《Wolf pair》- ဘာသာပြန်

By wishywish0805

44.1K 7.2K 525

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 1

1.8K 114 3
By wishywish0805

Chapter ● 1 ●

အားကစားလေ့ကျင့်ရေးကွင်းပြင်ထဲတွင် လေက ပြင်းထန်စွာ တိုက်ခတ်နေသည်။ လေပြင်းလွန်း၍ နားလည်ရခက်သော သဲမှုန်များ၊ မြက်ပင်များက ကွင်းပြင်ထဲတွင်ရှိနေသောလူ၏ကိုယ်ပေါ်သို့ တရစပ် လာရောက်ရိုက်ခတ်နေသည်။

ပျန်းနမ်သည် ဆောင်းထားသောဦးထုပ်ကို နှာခေါင်းနားအထိ ကွယ်သွားအောင် ဆွဲချလိုက်ပြီဖြစ်ကာ အင်္ကျီကော်လာကိုလည်း အပေါ်ဆုံးအထိ ဆွဲတင်လိုက်ပြီဖြစ်သည်။ သို့တိုင်အောင် မျက်လုံးများ ဖွင့်၍မရတော့လောက်အောင် အမှုန်အမွှားများက ရိုက်ခတ်နေဆဲပင်။ သဲမှုန်အကြေများက သွားများကြားတွင် ခိုးလိုးခုလုဖြစ်နေသည်ကိုတောင် ပါးစပ်ထဲတွင် ခံစားရမိနိုင်သည်။

"ငါ့လခွမ်း ဒီနေ့လည်း ... ... မီးခိုးမြူထပြန်ပြီ"

နောက်မှ ဝမ့်ဖေးက မြေကြီးပေါ်သို့ တံတွေးထွေးထုတ်ရင်း ဟောဟဲလိုက်ကာ ဆဲဆိုလိုက်ခြင်းဖြစ်သည်။

ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ရင်း :

"မင်းဘိုးအေကို မီးခိုမြူနေလိုက်။ ဒါက သဲမုန်တိုင်းလို့ခေါ်တယ်။ ကောင်းကင်တစ်ခုလုံး PM25 ဖြစ်နေတာ၊ မြင်လား။ ပျစ်သွားအောင် ပြောင်းဖူးမှုန့်နည်းနည်းထည့်လိုက်ရင် ချဉ်စပ်ဟင်းရည်တစ်အိုးဖြစ်တော့မှာ"

"လခွမ်း၊ ဘော်လီဘောအတန်းက စောက်ရူးတွေအုပ်စုကျတော့ ဘာဖြစ်လို့ ကွင်းပတ်ပြေးတဲ့ပြစ်ဒဏ် အပေးမခံရတာလဲ"

ဝမ့်ဖေးက ခေါင်းလှည့်ကြည့်လိုက်သည်နှင့် အားကစားကွင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး သူတို့ပြစ်ဒဏ်ခံနေရသည်ကို အားပါးတရ ပွဲကြည့်နေကြသော လူအုပ်စုကို တွေ့လိုက်ရသည်။

"ဘာလို့လဲဆိုတော့ အဲဒီစောက်ရူးတွေ ကျောင်းအုတ်တံတိုင်းကျော်တော့ အဖမ်းမခံလိုက်ရလို့လေ"

ပျန်းနမ်က ကိုယ်ကိုလှည့်လိုက်ပြီး ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်အနေအထားဖြင့် ပြေးလိုက်ကာ ဝမ့်ဖေး၏ဦးခေါင်းဆီသို့ လက်ဆန့်ထုတ်ပြီး ရိုက်လိုက်သည်။

"မင်းလေ၊ ခြေထောက်သေးသေးအဘွားကြီးအိုလိုပဲ၊ အုတ်တံတိုင်းလေး ကျော်တာကို နှစ်ပေါင်းနှစ်ရာကျော်ကြာတာတောင် မကျော်နိုင်ဘူး။ ငါတို့နှစ်ကောင်စလုံးက ဟိုစောက်ရူးတွေလောက်တောင် အဖြစ်မရှိဘူး"

"ငိုး၊ အဲဒါက ... ... တိုက်ဆိုင်သွားတာ ... ... ဟုတ်ပြီလား"

ဝမ့်ဖေးက လုံးဝ ကျေနပ်နေပေ။ အမောတကောအသက်ရှူရင်း နောက်ထပ် တစ်ခွန်းနှစ်ခွန်းခန့် ထပ်ပြောရန်စဉ်းစားနေဆဲတွင် အပြာရောင်လူရိပ်တစ်ရိပ်က အားကစားခန်းမထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ သို့နှင့် ပျန်းနမ်ကို အလျင်အမြန်တွန်းလိုက်ပြီး -

"[1]လောင်ကျန်၊ လောင်ကျန်၊ လောင်ကျန် ထွက်လာပြီ ... ..."

ပျန်းနမ်က ကိုယ်ကို အလျင်အမြန် ပြန်လှည့်လိုက်ပြီး ရှေ့သို့ဆက်ပြေးလိုက်သည်။ အလုပ်ထဲသို့ တလေးတစားစိတ်မြှုပ်နှံမှုရှိစွာပင် သဲမှုန်ပါသောလေများကို ပါးစပ်အပြည့် ရှူသွင်းလိုက်သည်။

လောင်ကျန်သည် သူတို့ တင်းနစ်အတန်း၏ အားကစားနည်းပြဆရာဖြစ်ပြီး အားကစားကျောင်း၏ အရက်စက်အကြမ်းကြုတ်ဆုံးသော နည်းပြတစ်ယောက်လည်းဖြစ်သည်။ ရက်စက်လွန်း၍ သူတို့ကျောင်းသားတစ်အုပ်ကတောင် နာမည်ပြောင်မပေးရဲသော နည်းပြဆရာဖြစ်သည်။

"ပျန်းနမ်၊ ၃ ကီလိုမီတာကျန်သေးတယ်"

လောင်ကျန်က ပြေးလမ်းနားသို့လျှောက်လာပြီး သူ့ရှေ့မှ ဖြတ်ပြေးသွားသော ပျန်းနမ်အား လှမ်း၍အော်ပြောလိုက်သည်။

"ငါလူး"

ထိုစကားကို ကြားလိုက်ရသည်နှင့် ပျန်းနမ်သည် ယိမ်းထိုးသွားခြင်းမရှိဘဲ မြေပေါ်သို့ ဒူးထောက်လဲကျတော့မလိုဖြစ်သွားသည်။

"ကျွန်တော်ရော"

ဝမ့်ဖေးက အလိုက်သင့်မေးလိုက်သည်။

"မင်းက စိတ်ပါရင် သူနဲ့အတူတူ လိုက်ပြီးပြေးနေ။ မင်းတို့နှစ်ကောင်က တစ်ခုဝယ် တစ်ခုလက်ဆောင်ရတဲ့ကောင်တွေ မဟုတ်ဘူးလား"

လောင်ကျန်က အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်သည်။

"အခုလောလောဆယ်တော့ ... ... ခွာပြဲလိုက်ရအောင် ... ..."

