အခန်း (၂၆) အထူးပါ၀င်ပစ္စည်းများ
သူတို့သုံးယောက်လုံး လေနက်ခံတပ်သို့ ပြန်လာခဲ့ကြသည်။ သို့သော် ထိုမိန်းကလေးမှာလည်း သူတို့နှင့်အတူ လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လမ်းတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မိတ်ဆက်လိုက်ကြသည်။ မိန်းကလေး၏ နာမည်မှာ ကျင်းလင်လင် ဖြစ်သည်။ သူမ၏ အသက်မှာ လင်းချီနှင့် တစ်ရွယ်တည်းလောက် ရှိပြီး သွယ်လျသော ကိုယ်လုံး ချစ်စရာကောင်းသော မျက်နှာလေးနှင့် ဆယ်ကျော်သက်အရွယ်လေး ဖြစ်ပုံရသည်။
သို့သော်လည်း မည်မျှပင် ငယ်ရွယ်ပုံပေါက်စေကာမူ သူမသည် ပင်မတည်းခိုဆောင်၏ ခေါင်းဆောင် စာဖိုမှူး တစ်ယောက်ဖြစ်သည်။ ထို့ပြင် လေနက်ခံတပ်၏ အကောင်းဆုံး စားဖိုမှူးတစ်ယောက်လည်း ဖြစ်သေးသည်။
"ကျွန်မကို ဒီည ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ ...ကျေးဇူးဆပ်တဲ့အနေနဲ့ ပြန်ရောက်ရင် အရသာရှိတဲ့ ဟင်းပွဲတွေကို ချက်ကျွေးပါ့မယ်..."
"အရသာရှိတဲ့ အစားအသောက်တွေ?"
လျှာကဝေစနစ်ရှိသော လင်းချီ အတွက်မူ အရသာရှိသော အစားအသောက်များမှာ စနစ်အတွင်း၌သာ တွေ့ရသည်။
"ဟင်...ဘာလဲ ရှင်က ကျွန်မရဲ့ ဟင်းချက်လက်ရာကို အထင်သေးတာလား"
လင်းချီ ခေါင်းရမ်းလိုက်ပြီး အားနာနာဖြင့်ပင် အစားအသောက်များကို မျှော်လင့်နေပါမည်ဟု ပြောလိုက်ရသည်။ ထို့နောက် လင်းချီနှင့် လူသာတို့ သက်ဆိုင်ရာ အခန်းဆီသို့ ပြန်၍ အနားယူခဲ့ကြသည်။
နောက်တစ်နေ့တွင် ကျင်းလင်လင်က သူတို့အတွက် စားကောင်းသောက်ဖွယ်များကို ချက်ပြုတ်ပေးခဲ့သည်။
လင်းချီမှာ ထိုအရာများကို စိတ်မ၀င်စားဘဲ စနစ်ထဲတွင် 'ညလမင်း၏ လှိုင်းတံပိုး' ဟင်းလျာကို ချက်ပြုတ်ရန်သာ စိတ်လောနေသည်။
ထိုဟင်းပွဲမှာ အထူးဟင်းလျာတစ်မျိုးဖြစ်သည်။ ထိုဟင်းပွဲက စားသုံးသူကို အဆင့်ကြီး တစ်ဆင့် တိုးမြင့်သွားစေနိုင်သည်။ သို့သော်လည်း အကျိုးသက်ရောက်မှုမှာ တစ်ကြိမ်သာရှိသည်။ ဒုတိယအကြိမ်တွင်တော့ ဘာမျှ ထူးခြားလာမည်မဟုတ်ပေ။
သူထိုဟင်းပွဲကို ယွီမုန့်ထံမှ သိုလှောင်အိတ်နှင့် လဲလှယ်မည်ဆိုပါက သူမသေချာပေါက် သဘောတူလိမ့်မည်။
သို့သော်လည်း ယခုချက်ပြုတ်ပါက မနက်ဖြန်ရောက်သောအခါ အေးသွားလိမ့်မည်။ မနက်ဖြန်ထိ ရောက်အောင်စောင့်ပြီးမှ ယွီမုန့်ကို ကိုယ်တိုင်ကိုယ်ကျ သွားပေးတာ ပို၍ ကောင်းသည်။
စိတ်ပင်ပန်းဖွယ်ရာ ညပိုင်းကို ကျော်ဖြတ်ပြီးနောက် လင်းချီ အိပ်ယာပေါ်တွင် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့နံနက်တွင် လင်းချီ ဆက်တိုက်တံခါးခေါက်သံကြောင့် လန့်နိုးလာသည်။
"ဘယ်သူလဲကွ .. ..ဒီလောက် အစောကြီး ရှိသေးတာကို"
လင်းချီ အိပ်ချင်မူးတူးဖြင့် ခေါင်းကုတ်လိုက်ပြီး တံခါးဆီသို့ ဖြည်းညင်းစွာ လျောက်သွားသည်။
ဝုန်း......
