Find Love Because Of you (Com...

By Pyoe_Ou_Yim

100K 2.7K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(14) uni+zaw

2.4K 67 0
By Pyoe_Ou_Yim

Part(14)

"ဝီလျှံရှိန်း မင်း tripလိုက်မှာလား"

"အချစ်ကော သွားမှာလား"

"သွားဖြစ်မှာ ငါအရင်နှစ်တွေကလဲ မလိုက်ခဲ့တော့ ဒီ‌နှစ်တော့ လိုက်မလို့"

"ဟုတ်ပြီ အချစ်လိုက်ရင် ကိုယ်သွားမယ်"

စိုင်းစဝ်တို့၏ အားကစားပွဲတော်ပြီးသွသည်မှာ တစ်ပတ်ခန့်ပင်ရှိပြီဖြစ်သည်။ ထိုနေ့မှစ၍ နောက်ရက်တွင် စိုင်းစဝ်အား အရင်လို စောင်းပြောကြသူများမရှိကြတော့ပေ။အခု စိုင်းစဝ်ကျောင်းသွားရသည်မှာ ပျော်စရာတော့ကောင်းသည်။ မနက်ဖြန် ကျောင်းကလိုက်ပို့သည့် tripလဲ သွားအုံးမည်ဖြစ်၍ ပို၍ ပျော်ရွှင်နေမိသည်။

"အချစ်မျက်နှာက ပိုပြုံးရွှင်နေသလိုဘဲနော် ဘယတွေတွေးနေတာလဲ"

"မနက်ဖြတ်လေ့လာ‌ရေးခရီးသွားမယ့်အကြောင်းတွေးနေတာပါ ဝီလျှံရှိန်း ညဈေးတန်းသွားမယ် လိုက်မလား"

"ကိုယ်မလိုက်ရင် အချစ်က ဘယ်သူနဲ့သွားမှာလဲ "

"ငါတစ်ယောက်ထဲလေ အမြဲသွားနေကြဘဲကို အခုက အိမ်မှာ မင်းရှိနေလို့ ခေါ်လိုက်တာ"

"အော် မရှိရင် မခေါ်တော့ဘူးပေါ့ "

"အေလေး မရှိမှတော့ မခေါ်တော့ဘူးပေါ့ မင်းလိုက်မှာလားကွာ မလိုက်ရင်နေခဲ့တော့"

"လိုက်မယ် ကိုယ်နဲ့သွားမယ် ကိုယ်ရှိနေရင် အချစ်က ဘယ်သွားသွားကိုယ်နဲ့ဘဲ သွားရမယ်"

"မင်းရှိနေရင်ဆိုတော့ မင်းက ဘယ်သွားမှာ မလို့လဲ"

"ကိုယ်အိမ်ပြန်တာတို့ကို ပြောတာပါအချစ်ရဲ့ "

"သွားမယ်မြန်မြန် အရမ်းမိုးချုပ်ရင်မကြိုက်ဘူး"

"ကိုယ်ကားသော့ယူလိုက်အုံးမယ် "

"မယူနဲ့တော့ လမ်းလျှောက်သွားမယ်ပြီးရင် Busလေးစီးသွားရင်ရောက်ပြီ"

စိုင်းစဝ်တို့ လမ်းလျှောက်ကာလာခဲ့သည်။ စိုင်းစဝ်သွားသည့် ညဈေးတန်းသည် အလွန်စုံပါသည်။ စိုင်းစဝ်သည် ညဈေးတန်းတွရှိသည့် ကွေ့တယို သုပ်အားအလွန်ပင် ကြိုက်ပါသည်။ စိုင်းစဝ်ကြိုက်သည့် ကွေ့တယိုသုပ်ဆိုင်သို့ ဝင်လိုက်သည်။

"မင်း ဘာစားမလဲ ဒီမှာ အစုံရတယ်"

"အချစ်ညဈေးတန်းလာတာ ဒါစားချင်လို့မလား"

"ဟုတ်တယ်လေ ဘာစားမလဲ မြန်မြန်ရွေး"

"အချစ်စားတာဘဲ မှာလိုက်လေ ကိုယ်စားပါတယ်"

