Find Love Because Of you (Com...

By Pyoe_Ou_Yim

99.2K 2.6K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... More

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(25)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part (10) uni+zaw

2.5K 78 0
By Pyoe_Ou_Yim

Part(10)

"နူးညံ့မှုတွေက မင်းအပိုင်ဖြစ်ပြီး ကြမ်းတမ်းမှုတွေက မင်းကို ထိခိုက်သူတို့ အပိုင်၊ မင်းကတော့ ကိုယ့်အပိုင်"

...............

ဝီလျှံရှိန်းသည် ထိုနေ့မှစ၍ စိုင်းစဝ်အိမ်သို့ ပြန်ရောက်မလာသကဲ့သို့ ကျောင်းသို့လဲမလာပါ။

ဖြစ်ခဲ့သမျှ ပြဿနာသည် ဝီလျှံရှိန်း၏ အမှား မဟုတ်ဆိုသည်ကို နောက်တစ်နေ့တွင် သိခဲ့ရသည်။ ထွဋ်ခေါင်သည်လည်း အကုန်လုံးကို သိရ၍ သူ၏ရည်းစားအစား ‌ကျွန်တော့်အား တောင်းပန်ခဲ့သည်။ဝီလျှံရှိန်းကိုလဲ တောင်းပန်ခိုင်းသေးသည်။ ထိုကောင်လးနှင့်တော့ လမ်းခွဲလိုက်ကြသည်။

ကျောင်းမှာ တွေ့လျှင် တောင်းပန်မည်ဟု ဆိုသော်လည်း ကျောင်းသို့လဲ ရောက်မလာပါ။ ဒီနေ့ဆိုလျှင် ဝီလျှံရှိန်း ကျောင်းမလာသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။။ စိုင်းစဝ် ကျောင်းရှေ့တွင် စောင့်နေလိုက်သည်။

ကျောင်းတက်ချိန်မှာ တဖြည်းဖြည်း နီးလာသော်လည်း ဝီလျှံရှိန်းအား မတွေ့ရပါ။ စိုင်းစဝ် အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။

စိုင်းစဝ် သွားရာ လမ်းတွင် ဘောလုံးကစားနေသည့် ကျောင်းသားတစ်ချို့ကို တွေ့လိုက်ရသည်။

"စိုင်းစဝ် ရှောင်လိုက် စိုင်းစဝ်"

ဘောလုံးသည် စိုင်းစဝ်ရှိရာဘက်သို့ လာနေသဖြင့် စိုင်းစဝ်ကြောင်ကာ ရပ်နေမိသည်။ စိုင်းစဝ်၏ လက်အား ဆွဲကာ တစ်ယောက်ယောက်က ဆွဲဖတ်လိုက်သည်။ စိုင်းစဝ် သူ၏ ရင်ဘတ်ထဲကို ရောက်သွားသည်။

"တောင်းပန်ပါတယ် "

ဘောလုံကန်လိုက်သည့် ကောင်လေးက ဆိုလာသည်။

"ရပါတယ် ၊ ကျေးဇူးတင်ပါတယ် " "ဝီလျှံရှိန်း"

စိုင်းစဝ် ရင်ခွင်မှ ထွက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။ထိုအခါမှ စိုင်းစဝ်ကို ဆွဲသည့်သူမှာ ဝီလျှံရှိန်းမှန်းသိသည်။

"ဘောလုံးမှန်သွားရင် သယ်လိုလုပ်မလဲ ၊ လမ်းလျှောက်တာ စိတ်က ဘယ်လွှင့်နေတာလဲ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဘာလို့ ကိုယ့်ကိုကိုယ် ဂရုမစိုက်ရတာလဲ စိုင်းစဝ်"

"မဟုတ် ဝီလျှံရှိန်း"

စိုင်းစဝ်ကို ပြောပြီးသည်နှင့် ဝီလျှံရှိန်းက ထွက်သွား‌သည်။

"ငါက သူ့ကို တောင်းပန်မလို့ကို အပြစ်ဘဲ ထပ်လုပ်မိသွားတယ်"

