Find Love Because Of you (Com...
By Pyoe_Ou_Yim
100K 2.7K 9
ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More
မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw
Part(17)Uni+Zaw
2.1K 67 0
By Pyoe_Ou_Yim
Part(17)
စိုင်စဝ် ဝီလျှရှိန်အား စိတ်ပူသဖြင့် ဘာမှ မမြင်ဘဲ ပြေးထွက်ခဲ့မိသည်။
"ဟောတွေ့လား ဟိုမှာလာတယ်လေ အဲ့ကောင်မပြောတာ မှန်သားဘဲ ဟွန်း"
တောင်အလယ်အရောက်တွင် လူစိမ်း(5)ယောက်အားတွေ့လိုက်ရသည်။
"ခင်များတို့က ဘယ်သူတွေလဲ ကျွန်တော်သူငယ်ချင်း ဒဏ်ရာ ရထားတယ်ဆိုလို့ ကျွန်တော်သွားမလို့ ဖယ်ပေးပါ"
"ဟေ့ကောင်လေး နင့်ဖုန်းထဲကို စာပို့လိုက်တာက ငါတို့ မင်းသေချာစဉ်းစားကြည့်အုံး"
စိုင်းစဝ် ထိုသူတို့ပြောမှ သတိရသည် ဝီလျှံရှိန်း၏ ဖုန်းသည် တဲထဲတွင် ဖြစ်သည်။ စိုင်းစဝ် ဘာစကားမှ မပြောဘဲ အနောက်ဘက်သို့ ပြန်လှည့်ပြေးလိုက်သည်။ အနောက်မှ ထိုသူငါးယောက်က လိုက်သည်။
စိုင်းစဝ် လာခဲ့သည့် လမ်းအားမမှတ်မိသလို ဘယ်ဘက်သို့ ပြေးရမည်ကိုလဲ မသိပါ။ စိုင်းစဝ်အနောက်သို့ သဲသဲမဲမဲ လိုက်နေသူ တို့ကို မျက်ခြေပြတ်စေရန် ပြေးနေသော်လည်း ထိုသူတို့မှာ အလွန်မြန်လှသည်။
စိုင်းစဝ်ပြေးရင်း တောင်စောင်းတစ်ခုသို့ ရောက်သွားသည် ပြေးရန်လမ်းလဲ မရှိတော့ပေ။ ထိုငါးယောက်မှာ စိုင်းစဝ်ကို ဝိုင်းထားသည်။
"မင်းတို့ ဘာလိုချင်လို့လဲ ကျွန်တော်က အခုမှ ဒီနေရာကို ရောက်ဖူးတာပါ ခင်များတို့နဲ့ ဘာရန်ညှိုးမှ မရှိဘူးလို့ထင်တယ်"
"မင်းသိလား မင်းက ငါတို့နေရာကို ညအချိန်ရောက်လာတာလေ ငါတို့က မင်းအနားကို ရောက်လာတာမှ မဟုတ်တာ"
"ကျွန်တော့်သူငယ်ချင်းအတွက် စိတ်ပူလို့လို့ ပြေယထားတယ်လေ "
"မင်းသူငယ်ချင်းက ရိုးရိုးသူငယ်ချင်းကော ဟုတ်ရဲ့လား ဟေ့ကောင်တွေ သူပုံစံက်ု ကြည့်စမ်း ယောင်္ကျားလေးဖြစ်ပေမယ့် လှတယ်၊ ချစ်စရာကောင်းတယ် တွေ့လား မင်းတို့တေယ့ မသိပေမယ့် ကိစ္စမတုန်းခင် သူ့ခန္ဓာကိုယ်လေးကို မြည်းစမ်းချင်သေးတယ် "
"ဟေ့ကောင် မင်းတစ်ယောက်ထဲတော့ မလုပ်နဲ့လေ ငါကောပါမယ်လေ"
