Find Love Because Of you (Com...

By Pyoe_Ou_Yim

100K 2.7K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(28)Uni+Zaw

1.6K 43 0
By Pyoe_Ou_Yim

Part(28)

ည‌အတော်မိုးချုပ်‌ချိန်တွင် စိုင်းစဝ်တစ်ယောက်နိုးလာသည်။ ဘေးကိုကြည့်လိုက်တော့ ဝီလျှံရှိန်းနှင့် သူရနှစ်ယောက်စလုံးအားမတွေ့ရပေ။ အပြင်ဘက်ကအသံများလဲကြားနေသည်မို့ စိုင်းစဝ်အပြင်ကိုသာ ထွက်လာလိုက်သည်။

စိုင်းစဝ်တို့၏ ခြံထဲတွင် မီးဖိုထားတာ ဝိုင်းဖွဲ့စကားပြောနေသည့် ဝီလျှံရှိန်းအားတွေ့လိုက်ရသည်။

"ဟော ဟိုမှာ စိုင်းလေးနိုးလာပြီ ခေါင်းတွေမူးနေသေးလား စိုင်းလေး"

စိုင်းစဝ်၏ ဦးလေးမှ မေးလာခဲ့သည်။ ဦးလေးနှင့်ဒေါ်လေးတို့လဲ အလုပ်မှ ပြန်ရောက်ခဲ့ပြီ ဖြစ်မည်။ ဦးလေး၏ အပြောကြောင့် ဝီလျှံရှိန်းက ကျွန်တော့်ဘက်သို့ကြည့်ကာ နေရာမှ ထလာခဲ့သည်။

"ဟုတ် သက်သာပါတယ် ဦးလေး"

"အေအေ အရမ်းမိုးချုပ်နေပြီဆိုတော့ ရေမချိုးရင် မချိုးနဲ့တော့လေ ဖျားနေလိမ့်မယ်"

"ရတယ် ဦးလေးကျွန်တော် နည်းနည်း လန်းသွားအာင် ချိုးလိုက်အုံးမယ်"

"အေအေ မြန်မြန်ချိုးပြီး အနွေးထည်လေးဝတ်ထားလိုက် ပြီးရင် ထမင်းစားကြရအောင်"

"ဟုတ် ဦးလေး"

စိုင်းစဝ် အိမ်ခန်းထဲပြန်ဝင်လာတော့ အနောက်က ဝီလျှံရှိန်းပါ လိုက်လာခဲ့သည်။

"အချစ် ရေနွေးလေးနဲ့ ချိုးမလား ကိုယ် ရေနွေးစပ်ပေးမယ် "

"ရတယ် ရေနွေးနဲ့ချိုးထားပြီး အေးလာတဲ့ခံစားချက်ကို မကြိုက်ဘူး"

"ဟုတ်ပြီအဲ့ဆိုမြန်မြန်ချိုးလိုက် ကိုယ်ဒီမှာ စောင့်နေမယ် "

"အွန်း ဒါနဲ့ သူရကကော"

"သူ့အချစ်လေးအိမ်သွားတယ် ရေအရင်ချိုးလိုက်အချစ် ပြီးမှ ဆက်ပြောကြမယ်"

"အွန်းအွန်း"

စိုင်းစတ် ရေချိုးခန်းဘက်သို့ သွားကာ ရေအမြန်ချိုးလိုက်သည်။ ရေက ကန်ထဲတွင် ထည့်ထားသဖြင့် ပုံမှန်ထပ်ပို၍ အေးလေသည်။ စိုင်းစဝ်အမြန်ချိုးလိုက်ကာ အခန်းထဲပြန်လာခဲ့လိုက်သည်။

"အချစ် ဟူဒီအပါးလေးဝတ်ထားလိုက်နော် "

"အွန်း မင်းငနေယ် ကျောင်းမှာကျတော့ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲနဲ့ ဦးလေးတို့နဲ့ကျတော့ ရင်းနှီးလွယ်တယ်နော်"

