မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

203K 33.8K 985

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

018: ငါ့ကို ယောကျ်ားလို့ခေါ်

1.5K 258 21
By XiaoManTou96

Unicode

ဒီတစ်ကြိမ်တွေ့ဆုံမှုအစကတည်းက မီး သည် ဤပြဿနာကို တမင်တကာရှောင်နေသကဲ့သို့ ယခင်က သူရုတ်တရက် အော့ဖ်လိုင်းသွားရသည့်အကြောင်းအရင်းကို မီး က မမေးရသေးပေ။

ယင်းအစား ဟဲကျင့် ၏ နောင်ကြုံတွေ့ရနိုင်သည့် ပြဿနာများအကြောင်း စဉ်းစားနေပြီး ၎င်းတို့၏အနာဂတ်ကို အလေးအနက်တွေးကာ ဟဲကျင့် ကို လက်ဆောင်များနှင့် ကတိများသာပေးခဲ့သည်။

ထိုကဲ့သို့ နွေးထွေးမှုလေး​ကြောင့်ဟဲကျင့် သည် ရင်ထဲ ထိသွားကာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ နောက်ဆုံးတွင် မေးမိတော့သည်။

"မီး ငါအွန်လိုင်းပေါ်မလာသေးရင် မင်းဆက်စောင့်နေမှာလား?"

မီး သည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် "အင်း" ဟု ငြင်သာ စွာပြန်ဖြေသည်။

သေချာသလောက် ကို သူ က ဒီလိုပဲပြန်ဖြေမှာပင်....

ဟဲကျင့် : "ဘာကြောင့်လဲ? ငါ ဒီဂိမ်းကိုဆက်ပြီးကစားချင်မယ်ဆိုတာ ကလဲ မသေချာနေဘူးလေ "

မီး : "မင်း မကစားချင်ဘူးလား? ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ? "

အမေးခံရသောဟဲကျင့် သည် ရုတ်တရက် နင် သွားသည်။ တကယ်ဆို သူ ကစားချင်နေတာ... ဒါပေမယ့် မီး က ဘာကို တွေးနေလဲ သိချင်လွန်းလို့ မေးလိုက်မိတာပင်။အာ သူက သာမာန် အင်တာနက်သုံးစွဲ သူလေးကို ဘာလို့ ဒီလို လုပ်ရတာလဲ!!!

နတ်သမီးလေး ကျင့် : "နှစ်တွေ အများကြီးကုန်သွားပြီး ငါ အွန်လိုင်းပေါ်ကို နောက်တစ်ခါ ထပ်မလာနိုင်တော့ဘူးလို့ မင်းစိတ်ထဲမှာ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလား?"

ကွန်ရက်ချိတ်ဆက်မှု၏အခြားတစ်ဖက်တွင် ချင်ယွီသည် ဒိုင်ယာလော့ခ်ဘောက်စ်ကို စိုက်ကြည့်နေသည်... အမှန်အတိုင်းပြောရလျှင် သူလည်း ထူးဆန်းသလို ခံစားလိုက်ရသည် အဘယ်ကြောင့် ဆိုသော် အဲ့လို အတွေး မျိုး တစ်ခါမှ မတွေးခဲ့မိလို့ပင်။

ဂိမ်းရှိလူတိုင်းသည် သူ၏ "လက်ထပ်သည်" အခြေအနေကို မြင်နိုင်သော်လည်း သူ့ဇနီးသည် အွန်လိုင်းတွင် နှစ်ပေါင်းများစွာ မရှိခဲ့ကြောင်း လူအနည်းငယ်သာ သိကြသည်။ ရေသေ သည် ထိုသူများ အနက်မှ တစ်ယောက် ဖြစ်သည်။

မီး ကို သူ့ဇနီးကို စောင့်နေသေးသလားဟု တစ်ခါက အမှတ်မထင် မေးခဲ့ဖူးပြီး မီး ၏ ခိုင်မာ သော အဖြေကို ကြားပြီးနောက် ရံဖန်ရံခါတွင် သူ့အား လှောင်ပြောင်ရန် ဤကိစ္စကို အသုံးပြုလေ့ရှိပြီး ဇနီးဖြစ်သူကို တစ်ကြိမ်လောက် မေ့ကာ နောက်ထပ် အသစ်ရှာရန်လည်း အကြံပေးခဲ့ဖူးသည်။ သို့သော်လည်း ချင်ယွီ သည် အကျင့် ဖြစ်နေကာ သူ ပြောသမျှကို အလေးအနက် မထားခဲ့ပေ။

ချင်ယွီက ပေါ့ပေါ့ပါးပါးသာ ပြောခဲ့သည်။

"ငါ ဒါကိုသာ ငါတွေးမိရင် စောင့်နေတာကို ရပ်ကောင်း ရပ် လိုက် မိမှာ"

သေချာတာပေါ့ အကြောင်းကတော့ အဲဒါကို တွေးကြည့်ရုံတင် တုံ့ဆိုင်းနေပြီး ဆုတ်ခွာသွားတဲ့ ခံစားချက်ကို ကိုယ်စားပြုနေပြီးသားပင်။

ထို့ကြောင့် သူသည် ထိုအကြောင်းကို ရိုးရိုးရှင်းရှင်းပင် မတွေးခဲ့တော့ပါ။

မီး ၏အဖြေသည် ဟဲကျင့် ၏နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။ ဟဲကျင့် သည် မူလက အေးအေးဆေးဆေး နေတတ်သူ ဖြစ်သော်လည်း ထိုကဲ့သို့သော လူနှင့် တွေ့ဆုံကာ ထိုကဲ့သို့သော စကားလုံးများကို ကြားလိုက်ရသဖြင့် အနည်းငယ် ပျော်ဝင်မိသွားသည် ။

သူ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ မလွယ်ကူမူတွေကို ဖိနှိပ်ရင်း ဟဲကျင့် သည် သူ့စကားတွေကို အသေအချာ ရွေးချယ်ပြီး လိမ္မာပါးနပ်စွာ အရိပ်အမြွက်ပြောခဲ့သည်။

"ဒါပေမယ့် ဒီနှစ်တွေကြာလာတဲ့အခါ မင်းစောင့်မျှော်နေတဲ့ အဲဒီလူက ပြောင်းလဲသွားပြီး မင်းရဲ့ မူလခံယူချက်နဲ့ မတူတော့ဘူးဆိုရင် ရော ဘယ်လိုလုပ်မလဲ? "

အားကျင့် သည် အွန်လိုင်းတွင်မရှိတော့သဖြင့် ချင်ယွီ သည် အချိန်အတော်ကြာ စိတ်ဓာတ်ကျခဲ့ရသည်။ သူ သည် အားကျင့် မရှိတော့ သဖြင့် အရမ်းအထီးကျန်သလို စိတ်ဓာတ်ကျနေပေမယ့်လည်း ရိုးရှင်းစွာ ပင် ဂိမ်းဆော့ တာကို ရပ်တန့်လို့ မရခဲ့ပေ။

ထို့ကြောင့် အားကျင့် သည် သူ့ကို အဖော်ပြု ကာ သူ့အနားတွင် ရှိနေသေးသည် ဟု စိတ်ကူး ဖြင့်သာ ဆော့ခဲ့ရသည်။ထို့နောက်တွင် သူစိတ်ဝင်စားသည့် အရာများ တွေ့တိုင်း သို့မဟုတ် ရှုခင်းအသစ်များ တွေ့တိုင်း ၎င်းအားလုံးကို မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ဟဲကျင့် ကို စောင့်နေခဲ့သည်။

ဒါမှ သူက ဟဲကျင့် ပြန်လာခဲ့ရင် ဒီအရာသစ်တွေကို ပြဖို့ သူ အဖော်လိုက်လုပ်ပေးလို့ ရမှာပင်။

တစ်ချို့အရာတွေကို သူ မှတ်မိနေခဲ့ပြီး တစ်ချို့အရာတွေကိုတော့ မေ့သွားခဲ့၏။ ကမ္ဘာကြီးက ဆက်လက် ပြောင်းလဲနေပြီး ဂိမ်းကလည်း အမြဲတမ်းပြောင်းလဲနေပေမယ့်အားကျင့် နဲ့ ဂိမ်းကစားရတဲ့ခံစားချက်ကို သူတစ်ခါမှမမေ့ခဲ့ပေ။...

တစ်ယောက်နဲ့ တစ်ယောက် ကာကွယ်ကာ သူတို့နှစ်ယောက် အတူ ရှိနေသဖြင့် သူအရမ်းပျော်ခဲ့ရသည်။ အထူးသဖြင့် သူတို့ရဲ့ ဂိမ်း ထဲက မင်္ဂလာပွဲအပြီးမှာအားကျင့် အကြောင်း တွေးတိုင်း သူ့ရင်ခုန်သံ စည်းချက် လွဲမှားခဲ့ ရတာကို သူ မတားနိုင်ခဲ့ပါ။

ဤရင်ခုန်သံသည် အားကျင့် မှလွဲ၍ အခြားမည်သူမျှ သူ့ကို ထိုသို့မခံစားစေခဲ့ပေ။

ဒီလိုနဲ့ပဲ ရှစ်နှစ်ကြာသွားပြီးနောက် မှာတော့ အားကျင့် သည် အွန်လိုင်းတွင် တစ်ဖန်ပြန်လည်ရောက်ရှိခဲ့သည်။ ထိုနာမည်ကို မြင်လိုက်သည်နှင့်ပင် ချင်ယွီ၏ နှလုံးသားသည် သူ့ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ်...

