Find Love Because Of you (Com...

By Pyoe_Ou_Yim

99.2K 2.6K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part (23) Uni+Zaw

1.8K 57 0
By Pyoe_Ou_Yim

Part(23)

ဒီနေ့စိုင်းစဝ်တို့ ကျောင်းတွင် ထူးထူးဆန်းဆန်း ဆရာမများအားလုံးဝင်ကြသည်။ စိုင်းစဝ် ခရီးသွားသည့်ရက်များထဲက စိုင်းစဝ်၏ ငါးကန်လေးကို သူရ၏ ဦးလေးအိမ်သို့ ပို့ထားသဖြင့် သွားယူရပါအုံးမည်။ စိုင်းစဝ် ဦးလေးဆိုင်တွင်လဲ အလုပ်ကူမလုပ်ပေးသည်မှာ အတော်ပင်ကြာနေပြီ ဖြစ်သည်။ ဆိုင်က အစ်မများနှင့် စကားလေးပြောရင်း အလုပ်လေးကူပေးရန် သွားရမည်။ စိုင်းစဝ် ညနေကျောင်းဆင်းလျှင်သွားရန် တွေးထားလိုက်သည်။

ညနေဘက်တွင် စိုင်းစဝ်ဝီလျှံရှိန်းအားမတွေ့တော့သဖြင့် သူရနှင့် busစီးကာ ပြန်လာခဲ့သည်။ စိုင်းစဝ် ဦးလေး၏ ဆိုင်သို့ ဝင်လိုက်သည်။ စိုင်းစဝ်၏ ငါးကန်လေးအား ဆိုင်၏ ကောင်တာအနီးတွင်တွေ့လိုက်ရသည်။

"အယ် သူတို့ အရောင်ပိုတောက်လာသလိုဘဲနော် ဦးလေး ကျေးဇူးတင်ပါတယ်နော် "

"အမယ်လေး ရပါတယ် ဦးလေးရဲ့ ကလေးတွေကလဲ ငါးလေးတွေကို ချစ်တယ်လေ သူတို့မှာ သဘောကျနေကြတာ "

"ဟုတ်လား အဲ့ဆို ဦးလေးတို့ဘဲ မွေးလိုက်တော့မလား ကျွန်တော်က ဦးလေးတို့ အလုပ်ရှုပ်တယ်ထင်လို့"

"ငါ့တူလေးက ပေးနိုင်လို့လား"

"ချစ်ပေးတဲ့သူကိုဘဲ ပေးနိုင်တာပေါ့ ဦးလေးရဲ့ ကျွန်တော်က နောက်ဆို မအားတော့ဘူးလေ ကျောင်းပိတ်ရင်လဲ အိမ်ကိုခနပြန်မလားလို့"

"ဟုတ်ပါပြီ ဒါဆို ဦးလးဘဲ မွေးလိုက်တော့မယ် လွမ်းရင် ဆိုင်မှာလာကြည့်လေ "

"ဟုတ် ကျွန်တော် အိတ်သွားထည့်လိုက်အုံးမယ် ဦးလေးတို့ကို ကူညီပေးမယ်"

"မင်းရဲ့ အစ်မတွေကိုသာ ကူညီပေးလိုက်သွား "

"ဟုတ်ကဲ့ဦးလေ"

စိုင်းစဝ် ဦးလေးအားနှုတ်ဆက်ပြီး လွယ်အိတ်အား သိမ်းထားလိုက်သည်။ အစ်မတို့ရှိမေသည့် ဂိုဒေါင်ဘက်သို့သွားလိုက်သည်။

"ငါတို့ရဲ့ စိုင်းစဝ်လေးမလာတာတောင်ကြာ‌ပြီ နေမကောင်းလို့လား"

"မဟုတ်ပါဘူးအစ်မရဲ့ ကျောင်းက tripတွေလိုက်နေတော့မလာဖြစ်တာပါ စာမေးပွဲလဲ နီးနေလို့"

"ဟုတ်ပါပြီ ဒါနဲ့ ဟိုတစ်ခေါက်ကပြောတဲ့ကောင်လေးနဲ့ကော အဆင်ပြေပြီလား"

"ဟုတ်ကဲ့အစ်မ ကျွန်တော်တို့ အဆင်ပြေပါတယ် "