ဝမ့်ဖေးက မောပန်းပြီး အလွန်ပြင်းထန်စွာ ဟောဟဲလိုက်နေသည်။

"ဒီအသုံးမကျတဲ့ဟာကတော့"

ပျန်းနမ်က အူမြူးသွားသည်။

"ငါ မောလို့သေသွားရင် ... ... ဘယ်သူ ... ... ဘယ်သူက ... ... မင်းကို နှိပ်နယ်ပေးမှာလဲ"

ဝမ့်ဖေးက နောက်ဆုံးတစ်ပတ်ပြေးပြီးသွားပြီးနောက် လောင်ကျန်၏ခြေထောက်ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

ပျန်းနမ်သည် သဲမှုန်များကိုရင်ဆိုင်လျက် ကျန်ရှိနေသော နောက်ထပ်သုံးကီလိုအတွက် ဆက်ပြေးနေသည်။ သူ့ခြေထောက်ကြွက်သားများက ခြေထောက်သေးသေးအဘွားကြီး ဝမ့်ဖေးကောင်ကို အော်ဟစ်ပြီး ပြစ်တင်စွပ်စွဲနေသကဲ့သို့ပင်။ အကယ်၍ မနေ့ညက အုတ်တံတိုင်းကျော်နေစဉ် ဝမ့်ဖေး၏ဘောင်းဘီသာ သံချောင်းပေါ်တွင် မငြိခဲ့လျှင် သူတို့နှစ်ယောက်ကိုလည်း လောင်ကျန်က လက်ပူးလက်ကြပ် ဖမ်းမိမည်မဟုတ်ပေ။

ကွင်းပတ်ပြေးပြစ်ဒဏ် (၅) ကီလိုအပြင် နောက်ထပ် (၃) ကီလို ထပ်ပေါင်းပြီး ပြေးရခြင်းမှာ ပျန်းနမ်အတွက် ဘာမှပြောပလောက်စရာမဟုတ်ပေ။ သို့သော် တစ်ညနေလုံး ကိုယ်ကာယလေ့ကျင့်ရေး ပြီးဆုံးသွား၍ လျှာထွက်မတတ် မောပန်းနေမှု၏နောက်တွင် ထိုပြစ်ဒဏ်ကို ထားလိုက်သောအခါ အနည်းငယ် ရက်စက်ပြင်းထန်နေတော့သည်။

ပျန်းနမ်သည် နောက်ဆုံးကျန်ရှိနေသော (၃) ကီလိုအတွက် အရှိန်မြှင့်ကာ ပြေးလိုက်ပြီးနောက် လောင်ကျန်၏ရှေ့တွင် ရပ်လိုက်သည်။ ခါးကိုင်းပြီး လက်ကို ဒူးခေါင်းတွင် ထောက်ထားရင်း ပြောလာသည်။

"ပြည့်ပြီလား"

"မင်းတို့ကောင်တွေ ညကျရင် အုတ်တံတိုင်း ထပ်ကျော်ကြဦး၊ ထပ်ကျော်လေ ပိုဆိုးလေပဲ"

လောင်ကျန်က အမူအရာကင်းမဲ့စွာ သူ့အား ကြည့်ရင်း ပြောလိုက်ပြီးနောက် လှည့်ထွက်သွားသည်။

အိပ်ဆောင်သို့ပြန်ရောက်သောအခါ ထမင်းစားချိန် ရောက်နေပြီဖြစ်သည်။ အဆောင်ထဲတွင် လူတစ်ယောက်မှ မရှိနေပေ။ ပျန်းနမ်သည် ကိုယ်ပေါ်မှအင်္ကျီများကို အားလုံးချွတ်ချလိုက်ပြီးနောက် ကုတင်ပေါ်တွင် ပစ်လှဲဝင်လိုက်ကာ ဝမ့်ဖေးအား လက်ယမ်းပြရင်းပြောလာသည်။

"မြန်မြန်လေး၊ သခင်လေးကို ခြေထောက်လာနှိပ်ပေးစမ်း"

ဝမ့်ဖေးသည် တစ်ကိုယ်လုံးအဝတ်ပတ်ထားလျက်နှင့် သူ့ခုတင်ပေါ်သူတက်သွားလိုက်ပြီးနောက် မလှုပ်မရှားဖြင့် ငြိမ်သက်သွားတော့သည်။

"အသက်ထွက်သွားတာလား"

ပျန်းနမ်က ခေါင်းအုံးတစ်လုံးယူပြီး ဝမ့်ဖေးဘက်သို့ ပစ်ထည့်လိုက်သည်။

ခေါင်းအုံးက ဝမ့်ဖေးနဖူးပေါ် ကျသွားပြီး ဝမ့်ဖေးက သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ -

"ထွက်တော့မှာ၊ သိပ်မကြာတော့ဘူး"

"မသေခင် ငါ့ကို ခြေထောက်လာနှိပ်ပေးဦး"

ပျန်းနမ်က ပြောသည်။

"ငါ့လို မကြာခင်မှာသေတော့မယ့်လူတစ်ယောက်အတွက် ပုံရိပ်ကောင်းကောင်းလေးကျန်ဖို့ မင်း လွှတ်ထားပေးလို့ မရဘူးလား"

ဝမ့်ဖေးက လည်ချောင်းသံကို ဆွဲပြောလိုက်ကာ လူက ခုတင်ပေါ်တွင် မှောက်နေဆဲဖြစ်ကာ ဆက်၍ -

"ငါ သရဲဖြစ်သွားရင်လည်း မင်းကို အလွတ်ပေးလိုက်ဖို့ ကောင်းရအောင် ... ..."

"ဆန်ကုန်မြေလေး။ မင်းရှိနေတော့ရော ဘာအသုံးကျလဲ"

ထိုစကားကိုကြားရပြီးနောက် ပျန်းနမ်သည် သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ဝမ့်ဖေးခုတင်ဘေးနားသို့သွားပြီး ခြေထောက်မြှောက်တင်ကာ ဝမ့်ဖေး၏တင်ပါးပေါ်သို့ နင်းလိုက်ကာ

"ငါ မင်းကို နင်းပေးရမလား"

"အေး ... ... အေး ... ... နေလို့ကောင်းတယ် ... ..."

ဝမ့်ဖေးက ဟန်လုပ်ချဲ့ကားပြီး ညည်းတွားလိုက်ရင်း ဆက်ပြောသည်။

"သခင်ကြီး အပေါ်ကို နည်းနည်းထပ်တိုးပေး၊ ခါးနားမှာ နှစ်ချက်လောက် နင်းပေး ... ..."

ပျန်းနမ်၏အိတ်ကပ်ထဲမှ ဖုန်းမြည်သံတစ်သံ ထွက်ပေါ်လာသည်။ သူသည် ဖုန်းကို ယူထုတ်လိုက်ပြီး ခြေထောက်ကို အပေါ်နားတိုးကာ ဝမ့်ဖေး၏ခါးနားကို နင်းပေးလိုက်သည်။

"ငါ့ရဲ့ ကြီးမားမြင့်မြတ်တဲ့ကျေးဇူးတရားတွေ မေတ္တာတွေကို စိတ်ထဲမှတ်ထားလိုက်ပြီလား"

"မှတ်ထားပါပြီ၊ မှတ်ထားပါပြီ။ ထာဝရ မပျောက်ပျက်အောင် ရင်ထဲမှာ ထွင်းထားလိုက်ပါပြီ ... ..."