မှော်ဆန်ဆန်ပင် ဒီလူဟာ တကယ်ပဲ တစ်ယောက်တည်းဆိုတာ ကို သူအတည်ပြုနိုင်ခဲ့လေသည်။

ချင်ယွီ : "အဲ့တော့လဲ ဘာဖြစ်လဲ မင်းက မင်းပဲလေ ကွန်ပြူတာရဲ့ အခြားတစ်ဖက်က မင်းကတကယ်ခွေးတစ်ကောင်ဖြစ်နေရင်တောင် ငါဂရုမစိုက်ဘူး။မင်းက ငါ့မိန်းမပဲလေ။ "

[T/N ခွေးဖြစ်သွားသော ဟဲကျင့် အတွက် မျက်ရည် နှစ်စက်]

မီး သုံးသော လေသံသည် ချစ်ခြင်းမေတ္တာ အရိပ်အမြွက်ပါသော်လည်း ရိုင်းလွန်းသဖြင့်ဟဲကျင့် ၏ နားရွက်ကို ထုံကျဉ်စေကာ သူ့မျက်နှာတစ်ခုလုံး ကို ပူထူသွားစေသည် ။ သူ၏ "ပြီးပြည့်စုံသော" အဖြေသည် တစ်နည်းတစ်ဖုံအားဖြင့်ဟဲကျင့် ကိုရင်ခုန်သွားစေကာ သူ ၏ လိင်အမျိုး အစားနှင့် ပတ်သက်ပြီး ရှုပ်ယှက်ခတ်နေသော အရှုပ်အထွေးသည်လည်း အဓိပ္ပါယ်မဲ့သွားသလိုပင်။

ဤအခိုက်အတန့်တွင်ဟဲကျင့် သည်မီး နှင့် ဤကဲ့သို့ ဆက်နေလိုခြင်း၊ သူ့အား ဘာမျှ မပြောရန် ၊ ဤရှစ်နှစ်တာ အကြွေးကို ဆပ်ရန်နှင့် သူ့မျှော်လင့်ချက်အားလုံးကို ပြည့်မီစေရန် ရုတ်ချည်း တွန်းအားတစ်ခု ရှိလာသည် ။

သို့သော် သူဖြေရန်အခွင့်အရေးမရမီ မီးသည် ရုတ်တရက် ခေါင်းစဉ်ပြောင်းသွားသည်။

"ဒါပေမယ့်လည်း မင်းနည်းနည်း ပြောင်းလဲသွားတယ်လို့ ငါတကယ်ခံစားရတယ်။"

ဟဲကျင့် : "....!!"  မီး သတိထားမိသွားပြီလား?

မီး- "မင်း ပိုလို့တောင် ချစ်ဖို့ကောင်းလာတယ်လို့ ထင်တယ်"

ဟဲကျင့် : "..."

မီး က မိုက်မဲစွာဆက်ပြောသည် : "ငါ့အရင်က ပြောခဲ့တဲ့ နောက်ဆုံးစာကြောင်း ကြောင့် မင်းကြောက်သွားတယ်လို့ မပြောနဲ့နော်... ဒါကြောင့် မင်း အရမ်းကြောက်သွားပြီး ချက်ချင်း အော့ဖ်လိုင်း ဆင်းသွားတာပေါ့ ဟမ်?"

နတ်သမီးလေး ကျင့် : "ငါ... အဆောင်မှာ မီးပျက်သွားလို့"

ဤတစ်ကြိမ်တွင် မီး သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟဲကျင့် ၏ "ဆင်ခြေ" ကို မယုံပုံရသော်လည်း သူက "ငါထင်သားပဲ" ဟု ပြောသေးသည်။

ဟဲကျင့် : "... "  ဘာလို့ ငါ အစခံရပြန်ပြီလို့ ခံစားနေရတာလဲ ? (=_=)

အလုံအလောက်ပျော်ခဲ့ရပြီးနောက် သည် သူ့ကိုယ်သူတည် ငြိမ်အောင်လုပ်လိုက်ပြီး

"မင်းကို ငါ ဒီတိုင်းကြီး စောင့်နေခဲ့တာ မဟုတ်ပါဘူး ဒီနှစ်တွေမှာ ငါ ဂိမ်းကောင်းကောင်းကစားခဲ့ပြီး သူငယ်ချင်း တွေလဲရခဲ့တယ် မင်းငါ့ကို သနားနေစရာ မလိုဘူး။ ငါအရမ်းကို ပျော်ရွှင်စွာနဲ့ ကစားခဲ့တာပါ
ဒါကြောင့် ငါ့ကို အားနာ စိတ် ဖြစ်စရာမလိုပါဘူး"

ဟဲကျင့် အံ့အားသင့်သွားသည် ဒါအမှန်ပဲလား?သို့သော် သူသံသယဖြစ်နေဆဲပင် ။ မီး ၏ အေးမြသောလေကဲ့သို့ သဘောထားသည်ဟဲကျင့် ၏စိတ်ကို ဖြေလျှော့ရန် များစွာအထောက်အကူဖြစ်စေခဲ့သည်။

မီး : "သေချာတာပေါ့ မင်းဒီမှာရှိတော့ ငါ ပိုပျော်တယ် . ဒါပေမယ့် မင်း ဆက်မကစားချင်တော့ဘူး ဆိုရင် ငါ့ကို အသိပေးလေ ဒါဆို ငါတို့ သေသေချာချာလေး နှုတ်ဆက်လို့ရတာပေါ့ ငါ မင်းကို ထွက်သွားဖို့ မတားပါဘူးလို့ ငါကတိပေးတယ်။ မင်းဘယ်လိုထင်လဲ?"

ဟဲကျင့်: "..."

အဲ့လိုကလဲ မဖြစ်နိင်တာတော့ မဟုတ်ပါဘူး ဒီဂိမ်းကစားတာ နဲ့ ပတ်သက်ပြီး အနည်းငယ်ရှုပ်ထွေးနေပေမယ့်ပေါ့လေ။

သူ ဆက်မကစားချင်ဘူး ဟုတ်လား? ဘယ်လိုလုပ် မကစားပဲနေရမှာလဲ သူ ဒီလူဆီက အံ့သြစရာကောင်းတဲ့ လက်ဆောင်တစ်ခုကို သူ အခုပဲ လက်ခံရရှိခဲ့တာလေ။

အခုလည်း " မင်း ရှိလို့ ပိုပျော်တယ် " လို့ ပြောတာကိုတောင် ကြားလိုက်ရတော့  သူ ဘယ်လို ငြင်းနိုင်တော့မလဲ

ဒါပါပဲ...

နတ်သမီးလေး ကျင့်: "အရင်က ငါတို့အကြင်လင်မယား တာဝန် လုပ်တုန်း ကငါနဲ့ လက်တွေ့ဆန်တဲ့ ဆက်ဆံရေးကို ထူထောင်ချင်လားလို့ မေးတဲ့မေးခွန်းတစ်ခု ကို မင်းက 'လုပ်မယ်' လို့ ဖြေခဲ့တယ်... မင်းအဲ့တာကို တစ်ကယ် ပြောတာလား? "

ချင်ယွီ က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာလို့လဲ? တစ်ကယ့် အပြင်မှာ မင်းတွက် ထူးခြားတဲ့ သူ ရှိလို့လား?"

နတ်သမီးလေးကျင့် : "မရှိပါဘူး..."

ချင်ယွီ၏ ပါးစပ်ထောင့်လေးသည် မြင့်တတ်သွားတော့သည်။

"ငါသိပြီ မင်း က ဒီဂိမ်းကို ဒီတိုင်းပဲ ဆော့ပြီး တကယ့်ဘဝနဲ့ မပတ်သက်ချင်ဘူးလား?"

နတ်သမီးလေး ကျင့် :  "ဟုတ်တယ်။"

ချင်ယွီ :  "ကောင်းပြီ ငါ မင်းကို ကတိပေးတယ်။ ဂိမ်းထဲမှာ ဖြစ်တာတွေကို ဂိမ်းထဲမှာပဲ ထားမယ်။မင်း အပြင်က အသွင်အပြင်က အရပ်ရှည်သည်ဖြစ်စေ ပိန်သည်ဖြစ်စေ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လှသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မသန်မစွမ်းဖြစ်နေသည်ဖြစ်စေ  မင်းဘယ်လိုပုံပန်းသဏ္ဍန်နဲ့တူလဲဆိုတာ ငါ ပွစိပွစိ မပြောပါဘူး....

မင်းငါ့မိန်းမအဖြစ် ဂိမ်းထဲမှာရှိနေသရွေ့ ငါ တခြား အရာတွေကို ဂရုမစိုက်ဘူး မင်းမပြောချင်ရင် ငါမေးမှာမဟုတ်ဘူး။ ဘယ်လိုလဲ? မင်းမှာ မေးစရာတွေရှိသေးလား။?"

ဟဲကျင့်  သက်ပြင်းချလိုက်ကာ "မရှိတော့ဘူး"

သူဘာပြောစရာရှိဉီးမှာလဲ? စကားလုံးတိုင်း အာလုံးနီးပါးသည်ဟဲကျင့် စိတ်ထဲမှာ တွေးနေခဲ့တာတွေ သူလိုချင်တာတွေကို မီးက အတိအကျ ပြောသွားသည်မှာ မီး ကသူ့စိတ်ကို ဖတ်နိုင် သည်ဟု ခံစားမိ မတတ်ပင်။

နှလုံးသားမဲ့ မီး :"မင်းမှာ ဘာပြဿနာမှ မရှိတော့ဘူးဆိုရင် ငါလဲ မင်းစီက တောင်းဆိုစရာ တစ်ခုရှိတယ်။"

နတ်သမီးလေးကျင့် : "အဲ့ဒါ ဘာလဲ?"