"ကောင်းပါတယ် စိုင်းစဝ်သူငယ်ချင်းသူရကတော့ ဒိနေ့ချစ်နေရင် နောက်နေ့ရန်ဖြစ်နေကြတယ် ပြီးရင် ၅မိနစ်မခံဘူး  သူလဲ ခနနေပြန်လာမယ်ထင်တယ်"

"ဟုတ်ကဲ့ သူရက ခနလာမယ်ပြောတယ်အစ်မ"

"အေအေ ကျန်းမာရေးလဲဂရုစိုက်နော် ငါတို့ကလေးလေး ပိန်သွားသလိုဘဲ"

"အစ်မတို့ စိတ်ထင်နေလို့ဖြစ်ပါမယ် ကျွန်တော် ဒီရက်ထဲ ပေါင်ချိန်တောင်တိုးလာသေးတယ်"

"ဟုတ်ပါပြီ ခနနေ ဦးလေးက အော်တော့မယ် အစ်မတို့ဟိုဘက်သွားလိုက်အုံးမယ်နော် စိုင်းစဝ်လေး"

"ဟုတ်ဟုတ်အစ်မ"

စိုင်းစဝ် ဉီးလေးတို့ ဆိုင်တွင် အချိန်အတော်ကြာသည်အထိ နေခဲ့သည်။ စိုင်းစဝ် အိမ်ပြန်ရောက်သည်အထိ ဝီလျှံရှိန်း မရှိသေးပေ။  စိုင်းစဝ် လုပ်စရာရှိသည်များကို လုပ်ကာ လွယ်အိတ်ထဲမှ ဖုန်းအားထုတ်လိုက်သည်။  ဝီလျှံရှိန်း ဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသည်။ စိုင်းစဝ်ဦးလေးတို့ ထံတွင် ရှိချိန်က ခေါ်ထားခြင်းဖြစ်သည်။ စိုင်းစဝ် ဝီလျှံရှိန်းအား ပြန်ခေါ်လိုက်တော့ ခေါ်၍ မရတော့ပေ။ 

ဝီလျှံရှိန်း အချစ်နှင့် ကျောင်းကို သွားပြီး နေ့ခင်းပိုင်းတွင် နှင်းပိုးကုဋေ၏ အိမ်မှ ဆက်သွယ်လာသည်။ နှင်းပိုးကုဋေအိပ်ဆေးသောက်လိုက်သည်ဟုဆိုသည်။ ကိုယ့် အစ်မနှင့် ပတ်သတ်၍ သူတို့ အိမ်မှ အလုံးစုံသိထားသည်မို့ ဝီလျှံရှိန်း အမြန် လာခဲ့လိုက်သည်။ ကိုယ့် အစ်မမွေးနေ့ပြီးသည့် ရက်က ဘယ်လောက်မှ မရှိသေးသည်မို့ သူတို့ နှစ်ဦးတွင် တစ်ခုခု ရှိနေခဲ့သည်မှာ သေချာပါသည်။ 

ဝီလျှံရှိန်း နှင်းပိုးကုဋေတို့ အိမ်ကို ရောက်သည့်အခါတွင် နှင်းပိုးကုဋေက သတိမေ့နေသေးသည်။ ဆရာဝန်ပြောသွားသည်က လူနာက အသက်ရှင်စိတ်ရှိမနေတော့ဘူး စိတ်လျော့ထားနေပြီ လူနာမှာ ဝမ်းနည်းစရာ ရှိနေတယ်ထင်တယ် သတိရတဲ့အခါ သေချာမေးကြည့်ပေးပါဆိုပြီး ပြောသွားလေသည်။ ဆရာဝန်ကတော့ သူအခုလို ဖြစ်နေတာက ကိုယ်နဲ့ သက်ဆိုင်နေသလို အကြည့်နှင့် ကြည့်သွားသေးသည်။

"မင်းကို ခေါ်လိုက်ရတာ အန်တီတောင်းပန်ပါတယ်ကွယ်"

"ရပါတယ်အန်တီ သူနိုးလာမှ ကျွန်တော် ဘယ်လို ဖြစ်တာလဲ မေးပေးပါမယ်"

"အေးကွယ် အန်တီအနေနဲ့ မင်းရဲ့ အစ်မကို အပြစ်ပြောတာမဟုတ်ပေမယ့် သူ့ကို သတ္တိရှိစေချင်တယ် သားရယ် အန်တီ့ သမီးလေး ခံစားနေရတာကို မကြည့်နိုင်တော့ဘူး"

"ကျွန်တော့် အစ်မကိုယ်စားတောင်းပန်ပါတယ် အန်တီ "

