ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 13.9K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 54

717 107 0
By Swae_Nyoe

အပိုင်း (၅၄)

နောက်ထပ် နှစ်ရက်နားပြီးနောက် ဇွန်ဘီဘော့စ်ကို တိုက်ခိုက်ရန် နည်းလမ်းများကို ပြန်လည်မွမ်းမံခဲ့ကြပြီး ကျောက်တုံးကြီးပိတ်ထားရာ ဂူပေါက်သို့ အဖွဲ့လိုက် ချီတက်ခဲ့ကြသည်။ အဖွဲ့သားများသည် ဝင်ပေါက်ရှေ့တွင် နှစ်တန်းစီစီရီရီ ရပ်ပြီး သူတို့၏ ပါးစပ်နှင့် နှာခေါင်းများကို ဖုံးအုပ်ထားကြသည်။

အဖွဲ့အတွင်းမှ လျှပ်စီးစွမ်းအားရှင် နှစ်ဦးသည် အတူတူရပ်လိုက်ကြပြီး အချင်း မီတာဝက်ရှိသော မိုးကြိုးလုံးကြီး တစ်ခုကို ဖန်တီး၍ ကျောက်တုံးကြီးဆီသို့ ပစ်လိုက်သည်။ ချက်ချင်းပင် မူလက ဝင်ပေါက်ပိတ်ထားသော ကျောက်တုံးကြီးက အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး လေထဲတွင် ကျောက်မှုန်များပြည့်နှက်သွားတော့သည်။ လေထု ပြန်လည်ကြည်လင်သွားစေရန် ငါးမိနစ်ခန့် ကြာမြင့်ခဲ့သည်။

အပေါက်က တော်တော်လေး ကျဉ်းသောကြောင့် စွမ်းအားရှင်များအနေနှင့် အစွမ်းသုံးဖို့ မလွယ်ကူပေ။ အထူးသဖြင့် အဖျက်စွမ်းအားပြင်းသော စွမ်းအားများ ပိုင်ဆိုင်ထားသည့် စွမ်းအားရှင်များက ပိုဆိုးသည်။

<Tomorrow>၏ ဂိမ်းကြေငြာများထဲမှ အကြီးမားဆုံးသော လှည့်ကွက်တစ်ခုသည် အသက်မွေးဝမ်းကြောင်းနိုင်သော ပညာရပ်တစ်ခု အလကားရနိုင်မည်ဟူသည့် ဂျင်းအကြီးစားကြီးဖြစ်သည်။ ၎င်းက ယခင်တုန်းက ကာရိုက်တာတစ်ခုချင်းစီအတိုင်းအတွက် သက်မှတ်ပြီး အလုပ်တစ်ခု ရှိသည့် လက်ဟောင်း အွန်လိုင်းဂိမ်းများနှင့် အတော်လေး မတူခဲ့ပေ။ ဥပမာပြောရလျှင် ပုံမှန်ဆိုလျှင် အဝေးမှ တိုက်ခိုက်နိုင်စွမ်းရှိတတ်သော mage ကစားသမားများ နှင့် လူသားတံတိုင်း တိုက်ခိုက်ရေးသမားများဟု သတ်မှတ်နိုင်သော tankများ...

<Tomorrow>တွင်တော့ များစွာသော စွမ်းအားများနှင့် ကာရိုက်တာများ ရွေးနိုင်သည်။ လူတိုင်းက သူတို့၏ စွမ်းရည်များ၊ skillsများနှင့် လက်နက်ကိရိယာများကို သင့်တော်သလို တပ်ဆင်ရွေးချယ်နိုင်သည်။ ဥပမာပေးရလျှင် ခုခံရေးအားကောင်းသော စွမ်းရည်ရှိသူ မြေစွမ်းအားရှင်များအနေနှင့် သူတို့သည် ခုခံရေးသမားများသာမက အားကောင်းသော မြေစွမ်းအားရှင် တိုက်ခိုက်သူများ ဖြစ်လာနိုင်သည်။

ကျန်းကျိရင်၏ သစ္စာတရားဝတ်စုံသည်လည်း သူ၏ စွမ်းအားများကို တိုးလာစေနိုင်သည်။ သို့သော် ရေခဲနှင့် တိကျမှုစွမ်းရည်ဖြည့်သွင်းထားသော အချစ်စစ်ပစ္စတိုရှိခြင်းက သူ၏ တိုက်ခိုက်နိုင်စွမ်းကို ပို၍ အားကောင်းလာစေသည်။ သူ၏ အချစ်စစ်ပစ္စတိုသည် သူ၏ စွမ်းရည်များကို မြှင့်တင်ပေးရန် သူ့အတွက် သီးသန့်လုပ်ပေးထားသည့်အလား အသုံးဝင်လှသည်။

