Find Love Because Of you (Com...

By Pyoe_Ou_Yim

100K 2.7K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(12)uni+zaw

2.5K 72 0
By Pyoe_Ou_Yim

Part (12)

"အင်း....အင်း..."

"စိုင်းစဝ် သတိရလာပြီလား သက်သာလား"

စိုင်းစဝ် ခေါင်းက နာကျင်နေကာ သူရ၏ အသံကြောင့် ပြန်၍ပင်သတိမေ့ချင်သွားသည်။

"ရတယ် သက်သာတယ် သူရ ငါ့ကို ရေနည်းနည်း တိုက်ပါလား"

"အေ ပြည့်လျှံ ဆရာဝန်သွားခေါ်ပေးနော် ဝီလျှံရှိန်းကိုကော စိုင်းစဝ်သတိရပြီလို့ပြောခဲ့"

သူရ ဘေးတွင် ထိုင်နေသည့် ပြည့်လျှံအား ပြောလိုက်သည်။

"စိုင်းစဝ် ခေါင်းက နာနေသေးလား"

"အွန်း နည်းနည်းတော့ နာသေးတယ်"

"အေ ခန္ဓာကိုယ်တွေကကော နာသေးလား"

"အရမ်းတော့မနာတော့ဘူး"

သူရ စကားပြောနေချိန် ဆရာဝန် ဝင်လာခဲ့သည်။ ဆရာဝန်မှ စစ်ဆေးစရာများ စစ်ဆေးကာ ချိတ်ထားသည့် ဆေးကုန်လျှင် ဆေးရုံဆင်းလို့ရပြီ ဖြစ်ကြောင်း ပြောသည်။ ‌မှာစရာများ ပြီးသွားသည့်အခါ ဆရာဝန်က ပြန်ထွက်သွားလေသည်။

"စိုင်းစဝ် ခ‌ဏနေ ဝီလျှံရှိန်းလာလိမ့်မယ် သူ့ကို ကောင်းကောင်းလေးပြောပေးလိုက်နော်"

"အေးပါ "

ဝီလျှံရှိန်းသည် စိုင်းစဝ်၏ ကုတင်ဘေးက ခုံတွင် ထိုင်သည်။ ဝီလျှံရှိန်းရောက်သည်နှင့် သူရနှင့် ပြည့်လျှံက ထွက်သွားသည်။

"မင်းအဆင်ပြေရဲ့လား "

စိုင်းစဝ် ဝီလျှံရှိန်းကို မေးလိုက်သည်။

"ဘာလို အဲ့လိုလုပ်ရတာလဲ ၊ ဘာအတွက် အဲ့လိုလုပ်တာလဲ"

"မင်းဘာတွေပြောနေတာလဲ ဝီလျှံရှိန်း "

"မင်းအခုလို လုပ်လိုက်လို့ မင်းတစ်ခုခု ဖြစါသွားရင် ဘယ်လိုလုပ်မလဲ"

"ဝီလျှံရှိန်း အခုငါ ဘာမှ မဖြစ်ဘူးလေ ပြီးတော့ တစ်ဖက်မိန်းခလေး တစ်ယောက် ဒုက္ခရောက်နေတာကို ငါဒီအတိုင်းကြည့်မနေနိုင်ဘူး"

"မင်းဝင်ပါလိုက်တော့ ဘာရလဲ မင်းမှာ ဒဏ်ရာတွေဘဲလေ မင်းသူငယ်ချင်းကော ငါကောရောက်မလာရင် ဘယ်လိုလုပ်မလဲ ဘာလို့ကိုယ့်ကိုကိုယ် အရင်မတွေးရတာလဲ"

"ဝီလျှံရှိန်း "

"မင်း ငါ့ဘက်ကိုကော နည်းနည်းလေး‌မှ မတွေးဘူးလား မင်းမရှိရင် ငါ... တောက်"

ဝီလျှံရှိန်း တောက် ခေါက်ကာ အခန်းအပြင်ဘက်သို့ ထွက်သွားသည်။

စိုင်းစဝ်က ဝီလျှံရှိန်း၏ ခံစားချက်ကို နားမလည်ဘူး။ ကိုယ့်မှာ အချစ်တစ်ယောက်ဘဲ ရှိတာ ၊ အချစ်သာ တစ်ခုခုဖြစ်သွားရင် ကိုယ်လုံးဝ ရူးသွားမှာ ၊ ကိုယ်ရဲ့ အချစ်တွေကို မြင်အောင်ကြည့်ပေးပါ။

