《Wolf pair》- ဘာသာပြန်

By wishywish0805

43.5K 7.1K 523

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 6

364 67 0
By wishywish0805

Chapter ● 6 ●

ပျန်းနမ်က သဘောကောင်းတတ်သူမဟုတ်ပါ။ သို့သော် မိန်းကလေးတွေအပေါ်တော့ အပြောအဆိုအပြုအမူများကို မဆိုစလောက်လေး ထိန်းချုပ်နိုင်သည်။ မိန်းကလေးတစ်ယောက်နှင့် တွေ့ဆုံကြရရန်ချိန်းဆိုပြီး၊ စကားအနည်းငယ်ပြောပြီးနောက် ထိုမိန်းကလေးကို ချန်ရစ်ကာ ခေါင်းလှည့်ထွက်ခွာလာခဲ့သည့်ကိစ္စမှာ ယခုမှ ပထမဆုံးလုပ်ဖူးခြင်းဖြစ်သည်။

အမှန်တကယ်တွင် ကျန်းရှောင်ရုန်ကို သူအတော်လေးသည်းခံနိုင်စွမ်းရှိသည်။ ပုံမှန်အချိန်သာဆိုပါက သူသေချာပေါက်ကို ဒေါသထွက်မည်မဟုတ်ချေ။ ထို့ကြောင့် ယနေ့တွင်တော့ ကျန်းရှောင်ရုန်ကံဆိုးသည်ဟု ပြော၍ရမည်။

ဈေးဝယ်လျှောက်လမ်းထဲမှထွက်လာတော့မှ သူသည် ခြေလှမ်းကို အရှိန်လျှော့ပြီး လမ်းတစ်လျှောက်အတိုင်း ဦးတည်ချက်ကင်းမဲ့စွာ လျှောက်သွားနေသည်။ အပြင်တွင် လေပြင်းထန်စွာ တိုက်ခတ်နေသည်။ ယခုတစ်လောတွင် လေထုအရည်အသွေးကလည်း သိပ်မကောင်းနေပေ။ သို့သော် စနေတနင်္ဂနွေပိတ်ရက်ဖြစ်သောကြောင့် လမ်းပေါ်တွင် လူသွားလူလာကတော့ များပြားနေဆဲပင်။

ပျန်းနမ်တွင် ဈေးဝယ်ရန်လည်ပတ်တတ်သည့်အကျင့်မရှိပါ။ ဘာမှလည်ပတ်စရာမရှိနေဟု သူထင်သည်။ လေးရာသီတစ်နှစ်ပတ်လုံးတွင် သူသည် အားကစားဝတ်စုံများကိုသာ ဝတ်ဆင်လေ့ရှိသည်။ လေ့ကျင့်ရေးတင်းကျပ်များပြားချိန်တွင် အိပ်ချင်စိတ်သာရှိသည်။ အချိန်အားလပ်လျှင်လည်း အင်တာနက်ဆိုင်တွင် သွားနေနေလေ့ရှိသည်။ ဈေးဝယ်ထွက်ခြင်းမှာ သူ့အတွက်ပြောရလျှင် လက်တွေ့ကျသည့်အဓိပ္ပါယ် မရှိသလို အချိန်ဖြုန်းတီးရာလည်းကျသည်။

သို့သော် ယနေ့တွင် သူအချိန်အတော်ကြာအောင် ပတ်နေသည်။ ဝမ့်ဖေးပို့လာသော မက်ဆေ့ဝင်လာချိန်တွင် သူဖုန်းယူထုတ်ပြီး အချိန်ကိုကြည့်လိုက်သည်။ အချိန်တစ်နာရီကုန်ဆုံးသွားအောင် ပတ်လိုက်သည့်အပြင် ဝမ့်ဖေးအိမ်နှင့် အလွန်ဝေးသောနေရာသို့ ရောက်နေခဲ့ပြီ။ အနည်းငယ်ထပ်ကြိုးစားအားထုတ်ပြီး ရှေ့ဆက်လျှောက်လျှင် ကျောင်းကိုတောင် ရောက်နိုင်လောက်ပြီ။

ဝမ့်ဖေး၏မက်ဆေ့မှာ အလွန်ရိုးရှင်းသည်။ စကားစုတစ်ကြောင်းသာ။ "အခြေအနေဘယ်လိုလဲ" ဟူ၍။

ပျန်းနမ်က စာမပြန်လိုက်ပေ။ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်သိမ်းလိုက်ပြီး လမ်းဘေးရှိ ကော်ဖီဆိုင်လေးထဲသို့ ဝင်သွားသည်။ နွားနို့တစ်ခွက်မှာလိုက်ပြီး ပြတင်းပေါက်ရှေ့တွင်ထိုင်ကာ ငေးငိုင်နေသည်။

အခြေအနေဘယ်လိုလဲ။

အခြေအနေက တကယ်ကို အရမ်းရှုပ်ထွေးလွန်းတယ်။

တခြားလူများကို သူထုတ်မပြချင်ဆုံးသောလျှို့ဝှက်ချက်ကိုသိနေသည့် ပျန်းရှင်းယွီက မထင်မှတ်ထားစွာ ချိုးယိနှင့် ခင်မင်သိကျွမ်းနေခဲ့သည်။

ထို့ပြင် သည်လူနှစ်ယောက်စလုံးမှာ သူနှင့် အတော်လေးကို အစေးမကပ်နေကြပေ။

ပျန်းရှင်းယွီထွက်ခွာသွားချိန်၏အကြည့်နှင့်စကားလေသံတို့အရ ပျန်းနမ်က အသေအချာပြော၍ရသလောက်ဖြစ်သွားသည်။ ချိုးယိကို ပျန်းရှင်းယွီပြောပြလောက်မည်ဆိုသည်ကို ... ...

ပျန်းနမ် နွားနို့တစ်ငုံသောက်လိုက်သည်။ ပျန်းရှင်းယွီငယ်စဉ်ကတည်းက ထားရှိလာခဲ့သော မိမိအပေါ်မလိုမုန်းထားစိတ်ကို ပျန်းနမ်ဂရုမစိုက်ပေ။ စကားပြောလျှင် စကားထဲတွင် သရော်လှောင်ပြောင်မှုများ အမြဲတမ်းထည့်ပြောခြင်းကိုလည်း ဂရုမစိုက်ပေ။ ပါးစပ်ဟလိုက်သည်နှင့် သဘာဝကျစွာ လိမ်လည်ပြောဆိုပြီး သူ့အပေါ် အပြစ်လွှဲချနိုင်စွမ်းရှိသည်ကိုလည်း သူဂရုမစိုက်ပေ။

ပျန်းနမ်ဂရုစိုက်သည့်တစ်ခုတည်းသောအရာမှာ ပျန်းရှင်းယွီတစ်ယောက် အမှန်တရားများကို ပြောထုတ်လာမည်ကိုဖြစ်သည်။