ယခု ကျန်းကျိရင် လုပ်ရမည့်အရာမှာ ဇွန်ဘီဘော့စ်ကို အပြင်ထွက်လာအောင် သွေးဆောင်ရန်ဖြစ်သည်။

သူသ်ည ဝင်ပေါက်၏ တစ်ဖက်သို့သွားလိုက်ပြီး ဇွန်ဘီဘော့စ်တိုက်ခိုက်နိုင်မည့် စက်ကွင်းအတွင်း မရောက်သော နေရာ၏ အလယ်တည့်တည့်တွင် ရပ်နေသော်လည်း ကျန်းကျိရင်၏ အဝေးပစ်စွမ်းရည် မရောက်နိုင်သည့် နေရာတွင်မဟုတ်သလို ဇွန်ဘီဘော့စ်ကိုလည်း ကောင်းကောင်းမြင်ရသေးသည်။

မြှောက်...ချိန်...ပစ်...

ဇွန်ဘီဘော့စ်၏ မျက်လုံးများ အလယ်တည့်တည့်တွင် ပြင်းထန်သော ပစ်ချက်တစ်ခု ထိခတ်သွားသည်။ သို့သော် ၎င်းက အဆင့်မြင့် ဇွန်ဘီဘော့စ်ဖြစ်ရာ ဤတိုက်ခိုက်မှုလောက်က သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်မသွားစေဘဲ အပြင်ထွက်လာရန် ဒေါသကို ဆွပေးနိုင်လိုက်ခြင်းကပင် အံ့ဩဖွယ်ဖြစ်နေလေသည်။

လေစွမ်းအားတွင် ကနဦးစွမ်းရည်တစ်မျိုးဖြစ်သော လျင်မြန်စေခြင်း ဟူသည့် စွမ်းရည်တစ်မျိုးရှိသည်။ ၎င်းက လူတစ်ယောက်၏ လှုပ်ရှားမှုများကို ပို၍ လျင်မြန်သွားစေသည်။ အနည်းငယ်အဆင့်မြင့်သော လေစွမ်းအားရှင်များသည် တိုက်ပွဲအလယ်တွင်ပင် လျင်မြန်ခြင်းစွမ်းရည်ကို အသုံးပြုနိုင်ကြသည်။ ဤသို့သော အထောက်အပံ့စွမ်းရည်များက ကစားသမားများကို အရှိန်နှင့် အင်အားစွမ်းရည်များကို အဆင့်မြင့်နိုင်ခြင်းက သာမန်ပဲလားဟု မေးခွန်းထုတ်လာစေခဲ့သည်။

ရလဒ်ကတော့ ယနေ့ခေတ်တွင် ဂိမ်းထဲတွင် သာမန်အဆင့်မြှင့်တင်နိုင်သော စွမ်းရည်ပိုင်ရှင်များ မရှိတော့ခြင်းပင်။ မည်သို့ပင် ဆိုစေကာမူ သာမန်ဒြပ်စင်စွမ်းရည်များကား ယွမ်ငါးဆယ်တည်းဖြင့် ဝယ်ယူနိုင်နေလေရာ ဂိမ်းထဲတွင် ငွေအများအပြား သုံးရန် လက်တွန့်ကြသူများပင် ဤယွမ်ငါးဆယ်လောက်ကို ဂိမ်းဝင်ကြေးအဖြစ် သဘောထားပြီး သုံးနိုင်လေသည်။

အချိန်ပိုရှိနေကြသော ကစားသမားကတော့ သူတို့လိုချင်သည့် စွမ်းရည်ရသည်အထိ အကောင့်သစ်များဖွင့်၍ ကြိုးစားကြသည်။ သူတို့၏ characters' statsက လုံလောက်အောင် မကောင်းသေးလျှင် သူတို့သည် အကောင့်ဆယ်ခုလောက် ဖွင့်နိုင်ကြပြီး လူသစ်တာဝန်များကို သူတို့လိုချင်သည့် စွမ်းရည်မရမချင်း ဆယ်ကြိမ်လောက် ထပ်လုပ်နိုင်ကြသည်။