"ကျွန်တော့်ကို ကွေ့တယို (၃)ပွဲပေးနော် (၂)ပွဲကိုအရင်ချင်ပေးပါ တစ်ပွဲကိုတော့ နောက်မှ ချပေးနော် ပြီးတော့ ကီဝီsoda (၂)ခွက်နဲ့ သင်္ဘောသီးသုပ်တစ်ပွဲပေးနော် လောလောဆယ်တော့ ဒါဘဲ အရင်ချပေးနော် အော် ကွေ့တယို က ကြက်သားနဲ့နော်"

"ဟုတ် (၁၀)မိနစ်တော့စောင့်ပေးနော်"

"ဟုတ် ကွေ့တယို နှစ်ပွဲကိုတော့ အရင်ချပေးနော်"

"ဟုတ်ကဲ့ ခင်ဗျ"

စိုင်းစဝ် စားချင်သည်များ မှာပြီးချိန်တွင် ဝီလျှံရှိန်းထံ အကြည့်ပို့မိတော့ ကိုယ့်အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာကြည့်နေတာလဲ"

"အချစ်က စားနိုင်တာ‌ဘဲလို့ တွေးနေတာ နောက်အချစ်လာချင်ရင် ကိုယ့်ကိုပြောနော် ကိုယ်နဲ့ အခုလိုဘဲ dateကျတာပေါ့"

"မdateပါဘူး အခုလဲ dateတာမဟုတ်ဘူး"

"ဟုတ်ပါတယ်ကွာ လုပ်ပါ dateလိုက်ပါ "

"မင်း ဝီလျှံရှိန်း ကျောင်းမှာ နေသလို ရုပ်တည်နဲ့နေလေ အခုတော့ ကျောင်းကနဲ့တစ်ခြားဆီ လူစားထိုးသလားထင်ရတယ်"

"မင်းထင်လို့ပါကွာ ကိုယ်က မင်းအပေါ်မှာ အမြဲအတူတူပါဘဲ"

"ဘာကို အတူတူလဲ အရင်ကနဲ့ အခုနဲ့ ကွာကို ကွာတယ်"

"အဲ့ဒါက အရင်က သိပ်မရင်းနှီးလို့လေ ပြီးတော့ အချစ်က ကိုယ့်ကို ကြောက်နေသလိုဘဲ"

"ပထမတုန်းက တကယ်ကြောက်နေတာ ဟင်...ဟိုမှာ သူရနဲ့ ပြည်လျှံ"

စိုင်းစဝ် စကားပြောရင်း လမ်းဘက်အကြည့်ရောက်တော့ သူရနဲ့ပြည့်လျှံ နှစ်ယောက်သားလက်ချင်းချိတ်ကာ သွားနေသည်ကို တွေ့လိုက်ရသည်။ စိုင်းစဝ် ဖုန်းထုတ်ကာ ဆက်လိုက်သည်။

"တူ.... ဟေ့ကောင် သူရ"

"အေ စိုင်းစဝ် ပြောလေ"

"မင်းနဲ့ပြည့်လျှံ ငါစားနေကျ ည‌ဈေးက ကွေ့တယို ဆိုင်ထဲအခုဝင်ခဲ့လိုက်နော် ငါမင်းတိုါက်ု တွေ့နေရတယ်"

"ဟင် ..စိုင်းစဝ် ငါပြော..."

"ဆိုင်ထဲရောက်မှ ပြော"

"အချစ်ရယ် နှုတ်ခမ်းဆူမထားပါနဲ့ သူတို့ ဝင်လာနေပြီဘဲ"

"မင်းမသိပါဘူး အဲ့ကောင်တွေ ငါ မရိုးသားဘူးလိူ့တော့ ထင်နေတယ် အခုလိုတော့ မထင်ထားဘူးလေ  တွေ့တာမှ နှစ်ရက်တစ်ပိုင်းဘဲရှိသေးတယ်"

"သူတို့မှာလဲ ကိစ္စရှိလို့နေမှာပါ အချစ်ရဲ့"

"မင်းဒီဘက်ကို ပြောင်းထိုင်လိုက် လာခဲ့"

စိုင်းစဝ်ပြောချိန်မှာပင် ဟိုနှစ်ယောက်က ဝင်ရောက်လို့လာခဲ့သည်။

"မင်းတို့နှစ်ယောက် အဲ့အရှေ့မှာထိုင်"