တံခါးဖွင့်ပြီးနောက် မွှေးပျံ့သော ရနံ့များက သူ၏ နှာခေါင်းထဲသို့ တိုး၀င်လာသည်။ ထိုင်းမှိုင်းနေသော လင်းချီမှာ ချက်ချင်းပင် တက်ကြွသွားပြီး
"မွှေးလိုက်တာ"
သူ၏ နှုတ်မှ ရုတ်တရက် ရေရွတ်လိုက်မိသည်။ ထို့နောက် လင်းကျင်ကျင်မှန်း သိသွားတဲ့အခါ လင်းချီရဲ့ မျက်လုံးတွေ ချက်ချင်းပြူးကျယ်လာသည်။
သူမက လင်ဗန်းတစ်ချက်ကို ကိုင်ထားပြီး လင်ဗန်းပေါ်တွင် အငွေ့တထောင်းထောင်းထနေသော ဝါဖန့်ဖန့် စွပ်ပြုတ်လေး တစ်ခွက်ရှိသည်။ ထိုပန်းကန်လုံးလေးမှာ မွှေးရနံ့များ၏ အရင်းအမြစ်ပင်။
"ဟင်း ဟင်း.....ရှင့်အတွက် အရသာရှိတာတွေ ယူလာပေးတာလေ..."
ကျင်းလင်လင်မှာ ရိုးသားပွင့်လင်းပြီး ခင်ဖို့ကောင်းသူ တစ်ယောက်ဖြစ်သည်။ သူမက ခေါင်းမော့ပြီး အခန်းထဲသို့ ယုံကြည်ချက်အပြည့်ဖြင့် ၀င်လာသည်။ စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ် တင်ပြီးနောက် သူမက ပြုံးပြီး ပြောလိုက်သည်။ "ကျွန်မက ဒီလို စွပ်ပြုတ်ကို တစ်လမှ တစ်ခွက်ပဲ လုပ်တာနော်...လေနက်ရဲတိုက်က တော်၀င်မိသားစုတွေတောင် ဒီစွပ်ပြုတ်ကို မြည်းရဖို့အသက်စွန့်ရဲကြတယ်"
ထိုစကားကိုကြားပြီးနောက် လင်းချီ သိချင်စိတ် ပြင်းပြသွားသော်လည်း ယဉ်ကျေးစွာဖြင့်ပြုံး၍ မေးလိုက်သည်။ "ဒါဆို...ဒီစွပ်ပြုတ်ရဲ့ အကျိုးသက်ရောက်မှုက ဘာများလဲမသိဘူး......မှော်စွမ်းအင်ကို တိုးပွားစေတာလား...ဒါမှမဟုတ် မှော်စွမ်းအားနဲ့ ခန္ဓာကိုယ် အင်အားကို တိုးတက်စေတာလား"
ကျင်းလင်လင် သူမ မျက်လုံးကို လှန်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "သခင်လေးလင်း..ကျွန်မက စားဖိုမှူးတစ်ယောက်ပါ ...မှော်ဆေးပညာရှင် မဟုတ်ဘူး....ပြီးတော့ မှော်ဆေးပညာရှင်ဆိုရင်တောင် ခုနက ရှင်ပြောတဲ့ဟာတွေကို မလုပ်ပေးနိုင်ဘူး"
လင်းချီ ကိုယ့်ကိုယ်ကို ပြုံးလိုက်သည်။ မှော်ဆေးပညာရှင် မလုပ်နိုင်ရင်တောင် သူလုပ်နိုင်သည်။
ဖြစ်နိုင်သည်မှာ လျှာကဝေစနစ်မှ ဟင်းလျာများ၏ လုပ်ဆောင်နိုင်စွမ်းကို မသိသေးတာဖြစ်နိုင်သည်။
"ဒီစွပ်ပြုတ်ရဲ့ နာမည်ကို ပင်လယ်ရဲ့ အရသာလို့ ခေါ်တယ် ..လေနက်ခံတပ်တောင်မှ ရှားပါးတဲ့ 'ပိုင်ရုန်'ကို တစ်လမှ တစ်ခါဘဲ ရတာ..ဒါကြောင့် တစ်လတစ်ကြိမ်ကို စွပ်ပြုတ်တစ်ခွက်ပဲ ချက်နိုင်တာ..."
'ပိုင်ရုန်'ဆိုသည်မှာ ပင်လယ်ထဲတွင် နေသော မကောင်းဆိုးဝါး သားရဲတစ်မျိုးဖြစ်သည်။ ၎င်းမှာ ကြယ်လေးပွင့်သားရဲဖြစ်ပြီး မြင်ရန်ပင် ခက်ခဲသည်။ ထို့ကြောင့် တစ်လမှ တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့်သာ ဖမ်းဆီးရမိသည်။
ကျင်းလင်လင် အချက်အပြုတ်ကို လေ့လာပြီးနောက် ပိုင်ရုန်ကို သူမ၏ လျှို့ဝှက် ပင်လယ်စာဟင်းထဲ့သို့ ပေါင်းထည့်ခြင်းက ပိုင်ရုန်၏ အရသာကို ပို၍ချိုပြီး အရသာရှိသွားစေကြောင်း သိရှိသွားသည်။ ထို့ပြင် ဟင်းပွဲတွင် မျက်နှာကို လှပစေသော အကျိုးသက်ရောက်မှုလည်း ရှိသေးသည်။ ထို့ကြောင့် တော်၀င်မင်းသမီးများမှာ ထိုဟင်းပွဲကို အလွန်နှစ်သက်ကြခြင်းဖြစ်သည်။
"ဝိုး....ဒါဆို ဒီ စွပ်ပြုတ်တစ်ခွက်က ဘယ်လောက်ကျလဲ..."