ကြည့်လိုက်လျှင် မိသားစုအခြေအနေသာလွန်ကောင်းမွန်နေပြီး ဘာကိုမှဂရုမစိုက်တတ်သော ပျန်းနမ်၏နောက်ခံအကြောင်းအမှန်ကို ဝမ့်ဖေးမှလွဲလျှင်၊ ဘယ်လောက်ရင်းနှီသောသူငယ်ချင်းဖြစ်စေကာမူ၊ ဘယ်သူမှမသိကြပေ။

သူ့အမေရင်းက အပျော်မယားတစ်ယောက်ဖြစ်သည့်အကြောင်းမှာ ခိုင်မာသော အမှန်တရားဖြစ်သည်။

ပျန်းနမ်မှာ သူ့အမေအပေါ်ရှိသော သူ့စိတ်ခံစားချက်ကို ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်ပေ။

သူ့အဖေနှင့်အမေရင်းကြားမှ အရေးကိစ္စများကို သူလုံးဝနားမလည်နေချေ။ ဘယ်လိုစတင်ခဲ့သည်၊ သူ့အဖေကရော မည်သို့နောင်တရပြီး ပြန်လှည့်ခဲ့လဲဆိုသည်ကို သူဘာမှသေချာမသိနေပေ။

အချုပ်အားဖြင့်ဆိုရလျှင် သူ့အမေရင်းနှင့်အတူနေခဲ့ရသောအချိန်မှာ အလွန်တိုတောင်းခဲ့သည်။ သူအသက်တစ်နှစ်ကျော် သို့မဟုတ် နှစ်နှစ်ကျော်ခန့်တွင်ဖြစ်လောက်မည်၊ သူ့အမေရင်းက အပြင်ထွက်ပြီး မာကျောက်သွားကစားချိန်များတွင် သူ့ကို အိမ်သာထဲတွင် တစ်နေကုန်သောခတ်ပိတ်ထားတတ်သည်ဟု သူ့အဖေကြားရ၍ သူ့အဖေကသူ့ကို ယခုနေနေသောအိမ်ဆီသို့ ခေါ်ပြန်လာခဲ့သည်။

အိမ်သာထဲအပိတ်ခံရသောကိစ္စကို ပျန်းနမ်မမှတ်မိနေပါ။ ယခုအချိန်ရောက်သည်အထိ သူ့အမေရင်းအကြောင်းစဉ်းစားမိလျှင် ဝမ်းတွင်းဗီဇစိတ်အရ အတွေးထဲအလိုလိုရောက်လာသော အထင်အမြင်သဘောထားမှာ ပိုက်ဆံဖြစ်သည်။

ရံဖန်ရံခါတွင် သူ့အမေကို သူသွားကြည့်တတ်သည်။ တွေ့ဆုံကြသည်နှင့် စကားနှစ်ခွန်းလောက်တောင်မပြောရသေးမီ သူ့အမေက ပိုက်ဆံကိစ္စကို စပြောလာတော့သည်။ အဖေ့ထံမှ ယူသွားသော ပိုက်ဆံများ၊ အိမ်ခန်း၊ ဆိုင် အစရှိသည်တို့မှာ ဘယ်ဆီရောက်သွားကုန်မှန်း ပျန်းနမ်နားမလည်နိုင်တော့ပေ။

ပျန်းနမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။

ကော်ဖီဆိုင်အပြင်ဘက်တွင် ယောက်ျားလေးကလေးငယ်တစ်ယောက်က သစ်ပင်အောက်တွင် ဆောင့်ကြောင့်ပြီး မျက်ရည်သုတ်နေသည်။ သူကိုယ်တိုင်လည်း ငယ်စဉ်က ဆောင့်ကြောင့်ထိုင်ပြီး ငိုယိုလေ့ရှိသည်။ ဘုမသိဘမသိဖြင့် ပျန်းဟောက်၏အရိုက်ခံရချိန်တွင် သူသည် နောက်ဖေးခြံတွင် ဆောင့်ကြောင့်ထိုင်ပြီး ငိုလေ့ရှိသည်။

သို့သော် သည်လောက်အကြာကြီး သူငိုလေ့မရှိပါ။ အမှန်တကယ်တွင် သူသည် စိတ်သဘောထားအလွန်ကြီးသူတစ်ယောက်ဟု သူ့ကိုယ်သူထင်သည်။ များသောအားဖြင့် မိနစ်အနည်းငယ်ခန့် ဝမ်းနည်းအားငယ်ပြီးလျှင် ကျော်လွန်သွားသည်ချည်းသာ။

နွားနို့တစ်ခွက်ကို အကုန်သောက်ပြီးသည့်အချိန်တွင်တောင် တံခါးအပြင်မှကလေးက ငိုနေဆဲပင်။ ဖြတ်သန်းသွားကြသော လမ်းသွားလမ်းလာများထဲမှတချို့က ခြေလှမ်းရပ်ပြီး မေးမြန်းကြသည်။ ကလေးငယ်က ခေါင်းငုံ့ပြီးသာ မျက်ရည်သုတ်နေပြီး အသံလည်းမထွက်ပေ။

ပျန်းနမ်က ကြည့်နေရင်း အနည်းငယ်မကြည့်ရက်နိုင်တော့သလိုဖြစ်လာပြီး နွားနို့ခွက်ကိုချကာ ကော်ဖီဆိုင်အပြင်ဘက်သို့ ထွက်လာသည်။ ဘေးနားရှိစူပါမားကက်လေးမှ ချောကလက်ဘားနှစ်ခုဝယ်လိုက်ပြီး ကလေးလေး၏ဘေးသို့သွားကာ အနားတွင်ဆောင့်ကြောင့်ထိုင်လိုက်သည်။

"ချောကလက်စားမလား"

ပျန်းနမ်က ချောကလက်တစ်ခုကို အခွံခွာလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

ကလေးငယ်က သူ့ကိုမော့ကြည့်လာကာ မျက်နှာပေါ်တွင် မျက်ရည်များ တွဲခိုနေသည်။

ကလေး၏ရုပ်ရည်မှာ အလွန်လှပသည်။ မျက်လုံးများက အလွန်ကြီးမားပြီး ဆံပင်များက သဘာဝအတိုင်း အနည်းငယ်တွန့်ခွေကွေးလိပ်နေသည်။ ကြည့်လိုက်လျှင် အရုပ်တစ်ရုပ်ကဲ့သို့ပင်။

ပျန်းနမ်က ကျန်သောအခြားချောကလက်တစ်တောင့်ကို ကလေးဆီကမ်းပေးလိုက်ပြီး -

"ငါကျွေးမယ်"

ကလေးငယ်က အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ချောကလက်ကို လှမ်းယူလိုက်သည်။ ခဏစဉ်းစားလိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ အမဲသားခြောက်အထုပ်တစ်ဝက်ကိုထုတ်ယူလာပြီး -

"ဒါဆို အစ်ကို့ကို သား အမဲသားခြောက်ပြန်ကျွေးမယ်။ ဒါပေမဲ့ သား တစ်ဝက်စားလိုက်ပြီးပြီ"

