《Wolf pair》- ဘာသာပြန်

By wishywish0805

44.1K 7.2K 525

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 22

315 60 2
By wishywish0805

Chapter ● 22 ●

ပျန်းနမ်နှင့်ဝမ့်ဖေးတို့နှစ်ယောက်သားသည် ရှစ်ခေါက်ချိုးမျက်နှာထားနှင့် သုန်မှုန်ကြမ်းကြုတ်သောအမူအရာဖြင့် ဒိုင်ယာလော့များ ပြောပြီးသွားပြီးနောက် ဝင်းခြံမှာ တိုတောင်းသော တိတ်ဆိတ်မှုထဲ ကျရောက်သွားတော့သည်။

ဤလူများမှာ ကျွမ်းကျင်အဆင့် လူရမ်းကားများ မဟုတ်နေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေသည်။ သာမန်ပြည်သူနှင့် သာမန်ပြည်သူတို့၏ သာမန်မိတ်ဆွေသူငယ်ချင်းများသာ ဖြစ်ကြသည်။ ပုံသဏ္ဌာန်အနေအထားအရဆိုလျှင် ပျန်းနမ်နှင့်ဝမ့်ဖေးတို့ကို သေချာပေါက် လုံးဝမယှဥ်နိုင်ချေ။

ပဍိပက္ခသဘောကို ပိုမိုအားကောင်းစေရန်အတွက် ပျန်းနမ်သည် တုတ်ချောင်းကို ကိုင်ပြီး ချိုးယိရှေ့သို့ လျှောက်လာခဲ့သည်။ တုတ်ချောင်းဖြင့် ချိုးယိကို ပွတ်ထိသွားလျက် ဘေးနားရှိ ထိုင်ခုံပေါ်သို့ ရိုက်ချလိုက်ပြီး ကြမ်းကြုတ်ခက်ထန်စွာ ပြောလိုက်သည်။

"ဒီနေ့ ပိုက်ဆံမပေးရင် ငါ မပြန်တော့ဘူး"

"ပိုက်ဆံ ထုတ်မပေးရင် ဘယ်သူမှလည်း ထွက်မသွားရဘူး"

ဝမ့်ဖေးသည် လက်နောက်ပြန်ပို့ပြီး ချိုးယန့်အား ခြံထဲ ဆွဲသွင်းလာပြီးနောက် ခြံတံခါးပေါ် တစ်ချက်ကန်ထည့်လိုက်ရင်း -

"ကျွန်တော်တို့လည်း လွယ်နေတာမဟုတ်ဘူး။ ပူပူအိုက်အိုက်ကြီးမှာ သွားလိုက်ပြန်လိုက် ပြေးနေရတာ။ လမ်းသွယ်ထိပ်မှာ အပေါင်းအပါတွေ စောင့်နေသေးတယ်။ ဒီနေ့ ပိုက်ဆံနည်းနည်းပါးပါး ထုတ်မပေးလို့ ကျွန်တော်တို့ အလုပ်ပြီးကြောင်း မတင်ပြနိုင်ရင် ခင်ဗျားတို့လဲ ကောင်းကောင်းနေရဖို့ မစဥ်းစားနဲ့"

လမ်းသွယ်ထိပ်တွင် လူတစ်သိုက် စောင့်နေသေးကြောင်းကို ကြားမိသည်နှင့် အမျိုးသားတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး -

"ငါတို့လည်း ပိုက်ဆံလာတောင်းတာ"

"အဲဒါတွေ ကျွန်တော် ဂရုမစိုက်ဘူး။ ခင်ဗျားတို့ ပိုက်ဆံတောင်း‌တာ ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး"

ပျန်းနမ်က ထိုင်ခုံ‌ပေါ် ဝင်ထိုင်လိုက်ပြီး လက်ထဲရှိ တုတ်ချောင်းကို မြေကြီးပေါ် တစ်ချက်တစ်ချက် ခေါက်နေရင်း -

"ခင်ဗျားတို့က သူ့အိမ်ရဲ့အမျိုးတွေဆိုတာပဲ ကျွန်တော်သိတယ်။ သူ့မှာ ပိုက်ဆံမရှိဘူးဆိုတော့ ကျွန်တော် ခင်ဗျားတို့ဆီကပဲ တောင်းမယ်"

"ဒီလို အဓိပ္ပာယ်မရှိတဲ့သဘောတရားမျိုး ရှိလို့လား။ မကြားဖူးဘူး"

အမျိုးသမီးက အော်လိုက်ပြီး ခြံတံခါးပေါက်ဆီ ခြေနှစ်လှမ်း လှမ်းလိုက်သည်။

"အခု ကြားဖူးပြီလေ"

ဝမ့်ဖေးက ခြံလယ်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး ထိုအမျိုးသားကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကာ မသိမသာဖြင့် ခြံတခါးဆီ သွားရာလမ်းကို ဖယ်ပေးလိုက်သည်။

"အရင် ပြန်လိုက်မယ်"

အမျိုးသားက မျက်မှောင်ကြုတ်ထားရင်း -

"ရှုပ်ရှုပ်ယှက်ယှက် ဗရုတ်သုတ်ခတွေ။ ပြဿနာတွေ အပုံလိုက် ရှာထားတာပဲ"

ခြံထဲတွင် နေရာယူ မတ်တတ်ရပ်နေသူတို့ လှုပ်ရှားသွားကြကာ အတူတကွလိုက်ပြီး ခြံတံခါးဆီ ရွှေ့ကြသည်။

"ထွက်သွားချင်တယ်ပေါ့ ဟုတ်လား"

ပျန်းနမ်က တုတ်ချောင်းကို ကိုင်လျက် မတ်တတ်ရပ်လိုက်သည်။

မည်သူမျှ သူ့ကို ပြန်မဖြေကြ။ လူတစ်စုမှာ ခြံထဲမှ ခပ်သွက်သွက် ထွက်ခွာသွားကြပြီးတော့မှ လမ်းသွယ်ထဲဆီမှ လွင့်ပျံ့ထွက်ပေါ်လာသော သူတို့၏ ဆူဆဲကျိန်းမောင်းသံကို ကြားရတော့သည်။

"ငွေပြန်ဆပ်လေ။ ဘာထွက်ပြေးနေကြတာလဲ"

ပျန်းနမ်မှာ ဇာတ်လမ်းထဲသို့ နက်နက်နဲနဲ နစ်မြုပ်နေကာ တုတ်ချောင်းကို လွှဲယမ်းပြီး ဘေးနားရှိ စပျစ်စင်ပေါ်သို့ တစ်ချက် ခေါက်ရိုက်လိုက်သည်။

စပျစ်စင်မှာ ဝုန်းခနဲ လှုပ်ခါသွားတော့သည်။

"ဟေး"

သူ့နောက်ရှိ ချိုးယိက သူ့ကို ခေါ်လိုက်၏။

"ဘာလုပ်ဖို့လဲ"

