ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

De Swae_Nyoe

101K 14.1K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... Mais

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
Part 96
Part 97
Completed in Telegram

Part 51

744 120 0
De Swae_Nyoe

အပိုင်း (၅၁)

ယင်ညန်၏ နောက်တွင် ယွီဟောက်နှင့် သူ(ကျန်းကျိရင်) မြင်ဖူးသလိုလို ထင်ရသော အခြားသူများက လိုက်ပါလာသည်။ ကျန်းကျိရင် သေချာတွေးကြည့်လိုက်သော် ဤလူများကို ဂိမ်းထဲတွင် မြင်ဖူးခဲ့ကြောင်း သိလာသည်။ ထိုသူတို့သည် ယွီဟောက်၏ တပ်စခန်းမှ ဘော့စ်ငယ် တစ်ချို့ဖြစ်သည်။ ဤအချိန်တွင်တော့ သူတို့သည် ဝိုင်၏နောက်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာများဖြင့် ဟန်ကိုယ့်ပြီး လိုက်ပါနေကြရသည်။

သူတို့မှာ ရှေ့ရှိ သန့်ရှင်းတောက်ပနေသော သုတေသနဂျူတီကုတ် အဖြူရောင်ဝတ်ဆင်ထားသော လူထံသို့ တစ်စက်ကလေးမှ မကြည့်ရဲကြသလို ခေါင်းပင် မမော့ရဲကြပေ။

ကျန်းကျိရင် အသက်အောင့်ထားလိုက်သည်။

ယင်ညန် သူ့ကို မကြိုက်ခင်ကတည်းက သူက အရူးအမူးစွဲလန်းခဲ့ရသည်ဆိုသော်လည်း သူ့တွင် အသိတရားတော့ ရှိပါသေးသည်။ ဒေါက်တာဝိုင်နှင့် ယွီဟောက်၏ တပ်စခန်းမှ လူများက ရင်ဆိုင်ရလွယ်မည်မဟုတ်သလို သူ့ကို သနားညှာတာသောအားဖြင့် လွတ်ပေးလိမ့်မည်ဟု လုံးဝ မထင်ပါချေ။ မျှော်လင့်ချက်စခန်းမှ သူတို့၏ မိတ်ဆွေသံယောဇဉ်ကို ထောက်ထားပြီး ယင်ညန်တစ်ယောက် သူ့ကို ချမ်းသာပေးလိမ့်မည်ကိုတော့ လုံးဝ လုံးဝ မမျှော်လင့်ထားပါချေ။

ဤလူများသည် ကမ္ဘာတစ်ခုလုံးကပင် အသိအမှတ်ပြုထားရသော အဆိုးဆုံးဆိုသည့် ဗီလိန်များသာ ဖြစ်သည်လေ။

ဗီလိန်များ လှုပ်ရှားနေချိန် သွားမနှောက်ယှက်သင့်သည်ကိုတော့ သူသိနေသေးသည်။

ကျန်းကျိရင်၏ နှုတ်ခမ်းပါးတို့ထက်တွင် ခါးသီးသော အပြုံးတစ်ပွင့် ဖူးပွင့်လာသည်။ ရှန်းရှီ ရှိခဲ့သော နေရာကို ကြည့်လိုက်ပြီး အပြင်ဘက်မှ လူများ သူ့ကို အာရုံမစိုက်နေချိန်တွင် တစ်ဖက်ထောင့်သို့ တိတ်တိတ်လေး ကပ်သွားသည်။ အပြင်ဘက်သို့ ချောင်းမကြည့်ရဲပါချေ။

ချောကလက်တွေ အများကြီးပေးထားတဲ့မျက်နှာထောက်ပြီး သခင်ဘော့စ်ကြီးမှ သူ့ကို သူ့(ယင်ညန်)လူများ ရှာမတွေ့အောင် မစပေးဖို့ ဆုတောင်းမိသည်။ ဤလူများ သူရှိရာ ပျက်စီးနေသည့် အခန်းကို လာပြီးမစစ်ဆေးရန်လည်း ဆုတောင်းနေရသည်။ တကယ်လို့ လုံးဝ လာပြီး မစစ်ဆေးခဲ့လျှင် သခင်ကြီးကို ချောကလက်အများကြီး ဝယ်ပြီး ပူဇော်မည်ဟု ကျိန်ဆိုသည်။