လင်းချီ သိချင်စွာဖြင့် မေးလိုက်သည်။
"ကျွန်မ ပြောပြလိုက်ရင် ရှင်သေချာပေါက် လန့်သွားမှာ..."
"ပြောစမ်းပါ..ဒီထက်ကြောက်ဖို့ ကောင်းတာတွေတောင် ကြုံခဲ့ဖူးသေးတယ်"
"တစ်ခွက်ကို ရွှေပြား ၁,၀၀၀ "
လင်းချီ ကြက်သေသေသွားပြီး စွပ်ပြုတ်ကိုင်ထားသော သူ၏လက်များမှာ တုန်ယင်သွားသည်။
"ဘယ်....ဘယ်လောက်...."
"တစ်ခွက်တည်းအတွက်ကို...ရွှေပြားတစ်ထောင်?"
ကျင်းလင်လင် ခေါင်းငြိမ့်ပြလိုက်သည်။ လင်းချီလက်များ တုန်ယင်နေသောကြောင့် သတိပေးလိုက်သည်။
"သတိထားဦး..."
လင်းချီ လျင်မြန်စွာ စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ပြူးကျယ်စွာဖြင့် "မင်း....ဒီတစ်ပွဲကို ရွှေပြားတစ်ထောင်ကျတယ်ဆိုတာ သေချာလား..."
ကျင်းလင်လင်က မျက်စိပေကလပ်ပေကလပ် လုပ်လိုက်ပြီး မျက်မှောက်ကြုံ့ကာ "ဟုတ်တယ် ..အမြဲတမ်းဒီဈေးဘဲ ..ဘာလို့လဲဆိုတော့ ရှားပါးလေ...ပိုတန်ဖိုးကြီးလေပဲလေ"
လင်းချီ ပို၍ စိတ်လှုပ်ရှားသွားသည်။
'ဒါဆို ငါချမ်းသာပြီပေါ့'
ရွှေပြားတစ်ထောင်...!
ထိုပိုက်ဆံနှင့်ဆိုပါက စနစ်ကို အဆင့်မြင့်ရန် ပြဿနာရှိတော့မည် မဟုတ်ပေ။
"အမြန်....နင်ဒီစွပ်ပြုတ်ကို မသောက်တော့ဘူးဆိုရင် သူ့အရသာတွေ ရှိတော့မှာ မဟုတ်ဘူးနော်..."
"ဘာ...!"
ထိုစကားလုံးများက လင်းချီ၏ တောက်လောင်နေသော နှလုံးသားလေးကို ရေအေးအေးနှင့် ငြိမ်းသတ်လိုက်သကဲ့သို့ပင်။
ထိုတခဏတွင် အစားအစာတစ်ခုဆိုတာ လုပ်ခါစတွင်သာ တန်ဖိုးရှိကြောင်း သူမေ့သွားခဲ့မိသည်။ အေးသွားပါက အရသာများ လျော့ပါးသွားလိမ့်မည်။
"ဟင်း...မင်းငါ့ကို ရွှေတစ်ထောင် တိုက်ရိုက် ပေးလိုက်လဲ ရနေတာပဲကို.." လင်းချီ အထွန့်တက်လိုက်သည်။
ထိုစကားများက ကျင်းလင်လင်ကို အနည်းငယ် သံသယဝင်သွားစေသည်။ "ရှင်... ရှင်က ဆန်းသစ်လမြို့တော်ရဲ့ သခင်လေးလင်းမဟုတ်လား...ရှင် ငွေပြတ်နေလို့လား..."
"ငါ့မိသားစုက ချမ်းသာပေမဲ့ အခုငါက စမ်းသပ်မှုထဲရောက်နေတာလေ ...ငါအခု ငွေအတော်လိုနေတာ... ရှင်းပြရင်တောင် နားလည်မှာ မဟုတ်ပါဘူးကွာ"
ပြောပြီးသည်နှင့် လင်းချီ စွပ်ပြုတ်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး နည်းနည်းလောက် စုပ်သောက်လိုက်သည်။
"ဟမ်...!"
စွပ်ပြုတ်မှာ အမှန်ပင် အရသာရှိသည်။ နာမည်အတိုင်း မြည်းကြည့်လိုက်သောအခါ ငါးအရသာကို ခံစားမိပြီး မျိုချလိုက်သောအခါ ပင်လယ်၏ ချိုမြမှုနှင့် လတ်ဆတ်မှုကို ခံစားရစေသည်။ ပင်လယ်ထဲသို့ ရောက်ရှိနေသည့်အလား လန်းဆန်း၍ သက်တောင့်သက်သာ ရှိလှသည်။
"အရသာ ဘယ်လိုလဲ"
ကျင်းလင်လင်မှာ သူ၏ ဟင်းချက်လက်ရာတွင် အပြည့်အ၀ ယုံကြည်ပြီး လင်းချီ အားရပါးရ စားနေသောအခါ ပြုံးမိသည်။
"အင်း....အရမ်းကောင်းတယ်..."