"အချစ်ကလဲ ကျောင်းကသူတွေက ပြီးရင် တွေ့ရမှာမှ မဟုတ်တာ အခုမိသားစုကျတေယ့ မတူဘူးလေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်တို့က တစ်မိသားစုထဲ ဖြစ်လာကြမှာ အဲ့ဒါကြောင့် ရင်းနှီးထားဖို့ လိုတယ်လေ"

"ဘာဘဲဖြစ်ဖြစ်ပါ အခုလို မင်းက ရင်းရင်းနှီးနှီးနေပေးတာကို ကျေးဇူးတင်ပါတယ် "

"မဟုတ်တာ ကိုယ်က ကျေးဇူးတင်ရမှာပါ အချစ်ရဲ့ မွေးရပ်မြေကို ‌ကိုယ့်ကိုခေါ်ခဲ့ပေးလို့ အချစ်ရဲ့အကြောင်းကို ကိုယ်ပိုပြီးသိရတယ်လေ ဒီထက်ပိုပြီး ကိုယ့်ကို သိရအောင်ပြောပြပေးနော်အချစ်"

"သိချင်ရင် မင်းဘာမင်း စုံစမ်းပေါ့ သွားမယ် အဖွားတို့ ဗိုက်ဆာနေလိမ့်မယ် "

"ဟုတ်ပါပြီ"

စိုင်းစဝ် အဖွားတို့ထိုင်နေသည့်အနားသို့ သွားလိုက်သည်။ 

"ကဲဖွားတို့ ထမင်းစားကြရအောင် မြေးရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ပြည့်လျှံတို့ အိမ်ကို သွားလိုက်လေရဲ့ကွယ်"

"ဟုတ်ဖွား သားသွားခေါ်လိုက်ပါမယ်"

"အေအေ "

စိုင်းစဝ်ပြည့်လျှံတို့ အိမ်ဘက်ကို သွားရန် ထွက်လာခဲ့သည်။

"ကျွန်တော် ပြန်လာပါပြီ"

စိုင်းစဝ်အပြင်ဘက်ပင် မရောက်သေး သူရ၏ အသံကိုကြားလိုက်ရသည်။ 

"လာသူငယ်ချင်းသွားကြရအောင်"

စိုင်းစဝ်တို့အဖွားတို့နားကို ပြန်သွားလိုက်သည်။ စိုင်းစဝ်အဖွားနှင့် ထမင်းဝိုင်းပြင်ကူပေးနေလိုက်သည်။ စိုင်းစဝ်တို့၏ မြို့တွင် ညဘက်ရောက်သည်နှင့် မြူလေးတွေစိုင်းလာကာ အနည်းငယ် အချမ်းပိုလာသည်။ စိုင်းစဝ်တို့ အိမ်လေး၏ ထမင်းဝိုင်းလေးသည် ရိုးရှင်းပါသည်။ ဒီလိုအချိန်တွင် အိမ်တိုင်းတွင် စိုက်ခင်းကိုယ်စီရှိကြ၍ အသီးအနှံများပေါများသည့်အချိန်လဲ ဖြစ်သည်။ 

စိုင်းစဝ်တို့၏ ဒေါ်လေးနှင့် ဉီးလေးတို့မှာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ဆောင်ကြပြီး အဖွားကတော့ အိမ်တွင်သာ ရှိနေတော့သည်။ စိုင်းစဝ်တို့ ထမင်းဝိုင်းလေးပြင်ဆင်ပြီးချိန်တွင် ဉီးလေးတို့အားခေါ်လိုက်သည်။

"ကဲကဲ ဖွားမြေးလေးတို့လဲ ထိုင်ကြနော် ဖွားတို့ဆီမှာတော့ သားတို့ မြို့ကြီး‌တွေမှာလိုတော့ မဟုတ်ဘူးကွယ် ဖွားတို့ စားနေကြအတိုင်းချက်ထားတာ စားနိုင်ပါ့မလားဘဲ"

