ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွ...

By LavenderLily822

2.8K 245 14

၁၀စက္ကန့်ဆိုတဲ့အချိန်လေးကရှန်းချွမ်ရွေ့အတွက်တော့လူတစ်ယောက်ကိုတစ်ဘဝလုံးချစ်မြတ်နိုးပြီးကြင်နာဖို့လုံလောက်ပါတယ်... More

🍓🥭
🐶💛
🍓💋
😾🐶
👻
😘🥊
❤️
🤭🫶🏻
🫂✨

💋🫶🏻

233 22 0
By LavenderLily822



ဌာနမှူးစိတ်တိုနှင့်မောင်ပြာယာတို့ဇာတ်လမ်းလေးဟာဖြင့်ရုံးမှာဟိုးလေးတစ်ကျော်ကျော်ဖြစ်နေလေရဲ့။ချွမ်ရွေ့တို့ဌာနတင်မဟုတ်တခြားဌာနတွေကပါဌာနမှူးရှန်ကလေဂယူဗင်းကိုဘယ်လိုဘာညာဖွင့်ပြောတာစသည်ဖြင့်ပြောနေကြသည်။ဂယူဗင်းကတော့ရှက်နေပေမဲ့ချွမ်ရွေ့ကတော့ခပ်ပြုံးပြုံးသာ။ဟိုသရဲမလေးမရှိတော့ချွမ်ရွေ့ပိုစိတ်အေးလက်အေးဖြစ်နေသည်။တော်ရုံဆို
ချွမ်ရွေ့မကြောက်တတ်ပေမဲ့နဖူးတွေ့ဒူးတွေ့ တွေ့မှလန့်သွားရတာ။ချွမ်ရွေ့ကလက်တွေ့ဆန်တဲ့သူမျိုးဖြစ်ပြီးယုတ္တိရှိတာမျိုးကိုသာယုံတတ်သူဖြစ်သည်။ဒီနေ့ရုံးတက်တော့ဂယူဗင်းခမျာတော်တော်ရှက်နေရှာတာ။တစ်ရုံးလုံးကလည်းပြုံးစိပြုံးစိနဲ့။ချွမ်ရွေ့ဂယူဗင်းကိုတော်တော်အားနာသွားရသည်။ပုံမှန်ဆိုတက်ကြွပြုံးရွှင်နေတတ်တဲ့ကောင်လေးကသူ့ကြောင့်အခုလိုငြိမ်
ငြိမ်လေးဖြစ်သွားတာသိပ်တော့သဘောမခွေ့ချင်ပါ။ဒါဟာသူ့ရဲ့သဝန်တိုစိတ်နဲ့မပိုင်ဆိုင်ရမှာကြောက်တဲ့စိတ်ကြောင့်ဖြစ်ရသည်ကိုချွမ်ရွေ့ကောင်းကောင်းနားလည်ပါသည်။ဘယ်လိုပဲ
ဖြစ်ဖြစ်အခုလိုအခြေအနေရောက်မှတော့ချွမ်ရွေ့ဂယူဗင်းကိုရအောင်လိုက်မည်ဟုဆုံးဖြတ်ထားသည်။ သူတို့ဌာနကိုရောက်တော့"ဝိုး ဝိုး တို့ရုံးရဲ့coupleအသစ်စက်စက်လေးလာပြီ" ဂျောင်ချန်းမင်းမှပြောလိုက်သည်။အားလုံးရဲ့အာရုံကသူတို့စီရောက်လာသည်။ဂယူဗင်းကတော့ခဏ
ကြောင်သွားပြီးမှအသိစိတ်ပြန်ဝင်ကာသူ့နေရာလေးမှာသွားထိုင်သည်။ဝန်ထမ်းတွေအားလုံး
လည်းဂယူဗင်းရဲ့အေးတိအေးစက်နိုင်နေမှုကြောင့်ဆက်မစရဲတော့ပါ။ပုံမှန်ဆိုဒီကလေးကအခုလိုမဟုတ်တာအားလုံးသိနေကြသည်။ရှက်စိတ်ကြောင့်အခုလိုဖြစ်သည်ဟုသာမှတ်ယူလိုက်ကြသည်။ချွမ်ရွေ့ကလည်းချန်းမင်းအားဆက်မစရန်မျက်စပစ်ပြလိုက်သည်။ထိုမှသာသကောင့်သားကခေါင်းလေးပုကာအသံတိတ်ဟုတ်ဟုတ်ဟုလှမ်းပြောသည်။
ချွမ်ရွေ့သူ့ရဲ့အလုပ်စားပွဲမှာထိုင်ပြီးဂယူဗင်းအားတိတ်တိတ်လေးငေးမိသည်။ပြီးတော့သူ့ခေါင်းထဲမှာဂယူဗင်းအားလိုက်ရန်နည်းပေါင်းသောင်းခြောက်ထောင်ကိုစဉ်းစားနေရသည်။အရင်ကဆိုသူ့ကိုမြင်တာနဲ့အပြုံးလေးနဲ့နှုတ်ဆက်တတ်တဲ့ကလေးကပြောင်းလဲသွားပြီ။မနက်ကသူနဲ့
ဓာတ်လှေကားထဲမှာတွေ့တာမျက်နှာချင်းတောင်မဆိုင်တော့ပါ။နှုတ်ဆက်ဖို့ဆိုအဝေးကြီး။
ဂယူဗင်းရဲ့စိမ်းကားမှုတွေကိုတော့ချွမ်ရွေ့မခံနိုင်ရိုးအမှန်ပါ။ချွမ်ရွေ့ချန်းမင်းအားလှမ်းခေါ်
လိုက်သည်။  "ဟေ့ကောင် ချန်းမင်း ဖေ့သားလေးကြွပါအုန်း" "ဗျာလာပြီဌာနမှူးအဖေ"
ချွမ်ရွေ့ ချန်းမင်းအားကြိုဖားထားရသည်။"ချန်းမင်း ငါ့ကိုဂယူဗင်းကစိမ်းကားနေတယ်ကွ"
"ဌာနမှူး ဒါကလေဒီလိုရှိတယ်ဗျ ကျွန်တော်အထင်ပေါ့နော် သူရှက်နေတာဖြစ်မယ်။တစ်ရုံးလုံးသိကုန်တော့" "အဲ့တော့ငါဘယ်လိုလုပ်ရမလဲ သားရေ" "ဟုတ်အဖေဒီလိုလုပ် သူ့နားကိုအားတဲ့အချိန်မှာတောက်တဲ့လိုလေးလိုက်ကပ် ပြီးရင်ချစ်ကြောင်းတတွတ်တွတ်လိုက်ပြော အမ်း
နောက်ပြီးတော့ရည်းစားစာနုနုယွယွလေးတွေရေးပြီးပေးလေ"ချွမ်ရွေ့ချန်းမင်းပြောတာကိုနားထောင်ရင်းသဘောကျနေမိသည်။သူဒီအတိုင်းအကောင်အထည်ဖော်မှရတော့မည်။
"အယ် ဒါနဲ့အဖေ အဖေဒီလိုလုပ်ဖို့ဆိုလေအရှက်မရှိမှရမယ်နော်သိတယ်မှလား"
"အေးရပါတယ် ဂယူဗင်းကိုလိုက်ဖို့ပဲဒီလောက်ကအေးဆေး" "ငါ့သားလေးပင်ပန်းသွားပြီပြောရတာ ရော့မုန့်ဖိုးယူ"ဆိုပြီးဝမ်၅သောင်းတန်နှစ်ရွက်အားထုတ်ပေးလိုက်သည်။" ရေးးတို့အဖေကြီးကိုအချစ်ဆုံးကွ"ဆိုပြီးအော်ကာချန်းမင်းတစ်ယောက်ခုန်ပေါက်ထွက်သွားလေသည်။
ချွမ်ရွေ့နှင့်ချန်းမင်း၏ဆက်ဆံရေးမှာဤသို့သာဖြစ်သည်။တစ်ခါကချန်းမင်းသည်ကိစ္စမရွေး
ချွမ်ရွေ့အား အားတိုင်းလာပြောပြနေသဖြင့်ငါမင်းအဖေလားဟုမေးလိုက်ရာမှသားအဖဖြစ်သွားခြင်းဖြစ်သည်။