"ငါတစ်တုံးပဲစားရင်ရပြီ"

ပျန်းနမ်က သရေစာစားရသည်ကို နှစ်သက်သူမဟုတ်ပေ။ အထူးသဖြင့် အမဲသားခြောက်ကိုဖြစ်သည်။ သို့သော်လည်း အထုပ်ထဲမှ အမဲသားခြောက်တစ်တုံးကို ညှပ်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်ပြီးနောက် -

"မင်းဒီမှာငိုနေတာ တော်တော်ကြာနေပြီ။ သူများရိုက်တာခံလိုက်ရလို့လား ဒါမှမဟုတ် အသည်းကွဲနေတာလား"

ကလေးငယ်မှာ မူလက အငိုရပ်သွားခဲ့ပြီဖြစ်ကာ ခေါင်းကိုငုံ့ပြီး ချောကလက်အခွံခွာရင်း စားရန်ပြင်ဆင်နေပြီဖြစ်သည်။ ပျန်းနမ်၏စကားကိုကြားလိုက်သည်နှင့် လက်ပေါ်မှလှုပ်ရှားမှုတို့က ရပ်တန့်သွားပြီး ခေါင်းလည်းမမော့ဘဲ မျက်ရည်စက်ကြီးများက တစ်စက်ပြီးတစ်စက်ဆက်တိုက် မြေပေါ်သို့ ကျလာသည်။

"ဟေ့"

ပျန်းနမ်က ချောကလက်ကို အလျင်အမြန်လှမ်းယူလိုက်ပြီး ကလေးငယ်၏ပါးစပ်ထဲသို့ ထိုးသိပ်ထည့်နေရင်း -

"မငိုနဲ့လေ။ ခဏနေရင် မင်းကိုငါဘာလုပ်လိုက်တယ်ဆိုပြီး လူတွေထင်ကုန်မှဖြင့် ... .."

"သားရဲ့ ... ... သားရဲ့ ... ..."

ကလေးငယ်က လက်မြှောက်ပြီး မျက်လုံးကို ပွတ်သပ်လိုက်ကာ -

"သားရဲ့ပိုက်ဆံတွေ မရှိတော့ဘူး ... ..."

"ပိုက်ဆံ ဟုတ်လား"

ပျန်းနမ်မှာ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း ကလေးငယ်၏ကျောကိုပုတ်လိုက်ကာ -

"ဟမ်း ... ငါက ဘယ်လောက်ကြီးတဲ့ကိစ္စလဲလို့ ထင်နေတာ။ ဘယ်လောက်လဲ၊ မရှိတော့တဲ့ပိုက်ဆံတွေက"

"သုံးရာကျော်"

ဂဏန်းတန်ဖိုးကိုပြောလိုက်သည်နှင့် ကလေးငယ်က ပို၍ဝမ်းနည်းကြေကွဲစွာ ငိုချလာတော့သည်။

ငွေယွမ်သုံးရာကျော်ဟူသည်မှာ ကြည့်လိုက်လျှင် မူလတန်းပထမနှစ်ဒုတိယနှစ်အရွယ်ခန့်သာရှိသေးသော ကလေးတစ်ယောက်အဖို့ အတော်များပြားသည့်ပမာဏဖြစ်နေပြီ။ ပျန်းနမ်က ကျစ်ခနဲစုတ်သပ်လိုက်ပြီး -

"မင်းက ဘာလုပ်ဖို့ အဲဒီလောက်ပိုက်ဆံတွေအများကြီးယူပြီး အပြင်ထွက်လာရတာလဲ ... ... ဘယ်လိုလုပ်ပြီး ပျောက်သွားလို့လဲ"

ကလေးငယ်က ငိုနေရင်း ချောကလက်စားနေကာ -

"သားက ပိုက်ဆံစုဘူးကို ယူလာတာ"

"မင်းတကယ်ပဲ ပင်ပန်းမှာကို မကြောက်ဘူးပဲ"

အပြင်ထွက်ကစားရင်း ပိုက်ဆံစုဘူးကိုပါယူလာခဲ့သည်ကို ပျန်းနမ်က ပထမဆုံးကြားဖူးခြင်းဖြစ်တော့သည်။

"စုဘူးယူလာပြီး ပစ္စည်းဝယ်ဖို့လား"

ကလေးငယ်က ခေါင်းခါလိုက်ပြီး -

"သားက ... ... ပိုက်ဆံယွမ်သုံးရာ ... ... ကျော်ကျော်လောက် စုထားတယ်လို့ ပြောပြလိုက်တော့၊ ဖန်းရှောင်ကျွင်းက သူကြည့်ကြည့်ချင်တယ်တဲ့။ အဲဒါနဲ့ သားယူလာပြီး သူ့ကိုပြတာ"

"အဲဒါဆို ကြည့်ပြီးသွားတော့ရော။ ဘယ်မှာ ကြည့်ကြတာလဲ"

ပျန်းနမ်စဉ်းစားလိုက်ပြီးနောက် -

"ဒါမှမဟုတ်လည်း မင်းနဲ့အတူတူလိုက်ပြီး ရှာပေးရမလား"

"ဟိုဘက်နားက သစ်ပင်အခေါင်းပေါက်ထဲမှာ ... ..."

ကလေးငယ်က ကော်ဖီဆိုင်ဘေးနားရှိလမ်းငယ်လေးဆီသို့ ညွှန်ပြလိုက်သည်။

"သစ်ပင်အခေါင်းပေါက် ဟုတ်လား"

ပျန်းနမ်က ကြောင်သွားပြီး -

"စုဘူးကို မင်းအဲဒီသစ်ပင်အခေါင်းပေါက်ထဲမှာ ထားခဲ့လိုက်တာလား"

"အင်း"

ကလေးငယ်က ခေါင်းညိတ်လိုက်သည်။

"ပြီးတော့ မရှိတော့ဘူး ဟုတ်လား။ မင်းက စုဘူးကို သစ်ပင်အခေါင်းထဲ အားအားယားယားသွားထားပြီး ဘာလုပ်ဖို့လဲ"

ပျန်းနမ်မှာ အနှီကလေးငယ်၏စဉ်းစားတွေးခေါ်ပုံကို နားလည်နိုင်စွမ်းမရှိဟု ခံစားလိုက်ရသည်။

"ဖန်းရှောင်ကျွင်းကပြောတယ်။ ကိုယ်နဲ့အတူတူထားထားရင် မလုံခြုံဘူးတဲ့။ သူက သားကို သစ်ပင်အခေါင်းပေါက်ထဲ ဖွက်ထားခိုင်းတယ်"

ကလေးငယ်က နှုတ်ခမ်းကိုက်လိုက်သည်။

"ဒီဖန်းရှောင်ကျွင်းက သူ့အမေသူ့ကိုမွေးတုန်းက မဖမ်းမိလိုက်ဘဲ မြေကြီးပေါ်ပြုတ်ကျသွားခဲ့တာလား"

ပျန်းနမ်မှာ ပြောစရာစကားပျောက်ဆုံးနေသည်။

"ဒါဆို သစ်ပင်အခေါင်းမှာဖွက်ထားပြီးတော့ မင်းတို့နှစ်ယောက်ဘာဆက်လုပ်ကြလဲ"

"အိမ်ပြန်ကြတယ်။ ဖန်းရှောင်ကျွင်းက အိမ်ပြန်သွားတယ်။ သားလည်းပြန် ... ..."

