Find Love Because Of you (Com...

Da Pyoe_Ou_Yim

100K 2.6K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... Altro

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(29)Uni+Zaw

1.6K 46 1
Da Pyoe_Ou_Yim

Part(29)

စိုင်းစဝ် နောက်တစ်နေ့တွင် ဝီလျှံရှိန်းတို့အား စိုင်းစဝ်တို့၏ မြို့လေးသို့ လိုက်ပြပေးသည်။ စိုင်းစဝ်တို့ ၏ မြို့လေးတွင် လည်ပတ်စရာများ သိပ်မရှိပေ။ တောင်အောက်တွင် စိုက်ပျိုးထားသည့် ဆီမုန့်ညှင်းအခင်းဘက်သို့ လိုက်ပြဖြစ်သည်။  အဝါလေးပန်းပွင့်လေးများဖြင့် တစ်ခင်းလုံးပြည့်နေသည်။

"အချစ် ဒါလေးတွေက ဘာလုပ်တာလဲ"

"ဆီလုပ်တာလေ ဒီက ရလာတဲ့ အစေ့လေးတွေကို  ဒီဘက်က ငါတို့ခြံ ဟိုဘက်က မြင်နေရတဲ့ အပင်လေးထိပါတယ်"

"စိုင်းစဝ် မင်းတို့ အခင်းသူများမလာဘူးလား"

"မလာပါဘူး သူရရဲ့  ဒီမှာက အိမ်တိုင်းလိုလို အခင်းတွေရှိကြတယ်လေ စိုက်ပျိုးတဲ့ အပင်တွေသာ မတူကြတာ "

"အော် ပျော်စရာကြီးနော် ငါ မင်းမပြောပြရင် ပန်းခင်းလို့ဘဲ ထင်နေတာ"

"ငါ ငယ်ငယ်တုန်းကလဲ အဲ့လိုဘဲ ထင်နေတာ ကြီးလာမှ အဖွားပြောလို့ သိတာ"

"အော် ... "

"အဲ့ဆို နောက်တစ်နေရာကိုသွားကြရအောင်လေ"

"အွန်း ဝီလျှံရှိန်းလာလေ"

"အချစ်က ကိုယ့်ကိုကြည့်"

"ဖြတ်" 

ဝီလျှံရှိန်း စိုင်းစဝ်အား ပုံလေးရိုက်ပေးလိုက်သည်။ အဝါရောင် မုန့်ညှင်းခင်းနှင့် အချစ်လေးသည် အလွန်ပင်ကြည့်ကောင်းနေပါသည်။

"မင်း ငါ့ကို ကြိုလဲမပြောဘူး"

"ကြိုမပြောဘဲရိုက်ပေးတာက ပိုလှတယ်အချစ်သဘာဝပိုဆန်တယ် "

"မင်းကတော့ လာနောက်တစ်နေရာသွားကြမယ်"

စိုင်းစဝ်တို့မြို့အနှံ့ ပြပေးလိုက်သည်။ စိုင်းစဝ်တို့ အိမ်ပြန်ရောက်ချိန်တွင် သူရသည် ပြည့်လျှံတို့၏ အိမ်အား ထွက်သွားသည်။ သူရသည်လည်း ပြည့်လျှံတို့ အိမ်၏ ဧည့်သည်ပင်ဖြစ်နေသည်။ စိုင်းစဝ်တို့ အိိမ်တွင် ခနသာ နေ၍ ပြည့်လျှံတို့ အိမ်သို့ အမြဲရောက်နေတတ်သည်။ 

"ဖွားမြေးလေး ဖွားနဲ့ ဈေးလိုက်ခဲ့မလား"

"ဟုတ်ဖွား လိုက်မယ်"

"မြေးလေး သူငယ်ချင်းကိုကော ခေါ်ခဲ့လေ"

"ဝီလျှံရှိန်း သွားကြမယ်လေ"

စိုင်းစဝ်တို့ အဖွားနှင့်အတူ မြို့ဈေးအားပတ်လိုက်ကြသည်။ ဖွားက စိုင်းစဝ်လက်အားဆွဲထားသည်။ ဝီလျှံရှိန်းက အဖွား၏ နောက်တစ်ဖက်မှနေ၍  တွဲကာလိုက်လာသည်။ တစ်ဖက်တွင်လဲ ဈေးခြင်းအားကိုင်ထားသည်။

"ဖွားနန်းမူတို့ကတော့နော် တစ်ဖက်ကို မြေးတစ်ယောက်စီနဲ့ဈေးလမ်းလျှောက်လာပါလား"

"ဒါပေါ့ ဒီဘက်က မြေးလေးရဲ့ သူငယ်ချင်းလေး ချောတယ်မလား"

