Find Love Because Of you (Com...

By Pyoe_Ou_Yim

100K 2.7K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(21)Uni+Zaw

2K 61 0
By Pyoe_Ou_Yim

Part(21)

ဆောင်းဟေမာန်သွင်၏ကိစ္စကြောင့် ကျောင်းအတွင်း အတော်ပင် ဂရက်ထသွားလေသည်။ တစ်ပတ်လောက်အကြာတွင် ပြဿနာများ တော်တော်ရှင်းသွားလေသည်။

စိုင်းစဝ်နှင့် ဝီလျှံရှိန်းတို့လဲ တစ်ပတ်အတွင်းအရင်ကထက်ပို၍ အဆင်ပြေလာသည်။ စိုင်းစဝ်၏ စိတ်ထဲတွင် ဝီလျှံရှိန်းအား ပို၍ ယုံကြည့်လာသည်။ ဝီလျှံရှိန်းသည် အရင်ကထက် စိုင်းစဝ်အပေါ်နွေးထွေးလာသည်။  သူ၏ အချစ်ကို အရင်အချိန်ထပ်ပို၍ ဖွင့်ပြလာသည်ဟု စိုင်းစဝ်ထင်သည်။

တစ်ခါတစ်ရံ စိုင်းစဝ်တို့အတွဲနှင့် သူရတို့အတွဲ Dateကျသည့်အချိန်တွင် သူရတို့အတွဲက စကားများလေ့ရှိကြသော်လည်း စိုင်းစဝ်တို့က ဘာပြဿနာမှ သိပ်မဖြစ်၍ သူရတို့အတွဲက အမြဲပြောလေ့ရှိသည်။

စိုင်းစဝ်တို့ ပထမစာသင်ဖြတ်အတွက် စာမေးပွဲဖြေရန် နှစ်ပတ်သာ လိုတော့သည်။ ဝီလျှံရှိန်းသည် စိုင်းစဝ်၏ အိမ်တွင် လေးရက် ၊ သူ၏အိမ်တွင် သုံးရက်ပြန်အိပ်လေ့ရှိသည်။ နောက်ပိုင်းတွင် ဝီလျှံရှိန်းသည် စိုင်းစဝ် ဘယ်လောက်ပင်ပြောနေပါစေ အရင်လို အိပ်ယာ ခွဲမအိပ်တော့ပေ။ သူ့အတွက်ခင်းပေးထားသည်ကိုလဲ မအိပ်ဘဲ စိုင်းစဝ်၏ အိပ်ယာပေါ်တွင်သာ လာအိပ်လေသည်။

ဒီနေ့သည် ဝီလျှံရှိန်း၏ အစ်မမွေးနေ့ဟု ဆိုသည်။ ဝီလျှံရှိန်း၏ အစ်မသည် ယခုအချိန်ထိ အိမ်ပြန်မလာသေးပေ။ သို့သော် ကျောင်းတွင် ဝီလျှံရှိန်း အစ်မ၏ မွေးနေ့အတွက် အလှူများကို လုပ်ပေးသည်။ ထို့ကြောင့် ဒီနေ့တွင် ဆရာ/မများက အလုပ်ရှုတ်နေကြသည်။

"အားကစားချိန်ရောက်တော့ပြီဆိုတော့ စိုင်းစဝ် လိုက်မလား"

"မလိုက်တော့ဘူး ငါစာကြည့်တိုက်သွားပြီစာသွားလုပ်လိုက်မယ်  သွားပြီနော်"

စိုင်းစဝ် စာအုပ်များကို လက်တွင်ကိုင်ကာ စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။

"ဘုတ် ...အ့"

"တောင်းပန်ပါတယ်ဗျ"

"အန်တီတောင်းပန်ပါတယ်ကွယ် သားလာတာမမြင်လိုက်လို့"

"ရပါတယ်"

စိုင်းးဝ် စာကြည့်တိုက်ဘက် ကွေ့သည့်လမ်းတွင် အန်တီ တစ်ယောက်နှင့်တိုက်မိသည်။ စိုင်းစဝ် အန်တီကို တောင်းကာ စာအုပ်များကို ကောက်လိုက်သည်။

