေလးမ်ားကို တစ္ဖက္လူက ဖိထားေသာေၾကာင့္ ဖယ္မရ။ ထိုသူ၏ အသံက ပုံမွန္အတိုင္းျဖစ္ေသာ္လဲ တစ္စုံတစ္ေယာက္ကို ေခ်ာ့ေမာ့ေနသကဲ့သို႔ အသံထြက္လာသည္။
" အင္းပါ.. စိတ္မဆိုးပါနဲ႕ေတာ့ ကိုယ္ လႊတ္ေပးပါ့မယ္"
ထိုသူမွာ လူသားတို႔၏ စိတ္ေနသေဘာထားကို စမ္းသပ္ရာ၌ အေတာ္ေလး ကြၽမ္းက်င္သူ ျဖစ္ေလာက္သည္။ ခ်ီခ်င္း သည္းမခံနိုင္ေလာက္ေသာ စည္းကို နင္းၿပီးသည္ႏွင့္ ျဖည္းျဖည္းခ်င္း လက္လႊတ္ေပးလိုက္သည္။
" မင္း ဝင္လာတာ ငါးမိနစ္ျပည့္ေတာ့မယ္... အခုမွပဲ မင္း မ်က္ႏွာေပၚမွာ အမူအရာေလး ေပၚေတာ့တယ္"
ထို႔ေနာက္ ခ်ီခ်င္း ဘာလုပ္မည္ကို သိေနဟန္ျဖင့္ ထိုသူက လက္ေခ်ာင္းေလးႏွစ္ေခ်ာင္းႏွင့္ ဘယ္ဘက္သို႔ လက္ျပလိုက္သည္။
" တံခါးကထြက္ၿပီး ေကာ္ရစ္တာအဆုံးေရာက္ရင္ ဘယ္ဘက္ခ်ိဳးလိုက္ ... သန႔္စင္ခန္းကို ေတြ႕လိမ့္မယ္"
ခ်ီခ်င္း လက္ကို ႏွစ္ႀကိမ္တိတိ ေဆးေၾကာ၏။
ေရပိုက္ပိတ္လိုက္ေသာအခါ သူ႕နားထဲမွ ေရစီးသံမ်ားရပ္သြားေလသည္။
ထိုသူ ဆရာဝန္လုံးဝမျဖစ္နိုင္ဟု ခ်ီခ်င္း ေတြးလိုက္သည္။
ဆင္ယင္ထားေသာ အဝတ္အစား... အလုပ္ႏွင့္ မလိုက္ဖက္ေသာ ပုံစံ အက်င့္စရိုက္.. ပုံမွန္မဟုတ္ေသာ ခ်ဥ္းက်ပ္မႈ....
သူ႕စိတ္ထဲမွ သံသယတို႔က ေတြးေလေလ ပိုမ်ားလာေလျဖစ္ေနသည္။ သဲလြန္စအားလုံးက ထိုသူ ဆရာဝန္မဟုတ္သည္ကို ၫႊန္ျပေနေသာ္လဲ အလြန္အမင္း သဘာဝဆန္ေသာ အျပဳအမူႏွင့္ တပါးသူ၏ စိတ္ေနသေဘာထားကို နားလည္လြန္းေနသည္ေၾကာင့္ ဆရာဝန္လုံးဝမဟုတ္ဟု တထစ္ခ် မေျပာနိုင္ျပန္။
မိနစ္အနည္းငယ္အၾကာတြင္ေတာ့ သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ ျပန္ေတြ႕ၾကျပန္သည္။
" မင္းရဲ႕ လကၡဏာေတြက ဘယ္အခ်ိန္ေလာက္က စျဖစ္တာလဲ"
" လြန္ခဲ့တဲ့ ဆယ္ႏွစ္က"
" လြန္ခဲ့တဲ့ ဆယ္ႏွစ္က ဘယ္လိုအေၾကာင္းရင္းမ်ား ရွိခဲ့လို႔လဲ... ေျပာဖို႔ အဆင္မေျပဘူးဆိုရင္ မေျပာလဲ ရပါတယ္"
ခ်ီခ်င္းမွာ အနည္းငယ္ပင္ ေတြေဝမႈ မရွိ။
" အဆင္မေျပဘူး"
"..."