"မင်းပိုက်ဆံစုဘူးက သစ်ပင်အခေါင်းပေါက်ထဲမှာရှိနေသေးတာကို မင်းအိမ်ပြန်သွားတယ်ဟုတ်လား"

ပျန်းနမ်မှာ မနေနိုင်ဘဲ အော်ပြောမိလိုက်တော့သည်။

"မင်းအမေမင်းကိုမွေးတုန်းက မင်းခေါင်းကို တစ်ခုခုနဲ့တိုက်မိသွားတာလား"

"မသိဘူး။ သားအမေ သေပြီ"

ကလေးငယ်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။

"... ... တောင်းပန်ပါတယ်"

ပျန်းနမ်က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ ကလေးငယ်၏ခေါင်းကို ပွတ်သပ်လိုက်သည်။

"သား အိမ်မပြန်သေးဘူး၊ လမ်းတစ်ဝက်လောက်ပဲ ရောက်သေးတာ၊ ဖန်းရှောင်ကျွင်းက ပြေးလိုက်လာပြီး သားကို လာပြောပြတယ်၊ ပိုက်ဆံတွေကို မတွေ့တော့ဘူးတဲ့။ ဒါပေမဲ့ သား ထည့်လိုက်တဲ့အချိန်တုန်းက ဘယ်သူမှမမြင်လိုက်ဘူးလေ"

ကလေးငယ်က ပြောနေရင်း ဒီနေရာကိုရောက်တာနဲ့ စငိုလာပြန်ကာ -

"သားသွားကြည့်တော့ တကယ်ပဲ မတွေ့တော့ဘူး။ စုဘူးကတော့ ရှိနေသေးတယ်။ ဒါပေမဲ့ အထဲမှာ ပိုက်ဆံမရှိတော့ဘူး။ သားကိုကိုသိသွားရင် သားကို ရိုက်မှာ ... ..."

သည်အထိနားထောင်လိုက်ပြီးနောက် ပျန်းနမ်က နောက်ဆုံးတွင် အကဲဖြတ်၍ရသွားသည်။

"ဖန်းရှောင်ကျွင်းကို သွားမေးလေ။ သူယူလိုက်တာ"

"သူက သူမယူထားဘူးလို့ပြောတယ်လေ"

ကလေးငယ်က ဆက်ငိုနေရင်း -

"သားကိုကို သားကိုရိုက်မှာ ... ..."

"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ မငိုနဲ့တော့။ နှပ်ချေးတွေတောင် ထွက်လာပြီ"

ပျန်းနမ်က တစ်ရှူးတစ်ရွက်ယူထုတ်လာပြီး သူ့မျက်နှာပေါ်တွင် ဖြစ်သလိုသုတ်ပေးလိုက်ပြီးနောက်၊ ပိုက်ဆံအိတ်ကိုလည်း ယူထုတ်လာကာ ယွမ်တစ်ရာတန် ပိုက်ဆံလေးရွက်ယူထုတ်လိုက်ပြီး -

"မင်းကို ပြန်ဖြည့်ပေးမယ်လေ"

ကလေးငယ်က ရုတ်ခြည်းခေါင်းထောင်လာပြီး သူ့လက်ထဲမှပိုက်ဆံများကိုမြင်သော် မျက်လုံးများက သုန်မှုန်ပူဆွေးသွားပြီး -

"သားပိုက်ဆံတွေအားလုံးက တစ်ယွမ်တစ်ယွမ်စီတွေ။ အတန်ကြီးတွေမဟုတ်ဘူး"

"ပိုက်ဆံဖြစ်ရင် ပြီးရောလေ"

ပျန်းနမ်က ပိုက်ဆံကို သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။

"ဒါပေမဲ့ ကိုကိုသိသွားမှာ။ သူသားကိုရိုက်မှာ"

ကလေးက အလွန်ခေါင်းမာစွာ မလျှော့တမ်းပြောနေသည်။

"မင်းအစ်ကိုက ရူးနေလို့လား၊ ပိုက်ဆံက လျော့လည်းမလျော့သွားဘူး၊ များတောင် များလာသေးတာကို။ မင်းကို ဘာဖြစ်လို့ရိုက်ရမှာလဲ"

ပျန်းနမ်၏စိတ်မရှည်မှုတို့က ကုန်ဆုံးခါနီးနေပြီ။

"သူသားကို နေ့တိုင်း ပိုက်ဆံတစ်ယွမ်စီပေးတယ်။ သားအကြာကြီးစုထားခဲ့တာ ... ... ပိုက်ဆံတွေကို သားဖျောက်စားလိုက်တာသိသွားရင် သားကို ... ..."

"မင်းကိုရိုက်မှာ ဟုတ်လား။ မင်းအစ်ကိုက ဘာဖြစ်လို့ ဒီလောက်တောင်ရက်စက်ရတာလဲ။ ဒီလောက်ငယ်တဲ့ကလေးကို ရိုက်ရအောင်"

ပျန်းနမ်က ကူကယ်ရာမဲ့စွာ မတ်တပ်ရပ်လိုက်ပြီး ဘေးဘီကို ဝေ့ကြည့်လိုက်ရင်း -

"အဲဒါဆို ငါဘဏ်ရှာပြီးတော့တောင် မင်းကိုအကြွေစေ့တွေ လိုက်လဲပေးရဦးမှာပေါ့။ ဘဏ်ကလူတွေတော့ ငါ့ကို နေ့လယ်စာ အစားများသွားတယ်လို့ ထင်ကုန်ကြတော့မှာပဲ"

ပျန်းနမ်က အရင်ဆုံး သူ့ကိုခေါ်ပြီး သစ်ပင်အခေါင်းထဲမှ ပိုက်ဆံစုဘူးကို သွားယူလိုက်သည်။ တကယ်ကိုပင် ခြူတစ်ပြားမှတောင် မကျန်နေတော့ပေ။

သူ့ကိုခေါ်ပြီး ဘဏ်သို့သွားချိန်တွင် ကလေးငယ်က ရုတ်တရက်သဘောပေါက်သွားသလို ချက်ချင်းခြေလှမ်းရပ်သွားပြီး -

"သူများပိုက်ဆံ ယူလို့မဖြစ်ဘူး။ ကိုကိုသိသွားရင် သားကိုရိုက်မှာ"

"ငါ့လခွမ်း"

ပျန်းနမ်က မျက်မှောက်ကြုတ်လိုက်ပြီး -

"မင်းအစ်ကိုက လုံးဝကိုရူးနေတာ။ ဇရှိရင် ငါ့ကိုလာရိုက်ခိုင်းလိုက်"

