ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွ...
By LavenderLily822
2.8K 246 14
၁၀စက္ကန့်ဆိုတဲ့အချိန်လေးကရှန်းချွမ်ရွေ့အတွက်တော့လူတစ်ယောက်ကိုတစ်ဘဝလုံးချစ်မြတ်နိုးပြီးကြင်နာဖို့လုံလောက်ပါတယ်... More
🍓🥭
🐶💛
🍓💋
😾🐶
👻
😘🥊
💋🫶🏻
🤭🫶🏻
🫂✨
❤️
215 23 0
By LavenderLily822
ရှန်းချွမ်ရွေ့တို့ကင်မ်ဂယူဗင်းနဲ့အဆင်တွေပြေနေသောကြောင်အူမြူးနေရသည်။ဒီကလေးကိုလိုက်ပိုးပန်းနေတာတိုးတက်လာပြီဟုသူခံစားရသည်။စကားကိုလည်းရည်ရည်မွန်မွန်လေးပြန်ပြောလာသည်။ကိုကိုလို့တော့အကျပ်ကိုင်ခေါ်ခိုင်းနေရဆဲဖြစ်သည်။ဂယူဗင်းကိုချွမ်ရွေ့တကယ်စိတ်မချတော့ပါ။တစ်နေ့ထက်တစ်နေ့ချစ်ဖို့ကောင်းလာတဲ့သူ့ကလေးလေးကိုသူများလက်တော့အပါမခံနိုင်ပါ။သူ့ကလေးလေးသည်သူ့အပိုင်သာဖြစ်ရမည်။ချွမ်ရွေ့သည်ဂယူဗင်းနဲ့ပိုနီးကပ်စေဖို့အခွင့်အလမ်းလေးတစ်ခုဖန်တီးနေမိသည်။သူ့ကလေးလေးနှင့်အတူတူခရီးထွက်ခြင်းဖြစ်သည်။နှစ်ယောက်သားပိုနီးကပ်စေရန်အချင်းချင်းရိုင်းပင်းရမည့်တောင်တက်ခရီးစဉ်အားစီစဉ်
သည်။ချွမ်ရွေ့သည်ခရီးစဉ်လေးအားစီစဉ်ရင်းကြည်နူးနေမိသည်။
"ဂယူဗင်းနားး" ချွမ်ရွေ့တစ်ယောက်ပျားရည်တွေအများကြီးစမ်းထားသလိုအသံဖြင့်ဂယူဗင်း
အားခေါ်လိုက်ခြင်းဖြစ်သည်။
"ဂယူဗင်းနား ကိုကိုတို့ဒီအားလပ်ရက်ခရီးထွက်ရအောင်နော်"
"ခရီးဟုတ်လား ဘယ်ကိုလဲ"
"ဒီအနားတစ်ဝိုက်ကတောင်ပါ အပန်းဖြေစခန်းပါတွဲဖွင့်ထားတာလေ"
"အာသိပြီ စရိတ်စခတွေ ခင်ဗျားခံရင်တော့ကျွန်တော်စဉ်းစားပါ့မယ်"
"ပါပီလေးကလည်း လိုက်ခဲ့ပါလို့"ရှန်ချွမ်ရွေ့သည်ageyoတွေထုတ်သုံးပြီးပြောနေခြင်းဖြစ်
သည်။အရင်ကဆိုမျက်နှာဆူဆူပုတ်ပုတ်နဲ့လူကအခုတော့တခြားတစ်ယောက်လိုပါဘဲလားဟု
ဂယူဗင်းတွေးမိသည်။စိတ်ထဲတော့ထူးဆန်းမိပေမဲ့တကယ်ကြီးချစ်ဖို့ကောင်းနေတာကြောင့်
မလွန်ဆန်နိုင်တော့ပါ။အခုတလောဂယူဗင်းသည်ချွမ်ရွေ့အားချစ်မိနေပြီဟုခံစားမိသည်။
ချွမ်ရွေ့၏အသေးအဖွဲကအစဂရုစိုက်မှုတွေကြောင့်လည်းဖြစ်နိုင်သည်။ဒီလောက်နတ်ဘုရား
တစ်ပါးလိုချောမောတဲ့လူကကိုယ့်ကိုချစ်ပြီးဂရုစိုက်ပေးရင်ဘယ်လူသားကခံနိုင်ပါ့မလဲ။
ဂယူဗင်းလည်းမလွန်ဆန်နိုင်စွာဖြင့်
"အွန်း အွန်းလိုက်ခဲ့မယ်" 
"သေချာပြင်ဆင်ထားနော်ကလေးလေးကိုကိုလာခေါ်မယ်"
"ဟုတ်ကဲ့"ဂယူဗင်းချွမ်ရွေ့ကိုချစ်မိနေသည်ဟုသိလိုက်သည့်အချိန်မှစ၍ကန့်လန့်သိပ်မတိုက်
ဖြစ်တော့ပါ။အရာရာကိုကောင်းကောင်းမွန်မွန်လေးပဲပြောဖြစ်ပါသည်။