ပျန်းနမ်က ကိုယ်ကိုလှည့်လာပြီး တုတ်ချောင်းဖြင့် ချိုးယိအား ချိန်ရွယ်ထားသည်။

"...... နိုးလာတော့"

ချိုးယိက ခေါင်းမော့ပြီး စပျစ်စင်ကို ကြည့်လိုက်ပြီးနောက် -

"ရိုက်လိုက်လို့ စင်ပြိုသွားရင် မင်း ပြင်ပေးမှာလား"

"ငါ အားမထည့်လိုက်ဘူး"

ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး တုတ်ချောင်းကို ဘေးနားတစ်ဖက်ဆီ ပစ်ထုတ်လိုက်ကာ စပျစ်စင်ကို ကိုင်လှုပ်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို ဝုန်းခနဲ လှည့်ပြီး ဝမ့်ဖေး၏ နောက်ကျောဘက်ဆီ ကြည့်လိုက်ရင်း

"အာ့ပေါင်"

"သာ့ဟူကျစ် ..."

ချိုးယန့်မှာ ‌ထောင့်ချိုးထဲတွင် တောက်လျှောက်ရပ်နေလျက် မျက်ရည်သုတ်နေသည်။ ယခုတော့မှ အသံထွက်အောင် ငိုလိုက်ပြန်ပြီး ငိုနေရင်း ပျန်းနမ်တို့ရှိရာဘက်ဆီ ပြေးလာပြီး -

"ကိုကို --"

"မငိုနဲ့ မ ......"

ပျန်းနမ်က ခါးကိုင်းလိုက်ပြီး လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ချိုးယန့်မှာ မျက်ရည်သုတ်လျက် သူ့ဘေးနားမှ ဖြတ်ပြေးသွားပြီး သူ့နောက်ရှိ ချိုးယိ၏ရင်ခွင်ထဲ တိုးဝင်သွားကာ -

"ကိုကို --"

ဤမြင်ကွင်းကို မြင်သည်နှင့် ဝမ့်ဖေးမှာ အူမြူးသွားပြီး မရပ်မနားနိုင် ရယ်နေတော့သည်။

"ဟေ့"

ပျန်းနမ်က အော်လိုက်သည်။

"သာ့ဟူကျစ် --"

ချိုးယန့်မှာ လှည့်လာပြီး ပျန်းနမ်ရင်ခွင်ထဲ ပစ်ဝင်လာပြန်သည်။

"မငိုနဲ့ မငိုနဲ့"

ပျန်းနမ်မှာ သူ့ကို အလျင်အမြန် ဖက်လိုက်ပြီး -

"ဘာမှ မဖြစ်တော့ဘူးလေ။ လူတွေတောင် ပြန်သွားကြပြီ။ ခုနတုန်းကလည်း ငါ မင်းအစ်ကိုဆီက တကယ် ပိုက်ဆံတောင်းနေတာ မဟုတ်ဘူး။ သရုပ်ဆောင်နေတာကြီးရယ်။ နားလည်လား"

ချိုးယန့်မှာ ဝမ်းနည်းပက်လက်ကို သည်းသည်းထန်ထန် ရှိုက်ငိုနေတော့သည်။ ပြင်းပြင်းထန်ထန် ထိတ်လန့်သွားဟန်တူသည်။ ပျန်းနမ်က အားပါပါဖြင့် သူ့ကျောကုန်းလေးကို ပွတ်သပ်ပေးနေပြီး အသံကို ဖိလျက် ချိုးယိကို မေးသည်။

"ဘယ်လိုဖြစ်တာလဲ"

"ခဏနေကျရင် မင်းကို ပြောပြမယ်"

ချိုးယိက ဝှီးချဲကို လှည့်လိုက်ပြီး -

"ငါ့ကိုကူပြီး အာ့‌ပေါင်ကို ချော့ပေး။ ငါ ငါ့အဖေနဲ့ ခဏလောက် စကားအရင်ပြောလိုက်ဦးမယ်"

"အင်း"

ပျန်းနမ်က ချိုးယိကို ချီလိုက်ပြီး သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးလိုက်သည်။

ငိုလိုက်ခြင်းကြောင့် ချိုးယန့်၏နှာခေါင်းနှင့်မျက်လုံးတို့တောင် နီရဲတွတ်နေတော့သည်။ ကြည့်လိုက်လျှင် သနားစဖွယ်ဖြစ်နေပုံမှာ ပျန်းနမ်တစ်ယောက် ရင်ထဲလွန်စွာနာကျင်ရပြီး စိတ်မကောင်းဖြစ်ရသည်။ ဖက်ထားရင်း ဘယ်လိုလုပ်‌ပေးလျှင် ကောင်းမလဲတောင် မသိနေတော့ချေ။ ချိုးယန့်ခေါင်းလေးကို ပွတ်သပ်ပေးရုံသာ တတ်နိုင်တော့သည်။

"သားဆံပင်တွေ ...... ရှုပ်ကုန်ပြီ"

ချိုးယန့်က ရှိုက်ငိုနေရင်း ပြောသည်။

"ရှုပ်ကုန်ရင် ရှင်းသွားအောင် ပြန်ဖြီးလိုက်လို့ရတယ်လေ"

ပျန်းနမ်က အနည်းငယ် ရယ်ချင်စိတ်ဖြစ်နေသည်။ ယခုအချိန်တွင်တောင် ဆံပင်ရှုပ်ကုန်သည့်အကြောင်း တွေးမိနေသေး၏။

"အလိပ် ...... အလိပ်တွေရှိတော့ ......"

ချိုးယန့်မှာ ဆက်ရှိုက်နေရင်း -

"ရှုပ်ရင် ဖြီး ...... ဖြီးနေရင်းနဲ့ ...... တအားနာတယ် ......"

"အဲဒါဆို မဖွတော့ဘူး မဖွတော့ဘူး"

ပျန်းနမ်က သူ့ကို ဖက်ချီထားရင်း ထိုင်လိုက်ပြီး -

"မရှုပ်သွားဘူး"

"နမ်ကော"

ဝမ့်ဖေးက သူ့ဘေးတွင် ဝင်ထိုင်လိုက်ရင်း -

"ဟိုလူတွေ အပြင်ထွက်သွားပြီး လမ်းထိပ်မှာ ငါတို့အပေါင်းအပါတွေ စောင့်နေတာ မရှိတာကို သိသွားကြရင် ......"