"အစ်ကို့ပိုက်ဆံ သားယူလို့မဖြစ်ဘူး"

ကလေးငယ်က ခြေလှမ်းရပ်သွားပြီး တုပ်တုပ်မှမလှုပ်တော့ပေ။

"ငါမင်းကို ချေးပေးထားတယ်ပဲ မှတ်လိုက်။ နောက်ပိုင်း မင်းမှာပိုက်ဆံရှိလာရင် ငါ့ကိုပြန်ဆပ်"

ပျန်းနမ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်သန်းကို ဆန့်ထုတ်လိုက်ကာ -

"ချိတ်နဲ့ ချိတ်လိုက်ရင်ရပြီ"

ကလေးငယ်က သူ့ကိုတစ်အောင့်ခန့်ကြည့်နေလိုက်ပြီးနောက် လက်သန်းလေးထုတ်လာကာ ပျန်းနမ်နှင့် လက်သန်းချင်းချိတ်လိုက်သည်။

ဤအနီးတစ်ဝိုက်တွင် ဘဏ်နှစ်ဘဏ်သာရှိသည်။ ပျန်းနမ်က ကလေးကိုခေါ်ပြီး ဘဏ်ထဲဝင်ကာ သွားမေးရာ ယွမ်လေးရာစာ အကြွေစေ့မရှိပေ။ အတော်ကြာအောင် လိုက်စုလိုက်ပြီးနောက် နှစ်ရာဖိုးတော့ စု၍ရသွားသည်။

"ဒီလိုပဲ ထားလိုက်ရအောင်"

ပျန်းနမ်က ပိုက်ဆံစေ့များကို စုဘူးထဲ ဝိုင်းကူထည့်ပေးလိုက်ပြီး လှုပ်လည်းလှုပ်လိုက်ပြီးနောက် -

"မင်းအစ်ကို ဒီဘူးကိုဖွင့်ပြီး မင်းအတွက် ပိုက်ဆံတော့မရေပေးလောက်ဘူးမလား။ သူတကယ်တမ်းဖွင့်ကြည့်မယ်ဆိုလည်း မင်းက နှစ်ရာယူထုတ်ပြီးတော့ တစ်ရာတန်နဲ့လဲလိုက်တယ်လို့ သူ့ကိုပြောလိုက်။ နားလည်လား"

ကလေးငယ်က အင်တင်တင်နှင့် ခေါင်းညိတ်လိုက်ပြီး -

"ကျေးဇူးတင်ပါတယ် အစ်ကို"

"ဟုတ်ပြီ အိမ်မြန်မြန်ပြန်တော့။ အိမ်ကိုတန်းပြန်။ နံရံအခေါင်းပေါက်တွေ သစ်ပင်အခေါင်းပေါက်တွေ ရှာပြီး ဖွက်တာတို့ဘာတို့တွေ ထပ်မလုပ်နဲ့တော့နော်"

ပျန်းနမ်က မှာကြားလိုက်သည်။

"အင်း"

ကလေးငယ်က စုဘူးကိုပိုက်ပြီး လှည့်ပြေးထွက်သွားပြီး ခြေလှမ်းအနည်းငယ်ခန့်ပြေးပြီးသည်နှင့် ရပ်တန့်လိုက်ပြန်ကာ ပျန်းနမ်ဘေးနားသို့ ပြန်ပြေးလာပြီး -

"အစ်ကို ... သားကို အစ်ကို့ဖုန်းနံပါတ်ပေးထား။ သားမှာပိုက်ဆံရှိလာရင် အစ်ကို့ဆီဖုန်းဆက်ပြီး ပြောပြမယ်"

ပျန်းနမ်က ဘေးနားရှိစတိုးဆိုင်မှာ ဘောပင်တစ်ချောင်းငှားလိုက်ပြီး ကလေးငယ်၏လက်ပေါ်တွင် သူ့ဖုန်းနံပါတ်ကို ရေးပေးလိုက်သည်။

ကလေးငယ်က တစ်လမ်းလုံးပြေးထွက်သွားပြီးနောက် ပျန်းနမ်က ခါးညောင်းဆန့်လိုက်သည်။ စောစောက ဝမ်းနည်းကျဆင်းနေသော စိတ်အစဉ်ကလည်း ဤကိစ္စကြောင့် များစွာပြေလျော့သွားတော့သည်။

သူဖုန်းကိုယူထုတ်ပြီး ဝမ့်ဖေးဆီဖုန်းဆက်လိုက်၏။

"ဘယ်မှာလဲ မင်း"

"အိမ်မှာပေါ့။ မင်းချိန်းတွေ့တာ ပြီးသွားပြီလား"

ဝမ့်ဖေးက တစ်ခုခုစားနေပုံရသည်။ အာလုပ်သံဖြင့် မသဲမကွဲဖြင့် ဆက်မေးလာသည်။

"ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်မြန်နေရတာလဲ"

"ချေးကိုချိန်းတွေ့ရမှာလား"

ပျန်းနမ်က မျက်မှောင်ကြုတ်လိုက်သည်။ ယနေ့တွင် ကျန်းရှောင်ရုန်နှင့် သူမတွေ့ခဲ့သင့်ပေ။

"မင်းထွက်လာခဲ့ပါလား"

"ဟုတ်ပြီ"

ဝမ့်ဖေးက ပြောလိုက်သည်။

ပျန်းနမ်နှင့်ဝမ့်ဖေးတို့ အပြင်ထွက်ကြလျှင် သွားတတ်သည့်ပန်းတိုင်က သုံးနေရာသာရှိသည်။ အင်တာနက်ဆိုင်၊ ထမင်းဆိုင်နှင့် ဗီဒီယိုဂိမ်းမြို့တော်တို့ဖြစ်ကြ၏။

ထုံးစံအားဖြင့် ကျောင်းမှ အုတ်တံတိုင်းကျော်ပြီး အပြင်ထွက်လာလျှင် ရွေးချယ်စရာဟူ၍ အင်တာနက်ဆိုင်နှင့် စားသောက်ဆိုင်များသာရှိသည်။ ထို့ကြောင့် ပိတ်ရက်တွင် သူတို့နှစ်ယောက်အတူ အပြင်ထွက်ဖြစ်ကြလျှင် ဗီဒီယိုဂိမ်းမြို့တော်တွင်သာ အချိန်ဖြုန်းလေ့ရှိသည်။

"ချိုးယိက ပျန်းရှင်းယွီနဲ့သိတယ် ဟုတ်လား"

ဝမ့်ဖေးက ဂိမ်းစက်ခုံရှေ့တွင်ထိုင်ပြီး ပျန်းနမ်၏အတိုချုပ်ရှင်းပြချက်ကိုနားထောင်ပြီးနောက် အနည်းငယ်အံ့အားသင့်စွာ ဆက်၍ -

"ငါလူး။ သူတို့နှစ်ယောက်က တကယ်ပဲသိနေကြတယ်ပေါ့လေ"

"အင်း"

