အရိုးစုသရဲပန်းချီ「骷髅幻戏图」

By rongrong_aini

134K 18.9K 820

အရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း... More

မိတ်ဆက်
အပိုင်း ၁ [ အခန်း 1303 ] (1)
အပိုင်း ၂ [ အခန်း 1303 ] (2)
အပိုင်း ၃ [ အခန်း 1303 ] (3)
အပိုင်း ၄ [ အခန်း 1303 ] (4)
အပိုင်း ၅ [ အခန်း 1303 ] (5)
အပိုင်း ၆ [ အခန်း 1303 ] (6)
အပိုင်း ၇ [ အခန်း 1303 ] (7)
အပိုင်း ၈ [ အခန်း 1303 ] (8)
အပိုင်း ၉ [ အခန်း 1303 ] (9)
အပိုင်း ၁၀ [ အခန်း 1303 ] (10)
အပိုင်း ၁၁ [ အခန်း 1303 ] (ဆုံး)
အပိုင်း ၁၂ [ တစ္ဆေပူးကပ်ခြင်း ] (1)
အပိုင်း ၁၃ [ တစ္ဆေပူးကပ်ခြင်း ] (2)
အပိုင်း ၁၄ [ တစ္ဆေပူးကပ်ခြင်း ] (3)
အပိုင်း ၁၅ [ တစ္ဆေပူးကပ်ခြင်း ] (4)
အပိုင်း ၁၆ [ တစ္ဆေပူးကပ်ခြင်း ] (5)
အပိုင်း ၁၇ [ တစ္ဆေပူးကပ်ခြင်း ] (6)
အပိုင်း ၁၈ [ တစ္ဆေပူးကပ်ခြင်း ] (ဆုံး)
အပိုင်း ၁၉ [ မရဏပျော်ပွဲ ] (1)
အပိုင်း ၂၀ [ မရဏပျော်ပွဲ ] (2)
အပိုင်း ၂၁ [ မရဏပျော်ပွဲ ] (3)
အပိုင်း ၂၂ [ မရဏပျော်ပွဲ ] (4)
အပိုင်း ၂၃ [ မရဏပျော်ပွဲ ] (5)
အပိုင်း ၂၄ [ မရဏပျော်ပွဲ ] (6)
အပိုင်း ၂၅ [ မရဏပျော်ပွဲ ] (7)
အပိုင်း ၂၆ [ မရဏပျော်ပွဲ ] (8)
အပိုင်း ၂၇ [ မရဏပျော်ပွဲ ] (ဆုံး)
အပိုင်း ၂၈ [ ကတိပြုထားသောမြေ ] (1)
အပိုင်း ၂၉ [ ကတိပြုထားသောမြေ ] (2)
အပိုင်း ၃၀ [ ကတိပြုထားသောမြေ ] (3)
အပိုင်း ၃၁ [ ကတိပြုထားသောမြေ ] (4)
အပိုင်း ၃၂ [ ကတိပြုထားသောမြေ ] (5)
အပိုင်း ၃၃ [ ကတိပြုထားသောမြေ ] (6)
အပိုင်း ၃၄ [ ကတိပြုထားသောမြေ ] (7)
အပိုင်း ၃၅ [ ကတိပြုထားသောမြေ ] (8)
အပိုင်း ၃၆ [ ကတိပြုထားသောမြေ ] (9)
အပိုင်း ၃၇ [ ကတိပြုထားသောမြေ ] (10)
အပိုင်း ၃၈ [ ကတိပြုထားသောမြေ ] (ဆုံး)
အပိုင်း ၃၉ [ လက်ကိုင်ပဝါပစ်ကြမယ် ] (1)
အပိုင်း ၄၀ [ လက်ကိုင်ပဝါပစ်ကြမယ် ] (2)
အပိုင်း ၄၁ [ လက်ကိုင်ပဝါပစ်ကြမယ် ] (3)
အပိုင်း ၄၂ [ လက်ကိုင်ပဝါပစ်ကြမယ် ] (4)
အပိုင်း ၄၃ [ လက်ကိုင်ပဝါပစ်ကြမယ် ] (5)
အပိုင်း ၄၄ [ လက်ကိုင်ပဝါပစ်ကြမယ် ] (6)
အပိုင်း ၄၅ [ လက်ကိုင်ပဝါပစ်ကြမယ် ] (7)
အပိုင်း ၄၇ [ လက်ကိုင်ပဝါပစ်ကြမယ် ] (9)
အပိုင်း ၄၈ [ လက်ကိုင်ပဝါပစ်ကြမယ် ] (ဆုံး)
အပိုင်း ၄၉ [ မွေးရပ်မြေသို့ပြန်ခြင်း ]
အပိုင်း ၅၀ [ မိန့်မိန် ] (1)
အပိုင်း ၅၁ [ မိန့်မိန် ] (2)
အပိုင်း ၅၂ [ မိန့်မိန် ] (3)
အပိုင်း ၅၃ [ မိန့်မိန် ] (4)
အပိုင်း ၅၄ [ မိန့်မိန် ] (ဆုံး)
အပိုင်း ၅၅ [ အိမ်မက် ] (1)
အပိုင်း ၅၆ [ အိမ်မက် ] (2)
အပိုင်း ၅၇ [ အိမ်မက် ] (3)
အပိုင်း ၅၈ [ အိမ်မက် ] (4)
အပိုင်း ၅၉ [ အိမ်မက် ] (5)
အပိုင်း ၆၀ [ အိမ်မက် ] (6)
အပိုင်း ၆၁ [ အိမ်မက် ] (7)
အပိုင်း ၆၂ [ အိမ်မက် ] (8)
အပိုင်း ၆၃ [ အိမ်မက် ] (9)
အပိုင်း ၆၄ [ အိမ်မက် ] (10)
အပိုင်း ၆၅ [ အိမ်မက် ] (11)
အပိုင်း ၆၆ [ အိမ်မက် ] (12)
အပိုင်း ၆၇ [ အိမ်မက် ] (13)
အပိုင်း ၆၈ [ အိမ်မက် ] (14)
အပိုင်း ၆၉ [ အိမ်မက် ] (15)
အပိုင်း ၇၀ [ အိမ်မက် ] (16)
အပိုင်း ၇၁ [ အိမ်မက် ] (17)
အပိုင်း ၇၂ [ အိမ်မက် ] (18)
အပိုင်း ၇၃ [ အိမ်မက် ] (19)
အပိုင်း ၇၄ [ အိမ်မက် ] (20)
အပိုင်း ၇၅ [ အိမ်မက် ] (ဆုံး)
အပိုင်း ၇၆ [ တစ္ဆေဈေး ] (1)
အပိုင်း ၇၇ [ တစ္ဆေဈေး ] (2)
အပိုင်း ၇၈ [ တစ္ဆေဈေး ] (3)
အပိုင်း ၇၉ [ တစ္ဆေဈေး ] (4)
အပိုင်း ၈၀ [ တစ္ဆေဈေး ] (5)
အပိုင်း ၈၁ [ တစ္ဆေဈေး ] (6)
အပိုင်း ၈၂ [ တစ္ဆေဈေး ] (7)
အပိုင်း ၈၃ [ တစ္ဆေဈေး ] (8)
အပိုင်း ၈၄ [ တစ္ဆေဈေး ] (9)
အပိုင်း ၈၅ [ တစ္ဆေဈေး ] (10)
အပိုင်း ၈၆ [ တစ္ဆေဈေး ] (ဆုံး)
အပိုင်း ၈၇ [ ကျားနှင်းဆီ ] (1)

အပိုင်း ၄၆ [ လက်ကိုင်ပဝါပစ်ကြမယ် ] (8)

1.1K 207 16
By rongrong_aini

အပိုင်း ၄၆ [ လက်ကိုင်ပဝါပစ်ကြမယ် ] (8)

⟨⟨သံလမ်းပေါ်⟩⟩

ရိုလာကိုစတာကလည်းအရှေ့ဆက်သွားတုန်းပဲရှန်ကျွင်းယန့်ရဲ့အော်သံကသနားစရာကောင်းနေတုန်းပဲလင်ပန့်ရှသူမပြုတ်ကျသွားမှာကိုစိုးရိမ်နေမိတယ်သူမကိုပဲအာရုံစိုက်နေမိတာမလို့ပတ်ဝန်းကျင်ကိုသတိမထားမိဘူးကွေ့တဲ့နေရာရောက်တော့မှစုန့်ချင်းလော်ကရုတ်တရက်လက်ဆန့်လာပြီးလင်ပန့်ရှရဲ့လက်ဖမိုးကိုနူးနူးညံ့ညံ့ပုတ်ကာဆိုတယ် : "အရှေ့မှာတစ်ခုခုရှိတယ်"

လင်ပန့်ရှကဆိုတယ် : "ဘယ်မှာ??"

"သံလမ်းကိုကြည့်"စုန့်ချင်းလော်ကပြောတယ်

စုန့်ချင်းလော်ပြောတဲ့နေရာကိုလင်ပန့်ရှကြည့်လိုက်ချိန်သူတောင်လန့်သွားတယ်သူတို့ရှေ့ကရိုလာကိုစတာသံလမ်းကပြတ်နေတယ်ပြတ်ကျနေတဲ့နေရာမှာလူလိုလိုအရာတစ်ခုလည်းချိတ်နေသည်။အနောက်မှာထိုင်နေတဲ့ရှန်ကျွင်းယန့်လည်းအရှေ့ကပြတ်ကျနေတဲ့နေရာကိုတွေ့လိုက်ရသည်။ရူးတော့မလိုပဲပခုံးကိုဖိထားတဲ့ဟာကိုပြန်ဆွဲချပေမယ့်လေးလွန်းတယ်ဘယ်လိုမှဆွဲချလို့မရဘူးမျက်တောင်တစ်ခတ်အတွင်းပြတ်ကျနေတဲ့နေရာရှေ့ရိုလာကိုစတာရောက်သွားတယ်သူမခန္ဓာကိုယ်မြောက်တက်သွားတာကိုသူမခံစားရတယ်ထိုင်နေတဲ့နေရာကနေဖင်တောင်ပျံတက်သွားတယ်ဟ

"ငါလူး——"ဘာမှမလုပ်နိုင်ပဲမျက်စိသာမှိတ်ရင်းလစ်ဟာသွားတဲ့ခံစားချက်ကိုစောင့်နေလိုက်တယ်ဆယ်စက္ကန့်ကျော်လောက်ကြာပြီးတော့သူမထင်ထားသလိုကျမသွားပေ။မျက်စိထပ်ဖွင့်လိုက်ချိန်ပြတ်ကျနေတဲ့အပိုင်းကိုဖြတ်သွားပြီးသံလမ်းပေါ်ပြန်ရောက်သွားတယ်နောက်တော့သူတို့စထွက်ခဲ့တဲ့ပလက်ဖောင်းကိုပြန်ရောက်သွားတယ်

"ဂျောက်"လို့တစ်ချက်မြည်သွားပြီးသူတို့ပခုံးပေါ်ကနေထိန်းပေးထားတဲ့ဘားတန်းပါမြောက်တက်သွားသည်။ရှန်ကျွင်းယန့်ဒယိမ်းဒယိုင်နဲ့ခုံကနေလေးဖက်ထောက်ဆင်းသွားလိုက်၏။မျက်နှာကလည်းသရဲလိုမျိုးဖြူစုတ်နေလျက်ဘေးမှာရပ်နေတဲ့ရှောင်းဝေ့ချီတောင်လန့်လွန်း၍ခုန်မိလိုက်သည်။

ရှန်ချင်းရီဒါကိုတွေ့တော့ရှန်ကျွင်းယန့်ကိုထိန်းပေးလိုက်ရင်းမေးလိုက်သည် : "ရှင်တို့အဆင်ပြေရဲ့လား?"

"အဆင်ပြေမှထူးဆန်းနေမှာ"ရှန်ကျွင်းယန့်အသက်ရှူပြီးမှဆက်ပြောလိုက်တယ် : "နင်ယုံလား??ငါတစ်ဝက်ပဲထိုင်ရသေးတယ်အဲ့ဒီခါးပတ်ကပြုတ်သွားတယ်လေပေါ်တက်တော့မယ်——"

အားလုံးနားထောင်ပြီးတာနဲ့ထိန့်လန့်သွားကြသည်။ရိုလာကိုစတာစီးနေချိန်ခါးပတ်ပြုတ်သွားတဲ့ကိစ္စကအတော်လန့်စရာကောင်းတယ်

"ပြီးတော့သံလမ်းကတစ်ပိုင်းကျိုးနေသေးတယ်"ရှန်ကျွင်းယန့်တစ်ရှူးထုတ်လိုက်ပြီးချွေးသုတ်လိုက်သည်။လှည့်ကြည့်လိုက်ချိန်အမူအရာမပြောင်းမလဲနဲ့လင်ပန့်ရှနဲ့စုန့်ချင်းလော်ကိုတွေ့လိုက်ရချိန်ဒေါသထွက်လာသည် : "ပြန်လာတာကောင်းတယ်ငါသရဲဖြစ်ရင်နင်တို့နှစ်ယောက်ကိုအလွတ်မပေးဘူး!"

လင်ပန့်ရှသူ့ကိုယ်သူရိုးသားတယ်လို့ထင်တာကြောင့်မတရားခံရသလိုပြောလိုက်တယ် : "ဘာလို့ကျွန်တော့်ကိုမလွှတ်တာလဲ?"

ရှန်ကျွင်းယန့်ဒေါသတကြီးဆိုလိုက်တယ် : "နင်ရိုလာကိုစတာကိုမကြောက်လို့လေ!!"

လင်ပန့်ရှ : "........."မဆီလျော်သလိုပဲနော်

စုန့်ချင်းလော်ကျစ်သပ်လိုက်ရှန်ကျွင်းယန့်အားအေးစက်စက်ကြည့်လာသည်။

သုံးယောက်သားစကားပြောနေတုန်းရှန်ချင်းရီမှရှန်ကျွင်းယန့်ရဲ့အင်္ကျီစကိုဆွဲလိုက်ပြီးအသံတိုးတိုးနဲ့ဆိုတယ် : "ကျယ်ကျဲမူမမှန်သလိုပဲ"

"ဘာဖြစ်လို့လဲ?"ရှန်ကျွင်းယန့်မေးလိုက်တယ်

"ရှင်တို့တက်သွားပြီးသံလမ်းတစ်နေရာကိုရောက်တော့ရုတ်တရက်ရှင်တို့ကိုမတွေ့တော့သလိုပဲ"ရှန်ချင်းရီသူတို့နောက်ကရိုလာကိုစတာသံလမ်းကိုမြင်နိုင်သည့်မှန်နံရံကိုညွှန်ပြလိုက်တယ်

"ပျောက်သွားတယ်?"ရှန်ကျွင်းယန့်တသ်ချက်တိတ်သွားကာမှန်နံရံဆီသွားလိုက်ပြီးဆိုတယ် : "အဲ့ဒီအပိုင်းကဘယ်မှာရှိလဲ?"

"အဲ့ဒီနေရာဖြစ်ဖို့များတယ်"ရှန်ချင်းရီညွှန်ပြလိုက်တယ်

လင်ပန့်ရှလည်းရှန်ချင်းရီညွှန်ပြတဲ့နေရာကိုတွေ့ရတယ်သူတစ်ချက်ကြည့်လိုက်တာနဲ့ချက်ချင်းသတိရလိုက်သည် : "အိုင်းဒါကပြတ်ကျနေတဲ့သံလမ်းနေရာမလား?"

စုန့်ချင်းလော်လည်းလင်ပန့်ရှမှန်ကြောင်းခေါင်းငြိမ့်ပြလိုက်သည်။

"ဆိုတော့အဲ့ဒီပတ်လမ်းကကမ္ဘာအစစ်နဲ့ချိတ်ထားတာပေါ့??"ရှောင်းဝေ့ချီအံ့ဩပျော်ရွှင်သွားကာ : "ကျွန်တော်တို့အဲ့ဒီကနေထွက်လို့ရလောက်လား?"