"အဲဒီတော့ ဘာဖြစ်လဲ"

ပျန်းနမ်မှာ ဂရုမစိုက်နေဘဲ အသံကို ဖိနှိမ့်၍ -

"သူတို့တွေက ဒုစရိုက်လောကက လူဆိုးတွေမှ မဟုတ်နေတာ။ ပိုက်ဆံ လာတောင်းကြတာလေးပဲ။ နောက်တစ်ခါပြန်လာပြီး ငါတို့နဲ့တစ်ပွဲတစ်လမ်းလောက် နွှဲနိုင်မှာ မို့လို့လား"

"တစ်ပွဲတစ်လမ်းနွှဲလဲ သူတို့ကို မကြောက်နေဘူး။ ဒါကြီးတွေက ဘာတွေလဲကွာ ......"

ဝမ့်ဖေးက ခေါင်းကိုလှည့်ပြီး အိမ်ခန်းဆီ ကြည့်လိုက်ရင်း -

"သူ့အိမ်ကအမျိုးတွေက ဘာလို့ ဒီလိုဖြစ်နေရတာလဲ"

"ဘာထူးဆန်းနေလို့လဲ။ လူတိုင်းက မင်းအဘွားတို့မိသားစုလိုမျိုး စည်းလုံးနေကြတယ်များ ထင်နေလား ......"

ပျန်းနမ် သက်ပြင်း‌မောတစ်ချက် မှုတ်ထုတ်သည်။ ချိုးယိ၏ ဤဆွေမျိုးများကလည်း အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းနေသည်။

အကယ်၍ သူနှင့်ဝမ့်ဖေးတို့ ရောက်မလာခဲ့လျှင် ဤပြဿနာကို ချိုးယိတစ်ယောက် ဘယ်လိုအဆုံးသတ်မှာလဲ။

"ဖေး ရာ ..."

သူ စဥ်းစားလိုက်ပြီးနောက် ဝမ့်ဖေး၏ပခုံးကို ပုတ်လိုက်ပြီး -

"ဖက်ထုပ်အဆာ လုပ်တတ်လား"

ဝမ့်ဖေး တန့်သွားပြီး -

"ဖက်ထုပ် လုပ်ဦးမှာလား။ ဒီလိုတောင် ဖြစ်နေပြီကို ......"

"လုပ်မှာလေ။ ဘာလို့ မလုပ်ရမှာလဲ"

ပျန်းနမ်သည် ချိုးယန့်မျက်နှာကို လက်ခုပ်ထဲ ထည့်ကိုင်ရင်း တစ်ချက်နမ်းလိုက်ပြီးနောက် -

"ဘယ်လိုများ ဖြစ်နေလို့လဲ။ ဖက်ထုပ်လုပ်တာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ။ စိတ်ညစ်စရာရှိရင် ဖက်ထုပ် ထုပ်ရင်းထုပ်ရင်း အကုန် ပျောက်သွားရော"

"...... ဟုတ်ပြီလေ"

ဝမ့်ဖေးက ခေါင်းညိတ်လိုက်သည်။

.

ချိုးယိက ခုတင်ဘေးတွင် ထိုင်နေပြီး သူ့အဖေမှာ မျက်လုံးကို တောက်လျှောက်မှိတ်ထားလျက် ခုတင်ပေါ်တွင် လှဲအိပ်နေကာ စကားမပြောသလို လှုပ်လည်း မလှုပ်ပေ။

ချိုးယိလည်း မလှုပ်မယှက်ထိုင်နေပြီး သူ့အဖေနှင့်အတူ နှုတ်ဆိတ်နေသည်။

စက္ကန့်အနည်းငယ် ကြာသွားပြီးနောက် သူ့အဖေက သက်ပြင်းမောတစ်ချက် မှုတ်ထုတ်လိုက်ပြီး -

"သာ့ဟူကျစ် ဒီမှာ ရှိနေသေးတယ်မဟုတ်လား"

"အင်း။ အာ့ပေါင်ကို အဖော်လုပ်ပေးနေတယ်"

ချိုးယိက ပြန်ဖြေသည်။

"ဒါမှမဟုတ် မနက်ဖြန်ကျရင် မင်း ပိုက်ဆံနည်းနည်းယူပြီး မင်း ဦးလေး-၂ အိမ်ကို သွားပေး ......"

သူ့အဖေက သက်ပြင်းမောတစ်ချက် မှုတ်ထုတ်လိုက်ပြန်သည်။

"ဆယ်လပိုင်းရောက်ရင် တစ်စိတ်တစ်ပိုင်း ပြန်ဆပ်မယ်လို့ သူ့ကို ကျွန်တော် အရင်က ပြောထားဖူးတယ်။ သူကလည်း သဘောတူထားတယ်"

ချိုးယိက သူ့အဖေလက်ကို ပုတ်လိုက်ရင်း ဆက်၍ -

"အခု ပြဿနာလာရှာတာက ပိုက်ဆံကြောင့် မဟုတ်ဘူး။ မဟုတ်ရင် ဦးကြီးလည်း သူနဲ့ လိုက်လာမှာ မဟုတ်ဘူး"

"သူတို့က အိမ်ကြောင့်"

အဖေက မျက်နှာလွှဲလိုက်ပြီး နံရံဆီ မျက်နှာမူလိုက်သည်။

"အဖေက ဒီကိစ္စတွေအတွက် စိတ်ပူမနေနဲ့တော့"

ချိုးယိက လက်မောင်းကို လှုပ်ရှားလိုက်ပြီး -

"ထမင်းစားဖို့စောင့်ရင်း ခဏလောက် လှဲလိုက်။ ဒီနေ့ ဖက်ထုပ်လုပ်မှာ"

"ချိုးယိ"

အဖေက မျက်လုံးများ ဖွင့်လာပြီး သူ့ကို ကြည့်နေကာ -

"မင်း ......"

"မ‌မောဘူး။ မပင်ပန်းဘူး"

ချိုးယိ ပြုံးလိုက်ပြီး -

"အဖေ့ ဒီစကားတွေ မေးနေတာ ဘယ်နှခါတောင် ရှိနေပြီလဲ"

"အာ့ပေါင် ဘယ်လိုနေလဲ"

အဖေက စကားလွှဲလိုက်သည်။

"ခဏငိုလိုက်ပြီးရင် ကောင်းသွားပြီ။ စားစရာ ရှိရင် မှတ်မိတော့မှာ မဟုတ်ဘူး။ စိတ်မပူနဲ့"

ချိုးယိက ဝှီးချဲကို ရွှေ့လိုက်ပြီး တံခါးပေါက်ဆီ တွန်းသွားရင်း -

"အဖေ ခဏမှေးလိုက်။ ထမင်းစားတဲ့အချိန် ကျွန်တော် နှိုးလိုက်မယ်"

ချိုးယိ ခြံထဲ ပြန်ရောက်လာချိန်တွင် ပျန်းနမ်နှင့်ဝမ့်ဖေးတို့နှစ်ယောက်သားတို့သည် မီးဖိုချောင်ထဲတွင် တိုးဝှေ့လျက် ရှိနေကြသည်ကို တွေ့လိုက်ရသည်။ ချိုးယန့်က ဂျုံတစ်ဇလုံသယ်လျက် မီးဖိုချောင်ထဲမှ ထွက်လာ၏။

