Find Love Because Of you (Com...

By Pyoe_Ou_Yim

138K 3.9K 10

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(26)Uni+Zaw

2.5K 66 0
By Pyoe_Ou_Yim

Part(26)

ဝီလျှံရှိန်းက အိမ်သို့ပြန်သွားသည်။ စိုင်းစဝ် ပြည့်လျှံတို့နှင့် ချိန်းထားသည်ဖြစ်၍ ကော်ဖီဆိုင်သို့ ထွက်လာခဲ့သည်။ စိုင်းစဝ်တို့ အိမ်ပြန်မည့် ကိစ္စအား ပြောမည့်အကြောင်းထင်သည်။

"ဟေ့ စိုင်းစဝ် ငါဒီမှာ"

စိုင်းစဝ် ကော်ဖီဆိုင်ရှေ့ရောက်သည်နှင့် ဆိုင်ထဲမှ ပြည့်လျှံက ခေါ်လာသည်။ စိုင်းစဝ် ပြည့်လျှံထိုင်နေသည့် နေရာသို့ သွားကာ ဝင်ထိုင်လိုက်သည်။

"ဘာသောက်အုံးမလဲ စိုင်းစဝ်"

"မသောက်တော့ဘူး ဘာပြောစရာရှိလို့လဲ"

"အော် ငါတို့  ရွာပြန်မယ်ဆိုတာလေ"

"အွန်းလေ ဘာဖြစ်လို့လဲ နောက်သုံးရက်နေမှ သွားမှာလေ"

"မင်း ဝီလျှံရှိန်းကိုကော မခေါ်ဘူးလား စိုင်းစဝ်"

"ငါသူကို မပြောရသေးဘူး ပြောကြည့်အုံးမယ် တစ်ပတ်လောက်ဘဲကြာမှာမလား"

"နည်းနည်းပိုကြာကြာနေကြမယ်စိုင်းစဝ် "

"ဘာဖြစ်လို့လဲ အရမ်းအကြာကြီး ငါမနေချင်ဘူး ပြည့်လျှံ"

"အော် မင်းကလဲ ငါတို့ရွာက ပွဲတော်ကို သူရကို ပြပေးမလို့လေ ငါတို့ကလဲ မရောက်ဖြစ်တော့ ရောက်တဲ့အခါ ပြပေးမလို့ပါ"

"အေအေ ကောင်းပါတယ် လက်မှတ်က ငါဝယ်ထားလိုက်မယ် မသွားခင် တစ်ရက်မှာ ညနေဘက်မှာ တွေ့ကြမယ်"

"အေအေ  အဲ့နေ့ကြမှာ ပြန်တွေ့ကြမယ် မင်းကပြန်တော့မလို့လား"

"အွန်းပြန်တော့မယ် နေလည်က ရေစိုနဲ့အကြာကြီးနေလိုက်လို့ထင်တယ် အခုညနေလေတိုက်တာ ခံလိုက်ရတော့ ခေါင်းကိုက်လာလို့"

"မှန်းစမ်း ..... မင်းကိုယ်ပူနေတာကို ငါပြန်လိုက်ပို့ပေးမယ်"

ပြည့်လျှံက စိုင်းစဝ်၏ နဖူးအားစမ်းကာ ပြောလာသည်။ 

"ရတယ် ဟိုဘက်ဝိုင်းမှာ ထိုင်နေတဲ့ မင်းကောင်လေး ငါ့သူငယ်ချင်းကို တစ်ယောက်ထဲထားခဲ့တယ်ဖြစ်နေမယ်"

စိုင်းစဝ်၏ အပြောကြောင့် တစ်ဖက်တွင် ထိုင်နေသည့် သန့်သူရကိုမှ စိုင်းစဝ်အားရယ်ပြလာသည်။

"ငါမေးပါအုံးမယ် ငါက မင်းတို့ကို ဘာလုပ်ထားလို့ မင်းက ငါလာတာနဲ့ခွဲထိုင်လိုက်တာတုံး"

"ဘာမှ မဖြစ်ပါဘူး မင်းအရှေ့ဆိုတော့ ငါကမျက်နှာပူလို့ပါ စိုင်းစဝ်ရာ"

"အေ အဲ့ဆို ငါတို့အိမ်ပြန်တာမလိုက်ခဲ့နဲ့ ငါနဲ့အမြဲတွေ့နေရမှာမို့"

"မင်းကလဲ နောက်ဆို ငါမရှောင်တော့ပါဘူး "

"တော်ပြီ မင်းနဲ့မပြောတော့ဘူး အိမ်ပြန်တော့မယ်"

"ဂရုစိုက်အုံးနော် စိုင်းစဝ်"

