Find Love Because Of you (Com...

By Pyoe_Ou_Yim

138K 3.9K 10

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(19)Uni+Zaw

2.8K 86 0
By Pyoe_Ou_Yim

Part(19)

စိုင်းစဝ် ကျောင်းသို့ အစောထွက်လာခဲ့လိုက်သည်။ သူရကိုလဲ ဖုန်းမဆက်သေးဘဲ ကျောင်းခန်းထဲတွင် ထိုင်နေလိုက်သည်။

'တီ ... တီ'

"အေ သူရပြော"

"မင်းမလာသေးဘူးလား ငါကားဂိတ်မှာ မတွေ့လို့"

"ငါ ကျောင်းရောက်နေပြီသူရ မင်းလာခဲ့လိုက်တော့"

"အေအေ ခနနေတွေ့မယ်"

စိုင်းစဝ် မကြာမှီအချိန်ပင် စာမေးပွဲဖြေရတော့မည်ဖြစ်၍ စာလုပ်နေလိုက်သည်။ ဝီလျှံရှိန်း၏ ရည်းစားအဖြစ်တစ်ပတ်အတွင်းတော့ လူသိများနေပေလိမ့်မည်။ ပြီးလျှင် ပျက်သွားကာ  ရည်းစားဟောင်းအဖြစ်ရှိနေလိမ့်မည်။

"စိုင်းစဝ်ခွန်မျိုး "

စိုင်းစဝ် ခေါ်သံကြား၍ လှည့်ကြည့်လိုက်သည်။

"ဆောင်းဟေမာန်သွင် "

"မှတ်မိသားဘဲ တို့က မမှတ်မိဘူးထင်နေတာ "

"ဘာကိစ္စရှိလို့လဲ မင်းနဲ့ ပြောစရာစကားမရှိဘူးထင်တယ်"

"တို့က ဒီတိုင်းခေါ်တာပါ ဘယ်လိုလဲ ရှိန်းရဲ့ ကောင်လေးဖြစ်ရတာ ကောင်းလား"

"မင်းနဲ့ဘာဆိုင်လဲ  "

"ဟုတ်ပါတယ်တို့နဲ့မဆိုင်ဘူး ဒါပေမယ့် မင်းကြောင့် ရှိန်းက တိူ့ခေါ်တာကို ငြင်းခဲ့တာလေကွယ်"

"မင်းပြောချင်တယ်ဆို ဝီလျှံရှိန်းကို ပြောလိုက် ငါက သိပ်အားနေတဲ့သူမဟုတ်ဘူး မင်းမှာ အရှက်မရှိဘူးလား သူများအပိုင်ကိုမှ လိုချင်နေတယ်"

"တို့က ရှိန်းကို သိပ်ချစ်လွန်းနေတော့ ရှက်ရမယ်မှန်းတောင် မေ့နေတာ "

"အရှက်မရှိတဲ့ မိန်းမတွေနဲ့စကားမပြောချင်လို့ ဒီက ဘဲ ထွက်သွားပေးနော်  အေးဆေး စာလုပ်လိုက်အုံးမယ်"

"ထွက်သွားမှာပါ ဒါလေးတို့ကိုပေးလိုက်နော်"

စိုင်းစဝ်၏ မှတ်စု စာအုပ်အား ဆောင်းဟေမာန်ယူသွားသည်။

"ဟေ့ ငါ့စာအုပ်ပြန်ပေးဆောင်းဟေမာန်"

"ဒီမှာကြည့် စိုင်းစဝ်ခွန်မျိုး နင့်ကိုယ်ငါ ဒီလိုဖြစ်အောင်လုပ်ပြမယ်"

စိုင်းစဝ်၏ စာအုပ်အား ဖြဲလိုက်သည်။ မိန်းခ
လေး တစ်ယောက်နှင့် ရန်မဖြစ်ချင်၍ ဒီအတိုင်းနေသည်ကို ထိုတစ်ယောက် သူ့အား ရန်လာစနေသည်။ စိုင်းစဝ် ဆောင်းဟေမာန်အား ရန်တွေ့ရန်သွားလိုက်သည်။