နေ့လည်စာစားချိန်တွင်အားလုံးကရုံးကန်တင်းမှာရှိနေကြသည်။ချွမ်ရွေ့ဂယူဗင်းအနားကပ်ကာ
"ဟေး ဂယူဗင်းထမင်းတူတူစားရအောင်"ဟုဆိုပြီးဂယူဗင်းရဲ့စားပွဲမှာဝင်ထိုင်လေသည်။
"ရော့ ငါတို့ဂယူဗင်းလေးက အသားများများစား အသားစားရင်ပိုအရပ်ရှည်လာလိမ့်မယ်"
ထိုသို့ဆိုကာဂယူဗင်းရဲ့ပန်းကန်ထဲအသားတွေကိုထည့်ပေးလေသည်။ဂယူဗင်းပန်းကန်ထဲမှာ
ထမင်းကိုတောင်မမြင်ရတဲ့ထိအသားတွေတောင်လိုပုံနေသည်။ဂယူဗင်းဘာမှမပြောဘဲထမင်းကိုသာငြိမ်ငြိမ်လေးစားနေသည်။"ဂယူဗင်းလေးကြိုက်တဲ့mango juiceလေးလည်းသောက် အခုကတော့ကန်တင်းကဘဲဝယ်လာ နောက်တစ်ခါကိုကို ကိုယ်တိုင်အိမ်မှာလုပ်ပေးမယ်နော်"
ဂယူဗင်းထမင်းတွေသည်းကုန်သည်။ဂယူဗင်းချွမ်ရွေ့ရဲ့ရုတ်တရက်ချိုသာမှုတွေကိုလန့်နေပါသည်ဆို ဘယ်လိုတောင်'ကိုကို'လို့သူ့ကိုယ်သူသုံးလိုက်သည်လဲ။စဉ်းစားမရပါ။ဂယူဗင်းထမင်းသည်းနေတော့ချွမ်ရွေ့ကကျောကုန်းလေးကိုခပ်ဖွဖွပုတ်ပေးသည်။ငြိမ်တော့မှ'ကိုကို့ကလေးလေး ရေလေးသောက်လိုက်'ဟုဆိုကာရေတိုက်ပြန်သည်။ဂယူဗင်းမနေတတ်တော့စွာပုတ်ပေးနေတဲ့လက်အားအတင်းရုံးမိသည်။"ခင်ဗျားဘာဖြစ်ချင်နေတာလဲ ရှန်းချွမ်ရွေ့"
"ကိုကိုက ဂယူဗင့်ကိုကိုဖြစ်ချင်နေတာလေ" "ဟာ့ဗျာ ခင်ဗျားသွားတော့"
"မသွားဘူးကိုကိုကလေ ဂယူဗင်းလေးမုန့်စားလည်းလိုက်မှာ ရေချိုးလည်းလိုက်မှာ ရှူးရှူး
ပေါက်လည်းလိုက်မှာ အီအီးပါလည်းလိုက်မှာ ဂယူဗင်းလေးဘယ်သွားသွားတောက်တဲ့လေးလိုကပ်နေမှာ" "ခင်ဗျားပြောလေဆိုးလေပါလား ရတယ်လေ ခင်ဗျားမသွားလည်းကျွန်တော်သွား
မယ်"ထိုသို့ပြောပြီးဂယူဗင်းထွက်သွားတော့သည်။ချွမ်ရွေ့ဂယူဗင်းနောက်ကျောပြင်အားပြုံးပြုံးလေးလိုက်ကြည့်မိသည်။မနက်ကလိုအခြေအနေထက်စာရင်အခုလိုရန်တွေ့နေတာလေးကတော်သေးသည်။