တစ်စုံတစ်ယောက်က ယင်ညန်အား ဓာတ်ခွဲခန်းတာဝန်ခံနှင့် တစ်ခြားသော စွမ်းအားရှင်များ ထွက်ပြေးသွားကြောင်း လာသတင်းပို့သည်ကို ကြားလိုက်ရသည်။

ယွီဟောက် ချက်ချင်း ဘော့စ်ထံမှ ညွှန်ကြားတစ်ချို့ တောင်းခံလိုက်သည်။ ယင်ညန်က အေးစက်စွာ ပြန်ပြောသည်။

"သွားပါစေ ထပ်ပြီး သွားနှောင့်နေစရာ မလိုတော့ဘူး"

သားရေဖိနပ်၏ တိုးသဲ့သော ခြေသံသဲ့သဲ့ကို ကြားလိုက်ရပြီး မသိစိတ်က မှတ်မိနေသည့်အလား ဤအသံကား ယင်ညန်၏ ခြေသံဖြစ်သည်ကို ကောင်းကောင်းမှတ်မိနေခဲ့သည်။

တည်ငြိမ်ပြီး အေးဆေးကာ အရာအားလုံးက သူ၏ လက်ထဲတွင်ပင် ရှိနေသေးသလို ယုံကြည်မှုအပြည့်နှင့် အသံမျိုးပါပေ။ ရှိခိုးကောင်က ပုစင်းကို ချောင်းနေချိန်တွင် သူ့ကိုနောက်မှ ပျံလွှားက ပြန်ချောင်းနေသည့်အလား။ Laboratory E မှ လူများသည် ရှေ့တန်းစခန်း အမှတ် ခုနှစ် နှင့် အမှတ်သုံးမှ လူများကို သူတို့၏ စမ်းသပ်မှုသားကောင်အဖြစ် သုံးရန် ရည်ရွယ်၍ ဤနေရာသို့ မရောက်ရောက်အောင် ဆွဲဆောင်ခဲ့သော်လည်း ဒေါက်တာဝိုင်ကို မည်သို့ ရန်စလိုက်မိမှန်းမသိခဲ့ကြပဲ ယွီဟောက်၏ တပ်ဖွဲ့များက သူတို့ကို ရစရာမရှိအောင် ချေမှုန်းသွားခဲ့သည်။

ယခုတွင်တော့ Laboratory Eမှ စွမ်းအားရှင်များအားလုံးမှာ သေလျှင်သေ မသေလျှင်လည်း သေလုမျောပါးအခြေအနေနှင့် ထွက်ပြေးနေရပြီဖြစ်သည်။ သို့သော် ယင်ညန်က သူ့လူများကို ဤဓာတ်ခွဲခန်းအား အပြီးတိုင်း ဖျက်ဆီးရန် စေခိုင်းသေးးသည်။

ဤသည်က ကောင်းတော့လည်း ကောင်းသည်ပင်။ အနည်းဆုံးတော့ သူတို့(ကျန်းကျိရင်)အနေနှင့် Laboratory Eမှ လူများနှင့် ထပ်မံ၍ ရင်ဆိုင်ရန် မလိုတော့ပေ။ ဤကား သူ့ကို ယွီဟောက်၏ တပ်ဖွဲ့များ မမိသွားမှ ဖြစ်လာနိုင်မည့် အခြေအနေတည်း။

ယွီဟောက်၏ တပ်စခန်းမှ လူများအားလုံးမှာ အလွန့်အလွန်ကို အရည်အချင်းရှိသူများဖြစ်သည်။ သူတို့သည် အတွေးများ အချောင်မခိုနေရဲကြပဲ လက်နက်များ စွမ်းအားများကို သုံး၍ နေရာတစ်ခုလုံးကို ဖျက်ဆီးနေကြသည်။ ယွီဟောက် ခေါင်းငုံ့၍ ယင်ညန်ကို တိုးတိုးလေး ပြောလိုက်သည်။ ကျန်းကျိရင် သူတို့ပြောတာကို မကြားလိုက်ရပေ။