နှလုံးသားမဲ့ မီး : "နောက် ကျ ဂိမ်းကစားတဲ့အခါ ငါ့ကိုယောကျ်ားလို့ခေါ်။"

ဟဲကျင့်: "..."

နှလုံးသားမဲ့ မီး : "မင်းလုပ်ပေးနိုင်မလား?"

ချင်ယွီ၏တောင်းဆိုမှုသည် အမှန်တကယ်တော့ ထူးဆန်းသည်မဟုတ်ပေ သူတို့ကဂိမ်းထဲမှာ လင်မယားပဲလေ။ ဒါပေမယ့် သာမာန်ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဟဲကျင့် အတွက်တော့ သူနဲ့ လိင် အမျိုးအစားတူတူ တစ်ယောက်ကို "ယောကျ်ား" လို့ ရုတ်တရက်ခေါ်ရသည်မှာ.. သူရှက်တယ်လေလို့ အာ!

ဟဲကျင့် က ညှိနှိုင်းဖို့ကြိုးစားလေသည်။

"မင်းငါ့ကို လိုက်လျောညီထွေဖြစ်အောင် အချိန်ခဏလောက်ပေးလို့ရမလား?"

မီးက သူ့ကို စလေသည်။

"ဘာကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်မှာလဲ? မင်းခဏခဏခေါ်မှ အကျင့်ဖြစ်မှာပေါ့။ပြောရမယ်ဆို မင်းက စာပဲ ရိုက်တာလေ မင်းပါးစပ်နဲ့ပြောတာတောင် မဟုတ်ဘူး"

ဟဲကျင့်: "..." (=_=)

နတ်သမီးလေး ကျင့် : "ငါတို့ မတွေ့တာ နှစ်တော်တော်ကြာပြီ  ငါ အသားမကျသေးဘူး"

နှလုံးသားမဲ့ မီး : "အာ ! အရမ်းရှက်တတ်တာပဲ"

ဟဲကျင့် : "......"

မီး : "ကောင်းပြီ ဒါဆို မင်းကို သုံးရက်ပေးမယ်။"

***

※  Spirit Fairy ※  (ရှစ်)

ဂိမ်းထဲမှာ အားကျင့် မရှိတော့ဘူး အစပိုင်းမှာ ဆုံးရှုံးပြီး ဝမ်းနည်းနေတဲ့ ချင်ယွီက ဒီအဖြစ်မှန်ကို တဖြည်းဖြည်းချင်း လက်ခံလာတယ်။ ဒါကိုလုပ်နိုင် ဖို့ သုံးနှစ်လောက် အချိန်ယူခဲ့ရပေမယ့်လည်းပေါ့လေ။

လွန်ခဲ့သည့် သုံးနှစ်အတွင်း မည်သူကိုမှ သူငယ်ချင်းတောင်းဆိုချက်ကို မပေးပို့ခဲ့ပဲ  မရည်ရွယ်ဘဲ ထည့်ထားသည့် အခြားဖြတ်သန်းသွားသူများကိုလည်း ဖျက်ခဲ့သည်။"မင်းသူငယ်ချင်း xx-and xx အွန်လိုင်းဖြစ်နေသည်" ဟူသော အချက်ပြသည့်စနစ်ကို မမြင်ချင်သောကြောင့် သူငယ်ချင်းစာရင်းတွင် "နတ်သမီးလေးကျင့်" ဟူသော အမည်တစ်ခုသာ ချန်ထားခဲ့သည်။ ဒီနာမည်စီမှ လာတာမဟုတ်ရင်တော့ အလွတ်ထားရတာ ပိုပျော်တယ်။

သူ အထီးကျန်နေချိန်တိုင်း ချင်ယွီ သည်အားကျင့် ၏အမည်ကိုဖွင့်ရန် ကာဆာထောက်ပြီး တစ်ဖက်ကစားသမားထံ အော့ဖ်လိုင်းမက်ဆေ့ချ်တစ်ခု ပေးပို့သည်။

"အားကျင့် မင်းအွန်လိုင်းမှာမရှိချိန်မှာ ငါအဆင့် 40 နီးပါးရှိနေပြီ!"

"မနေ့က Fairy Island မှာDugeon ဝင်ခဲ့တာ ကံကောင်းပြီးတော့ ကြိုးကြာ ရခဲ့တယ်လေအခု ငါပျံနိုင်နေပြီ မင်း ပြန်လာရင် ငါ့ကို မနာလိုမဖြစ်ပါနဲ့ ဟီးဟီး။

"ငါ မင်းကို စတာပါ !... မင်းရောက်လာရင် မင်းကို အဆင့်မြှင့်ဖို့ ငါခေါ်သွားမယ် မင်း ငါနဲ့ တူတဲ့ အဆင့်ရောက်တဲ့အထိ စောင့်ပြီး ဆက်ကစားမယ်! ^_^"

"အားကျင့်  ကောင်းကင်ဘုံ က အရမ်းလှတယ်!"

"ကောင်းကင်ဘုံ မှာ အဆင့်မြင့်ကစားသမားတွေ အများကြီးပဲ ငါ အကြိမ်ကြိမ်သေခဲ့တယ်..."

"မင်း ကောင်းကင်ဘုံ ပေါ်ကနေ ခုန်ချလိုက်ရင် မင်း နယ်နိမိတ်ထဲကို တိုက်ရိုက်ပြုတ်ကျပြီး သေလိမ့်မယ် ငါ စက္ကန့် 20 ပြည့်အောင် ပြုတ်ကျခဲ့တယ်... ဒါပေမယ့် ရှုခင်းက အရမ်းလှတယ်..."

"အားကျင့်  ငါ စာသေချာ လုပ်နေပြီ သင်ယူရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"

"အားကျင့် ငါ အဆင့်ပြည့်နီးပါးရှိနေပြီ!"

————-

သေချာတာပေါ့ စာပို့တာ တစ်ခုထဲ မဟုတ်သလို ချင် ယွီသည် ဟဲကျင့် ပြန်လာသည့် အခါ ဘယ်လို စပြောရမလဲဆိုတာလဲ  စိတ်ကူးယဉ်တတ်သေး၏။

"အားကျင့်  မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ ငါမင်းကိုစောင့်နေတာ အကြာကြီးပဲ ငါခါးသီးတယ် လို့ခံစားရတယ် !"

ကောင်းပြီ ခင်ပွန်းတစ်ယောက်အနေနဲ့ ဒါက မမိုက်နေဘူး။ (=_=)

"အားကျင့် ငါမင်းကိုလွမ်းတယ်..."

ရွံမုန်းဖို့ကောင်းတယ်! မပြောနိုင်ဘူး! (=_=#)

"အားကျင့် မတွေ့တာကြာပြီနော်..."

- ဒီလောက် ယဉ်ကျေးတယ်! သရုပ်ဆောင်သာလုပ်လိုက်ပါတော့! (/= _=)/~ ┴┴

————

တစ်ခါက ချင်ယွီ ဟာ သူ့နာမည်ကို "Spirit Fairy" အဆင့်သတ်မှတ်ချက်စာရင်းမှာ မတော်တဆတွေ့ရှိခဲ့ပြီး သူ့ရဲ့စိတ်လှုပ်ရှားမှုကို မျှဝေချင်တဲ့ ပထမဆုံးသူကတော့ အားကျင့်ပေ။

"အားကျင့်! ငါ အဆင့်သတ်မှတ်ချက် ဇယားထဲမှာ ပါတယ် သိလား ဟားဟား! [😎] မင်းအွန်လိုင်းပေါ်ရောက်လာတဲ့အခါ မင်း ငါ့ကို နတ်ဘုရားလို့ ခေါ်လို့ရပြီ [😎]"

"အားကျင့် ငါ ဒီနေ့ အဆင့် ၃၇ ရတယ်  ဒီဂိမ်းက ပိုပိုပြီး ပျော်စရာကောင်းလာပြီ။"

ဟုတ်ပါတယ် ကိစ္စတွေက အဆင်မပြေတဲ့ အချိန်တွေလည်းရှိလေသည်။

"ဒီနေ့ အရမ်းအစွမ်းထက်တဲ့လူတစ်ယောက်နဲ့တွေ့ပြီး အချိန်တိုင်း သူသတ်တာခံနေရတယ်... [😤]"

"သူက အဆင့် 30... [😤]"

အကောင်းမြင်တဲ့ အချိန်တွေရှိပေမဲ့ စိတ်ဓာတ်ကျတဲ့အချိန်တွေလည်း ရှိခဲ့တယ်

"အားကျင့် ငါက မသန်မာလို့ မင်းပြန်မလာတော့တာဖြစ်မယ်နော်... "

"မင်းငါ့ကို အဆင့် ၁ ဖြစ်လာပြီး တစ်ကယ် နတ်ဘုရားဖြစ်လာတတာကိုစောင့်နေတာမလား?ငါလုပ်ရင် မင်းပြန်လာမှာလား?"

"ငါလည်း မင်းလိုပဲ စာမေးပွဲဖြေမယ်..."