ဤအချိန်တွင် ဇွန်ဘီဘော့စ်သည် လေစွမ်းအား မြန်နှုန်းကို သက်ရောက်စေပြီး လျင်မြန်စွာ ပြေးထွက်လာသည်။

ဝင်ပေါက်တွင် မီးစွမ်းအားရှင်အဖွဲ့သားများနှင့် မြေစွမ်းအားရှင်အဖြွ့သားများက မြေမြှုပ် မီးဗုံးများကို အစဉ်လိုက်တန်းစီထားပြီး သူတို့၏ အားအကောင်းဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် အဆင်သင့်ပြင်ထားပြီး ချုံခိုစောင့်နေကြသည်။

ထောင်ချောက်ပေါ်သို့ ဘော့စ် ခြေချလိုက်သည်နှင့် မီးဘောလုံးများ လျှပ်စီးကြောင်းများ လေဓားသွားများနှင့် နွယ်ပင်များ...ချက်ချင်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဘော့စ်၏ HP သုံးပုံတစ်ပုံခန့် လျော့ကျသွားသည်။

ဇွန်ဘီဘော့စ်သည် နည်းဗျူဟာထဲတွင် ရေးထားသည့်အတိုင်း ဒုတိယအဆင့်ဖြစ်သော မိုးကြိုးကွန်ချာ တိုက်ခိုက်ခြင်း အဆင့်သို့ တိုက်ရိုက် ရောက်သွားသည်။ တူညီသော အဆင့်တွင်ရှိသော လေစွမ်းအားနှင့်ယှဉ်လျှင် လျှပ်စီးစွမ်းအား၏ တိုက်ခိုက်နိုင်စွမ်းက လေစွမ်းအားထက် အပုံကြီးသာသည်။ ကျန်းကျိရင်သည် ဤတိုက်ခိုက်မှု ရောက်နိုင်သော အများဆုံး ဧရိယာကို တွက်ချက်ပြီး ဆေးဖြူဖြင့် စည်းတားထားခဲ့သည်။

ပြင်ဆင်ထားပြီးဖြစ်သော အဖွဲ့သားများသည်လည်း သူတို့၏ ပထမအချီတိုက်ခိုက်မှုအပြီးတွင် ဆုတ်ခွာရန် ပြင်ဆင်ကြသည်။ သူတို့ထဲမှ နှစ်ယောက်သာလျှင် အနည်းငယ် အဆုတ်နှေးသွား၍ နောက်ကျောတွင် ဒဏ်ရာရလိုက်သည်။ သို့သော် အလွန်ပြင်းထန်ခြင်းမျိုးတော့ မရှိပေ။

ခုခံရေးအဖွဲ့ဝင်ဆယ်ယောက်သည် အပူရှိန်ဖြင့် တိုက်ခိုက်သော လက်နက်များကို ကိုင်ဆွဲ၍ မြေစွမ်းအားရှင်များ၏ မြေတံတိုင်း အကာအကွယ်အောက်တွင် ဘော့စ်ကို တိုက်ခိုက်ကြသည်။

ဂိမ်းထဲတွင် ကြီးထွားမှု၊ သေနိုင်နှုန်း၊ ဂိမ်းအလေ့အထများကို ထည့်သွင်းစဉ်းစားလေ့ရှိသော်လည်း ကစားသမားအများစုကတော့ စွမ်းရည်တစ်မျိုးတည်းကိုသာ ရွေးချယ်၍ လိုက်ဖက်ရာလက်နက်များကို သုံးတတ်သည်။ သို့သော် တကယ့်ကမ္ဘာအစစ်ဖြစ်သော <Tomorrow> ကမ္ဘာကြီးတွင် အပူချိန်ဖြင့် တိုက်ခိုက်သော လက်နက်များ အထူးသဖြင့် ပိုင်မုန့်အဖွဲ့အစည်းမှ ထုတ်လုပ်သော လက်နက်များကသာ လူ့အဖွဲ့အစည်း၏ ရွေးချယ်ရာဖြစ်နေတုန်းပင် ဖြစ်သည်။