ထိုသူက စာ႐ြက္ေပၚ လက္ေခ်ာင္းေလးတင္၍ မ်က္လုံးလွန္ၾကည့္သည္။ ထိုသူ၏ အၾကည့္မွာ ႐ႊန္းစိုေနကာ တစ္ဖက္လူ ေဒါသျဖစ္ေနသည္ကို တပ္အပ္ သိသြားပုံပင္။
" ေကာင္းၿပီေလ... မေျပာခ်င္ရင္ မေျပာလို႔ရပါတယ္"
ထို႔ေနာက္ ထိုသူက စကားလမ္းေၾကာင္းလႊဲလိုက္သည္။
" သီခ်င္း ဖြင့္ေပးရမလား"
ခဏအၾကာတြင္ ၿငိမ့္ေညာင္းေသာ စႏၵယားသံက ေဆြးေႏြးခန္းထဲ ပ်ံ့လြင့္လာသည္။
တစ္ခန္းလုံးတြင္လဲ အေမႊးရနံ႕ သင္းသင္းေလးကို ရေနသည္။
" စိတ္ပညာရွင္ေတြက ဂီတဟာ စိတ္ခံစားခ်က္ကို ေဖာ္ေဆာင္တဲ့ေနရာမွာ အေထာက္အကူျပဳတဲ့ အရာလို႔ ယုံၾကည္ၾကတယ္... ဂီတက လူေတြကို စိတ္ၿငိမ္ေစနိုင္တဲ့ ဘာသာစကားတစ္မ်ိဳးတဲ့"
ထိုသူက စားပြဲကို လက္ေခ်ာင္းေလးမ်ားႏွင့္ ႏွစ္ခ်က္သုံးခ်က္ ေခါက္ေနသည္။
" မင္း မ်က္လုံးမွိတ္ၾကည့္လိုက္"
ဂီတအေပၚ ခံစားခ်က္မရွိသည္ကို ခ်ီခ်င္း ေျပာခ်င္ေနသည္။
အဆိုပါနည္းလမ္းမ်ိဳးကို အႏုပညာသင္တန္းတြင္ သူ စမ္းၾကည့္ခဲ့ဖူးၿပီးသား။
႐ုပ္ရွင္ေမဂ်ာမွ တျခားေမဂ်ာေျပာင္းရန္ သူ႕ကို ေဖ်ာင္းဖ်ေနေသာ သ႐ုပ္ေဆာင္နည္းျပဆရာ၏ပုံရိပ္ကို ခ်ီခ်င္း မ်က္လုံးထဲ ျပန္ျမင္လာသည္။
" ဆရာတို႔လဲ မင္းကို ထိန္းခ်ဳပ္ထားသလို မျဖစ္ခ်င္လို႔ပါ... မင္းက သ႐ုပ္ေဆာင္ေလာကနဲ႕ တကယ္ မလိုက္ဖက္ဘူး... ႏွစ္ေပါင္းမ်ားစြာ ကြဲကြာေနတဲ့အေဖနဲ႕ ျပန္ေတြ႕တဲ့ အခန္းေလးကိုပဲ သ႐ုပ္ေဆာင္ခိုင္းတာေတာင္ မင္းပုံစံက လက္စားေခ်ဖိဳ႕ ျပန္ေရာက္လာသလို ျဖစ္ေနတယ္... ဆရာတို႔နည္းျပေတြ အကုန္လုံး ေဆြးေႏြးခဲ့ၾကၿပီးၿပီ... ဆရာတို႔ထဲက ဘယ္သူကမွ မင္းကို သ႐ုပ္ေဆာင္ပညာ ဘယ္လိုသင္ေပးရမလဲ မသိၾကဘူး... ေကာင္းကင္ႀကီးက အက်ယ္ႀကီးပါကြာ.. မင္း ပ်ံသန္းခ်င္တဲ့ေနရာ လြတ္လြတ္လပ္လပ္ ပ်ံသန္းလို႔ရပါတယ္.. ဘာလို႔ ငါတို႔ဌာနေသးေသးေလးကိုမွ မင္း ဆြဲကိုင္ထားမွာလဲ"
ခ်ီခ်င္း မ်က္လုံးမွိတ္မည္အလုပ္ မ်က္လုံးေထာင့္မွ ဓာတ္ပုံေဘာင္တစ္ခုက သူ႕အာ႐ုံကို ဖမ္းစားသြားသည္။
ကေလးမေလးတစ္ေယာက္ ကိတ္မုန႔္ေပၚမွ ဖေယာင္းတိုင္မ်ားကို အားရပါးရ မႈတ္ေနပုံရကာ ဓာတ္ပုံေအာက္ဖက္ ေထာင့္နားေလးတြင္ေတာ့ ယခုလ ၂၅ရက္ေန႕ကို မႏွစ္က ရက္စြဲႏွင့္ ေရးထိုးထားသည္။