"တစ်ခြားကိစ္စတွေ လုပ်မနေနဲ့ မင်းတို့ကို လုပ်ခိုင်းတာကိုဘဲ အာရုံစိုက် မြန်မြန်ပြီးရင် မြန်မြန်သွားမယ် အခုဆို ဝီလျှံရှိန်းသိ‌သွားလောက်ပြီ ဒီကောင် မရှိတာကို"
စိုင်းစဝ်ကို ကြည့်ကာ ထိုသူတို့ ပြောနေကြသည်။ နောက်ဆုံးတစ်ယောက်ပြောသည့် ဝီလျှံရှိန်း၏ နာမည်ကို သိတ်ထားမိလိုက်သည်။ဝီလျှံရှိန်းကို သိတဲ့သူဆိုလျှင် ကျွန်တော်တို့ကျောင်းက ဖြစ်နိုင်သည်။ သို့သော် သူတို့ ငါးယောက်ကို တစ်ခါမှ မမြင်ဖူးပါ။
ထိုသူတို့ ရှေ့သို့ တိုးလာသည်မို့ စိုင်းစဝ် ခြေထောက်ကို အနောက်သို့ ဖြည်းဖြည်းချင်းဆုတ်လိုက်သည်။
"မြန်မြန်ဖမ်းလေကွာ နောက်ကျတော့မယ် "
အလယ်တွင် ရပ်ကြည့်နေသည့် တစ်ယောက် ပြောလာသည်။ စိုင်းစဝ် အနောက်ကို ထပ်ဆုတ်လျှ၍်ပြုတ်ကျမည်စိုး၍ ဘေးကဖောက်ထွကါကာ ပြေးလိုက်သည်။
'အား.........ဘုတ်'
ဘေးက စိုင်းစဝ် ပြေးချိန် ခြေချော်ကျကာ တောင်အောက်ချိုင့်ထဲသို့ ပြုတ်ကျသွားသည်။ စိုင်းစဝ် တစ်ကိုယ်လုံးနာကျင်နေသော်လည်း အသံမထွက်ဘဲ တိတ်တိတ်လေးနေလိုက်သည်။
"ဟေ့ အောက်ကို ပြတ်ုကျသွားတယ် ဆင်းပြီးကြည့်မလား"
"ဒီကောင့် အသံမကြားဘူးဆိုတော့ မသေရင်မေ့နေလို့နေမှာပေါ့ တောင်အမြင့်က ပြုတ်ကျတာ အကောင်းအတိုင်းရှိနေပါအုံးမလား"
"ဒါပေမယ့် ငါတို့သေချာစစ်မှရမယ်နော် "
"မနက်မှ လာရှာမယ် အခုပြန်ဆင်းကြစို့ အခုက မှောင်နေပြီ "
"အဲ့ဆိုသွားကြမယ်လေ "
စိုင်းစဝ်၏ ချိုင့်သည် သိပ်မနက်သည်မို့ အပေါ်မှ ပြောနေသည်များကို ကြားနေရသည်။ ခနအကြာတွင် ထိုသူတို့ ထွက်သွားလေသည်။
လူအများနှင့် ရှိနေချိန်တွင် သာယာဖွယ်ကောင်းသည့် အသံတို့သည် တစ်ယောက်ထဲ ဖြစ်နေချိန်တွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည်။
တစ်ယောက်ထဲ ရှိနေ၍ ခြောက်ခြားသည့် စိတ်ကပို၍ လာသည်။ ဖုန်းပါလာ၍ ဖုန်းဆက်ရန် ထုတ်လိုက်သော်လည်း ဖုန်းလိုင်းက ပျောက်နေသည်။ စိုင်းစဝ် မနက်အထိ ဒီမှာ ရှိနေရမည်ဟန် ပေါ်နေသည်။ စိုင်းစဝ်၏ စိတ်က ဝီလျှံရှိန်း မတောင့်တဘူးဆိုလျှင် မှားပေရော့မည်။ စိုင်းစဝ်အား ဝီလျှံရှိန်းကို