"ထွက်တာကထွက်လို့ရတယ်"လင်ပန့်ရှတွေးကြည့်တော့သိပ်မဆီလျော်ဘူးလို့ထင်တယ် "ဒါပေမဲ့သံလမ်းနဲ့မြေကြီးနဲ့ကမီတာသုံးဆယ်ကျော်ကွာနေတယ်အောက်မှာကဘိလပ်မြေပဲရှိတာဆိုတော့ပုံမှန်လူတစ်ယောက်ကျသွားရင်အခြေအနေဆိုးလိမ့်မယ်"

မျှော်လင့်ချက်ပျက်သွားတာကြောင့်ရှောင်းဝေ့ချီသက်ပြင်းပဲချလိုက်တော့သည်။

စုန့်ချင်းလော်ရေရွတ်လိုက်တယ် : "ခုနကပြတ်ကျနေတဲ့သံလမ်းပေါ်မှာတွေ့လိုက်တဲ့ဟာကထူးဆန်းတာတွေနဲ့ပတ်သက်နေလိမ့်မယ်ခုနကသိပ်ကြည့်ရမရှင်းဘူးငါထပ်သွားကြည့်မယ်"

ရှန်ကျွင်းယန့်ကြားတာနဲ့စုန့်ချင်းလော်ဆီလက်ရမ်းပြကာ : "သွား‌ပါသွားပါငါတော့မလိုက်တော့ဘူး"သူမကိုယ့်ဗိုက်ကိုယ်ပြန်ပွတ်ကြည့်လိုက်တယ်မအန်တာအံ့ဩစရာပဲ

လင်ပန့်ရှကဆိုတယ် : "ငါမင်းနဲ့လိုက်ခဲ့မယ်နော်?"နှစ်ယောက်ကြည့်ရင်ပိုအသေးစိတ်တွေ့ရမယ်

စုန့်ချင်းလော်ခေါင်းငြိမ့်သဘောတူလိုက်သည်။

နောက်တော့အားလုံးရဲ့လေးစားတဲ့အကြည့်အောက်မှာသူတို့နှစ်ယောက်လုံးရိုလာကိုစတာပေါ်ပြန်တက်လိုက်သည်။အရင်အတိုင်းပထမဆုံးတန်းပဲလင်ပန့်ရှပခုံးထိန်းကိုဖိချလိုက်သည်။သက်သောင့်သက်သာရှိတယ်

ရှန်ကျွင်းယန့်ဘေးမှာရပ်နေရင်းအမူအရာကလည်းရှုပ်ထွေးနေ၏။

မရေမတွက်နိုင်တဲ့စောင့်ကြည့်သူတော်တော်များများကိုသူမတွေ့ဖူးတယ်တော်တော်များများကသတ္တိအရမ်းရှိကြတယ်သတ္တိရှိပေမယ့်ကြောက်တဲ့ဟာလည်းရှိကြတယ်ဥပမာလီစူးဆိုရင်ပိုးဖလံကြောက်တယ်သူမဆိုရင်အမြင့်ကြောက်တယ်လင်ပန့်ရှလိုအကြောက်တရားကင်းမဲ့နေတဲ့လူထူးဆန်းကတော့ရှားရှားပါးပါးပဲလီစူးပြောသလိုစုန့်ချင်းလော်ရဲ့ကံပဲထင်တယ်ဒီလိုရတနာမျိုးကိုဘယ်ကနေရှာလာလဲမသိဘူးရိုလာကိုစတာမှာနောက်တစ်ကြိမ်ပြန်ထွက်သွားသည်။လင်ပန့်ရှနဲ့စုန့်ချင်းလော်လည်းညအမှောင်ထဲသို့တဖြေးဖြေးဝင်ရောက်သွား၏။

ရှန်ချင်းရီနာရီကြည့်လိုက်တော့နှစ်နာရီခွဲဖို့နာရီဝက်လိုသေးတယ်သူမတစ်ကိုယ်လုံးကိုလက်ကိုင်ပဝါရှိမရှိစစ်ကြည့်လိုက်ပေမယ့်သူမကိုယ်ပေါ်မှာပေါ်လာသင့်တဲ့သွေးရောင်လက်ကိုင်ပဝါကရှိမနေဘူး

"ဘာဖြစ်လို့လဲ?"ရှန်ကျွင်းယန့်ရဲ့အမူအရာမူမမှန်တာတွေ့တော့ရှောင်းဝေ့ချီမေးလိုက်တယ်

"ထူးဆန်းလိုက်တာ"ရှန်ကျွင်းယန့်ပြောလိုက်တယ် "ငါခုနကရိုလာကိုစတာပေါ်မှာအကျယ်ကြီးအော်ထားတာလေဘာလို့လက်ကိုင်ပဝါရှိမနေတာလဲ?လက်ကိုင်ပဝါကထွက်သွားပြီလား?"

"ခင်ဗျားတို့ကစားကွင်းထဲကိုဘယ်နှစ်ယောက်ဝင်လာတာလဲ?"ရှောင်းဝေ့ချီမေးလိုက်၏။

"ခုနစ်ယောက်လေ"ရှန်ကျွင်းယန့်ပြန်ဖြေလိုက်သည်။

"ဒါဆိုကျန်တဲ့သူတွေဆီမှာထွက်လာနိုင်တယ်"ရှန်ချင်းရီဖြစ်နိုင်တာကိုပြောလိုက်တယ်

ဒါကဖြစ်နိုင်တာပဲရှန်ကျွင်းယန့်လက်ချောင်းထိပ်‌တွေကိုတိတ်တဆိတ်ပွတ်သပ်နေလိုက်တယ်ကျောင်းသားတွေကြားသူမစကန်ဖတ်လိုက်ပြီးပြောလိုက်သည် : "လက်ကိုင်ပဝါကိုဖွက်ထားတဲ့သူမရှိဘူးမလား?"

တစ်ယောက်မှအသံမထွက်လာပေ။ရှန်ကျွင်းယန့်ပြောတာကိုသဘောတူတယ်ပေါ့

"တကယ်လို့နင်တို့ကိုယ်ပေါ်မှာလက်ကိုင်ပဝါရောက်လာခဲ့ရင်ငါ့ကိုပေး"ရှန်ကျွင်းယန့်ပြောလိုက်တယ် "ကိုယ်ပေါ်မှာမထားကြနဲ့——"

ကျောက်ယွမ်ရွေ့မရယ်နိုင်မငိုနိုင်ဖြစ်သွားကာ : "အဲ့ဒီဟာကြီးကိုဘယ်သူကတမင်ဝှက်ထားမှာလဲ?သေဖို့ရှာနေတာလား?"

"အဲ့ဒါကပြောရခက်တယ်"ရှန်ကျွင်းယန့်ပခုံးတွန့်ပြကာဆိုတယ် : "သတိတစ်ချက်လွတ်သွားတာနဲ့မတွေ့ရင်ရော"

အကုန်လုံးဘာမှမပြောလာပေ။ရှန်ကျွင်းယန့်စိုးရိမ်လွန်နေတာဖြစ်မယ်

"ဘယ်တော့မှပြီးမှာလဲကွာ"ဖန့်ကျစ်ရုံစိတ်ဓာတ်ကျနေသည်။သူကျန်ရိုရိုသေသွားတာကိုမျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာလက်ကိုင်ပဝါရဲ့ဆိုလိုရင်းကိုလည်းသိတယ် "ဒါမှမဟုတ်သရဲကိုရှာပြီးလက်ကိုင်ပဝါကိုသူ့နောက်မှာထားမှကစားပွဲပြီးမှာများလား?ဒါပေမဲ့သရဲကဘယ်သူလဲဆိုတာငါတို့ဘယ်လိုလုပ်သိမှာလဲ"

ရှန်ကျွင်းယန့်အတွေးထဲနစ်နေရင်း : "ဟုတ်တယ်ဘယ်သူမဆိုသရဲဖြစ်နိုင်တယ်"သူမအဝေးတစ်နေရာကိုကြည့်လိုက်ချိန်ခုနကတင်ထွက်သွားတဲ့ရိုလာကိုစတာပြန်ရောက်လာပြီပင်

ဒီတစ်ခေါက်ပြတ်နေတဲ့သံလမ်းပေါ်ကအရာကိုလင်ပန့်ရှမြင်လိုက်တယ်အဲ့ဒါကစကတ်ရှည်ဝတ်ထားတဲ့ရုပ်ထုပဲအရွယ်အစားကလက်မောင်းလောက်တော့ရှိမယ်ပြတ်နေတဲ့သံလမ်းထဲမှာပါးနပ်စွာကပ်တွယ်နေခဲ့တယ်စုန့်ချင်းလော်တွေ့သွားလို့တော်သေးတယ်ဒါပေမဲ့ရိုလာကိုစတာရဲ့အရှိန်ကသိပ်မြန်နေတာမလို့စက္ကန့်အနည်းငယ်မှာတင်သူတို့ရှေ့ကနေပျောက်သွားတယ်မြင်ဖို့တင်ခက်ခဲတဲ့ကိစ္စဖြစ်နေတယ်အခေါက်ခေါက်သွားကြည့်ဖို့ဆိုရင်သိပ်မလွယ်ဘူး

"ရုပ်ထု?ရိုလာကိုစတာသံလမ်းပေါ်မှာထွက်လာတဲ့ရုပ်ထုကအဲ့ဒီဟာထင်တယ်"ရှန်ကျွင်းယန့်ဆိုလိုက်တယ် : "ဘယ်လိုပုံစံရှိလဲ?"

"အရမ်းမှောင်နေတော့သိပ်မမြင်ရဘူး"စုန့်ချင်းလော်ကပြောတယ်

"ထပ်သွားကြည့်ကြမလား?"လင်ပန့်ရှတိုက်တွန်းကြည့်တယ် "ပြောမရဘူးလေရုပ်ထုပေါ်မှာတခြားသဲလွန်စရှိနေရင်ရော?"

စုန့်ချင်းလော်ခဏလောက်တိတ်နေပြီးခေါင်းငြိမ့်သဘောတူလိုက်သည်။

အဲ့ဒါနဲ့ပဲအားလုံးရဲ့လေးစားပါတယ်ဆိုတဲ့အကြည့်အောက်မှာသုံးကြိမ်မြောက်ရိုလာကိုစတာပေါ်ထိုင်လိုက်ပြန်သည်။ကြည့်ရတာနောက်ဆုံးတစ်ခေါက်မဟုတ်လောက်ဘူး

ရိုလာကိုစတာထွက်တာသုံးခေါက်ရှိနေပြီဖြစ်ပေမယ့်ရှန်ကျွင်းယန့်ရဲ့ရင်ထဲနေလို့မကောင်းသေးသဖြင့်အကြည့်လွှဲလိုက်သည်။

အချိန်ကတတိတိကုန်လာသည်။အောက်မှာစောင့်နေတဲ့လူတွေလည်းအိပ်ငိုက်လာတာကြောင့်သရဲရဲ့သဲလွန်စအကြောင်းဆွေးနွေးနေလိုက်သည်။အားလုံးရဲ့အမြင်ကိုပြောတော့မှအငွေ့အသက်ကလည်းအသက်ဝင်လာကာအရင်လောက်လည်းကြောက်ဖို့မကောင်းတော့

ကျောင်းသားတွေဆူညံနေတာကိုရှန်ကျွင်းယန့်ဘေးကနေရပ်ကြည့်နေလိုက်သည်။မျက်နှာပေါ်မှာလည်းသေလောက်အောင်ပျင်းဖို့ကောင်းတယ်လို့ရေးထား၏။လုံခြုံရေးအတွက်လည်းတစ်ယောက်ချင်းစီရဲ့ကိုယ်အပေါ်စစ်လိုက်သည်။ဘယ်သူ့ဆီမှာမှလက်ကိုင်ပဝါမရှိတာသေချာသွားတယ်မုန့်မုန်အစစ်ခံရပြီးတော့ကျောက်ယွမ်ရွေ့ဘေးရောက်သွားကာသူ့နောက်ကျောကိုပုတ်လိုက်ပြီးသူ့ကိုသွားဖို့ရယ်ပြလာသည်။ကျောက်ယွမ်ရွေ့အံ့ဩသွားတယ်မုန့်မုန်ကတကယ်လန့်စရာကြီးပုံမှန်အချိန်တွေဆိုရင်အေးစက်စက်သူမကဘယ်လိုလုပ်သူ့ကိုစိတ်ဝင်စားနေရတာလဲသူစစ်ကြည့်ပြီးတော့သူ့ဘေးကိုမုန့်မုန်ထပ်ရောက်လာကာသူနဲ့အတူရပ်လိုက်သည်။

မုန့်မုန်ကိုတွေ့တာနဲ့ရှောင်းဝေ့ချီစိတ်အနှောင့်အယှက်ဖြစ်သွား၏။ဒီခဏလေးမှာကျောက်ယွမ်ရွေ့ကိုကပ်လွန်းနေတယ် : "မုန့်မုန်မင်းကျောက်ယွမ်ရွေ့နဲ့နည်းနည်းခွာလို့ရမလားသူ့ကိုမကြိုက်ဘူးမလားသူနဲ့ကပ်နေပြီးဘာလုပ်တာလဲ?"

မုန့်မုန်ကမတုံ့မဆိုင်းပဲထေ့ငေါ့လာ၏ : "နင်တို့သရဲရှာမှာမလား?ငါတော့ရှောင်းဝေ့ချီကိုသံသယရှိတယ်သူ့ကြောင့်မဟုတ်ရင်ငါတို့လည်းဒီကစားကွင်းထဲရောက်နေမှာမဟုတ်ဘူး"

"မုန့်မုန်မင်းငါ့ကိုပြောဖို့အရှက်ရှိသေးလား?"ရှောင်းဝေ့ချီအိုးပူကိုထမ်းမထားတော့ပဲအေးစက်စက်ရယ်ကာချေပလိုက်တယ် : "ဝမ်ခဲသေသွားတာမင်းလုပ်တာမလား?"

"နင်စကားအပြင်သက်သေပါပြရမယ်လေ"မုန့်မုန်ဒေါသတကြီးပြောလိုက်သည် : "နင်ကငါလို့ပြောတယ်ငါပဲလား?ငါလည်းနင်လို့ပြန်ပြောမယ်!"

ရှောင်းဝေ့ချီဆဲလိုက်ပြီးမုန့်မုန်ကိုတွန်းလိုက်သည်။မုန့်မုန်အနောက်သို့ဒယိမ်းဒယိုင်ဖြစ်သွားပြီးအသံကလည်းငိုချမတတ်ဖြစ်နေ၏ : "နင်ဘာလုပ်တာလဲ——ပြောလို့မနိုင်တော့လူကိုရိုက်တာလား??"

ကျောက်ယွမ်ရွေ့အမြန်တိုက်တွန်းလိုက်သည်။အားလုံးအချင်းချင်းရန်မဖြစ်ကြနဲ့သရဲအတွက်ဟာသဖြစ်နေလိမ့်မယ်

ရှန်ချင်းရီမုန့်မုန်ကိုထိန်းလိုက်ပြီးဆိုတယ် : "နင်အဆင်ပြေရဲ့လား?"

"ငါ........ငါအဆင်ပြေပါတယ်ဟာ......."ရှန်ချင်းရီကိုမှီထားရင်းဝမ်းနည်းတကြီးရှိုက်ငိုလာသည် "ရှောင်းဝေ့ချီနင်လွန်နေပြီနော်မိန်းကလေးတစ်ယောက်ကိုလက်အရင်ပါတယ်တကယ်လွန်နေပြီ"

ရှန်ချင်းရီသူမကိုနှစ်သိမ့်လိုက်၏။

ရှောင်းဝေ့ချီဆက်ပြီးရန်ဖြစ်ချင်ပေမယ့်ရှန်ချင်းရီတားလိုက်တယ်မုန့်မုန်ကိုထိန်းပေးထားရင်းရှောင်းဝေ့ချီနဲ့ဆက်မငြင်းဖို့ပြောလိုက်တယ်

မုန့်မုန်မငိုတော့ပဲအနိုင်ကျင့်ခံရတဲ့သနားစရာယုန်လေးလိုမျိုးကျုံ့နေလျက်တစ်ချက်ကြည့်လိုက်တာနဲ့သနားစရာကောင်းနေသည်။ကျောက်ယွမ်ရွေ့လည်းနှစ်သိမ့်ပေးလိုက်တယ်ရှောင်းဝေ့ချီကတော့သူမကိုအေးစက်စက်နဲ့တစ်ချိန်လုံးစိုက်ကြည့်နေကာနောက်မှအကြည့်ပြန်သိမ်းသွား၏။ရိုလာကိုစတာကလည်းပြန်ထွက်လာသည်။မသိလိုက်ဘာသာနဲ့လင်ပန့်ရှနဲ့စုန့်ချင်းလော်တို့သုံးကြိမ်စီးပြီးပြီ။ဒါပေမဲ့ပတ်ဝန်းကျင်ကတော့ဆိုးနေတုန်းပဲအဲ့ဒီဟာရဲ့ပုံစံကိုရှင်းရှင်းလင်းလင်းမြင်ဖို့ကအရမ်းခက်နေတယ်ဒါပေမဲ့စတုတ္ထအကြိမ်ရောက်တော့စုန့်ချင်းလော်ရဲ့အမူအရာအနည်းငယ်ပြောင်းသွားတာကိုလင်ပန့်ရှတွေ့လိုက်ရတာမလို့မေးကြည့်လိုက်တယ် : "ရှင်းရှင်းလင်းလင်းမြင်လိုက်လား???"စုန့်ချင်းလော်ခေါင်းငြိမ့်လိုက်ကာဆိုတယ် : "နောက်တစ်ခေါက်ပေါ့ငါအတည်ပြုဖို့လိုတယ်"

ဒီကိစ္စကိုအောက်မှာစောင့်နေတဲ့ကျောင်းသားတွေကိုမပြောပြနိုင်ဘူးသရဲကိုဖော်လိုက်ရင်ကိစ္စတွေကသိပ်မကောင်းလောက်ဘူးအဲ့ဒါနဲ့ပဲသူတို့နောက်တစ်ခေါက်ထပ်ထွက်ကြပြန်တယ်

ရိုလာကိုစတာကတစ်ခေါက်ပြီးတစ်ခေါက်ပြန်ထွက်သွားတယ်ရှောင်းဝေ့ချီနာရီကြည့်လိုက်တော့အခုနှစ်နာရီနဲ့နှစ်ဆယ့်ခုနစ်ရှိနေပြီနှစ်နာရီခွဲဖို့သုံးမိနစ်လိုသေးတယ်သူအမူအရာမရှိပဲလှည့်ကြည့်လိုက်တော့ထောင့်မှာကပ်ထိုင်နေတဲ့မုန့်မုန်ကိုတွေ့လိုက်ရတယ်တစ်ခါကသူတို့ရဲ့သူငယ်ချင်းဖြစ်ခဲ့တယ်တစ်ခါကလို့ပြောရခြင်းကသူမဝမ်ခဲကိုစလုပ်ပြီးကတည်းကသူမကသူငယ်ချင်းမဟုတ်တော့ဘူးဝမ်ခဲသေသွားရတာကိုရှောင်းဝေ့ချီဒေါသထွက်တယ်မုန့်မုန်ကိုသနားစိတ်တစ်စက်မှရှိမနေဘူးဒီအချိန်မှမုန့်မုန်အပေါ်မုန်းတီးစိတ်နဲ့ရွံ့ရှာစိတ်ပဲရှိတယ်