"အယ်"

ထိုအန်တီက ဝီလျှံရှိန်းပေးထားသည့် စာအုပ်ကို ကောက်ယူလိုက်သည်။

"ဒါ ဝီလျှံရှိန်း စာအုပ်မလား"

"ဟုတ်ပါတယ် သူကျွန်တော့်ကို ပေးထားတာပါ"

"ဟုတ်လား သားက ဒီက ကလေးကို တော်တော်ခင်ပုံရတယ်ကွယ် ဒီစာအုပ်လေးက သားကိုယ်တိုင်ရေးထားတာလေ"

"ဗျာ ဒါ ဝီလျှံရှိန်း ရေးထားတာ ဟုတ်လားအန်တီ"

"သားက သူ့ငယ်ချင်းမဟုတ်ဘူးလား "

"ဟုတ်တော့ ဟုတ်ပါတယ် "

"ဒီအတိုင်းဆို သားက ကျောင်းမှာ စာမလုပ်ဖူးထင်ပါတယ်ကွယ် "

"အယ် အန်တီ ကျွန်တော် အဲ့ဒါက မပြေားဘူးနော် သွားလိုက်ပါအုံးမယ်ဗျ"

စိုင်းစဝ် အန်တီဆီမှ စာအုပ်ကို ယူကာ စာကြည့်တိုက်ထဲသို့ ဝင်လာခဲ့သည်။

စိုင်းစာလုပ်နေရင်း အချိန်အတော်ကြာ အခြားတစ်ယောက်မှ စိုက်ကြည့်နေသလိုခံစားရ၍ မေ့ာကြည့်လိုက်သည်။

"ဝီလျှံရှိန်း"

ကျွန်တော်၏ ခေါ်သံကြောင့် ဝီလျှံရှိန်းသည် ကျွန်တော့် ဘေးတွင် ဝင်ထိုင်ကာ စားပွဲပေါ်ခေါင်းတင်ကာ အိပ်လိုက်သည်။

"ဝီလျှံရှိန်း စာကြည့်တိုက်မှာ လာအိပ်မနေနဲ့ စာကြည့်ရတဲ့နေရာကို လာအိပ်နေတယ်"

"နဂိုထဲက စာကြည့်တိုက်ဆိုတာ ကျောင်းသားတွေ လာခိုးအိပ်တဲ့နေရာလေ အချစ်ရဲ့  အသံကလဲ တိတ်ဆိတ်နေတော့  အကွယ်ထောင့်တစ်နေရာမှာ စာအုပ်လေးထောင်ပြီး အိပ်‌နေလိုက် ဘယ်သူမှ မသိဘူး"

"မင်း ပြောမရတဲ့ကောင် မပြောတော့ဘူး အိပ်ချင်လဲအိပ်တော့ "

စိုင်းစဝ် ဝီလျှံရှိန်းကို ဆက်မပြောတော့ဘဲ စာထဲကိုသာ အာရုံစိုက်လိုက်တော့သည်။

"အချစ် ..."

စိုင်းစဝ် စာ‌လုပ်ပြီးအချိန်အတော်အကြာတွင် ဝီလျှံရှိန်းထံမှ ခေါ်လာသည်။

"မင်း မအိပ်ဘဲနဲ့ ငါ့ကိုဘဲကြည့်နေတယ် အခုကော ဘာပြောမလို့လဲ"

"အချစ် အနာဂတ်ယောက္ခမနဲ့ ‌တွေ့ခဲ့တယ်ဆို "

"ငါက ဘယ်က အနာဂတ်ယောက္ခမလဲ "

"အချစ်ကလဲ ကိုယ့်အမေနဲ့ တွေ့ခဲ့သေးတယ်မလား"

"အော် ငါ အန်တီတစ်ယောက်နဲ့တိုက်မိတာ အဲ့ဒါ မင်းအမေလား"

"ဟုတ်တယ် အမေက ကိုယ့်ကို ပြောလိုက်တယ် သားက အခန်းထဲမှာ စာမလုပ်ဘူးထင်တယ်နော်တဲ့ "