"ဘယ်လိုများပြောလိုက်တာလဲ ဖွားနန်းမူရယ်  ကျုပ်မှာ သမီးရှိရင်  သမက်တောင်တော်ချင်သွားပြီ"

"အမယ်လေး အပျိုကြီးရေ ကလေးအရင်မွေးပြီးမှ ကျုပ်မြေးကို သမက်တော်လိုက်"

"နော် မြေး" 

"အန်တီမှ သမီးရှိလဲကျွန်တော့် သူငယ်ချင်းက မယူဘူးတဲ့ ဖွားသွားကြမယ်"

စိုင်းစဝ် ဝီလျှံရှိန်းကို ကြည့်လိုက်သော်လည်း ဝီလျှံရှိန်းမှာ ထိုအန်တီပြောသမျှကို ပြုံးကာ နေသဖြင့် စိုင်းစဝ်မနေနိုင်ဘဲဝင်ပြောလိုက်သည်။ ဖွားနှင့် ဈေးကို ဝယ်စရာများ ပြီးသည့်အခါ အိမ်သို့ပြန်လာခဲ့ကြသည်။ ပြန်သည့် လမ်းတစ်လျှောက်တွင် စိုင်းစဝ် ဆူပုတ်စွာဖြင့်လိုက်ခဲ့သည်။

"ဖွားမြေးလေး ဘာတွေအလိုမကျဖြစ်နေတာလဲ"

"ဘာမှ မဖြစ်ပါဘူးအဖွား ကျွန်တော် ပြည့်လျှံတို့ အိမ်ဘက်သွားလိုက်အုံးမယ်ဖွား"

"အေအေ မြေးသူငယ်ချင်းကိုကော..."

စိုင်းစဝ် ဝီလျှံရှိန်းကိုလဲ မခေါ်ချင်တော့သည်ဖြစ်၍ ဒီအတိုင်း ပြေးထွက်လာခဲ့သည်။ ထိုအန်တီပြောသမျှကို ပြုံးကာ နေသည့် ဝီလျှံရှိန်းကိုလဲ ဒေါသထွက်ပါသည်။ ကောင်လေးချောချောလေး မြင်သည့် အခါတိုင်း သမက်တော်ချင်နေသည့် အန်တီကြီးကိုလဲဒေါသထွက်သည်။ 

စိုင်းစဝ် ပြည့်လျှံတို့အိမ်တွင် အချိန်အတော်ကြာသည်အထိ နေခဲ့သည်။ ပြည့်လျှံတို့နှင့် ကမ်းနားလမ်းဘက်သို့ ရောက်ခဲ့သေးသည်။ ပြည့်လျှံ၏ အမေကတော့ သူရအား အတော်ပင် သဘောကျနေသည်။ စိုင်းစဝ် အိမ်တွင် ဝီလျှံရှိန်းအား ထားခဲ့ရသည်ဖြစ်၍ ပြန်လာခဲ့လိုက်သည်။

စိုင်စဝ် အိမ်သို့ ရောက်သည်နှင့်  ခြံစည်းရိုးတစ်လျှောက်တွင် စက္ကူပန်းပင်များကို စိုက်နေသည့် ဝီလျှံရှိန်းကို တွေ့လိုက်ရသည်။ အိမ်ထဲတွင် တစ်ခြား ပန်းပင်များလဲ စိုက်ထားသေသည်ဖြစ်၍ စိုင်းစဝ် ဝီလျှံရှိန်း အနားသို့ သွားလိုက်သည်။

"ဝီလျှံရှိန်း မင်း လာခဲ့"

"အချစ်ခနလေး ကိုယ် ဒီတစ်ပင် ပြီးရင် ပြီးပြီအချစ်"

"မင်း အဲ့ဒါကို ချပြီးလာခဲ့တော့လို့ "

စိုင်းစဝ် ဝီလျှံရှိန်းကို ပြောလိုက်ရင်း အနားက ကွတ်ပျစ်ပေါ်တွင်ထိုင်လိုက်သည်။ ဝီလျှံရှိန်း အချစ်၏ အနားသို့ သွားထိုင်လိုက်သည်။

"အဖွားတို့ကော ဘယ်သွားတာလဲ ဦးလေးတို့ကောပြန်ရောက်ချိန်ရောက်နေပြီမလား ငါမတွေ့ဘူးကော"

"အဖွားက ပွဲအတွက် အစည်းအဝေးရှိလို့ သွားလိုက်တယ်, ဦးလေးကတော့ ကိုယ်နဲ့ စကားပြောပြီး အလုပ်ကိစ္စပေါ်လာလို့ အပြင် ပြန်ထွက်သွားတယ်"