ညနေ့ရုံးဆင်းချိန်ရောက်တော့မိုးကရွာလာလေသည်။ဒီနေ့မှထီးမပါလာတဲ့အတွက်ဂယူဗင်း
ကိုယ့်ကိုကိုယ်အပြစ်တင်နေမိသည်။တစ်နေကုန်ဌာနမှူးရှန်ကလိုက်ကပ်နေလို့စိတ်ရှုပ်နေရသည်။အရင်ကလိုတရုတ်စိတ်တိုလေးမဟုတ်တော့ဘဲရုတ်တရက်ချိုသာပြနေတော့ဂယူဗင်း
အရမ်းအံ့ဩမိသည်။နေ့လည်ကသူ့ကိုယ်သူ'ကိုကို'လို့ပါသုံးလို့ထမင်းသည်းရသည်အထိ။
ရှန်းချွမ်ရွေ့အားဂယူဗင်းမုန်းတာမျိုးတော့မဟုတ်ပေမဲ့ ချစ်လည်းမချစ်ပါ။ဒါပေမဲ့သူ့အနား
ရောက်ရင်တော့လုံခြုံသည်ဟုခံစားရသည်။အားကိုးချင်တာမျိုးမဟုတ်ပေမဲ့နွေးထွေးသည်ဟု
ခံစားမိသည်။ဒါချစ်တာလားမချစ်တာလားဟုလည်းဂယူဗင်းမခွဲခြားနိုင်ပါ။ဒါပေမဲ့ချွမ်ရွေ့
အနားရောက်ရင်တော့သူ့အဖေအနားရောက်နေသလိုခံစားရသည်မှာတော့အမှန်ပါ။
သူ့ကိုဆုံးမပေးသည် သင်ပြပေးသည်။အစကတော့ဌာနမှူးအားအမြင်ကပ်ပေမဲ့ နောက်တော့သူ့
စေတနာတွေကိုနားလည်လာသည်။ဒီလိုမျိုးတွေကများသောအားဖြင့်အဖေတွေကလုပ်တတ်ကြတာမှလား။ဂယူဗင်း ချွမ်ရွေ့အားသူ့အဖေလိုဆရာလိုသံယောဇဉ်ရှိမိသည်။နောက်ဘဝကျရင်
ချွမ်ရွေ့လိုYoung and Rich Tall and Handsomeရဲ့သားအဖြစ်မွေးဖွားလာချင်တဲ့အထိ။