မုန့်မုန်ရုတ်တရက်ပြန်လာတော့ရှောင်းဝေ့ချီမူမမှန်တာကိုခံစားရတယ်သူငယ်ချင်းတွေကိုတကယ်ဂရုစိုက်ရင်ဝမ်ခဲကိုယ်ပေါ်ထားဖို့လုံးဝတွေးမှာမဟုတ်ဘူးသူမမှာသနားကြင်နာစိတ်ရှိနေတယ်ဆိုရင်အဲ့ဒါတခြားရည်ရွယ်ချက်ရှိနေလို့ပဲရိုလာကိုစတာဘက်ကိုဝင်လာကတည်းသူမကျောက်ယွမ်ရွေ့ကိုသိပ်ကပ်လွန်းနေတယ်ဝမ်ခဲကိုသူမဘယ်လိုအန္တရာယ်ပေးခဲ့လဲဆိုတာရှောင်းဝေ့ချီရောရှန်ချင်းရီရောမျက်မြင်ပဲသူ့ကိုလုံးဝမယုံကြဘူးဖန့်ကျစ်ရုံမှာကောင်မလေးရှိတော့သူ့ကိုကပ်ရင်သိပ်မကောင်းဘူးအဲ့ဒါနဲ့ကျောက်ယွမ်ရွေ့ကိုပဲပစ်မှတ်ထားတော့တယ်ခုနကရှန်ကျွင်းယန့်စစ်ကြည့်ချိန်သူမကကျောက်ယွမ်ရွေ့နားမှာပဲလည်နေတယ်‌လျှို့ဝှက်ပြီးစစ်နေတာသိသာတယ်ရှေ့မိနစ်အနည်းငယ်ကကျောက်ယွမ်ရွေ့အင်္ကျီရဲ့ခေါင်းစွပ်မှာသွေးနီရောင်လက်ကိုင်ပဝါကိုရှောင်းဝေ့ချီမမျှော်လင့်ပဲတွေ့ခဲ့သည်——သူမကဉာဏ်ကောင်းနေတယ်အိတ်ကပ်ထဲထည့်ရင်အမြန်ရှာ‌တွေ့မှာသိတော့ဒီနည်းကိုတွေးမိသွားတယ်ပေါ့ဒီထဲမှာမှောင်မည်းနေတာမလို့ရှောင်းဝေ့ချီသာကျောက်ယွမ်ရွေ့ကိုပဲဂရုစိုက်ကြည့်မနေမိရင်ဒါကိုမတွေ့လောက်ဘူး

နောက်တစ်မိနစ်ထပ်ကုန်သွားပြီရှောင်းဝေ့ချီစိုးရိမ်လာ၏။သွေးကြောပေါ်သည်အထိလက်နှစ်ဖက်လုံးကိုတင်းတင်းဆုပ်ထားမိသည်။မုန့်မုန်ကိုလူသတ်ခွင့်ပေးလို့မဖြစ်ဘူးအဲ့ဒါကြောင့်ခုနကမုန့်မုန်နဲ့ရန်ဖြစ်ချိန်တုန်းကသူမကိုတမင်တွန်းလိုက်တာအဲ့ဒီလက်ကိုင်ပဝါကိုလည်းသူမအင်္ကျီအိတ်ကပ်ထဲထည့်ပေးလိုက်သည်။အဲ့အချိန်တုန်းကမုန့်မုန်လုံးဝမသိလောက်တာကြောင့်ကိုယ့်အစီအစဉ်ကိုယ်ကျေနပ်နေ၏။

ရှောင်းဝေ့ချီစိတ်ထဲကနေအချိန်တွက်နေတုန်းမြေကြီးပေါ်မှာဆောင့်ကြောင့်ထိုင်နေတဲ့မုန့်မုန်ထရပ်လိုက်တာကိုရုတ်တရက်တွေ့လိုက်ရတယ်သတ်မှတ်ထားချိန်ရောက်တော့မလိုမျိုးစိတ်မချနိုင်သလိုမျိုးခန္ဓာကိုယ်ပေါ်အမြန်ရှာနေလျက်——အင်္ကျီအိတ်ကပ်တွေပါပါတယ်

ဒါကိုတွေ့တော့ရှောင်းဝေ့ချီချက်ချင်းစိတ်လှုပ်ရှားလာသည်။သူအဲ့ဒါကိုအပြင်အိတ်ထဲထည့်လိုက်တာတစ်ခေါက်ရှာတာနဲ့တွေ့နိုင်တယ်သူ့လည်စိဟာလည်းအပေါ်အောက်လှုပ်ခတ်သွားကာကိုယ့်အစီအစဉ်ပျက်တော့မည်ဟုတွေးလိုက်သည်။ဒါပေမဲ့ရှောင်းဝေ့ချီမထင်ထားတာကမုန့်မုန်ကိုယ်ပေါ်မှာဘာမှရှိမနေဘူးသူမအိတ်ထဲမှာလည်းဘာမှမရှိဘူးရှောင်းဝေ့ချီလက်နဲ့ကိုယ်တိုင်အထဲထည့်လိုက်တာလေတကယ်မတွေ့တော့ဘူး——

"နင်ဘာရှာနေတာလဲ?"မုန့်မုန်ဘေးမှာရပ်နေတဲ့ရှန်ချင်းရီမှမေးလာသည်။

"ဘာမှမဟုတ်ဘူး"သူမတစ်ကိုယ်လုံးရှာကြည့်ပြီးပြီသွေးနီရောင်လက်ကိုင်ပဝါမရှိတာသေချာတယ်စိတ်ထဲသက်ပြင်းချလိုက်ပြီးသူမစဉ်းစားလွန်နေတာပဲလို့တွေးလိုက်တယ်သူမခေါင်းမော့လိုက်တော့ရှောင်းဝေ့ချီရဲ့ကြမ်းကြမ်းတမ်းတမ်းအမူအရာကိုတွေ့လိုက်ရသည်။အခုနှစ်နာရီနှစ်ဆယ့်ကိုးတစ်မိနစ်ပြီးရင်သူတို့ရဲ့ခန့်မှန်းချက်အတိုင်းလက်ကိုင်ပဝါကစလှုပ်ရှားလာလိမ့်မယ်ဒါပေမဲ့ဒီဟာနဲ့သူမနဲ့ကိစ္စမရှိဘူးလက်ကိုင်ပဝါကလည်းသူမရဲ့ကိုယ်ပေါ်မှာရှိမနေဘူး

"နင်ဘာရှာနေတာလဲ?"သူမနောက်မှာရပ်နေတဲ့ရှန်ချင်းရီမှထပ်မေးလာ၏။

မုန့်မုန်စိတ်ရှုပ်သွားတယ်ရှန်ချင်းရီကိုလည်းအစကတည်းကအမြင်ကြည်မနေဘူးခုနကသနားစရာပုံစံဟန်ဆောင်ဖို့မဟုတ်ရင်သူမနဲ့ကျယ်မိန့်လိုပုံစံလုပ်နေမှာမဟုတ်ဘူး : "ဘာမှမဟုတ်ဘူးဒီတိုင်းခါကြည့်တာ"

"နင်ဘာရှာနေလဲဆိုတာငါသိတယ်နော်"ရှန်ချင်းရီသူမနားကပ်လာကာအသံကလည်းတိုးညှင်းနေသည်။ဒါပေမဲ့နားထောင်လိုက်ချိန်မှာသေမင်းရဲ့တီးတိုးရေရွတ်သံလိုမျိုးဖြစ်နေတာတစ်ခုပဲ : "ငါ့လက်ကညစ်ပတ်နေပြီးသားဆိုတော့ရှောင်းဝေ့ချီကိုနင့်ကြောင့်ဘာမှမဖြစ်စေရဘူး"သူမရဲ့လက်ချောင်းတွေနဲ့မုန့်မုန်ရဲ့ကျောရိုးကိုပွတ်သပ်လာ၏။ကျောရိုးအတိုင်းဆင်းသွားကာလက်ထဲကဟာကိုသူမရဲ့စကတ်‌ပေါ်ရှိပန်းထိုးထားတဲ့ဖဲပြားပေါ်ချိတ်လိုက်သည် "မုန့်မုန်ရေတာ့တာနော်"

မုန့်မုန်လှည့်ကြည့်လိုက်တော့အမူအရာရှိမနေတဲ့ရှန်ချင်းရီကိုတွေ့လိုက်ရ၏။သူမတစ်ခုခုပြောချင်ပေမယ့်ရှန်ချင်းရီရဲ့လက်ထိပ်မှာသွေးရာရှိနေတယ်သူမခေါင်းငုံ့ကြည့်လိုက်တော့သူမစကတ်ရဲ့ဖဲပြားပေါ်မှာသွေးတွေပေနေတယ်

ဒုတိယလက်တံကဆယ့်နှစ်ကိုရောက်သွားသည်။

"ဟဟားဟား"မုန့်မုန်ရယ်လိုက်ပေမယ့်အပြုံးကတောင့်တောင့်ကြီးနဲ့လူသေနဲ့တူနေသည် "နင်တို့သိပ်တုံးတာပဲငါလုံးဝမသေနိုင်ဘူးလေမထင်ထားဘူးမလားငါကအဲ့ဒီသရဲပဲလေသရဲကဘယ်လိုလုပ်သေမှာလဲ——"သူမသူတို့ကိုဆက်လှောင်ချင်ပေမယ့်မိမိအသံကြားစိတ်ပျက်မှုပါရောယှက်နေသည်။

တစ်ယောက်မှစကားမပြောကြပေ။ကျိန်စာမိထားသလိုတိတ်နေလျက်

"နင်တို့ဘာလို့စကားမပြောတော့တာ?"မုန့်မုန်မေးလိုက်တယ် "ဘာလို့စကားမပြောတာလဲ?"သူမအမြင်တွေဇောက်ထိုးဖြစ်သွားကာအမြင့်ကနေအေးစက်စက်မြေကြီးပေါ်ပြုတ်ကျသွားသည်။

"အား———"ဖန့်ကျစ်ရုံကြောက်လန့်တကြားအော်လိုက်သည်။နှစ်နာရီသုံးဆယ်မိနစ်သူတို့ဘာမှမဖြစ်တော့ဘူးလို့ထင်လိုက်ချိန်မုန့်မုန်ရဲ့ခေါင်းဟာပြုတ်ကျလာပြီးကျောက်ယွမ်ရွေ့ခြေထောက်အောက်သို့ဂလုတ်ဂလုတ်နှင့်လိမ့်သွားသည်။မျက်လုံးကလည်းပြူးနေလျက်ပါးစပ်ကနေလည်းအဆက်မပြတ်မေးနေသည် : "နင်တို့ဘာလို့စကားမပြောကြတာလဲ?"အော်လို့မရဘူးဆိုတာဖန့်ကျစ်ရုံသိတယ်ဒါပေမဲ့လူ့သဘာဝအတိုင်းထိန်းချုပ်ထားတာကိုဖြတ်ချင်ကြတယ်ကြောက်လန့်တကြားအော်သံထွက်လာသည်။

ရှန်ကျွင်းယန့်ကျောက်ယွမ်ရွေ့ရဲ့ပါးစပ်ကိုအုပ်လိုက်ပေမယ့်ဖန့်ကျစ်ရုံကိုတော့မေ့သွားခဲ့တယ်သူ့အော်သံကိုကြားတော့စိတ်ထဲကနေသက်ပြင်းချလိုက်တယ်

မုန့်မုန်ကခေါင်းပြတ်နေပေမယ့်ခေါင်းရောခန္ဓာရောလှုပ်လို့ရတုန်းပဲဖန့်ကျစ်ရုံခြေထောက်နားခေါင်းရောက်လာတယ်ခန္ဓာကတော့ရိုလာကိုစတာသံလမ်းပေါ်ဒယိမ်းဒယိုင်နဲ့ပဲရောက်သွားတယ်တိုက်တိုက်ဆိုင်ဆိုင်ခြောက်မိနစ်လည်းပြည့်ပြီဒုန်းခနဲသူမရဲ့ခန္ဓာကိုယ်ကိုရိုလာကိုစတာကတိုက်ချသွားတယ်

"အားအားအား!!!"ကျောက်ယွမ်ရွေ့သွေးသံတရဲရဲမြင်ကွင်းကြောင့်ရှန်ကျွင်းယန့်ရဲ့ရင်ခွင်ထဲမှာပဲမေ့လဲသွား၏။ရှန်ကျွင်းယန့်ရဲ့မျက်နှာလည်းသိပ်ကြည့်မကောင်းဒီယောကျာ်းလေးတွေကဘာလို့များပန်းလေးတွေလိုအားနည်းနေရတာလဲမိန်းကလေးတွေတောင်အဲ့လောက်မကြောက်ဘူး

ဖန့်ကျစ်ရုံအော်ပြီးတာနဲ့ကိုယ်ဘာလုပ်မိလဲဆိုတာချက်ချင်းသတိပြုမိလိုက်သည်။ဘောင်းဘီအိတ်ထဲလက်ဆန့်မိတော့မရဏကိုကိုယ်စားပြုတဲ့အနီရောင်လက်ကိုင်ပဝါထွက်လာတယ်သူလက်ကိုင်ပဝါကိုတွေ့လိုက်တဲ့ခဏမှာတစ်ကိုယ်လုံးပြိုလဲမတတ်ပဲဆုံးရှုံးသွားသလိုမြေကြီးပေါ်ထိုင်ချလိုက်ပြီးငိုချမိတော့သည်။

လင်ပန့်ရှနဲ့စုန့်ချင်းလော်ဆင်းလာတုန်းရှိသေးဖရိုဖရဲဖြစ်နေသည့်မြင်ကွင်းကိုတွေ့လိုက်ရ၏။စုန့်ချင်းလော်မျက်မှောင်ကျုံ့လိုက်ရင်း : "ဘယ်လိုဖြစ်တာလဲ?"

"မုန့်မုန်ကလက်ကိုင်ပဝါဖွက်ထားပြီးကျောက်ယွမ်ရွေ့ကိုအန္တရာယ်ပေးဖို့လုပ်တာ"ရှောင်းဝေ့ချီအေးစက်စက်ပြန်ဖြေလိုက်၏ : "ကျွန်တော့်ဆီမှာမိသွားတာ"

ရှန်ကျွင်းယန့်ရှုပ်ထွေးစွာဆိုတယ် : "နင်တို့ငါ့ကိုဘာလို့တစ်ခေါက်တောင်မယုံတာလဲ?ဘာလို့လက်ကိုင်ပဝါကိုဖွက်ထားတာလဲ??"

"ငါတို့ဖွက်တာမဟုတ်ဘူးမုန့်မုန်လို့!!"ရှောင်းဝေ့ချီဒေါသနဲ့ချေပလိုက်တယ် : "သူမပြောတာကိုခင်ဗျားမကြားလိုက်ဘူးလား?သူမကသရဲပဲ——"

"ဟုတ်ပြီအခုသရဲသေပြီဆိုတော့"ရှန်ကျွင်းယန့်ဆိုတယ် : "ကစားပွဲပြီးပြီလား?"

သေချာပေါက်မပြီးသေးဘူးပေါ့ဖန့်ကျစ်ရုံဆီကသွေးနီရောင်လက်ကိုင်ပဝါကသက်သေပဲ

ရှောင်းဝေ့ချီတိတ်သွား၏။

ရှန်ချင်းရီကဆိုတယ် : "ရှောင်းဝေ့ချီနဲ့မပတ်သက်ဘူးရယ်သူမသေအောင်ကျွန်မလုပ်လိုက်တာ.......အပြစ်တင်ရင်ကျွန်မကိုပဲတင်ရမှာ"

ကိစ္စတွေဒီလိုဖြစ်သွားမယ်လို့လင်ပန့်ရှမထင်မိပေ။နေရာမှာတင်တိတ်နေမိ၏။စုန့်ချင်းလော်သက်ပြင်းချလိုက်ပြီးနှစ်လုံးပြောလာသည် : "လိုလို့လား"

ရှောင်းဝေ့ချီမျက်လုံးနီကြီးနှင့်ညှဉ်းပန်းခံနေရတဲ့သားရဲလိုမျိုးစုန့်ချင်းလော်ကိုဟောက်လာ၏ : "ဘယ်သူကဒီလိုလုပ်ချင်မှာလဲမုန့်မုန်ဝမ်ခဲကိုသေအောင်လုပ်ခဲ့တာသူမကကျောက်ယွမ်ရွေ့ကိုထပ်လုပ်ချင်သေးတယ်ကမ္ဘာပေါ်မှာဒီလောက်ရက်စက်တဲ့လူဘာလို့ရှိနေထာလဲ——သူမမှလက်ကိုင်ပဝါကိုလွှဲမပေးချင်တာအခုတစ်သက်လုံးမလွှဲနိုင်တော့တာကောင်းတာပေါ့!!!"

"အခုဘယ်လိုလုပ်ကြမလဲ?"ကျောက်ယွမ်ရွေ့လည်းမရှက်တော့ပဲငိုချတော့သည် "လက်ကိုင်ပဝါနောက်တစ်ထည်ထပ်လာပြန်ပြီဘယ်သူသေဦးမှာလဲ??"

ဖန့်ကျစ်ရုံမှာမြေကြီးပေါ်ထိုင်နေရင်းတစ်ကိုယ်လုံးပျော့ခွေနေကာမနားတမ်းရှိုက်ငိုနေ၏။

လေထုမှာကြောက်ဖို့ကောင်းနေလျက်

ရှန်ကျွင်းယန့်ဖန့်ကျစ်ရုံဘေးလျှောက်သွားပြီးသူ့ရဲ့ခေါင်းကိုပွတ်သပ်ပေးလိုက်ရင်း : "တကယ်တုံးတာပဲငါ့မှာနည်းလမ်းရှိတယ်လို့ပြောပြီးပြီလေငါ့ကိုတစ်ခေါက်လောက်မယုံနိုင်ဘူးလား?"သူမပြောပြီးနောက်လူတိုင်းရဲ့တအံ့တဩအကြည့်အောက်မှာလက်ကိုင်ပဝါကိုယူလိုက်၏။

ရှောင်းဝေ့ချီဒါကိုတွေ့တော့ : "ဒါကခင်ဗျားရဲ့နည်းလမ်းလား?ငါတို့အစားသွားသေမှာလေ?အဲ့ဒါကခင်ဗျားရဲ့နည်းလမ်းလား??"