ထို့နောက် ရင်းနှီးနေသော ဘော့စ်၏ အသံကို ကြားလိုက်သည်။

"ကောင်းပြီ သွားမနှောက်ယှက်နဲ့ သွားကြစို့"

လူအုပ်စုလိုက်ကြီး၏ ခြေသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင်တောင် ကျန်းကျိရင်နောက်ထပ် မိနစ်နှစ်ဆယ်လောက် စောင့်ပြီးမှ လှုပ်ရဲတော့သည်။

ရှန်းရှီ ရှိခဲ့ရနေရာသို့ မသွားခင် သူ၏ ကျောပိုးအိတ်အတွင်းမှ HP ပြန်ဖြည့်သည့် ဆေးများထည့်ထားသော ပုလင်းကို အားလိုက်သည်။ ကြမ်းပြင်ပေါ်မှ အဖြူရောင်အမှုန်များကို နည်းနည်းချင်း ပုလင်းအတွင်းသို့ ဖြည့်၍ သူနှင့် အနီးဆုံးနေရာတွင်ထားသည်။

ထို့နော်က သတိကြီးကြီးထား၍ ပျက်စီးနေပြီဖြစ်သော သံတံခါးမှ အပြင်သို့ ထွက်သည်။ အပြင်ရောက်သည်နှင့် ဓာတ်ခွဲခန်းတစ်ခုလုံးကား မူရင်းပုံမပေါ်အောင် ပျက်စီးနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ဖျက်ဆီးခံလိုက်ရသော ကိရိယာများကား မြေပြင်ပေါ်သို့ ပျံ့ကျဲနေပြီး ခြေချစရာကို မရှိတော့ပေ။

ကျန်းကျိရင် ဂရုတစိုက်နှင့် ပစ္စည်းအပျက်အစီးများကို နင်းချသွားနေရင်း ရုတ်တရက် အဝေးတစ်နေရာမှ လုံးဝ မပျက်မစီးကျန်နေခဲ့သော စင်တစ်ခုကို မြင်လိုက်ရသည်။ စင်တစ်ခုလုံးပေါ်တွင် ပစ္စတိုတစ်လက်မှလွဲ၍ ဘာမှ မရှိနေပေ။ ပစ္စတိုသည် ငွေရောင်အနားကွပ်များနှင့် ချောမွေ့နေအောင် လိုင်းများဖော်ထားပြီး မည်သို့မှ အလှဆင်ထားခြင်းမရှိပေ။ သို့သော် ဤသည်ကိုက အနုပညာလက်ရာမြောက်သော ပြီးပြည့်စုံသော လက်ရာတစ်ခုဖြစ်နေပြီဖြစ်သည်၊ မြေအောက်ဓာတ်ခွဲခန်း၏ အဖြူရောင်အလင်းရောင်အောက်တွင် ၎င်းက အေးစက်သော အလင်းတန်းဖျော့ဖျော့ကို ထုတ်လွှင့်နေသည်။

ကျန်းကျိရင် ပစ္စတိုကို မြင်ပြီးနောက် မိန်းမောသွားကာ သေချာစစ်ဆေးရန် အနားသို့ ကပ်သွားသည်။ ၎င်းသည် ရေခဲဒြပ်စင်အခြေပြု လက်နက်တစ်မျိုးဖြစ်ပြီး လက်နက်၏ အဆင့်ကိုတော့ မသိရပေ။ အရွယ်အစားကလည်း သူ၏ လက်နှင့် ကွက်တိကျနေကာ မသိလျှင် သူ့အတွက် သီးသန့်ပြုလုပ်ပေးထားသည့်အလား။