ဝမ့်ဖေးက တဟင်းဟင်းနှင့် ညည်းနေရင်းပြောလိုက်သည်။

ဖုန်းထဲတွင် မက်ဆေ့တစ်စောင်ဝင်နေသည်။ ပေးပို့လာသူအမည်နေရာတွင် မှတ်ထားသည်မှာ "အန်တီလင်" ဖြစ်သည်။ အန်တီလင်သည် သူ့အဖေ၏ဇနီးဖြစ်ပြီး သူ့မိထွေးဖြစ်သည်။

မက်ဆေ့အကြောင်းအရာမှာ အလွန်ရိုးရှင်းတိုတောင်းသည်။

- ဒီတစ်ပတ် ပြန်လာမှာလား

ပျန်းနမ်က မျက်မှောင်ကြုတ်လိုက်ရင်း အလျင်အမြန် စာပြန်ပို့လိုက်သည်။

- မပြန်ဘူး

သူ့ခြေဖဝါးအောက်တွင်ရှိနေသောဝမ့်ဖေးက အသံမျိုးစုံထွက်ပြီး ညည်းနေရင်း တောက်လျှောက် စကားပြောနေသည်။

"ပြောရမယ်ဆိုရင် ငါ့နမ်ကောက ရုပ်ချောတယ်၊ ဘော်ဒီ မိုက်တယ်၊ ကျောလည်း နင်းပေးတတ်သေးတယ် ... ... စိတ်နေစိတ်ထားလား ... စိတ်နေစိတ်ထားကတော့ ... ... ကောင်မလေးလှလှလေးတွေနဲ့ဆိုရင် တော်တော်သဘောကောင်းတယ်။ မင်း ပြောစမ်း၊ မင်း ဘယ်လိုဖြစ်လို့ ... ..."

ပျန်းနမ်၏လှုပ်ရှားမှုတို့က ရပ်တန့်သွားပြီး မျက်ခုံးများကို ပင့်တင်လိုက်ရင်း :

"ဘာကို ဘယ်လိုဖြစ်လို့လဲ၊ ဆက်ပြောစမ်း"

"ဘာမှ မဟုတ်တော့ဘူး။ အယ် .. မရပ်လိုက်နဲ့လေ။ ဆက်နင်းလေ"

ဝမ့်ဖေးက လက်ကို နောက်ပြန်ဆန့်ထုတ်ပြီး ပျန်းနမ်၏ခြေသလုံးနားကို လှမ်းပွတ်လိုက်သည်။

"လခွမ်း၊ ဘာကို ဘယ်လိုဖြစ်လို့လဲ"

ပျန်းနမ်က ဝမ့်ဖေး၏ ခါးပေါ်ကို တစ်ချက်နင်းလိုက်သည်။

ဝမ့်ဖေးက ခါးကို အုပ်လိုက်ရင်း မျက်နှာကို စောင်းကာ အော်ပြောလာသည်။

"ဟေ့ ... ဘာလုပ်တာလဲ။ ငါပြောချင်တာက မင်းဘယ်လိုဖြစ်ပြီး လိုက်လို့မရတာလဲလို့၊ ကျန်း ... ..."

"မင်းဘိုးအေကို လိုက်လို့မရရမှာလား"

ပျန်းနမ်က ဝမ့်ဖေး၏တင်ပါးဆီသို့ တစ်ချက်ကန်ထည့်လိုက်သည်။ ဝမ့်ဖေးက ကျန်းရှောင်ရုန်အကြောင်းကို ပြောချင်မှန်း သူသိလိုက်သည်

"အား --"

ဝမ့်ဖေး နောက်တစ်ကြိမ် ထပ်အော်လိုက်ပြန်သည်။ ကိုက်ခဲညောင်းညာနေသော သွက်ချာပါဒက ချက်ချင်းပျောက်ဆုံးသွားပြီး ဘောင်းဘီခွကြားကို လက်နှင့်ဖမ်းဆုပ်ထားရင်း ခုတင်ပေါ်တွင် လူးလှိမ့်နေသည်။

"ငါလူး၊ ကွဲကြေကုန်ပြီ"

"မင်းဥက ဖင်ပေါ်မှာ ပေါက်နေလို့လား"

ပျန်းနမ်က ဝမ့်ဖေးကို အဖက်မလုပ်ဘဲ ဗီရိုဖွင့်လိုက်သည်။ ဗီရိုထဲမှ အင်္ကျီယူထုတ်လာကာ ကိုယ်ပေါ်တွင် လွှားတင်လိုက်ရင်း ရေသွားချိုးရန်ပြင်ဆင်နေသည်။ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလာသည်။

"လိပ်ခေါင်းများလား ... ..."

"မင်းညီမကို လိပ်ခေါင်းနေလိုက်။ ဒီလိုလုပ်၊ မင်းမှောက်လိုက်ပြီး ငါ့ကို တစ်ချက်ပေးကန်ကြည့်"

ဝမ့်ဖေးက ခုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် ပျန်းနမ်ကို သွားဆွဲသည်။

ပျန်းနမ်က အိပ်ဆောင်တံခါးကိုဖွင့်ပြီး အပြင်သို့ ပြေးထွက်ရင်း -

"အေးပါ အေးပါ အေးပါ။ ငါ မှားပါတယ်။ မင်းဥက ငှက်ကုလားအုတ်ဥမှန်း သိပါတယ်"

"မြေနိုး ခိုဥဆိုရင်လည်း နင်းမိနိုင်တယ်။ ငါ့ကိုစောင့်ဦး၊ ငါလည်း ချိုးမယ်"

ဝမ့်ဖေးက တံခါးကို ကပ်တွယ်ထားရင်း အော်ပြောလိုက်သည်။

ပျန်းနမ်သည် ဝမ့်ဖေးအား တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် လက်ကို ခါးပေါ် ထောက်ကာ အင်္ကျီကိုကိုင်မြှောက်ပြီး လွှဲလိုက်ရင်း လိမ်ဖယ်လိမ်ဖယ်ဖြင့် ရှေ့သို့ဆက်ပြေးလိုက်သည်။

"ငါ့ကို လာဖမ်းလေ။ လာဖမ်းလေ"

ဘေးနားရှိ အိပ်ဆောင်တံခါးပေါက် ပွင့်လာသည်။ ဝမ်ပေါက လက်ထဲတွင် ထမင်းဘူးကိုင်ထားရင်း အခန်းထဲမှထွက်လာပြီး ပျန်းနမ်ကိုတွေ့လိုက်သော် ဆို့နင်သွားပြီး ပြောလာသည်။

"ငါလူး၊ နှစ်သစ်ကူးခါစကို ကိုယ်တစ်ပိုင်းချွတ်ကြီးနဲ့ မင်းမအေးဘူးလား။ ဒီနေ့ ကီလို နှစ်ဆယ်ပြေးလိုက်တာတောင် ဒီလောက်အထိ ဖျတ်လတ်မြူးကြွနေတုန်းလားဟ"

"နောက်ထပ်ကီလိုနှစ်ဆယ် ထပ်ပြေးရရင်တောင် မြို့တွင်းရင်ပြင်ကိုသွားပြီး ကျေးလက်လမ်းပေါ်အက တစ်ဖြတ်လောက် ကနိုင်သေးတယ် ငါ့ကောင်"

ပျန်းနမ်က ဝမ်ပေါ၏ထမင်းဘူးထဲမှ အသားတစ်တုံးကို လှမ်းနှိုက်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ပြီးနောက် နောက်လှည့်ကာ ဝမ့်ဖေးဆီသို့ လှမ်းအော်ပြောလိုက်သည်။

"မြန်မြန်လုပ်။ ချေးတုံးသွားလုမယ်ဆိုရင်တောင် ပူပူနွေးနွေးတွေ လုလို့မမီတော့ဘူး"

ဝမ့်ဖေးက အင်္ကျီများလှမ်းဆွဲပြီး ပြေးလာသည်။ ဝမ်ပေါထမင်းဘူးထဲမှ မုန်ညင်းစိမ်းတစ်ဖမ်းကို လှမ်းနှိုက်လိုက်သည်။

"ပေါပေါ၊ မင်းချေးစားနေတာလား"

ဝမ်ပေါက ထမင်းဘူးအဖုံးကို ပိတ်လိုက်ပြီး :

"ပြောလို့မပြီးတော့ဘူး၊ ဟုတ်လား"