"ငါ မင်းအမေကို မင်းက စာမလုပ်ဘူးလို့မပြောပါဘူး ပြီးတော့ မင်းအမေက ဘာလို့ ငါ့ယောက္ခမလဲ မင်းကကော မင်းအမေနားမှာ ဘာလို့မနေတာလဲ"

"အချစ်က ကိုယ်နဲ့ လက်မထပ်ဘူးလား ကိုယ်နဲ့အချစ်လက်ထပ်လိုက်ရင် ကိုယ့်အမေက အချစ်ယောက္ခမဖြစ်ပြီလေ၊ ပြီးတော့ မာမီက ပြန်သွားပါပြီ အချစ်နဲ့ စာကြည့်တိုက်ဘက်မှာ တိုက်မိတယ်ပြောလို့ ကိုယ်လိုက်လာတာ"

"လက်ထပ်ဖို့က အဝးကြီးလိုသေးတယ် ကျောင်းသာအရင်ပြီးအောင်လုပ် ၊ ကျောင်းပြီးပြီ လုပ်ငန်းခွင်တေံ ဝင်ပြီးမှ အဲ့အချိန်ထိ မင်းနဲ့ငါ အတူရှိနေသေးရင်ပေါ့ အဲ့အခါမှ ပြော၊ မင်းဒီနေ့ မင်းရဲ့ အိမ်ကို ပြန်သင့်တယ် အန်တီက ဘယ်လိုဘဲဖြစ်ဖြစ် မင်းရဲ့ အစ်မကို သတိရနေမှာဘဲလေ ၊မင်းက ဘေးနားမှာ ရှိနေပေးတော့ ကောင်းတာပေါ့"

"အချစ်ကို အိမ်ပြန်ပို့ပြီးရင် ကိုယ်ပြန်သွားမှာပါ ၊ ဒါနဲ့ ကိုယ်သိချင်တာရှိသေးတယ် "

"ဘာလဲ ပြောလေ"

စိုင်းစဝ် ဝီလျှံရှိန်း၏ မျက်နှာကို ကြည့်လိုက်သည်။

"အကယ်၍ အကယ်၍ပေါ့နော် ကိုယ်နဲ့အချစ်ကို ကိုယ့်ဒယ်ဒီက ခွဲခဲ့ရင် အချစ်က ကိုယ့်ကို ထားသွားမှာလား"

စိုင်းစဝ် ဝီလျှံရှိန်း၏ မျက်နှာကို ကြောင်ကြည့်နေမိသည်။

'တီ...တီ...တီ'

စိုင်းစဝ် သူရထံမှ ဖုန်းဝင်လာ၍ ကိုင်လိုက်သည်။

"အေပြောသူရ "

"........"

"ငါလာပြီ စောင့်နေ"

စိုင်းစဝ်ဖုန်းချပြီးသည်နှင့် ဝီလျှံရှိန်းအားပြောလိုက်သည်။

"အိမ်ပြန်ရအောင်ဝီလျှံရှိန်း သူရစောင့်နေပြီတဲ့ "

"ဟုတ်ပါပြီ သွားကြမယ်လေ အချစ် စာအုပ်ကျန်ခဲ့မယ်နော် သေချာသိမ်း"

"သိမ်းပြီးပြီ သွားမယ် သူရအကြာကြီး စောင့်နေရလိမ့်မယ် "

စိုင်းစဝ် ဝီလျှံရှိန်း၏ ကားနှင့် အိမ်ပြန်လာခဲ့လိုက်သည်။ စိုင်းစဝ်တို့အားပို့ပြီးသည်နှင့် ဝီလျှံရှိန်းက သူ့အိမ်သို့ ပြန်သွားလေသည်။

ညနေစောင်းတွင် သူရက  စာအုပ်လာငှားသဖြင့် စိုင်းစဝ်သူရနှင့် ကော်ဖီဆိုင်သို့ လိုက်သွားသည်။ စိုင်းစဝ်သူရအား ဆိုင်တွင်သာ စာရှင်းပြလိုက်သည်။ ဝီလျှံရှိန်းပေးထားသည့်စာအုပ်ကို တွေ့မှ စိုင်းစဝ်အားပြောပြရန် သတိရသည်။