"စားနိုင်ပါတယ် အခု အဖွားချက်ထားတာလေးတွေက စားချင်စရာလေးတွေဘဲ "

"အေအေ စားကြ ဒါလေးက ကြက်သားကို ချက်ထားပေးတာ အိမ်ကြက်စစ်စစ်နော် ကြက်သားငရုတ်သီးချက်လေး၊ ဒီဘက်ကတော့ မုန့်ညှင်းပေါင်းလေး၊ အဲ့ဒါက သူနဲ့စားဖို့ ခရမ်းချဉ်သီးထောင်းလေး စားကြနော် အားမနာနဲ့"

"ဟုတ်ကဲ့ပါအဖွား "

စိုင်းစဝ် ဝီလျှံရှိန်းက အစပ်စားလေ့မရှိသည်ဖြစ်၍ စားနိုင်ပါ့မလားဟု စိတ်ပူမိသည်။ စိုင်းစဝ်ဝီလျှံရှိန်းကို ကြည့်လိုက်တော့ ဝီလျှံရှိန်းမှ ကိုယ့်အားကြည့်နေသည်ကို တွေ့လိုက်ရသည်။ 

"မင်းစားလို့ အဆင်ပြေပါ့မလား" စိုင်းစဝ်ပါးစပ်လေး လှုပ်ရုံဖြင့်မေးလိုက်သည်။

"ပြေတယ်အချစ်စား " ဝီလျှံရှိန်းမှ အဆင်ပြေသည်ပြောသဖြင့် စိုင်းစဝ်ထမင်းစားလိုက်သည်။

စိုင်းစဝ်တို့ထမင်းစားပြီးချိန်တွင် သူရက ပြည့်လျှံတို့အိမ်သွားမည်ဆိုကာ ပြန်ထွက်သွားသည်။ စိုင်းစဝ်တို့အား အဖွားမှ ဇီးသီးစုတ်လေးတွေကို ရေနွေးကြမ်းလေးနှင့် ကျွေးသဖြင့် စကားလေးပြောရင်း အိမ်ရှေ့လေးတွင် ထိုင်နေကြသည်။

"ကျွန်တော် ဖွားကို လွမ်းနေတာ "

"လွမ်းနေတဲ့သူက အခုမှ ဖွားဆီကို ပြန်လာတယ်ပေါ့"

"အဲ့လိုမဟုတ်ပါဘူးဖွားရယ် နောက် ကျွန်တော် မကြာမကြာ ပြန်လာပါမယ်နော်"

"ဖွားမြေးလေး အဆင်ပြေရင် ဖွားက ရပါတယ်ကွယ် ကိုယ့်အရပ်ဒေသ မဟုတ်တဲ့နေရာမှာ သွားနေရာတာကို ဖွားက နားလည်ပါတယ်"

"ဟုတ်ဖွား "

"အွန်း ဒီအချိန် မြေးရဲ့ အဖေရှိရင် သိပ်ဝမ်းသားနေမှာ သူ့သားလေးက ကျောင်းသားကြီးဖြစ်ပြီး မကြာခင်အလုပ်ဝင်နိုင်တော့မှာဆိုတာကို "

"အဖေက သိနေမှာပါ ဖွားရဲ့  စိတ်မကောင်းမဖြစ်နဲ့နော် "

စိုင်းစဝ် အဖွားနဲ့ စကားပြောနေရင်း ဉီးလေးတို့အား အလုပ်အကြောင်းများပြောပြပေးနေသည့် ဝီလျှံရှိန်းအားအကြည့်ရောက်မိသည်။ ဝီလျှံရှိန်းမှလည်း စိုင်းစဝ်အားလှည့်ကြည့်ကာ ပြန်၍ပြုံးပြလာသည်။ စိုင်းစဝ် ဝီလျှံရှိန်းကို ကြည့်ရင်းပြုံးလိုက်မိသည်လားဟူ၍ပင် သတိမထားမိလိုက်ပါ။ 