လင်းချီ စွပ်ပြုတ်စားပြီးနာက် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ သို့သော်လည်း သူ့စနစ်၏ အစားအသောက်များကို မှီရန်တော့ လိုအပ်နေဆဲပင်။
လင်းချီ၏ နောက်ဆုံးမှတ်ချက်မှာ ကျင်းလင်လင်ကို အံ့ဩသွားစေသည်။
"ဒါပဲလား?"
"ဟင်...ဘာဖြစ်လို့လဲ"
ကျင်းလင်လင် ကြောက်လန့်တကြား အနောက်သို့ အနည်းငယ် ဆုတ်မိလိုက်သည်။ ထို့နောက် "ကျွန်မစွပ်ပြုတ်ကို ပထမဆုံးအကြိမ် သောက်တဲ့သူတိုင်း အရမ်းကို စိတ်လှုပ်ရှားပြီး မဆုံးနိုင်အောင် ချီးမွမ်းကြတယ် ..ရှင်က ဘာလို့ ဒီလောက် တည်ငြိမ်နေတာလဲ "
လင်းချီ ခေါင်းကုတ်လိုက်သည်။ သူ ကောင်မလေးကို မလိမ်ချင်ပေ။ "အာ..တကယ်တော့ စားစားချင်းတုန်းက ငါးညှီနံ့ နည်းနည်းရတယ် ..ဒါကြောင့် လုံး၀ကြီး ပြီးပြည့်စုံတာတော့ မဟုတ်ဘူး"
အဓိက တည်းခိုဆောင်၏ စားဖိုမှူး တစ်ယောက်အနေနဲ့ ကျင်းလင်လင် သူမ၏ အချက်အပြုတ်စွမ်းရည်ကို လွန်စွာ ယုံကြည်မှုရှိသည်။ များစွာသော မှော်ဆရာများ နှင့် ဓားသမားများမှာ သူမ၏ ဟင်းပွဲကို စားသောက်ပြီးတိုင်း အထင်ကြီးသွားကြစမြဲပင်။
သို့သော်လည်း သူမရှေ့ရှိ လူထံတွင်တော့ သူမ၏ အကောင်းဆုံး ဟင်းပွဲမှာ မျှော်မှန်းထားသော ရလဒ် မရသောကြောင့် အနည်းငယ် ဒေါသထွက်နေသည်။
"မဖြစ်နိုင်တာ...."
ကျင်းလင်လင်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားသည်။ထို့ပြင် သူမ၏ မျက်လုံးလေးများမှာလည်း လင်းချီကို သူမ သဘောမကျကြောင်းဖော်ပြနေသည်။
လင်းချီ ကူကယ်ရာမဲ့စွာနှင့် "အထင်မလွဲပါနဲ့....ငါလည်း ချက်ပြုတ် တတ်......."
အမှန်တော့ လင်းချီမှာ အရသာရှိသော အစားသောက်များကို ထောက်ပံ့သူသာ။ သို့သော်လည်း သူ၏ စနစ်မှာ ကိုယ်တိုင်ချက်ပြုတ်နိုင်သည်ဖြစ်ရာ သူ့တွင် ရွေးချယ်စရာမရှိ။ သဘာ၀အတိုင်း စားဖိုမှူး ဖြစ်လာပေသည်။
"ရှင်...ရှင်ကလည်း စားဖိုမှူးပေါ့...."
ကျင်းလင်လင် လွန်စွာ စိတ်ရှုပ်သွားသည်။ သူမ ခါးထောက်လိုက်ပြီး "ရှင်က လင်းမိသားစုရဲ့ သခင်လေး မဟုတ်ဘူးလား...."
•••••
အခန္း (၂၆) အထူးပါ၀င္ပစၥည္းမ်ား
သူတို႔သုံးေယာက္လုံး ေလနက္ခံတပ္သို႔ ျပန္လာခဲ့ၾကသည္။ သို႔ေသာ္ ထိုမိန္းကေလးမွာလည္း သူတို႔ႏွင့္အတူ လိုက္လာလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ေပ။
လမ္းတြင္ တစ္ဦးႏွင့္တစ္ဦး အျပန္အလွန္ မိတ္ဆက္လိုက္ၾကသည္။ မိန္းကေလး၏ နာမည္မွာ က်င္းလင္လင္ ျဖစ္သည္။ သူမ၏ အသက္မွာ လင္းခ်ီႏွင့္ တစ္႐ြယ္တည္းေလာက္ ရွိၿပီး သြယ္လ်ေသာ ကိုယ္လုံး ခ်စ္စရာေကာင္းေသာ မ်က္ႏွာေလးႏွင့္ ဆယ္ေက်ာ္သက္အ႐ြယ္ေလး ျဖစ္ပုံရသည္။
သို႔ေသာ္လည္း မည္မွ်ပင္ ငယ္႐ြယ္ပုံေပါက္ေစကာမူ သူမသည္ ပင္မတည္းခိုေဆာင္၏ ေခါင္းေဆာင္ စာဖိုမႉး တစ္ေယာက္ျဖစ္သည္။ ထို႔ျပင္ ေလနက္ခံတပ္၏ အေကာင္းဆုံး စားဖိုမႉးတစ္ေယာက္လည္း ျဖစ္ေသးသည္။
"ကြၽန္မကို ဒီည ကယ္တင္ေပးတဲ့အတြက္ ေက်းဇူးပါပဲ ...ေက်းဇူးဆပ္တဲ့အေနနဲ႔ ျပန္ေရာက္ရင္ အရသာရွိတဲ့ ဟင္းပြဲေတြကို ခ်က္ေကြၽးပါ့မယ္..."