အဆိုပါဓာတ္ပုံကို ႏွစ္ႀကိမ္သုံးႀကိမ္ ျပန္ၾကည့္ၿပီးေနာက္ အခန္းထဲ ေဝ့ဝဲၾကည့္လိုက္ရာ စားပြဲေပၚတြင္ တျခား အသုံးအေဆာင္ပစၥည္းအခ်ိဳ႕.. ဖြင့္ထားေသာ ဘယ္ရီသီး ဘူးတစ္ဘူးတို႔သာ ရွိၿပီး တန္ဖိုးႀကီးႀကီးမားမား ပစၥည္းတစ္ခုမွ မရွိ။ ကြန္ပ်ဴတာေဘးတြင္ ေထာင္ထားေသာ ျပကၡဒိန္ေပၚတြင္ေတာ့ ယခုလ၏ ၂၅ရက္ေန႕ကို အနီေရာင္မွင္ႏွင့္ ဝိုင္းထားေလသည္။
ခ်ီခ်င္းက လက္အိတ္ထိပ္ဖ်ားကို လက္ေခ်ာင္းေလးမ်ားႏွင့္ ပြတ္ရင္း ထိုင္သည့္အေနအထား ျပင္လိုက္၏။
" ကြၽန္ေတာ္ ေမးစရာ တစ္ခုရွိလို႔... ေနာက္ ေဆြးေႏြးရမဲ့ ရက္က ဘယ္ေတာ့လဲ"
ထိုသူက ေအးေအးေဆးေဆးသာ ျပန္ေျဖသည္။
" အခ်ိန္မေ႐ြးပဲေလ... မင္း အားတဲ့အခ်ိန္ေပၚ မူတည္တာေပါ့"
"၂၅"
ခ်ီခ်င္းက ထပ္ေျပာသည္။
" ကြၽန္ေတာ္ ၂၅ ရက္ေန႕ တစ္ရက္ပဲ အခ်ိန္ရတယ္"
တစ္ဖက္လူမွာ သူ႕စကားကို ဂ႐ုမထားမိေသး။
" ၾကည့္ရတာ မင္းက အလုပ္အရမ္းရႈပ္တဲ့ပုံပဲ"
ထိုသူမွာ ၂၅ရက္ေန႕ကို လုံးဝ တုံ႕ျပန္မႈ မရွိ။
ခ်ီခ်င္းက ထိုသူကို တစ္ခ်က္ၾကည့္ကာ " ခင္ဗ်ား ဒီက ဆရာဝန္မဟုတ္ဘူး" ဟု ေျပာမည္ႀကံ႐ုံရွိေသး ေဆြးေႏြးခန္းတံခါးကို အျပင္မွ တစ္စုံတစ္ေယာက္ တြန္းဖြင့္လိုက္၍ ပြင့္သြားသည္။
ဆြယ္တာအျဖဴေရာင္ဝတ္ကာ လက္ထဲတြင္ ေရေႏြးဘူးတစ္ဘူးကို ကိုင္ထားေသာ လူတစ္ေယာက္က တံခါးဝတြင္ ရပ္ေနသည္။ ထိုသူ၏ ရင္ဘတ္တြင္ " JK စိတ္က်န္းမာေရး ေဆးခန္း ေဒါက္တာ ဝူက်င္းယြီ" ဟု ေရးထားေသာ ရင္ထိုးတစ္ခုကို ထိုးထား၏။
ေဒါက္တာဝူ အစစ္မွာ ခ်ီခ်င္း ၾကားဖူးခဲ့ေသာ သတင္းမ်ားအတိုင္း ညင္သာ သိမ္ေမြ႕ဟန္ရွိ၏။ ေဆြးေႏြးခန္းထဲမွ အေနအထားကို တစ္ခ်က္ၾကည့္ရင္း ေၾကာင္အေနပုံေပၚေသာ္လဲ စကားေျပာဟန္က ညင္သာေနဆဲပင္။
" ေက်းဇူးျပဳၿပီး.. ခင္ဗ်ားတို႔ ဘာလုပ္ေနတာလဲ ေျပာလို႔ရမလား"
ေဒါက္တာဝူ ခဏေလး အျပင္ထြက္ကာ ဘယ္ရီသီး ေရေဆး.. သန႔္စင္ခန္း ခဏဝင္၍ ေရေႏြတစ္ခြက္ သြားယူျခင္းသာ ျဖစ္၏။ ျပန္ေရာက္ေရာက္ခ်င္း သူ႕႐ုံးခန္းထဲ ဘာေတြ ျဖစ္ပ်က္ေနသည္ကို သူ နားမလည္နိုင္ေတာ့။
" ေတာင္းပန္ပါတယ္ ဆရာရွင့္"
အျပင္မွ စာေရးမေလးသည္လဲ စကားသံေၾကာင့္ အေျပးလာၾကည့္ရင္း ေတာင္းပန္စကားဆိုလိုက္သည္။