ရေချိုးဆောင်ထဲတွင် ကျောင်းသားတစ်ယောက်မျှ မရှိနေတော့ပေ။ ပျန်းနမ်သည် ရေချိုးကတ်ကို ပလတ်ပေါက်တွင်ထိုးလိုက်ပြီး ဝတ်ထားသမျှကို အကုန်ပြောင်စင်အောင် ချွတ်လိုက်ပြီးနောက် ရေပန်းအောက်တွင် ဝင်ရပ်ကာ ရေချိုးနေလိုက်သည်။

ရေပူပူက ညောင်းညာပန်းလျနေသောခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သောအခါ နေသာထိုင်သာရှိသွားပြီး သက်သောင့်သက်သာဖြစ်သွားသောခံစားချက်မှာ အားရစရာကောင်းလှသည်။ သူသည် ခေါင်းကိုမော့ပြီး ရေပန်းအောက်တွင် အတော်ကြာအောင် ရပ်ချိုးနေလိုက်ပြီးမှ မျက်လုံးမှိတ် လက်ဆန့်လိုက်ကာ ရေချိုးဆပ်ပြာရည်ကို လိုက်စမ်းသည်။

လက်ဆန့်ထုတ်လိုက်ပြီးမကြာမီတွင် ဘေးနားရှိ ဝမ့်ဖေးက ရေချိုးဆပ်ပြာရည်ဘူးကို သူ့လက်ထဲသို့ ကမ်းပေးလိုက်သည်။

"ငါလူး။ ဒီလောက်တောင် ရိုကျိုးသိတတ်နေတာလား။ ပြောစမ်း၊ မင်းရေချိုးကတ်က ပိုက်ဆံကုန်သွားပြီမလား"

ပျန်းနမ်သည် မျက်လုံးတစ်ဖက်ကိုဖွင့်လိုက်ပြီး ဝမ့်ဖေးအား ကြည့်ရင်း မေးလိုက်သည်။

"မဟုတ်နေဘူး"

ဝမ့်ဖေးက ကျွတ်ခနဲစုတ်သပ်လိုက်ပြီး ခဏရပ်လိုက်ပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။

"ဒါပေမဲ့ မကြာခင်ကုန်တော့မှာ"

"ပိုက်ဆံသွားဖြည့်လေ"

ပျန်းနမ်က ဘေးတစ်ဖက်ကိုတိမ်းပြီး ဆပ်ပြာတိုက်နေပြီး ရေပန်းခေါင်းအောက်နေရာကို ဝမ့်ဖေးအား ဖယ်ပေးလိုက်သည်။

"ဖြည့်ဖို့ပိုက်ဆံမရှိဘူး"

ဝမ့်ဖေးက စိတ်ပျက်ထိုင်းမှိုင်းစွာပြောလိုက်သည်။

"မင်းပိုက်ဆံတွေကို ဘယ်နေရာမှာ သွားသုံးလိုက်လို့လဲ။ ဆေးလိပ် မသောက်၊ အရက် မသောက်၊ ကတ် မရိုက်၊ စော်လည်း မလိုက်ဘဲနဲ့ ... ..."

ပျန်းနမ်က တန်းစီပြီးရွတ်ဆိုရေတွက်လိုက်သည်။ ရေတွက်နေရင်း ဝမ့်ဖေးသည် သူတို့တင်းနစ်အတန်း၏ အကျင့်ကောင်းသောသူတော်ကောင်း စံပြအမှတ်အသား ဟုတောင် သတ်မှတ်၍ရနေကြောင်းကို တွေးတောမိသည်။

"ငါ စော်မလိုက်ဘူးလို့ ဘယ်သူပြောလဲ။ ရွှီရွေကို လက်ဆောင်လေးဝယ်ပေးဖို့ ပိုက်ဆံစုနေတာ"

ဝမ့်ဖေးက ပျန်းနမ်၏စကားကို ဖြတ်ပြောလိုက်သည်။

ပျန်းနမ်က ဝမ့်ဖေးအား တွန်းထုတ်လိုက်ပြီး ရေပန်းခေါင်းအောက်တွင် ဝင်ရပ်လိုက်သည်။

"သူ့မွေးနေ့လား"

"အင်း။ ဒါနဲ့ ဟုတ်သားပဲ .. အရင်တစ်ခေါက်က ကျန်းရှောင်ရုန်ကို မင်းဝယ်ပေးတဲ့ ဆွဲကြိုးလေးက ဘယ်ကနေ ဝယ် ... ..."

ဝမ့်ဖေးက တစ်ဝက်တစ်ပျက်ပြောလိုက်ပြီးနောက် မေးမိသည့်ပါးစပ်ကို ပြန်ပိတ်လိုက်ကာ -

"ထားလိုက်တော့။ အဲဒီဟာက အရမ်း စျေးကြီးလွန်းတယ်"

"မင်း လိုချင်လား။ လိုချင်ရင် မင်းကိုပေးလိုက်မယ်"

ပြီးခဲ့သည့်လ ကျန်းရှောင်ရုန်မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် ပျန်းနမ်သည် ဆွဲကြိုးတစ်ကုံး ဝယ်ပေးခဲ့သည်။ သို့သော် ကျန်းရှောင်ရုန်က လက်မခံသည့်အပြင် သူ့ကို တစ်ခေါက်လောက်ကြိုးစားရန်အခွင့်အရေးတောင် မချန်ပေးခဲ့ပေ။ ပျန်းနမ်၏ ဖုန်းနံပါတ်၊ WeChat ၊ QQ အစရှိသဖြင့် အားလုံးကို ဘလော့ခ်ပစ်လိုက်ပြီး လတစ်ဝက်ခန့်ကြာတော့မှ ဘလော့ခ်ထားသည်ကို ပြန်ဖြေပေးခဲ့သည်။

ထိုဆွဲကြိုးကို ဗီရိုထဲတွင် ယခုအချိန်အထိ ပစ်ထားခဲ့ပြီး အထဲတွင် ဝမ်းနည်းရင်ကွဲစရာကောင်းသော အချစ်သီချင်းများ သီဆိုနေခဲ့သည်။

"သေလိုက်လေ။ မပြောကောင်းမဆိုကောင်း ကျန်းရှောင်ရုန်က အဲဒီဆွဲကြိုးကိုကြည့်လိုက်တာနဲ့ ဒါက ပြီးခဲ့တဲ့လက ငါလက်မခံလိုက်တဲ့ဆွဲကြိုးမဟုတ်ဘူးလားလို့ ပြောလိုက်ရင် ငါ တစ်ခါတည်း မကြွသွားဘူးလား"

ဝမ့်ဖေးက ခေါင်းကိုခါလိုက်ရင်း ဆက်ပြောသည်။

"နှမြောစရာကောင်းလိုက်တာ။ ဆွဲကြိုးက ဒီလောက်ဈေးကြီးတာကို။ ဒါမှမဟုတ်လည်း ဒီအတိုင်း ထားထားပါလား။ နောက်တစ်ခါ ဆေးဘက်ဆိုင်ရာကျောင်းကမဟုတ်တဲ့ကောင်မလေးကို ငါလိုက်တဲ့အခါကျရင် ငါ့ကို ပေးပေါ့ ... ..."