"မင်းကို အဲ့ဒါက ဘယ်သူခိုင်းခဲ့တာလဲ"

"ဘယ်သူမှ မလုပ်ခိုင်းပါဘူးအချစ်ရဲ့  ကိုယ့်အချစ်က အပြင်သွားလိုက်တော့ ကိုယ်က ပျင်းနေတာနဲ့ ဦးလေးက အစောကြီးလာခဲ့တာ ဦးလေးနဲ့စကားပြောနေရင်း အချစ်က ငယ်ငယ်ထဲက စက္ကူပန်းပင် ခြံမှာစိုက်တာ အရမ်းကြိုက်တာလို့ ပြောလို့ ကိုယ်တစ်ယောက်ထဲပျင်းနေတာနဲ့ စိုက်ပေးနေလိုက်တာ"

"စိုက်တာတော့ ဟုတ်ပြီ မင်းလက်ပေါက်ထားမှာပေါ့"

ပေါက်ပြား ကိုင်ထားသည့် ဝီလျှံရှိန်း၏ လက်နှစ်ဖက်လုံးတွင် စိုက်ပျိုးရေးသုံး လက်အိတ် စွတ်ခါးသည်ကို တွေ့လိုက်ရသည်။ အမြဲ လုပ်နေကြသူမဟုတ်သည့်အပြင် အတော်များများ လုပ်ထားသေးသည်မို့ ဝီလျှံရှိန်း၏ လက်မှာ ပေါက်နေမည် ဖြစ်သည်မှာ အသေချာပင်ဖြစ်သည်။

"ဘာမှ မဖြစ်ပါဘူးအချစ်ရဲ့  အချစ်က ကိုယ့်ကို စိတ်ဆိုးနေတာမလား "

စိုင်းစဝ် ဝီလျှံရှိန်း၏ လက်ကို ဆွဲယူကာ လက်အိတ်အား ချွတ်လိုက်သည်။ ပေါက်ပြဲနေသည့် ဒဏ်ရာများရှိနေသည့်အပြင် လက်အိတ်ထပ်စွတ်ထားသဖြင့် ချွေးများဖြင့် အပေါက်ရာများမှာ ပို၍ ပေါ်လွင်နေသည်။

"သွား ရေသွားဆေးခဲ့"

ဝီလျှံရှိန်း အချစ်က စိတ်ဆိုးနေသည်ဖြစ်၍ လက်အမြန်ဆေးကာ အချစ်အနားတွင် ဝင်ထိုင်လိုက်သည်။ ဝီလျှံရှိန်း ဝင်ထိုင်လိုက်သည်နှင့် အချစ်က လက်ကို ဆေးထည့်ပေးလာသည်။

"အချစ် ကိုယ့်ကို ရိုက်မလား ၊ အချစ်က မျက်နှာ မကောင်းတော့ ကိုယ်စိတ်မကောင်းလို့  ကိုယ်စိုက်ထားတဲ့အပင်လေးတွေကို မကြိုက်ဘူးလား"

"မကြိုက်တာမဟုတ်ပါဘူး ငါက မင်းကို ဒီအတိုင်းထားပြီး လျှောက်သွားနေခဲ့ပြီး မင်းက ဒီမှာ ငါ့အတွက်လုပ်ပေးနေတော့ ငါစိတ်မကောင်းဖြစ်တာပါ ငါ့အတွေးနဲ့ငါမင်းကို ဒီတိုင်းထားခဲ့တယ်"

"ဘာမှမဖြစ်ပါဘူး အချစ်ရဲ့ အချစ်အခုလို အပြင်ထွက်သွားတဲ့အချိန်မှာ ကိုယ်က အချစ်အကြောင်းအများကြီးသိခဲ့ရတယ်လ၊ဦိးလေးတိို့ကလဲပြောပြပေးတယ်"

"ဦးလေးက ဘာပြောလို့လဲ"

"အချစ်ကလေးက ငယ်ငယ်ထဲက လူချစ်လူခင်ပေါတဲ့အကြောင်းရယ်၊ အချစ်ပုံလေးတွေပြပေးပြီး အချစ်ရဲ့ အကြောင်းကိုပြောပြပေးတာပါ၊ အချစ်ရဲ့ ငယ်ငယ်တုန်းက ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတယ်၊ အချစ်က အချစ်အဖေဆုံးပြီးထဲက တဖြည်းဖြည်း‌သေးလာတယ်နော်"

"ဟုတ်တယ် ဘာကြောင့်လဲတော့ ငါလဲမသိဘူး ဘာဘဲဖြစ်ဖြစ် ငါမင်းကို ကျေးဇူးတင်ပါတယ်"