ဂယူဗင်းရဲ့အတွေးတွေကချွမ်ရွေ့၏ခေါ်သံကြောင့်ရပ်တန့်သွားရသည်။
"ဂယူဗင်း အဲ့မှာဘာလုပ်နေတာလဲ ထီးမပါဘူးလား ကိုကို့ကားပေါ်တက်"ချွမ်ရွေ့ကသူ့ပြိုင်ကားအနီလေးရဲ့ကားမှန်တံခါးအားချရင်းအော်ပြောလိုက်သည်။ဂယူဗင်းမူချင်ပေမဲ့မမူနိုင်တော့ပါ။
အခုချိန်သူမူရင်ကြွက်စုတ်ကလေးဖြစ်ပြီးအိမ်ပြန်ရမည်ဖြစ်သည်။ရုံးနဲ့ဘတ်စ်ကားမှတ်တိုင်ကအနည်းငယ်လှမ်းတာမို့မိုးမိမှာသေချာသည်။မိုးမိရင်ဂယူဗင်းကသေချာပေါက်ဖျားမှာဖြစ်သည်။ဂယူဗင်းကလူကောင်ထွားပေမဲ့ကျန်းမာရေးတော့အနည်းငယ်ခြူချာသည်။
ထို့ကြောင့်အထွန့်တက်မနေတော့ဘဲချွမ်ရွေ့၏ကားပေါ်အမြန်တက်လိုက်သည်။
ကားထဲဝင်လိုက်ချင်းရတဲ့အနံကရေမွှေးနံ့ခပ်သင်းသင်းဖြစ်သည်။အရမ်းကြီးမပြင်းဘဲသင်း
သင်းလေးမျှသာ။ဂယူဗင်းကရေမွှေးပြင်းတာတွေမကြိုက်တာမို့ဒီအနံ့လေးကအဆင်ပြေပါ
သည်။"ကျွန်တော့်ကိုကားပေါ်ခေါ်လို့ကျေးဇူးပါနော် မဟုတ်ရင်ကျွန်တော်ကြွက်စုတ်ဖြစ်​တော့မှာ"  "ဂယူဗင်းလေးရယ်ကိုကိုကကိုကို့ကလေးလေးကိုကြွက်စုတ်လေးအဖြစ်ခံမလားလို့"
"ဘယ်လိုပဲဖြစ်ဖြစ်ဌာနမှူးရှန်ကိုကျေးဇူးတင်ပါနော်" "ကိုကိုလို့ခေါ်"  "ဗျာ"
"ကိုကိုလို့ခေါ်လို့ မခေါ်ရင်ဖက်နမ်းပစ်မှာနော် ကိုကို့အကြောင်းသိတယ်မှတ်လား"
"ပြီးတော့အိမ်လည်းမလိုက်ပို့တော့ဘူးနော်တစ်ခါထဲလက်ထပ်စာချုပ်မှာလက်မှတ်ထိုးခိုင်းပြီး
ကိုယ့်အိမ်ခေါ်သွားမှာ" "ဟာခင်ဗျားအကျပ်မကိုင်နဲ့လေဗျာ ကျွန်တော်ကခက်ခဲနေတာကို"
"မရဘူး ကိုကိုလို့ခေါ်" "ဟာဗျာ ခင်ဗျားကလည်း"ထိုအချိန်မှာချွမ်ရွေ့ကဂယူဗင်းပါးနှစ်ဖက်ကိုကိုင်လာတာကြောင့်"ကို ကို"ဟုအထစ်အထစ်နဲ့ခေါ်လိုက်သည်။"မကြားဘူးပြန်ခေါ်"
"ကိုကို ကိုကိုလို့ဆို" "ဟီးဟီးရပြီ"ဟုဆိုကာဂယူဗင်းပါးကိုတော့မွှခနဲနမ်းသွားသေးသည်။
ဒီလူတမင်သက်သက်အသားယူနေတာဆိုပြီးဂယူဗင်းချွမ်ရွေ့ဗိုက်အားတစ်ချက်ထိုးမိသည်။
ချွမ်ရွေ့ကတော့မမှုဘဲရယ်နေလေသည်။ပြီးတော့ဂယူဗင်းဘက်ထပ်လှည့်လာကာခါးပတ်
ပတ်ပေးဖို့လုပ်လာသည်။ချွမ်ရွေ့ကဇာတ်လမ်းတွေထဲကလိုရိုမန့်တစ်ဆန်ချင်နေပေမဲ့anti
romanticလေးဂယူဗင်းကဇွက်ဇွက်ဇွက်နဲ့ခါးပတ်အားသူ့ဘာသာပတ်လိုက်သည်။
"ရပြီမောင်းတော့"ဟုဆိုလာသည်။လမ်းတစ်ဝက်ရောက်မှခင်ဗျားကျွန်တော့်အိမ်သိရဲ့လားတဲ့။
အစ်ကိုလေးအားသူ့အိမ်ကိုသူမူးနေတုန်းကပို့ပေးဖူးကြောင့်ပြောပြရသည်။အနမ်းသူခိုးလုပ်ခဲ့
သည်ကိုတော့အထိုးခံရမှာကြောက်၍မပြောဖြစ်ပါ။ဂယူဗင်းတို့နေတဲ့တိုက်ခန်းကိုရောက်တော့ချွမ်ရွေ့ကသူ့ကိုကားအပြင်ထွက်ကာသေချာလိုက်ပို့သည်။မိုးလည်းတိတ်သွားပြီဖြစ်သည်။
ဂယူဗင်းကလည်းချွမ်ရွေ့အားကျေးဇူးတင်ကြောင်းနောက်တစ်ကြိမ်ပြောသည်။
"ကျေးဇူးပါ ဌာ..." "ကိုကိုဘာပြောထားလဲ""ဟုတ် ကို ကို"အခုလိုဂယူဗင်းကချွမ်ရွေ့အားကိုကိုခေါ်ရန်အနည်းငယ်တွန့်ဆုတ်နေတာလေးကချစ်ဖို့ကောင်းလှသည်။နောက်ဆိုရင်တော့ကိုကိုလို့တတွတ်တွတ်ခေါ်နေတတ်မဲ့ပါပီပေါက်အားတွေးမိရင်းပြုံးမိသည်။"ကျွန်တော်တက်ပြီနော်ဗျ"
"ဟုတ်ပါပြီ ကိုကို့ပါပီပေါက်လေး ကိုယ့်ကိုအိမ်မက်ထဲထည့်မက်နော် Good night ပါဗျ"
"ဟုတ် Good night ပါ" "ဒီနေ့လည်းဂယူဗင်းကို ကိုကိုချစ်တယ်နော်"ထိုသို့ပြောလိုက်တော့သူ့ပါပီပေါက်လေးကရှက်ပြီးထွက်ပြေးရှာသည်။ချွမ်ရွေ့မှာသူ့ပါပီပေါက်၏လှေကားပေါ်ပြေး
တက်နေတော့ကျောပြင်လေးအားကြည့်ရင်း ပါးမို့မို့ရဲရဲလေးတွေပေါ်အောင်ရယ်မိသည်။

အနာဂတ်မှာကိုကိုလို့တတွတ်တွတ်ခေါ်နေတတ်မဲ့ကိုယ့်အမျိုးသားလေးရေမင်းကိုကိုယ်ကကိုယ့်
အချစ်တွေအကုန်ပေးမှာမို့ကိုယ့်ကိုပြန်ချစ်ပေးပါ။ကိုယ့်ရဲ့အချစ်တွေကမင်းတစ်ယောက်ထဲ
အတွက်ထာဝရအတွက်ဖြစ်နေမှာမို့ယုံကြည်ပေးပါ။