အားလပ်ရက်နေ့တွင်တော့ချွမ်ရွေ့ဟာဂယူဗင်းအိမ်အားရောက်နှင့်နေပြီဖြစ်သည်။ဂယူဗင်းကအိပ်ရာမှမထသေးတာမို့ဘဲလ်တီးကာနှိုးရသည်။အိပ်ချင်မူးတူးဖြင့်တံခါးလာဖွင့်ပေးပြီး
ဆရာသမားကအိပ်ရာထဲပြန်ဝင်အိပ်နေလေသည်။ချွမ်ရွေ့မှာတော့မနက်စာစားဖို့ဝယ်လာသောစားစရာတွေကိုသေချာပြင်ဆင်ထည့်နေသည်။စားစရာတွေထည့်ပြီးတော့ဂယူဗင်းအားပြန်နှိုးရသည်။ဂယူဗင်းအိပ်ရာလေးဆီသွားကာထိုင်ချလိုက်ရင်း
"ဂယူဗင်းနား ထတော့လေ ကိုကို့ခွေးပေါက်လေးထတော့လို့"
"အင်း အွန်း မထချင်သေးဘူး ချမ်းတယ်"
"ပါပီပေါက်ကချမ်းနေတာဆိုအချမ်းပြေအောင်လုပ်ပေးရမှာပေါ့"ဟုဆိုကာဂယူဗင်းအား
ဖက်နမ်းတော့သည်။ဂယူဗင်းကအိပ်ရာထဲမှာလူးလိမ်းဆဲဖြစ်ပြီးတဝူးဝူးအော်နေသည်။
"ကဲ ထမှာလား ဂယူဗင်းရေ တောင်တက်သွားရမယ်ဘေ မထရင်ဆက်ပြီးဖက်နမ်းမှာ"
"အင်းး ထပြီလို့" နောက်ဆုံးမှာတော့ဂယူဗင်းဟာမနေနိုင်တဲ့အဆုံးထရလေတော့သည်။
တကယ်တော့ငလည်လေးဂယူဗင်းကသူ့အားနှိုးစေချင်သောကြောင့်အခုလိုလုပ်ခဲ့ခြင်းကိုတော့ချွမ်ရွေ့မသိခဲ့ပါ။ချွမ်ရွေ့ဝယ်လာတဲ့မနက်စာလေးအားနှစ်ယောက်တူတူစားပြီတောင်ဆီသို့သွားကြသည်။ကားပေါ်မှာချွမ်ရွေ့ကရေဒီယိုဖွင့်ထားတော့နှစ်ယောက်သားသီချင်းတွေအတူလိုက်ဆိုကြသည်။တစ်လမ်းလုံးပြုံးပျော်နေတဲ့ဂယူဗင်းအားကြည့်ကာချွမ်ရွေ့လွန်စွာကျေနပ်မိလေ
သည်။
တောင်တက်သည်ဆိုပေမဲ့ခရီးကြမ်းပုံစံမျိုးတက်တာမဟုတ်ဘဲသစ်သားလှေကားစီလမ်း
တစ်လျှောက်တက်ခြင်းဖြစ်သည်။လမ်းတစ်လျှောက်တိုက်ခတ်သောလေအေးလေးမှာလူကို
လန်းဆန်းစေသည်။တောင်ပိုမြင့်လာလေ လေကပိုလန်းဆန်းလာလေဖြစ်သည်။ကောင်းကင်ပြာပြာကြီးအစိမ်းရောင်တောင်လေးတွေကအရမ်းကိုပနံ့သင့်လှသည်ဖြစ်သည်။လမ်းတစ်ဝက်
ရောက်တော့ချွမ်ရွေ့ကမောလာပေမဲ့ဆရာသမားလေးကအေးဆေးဖြစ်နေသည်။
ပြုံးပျော်ပြီးလှေကားတွေအားခြေလှမ်းကျဲကြီးများဖြင့်ပြေးတက်နေသည်။ထို့ကြောင့်လိမ့်ကျမှာစိုးသဖြင့်နောက်မှလှမ်းအော်နေရသည်။
"ဂယူဗင်းရေ ဖြေးဖြေးတက်လို့ ကိုကို့ ကိုစောင့်ပါအုန်း"
"ကိုကို ကမောနေပြီလား"
ချွမ်ရွေ့သည်ဂယူဗင်းက'ကိုကို'ဟုခေါ်လိုက်သဖြင့်အံ့ဩနေမိသည်။ဂယူဗင်းဘက်မှချွမ်ရွေ့အားကိုကိုဟုစမခေါ်ဘဲအကျပ်ကိုင်မှသာခေါ်ဖြစ်သည်။
"ကိုကိုရေ မိအောင်လိုက်ဖမ်း၊ ကျွန်တော့်ကိုမိရင်အဖြေပေးမယ်"
အဖြေပေးမည်ဟုဂယူဗင်းကပြောသဖြင့်ချွမ်ရွေ့ဂယူဗင်းနောက်အားပြေးလိုက်မိသည်။