" ကြၽန္မ အမွားလုပ္မိသြားတာပါ.. လူႀကီးမင္းရွဲ႕နဲ႕ ေဆြးေႏြးတာ ၿပီးသြားၿပီထင္လို႔ လူႀကီးမင္းခ်ီကို ဝင္ခိုင္းလိုက္တာပါ"
လူႀကီးမင္းရွဲ႕ ဆိုသည္မွာ ေစာေစာက စာေရးမေလးႏွစ္ေယာက္ ေျပာေနၾကသည့္ လူနာပင္ ျဖစ္ေပလိမ့္မည္။
ေဒါက္တာဝူ၏ ႐ုံးခန္းထဲတြင္ေတာ့ အတန္ၾကာသည္အထိ တိတ္ဆိတ္သြားေလသည္။
ေဒါက္တာဝူမွာ ေတာင္ပိုင္းေလသံခပ္ဝဲဝဲႏွင့္ ျဖည္းျဖည္းခ်င္း ေမးေနသည္။
" လူႀကီးမင္းရွဲ႕... ကြၽန္ေတာ္ အျပင္ခဏသြားလို႔ ရမလားဆိုၿပီး ခြင့္ေတာင္းေတာ့ ခင္ဗ်ား အဆင္ေျပတယ္ စာအုပ္ဖတ္ရင္း ေစာင့္ေနမယ္လို႔ ေျပာခဲ့တာမဟုတ္ဘူးလား.. အခု ဘာျဖစ္လို႔..."
ဘာျဖစ္လို႔ ဒီလိုေတြ ျဖစ္ေနတာလဲ...
မ်ိဳးရိုးအမည္ ရွဲ႕ဆိုေသာ ထိုသူကေတာ့ "မတူညီေသာ စရိုက္မ်ားႏွင့္ စိတ္ပညာ" စာအုပ္အဖုံးကို လက္ေခ်ာင္းေလးႏွင့္ ပုတ္ျပရင္း ေျဖရွင္းခ်က္ ေပးေနသည္။
" ကြၽန္ေတာ္လဲ စာအုပ္ဖတ္ေနတာပဲေလ... ဟိုနားက ခုံက ထိုင္လို႔မေကာင္းလို႔ ဆရာ့ခုံကို ခဏငွားထိုင္တာ... မယုံရင္ သူ႕ကိုေမးၾကည့္"
မွန္တာေပါ့...
မ်က္ႏွာကို စာအုပ္ႏွင့္ ဖုံးထားျခင္းကို စာဖတ္သည္ဟု ယူဆလွ်င္ ထိုသူ႕စကား မမွား။
ၿပီးေတာ့ တျခားသူ ႐ုံးခန္းထဲမွ ထိုင္ခုံကို သက္ေတာင့္သက္သာ ထိုင္ျခင္းကို ခဏငွားသည္ဟု ယူဆလွ်င္ေပါ့..
ခ်ီခ်င္း ဒီေန႕ အိမ္မွ မထြက္ခင္ ျပကၡဒိန္ ေသခ်ာမၾကည့္ခဲ့ရေသာ္လဲ သူ႕အတြက္ေတာ့ ျပႆဒါးေန႕သာ ျဖစ္သည္။ ထိုသူ ဆရာဝန္မဟုတ္သည္ကို ခန႔္မွန္းမိေသာ္လဲ ထိုသူကိုယ္တိုင္က လူနာတစ္ေယာက္ ျဖစ္ေနမည္ကိုေတာ့ နည္းနည္းေလးပင္ မေမွ်ာ္လင့္ထား။
" မင္း အထင္လြဲသြားတယ္နဲ႕တူတယ္"
ရွဲ႕မ်ိဳးရိုးႏွင့္လူက ခ်ီခ်င္းကို ၾကည့္ရင္း ဆက္ေျပာသည္။
" ကိုယ္ ဆရာဝန္လို႔ မင္းကို မေျပာမိဘူးလို႔ ထင္တာပဲ"
" အဲ့ဒါဆို ခင္ဗ်ား ခုနေျပာတာေတြက ေလွ်ာက္ေျပာေနတာေပါ့"
ရွဲ႕မ်ိဳးရိုးက မ်က္ခုံးတစ္ခ်က္တြန႔္သည္။
" မင္းက ႐ုတ္တရက္ တံခါးတြန္းဖြင့္ၿပီး ဝင္လာတာေလ.. ေဒါက္တာဝူမရွိဘူးဆိုေပမဲ့ ကိုယ္လဲ ယဥ္ေက်းမႈ သိတတ္တဲ့အေနနဲ႕ ကိုယ္တို႔အခ်င္းခ်င္း ရင္းရင္းႏွီးႏွီး ဆက္ဆံေပးရမယ္ထင္လို႔ပါ"
"..."