"စိုင်းစဝ် တော်တော့ သူများတွေရှိတယ်"

ဝီလျှံရှိန်း စိုင်းစဝ်၏ လက်အားဆွဲကာ ပြောလာသည်။ ဘယ်အချိန်က စိုင်းစဝ်၏ အနောက်သို့ ရောက်နေသည်မသိပါ။

"မင်းလွှတ် ဝီလျှံရှိန်း ငါသူ့ကို တစ်ခုခု လုပ်ရမှ ကျေနပ်မှာ လွှတ်လို့"

ဆောင်းဟေမာန်က စိုင်းစဝ်အား မဲ့ပြုံးပြုံးကာ ကြည့်နေသည်။ ဆောင်းဟေမာန်၏ အကြည့်ကို မြင်လေ စိုင်းစဝ်ဒေါသထွက်လာသည်။

"ရှိန်း "

"ထွက်သွား အကုန်လုံးထွက်သွား "

ဝီလျှံရှိန်း၏ အော်သံကြောင့် ကျောင်းသားများ ဝိုင်းကြည့်နေရာမှ သွားလိုက်သည်။ စိုင်းစဝ် ဝီလျှံရှိန်းအား စိတ်ပျက်သော မျက်နှာဖြင့်ကြည့်ကာ ပြေယလိုက်သည်။

"ငါမင်းနဲ့ပတ်သတ်မိတာကိုက မှားတာ မင်းဆီက သေးသေးလေမျှော်လင့်မိတာကလဲ ငါ့အမှားဘဲ ငါ့ဘက်မှာတော့ မင်းရှိနေမှာလို့ ထင်ခဲ့မိတာ မင်းလဲ တစ်ခြားသူတွေမဲ့ အတူတူပါဘဲ"

စိုင်းစဝ် ဝီလျှံရှိန်း၏ လက်ကို ခါချကာ သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့သည်။

သူကိုယ့်ကို မချစ်ခဲ့ဘူးဆိုလျှင်တောင် ကိုယ့်အတွက် ခင်မင်မှုလေးတော့ ရှိအုံးမှာပါလို့ ထင်ခဲ့မိတာ ကိုယ့်အမှားဖြစ်သည်။ စိုင်းစဝ် ဝီလျှံရှိန်းနှင့် ထပ်မပတ်သတ်ချင်တော့ပေ။

စိုင်းစဝ် အခန်းထဲ ပြန်ဝင်သွားချိန်တွင် သူရ၏ လွယ်အိတ်သာတွေ့ရသည်။ သူရအားမတွေ့ရပေ။စိုင်းစဝ် ခုံပေါ်တွင်သာ မှောက်အိပ်နေလိုက်သည်။ ဒီနေ့ဆရာမများမှာ စာသင်ချိန်မဝင်ကြဟု အတန်ငးခေါင်းဆောင်က ပြောလာသည်။

သူရ အခန်းထဲ ရောက်သည့်အချိန်တွင် စိုင်းစဝ်အားမတွေ့ရပေ။ ဝီလျှံရှိန်းကို တွေ့၍ မေးကြည့်ရာ သန့်စင်ခန်းဘက် သွားသည်ဟုဆိုသည်။ ပြီးနောက် ဝီလျှံရှိန်း အပြေးထွက်သွားသဖြင့် တီလျှံရှိန်း၏ အနောက်သို့လိုက်လာခဲ့သည်။

ဆရာမများရုံးခန်းတွင် ဝီလျှံရှိန်းနှင့် နှင်းပိုးကုဋေတို့ နှစ်ယောက် နှင့်အတူ  ဆရာမများအားလုံးရှိနေလေသည်။ သူရ သိချင်စိတ်ဖြင့် အနားကပ်ကာ စူးစမ်းလိုက်သည်။

"လေ့လာရေးနေ့က စိုင်းစဝ်ခွန်မျိုး ဖြစ်တဲ့ကိစ္စကို အားလုံးကြားမယ်ထင်တယ်နော်, အဲ့ဆရာမကို ဘယ်သူခန့်လိုက်တာလဲ၊ ကျောင်းအုပ်က ပြောပေးမယ်မလား"