စိုင်းစဝ် သူရ၏ အပြောကို ခေါင်းညိမ့်ပြလိုက်သည်။ နေ့လည်က စောင်လျှော်ရင်း ဝီလျှံရှိန်းနှင့် ရေဆော့လိုက်၍ ဖြစ်မည်။ ညနေဘက် အပြင်လေစိမ်းခံလိုက်၍ ဖျားချင်လာသည်ဖြစ်မည်။ စိုင်းစဝ် အိမ်ပြန်ရောက်သည်နှင့် ဆေးသောက်လိုက်ကာ စောင်ထဲဝင်အိပ်နေလိုက်သည်။ 

ည ၈ နာရီခန့်တွင် စိုင်းစဝ်နိုးလာခဲ့သည်။ ထမင်းစားခန်းဘက်တွင် မီးလင်းနေ၍ ထမင်းစားခန်းဘက်သို့ ဝင်လာခဲ့သည်။  

"ဝီလျှံရှိန်း မင်းက အိမ်မှာ အိပ်မှာ မဟုတ်ဘူးလား"

စိုင်းစဝ်၏ အမေးကြောင့် ဝီလျှံရှိန်း စိုင်းစဝ်အားကြည့်လာသည်။ 

"အချစ်နေမကောင်းတာ ကိုယ့်ကို ဘာလို့မပြောတာလဲ"

"ဘာမှမဖြစ်ဘူးလေ ခနလေးဘဲဖြစ်တာ အခု ဆေးသောက်လိုက်တော့ ပျောက်သွားပြီလေ"

"အချစ်ကိုယ့်နားလေးခနလာခဲ့ပါအုံး"

စိုင်းစဝ် ဝီလျှံရှိန်း၏ အနားသို့ သွားလိုက်သည်။ ဝီလျှံရှိန်းမှ စိုင်းစဝ်အားသူ၏ရင်ခွင်ထဲသို့ ဖတ်ထားလေသည်။ စိုင်းစဝ်၏ နဖူးလေးအားနမ်းလာသည်။

"အွန် ကိုယ်လေးက နည်းနည်းဘဲ ပူတော့တယ် အချစ်ချွေးထွက်အောင် ကိုယ်မောက်ချိုက်ဝယ်လာတယ် စားပြီးဆေးသောက်လိုက်နော်"

စိုင်းစဝ် ဝီလျှံရှိန်းဝယ်လာသည့် မောက်ချိုက်စားပြီး ဆေးနောက်တစ်လုံးထပ်သောက်လိုက်သည်။

"ဝီလျှံရှိန်း "

"ဟင် အချစ် ဘာဖြစ်လို့လဲ "

"မင်းတစ်ပတ်လောက်အားလား "

"အချစ်က လာပြောချင်လို့လဲ ပြောလေ "

"ငါ ပြည့်လျှံတို့ မွေးရပ်မြေကို အလည်လိုက်သွားမလို့ မင်းကောလိုက်ချင်လားလို့မေးမလို့"

"အချစ်က ကိုယ်နဲ့အတူသွားချင်လို့လား"

"မင်းအားရင်လိုက်ခဲ့ပါလားလို့ပြောမလို့ပါ"

"ကိုယ်က အားပါတယ်အချစ်နဲ့ ကိုယ်လိုက်ခဲ့မယ်နော် ဘယ်နေ့သွားကြမှာလဲ "

"နောက်သုံးရက်နေရင် သွားမှာ "

"ဟုတ်ပြီ ကိုယ်လိုက်မယ်နော် အခု အချစ်ကတော့ အိပ်တော့ ကိုယ်က ပြန်နွေးလာပြီ"

"မနက်ရောက်ရင် ပျောက်ပါပြီ မင်းကလဲ မင်းငါ့ဘက် အရမ်းကပ်မအိပ်နဲ့ အဖျားကူးမယ်"

"ကိုယ်က ဒီလောက်လေးနဲ့မကူးပါဘူးအချစ်ရယ် အချစ်ကို ကိုယ့်ရင်ခွင်ထဲ ထည့်ပြီးအိပ်ချင်လို့ ကိုယ့်ကို ဖတ်ပါအုံးအချစ်"

စိုင်းစဝ် ဝီလျှံရှိန်း၏ စကားအဆုံး ရင်ခွင်ထဲဝင်ကာ တင်းကြပ်စွားဖတ်ထားပြီး အိပ်စက်လိုက်သည်။ စိုင်းစဝ်၏ ခေါင်းသို့ ဝီလျှံရှိန်း နမ်းနေသည်ကို သိနေသော်လည်း ဆေးသောက်ထား၍ အိပ်ချင်နေသည်မို့ စိုင်းစဝ် ဘာမှ ပြန်မပြောနိုင်တော့ပေ။

စိုင်းစဝ် အအေးမိကာ နေမကောင်းသည်မှာ နှစ်ရက်လောက်ကြာသွားသည်ဖြစ်၍ ဝီလျှံရှိန်းမှာ ခရီးမသွားသေးရန် တားလားသည်။ 