————

ဂိမ်းရှိ ထိပ်တန်းကစားသမားများစာရင်းသည်ချင်ယွီအတွက် ဆက်လက်ကစားရန် နောက်ထပ် ကြီးမားသော လှုံ့ဆော်မှု ဖြစ်လာခဲ့သည်။ သူ့ရဲ့ နည်းစနစ်နဲ့ PK ကျွမ်းကျင်မှုကို လေ့ကျင့်ဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။

ဒီလိုနဲ့ပဲ  နှစ်နှစ်အကြာတွင် ထူးချွန်သောရလဒ်များနှင့်အတူ ချင်ယွီ သည် နာမည်ကြီး အထက်တန်းကျောင်းသို့ တက်ရောက်ခွင့်ရခဲ့သော်လည်း ဂိမ်းရှိ "နတ်သမီးလေး ကျင့်" အမည်သည် မီးခိုးရောင်ဖြစ်နေဆဲပင်။ ချင်ယွီ သည် သူ့အကြောင်း အားကျင့် သို့ သတင်းပို့နေသော်လည်း သူသည် သစ်ပင်တစ်ပင်နှင့် စကားပြောနေသလိုမျိုး သူ့စီသို့ ဘာမှ အကြောင်းပြန်မလာပါ။

တဖြည်းဖြည်းနှင့် ချင်ယွီသည်အားကျင့်ထံသို့ ပေးပို့သော မက်ဆေ့ချ်အရေအတွက် လျော့နည်းလာသည်။ အားကျင့် ကို သူမေ့သွားတာတော့ မဟုတ်ပေမယ့်  သူ့စာတွေက မိုက်မဲလွန်းတယ်လို့ ခံစားရလို့ပင်။ တစ်ခါတလေ အရင်က မှတ်တမ်းကို ကြည့်ကာ သူ့ကိုယ်သူ ကြိမ်းမောင်းတတ်သေး ၏ ...

မင်းက ဘယ်လိုများ ကလေးဆန်ရတာလဲ?။

ဥပမာအားဖြင့် သူသည် အဆင့်သတ်မှတ်ချက်စာရင်းတွင် ထိပ်ဆုံးဆယ်ဦးသို့ တက်သွားသောအခါ အားကျင့်အား ထိုစိတ်လှုပ်ရှားဖွယ် သတင်းအား ဝေမျှ ထားသည်ကို စာပို့ရန်ဝင် ကြည့်လိုက်ရင် မြင်နေရသည်ကို ချင်ယွီ သည် ရှက်လွန်း သဖြင့် သည်းမခံနိုင်ပေ။ ချင်ယွီသည် ဟဲကျင့် ပြန်လာသည်နှင့် သူ့ရဲ့အမှိုက်များစွာကို အရင်မြင်သွားမှာကို မလိုချင်ပေ။

နောက်နှစ်အကြာတွင် "နှလုံးသားမဲ့ မီး" အမည်သည် အဆင့်သတ်မှတ်ချက်စာရင်းတွင် ပို၍ပို၍မြင့်မားလာကာ ကစားသမားများမှာလည်း သူ့အကြောင်းကို သိလာလေလေဖြစ်ပြီး အမျိုးသမီးကစားသမားများပင်လျှင် သူ့ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလာကြသည်။ သို့သော် ချင်ယွီ သည် တစ်ယောက်တည်း ဂိမ်းကစားလေ့ရှိပြီး သူ့အတွက် ဇနီးမယားမဟုတ်ဘဲ ဂိမ်းတွင် ပြိုင်ဘက်များသာ လိုအပ်သည်။

တတိယနှစ်မြောက်တွင်  ဂိမ်းသည် "Spirit Fairy" ကို "Demon God" သို့ ပြန်လည်ပြင်ဆင်တော့မည်ဟု တရားဝင်ကြေငြာခဲ့သည်။ ပြန်လည်ပြင်ဆင်မှုတွင်  ဂိမ်းကုမ္ပဏီသည် အော့ဖ်လိုင်းကစားသူ၏ သိမ်းဆည်းထားသည့် အော့ဖ်လိုင်းမက်ဆေ့ချ်များအပါအဝင် ကစားသမားများ၏ စာပို့မှတ်တမ်းများအားလုံးကို ရှင်းလင်းမည်ဖြစ်သည်။

ဒီသတင်းကိုမြင်တော့ ချင်ယွီ စိတ်သက်သာရာရသလို ဝမ်းနည်းသွားတော့သည်။

ဂိမ်းပြန်လည်ပြင်ဆင်သည့်ညတွင် အသက် 17 နှစ်အရွယ် ချင်ယွီ သည် သူ့အဖေ၏လျှို့ဝှက်ဝီစကီပုလင်းကို ခိုးယူကာ ကွန်ပြူတာရှေ့တွင် ယစ်မူးစွာထိုင်ကာ အားကျင့် နှင့် သူမျှဝေခဲ့သည့် အတိတ်မက်ဆေ့ချ်အားလုံးကို စိုက်ကြည့်နေသည်။ ပထမဆုံတွေ့ခဲ့ကြသည့် လွန်ခဲ့သော 1175 ရက်ကို ပြန်သွားကြည့်သည်... ထိုရက်ပေါင်း 1100 သည် သူ၏တစ်ကိုယ်တည်းကပို့ထားသော စကားများဖြင့် ပြည့်နှက်နေခဲ့ပေမယ့်လည်းပေါ့

သူက ထိုစာများကို တစ်ခုချင်းစီ  ကြည့်ပြီး တစ်ခဏလောက် ပြုံးပြီး နောက် ငိုချ လာကာ အားကျင့် သူ့ကို မေ့သွားပြီလား လို့ အဆိုးမြင်စိတ်နဲ့ တွေးနေမိတော့သည်။

နာရီက ၁၂ နာရီမထိုးခင်မှာပဲ ချင်ယွီက ဒိုင်ယာလော့ခ်ဘောက်စ်မှာ နောက်ဆုံးစာကြောင်းကို တိတ်တဆိတ် ရိုက် ထည့်လိုက်သည်။

"အားကျင့် ငါမင်းကိုကြိုက်တယ်"

အချိန်ရေတွက်ချက်သည်  သုညဖြစ်သွားပြီး ဆာဗာချိတ်ဆက်မှုကို ဖြတ်တောက်လိုက်တော့သည်။ ယခင်ဗားရှင်းမှ စာပို့ဒေတာအားလုံးသည် ရှင်းလင်းသွားမည်ဖြစ်ပြီး ၎င်းနှင့်အတူ ချင်ယွီ၏ မိုက်မဲသော "အချစ်ဦးဒိုင်ယာရီ" သည်လည်း ပျောက်ကွယ်သွားလိမ့်မည်...

ထိုအချိန်မှစ၍ မီး ၏သူငယ်ချင်းများစာရင်းတွင် "နတ်သမီးလေးကျင့် " သည် မီးခိုးရောင်အဖြစ်သာ ကျန်ရှိတော့ပြီး အခေါင်းပေါက်အမည်တစ်ခုသာ ကျန်ရှိတော့သည်။

သို့သော် ချင်ယွီ သည် ထိုအမည်နှင့် ပတ်သက်ဆက်နွှယ်မှုမှာ ခဏတာ အိပ်မက်မျှသာ ဖြစ်မည်ဆိုလျှင်ပင် သူသည် နိုးထရန် ဆန္ဒမရှိခဲ့ဘဲ သူ့ကိုယ်သူ ကျေကျေနပ်နပ် ခံစားနေခဲ့သည်။

[T/N ကိုယ် ဒီ အပိုင်းကို မျက်ရည်တွေနဲ့ ဘာသာပြန်ခဲ့သည်။ခေါင်းစဉ်က ချိုသလောက် အတိတ်တွေက ခါးလိုက်တာနော်🥺]

Zawgyi

018: ငါ့ကို ေယာက်္ားလို႔ေခၚ

ဒီတစ္ႀကိမ္ေတြ႕ဆုံမႈအစကတည္းက မီး သည္ ဤျပႆနာကို တမင္တကာေရွာင္ေနသကဲ့သို႔ ယခင္က သူ႐ုတ္တရက္ ေအာ့ဖ္လိုင္းသြားရသည့္အေၾကာင္းအရင္းကို မီး က မေမးရေသးေပ။

ယင္းအစား ဟဲက်င့္ ၏ ေနာင္ႀကဳံေတြ႕ရႏိုင္သည့္ ျပႆနာမ်ားအေၾကာင္း စဥ္းစားေနၿပီး ၎တို႔၏အနာဂတ္ကို အေလးအနက္ေတြးကာ ဟဲက်င့္ ကို လက္ေဆာင္မ်ားႏွင့္ ကတိမ်ားသာေပးခဲ့သည္။

ထိုကဲ့သို႔ ေႏြးေထြးမႈေလး​ေၾကာင့္ဟဲက်င့္ သည္ ရင္ထဲ ထိသြားကာ သူ႔ကိုယ္သူ မထိန္းႏိုင္ဘဲ ေနာက္ဆုံးတြင္ ေမးမိေတာ့သည္။

"မီး ငါအြန္လိုင္းေပၚမလာေသးရင္ မင္းဆက္ေစာင့္ေနမွာလား?"

မီး သည္ ခဏေလာက္ တိတ္ဆိတ္သြားၿပီးေနာက္ "အင္း" ဟု ျငင္သာ စြာျပန္ေျဖသည္။

ေသခ်ာသေလာက္ ကို သူ က ဒီလိုပဲျပန္ေျဖမွာပင္....

ဟဲက်င့္ : "ဘာေၾကာင့္လဲ? ငါ ဒီဂိမ္းကိုဆက္ၿပီးကစားခ်င္မယ္ဆိုတာ ကလဲ မေသခ်ာေနဘူးေလ "

မီး : "မင္း မကစားခ်င္ဘူးလား? ဒါဆို မင္းဒီမွာ ဘာလုပ္ေနတာလဲ? "

အေမးခံရေသာဟဲက်င့္ သည္ ႐ုတ္တရက္ နင္ သြားသည္။ တကယ္ဆို သူ ကစားခ်င္ေနတာ... ဒါေပမယ့္ မီး က ဘာကို ေတြးေနလဲ သိခ်င္လြန္းလို႔ ေမးလိုက္မိတာပင္။အာ သူက သာမာန္ အင္တာနက္သုံးစြဲ သူေလးကို ဘာလို႔ ဒီလို လုပ္ရတာလဲ!!!