ဝီလျှံရှိန်း အသံအေးအေးနှင့် ပြောလိုက်သည်။

"HM Group က အသစ်ထည့်တဲ့ ဆရာမပါ ဒီနေ့သူ ‌နေမကောင်းလို့မလာတာပါ"

"နှင်းပိုးကုဋေ အဲ့ဆရာမကို blacklist တင်လိုက် "

"‌သဘက်ခါ ဆောင်းဟေမာန်ကို ကျောင်းဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွကျောင်းထုတ်လိုက်တဲ့အ‌ကြောင်းကြားချင်တယ် အဆင်ပြေတယ်မလား ဆရာ"

"အကြောင်းအရင်းမရှိဘဲ ထုတ်ဖို့ မဖြစ်နိုင်ဘူး ဝီလျှံရှိန်း"

"ခင်များရဲ့ ဘာမှမတော်တဲ့သမီးကို ပြောလိုက် အနေအထိုင်ဆင်ခြင်လို့  သွားပြီ"

ဆောင်းဟေမာန်‌သွင်အဖေရဲ့ တိတ်တိတ်ပုန်း မိန်းမ ဖြစ်နေသည့် ဆရာမက ဝင််ပြောလာသည်။ ဝီလျှံရှိန်းရဲ့ လူကို မထိခင်မှာ သူတို့ နောက်ဆက်တွဲကို မစဉ်းစားခဲ့ကြဘူးလား ဟု မေးလိုက်ချင်သည်။

"နှင်းပိုးကုဋေ ဟိုကောင်တွေ ဘယ်မှာတဲ့လဲ"

"ကျောင်းခေါင်းမိုးပေါ်မှာ ရှိတယ် "

"သွားမယ် နင်လိုက်အုံးမှာလား"

"အွန်း လိုက်မယ် နင်အရမ်းမလုပ်နဲ့နော် တစ်ဖက်က မိန်းခလေး"

ဝီလျှံရှိန်း ဘာမှ မပြောဘဲ ကျောင်းခေါင်မိုးပေါ်သို့တက်ခဲ့သည်။

ဝီလျှံရှိန်း တက်လာသည်ကို တွေ့သည်နှင့် ထိုသူငါးယောက်မှာ  အလိုလို မတ်တပ်ထရပ်သွားကြသည်။

"ဟေ့ နွားလေး အဆင်ပြေလား မင်းရဲ့ မမက ဆေးမထည့်ပေးဘူးလား"

"ဟေ့ကောင် ဝီလျှံရှိန်း မင်းဘာပြောစရာရှိလို့လဲ မြန်မြန်ပြော"

"ပြောမှာပါ ဒါပေမယ့် မင်းသိလား မင်းရဲ့ မမက ဆေးမထည့်ပေးပေးမယ့် ငါ့အချစ်ကတော့ မင်းတို့ကို ထိုးလိုက်လို့ရတဲ့ ဒဏ်ရာကို ဆေးထည့်ဖို့ စိတ်ဆိုးနေတဲ့အချိန်မှာတောင် ဆေးသေတ္တာပေးသွားတယ်ကွာ "

"မင်းရဲ့အချစ်ရေးကို နားထောင်ချင်တာမဟုတ်ဘူး မင်းငါတို့ကို ဒီကို ဘာလို့ခေါ်တာလဲ မင်းလုပ်ထားလိူ့ ငါတို့ကျောင်းလဲ တစ်နှစ်နားလိုက်ရပြီလေ"

"Ok သိရမှာပေါ့ နှင်းပိုး ပြပေးလိုက်ပါအုံး"

နှင်းပိုးကုဋေ ဆောင်းဟေမာန်သွင်၏ ကလပ်ထဲတွင် ဖြစ်ပျက်နေသည် ပုံတို့အား ပေးလိုက်သည်။

"မင်းက နွားသိပ်ဖြစ်ချင်တဲ့ကောင်ဆိုတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့ လှည်းကြိုးထမ်းမလား ‌ကောင်လေး၊ မင်းကြိုက်တာလူပ်ပေါ့ ငါ့ကိုသာ မင်းလို အရူးလုပ်ခံရမယ်ဆို ငါကတော့ အဲ့ဒီသူကို ဒီအတိုင်းတော့ ထားမှာ မဟုတ်ဘူး "