"အရသာရွိတဲ့ အစားအေသာက္ေတြ?"
လွ်ာကေဝစနစ္ရွိေသာ လင္းခ်ီ အတြက္မူ အရသာရွိေသာ အစားအေသာက္မ်ားမွာ စနစ္အတြင္း၌သာ ေတြ႕ရသည္။
"ဟင္...ဘာလဲ ရွင္က ကြၽန္မရဲ႕ ဟင္းခ်က္လက္ရာကို အထင္ေသးတာလား"
လင္းခ်ီ ေခါင္းရမ္းလိုက္ၿပီး အားနာနာျဖင့္ပင္ အစားအေသာက္မ်ားကို ေမွ်ာ္လင့္ေနပါမည္ဟု ေျပာလိုက္ရသည္။ ထို႔ေနာက္ လင္းခ်ီႏွင့္ လူသာတို႔ သက္ဆိုင္ရာ အခန္းဆီသို႔ ျပန္၍ အနားယူခဲ့ၾကသည္။
ေနာက္တစ္ေန႔တြင္ က်င္းလင္လင္က သူတို႔အတြက္ စားေကာင္းေသာက္ဖြယ္မ်ားကို ခ်က္ျပဳတ္ေပးခဲ့သည္။
လင္းခ်ီမွာ ထိုအရာမ်ားကို စိတ္မ၀င္စားဘဲ စနစ္ထဲတြင္ 'ညလမင္း၏ လႈိင္းတံပိုး' ဟင္းလ်ာကို ခ်က္ျပဳတ္ရန္သာ စိတ္ေလာေနသည္။
ထိုဟင္းပြဲမွာ အထူးဟင္းလ်ာတစ္မ်ိဳးျဖစ္သည္။ ထိုဟင္းပြဲက စားသုံးသူကို အဆင့္ႀကီး တစ္ဆင့္ တိုးျမင့္သြားေစႏိုင္သည္။ သို႔ေသာ္လည္း အက်ိဳးသက္ေရာက္မႈမွာ တစ္ႀကိမ္သာရွိသည္။ ဒုတိယအႀကိမ္တြင္ေတာ့ ဘာမွ် ထူးျခားလာမည္မဟုတ္ေပ။
သူထိုဟင္းပြဲကို ယြီမုန႔္ထံမွ သိုေလွာင္အိတ္ႏွင့္ လဲလွယ္မည္ဆိုပါက သူမေသခ်ာေပါက္ သေဘာတူလိမ့္မည္။
သို႔ေသာ္လည္း ယခုခ်က္ျပဳတ္ပါက မနက္ျဖန္ေရာက္ေသာအခါ ေအးသြားလိမ့္မည္။ မနက္ျဖန္ထိ ေရာက္ေအာင္ေစာင့္ၿပီးမွ ယြီမုန႔္ကို ကိုယ္တိုင္ကိုယ္က် သြားေပးတာ ပို၍ ေကာင္းသည္။
စိတ္ပင္ပန္းဖြယ္ရာ ညပိုင္းကို ေက်ာ္ျဖတ္ၿပီးေနာက္ လင္းခ်ီ အိပ္ယာေပၚတြင္ အိပ္ေပ်ာ္သြားေတာ့သည္။
ေနာက္တစ္ေန႔နံနက္တြင္ လင္းခ်ီ ဆက္တိုက္တံခါးေခါက္သံေၾကာင့္ လန္႔ႏိုးလာသည္။
"ဘယ္သူလဲကြ .. ..ဒီေလာက္ အေစာႀကီး ရွိေသးတာကို"
လင္းခ်ီ အိပ္ခ်င္မူးတူးျဖင့္ ေခါင္းကုတ္လိုက္ၿပီး တံခါးဆီသို႔ ျဖည္းညင္းစြာ ေလ်ာက္သြားသည္။
ဝုန္း......
တံခါးဖြင့္ၿပီးေနာက္ ေမႊးပ်ံ႕ေသာ ရနံ႔မ်ားက သူ၏ ႏွာေခါင္းထဲသို႔ တိုး၀င္လာသည္။ ထိုင္းမႈိင္းေနေသာ လင္းခ်ီမွာ ခ်က္ခ်င္းပင္ တက္ႂကြသြားၿပီး
"ေမႊးလိုက္တာ"
သူ၏ ႏႈတ္မွ ႐ုတ္တရက္ ေရ႐ြတ္လိုက္မိသည္။ ထို႔ေနာက္ လင္းက်င္က်င္မွန္း သိသြားတဲ့အခါ လင္းခ်ီရဲ႕ မ်က္လုံးေတြ ခ်က္ခ်င္းျပဴးက်ယ္လာသည္။
သူမက လင္ဗန္းတစ္ခ်က္ကို ကိုင္ထားၿပီး လင္ဗန္းေပၚတြင္ အေငြ႕တေထာင္းေထာင္းထေနေသာ ဝါဖန႔္ဖန႔္ စြပ္ျပဳတ္ေလး တစ္ခြက္ရွိသည္။ ထိုပန္းကန္လုံးေလးမွာ ေမႊးရနံ႔မ်ား၏ အရင္းအျမစ္ပင္။
"ဟင္း ဟင္း.....ရွင့္အတြက္ အရသာရွိတာေတြ ယူလာေပးတာေလ..."