"စိုင်းစဝ် စိတ်မဆိုးပါနဲ့ ငါ မင်း မနက်ဖြန် ကျောင်းလာရင် ပြောပြမလို့ပါကွာ"

"ထားလိုက်ပါတော့ မင်းတို့နှစ်ယောက်ဘယ်နေ့က စတွဲတာလဲ"

"ဒီနေ့မှ တွဲတာပါ စိုင်းစဝ် အဲ့ဒါကြောင့်ငါတို့မင်းကို မပြောဖြစ်တာပါ"

"မင်းတို့ကို ငါအခုတွေ့လို့ မင်းတို့ပြောတာကို ယုံရတော့မှာပေါ့"

"အချစ်ကိုယ် အပြင်ခဏ သွားမယ်နော်"

ဝီလျှံရှိန်း အချစ်ကို ခွင့်တောင်းကာ အပြင်ထွက်လာခဲ့သည်။ မှာထားသည့် ဆိုင်ရှင်ကိုလဲ အမြန်လုပ်ပေးရန် ပြောရသေးသည်။ အချစ်တို့ သူငယ်ချင်းတွေ လတ်လွတ်လပ်လပ်စကားပြောစေချင်၍ ထွက်လာပေးလိုက်ခြင်းဖြစ်သည်။

ဝီလျှံရှိန်း ဆိုင်အပြင်သာ ထွက်လာသော်လည်း ဘယ်သွားရမှန်းမသိပါ။ ဝီလျှံရှိန်း ညဈေးကို တစ်ခါမှ မရောက်ဖူးခဲ့ပါ။ ဖရဲသီးရောင်းနေသည်ကို ဆွေ့၍ အချစ်အတွက် ဝယ်ကာ ဝီလျှံရှိန်းပြန်လာခဲ့လိုက်သည်။

ကိုယ်ဆိုင်ပြန်ရောက်သည့်အခါတွင် အချစ်တို့ သူငယ်ချင်းတွေ ပြန်အဆင်ပြေနေကြပြီဖြစ်သည်။ ဝီလျှံရှိန်းနေရာမှာ ဝင်ထိုင်ကာ ဖရဲသီးထုတ်အားအချစ်အတွက် ပေးလိုက်သည်။

"ရော့ အချစ် ဖရဲသီးဝယ်ခဲ့တယ်"

"အိမ်ရောက်မှ စားတော့ မယ် ကွေ့တယို လာပို့ပြီ"

ကွေ့တယို သုပ် ပန်းကန်ချလာသည်မို့ ဖရဲသီးထည့်ထားသည့် ဘူးပား စားပွဲပေါ်တွင် တင်ထားလိုက်သည်။

"အချစ်သူတို့ကော မစားဘူးလား"

"ငါတို့ မှာထားတယ် ဝီလျှံရှိန်း မင်းတို့ဘဲ အရင်စားလိုက်"

သူရ က ဝီလျှံရှိန်းအားပြန်၍ ဖြေသည်။

"ဘာမှ မဖြစ်ဘူးစား ဒါနဲ့သူရ မင်းမနက်ဖြန် trip လိုက်မှာမလား"

"လိုက်မယ်လေ မင်းကော လိုက်မလို့လား"

"လိုက်မလို့ ဒီနှစ်ပြီး အလုပ်ဝင်ရတော့မှာလေ ကျောင်းရဲ့ အရသာကို ခံစားသွားချင်လို့"

"မင်းကားအကြာကြီးစီးရင် ကားမူးတယ်မလား ဘယ်လိုလုပ်မှာလဲ"

"ကားမူးပျောက်ဆေးသောက်လိုက်မယ် မဟုတ်ရင်လဲ စောစောသွားပြီ ကားအရှေ့ဆုံးမှာ နေရာယူလိုက်မယ်လေ အရှေ့ဆုံးကဆို နည်းနည်းသက်သာသလားလို့"

"အချစ်ကကားမူးတာလား ကိုယ့်ကားနဲ့သွားမယ်လေ ‌ဖြည်းဖြည်းချင်းနားပြီးမှ သွားလို့ရတယ်"