ရေခဲနှင့် တိကျမှု စွမ်းအား နှစ်ခုကို ပိုင်ဆိုင်ထားသော အမွှာစွမ်းအားရှင်တစ်ဦးအနေဖြင် ရေခဲဒြပ်စင်အခြေပြု ပစ္စတိုသည် တကယ်ကို သူနှင့်လိုက်ဖက် သင့်တော်သည့် လက်နက်တစ်ခုဖြစ်သည်။ သို့သော် ဤပစ္စည်းကိုယ်တိုင်ကိုက ဂိမ်းထဲတွင် အလွန်နာမည်ကြီးပြီး အလွန်ကောင်းသော ပစ္စည်းများနှင့်သွန်းလုပ်ထားသော ပစ္စတိုများက Trading House တွင် ယွမ်ငါးရာအောက်မကျပေ။ ကျန်းကျိရင် သူတွေ့ဖူးသော ပစ္စတိုဈေးနှုန်းများကို ချိန်ကြည့်ခဲ့ပြီးနောက်တွင် သူ့ရှေ့မှ ပစ္စတိုကို လောဘကြီးစွာကြည့်သည်။ တကယ်တမ်းတွင် သူ ပစ္စတိုတစ်ခု လိုချင်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

ယွီဟောက်၏ တပ်ဖွဲ့ တစ်နေရာလုံးကို ဖျက်ဆီးဿွားပြီးနော်က ကျန်းကျိရင်မှာ ဤလက်နက်ကလေး ဖျက်ဆီးသည့်ထဲ ပါမသွားသည်ကို တကယ်ကို ကံကောင်းသည်ဟု တွေးလိုက်မိသည်။ သို့သော် သူသည် လူသားသဘာဝအရ မမျှော်လင့်ဘဲ ရလာသော ကံကောင်းမှုကို လက်မ လွတ်ချင်ပေ။ ပစ်စတိုကို လက်ထဲတွင် ကိုင်ထားပြီး ကျန်းကျိရင်သည် စခန်းအမှတ်သုံးမှ လူများ အသက်ရှင်နေလောက်မည်ဟု မျှော်လင့်၍ ထိုအဖမ်းခံခဲ့ရသော နေရာသို့ ပြေးသွားသည်။

စိတ်ရှင်းဆေးနှင့် ဖြေဆေးတို့က အလုပ်ဖြစ်သည်ထင် သူတို့အားလုံး ပြန်သတိရနေကြပြီဖြစ်သည်။ အခန်းထဲမှ ပန်းရောင်ဓာတ်ငွေ့များလည်း မရှိတော့ပေ။ ကျန်းကျိရင်ရောက်သွားသော် လူများအားလုံး တဖြည်းဖြည်းနှင့် အသိစိတ်အားလုံး ပြန်ရလုပြီဖြစ်သည်။

ထို့နောက်တွင် သူတို့သည် ဓာတ်ခွဲခန်းကို စေ့စေ့စပ်စပ်ရှာသော်လည်း အချက်အလက်များနှင့် စမ်းသပ်ဆဲ သန္ဓေပြောင်းများ ကိရိယာများအားလုံးမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူတို့လည်း ဒီအတိုင်း ပြန်သွားကြဖို့ ဆုံးဖြတ်လိုက်သည်။

နောက်ထပ် တူညီသည့် အခန်းတစ်ခုအတွင်းတွင် သူတို့သည် သေသွားပြီဟု သတ်မှတ်လိုက်သော အဖွဲ့သားများ ကိုမာဝင်နေသည်ကို တွေ့ခဲ့ကြသည်။ သို့သော် ပထမဆုံး ပျောက်သွားခဲ့သော လူဆယ့်တစ်ယောက်မှာတော့ လုံးဝ ပြန်မတွေ့ရတော့ပေ။ သူတို့ အသက်ခံလိုက်ရဖို့ များလေသည်။

ဓာတ်ခွဲခန်းမှ ထွက်ခွာလာပြီးနောက် မြေပြင်ပေါ်သို့ တက်လာပြီးချိန်တွင် လူတိုင်းသည် ဆို့နင့်နေခဲ့ကြသည်။ ညီအစ်ကိုနှစ်ယောက်ထဲမှ ကျန်းကျိရင်နှင့် ရှန်းရှီကို အကူအညီတောင်း ခေါ်ဆောင်လာသော အကြီးက တွန့်ဆုတ်စွာဖြင့် မေးသည်။

"ကပ္ပတိန်ကျန်း ရှန်းရှီ သူ..."