"နော်အချစ် နောက်နှစ်မှ လိုက်တော့နော် အခုတော့ မလိုက်နဲ့တော့ အချစ်က ကားမူးတာနဲ့ပြန်ဖျားလိမ့်မယ်"

"မင်းကလဲ ငါဘာမှ မဖြစ်တော့ပါဘူးဆိုမှ မင်းမလိုက်ချင်နေခဲ့ ငါကတော့ သွားမှာ "

"ကိုယ်က အချစ်ကို စိတ်ပူလို့လေ အချစ်ရဲ့"

"ငါက ဘာမှ မဖြစ်ဘူးလို့ ပြောထားတယ်လေ မင်းအဝတ်အစားလဲ ငါပြည့်လျှံတို့နဲ့ ချိန်းထားတယ်"

"အချစ်ကကွာ "

"သွားပါသွား ငါအပြင်က စောင့်နေမယ်"

ဝီလျှံရှိန်း အချစ်အားပြောမရသည်ဖြစ်၍  အဝတ်အစားလှဲကာ အပြင်သို့ထွက်လာခဲ့သည်။ အချစ်အတွက်အပေါ်က အနွေးထည်အပါးလေး ယူရန်လဲ မမေ့ခဲ့ပေ။

အချစ်တို့ ချိန်းထားသည့် နေရာသည် ညဈေးဖြစ်သည်။ ဒီနေ့တွင် ညဈေးကို အနည်းငယ်နောက်ကျမှ လာသည်ဖြစ်၍ လူအများအပြားဖြင့်ရှုတ်နေသည်။ 

"အချစ်ဘာဝယ်မလိုလဲ ဟိုဘက်က mart မှာ သွားဝယ်ကြရအောင်"

"မင်းကလဲလာပါ ဒီမှာ ပျော်စရာကြီး "

"စိုင်းစဝ်အမြန်လာ"

ဝီလျှံရှိန်း အချစ်လက်ကို ဆွဲထားကာ ပြောနေခြင်းဖြစ်သည်။ အချစ်၏ သူငယ်ချင်းခေါ်သံကြောင့် အချစ်၏ မျက်လုံးများမှာ ထိုဘက်တွင်သာ  ရှိနေလေသည်။

"လာပါ ဝီလျှံရှိန်းရဲ့ ပျော်စရာကောင်းတယ်"

စိုင်းစဝ်ဝီလျှံရှိန်း၏ လက်ကို ဆွဲကာ သူရတို့ရှိနေသည့်နေရာသို့သွားလိုက်သည်။ ညဈေးတွင် အတော်စုံလှသည်။ဈေးလဲသက်သာသည်ဖြစ်၍ စိုင်းစဝ်တို့ အတော်များများ ဝယ်ခဲ့ကြသည်။ မုန့်အစုံရှိနေသည်ဖြစ်၍ စိုင်းစဝ်မုန့်အစုံဝယ်စားနေသည်။

"စိုင်းစဝ် ငါငှက်သိုက်မုန့် ဝယ်မလို့ စားမလား"

"စားမယ် ငါ့ကို တစ်ခုပေး"

"တစ်ယောက်တစ်ခုစီ ဝယ်ခဲ့မယ်နော်"

သူရနှင့် ပြည့်လျှံ တစ်ယောက်တစ်ခုစီပေးသော်လည်း ဝီလျှံရှိန်းက မယူပေ။

"မင်းမစားရင် ငါယူလိုက်ပြီ"

သူရက ဝီလျှံရှန်းအတွက် မုန့်ကို လက်ထဲတွင်ကိုင်ထားလေသည်။ စိုင်းစဝ် ဝီလျှံရှိန်းအားအနည်းငယ်ဖဲ့ကျွေးလိုက်သည်။

"စားကြည့်ဝီလျှံရှန်း မင်းပါးစပ်ထဲထည့်တာနဲ့ အရည်ပျော်သွားတာ ဟ"

စိုင်းစဝ် ကျွေးသော်လည်း ဝီလျှံရှိန်းက မစားသေးသည်မို့

"မင်းစားနေကြ ဈေးကြီးတာတွေကဘဲ ကောင်းတာမဟုတ်ပါဘူးနော်"

စိုင်းစဝ် ဝီလျှံရှိန်းအား မကျွေးတော့ဘဲ ကိုယ်စားရန် ပါးစပ်ထဲ အထည့် ဝီလျှံရှိန်းမှ ယူစားသွားလေသည်။

"ကောင်းတယ်မလား ချိုချိုလေးနဲ့ ဟွန်"

"အွန် ကောင်းတယ် "

"စိုင်းစဝ်ဒီကို လာကြည့်"