*************

ဝီလျှံရှိန်း စိုင်းစဝ်နဲ့ ပြဿနာဖြစ်ပြီး တစ်ပတ်မထိ ကျောင်းသို့ မလာခဲ့ပါ။ ဝီလျှံရှိန်းသည် သာမန်ကျောင်းသား၊ W group၏ ဆက်ခံသူ တစ်ဦးအဖြစ် လူအများက သိထားကြသည်။ သို့သော်ဝီလျှံရှိန်းသည် နောက်ထပ်လုပ်ငန်း တစ်ခုအား ဦးစီးနေသူဖြစ်သည်။ ဝီလျှံရှိန်းသည် ငယ်စဉ်ကပင် ဂိမ်းဆော့ရသည်ကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ ဝီလျှံရှိန်းသည် Game ကုမ္ပဏီတစ်ခုတွင် ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်သည်။

အေးဆေးနေထိုင်သည်ဆိုသည်ထက် ပေါင်းသင်းဆက်ဆံရေးတွင် ညံ့သည်ဟု ဆိုရအောင်ပင် ကျွန်တော်ထံတွင် သူငယ်ချင်းမရှိပါ။ မှတ်မှတ်ရရထိုနေ့တွင် ကျွန်တော် အိမ်နှင့် စကားများလာခဲ့သည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်စွာ သွားနေသည့် ကောင်လကို တွေ့လိုက်ရသည်။

သူတစ်ယောက်ထဲ mini mart တစ်ခုစီမှာ ပေါင်မုန်ြအများကြီးကို ဝယ်သွားခဲ့၍ သူ၏နောက်သို့ ကျွန်တော်လိုက်လာသည်။ လမ်းအနည်းငယ် လျှောက်ပြီးသည့်အခါတွင် ရေကန်ပြင်ကြီး တစ်ခုဆီသို့ ရောက်သွားသည်။

ဝယ်လာသည့် ပေါင်မုန့်ထုတ်များကို ငါးများအားကျွေးနေသည်ကို တွေ့လိုက်ရသည်။ သူရယ်မောပျော်ရွှင်နေသည်ကို ကြည့်ရသည်မှာ ကျွန်တော့်၏ စိတ်ညစ်မှုများကို ပျောက်သွားစေသည်။

နောက်ဆစ်ရက်တွင် ကျွန်တော်သူ့အား တိုက်ဆိုင်စွာဖွင့် ကျောင်းတွင်ပြန်တွေ့သည်။ ကျောင်းတွင်လဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူငယ်ချင်းဖြစ်သူ သန့်သူရကို နှင့်သာရှိနေတတ်သည်။ ကျွန်တော်သူအား စိတ်ဝင်စားမိ၍ ‌အနောက်က အမြဲလိုက်ကြည့်နေမိသည်။ သူ့အပေါ် ထားရှိသည့် ခံစားချက်များကို နားလည်လာတော့ လက်မခံနိုင်စွာ ရှောင်ပြေးမိသေးသည်။

ရည်းစားများစွာကို ထားကာ မေ့ပျောက်အောင်ကြိုးစားသော်လည်း ပို၍ပင် စွဲလမ်းလာသည်။ အရင်အချိန်မှ ရင်းနှီး၍ အကြောင်းစုံကို သိနေသည့် နှင်းပိုးကုဋေ ကိုတိုင်ပင်ကာ သူ့အား ကျွန်တော့်၏ အနားတွင် အပိုင်ခေါ်ထားချင်၍ ကြိုးစားခဲ့သည်။

ကျွန်တော့်အပိုင် ဖြစ်သည့် သူ့အား နာကျင်စေသူများကို ထပ်တူနာကျင်စေရန်အတွက် ကျွန်တော် ပု့လုပ်ချင်သည်။ ကျွန်တော်၏ ဆိုးသွမ်းမှုတွေကို သူ့ကို မသိစေချင်ခဲ့ပါ။

ကုမ္ပဏီတွင် ဂိမ်းအသစ်ထွက်ရေးနှင့် ပတ်သတ်၍ ပေါက်ကြားချက်များရှိနေသောကြောင့် သူလျှိုဖမ်းကြရန်အတွက် စီစဉ်နေကြသည်မို့ တစ်ပတ်လောက် ကျောင်းမလာနိုင်ခဲ့ပါ။ ထိုရက်အတွင်းမှာ နှင်းပိုးကုဋေအား ကြည့်ရှုခိုင်းထားသည်။ ကျွန်တော်ချစ်ရသူက ကျွန်တော်ကို မမျော်နေဘူးဆိုတာ သိရတော့ နည်းနည်းဆော့ ဝမ်းနည်းခဲ့ရသည်။