ဘော့စ်က သူ၏ ကြီးမားသော တိုက်ခိုက်မှုကို နောက်တစ်ကြိမ် မထုတ်သုံးနိုင်ခင် ခုခံရေးအဖွဲ့က ဆုတ်ခွာပြီးဖြစ်သည်။ မြေတံတိုင်းအပြင်ဘက်တါ၍် စွမ်းအားရှင်များအားလုံးသည် ကိုယ်စီ ကာကွယ်ရေး skill များကို အသက်သွင်း၍ အကာအရံများဖြစ်စေကာ အဖွဲ့ရှေ့တွင် ကာရပ်နေကြသည်။

နောက်ထပ် ကြီးမားသော မိုးကြိုးလုံး တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ဂူအပေါ်ဘက်မှ ကျောက်မှုန်ကျောက်စများ အောက်ကျလာပြီး သူတို့၏ အကာအရံများပေါ်သို့ မိုးရွာသလို ပျံ့နှံ့သွားသည်။ တောက်ပသော ခရမ်းရောင် လျှပ်စီးကြီးက ၎င်း၏ သခင်ဖြစ်သူ၏ မကျေနပ်မှုများကို ပပျောက်စေသည့်အလား တဖျက်ဖျက်လက်နေသည်။

အမှန်အတိုင်းပြောရလျှင် ဤမြင်ကွင်းက အလွန်ကို လှပလေသည်။ သို့သော်သူသည် ဤထက်ပို၍ လှပ တောက်ပသော လျှပ်စီးကြောင်းကို မြင်ဖူးလေသည်။ ထို့အပြင် ၎င်းက ထိုလူပိုင်ဆိုင်သော လျှပ်စီး ဖြစ်နေသေးသည်။

ကျန်းကျိရင် မျက်လုံးမှိတ်၍ သူ၏ အတွေးများကို မြန်မြန်ဆန်ဆန် စုစည်းကာ သူ၏ ပစ်မှတ်အပေါ် အာရုံစိုက်၍ ခလုတ်ကို ဆွဲထုတ်သည်။

သေနတ်ပြောင်းဝမှ ရေခဲပြာရောင် လေထုခပ်ပါးပါး လွှင့်ထွက်လာပြီးနောက် ၎င်းက ကြီးမားသော အဖြူရောင်ရေခဲလှံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဇွန်ဘီ၏ ရင်ဘက်ကို ဖောက်ဝင်သွားသည်။ ယခုလေးတင်မှ အကွက်ကြီးကြီးရွှေ့လိုက်သော ဇွန်ဘီဘော့စ်သည် ချက်ချင်းကြီး ခေါင်းဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွဦးသည်။ သူသည် သူ့နယ်မြေအတွင်း ကျူးကျော်လာသူများကို နောက်ထပ် တုံ့ပြန်ရန် အကွက်ထပ်မ‌ရွှေ့လိုက်ရပေ။

ဇွန်ဘီဘော့စ် ပြန်ခုန်ထလာသည်။ သူ၏ HPက သုံးပုံ တစ်ပုံသာ ကျန်တော့သည်။ ၎င်းသည် တတိယအဆင့်ဖြစ်သော ဒြပ်စင်သုံးမျိုး ပေါင်းစပ် တိုက်ကွက်ဖြင့် တိုက်ခိုက်မည့် အဆင့်သို့ ရောက်သွားသည်။ ၎င်းတိုက်ကွက်က လက်ရှိ enmity value အများဆုံးသော ကျန်းကျိရင်ထံသို့ လာနိုင်ချေ အများဆုံးရှိသည်။

ကျန်းကျိရင်သည်လည်း ထိုအတွက်ပြင်ဆင်ပြီးဖြစ်သည်။ သို့သော် ဘော့စ်က သူ့နားသို့ ချည်းကပ်လာပြီးမှ ရုတ်တရက် ဦးတည်ရာပြောင်းသွားမည်ဟု မည်သူက ထင်ပါမည်နည်း။ ၎င်းကကျန်းကျိရင်ကို ကျော်သွားပြီး သူ၏ ချွန်ထက်ကြီးမားသော အဆိပ်သန္ဓေပြောင်း လက်သည်းကြီးများကို ဆန့်ထုတ်၍ ကျန်းကျိရင်နောက်မှ ချန်ကွမ်းကို သွား၍ တိုက်ခိုက်သည်။

ဤအဖြစ်က နယ်မြေဖြေရှင်းနည်းများထဲမှ နှင့် လုံးဝ ကွဲပြားနေသည်။ နယ်မြေအတွင်းတွင် ဤဇွန်ဘီလော့စ်သည် ချွင်းချက်မရှိ အဓိက တိုက်ခိုက်သူကိုသာ တိုက်ခိုက်ပေလိမ့်မည်။