"ကိုကို"

သူ့ကို မြင်သည်နှင့် ချိုးယန့်က အော်ခေါ်လိုက်သည်။ မျက်နှာပေါ်တွင် မျက်ရည်စများ မရှိနေတော့ဘဲ ပြောင်ရှင်းနေအောင် သုတ်ထားသည်။ စကားပြောချိန်တွင်သာ နှာသံပါနေသေးသည်။

"ဖက်ထုပ် လုပ်မယ်"

"စားပွဲပေါ် တင်လိုက်"

ချိုးယိက စပျစ်စစ်အောက်ရှိ စားပွဲသေးလေးကို ညွှန်ပြလိုက်ရင်း -

"ဒီကမီးကို သွားဖွင့်လိုက်"

ချိုးယန့်က ဇလုံကို ချလိုက်ပြီးနောက် တံခါးဘေးနားဆီပြေးသွားကာ ခြေဖျားထောက်လျက် မီးခလုတ်ဖွင့်လိုက်ရာ စပျစ်စင်အောက်တွင် ချိတ်ဆွဲထားသော မီးလုံးက မီးလင်းလာလေသည်။

"ရော် ... ဒီနေရာမှာ မီးလုံးလည်း ရှိသေးတယ်လား"

ပျန်းနမ် ထွက်လာပြီး အော်လိုက်ရင်း -

"အရင်က ဖွင့်တာ မမြင်ဖူးဘူးရော်။ မီးဖွင့်လိုက်တာနဲ့ ချက်ချင်း ဒီဖက်ထုပ်တစ်နပ်က နှစ်ထောင်တန်လို့ ထင်ချင်စရာ ဖြစ်သွားတာပဲ"

"မီးလုံး ကျွမ်းသွားလို့။ ဒီနေ့မှ လဲလိုက်တာ"

ချိုးယိက ပျန်းနမ်လက်ထဲမှ ဂျုံလှိမ့် တလိမ့်တုံးကို ကြည့်နေရင်း ဆက်၍ -

"ဂျုံတောင် မနယ်ရသေးဘူး"

"ငါက မင်းအတွက် ယူလာပေးတာကြီး"

ပျန်းနမ်က ဂျုံလှိမ့် တလိမ့်တုံးကို ချိုးယိလက်ထဲ ထည့်ပေးလိုက်ပြီး မီးဖိုချောင်ဘက်ဆီ လှည့်ကြည့်လိုက်ပြန်ကာ -

"ငါ အကူတစ်ယောက် ခေါ်လာခဲ့တယ်။ ဝမ့်ဖေး အဆာသွပ် လုပ်တတ်သေးမှန်း ငါတောင် မသိဘူး။ မင်း အလုပ် သက်သာပြီ"

"သူက ဘယ်လိုဖြစ်ပြီး လာခဲ့တာလဲ။ ကိစ္စရှိလို့လား"

ကိစ္စမရှိဘဲနှင့် ဝမ့်ဖေးတစ်ယောက် သူ့အိမ်ကို ရောက်လာစရာအကြောင်း မရှိသည်ကို ချိုးယိ ကောင်းကောင်းသိထားသည်။

"ဟိုလေ ..."

ပျန်းနမ် ဝင်ထိုင်လိုက်ပြီး ဂျုံမှုန့်အနည်းငယ်ကို ညှစ်ယူလိုက်ကာ လက်ထဲတွင် ဆော့နေရင်း ချိုးယန့် မီးဖိုချောင်ထဲ ပြန်ဝင်သွားတော့မှ သူသည် အသံတိုးတိုးဖြင့် ပြောလေသည်။

"သူက ဟိုဟာအတွက် လာတာ။ မင်းကို ရိုက်လိုက်တဲ့ကိစ္စကြောင့် ......"

"သူ့ကို ပြန်ရိုက်ခိုင်းဖို့အတွက် လာတာလား"

ချိုးယိက ပြောသည်။

ပျန်းနမ်က ဂျုံမှုန့်ကို ချိုးယိ၏ကျောက်ပတ်တီးပေါ်သို့ ဖြူးချလိုက်ပြီး -

"သူက ကြံရာပါ ...... ဟမ်း ... သူက တောင်းပန်ဖို့ လာခဲ့တာ။ မင်း သူ့ကို မျက်နှာလေးတော့ ထောက်ပေါ့။ ရိုက်ချင်လည်း ရတယ်။ မျက်နှာတော့ မရိုက်နဲ့"

"ထားလိုက်ပါတော့။ ငါလည်း သူ့ကို မှတ်မထားဘူး"

ချိုးယိက ကျောက်ပတ်တီးပေါ်မှ ဂျုံမှုန့်များကို မှုတ်ထုတ်လိုက်ပြီး -

"ငါ အားလုံးကို မင်းခေါင်းပေါ်မှာပဲ မှတ်ထားလိုက်ပြီ"

ဝမ့်ဖေးက ဖက်ထုပ်အဆာသွပ် လုပ်တတ်သည့်အပြင် ကျကျနနလည်း လုပ်တတ်သေးသည်။ နာရီဝက်ခန့် တဒုန်းဒုန်း တဒိုင်းဒိုင်း လုပ်နေပြီး၊ ပျန်းနမ်တစ်ယောက် ချိုးယိ၏လမ်းညွှန်ပြသမှု‌ဖြင့် ဂျုံရောနယ်ပြီးသွားပြီးနောက် ဝမ့်ဖေးဘက်တွင်လည်း ဖက်ထုပ်အဆာကို နုပ်နုပ်စဥ်း၍ ပြီးသွားခဲ့သည်။

"မင်း ဘယ်ဆိုးလို့လဲဟ"

ပျန်းနမ် မီးဖိုချောင်ထဲဝင်ပြီး ရလဒ်ကို သွားကြည့်ကြည့်လိုက်ရင်း ဝမ့်ဖေးခေါင်းပေါ်ကို လက်ဝါးဖြင့် တစ်ချက်ပုတ်ရိုက်လိုက်ပြီး -

"မင်း ဒါလည်း လုပ်တတ်သေးမှန်း တကယ် မထင်ရဘူး"

"ဒီတစ်မျိုးပဲ လုပ်တတ်တာပါ။ ပြီးတော့ ငါ့အစွမ်းတွေ ထုတ်ပြဖို့ အခွင့်အရေးတောင် မရှိဘူး။ ငါ့အမေက ဖက်ထုပ် မကြိုက်ဘူး"

ဝမ့်ဖေးက တူတစ်စုံယူကာ အဆာသွပ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် ပြန်ထုတ်လာကာ တူကို လျက်လိုက်ရင်း -

"အပေါ့အငန်ကတော့ အတော်ပဲ။ ယူသွားပြီး ထုပ်တော့"