"ဟေ့ သူရ ငါပြောပြအုံးမယ်"

"ဟင် ဘာလဲ  ဘာဖြစ်လို့လဲ ပြောလေ"

"ငါပြောပြမယ် ငါ့ရဲ့ ဒီnote bookက ဘယ်သူ့စာအုပ်လို့ မင်းထင်လဲ"

"မင်းကလဲ ဝီလျှံရှိန်းစာအုပ်ဆို သူဘဲပြောတာလေ"

"မဟုတ်ဘူး ငါပြောပြမယ် ဒီစာအုပ်က ငါ့ကို ပေးဖို့ သူကိုယ်တိုင်ရေးထားတာတဲ့သိလား"

"အေ အဲ့တော့ ဘာလဲ မင်းက ငါ့ကို ဒါလေးပြောဖို့ အလန့်တကြားခေါ်လိုက်တာလား"

"မင်းကလဲ ဘာကိုဒါလေးလဲ ဒါကြီးကွ သူ့လိုလူက ငါ့အတွက် လုပ်ပေးတယ်ဆိုတာလေ"

"စိုင်းစဝ် ငါမင်းကိုပြောပြမယ် မင်းစဉ်းစားနေမှာစိုးလို့ ငါပြောပြမယ် မင်း tripသွားတုန်းက ‌ဖြစ်တဲ့ကိစ္စ အဲ့ဒါမဲ့ပတ်သတ်တဲ့သူအကုန်ဘာဖြစ်သွားလဲ ကျောင်းနားလိုက်ရတယ်လေ ၊ မင်းကူညီပေးလိုက်တဲ့ ကလေးမလေးတုန်းကကော သူ့ရဲ့ တစ်ခြားအရာတွေကို ဖယ်ထားပြီး မင်းအတွက်နဲ့ ဆေးရုံမှာပြဿနာအဖြစ်ခံခဲ့တာတွေ၊ ပြီးတော့ မင်းကို ရန်ရှာတဲ့တစ်ယောက်ဆို အခုဒီကျောင်းမှာ မရှိဘဲ နောက်နေ့ကျောင်းပြောင်းခဲ့တာတွေ ၊ ပြီးတော့ ဆောင်းဟေမာန်သွင်ရဲ့ အရင်က ကိစ္စတွေက ဒီအတိုင်းဖြစ်လာတယ် တိုက်ဆိုင်တဲ့ကိစ္စလို့ မင်းထင်နေတာလား"

သူရထိုသို့ ပြောလာသည့်အခါ စိုင်းစဝ်ဘာမှ ပြန်မပြောနိုင်တော့ပါ။

"ဒီမှာ စိုင်းစဝ် ငါပြောပြမယ် ငါလဲ ငါ့ကို တစ်ခြားသူတွေက လာပြောရင် ယုံမှာ မဟုတ်ပေမယ့် ကျောင်းအုပ်ကြီးကိုတောင် အမိန့်ပေးပြပြောနိုင်တဲ့ သူဆိုတာ ဘယ်သူရှိလို့လဲ သူတို့ပြောနေကြတာကို ငါကိုယ်တိုင်မြင်ခဲ့ရတာ စိုင်းစဝ် ၊ ဝီလျှံရှိန်းဆိုတဲ့သူကလေ မင်းအတွက်ဆို ဒီစာလေးရေးပေးတာလောက်ကို မပြောနဲ့ လူဘဲ သတ်ရသတ်ရ ၊ ဘာဘဲလုပ်ရလုပ်ရ လုပ်မယ့်သူမျိုး ၊ ငါလဲ အစက မင်းလိုဘဲ သူ့ကို သိပ်ယုံကြည်ခဲ့တာမဟုတ်ဘူး ငါ့သူငယ်ချင်းလေးကို အသစ်အဆန်းအနေနဲ့ တွဲချင်တာလားဆိုပြီး သံသယဝင်ခဲ့သေးတယ် ၊ ဒါပေမယ့် မင်းဆေးရုံတက်ရတဲ့အချိန်ကရော၊ အခုထပ်ဖြစ်တဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး သူ့တုံ့ပြန်မှုကို ကြည့်ပြီး ငါနားလည်သွားခဲ့တာ စိုင်းစဝ် "