ရှန်ကျွင်းယန့်သူ့ကိုတစ်ချက်ကြည့်လာပြီးစကားမပြောပေ။

ရှောင်းဝေ့ချီအော်ပြောလိုက်တယ် : "ခင်ဗျားနားလည်ရဲ့လားခင်ဗျားသေလိမ့်မယ်‌ဗျ——"

"ငါပြောမယ်သေခြင်းတရားကလူတွေရဲ့ပျော်ရွှင်ဖွယ်နောက်ဆုံးပန်းတိုင်ပဲ"ရှန်ကျွင်းယန့်တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်တယ် "ငါအမြဲဒီလိုပဲတွေးတယ်"

ဖန့်ကျစ်ရုံအကျယ်ကြီးအော်ငိုလိုက်တယ်

စုန့်ချင်းလော်နာရီကြည့်လိုက်တယ်ဖန့်ကျစ်ရုံငိုနေတာသုံးမိနစ်ရှိပြီ : "ငိုလို့ပြီးပြီလား?ငိုလို့ပြီးမှငါပြောမယ်"

ဖန့်ကျစ်ရုံစုန့်ချင်းလော်ပြောတော့ငိုသံကိုအတင်းရပ်လိုက်ပြီးသနားစဖွယ်စုန့်ချင်းလော်အားကြည့်နေ၏။

"သံလမ်းပေါ်ကရုပ်ထုကိုငါသေချာတွေ့လိုက်တယ်"စုန့်ချင်းလော်မှပြောသည် "အဲ့ဒီရုပ်ထုကမင်းတို့ထဲကတစ်ယောက်နဲ့တစ်ပုံစံထဲပဲ"

အကုန်လုံးတိတ်သွား၏။ကျောက်ယွမ်ရွေ့တုန်တုန်ယင်ယင်နဲ့ဆိုတယ် : "ကျွန်,ကျွန်တော်တို့ထဲကတစ်ယောက်?မုန့်,မုန့်မုန်မဟုတ်လား?သူမကသရဲလို့ပြောတယ်လေ?"

"မုန့်မုန်မဟုတ်ဘူး"ကျောက်ယွမ်ရွေ့မေးသည်ကိုစုန့်ချင်းလော်သေချာပြန်ဖြေလိုက်တယ် "ငါမသိတာကသူမမှာဘာလို့ဒီလိုမိုက်မဲတဲ့အတွေးမျိုးရှိနေတာလဲ"

"ဘယ်သူလဲ??"ရှောင်းဝေ့ချီတစ်ခဏအတွင်းဒေါသထွက်လာကာ "ဘယ်သူကသရဲလဲ?!"

"ငါမင်းတို့ကိုမပြောဖို့လုပ်ထားတယ်"စုန့်ချင်းလော်ဒီလိုသာပြန်ဖြေသည်။

"ဘာလို့လဲ??"ရှောင်းဝေ့ချီမယုံနိုင်အရေးကြီးတဲ့အချက်ကိုစုန့်ချင်းလော်ဘာလို့များဖုံးကွယ်ထားရတာလဲ "လက်ကိုင်ပဝါကိုသရဲကိုယ်ပေါ်ထားလိုက်တာနဲ့အကုန်ပြီးနေပြီကိုဘာလို့.........ခင်ဗျားမပြောနိုင်ရတာလဲ?"

"ဒီစည်းမျဉ်းကိုဘယ်သူပြောတာလဲ?"စုန့်ချင်းလော်အေးစက်စက်ဆိုလိုက်တယ် "လက်ကိုင်ပဝါကိုသရဲပေါ်ထားလိုက်တာနဲ့ကစားပွဲပြီးမယ်ဆိုတာဘယ်သူမင်းတို့ကိုပြောတာလဲ?"

ဒီမေးခွန်းကိုဘယ်သူမှမဖြေနိုင်ပေ။ဒီထဲကစည်းမျဉ်းတွေကသူတို့မှန်းတာတွေချည်းဘယ်သူမှသက်သေမပြနိုင်ဘူးလက်ကိုင်ပဝါကိုသရဲပေါ်ထားလိုက်တာနဲ့အကုန်ပြီးသွားမယ်ဆိုတာ

"ရှင်ဘယ်လိုလုပ်ဖို့တွေးထားလဲ?"ရှန်ကျွင်းယန့်စုန့်ချင်းလော်ကိုကြည့်လိုက်တယ်

"သံလမ်းကနေတက်သွားမယ်"အားလုံးကိုမျက်လုံးပြူးစေတဲ့စကားကိုစုန့်ချင်းလော်မှပြောလာသည် "အဲ့ဒီရုပ်ထုကိုယူလာပြီးငါတို့ရဲ့နည်းအတိုင်းပိတ်သိမ်းမယ်"

"တက်?တက်သွားမယ်?"ရှောင်းဝေ့ချီကြောင်အသွား၏ "ခင်ဗျားအဆင်ပြေသေးလား?ရိုလာကိုစတာသွားနေတုန်းကိုသွားမနေဘူးဆိုရင်တောင်——ဒီလောက်ဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့သံလမ်းကိုလေမလုံခြုံတဲ့အခြေအနေမှာခင်ဗျားဘာလို့တက်သွားမှာလဲ??"

လင်ပန့်ရှဘာမှမပြောပဲရပ်နေပေမယ့်ရှောင်းဝေ့ချီပိုပိုစိတ်လှုပ်ရှားနေတာကိုတွေ့တော့နူးနူးညံ့ညံ့နှစ်သိမ့်လိုက်၏ "မင်းစိတ်အေးအေးထားပါဦးဒီရိုလာကိုစတာမှာထိန်းချုပ်တဲ့နေရာရှိတယ်မလား?ထိန်းချုပ်တဲ့နေရာမှာဒါကိုရပ်နိုင်လား?"

ရှောင်းဝေ့ချီလုံးဝနားမထောင်ပဲမေးခွန်းတွေသာဆက်မေးနေသည်။

ဘေးမှာရပ်နေတဲ့ကျောက်ယွမ်ရွေ့ကခေါင်းငြိမ့်လိုက်ပြီးအကြံပေးလာသည် : "ထိန်းချုပ်တဲ့နေရာမှာရိုလာကိုစတာကိုရပ်နိုင်မယ်ထင်တယ်——အဲ့ဒီအခန်းပဲဒါပေမဲ့ကျွန်တော်အထဲသွားမကြည့်ဖူးဘူးတော့ဘယ်လိုရပ်ရမလဲဆိုတာတော့မသိဘူး"

လင်ပန့်ရှပြောလိုက်တယ် : "ငါသွားကြည့်လိုက်မယ်"ရှောင်းဝေ့ချီနဲ့ထပ်မငြင်းဖို့စုန့်ချင်းလော်ကိုမျက်စပစ်လိုက်သည်။

စုန့်ချင်းလော်မပြောင်းမလဲခေါင်းငြိမ့်လိုက်ပြီးမျက်လုံးနက်နက်နဲ့ရှောင်းဝေ့ချီကိုစိုက်ကြည့်လိုက်၏။အစက‌ဒေါသတကြီးဖြစ်‌နေတဲ့ရှောင်းဝေ့ချီလည်းအေးစက်တဲ့ရာသီမှပုစဉ်းရင်ကွဲလိုမျိုးတိတ်ဆိတ်သွားသည်။ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်ပဲခြေတစ်လှမ်းတောင်ဆုတ်မိသွားတယ်ခဏကြာမှစုန့်ချင်းလော်ရဲ့အကြည့်တစ်ချက်ကြောင့်သူလန့်သွားသည်ကိုသိလိုက်ရသည်............

ရှန်ချင်းရီလည်းလှလှပပယောကျာ်းလေးကိုတစ်ချိန်လုံးကြောက်နေရသည်။ရှောင်းဝေ့ချီရဲ့မျက်နှာပါဖြူစုတ်လာတာကိုတွေ့တော့သူ့လက်ကိုဆွဲရင်းတခြားတစ်ဖက်ကိုတိတ်တဆိတ်သွားလိုက်သည်။

ရှန်ချင်းရီခေါင်းငုံ့ထားရင်းအသံတိုးတိုးနဲ့ဆိုတယ် : "ရှောင်ချီနင်ဒေါသမထွက်နဲ့နော်နင်မတွေးဖူးဘူးမလားအဲ့ဒီသရဲက........ကိုယ်တိုင်လည်းသရဲဖြစ်နေမလားမသိဘူးလေ?"

ရှောင်းဝေ့ချီငိုင်သွား၏။

ရှန်ချင်းရီကပြောတယ် : "သူအစမှာလူကိုအန္တရာယ်မပေးရင်ရော?"

ရှန်ချင်းရီအားရှောင်းဝေ့ချီရှုပ်ထွေးစွာကြည့်လိုက်ရင်း : "သူကိုယ့်ကိုယ်မသိဘူးဆိုရင်တောင်လုပ်ခဲ့တာတွေအတွက်တာဝန်ရှိတယ်လေ"

ရှန်ချင်းရီအတင်းပြုံးလိုက်သည်။ရှောင်းဝေ့ချီကျေနပ်အောင်သူမမပြောနိုင်တော့သူ့ရဲ့လက်ကိုသာအသေဆုပ်ကိုင်ထားပြီး : "ငါတကယ်.......တောင်းပန်ပါတယ်"

"တောင်းပန်တယ်?ဘာလို့တောင်းပန်တာလဲ?"ရှောင်းဝေ့ချီထူးဆန်းသွားတယ်

"ငါလက်ကိုင်ပဝါရလိုက်တာနင်သိတယ်မလား?"ရှန်ချင်းရီပြောလိုက်တယ် "ဒါပေမဲ့ငါမသေသေးဘူး——နင်သိသင့်တယ်ဒါကဘာကိုဆိုလိုလဲဆိုတာ"

ရှောင်းဝေ့ချီငိုင်သွားသည်။ရှန်ချင်းရီဒီလိုစကားမျိုးပြောမယ်လို့မထင်ပေ။သူနှုတ်ခမ်းသပ်လိုက်ပြီးတစ်ခုခုပြောချင်ပေမယ့်ပြန်မျိုချလိုက်သည်။သူ့ရဲ့စိတ်ပျက်လက်ပျက်အပြုံးကိုရှန်ချင်းရီကြည့်ရင်းခေါင်းငိုက်သွား၏။ရှောင်းဝေ့ချီသတိလက်လွတ်ဖြစ်နေချိန်မှာသူ့နှုတ်ခမ်းပေါ်သို့နူးညံ့စွာနမ်းရှိုက်လိုက်သည်။မျက်တောင်တစ်ခတ်အတွင်းရှောင်းဝေ့ချီမျက်လုံးပြူးသွားကာမျက်နှာကလည်းနီရဲသွား၍ထစ်အစွာပြောသည် : "မင်း.......မင်းဒါက......."

ရှန်ချင်းရီရယ်လိုက်ကာ : "ဘာလို့ဒီအမူအရာလဲမကြိုက်ဘူးလား?"

ရှောင်းဝေ့ချီကဆိုတယ် : "ကြိုက်ကြိုက်တယ်........"သူခေါင်းငုံ့လိုက်ကာရှက်နေသေးပေမယ့်အသံကတော့ရှင်းလင်းနေ၏ "အရမ်းအရမ်းမင်းကိုသဘောကျတယ်"

ရှန်ချင်းရီရဲ့မျက်လုံးထောင့်ကွေးသွားသည်။

လင်ပန့်ရှအခြေအနေကောင်းလာတာတွေ့တော့သက်ပြင်းချလိုက်ပြီးကျောက်ယွမ်ရွေ့ကိုခေါ်လိုက်ကာသူနဲ့အတူထိန်းချုပ်ခန်းထဲသွားဖို့ပြောလိုက်သည်။

နှစ်ယောက်သားအခန်းထဲဝင်သွားတော့ရှုပ်ပွနေတဲ့ခလုတ်များစွာကိုလင်ပန့်ရှတွေ့လိုက်ရ၏။သူအားမနာတော့ပဲရှေ့မှာရှိနေတဲ့ခလုတ်မှန်သမျှလျှောက်နှိပ်လိုက်သည်။ကြည့်နေတဲ့ကျောက်ယွမ်ရွေ့ကြောက်သွားပြီး : "သာ့ကောဒီလိုလျှောက်နှိပ်နေလို့တစ်ခုခုဆိုးသွားရင်ရော?"

လင်ပန့်ရှဂရုမစိုက်ပဲ : "အခြေအနေကဒီလိုဖြစ်နေပြီကိုဘယ်အထိဆိုးနိုင်မှာလဲ?"

ဒါလည်းဟုတ်တာပဲလင်ပန့်ရှပြောတာဆီလျော်တယ်ဒါနဲ့ပဲသတ္တိရှိရှိနဲ့လင်ပန့်ရှအတိုင်းလိုက်နှိပ်တော့တယ်

ခလုတ်တော်တော်များများကိုစမ်းပြီးပေမယ့်ဘာမှဖြစ်မလာဘူးထိန်းချုပ်ခန်းအောက်ဘက်မှာရှိနေတဲ့ဆွဲတံတစ်ခုကိုလင်ပန့်ရှရုတ်တရက်သတိထားမိလိုက်တယ်ဆွဲတံပေါ်မှာအနီရောင်တောက်တောက်ပေနေတယ်ကြည့်လိုက်တာနဲ့အရမ်းအရေးကြီးတဲ့ကိရိယာတစ်ခုဆိုတာသိလိုက်တယ်သူကိုင်လိုက်ပြီးအောက်ဘက်ကိုဆွဲကြည့်လိုက်တော့ဘန်းဆိုပြီးအသံအကျယ်ကြီးကြားလိုက်ရတယ်

အပြင်ဘက်ကနေဖန့်ကျစ်ရုံ၏ဝမ်းသာအံ့ဩနေသည့်အသံထွက်လာသည် : "တကယ်ရပ်သွားပြီဟ!!"

လင်ပန့်ရှစိတ်ထဲကနေသက်ပြင်းချလိုက်သည်။ငါကံသိပ်မဆိုးပါဘူးထို့နောက်အပြင်ထွက်ဖို့ပြင်လိုက်၏။

ကျောက်ယွမ်ရွေ့သူ့ကိုဆွဲလိုက်ကာဆိုတယ် : "ခင်ဗျားတို့တကယ်သံလမ်းပေါ်တက်သွားမှာလား?ဒါ.......ဒါကသိပ်အန္တရာယ်များတယ်နော်"

လင်ပန့်ရှသူတကယ်စိတ်ပူနေတာတွေ့တော့သူ့ခေါင်းကိုပုတ်လိုက်ပြီး : "အဆင်ပြေမှာပါစိတ်မပူနဲ့"

ကျောက်ယွမ်ရွေ့ထပ်ပြောဖို့လုပ်ပေမယ့်လင်ပန့်ရှဆုံးဖြတ်ထားတဲ့ပုံကိုတွေ့တော့ပါးစပ်ပိတ်လိုက်တော့တယ်

အပြင်ဖက်ရှိစုန့်ချင်းလော်မှာလက်ချောင်းသွယ်သွယ်များကိုအနက်ရောင်လက်အိတ်ထဲသေချာစွပ်နေသည်။သူ့အင်္ကျီလက်ကိုခေါက်ထားခြင်းကြောင့်ကြည်လင်တောက်ပနေကာသန်မာသည့်လက်မောင်းဟာလည်းပေါ်လွင်နေလျက်လက်မောင်းပေါ်ရှိကြွက်သားများဟာလည်းရိပ်ခနဲရိပ်ခနဲပေါ်လာကာသမာဓိလျှောကျအောင်လုပ်နေသလိုပင်။လင်ပန့်ရှရဲ့ခြေသံကိုကြားတော့အေးစက်စက်ဆိုတယ် : "အတူတူသွားမယ်မလား?"

လင်ပန့်ရှရယ်လိုက်ရင်း : "ကောင်းပြီအတူတူပေါ့"

စာရေးသူမှာပြောစရာရှိပါတယ် :

ကျောက်ယွမ်ရွေ့ : ခင်ဗျားဘာလို့သတ္တိအရမ်းရှိနေရတာလဲ?ကြောက်တဲ့ဟာမရှိဘူးလား?

လင်ပန့်ရှ : ရှိတာပေါ့လက်တွေ့မှာဆိုရင်ငါဒီလိုမဆင်မခြင်လုပ်မှာမဟုတ်ဘူး

ကျောက်ယွမ်ရွေ့ : ဘာလို့??

အသံတိုးတိုးနှင့်လင်ပန့်ရှ : 0.0ပျက်သွားရင်လျော်ရမှာလေ

စုန့်ချင်းလော် : ဟူး(လေမှုတ်ထုတ်လိုက်)

____________________

ဝေ
ဒီအပိုင်းကိုခရစ်စမတ်အမှီမပြီးပြီးအောင်ပြန်ပေးထားတယ်နော်🤭

လင်ပန့်ရှလုပ်တဲ့အမူအရာ0.0ကိုပုံထည့်ပေးလိုက်တယ်နော်တကယ်ဆိုရင်အဲ့တာနဲ့သက်ဆိုင်တဲ့အပိုင်းရောက်မှဘာသာပြန်ထည့်ပေးမလို့ရယ်ဆိုတော့အခုတော့ဘာသာမပြန်ထားဘူးလင်ပန့်ရှရဲ့အမူအရာကိုပဲကြည့်ပေးဦးနော်

နောက်တစ်ပိုင်းကို‌တော့ ၃၀ ကျရင်တင်ပေးပါမယ်~

ရှင်တို့ up တောင်းရင်ဒီကမြန်တယ်နော် up မတောင်းရင်တော့ကြာတတ်ပါတယ်°^°

ကလိကလိ is coming!