သူက အဓိက တိုက်ခိုက်သူဆိုသည်ကို သေချာစေရန် အလို့ငှာ ကျန်းကျိရင်သည် လူအုပ်ကို ထိန်းချုပ်နိုင်မည့် နေရာကိုပင် စွန့်လွတ်၍ အစီအစဉ်ချကတည်းက သူ့ကိုယ်သူ တိုက်ခိုက်သည့် အဖွဲ့ ရှေ့တန်းတွင်သာ နေခဲ့သည်။

သို့သော် ယခုက ဂိမ်းကစားနေခြင်းမဟုတ်ပေ။ ထို့အပြင် သူတို့ရှေ့မှ ဘော့စ်သည်လည်း ဒေတာအစုအဝေးတစ်ခု မဟုတ်ပေ။ ကျနး်ကျိရင် နောက်သို့ ချက်ချင်းလှည့်၍ ဘော့စ်ကို သေနတ်နှင့် ငါးချက်ဆက်တိုက်ပစ်၍ နေရာတွင်ပင် အေးခဲစေလိုက်သည်။ အခြားသော အဖွဲ့ဝင်များသည်လည်း ကြောင်အမနေကြဘဲ သူတို့၏ သက်ဆိုင်ရာ စွမ်းအားများထုတ်၍ ဇွန်ဘီဘော့စ်ကို တိုက်ခိုက်ကြသည်။

တိုက်ခိုက်ရေးအဖွဲ့ကလည်း သူတို့၏ တတ်နိုင်သမျှ စွမ်းအားများနှင့် ကျည်ဆန်များသုံး၍ အားကုန်တိုက်ခိုက်ကြသည်။

ချန်ကွမ်း၏ တုံ့ပြန်မှုကလည်း နှေးမသွားပေ။ ဇွန်ဘီ၏ ကုတ်ချက်ကို ဘေးသို့ တိမ်း၍ ရှောင်လိုက်သည်။ သို့ဆိုလျှင်ပင် ချွန်မြသော အဆိပ်လက်သည်းက ချန်ကွမ်း၏ ယူနီဖောင်းကို ဆုတ်ဖြဲသွားခဲံပြီး သူ၏ ဘယ်ဘက်ရင်ဘက်တွင် ရှည်လျားသော ကုတ်ခြစ်ရာကြီးတစ်ခု ထင်ကျန်သွားစေသည်။

ဒဏ်ရာက နက်မသွားပေ။ အကယ်၍ သာမန်ဇွန်ဘီတစ်ကောင်ကြောင့် ရသွားသော ဒဏ်ရာဆိုလျှင်တော့ ဇွန်ဘီဗိုင်းရပ်စ် ကာကွယ်ဆေး နှစ်ပုလင်းလောက် ထိုးလိုက်လျှင် ရသော်လည်း ယခုက အဆိပ်ဇွန်ဘီဘော့စ်ဖြစ်နေသည်။ အဆိပ်က လျှင်မြန်စွာ ပျံ့နှံ့လာပြီး အဆိပ်ထိထားသော နေရာက မြင်နိုင်သော အမြန်နှုန်းဖြင့် မည်းနက်လာကာ ပြည်များတည်လာသည်။ ပြည်တည်နာဖြစ်လာပြီး ပုတ်ဆွေးလာမည့် လက္ခဏာပင် ပြနေပြီဖြစ်သည်။

ကျန်းကျိရင် အံတင်းတင်းကြိတ်၍

"ခနလောက် တောင့်ထားဦး"

သူသည် ချက်ချင်း ရေခဲဓားသွားတစ်ခု ဖန်တီးလိုက်ပြီး ဒဏ်ရာရထားသော နေရာမှ အသားတို့ကို ဖြတ်ထုတ်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် Item Store မှ ဝယ်ထားသော ဓားဒဏ်ရာကုသပေးသည့် အဆင့်မြင့် ဆေးစပရေးဘူးကိုထုတ်၍ ဒဏ်ရာပေါ်တွင် ထူထူဖြန်းပေးလိုက်သည်။

ထိုနေ့ရက်များဆီမှ ကူကယ်ရာမဲ့မှုများက ယခုအချိန်တွင် တွေဝေနေမှုတို့ကို မဖြစ်စေအောင် တားဆီးပေးခဲ့ပြီး ရလာသော အတွေ့အကြုံများကြောင့် သူသည်လည်း အချိန်တိုင်းတွင် တည်ငြိမ်စွာ နေတတ်ခဲ့လေပြီ။