ကျန်းကျိရင် သူ၏ ရင်ဘက်ကို လက်ညှိုးထိုးပြပြီး

"သူ ဒီမှာရှိတယ်"

သူညွှန်ပြရာနေရာ အိတ်ကပ်အတွင်းတွင် ရှန်းရှီပြောင်းလဲသွားသော ပြာများထည့်ထားသည့် ပုလင်းငယ်ရှိသည်။

ထိုညီအစ်ကိုနှစ်ယောက်သည် အလွန်ကို ထိတ်လန့်သွားကြပြီး စကားပင်ပြန်မပြောနိုင်တော့ပေ။ အကြာကြီး တိတ်ဆိတ်နေပြီးနော်က အကြီးကောင်ကပြောသည်။

"ကျွန်တော့် နာမည်က ချီရှင်းပါ ကျွန်တော့်ညီလေးက ချီလုံလို့ခေါ်ပါတယ် အနာဂတ်မှာ ကပ္ပတိန်ကျန်း တစ်ခုခုလိုတာရှိရင် ကျွန်တော်တို့ အသက်ကိုတောင် စွန့်ပေးဖို့ အဆင်သင့်ရှိနေမှာပါ"

ကျန်းကျိရင် ခေါင်းညိတ်၍ ကားထဲဝင်လိုက်သည်။ စခန်းအမှတ်ခုနှစ်ကို ဆက်သွယ်ရေးစက်မှတစ်ဆင့် ဆက်သွယ်လိုက်ပြီး တွေ့ဆုံရန် ပြောသည်။ သူ့ရင်ဘက်နားမှ အဖြူရောင်ကြွေပုလင်းလေးသည် သူ၏ ခန္ဓာကိုယ်အပူချိန်ကြောင့် တဖြည်းဖြည်းပူနွေးလာသည်။

ကျန်းကျိရင် မျက်လွှာချ၍ စီယာတင်ကို ဘယ်လက်ဖြင့်သာ ထိန်းထားပြီး တစ်ဖက်က သူ့အိတ်ကပ်ထဲမှ ပုလင်းကို ထိသည်။

'ငါအခုထိကို မသန်မာသေးဘူးပဲ'

သူသည် Item Store သာရှိနေသ၍ ဤကမ္ဘာပေါ်တွင် မည်သည့် အန္တာရာယ်မှ ရှိမည်မဟုတ်ဟု ထင်ခဲ့သည်။ ဤကမ္ဘာကား သူ့အတွက် အိပ်မက်တစ်ခုသာဖြစ်သည်ဟု တွေးခဲ့ပြီး ဤကား သူနှင့် ယင်ညန်ကို အမှန်တကယ် နီးစပ်စေမည့် သူ၏ အလိုချင်ဆုံးသော ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အရေးကြီးတစ်ခုဟုသာ သတ်မှတ်ထားခဲ့သည်။ သို့သော် ဤနေရာတွင် သူဂရုစိုက်ရသူများရှိလာသည်။ မုန်းတီးရသူများ ရောက်ချင်သော ပန်းတိုင် အောင်မြင်ချင်သော ရည်မှန်းချက်များ ရှိလာသည်။

တာ့တောက် ရှောင်ကျင်း လောင်ကျူ ယိုးခွင် လိရွှယ်ဖုန်း.....

နောက်တော့ ရှန်းရှီ....

သူ ငိုချပစ်လိုက်ချင်သော်လည်း မငိုနိုင်ခဲ့ပေ။ ဤလူအား အသက်ပြန်ရှင်အောင် လုပ်နိုင်စွမ်း ရှိချင်လှပါသည်။ ကံမကောင်းစွာဖြင့် ဤကမ္ဘာသည်လည်း သူ၏ မူရင်းကမ္ဘာနှင့် တူနေခဲ့သည်။ သေသူများ ပြန်၍ ရှင်သန်မလာနိုင်။ သူမှလွဲ၍ မည်သူမှ ပြန်မရှင်လာနိုင်။

သူသည်သာလျှင် ထိုသူတို့၏ အသက် မျှော်လင့်ချက် တို့ကို ထမ်းပိုးရင် ထာဝရရှင်သန်သွားလိမ့်မည်။

စခန်းအမှတ်ခုနှစ်၏ စတည်းချရာ နေရာအသစ်သို့ ရောက်လျှင် ကျန်းကျိရင်သည် စကားအနည်းငယ်သာ ပြောနိုင်ခဲ့ပြီး ပင်ပန်းမှုကြောင့် အိပ်မောကျသွားခဲ့သည်။