____________________

Zawgyi

အပိုင္း ၄၆ [ လက္ကိုင္ပဝါပစ္ၾကမယ္ ] (8)

⟨⟨သံလမ္းေပၚ⟩⟩

႐ိုလာကိုစတာကလည္းအေရွ႕ဆက္သြားတုန္းပဲရွန္ကြၽင္းယန႔္ရဲ႕ေအာ္သံကသနားစရာေကာင္းေနတုန္းပဲလင္ပန႔္ရွသူမျပဳတ္က်သြားမွာကိုစိုးရိမ္ေနမိတယ္သူမကိုပဲအာ႐ုံစိုက္ေနမိတာမလို႔ပတ္ဝန္းက်င္ကိုသတိမထားမိဘူးေကြ႕တဲ့ေနရာေရာက္ေတာ့မွစုန႔္ခ်င္းေလာ္က႐ုတ္တရက္လက္ဆန႔္လာၿပီးလင္ပန႔္ရွရဲ႕လက္ဖမိုးကိုႏူးႏူးညံ့ညံ့ပုတ္ကာဆိုတယ္ : "အေရွ႕မွာတစ္ခုခုရွိတယ္"

လင္ပန႔္ရွကဆိုတယ္ : "ဘယ္မွာ??"

"သံလမ္းကိုၾကည့္"စုန႔္ခ်င္းေလာ္ကေျပာတယ္

စုန႔္ခ်င္းေလာ္ေျပာတဲ့ေနရာကိုလင္ပန႔္ရွၾကည့္လိုက္ခ်ိန္သူေတာင္လန႔္သြားတယ္သူတို႔ေရွ႕က႐ိုလာကိုစတာသံလမ္းကျပတ္ေနတယ္ျပတ္က်ေနတဲ့ေနရာမွာလူလိုလိုအရာတစ္ခုလည္းခ်ိတ္ေနသည္။အေနာက္မွာထိုင္ေနတဲ့ရွန္ကြၽင္းယန႔္လည္းအေရွ႕ကျပတ္က်ေနတဲ့ေနရာကိုေတြ႕လိုက္ရသည္။႐ူးေတာ့မလိုပဲပခုံးကိုဖိထားတဲ့ဟာကိုျပန္ဆြဲခ်ေပမယ့္ေလးလြန္းတယ္ဘယ္လိုမွဆြဲခ်လို႔မရဘူးမ်က္ေတာင္တစ္ခတ္အတြင္းျပတ္က်ေနတဲ့ေနရာေရွ႕႐ိုလာကိုစတာေရာက္သြားတယ္သူမခႏၶာကိုယ္ေျမာက္တက္သြားတာကိုသူမခံစားရတယ္ထိုင္ေနတဲ့ေနရာကေနဖင္ေတာင္ပ်ံတက္သြားတယ္ဟ

"ငါလူး——"ဘာမွမလုပ္ႏိုင္ပဲမ်က္စိသာမွိတ္ရင္းလစ္ဟာသြားတဲ့ခံစားခ်က္ကိုေစာင့္ေနလိုက္တယ္ဆယ္စကၠန႔္ေက်ာ္ေလာက္ၾကာၿပီးေတာ့သူမထင္ထားသလိုက်မသြားေပ။မ်က္စိထပ္ဖြင့္လိုက္ခ်ိန္ျပတ္က်ေနတဲ့အပိုင္းကိုျဖတ္သြားၿပီးသံလမ္းေပၚျပန္ေရာက္သြားတယ္ေနာက္ေတာ့သူတို႔စထြက္ခဲ့တဲ့ပလက္ေဖာင္းကိုျပန္ေရာက္သြားတယ္

"ေဂ်ာက္"လို႔တစ္ခ်က္ျမည္သြားၿပီးသူတို႔ပခုံးေပၚကေနထိန္းေပးထားတဲ့ဘားတန္းပါေျမာက္တက္သြားသည္။ရွန္ကြၽင္းယန႔္ဒယိမ္းဒယိုင္နဲ႔ခုံကေနေလးဖက္ေထာက္ဆင္းသြားလိုက္၏။မ်က္ႏွာကလည္းသရဲလိုမ်ိဳးျဖဴစုတ္ေနလ်က္ေဘးမွာရပ္ေနတဲ့ေရွာင္းေဝ့ခ်ီေတာင္လန႔္လြန္း၍ခုန္မိလိုက္သည္။

ရွန္ခ်င္းရီဒါကိုေတြ႕ေတာ့ရွန္ကြၽင္းယန႔္ကိုထိန္းေပးလိုက္ရင္းေမးလိုက္သည္ : "ရွင္တို႔အဆင္ေျပရဲ႕လား?"

"အဆင္ေျပမွထူးဆန္းေနမွာ"ရွန္ကြၽင္းယန႔္အသက္ရွဴၿပီးမွဆက္ေျပာလိုက္တယ္ : "နင္ယုံလား??ငါတစ္ဝက္ပဲထိုင္ရေသးတယ္အဲ့ဒီခါးပတ္ကျပဳတ္သြားတယ္ေလေပၚတက္ေတာ့မယ္——"

အားလုံးနားေထာင္ၿပီးတာနဲ႔ထိန႔္လန႔္သြားၾကသည္။႐ိုလာကိုစတာစီးေနခ်ိန္ခါးပတ္ျပဳတ္သြားတဲ့ကိစၥကအေတာ္လန႔္စရာေကာင္းတယ္

"ၿပီးေတာ့သံလမ္းကတစ္ပိုင္းက်ိဳးေနေသးတယ္"ရွန္ကြၽင္းယန႔္တစ္ရွဴးထုတ္လိုက္ၿပီးေခြၽးသုတ္လိုက္သည္။လွည့္ၾကည့္လိုက္ခ်ိန္အမူအရာမေျပာင္းမလဲနဲ႔လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္ကိုေတြ႕လိုက္ရခ်ိန္ေဒါသထြက္လာသည္ : "ျပန္လာတာေကာင္းတယ္ငါသရဲျဖစ္ရင္နင္တို႔ႏွစ္ေယာက္ကိုအလြတ္မေပးဘူး!"

လင္ပန႔္ရွသူ႔ကိုယ္သူ႐ိုးသားတယ္လို႔ထင္တာေၾကာင့္မတရားခံရသလိုေျပာလိုက္တယ္ : "ဘာလို႔ကြၽန္ေတာ့္ကိုမလႊတ္တာလဲ?"

ရွန္ကြၽင္းယန႔္ေဒါသတႀကီးဆိုလိုက္တယ္ : "နင္႐ိုလာကိုစတာကိုမေၾကာက္လို႔ေလ!!"

လင္ပန႔္ရွ : "........."မဆီေလ်ာ္သလိုပဲေနာ္

စုန႔္ခ်င္းေလာ္က်စ္သပ္လိုက္ရွန္ကြၽင္းယန႔္အားေအးစက္စက္ၾကည့္လာသည္။

သုံးေယာက္သားစကားေျပာေနတုန္းရွန္ခ်င္းရီမွရွန္ကြၽင္းယန႔္ရဲ႕အက်ႌစကိုဆြဲလိုက္ၿပီးအသံတိုးတိုးနဲ႔ဆိုတယ္ : "က်ယ္က်ဲမူမမွန္သလိုပဲ"

"ဘာျဖစ္လို႔လဲ?"ရွန္ကြၽင္းယန႔္ေမးလိုက္တယ္

"ရွင္တို႔တက္သြားၿပီးသံလမ္းတစ္ေနရာကိုေရာက္ေတာ့႐ုတ္တရက္ရွင္တို႔ကိုမေတြ႕ေတာ့သလိုပဲ"ရွန္ခ်င္းရီသူတို႔ေနာက္က႐ိုလာကိုစတာသံလမ္းကိုျမင္ႏိုင္သည့္မွန္နံရံကိုၫႊန္ျပလိုက္တယ္

"ေပ်ာက္သြားတယ္?"ရွန္ကြၽင္းယန႔္တသ္ခ်က္တိတ္သြားကာမွန္နံရံဆီသြားလိုက္ၿပီးဆိုတယ္ : "အဲ့ဒီအပိုင္းကဘယ္မွာရွိလဲ?"

"အဲ့ဒီေနရာျဖစ္ဖို႔မ်ားတယ္"ရွန္ခ်င္းရီၫႊန္ျပလိုက္တယ္

လင္ပန႔္ရွလည္းရွန္ခ်င္းရီၫႊန္ျပတဲ့ေနရာကိုေတြ႕ရတယ္သူတစ္ခ်က္ၾကည့္လိုက္တာနဲ႔ခ်က္ခ်င္းသတိရလိုက္သည္ : "အိုင္းဒါကျပတ္က်ေနတဲ့သံလမ္းေနရာမလား?"

စုန႔္ခ်င္းေလာ္လည္းလင္ပန႔္ရွမွန္ေၾကာင္းေခါင္းၿငိမ့္ျပလိုက္သည္။

"ဆိုေတာ့အဲ့ဒီပတ္လမ္းကကမာၻအစစ္နဲ႔ခ်ိတ္ထားတာေပါ့??"ေရွာင္းေဝ့ခ်ီအံ့ဩေပ်ာ္႐ႊင္သြားကာ : "ကြၽန္ေတာ္တို႔အဲ့ဒီကေနထြက္လို႔ရေလာက္လား?"

"ထြက္တာကထြက္လို႔ရတယ္"လင္ပန႔္ရွေတြးၾကည့္ေတာ့သိပ္မဆီေလ်ာ္ဘူးလို႔ထင္တယ္ "ဒါေပမဲ့သံလမ္းနဲ႔ေျမႀကီးနဲ႔ကမီတာသုံးဆယ္ေက်ာ္ကြာေနတယ္ေအာက္မွာကဘိလပ္ေျမပဲရွိတာဆိုေတာ့ပုံမွန္လူတစ္ေယာက္က်သြားရင္အေျခအေနဆိုးလိမ့္မယ္"

ေမွ်ာ္လင့္ခ်က္ပ်က္သြားတာေၾကာင့္ေရွာင္းေဝ့ခ်ီသက္ျပင္းပဲခ်လိုက္ေတာ့သည္။

စုန႔္ခ်င္းေလာ္ေရ႐ြတ္လိုက္တယ္ : "ခုနကျပတ္က်ေနတဲ့သံလမ္းေပၚမွာေတြ႕လိုက္တဲ့ဟာကထူးဆန္းတာေတြနဲ႔ပတ္သက္ေနလိမ့္မယ္ခုနကသိပ္ၾကည့္ရမရွင္းဘူးငါထပ္သြားၾကည့္မယ္"

ရွန္ကြၽင္းယန႔္ၾကားတာနဲ႔စုန႔္ခ်င္းေလာ္ဆီလက္ရမ္းျပကာ : "သြား‌ပါသြားပါငါေတာ့မလိုက္ေတာ့ဘူး"သူမကိုယ့္ဗိုက္ကိုယ္ျပန္ပြတ္ၾကည့္လိုက္တယ္မအန္တာအံ့ဩစရာပဲ

လင္ပန႔္ရွကဆိုတယ္ : "ငါမင္းနဲ႔လိုက္ခဲ့မယ္ေနာ္?"ႏွစ္ေယာက္ၾကည့္ရင္ပိုအေသးစိတ္ေတြ႕ရမယ္

စုန႔္ခ်င္းေလာ္ေခါင္းၿငိမ့္သေဘာတူလိုက္သည္။

ေနာက္ေတာ့အားလုံးရဲ႕ေလးစားတဲ့အၾကည့္ေအာက္မွာသူတို႔ႏွစ္ေယာက္လုံး႐ိုလာကိုစတာေပၚျပန္တက္လိုက္သည္။အရင္အတိုင္းပထမဆုံးတန္းပဲလင္ပန႔္ရွပခုံးထိန္းကိုဖိခ်လိုက္သည္။သက္ေသာင့္သက္သာရွိတယ္

ရွန္ကြၽင္းယန႔္ေဘးမွာရပ္ေနရင္းအမူအရာကလည္းရႈပ္ေထြးေန၏။

မေရမတြက္ႏိုင္တဲ့ေစာင့္ၾကည့္သူေတာ္ေတာ္မ်ားမ်ားကိုသူမေတြ႕ဖူးတယ္ေတာ္ေတာ္မ်ားမ်ားကသတၱိအရမ္းရွိၾကတယ္သတၱိရွိေပမယ့္ေၾကာက္တဲ့ဟာလည္းရွိၾကတယ္ဥပမာလီစူးဆိုရင္ပိုးဖလံေၾကာက္တယ္သူမဆိုရင္အျမင့္ေၾကာက္တယ္လင္ပန႔္ရွလိုအေၾကာက္တရားကင္းမဲ့ေနတဲ့လူထူးဆန္းကေတာ့ရွားရွားပါးပါးပဲလီစူးေျပာသလိုစုန႔္ခ်င္းေလာ္ရဲ႕ကံပဲထင္တယ္ဒီလိုရတနာမ်ိဳးကိုဘယ္ကေနရွာလာလဲမသိဘူး႐ိုလာကိုစတာမွာေနာက္တစ္ႀကိမ္ျပန္ထြက္သြားသည္။လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္လည္းညအေမွာင္ထဲသို႔တေျဖးေျဖးဝင္ေရာက္သြား၏။

ရွန္ခ်င္းရီနာရီၾကည့္လိုက္ေတာ့ႏွစ္နာရီခြဲဖို႔နာရီဝက္လိုေသးတယ္သူမတစ္ကိုယ္လုံးကိုလက္ကိုင္ပဝါရွိမရွိစစ္ၾကည့္လိုက္ေပမယ့္သူမကိုယ္ေပၚမွာေပၚလာသင့္တဲ့ေသြးေရာင္လက္ကိုင္ပဝါကရွိမေနဘူး

"ဘာျဖစ္လို႔လဲ?"ရွန္ကြၽင္းယန႔္ရဲ႕အမူအရာမူမမွန္တာေတြ႕ေတာ့ေရွာင္းေဝ့ခ်ီေမးလိုက္တယ္

"ထူးဆန္းလိုက္တာ"ရွန္ကြၽင္းယန႔္ေျပာလိုက္တယ္ "ငါခုနက႐ိုလာကိုစတာေပၚမွာအက်ယ္ႀကီးေအာ္ထားတာေလဘာလို႔လက္ကိုင္ပဝါရွိမေနတာလဲ?လက္ကိုင္ပဝါကထြက္သြားၿပီလား?"

"ခင္ဗ်ားတို႔ကစားကြင္းထဲကိုဘယ္ႏွစ္ေယာက္ဝင္လာတာလဲ?"ေရွာင္းေဝ့ခ်ီေမးလိုက္၏။

"ခုနစ္ေယာက္ေလ"ရွန္ကြၽင္းယန႔္ျပန္ေျဖလိုက္သည္။

"ဒါဆိုက်န္တဲ့သူေတြဆီမွာထြက္လာႏိုင္တယ္"ရွန္ခ်င္းရီျဖစ္ႏိုင္တာကိုေျပာလိုက္တယ္

ဒါကျဖစ္ႏိုင္တာပဲရွန္ကြၽင္းယန႔္လက္ေခ်ာင္းထိပ္‌ေတြကိုတိတ္တဆိတ္ပြတ္သပ္ေနလိုက္တယ္ေက်ာင္းသားေတြၾကားသူမစကန္ဖတ္လိုက္ၿပီးေျပာလိုက္သည္ : "လက္ကိုင္ပဝါကိုဖြက္ထားတဲ့သူမရွိဘူးမလား?"

တစ္ေယာက္မွအသံမထြက္လာေပ။ရွန္ကြၽင္းယန႔္ေျပာတာကိုသေဘာတူတယ္ေပါ့

"တကယ္လို႔နင္တို႔ကိုယ္ေပၚမွာလက္ကိုင္ပဝါေရာက္လာခဲ့ရင္ငါ့ကိုေပး"ရွန္ကြၽင္းယန႔္ေျပာလိုက္တယ္ "ကိုယ္ေပၚမွာမထားၾကနဲ႔——"

ေက်ာက္ယြမ္ေ႐ြ႕မရယ္ႏိုင္မငိုႏိုင္ျဖစ္သြားကာ : "အဲ့ဒီဟာႀကီးကိုဘယ္သူကတမင္ဝွက္ထားမွာလဲ?ေသဖို႔ရွာေနတာလား?"