"နောက်ဆို ငါ မင်းအိမ်သွားရင် မင်း ငါ့ကို ဖက်ထုပ်ပဲ လုပ်ကျွေးတော့။ အိုးကင်းကြော်မုန့် ကြော်ပေးဖို့ မင်းအမေကို မပင်ပန်းစေရတော့ဘူး"

ပျန်းနမ်က ဖက်ထုပ်အဆာဇလုံ သယ်ပြီး မီးဖိုချောင်ထဲမှ ထွက်သွားရင်း -

"ပုစွန်အဆာသွပ်နဲ့ဆို ငါ အကြိုက်ဆုံးပဲ"

ပုံမှန်နံနက်စာအတွက်ပါ ချန်ထားရန်အတွက် နည်းနည်းပိုလုပ်ထားရန် စဥ်းစားထားသောကြောင့် ဝမ့်ဖေး ဖက်ထုပ်၏အဆာသွပ်လုပ်ချိန်တွင် ဇလုံကြီး တစ်ဇလုံစာ လုပ်ထားခဲ့သည်။ ဇလုံကို သယ်ထုတ်လာရင်း ဝက်စာကျွေးရန်ကဲ့သို့နှယ် ခံစားလိုက်ရသည်။

"လုပ်တော့မှာလားဟင်။ ဖက်ထုပ် ထုပ်တော့မှာလား"

ချိုးယန့်မှာ အလွန်စိတ်လှုပ်ရှားတက်ကြွစွာ ပျန်းနမ်နားတွင် ပတ်လည်လှည့်နေရင်း လည်တိုင်ကိုဆန့်လျက် သူ့လက်ထဲရှိ ဇလုံကို ကြည့်နေသည်။

"ထုပ်တော့မှာ ထုပ်တော့မှာ။ မင်းက ဘေးတစ်ဖက်မှာ သွားရပ်နေ"

ပျန်းနမ်က ပြောသည်။ ခြံထဲရှိ မြေပြင်မှာ ကျောက်သားချပ်များဖြစ်နေပြီး နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ မျက်နှာပြင် မညီမညာဖြစ်လာသည်။ စိတ်လှုပ်ရှားနေသော ချိုးယန့်တစ်ယောက် အပျော်လွန်ပြီး ခလုတ်တိုက်ချော်လဲကျမည်ကို သူ စိုးရိမ်နေကာ -

"ခဏနေကျရင် မင်းလည်း လိုက်သင်ပြီး လေးငါးခု လိုက်ထုပ်လေ။ မင်းလက်ရာကို မင်းအဖေ မြည်းကြည့်ကြည့်ရအောင်"

"သား ထုပ်တတ်တယ်"

ချိုးယန့်က အော်ရင်း ဘေးနားတစ်ဖက်ဆီ ပြေးသွားပြီး ရပ်နေလိုက်ကာ -

"ဒါပေမဲ့ သားထုပ်တဲ့ဟာက အဝိုင်းကြီး"

"မင်းထုပ်တဲ့ဟာက မုန့်လုံးရေပေါ်ကြီး မဟုတ်ဘူးလား"

ထိုစကားကို ကြားသည်နှင့် ပျန်းနမ်မှာ အူမြူးသွားပြီး စားပွဲရှိရာဆီ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။ သွားနေရင်းတွင် ချိုးယန့်ဆီ ကြည့်လိုက်ပြီး -

"ခဏနေကျရင် ငါ့ကို တစ်ခု ထုပ်ပြ ......"

စကားပင် ပြော၍မဆုံးသေးမီ သူ့ခြေထောက်သည်အောက်ရှိ ထိုးထောင်ထွက်နေသောကျောက်သားပြားကို ရုတ်တရက် ခလုတ်တိုက်မိသွားသည်။ သူသည် ချက်ချင်းပင် ဒယိမ်းဒယိုင်ဖြစ်သွားပြီး ခန္ဓာကိုယ်က ရှေ့သို့ တဟုန်ထိုး တိုးသွားသည်။

သွားပြီ။

"သာ့ဟူကျစ် --"

‌ဘေးနားတစ်ဖက်တွင် ရပ်နေသော ချိုးယန့်က အော်လိုက်သည်။

ပျန်းနမ်မှာ သူ့ကို အရေးမလုပ်အားဘဲ ဖက်ထုပ်၏အဆာသွပ်ကို သယ်ထားရင်း ဟန်ချက် ဆက်ညီနေအောင် ကြိုးစားပြီး ရှေ့သို့ တိုးနေလျက်ရှိသော မိမိ၏အရှိန်ကို ထိန်းချုပ်ချင်နေသည်။ သို့သော် ဤအဆာဇလုံ၏အလေးချိန်နှင့်အတူ စောစောကလည်း လျော့လျော့ပေါ့‌ပေါ့ လျှောက်လာခဲ့မိသည်ကိုပါ ထည့်ပေါင်းလိုက်သော် ရွေ့ရင်း အရွေ့မှာ တကယ်ကိုပင် တားမနိုင်ဆီးမရ ဖြစ်နေတော့သည်။ သူသည် အံကိုကြိတ်လျက် ရှေ့သို့ ခြေနှစ်လှမ်း ထပ်တိုးလိုက်ရာ သိလိုက်ရသည်မှာ သူ့ခြေထောက်မှာ ခန္ဓာကိုယ်၏အမြန်နှုန်းကို မလိုက်နိုင်နေတော့ချေ။

ငါလူး။ လဲကျလို့ မဖြစ်ဘူး။

ဒီဇလုံကြီးတစ်လုံးစာ ဖက်ထုပ်အဆာသာ မြေပေါ် မှောက်ကျသွားရင် ဒီနေ့ည ကိုးနာရီထိုးသွားရင်တောင် ဖက်ထုပ် စားရတော့မှာ မဟုတ်ဘူး ......

ပျန်းနမ်သည် ဇလုံကို သယ်လျက် ကိုယ်က ရှေ့ရောက်ပြီး ခြေထောက်က နောက်တွင် ရှိနေသည့်ကိုယ်ဟန်ဖြင့် ရှေ့သို့ တိုးနေသည်။ ကြည့်လိုက်လျှင် လူရော ဇလုံပါ ချိုးယိကိုယ်ပေါ် တိုက်ထည့်ပစ်မည့်အထာနှင့် ဖြစ်နေသည်။ သူသည် အော်ငေါက်လိုက်ရန်သာ တတ်နိုင်သည်။

"ဘေးဖယ်"

ချိုးယိမှာ သိသိသာသာပင် လန့်ဖျပ်သွားခဲ့ပြီး ခပ်သွက်သွက်ပင် ဒဏ်ရာမရှိသော ခြေထောက်ဖြင့် စားပွဲကို တစ်ချက်ကန်လိုက်ပြီး ဝှီးချဲမှာ နောက်သို့ လျှောပြီး ဆုတ်သွားသည်။