နတ္သမီးေလး က်င့္ : "ႏွစ္ေတြ အမ်ားႀကီးကုန္သြားၿပီး ငါ အြန္လိုင္းေပၚကို ေနာက္တစ္ခါ ထပ္မလာႏိုင္ေတာ့ဘူးလို႔ မင္းစိတ္ထဲမွာ ဘယ္တုန္းကမွ မေတြးခဲ့မိဘူးလား?"

ကြန္ရက္ခ်ိတ္ဆက္မႈ၏အျခားတစ္ဖက္တြင္ ခ်င္ယြီသည္ ဒိုင္ယာေလာ့ခ္ေဘာက္စ္ကို စိုက္ၾကည့္ေနသည္... အမွန္အတိုင္းေျပာရလွ်င္ သူလည္း ထူးဆန္းသလို ခံစားလိုက္ရသည္ အဘယ္ေၾကာင့္ ဆိုေသာ္ အဲ့လို အေတြး မ်ိဳး တစ္ခါမွ မေတြးခဲ့မိလို႔ပင္။

ဂိမ္းရွိလူတိုင္းသည္ သူ၏ "လက္ထပ္သည္" အေျခအေနကို ျမင္ႏိုင္ေသာ္လည္း သူ႔ဇနီးသည္ အြန္လိုင္းတြင္ ႏွစ္ေပါင္းမ်ားစြာ မရွိခဲ့ေၾကာင္း လူအနည္းငယ္သာ သိၾကသည္။ ေရေသ သည္ ထိုသူမ်ား အနက္မွ တစ္ေယာက္ ျဖစ္သည္။

မီး ကို သူ႔ဇနီးကို ေစာင့္ေနေသးသလားဟု တစ္ခါက အမွတ္မထင္ ေမးခဲ့ဖူးၿပီး မီး ၏ ခိုင္မာ ေသာ အေျဖကို ၾကားၿပီးေနာက္ ရံဖန္ရံခါတြင္ သူ႔အား ေလွာင္ေျပာင္ရန္ ဤကိစၥကို အသုံးျပဳေလ့ရွိၿပီး ဇနီးျဖစ္သူကို တစ္ႀကိမ္ေလာက္ ေမ့ကာ ေနာက္ထပ္ အသစ္ရွာရန္လည္း အႀကံေပးခဲ့ဖူးသည္။ သို႔ေသာ္လည္း ခ်င္ယြီ သည္ အက်င့္ ျဖစ္ေနကာ သူ ေျပာသမွ်ကို အေလးအနက္ မထားခဲ့ေပ။

ခ်င္ယြီက ေပါ့ေပါ့ပါးပါးသာ ေျပာခဲ့သည္။

"ငါ ဒါကိုသာ ငါေတြးမိရင္ ေစာင့္ေနတာကို ရပ္ေကာင္း ရပ္ လိုက္ မိမွာ"

ေသခ်ာတာေပါ့ အေၾကာင္းကေတာ့ အဲဒါကို ေတြးၾကည့္႐ုံတင္ တုံ႔ဆိုင္းေနၿပီး ဆုတ္ခြာသြားတဲ့ ခံစားခ်က္ကို ကိုယ္စားျပဳေနၿပီးသားပင္။

ထို႔ေၾကာင့္ သူသည္ ထိုအေၾကာင္းကို ႐ိုး႐ိုးရွင္းရွင္းပင္ မေတြးခဲ့ေတာ့ပါ။

မီး ၏အေျဖသည္ ဟဲက်င့္ ၏ႏွလုံးသားကို ေႏြးေထြးသြားေစခဲ့သည္။ ဟဲက်င့္ သည္ မူလက ေအးေအးေဆးေဆး ေနတတ္သူ ျဖစ္ေသာ္လည္း ထိုကဲ့သို႔ေသာ လူႏွင့္ ေတြ႕ဆုံကာ ထိုကဲ့သို႔ေသာ စကားလုံးမ်ားကို ၾကားလိုက္ရသျဖင့္ အနည္းငယ္ ေပ်ာ္ဝင္မိသြားသည္ ။

သူ႔ရင္ထဲမွာ ျဖစ္ေပၚလာတဲ့ မလြယ္ကူမူေတြကို ဖိႏွိပ္ရင္း ဟဲက်င့္ သည္ သူ႔စကားေတြကို အေသအခ်ာ ေ႐ြးခ်ယ္ၿပီး လိမၼာပါးနပ္စြာ အရိပ္အႁမြက္ေျပာခဲ့သည္။

"ဒါေပမယ့္ ဒီႏွစ္ေတြၾကာလာတဲ့အခါ မင္းေစာင့္ေမွ်ာ္ေနတဲ့ အဲဒီလူက ေျပာင္းလဲသြားၿပီး မင္းရဲ႕ မူလခံယူခ်က္နဲ႔ မတူေတာ့ဘူးဆိုရင္ ေရာ ဘယ္လိုလုပ္မလဲ? "

အားက်င့္ သည္ အြန္လိုင္းတြင္မရွိေတာ့သျဖင့္ ခ်င္ယြီ သည္ အခ်ိန္အေတာ္ၾကာ စိတ္ဓာတ္က်ခဲ့ရသည္။ သူ သည္ အားက်င့္ မရွိေတာ့ သျဖင့္ အရမ္းအထီးက်န္သလို စိတ္ဓာတ္က်ေနေပမယ့္လည္း ႐ိုးရွင္းစြာ ပင္ ဂိမ္းေဆာ့ တာကို ရပ္တန႔္လို႔ မရခဲ့ေပ။

ထို႔ေၾကာင့္ အားက်င့္ သည္ သူ႔ကို အေဖာ္ျပဳ ကာ သူ႔အနားတြင္ ရွိေနေသးသည္ ဟု စိတ္ကူး ျဖင့္သာ ေဆာ့ခဲ့ရသည္။ထို႔ေနာက္တြင္ သူစိတ္ဝင္စားသည့္ အရာမ်ား ေတြ႕တိုင္း သို႔မဟုတ္ ရႈခင္းအသစ္မ်ား ေတြ႕တိုင္း ၎အားလုံးကို မွတ္မိရန္ အတတ္ႏိုင္ဆုံး ႀကိဳးစားၿပီး ဟဲက်င့္ ကို ေစာင့္ေနခဲ့သည္။

ဒါမွ သူက ဟဲက်င့္ ျပန္လာခဲ့ရင္ ဒီအရာသစ္ေတြကို ျပဖို႔ သူ အေဖာ္လိုက္လုပ္ေပးလို႔ ရမွာပင္။

တစ္ခ်ိဳ႕အရာေတြကို သူ မွတ္မိေနခဲ့ၿပီး တစ္ခ်ိဳ႕အရာေတြကိုေတာ့ ေမ့သြားခဲ့၏။ ကမာၻႀကီးက ဆက္လက္ ေျပာင္းလဲေနၿပီး ဂိမ္းကလည္း အၿမဲတမ္းေျပာင္းလဲေနေပမယ့္အားက်င့္ နဲ႔ ဂိမ္းကစားရတဲ့ခံစားခ်က္ကို သူတစ္ခါမွမေမ့ခဲ့ေပ။...

တစ္ေယာက္နဲ႔ တစ္ေယာက္ ကာကြယ္ကာ သူတို႔ႏွစ္ေယာက္ အတူ ရွိေနသျဖင့္ သူအရမ္းေပ်ာ္ခဲ့ရသည္။ အထူးသျဖင့္ သူတို႔ရဲ႕ ဂိမ္း ထဲက မဂၤလာပြဲအၿပီးမွာအားက်င့္ အေၾကာင္း ေတြးတိုင္း သူ႔ရင္ခုန္သံ စည္းခ်က္ လြဲမွားခဲ့ ရတာကို သူ မတားႏိုင္ခဲ့ပါ။

ဤရင္ခုန္သံသည္ အားက်င့္ မွလြဲ၍ အျခားမည္သူမွ် သူ႔ကို ထိုသို႔မခံစားေစခဲ့ေပ။

ဒီလိုနဲ႔ပဲ ရွစ္ႏွစ္ၾကာသြားၿပီးေနာက္ မွာေတာ့ အားက်င့္ သည္ အြန္လိုင္းတြင္ တစ္ဖန္ျပန္လည္ေရာက္ရွိခဲ့သည္။ ထိုနာမည္ကို ျမင္လိုက္သည္ႏွင့္ပင္ ခ်င္ယြီ၏ ႏွလုံးသားသည္ သူ႔ရင္ဘတ္ထဲမွ ခုန္ထြက္လုမတတ္...