ရင္းႏွီးလိုက္တဲ့ ဆက္ဆံေရး!!!!
သို႔ေသာ္ ေမွ်ာ္လင့္မထားေသာ အမွားမွာ ခပ္ျမန္ျမန္ပင္ ေျဖရွင္းၿပီးစီးသြားခဲ့သည္။ တကယ္ေတာ့ ပုံမွားရိုက္ေသာ ရွဲ႕လူႀကီးမင္းက သူ႕ဟာသူပင္ ေျဖရွင္းလိုက္ျခင္းျဖစ္၏။
" မင္း စိတ္အေႏွာင့္အယွက္ျဖစ္သြားရင္ ေတာင္းပန္တယ္ေနာ္... ကိုယ့္ဘက္က ေသခ်ာမရွင္းျပမိတာပါ"
ထို႔ေနာက္ စာေရးမေလးအမွားမဟုတ္ပဲ သူ႕အမွားသာျဖစ္ေၾကာင္း ေနာက္တစ္ေခါက္ထပ္ေျပာ၍ ေဒါက္တာဝူကိုပင္ ပူရွိန္းသၾကားလုံးတစ္လုံး ေပးလိုက္ေသးသည္။
" ေဒါက္တာဝူ.. ခုန ဆရာ့အသံနည္းနည္း အက္ေနလို႔ေလ.. လည္ေခ်ာင္းေလးဘာေလး ဂ႐ုစိုက္ပါဗ်ာ"
မသြားခင္ အခန္းတံခါးကိုပါ ေသခ်ာပိတ္ေပးခဲ့သည္။
ေဒါက္တာဝူမွာ ခဏၾကာသည္အထိ ေၾကာင္အေနေသး၏။ ထို႔ေနာက္မွ
" ခြင့္ျပဳပါ လူႀကီးမင္းခ်ီ... ကြၽန္ေတာ့္ကို အခ်ိန္ခဏေလာက္ပဲ ေပးပါ.. ျပင္ဆင္စရာရွိတာ ျပင္ဆင္ၿပီးရင္ ကြၽန္ေတာ္တို႔ ေဆြးေႏြးလို႔ ရပါတယ္"
ရိုးသားစြာ ဝန္ခံရလွ်င္ ခ်ီခ်င္း ဒီေဆးခန္းတြင္ ဆက္မေနခ်င္ေတာ့။ ခြၽတ္ထားေသာ လက္အိတ္ကို စားပြဲေပၚတင္၍ ေဘးတြင္ ဝင္ထိုင္ကာ ေစာင့္ရင္း ဖုန္းၾကည့္ေနလိုက္သည္။
သို႔ေသာ္ ဖုန္းဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရသည္က နာရီမဟုတ္ပဲ က်ိမင္ေ႐ြ႕ ဆက္တိုက္ပို႔ထားေသာ စာမ်ားကိုသာ ျဖစ္ေနသည္။
က်ိမင္ေ႐ြ႕က ဒီေန႕ အလုပ္ရွိေသာ္လဲ ခ်ီခ်င္း ေဆး႐ုံသြားမည့္အေၾကာင္းကိုသာ ေတြးမိေနသျဖင့္ မေမးပဲ မေနနိုင္။
.. ေဆး႐ုံသြားမယ္ဆို .. သြားျဖစ္လား...
... ဆရာဝန္က ဘာေျပာလဲ...
... မေန႕က အိမ္ျပန္ေရာက္ေတာ့ ငါ ေသေသခ်ာခ်ာ စဥ္းစားၾကည့္ေသးတယ္.. မင္းရဲ႕ေရာဂါက တကယ္ ကုရခက္မဲ့ပုံပဲကြ...
ေနာက္ပိုင္းပို႔ထားေသာ စာကေတာ့ အေတာ္ေလး ရွည္ေလသည္။
.... ငါတို႔ ပထမဆုံးေတြ႕တဲ့ေန႕ကို မွတ္မိတယ္မဟုတ္လား.. ငါတို႔ အထက္တန္း ပထမႏွစ္စတက္တုန္းကေလ ပထမႏွစ္တစ္ႏွစ္လုံး မင္းရဲ႕လက္ ဘယ္လိုပုံစံရွိတယ္ဆိုတာေတာင္ ငါ မျမင္ဖူးခဲ့ဘူး... အဲ့ဒီ့တုန္းကဆို မင္းမွာ ရွက္စရာေကာင္းတဲ့ ေရာဂါရွိေနတာလား လက္ေခ်ာင္းေတြ ဘာေတြမ်ား ျပတ္ေနတာလားလို႔ေတာင္ ထင္ေနခဲ့တာ...