"သူသွားနေကျ ကလပ်နာမည်နဲ့ အချိန်ပြောပေး ၊ဝင်ခွင့်ရအောင်လဲ မင်းလုပ်ထားပေး "

"နှင်းပိုးကုဋေက မင်းလိုချင်တာ အကုန်ပေးလိမ့်မယ် ငါလိုချင်တာလဲ မင်းပေးဖို့လိုအပ်တယ် နှင်းပိုးကုဋေက ပြောပြလိမ့်မယ် နောက်ခါ ငါ့လူကို မထိဖို့ မြဲမြဲမှတ်ထားလိုက် သူ့ကို လမ်းမှာတွေ့ရင်တောင် မျက်လုံးချင်းစုံမကြည့်မိစေနဲ့ ဒီအကြောင်းတွေ အကုန်သိသွားရင် မင်းတို့သေမယ်"

"ဝီလျှံရှိန်း နင်အရမ်းကြောက်ဖို့ကောင်းလာတယ် "

ဝီလျှံရှိန်း နှင်းပိုးကုဋေအား ပြုံးပြကာ ပြန်ဆင်းလာခဲ့လိုက်သည်။

"နှင်းပိုးကုဋေ နင့်note bookငါယူသွားတယ် ‌နောက်တစ်နေ့ပြန်ပေးမယ်"

"နင့်က ထူးထူးခြားခြားစာလုပ်တော့မလို့လား "

"မဟုတ်ပါဘူး အချစ်စာအုပ်ကို ဟိုတစ်ယောက် ဖြဲလိုက်တယ်လေ သူ့ကိုပေးမလို့"

"မိတ္တူကူးမလား"

"No ငါကိုယ်တိုင်ရေးပေးမှာ ငါသွားပြီ သေချာလုပ်ထားနော် ပြီးရင် နင့်ကို ဆုချမယ်"

"စိတ်ချ ငါမျှော်လင့်တာလေး ဖြစ်ပါစေနော်"

ဝီလျှံရှိန်း နှင်းပိုးကုဋေအား ok ဟု ပြကာ အခန်းဘက်သို့ သွားလိုက်သည်။ အချစ်၏ ဘေးတွင် သန့်သူရကို ထိုင်နေလေသည်။ ဝီလျှံရှိန်း သူရ၏ ကျောအားပုတ်ကာ နေရာရွေ့ခိုင်းလိုက်သည်။

"သူများထိုင်နေတာကို မင်းဘယ်လိုဖြစ်နေတာလဲ"

"အချစ်က ကိုယ့်ကို စိတ်ဆိုးနေတာလေ ကိုယ်အချစ်ကိုရှင်းပြပါမယ် "

"ဘာကိုပြောပြမှာလဲ"

"အချစ် ကိုယ့်ကိုသေချာကြည့်"

"မင်းကျောင်းခန်းထဲမှာ အိမ်ရောက်မှပြောတော့"

စိုင်းစဝ် ကျောင်းခန်းထဲတွင်  ကျောင်းသားသိပါမရှိသော်လည်း သူမျက်နှာအား စိုက်ကြည့်ကာ မနေချင်ပါ။

"ကိုယ်ပြောပြမယ် အချစ်  "

ဝီလျှံရှိန်း အချစ်လက်ကို ဆွဲယူကာ ကိုင်ထားလိုက်သည်။

"နှင်းပိုးကုဋေက ကိုယ့်အစ်မရဲ့ ကောင်မလေးပါအချစ်ရဲ့ ၊ ကိုယ့်ဒယ်ဒီက သဘောမတူခဲ့ဘူးလေ ၊ အစ်မနဲ့က အသက် (၅)နှစ်ကွာတော့ စိတ်ကစားတယ်ထင်နေတာလေ အဲ့မှာ ကိုယ့်အစ်မက မဝေးကို ထွက်သွားလိုက်တယ် အခုမှ ကိုယ်တို့ အစ်မအကြောင်းသိရတာ ပြီးတော့ အချစ် ပြောတယ်လေ နှင်းပိုးကုဋေကို ကိုယ်က သဘောကျတယ်ဆိူတဲ့အကြောင်း ကိုယ်သူ့ကို ခိုင်းထားတဲ့အလုပ်က အဆင်ပြေသွားတဲ့အပြင် ကိုယ်အစ်မလိပ်စာကိုလဲ ကိုယ်သိရတယ်လေ အဲ့ကြောင့်ပါ အချစ်ရာ ကိုယ့်ကို အထင်မလွဲပါနဲ့"