လိုက်ရှာစေချင်သည်။ သူ့ဘက်က ကိုယ့်အပေါ်အလေးအနက် မထားစေကာမူ အတူနေသည့် သူတစ်ဦးအနေဖြင့်ရှာစေချင်သည်။ ကိုယ့်၏ စိတ်သည် မဖြစ်နိုင်ပါဟု တားမြစ်ထားသည့် ကြားကမှ ဝီလျှံရှိန်းထံသို့  တဖြည်းဖြည်း ပျော်ဝင်လာသည်။ ကိုယ့်အား ဘယ်အချိန်တွင် ထားခဲ့မည်ကို မသိနိုင်သော်လည်း ကိုယ့်လက်အား အမြဲဆွဲထားရန် ဆုတောင်း‌နေမိသည်။ အချစ်ကံမကောင်းလှသည့်သူမို့ မင်းရဲ့ အချစ်တွေကိုတော့ အမြဲထာဝရ အပိုင်လိုချင်မိသည်။
စိုင်းစဝ် တစ်ယောက်ထဲ ဖြစ်နေ၍ အတွေးများကာ မျက်ရည်များကျလာသည် ။ သည်အချိန်တွင် အဖွားကိုလဲ သတိရသည်။ စိုင်းစဝ် သူရအားမပြောခဲ့သည်မို့ သူရသိမည်မဟုတ်။ 'ငါ့ကို အမြန်လာရှာပါတော့ ဝီလျှံရှိန်း'
"စိုင်းစဝ်... အချစ် ....စိုင်းစဝ်ခွန်မျိုး ....အချစ် ဘယ်နားမှာလဲ ကိုယ့်အသံကြားလားအချစ်"
ဝီလျှံရှိန်း အချစ်ကို လိုက်ရှာနေခဲ့သည်။ ဘုရားကျောင်းဘက်သို့ ရောက်ခဲ့သော်လည်း မည်သူမျှရောက်မလာခဲ့ဟု ကြားလိုက်ရသဖြင့် ပို၍ စိတ်ပူသွားသည်။ အချစ်က ဒီဘက်ကို မည်သည့် အကြောင်းကြောင့် အပြေးလာခဲ့ရသည်ကိုလဲ သိချင်မိသည်။
ဝီလျှံရှိန်း တောထဲတွင် အဒေါ်ပေးလိုက်သည့် ဓာတ်မီးဖြင့် ရှာသည်။ဘုရားကျောင်းဘက်မှ  ပြန်ဆင်းလာသည့် အချိန်ဖြစ်၍ အသွားလမ်းဘက်က မရှာဘဲနောက်တစ်လမ်းမှ ရှာလိုက်သည်။
"စိုင်းစဝ်... အချစ် ...စိုင်းစဝ်ခွန်မျိုး ဘယ်မှာလဲ...ကိုယ်ရဲ့အချစ်က ဘယ်မှာရောက်နေတာလဲ တစ်ခုခု ဖြစ်နေတာလား အချစ်"
ဝီလျှံရှိန်း လမ်း‌ကို ဖြည်းဖြည်းချင်းလျှောက်ကာရှာနေသည်။
'စီးကရတ် အတိုတွေ '
စီးကရတ်အပိုင်းအစများကို ကြည့်လိုက်သည်နှင့် ပစ်ချသွားသည်မှာ မကြာသေးကြောင်း သိလိုက်ရသည်။ ဒီအနားတွင်ခြေရာများလဲရှိနေ၍ ဝီလျှံရှိန်း ခြေရာအတိုင်း လိုက်လာခဲ့သည်။
ခြေရာများအစုံတွင် တောင်စောင်းတစ်ခုသာ ရှိသည်။ ဝီလျှံရှိန်း တောင်အောက်ဘက်သို့ ဓာတ်မီးဖြင့် ထိုးကြည့်သော်လည်း ဘာမှ မတွေ့ရပါ။ အခြားသူများဆော့ထားသည်ကို လမ်းမှာရှာသည်ဟု ထင်ကာ ဝီလျှံရှိန်း လှည့်ထွက်ရန်ပြင်လိုက်သည်။
"ဟင့်.....'