"ဟင်အင့် ငါတစ်ခါမှ မသွားဖူးလို့ လိုက်မလို့ပါဆို မင်းကားနဲ့သွားတော့ ကားပေါ်မှာ လုပ်တဲ့ ‌စကားနည်းတွေ ငါဘယ်လို သိတော့မှာလဲ "

"ဟုတ်ပါပြီ အချစ်ဒီည အိပ်ရေးဝဝအိပ်လိုက်  ၊ အိပ်ရေးဝ‌တော့ ကားမူးတာသက်သာတာပေါ့"

"ငါသိပါတယ် မြန်မြန်စားကြမယ် ပြီးရင် ပြန်ရအာင်  အရမ်းမှောင်လာ‌ရင်မကောင်းဘူး"

"ဟုတ်ပါပြီ"

စိုင်းစဝ်တို့ စားသောက်စရာများကို စားပြီးချိန်တွင် အချိန် အတော်ပင်လင့်နေပြီဖြစ်သည်။

" စိုင်းစဝ် စတိုးဆိုင်ဝင်အုံးမယ် လိုက်မလား"

"လိုက်မယ် မနက်ဖြန်အတွက် မုန့်လေးဝယ်အုံးမယ်"

စိုင်းစဝ်နဲ့သူရ စတိုးဆိုင်ထဲဝင်ကာ မနက်ဖြန်အတွက် မုန့်များရွေးလိုက်သည်။

ဝီလျှံရှိန်းနှင့် ပြည့်လျှံ ပြေးသွားသည့် နှစ်ယောက်ကို ကြည့်ကာ ရယ်မောမိသည်။

"ငါမင်းကို တောင်းပန်ပါတယ် ကျေးဇူးလဲတင်တယ် မင်းသာ အဲ့တုန်းက အဲ့လိုမလုပ်ခဲ့ရင် သူဘယ်လိုလူလဲ ငါအခုထိသိမှာမဟုတ်ဘူး"

"ရပါတယ် မင်းက စိုင်းစဝ် သူငယ်ချင်းဖြစ်နေလို့ ကူညီပေးရုံဘဲ တစ်ခြားသူသာဆို ငါလှည့်ကြည့်မှာ မဟုတ်ဘူး"

"ငါသိပါတယ် မင်းလဲ ငါ့အကူအညီ လိုအပ်ခဲ့ရင် ပြောပေါ့ကွာ"

"အွန်း"

ဝီလျှံရှိန်း ခေါင်းညိမ့်ပြကာ အချစ်နောက်သို့ လိုက်သွားသည်။ သူငယ်ချင်း‌များ၏ ဆက်ဆံရေးကို အချစ်နဲ့မှ စသိခဲ့ရသည်။ အချစ်က ကိုယ်အတွက် တကယ်အဖိုးတန်လွန်တယ်၊ အချစ်ကို ထိခိုက်စေမယ့်အရာမှန်သမျှကို ကိုယ်သည်းခံနေမှာ မဟုတ်ဘူး။

'နူးညံမှုတွေက အချစ်အတွက်ဆို ရက်စက်ခြင်းတွေက အချစ်ကို ထိခိုက်စေသူတို့ အပိုင်။'

See you Soon 🔜🔜🔜

Alison_Ahsaw
17/12/2023





Part(14)













































"သူတို့မှာလဲ ကိစ်စရှိလို့နမှောပါ အခစြျရဲ့"







































See you Soon 🔜🔜🔜

Alison_Ahsaw
17/12/2023

Continue Reading

You'll Also Like

181K 6.7K 32
ရန်ဘုန်းအောင် သုတလင်း
3.6M 289K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
21.4K 1.1K 23
လောကကြီးကမတရားဘူး​နော်​ .... ဒီလို​ပြော​တော့ အစစအရာရာ အဆင်​​ပြေ​နေတဲ့သူ​တွေက​တော့ တရားပါတယ်​​ပြော​ကောင်း​ပြောမှာပါ ......ဒါ​ပေမယ့်​ ​ယောကျာ်းစင်​စ...
29.9K 898 21
ဝဠာထွဋ်ခေါင် × လင်္ကာပျိုး Start Date>>>> 18.9.2023 End Date>>>>