ပျန်းနမ်က ဂိမ်းစက်မျက်နှာပြင်ကို စိုက်ကြည့်နေသည်။

"ချိုးယိကို မင်းအမေအကြောင်းတွေ သူပြောပြလိမ့်မယ်လို့ထင်လား"

ဝမ့်ဖေးက အာရုံထွေပြားသွားနှင့်တစ်ပြိုင်နက် ပျန်းနမ်၏ဖွတ်ဖွတ်ကြေအောင် ဖြုတ်ပစ်လိုက်သည်ကို ခံလိုက်ရသည်။

"ငါကတော့ သူသေချာပေါက်ပြောပြလိမ့်မယ်လို့ထင်တယ်"

"ပြောလောက်မယ်"

ပျန်းနမ်က ဘေးတွင်ထားထားသော အချိုရည်ကိုယူပြီး တစ်ငုံသောက်လိုက်သည်။

"တကယ်သူ့မေလခွမ်းကိုမှ ငရဲနဲ့တိုးတာပဲ။ ဒီနေရာမှာ တခြားလူတစ်ယောက်ဆိုလည်း ထားလိုက်ပါတော့၊ ချိုးယိနဲ့မှ လာဖြစ်နေရတယ်လို့"

ဝမ့်ဖေးက ဂိမ်းစက်ကိုတစ်ချက်ကန်ထည့်လိုက်ပြီးနောက် -

"ဒီကိစ္စကို ဒီကောင်သာ လျှောက်ပြောလိုက်ရင် ... ... ဒါမှမဟုတ်လည်း ဒီနေ့ည ငါတို့သူ့ကိုသွားရှာပြီး သွေးပူနေတုန်း သွားဆော်လိုက်လည်းရတာပဲ"

ပျန်းနမ်က ရယ်သာရယ်နေပြီး စကားမဆိုပေ။

ညနေစာထမင်းစားပြီးသွားပြီးနောက် ပျန်းနမ်က ဝမ့်ဖေးကိုဆွဲပြီး ဗီဒီယိုဂိမ်းဆိုင်တွင်သာ ဆက်ပြီးအချိန်ဖြုန်းနေသည်။ ညဆယ်နာရီထိုးတော့မှ နှစ်ယောက်သားက ကားငှားပြီး ဝမ့်ဖေးအိမ်သို့ ပြန်သွားကြသည်။

ချိုးယိကို သွားကျူးကျော်ရန် ဝမ့်ဖေးက လေးငါးကြိမ်ခန့်အကြံပြုနေရာ ပျန်းနမ်ကမူ ဘာသဘောထားအမြင်မှ မဖော်ပြခဲ့ပေ။

သူနှင့်ချိုးယိတို့၏ရန်ငြိုးမှာ သေချာပေါက်ကို အဆုံးမသတ်သေးသော်လည်း၊ အကယ်၍ ပျန်းရှင်းယွီက ချိုးယိကိုတကယ်တမ်းပြောပြလိုက်၍ ယခုကဲ့သို့သောအချိန်မျိုးတွင် ချိုးယိကိုပြဿနာသွားရှာသောလုပ်ရပ်မှာ အနည်းငယ်ပေါကြောင်ကြောင်နိုင်နေမှန်း သိသာနေသည်။ ထို့ပြင် ဤကဲ့သို့ပြဿနာသွားရှာခြင်းမှာ သူ့ကြောင့်ဟု ကျန်းရှောင်ရုန်ကပါ ထင်မြင်ယူဆသွားလျှင် ပို၍တောင်ကြောင်တောင်တောင်နိုင်သွားမည်။ ချိုးယိကိုသူ မျက်စိစပါးမွေးစူးနေရသည့်အကြောင်းရင်းက ကျန်းရှောင်ရုန်ကြောင့်လည်းပါဝင်သည် ဆိုသော်ငြား...။

ထို့ပြင် လေးလပိုင်းတွင် ပြိုင်ပွဲရှိသေးသည်။ ပြိုင်ပွဲမတိုင်ခင်တွင် သူပြဿနာများများစားစား မဖြစ်စေချင်ပေ။ မည်သို့ပင်ဆိုစေ ဖန်းယိဖုန်းက ဤအတော်အတွင်းတွင် သူ့မေးစေ့အတွက် လက်တုံ့ပြန်လိုသောစိတ်ကိုလည်း သေချာပေါက်မွေးမြူထားဦးမည်။ ပျန်းနမ်အနေဖြင့် အရင်ဆုံးပွဲကြည့်ကြည့်နေဦးမည်။

ကျောင်းသို့ပြန်ရောက်ပြီးရက်ပိုင်းအတွင်းတွင် ပျန်းနမ်က ကန်တင်းတွင် ဖန်းယိဖုန်းကိုတွေ့လိုက်ရသည်။ မေးစေ့ကို ပတ်တီးအုပ်ထားဆဲဖြစ်ကာ မေးစေ့ကဲ့သို့သောနေရာရှိ ဒဏ်ရာဟူသည် ဖုံးကွယ်၍တောင်မရသော နေရာဖြစ်ရကား ခပ်ဝေးဝေးမှပင် ပတ်တီးကိုမြင်နေရ၏။ ဖန်းယိဖုန်းကဲ့သို့သော ကိုယ့်ကိုယ်ကိုယ် အားကစားကျောင်း၏အောင်လံတံခွန်ဟု အမြဲတမ်းယုံကြည်နေသူအဖို့ ဤသည်မှာရှက်စရာကောင်းလွန်းသော ကိစ္စဖြစ်သည်။ ဘယ်သူ့ကိုမဆို ရှုတည်တင်းမာသောမျက်နှာထားဖြင့် ရင်ဆိုင်နေသည်။

ပျန်းနမ်၏ဒဏ်ရာမူ အလွန်လျင်မြန်စွာ ပြန်သက်သာသွားသည်။ လေ့ကျင့်ရေးအစရှိသည်တို့လည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ သို့တစေ လောင်ကျန်က သိသာစွာပင် သူ့အတွက် လေ့ကျင့်ရေးပမာဏများ တိုးမြှင့်ပေးလိုက်သည်။ မူလက တစ်ပတ်နှစ်ကြိမ်သာလေ့ကျင့်ရသော လှုပ်ရှားမှုအကြီးစားများပါဝင်သည့် အရည်အသွေးလေ့ကျင့်ရေးက သုံးကြိမ်ဖြစ်သွားသည်။ ကစားဟန်ကျွမ်းကျင်မှုနည်းပညာလေ့ကျင့်ရေးလည်း တိုးများလာခဲ့သည်။ overhead ရိုက်ချက်တစ်မျိုးတည်းကိုပင် ပျန်းနမ်တစ်ယောက် ခြေထောက်များပျော့ခွေသွားရသည်အထိ လေ့ကျင့်ရသည်။