"အဲ့ဒါကေျပာရခက္တယ္"ရွန္ကြၽင္းယန႔္ပခုံးတြန႔္ျပကာဆိုတယ္ : "သတိတစ္ခ်က္လြတ္သြားတာနဲ႔မေတြ႕ရင္ေရာ"

အကုန္လုံးဘာမွမေျပာလာေပ။ရွန္ကြၽင္းယန႔္စိုးရိမ္လြန္ေနတာျဖစ္မယ္

"ဘယ္ေတာ့မွၿပီးမွာလဲကြာ"ဖန႔္က်စ္႐ုံစိတ္ဓာတ္က်ေနသည္။သူက်န္႐ို႐ိုေသသြားတာကိုမ်က္စိနဲ႔တပ္အပ္ျမင္ခဲ့ရတာလက္ကိုင္ပဝါရဲ႕ဆိုလိုရင္းကိုလည္းသိတယ္ "ဒါမွမဟုတ္သရဲကိုရွာၿပီးလက္ကိုင္ပဝါကိုသူ႔ေနာက္မွာထားမွကစားပြဲၿပီးမွာမ်ားလား?ဒါေပမဲ့သရဲကဘယ္သူလဲဆိုတာငါတို႔ဘယ္လိုလုပ္သိမွာလဲ"

ရွန္ကြၽင္းယန႔္အေတြးထဲနစ္ေနရင္း : "ဟုတ္တယ္ဘယ္သူမဆိုသရဲျဖစ္ႏိုင္တယ္"သူမအေဝးတစ္ေနရာကိုၾကည့္လိုက္ခ်ိန္ခုနကတင္ထြက္သြားတဲ့႐ိုလာကိုစတာျပန္ေရာက္လာၿပီပင္

ဒီတစ္ေခါက္ျပတ္ေနတဲ့သံလမ္းေပၚကအရာကိုလင္ပန္႔ရွျမင္လိုက္တယ္အဲ့ဒါကစကတ္ရွည္ဝတ္ထားတဲ့႐ုပ္ထုပဲအ႐ြယ္အစားကလက္ေမာင္းေလာက္ေတာ့ရွိမယ္ျပတ္ေနတဲ့သံလမ္းထဲမွာပါးနပ္စြာကပ္တြယ္ေနခဲ့တယ္စုန႔္ခ်င္းေလာ္ေတြ႕သြားလို႔ေတာ္ေသးတယ္ဒါေပမဲ့႐ိုလာကိုစတာရဲ႕အရွိန္ကသိပ္ျမန္ေနတာမလို႔စကၠန႔္အနည္းငယ္မွာတင္သူတို႔ေရွ႕ကေနေပ်ာက္သြားတယ္ျမင္ဖို႔တင္ခက္ခဲတဲ့ကိစၥျဖစ္ေနတယ္အေခါက္ေခါက္သြားၾကည့္ဖို႔ဆိုရင္သိပ္မလြယ္ဘူး

"႐ုပ္ထု?႐ိုလာကိုစတာသံလမ္းေပၚမွာထြက္လာတဲ့႐ုပ္ထုကအဲ့ဒီဟာထင္တယ္"ရွန္ကြၽင္းယန႔္ဆိုလိုက္တယ္ : "ဘယ္လိုပုံစံရွိလဲ?"

"အရမ္းေမွာင္ေနေတာ့သိပ္မျမင္ရဘူး"စုန႔္ခ်င္းေလာ္ကေျပာတယ္

"ထပ္သြားၾကည့္ၾကမလား?"လင္ပန႔္ရွတိုက္တြန္းၾကည့္တယ္ "ေျပာမရဘူးေလ႐ုပ္ထုေပၚမွာတျခားသဲလြန္စရွိေနရင္ေရာ?"

စုန႔္ခ်င္းေလာ္ခဏေလာက္တိတ္ေနၿပီးေခါင္းၿငိမ့္သေဘာတူလိုက္သည္။

အဲ့ဒါနဲ႔ပဲအားလုံးရဲ႕ေလးစားပါတယ္ဆိုတဲ့အၾကည့္ေအာက္မွာသုံးႀကိမ္ေျမာက္႐ိုလာကိုစတာေပၚထိုင္လိုက္ျပန္သည္။ၾကည့္ရတာေနာက္ဆုံးတစ္ေခါက္မဟုတ္ေလာက္ဘူး

႐ိုလာကိုစတာထြက္တာသုံးေခါက္ရွိေနၿပီျဖစ္ေပမယ့္ရွန္ကြၽင္းယန႔္ရဲ႕ရင္ထဲေနလို႔မေကာင္းေသးသျဖင့္အၾကည့္လႊဲလိုက္သည္။

အခ်ိန္ကတတိတိကုန္လာသည္။ေအာက္မွာေစာင့္ေနတဲ့လူေတြလည္းအိပ္ငိုက္လာတာေၾကာင့္သရဲရဲ႕သဲလြန္စအေၾကာင္းေဆြးေႏြးေနလိုက္သည္။အားလုံးရဲ႕အျမင္ကိုေျပာေတာ့မွအေငြ႕အသက္ကလည္းအသက္ဝင္လာကာအရင္ေလာက္လည္းေၾကာက္ဖို႔မေကာင္းေတာ့

ေက်ာင္းသားေတြဆူညံေနတာကိုရွန္ကြၽင္းယန႔္ေဘးကေနရပ္ၾကည့္ေနလိုက္သည္။မ်က္ႏွာေပၚမွာလည္းေသေလာက္ေအာင္ပ်င္းဖို႔ေကာင္းတယ္လို႔ေရးထား၏။လုံၿခဳံေရးအတြက္လည္းတစ္ေယာက္ခ်င္းစီရဲ႕ကိုယ္အေပၚစစ္လိုက္သည္။ဘယ္သူ႔ဆီမွာမွလက္ကိုင္ပဝါမရွိတာေသခ်ာသြားတယ္မုန႔္မုန္အစစ္ခံရၿပီးေတာ့ေက်ာက္ယြမ္ေ႐ြ႕ေဘးေရာက္သြားကာသူ႔ေနာက္ေက်ာကိုပုတ္လိုက္ၿပီးသူ႔ကိုသြားဖို႔ရယ္ျပလာသည္။ေက်ာက္ယြမ္ေ႐ြ႕အံ့ဩသြားတယ္မုန႔္မုန္ကတကယ္လန႔္စရာႀကီးပုံမွန္အခ်ိန္ေတြဆိုရင္ေအးစက္စက္သူမကဘယ္လိုလုပ္သူ႔ကိုစိတ္ဝင္စားေနရတာလဲသူစစ္ၾကည့္ၿပီးေတာ့သူ႔ေဘးကိုမုန႔္မုန္ထပ္ေရာက္လာကာသူနဲ႔အတူရပ္လိုက္သည္။

မုန႔္မုန္ကိုေတြ႕တာနဲ႔ေရွာင္းေဝ့ခ်ီစိတ္အေႏွာင့္အယွက္ျဖစ္သြား၏။ဒီခဏေလးမွာေက်ာက္ယြမ္ေ႐ြ႕ကိုကပ္လြန္းေနတယ္ : "မုန႔္မုန္မင္းေက်ာက္ယြမ္ေ႐ြ႕နဲ႔နည္းနည္းခြာလို႔ရမလားသူ႔ကိုမႀကိဳက္ဘူးမလားသူနဲ႔ကပ္ေနၿပီးဘာလုပ္တာလဲ?"

မုန႔္မုန္ကမတုံ႔မဆိုင္းပဲေထ့ေငါ့လာ၏ : "နင္တို႔သရဲရွာမွာမလား?ငါေတာ့ေရွာင္းေဝ့ခ်ီကိုသံသယရွိတယ္သူ႔ေၾကာင့္မဟုတ္ရင္ငါတို႔လည္းဒီကစားကြင္းထဲေရာက္ေနမွာမဟုတ္ဘူး"

"မုန႔္မုန္မင္းငါ့ကိုေျပာဖို႔အရွက္ရွိေသးလား?"ေရွာင္းေဝ့ခ်ီအိုးပူကိုထမ္းမထားေတာ့ပဲေအးစက္စက္ရယ္ကာေခ်ပလိုက္တယ္ : "ဝမ္ခဲေသသြားတာမင္းလုပ္တာမလား?"

"နင္စကားအျပင္သက္ေသပါျပရမယ္ေလ"မုန႔္မုန္ေဒါသတႀကီးေျပာလိုက္သည္ : "နင္ကငါလို႔ေျပာတယ္ငါပဲလား?ငါလည္းနင္လို႔ျပန္ေျပာမယ္!"

ေရွာင္းေဝ့ခ်ီဆဲလိုက္ၿပီးမုန္႔မုန္ကိုတြန္းလိုက္သည္။မုန႔္မုန္အေနာက္သို႔ဒယိမ္းဒယိုင္ျဖစ္သြားၿပီးအသံကလည္းငိုခ်မတတ္ျဖစ္ေန၏ : "နင္ဘာလုပ္တာလဲ——ေျပာလို႔မႏိုင္ေတာ့လူကို႐ိုက္တာလား??"

ေက်ာက္ယြမ္ေ႐ြ႕အျမန္တိုက္တြန္းလိုက္သည္။အားလုံးအခ်င္းခ်င္းရန္မျဖစ္ၾကနဲ႔သရဲအတြက္ဟာသျဖစ္ေနလိမ့္မယ္

ရွန္ခ်င္းရီမုန႔္မုန္ကိုထိန္းလိုက္ၿပီးဆိုတယ္ : "နင္အဆင္ေျပရဲ႕လား?"

"ငါ........ငါအဆင္ေျပပါတယ္ဟာ......."ရွန္ခ်င္းရီကိုမွီထားရင္းဝမ္းနည္းတႀကီးရႈိက္ငိုလာသည္ "ေရွာင္းေဝ့ခ်ီနင္လြန္ေနၿပီေနာ္မိန္းကေလးတစ္ေယာက္ကိုလက္အရင္ပါတယ္တကယ္လြန္ေနၿပီ"

ရွန္ခ်င္းရီသူမကိုႏွစ္သိမ့္လိုက္၏။

ေရွာင္းေဝ့ခ်ီဆက္ၿပီးရန္ျဖစ္ခ်င္ေပမယ့္ရွန္ခ်င္းရီတားလိုက္တယ္မုန႔္မုန္ကိုထိန္းေပးထားရင္းေရွာင္းေဝ့ခ်ီနဲ႔ဆက္မျငင္းဖို႔ေျပာလိုက္တယ္

မုန႔္မုန္မငိုေတာ့ပဲအႏိုင္က်င့္ခံရတဲ့သနားစရာယုန္ေလးလိုမ်ိဳးက်ဳံ႔ေနလ်က္တစ္ခ်က္ၾကည့္လိုက္တာနဲ႔သနားစရာေကာင္းေနသည္။ေက်ာက္ယြမ္ေ႐ြ႕လည္းႏွစ္သိမ့္ေပးလိုက္တယ္ေရွာင္းေဝ့ခ်ီကေတာ့သူမကိုေအးစက္စက္နဲ႔တစ္ခ်ိန္လုံးစိုက္ၾကည့္ေနကာေနာက္မွအၾကည့္ျပန္သိမ္းသြား၏။႐ိုလာကိုစတာကလည္းျပန္ထြက္လာသည္။မသိလိုက္ဘာသာနဲ႔လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္တို႔သုံးႀကိမ္စီးၿပီးၿပီ။ဒါေပမဲ့ပတ္ဝန္းက်င္ကေတာ့ဆိုးေနတုန္းပဲအဲ့ဒီဟာရဲ႕ပုံစံကိုရွင္းရွင္းလင္းလင္းျမင္ဖို႔ကအရမ္းခက္ေနတယ္ဒါေပမဲ့စတုတၳအႀကိမ္ေရာက္ေတာ့စုန႔္ခ်င္းေလာ္ရဲ႕အမူအရာအနည္းငယ္ေျပာင္းသြားတာကိုလင္ပန႔္ရွေတြ႕လိုက္ရတာမလို႔ေမးၾကည့္လိုက္တယ္ : "ရွင္းရွင္းလင္းလင္းျမင္လိုက္လား???"စုန႔္ခ်င္းေလာ္ေခါင္းၿငိမ့္လိုက္ကာဆိုတယ္ : "ေနာက္တစ္ေခါက္ေပါ့ငါအတည္ျပဳဖို႔လိုတယ္"

ဒီကိစၥကိုေအာက္မွာေစာင့္ေနတဲ့ေက်ာင္းသားေတြကိုမေျပာျပႏိုင္ဘူးသရဲကိုေဖာ္လိုက္ရင္ကိစၥေတြကသိပ္မေကာင္းေလာက္ဘူးအဲ့ဒါနဲ႔ပဲသူတို႔ေနာက္တစ္ေခါက္ထပ္ထြက္ၾကျပန္တယ္

႐ိုလာကိုစတာကတစ္ေခါက္ၿပီးတစ္ေခါက္ျပန္ထြက္သြားတယ္ေရွာင္းေဝ့ခ်ီနာရီၾကည့္လိုက္ေတာ့အခုႏွစ္နာရီနဲ႔ႏွစ္ဆယ့္ခုနစ္ရွိေနၿပီႏွစ္နာရီခြဲဖို႔သုံးမိနစ္လိုေသးတယ္သူအမူအရာမရွိပဲလွည့္ၾကည့္လိုက္ေတာ့ေထာင့္မွာကပ္ထိုင္ေနတဲ့မုန႔္မုန္ကိုေတြ႕လိုက္ရတယ္တစ္ခါကသူတို႔ရဲ႕သူငယ္ခ်င္းျဖစ္ခဲ့တယ္တစ္ခါကလို႔ေျပာရျခင္းကသူမဝမ္ခဲကိုစလုပ္ၿပီးကတည္းကသူမကသူငယ္ခ်င္းမဟုတ္ေတာ့ဘူးဝမ္ခဲေသသြားရတာကိုေရွာင္းေဝ့ခ်ီေဒါသထြက္တယ္မုန႔္မုန္ကိုသနားစိတ္တစ္စက္မွရွိမေနဘူးဒီအခ်ိန္မွမုန႔္မုန္အေပၚမုန္းတီးစိတ္နဲ႔႐ြံ႕ရွာစိတ္ပဲရွိတယ္

မုန႔္မုန္႐ုတ္တရက္ျပန္လာေတာ့ေရွာင္းေဝ့ခ်ီမူမမွန္တာကိုခံစားရတယ္သူငယ္ခ်င္းေတြကိုတကယ္ဂ႐ုစိုက္ရင္ဝမ္ခဲကိုယ္ေပၚထားဖို႔လုံးဝေတြးမွာမဟုတ္ဘူးသူမမွာသနားၾကင္နာစိတ္ရွိေနတယ္ဆိုရင္အဲ့ဒါတျခားရည္႐ြယ္ခ်က္ရွိေနလို႔ပဲ႐ိုလာကိုစတာဘက္ကိုဝင္လာကတည္းသူမေက်ာက္ယြမ္ေ႐ြ႕ကိုသိပ္ကပ္လြန္းေနတယ္ဝမ္ခဲကိုသူမဘယ္လိုအႏၲရာယ္ေပးခဲ့လဲဆိုတာေရွာင္းေဝ့ခ်ီေရာရွန္ခ်င္းရီေရာမ်က္ျမင္ပဲသူ႔ကိုလုံးဝမယုံၾကဘူးဖန႔္က်စ္႐ုံမွာေကာင္မေလးရွိေတာ့သူ႔ကိုကပ္ရင္သိပ္မေကာင္းဘူးအဲ့ဒါနဲ႔ေက်ာက္ယြမ္ေ႐ြ႕ကိုပဲပစ္မွတ္ထားေတာ့တယ္ခုနကရွန္ကြၽင္းယန႔္စစ္ၾကည့္ခ်ိန္သူမကေက်ာက္ယြမ္ေ႐ြ႕နားမွာပဲလည္ေနတယ္‌လွ်ိဳ႕ဝွက္ၿပီးစစ္ေနတာသိသာတယ္ေရွ႕မိနစ္အနည္းငယ္ကေက်ာက္ယြမ္ေ႐ြ႕အက်ႌရဲ႕ေခါင္းစြပ္မွာေသြးနီေရာင္လက္ကိုင္ပဝါကိုေရွာင္းေဝ့ခ်ီမေမွ်ာ္လင့္ပဲေတြ႕ခဲ့သည္——သူမကဉာဏ္ေကာင္းေနတယ္အိတ္ကပ္ထဲထည့္ရင္အျမန္ရွာ‌ေတြ႕မွာသိေတာ့ဒီနည္းကိုေတြးမိသြားတယ္ေပါ့ဒီထဲမွာေမွာင္မည္းေနတာမလို႔ေရွာင္းေဝ့ခ်ီသာေက်ာက္ယြမ္ေ႐ြ႕ကိုပဲဂ႐ုစိုက္ၾကည့္မေနမိရင္ဒါကိုမေတြ႕ေလာက္ဘူး

ေနာက္တစ္မိနစ္ထပ္ကုန္သြားၿပီေရွာင္းေဝ့ခ်ီစိုးရိမ္လာ၏။ေသြးေၾကာေပၚသည္အထိလက္ႏွစ္ဖက္လုံးကိုတင္းတင္းဆုပ္ထားမိသည္။မုန႔္မုန္ကိုလူသတ္ခြင့္ေပးလို႔မျဖစ္ဘူးအဲ့ဒါေၾကာင့္ခုနကမုန႔္မုန္နဲ႔ရန္ျဖစ္ခ်ိန္တုန္းကသူမကိုတမင္တြန္းလိုက္တာအဲ့ဒီလက္ကိုင္ပဝါကိုလည္းသူမအက်ႌအိတ္ကပ္ထဲထည့္ေပးလိုက္သည္။အဲ့အခ်ိန္တုန္းကမုန႔္မုန္လုံးဝမသိေလာက္တာေၾကာင့္ကိုယ့္အစီအစဥ္ကိုယ္ေက်နပ္ေန၏။

ေရွာင္းေဝ့ခ်ီစိတ္ထဲကေနအခ်ိန္တြက္ေနတုန္းေျမႀကီးေပၚမွာေဆာင့္ေၾကာင့္ထိုင္ေနတဲ့မုန႔္မုန္ထရပ္လိုက္တာကို႐ုတ္တရက္ေတြ႕လိုက္ရတယ္သတ္မွတ္ထားခ်ိန္ေရာက္ေတာ့မလိုမ်ိဳးစိတ္မခ်ႏိုင္သလိုမ်ိဳးခႏၶာကိုယ္ေပၚအျမန္ရွာေနလ်က္——အက်ႌအိတ္ကပ္ေတြပါပါတယ္

ဒါကိုေတြ႕ေတာ့ေရွာင္းေဝ့ခ်ီခ်က္ခ်င္းစိတ္လႈပ္ရွားလာသည္။သူအဲ့ဒါကိုအျပင္အိတ္ထဲထည့္လိုက္တာတစ္ေခါက္ရွာတာနဲ႔ေတြ႕ႏိုင္တယ္သူ႔လည္စိဟာလည္းအေပၚေအာက္လႈပ္ခတ္သြားကာကိုယ့္အစီအစဥ္ပ်က္ေတာ့မည္ဟုေတြးလိုက္သည္။ဒါေပမဲ့ေရွာင္းေဝ့ခ်ီမထင္ထားတာကမုန႔္မုန္ကိုယ္ေပၚမွာဘာမွရွိမေနဘူးသူမအိတ္ထဲမွာလည္းဘာမွမရွိဘူးေရွာင္းေဝ့ခ်ီလက္နဲ႔ကိုယ္တိုင္အထဲထည့္လိုက္တာေလတကယ္မေတြ႕ေတာ့ဘူး——