ခ်ီခ်င္း စာျပန္လိုက္သည္။
.... ရွက္စရာေကာင္းတဲ့ေရာဂါ မင္းမွာပဲရွိတာ...
ထို႔ေနာက္ စာထပ္ျပန္သည္။
... အ႐ူးတစ္ေကာင္နဲ႕ ေတြ႕ခဲ့တယ္...
အစစ္အမွန္ေဆြးေႏြးျခင္းကေတာ့ ေခ်ာေမြ႕စြာပင္ စတင္ခဲ့သည္။ ေဒါက္တာဝူမွာ တကယ့္ကို ေလေျပညင္းေလးအလားပင္။
ေဆြးေႏြးမႈမစခင္ ေဒါက္တာဝူက ေရေႏြးဘူးကို ေဘးခ်ကာ ဖိုင္တြဲ ျပန္လွန္သည္။
ခ်ီခ်င္းဖိုင္တြဲ၏ အေပၚတြင္ ဖိုင္တြဲေနာက္တစ္ခုရွိေသးသည္။ တျခားသူမ်ား၏ ကိုယ္ေရးကိုယ္တာကို စိတ္မဝင္စားေသာ္လဲ ထိုစာ႐ြက္ကိုေတာ့ သူ လွ်စ္လ်ႉရႈမထားနိုင္။ အဆိုပါ ဖိုင္တြဲက ကြက္လပ္ခ်ည္းသာ ျဖစ္ေနသည္။
စိတ္က်န္းမာေရး ဆရာဝန္မ်ားသည္ လူနာမ်ားႏွင့္ ေဆြးေႏြးၾကသည့္အခါတိုင္း လူနာမ်ား၏ ေရာဂါအမည္ႏွင့္ ေရာဂါအဆင့္ သတ္မွတ္ခ်က္မ်ားကို ခ်ေရးထားေလ့ရွိသည္။
သို႔ေသာ္ အဆိုပါစာ႐ြက္တြင္ေတာ့ ဘာမွတ္ခ်က္မွ ရွိမေန။ လူနာ အမည္ေနရာတြင္ ရွဲ႕လင္ ဆိုေသာ စာလုံးႏွစ္လုံးမွလြဲ၍ ေဘာပင္ရာတစ္ခ်က္ပင္ ရွိမေန။
႐ုံးခန္းအျပင္ဘက္ ေလွ်ာက္လမ္းတြင္ ရွဲ႕လင္တစ္ေယာက္ စာေရးမေလးႏွင့္အတူ အျပင္ထြက္လိုက္လာသည္။ ထို႔ေနာက္ အလုပ္ျပန္လုပ္ေနေသာ စာေရးမေလးတစ္ေယာက္က ေနာက္တစ္ေယာက္ကို ခပ္တိုးတိုးေျပာလိုက္သည္။
" လူႀကီးမင္းရွဲ႕လို လူမ်ိဳးမွာ ဘာေရာဂါမ်ား ရွိနိုင္မွာလဲ"
" အရင္တစ္ေခါက္က ေဒါက္တာဝူနဲ႕ သူ ဖုန္းေျပာေနတာကို ငါ ၾကားဖူးတယ္ဟ"
ေနာက္တစ္ေယာက္က အသံတိုးတိုးႏွင့္ ျပန္ေျဖသည္။
" သူ ေျပာတာက လြန္ခဲ့တဲ့ ဆယ္ႏွစ္အတြင္း ဒီလိုအေျခအေနမ်ိဳးထိ တစ္ခါမွ မျဖစ္ခဲ့ဖူးဘူးတဲ့... ဘာျဖစ္တယ္ဆိုတာ ေသေသခ်ာခ်ာ မသိေသးလို႔ အခုေတာ့ တစ္ပတ္တစ္ခါ ဆရာဝန္နဲ႕ လာျပရမယ္လို႔ေတာ့ ေျပာလိုက္တာပဲ"
သူတို႔ေျပာေနေသာ စကားဝိုင္း၏ အဓိကဇာတ္ေကာင္ ရွဲ႕လင္မွာ ကားေစာင့္ရင္း နားေနခန္း၏ ဆိုဖာေပၚတြင္ ထိုင္ေနသည္။
သူ႕ေဘးတြင္ လွဲအိပ္ေနေသာ ေၾကာင္ေလးမွာ အခုမွ အိပ္ရာနိုးလာဟန္ႏွင့္ လွ်ာေလးထုတ္ကာ သူ႕အေမႊးသူ လွ်ာႏွင့္ လ်က္ေနသည္။
ရွဲ႕လင္က တစ္ခ်က္ငဲ့ၾကည့္ကာ ပြတ္သပ္ေပးလိုစိတ္ႏွင့္ လက္လွမ္းလိုက္သည္။