23/12/23

ဌာနမွူးစိတ္တိုႏွင့္ေမာင္ျပာယာတို႔ဇာတ္လမ္းေလးဟာျဖင့္႐ုံးမွာဟိုးေလးတစ္ေက်ာ္ေက်ာ္ျဖစ္ေနေလရဲ့။ခၽြမ္ေရြ႕တို႔ဌာနတင္မဟုတ္တျခားဌာနေတြကပါဌာနမွူးရွန္ကေလဂယူဗင္းကိုဘယ္လိုဘာညာဖြင့္ေျပာတာစသည္ျဖင့္ေျပာေနၾကသည္။ဂယူဗင္းကေတာ့ရွက္ေနေပမဲ့ခၽြမ္ေရြ႕ကေတာ့ခပ္ျပဳံးျပဳံးသာ။ဟိုသရဲမေလးမရွိေတာ့ခၽြမ္ေရြ႕ပိုစိတ္ေအးလက္ေအးျဖစ္ေနသည္။ေတာ္႐ုံဆို
ခၽြမ္ေရြ႕မေၾကာက္တတ္ေပမဲ့နဖူးေတြ႕ဒူးေတြ႕ ေတြ႕မွလန္႔သြားရတာ။ခၽြမ္ေရြ႕ကလက္ေတြ႕ဆန္တဲ့သူမ်ိဳးျဖစ္ၿပီးယုတၱိရွိတာမ်ိဳးကိုသာယုံတတ္သူျဖစ္သည္။ဒီေန႔႐ုံးတက္ေတာ့ဂယူဗင္းခမ်ာေတာ္ေတာ္ရွက္ေနရွာတာ။တစ္႐ုံးလုံးကလည္းျပဳံးစိျပဳံးစိနဲ႔။ခၽြမ္ေရြ႕ဂယူဗင္းကိုေတာ္ေတာ္အားနာသြားရသည္။ပုံမွန္ဆိုတက္ႂကြျပဳံးရႊင္ေနတတ္တဲ့ေကာင္ေလးကသူ႔ေၾကာင့္အခုလိုၿငိမ္
ၿငိမ္ေလးျဖစ္သြားတာသိပ္ေတာ့သေဘာမေခြ႕ခ်င္ပါ။ဒါဟာသူ႔ရဲ့သဝန္တိုစိတ္နဲ႔မပိုင္ဆိုင္ရမွာေၾကာက္တဲ့စိတ္ေၾကာင့္ျဖစ္ရသည္ကိုခၽြမ္ေရြ႕ေကာင္းေကာင္းနားလည္ပါသည္။ဘယ္လိုပဲ
ျဖစ္ျဖစ္အခုလိုအေျခအေနေရာက္မွေတာ့ခၽြမ္ေရြ႕ဂယူဗင္းကိုရေအာင္လိုက္မည္ဟုဆုံးျဖတ္ထားသည္။ သူတို႔ဌာနကိုေရာက္ေတာ့"ဝိုး ဝိုး တို႔႐ုံးရဲ့coupleအသစ္စက္စက္ေလးလာၿပီ" ေဂ်ာင္ခ်န္းမင္းမွေျပာလိုက္သည္။အားလုံးရဲ့အာ႐ုံကသူတို႔စီေရာက္လာသည္။ဂယူဗင္းကေတာ့ခဏ
ေၾကာင္သြားၿပီးမွအသိစိတ္ျပန္ဝင္ကာသူ႔ေနရာေလးမွာသြားထိုင္သည္။ဝန္ထမ္းေတြအားလုံး
လည္းဂယူဗင္းရဲ့ေအးတိေအးစက္နိုင္ေနမွုေၾကာင့္ဆက္မစရဲေတာ့ပါ။ပုံမွန္ဆိုဒီကေလးကအခုလိုမဟုတ္တာအားလုံးသိေနၾကသည္။ရွက္စိတ္ေၾကာင့္အခုလိုျဖစ္သည္ဟုသာမွတ္ယူလိုက္ၾကသည္။ခၽြမ္ေရြ႕ကလည္းခ်န္းမင္းအားဆက္မစရန္မ်က္စပစ္ျပလိုက္သည္။ထိုမွသာသေကာင့္သားကေခါင္းေလးပုကာအသံတိတ္ဟုတ္ဟုတ္ဟုလွမ္းေျပာသည္။
ခၽြမ္ေရြ႕သူ႔ရဲ့အလုပ္စားပြဲမွာထိုင္ၿပီးဂယူဗင္းအားတိတ္တိတ္ေလးေငးမိသည္။ၿပီးေတာ့သူ႔ေခါင္းထဲမွာဂယူဗင္းအားလိုက္ရန္နည္းေပါင္းေသာင္းေျခာက္ေထာင္ကိုစဥ္းစားေနရသည္။အရင္ကဆိုသူ႔ကိုျမင္တာနဲ႔အျပဳံးေလးနဲ႔ႏွုတ္ဆက္တတ္တဲ့ကေလးကေျပာင္းလဲသြားၿပီ။မနက္ကသူနဲ႔
ဓာတ္ေလွကားထဲမွာေတြ႕တာမ်က္ႏွာခ်င္းေတာင္မဆိုင္ေတာ့ပါ။ႏွုတ္ဆက္ဖို႔ဆိုအေဝးႀကီး။
ဂယူဗင္းရဲ့စိမ္းကားမွုေတြကိုေတာ့ခၽြမ္ေရြ႕မခံနိုင္ရိုးအမွန္ပါ။ခၽြမ္ေရြ႕ခ်န္းမင္းအားလွမ္းေခၚ
လိုက္သည္။  "ေဟ့ေကာင္ ခ်န္းမင္း ေဖ့သားေလးႂကြပါအုန္း" "ဗ်ာလာၿပီဌာနမွူးအေဖ"
ခၽြမ္ေရြ႕ ခ်န္းမင္းအားႀကိဳဖားထားရသည္။"ခ်န္းမင္း ငါ့ကိုဂယူဗင္းကစိမ္းကားေနတယ္ကြ"
"ဌာနမွူး ဒါကေလဒီလိုရွိတယ္ဗ် ကၽြန္ေတာ္အထင္ေပါ့ေနာ္ သူရွက္ေနတာျဖစ္မယ္။တစ္႐ုံးလုံးသိကုန္ေတာ့" "အဲ့ေတာ့ငါဘယ္လိုလုပ္ရမလဲ သားေရ" "ဟုတ္အေဖဒီလိုလုပ္ သူ႔နားကိုအားတဲ့အခ်ိန္မွာေတာက္တဲ့လိုေလးလိုက္ကပ္ ၿပီးရင္ခ်စ္ေၾကာင္းတတြတ္တြတ္လိုက္ေျပာ အမ္း
ေနာက္ၿပီးေတာ့ရည္းစားစာႏုႏုယြယြေလးေတြေရးၿပီးေပးေလ"ခၽြမ္ေရြ႕ခ်န္းမင္းေျပာတာကိုနားေထာင္ရင္းသေဘာက်ေနမိသည္။သူဒီအတိုင္းအေကာင္အထည္ေဖာ္မွရေတာ့မည္။
"အယ္ ဒါနဲ႔အေဖ အေဖဒီလိုလုပ္ဖို႔ဆိုေလအရွက္မရွိမွရမယ္ေနာ္သိတယ္မွလား"
"ေအးရပါတယ္ ဂယူဗင္းကိုလိုက္ဖို႔ပဲဒီေလာက္ကေအးေဆး" "ငါ့သားေလးပင္ပန္းသြားၿပီေျပာရတာ ေရာ့မုန္႔ဖိုးယူ"ဆိုၿပီးဝမ္၅ေသာင္းတန္ႏွစ္ရြက္အားထုတ္ေပးလိုက္သည္။" ေရးးတို႔အေဖႀကီးကိုအခ်စ္ဆုံးကြ"ဆိုၿပီးေအာ္ကာခ်န္းမင္းတစ္ေယာက္ခုန္ေပါက္ထြက္သြားေလသည္။
ခၽြမ္ေရြ႕ႏွင့္ခ်န္းမင္း၏ဆက္ဆံေရးမွာဤသို႔သာျဖစ္သည္။တစ္ခါကခ်န္းမင္းသည္ကိစၥမေရြး
ခၽြမ္ေရြ႕အား အားတိုင္းလာေျပာျပေနသျဖင့္ငါမင္းအေဖလားဟုေမးလိုက္ရာမွသားအဖျဖစ္သြားျခင္းျဖစ္သည္။