"အေးပါကွယ် ကံကောင်းတာက သမီးလေးအဖေက အခု ခရီးသွားနေလို့ပေးပေါ့ မင်းသူငယ်ချင်းကို ပြောပါအုံးကွယ်"

"ဟုတ်ကဲ့ပါ အန်တီ"

ဝီလျှံရှိန်း နှင်းပိုးကုဋေ အိမ်တွင်သာနေလိုက်သည်။ ညနေဘက်တွင် သတိရလာသည်။ ဝီလျှံရှိန်း သတိရလာသည့် နှင်းပိုးကုဋေအားဘာစကားမှ မပြောဘဲစောင့်ကြည့်လိုက်သည်။ အချိန်ကြာသည်အထိ ဘာစကားမှ ပြောမလာသည်ဖြစ်၍ ဝီလျှံရှိန်း ဘက်က စကားစလိုက်သည်။ 

"ငါ့အစ်မရှိနေတဲ့နေရာကို မင်းအခု ပြောမလား ငါကိုယ်တိုင်စုံစမ်းပြီး သွားခေါ်ခဲ့ရမလား"

"........"

ဝီလျှံရှိန်းဘက်က မေးသော်လည်း ငါးမိနစ်ကြာသည်အထိ ပြန်ဖြေမလာခဲ့ပေ။

"မင်းက ငါ့ကို သိပ်လျှော့တွက်တာဘဲနော် နှင်းပိုးကုဋေ ငါက နင့်ကောင်မလေး ပိုးနွေနွယ်ရှိန်းနဲ့ ဘယ်နေရာမှ မတူဘူးဆိုတာကို သိသင့်တယ်"

"မင်းတို့ ငါ့ကို ပြောတဲ့ ရွာနေရာကို သွားလိုက် ဒေါက်တာ ပိုးနွေနွယ်ရှိန်းကို ခေါ်လာခဲ့ ဝီလျှံရှိန်းက ခေါ်တယ်ပြောခဲ့ ဒီအတိုင်းခေါ်မရရင် ဖမ်းခေါ်လာခဲ့ "

ဝီလျှံရှိန်း တဖက်ကို ဖုန်းဆက်ပြီးပြောလိုက်သည်။ ဝီလျှံရှိန်း၏ ဖုန်းပြောသံကို ကြားတော့ နှင်းပိုးကုဋေ အလန့်တကြားကြည့်လာသည်။

'မဖြစ်ပါ ဝီလျှံရှိန်း လက်အောက်က သူတွေအကြောင်းနှင်းပိုး အသိဆုံးပင် ၊ မပိုးနွေကလဲ လိုက်မည်မဟုတ် သူတို့ အကြမ်းကိုင်လျှင် ထိခိုက်မည့်သူမှာ ကိုယ့်ချစ်သူပင် ဖြစ်သည်'

"ဝီလျှံရှိန်း မဖြစ်ဘူး မင်းလူတွေကို မသွားခိုင်းနဲ့"

"မင်းကို ငါအခုနက ဘာပြောလိုက်လဲ မင်းဘက်က အဖက်လုပ်လား ငါက မင်းမပြောရင်မသိတော့တဲ့ကောင်လို့ ထင်နေတာလား"

"မဟုတ်ဘူး ငါက သူပြန်လာတာက မင်းတို့ခေါ်လို့ မဖြစ်စေချင်ဘူး သူ့စိတ်သဘောနဲ့ ငါ့ကို ချစ်လို့ ပြန်လာစေချင်တာဘဲ ဖြစ်ချင်ခဲ့တာ "

"မင်းစောင့်တာ သုံးနှစ်ပြည့်ခဲ့ပြီလေ အခုဘာလို့ အဲ့လိုလုပ်တာလဲ ငါ့ကို ခိုင်လုံတဲ့အကြောင်းပြချက်ပေး သုံးနှစ်စောင့်ခဲ့တဲ့သူက ထပ်မစောင့်နိုင်တော့ဘူးဆိုတဲ့အကြောင်းပြချက်တော့ ငါ့ကို မပေးနဲ့ "

"မင်းအစ်မ လက်ထပ်တော့မယ်ကြားတယ် ဝီလျှံရှိန်း သူနဲ့အတူ လုပ်တဲ့ ဆရာဝန်တစ်ယောက်တဲ့ ငါက တစ်ခြားသူရဲ့ ဇနီးဖြစ်တော့မယ့် သူတစ်ယောက်ကို မျှော်နေရတာမျိုး မဖြစ်ချင်ခဲ့ဘူး "