"စိုင်းစဝ် "

"သူရ လာလေ ထိုင်"

ဝီလျှံရှိန်း ထွက်သွားပြီး မကြာမှီပင် သန့်သူရကိုနှင့် ထွဋ်ခေါင်ပြည့်လျှံ ဝင်လာသည်။

"စိုင်းစဝ် မင်းဝီလျှံရှိန်းကို ဆေးထည့်ဖို့မေပြာလိုက်ဘူးလား"

"ဘာကို "

"သူ့လက်မှာ ဒဏ်ရာရှိတယ် ဆေးရုံရောက်ထဲက ဆေးထည့်မယ်ပြောပေမယ့် မင်းသတိမရသေးလို့ သူဘာမှ မထည့်သေးဘူး ပြီးတော့ မင်းသတိမရသေးခင် ဆေးရုံမှာ ပြဿနာ ဖြစ်သွားသေးတယ်"

"ဟင်...ဘာတွေဖြစ်သွားတာလဲ"

"မင်းသတိမေ့နေတုန်း ရဲတွေ ရောက်လာတယ်လေ ဝီလျှံရှိန်းကို ရဲစခန်းကို ခေါ်တယ် ဝီလျှံရှိန်းကမလိုက်ဘူးကွာ မင်းသဆိရရငါ လာမယ်ပြောတယ် ၊ အဲ့ဒါကို ဟို ကောင်မလေးရဲ့ မိဘတွေက မင်းတို့က သူ့သမီးကို ဒုက္ခ ပေးတဲ့သူနဲ့ တစ်ဖွဲ့ထဲဖြစ်လို့မလိုက်တာပေါ့လို့ပြောတယ် အဲ့မှာ ဝီလျှံရှိန်ူက အေါက်ကွဲရော"

"သိလား စိုင်းစဝ်  ' ခင်များသမီးကို ကယ်လို့ ကျွန်တော်ကောင်လေး သတိတောင်မရသေးဘူး ၊ ခင်များတို့ ကျေးဇူးမတင်တတ်ရင်တောင် မစော်ကားနဲ့ ၊ခင်များတို့အတွက်သူက ဘာမှ မဟုတ်ပေမယ့် ကျွန်တော့် အတွက် သူက ဘယ်လောက်အရေးပါလဲ သိလား ခင်များတို့ သမီးကဘဲ အရေးပါတာမဟုတ်ဘူး ကျွန်တော်အတွက် သူဘယ်လောက်အရေးပါလဲ ခင်များတို့ မသိဘူး ထွက်သွား ခင်များတို့ကို ဆေးရုံမှာလဲ မမြင်ချင်ဘူး ကျုပ်ကောင်လေးနိုးလာမှ ခင်များတို့နဲ့ စာရင်းရှင်းမယ်' အဲ့လိုပြောတာသိလား ဝီလျှံရှိန်းက ဒေါသတကြီးနဲ့ပြန်ပြောတာ"

"ဟုတ်တယ် စိုင်းစဝ် မင်းတို့ ဟိုဘက်မှာ ဖြစ်တာကို သူရပြောလို့ ငါသိပြီးပါပြီ အခုဆေးရုံမှာ ပြောသွားတာကိုတော့ ငါကိုယ်တိုင်ကြားလိုက်ရ‌တာနော် မင်းသူ့ကို ကောင်းကောင်းဂရုစိုက်ပါကွာ သူမင်းကိုတကယ်ချစ်ပါတယ်"

စိုင်းစဝ် ပြည့်လျှံနဲ့ သူရတို့၏ စကားများကို နားထောင်ကာ သတိမမေ့ခင်အချိန်က ဝီလျှံရှိန်း၏ စကားများကို ကြား‌လာသည်။ ခေါင်းကို ရိုက်မိသည်မှာ စိုင်းစဝ် မဟုတ်ဘဲ ဝီလျှံရှိန်းများ ဖြစ်နေမလား။ ဒါမှမဟုတ် စိုင်းစဝ် နောက်တစ်ခေါက် ထပ်ပြီး အရိုက်ခံသင့်သေးသ့ါဘအဪည်လား ။ စိုင်းစဝ် မတွေးနိုင်တော့၍ မျက်လုံးမှိတ်ကာနေလိုက်တော့သည်။

စိုင်းစဝ် ‌ချိတ်ထားသည့် ဆေးကုန်သွား၍ ဆေးရုံက ဆင်းခဲ့သည်။ ဝီလျှံရှိန်းလဲ စိုင်းစဝ်နှင့်လဲအတူလိုက်ခဲ့သည်။ စိုင်းစဝ် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

"ဘာစားချင်လဲ ကိုယ်မှာပေးမယ် အခန်းထဲဝင်နားလိုက်လေ အိပ်ယာပေါ်မှာ လှဲနေလိုက်"

"ရတယ် မလှဲချင်သေးဘူး ဝီလျှံရှိန်း မင်း ဒီနားကိုလာခဲ့"

"ဘာဖြစ်လို့လဲ အချစ် တစ်ခုခုဖြစ်လို့လား ခေါင်းမူးလို့လား"

"မဟုတ်ဘူး ဒီနားပါဆို မင်းကို ဆေးထည့်ပေးမလို့ မင်းကို ဒဏ်ရာတွေနဲ့ မြင်ရရင် ဝမ်းနည်းလို့ မင်းဆေးရုံမှာလဲ ဆေးမထည့်ခဲ့ဘူးဆို"

"အချစ်ကကွာ ကိုယ့်ကို အသဲယားအောင် လုပ်နေတာဘဲ"

"လာအမြန် "

ဝီလျှံရှိန်း စိုင်းစဝ်၏ ဘေးသို့ ဝင်ထိုင်လိုက်သည်။

"လက်ပေး"

စိုင်းစဝ် ဝီလျှံရှိန်း၏ လက်အားဆေးထည့်ပေးသည်။

"နောက်ဆို ဘာအတွက်နဲ့မှ ရန်မဖြစ်နဲ့နော် ထိခိုက်အောင်မလုပ်နဲ့တော့ "

"အချစ်ကို ထိရင်တော့ ကိုယ်ထိမ်းနိုင်မယ် မထင်ဘူး"

"မဟုတ်ဘူးလေ ဝီလျှံရှိန်း မင်းက မင်းရဲ့ အနောက်မှာ မင်းမိသားစု ပုံရိပ်တွေရှိနေမယ်လေ ငါ့အတွက်ဆိုပေမယ့် အခုလိုဖြစ်တော့ ငါပိုစိတ်မကောင်းဖြစ်ရတာပေါ့"

မှန်၏။ ဝီလျှံရှိန်း ခဏပျောက်သွားချိန်တွင် W group၏ ဆက်ခံသူ ရန်ဖြစ်သည့် အကြောင်း သတင်းက fbပေါ်တွင် hot ဖြစ်နေသည်။ စိုင်းစဝ် ဝီလျှံရှိန်းအား ထိုသို့ သူများပြောနေကြသည်ကို သဘောမကျပါ။

"အချစ် ဘာမှ တွေးမနေနဲ့ အချစ်ကို ထိခိုက်စေရင်တော့ ကိုယ်သည်းခံနေမှာ မဟုတ်ဘူး အချစ်က ကိုယ့်ကို ဘယမှ မဖြစ်စေချင်ရင် အချစ်လဲ သူများကိစ္စတွေမှာ ဝင်မပါပါနဲ့"

"နောက်ခါငါမပါတော့ပါဘူး လာမင်းမျက်ခုံးမှာ ဆေးထည့်ပေးမယ် စပ်ရင်ပြောနော် "

စိုင်းစဝ် ခန္ဓာကိုယ်အနည်းငယ် ကြွကာ ဆေးထည့်ပေးလိုက်သည်။

ဝီလျှံရှိန်း၏ မျက်စိရှေ့တည့်တည့်တွင် အချစ်၏ ပန်းနုရောင် သန်းနေသော နှုတ်ခမ်းလေးက ရောက်ရှိလာသည်။ ဝီလျှံရှိန်း ရေငတ်လာသလို ပင်ဖြစ်လာသည်။ အခုမှ အချစ်ထံမှ စကားသေချာပြောခြင်းကို ရထားသည် နမ်းလိုက်၍ မဖြစ်ပါ စိတ်ထိန်းမှဖြစ်ပါမည်။

"ဘာလို့လဲ စပ်လို့လား ငါမှုတ်ပေးမယ်လေ ဟူး...ဟူး...ဟူး.."

အချစ်လေတစ်ခါမှုတ်လိုက်တိုင်း နှုတ်ခမ်းလေးက ဆူထွက်လာ၍ ဝီလျှံရှိန်း စိတ်ကို ‌အတော်ပင်ထိန်းချုပ်ထားရသည်။

"ရတယ်အချစ် ကိုယ်ဘာမှ မဖြစ်ဘူး အချစ်ပြီးပြီလား"

"မင်းကလဲ ဆေးထည့်လို့ စပ်တာဘဲ ရှက်စရာမလိုပါဘူး ငါဆို အိမ်မှာ အဖွားဆေးထည့်ပေးရင် အကျယ်ကြီးအော်တာ မင်းကမှ သည်းခံနိုင်သေးတယ်"

'စပ်တာမဟုတ်ဘူးအချစ် အချစ်နှုတ်ခမ်းကို စားချင်လာလို့ ပါလို့ ဘယ်လိုပြောရမလဲ"

"ရပြီအချစ် ကိုယ်အချစ်အိပ်ဖို့ အိပ်ယာပြင်ပေးမယ် အချစ်ခဏနေအုံးနော်"

ဝီလျှံရှိန်း အချစ်၏ ဘေးနားမှ အမြန်ထကာ အခန်းထဲသို့ ဝင်လိုက်သည်။

"ဘာဖြစ်သွားတာလဲဟ "

စိုင်းစဝ်မီးဖိုခန်းထဲ ဝင်ကာ ခေါက်ဆွဲပြုတ်လိုက်သည်။ ခေါက်ဆွဲပြုတ်ပြီးသည်အထိ ဝီလျှံရှိန်း အခန်းထဲဝင်သွားသည်မှာထွက်မလာပါ။

"ဒေါက်...ဒေါက်....ဝီလျှံရှိန်း ခေါက်ဆွဲပြုတ်ထားတယ် စားမယ် ထွက်လာခဲ့တော့"

စိုင်းစဝ် ပြောပြီးသည်နှင့် ခေါက်ဆွဲစားရန်သွားလိုက်သည်။

"အချစ်ကကွာ ခေါက်ဆွဲဘာလို့ ကိုယ်တိုင်သွားပြုတ်တာလဲ ကိုယ့်ကို ပြောတာမဟုတ်ဘူး "

"ဘယမှမဖြစ်ဘူး လာစားတော့ ပြီးရင် ခဏနားပြီး အိပ်တော့မယ် တစ်နေကုန်အိပ်ထားပေမယ့် အိပ်ချင်လာတယ် "

"ကိုယ် အိပ်ယာခင်းထားပေးပြီးပြီ အိပ်တော့နော်"

"မင်းကကော ဘယ်မှာအိပ်မှာလဲ "

"ကိုယ် ဆိုဖာပေါ်မှာ အိပ်လိုက်မယ် "

"ရတယ် အခန်းထဲမှာဘဲ လိုက်အိပ်လိုက် အခန်းကလဲ အကျယ်ကြီးဘဲလေ ဒေါင့်ကို ကပ်ပြီး အိပ်လို့ရတယ်"

"ဟုတ်ပါပြီ စားစား အချစ် ပြီးရင်အိပ်ကြမယ် အချစ်အနားယူဖို့လိုအပ်တယ်"

ဝီလျှံရှိန်းနှင့် စိုင်းစဝ် စားပြီးချိန်တွင် ဇာတ်လမ်းတွဲခဏကြည့်ကာ အိပ်ယာကိုယ်စီ ဝင်ကြသည်။

Seen you Soon 🔜🔜🔜

Alison_Ahsaw
15/12/2023




Z

awgyi

Part (12)









"အေ ခန်ဓာကိုယျတှကေကော နာသေးလား"

































































Seen you Soon 🔜🔜🔜

Alison_Ahsaw
15/12/2023

Continue Reading

You'll Also Like

29.8K 898 21
ဝဠာထွဋ်ခေါင် × လင်္ကာပျိုး Start Date>>>> 18.9.2023 End Date>>>>
48.2K 2.1K 37
သူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...