ကျန်းကျိရင် <Tomorrow>၏ တရားဝင်ဝဘ်ဆိုက်ကိုကြည့်၍ "ရှန်းရှီ"ဆိုသော စကားလုံးကို ရိုက်ရှာလိုက်သည်။ မည်သည့် အရာမှ ကျမလာပေ။ သို့နှင့် သူ "လိရွှယ်ဖုန်း" ဟူသည့် စာလုံးကို ရိုက်ရှာလိုက်သည်။ ထိုလိရွှယ်ဖုန်းနှင့် ပတ်သက်၍ တာဝန်အချက်အလက်များ ကိုယ်ရေးကိုယ်တာ အချက်အလက်များ စာမျက်နှာ နှစ်မျက်နှာလောက် ကျလာသည်။

သူတွေ့ချင်သော အရာကား မတွေ့ရပေ။ ကျန်းကျိရင် တိတ်ဆိတ်စွာဖြင့် ဝဘ်ဆိုက်ကို ပိတ်၍ ဂိမ်းထဲသို့ ဝင်ခဲ့သည်။

အဆုံးတွင် အရှုံးမပေးဖို့ ဆုံးဖြတ်လိုက်သည်။ တရားဝင်ဝဘ်ဆိုက်ကို ပြန်ဖွင့်၍ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကိုယူ၍ ဝဘ်ဆိုက်မှ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဟယ်လို ဂိမ်းထဲမှာ "ရှန်းရှီ"လို့ခေါ်တဲ့ NPC တစ်ယောက်ရှိပါသလား၊ သူ့ကို ပြန်ရှင်စေမဲ့ ဇာတ်ကြောင်းတစ်ခု ပြန်ရေးပေးဖို့ ဖြစ်နိုင်လား"

ဤစိတ်ကူးယဉ်ဆန်သော စကားများကို ပြောနေစဉ်တွင် ကျန်းကျိရင်သည် သူကတော့ ရူးနေသောလူတစ်ယောက်အဖြစ် သတ်မှတ်ခံနေရလောက်ပြီဟု တွေးမိသည်။

ကာစတန်မာဆားဗစ်မှ အမျိုးသမီးသည် မည်သည့်ခံစားချက်မှ မရှိသော အသံမျိုးဖြင့် ချိုသာယဉ်ကျေးစွာ ပြန်ဖြေသည်။

"မင်္ဂလာပါ လူကြီးမင်း ကျွန်မ စစ်ကြည့်လိုက်တော့ အဲဒီလို NPC မျိုးမရှိပါဘူးရှင့် လူကြီးမင်းရဲ့ မေးမြန်းမှုအတွက် ကျေးဇူးတင်ပါတယ် သာယာပျော်ရွှင်သော နေ့ရက်လေးဖြစ်ပါစေရှင်"

ထို့နောက် ကျန်းကျိရင် ဖုန်းချပစ်လိုက်သည်။

ဂိမ်းက ချောမွေ့စွာ စတင်နေလေပြီ။ ပုံမှန်အတိုင်း ဝိုင်သည်လည်း ထိုနေရာတွင်ပင် တိတ်ဆိတ်စွာရပ်နေပြီး သူ့ကို သူ၏ အေးစက်မြဲ မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။ ကျန်းကျိရင် ချောကလက်သုံးဘူးဝယ်၍ ကြမ်းပြင်ပေါ်သို့ ချပေးလိုကသ်ည်။ ထို့နောက် စာရိုက်၍

"ဝိုင် Lab E ကို ကူရှင်းပေးတဲ့အတွက်ရော ကျွန်တော်ရှိနေတာကို မဖော်လိုက်တာအတွက်ရော ကျေးဇူးတင်ပါတယ်"

"ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ သေသွားတယ်.... ခင်များက အရမ်းကောင်းပါတယ် တကယ်လို့ ခင်များတတ်နိင်ရ်င ကျေးဇူးပြုပြီး သူ့ကို ကောင်းချီးပေးပေးပါဗျာ"