"ရပြီ နောက်လေးရက်နေရင် ပြန်တွေ့မယ် "

ဝီလျှံရှိန်း အစ်မရှိနေသည့် ရွာသို့ထွက်လာခဲ့သည်။ အချစ်ထံသို့ ဖုန်းဆက်သော်လည်း အချစ်က မကိုင်ပေ။ လမ်းတွင် လိုင်းက ရတစ်ချက် မရတစ်ချက်ဖြစ်နေသည်။ နောက်ပိုင်းတွင် ဖုန်းလိုင်းလုံးဝ မမိတော့ပေ။ ဝီလျှံရှိန်း၏ အစ်မ ရှိနေသည့် နေရာသည် ဝီလျှံရှိန်းတို့ မြို့နှင့် အနည်းငယ်လှမ်းသည့် ရွာတစ်ရွာတွင်ဖြစ်သည်။ ထိုရွာလေးတွင် ဖုန်းလိုင်းလဲ မမိသကဲ့သို့ လျှပ်စစ်မီးဆိုသည်မှာလဲ ပုံမှန်မရှိပေ။ မရသေးသည့်ရွာက များနေသည်။ ဝီလျှံရှိန်း တစ်ညလုံး ကားစီးလာခဲ့သည့် မနက်ပိုင်းတွင် အစ်မတို့ နေသည့်‌ နေရာသို့ ရောက်သည်။ 

"ဒေါက်တာ ပိုးနွေနွယ်ရှိန်း ရှိလား"

"ရှိပါတယ် ဒေါက်တာမလေးက ဟိုဘက်အိမ်ကို ကလေးမွေးသွားပါတယ် ခနနေရောက်လာပါလိမ့်မယ် သွားခေါ်ပေးရမလား သွားလိုက်တာတော့ကြာပါပြီ"

"ရပါတယ် စောင့်နေပါလိမ့်မယ် ကျွန်တော်ရောက်တဲ့အကြောင်းကို ဒီကို ရောက်မှ သိပါစေ"

  ဝီလျှံရှိန်း နာရီဝက်လောက်စောင့်အပြီးတွင် အစ်မက ရောက်လာခဲ့သည်။ 

"မောင်လေး ဝီလျှံရှိန်း "

"မှတ်မိသေးတာဘဲ မမှတ်မိတော့ဘူး ထင်နေတာ"

ပိုးနွယ် ဆေးအိတ်အား ခုံပေါ်တွင်တင်ကာ မောင်လေးနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။

"နင်က ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"

" မိသားစု ရှိနေသေးတယ်ဆိုတာ မေ့နေတဲ့သူကို သတိလာပေးတာ ပြီးတော့ ချစ်သူကို ပစ်ပြီး နောက်တစ်ယောက်နဲ့ မဂ်လာဆောင်တော့မယ့်သူကို လာကြည့်တာ"

"ဘယ်သူက မဂ်လာဆောင်မှာလဲ"

"နင်လေ အစ်မ စိတ်ပြေလက်ပျောက် ခနထွက်သွားတာကို လက်ခံနိုင်တယ် အချိန်တန်ရင် ပြန်လာလေ စောင့်နေတဲ့သူက စက်ရုပ်မဟုတ်ဘူး လူ ခံစားချက်ရှိတယ် စောင့်နေတဲ့သူကို ပေးတဲ့ သတင်းက မဂ်လာသတင်းလား "

"ငါဘယ်သူနဲ့မှ မဂ်လာမဆောင်ဘူး ပြီးတော့ ငါနောက်လရောရင် ပြန်လာဖို့ စီစဉ်ထားပြီ"

"နောက်လမဟုတ်ဘူး အခုတစ်ခါထဲငါနဲ့လိုက်ခဲ့ နောက်နေ့ပြန်မယ် နင့်ကို စောင့်နေတဲ့သူရဲ့ အလောင်းကိုဘဲမတွေ့ချင်ရင်"

"မနက်ဖြန်ပြန်လို့မရဘူး ငါ့တို့ ဒေါက်တာမဂ်လာဆောင်ရှိတယ် အဲ့ဒါပြီးမှ ငါပြန်လာမယ်"