က်င္းလင္လင္မွာ ႐ိုးသားပြင့္လင္းၿပီး ခင္ဖို႔ေကာင္းသူ တစ္ေယာက္ျဖစ္သည္။ သူမက ေခါင္းေမာ့ၿပီး အခန္းထဲသို႔ ယုံၾကည္ခ်က္အျပည့္ျဖင့္ ၀င္လာသည္။ စြပ္ျပဳတ္ပန္းကန္ကို စားပြဲေပၚ တင္ၿပီးေနာက္ သူမက ၿပဳံးၿပီး ေျပာလိုက္သည္။ "ကြၽန္မက ဒီလို စြပ္ျပဳတ္ကို တစ္လမွ တစ္ခြက္ပဲ လုပ္တာေနာ္...ေလနက္ရဲတိုက္က ေတာ္၀င္မိသားစုေတြေတာင္ ဒီစြပ္ျပဳတ္ကို ျမည္းရဖို႔အသက္စြန႔္ရဲၾကတယ္"
ထိုစကားကိုၾကားၿပီးေနာက္ လင္းခ်ီ သိခ်င္စိတ္ ျပင္းျပသြားေသာ္လည္း ယဥ္ေက်းစြာျဖင့္ၿပဳံး၍ ေမးလိုက္သည္။ "ဒါဆို...ဒီစြပ္ျပဳတ္ရဲ႕ အက်ိဳးသက္ေရာက္မႈက ဘာမ်ားလဲမသိဘူး......ေမွာ္စြမ္းအင္ကို တိုးပြားေစတာလား...ဒါမွမဟုတ္ ေမွာ္စြမ္းအားနဲ႔ ခႏၶာကိုယ္ အင္အားကို တိုးတက္ေစတာလား"
က်င္းလင္လင္ သူမ မ်က္လုံးကို လွန္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။ "သခင္ေလးလင္း..ကြၽန္မက စားဖိုမႉးတစ္ေယာက္ပါ ...ေမွာ္ေဆးပညာရွင္ မဟုတ္ဘူး....ၿပီးေတာ့ ေမွာ္ေဆးပညာရွင္ဆိုရင္ေတာင္ ခုနက ရွင္ေျပာတဲ့ဟာေတြကို မလုပ္ေပးႏိုင္ဘူး"
လင္းခ်ီ ကိုယ့္ကိုယ္ကို ၿပဳံးလိုက္သည္။ ေမွာ္ေဆးပညာရွင္ မလုပ္ႏိုင္ရင္ေတာင္ သူလုပ္ႏိုင္သည္။
ျဖစ္ႏိုင္သည္မွာ လွ်ာကေဝစနစ္မွ ဟင္းလ်ာမ်ား၏ လုပ္ေဆာင္ႏိုင္စြမ္းကို မသိေသးတာျဖစ္ႏိုင္သည္။
"ဒီစြပ္ျပဳတ္ရဲ႕ နာမည္ကို ပင္လယ္ရဲ႕ အရသာလို႔ ေခၚတယ္ ..ေလနက္ခံတပ္ေတာင္မွ ရွားပါးတဲ့ 'ပိုင္႐ုန္'ကို တစ္လမွ တစ္ခါဘဲ ရတာ..ဒါေၾကာင့္ တစ္လတစ္ႀကိမ္ကို စြပ္ျပဳတ္တစ္ခြက္ပဲ ခ်က္ႏိုင္တာ..."
'ပိုင္႐ုန္'ဆိုသည္မွာ ပင္လယ္ထဲတြင္ ေနေသာ မေကာင္းဆိုးဝါး သားရဲတစ္မ်ိဳးျဖစ္သည္။ ၎မွာ ၾကယ္ေလးပြင့္သားရဲျဖစ္ၿပီး ျမင္ရန္ပင္ ခက္ခဲသည္။ ထို႔ေၾကာင့္ တစ္လမွ တစ္ေကာင္ သို႔မဟုတ္ ႏွစ္ေကာင္ခန႔္သာ ဖမ္းဆီးရမိသည္။
က်င္းလင္လင္ အခ်က္အျပဳတ္ကို ေလ့လာၿပီးေနာက္ ပိုင္႐ုန္ကို သူမ၏ လွ်ိဳ႕ဝွက္ ပင္လယ္စာဟင္းထဲ့သို႔ ေပါင္းထည့္ျခင္းက ပိုင္႐ုန္၏ အရသာကို ပို၍ခ်ိဳၿပီး အရသာရွိသြားေစေၾကာင္း သိရွိသြားသည္။ ထို႔ျပင္ ဟင္းပြဲတြင္ မ်က္ႏွာကို လွပေစေသာ အက်ိဳးသက္ေရာက္မႈလည္း ရွိေသးသည္။ ထို႔ေၾကာင့္ ေတာ္၀င္မင္းသမီးမ်ားမွာ ထိုဟင္းပြဲကို အလြန္ႏွစ္သက္ၾကျခင္းျဖစ္သည္။
"ဝိုး....ဒါဆို ဒီ စြပ္ျပဳတ္တစ္ခြက္က ဘယ္ေလာက္က်လဲ..."