"နင္ဘာရွာေနတာလဲ?"မုန႔္မုန္ေဘးမွာရပ္ေနတဲ့ရွန္ခ်င္းရီမွေမးလာသည္။

"ဘာမွမဟုတ္ဘူး"သူမတစ္ကိုယ္လုံးရွာၾကည့္ၿပီးၿပီေသြးနီေရာင္လက္ကိုင္ပဝါမရွိတာေသခ်ာတယ္စိတ္ထဲသက္ျပင္းခ်လိုက္ၿပီးသူမစဥ္းစားလြန္ေနတာပဲလို႔ေတြးလိုက္တယ္သူမေခါင္းေမာ့လိုက္ေတာ့ေရွာင္းေဝ့ခ်ီရဲ႕ၾကမ္းၾကမ္းတမ္းတမ္းအမူအရာကိုေတြ႕လိုက္ရသည္။အခုႏွစ္နာရီႏွစ္ဆယ့္ကိုးတစ္မိနစ္ၿပီးရင္သူတို႔ရဲ႕ခန႔္မွန္းခ်က္အတိုင္းလက္ကိုင္ပဝါကစလႈပ္ရွားလာလိမ့္မယ္ဒါေပမဲ့ဒီဟာနဲ႔သူမနဲ႔ကိစၥမရွိဘူးလက္ကိုင္ပဝါကလည္းသူမရဲ႕ကိုယ္ေပၚမွာရွိမေနဘူး

"နင္ဘာရွာေနတာလဲ?"သူမေနာက္မွာရပ္ေနတဲ့ရွန္ခ်င္းရီမွထပ္ေမးလာ၏။

မုန႔္မုန္စိတ္ရႈပ္သြားတယ္ရွန္ခ်င္းရီကိုလည္းအစကတည္းကအျမင္ၾကည္မေနဘူးခုနကသနားစရာပုံစံဟန္ေဆာင္ဖို႔မဟုတ္ရင္သူမနဲ႔က်ယ္မိန႔္လိုပုံစံလုပ္ေနမွာမဟုတ္ဘူး : "ဘာမွမဟုတ္ဘူးဒီတိုင္းခါၾကည့္တာ"

"နင္ဘာရွာေနလဲဆိုတာငါသိတယ္ေနာ္"ရွန္ခ်င္းရီသူမနားကပ္လာကာအသံကလည္းတိုးညႇင္းေနသည္။ဒါေပမဲ့နားေထာင္လိုက္ခ်ိန္မွာေသမင္းရဲ႕တီးတိုးေရ႐ြတ္သံလိုမ်ိဳးျဖစ္ေနတာတစ္ခုပဲ : "ငါ့လက္ကညစ္ပတ္ေနၿပီးသားဆိုေတာ့ေရွာင္းေဝ့ခ်ီကိုနင့္ေၾကာင့္ဘာမွမျဖစ္ေစရဘူး"သူမရဲ႕လက္ေခ်ာင္းေတြနဲ႔မုန႔္မုန္ရဲ႕ေက်ာ႐ိုးကိုပြတ္သပ္လာ၏။ေက်ာ႐ိုးအတိုင္းဆင္းသြားကာလက္ထဲကဟာကိုသူမရဲ႕စကတ္‌ေပၚရွိပန္းထိုးထားတဲ့ဖဲျပားေပၚခ်ိတ္လိုက္သည္ "မုန႔္မုန္ေရတာ့တာေနာ္"

မုန႔္မုန္လွည့္ၾကည့္လိုက္ေတာ့အမူအရာရွိမေနတဲ့ရွန္ခ်င္းရီကိုေတြ႕လိုက္ရ၏။သူမတစ္ခုခုေျပာခ်င္ေပမယ့္ရွန္ခ်င္းရီရဲ႕လက္ထိပ္မွာေသြးရာရွိေနတယ္သူမေခါင္းငုံ႔ၾကည့္လိုက္ေတာ့သူမစကတ္ရဲ႕ဖဲျပားေပၚမွာေသြးေတြေပေနတယ္

ဒုတိယလက္တံကဆယ့္ႏွစ္ကိုေရာက္သြားသည္။

"ဟဟားဟား"မုန႔္မုန္ရယ္လိုက္ေပမယ့္အၿပဳံးကေတာင့္ေတာင့္ႀကီးနဲ႔လူေသနဲ႔တူေနသည္ "နင္တို႔သိပ္တုံးတာပဲငါလုံးဝမေသႏိုင္ဘူးေလမထင္ထားဘူးမလားငါကအဲ့ဒီသရဲပဲေလသရဲကဘယ္လိုလုပ္ေသမွာလဲ——"သူမသူတို႔ကိုဆက္ေလွာင္ခ်င္ေပမယ့္မိမိအသံၾကားစိတ္ပ်က္မႈပါေရာယွက္ေနသည္။

တစ္ေယာက္မွစကားမေျပာၾကေပ။က်ိန္စာမိထားသလိုတိတ္ေနလ်က္

"နင္တို႔ဘာလို႔စကားမေျပာေတာ့တာ?"မုန႔္မုန္ေမးလိုက္တယ္ "ဘာလို႔စကားမေျပာတာလဲ?"သူမအျမင္ေတြေဇာက္ထိုးျဖစ္သြားကာအျမင့္ကေနေအးစက္စက္ေျမႀကီးေပၚျပဳတ္က်သြားသည္။

"အား———"ဖန႔္က်စ္႐ုံေၾကာက္လန႔္တၾကားေအာ္လိုက္သည္။ႏွစ္နာရီသုံးဆယ္မိနစ္သူတို႔ဘာမွမျဖစ္ေတာ့ဘူးလို႔ထင္လိုက္ခ်ိန္မုန႔္မုန္ရဲ႕ေခါင္းဟာျပဳတ္က်လာၿပီးေက်ာက္ယြမ္ေ႐ြ႕ေျခေထာက္ေအာက္သို႔ဂလုတ္ဂလုတ္ႏွင့္လိမ့္သြားသည္။မ်က္လုံးကလည္းျပဴးေနလ်က္ပါးစပ္ကေနလည္းအဆက္မျပတ္ေမးေနသည္ : "နင္တို႔ဘာလို႔စကားမေျပာၾကတာလဲ?"ေအာ္လို႔မရဘူးဆိုတာဖန႔္က်စ္႐ုံသိတယ္ဒါေပမဲ့လူ႔သဘာဝအတိုင္းထိန္းခ်ဳပ္ထားတာကိုျဖတ္ခ်င္ၾကတယ္ေၾကာက္လန႔္တၾကားေအာ္သံထြက္လာသည္။

ရွန္ကြၽင္းယန႔္ေက်ာက္ယြမ္ေ႐ြ႕ရဲ႕ပါးစပ္ကိုအုပ္လိုက္ေပမယ့္ဖန႔္က်စ္႐ုံကိုေတာ့ေမ့သြားခဲ့တယ္သူ႔ေအာ္သံကိုၾကားေတာ့စိတ္ထဲကေနသက္ျပင္းခ်လိုက္တယ္

မုန႔္မုန္ကေခါင္းျပတ္ေနေပမယ့္ေခါင္းေရာခႏၶာေရာလႈပ္လို႔ရတုန္းပဲဖန႔္က်စ္႐ုံေျခေထာက္နားေခါင္းေရာက္လာတယ္ခႏၶာကေတာ့႐ိုလာကိုစတာသံလမ္းေပၚဒယိမ္းဒယိုင္နဲ႔ပဲေရာက္သြားတယ္တိုက္တိုက္ဆိုင္ဆိုင္ေျခာက္မိနစ္လည္းျပည့္ၿပီဒုန္းခနဲသူမရဲ႕ခႏၶာကိုယ္ကို႐ိုလာကိုစတာကတိုက္ခ်သြားတယ္

"အားအားအား!!!"ေက်ာက္ယြမ္ေ႐ြ႕ေသြးသံတရဲရဲျမင္ကြင္းေၾကာင့္ရွန္ကြၽင္းယန႔္ရဲ႕ရင္ခြင္ထဲမွာပဲေမ့လဲသြား၏။ရွန္ကြၽင္းယန႔္ရဲ႕မ်က္ႏွာလည္းသိပ္ၾကည့္မေကာင္းဒီေယာက်ာ္းေလးေတြကဘာလို႔မ်ားပန္းေလးေတြလိုအားနည္းေနရတာလဲမိန္းကေလးေတြေတာင္အဲ့ေလာက္မေၾကာက္ဘူး

ဖန႔္က်စ္႐ုံေအာ္ၿပီးတာနဲ႔ကိုယ္ဘာလုပ္မိလဲဆိုတာခ်က္ခ်င္းသတိျပဳမိလိုက္သည္။ေဘာင္းဘီအိတ္ထဲလက္ဆန႔္မိေတာ့မရဏကိုကိုယ္စားျပဳတဲ့အနီေရာင္လက္ကိုင္ပဝါထြက္လာတယ္သူလက္ကိုင္ပဝါကိုေတြ႕လိုက္တဲ့ခဏမွာတစ္ကိုယ္လုံးၿပိဳလဲမတတ္ပဲဆုံးရႈံးသြားသလိုေျမႀကီးေပၚထိုင္ခ်လိုက္ၿပီးငိုခ်မိေတာ့သည္။

လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္ဆင္းလာတုန္းရွိေသးဖ႐ိုဖရဲျဖစ္ေနသည့္ျမင္ကြင္းကိုေတြ႕လိုက္ရ၏။စုန႔္ခ်င္းေလာ္မ်က္ေမွာင္က်ဳံ႔လိုက္ရင္း : "ဘယ္လိုျဖစ္တာလဲ?"

"မုန႔္မုန္ကလက္ကိုင္ပဝါဖြက္ထားၿပီးေက်ာက္ယြမ္ေ႐ြ႕ကိုအႏၲရာယ္ေပးဖို႔လုပ္တာ"ေရွာင္းေဝ့ခ်ီေအးစက္စက္ျပန္ေျဖလိုက္၏ : "ကြၽန္ေတာ့္ဆီမွာမိသြားတာ"

ရွန္ကြၽင္းယန႔္ရႈပ္ေထြးစြာဆိုတယ္ : "နင္တို႔ငါ့ကိုဘာလို႔တစ္ေခါက္ေတာင္မယုံတာလဲ?ဘာလို႔လက္ကိုင္ပဝါကိုဖြက္ထားတာလဲ??"

"ငါတို႔ဖြက္တာမဟုတ္ဘူးမုန႔္မုန္လို႔!!"ေရွာင္းေဝ့ခ်ီေဒါသနဲ႔ေခ်ပလိုက္တယ္ : "သူမေျပာတာကိုခင္ဗ်ားမၾကားလိုက္ဘူးလား?သူမကသရဲပဲ——"

"ဟုတ္ၿပီအခုသရဲေသၿပီဆိုေတာ့"ရွန္ကြၽင္းယန႔္ဆိုတယ္ : "ကစားပြဲၿပီးၿပီလား?"

ေသခ်ာေပါက္မၿပီးေသးဘူးေပါ့ဖန႔္က်စ္႐ုံဆီကေသြးနီေရာင္လက္ကိုင္ပဝါကသက္ေသပဲ

ေရွာင္းေဝ့ခ်ီတိတ္သြား၏။

ရွန္ခ်င္းရီကဆိုတယ္ : "ေရွာင္းေဝ့ခ်ီနဲ႔မပတ္သက္ဘူးရယ္သူမေသေအာင္ကြၽန္မလုပ္လိုက္တာ.......အျပစ္တင္ရင္ကြၽန္မကိုပဲတင္ရမွာ"

ကိစၥေတြဒီလိုျဖစ္သြားမယ္လို႔လင္ပန႔္ရွမထင္မိေပ။ေနရာမွာတင္တိတ္ေနမိ၏။စုန႔္ခ်င္းေလာ္သက္ျပင္းခ်လိုက္ၿပီးႏွစ္လုံးေျပာလာသည္ : "လိုလို႔လား"

ေရွာင္းေဝ့ခ်ီမ်က္လုံးနီႀကီးႏွင့္ညႇဥ္းပန္းခံေနရတဲ့သားရဲလိုမ်ိဳးစုန႔္ခ်င္းေလာ္ကိုေဟာက္လာ၏ : "ဘယ္သူကဒီလိုလုပ္ခ်င္မွာလဲမုန႔္မုန္ဝမ္ခဲကိုေသေအာင္လုပ္ခဲ့တာသူမကေက်ာက္ယြမ္ေ႐ြ႕ကိုထပ္လုပ္ခ်င္ေသးတယ္ကမာၻေပၚမွာဒီေလာက္ရက္စက္တဲ့လူဘာလို႔ရွိေနထာလဲ——သူမမွလက္ကိုင္ပဝါကိုလႊဲမေပးခ်င္တာအခုတစ္သက္လုံးမလႊဲႏိုင္ေတာ့တာေကာင္းတာေပါ့!!!"

"အခုဘယ္လိုလုပ္ၾကမလဲ?"ေက်ာက္ယြမ္ေ႐ြ႕လည္းမရွက္ေတာ့ပဲငိုခ်ေတာ့သည္ "လက္ကိုင္ပဝါေနာက္တစ္ထည္ထပ္လာျပန္ၿပီဘယ္သူေသဦးမွာလဲ??"

ဖန႔္က်စ္႐ုံမွာေျမႀကီးေပၚထိုင္ေနရင္းတစ္ကိုယ္လုံးေပ်ာ့ေခြေနကာမနားတမ္းရႈိက္ငိုေန၏။

ေလထုမွာေၾကာက္ဖို႔ေကာင္းေနလ်က္

ရွန္ကြၽင္းယန႔္ဖန႔္က်စ္႐ုံေဘးေလွ်ာက္သြားၿပီးသူ႔ရဲ႕ေခါင္းကိုပြတ္သပ္ေပးလိုက္ရင္း : "တကယ္တုံးတာပဲငါ့မွာနည္းလမ္းရွိတယ္လို႔ေျပာၿပီးၿပီေလငါ့ကိုတစ္ေခါက္ေလာက္မယုံႏိုင္ဘူးလား?"သူမေျပာၿပီးေနာက္လူတိုင္းရဲ႕တအံ့တဩအၾကည့္ေအာက္မွာလက္ကိုင္ပဝါကိုယူလိုက္၏။

ေရွာင္းေဝ့ခ်ီဒါကိုေတြ႕ေတာ့ : "ဒါကခင္ဗ်ားရဲ႕နည္းလမ္းလား?ငါတို႔အစားသြားေသမွာေလ?အဲ့ဒါကခင္ဗ်ားရဲ႕နည္းလမ္းလား??"

ရွန္ကြၽင္းယန႔္သူ႔ကိုတစ္ခ်က္ၾကည့္လာၿပီးစကားမေျပာေပ။

ေရွာင္းေဝ့ခ်ီေအာ္ေျပာလိုက္တယ္ : "ခင္ဗ်ားနားလည္ရဲ႕လားခင္ဗ်ားေသလိမ့္မယ္‌ဗ်——"

"ငါေျပာမယ္ေသျခင္းတရားကလူေတြရဲ႕ေပ်ာ္႐ႊင္ဖြယ္ေနာက္ဆုံးပန္းတိုင္ပဲ"ရွန္ကြၽင္းယန႔္တည္တည္ၿငိမ္ၿငိမ္နဲ႔ေျပာလိုက္တယ္ "ငါအၿမဲဒီလိုပဲေတြးတယ္"

ဖန႔္က်စ္႐ုံအက်ယ္ႀကီးေအာ္ငိုလိုက္တယ္

စုန႔္ခ်င္းေလာ္နာရီၾကည့္လိုက္တယ္ဖန႔္က်စ္႐ုံငိုေနတာသုံးမိနစ္ရွိၿပီ : "ငိုလို႔ၿပီးၿပီလား?ငိုလို႔ၿပီးမွငါေျပာမယ္"

ဖန႔္က်စ္႐ုံစုန႔္ခ်င္းေလာ္ေျပာေတာ့ငိုသံကိုအတင္းရပ္လိုက္ၿပီးသနားစဖြယ္စုန႔္ခ်င္းေလာ္အားၾကည့္ေန၏။

"သံလမ္းေပၚက႐ုပ္ထုကိုငါေသခ်ာေတြ႕လိုက္တယ္"စုန႔္ခ်င္းေလာ္မွေျပာသည္ "အဲ့ဒီ႐ုပ္ထုကမင္းတို႔ထဲကတစ္ေယာက္နဲ႔တစ္ပုံစံထဲပဲ"

အကုန္လုံးတိတ္သြား၏။ေက်ာက္ယြမ္ေ႐ြ႕တုန္တုန္ယင္ယင္နဲ႔ဆိုတယ္ : "ကြၽန္,ကြၽန္ေတာ္တို႔ထဲကတစ္ေယာက္?မုန႔္,မုန႔္မုန္မဟုတ္လား?သူမကသရဲလို႔ေျပာတယ္ေလ?"

"မုန႔္မုန္မဟုတ္ဘူး"ေက်ာက္ယြမ္ေ႐ြ႕ေမးသည္ကိုစုန႔္ခ်င္းေလာ္ေသခ်ာျပန္ေျဖလိုက္တယ္ "ငါမသိတာကသူမမွာဘာလို႔ဒီလိုမိုက္မဲတဲ့အေတြးမ်ိဳးရွိေနတာလဲ"

"ဘယ္သူလဲ??"ေရွာင္းေဝ့ခ်ီတစ္ခဏအတြင္းေဒါသထြက္လာကာ "ဘယ္သူကသရဲလဲ?!"