ဤအခိုက်အတန့်တွင် စက္ကတန့်တိုင်းက သေရေးရှင်ရေး အခိုက်အတန့်များဖြစ်နေပြီး ဒဏ်ရာရသူကလည်း သူ၏ အဖွဲ့သားများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ လျှို့ဝှက်ချက်များကို ဤအချိန်တွင် ကွယ်ဝှက်မထားနိုင်တော့ပေ။

ချန်ကွမ်းကား အလွန်ကို စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ဟု ဆိုရမည်။ ဘေးမှ လူများကပင် သူ့ကိုကြည့်၍ အသက်အောင့်ထားမိကာ ကျောထဲမှ စိမ့်နေအောင် အေးလာကြသည်။ သူ၏ အသားနှင့် အရေပြားက အဖြတ်ခံလိုက်ဿည်။ သို့သော် သူကား အသံတစ်စက်မှ မထွက်။ ခုခံရေးအဖွဲ့များက ချန်ကွမ်းထံသို့ မြန်မြန်သွား၍ သူ့ကိုနောက်ထန်းသို့ ထမ်းစင်ဖြင့် သယ်သွားသည်။

ဤအချိန်တွင် ကန့်သတ်စွမ်းရည်တို့က ဘော့စ်ကို ထပ်၍ မထိန်းသိမ်းမဖိနှိပ်နိုင်တော့ပေ။ ဘော့စ်ကို လှောင်ထားသော မြေလှောင်အိမ်အတွင်းမှ ဘော့စ်က အတင်းရုန်းထွက်လာပြီး မြေလှောင်အိမ်ကို ပျက်စီးသွားစေပြီး ရစ်သိုင်းထားသော နွယ်ပင်များကလည်း ပြတ်ထွက်တော့မလို ဖြစ်လာသည်။ ၎င်းက အချိန်မရွေး လွတ်ထွက်လာတော့မလို ဖြစ်နေပြီဖြစ်သည်။

ဘော့စ်သည် ယခုတွင် အလွန်အားနည်းနေပြီဖြစ်သည်။ ဤအချိန်တွင် ၎င်းကို ဖိနှိပ်ထားမှကို ဖြစ်မည်။ မဟုတ်လျှင် နောက်ဆုံး မီးစာကုန်ဆီခမ်း တိုက်ကွက်ကို ထုတ်လာလျှင် အားလုံး ဒုက္ခရောက်ပေတော့မည်။

ကျန်းကျိရင် ခေါင်းမော့လာသည်။

အဖွဲ့သားများကလည်း သူ၏ ရည်ရွယ်ချက်ကို နားလည်ကြသည်။ အားမုသည် အံတင်းတင်းကြိတ်၍ သူ၏ သစ်သားနွယ်ပင်များကို ပို၍တင်းကျပ်စေသည်။ တာ့တောက်သည်လည်း သူ၏ စွမ်းအားများကို တစ်ဖန်ပြန်၍ စုစည်းလိုက်ကာ ဘော့စ်ထံသို့ သံချိန်းကြိုးများ ပစ်ထုတ်၍ ချည်နှောင်သည်။ ကျန်းကျိရင် သူ၏ ဘယ်ဘက်လက်ကို မြှောက်၍ ဘော့စ်ကို အေးခဲသွားစေလိုက်ပြီး တစ်ချိန်တည်းမှာပင် ဇွန်ဘီဘော့စ်အနားသို့ တိုးသွားခဲ့သည်။

သူ၏ ညာဘက်လက်ကို မြှောက်၍ အချစ်စစ်ပစ္စတိုကို မြဲမြံစွာ ဆုပ်ကိုင်၍ ဘော့စ်၏ လည်ချောင်းတည့်တည့်ကို ချိန်၍ ပစ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် နာကျည်းမုန်းတီးမှုများ လျှံတက်နေသည်။

နွယ်ပင်များက ပြေလျော့လာပြီး အေးခဲခြင်းသက်ရောက်မှုကလည်း ပြယ်လုလု ဖြစ်လာကာ သူ့တွင် စက္ကန့်နှစ်ဆယ်ထက် ပို၍ အချိန်မကျန်တော့ပေ။