ေမွာ္ဆန္ဆန္ပင္ ဒီလူဟာ တကယ္ပဲ တစ္ေယာက္တည္းဆိုတာ ကို သူအတည္ျပဳႏိုင္ခဲ့ေလသည္။

ခ်င္ယြီ : "အဲ့ေတာ့လဲ ဘာျဖစ္လဲ မင္းက မင္းပဲေလ ကြန္ျပဴတာရဲ႕ အျခားတစ္ဖက္က မင္းကတကယ္ေခြးတစ္ေကာင္ျဖစ္ေနရင္ေတာင္ ငါဂ႐ုမစိုက္ဘူး။မင္းက ငါ့မိန္းမပဲေလ။ "

[T/N ေခြးျဖစ္သြားေသာ ဟဲက်င့္ အတြက္ မ်က္ရည္ ႏွစ္စက္]

မီး သုံးေသာ ေလသံသည္ ခ်စ္ျခင္းေမတၱာ အရိပ္အႁမြက္ပါေသာ္လည္း ႐ိုင္းလြန္းသျဖင့္ဟဲက်င့္ ၏ နား႐ြက္ကို ထုံက်ဥ္ေစကာ သူ႔မ်က္ႏွာတစ္ခုလုံး ကို ပူထူသြားေစသည္ ။ သူ၏ "ၿပီးျပည့္စုံေသာ" အေျဖသည္ တစ္နည္းတစ္ဖုံအားျဖင့္ဟဲက်င့္ ကိုရင္ခုန္သြားေစကာ သူ ၏ လိင္အမ်ိဳး အစားႏွင့္ ပတ္သက္ၿပီး ရႈပ္ယွက္ခတ္ေနေသာ အရႈပ္အေထြးသည္လည္း အဓိပၸါယ္မဲ့သြားသလိုပင္။

ဤအခိုက္အတန႔္တြင္ဟဲက်င့္ သည္မီး ႏွင့္ ဤကဲ့သို႔ ဆက္ေနလိုျခင္း၊ သူ႔အား ဘာမွ် မေျပာရန္ ၊ ဤရွစ္ႏွစ္တာ အေႂကြးကို ဆပ္ရန္ႏွင့္ သူ႔ေမွ်ာ္လင့္ခ်က္အားလုံးကို ျပည့္မီေစရန္ ႐ုတ္ခ်ည္း တြန္းအားတစ္ခု ရွိလာသည္ ။

သို႔ေသာ္ သူေျဖရန္အခြင့္အေရးမရမီ မီးသည္ ႐ုတ္တရက္ ေခါင္းစဥ္ေျပာင္းသြားသည္။

"ဒါေပမယ့္လည္း မင္းနည္းနည္း ေျပာင္းလဲသြားတယ္လို႔ ငါတကယ္ခံစားရတယ္။"

ဟဲက်င့္ : "....!!"  မီး သတိထားမိသြားၿပီလား?

မီး- "မင္း ပိုလို႔ေတာင္ ခ်စ္ဖို႔ေကာင္းလာတယ္လို႔ ထင္တယ္"

ဟဲက်င့္ : "..."

မီး က မိုက္မဲစြာဆက္ေျပာသည္ : "ငါ့အရင္က ေျပာခဲ့တဲ့ ေနာက္ဆုံးစာေၾကာင္း ေၾကာင့္ မင္းေၾကာက္သြားတယ္လို႔ မေျပာနဲ႔ေနာ္... ဒါေၾကာင့္ မင္း အရမ္းေၾကာက္သြားၿပီး ခ်က္ခ်င္း ေအာ့ဖ္လိုင္း ဆင္းသြားတာေပါ့ ဟမ္?"

နတ္သမီးေလး က်င့္ : "ငါ... အေဆာင္မွာ မီးပ်က္သြားလို႔"

ဤတစ္ႀကိမ္တြင္ မီး သည္ က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၿပီး ဟဲက်င့္ ၏ "ဆင္ေျခ" ကို မယုံပုံရေသာ္လည္း သူက "ငါထင္သားပဲ" ဟု ေျပာေသးသည္။

ဟဲက်င့္ : "... "  ဘာလို႔ ငါ အစခံရျပန္ၿပီလို႔ ခံစားေနရတာလဲ ? (=_=)

အလုံအေလာက္ေပ်ာ္ခဲ့ရၿပီးေနာက္ သည္ သူ႔ကိုယ္သူတည္ ၿငိမ္ေအာင္လုပ္လိုက္ၿပီး

"မင္းကို ငါ ဒီတိုင္းႀကီး ေစာင့္ေနခဲ့တာ မဟုတ္ပါဘူး ဒီႏွစ္ေတြမွာ ငါ ဂိမ္းေကာင္းေကာင္းကစားခဲ့ၿပီး သူငယ္ခ်င္း ေတြလဲရခဲ့တယ္ မင္းငါ့ကို သနားေနစရာ မလိုဘူး။ ငါအရမ္းကို ေပ်ာ္႐ႊင္စြာနဲ႔ ကစားခဲ့တာပါ
ဒါေၾကာင့္ ငါ့ကို အားနာ စိတ္ ျဖစ္စရာမလိုပါဘူး"

ဟဲက်င့္ အံ့အားသင့္သြားသည္ ဒါအမွန္ပဲလား?သို႔ေသာ္ သူသံသယျဖစ္ေနဆဲပင္ ။ မီး ၏ ေအးျမေသာေလကဲ့သို႔ သေဘာထားသည္ဟဲက်င့္ ၏စိတ္ကို ေျဖေလွ်ာ့ရန္ မ်ားစြာအေထာက္အကူျဖစ္ေစခဲ့သည္။

မီး : "ေသခ်ာတာေပါ့ မင္းဒီမွာရွိေတာ့ ငါ ပိုေပ်ာ္တယ္ . ဒါေပမယ့္ မင္း ဆက္မကစားခ်င္ေတာ့ဘူး ဆိုရင္ ငါ့ကို အသိေပးေလ ဒါဆို ငါတို႔ ေသေသခ်ာခ်ာေလး ႏႈတ္ဆက္လို႔ရတာေပါ့ ငါ မင္းကို ထြက္သြားဖို႔ မတားပါဘူးလို႔ ငါကတိေပးတယ္။ မင္းဘယ္လိုထင္လဲ?"

ဟဲက်င့္: "..."

အဲ့လိုကလဲ မျဖစ္နိင္တာေတာ့ မဟုတ္ပါဘူး ဒီဂိမ္းကစားတာ နဲ႔ ပတ္သက္ၿပီး အနည္းငယ္ရႈပ္ေထြးေနေပမယ့္ေပါ့ေလ။

သူ ဆက္မကစားခ်င္ဘူး ဟုတ္လား? ဘယ္လိုလုပ္ မကစားပဲေနရမွာလဲ သူ ဒီလူဆီက အံ့ၾသစရာေကာင္းတဲ့ လက္ေဆာင္တစ္ခုကို သူ အခုပဲ လက္ခံရရွိခဲ့တာေလ။

အခုလည္း " မင္း ရွိလို႔ ပိုေပ်ာ္တယ္ " လို႔ ေျပာတာကိုေတာင္ ၾကားလိုက္ရေတာ့  သူ ဘယ္လို ျငင္းႏိုင္ေတာ့မလဲ

ဒါပါပဲ...

နတ္သမီးေလး က်င့္: "အရင္က ငါတို႔အၾကင္လင္မယား တာဝန္ လုပ္တုန္း ကငါနဲ႔ လက္ေတြ႕ဆန္တဲ့ ဆက္ဆံေရးကို ထူေထာင္ခ်င္လားလို႔ ေမးတဲ့ေမးခြန္းတစ္ခု ကို မင္းက 'လုပ္မယ္' လို႔ ေျဖခဲ့တယ္... မင္းအဲ့တာကို တစ္ကယ္ ေျပာတာလား? "

ခ်င္ယြီ က မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။

"ဘာလို႔လဲ? တစ္ကယ့္ အျပင္မွာ မင္းတြက္ ထူးျခားတဲ့ သူ ရွိလို႔လား?"

နတ္သမီးေလးက်င့္ : "မရွိပါဘူး..."

ခ်င္ယြီ၏ ပါးစပ္ေထာင့္ေလးသည္ ျမင့္တတ္သြားေတာ့သည္။

"ငါသိၿပီ မင္း က ဒီဂိမ္းကို ဒီတိုင္းပဲ ေဆာ့ၿပီး တကယ့္ဘဝနဲ႔ မပတ္သက္ခ်င္ဘူးလား?"

နတ္သမီးေလး က်င့္ :  "ဟုတ္တယ္။"

ခ်င္ယြီ :  "ေကာင္းၿပီ ငါ မင္းကို ကတိေပးတယ္။ ဂိမ္းထဲမွာ ျဖစ္တာေတြကို ဂိမ္းထဲမွာပဲ ထားမယ္။မင္း အျပင္က အသြင္အျပင္က အရပ္ရွည္သည္ျဖစ္ေစ ပိန္သည္ျဖစ္ေစ ေယာက္်ားေလးျဖစ္ေစ မိန္းကေလးျဖစ္ေစ လွသည္ျဖစ္ေစ ႐ုပ္ဆိုးသည္ျဖစ္ေစ က်န္းမာသည္ျဖစ္ေစ မသန္မစြမ္းျဖစ္ေနသည္ျဖစ္ေစ  မင္းဘယ္လိုပုံပန္းသ႑န္နဲ႔တူလဲဆိုတာ ငါ ပြစိပြစိ မေျပာပါဘူး....

မင္းငါ့မိန္းမအျဖစ္ ဂိမ္းထဲမွာရွိေနသေ႐ြ႕ ငါ တျခား အရာေတြကို ဂ႐ုမစိုက္ဘူး မင္းမေျပာခ်င္ရင္ ငါေမးမွာမဟုတ္ဘူး။ ဘယ္လိုလဲ? မင္းမွာ ေမးစရာေတြရွိေသးလား။?"

ဟဲက်င့္  သက္ျပင္းခ်လိုက္ကာ "မရွိေတာ့ဘူး"

သူဘာေျပာစရာရွိဉီးမွာလဲ? စကားလုံးတိုင္း အာလုံးနီးပါးသည္ဟဲက်င့္ စိတ္ထဲမွာ ေတြးေနခဲ့တာေတြ သူလိုခ်င္တာေတြကို မီးက အတိအက် ေျပာသြားသည္မွာ မီး ကသူ႔စိတ္ကို ဖတ္ႏိုင္ သည္ဟု ခံစားမိ မတတ္ပင္။

ႏွလုံးသားမဲ့ မီး :"မင္းမွာ ဘာျပႆနာမွ မရွိေတာ့ဘူးဆိုရင္ ငါလဲ မင္းစီက ေတာင္းဆိုစရာ တစ္ခုရွိတယ္။"

နတ္သမီးေလးက်င့္ : "အဲ့ဒါ ဘာလဲ?"