ခနအကြာတွင် ဝီလျှံရှိန်းသည် စိုင်းစဝ်နှင့် အဖွား၏ အနားသို့ ရောက်လာခဲ့သည်။

"အွန်း ဒီလိုဆိုတော့ ဖွားမြေးလေးက ဖွားရဲ့ မျက်စိရှေ့မှာဘဲ အရွယ်ရော်ကတာ မြန်လွန်းလှတယ်ကွယ်"

"ကျွန်တော်က ဘယ်လောက်ဘဲ အသက်ကြီးလာ အဖွားရဲ့ မြေးလေးဖြစ်နေတုန်းပါဘဲဖွားရဲ့"

"အေအေ ဟုတ်ပါတယ်ကွယ်"

"ကျွန်တော်ကိုလဲ ဖွားမြေးလို့ သဘောထားပြီး ချစ်ပေးနော် အဖွား"

ကျွန်တော့်စကားနောက်တွင် ဝီလျှံရှိန်း၏ စကားသံလေးပင် ကပ်ပါလာခဲ့သည်။

"နှစ်ယောက်လုံးက ဖွားမြေးတွေပါကွယ် အွန်း.... ဒီခြံလေးမှာဆိုရင် အရင်က မြေးရဲ့ ခြေယာလေးတွေဘဲ ခြေတံတိုတိုလေးတွေနဲ့ ဘောလုံးကန်နေတဲ့ ကလေးလေး အခုတော့ ဖွားထပ်တောင်အရပ်ရှည်နေခဲ့ပြီ"

အဖွားက ခြံရှေ့လေးကို ကြည့်ကာ စိုင်းစဝ်ငယ်စဉ်က အကြောင်းအရာများကို ပြန်၍ ပြောပြလာသည်။ 

"အဖွား စိုင်းစဝ်က ငယ်ငယ်ကကော သေးသေးလေးဘဲလား"

ဝီလျှံရှိန်းမှ အဖွားအားမေးလိုက်ခြင်းဖြစ်သည်။ စိုင်းစဝ်တွေးလိုက်သည်  စိုင်းစဝ်အကြောင်း ကိုယ်တိုင်စုံစမ်းဟု ပြောထား၍ ဝီလျှံရှိန်း ထိုသို့ လိုက်မေးနေခြင်းဖြစ်မည်။

"ဘယ်ဟုတ်မလဲမြေးရယ် ဖွားမြေးလေးငယ်ငယ်က အသားဖြူဖြူနဲ့ ဝတုတ်တုတ်လေး ကြီးလာတော့ တဖြည်းဖြည်းပိန်လာခဲ့တာ ၊ ဖွားမြေးလေး ငယ်တုန်းက သားကြီးလာရင်  သူနဲ့ဘဲ ယူမှာနော် ဆိုတဲ့ကလေးမလေးတောင် အိမ်ထောင်ရက်သားကျကုန်ပြီကွဲ့"

ဖွား၏ စကားသံအဆုံး ဝီလျှရှိန်း၏ မျက်နှာသည် တဖြည်းဖြည်း တည်လာကာ စိုင်းစဝ်အားကြည့်လာသည်။

"မပြောပါဘူးဖွားရဲ့ မြေး"

"ဖွားရဲ့မြေးလေး မူလတန်း ဒုတိယနှစ်လောက်ထိပြောနေသေးပါတယ် အဲ့တုန်းကလဲ မြေးနဲ့သူနဲ့က ကျောင်းကပွဲတွေမှာ မပါမဖြစ် အတူတွဲကနေကြတဲ့သူတွေလေ မြေးက မေ့နေပြန်ပြီထင်ပါတယ်"

"ဟုတ်တယ်ဖွား မြေး သိပ်မမှတ်မိတော့လို့ "

"အေအေ မြေးတို့နှစ်ယောက် ထိုင်နေကြမှာဆို ထိုင်ကြအုံးလေ ဖွား အိမ်ထဲဝင်တော့မယ်ကွယ်"