ချိုးယိ ရှောင်လိုက်သည်ကို မြင်ပြီး ပျန်းနမ်သည် အံကြိတ်လျက် ထိန်းသိမ်းထားရသော ထိုဟန်ချက်အနည်းငယ်လည်း နောက်ဆုံးတွင် ပျက်ယွင်းသွားပြီး နောက်ထပ် နှစ်လှမ်း ထပ်လှမ်းလိုက်ပြီးနောက် ဇလုံကို ဖက်လျက်သားဖြင့် ချိုးယိရှေ့တွင် တစ်ခါတည်းတန်းပြီး ဒူးထောက်ထိုင်ကျသွားသည်။

လက်တစ်ဖက် ထပ်ထုတ်ပြီး မြေပြင်ပေါ် ထောက်လိုက်ပြီးနောက် အဆုံးတွင်တော့ ရပ်တန့်သွားခဲ့သည်။

"မင်း အဆင်ပြေရဲ့လား"

ချိုးယိက ဝှီးချဲကို ရှေ့သို့ တွန်းလိုက်ပြီး သူ့အား ထူပေးရန် လက်ဆန့်ထုတ်လိုက်သည်။

"ဘာမှမဖြစ်ဘူး"

ပျန်းနမ်သည် မြေကြီးပေါ် လက်ထောက်ထားလျက် ဇလုံကို မြေပေါ် ချလိုက်ရင်း -

"ငါလူး။ လန့်လို့ သေမှာပဲ"

"...... ကိုယ်ကို မတ်လိုက်တော့"

ချိုးယိက သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း -

"မင်းလုပ်လို့ ကျောက်ပတ်တီးတောင် လန့်ပြီး အက်ကုန်ပြီ"

"ဟေ့ရောင် မင်း အခွင့်အရေးရတိုင်း အမြတ်ထုတ်မနေနဲ့"

ပျန်းနမ်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ နေ့စဥ်နေ့တိုင်း ခြေလှမ်းအဟုန်လေ့ကျင့်ရေး ပြုလုပ်နေရသေးသည့် တင်းနစ်လက်‌ရွေးစင်ကစားသမားတစ်ယောက်အနေဖြင့် ဤခြေချော်လဲကျမှုကြောင့် အလွန်အမင်း ကသိကအောက်ဖြစ်ရပြီး ချိုးယိနှင့် အပြန်အလှန်စကားစစ်ထိုးရန်ပင် ပျင်းနေတော့သည်။

[T/N: ပျန်းနမ်က သူ့ရှေ့ ဒူးထောက်လျက်သား လဲကျသွားတာကြောင့် ချိုးယိက "ဒူးဆက်မထောက်နဲ့။ ကိုယ်ကို မတ်ပြီး ထလိုက်တော့" ဆိုပြီး သခင်ကြီးအထာနဲ့ ပျန်းနမ်ကပဲ သူ့ကို ဒူးထောက်တောင်းပန်နေသလိုလို ပြောလိုက်တာပါ။ အဲဒါကြောင့် ပျန်းနမ်က အမြတ်မထုတ်နဲ့လို့ ပြန်ကျိန်းတာပါ။]

"မင်း ဒါကြီးက ဘယ်လို ပွဲထွက်ပုံစံကြီးလဲ။ မင်း ခြေလှမ်းအရှိန်ရော ဘယ်ရောက်သွားပြီလဲ ..."

ဝမ့်ဖေးသည် မီးဖိုချောင်တံခါးပေါက်တွင် မတ်တတ်ရပ်နေပြီး ယခုတော့မှ သတိပြန်လည်လာပြီး ပျန်းနမ်ဆီ ပြေးလာကာ လက်မောင်းကို ဆွဲလျက် ဝိုင်းထူပေးလိုက်သည်။ ရယ်သံတောင် သံစဥ်တေးသွားလွဲနေကာ -

"ငါ့လခွမ်း။ ဒီအမြန်နှုန်းကြီးက ပုံမှန်အချိန် လေ့ကျင့်ရေးမှာ ပြေးထွက်တာထက်ကို မိုက်နေတာဟ"

"မင်း ချေးကို အူမြူးနေလိုက်"

ပျန်းနမ် မတ်တတ်ရပ်လိုက်ပြီး ဘောင်းဘီပေါ်မှ ဖုန်မှုန့်တို့ကို ပုတ်ထုတ်ရင်း -

"မင်း ဒူးထောက်ပြီး လှေကားပေါ်ကနေ ဆင်းတုန်းက မင်းကို ငါ ရယ်ခဲ့လား"

"မင်း နှစ်ရက်တောင် ရယ်ခဲ့တာ၊ ဟုတ်ပြီလား"

ဝမ့်ဖေးက ဇလုံကို လှမ်းယူလိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။

"သာ့ဟူကျစ်၊ လဲကျတာ ခိုက်မိသွားသေးလား။ သားတို့အိမ်မှာ ဆေးရှိတယ်"

ချိုးယန့်မှာ ယခုတော့မှ ထိတ်လန့်မှုထဲမှ ထွက်လာနိုင်ပုံရသည်။ ပြေးလာခဲ့ပြီး ခါးကိုင်းလျက် ပျန်းနမ်၏ဘောင်းဘီခြေထောက်ကို ဖွင့်လှန်ပြီး ကြည့်ကြည့်ရန် လုပ်လိုက်သည်။

"မခိုက်မိဘူး။ နာတာတောင် မခံစားရဘူး"

ပျန်းနမ်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး -

"မင်းကို လန့်အောင် လုပ်မိသွားပြီမလား"

"မလန့်ဘူး"

ချိုးယန့် ခေါင်းခါသည်။

"သိပ်ညှာတာတတ်တာပဲ"

ပျန်းနမ်က ပြုံးရင်း ရေကန်ဘေးသို့သွားကာ လက်သွားဆေးလိုက်ပြီး -

"ဖက်ထုပ် ထုပ်ကြမယ် ..."

ဝမ့်ဖေးမှာ ဖက်ထုပ်၏အဆာသွပ်ကို နုပ်နုပ်စဥ်းတတ်သော်လည်း ဖက်ထုပ်အရွက်ကို မလှိမ့်တတ်ပေ။ ပျန်းနမ်ကမူ ဘာမျှ မလုပ်တတ်ဘဲ လုပ်ပြီးသား ဖက်ထုပ်အရွက်ကိုယူပြီး တစ်ခါတည်းတိုက်ရိုက် ထုပ်ရန်သာ စောင့်နေသည်။ ဖက်ထုပ်အရွက် လှိမ့်သည့်အလုပ်ကို ချိုးယိတစ်ယောက်တည်းကသာ လုပ်သည်။

ပျန်းနမ်တစ်ယောက် ဝှီးချဲကိုတွန်းလျက် မိနစ်အနည်းငယ်ကြာသည်အထိ နေရာ ချိန်ညှိပေးလိုက်တော့မှ ချိုးယိသည် လက်ဟန်အနေအထားကို ရှာတွေ့တော့သည်။

"မင်းတို့နှစ်ယောက် အတူတူထုပ်ကြ"

ချိုးယိသည် သူ့ရှေ့ရှိ စားပွဲပေါ်တွင် ဂျုံမှုန့်ခြောက် ဖြူးထားပြီးသားဖြစ်သည်။ နယ်ထားပြီး၍ အနေတော်အရွယ်ဖြစ်အောင် ဆုပ်လုံးထားသော ဂျုံလုံးကိုယူပြီး ခေါင်းငုံ့လျက် ဖက်ထုပ်အရွက် လှိမ့်နေသည်။

"မင်း လှိမ့်ဖို့ အချိန်မီပါ့ ......"