သို႔ေသာ္ ေၾကာင္ေလးမွာ သူ႕ကိုၿပဳံးၾကည့္ေနေသာ ထိုသူက သေဘာေကာင္းပုံေပၚသည့္တိုင္ သူ႕အၾကည့္ေၾကာင့္ တစ္ကိုယ္လုံး ဓာတ္လိုက္သြားသကဲ့သို႔ တုန္ယင္သြားသည့္အတြက္ ရွဲ႕လင္၏ လက္ သူ႕ေခါင္းေပၚ ေရာက္မလာခင္ အေမႊးမ်ားေထာင္ကာ ထြက္ေျပးေလ၏။
ခ်ီခ်င္း၏ ေဆြးေႏြးခ်ိန္မွာ တစ္နာရီေက်ာ္ၾကာသည္။ အေရးမႀကီးေသာ စကားအခ်ိဳ႕ႏွင့္ စိတ္က်န္းမာေရးဆရာဝန္တိုင္း ေျပာေလ့ရွိေသာ ဖန္တရာေနေသာ စကားလုံးတို႔က ပိုမ်ားေနသည္။
ေဒါက္တာဝူမွာ သူ႕စကား အလုပ္ျဖစ္သည္ မျဖစ္သည္ကို ေသခ်ာမသိ။ ခ်ီခ်င္းဆိုေသာ အမ်ိဳးသားမွာ သူစကားေျပာေနသည့္ တစ္နာရီလုံးလုံး မ်က္ႏွာအမူအရာတစ္ခ်က္ပင္ မေျပာင္းပဲ ၿငိမ္သက္စြာ ထိုင္ၾကည့္ေနေသာေၾကာင့္ပင္။
" အခ်ိန္ေတာ့ ျပည့္သြားပါၿပီ"
ေဒါက္တာဝူမွာ ပုံမွန္အတိုင္း မတ္တပ္ရပ္ကာ လူနာႏွင့္ လက္ဆြဲႏႈတ္ဆက္ေလ့ရွိသည္။
" ဒီေဆြးေႏြးျခင္းက ခင္ဗ်ားကို အကူအညီေပးဖို႔ ေမွ်ာ္လင့္ပါတယ္... ကြၽန္ေတာ္ ခင္ဗ်ားအေပၚမွာ ယုံၾကည္မႈအမ်ားႀကီးထည့္ထားတယ္.. ခင္ဗ်ားလဲ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္ရွိသင့္တယ္လို႔ထင္ပါတယ္"
ခ်ီခ်င္းမွာ ကားငွားရန္ ဖုန္းဖြင့္လိုက္သည္မို႔ လက္အိတ္ခြၽတ္ထားမိေလသည္။ ထို႔ေၾကာင့္ ေဒါက္တာဝူ၏ အေတြးမ်ားကို ေသခ်ာေပါက္ ၾကားလိုက္ရသည္။
~~~ တကယ္ေတာ့ ငါ အဲ့ေလာက္ထိ ယုံၾကည္ခ်က္မရွိဘူး.. ဒါေပမဲ့ အားေပးစကားေျပာတာလဲ ဆိုးေတာ့ မဆိုးပါဘူး~~~
ေဒါက္တာဝူမွာ သူ႕အားေပးစကားအဆုံးတြင္ ခ်ီခ်င္း၏ မ်က္ႏွာအမူအရာ အနည္းငယ္ေျပာင္းလဲသြားသည္ကို သတိထားမိလိုက္သည္။
ေဒါက္တာဝူ : ဘာျဖစ္လို႔လဲ.. ေမးစရာရွိေသးလို႔လားဗ်...
ခ်ီခ်င္းက သူ႕လက္သူ ျဖည္းညင္းစြာ ျပန္႐ုတ္သည္။
" မဟုတ္ပါဘူး.. ကြၽန္ေတာ္ လက္ေဆးခ်င္လို႔ပါ"
ေဒါက္တာဝူ :"..."
ထို႔ေနာက္ ေဒါက္တာဝူ တစ္စုံတစ္ခုကို သတိရသြား၏။
" ဒါနဲ႕ ဒီလ၂၅ရက္ေန႕မွာ ေနာက္ထပ္ရက္ခ်ိန္း လိုခ်င္တယ္လို႔ ေျပာလိုက္ေသးလားလို႔ေလ.. ဒါေပမဲ့ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ အဲ့ဒီ့ေန႕က..."