ပျန်းနမ်၏ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာမှုမှာ အမြဲတမ်းပင် သာလွန်ကောင်းမွန်နေခဲ့သည်။ ပုံမှန်လေ့ကျင့်ရေးလုပ်ရာတွင်လည်း အလွန်ဆုံးနေမှ သူပင်ပန်းရုံလောက်သာ။ သို့သော် ယခုတွင် နှစ်ပတ်ဆက်တိုက် လောင်ကျန်နှိပ်စက်သမျှကိုခံလိုက်ရပြီးနောက် လေ့ကျင့်ရေးပြီးဆုံးသွားချိန်တွင် ထမင်းတောင်စား၍မဝင်နိုင်ဖြစ်ရပြီး ရေသာသောက်ချင်နေသည်။

ညစာကို စားမဝင်ခဲ့ဘဲ တစ်နာရီတောင်မကြာလိုက်သေးမီ သူသည် ဗိုက်ဆာလွန်းပြီး မျက်လုံးများပင် အစိမ်းရောင်သမ်းသွားတော့မလို ဖြစ်သွားသည်။ ကျောင်းကန်တင်းတွင်လည်း ဘာစားစရာမှ မရှိနေတော့ပေ။ သို့သော် ယခုသူ့တွင် ကျောင်းအုတ်တံတိုင်းကျော်ပြီး အပြင်ထွက်ဝယ်စားရန်အားအင်တောင်မရှိနေချေ။

"ငါဗိုက်ဆာပြီး ခုတင်ပေါ်မှာပဲ သေသွားတော့မယ်ထင်တယ်"

ပျန်းနမ်ကဗိုက်ကိုအုပ်ပြီး ခုတင်ပေါ်တွင် မှောက်နေသည်။

"ဘာစားချင်လဲ"

ဝမ့်ဖေးက ပုံမှန်အတိုင်း လေ့ကျင့်ရေးဆင်းရပြီး ပျန်းနမ်မစားဖြစ်သောအစားအသောက်များအားလုံးကိုလည်း ရှင်းပစ်လိုက်သေး၏။

"ငါအပြင်ထွက်ပြီး ဝယ်ပေးမယ်"

"ဘာပဲဖြစ်ဖြစ်ရတယ်။ စားလို့ရတဲ့ဟာဆို အကုန်ရတယ် ... ..."

"ဒါမှမဟုတ်လည်း ငါခဏနေအင်တာနက်ဆိုင်ကပြန်လာရင် ဝယ်လာပေးမယ်လေ"

စွင်းယိဖန်က အင်္ကျီလဲနေကာ သူနှင့်ကျူးပင်းတို့က တံတိုင်းကျော်ပြီး အင်တာနက်ဆိုင်သွားရန် ပြင်နေကြခြင်းဖြစ်သည်။

"ရှောင်ဖေးဖေး .. အုတ်တံတိုင်းပေါ်မှ ထပ်ချိတ်နေဦးမယ်"

"လစ်စမ်း"

ဝမ့်ဖေးက ဆဲရေးလိုက်ပြီးနောက် -

"မင်းယူပြန်လာတာကိုစောင့်နေရင် မနက်ဖြန်မနက်ရောက်သွားမယ်။ ပျန်းနမ်ဗိုက်အဆာလွန်ပြီး ဓာတ်ခွဲနမူနာတောင် ဖြစ်သွားမှာ"

အဆောင်ခန်းထဲမှ လူများအားလုံး အပြင်ထွက်သွားကြသည်။ ပျန်းနမ်က နားကြပ်ယူထုတ်ပြီး နားထဲထည့်လိုက်ကာ ခုတင်ပေါ်လှဲအိပ်ရင်း သီချင်းနားထောင်နေသည်။ နှစ်ပုဒ်တောင်ပြီးအောင် နားမထောင်ရသေးမီ သီချင်းကို သူပိတ်လိုက်သည်။ ဗိုက်ထဲမှ တဂွီဂွီအော်မြည်သံက သီချင်းသံကိုပင် ဖုံးအုပ်တော့မတတ်ဖြစ်နေ၍ဖြစ်သည်။

သူထထိုင်လိုက်ပြီး အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ နာရီဝက်ရှိသွားပြီ။ သူမျက်မှောင်ကြုတ်လိုက်သည်။ ကျောင်းပတ်ဝန်းကျင်တွင် စားသောက်စရာဆိုင်ခန်းများဖြင့် ပြည့်နှက်နေသည်။ စူပါမားကက်လေးများထဲတွင်တောင် ခေါက်ဆွဲပြုတ်ဝယ်၍ရသည်။ ဝမ့်ဖေးထွက်သွားသည့်အချိန်မှာ အနည်းငယ်ကြာနေပြီ။

အဖမ်းခံရပြန်ပြီလား။

ဒါမှမဟုတ် ပြဿနာအရှာခံရတာလား။

ပျန်းနမ်က လက်မောင်းများကို လှုပ်ရှားလိုက်ပြီး ခုတင်ပေါ်မှဆင်းကာ အပေါ်ထပ်အနွေးထည်တစ်ထည်ကို ကောက်ဝတ်လိုက်ပြီး အဆောင်ခန်းထဲမှ ထွက်လိုက်သည်။

ယခုအချိန်တွင် ရာသီဥတုက အနည်းငယ်နွေးထွေးလာနေပြီဖြစ်သည်။ လမ်းအသီးသီးပေါ်မှ လမ်းသွားလမ်းလာများက အပင်အညှောက်ပေါက်သကဲ့သို့ပင် အထူးတက်ကြွသွက်လက်နေကြသည်။

အားကစားကျောင်းနှင့် ရေကြောင်းကုန်စည်ကျောင်းတို့မှာ မကြာခဏဆိုသလို ပဋိပက္ခအသေးစားများ ဖြစ်တတ်သည်။ အပြင်ထွက်ထမင်းစားချိန်တွင် ခေါက်ဆွဲကြော်တစ်ပန်းကန်ကို ဘယ်သူ့ကိုအရင်ချပေးမလဲဟူသည့်ကိစ္စလေးအတွက်တောင် ဓားဆွဲထုတ်ကာ ရန်ဖြစ်နိုင်သူများဖြစ်သည်။ အားကစားကျောင်းတစ်ကျောင်းတည်းမှာတောင် ကျောင်းတွင်းရန်ပွဲပြဿနာများမှာ ဆောင်းရာသီထက်တောင် သိသိသာသာ များပြားနေသေးသည်။

ဝမ့်ဖေးကဲ့သို့ ရန်ဖြစ်သည်နှင့် စိတ်ဆတ်လာပြီး ဘယ်သူထက်မဆို ရက်စက်ကြမ်းကြုတ်လာကာ၊ အသက်ထွက်အောင်ရိုက်မိလျှင်တောင် ထွက်မပြေးတတ်သည့် စိတ်ဓါတ်စွမ်းပကားနှင့်လူကို ပျန်းနမ်အနည်းငယ်စိတ်ပူရသည်။ အဆောင်အဆောက်အအုံမှထွက်လာပြီးနောက် ကျောင်းအုတ်တံတိုင်းဆီသို့ သူတိုးတိတ်စွာ လျှောက်သွားသည်။