"ဟုတ်ကဲ့ အဖွား"

အဖွားက အိမ်ထဲဝင်သွားပြီး စိုင်းစဝ်နှင့် ဝီလျှံရှိန်းတို့ နှစ်ယောက်သာ ကျန်ခဲ့သည်။ ဉီးလေးတို့လဲ ဝီလျှံရှိန်း ဒီဘက်သို့ ရောက်လာသည်နှင့် အထဲဝင်သွားခဲ့ကြသည်ဖြစ်သည်။

"အချစ်က တကယ် သူ့ကို ယူမလို့လား"

"မယူပါဘူး ယူလို့လဲ မရဘူးလေ သူမှာ အိမ်ထောင်ရှိနေပြီကို "

"အဲ့ဆို အချစ်က သူ့မှာ အိမ်ထောင်မရှိရင် ယူမှာပေါ့"

"မယူပါဘူးကွာ အဲ့တုန်းကလဲ ငယ်သေးလို့ပြောမိတာပါကွာ မင်းကလဲ"

"ဘာဘဲဖြစ်ဖြစ် ကိုယ်စိတ်မကောင်းဘူး အချစ်က ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို ယူမယ်ပြောရတယ်လို့"

"မင်းကလဲ အဲ့အရွယ်တုန်းက မင်းလဲမရှိဘူးလေ ၊ ပြီးတော့ ငယ်တဲ့အချိန်မှာ ဘယ်သူမဆို ပြောကြမှာဘဲလေ "

"ကိုယ်ငယ်ငယ်တုန်းက ဘယ်သူ့ကိုမှ အဲ့လို လိုက်မပြောဘူး"

"ဟာ အခုမှမယူတာကွာ သွားမယ်အိပ်ကြမယ်ဟိုကောင်သူရက အဲ့ဘက်အိမ်မှာဘဲ အိပ်မလို့တဲ့ စိတ်မဆိုးနဲ့တော့ ငါငယ်တုန်းက ပြောလိုက်တာကို "

"စိတ်ဆိုးတာမဟုတ်ပါဘူး စိတ်မကောင်းဖြစ်တာပါ အချစ်က ကိုယ့်ကိုမပြောဘဲ တစ်ခြားတစ်ယောက်ကို ပြောလို့"

"ဟာ အဲ့တုန်းက မင်းကို မသိဘူးလေ မင်းရှိမှန်းတောင်မသိဘူး မင်းနဲ့အခုလို ဖြစ်မယ်လိုလဲ မသိဘူးလေ မင်းကလဲ အခုသူ့ဘဝနဲ့သူပါကွာ သွားမယ် အခုငါ့မှာမင်းဘဲရှိတော့တယ် ဟုတ်ပြီလား"

"အွန်း သွားကြမယ် အဖွားဆီကို ကိုယ်အချစ်အကြောင်းတွေသိချင်နေသေးတယ်"

"နောက်ရက်တွေကျန်နေသေးတယ် ဝီလျှံရှိန်း အခုတော့ နားတော့မယ် ငါသွားပြီ"

 စိုင်းစဝ် ဝီလျှံရှိန်းအနားမှ အမြန်ထွက်လာကာ အခန်းထဲသို့ ဝင်လိုက်တော့သည်။ 

See you Soon 🔜🔜🔜

Alison_Ahsaw
30/12/2023





(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤









Part(28)


















































































See you Soon 🔜🔜🔜

Alison_Ahsaw
30/12/2023



Continue Reading

You'll Also Like

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
654 70 15
"ဘယ်လောက်လဲ" "ဘာ!.." "ကျုပ်က ဆန္ဒတွေကိုလိုက်ဖြည့်ဆည်းပေးနေတဲ့သူပါ ခင်ဗျားကိုဘယ်လောက်ငှားရမလဲ " "......." ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်က...
191K 5.3K 20
You are Y/N Eastwood. You are invited into the avatar program as an illustrator and writer. You befriend Norm and Jake. For a while, all is well. But...