ေန႔လည္စာစားခ်ိန္တြင္အားလုံးက႐ုံးကန္တင္းမွာရွိေနၾကသည္။ခၽြမ္ေရြ႕ဂယူဗင္းအနားကပ္ကာ
"ေဟး ဂယူဗင္းထမင္းတူတူစားရေအာင္"ဟုဆိုၿပီးဂယူဗင္းရဲ့စားပြဲမွာဝင္ထိုင္ေလသည္။
"ေရာ့ ငါတို႔ဂယူဗင္းေလးက အသားမ်ားမ်ားစား အသားစားရင္ပိုအရပ္ရွည္လာလိမ့္မယ္"
ထိုသို႔ဆိုကာဂယူဗင္းရဲ့ပန္းကန္ထဲအသားေတြကိုထည့္ေပးေလသည္။ဂယူဗင္းပန္းကန္ထဲမွာ
ထမင္းကိုေတာင္မျမင္ရတဲ့ထိအသားေတြေတာင္လိုပုံေနသည္။ဂယူဗင္းဘာမွမေျပာဘဲထမင္းကိုသာၿငိမ္ၿငိမ္ေလးစားေနသည္။"ဂယူဗင္းေလးႀကိဳက္တဲ့mango juiceေလးလည္းေသာက္ အခုကေတာ့ကန္တင္းကဘဲဝယ္လာ ေနာက္တစ္ခါကိုကို ကိုယ္တိုင္အိမ္မွာလုပ္ေပးမယ္ေနာ္"
ဂယူဗင္းထမင္းေတြသည္းကုန္သည္။ဂယူဗင္းခၽြမ္ေရြ႕ရဲ့႐ုတ္တရက္ခ်ိဳသာမွုေတြကိုလန္႔ေနပါသည္ဆို ဘယ္လိုေတာင္'ကိုကို'လို႔သူ႔ကိုယ္သူသုံးလိုက္သည္လဲ။စဥ္းစားမရပါ။ဂယူဗင္းထမင္းသည္းေနေတာ့ခၽြမ္ေရြ႕ကေက်ာကုန္းေလးကိုခပ္ဖြဖြပုတ္ေပးသည္။ၿငိမ္ေတာ့မွ'ကိုကို႔ကေလးေလး ေရေလးေသာက္လိုက္'ဟုဆိုကာေရတိုက္ျပန္သည္။ဂယူဗင္းမေနတတ္ေတာ့စြာပုတ္ေပးေနတဲ့လက္အားအတင္း႐ုံးမိသည္။"ခင္ဗ်ားဘာျဖစ္ခ်င္ေနတာလဲ ရွန္းခၽြမ္ေရြ႕"
"ကိုကိုက ဂယူဗင့္ကိုကိုျဖစ္ခ်င္ေနတာေလ" "ဟာ့ဗ်ာ ခင္ဗ်ားသြားေတာ့"
"မသြားဘူးကိုကိုကေလ ဂယူဗင္းေလးမုန္႔စားလည္းလိုက္မွာ ေရခ်ိဳးလည္းလိုက္မွာ ရွူးရွူး
ေပါက္လည္းလိုက္မွာ အီအီးပါလည္းလိုက္မွာ ဂယူဗင္းေလးဘယ္သြားသြားေတာက္တဲ့ေလးလိုကပ္ေနမွာ" "ခင္ဗ်ားေျပာေလဆိုးေလပါလား ရတယ္ေလ ခင္ဗ်ားမသြားလည္းကၽြန္ေတာ္သြား
မယ္"ထိုသို႔ေျပာၿပီးဂယူဗင္းထြက္သြားေတာ့သည္။ခၽြမ္ေရြ႕ဂယူဗင္းေနာက္ေက်ာျပင္အားျပဳံးျပဳံးေလးလိုက္ၾကည့္မိသည္။မနက္ကလိုအေျခအေနထက္စာရင္အခုလိုရန္ေတြ႕ေနတာေလးကေတာ္ေသးသည္။