" ကြၽန္ေတာ္သိပါတယ္"
ခ်ီခ်င္းက တံခါးဖြင့္ကာ အျပင္ထြက္ရန္ျပင္သည္။
" ၂၅ရက္က ဆရာ့သမီးေမြးေန႕ေလ.. ဆရာ ဘယ္အားမွာလဲ"
ေဒါက္တာဝူ ေၾကာင္အသြားေလသည္။
" ခင္ဗ်ား ဘယ္လိုလုပ္..."
ခ်ီခ်င္းကေတာ့ ေဒါက္တာဝူ႕ကို ရွင္းျပရန္ စိတ္မရွည္။
" ေနာက္ထပ္ရက္ခ်ိန္းကိုေတာ့ ကြၽန္ေတာ္ စဥ္းစားလိုက္ပါဦးမယ္.. အခ်ိန္ကို ကြၽန္ေတာ္ ဆရာ့ကို အသိေပးပါ့မယ္"
ခ်ီခ်င္း ျပန္သြားသည့္အခ်ိန္က ေန႕လည္ေက်ာ္သြားသည့္အတြက္ လမ္းေပၚက်န္ေနေသာ မိုးေရစက္မ်ားအားလုံးနီးပါး အေငြ႕ျပန္ကုန္ၿပီျဖစ္၏။
တစ္ဖက္မွ က်ိမင္ေ႐ြ႕မွာ သူ႕ထံမွ ျပန္စာကို ေစာင့္ေနဆဲပင္။
... ဘယ္က အ႐ူးလဲ...
... ေရာဂါကုဖို႔ ေဆး႐ုံသြားတာမဟုတ္ဘူးလား...
... အဲ့ဒီ့ေတာ့ ဆရာဝန္က ဘာေျပာလိုက္လဲလို႔...
ခ်ီခ်င္းမွာ ကားထဲေရာက္ေတာ့ က်ိမင္ေ႐ြ႕စာကို ဖတ္ရင္း ေဒါက္တာဝူ၏ စိတ္ထဲမွ စကားသံမ်ား သူ႕နားထဲ ျပန္ေရာက္လာသည္။
သူ႕နားထဲမွ စကားသံမ်ား မဆုံးေသးခင္ ခ်ီခ်င္း ႐ုတ္တရက္ လက္အိတ္ခြၽတ္ကာ သူ႕လက္သူ ျပန္ငုံ႕ၾကည့္ေနသည္။
သူ႕ညာဘက္လက္သူႂကြယ္ ဒုတိယအဆစ္နားတြင္ သူတစ္ခါမွ သတိမထားမိခဲ့ေသာ မွဲ႕ေလးတစ္လုံးရွိေနသည္။ မွဲ႕က အေတာ္ေသးငယ္သည့္အတြက္ ျဖဴလြန္းေသာ အသားအေရေၾကာင့္သာ မဟုတ္ပါက ဘယ္သူမွ သတိထားနိုင္မည္မဟုတ္။
... မင္းရဲ႕ လက္ေခ်ာင္းေလးေတြက အရမ္းလွတာပဲ...
.... မင္းရဲ႕ လက္ေခ်ာင္းေလးေတြ အရမ္းရွည္တာပဲလို႔ ဘယ္သူမွ မေျပာဖူးဘူးလား....
...
ခ်ီခ်င္းမွာ အဆိုပါ မွဲ႕အညိုေရာင္ေလးကို စိုက္ၾကည့္ရင္း ရွဲ႕မ်ိဳးရိုးႏွင့္ လူ သူ႕လက္ကို ကိုင္လိုက္သည့္အခ်ိန္ ထိုသူ႕ပါးစပ္မွထြက္ေသာ ေပါက္ကရ စကားမွလြဲ၍ တျခားဘာသံမ်ား ၾကားရေသးလဲ ျပန္ေတြးေနသည္။
ကားအျပင္မွ ျမင္ကြင္းတို႔က တျဖည္းျဖည္းခ်င္း ေျပာင္းလဲသြား၏။
ခ်ီခ်င္း အေတာ္ၾကာသည္အထိ ျပန္ေတြးၿပီးေတာ့မွ နားလည္သြားသည္။ အဆိုပါအ႐ူးေကာင္ သူ႕လက္ကို ကိုင္သည့္အခ်ိန္ ထိုအ႐ူးေကာင္၏ စိတ္ထဲမွ အသံကို သူ ဘာမွ မၾကားခဲ့ရ။
.......
End of part 4
Thank you all