ပြည့်လျှံ ခေါ်သည့်ဘက်သို့ သွားလိုက်သည်။ ဂျုံလုံးလေးနှင့် အရုပ်လေးများ လုပ်ပြထားသည်ကို တွေ့လိုက်ရသည်။ စိုင်းစဝ် ငယ်ငယ်က ဒီလိုအရုပ်လေးတွေကို တွေ့ရင် ဖေဖေ့အား အမြဲဝယ်ပေးဖို့ပူဆာနေကြဖြစ်သည်။ စိုင်းစဝ် အဖေကို သတိရသွားသည်။

"အား....စိုင်းစဝ်"

သူရ၏ အော်သံကြောင့် စိုင်းစဝ် အကြည့်ရောက်မိတော့ သူရ၏ ငှက်သိုက်မုန့်မှာ တစ်ဝက်ခန့်မရှိတော့ပေ။ ဝီလျှံရှိန်းအားကြည့်လိုက်တော့ ကိုဘ်ဘာမှ မလုပ်ထားဘူး ဆိုသည့်အတိုင်းရုပ်တည်ဖြင့်ရပ်နေလေသည်။

"စိုင်းစဝ် မင်းသူငါ့မုန့်ကို လုစားတယ် "

"အဲ့ဒါ ငါ့ဖို့ ဝယ်လာတာလေ"

"ပိုက်ဆံကြီးရှိပြီး သူများမုန့်ကို လုစားတယ်"

"ဟေ့ ငါစားချင်ရင် ဒီညဈေးက မုန့်အကုန်ဝယ်စားလို့ရတယ် သိလား"

"ဝယ်စားပါလား စိုင်းစဝ် မင်းကလဲ ရယ်မနေနဲ့ မင်းရည်းစားကို ပြောလေ"

"လုစားလိုက်ရလို့ ထင်တယ် ပိုချိုတယ် သွားမယ်လာအချစ် ကိုယ်တို့ တစ်ခြားမုန့်တွေ့ဝယ်စားကြမယ်"

ဝီလျှံရှိန်း စိုင်းစဝ်၏ လက်ကို ဆွဲကာ အမြန်ထွက်လာခဲ့သည်။ အချစ်မျက်နှာညှိုးသွားသည်ဖြစ်၍ ဝီလျှံရှိန်း မုန့်ကို လုစားလိုက်ခြင်းဖြစ်သည်။ 

"စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ"

"မဆိုးပါဘူးအချစ်ရဲ့ သူငယ်ချင်း တွေစနေကြတာဘဲ သွားမယ် အချစ် ကိုယ်တို့ တစ်ခြားဟာလေးတွေကော ဝယ်စားကြမယ်"

"မင်းအခုတော့ ကြိုက်သွားပြီမလား ငါပြောပါတယ် ကောင်းပါတယ်လို့"

"ကိုယ်က အခုလို့တစ်ခါမှ မသွားဖူးဘူးအချစ် ကိုယ်က သူငယ်ချင်းမရှိဘူးလေ"

"အဲ့ဒါတွေ မတွေးနဲ့တော့ ဟိုက မုန့်ဝယ်စားကြမယ် လာလာ ဝီလျှံရှိန်း "

စိုင်းစဝ်တို့ မုန့်ပတ်စားလိုက်၊ လိုအပ်သည်များဝယ်လိုက်နှင့် အတော်ပင်မိုးချုပ်သွားသည်။ အားလုံး၏ အိမ်သို့ ဝီလျှံရှိန်းက ပို့ပေးကာ နောက်ဆုံးတွင် စိုင်းစဝ်တို့အိမ်သို့ ပြန်လာခဲ့သည်။ စိုင်းစဝ်တို့အတော်ပင် ပင်ပန်းလာသည်ဖြစ်၍ အိမ်ပြန်ရောက်ပြီး မကြာမှီမှာပင် အိပ်ပျော်သွားခဲ့သည်။

See you Soon 🔜🔜🔜

Alison_Ahsaw
28/12/2023




(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤






Part(26)





























































































See you Soon 🔜🔜🔜

Alison_Ahsaw
28/12/2023



Continue Reading

You'll Also Like

3.5K 100 38
အသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...
402K 7K 51
Written in: 2016- 17 Disowned Cheated Betrayed Percy had nothing to live for, No future, no purpose, no reason to still walk the earth, between life...
7.9K 250 11
" မင်းအခြောက်ဘဲဖြစ်နေဖြစ်နေမိန်းခလေးဘဲဖြစ်နေဖြစ်နေ ငါဂရု့မစိုက်ဘူး မင်းငါ့ကိုပြန်ချစ်ပေးဖို့အရေးကြီးတယ်။ ငါ့ကိုအချိန်တွေလည်းအစောင့်ခိုင်းပါနဲ့ အခု့ဘဲ...
542K 18.2K 135
Read and find out...