ညေန႔႐ုံးဆင္းခ်ိန္ေရာက္ေတာ့မိုးကရြာလာေလသည္။ဒီေန႔မွထီးမပါလာတဲ့အတြက္ဂယူဗင္း
ကိုယ့္ကိုကိုယ္အျပစ္တင္ေနမိသည္။တစ္ေနကုန္ဌာနမွူးရွန္ကလိုက္ကပ္ေနလို႔စိတ္ရွုပ္ေနရသည္။အရင္ကလိုတ႐ုတ္စိတ္တိုေလးမဟုတ္ေတာ့ဘဲ႐ုတ္တရက္ခ်ိဳသာျပေနေတာ့ဂယူဗင္း
အရမ္းအံ့ဩမိသည္။ေန႔လည္ကသူ႔ကိုယ္သူ'ကိုကို'လို႔ပါသုံးလို႔ထမင္းသည္းရသည္အထိ။
ရွန္းခၽြမ္ေရြ႕အားဂယူဗင္းမုန္းတာမ်ိဳးေတာ့မဟုတ္ေပမဲ့ ခ်စ္လည္းမခ်စ္ပါ။ဒါေပမဲ့သူ႔အနား
ေရာက္ရင္ေတာ့လုံျခဳံသည္ဟုခံစားရသည္။အားကိုးခ်င္တာမ်ိဳးမဟုတ္ေပမဲ့ေႏြးေထြးသည္ဟု
ခံစားမိသည္။ဒါခ်စ္တာလားမခ်စ္တာလားဟုလည္းဂယူဗင္းမခြဲျခားနိုင္ပါ။ဒါေပမဲ့ခၽြမ္ေရြ႕
အနားေရာက္ရင္ေတာ့သူ႔အေဖအနားေရာက္ေနသလိုခံစားရသည္မွာေတာ့အမွန္ပါ။
သူ႔ကိုဆုံးမေပးသည္ သင္ျပေပးသည္။အစကေတာ့ဌာနမွူးအားအျမင္ကပ္ေပမဲ့ ေနာက္ေတာ့သူ႔
ေစတနာေတြကိုနားလည္လာသည္။ဒီလိုမ်ိဳးေတြကမ်ားေသာအားျဖင့္အေဖေတြကလုပ္တတ္ၾကတာမွလား။ဂယူဗင္း ခၽြမ္ေရြ႕အားသူ႔အေဖလိုဆရာလိုသံေယာဇဥ္ရွိမိသည္။ေနာက္ဘဝက်ရင္
ခၽြမ္ေရြ႕လိုYoung and Rich Tall and Handsomeရဲ့သားအျဖစ္ေမြးဖြားလာခ်င္တဲ့အထိ။