စိုင်းစဝ်သူရ၏ စကားကို နားထောင်ပြီး ပြန်‌ပြောရန်စကားမရှိတော့ပေ။

"ငါပြန်တော့မယ်သူရ မင်းကိုလိုက်မပို့တော့ဘူးနော် "

"မင်းရဲ့စာအုပ်တွေကော ငါမပြီးသေးတော့ မနက်မှဘဲ ယူခဲ့ပေးမယ်"

"အေရတယ် မင်းအဆင်ပြေသလိုလုပ်"

"ရော့ ဝီလျှံရှိန်းစာအုပ်တော့ပြန်ယူသွားလိုက် ငါအသက်ရှင်ချင်သေးတယ်"

"မင်းကတော့ သူက အဲလောက်မကောင်းတဲ့သူမဟုတ်ပါဘူး"

"အေးပါ မင်းကောင်လေးဆိုတော့လဲ သူဘက်က ပါမှာပေါ့ bye bye စိုင်းစဝ် အရမ်းတွေးမနေနဲ့အုံး"

"အွန်းပါ"

စိုင်းစဝ် အိမ်ကို ပြန်လာရင်း ကျောင်းတွင် ဝီလျှံရှိန်းမေးသည်ကို သတိရလာသည်။ အကယ်၍ ဝီလျှံရှိန်း၏ အဖေသာ စိုင်းစဝ်တို့၏ အချစ်ရေးကို ကန့်ကွက်ခဲ့ပါလျှင် စိုင်းစဝ်ထွက်သွားမည်လားဆိုသည့် အတွေးကို တစ်ခါလေးမျှပင်မတွေးဖူးသော်လည်း ကိုယ့်အတွက် ကိုယ့်ကြောင့် သူနာကျင်ရမည်၊ အဆင်မပြေဖြစ်မည်ဆိုလျှင် စိုင်းစဝ် သူ့ဘေးနားမှ ထွက်သွားနိုင်သည်။သို့မဟုတ် သူ့အနားတွင် သူမမြင်အောင် နေမိမည်ထင်ပါသည်။ မလွယ်ကူပေမယ့်လည်းပေါ့ ။

'ငါလည်း မင်းကို ငါကိုယ်တိုင် မသိလိုက်ခင်မှာဘဲ ငါထင်ထားတာထက်ပိုပြီး ပျော်ဝင်နေမိပြီ ဝီလျှံရှိန်း'

See you Soon 🔜🔜🔜

AN/- ကိုယ်ရဲ့ ပထမဆုံးစာရေးခြင်းဖြစ်တဲ့အတွက် ဝီလျှံရှိန်းရဲ့ ပုံစံကို ဖော်ပြတဲ့နေရာမှာ အားနည်းတာလေးတွေရှိတဲ့အတွက်တောင်းပန်ပါတယ်

Alison_Ahsaw
24/12/2023




(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤





Part(21)



































"အခစြျ အနာဂတျယောက်ခမနဲ့ ‌တှေ့ခဲ့တယျဆို "

"ငါက ဘယျက အနာဂတျယောက်ခမလဲ "

"အခစြျကလဲ ကိုယ့ျအမနေဲ့ တှေ့ခဲ့သေးတယျမလား"














"........"




























See you Soon 🔜🔜🔜



Alison_Ahsaw
24/12/2023

Continue Reading

You'll Also Like

29.8K 898 21
ဝဠာထွဋ်ခေါင် × လင်္ကာပျိုး Start Date>>>> 18.9.2023 End Date>>>>
4.5M 283K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
654 70 15
"ဘယ်လောက်လဲ" "ဘာ!.." "ကျုပ်က ဆန္ဒတွေကိုလိုက်ဖြည့်ဆည်းပေးနေတဲ့သူပါ ခင်ဗျားကိုဘယ်လောက်ငှားရမလဲ " "......." ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်က...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...