လင္းခ်ီ သိခ်င္စြာျဖင့္ ေမးလိုက္သည္။
"ကြၽန္မ ေျပာျပလိုက္ရင္ ရွင္ေသခ်ာေပါက္ လန႔္သြားမွာ..."
"ေျပာစမ္းပါ..ဒီထက္ေၾကာက္ဖို႔ ေကာင္းတာေတြေတာင္ ႀကဳံခဲ့ဖူးေသးတယ္"
"တစ္ခြက္ကို ေ႐ႊျပား ၁,၀၀၀ "
လင္းခ်ီ ၾကက္ေသေသသြားၿပီး စြပ္ျပဳတ္ကိုင္ထားေသာ သူ၏လက္မ်ားမွာ တုန္ယင္သြားသည္။
"ဘယ္....ဘယ္ေလာက္...."
"တစ္ခြက္တည္းအတြက္ကို...ေ႐ႊျပားတစ္ေထာင္?"
က်င္းလင္လင္ ေခါင္းၿငိမ့္ျပလိုက္သည္။ လင္းခ်ီလက္မ်ား တုန္ယင္ေနေသာေၾကာင့္ သတိေပးလိုက္သည္။
"သတိထားဦး..."
လင္းခ်ီ လ်င္ျမန္စြာ စြပ္ျပဳတ္ပန္းကန္ကို စားပြဲေပၚသို႔ တင္လိုက္ၿပီး ျပဴးက်ယ္စြာျဖင့္ "မင္း....ဒီတစ္ပြဲကို ေ႐ႊျပားတစ္ေထာင္က်တယ္ဆိုတာ ေသခ်ာလား..."
က်င္းလင္လင္က မ်က္စိေပကလပ္ေပကလပ္ လုပ္လိုက္ၿပီး မ်က္ေမွာက္ႀကဳံ႕ကာ "ဟုတ္တယ္ ..အၿမဲတမ္းဒီေဈးဘဲ ..ဘာလို႔လဲဆိုေတာ့ ရွားပါးေလ...ပိုတန္ဖိုးႀကီးေလပဲေလ"
လင္းခ်ီ ပို၍ စိတ္လႈပ္ရွားသြားသည္။
'ဒါဆို ငါခ်မ္းသာၿပီေပါ့'
ေ႐ႊျပားတစ္ေထာင္...!
ထိုပိုက္ဆံႏွင့္ဆိုပါက စနစ္ကို အဆင့္ျမင့္ရန္ ျပႆနာရွိေတာ့မည္ မဟုတ္ေပ။
"အျမန္....နင္ဒီစြပ္ျပဳတ္ကို မေသာက္ေတာ့ဘူးဆိုရင္ သူ႔အရသာေတြ ရွိေတာ့မွာ မဟုတ္ဘူးေနာ္..."
"ဘာ...!"
ထိုစကားလုံးမ်ားက လင္းခ်ီ၏ ေတာက္ေလာင္ေနေသာ ႏွလုံးသားေလးကို ေရေအးေအးႏွင့္ ၿငိမ္းသတ္လိုက္သကဲ့သို႔ပင္။
ထိုတခဏတြင္ အစားအစာတစ္ခုဆိုတာ လုပ္ခါစတြင္သာ တန္ဖိုးရွိေၾကာင္း သူေမ့သြားခဲ့မိသည္။ ေအးသြားပါက အရသာမ်ား ေလ်ာ့ပါးသြားလိမ့္မည္။
"ဟင္း...မင္းငါ့ကို ေ႐ႊတစ္ေထာင္ တိုက္႐ိုက္ ေပးလိုက္လဲ ရေနတာပဲကို.." လင္းခ်ီ အထြန္႔တက္လိုက္သည္။
ထိုစကားမ်ားက က်င္းလင္လင္ကို အနည္းငယ္ သံသယဝင္သြားေစသည္။ "ရွင္... ရွင္က ဆန္းသစ္လၿမိဳ႕ေတာ္ရဲ႕ သခင္ေလးလင္းမဟုတ္လား...ရွင္ ေငြျပတ္ေနလို႔လား..."
"ငါ့မိသားစုက ခ်မ္းသာေပမဲ့ အခုငါက စမ္းသပ္မႈထဲေရာက္ေနတာေလ ...ငါအခု ေငြအေတာ္လိုေနတာ... ရွင္းျပရင္ေတာင္ နားလည္မွာ မဟုတ္ပါဘူးကြာ"
ေျပာၿပီးသည္ႏွင့္ လင္းခ်ီ စြပ္ျပဳတ္ပန္းကန္ကို ေကာက္ကိုင္လိုက္ၿပီး နည္းနည္းေလာက္ စုပ္ေသာက္လိုက္သည္။
"ဟမ္...!"