"အဲဒီနေ့တုန်းက ကျန်းရှောင်ရုန်က ငါ့မျက်နှာကိုတောင် တစ်ချက်လေးကြည့်မသွားဘူး။ ဆွဲကြိုးကိုဆိုရင် ထည့်တောင်ပြောမနေနဲ့တော့"

ပျန်းနမ်က ရေချိုးပြီးနောက် တဟေးဟေးရယ်လိုက်ကာ ဘေးနားတစ်ဖက်တွင် သွားရပ်လိုက်ပြီး တဘက်တစ်ထည်ယူကာ ကိုယ်ပေါ်မှ ရေစက်များကို သုတ်လိုက်သည်။

ဝမ့်ဖေးက ပျန်းနမ်ကို ကြည့်နေပြီး -

"ဒီလောက်ချောတဲ့မျက်နှာနဲ့လူကိုတောင် မကြည့်ဘူး။ မင်း ဝမ်းနည်းလား"

ပျန်းနမ်က ခေါင်းညိတ်လိုက်ပြီး -

"ဝမ်းနည်းတယ်။ မင်းပြောစမ်း၊ သူက ဘာလို့ ဒီလောက်တောင် လိုက်ရခက်နေတာလဲ။ တခြားကောင်မလေးတစ်ယောက်ဆိုရင် ပါလာတာကြာလှပြီ"

"ဘာလို့လဲဆိုတော့ ..."

ဝမ့်ဖေးက တစ်ချက်တုံ့ဆိုင်းသွားပြီးနောက် ရေခလုတ်ကို ပိတ်လိုက်သည်။

"မင်းပြိုင်ဘက်က အရမ်းအားကောင်းနေလို့"

ပျန်းနမ်က ငေးကြောင်သွားသည်။

"ပြိုင်ဘက်ဟုတ်လား။ ငါ့မှာ ပြိုင်ဘက်တောင် ရှိသေးတယ်လား။ ငါ ဘာဖြစ်လို့ မသိလိုက်ရတာလဲ"

"မင်းဆိုတဲ့ကောင်က လက်လေးတစ်ချက်ယက်ခေါ်လိုက်တာနဲ့ ကောင်မလေးတွေ ပါလာတာကို အကျင့်ပါနေတာကိုး။ ကျန်းရှောင်ရုန်ကို လိုက်နေတာ ဝီရိယက မရှိ၊ အပတ်တကုတ်လည်းမကြိုးစားဘဲနဲ့ စိတ်ကိုမှ အပြည့်မထည့်ထားတာ။ ရန်သူက ဘယ်သူလဲတောင် မသိနေ ... ..."

"စောက်ပိုတွေ ပြောမနေနဲ့။ လိုရင်းပဲ ပြော"

ပျန်းနမ်က ဝမ့်ဖေး၏စကားကို စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။ သူသည် ကျန်းရှောင်ရုန်ကို လိုက်နေသော နှစ်လတာအတွင်းတွင် အမှန်တကယ်ကိုပင် စိတ်နှစ်လိုက် မနှစ်လိုက်ဖြင့် ပိုးပန်းနေခဲ့ခြင်းဖြစ်သည်။ သူ့တွင် ပြိုင်ဘက်ရှိနေမှန်းကိုလည်း တကယ်မသိနေပေ။

"ကျန်းရှောင်ရုန်ရဲ့မွေးနေ့တုန်းက သူ ဘယ်သူနဲ့ အပြင်သွားခဲ့လဲဆိုတာ မင်း မသိဘူးလား"

ဝမ့်ဖေးက ဈေးကိုင်နေဆဲဖြစ်သည်။ ပျန်းနန်က လက်ထဲမှတဘက်ဖြင့် အနှီသူကောင်းသား၏ကျောပေါ်သို့ လွှဲရိုက်လိုက်တော့မှ ဝမ့်ဖေးသည် ကျောကိုလက်ဖြင့်ကာရင်း အော်လာသည်။

"အား ... ချိုးယိဟ ချိုးယိ"

"ဘယ်သူ .. ဆောင်းတွင်းဝတ်အင်္ကျီဟုတ်လား။ ဒါဆို ငါက ဆောင်းတွင်းဝတ်ဘောင်းဘီပဲ"

[T/N : ချိုးယိ (邱奕 Qiū Yì) ရဲ့နာမည်အသံထွက်က "ဆောင်းတွင်းဝတ်အင်္ကျီ" (秋衣 qiū yī ချိုးရီး) နဲ့ ဆင်တူပါတယ်။]

ပျန်းနမ်သည် ထိုနာမည်ကို မသိနေသလို ဘာထင်မြင်ချက်မှလည်း မရှိနေပါ။ သို့နှင့် ဝမ့်ဖေး၏တင်ပါးဆီသို့ တဘက်နှင့် နောက်တစ်ကြိမ်ထပ်လွှဲရိုက်လိုက်ပြီး မေးလိုက်သည်။

"ချိုးယိက ဘယ်သူလဲ"

"ငါလူး၊ ဖြည်းဖြည်းသာသာ ရိုက်ပါဟ"

ဝမ့်ဖေးက တင်ပါးကို လက်နှင့် ကာလိုက်သည်။

"သင်္ဘေကုန်စည်ပို့ဆောင်ရေးနည်းပညာကျောင်း ဒုတိယနှစ်ကလေ။ ပြီးခဲ့တဲ့ စာသင်နှစ်ဝက်တုန်းက တော်တော်လေးကို ထောင်လွှားနေတာ။ မင်းမကြားမိဘူးလား"

ပျန်းနမ်က တဘက်ကို လွှဲခါလိုက်သောအခါ ဝမ့်ဖေးက အမြန်ရှောင်လိုက်သည်။ လက်ကို သိမ်းဖယ်လိုက်သည်နှင့် လေထဲတွင် တဘက်ကို လွှဲရိုက်လိုက်သံက ကျယ်လောင်စွာ မြည်ထွက်လာသည်။

"ငါက မင်းသိတယ်လို့ ထင်နေတာ"

ဝမ့်ဖေးက တစ်ခွန်းထပ်ဖြည့်ပြောလိုက်ပြီး ပျန်းနမ်၏မျက်နှာကို စိုက်ကြည့်နေသည်။

ပျန်းနမ်က စကားမဆိုပေ။ မျက်နှာအမူအရာကမူ အတန်ငယ်ကြည့်ရဆိုးနေသည်။

.

ငှက်ကတောင် ချေးပါမချသော၊ ကြောင်ကတောင် ညမအိပ်သည့် ဤမြို့စွန်ဆင်ခြေဖုံးပတ်ဝန်းကျင်တစ်ဝိုက်ကို ဆယ်နှစ်အတွင်း ဒုတိယမြောက် မြို့လယ်ခေါင်အဖြစ် တိုးတက်အောင်ပြောင်းလဲမည်ဟု သက်ဆိုင်ရာအုပ်ချုပ်သူများက ပြောထားခဲ့သည်။ အမှန်တကယ်တွင် ဤနေရာသည် မြို့တွင်းနှင့် သိပ်မဝေးပေ။ သို့သော် အချိန် ငါးနှစ်ကျော် ကုန်လွန်ခဲ့တာတောင် ယခင်ကအတိုင်း အများပြည်သူသုံးဘတ်စ်ကားနှစ်ကြောင်းသာ ပေါက်ရောက်သော မြို့ပြအယောင်ဆောင်ထားသည့် မြို့စွန်မြို့ဖျားဆင်ခြေဖုံးဧရိယာသာသာ ဖြစ်နေဆဲပင်။ အားကစားအထက်တန်းကျောင်းနှင့် ရေကြောင်းကုန်စည်ပို့ဆောင်ရေးနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသားများ အချင်းချင်းမသင့်မြတ်ကြသောအစဉ်အလာကို ထိန်းသိမ်းလာကြသည်မှာ နှစ်ပေါင်းမနည်းတော့ပေ။