ဝီလျှံရှိန်း အသံကြားလိုက်ရသည့်ဘက်သို့ ဖြည့်ဖြည်းချင်းလျှောက်လိုက်သည်။ ထိုခြေရာများနှင့် မ‌ဝေးသည့် အချောက်အသေးတစ်ခုတွင် တွေ့လိုက်ရသည်။ ဝီလျှံရှိန်း ထိုချောက်ထဲသို့ ခုန်ဆင်းလိုက်သည်။ ဓာတ်မီးနှင့် ထိုးကြည့်လိုက်သည်။
စိုင်းစဝ် တစ်ခုခု ပြုတ်ကျလာသံကြားရသည်။ မကြာခင်ပင် ကိုယ့်စီသို့ အလင်းရောင်လာ၍ ခေါင်းမော့ကြည့်လိုက်သည်။
"ဝီလျှံရှိန်း....ဟင့်"
စိုင်းစဝ် ဝီလျှံရှိန်းကို တွေ့သည်နှင့် ဖတ်လိုက်သည်။
"ကိုယ်ရှိတယ်အချစ် ဝမ်းမနည်းနဲ့တော့ ကိုယ်ရှိတယ်နော် အခုအချစ်ရဲ့ အနားမှာ ရှိနေပြီနော်"
စိုင်းစဝ် ဝီလျှံရှိန်း၏ အသံကိုကြားရသော်လည်း ဝမ်းနည်းနေသေးသည်မို့  ဝီလျှံရှိန်း၏ ပခုံးပေါ်တွင်သာ ခေါင်းညိမ့်ကာ ငိုနေလိုက်သည်။ ဝီလျှံရှိန်းမှ ပွေ့ကာ ဖတ်ထားပေးမို့ စိုင်းစဝ် ဝီလျှံရှိန်းအား ပို၍ တင်းကျပ်စွာဖတ်လိုက်သည်။
ဝီလျှံရှိန်း အချစ်၏ ငိုသံကို ကြားရလေ ကိုယ့်ကိုကိုယ်ဒေါသထွက်လေ ဖြစ်သည်။ ဝီလျှံရှိန်းအား အလန့်တကြား  မျက်ရည်များဖြင့် မော့ကြည့်လာသည့် အချစ်၏ ပုံစံကို မျက်စိထဲမှ မထွက်ပေ။ ကိုယ့်ကိုမြင်မှ ပျော်ရွှင်သွားသည့် ပုံစံမျိုး ဖြစ်ကာ ကိုယ်အား ဖတ်တွယ်လာသည်။
'ဘာတွေဖြစ်ခဲ့တာပါလဲ အချစ်၊ အချစ်ကို အခုလိုဖြစ်အောင်လုပ်တဲ့သူကို ကိုယ်တွေ့အောင်ရှာမယ်'
"အရမ်းမငိုနဲ့တော့လေ အချစ်ရဲ့ အချစ်ခေါင်းကိုက်နေလိမ့်မယ် နော် ကိုယ်တို့ အပေါ်ကို တက်ရအောင်လေ နော် "
စိုင်းစဝ်ဘာမှ ပြန်မပြောချင်သေးသည်မို့ ခေါင်းညိမ့်ပြလိုက်သည်။
"ကိုယ်အောက်ကနေအချစ်ကို မီးထွန်းပေးထားမယ် အချစ်အရင်တက်လိုက် ပြီးမှ ကိုယ်တက်ခဲ့မယ်နော် "
စိုင်းစဝ် ဝီလျှံရှိန်း ပြောသည့်အတိုင်း အပေါ်သို့ တက်လိုက်သည်။ စိုင်းစဝ်၏ ခြေထောက်များသည် အချိန်အကြာကြီးထိုင်ခဲ့၍လား ကြောက်နေသည့် စိတ်ကြောင့်လားတော့ မသိပါ အပေါ်ရောက်သည်နှင့် မတ်တပ်ရပ်မရသည်မို့ ထိုင်ချလိုက်သည်။
"အချစ် ကိုယ်တို့ နေရာကို ပြန်သွားကြမယ်နော် အချစ်ကိုယ့်ကျောပေါ်တက်လိုက် "
စိုင်းစဝ် ဝီလျှံရှိန်းပြောသည့်အတိုင်း ဝီလျှံရှိန်း၏ ကျောသို့ တက်ကာ လိုက်ခဲ့သည်။
"အချစ်အရမ်းမငိုနဲ့တော့ ကိုယ့်ကျော်ပေါ်မှာ ခနမှေးနေလိုက်နော် ဘာမှ မတွေးနဲ့တော့ အချစ် ကိုယ်ရှိနေပြီ"
"အွန်း...ကျေးဇူးတင်ပါတယ် ဝီလျှံရှိန်း ငါ့ကို မင်းမရှာလောက်ဘူးလို့ထင်ထားတာ မင်းငါ့ကို ရှာပေးဖို့လဲ မျှော်လင့်ထားတာ"
အချစ်က အသံတိုးတိုးနှင့်ပြောလာသည်။
"ကိုယ်အချစ်ကို သေချာပေါက်ရှာရမှာပေါ့ အချစ်က ကိုယ့်အသက်လေ ၊ တစ်နေ့တော့အချစ်သိလာမှာပါ"
'ကိုယ့်ရဲ့ အချစ်တွေကို ကိုယ့်အချစ်ကလေးခံစားမိအောင် ဒီထက်ပိုပြီး ကိုယ်ထုတ်ပြပါအုံးမယ်'
See you Soon 🔜🔜🔜
Alison_Ahsaw
21/12/2023
(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤
Part(17)