"ငါမင္းတို႔ကိုမေျပာဖို႔လုပ္ထားတယ္"စုန႔္ခ်င္းေလာ္ဒီလိုသာျပန္ေျဖသည္။

"ဘာလို႔လဲ??"ေရွာင္းေဝ့ခ်ီမယုံႏိုင္အေရးႀကီးတဲ့အခ်က္ကိုစုန႔္ခ်င္းေလာ္ဘာလို႔မ်ားဖုံးကြယ္ထားရတာလဲ "လက္ကိုင္ပဝါကိုသရဲကိုယ္ေပၚထားလိုက္တာနဲ႔အကုန္ၿပီးေနၿပီကိုဘာလို႔.........ခင္ဗ်ားမေျပာႏိုင္ရတာလဲ?"

"ဒီစည္းမ်ဥ္းကိုဘယ္သူေျပာတာလဲ?"စုန႔္ခ်င္းေလာ္ေအးစက္စက္ဆိုလိုက္တယ္ "လက္ကိုင္ပဝါကိုသရဲေပၚထားလိုက္တာနဲ႔ကစားပြဲၿပီးမယ္ဆိုတာဘယ္သူမင္းတို႔ကိုေျပာတာလဲ?"

ဒီေမးခြန္းကိုဘယ္သူမွမေျဖႏိုင္ေပ။ဒီထဲကစည္းမ်ဥ္းေတြကသူတို႔မွန္းတာေတြခ်ည္းဘယ္သူမွသက္ေသမျပႏိုင္ဘူးလက္ကိုင္ပဝါကိုသရဲေပၚထားလိုက္တာနဲ႔အကုန္ၿပီးသြားမယ္ဆိုတာ

"ရွင္ဘယ္လိုလုပ္ဖို႔ေတြးထားလဲ?"ရွန္ကြၽင္းယန႔္စုန႔္ခ်င္းေလာ္ကိုၾကည့္လိုက္တယ္

"သံလမ္းကေနတက္သြားမယ္"အားလုံးကိုမ်က္လုံးျပဴးေစတဲ့စကားကိုစုန႔္ခ်င္းေလာ္မွေျပာလာသည္ "အဲ့ဒီ႐ုပ္ထုကိုယူလာၿပီးငါတို႔ရဲ႕နည္းအတိုင္းပိတ္သိမ္းမယ္"

"တက္?တက္သြားမယ္?"ေရွာင္းေဝ့ခ်ီေၾကာင္အသြား၏ "ခင္ဗ်ားအဆင္ေျပေသးလား?႐ိုလာကိုစတာသြားေနတုန္းကိုသြားမေနဘူးဆိုရင္ေတာင္——ဒီေလာက္ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေနတဲ့သံလမ္းကိုေလမလုံၿခဳံတဲ့အေျခအေနမွာခင္ဗ်ားဘာလို႔တက္သြားမွာလဲ??"

လင္ပန႔္ရွဘာမွမေျပာပဲရပ္ေနေပမယ့္ေရွာင္းေဝ့ခ်ီပိုပိုစိတ္လႈပ္ရွားေနတာကိုေတြ႕ေတာ့ႏူးႏူးညံ့ညံ့ႏွစ္သိမ့္လိုက္၏ "မင္းစိတ္ေအးေအးထားပါဦးဒီ႐ိုလာကိုစတာမွာထိန္းခ်ဳပ္တဲ့ေနရာရွိတယ္မလား?ထိန္းခ်ဳပ္တဲ့ေနရာမွာဒါကိုရပ္ႏိုင္လား?"

ေရွာင္းေဝ့ခ်ီလုံးဝနားမေထာင္ပဲေမးခြန္းေတြသာဆက္ေမးေနသည္။

ေဘးမွာရပ္ေနတဲ့ေက်ာက္ယြမ္ေ႐ြ႕ကေခါင္းၿငိမ့္လိုက္ၿပီးအႀကံေပးလာသည္ : "ထိန္းခ်ဳပ္တဲ့ေနရာမွာ႐ိုလာကိုစတာကိုရပ္ႏိုင္မယ္ထင္တယ္——အဲ့ဒီအခန္းပဲဒါေပမဲ့ကြၽန္ေတာ္အထဲသြားမၾကည့္ဖူးဘူးေတာ့ဘယ္လိုရပ္ရမလဲဆိုတာေတာ့မသိဘူး"

လင္ပန႔္ရွေျပာလိုက္တယ္ : "ငါသြားၾကည့္လိုက္မယ္"ေရွာင္းေဝ့ခ်ီနဲ႔ထပ္မျငင္းဖို႔စုန႔္ခ်င္းေလာ္ကိုမ်က္စပစ္လိုက္သည္။

စုန႔္ခ်င္းေလာ္မေျပာင္းမလဲေခါင္းၿငိမ့္လိုက္ၿပီးမ်က္လုံးနက္နက္နဲ႔ေရွာင္းေဝ့ခ်ီကိုစိုက္ၾကည့္လိုက္၏။အစက‌ေဒါသတႀကီးျဖစ္‌ေနတဲ့ေရွာင္းေဝ့ခ်ီလည္းေအးစက္တဲ့ရာသီမွပုစဥ္းရင္ကြဲလိုမ်ိဳးတိတ္ဆိတ္သြားသည္။ကိုယ့္ကိုယ္ကိုမထိန္းခ်ဳပ္ႏိုင္ပဲေျခတစ္လွမ္းေတာင္ဆုတ္မိသြားတယ္ခဏၾကာမွစုန႔္ခ်င္းေလာ္ရဲ႕အၾကည့္တစ္ခ်က္ေၾကာင့္သူလန႔္သြားသည္ကိုသိလိုက္ရသည္............

ရွန္ခ်င္းရီလည္းလွလွပပေယာက်ာ္းေလးကိုတစ္ခ်ိန္လုံးေၾကာက္ေနရသည္။ေရွာင္းေဝ့ခ်ီရဲ႕မ်က္ႏွာပါျဖဴစုတ္လာတာကိုေတြ႕ေတာ့သူ႔လက္ကိုဆြဲရင္းတျခားတစ္ဖက္ကိုတိတ္တဆိတ္သြားလိုက္သည္။

ရွန္ခ်င္းရီေခါင္းငုံ႔ထားရင္းအသံတိုးတိုးနဲ႔ဆိုတယ္ : "ေရွာင္ခ်ီနင္ေဒါသမထြက္နဲ႔ေနာ္နင္မေတြးဖူးဘူးမလားအဲ့ဒီသရဲက........ကိုယ္တိုင္လည္းသရဲျဖစ္ေနမလားမသိဘူးေလ?"

ေရွာင္းေဝ့ခ်ီငိုင္သြား၏။

ရွန္ခ်င္းရီကေျပာတယ္ : "သူအစမွာလူကိုအႏၲရာယ္မေပးရင္ေရာ?"

ရွန္ခ်င္းရီအားေရွာင္းေဝ့ခ်ီရႈပ္ေထြးစြာၾကည့္လိုက္ရင္း : "သူကိုယ့္ကိုယ္မသိဘူးဆိုရင္ေတာင္လုပ္ခဲ့တာေတြအတြက္တာဝန္ရွိတယ္ေလ"

ရွန္ခ်င္းရီအတင္းၿပဳံးလိုက္သည္။ေရွာင္းေဝ့ခ်ီေက်နပ္ေအာင္သူမမေျပာႏိုင္ေတာ့သူ႔ရဲ႕လက္ကိုသာအေသဆုပ္ကိုင္ထားၿပီး : "ငါတကယ္.......ေတာင္းပန္ပါတယ္"

"ေတာင္းပန္တယ္?ဘာလို႔ေတာင္းပန္တာလဲ?"ေရွာင္းေဝ့ခ်ီထူးဆန္းသြားတယ္

"ငါလက္ကိုင္ပဝါရလိုက္တာနင္သိတယ္မလား?"ရွန္ခ်င္းရီေျပာလိုက္တယ္ "ဒါေပမဲ့ငါမေသေသးဘူး——နင္သိသင့္တယ္ဒါကဘာကိုဆိုလိုလဲဆိုတာ"

ေရွာင္းေဝ့ခ်ီငိုင္သြားသည္။ရွန္ခ်င္းရီဒီလိုစကားမ်ိဳးေျပာမယ္လို႔မထင္ေပ။သူႏႈတ္ခမ္းသပ္လိုက္ၿပီးတစ္ခုခုေျပာခ်င္ေပမယ့္ျပန္မ်ိဳခ်လိုက္သည္။သူ႔ရဲ႕စိတ္ပ်က္လက္ပ်က္အၿပဳံးကိုရွန္ခ်င္းရီၾကည့္ရင္းေခါင္းငိုက္သြား၏။ေရွာင္းေဝ့ခ်ီသတိလက္လြတ္ျဖစ္ေနခ်ိန္မွာသူ႔ႏႈတ္ခမ္းေပၚသို႔ႏူးညံ့စြာနမ္းရႈိက္လိုက္သည္။မ်က္ေတာင္တစ္ခတ္အတြင္းေရွာင္းေဝ့ခ်ီမ်က္လုံးျပဴးသြားကာမ်က္ႏွာကလည္းနီရဲသြား၍ထစ္အစြာေျပာသည္ : "မင္း.......မင္းဒါက......."

ရွန္ခ်င္းရီရယ္လိုက္ကာ : "ဘာလို႔ဒီအမူအရာလဲမႀကိဳက္ဘူးလား?"

ေရွာင္းေဝ့ခ်ီကဆိုတယ္ : "ႀကိဳက္ႀကိဳက္တယ္........"သူေခါင္းငုံ႔လိုက္ကာရွက္ေနေသးေပမယ့္အသံကေတာ့ရွင္းလင္းေန၏ "အရမ္းအရမ္းမင္းကိုသေဘာက်တယ္"

ရွန္ခ်င္းရီရဲ႕မ်က္လုံးေထာင့္ေကြးသြားသည္။

လင္ပန႔္ရွအေျခအေနေကာင္းလာတာေတြ႕ေတာ့သက္ျပင္းခ်လိုက္ၿပီးေက်ာက္ယြမ္ေ႐ြ႕ကိုေခၚလိုက္ကာသူနဲ႔အတူထိန္းခ်ဳပ္ခန္းထဲသြားဖို႔ေျပာလိုက္သည္။

ႏွစ္ေယာက္သားအခန္းထဲဝင္သြားေတာ့ရႈပ္ပြေနတဲ့ခလုတ္မ်ားစြာကိုလင္ပန႔္ရွေတြ႕လိုက္ရ၏။သူအားမနာေတာ့ပဲေရွ႕မွာရွိေနတဲ့ခလုတ္မွန္သမွ်ေလွ်ာက္ႏွိပ္လိုက္သည္။ၾကည့္ေနတဲ့ေက်ာက္ယြမ္ေ႐ြ႕ေၾကာက္သြားၿပီး : "သာ့ေကာဒီလိုေလွ်ာက္ႏွိပ္ေနလို႔တစ္ခုခုဆိုးသြားရင္ေရာ?"

လင္ပန႔္ရွဂ႐ုမစိုက္ပဲ : "အေျခအေနကဒီလိုျဖစ္ေနၿပီကိုဘယ္အထိဆိုးႏိုင္မွာလဲ?"

ဒါလည္းဟုတ္တာပဲလင္ပန႔္ရွေျပာတာဆီေလ်ာ္တယ္ဒါနဲ႔ပဲသတၱိရွိရွိနဲ႔လင္ပန႔္ရွအတိုင္းလိုက္ႏွိပ္ေတာ့တယ္

ခလုတ္ေတာ္ေတာ္မ်ားမ်ားကိုစမ္းၿပီးေပမယ့္ဘာမွျဖစ္မလာဘူးထိန္းခ်ဳပ္ခန္းေအာက္ဘက္မွာရွိေနတဲ့ဆြဲတံတစ္ခုကိုလင္ပန႔္ရွ႐ုတ္တရက္သတိထားမိလိုက္တယ္ဆြဲတံေပၚမွာအနီေရာင္ေတာက္ေတာက္ေပေနတယ္ၾကည့္လိုက္တာနဲ႔အရမ္းအေရးႀကီးတဲ့ကိရိယာတစ္ခုဆိုတာသိလိုက္တယ္သူကိုင္လိုက္ၿပီးေအာက္ဘက္ကိုဆြဲၾကည့္လိုက္ေတာ့ဘန္းဆိုၿပီးအသံအက်ယ္ႀကီးၾကားလိုက္ရတယ္

အျပင္ဘက္ကေနဖန႔္က်စ္႐ုံ၏ဝမ္းသာအံ့ဩေနသည့္အသံထြက္လာသည္ : "တကယ္ရပ္သြားၿပီဟ!!"

လင္ပန႔္ရွစိတ္ထဲကေနသက္ျပင္းခ်လိုက္သည္။ငါကံသိပ္မဆိုးပါဘူးထို႔ေနာက္အျပင္ထြက္ဖို႔ျပင္လိုက္၏။

ေက်ာက္ယြမ္ေ႐ြ႕သူ႔ကိုဆြဲလိုက္ကာဆိုတယ္ : "ခင္ဗ်ားတို႔တကယ္သံလမ္းေပၚတက္သြားမွာလား?ဒါ.......ဒါကသိပ္အႏၲရာယ္မ်ားတယ္ေနာ္"

လင္ပန႔္ရွသူတကယ္စိတ္ပူေနတာေတြ႕ေတာ့သူ႔ေခါင္းကိုပုတ္လိုက္ၿပီး : "အဆင္ေျပမွာပါစိတ္မပူနဲ႔"

ေက်ာက္ယြမ္ေ႐ြ႕ထပ္ေျပာဖို႔လုပ္ေပမယ့္လင္ပန႔္ရွဆုံးျဖတ္ထားတဲ့ပုံကိုေတြ႕ေတာ့ပါးစပ္ပိတ္လိုက္ေတာ့တယ္

အျပင္ဖက္ရွိစုန္႔ခ်င္းေလာ္မွာလက္ေခ်ာင္းသြယ္သြယ္မ်ားကိုအနက္ေရာင္လက္အိတ္ထဲေသခ်ာစြပ္ေနသည္။သူ႔အက်ႌလက္ကိုေခါက္ထားျခင္းေၾကာင့္ၾကည္လင္ေတာက္ပေနကာသန္မာသည့္လက္ေမာင္းဟာလည္းေပၚလြင္ေနလ်က္လက္ေမာင္းေပၚရွိႂကြက္သားမ်ားဟာလည္းရိပ္ခနဲရိပ္ခနဲေပၚလာကာသမာဓိေလွ်ာက်ေအာင္လုပ္ေနသလိုပင္။လင္ပန႔္ရွရဲ႕ေျခသံကိုၾကားေတာ့ေအးစက္စက္ဆိုတယ္ : "အတူတူသြားမယ္မလား?"

လင္ပန႔္ရွရယ္လိုက္ရင္း : "ေကာင္းၿပီအတူတူေပါ့"

စာေရးသူမွာေျပာစရာရွိပါတယ္ :

ေက်ာက္ယြမ္ေ႐ြ႕ : ခင္ဗ်ားဘာလို႔သတၱိအရမ္းရွိေနရတာလဲ?ေၾကာက္တဲ့ဟာမရွိဘူးလား?

လင္ပန႔္ရွ : ရွိတာေပါ့လက္ေတြ႕မွာဆိုရင္ငါဒီလိုမဆင္မျခင္လုပ္မွာမဟုတ္ဘူး

ေက်ာက္ယြမ္ေ႐ြ႕ : ဘာလို႔??

အသံတိုးတိုးႏွင့္လင္ပန႔္ရွ : 0.0ပ်က္သြားရင္ေလ်ာ္ရမွာေလ

စုန႔္ခ်င္းေလာ္ : ဟူး(ေလမႈတ္ထုတ္လိုက္)

____________________

ေဝ
ဒီအပိုင္းကိုခရစ္စမတ္အမွီမၿပီးၿပီးေအာင္ျပန္ေပးထားတယ္ေနာ္🤭

လင္ပန႔္ရွလုပ္တဲ့အမူအရာ0.0ကိုပုံထည့္ေပးလိုက္တယ္ေနာ္တကယ္ဆိုရင္အဲ့တာနဲ႔သက္ဆိုင္တဲ့အပိုင္းေရာက္မွဘာသာျပန္ထည့္ေပးမလို႔ရယ္ဆိုေတာ့အခုေတာ့ဘာသာမျပန္ထားဘူးလင္ပန႔္ရွရဲ႕အမူအရာကိုပဲၾကည့္ေပးဦးေနာ္


ေနာက္တစ္ပိုင္းကို‌ေတာ့ ၃၀ က်ရင္တင္ေပးပါမယ္~

ရွင္တို႔ up ေတာင္းရင္ဒီကျမန္တယ္ေနာ္ up မေတာင္းရင္ေတာ့ၾကာတတ္ပါတယ္°^°

ကလိကလိ is coming!

____________________

Continue Reading

You'll Also Like

147K 21.9K 112
Translation တစ်ပတ်သုံးပိုင်း update တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး ???????? All credit to Original Author and E translator. Thanks for reading ????
17.7K 2.8K 22
လုရင်ကျုံတွင် ငယ်ငယ်ကတည်းနှင့် ထူးခြားသည့် ကိုယ်ခန္ဓာရှိကာ ကံဆိုးမှုအား ခါးစည်းခံခဲ့ရ၏။ပယောဂဆရာကြီးတစ်ယောက်၏ ညွှန်ကြားမှုအောက်တွင် လုရင်ကျုံတစ်ယောက်...
188K 2.8K 33
The MHA universe is in for a real shock when they find out about a universe that has real God's, Monster's and that a Foundation of quirkless people...