ထို့နောက် ကျန်းကျိရင် ဖုန်းဟော်ကုချန်ကို ဆက်သွယ်လိုက်သည်။

ကမ္ဘာအစစ်သို့ မပြန်မှီတွင် သူသည် ရလာခဲ့သော ရေခဲဒြပ်စင် ပစ္စတိုကို Item Store မှ သူ၏ ဆိုင်အတွင်းသို့ ထည့်ထားခဲ့သည်။ ဂိမ်းထဲတွင် ပစ္စတို၏ လုပ်ဆောင်ချက်များနှင့် ပြုလုပ်ထားသော ကုန်ကြမ်းများသည် အမည်မသိ အနေအထားတွင်သာ ဖော်ပြထားဆဲဖြစ်သည်။

Item Storeမှ သာမန် ရာဖြတ် တစ်ယောက်ကမှ ဤပစ္စည်းကို အကဲမဖြတ်နိုင်ကြပေ။ ဤပစ္စည်းက တကယ်ကို အဆင့်အတန်းတစ်ခုတွင် ရှိနေကြောင်း သေချာလှသည်။

တစ်ချို့သော ကစားသများများသည် Item များကို အကဲဖြတ်နိုင်သည့် စွမ်းရည်ရှိကြသည်။ အဆင့်မြင့်ရာဖြတ်များသည် တ်စခြားသူများ၏ အဆင့်မြင့် Item များကို အကဲဖြတ်ပေးနိုင်ရုံသာမက ၎င်းItem ကို ပြုလုပ်ထားသော ပစ္စည်းများကိုပါ သိနိုင်ကြသည်။ Item များ အရည်အသွေးကောင်းလျှင် ကောင်းသလို ထုလုပ်သူများမှာလည်း နာမည်ကြီးကြသည်။ လူများကား လက်နက်တစ်ခုရလျှင် ရာဖြတ်တတ်ကြသည့် သဘာဝရှိကြသလို ကျန်းကျိရင်သည်လည်း ချွင်းချက်မဟုတ်ပေ။

ဖုန်းဟော်ကုချန်ကို ဆက်သွယ်ပြီး အဆင့်မြင့်ရာဖြတ်တစ်ယောက်လောက်ရှာပေးဖို့ အကူအညီတောင်းခဲ့သည်။ ဖုန်းဟော်ကုချန်ကလည်း ချက်ချင်း သဘောတူသည်။ ဖုန်းဟော်ကုချန်သည် တစ်ချိန်လုံး ဂိမ်းထဲတွင် ရှိနေတတ်သည့် ကစားသမားဖြစ်သည်။ သူသည် အနည်းဆုံး တစ်နေ့လျှင် ဆယ်နာရီလောက် ဂိမ်းထဲတွင် အချိန်ကုန်တတ်ပြီး ဂိမ်းထဲတွင် ဆက်ဆံရေးကောင်းကာ မိတ်ဆွေပေါသူဖြစ်သည်။

သူသည် အချိန်တိုလေးအတွင်းပင် ကျန်းကျိရင်အား နာမည်အကြီးဆုံးသော အဆင့်မြင့် ရာဖြတ်တစ်ယောက်ကို ရှာလာပေးခဲ့သည်။ ကျန်းကျိရင် "ဤ Item ကိုပြမည်" ဟူသော ခလုတ်ကို နှိပ်လိုက်သည်။ မိနစ်ဝက်အတွင်းမှာပင် ရာဖြတ်၏ စခရင်ထက်တွင် ရေခဲပစ္စတိုပေါ်လာသည်။ အချိန်ပိုင်းလေးအတွင်းတွင် ပစ္စတို၏ လုပ်ဆောင်ချက်များနှင့် အသုံးပြုထားသော ကုန်ကြမ်းများ၊ လက်နက်အဆင့်များက ပေါ်လာသည်။ အသုံးပြုထားသော ကုန်ကြမ်းအမျိုးအမည်များနှင့် ပုံစံများက အောက်ဘက်တွင် အရောင်အသွေးစုံစွာ ပေါ်လာခဲ့သည်။

ထိုအရာများကိုကြည့်၍ သူတော့ ဤတစ်ကြိမ်တွင် ရတနာကို ရှာတွေ့ခဲ့ပြီဖြစ်ကြောင်းသိလိုက်သည်။