"မင်း ကိုယ့်ကို တစ်ပတ်ဘဲ အချိန်ဘဲပေးဆိုတာက မင်းငါ့ကို လမ်းခွဲမလို့မလား ပြီးတော့မင်းအခုနက ဆောင်းဟေမာန်ကို ငါရိုက်မလို့ လုပ်တော့ ငါ့ကိုဘာလို့ဆွဲတာလဲ"

စိုင်းစဝ်ဝီလျှံရှိန်းက ရှင်းပြသော်လည်း သိချင်နေသေးသည်မို့ မေးလိုက်မိသည်။

"အချစ် ဒီရဲ့ကျောင်းက အချစ်နဲ့သူ ပြဿနာဖြစ်ရင် ဘယ်ဘက်ကပါမယ်လို့ထင်လဲ ၊ ကိုယ်က အချစ်အတွက်ဘဲ တွေးပေးတာပါ ကျန်တာ ကိုယ့်စိတ်ထဲမှာ ဘာမှမရှိဘူး ၊ ကိုယ်က အချစ်ကို ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး ၊ ကိုယ့်အချစ်တွေအားလုံးက အချစ်တစ်ယောက်ထဲအပိုင်ပါ၊ တစ်နေ့နေ့တစ်ချိန်ချိန်မှ အချစ်က ကိုယ့်ကို ထားသွားခဲ့မယ်ဆိုရင် ကိုယ်အချစ်ထားခဲ့မယ့် နေရာမှာဘဲ အမြဲစောင့်နေမှာပါ ၊ အချစ်ကိုယ့်ဆီပြန်လာချင်တဲ့အခါ လမ်းပျောက်နေမှာစိုးလို့ ၊ ကိုယ်က မင်းကို အဲ့လောက်ထိကို ချစ်ရတာပါ"

စိုင်းစဝ် ဝီလျှံရှိန်း၏ ရင်ခွင်ထဲ ဝင်လိုက်ကာ ငိုမိသည်။

"အချစ်ကို မျက်ရည်ကျအောင် ထပ်လုပ်မိပြန်ပြီ  ကျောင်းခန်းထဲမှာမို့ ဒီလောက်ဘဲ ဝမ်းနည်းတော့နော် အချစ် "

ကိုယ်က မင်းအတွက်ဆို ပျော်ရွှင်ခြင်းတွေသာ ပေးချင်တာပါ အချစ်

See you Soon 🔜🔜🔜

Alison_Ahsaw
24/12/2023


(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤



Part(19)































































"နင့ျက ထူးထူးခွားခွားစာလုပျတော့မလို့လား "

"မဟုတျပါဘူး အခစြျစာအုပျကို ဟိုတဈယောကျ ဖွဲလိုကျတယျလေ သူ့ကိုပေးမလို့"

"မိတ်တူကူးမလား"



















See you Soon 🔜🔜🔜

Alison_Ahsaw
24/12/2023



Continue Reading

You'll Also Like

3.5K 100 38
အသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...
7.9K 250 11
" မင်းအခြောက်ဘဲဖြစ်နေဖြစ်နေမိန်းခလေးဘဲဖြစ်နေဖြစ်နေ ငါဂရု့မစိုက်ဘူး မင်းငါ့ကိုပြန်ချစ်ပေးဖို့အရေးကြီးတယ်။ ငါ့ကိုအချိန်တွေလည်းအစောင့်ခိုင်းပါနဲ့ အခု့ဘဲ...
309K 11.3K 37
၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့...
708K 101K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...