ဤပတ်ဝန်းကျင်တွင် အသက်မွေးအထူးပြုအထက်တန်းကျောင်း (၃) ကျောင်းသာရှိသည်။

အားကစားကျောင်း၊ ရေကြောင်းကုန်စည်ပို့ဆောင်ရေးနည်းပညာကျောင်းနှင့် ဆေးဘက်ဆိုင်ရာကျောင်းတို့ဖြစ်သည်။

ဆေးဘက်ဆိုင်ရာကျောင်းတွင် မိန်းကလေးကျောင်းသူ များပြားပြီး ကျောင်းသူလေးများက လှပကြသည်။ ကျန်သော နှစ်ကျောင်းတွင်မူ အားလုံးမှာ ဟော်မုန်းဓါတ်ပိုလျှံနေသူများသာရှိသည်။

အားကစားကျောင်းတွင် နဂိုကတည်းက မိန်းကလေးနည်းပါးနေတာကိုမှ တစ်ဝက်ခန့်သော မိန်းကလေးများက ယောက်ျားလေးများထက်ပင် သန်မာအားကောင်းကြသည်။ ထို့ကြောင့် ဤ "ဒုတိယမြောက် မြို့လယ်ခေါင်" ရှိ သည်းခံချုပ်တည်းရလွန်း၍ ဟော်မုန်းမညီမျှမှုဖြစ်မတတ် ဖြစ်နေသည့် ရှိသမျှသောယောက်ျားလေးများ၏ပစ်မှတ်သည် ဆေးဘက်ဆိုင်ရာကျောင်းမှ နူးညံ့ပျော့ပျောင်းသောကျောင်းသူများပေါ်သို့ ကျရောက်သွားတော့သည်။

ပုံမှန်အားဖြင့်လည်း ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများသည် ညလယ်မုန့်ထွက်စားရင်း၊ အင်တာနက်ဆိုင်တွင် ကွန်ပျူတာနေရာယူ စက်လုကြရင်း၊ လည်ပတ်ဈေးဝယ်ထွက်ရင်း အစရှိသောအချိန်များတွင် အချင်းချင်းမျက်စိစပါးမွေးစူးကြ၍ မကြာခဏငြိကြလေ့ရှိသည်။ ရည်းစားသနာလုသော ပြဿနာကိုပါ ထည့်ပေါင်းလိုက်သော် ဤနှစ်ကာလအပိုင်းအခြားအတွင်း အချင်းချင်းကြားမှဆက်ဆံရေးမှာ တကယ်ကိုပင် တည့်မတ်၍မရတော့လောက်အောင် အစေးမကပ်ကြတော့ပေ။

ပျန်းနမ်သည် အလယ်တန်းမှစတင်ပြီး အားကစားကျောင်းတွင် တက်ရောက်ကျင်လည်လာခဲ့သူဖြစ်သည်။ ထို့ကြောင့် စာအုပ်တစ်အုပ်ပြုစု၍ရလောက်အောင်များပြားသော ဤနေရာ၏ အာဃာတများ၊ မကျေမချမ်းမှုများနှင့် နာကြည်းချက်များကို ကောင်းကောင်းသိရှိနေသည်။

အနှီချိုးယိမှာ ရေကြောင်းကုန်စည်ကျောင်းမှဖြစ်ကြောင်း ကြားရသည်နှင့် သူသည် ရင်ထဲတွင် ပိတ်ဆို့သွားတော့သည်။

"ငါလူး"

သူသည် စိတ်ထဲတွင်ဖြစ်ပေါ်နေသော ခံစားချက်များအားလုံးအတွက် ရိုးရှင်းစွာ အနှစ်ချုပ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အင်္ကျီကိုလှမ်းယူပြီး ဝတ်ဆင်လိုက်သည်။

"တခြားအကြောင်းတွေလည်းရှိသေးတယ်။ နားထောင်ဦးမလား"

ဝမ့်ဖေးက ဘောင်းဘီဝတ်ရင်း မေးလိုက်၏။

ပျန်းနမ်က ဘာစကားမှမဆိုဘဲ ဝမ့်ဖေးကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ ဝမ့်ဖေးက အဝတ်အစားများကို သေသပ်အောင် ဝတ်ဆင်ပြီးသွားပြီးနောက် နှစ်ယောက်သားသည် ရေချိုးဆောင်ထဲမှ ထွက်လာခဲ့ကြသည်။ ဝမ့်ဖေးသည် အတင်းအဖျင်းသတင်းများ ထုတ်လွှင့်သောကိရိယာတစ်ခုကဲ့သို့ ဘေးနားမှ အသံတီးတိုးဖြင့်ပြောလာသည်။

"ငါကြားတာကတော့ ဒီကောင်က တော်တော်မောက်မာတယ်တဲ့။ ရေကြောင်းက သာ့ကွမ်ဆိုတဲ့ကောင် ကျောင်းပြီးသွားတော့ သူတို့ဆီမှာ ကျောင်းတွင်းရန်ပွဲတွေ လုံးဝမပြတ်ဘဲ ဆက်တိုက်ရှိနေခဲ့တာမလား။ ရေကြောင်းကို သူရောက်လာတဲ့ စာသင်နှစ် နှစ်တစ်ဝက်အတွင်းမှာ အကုန်လုံးကို ရှင်းပစ်လိုက်တာ ... ..."

ပျန်းနမ်က ဝမ့်ဖေးအားကြည့်လိုက်ပြီး

"အဲဒါ ငါနဲ့ဘာဆိုင်လဲ"

"အေးပါ အေးပါ အေးပါ။ မင်းနဲ့ဆိုင်တဲ့ဟာကို ပြောပြမယ်။ အရင်တုန်းက မင်းကို ငါမပြောပြရဲလို့။ အဲဒါနဲ့ မင်းဘာသာမင်းသိသွားဖို့ ငါဆုတောင်းနေတာ"

ဝမ့်ဖေးက ပြောနေရင်းတန်းလန်း ရပ်လိုက်ပြီး ပျန်းနမ်တစ်ခုခုပြောလာရန် စောင့်နေသည်။ သို့သော် ပျန်းနမ်က ဘာမှပြောမလာခဲ့ပေ။ သို့နှင့် သူသည် လည်ချောင်းရှင်းရင်း ဆက်ပြောလိုက်ရသည်။

"ငါကြားတာက၊ ဒါက ငါကြားလာတာပဲ ရှိတာနော်၊ ကျန်းရှောင်ရုန်က ဒီကောင့်ကို လိုက်နေတယ်တဲ့"

ပျန်းနမ်က အိပ်ဆောင်ခန်း၏တံခါးကို ကန်ထည့်လိုက်သည်။ တံခါးက ဒုန်းခနဲအသံနှင့်အတူ နံရံကိုရိုက်မိသွားသည်။ တံခါးရွက်ပေါ်တွင် မူလကတည်းက ကွဲဟချင်နေသော အဟမှာ များစွာ ကျယ်ပြန့်သွားခဲ့သည်။

အခန်းထဲရှိ ပြတင်းပေါက်ရှေ့တွင်ရပ်နေရင်း အပြင်ဘက်သို့ငေးကြည့်နေသော စွင်းယိဖန်နှင့် ကျူးပင်းတို့က အလန့်တကြားဖြစ်သွားကြပြီး စွင်းယိဖန်သည် လက်ထဲကိုင်ထားသော လိမ္မော်သီးဖြင့် ပျန်းနမ်ကိုယ်ပေါ်သို့ ပစ်ပေါက်လာသည်။

"ရောဂါလား၊ ရောဂါရှိနေတယ်ဆိုလည်း ဆေးသောက်"