စြပ္ျပဳတ္မွာ အမွန္ပင္ အရသာရွိသည္။ နာမည္အတိုင္း ျမည္းၾကည့္လိုက္ေသာအခါ ငါးအရသာကို ခံစားမိၿပီး မ်ိဳခ်လိုက္ေသာအခါ ပင္လယ္၏ ခ်ိဳျမမႈႏွင့္ လတ္ဆတ္မႈကို ခံစားရေစသည္။ ပင္လယ္ထဲသို႔ ေရာက္ရွိေနသည့္အလား လန္းဆန္း၍ သက္ေတာင့္သက္သာ ရွိလွသည္။
"အရသာ ဘယ္လိုလဲ"
က်င္းလင္လင္မွာ သူ၏ ဟင္းခ်က္လက္ရာတြင္ အျပည့္အ၀ ယုံၾကည္ၿပီး လင္းခ်ီ အားရပါးရ စားေနေသာအခါ ၿပဳံးမိသည္။
"အင္း....အရမ္းေကာင္းတယ္..."
လင္းခ်ီ စြပ္ျပဳတ္စားၿပီးနာက္ အသိအမွတ္ျပဳသည့္အေနျဖင့္ ေခါင္းၿငိမ့္လိုက္သည္။ သို႔ေသာ္လည္း သူ႔စနစ္၏ အစားအေသာက္မ်ားကို မွီရန္ေတာ့ လိုအပ္ေနဆဲပင္။
လင္းခ်ီ၏ ေနာက္ဆုံးမွတ္ခ်က္မွာ က်င္းလင္လင္ကို အံ့ဩသြားေစသည္။
"ဒါပဲလား?"
"ဟင္...ဘာျဖစ္လို႔လဲ"
က်င္းလင္လင္ ေၾကာက္လန႔္တၾကား အေနာက္သို႔ အနည္းငယ္ ဆုတ္မိလိုက္သည္။ ထို႔ေနာက္ "ကြၽန္မစြပ္ျပဳတ္ကို ပထမဆုံးအႀကိမ္ ေသာက္တဲ့သူတိုင္း အရမ္းကို စိတ္လႈပ္ရွားၿပီး မဆုံးႏိုင္ေအာင္ ခ်ီးမြမ္းၾကတယ္ ..ရွင္က ဘာလို႔ ဒီေလာက္ တည္ၿငိမ္ေနတာလဲ "
လင္းခ်ီ ေခါင္းကုတ္လိုက္သည္။ သူ ေကာင္မေလးကို မလိမ္ခ်င္ေပ။ "အာ..တကယ္ေတာ့ စားစားခ်င္းတုန္းက ငါးညႇီနံ႔ နည္းနည္းရတယ္ ..ဒါေၾကာင့္ လုံး၀ႀကီး ၿပီးျပည့္စုံတာေတာ့ မဟုတ္ဘူး"
အဓိက တည္းခိုေဆာင္၏ စားဖိုမႉး တစ္ေယာက္အေနနဲ႔ က်င္းလင္လင္ သူမ၏ အခ်က္အျပဳတ္စြမ္းရည္ကို လြန္စြာ ယုံၾကည္မႈရွိသည္။ မ်ားစြာေသာ ေမွာ္ဆရာမ်ား ႏွင့္ ဓားသမားမ်ားမွာ သူမ၏ ဟင္းပြဲကို စားေသာက္ၿပီးတိုင္း အထင္ႀကီးသြားၾကစၿမဲပင္။
သို႔ေသာ္လည္း သူမေရွ႕ရွိ လူထံတြင္ေတာ့ သူမ၏ အေကာင္းဆုံး ဟင္းပြဲမွာ ေမွ်ာ္မွန္းထားေသာ ရလဒ္ မရေသာေၾကာင့္ အနည္းငယ္ ေဒါသထြက္ေနသည္။
"မျဖစ္ႏိုင္တာ...."
က်င္းလင္လင္၏ အမူအရာ ႐ုတ္ခ်ည္း ေျပာင္းလဲသြားသည္။ထို႔ျပင္ သူမ၏ မ်က္လုံးေလးမ်ားမွာလည္း လင္းခ်ီကို သူမ သေဘာမက်ေၾကာင္းေဖာ္ျပေနသည္။
လင္းခ်ီ ကူကယ္ရာမဲ့စြာႏွင့္ "အထင္မလြဲပါနဲ႔....ငါလည္း ခ်က္ျပဳတ္ တတ္......."
အမွန္ေတာ့ လင္းခ်ီမွာ အရသာရွိေသာ အစားေသာက္မ်ားကို ေထာက္ပံ့သူသာ။ သို႔ေသာ္လည္း သူ၏ စနစ္မွာ ကိုယ္တိုင္ခ်က္ျပဳတ္ႏိုင္သည္ျဖစ္ရာ သူ႔တြင္ ေ႐ြးခ်ယ္စရာမရွိ။ သဘာ၀အတိုင္း စားဖိုမႉး ျဖစ္လာေပသည္။
"ရွင္...ရွင္ကလည္း စားဖိုမႉးေပါ့...."
က်င္းလင္လင္ လြန္စြာ စိတ္ရႈပ္သြားသည္။ သူမ ခါးေထာက္လိုက္ၿပီး "ရွင္က လင္းမိသားစုရဲ႕ သခင္ေလး မဟုတ္ဘူးလား...."
••••