"မရဘူး ငါနဲ့လိုက်ရမယ် ငါစောင့်မယ် မင်းဘဲ အရေးကြီးတာမဟုတ်ဘူး ငါအမြန်ပြန်မှ ဖြစ်မယ်"

"မင်းမှာ ချစ်သူရှိနေပြီလား ဝီလျှံရှိန်း "

"အဲ့ဒါ အစ်မအကြောင်းမဟုတ်ဘူး မဂ်လာဆောင်ပြီးတာနဲ့ ပြန်ဖို့အဆင်သင့်လုပ်ထားပါ"

ဝီလျှံရှိန်း အစ်မကို ခေါ်ရင်းနဲ့ ထိုနေရာတွင် နေလိုက်ရသေးသည်။ ဖုန်းကလဲ လိုင်းမရှိ၍ အချစ်ထံသို့ ဆက်မရပေ။ အချစ်ကတော့ ဝီလျှံရှိန်းကို ပြောပါတော့မယ်။

မနက်ဖြန်မနက်မှာဘဲ မဂ်လာဆောင်ရှိနေသည်မို့ ရွာထဲတွင် ရှုပ်နေကြသည်။ ညဘက်ထမင်းစားပြီးချိန်တွင် 

"ဖုန်းလိုင်းရတဲ့နေရာမရှိဘူးလား အစ်မ"

"ဒီမှာမရှိဘူး ဖုန်းတောင်သိပ်မသုံးကြတာမတွေ့ဘူးလား "

"ထားလိုက်တော့ ဒီရွာသူလို့ဖြစ်နေတဲ့ မင်းကို မေးတဲ့ ငါမှားတာ မနက်ဖြန်ညနေချက်ချင်းပြန်မယ်"

ဒီရွာလေးတွင် မဂ်လာဆောင်ကို မနက်အစောပိုင်းမှ စ၍ ကျင်းပလေသည်။ သတိုးသမီးက တစ်ခြားတစ်ရွာမှ ဖြစ်၍ ညနေဘက်တွင် ထိုရွာသို့ သွားကြရသေးသည်။ ညအတော်မိုးချုပ်သည့်အချိန်မှ ဒီဘက်ရွာသို့ ပြန်ရောက်လေသည်။ 

"အခုပြန်မယ် ပစ္စည်းတွေထည့် ကားပေါ်တင်"

ဝီလျှံရှိန်း အစ်မကို ခေါ်ကာ အမြန်ပြန်လာခဲ့သည်။ မနက်ပိုင်းတွင် ပြန်ရောက်သော်လည်း ဝီလျှံရှိန်း လုပ်စရာများရှိသေးသည်မို့ ညနေစောင့် အချစ်အိမ်မှာ ရှိနေမည့်အချိန်ကို ပြန်လာခဲ့လိုက်သည်။

ဝီလျှံရှိန်း အချစ်အခန်းကို ရောက်သည့်အခါတွင် အခန်းတစ်ခုလုံးမဲမှောင်ကာ တိတ်ဆိတ်နေလေသည်။ အချစ်ကို အိမ်တွင်မတွေ့ရပေ။ ဝီလျှံရှိန်း လိုက်ရှာနေစဉ် အချစ်က အပြင် ဝင်လာသည်။ ဝီလျှံရှိန်း အချစ်အားပြေးကာဖတ်လိုက်သည်။ 

"အချစ် အချစ် ဘယ်သွားနေတာလဲအချစ်ရယ် အချစ်ကို မတွေ့တော့ ကိုယ်ရူးတော့မလို့ဘဲ"

See You Soon 🔜🔜🔜

Alison_Ahsaw
26/12/2023




(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤





Part(23)


































"........"








































See You Soon 🔜🔜🔜

Alison_Ahsaw
26/12/2023

Continue Reading

You'll Also Like

217K 4.8K 33
-Always together? -Always. This is the story about two friends with a rare feeling in common. They're trying to figure out what is it. But they need...
68.7K 1.8K 22
nini is a frequent customer at her local starbucks. why wouldn't she be when her barista keeps giving her free drinks? slow burn
6.9K 92 29
"𝐭𝐡𝐢𝐬 𝐢𝐬 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐚 𝐬𝐢𝐜𝐤 𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐲'' ᵇᵒᵒᵏ ² ᵒᶠ ² It had taken a while for Blair to get used to the idea of lif...
49.3K 1.6K 16
Book III of The Bride of the Demon series COMPLETED It has been two years since Y/n Queen and Damian Wayne parted ways. As her time away from the Dem...