သူ၏ လက်ညှိုးက လှုပ်ရှားသွားပြီး သူ၏ သေနတ်ပြောင်းဝမှ ပြာဖျော့ဖျော့ အလင်းတစ်ချက် လက်သွားသည်ကို လူတိုင်းမြင်လိုက်ကာ ၎င်းအလင်းလှိုင်းက ဘော့စ်၏ ပုတ်ဆွေးနေသော လည်တိုင်ကို ဖြတ်ဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းကျိရင် ဆယ့်နှစ်ချက်တိတိ ပစ်ခဲ့ပြီး ကိုးချက်က သေကွင်းသေကွက် နေရာများကိုသာ ထိသွားခဲ့သည်။ ထို့အပြင် လည်ပင်းသ်ည ဇွန်ဘီတစ်ကောင်၏ အားအနည်းဆုံးနေရာဖြစ်သည်။

အဖွဲ့ဝင်များ၏ စွမ်းအားများကလည်း ပြန်၍ ကောင်းလာပြီဖြစ်ကာ သူတို့သည် နောက်ထပ်တစ်ကြိမ် ဇွန်ဘီဘော့စ်ကို ဝိုင်း၍ တိုက်ခိုက်ကြသည်။

ဇွန်ဘီဘော့စ်သည် နောက်ဆုံးတိုက်ကွက်ကို မထုတ်နိုင်သေးခင်မှာပင် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး နောက်ဆုံးတွင် အားအင်မဲ့စွာ ဒူးထောက်ကျသွားတော့သည်။ ကျန်းကျိရင် ဒြပ်စင်စွမ်းအားရှင် နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်သည်လည်း သူပြောသည်ကို ကောင်းကောင်းးနားလည်ကာ ဇွန်ဘီဘော့စ်ကို ပြာချပစ်လိုက်သည်။

ဇွန်ဘီတစ်ကောင်၏ ခန္ဓာကိုယ်သည် အဆိပ်ရှိသည်။ အကယ်၍ အချိန်မှီသာ မကိုင်တွယ်နိုင်ခဲ့လျှင် ဇွန်ဘီအဆိပ်တို့ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားနိုင်မည့် အန္တာရာယ်ရှိသည်။

--------------------------

လျှပ်စီးတပ်ခွဲ၍ ယာယီခံတပ်တွင်ဖြစ်သည်။

ရှောင်းမိုသည် နံရံတစ်ခု၏ ထောင့်တစ်နေရာကို မှီရပ်နေပြီး ယင်ရှောက်ရှန်းက သူမလက်မောင်းများထဲတွင် သက်သောင့်သက်သာရှိစွာ အိပ်ပျော်နေသည်။

ထန်ရှောင်လီလေးက ရှက်တတ်တတ် ပုံစံလေးဖြင့် ရောက်လာပြီး သူမကို ပြောလာသည်။

"ရှောင်းမိုကျယ်ကျဲ သူ့ကို ညီမလေး ထိကြည့်လို့ရမလားဟင်"

"မင်းသားလေး(His Highness)ကို ဒီလိုမျိုး သတိမထားဘဲ လာမထိနဲ့"

သူမကို အထင်အမြင်သေးနေသည့်အလား သူ၏ မီးခိုးရောင် မျက်ဝန်းသေများဖြင့် သူမကို ကြည့်၍ အေးစက်စွာ ပြန်ဖြေလိုက်သည်။

သူမကို ခေါ်သွားခဲ့စဉ်က သူမသည် ဆယ့်သုံးနှစ်သာရှိသေးသော ကလေးတစ်ယောက်သာ ရှိသေးသည်။ သုံးနှစ်ကြာပြီးနောက် သူမသည် မသိမသာ လွှမ်းမိုးခံလိုက်ရပြီး နောက်ပိုင်း ရုပ်ဖျက်ထားပြီးချိန်တွင်လည်း ဘော့စ်၏ အရိပ်အောက်တွင် ထိန်းသိမ်းခံခဲ့ရသည်။ မိန်းမငယ်လေးသည် အနိတ္တိမ ဘော့စ်ကြီး၏ အရှိန်အဝါတစ်ခုဆိုသည်မှာ ဘာမှန်း နားမလည်ခဲ့သေးသော်လည်း သူမသ်ည ကြောက်ရွံ့ခဲ့ပြီး မျက်ရည်များနှင့် ငိုကြွေး၍ ထွက်ပြေးသွားခဲ့သည်။