"မင်းတို့နှစ်ကောင်က ချစ်ကြည်နူးနေကြတာလား။ နမ်းကြပါဦး၊ ကြည့်ကြည့်ရအောင်"

ပျန်းနမ်က လွင့်ပျံလာသော လိမ္မော်သီးကို လှမ်းဖမ်းလိုက်ပြီး အခွံခွာလိုက်ကာ စားနေရင်းပြောလိုက်သည်။

စွင်းယိဖန်က ပျန်းနမ်ရှေ့အထိတိုးလာပြီး မျက်နှာကို တစ်အောင့်ခန့်စိုက်ကြည့်နေပြီးမှ ပြောလာသည်။

"မင်းတို့နှစ်ကောင်လည်း တက်ကြွနေတုန်းပါလား။ လောင်ကျန်က မင်းတို့ကို အသက်ထွက်အောင် မဆော်ထည့်လိုက်ဘူးလား"

"ညကျရင် အပြင်ထွက်ဦးမလား"

ပျန်းနမ်သည် လဲလိုက်သောအဝတ်ဟောင်းများကို ပလပ်စတစ်အိတ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် ဗီရိုထဲသို့ ပစ်ထည့်လိုက်ရင်း မေးလိုက်သည်။

ကျူးပင်းက ခေါင်းခါရင်း :

"မသွားဘူး။ မင်းတို့ကို လောင်ကျန်ဖမ်းမိထားတာဖြင့် ဘာမှမကြာသေးဘူး။ အပြင်ခိုးထွက်ဦးဖို့လား"

အားကစားကျောင်းသည် တစ်စိတ်တစ်ပိုင်းပိတ်ပင်သောပုံစံဖြင့် စီမံအုပ်ချုပ်သောကျောင်းဖြစ်သည်။ ပုံမှန်ကျောင်းဖွင့်ရက်များတွင် အပြင်ထွက်ခွင့် မပေးသော်လည်း စနေတနင်္ဂနွေကျောင်းပိတ်ရက်များတွင်တော့ ကျောင်းဆောင်နေ ကျောင်းသားများကို ခေတ္တခဏအပြင်ထွက်ခွင့်ပေးသည်။ သို့သော် ညပိုင်းတွင် ကျောင်းအုတ်တံတိုင်းကျော်ကာ အပြင်ထွက်ပြီး ညလယ်စာရောင်းဆိုင်များ၊ အင်တာနက်ဘားများဆီသို့ သွားကြသော လွတ်လပ်မှုရှာဖွေကြသူကျောင်းသားများလည်း မနည်းပါးပေ။

"သူက နေ့တိုင်းဖမ်းနေမလား။ ငါ ထမင်းမစားရသေးဘူး"

ပျန်းနမ်က လုံးဝဂရုမစိုက်စွာ ခုတင်ပေါ်သို့ ဝင်လှဲလိုက်သည်။ အပြင်ခိုးထွက်သောကျောင်းသားများကို ကျောင်းက တော်ရုံနှင့်ဖမ်းလေ့မရှိပေ။ တကယ်တမ်းဖမ်းမည်ဆိုပါက အင်တာနက်ဆိုင်ကို သွားလိုက်သည်နှင့် ဆိုင်ထဲညအိပ်ဖြတ်သန်းသူများကို ခြင်းတစ်ခြင်းစာ ဆယ်ထုတ်နိုင်မည်ဖြစ်သည်။

"တကယ်လို့ ငါ့ဘောင်းဘီသာ သံနဲ့မချိတ်သွားရင် ငါတို့လည်း အဖမ်းခံရမှာမဟုတ်ဘူး"

ဝမ့်ဖေးသည် အုတ်တံတိုင်းပေါ်ရှိ ထိုသံချောင်းအစုတ်ကို တွေးမိပြီး အားမလိုအားမရဖြစ်နေသည်။

"အဲဒါ ပြောတာ။ ဒီညကျရင် ဘောင်းဘီမဝတ်ဘဲကျော်လိုက်"

ပြောပြီးနောက် ပျန်းနမ်သည် ဖုန်းကိုထုတ်ကြည့်လိုက်သည်။ အန်တီလင်က သူ့အား နောက်ထပ်စာတစ်စောင် ထပ်ပို့လာသည်။

- အဲဒါဆို မနက်ဖြန်ကျရင် လောင်ဝူနဲ့တဆင့် မင်းဆီ အင်္ကျီအပို့ခိုင်းလိုက်မယ်

ပျန်းနမ်သည် ရက်စွဲကို တစ်ချက်ကြည့်လိုက်သည်။ မက်ဆေ့ကိုတော့ စာမပြန်လိုက်ပေ။ အန်တီလင်က သူ့အား အိမ်ပြန်စေချင်ပုံမရပေ။

ပျန်းနမ် အလွန်ဗိုက်ဆာနေသည်။ တစ်ညနေလုံးမောပန်းလာခဲ့ပြီးမှ ယခုအထိ ထမင်းမစားရသေးပေ။ ဘေးနားကပ်လျက် အိပ်ဆောင်ခန်းမှကောင်များ သူတို့အခန်းဆီလာပြီး ကတ်လာရိုက်သည်ကိုတောင် သူ့မှာ ဝင်ကစားချင်စိတ် မရှိနေပေ။ နားထဲ နားကြပ်တပ်ပြီး သီချင်းနားထောင်နေလိုက်သည်။

ညကိုးနာရီကျော်ပြီး ဆယ်နာရီထိုးခါနီးတော့မှ သူသည် ဝမ့်ဖေးကိုဆွဲခေါ်ပြီး အိပ်ဆောင်ထဲမှထွက်လာသည်။ သုံးလွှာရှိ ရေချိုးဆောင်ပြတင်းပေါက်မှထွက်ပြီး ရေဆင်းပိုက်အတိုင်းဆင်းလာကာ ကျောင်းသားအိပ်ဆောင် အဆောက်အအုံ၏ နောက်ကျောကို ရောက်လာသည်။

ခုနစ်ပေကျော်ကျော်ခန့်သာမြင့်သော ကျောင်း၏ခြံဝင်းအုတ်တံတိုင်းသည် အားကစားကျောင်းသားများအဖို့ အမည်သာရှိပြီး အသုံးမဝင်ပေ။ နှစ်ချက်ခန့် ခုန်ရုံဖြင့် ကျောင်းဝင်းအပြင်သို့ ထွက်နိုင်သည်။

ပျန်းနမ်တစ်ယောက် အုတ်တံတိုင်းကို ခုန်ကျော်ထွက်လိုက်ပြီးတော့မှ အပြင်ဘက်အုတ်တံတိုင်းအောက်ခြေတွင် လူတစ်စုက ဆောင့်ကြောင့်ထိုင်လျက်ရှိနေသည်ကို သိလိုက်ရသည်။ သူ ခုန်ချလိုက်ချိန်တွင် အောက်တွင်ရှိနေသောလူ၏ခေါင်းပေါ်သို့ ခွလျက်ပြုတ်ကျရန် နည်းနည်းလေးသာ လိုတော့သည်။

"ငါလူး။ ဘယ်ကောင်လဲဟ၊ ခုန်ချတဲ့နေရာကို ဒီလောက်ရွေးတတ်နေတာ"

ဆောင့်ကြောင့်ထိုင်နေသူက ထခုန်လိုက်သည်။

"ငါပဲ"

ပျန်းနမ်က ပြန်ဖြေလိုက်ပြီးနောက် ထိုလူမှာ ဘက်စကက်ဘောအတန်းမှ ဖန်းယိဖုန်းဖြစ်မှန်း သေချာမြင်လိုက်ရသည်။ ကျန်သည့် အခြားသူများကိုလည်း ပျန်းနမ် ရင်းနှီးနေသည်။ ဘက်စကက်ဘောအတန်း၊ ဘော်လီဘောအတန်း စသဖြင့် အစုံရှိနေပြီး အားလုံးမှာ ပြဿနာရှာသည့်နေရာတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။