တောင်ပေါ်မှမပြုတ်ကျစေရန်ဘေးမှကာကွယ်ပေးတဲ့အကာအရံရှိသေးလို့တော်သေးသည်ဟုသာချွမ်ရွေ့တွေးမိသည်။ဂယူဗင်းလို့ဆော့ပုံမျိုးဖြင့်သာမလွယ်ပါ။
ဂယူဗင်းနောက်ကိုချွမ်ရွေ့လိုက်ဖမ်းသည့်အခါမိသည့်အခါမျိုးလည်းရှိသည်။ထိုအချိန်ဆို
ဂယူဗင်းကပြန်ပြန်ထွက်ပေးတတ်သည်။ချွမ်ရွေ့ထင်ထားသလိုအချင်းချင်းမရိုင်းပင်းရဘဲ
အထင်နှင့်အမြင်တက်တက်စင်လွဲကာကလေးပေါက်စနအားလိုက်ဖမ်းနေရသည်။ဖမ်းလိုက်ပြေးလိုက်ဖြင့်နှစ်ယောက်သားသံသရာလည်နေရှာသည်။
ဤသို့ဖြင့်နေရောင်ခြည်နုနုလေးအောက်တွင်သစ်သားလှေကားများကို
ခြေတံရှည်များဖြင့်ကျော်ဖြတ်ကာစိန်ပြေးတမ်းကစားနေသည့်ကောင်လေးနှစ်ယောက်ရှိ
လေသည်။
တောင်ပေါ်ရောက်တော့ချွမ်ရွေ့ဂယူဗင်းအားအနောက်မှပြေးဖက်လိုက်သည်။ဒီတစ်ခါတော့
ဂယူဗင်းမလွတ်တော့ပါ။နှစ်ယောက်လုံးလည်းမောနေကြပြီးချွေးသံတရဲရဲဖြင့်ရယ်မိကြသည်။
တောင်ပေါ်ကမြင်ကွင်းမှာပိုလှပါသည်။လေကလည်းအေးလာသည်။ချွမ်ရွေ့ဂယူဗင်းအားသူနှင့်မျက်နှာချင်းဆိုင်စေပြီးနောက်တစ်ခါချစ်ရေးဆိုမိသည်။ဒီတစ်ခါတော့မျက်လုံးတွေ
အားစိုက်ကြည့်ရင်းပြောတာဖြစ်သည်။
"ကင်မ်ဂယူဗင်း ကိုကို မင်းကိုချစ်တယ်၊ ကိုယ့်ကိုကျေးဇူးပြုပြီးပြန်ချစ်နိုင်မလား"
"အင်းး ကျွန်တော်လည်းကိုကို့ ကိုချစ်တယ်"ချွမ်ရွေ့ကြောင်အသွားသည်။
"ကျွန်တော်လည်း ချစ်တယ်လို့" ဂယူဗင်းနောက်တစ်ခါထပ်ပြောမှအသိဝင်လာကာဂယူဗင်းအားပွေ့ရမ်းမိသည်။ဆိုက်တူဂိုက်တူကလေးလေးအားချီရသည်မှာမလွယ်ပေမဲ့အပျော်ဇောဖြင့်
ပွေ့ရမ်းမိခဲ့သည်။
"ပျော်လိုက်တာ ကလေးလေးရာ၊အဲ့တာဆို ကိုကိုတို့ဒီနေ့ကစပြီးတစ်ရက်နော်"
"အင်း"။ ထို့နောက်နှစ်ယောက်သားအနမ်းတွေဖလှယ်ခဲ့ကြသည်။
ထိုနေ့တွင်အချစ်ငှက်ကလေးနှစ်ကောင်ကြောင့်တောင်ကလေးမှာအချစ်လေထုတွေဖြင့်ပြည့်
နှက်နေခဲ့သည်။
30/12/23
သည်။
"ကိုကို ကမောနေပြီလား"
လေသည်။
ပွေ့ရမ်းမိခဲ့သည်။
နှက်နေခဲ့သည်။
30/12/23
Continue Reading
You'll Also Like
931K 21.4K 49
In wich a one night stand turns out to be a lot more than that.
569K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
660 67 4
မြင်မြင်ချင်းအချစ်ဆိုပေမဲ့ ကျွန်တော့အချစ်တွေက Wisteria ပင်တွေလိုပဲ ခိုင်မြဲတယ် ။ Short story မို့ 5ပိုင်းလောက်ပဲရှိမှာပါနော် ❤
636K 32.2K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...