ယခုအချိန်တွင် ကျောင်းထဲ၌ ကျောင်းသားကျောင်းသူ များများစားစားမရှိနေပေ။ နိုးကြားတက်ကြွသူများကတော့ စာသင်ခန်းထဲတွင် ညပိုင်းစာကျက်နေကြသည်။ ပျင်းရိသူများကတော့ အဆောင်ပြန်ပြီး လူ့ဘဝလောကကို စံစားမွေ့လျော်ကြသည်။

ပျန်းနမ်က ကျောင်းအုတ်တံတိုင်းဘက်ကို ကြည့်ကြည့်လိုက်သည်။ အုတ်တံတိုင်းပေါ်တွင် သံချောင်းနှင့်ချိတ်မိနေသူရှိမရှိ အတည်ပြုရန်ဖြစ်သည်။ ထို့နောက် လေးဘက်လေးတန်ကို ကြည့်လိုက်ပြီး ပြေးရန် အရှိန်ယူလိုက်သည်။

ပုံမှန်အချိန် အုတ်တံတိုင်းကိုခုန်ကျော်လျှင် သူအပြေးရှိန်ယူရန်မလိုအပ်ပေ။ တံတိုင်းဘေးအထိသွားပြီး ခုန်တက်ကာ လက်ကိုထောက် အုတ်တံတိုင်းနံရံပေါ် ခြေကိုနှစ်ချက်ခန့်ကန်ပြီးလျှင် ထွက်၍ရနေပြီ။ သို့သော် ယနေ့တွင် အလွန်ပင်ပန်းနေသည်။ ခုန်လိုက်လျှင် လစ်ဟာနေသော အုတ်တံတိုင်းအစွန်းတွင် ကန်မိမည်ကို သူစိုးရိမ်နေသည်။

ခြေလှမ်းအနည်းငယ်ခန့် အရှိန်ယူပြေးလိုက်ပြီး အုတ်တံတိုင်းနံရံကို တစ်ချက်ကန်နင်းလိုက်ပြီး လက်ဖြင့် တံတိုင်းထိပ်ကို လှမ်း၍ ဖမ်းကိုင်လိုက်သည်။

တံတိုင်းပေါ်သို့ လွှားတက်နေချိန်တွင် တံတိုင်းအပြင်ဘက်ဆီမှ အလောတကြီးလျှောက်လာသော ခြေသံကို သူကြားလိုက်ရသည်။

တံတိုင်းဘေးဆီသို့ တစ်ယောက်ယောက်ပြေးလာနေသည်။

ဝမ့်ဖေးလား။

ပျန်းနမ်က တံတိုင်းနံရံကိုထောက်ကန်ထားရင်း တံတိုင်းအပေါ်ကိုခေါင်းပြူထုတ်လိုက်ချိန်တွင် ဝမ့်ဖေး၏အော်ပြောလိုက်သံကို ကြားလိုက်ရသည်။ အသံက အနည်းငယ်တော့ ကွာဝေးနေသေး၏။ သို့သော် လေသံက အလွန်မာန်ပါနေသည်ကို ကြားရနိုင်သည်။

"မင်းဘိုးအေကို ပြေးနေလိုက်"

ဘယ်လိုဖြစ်တာလဲဟု သူမမေးလိုက်ရသေးမီ လူရိပ်တစ်ရိပ်က တံတိုင်းပေါ်သို့ လွှားခနဲခုန်တက်လာသည်ကို မြင်လိုက်ရသည်။

"ငါလူး။ ဘယ်သူလဲ"

ပျန်းနမ်က လန့်သွားပြီး အပေါ်သို့တစ်ဟုန်ထိုးလွှားတက်သည့်အရွေ့အရှိန်ကို ထိန်းချုပ်လိုက်သည်။ မဟုတ်လျှင် သူ့မျက်နှာက ထိုလူ၏ခြေထောက်ကို တိုက်မိသွားမည်ဖြစ်သည်။

တံတိုင်းပေါ်ကျော်တက်လာသောထိုလူမှာ ခြေတစ်ဖက်က တံတိုင်းပေါ်ရောက်နေပြီဖြစ်သည်။ သူ့အသံကိုကြားလိုက်ရသောအခါ ထိုလူလည်း လန့်သွားပုံရသည်။ လူရိပ်သဏ္ဍာန်က တန့်ခနဲဖြစ်သွား၏။

ဤတဒင်္ဂတွင် ထိုလူ့မျက်နှာကို ပျန်းနမ်သေချာမြင်လိုက်ရသည်။

ချိုးယိဖြစ်နေခဲ့တာပဲ။

ပျန်းနမ်မှာ တစ်ကိုယ်လုံးရှိသွေးများအားလုံး နဖူးပေါ်သို့ ဆောင့်တက်လာကဲ့သို့ခံစားလိုက်ရသည်။ ဒါကြီးက သူ့မြေနိုးလို ထောင်လွှားလွန်းတယ်။

"လခွမ်း"

ပျန်းနမ်က ဆဲရေးလိုက်သည်။ ယခုလက်ရှိသူ့ကိုယ်ဟန်အနေအထားက စတင်တိုက်ခိုက်ရန် သိပ်မသင့်တော်နေသော်ငြား၊ တံတိုင်းပေါ် ချိတ်ကိုင်ထားသောဘယ်ဘက်လက်ကိုလွှတ်ပြီး ချိုးယိ၏ခြေထောက်ကို ဖမ်းဆုပ်လိုက်သည်။

ချိုးယိက ခြေထောက်ကိုအမြန်ပြန်ရုပ်လိုက်ပြီး သူ့လက်ကို ရှောင်လိုက်သည်။ သူတံတိုင်းပေါ်မှခုန်ဆင်းပြီး လူကိုချောင်ပိတ်ရန်အလုပ်တွင် ချိုးယိက တံတိုင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

လက်မောင်းများ ရုတ်တရက်ဆန့်ထွက်လာပြီး ပျန်းနမ်မျက်နှာဆီသို့ ရိုက်လာသည်။

ပျန်းနမ်က ရှောင်တိမ်းရန်မမီလိုက်ဘဲ ထိုလက်မောင်းရိုက်ချက်ကြောင့် တံတိုင်းပေါ်မှ တစ်ခါတည်းပြုတ်ကျလာခဲ့ကာ မြေကြီးပေါ်သို့ ကျောဖြင့် ခပ်ပြင်းပြင်းပြုတ်ကျသွားသည်။

***

(ဆက်ရန်)

Continue Reading

You'll Also Like

20.7K 1.1K 26
In the land of Ninjago, people aren't always good, some are bad, others can fit in between, however, having to be around people who feel like they do...
300K 445 2
Nothing was perfect, the odds were slim, but whatever it was; it was real. "That crying shit not it. You been feelin like this then we could've talke...
7.4M 207K 22
It's not everyday that you get asked by a multi-billionaire man to marry his son. One day when Abrielle Caldwell was having the worst day of her life...
101K 886 40
So since I have loved the show for a while now I decided to write a one shot book, Requests are open.