ကျန်းျကိရင် အလွန်ပျော်သွားပြီး ပစ္စတိုကို အသေးစိတ်မကြည့်နိုင်တော့ပေ။

သူကမေးသည်။

"ရာဖြတ် အကျိုးဆောင်ခ ဘယ်လောက်ယူလဲဗျ"

ရာဖြတ်က ဖုန်းဟော်၏ မိတ်ဆွေထံမှ မယူဟု ပြောလာသည်။ သူသည် မိတ်ဆွေဖြစ်သူအား မျက်နှာသာပေးလိုက်ရုံသာဖြစ်သည်။ အခကြေးငွေ လုံးဝ မတောင်းခဲ့ပေ။ ရာဖြတ်သည်လည်း သူသုံးသပ်လိုက်သော Item ၏ ကုန်ကြမ်းများကို မြင်နိုင်သည်။

သူသည် Item ကို ပုံမှန်အတိုင်း ရာဖြတ်ပေးလိုက်သော်လည်း ချက်ချင်းပင် ဤItem သည် နတ်ဘုရားအဆင့် လက်နက်ဖြစ်သည်ကို သိလိုက်သည်။ ထို့နောက် ကျန်းကျိရင်အား ညီအစ်ကိုဖွဲ့ရန် တောင်းဆိုခဲ့သည်။ ကျန်းကျိရင် ထွက်သွားပြီးနောက် သူယခုလေးတင် အကဲဖြတ်လိုက်သော ပစ္စတိုကို သေချာပြန်ကြည့်သည်။

'ဘယ်လိုတောင်လား ဒါကြီးက bug ကြီးဖြစ်လောက်တယ် '

လူသိများ ကျော်ကြားသော ရာဖြတ်တစ်ဦးအနေဖြင့် စူပါ့စူပါ အကောင်းဆုံးသော လက်နက်များ ပစ္စည်းများကို မြင်ဖူးသည်။ သို့သော် သဘာဝကို ကျော်လွန်နေသော ပစ္စည်းမျိုးကိုတော့ လုံးဝ မတွေ့ဖူးခဲ့ပေ။

အကယ်၍ ဤပစ္စတိုကိုသာ Trading House တွင် တင်ရောင်းခဲ့လျှင် တစ်စုံတစ်ယောက်ကတော့ သေချာပေါက် ယွမ်တစ်သိန်းပင် ပေး၍ ဝယ်လောက်သည်။ ဤပစ္စတိုနှင့်ပတ်သက်၍ အရေးအကြီးဆုံးတစ်ချက်မှာ ၎င်းသည် ထုလုပ်ထားရင်းတန်းလန်း လက်နက်ဖြစ်ပြီး ကစားသမားသည် ၎င်းပေါ်တွင် စာတစ်ကြောင်းထွင်းနိုင်သည်ဟု ဆိုလိုသည်။ ဂိမ်းထဲတွင် အဆင့်မြင့် item များ ပြုလုပ်ပြီးလျှင် ကစားသမားများက စာတစ်ခုခု ရေးထိုးလေ့ရှိကြသည်။ အကြောင်းမှာ အတုအပ မပြုလိုပ်နိုင်ရန်ဖြစ်ပြီး ဤပစ္စတိုသည်လည်း ထိုနည်းလည်းကောင်းပင်။ လက်ကိုင်တွင် စာတစ်ကြောင်းရေးထိုးထားသည်ကို သူမြင်ခဲ့သည်။

"ကိုယ့်ရဲ့ စစ်မှန်သော အချစ်များနှင့် "

"မှ ဝိုင်"

သို့သော် ဤစွမ်းအားကြီးသော လက်နက်ထုလုပ်သူသည် မိန်းကလေးတစ်ယောက်ဖြစ်ပုံရသည်။

သူမအကြောင်း သူတစ်ခါမှ မကြားဖူးပေ။

..........................................

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue lendo

Você também vai gostar

160K 10.1K 50
"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស...
18.8K 2.3K 29
Genre - Action , Fantasy , Romance , Xuanhuan , Yaoi , Mpreg Alternative names: 重生之极品皇子妃 Author : 叶忆落, Ye Yiluo Status in COO (Country of origin ) - ...
120K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။