ဂယူဗင္းရဲ့အေတြးေတြကခၽြမ္ေရြ႕၏ေခၚသံေၾကာင့္ရပ္တန္႔သြားရသည္။
"ဂယူဗင္း အဲ့မွာဘာလုပ္ေနတာလဲ ထီးမပါဘူးလား ကိုကို႔ကားေပၚတက္"ခၽြမ္ေရြ႕ကသူ႔ၿပိဳင္ကားအနီေလးရဲ့ကားမွန္တံခါးအားခ်ရင္းေအာ္ေျပာလိုက္သည္။ဂယူဗင္းမူခ်င္ေပမဲ့မမူနိုင္ေတာ့ပါ။
အခုခ်ိန္သူမူရင္ႂကြက္စုတ္ကေလးျဖစ္ၿပီးအိမ္ျပန္ရမည္ျဖစ္သည္။႐ုံးနဲ႔ဘတ္စ္ကားမွတ္တိုင္ကအနည္းငယ္လွမ္းတာမို႔မိုးမိမွာေသခ်ာသည္။မိုးမိရင္ဂယူဗင္းကေသခ်ာေပါက္ဖ်ားမွာျဖစ္သည္။ဂယူဗင္းကလူေကာင္ထြားေပမဲ့က်န္းမာေရးေတာ့အနည္းငယ္ျခဴခ်ာသည္။
ထို႔ေၾကာင့္အထြန္႔တက္မေနေတာ့ဘဲခၽြမ္ေရြ႕၏ကားေပၚအျမန္တက္လိုက္သည္။
ကားထဲဝင္လိုက္ခ်င္းရတဲ့အနံကေရေမႊးနံ့ခပ္သင္းသင္းျဖစ္သည္။အရမ္းႀကီးမျပင္းဘဲသင္း
သင္းေလးမၽွသာ။ဂယူဗင္းကေရေမႊးျပင္းတာေတြမႀကိဳက္တာမို႔ဒီအနံ့ေလးကအဆင္ေျပပါ
သည္။"ကၽြန္ေတာ့္ကိုကားေပၚေခၚလို႔ေက်းဇူးပါေနာ္ မဟုတ္ရင္ကၽြန္ေတာ္ႂကြက္စုတ္ျဖစ္​ေတာ့မွာ"  "ဂယူဗင္းေလးရယ္ကိုကိုကကိုကို႔ကေလးေလးကိုႂကြက္စုတ္ေလးအျဖစ္ခံမလားလို႔"
"ဘယ္လိုပဲျဖစ္ျဖစ္ဌာနမွူးရွန္ကိုေက်းဇူးတင္ပါေနာ္" "ကိုကိုလို႔ေခၚ"  "ဗ်ာ"
"ကိုကိုလို႔ေခၚလို႔ မေခၚရင္ဖက္နမ္းပစ္မွာေနာ္ ကိုကို႔အေၾကာင္းသိတယ္မွတ္လား"
"ၿပီးေတာ့အိမ္လည္းမလိုက္ပို႔ေတာ့ဘူးေနာ္တစ္ခါထဲလက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးခိုင္းၿပီး
ကိုယ့္အိမ္ေခၚသြားမွာ" "ဟာခင္ဗ်ားအက်ပ္မကိုင္နဲ႔ေလဗ်ာ ကၽြန္ေတာ္ကခက္ခဲေနတာကို"
"မရဘူး ကိုကိုလို႔ေခၚ" "ဟာဗ်ာ ခင္ဗ်ားကလည္း"ထိုအခ်ိန္မွာခၽြမ္ေရြ႕ကဂယူဗင္းပါးႏွစ္ဖက္ကိုကိုင္လာတာေၾကာင့္"ကို ကို"ဟုအထစ္အထစ္နဲ႔ေခၚလိုက္သည္။"မၾကားဘူးျပန္ေခၚ"
"ကိုကို ကိုကိုလို႔ဆို" "ဟီးဟီးရၿပီ"ဟုဆိုကာဂယူဗင္းပါးကိုေတာ့မႊခနဲနမ္းသြားေသးသည္။
ဒီလူတမင္သက္သက္အသားယူေနတာဆိုၿပီးဂယူဗင္းခၽြမ္ေရြ႕ဗိုက္အားတစ္ခ်က္ထိုးမိသည္။
ခၽြမ္ေရြ႕ကေတာ့မမွုဘဲရယ္ေနေလသည္။ၿပီးေတာ့ဂယူဗင္းဘက္ထပ္လွည့္လာကာခါးပတ္
ပတ္ေပးဖို႔လုပ္လာသည္။ခၽြမ္ေရြ႕ကဇာတ္လမ္းေတြထဲကလိုရိုမန္႔တစ္ဆန္ခ်င္ေနေပမဲ့anti
romanticေလးဂယူဗင္းကဇြက္ဇြက္ဇြက္နဲ႔ခါးပတ္အားသူ႔ဘာသာပတ္လိုက္သည္။
"ရၿပီေမာင္းေတာ့"ဟုဆိုလာသည္။လမ္းတစ္ဝက္ေရာက္မွခင္ဗ်ားကၽြန္ေတာ့္အိမ္သိရဲ့လားတဲ့။
အစ္ကိုေလးအားသူ႔အိမ္ကိုသူမူးေနတုန္းကပို႔ေပးဖူးေၾကာင့္ေျပာျပရသည္။အနမ္းသူခိုးလုပ္ခဲ့
သည္ကိုေတာ့အထိုးခံရမွာေၾကာက္၍မေျပာျဖစ္ပါ။ဂယူဗင္းတို႔ေနတဲ့တိုက္ခန္းကိုေရာက္ေတာ့ခၽြမ္ေရြ႕ကသူ႔ကိုကားအျပင္ထြက္ကာေသခ်ာလိုက္ပို႔သည္။မိုးလည္းတိတ္သြားၿပီျဖစ္သည္။
ဂယူဗင္းကလည္းခၽြမ္ေရြ႕အားေက်းဇူးတင္ေၾကာင္းေနာက္တစ္ႀကိမ္ေျပာသည္။
"ေက်းဇူးပါ ဌာ..." "ကိုကိုဘာေျပာထားလဲ""ဟုတ္ ကို ကို"အခုလိုဂယူဗင္းကခၽြမ္ေရြ႕အားကိုကိုေခၚရန္အနည္းငယ္တြန္႔ဆုတ္ေနတာေလးကခ်စ္ဖို႔ေကာင္းလွသည္။ေနာက္ဆိုရင္ေတာ့ကိုကိုလို႔တတြတ္တြတ္ေခၚေနတတ္မဲ့ပါပီေပါက္အားေတြးမိရင္းျပဳံးမိသည္။"ကၽြန္ေတာ္တက္ၿပီေနာ္ဗ်"
"ဟုတ္ပါၿပီ ကိုကို႔ပါပီေပါက္ေလး ကိုယ့္ကိုအိမ္မက္ထဲထည့္မက္ေနာ္ Good night ပါဗ်"
"ဟုတ္ Good night ပါ" "ဒီေန႔လည္းဂယူဗင္းကို ကိုကိုခ်စ္တယ္ေနာ္"ထိုသို႔ေျပာလိုက္ေတာ့သူ႔ပါပီေပါက္ေလးကရွက္ၿပီးထြက္ေျပးရွာသည္။ခၽြမ္ေရြ႕မွာသူ႔ပါပီေပါက္၏ေလွကားေပၚေျပး
တက္ေနေတာ့ေက်ာျပင္ေလးအားၾကည့္ရင္း ပါးမို႔မို႔ရဲရဲေလးေတြေပၚေအာင္ရယ္မိသည္။

အနာဂတ္မွာကိုကိုလို႔တတြတ္တြတ္ေခၚေနတတ္မဲ့ကိုယ့္အမ်ိဳးသားေလးေရမင္းကိုကိုယ္ကကိုယ့္
အခ်စ္ေတြအကုန္ေပးမွာမို႔ကိုယ့္ကိုျပန္ခ်စ္ေပးပါ။ကိုယ့္ရဲ့အခ်စ္ေတြကမင္းတစ္ေယာက္ထဲ
အတြက္ထာဝရအတြက္ျဖစ္ေနမွာမို႔ယုံၾကည္ေပးပါ။

23/12/23

Continue Reading

You'll Also Like

568K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.9K 218 7
သံယောစဉ်ကနေ ချစ်ခြင်းမေတ္တာဆီကို ကူးပြောင်းသွားလို့ရောဖြစ်တယ်မလား??
1.7K 168 10
Winter Spring Summer Fall ရာသီအလီလီ ပြောင်းလဲသွားရင်​တောင် သူတို့ရဲ့ အချစ်​တွေ ​ပြောင်းလဲနိုင်ပါ့မလား....
660 67 4
မြင်မြင်ချင်းအချစ်ဆိုပေမဲ့ ကျွန်တော့အချစ်တွေက Wisteria ပင်တွေလိုပဲ ခိုင်မြဲတယ် ။ Short story မို့ 5ပိုင်းလောက်ပဲရှိမှာပါနော် ❤