ႏွလုံးသားမဲ့ မီး : "ေနာက္ က် ဂိမ္းကစားတဲ့အခါ ငါ့ကိုေယာက်္ားလို႔ေခၚ။"

ဟဲက်င့္: "..."

ႏွလုံးသားမဲ့ မီး : "မင္းလုပ္ေပးႏိုင္မလား?"

ခ်င္ယြီ၏ေတာင္းဆိုမႈသည္ အမွန္တကယ္ေတာ့ ထူးဆန္းသည္မဟုတ္ေပ သူတို႔ကဂိမ္းထဲမွာ လင္မယားပဲေလ။ ဒါေပမယ့္ သာမာန္ေကာင္ေလးတစ္ေယာက္ျဖစ္တဲ့ ဟဲက်င့္ အတြက္ေတာ့ သူနဲ႔ လိင္ အမ်ိဳးအစားတူတူ တစ္ေယာက္ကို "ေယာက်္ား" လို႔ ႐ုတ္တရက္ေခၚရသည္မွာ.. သူရွက္တယ္ေလလို႔ အာ!

ဟဲက်င့္ က ညႇိႏႈိင္းဖို႔ႀကိဳးစားေလသည္။

"မင္းငါ့ကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ အခ်ိန္ခဏေလာက္ေပးလို႔ရမလား?"

မီးက သူ႔ကို စေလသည္။

"ဘာကို လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ လုပ္မွာလဲ? မင္းခဏခဏေခၚမွ အက်င့္ျဖစ္မွာေပါ့။ေျပာရမယ္ဆို မင္းက စာပဲ ႐ိုက္တာေလ မင္းပါးစပ္နဲ႔ေျပာတာေတာင္ မဟုတ္ဘူး"

ဟဲက်င့္: "..." (=_=)

နတ္သမီးေလး က်င့္  : "ငါတို႔ မေတြ႕တာ ႏွစ္ေတာ္ေတာ္ၾကာၿပီ  ငါ အသားမက်ေသးဘူး"

ႏွလုံးသားမဲ့ မီး : "အာ ! အရမ္းရွက္တတ္တာပဲ"

ဟဲက်င့္ : "......"

မီး : "ေကာင္းၿပီ ဒါဆို မင္းကို သုံးရက္ေပးမယ္။"

***

※  Spirit Fairy ※  (ရွစ္)

ဂိမ္းထဲမွာ အားက်င့္ မရွိေတာ့ဘူး အစပိုင္းမွာ ဆုံးရႈံးၿပီး ဝမ္းနည္းေနတဲ့ ခ်င္ယြီက ဒီအျဖစ္မွန္ကို တျဖည္းျဖည္းခ်င္း လက္ခံလာတယ္။ ဒါကိုလုပ္ႏိုင္ ဖို႔ သုံးႏွစ္ေလာက္ အခ်ိန္ယူခဲ့ရေပမယ့္လည္းေပါ့ေလ။

လြန္ခဲ့သည့္ သုံးႏွစ္အတြင္း မည္သူကိုမွ သူငယ္ခ်င္းေတာင္းဆိုခ်က္ကို မေပးပို႔ခဲ့ပဲ  မရည္႐ြယ္ဘဲ ထည့္ထားသည့္ အျခားျဖတ္သန္းသြားသူမ်ားကိုလည္း ဖ်က္ခဲ့သည္။"မင္းသူငယ္ခ်င္း xx-and xx အြန္လိုင္းျဖစ္ေနသည္" ဟူေသာ အခ်က္ျပသည့္စနစ္ကို မျမင္ခ်င္ေသာေၾကာင့္ သူငယ္ခ်င္းစာရင္းတြင္ "နတ္သမီးေလးက်င့္" ဟူေသာ အမည္တစ္ခုသာ ခ်န္ထားခဲ့သည္။ ဒီနာမည္စီမွ လာတာမဟုတ္ရင္ေတာ့ အလြတ္ထားရတာ ပိုေပ်ာ္တယ္။

သူ အထီးက်န္ေနခ်ိန္တိုင္း ခ်င္ယြီ သည္အားက်င့္ ၏အမည္ကိုဖြင့္ရန္ ကာဆာေထာက္ၿပီး တစ္ဖက္ကစားသမားထံ ေအာ့ဖ္လိုင္းမက္ေဆ့ခ်္တစ္ခု ေပးပို႔သည္။

"အားက်င့္ မင္းအြန္လိုင္းမွာမရွိခ်ိန္မွာ ငါအဆင့္ 40 နီးပါးရွိေနၿပီ!"

"မေန႔က Fairy Island မွာDugeon ဝင္ခဲ့တာ ကံေကာင္းၿပီးေတာ့ ႀကိဳးၾကာ ရခဲ့တယ္ေလအခု ငါပ်ံႏိုင္ေနၿပီ မင္း ျပန္လာရင္ ငါ့ကို မနာလိုမျဖစ္ပါနဲ႔ ဟီးဟီး။

"ငါ မင္းကို စတာပါ !... မင္းေရာက္လာရင္ မင္းကို အဆင့္ျမႇင့္ဖို႔ ငါေခၚသြားမယ္ မင္း ငါနဲ႔ တူတဲ့ အဆင့္ေရာက္တဲ့အထိ ေစာင့္ၿပီး ဆက္ကစားမယ္! ^_^"

"အားက်င့္ ေကာင္းကင္ဘုံ က အရမ္းလွတယ္!"

"ေကာင္းကင္ဘုံ မွာ အဆင့္ျမင့္ကစားသမားေတြ အမ်ားႀကီးပဲ ငါ အႀကိမ္ႀကိမ္ေသခဲ့တယ္..."

"မင္း ေကာင္းကင္ဘုံ ေပၚကေန ခုန္ခ်လိုက္ရင္ မင္း နယ္နိမိတ္ထဲကို တိုက္႐ိုက္ျပဳတ္က်ၿပီး ေသလိမ့္မယ္ ငါ စကၠန႔္ 20 ျပည့္ေအာင္ ျပဳတ္က်ခဲ့တယ္... ဒါေပမယ့္ ရႈခင္းက အရမ္းလွတယ္..."

"အားက်င့္  ငါ စာေသခ်ာ လုပ္ေနၿပီ သင္ယူရတာ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္"

"အားက်င့္ ငါ အဆင့္ျပည့္နီးပါးရွိေနၿပီ!"

————-

ေသခ်ာတာေပါ့ စာပို႔တာ တစ္ခုထဲ မဟုတ္သလို ခ်င္ ယြီသည္ ဟဲက်င့္ ျပန္လာသည့္ အခါ ဘယ္လို စေျပာရမလဲဆိုတာလဲ  စိတ္ကူးယဥ္တတ္ေသး၏။

"အားက်င့္  မင္းေနာက္ဆုံးေတာ့ ေရာက္လာၿပီပဲ ငါမင္းကိုေစာင့္ေနတာ အၾကာႀကီးပဲ ငါခါးသီးတယ္ လို႔ခံစားရတယ္ !"

ေကာင္းၿပီ ခင္ပြန္းတစ္ေယာက္အေနနဲ႔ ဒါက မမိုက္ေနဘူး။ (=_=)

"အားက်င့္ ငါမင္းကိုလြမ္းတယ္..."

႐ြံမုန္းဖို႔ေကာင္းတယ္! မေျပာႏိုင္ဘူး! (=_=#)

"အားက်င့္ မေတြ႕တာၾကာၿပီေနာ္..."

- ဒီေလာက္ ယဥ္ေက်းတယ္! သ႐ုပ္ေဆာင္သာလုပ္လိုက္ပါေတာ့! (/= _=)/~ ┴┴

————

တစ္ခါက ခ်င္ယြီ ဟာ သူ႔နာမည္ကို "Spirit Fairy" အဆင့္သတ္မွတ္ခ်က္စာရင္းမွာ မေတာ္တဆေတြ႕ရွိခဲ့ၿပီး သူ႔ရဲ႕စိတ္လႈပ္ရွားမႈကို မွ်ေဝခ်င္တဲ့ ပထမဆုံးသူကေတာ့ အားက်င့္ေပ။

"အားက်င့္! ငါ အဆင့္သတ္မွတ္ခ်က္ ဇယားထဲမွာ ပါတယ္ သိလား ဟားဟား! [😎] မင္းအြန္လိုင္းေပၚေရာက္လာတဲ့အခါ မင္း ငါ့ကို နတ္ဘုရားလို႔ ေခၚလို႔ရၿပီ [😎]"

"အားက်င့္ ငါ ဒီေန႔ အဆင့္ ၃၇ ရတယ္  ဒီဂိမ္းက ပိုပိုၿပီး ေပ်ာ္စရာေကာင္းလာၿပီ။"

ဟုတ္ပါတယ္ ကိစၥေတြက အဆင္မေျပတဲ့ အခ်ိန္ေတြလည္းရွိေလသည္။

"ဒီေန႔ အရမ္းအစြမ္းထက္တဲ့လူတစ္ေယာက္နဲ႔ေတြ႕ၿပီး အခ်ိန္တိုင္း သူသတ္တာခံေနရတယ္... [😤]"

"သူက အဆင့္ 30... [😤]"

အေကာင္းျမင္တဲ့ အခ်ိန္ေတြရွိေပမဲ့ စိတ္ဓာတ္က်တဲ့အခ်ိန္ေတြလည္း ရွိခဲ့တယ္

"အားက်င့္ ငါက မသန္မာလို႔ မင္းျပန္မလာေတာ့တာျဖစ္မယ္ေနာ္... "

"မင္းငါ့ကို အဆင့္ ၁ ျဖစ္လာၿပီး တစ္ကယ္ နတ္ဘုရားျဖစ္လာတတာကိုေစာင့္ေနတာမလား?ငါလုပ္ရင္ မင္းျပန္လာမွာလား?"