သူ့နောက်မှ ဝမ့်ဖေးလည်း ခုန်ဆင်းလာပြီး :

"ယို့ ... အစည်းအဝေးလုပ်နေကြတာလား"

"မင်းတို့နှစ်ယောက် ဘယ်သွားကြဖို့လဲ"

ဖန်းယိဖုန်းက မေးလိုက်သည်။

"တစ်ခုခု သွားစားမလို့"

ပျန်းနမ်က အင်္ကျီကော်လာကို ဆွဲလိုက်ရင်း ပြန်ဖြေသည်။

ဖန်းယိဖုန်းတို့အုပ်စုသည် ဤနေရာတွင် အုပ်စုလိုက်ဆောင့်ကြောင့်ထိုင်ပြီး အာလာပသလ္လာပ စကားထိုင်ပြောနေခြင်းမဟုတ်ကြောင်းကို သူ သိသည်။ ရှည်ရှည်ဝေးဝေးစကားမပြောနေဘဲ တစ်ခါတည်းထွက်သွားရန် တွေးနေသည်။

သူသည် လိမ္မာသောကျောင်းသားကောင်းတစ်ယောက် မဟုတ်သော်လည်း၊ ရန်ဖြစ်သည်ကို လေ့ကျင့်ရေးဆင်းသည်ထက် စိတ်ပိုနှစ်ထားတတ်သော်လည်း၊ လောင်ကျန်နှင့် အပြစ်ပေးခံရပြီးခါစတွင် ပြဿနာထပ်ရှာချင်စိတ် မရှိနေပေ။

သို့သော် ခြေတစ်လှမ်းလှမ်းလိုက်ခါစတွင်ပင် ဖန်းယိဖုန်းက သူ့အား လှမ်းခေါ်၍ တားလိုက်သည်။

"ပျန်းနမ်၊ ခဏနေကျရင် မင်းတို့နှစ်ယောက်လာပြီး ငါ့ကို ဝိုင်းကူပေးပါလား"

"ဘယ်မှာလဲ"

ပျန်းနမ်က ခြေလှမ်းရပ်လိုက်သည်။ ဖန်းယိဖုန်းက ပြောထုတ်လာမှတော့ သူသည် မသွားဘဲနေ၍မသင့်တော့ပေ။

ရေကြောင်းကုန်စည်ကျောင်းဘက်တွင် ပုံမှန်အားဖြင့် [2]လောင်သာ့တစ်ယောက် ထွက်ပေါ်မလာမချင်း ကိစ္စပြီးသည်ဟု မသတ်မှတ်ကြပေ။ အားကစားကျောင်းတွင်တော့ ကွဲပြားသည်။ ကျောင်းသားအားလုံးတို့မှာ ကိုယ်ကာယနှင့်ပတ်သက်ပြီး လေ့ကျင့်ဖူးကြပြီး တစ်ယောက်ကိုတစ်ယောက် အကျောမခံကြသော လူများဖြစ်ကြသည်။ ပုံမှန်ဆိုလျှင် အချင်းချင်းအမြင်မကြည်ကြသော်လည်း အရေးပါသောအချိန်မျိုးတွင် အားလုံးက တစ်ဖွဲ့တည်းအဖြစ် ပေါင်းစည်းနိုင်ကြသည်။

"တုန်းချင်းအင်တာနက်ဆိုင်၊ ဆယ်နာရီခွဲ"

ဖန်းယိဖုန်းက ဖုန်းကိုငုံ့ကြည့်ရင်းပြောလိုက်သည်။

"ဘယ်သူ့ကို ဆော်ဖို့လဲ"

ဝမ့်ဖေးက မေးလိုက်သည်။

"ချိုးယိကို"

ဖန်းယိဖုန်း ပြန်ဖြေလိုက်၏။

***

(ဆက်ရန်)

Notes :

[1] လောင်ကျန် : /老蒋 lǎo jiǎng/ ဆိုတာက "ကျန်" မျိုးရိုးနာမည်ရှေ့မှာ "လောင်" ဆိုတဲ့ ရှေ့ဆက်အခေါ်အဝေါ်ကို ထည့်ပေါင်းလိုက်တာပါ။ "လောင်" ရဲ့အဓိပ္ပါယ်ကတော့ "အိုသော၊ ဟောင်းသော" ဖြစ်ပါတယ်။ များသောအားဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့သူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေ၊ ကျောင်းကဆရာတွေရဲ့ မျိုးရိုးနာမည်ရှေ့မှာထည့်ပြီး ခေါ်လေ့ရှိပါတယ်။ ဒီဝတ္ထုထဲမှာတော့ ပျန်းနမ်တို့က သူတို့ဆရာကို "လောင်ကျန်" လို့ခေါ်ကြတာပါ။ သူငယ်ချင်းအချင်းချင်းတွေကြားမှာလည်း given name ဒါမှမဟုတ် full name ကို မခေါ်ဘဲ မျိုးရိုးနာမည်ကို "လောင်" နဲ့ ပေါင်းခေါ်တာမျိုးလည်း ရှိပါတယ်။ ဥပမာအနေနဲ့ လောင်-လီ၊ လောင်-ထန်၊ လောင်-ဟုန်၊ လောင်-ဝူ လိုမျိုးပါ။

[2] လောင်သာ့ : /老大 lǎo dà/ ကတော့ သူငယ်ချင်းအုပ်စုတစ်စု၊ လူအုပ်စုတစ်စုထဲမှာ ခေါင်းဆောင်တဲ့၊ ဦးဆောင်တဲ့ အုပ်စုရဲ့ဗိုလ်ကို ရည်ညွှန်းတာပါ။ အုပ်စုထဲမှာ ပါဝါအကြီးဆုံးသူပေ့ါ။ မြန်မာလိုရေးရင် အဓိပ္ပါယ်ပေါ့မှစိုးလို့ လောင်သာ့လို့ပဲ သုံးလိုက်ပါတယ်။ လောင်သာ့ဆိုတဲ့အသုံးကို မောင်နှမ၊ ညီအစ်မထဲမှာ အကြီးဆုံးတစ်ယောက်ကိုခေါ်ဆိုရာမှာလည်း သုံးနှုန်းပါသေးတယ်။

Continue Reading

You'll Also Like

1.2K 72 4
ခေါင်းစဉ်အမည်: သင်းဟိုင့်ပုလဲနှင့် ဖူရှိန်းတေးသွားမှတ်တမ်း ဆက်စပ်သောတခြားအမည်: မီးအိမ်ငယ်ရဲ့တေးသွားတစ်ပုဒ် (Donghua Name - Epic of Divine Light) ဆက်စ...
4.1K 394 8
ကိုယ်တွေ MC နဲ့ MLတို့ဟာ formula 1 ကားမောင်း‌ပြိုင်သမား နှစ်ဦးဖြစ်ပြီး gongလေးက လိုက်ပြီးပိုးပန်းမည့်အကြောင်းအဖြာဖြာပေါ့နော်😭✋ ဒါနဲ့ ထူးခြားတာက Gong...
203K 2.3K 38
(Requests closed) I wanted to write this 'cause I'm a simp. Most of the information will be in the first chapter. Kind of gender neutral fluff but fe...
25.1M 462K 52
❝This is wrong Harry,❞ I pant as he rips off my top, exposing my bra. I soon give into him as his arms lock on my waist, lifting me onto the kitchen...