ရှောင်းမိုသည် ကလေးမလေး ပျောက်ကွယ်သွားသည့်ဘက်ကို ခနလောက်ကြာအောင် လိုက်ကြည့်နေခဲ့ပြီးနောက်တွင် သူမသည် အေးဆေးစွာဖြင့် ခေါင်းငုံ့၍ သူမလက်မောင်းများကြား အိပ်ပျော်နေသော ကြောင်ငယ်လေးကို နွေးထွေးစွာ ကြည့်လိုက်သည်။

စခန်းတွင်နေသည့် လူတိုင်း သက်ကြီးသက်ငယ်မရွေး အယုတ်အလတ်အမြတ်မရွေး အစားအစာလဲလှယ်ရန် အလုပ်လုပ်ကြရသည်။ သူမက အလွန်ငယ်ရွယ်သော်လည်း သူမသည် သူမမိခင် အစားအစာပြင်ချိန်တွင် ကူညီပေးရန် လိုသေးသည်။ သို့သော် အစ်မကြီး ရှောင်းမိုကတော့ ဤနေရာသို့ ရောက်သည်မှာ သုံးရက်ကနေ လေးရက်မြောက်ပြီဖြစ်သော်လည်း ကပ္ပတိန်၏ ကြောင်နှင့် ဆော့နေခြင်းကလွဲ၍ ဘာမှမလုပ်ပေ။

ထောက်ပံ့ရေးအဖွဲ့မှ လူအများအပြားက သူမကို ဤသို့ ထားခြင်းနှင့်ပတ်သက်၍ ကွန်ပလိန်းတက်ကြသော်လည်း သူမ၏ မိခင်က အစ်မကြီး ရှောင်းမိုအတွက် ကူပြောပေးခဲ့ကာ သူမက ရှောင်းမိုအတွက်ပင် တာဝန်များပို၍ ယူပေးလိုက်သေးသည်။ သို့သော် အစ်မကြီး ရှောင်းမိုကတော့ အလွန်ကို မတုန်မလှုပ်နိုင်လွန်းလှသည်။

ထန်ရှောင်လီမှာ မသိလိုက်စွာဖြင့် လျှောက်သွားမိနေပြီး စခန်းနယ်နိမိတ်ကိုပင် ကျော်သွားခဲ့သည်။ သူမသည် အစ်ကြီးက အလွန်ကြည့်ကောင်းရာ သူမက မတုန်မလှုပ် ဂရုမစိုက်တတ်လည်း ကိစ္စမရှိဟု တွေးနေမိသည်။

သူမသာ ပို၍ ကြိုးစားပြီး ရှောင်းမိုကျယ်ကျဲကို ပို၍ ကောင်းကောင်းဆက်ဆံပေးမည်ဆိုလျှင် ပို၍ အဆင်ပြေလာမည်ဟု တွေးမိသည်။ သူမ၏ အတွေးများ စုစည်းမိချိန်တွင် သူမသည် သူမကိုယ်သူမ မည်သည့်နေရာသို့ ရောက်လာမိကြောင်း မသိတော့ပေ။

"နူးနူးညံ့ညံ့ ချစ်စရာ ကလေးမသေးသေးလေး..."

အလွန်ကို ထူးဆန်းသော ပုံရှိသည့် အမျိုးသားနှစ်ယောက် ရုတ်တရက် ပေါ်လာပြီး သူမကို ယခုမှ အိုးထဲက ထုတ်လာသော လတ်လတ်ဆတ်ဆတ် မုန့်ပေါင်းဖြူဖြူလေးကို ကြည့်၍ ပြောလာသည်။

"ကပ္ပတိန် ရှိရန်ကတော့ သူမကို မြင်ရင် ပျော်သွားမှာပဲ ဟုတ်တယ်ဟုတ် ငါတို့တွေ ဒီတစ်ခေါက်တော့ ဆုလာဘ်ကောင်းကောင်းရတော့မယ်"

ကပ္ပတိန်ရှိရန်သည် ယွီဟောက်တပ်စခန်းမှ ခွန်အားနှင့် သတ္ထုအမွှာစွမ်းအားရှင်တစ်ယောက်ဖြစ်သည်။ သူသည် လူသားစားရခြင်းကို အလွန်နှစ်ခြိုက်ခြင်းကြောင့် ကျော်ကြားလေသည်။

..........................................

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

221K 39.4K 77
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
156K 9.9K 50
"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស...