Part(16)
စိုင်းစဝ်တို့ နေ့လည် နှစ်နာရီ အချိန်တွင် ရောက်ရှိသည်။ စိုင်းစဝ်တို့ရောက်သည့်နေရာသည် တောင်ခြေတစ်ခုအောက်တွင်ဖြစ်သည်။ အနီးရှိရေတံခွန်သို့ လာကြသည်မို့ ရေတံခွန်ထံသို့ လမ်းလျှောက်သွားရမည်ဖြစ်သည်။ စိုင်းစဝ် အထုပ်ကို သယ်ရန် ယူလိုက်သည်။
"အချစ် မသယ်နဲ့ ကိုယ်သယ်ခဲ့မယ် အချစ်က ဒီအတိုင်သွား "
"ရတယ် မလိုဘူး ငါ ဒီအတိုင်းမသွားချင်ပါဘူး"
"အဲ့ဆို အချစ်ရဲ့ မုန့်အိတ်ဘဲသယ်လိုက်ဟုတ်ပြီလား အဝတ်အိတ်ထဲမှာ ကိုယ့်အဝတ်အစားလဲ ပါတယ်လေ ဘာမှဖြစ်ဘူး နော်"
"ပြီးရော သွားမယ်"
စိုင်းစဝ်တို့ နားမည့်ရေတံခွန်ထံ ရောက်ရန် မိနစ်20ခန့် လမ်းလျှောက်ရသေးသည်။ ရေတံခွန်နားနီးလာသည်နှင့်အမျှ ရေကျသံကို ကြားလိုက်ရသည်။
ရေတံခွန်သည် 7ထပ်ရှိသည့် ရေတံခွန်ဖြစ်သည်။ ထိပ်ဆုံးအထပ်မှ ရေများအစီးသန့်သဖြင့် 7ထပ်တွငါ အပေါ်ဆုံး 4ထပ်အား လူများမတတ်ရန် တားမြစ်ထားသည်ကို တွေ့ရသည်။
ရေတံခွန်အနီးတွင် အဆောက်အဦး တစ်ခုရှိသည်။ ရေတံခွန်က ထိုအဆောက်အဦး၏ အနားတွင်ရှိနေသော ကြိုးတံတားတစ်ခုအား လျှောက်ပြီးမှ ရောက်သည်။
"ကဲ ဆရာမတို့ မိန်းကလေးတွေက အိမ်ထဲက အဆောက်အဦးထဲမှာ အကုန်စုနေရမယ် ယောင်္ကျားလေးတွေကတော့ ဒီက လူကြီးတွေ ဆောက်ပေးတဲ့တဲလေးတွေမှာ 2ယောက်တစ်ခန်းနေကြမယ်နော် "
"ဟုတ်ကဲ့ဆရာမ"
"ညဘက်တွေ ကိုယ့်တဲထဲမှာဘဲနေကြပါ ည8နာရီ ဆရာမလူစစ်ပါမယ်နော် ဒီဘက်က ကိုယ့်အရပ်ဒေသမဟုတ်တဲ့အတွက် သေချာလေးဂရုစိုက်ကြမယ်နော်"
"ဟုတ်ကဲ့ပါဆရာမ"
"အချစ်က ကိုယ်နဲ့နေနော်"
ဆရာမပြောပြီးသည်နှင့် ဝီလျှံရှိန်းက ပြောလာသည်။
"ဒါပေမယ့် သူရက ဘယ်လိုလုပ်မလဲ"
"စိုင်းစဝ် ငါကရတယ် မင်းတို့နှစ်ယောက်နေလိုက် မင်းရဲ့လူက နောက်ထပ်အသိရှိပုံလဲ မပေါ်ဘူး ငါဟိုဘက်က တဲမှာ နေလိုက်မယ်"
" အွန်း အဲ့ဆို ငါတို့နဲ့ ဘေးကပ်ရက်ဘဲမလား"
"ဟုတ်တယ် ခနနေမှ တွေ့ကြမယ်"
"အွန်း ဟုတ်ပြီ"
သူရက စိုင်းစဝ်တို့၏ ဘေးက တဲထဲသို့ ဝင်သွားသည်။
"အချစ်ကိုယ်တို့လဲ ဝင်ကြမယ်လေ ပြီးမှ ရေတံခွန်ကို သွားကြည့်ကြမယ်"
စိုင်းစဝ် ခေါင်းညိမ့်ပြကာ တဲထဲသို့ဝင်လိုက်သည်။
တဲလေးသည် အထဲတွင် ချစ်စရာအလွန်ကောင်းသည်။ ဆိုလာမီးလုံးအဝါရောင်လေးကို ထွန်းပေးထားသည်။ ယောင်္ကျားလေးများအတွင်ဟု ကြိုပြောထား၍ ဖြစမည်၊ အိပ်ရန်အခင်းကို နှစ်ယောက်အိပ်ထားပေးထားငည်ကို တွေ့ရသည်။
စိုင်းစဝ်တဲလေးကို ကြည့်စဉ် ဝီလျှံရှိန်းပါ ဝင်လာသည်။
""အချစ် ခနနားပြီးရင်း ကိုယ်တို့ ရေတံခွန်နားသွားကြရအောင်နော်"
"သွားမယ်လေ ခနနေ သူရလာခေါ်မယ်တဲ့ ဖုန်းဆက်ခဲ့တယ်"
စိုင်းစဝ်နှင့် ဝီလျှံရှိန်း တဲထဲတွင် ခဏ နားလိုက်သည်။ မည်သို့ပင် ကားပေါ်တွင် အိပ်လာသည်ဖြစ်စေ အနည်းအငယ်တော့ ပင်ပန်းနေပါသေးသည်။
"စိုင်းစဝ် .... စိုင်းစဝ်"
""အွန်းသူရ "
"ရေတံခွန်သွားကြမယ် လေးနာရီရှိနေပြီ ငါးနာရီကျရင် ဆရာမက ထမင်းစားကြမယ်တဲ့ "
"အေအေ လာပြီ ခနလေးနော် ...ဝီလျှံရှိန်း ထတော့ သွားမယ်"
ဝီလျှံရှိန်း အချစ်သူငယ်ချင်းပထမခေါ်ထဲက ကြားပါသည်။ အချစ်ဘာလုပ်မလဲဆိုတာကို သိချင်၍ အိပ်ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။
"သွားမယ်လေ လာအချစ်"
စိုင်းစဝ်တို့ကြိုးတံတားပေါ်တွင် ဓာတ်ပုံရိုက်ကြသည်။ ရေတံခွန်နားနီး၍ သစ်ပင်များရှိသဖြင့် အနည်းငယ်ချမ်းစိမ့်စိမ့် ဖြစ်သည့်အတွကါ ဟူဒီအဖြူရောင်အား ဝတ်လာခဲ့သည်။
"စိုင်းစဝ် မင်းနဲ့ ဝီလျှံရှိန်း သွားရပ်ကြ ငါရိုက်ပေးမယ်"
"ရတယ် မလိုဘူး...ဝီလျှံရှိန်း"
စိုင်းစဝ် မလိုဘူးဂု ပြောနေသေးသည် ဝီလျှံရှိန်းမှ စိုင်းစဝ်အား သူ့အနားသို့ ဆွဲလိုက်သည်။
စိုင်းစဝ် ဘာလုပ်ရမည်မသိ၍ လက်နှစ်ချောင်းသာထောင်လိုက်သည်။
"ပြီးပြီး သွားမယ် ပြီးရင် မင်းဖုန်းထဲငါပို့လိုက်မယ် စိုင်းစဝ်"
"အွန်း ဟုတ်ပြီ ရေစီးအရမ်းသန်တယ်နော် ရေတံခွန်က"
"အဲ့ဒါတော့ဟုတ်တယ် "
ကျောင်းသားတစ်ချိုးက တတိယအထပ်တွင်ရေဆော့နေ၍ ကျောင်းသူများက ပထမထပ်တွင်ဆော့နေကြသည်။
"စိုင်းစဝ်ဆော့အုံးမလား"
"တော်ပြီ ဒီတိုင်းရေကျသံလေးကို အနီးကပ်နားထောင်ချင်လို့ "
"ဟုတ်ပြီ "
"ကလေးတို့ အရမ်းမဆော့နဲ့တော့ ခနနေ ဒီဘက်လာခဲ့တော့နော် ရေက ညဘက်ဆို ပိုကျလာတော့မှာ"
"ဟုတ်ဟုတ် ဒေါ်ဒေါ်"
စိုင်းစဝ်တို့အနားတွင် ဒေသခံအန်တီက ပြောသွားလေသည်။
"သူရ ဆရာမတို့အနားကို သွားပြီး လုပ်ကူကြရအောင် ဝီလျှံရှိန်း မင်းကော သွားမယ်လေ"
"အချစ်အရင်သွားလိုက် ကိုယ်ဒီက အန်တီကို မေးစရာရှိသေးလို့"
"အွန်းအွန်း အဲ့ဆိုပြီးရောလေ"
စိုင်းစဝ်တို့ ဆရာမများ၏ အနားသို့ သွားကာ လုပ်ကူလိုက်သည်။ ဒေသခံအန်တီကြီးများနှင့် ဒေသအစားအစားများ ပြုလုပ်ရသည်မှာ ပျော်စရာကောင်းသည်။ စကားသံဝဲဝဲလေးကို နားထောင်ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းပါသည်။
ညနေ၅နာရိအချိန်သာ ရှိသေးသော်လည်း မှောင်ရိပ်သန်းလာပြီဖြစ်သည်။
"ကျောင်းသားတို့အားလုံးက ရေတံခွန်ဘက်ကိုကော ဒိဘက် တောဘက်ကိုကော မသွားကြပါနဲ့နော် ဆရာမတို့ ည၈နာရီမှာ လူပြန်စစ်ပါမယ်နော် ကြိယ့်အခန်းဖော်ကို ဘယ်မှ မသွားပါစေဖို့သေချာဂရိုစိုက်ပါနော်"
"ဟုတ်ကဲ့ပါဆရာမ "
စိုင်းစဝ်တို့ ထမင်းစားပြီးချိန်တွင် ကွင်းပြင်တွင် မီးဖိုကာ ကော်ဖိခွက် တစ်ယောက်တစ်ခွက်စီဖြင့် ဝိုင်းဖွဲကာ ထိုင်နေကြသည်။ ဂီတာလေးတီးပြရင်းသီချင်းသံလေးနှင့် ပျော်စရာအလွန်ကောင်းလှသည်။
ကျောင်းသားများ၏ ဂီတာတီးသံ၊ ကျောင်းသူများ၏ သီချင်းဆိုသံ ၊ ရေတံခွန်မှ ရေကျသံ ၊ အနားရှိတောမှ အကောင်လေးများ၏ အသံများမှာ ကာရံညီစွာ ထွက်ပေါ်နေသကဲ့သို့ ရှိနေသည်။
ခရီးပင်ပန်းခဲ့ကြသည်ဖြစ်၍ ည၇နာရီတွင် ကျောင်းသားများ အားလုံး တဲထဲသို့ ကိုယ်စီဝင်သွားကြသည်။
"ဝီလျှံရှိန်း ဝီလျှံရှိန်း "
"ဘာလဲ"
စိုင်းစဝ်တို့၏ တဲအပြင်မှ ဝီလျှံရှိန်းအား ခေါ်သံကြားသည်။ ဝီလျှံရှိန်း ပြန်ထူးလိုက်သည့်အသံကို စိုင်းစဝ်လန့်သွားသည်။
"ဝီလျှံရှိန်း ဆရာမက ခဏလောက်လာခဲ့ပေးပါတဲ့"
"အွန်း "
တဲအရှေ့မှာ ကျောင်းသားက ပြောပြီးသည်နှင့် ထွက်သွားသည်။
"အချစ်ကိုယ်ခဏသွားလိုက်အုံးမယ် ဘယ်မှ မသွားနဲ့နော် "
"စိတ်ချပါ မင်းသာအချိန်မှီပြန်လာခဲ့ "
"ဟုတ်ပါပြီ ကိုယ်သွားပြီနော်"
ဝီလျှံရှိန်း ထွက်သွားသည်မှာ နာရီဝက်ခန့်ရှိနေပြီ ဖြစ်သော်လည်း ပြန်မရောက်လာသေးပေ။ စိုင်းစဝ် ဆရာမများ၏ အခန်းဘက်သို့ သွားလိုက်သည်။
ဆရာမကပြန်သွားသည်မှာ ကြာပြီဟုပြောသဖြင့် စိုင်းစဝ် ဝီလျှံရှိန်းအား ဒေါသထွက်လာသည်။ အချိန်မှီပြန်လာပါဟု ပြောလိုက်သည်ကို ပြန်မလာသေးပေ။ ဖုန်းဆက်လိုက်တော့ အသံက တဲထဲတွင်သာ ထွက်လာသည်။ 'ဖုန်းကယူမသွားဘူး တော်တော်ကောင်းတယ် ဒီကောင်ကတော့' ဟု စိုငါးစဝ် စိတ်ထဲ တွေးလိုက်သည်။
"ကိုယ် ရွာဘက်က တောင်ပေါ်ကို သွားတယ် လိုက်ခဲ့ပါလား ကိုယ်ဒဏ်ရာရထားလို့ ဆရာမကို မပြောနဲ့နော်"
စိုင်းစဝ်၏ ဖုန်းထဲသို့ မက်ဆေ့ဝင်လာသည်။ ဝီလျှံရှိန်း ဒဏ်ရာ ရထားသည်ဆို သည့် စာကို တွေ့သည်နှင့် စိုင်းစဝ် တဲထဲမှ တောဘက်သို့ ပြေးထွက်သွားသည်။
"Good Bye စိုင်းစဝ်ခွန်မျိုး ငါ့နေရာကို လာလုတဲ့အတွက် နင့်ထိုက်နဲ့ နင့်ကံဘဲ ဟွန့် နင်လိုကောင်က ငါအတွက် အသေးအမွှားဘဲ Good Luck"
"သူရ ...သန့်သူရကို "
"ဟင် ဝီလျှံရှိန်း ဘာလဲ ဘာဖြစ်လို့လဲ "
"အချစ် ..စိုင်းစဝ်ကို တွေ့မိလား"
"မင်းနဲ့ အတူနေတာမဟုတ်ဘူးလား ငါ့ဆီကို မလာဘူး"
"ငါသွားရှယလိုက်အုံးမယ် "
"ဖုန်းဆက်ကြည့်ပါလား ဝီလျှံရှိန်း "
"ဆက်ပြီးပြီး ဆက်သွယ်မှု ဧရိယာ ပြင်ပ ဖြစ်နေလို့ မင်း ဘယ်သူ့ကိုမှ မပြောနဲ့အုံး ငါသွားရှာခဲ့မယ် "
ဝီလျှံရှိန်း စိုင်းစဝ် မရှိနေသည်ကို ဆရာမများအားမသိစေချင်သေးပါ။ ယခုကိစ္စသည် သဘောရိုးမဖြစ်နိုင်ပေ။ တစ်ယောက်ယောက်က သေချာ ကြံစည်ထားသည်ဖြစ်ပေမည်။
"သား ဘယ်သူ့ကိုရှာနေတာလဲ"
"ဟို ကျွန်တော့် သူငယ်ချင်းကိုပါ တဲထဲမှာ မတွေ့လို့"
"အဒေါ်အခုနက ကျောင်းသားတစ်ာက် တေယဘက်ကို အလောတကြီးပြေးသွားတာတွေ့လိုက်တယ် သားလိုက်ရှာကြည့်ပါလား တောထဲက ညဘက်မသွားကောင်းဘူး "
"ဟုတ်ကဲ့ အဒေါ် ဆရာမတွေကို မပြောပါသေးနဲ့အုံး ကျွန်တော် ဆရာမတွေစိတ်ပူနေမှာစိုးလို့ပါ "
"ဟုတ်ပါပြီကွယ် အဒေါ်လဲ ကျောင်းသားလေးပြန်လာမလားလို့ စောင့်နေတာ ဒီကကျောင်းသားက သွားခေါ်မယ်ဆိုတော့ ဒေါ်ဒေါ်နားပြီကွယ် ဓာတ်မီးလေးယူသွားလိုက်အုံးနော် ရှာရတာ လွယ်တာပေါ့"
"ဟုတ် ဒေါ်ဒေါ် ကျေးဇူးပါ"
ဝီလျှံရှိန်း အဒေါ်ပြောသည့် တောဘက်သို့ အမြန်ပြေးထွက်လာခဲ့သည်။ ညနေက ဒီနေရာအကြောင်း ဒေါ်လေးတို့အား မေးထားသည်မှာ တော်သေးသည်ဟုဆိုရပေမည်။
See you Soon 🔜🔜🔜
Alison_Ahsaw
20/12/2023
Part(16)
See you Soon 🔜🔜🔜
Alison_Ahsaw
20/12/2023