သူ့အားတွေ့ချင်လွန်းသဖြင့် အလုပ်နေရာသို့ လိုက်သွားခဲ့ရာ သူ၏ သူငယ်ချင်းနှင့် တွေ့သည့်အပြင် သူငယ်ချင်းကောင်လေးဆိုသူပါ ပါလာ၍ စိတ်မချကာ လိုက်ခဲ့သည်။

သူနေသည့် နေရာ တိုက်ခန်အကြောင်းကို စုံစမ်းသည့်အခါတွင် ထိုတိုက်ပိုင်ရှင်သည် လုပ်ငန်းအရှုံးပေါ်၍ ဘဏ်ကြွေးတင်နေသူ ဖြစ်နေသည်။ အလွယ်တကူပင် ထိုတိုက်ကို ဝယ်ယူလိုက်သည်။

သူအနားတွင် နေနိုင်၍ အရင်ကထက် အဆင်ပြေပြီဟု မျှော်လင့်နေချိန်တွင် ပြဿနာဆိုး ဝင်လာသည်။ သူငယ်ချင်း၏ ရည်းစား ထွန်းမျိုးဇော်မှာ ဆေးကွဲနေသူ ဖြစ်ကာ ချူစားနေသည်။ တစ်ခါတစ်ရံ ဆေးလဲ ရောင်းသေးသည်။ ထိူလူအကြောင်းကို သိသည်နှင့် စိတ်မချသည်မို့ သူတို့ အနောက်မှ လိုက်ရင်း ပြဿနာဖြစ်ကြသည်။

ကိုယ့်၏ ကြမ်းတမ်းသည့်ပုံစံကို ပြမိ၍ သူအလွန်လန့်သွားလောက်သည် ဆိုသည့် အတွေးတို့ဖြင့် အိမ်တွင် နေလိုက်သည်။ နှင်းပိုးကုဋေမှ နင့်ကောင်လေး နင့်ကို လိုက်ရှာနေတယ် ဆိုသည့် စကားကြောင့် ဒီနေ့ကျောင်းသို့ လာခဲ့ခြင်းဖြစ်သည်။

သို့သော် ကျောင်းရောက်သည့်အခါတွင် တွေ့လိုက်ရသည့် မြင်ကွင်းက အဆင်မပြေစေခဲ့ပါ။ သူ့ကိုယ်ပေါ်တွင် အထိအခိုက် အပွန်းအပဲ့ သေးသေးလေးပင် မထိခိုက်စေချင်သည့် ကျွန်တော့်၏ စိတ်ကြောင့် သူ့ကို ကျွန်တော် အော်မိခဲ့သည်။

အချစ်နဲ့ အဆင်ပြေဖို့ ကြိုးစားရပါအုံးမည်။

See you Soon

AN/ နည်းနည်းတိုသွားတဲ့အတွက် တောင်းပန်ပါတယ်နောက်ကျသွားတဲ့ အတွက်ကောပါ ။‌

Alison_Ahsaw
13/12/2023


Part(10)


...............
















*************















See you Soon


Alison_Ahsaw
13/12/2023

Continue Reading

You'll Also Like

4.9K 119 13
Lexi is Daniel LaRusso's best friend and Mr Miyagi's student and after a long and tyring trip from Okinawa, they come back for a relaxing summer. But...
21.3K 1.1K 23
လောကကြီးကမတရားဘူး​နော်​ .... ဒီလို​ပြော​တော့ အစစအရာရာ အဆင်​​ပြေ​နေတဲ့သူ​တွေက​တော့ တရားပါတယ်​​ပြော​ကောင်း​ပြောမှာပါ ......ဒါ​ပေမယ့်​ ​ယောကျာ်းစင်​စ...
823K 69K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
11.9K 549 12
⚣ NOMIN. [ COMPLETED ! ] where jeno's love for jaemin only gives him anxiety. . lee jeno x na jaemin.