ပျန်းနမ် မေးခွန်းထုတ်ရန် စဥ်းစားနေဆဲတွင် ချိုးယိမှာ ဂျုံလုံးနှစ်လုံးကိုယူပြီး တစ်ချိန်တည်းတွင် အလုပ်စနေကြောင်းကို တွေ့လိုက်ရရာ တန့်သွားခဲ့ပြီး -

"မလား ......"

"အချိန်မီတယ်"

ချိုးယိမှာ ဖက်ထုပ်ရွက်နှစ်ရွက်ကို ခပ်မြန်မြန်ပင် လှိမ့်ပြီးသွားခဲ့ပြီး စားပွဲအလယ်ဆီ ပစ်လိုက်ကာ -

"မြန်မြန်လုပ်။ ဗိုက်ဆာပြီ"

ပျန်းနမ်က ဖက်ထုပ်ရွက်တစ်ရွက်ယူလိုက်ပြီး လက်ထဲတွင် ဟိုလှည့်ဒီလှည့်လုပ်နေကာ အတော်ကြာသည်အထိ နေရာချနေသည်။ ချိုးယိက နောက်ထပ် နှစ်ရွက် ထပ်ပစ်လာပေးပြီးတော့မှ သူသည် အရွက်ထဲသို့ ဖက်ထုပ်အဆာ ခပ်ကြီးကြီးတစ်ဆုပ်ခပ်ထည့်ပြီး အဆာထည့်လိုက်သည်။

"တအားများသွားပြီ"

ချိုးယန့်က စားပွဲအစွန်းကို တွယ်မှီလျက် သူ့လက်ထဲရှိ အဆာကို စိုက်ကြည့်နေသည်။

"မများဘူး"

ပျန်းနမ်က လက်ဆန့်ထုတ်ပြီး သူ့နှာခေါင်းလေးပေါ်တွင် အဖြူရောင်အစင်းကြောင်းတစ်ကြောင်း ဆွဲပေးလိုက်ပြီး -

"အဆာများတဲ့ဖက်ထုပ်ကမှ စားလို့ကောင်းတာ"

"ဒါပေမဲ့ တအားကြီးတယ်လေ။ ထုပ်လို့ ရမှာမဟုတ်ဘူးရယ်"

ချိုးယန့်က ဇွဲ‌ကောင်းစွာ သူ့ကို သတိပေးနေသည်။

ချာတိတ်ကလေးတစ်ယောက်ထံမှ အခေါက်ခေါက်အခါခါ သတိပေးခံနေရသော ပျန်းနမ်မှာ အတော်လေး မျက်နှာပျက်အရှက်ရ ရပြီး သူလည်း အလွန်ဇွဲကောင်းစွာ ပြောသည်။

"မ ......"

"နမ်ကော အဆာများသွားပြီ"

ဝမ့်ဖေးက ပြောရင်း ထုပ်ပြီးသွားသော ဖက်ထုပ်တစ်ခုကို စားပွဲပေါ် တင်လိုက်သည်။

"ပါးစပ်ပိတ်ထား ဟေ့ရောင်"

ပျန်းနမ်က သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

"မများဘူး"

ချိုးယိက သူ့လက်ထဲမှ အဆာကို ကြည့်လိုက်ပြီး ဆက်၍ -

"အတွန့်မပါရင် မများဘူး။ ဘာပဲဖြစ်ဖြစ် သူလည်း အတွန့်ပါအောင် ထုပ်တတ်လောက်မှာ မဟုတ်ဘူး"

"သားထုပ်တဲ့ဟာလည်း အတွန့်မပါဘူး"

ချိုးယန့်က အလွန်ဝမ်းမြောက်စွာ ပြောသည်။

"မင်းတို့က တော်လို့မရတော့ဘူးလား"

ပျန်းနမ်မှာ အနည်းငယ် မကျေမနပ်ဖြစ်လာကာ ဖက်ထုပ်အရွက်ကို ဖိညှစ်လျက် စတင်ထုပ်နေသည်။

"ငါ့ဖက်ထုပ်မှာကို အတွန့်ပါတယ်။ ကြည့်နေ"

"အတွန့်တွေ ရှိပြီ"

ချိုးယိက ရုတ်တရက်ပြောသည်။

"ဟင်"

ပျန်းနမ် ကြောင်သွားသည်။ သူတောင် ဖက်ထုပ်အရွက်ကို မပိတ်ရသေးချေ။

"ဘယ်မှာတုံး"

ဝမ့်ဖေးက အနားတိုးလာပြီး ကြည့်သည်။

ချိုးယိက ပျန်းနမ်၏မျက်ခုံးအလယ်နားကို လက်ညှိုးထိုးပြလိုက်ပြီး -

"ဒီမှာလေ။ မျက်မှောင်ကြုတ်ထားတာ အတွန့်ထွက်လာပြီ"

"ဟားဟားဟား"

ချိုးယန့်က ပျန်းနမ်၏လက်မောင်းကို ဖက်ပြီး ကျယ်ကျယ်လောင်လောင် ရယ်လိုက်သည်။ အသံမှာ ပြတ်သားကျယ်လောင်လှသည့်အပြင် ရယ်လိုက်ပြီးနောက် မရပ်နိုင်ဘဲ ဖြစ်နေသည်။

ပျန်းနမ်မှာ နဂိုကတည်းကမှ အတော်ကြာသည်အထိ ဖက်ထုပ်တစ်ခုတောင် မလုပ်နိုင်ခဲ့သည့်အပြင် ချိုးယိထံမှလည်း ရယ်သွမ်းသွေးခံလိုက်ရသေးပြန်ရာ အတော်လေး စိတ်တိုနေရသည်။ သို့သော် ချိုးယန့်က မပြီးနိုင်မစီးနိုင် တရပ်စပ်ရယ်လိုက်ပြီး ဝမ့်ဖေးကလည်း ဘေးတစ်ဖက်တွင် အူမြူးနေသော‌ကြောင့် သူသည် တစ်အောင့်ခန့် စိတ်အိုက်ပြီး တင်းသွားသော်လည်း ဆက်၍ တင်းခံမနိုင်တော့ဘဲ သူလည်း လိုက်ပြီး မြူးသွားကာ -