"ငါလည္း မင္းလိုပဲ စာေမးပြဲေျဖမယ္..."

————

ဂိမ္းရွိ ထိပ္တန္းကစားသမားမ်ားစာရင္းသည္ခ်င္ယြီအတြက္ ဆက္လက္ကစားရန္ ေနာက္ထပ္ ႀကီးမားေသာ လႈံ႕ေဆာ္မႈ ျဖစ္လာခဲ့သည္။ သူ႔ရဲ႕ နည္းစနစ္နဲ႔ PK ကြၽမ္းက်င္မႈကို ေလ့က်င့္ဖို႔ အေကာင္းဆုံး ႀကိဳးစားခဲ့သည္။

ဒီလိုနဲ႔ပဲ ႏွစ္ႏွစ္အၾကာတြင္ ထူးခြၽန္ေသာရလဒ္မ်ားႏွင့္အတူ ခ်င္ယြီ သည္ နာမည္ႀကီး အထက္တန္းေက်ာင္းသို႔ တက္ေရာက္ခြင့္ရခဲ့ေသာ္လည္း ဂိမ္းရွိ "နတ္သမီးေလး က်င့္" အမည္သည္ မီးခိုးေရာင္ျဖစ္ေနဆဲပင္။ ခ်င္ယြီ သည္ သူ႔အေၾကာင္း အားက်င့္ သို႔ သတင္းပို႔ေနေသာ္လည္း သူသည္ သစ္ပင္တစ္ပင္ႏွင့္ စကားေျပာေနသလိုမ်ိဳး သူ႔စီသို႔ ဘာမွ အေၾကာင္းျပန္မလာပါ။

တျဖည္းျဖည္းႏွင့္ ခ်င္ယြီသည္အားက်င့္ထံသို႔ ေပးပို႔ေသာ မက္ေဆ့ခ်္အေရအတြက္ ေလ်ာ့နည္းလာသည္။ အားက်င့္ ကို သူေမ့သြားတာေတာ့ မဟုတ္ေပမယ့္  သူ႔စာေတြက မိုက္မဲလြန္းတယ္လို႔ ခံစားရလို႔ပင္။ တစ္ခါတေလ အရင္က မွတ္တမ္းကို ၾကည့္ကာ သူ႔ကိုယ္သူ ႀကိမ္းေမာင္းတတ္ေသး ၏ ...

မင္းက ဘယ္လိုမ်ား ကေလးဆန္ရတာလဲ?။

ဥပမာအားျဖင့္ သူသည္ အဆင့္သတ္မွတ္ခ်က္စာရင္းတြင္ ထိပ္ဆုံးဆယ္ဦးသို႔ တက္သြားေသာအခါ အားက်င့္အား ထိုစိတ္လႈပ္ရွားဖြယ္ သတင္းအား ေဝမွ် ထားသည္ကို စာပို႔ရန္ဝင္ ၾကည့္လိုက္ရင္ ျမင္ေနရသည္ကို ခ်င္ယြီ သည္ ရွက္လြန္း သျဖင့္ သည္းမခံႏိုင္ေပ။ ခ်င္ယြီသည္ ဟဲက်င့္ ျပန္လာသည္ႏွင့္ သူ႔ရဲ႕အမႈိက္မ်ားစြာကို အရင္ျမင္သြားမွာကို မလိုခ်င္ေပ။

ေနာက္ႏွစ္အၾကာတြင္ "ႏွလုံးသားမဲ့ မီး" အမည္သည္ အဆင့္သတ္မွတ္ခ်က္စာရင္းတြင္ ပို၍ပို၍ျမင့္မားလာကာ ကစားသမားမ်ားမွာလည္း သူ႔အေၾကာင္းကို သိလာေလေလျဖစ္ၿပီး အမ်ိဳးသမီးကစားသမားမ်ားပင္လွ်င္ သူ႔ကို ပြင့္ပြင့္လင္းလင္း ဝန္ခံလာၾကသည္။ သို႔ေသာ္ ခ်င္ယြီ သည္ တစ္ေယာက္တည္း ဂိမ္းကစားေလ့ရွိၿပီး သူ႔အတြက္ ဇနီးမယားမဟုတ္ဘဲ ဂိမ္းတြင္ ၿပိဳင္ဘက္မ်ားသာ လိုအပ္သည္။

တတိယႏွစ္ေျမာက္တြင္  ဂိမ္းသည္ "Spirit Fairy" ကို "Demon God" သို႔ ျပန္လည္ျပင္ဆင္ေတာ့မည္ဟု တရားဝင္ေၾကျငာခဲ့သည္။ ျပန္လည္ျပင္ဆင္မႈတြင္  ဂိမ္းကုမၸဏီသည္ ေအာ့ဖ္လိုင္းကစားသူ၏ သိမ္းဆည္းထားသည့္ ေအာ့ဖ္လိုင္းမက္ေဆ့ခ်္မ်ားအပါအဝင္ ကစားသမားမ်ား၏ စာပို႔မွတ္တမ္းမ်ားအားလုံးကို ရွင္းလင္းမည္ျဖစ္သည္။

ဒီသတင္းကိုျမင္ေတာ့ ခ်င္ယြီ စိတ္သက္သာရာရသလို ဝမ္းနည္းသြားေတာ့သည္။

ဂိမ္းျပန္လည္ျပင္ဆင္သည့္ညတြင္ အသက္ 17 ႏွစ္အ႐ြယ္ ခ်င္ယြီ သည္ သူ႔အေဖ၏လွ်ိဳ႕ဝွက္ဝီစကီပုလင္းကို ခိုးယူကာ ကြန္ျပဴတာေရွ႕တြင္ ယစ္မူးစြာထိုင္ကာ အားက်င့္ ႏွင့္ သူမွ်ေဝခဲ့သည့္ အတိတ္မက္ေဆ့ခ်္အားလုံးကို စိုက္ၾကည့္ေနသည္။ ပထမဆုံေတြ႕ခဲ့ၾကသည့္ လြန္ခဲ့ေသာ 1175 ရက္ကို ျပန္သြားၾကည့္သည္... ထိုရက္ေပါင္း 1100 သည္ သူ၏တစ္ကိုယ္တည္းကပို႔ထားေသာ စကားမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့ေပမယ့္လည္းေပါ့

သူက ထိုစာမ်ားကို တစ္ခုခ်င္းစီ  ၾကည့္ၿပီး တစ္ခဏေလာက္ ၿပဳံးၿပီး ေနာက္ ငိုခ် လာကာ အားက်င့္ သူ႔ကို ေမ့သြားၿပီလား လို႔ အဆိုးျမင္စိတ္နဲ႔ ေတြးေနမိေတာ့သည္။

နာရီက ၁၂ နာရီမထိုးခင္မွာပဲ ခ်င္ယြီက ဒိုင္ယာေလာ့ခ္ေဘာက္စ္မွာ ေနာက္ဆုံးစာေၾကာင္းကို တိတ္တဆိတ္ ႐ိုက္ ထည့္လိုက္သည္။

"အားက်င့္ ငါမင္းကိုႀကိဳက္တယ္"

အခ်ိန္ေရတြက္ခ်က္သည္  သုညျဖစ္သြားၿပီး ဆာဗာခ်ိတ္ဆက္မႈကို ျဖတ္ေတာက္လိုက္ေတာ့သည္။ ယခင္ဗားရွင္းမွ စာပို႔ေဒတာအားလုံးသည္ ရွင္းလင္းသြားမည္ျဖစ္ၿပီး ၎ႏွင့္အတူ ခ်င္ယြီ၏ မိုက္မဲေသာ "အခ်စ္ဦးဒိုင္ယာရီ" သည္လည္း ေပ်ာက္ကြယ္သြားလိမ့္မည္...

ထိုအခ်ိန္မွစ၍ မီး ၏သူငယ္ခ်င္းမ်ားစာရင္းတြင္ "နတ္သမီးေလးက်င့္ " သည္ မီးခိုးေရာင္အျဖစ္သာ က်န္ရွိေတာ့ၿပီး အေခါင္းေပါက္အမည္တစ္ခုသာ က်န္ရွိေတာ့သည္။

သို႔ေသာ္ ခ်င္ယြီ သည္ ထိုအမည္ႏွင့္ ပတ္သက္ဆက္ႏႊယ္မႈမွာ ခဏတာ အိပ္မက္မွ်သာ ျဖစ္မည္ဆိုလွ်င္ပင္ သူသည္ ႏိုးထရန္ ဆႏၵမရွိခဲ့ဘဲ သူ႔ကိုယ္သူ ေက်ေက်နပ္နပ္ ခံစားေနခဲ့သည္။

[T/N ကိုယ္ ဒီ အပိုင္းကို မ်က္ရည္ေတြနဲ႔ ဘာသာျပန္ခဲ့သည္။ေခါင္းစဥ္က ခ်ိဳသေလာက္ အတိတ္ေတြက ခါးလိုက္တာေနာ္🥺]

Continue Reading

You'll Also Like

55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
7.1M 176K 20
Book 1: The Billionaire's Obsession 21 year-old Emily Pierce works as a bartender in one of the most popular nightclubs in New York. One night she g...
22.4M 446K 36
[PUBLISHED UNDER POP FICTION, AN IMPRINT OF SUMMIT MEDIA] One competition, one man, twenty-five women, and a bet. Zachary Astor wanted to be the Bach...
53.3M 1.6M 63
[#1 Teen Fiction | #1 in Romance] Bad boy Luke Dawson is stuck living with clumsy nobody Millie Ripley for the summer. When she ran over his most p...