"ကိုယ့်ကို ကျေးဇူးတင်စကား မဟုတ်ဘဲ တစ်ခြားဟာလေးပြောပါလား"

စိုင်းစဝ် ဝီလျှံရှိန်း ကြားချင်နေသည့်စကားကို ကြားသော်လည်း မပြောပေ။ ကွတ်ပျစ်ပေါ်တွင် လှဲချလိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဝီလျှံရှိန်း အချစ်၏ ဘေးတွင် ဝင်လှဲလိုက်သည်။

"ငါ ငယ်ငယ်ထဲက ဘယ်သွားသွား ငါ့ကို အဖေကဘဲ လိုက်ပို့ပေးခဲ့တာ ငါသိတတ်တဲ့ အရွယ်ကစပြီး ငါ့အမေကို မမြင်ဖူးခဲ့ဘူး။ မြို့ထဲက သူတွေပြောကြတာကတော့ အိမ်က ထွက်သွားပြီး တစ်ခြားတစ်နေရာမှာ အိမ်ထောင်ပြုထားတာတွေ့ခဲ့ကြတယ်တဲ့၊ငါ ကြားခဲ့ပေမယ့် ဖေဖေ စိတ်မကောင်းဖြစ်မှာ စိုးလို့ မမေးခဲ့ဘူး ၊ ဖေဖေက ငါဖြစ်ချင်တာတွေ အများကြီး ကို အချိန်မအားတဲ့ ကြားထဲငါ့အတွက် အမြဲတမ်းရှိပေးတယ်၊ မင်းကလေ ငါ့အတွက် အဖေနဲ့ အရမ်းတူလွန်းတယ် ငါ့ရဲ့ အကြောင်းတွေကို ငါပြောစရာမလိုဘဲ သိနေတယ် ၊ ငါဖြစ်ချင်တာတွေကို မင်းက ဖြည့်ဆည်းပေးတယ်၊ ဖေဖေလိုဘဲ ငါ့မျက်နှာကို အညှိုးမခံဘူး ၊ တစ်ခါ တစ်‌လေ   ငါတွေးမိတယ် ဖေဖေက မင်းကို သူ့ကိုယ်စား စောင့်ရှောက်ဖို့ ငါ့ကို လွတ်ပေးခဲ့တာ များလားလို့လေ"

"အချစ်ရဲ့ အဖေက ကိုယ်အချစ်အနားရောက်လာတာကို သဘောကျမှာပါ ပြီးတော့ အချစ်အဖေက အချစ်အပေါ်အရမ်းကောင်းတဲ့သူဖြစ်လို့ ကောင်းတဲ့နေရာကိုဘဲ ရောက်မှာပါ"

"အွန်းငါလဲ အဲ့လို ထင်ပါတယ် မင်းငါ့ဘေးနားမှာ အမြဲရှိနေတဲ့အတွက် ကျေးဇူးတင်တယ် ပြီးတော့ ငါမင်းကို ချစ်တယ်"

ဝီလျှံရှိန်း အချစ်ကို ရင်ခွင်ထဲသို့ ထည့်ဖတ်ထားလိုက်သည်။ အချစ်၏ ခေါင်းလုံးလုံးလေးအား နမ်းလိုက်ကာ

"အချစ်ကို ကိုယ်အရမ်းချစ်တယ် ကိုယ့်ကို ချစ်ပေးတဲ့အတွက် အချစ်ကို ကိုယ်အမြဲပျော်ရွှင်အောင်ထားမယ်လို့ ကတိပေးတယ် "

"အွန်း ငါမင်းကို ယုံတယ် "

အချစ်ပေးတဲ့ယုံကြည်မှုနဲ့ ထိုက်တန်အောင်ကိုယ်ကြိုးစားမယ်  အချစ်ကလေး ကိုယ့်ကြောင့် ဘယ်တော့မှ ဝမ်းမနည်းဘူး

See you Soon 🔜🔜🔜

Alison_Ahsaw
31/12/2023





(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤




Part(29)

































































See you Soon 🔜🔜🔜

Alison_Ahsaw
31/12/2023

Continua a leggere

Ti piacerà anche

179K 6.7K 32
ရန်ဘုန်းအောင် သုတလင်း
49.4K 1.6K 16
Book III of The Bride of the Demon series COMPLETED It has been two years since Y/n Queen and Damian Wayne parted ways. As her time away from the Dem...
43.1K 1.1K 26
Kath has a best friend named Alex. Knowing that Alex has been through a lot with his ex-girlfriend, he wants her to pretend to be his girlfriend. But...
845K 70.4K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...