"အရူးတွေ"

နည်းလမ်းအမျိုးမျိုး ကြိုးစားအားထုတ်လိုက်ပြီးနောက် ပျန်းနမ်မှာ ဖက်ထုပ်အရွက်ကို ဖောင်းတင်းပြီး ပြဲသွားအောင် လုပ်မိလိုက်တော့သည်။ သို့နှင့် နောက်တစ်ရွက် ထပ်ကပ်ပြီး ဖာထေးလိုက်သေးသည်။ နောက်ဆုံးတွင်တော့ ဘောလုံးဝိုင်းတစ်လုံးအဖြစ် ထုပ်လိုက်ပြီး စားပွဲအလယ်တွင် ထားလိုက်သည်။

ဝမ့်ဖေးထုပ်သော ဖက်ထုပ်လည်း မည်သို့မျှ ကြည့်မကောင်းနေပါ။ မတ်မတ်တောင် မထောင်နိုင်ဘဲ အားလုံးမှာ မှောက်လျက် ဖြစ်နေသည်။ သို့သော် သူထုပ်ထားသည့်ဘောလုံးနှင့် ယှဥ်လိုက်သော် ဘောလုံး၏ခြေ‌တော်ရင်းတွင် ဝပ်တွားခယနေကြသော ထိုဖက်ထုပ်တို့မှာ ရုတ်ခြည်းပင် လှပသွားတော့သည်။

"အဆာကို ခုနကရဲ့ တစ်ဝက်လောက်ပဲ ထည့်ရင် ရပြီ"

သူ ဖက်ထုပ်အရွက် နောက်တစ်ရွက် ထပ်ယူလိုက်သည်ကို ချိုးယိက ဘေးနားတွင်ကြည့်နေရင်း ပြောလိုက်ခြင်းဖြစ်သည်။

"အင်း"

ပျန်းနမ်က တူတစ်ညပ်စာ အဆာကို ညပ်ယူလိုက်ကာ ဇလုံနှုတ်ခမ်းအနားကွပ်တွင် အနည်းငယ် ထပ်လျှော့လိုက်ပြီးတော့မှ ဖက်ထုပ်ရွက်ပေါ်တင်လိုက်ပြီး စထုပ်သည်။

ပျန်းနမ် ဖက်ထုပ် မထုပ်ဖူးချေ။ တစ်ပါးသူ ဖက်ထုပ်ထုပ်သည်ကိုလည်း သူ မမြင်ဖူးပေ။ ကချော်ကချွတ်ဖြင့် ဖက်ထုပ်နှစ်ခု ထုပ်လိုက်ပြီးနောက် ဖက်ထုပ်ထုပ်ရသည်မှာ စိတ်ဝင်စားစရာ အတော်ကောင်းကြောင်း စတင်တွေးထင်လာသည်။

"သာ့ဟူကျစ် အစ်ကိုက တအားတော်တာပဲရော်"

ချိုးယန့်က သူ့ကို ကြည့်နေကာ သူ ဖက်ထုပ်အချို့ ထုပ်လိုက်ပြီးနောက် ထပ်ပြောလာသည်။

"ထုပ်ထားတာ အစ်ကိုဝမ့်ဖေးထက် ပိုကောင်းလာပြီ"

"ဒါကတော့ မဖြစ်မနေပဲလေ"

ပျန်းနမ်မှာ ချက်ချင်းပင် ကျေနပ်အားရလာပြီး ဖက်ထုပ်တစ်ဒါဇင်ခန့်ဖြင့် လေ့ကျင်လိုက်ပြီးနောက် သူ ထုပ်သော ဖက်ထုပ်မှာ မတ်မတ်ရပ်နိုင်လာခဲ့သည်။ ဝမ့်ဖေး၏ဖက်ထုပ်များကတော့ ယခင်အတိုင်း မှောက်နေကြဆဲပင်။

"အမျိုးအစား မတူတာ။ နားလည်လား"

ဝမ့်ဖေးက ကျွတ်ခနဲ စုတ်သပ်သည်။

"နားလည်တယ်"

ပျန်းနမ် ခေါင်းညိတ်လိုက်ပြီး -

"ငါ့ဖက်ထုပ်တွေက ဒေါင်လိုက်ဗားရှင်း။ မင်းဟာတွေက ရေပြင်ညီဗာရှင်း"

ချိုးယိက ဂျုံလှိမ့် တလိမ့်တုံးကို လက်မှ ချလိုက်ပြီး စားပွဲအလယ်ကောင်တွင် အပုံလိုက်ဖြစ်နေပြီဖြစ်သော ဖက်ထုပ်ရွက်များကို ကြည့်ရင်း -

"မင်းတို့နှစ်ယောက်ရဲ့ ဒီအရှိန်က နည်းနည်းပါးပါး မြှင့်လို့မရတော့ဘူးလား"

"ငါ အရှိန်လွန်နေပြီးသားဟ"

ဝမ့်ဖေးက ခေါင်းငုံ့ စိတ်မြှုပ်ပြီး ထုပ်နေရာ ချိုးယိကို ခေါင်းမော့ကြည့်ရန်တောင် မအားပေ။

"ဒီနှုန်းနဲ့ဆို ငါတို့ မနက်ဖြန်မနက် မနက်စာစားဖို့အတွက် အံကိုက်ပဲ"

ချိုးယိက ဖက်ထုပ်ရွက်တစ်ရွက်ယူပြီး ဖက်ထုပ် စထုပ်လိုက်ရင်း -

"မင်းတို့နှစ်ယောက်ကို မျက်လှည့်တစ်ခု ပြမယ်"

"ဘာကြီး"

ပျန်းနမ်က သူ့ကို ကြည့်လိုက်ပြီး -

"သက်ရှိလူသားအဖြစ် ပြောင်းလဲဖို့လား"

"ဖက်ထုပ်အဖြစ် ပြောင်းလဲပြမှာ"

ချိုးယိက ပြောသည်။

***

(ဆက်ရန်)

Continue Reading

You'll Also Like

203K 2.3K 38
(Requests closed) I wanted to write this 'cause I'm a simp. Most of the information will be in the first chapter. Kind of gender neutral fluff but fe...
64.8K 2.9K 31
" Arjun go from here , someone will come" a beautiful girl said to a guy named Arjun while looking here and there, but that didn't stopped him and st...
59.8K 1.4K 38
"Cause you could be the one that I love, I could be the one that you dream of" A story in which Macy Frazier Is introduced to Gracie Abrams at a part...
13.1M 435K 41
When Desmond Mellow transfers to an elite all-boys high school, he immediately gets a bad impression of his new deskmate, Ivan Moonrich. Gorgeous, my...